(Unicode)
"ဒါက...." ဦးနစ်ခ်က တံဆိပ်ပုံအား ကောက်ယူကာ အသေးစိတ် စစ်ဆေးလိုက်လေ၏။
ရှင်ယဲ့က သူ့ မျက်နှာကို ခေတ္တခဏ အကဲခတ်ကြည့်လိုက်ပြီးနောက်မှာတော့၊ မျက်နှာအမူအရာ ပြောင်းလဲမှုများတစ်ဆင့် တစ်ဖက်လူ၏ ခံစားချက်ကို နားလည်အောင် လုပ်ဖို့ရန် လက်လျှော့လိုက်လေတော့၏။ ရုပ်သေးရုပ်မှာ ထိုအရာမျိုး မရှိသောကြောင့်ပင်။
ရုပ်သေးရုပ်များက လိမ်ပြောရသည်ကို နှစ်သက်ကြပြီး၊ မျက်နှာအမူအရာ ပြောင်းလဲမှုနှင့် လှုပ်ရှားမှု အနည်းငယ်တောင်မရှိကြချေ။ ဤသည်မှာ ဂိမ်း၏ ခက်ခဲမှုအဆင့်ကို မြှင့်သွားစေ သော်လည်း သတင်းအချက်အလက်အမှန်ကို ရှာဖွေဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ပေ။
ဤအချိန်တွင် နည်းဗျူဟာလေး အနည်းငယ် လိုအပ်ရုံသာဖြစ်သည်။
မြို့ပိုင်၏ ကိုယ်ပိုင်စစ်သားများက သေဆုံးသွားကြပြီဖြစ်ကြောင်း ရှင်ယဲ့ မပြောခဲ့ချေ။ သူတို့ကို မြင်တွေ့ခဲ့သည်ဟုသာ ပြောခဲ့သည်။
ခန့်မှန်းထားသည့်အတိုင်း ဦးနစ်ခ်က အလွန်ပင် စိတ်လှုပ်တရှားမေးလာလေသည်: "သူတို့.... မင်းတွေ့ခဲ့တဲ့ ရုပ်သေးရုပ်တွေကလည်း တရားမဝင််မိုင်းတွင်းထဲ ဝင်သွားကြတာလား?"
ရှင်ယဲ့က ဆိုလိုက်၏: "ဒါ.... ဦးလေးနစ်ခ်် စာရင်းတွေ အရင်ရှင်းပေးသင့်တယ် ထင်တယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပိုက်ဆံပြန်ဆပ်ဖို့ဆိုတာကို ဦးလေး သိပါတယ်။ အကြွေးတွေတစ်ပုံတစ်ပင်နဲ့ နေရတာ စိတ်မချမ်းသာဘူး။ ကိစ္စရှိတယ်ဆိုရင် ကျွန်တော်တို့ ဒါပြီးမှ ပြောကြမယ်"
ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရသည့်အခါ၌ တစ်ဖက်သားက အတွေ့အကြုံရင့်လေလေ ဉာဏ်နီဉာဏ်နက်များလေလေဖြစ်ပြီး၊ တစ်ဖက်သား၏ ရည်ရွယ်ချက်အမှန်ကို မြင်နိုင်ဖို့ အခွင့်လည်း နည်းလေလေဖြစ်သည်။ ထို့ကြောင့် ကိုယ်ကိုယ်တိုင်က အတတ်နိုင်ဆုံး တည်ငြိမ်ရမည်ဖြစ်ကာ၊ ထိတ်ထိတ်ပျာပျာဖြစ်နေဖို့ မသင့်ပေ။ ဤသို့သော နည်းလမ်းဖြင့်သာ အသာစီးရနိုင်လိမ့်မည်ဖြစ်ပြီး၊ တစ်ဖက်သားကို အားနည်းချက်များ ထုတ်ဖော်လာစေရန် တွန်းအားပေးနိုင်မှာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရုပ်သေးရုပ်များက ဉာဏ်များပါးနပ်သော ဆွေးနွေးညှိနှိုင်းသူများ မဟုတ်ပေ။ သူတို့က မျက်နှာအမူအရာများကို အသေးစိတ်ဖော်ပြနိုင်စွမ်းမရှိသော်လည်း၊ ရုပ်သေးရုပ်အများစုက အလွန် ရိုးရှင်းကြတာကြောင့်၊ စကားထဲမှ ပျော့ကွက်များကို အလွယ်တကူ ထုတ်ဖော်၍ ရနိုင်လေသည်။
အခရာကျသည့် အချက်မှာ သူတို့ပြောသည့် စကားများက အမှန်လား မုသားလားဆိုတာကို ခွဲခြားနိုင်ရန်နှင့် ဘယ်ဟာက အရေးကြီးလဲဆိုတာကို သိဖို့ရန်ပင်ဖြစ်သည်။
အသံအနေအထား၊ မျက်နှာအရောင်၊ မျက်လုံးအကြည့်၊ မျက်နှာကြွက်သားလှုပ်ရှားမှုများအား အခြေခံအကဲဖြတ်မှု စံနှုန်းများအဖြစ် အသုံးပြု၍မရနိုင်သော်လည်း၊ စကားအသွားအလာအနှေးအမြန်ကို ကြည့်၍ အသုံးပြုနိုင်လေသည်။ ထို့အပြင် အကြောင်းအရာတစ်ခုတည်းကို အထပ်ထပ်အခါခါ မေးမြန်းပြီးနောက် ရရှိလာသည့် မတူညီသော အသေးစိတ်အချက်အလက်များကို ကြည့်၍လည်း အမှန်အမှား ဆုံးဖြတ်နိုင်သည်။
မုသားစကားဆိုသည်မှာ ဘယ်လောက်ပဲ သဘာဝကျနေပါစေ၊ အဆုံး၌ ထုတ်ဖော်ခံရစမြဲပင်။
ဦးနစ်ခ်က တကယ်ကို စိတ်မရှည်ဖြစ်နေပြီဖြစ်သည်။ သူ၏ စကားများမှာ မြန်ဆန်လာပြီး၊ သစ်သားနှုတ်ခမ်းများမှာလည်း အချင်းချင်းရိုက်ခတ်နေရာ 'ဒေါက် ဒေါက် ဒေါက်' အသံများပင် ထွက်လာလေ၏: "အကြွေးဆပ်မယ်၊ အကြွေးဆပ်မယ်နဲ့ မင်းက အကြွေးဆပ်ဖို့တော့ သိတာပဲ။ မင်းသာ မိုင်းတွင်းထဲမှာ ဘာတွေမြင်ခဲ့သလဲဆိုတာကို ခရေစေ့တွင်းကျ ငါ့ကို ပြန်ပြောပြမယ်ဆိုရင် မင်းနဲ့ မီးခြစ်ဆံတို့ ဘာအကြွေးမှ ပြန်ဆပ်စရာမလိုဘူး။ ချသာ ရေးထားလိုက်!"
ဒီလောက်နဲ့တင် စိတ်မရှည်ဖြစ်နေပြီလား? တကယ် သည်းခံနိုင်စွမ်းမရှိတဲ့ ရုပ်သေးရုပ်ပဲ။
ရှင်ယဲ့က ဖြည်းဖြည်းမှန်မှန်ပင် ဆိုလိုက်လေ၏: "ဒါဆို ကျွန်တော်နဲ့ မီးခြစ်ဆံတို့ လက်ဗွေနှိပ်ထားတဲ့ စာရင်းတွေကို ထုတ်ပေးပါ"
"မင်း ငါ့ကို အရင်ပြောပြရမယ်။ ဒီတံဆိပ်နဲ့ လူတွေက မိုင်းတွင်းထဲကို ဝင်သွားတာလား!" ဦးနစ်ခ်က စားပွဲအား ရိုက်ချကာ ဆိုလိုက်လေ၏။
"ဝင်သွားတယ်။ လက်နက်တွေတောင် သယ်သွားသေးတယ်။ အပြင်မှာ တစ်ယောက်ကို စောင့်ခိုင်းထားတာ။ ကျွန်တော်တို့ အဆုံးထိ တောက်လျှောက် စောင့်ကြည့်ခဲ့တယ်။ ဦးလေးသိချင်တယ်မလား? အဲ့ဒါဆို စာရင်းစာအုပ်ကို ထုတ်ပေးပြီး၊ ကျွန်တော်တို့ကို ပြေစာရေးပေး"
ဦးနစ်က ဒေါသထွက်စွာဖြင့် အခန်းထဲမှ စာရင်းစာအုပ်ကို ထုတ်လာကာ ပြေစာရေးပေးလိုက်လေတော့သည်။ ချောင်ချန့်လည်း ဘေးနားလာပြီး ရှင်ယဲ့နှင့်အတူ လက်ဝါးချင်းရိုက်လိုက်လေ၏။
ဦးနစ်ခ်၏ သဘောထား အစစ်အမှန်များ ထွက်ပေါ်လာအောင် တွန်းအားပေးနိုင်ပြီး၊ အကြွေးလည်းဆပ်နိုင်သွားသည့် ခံစားချက််မှာ တကယ် ကျေနပ်စရာ ကောင်းလေသည်။
ကွမ်းလင်မှာ ဘေး၌ ကြက်သေသေပြီး ရပ်ကြည့်နေမိသည်။ ရှင်ယဲ့နှင့် စကားပြောနေရသည့် သူမှာ သူသာဖြစ်ခဲ့မည်ဆိုလျှင်၊ သူ ငယ်ငယ်ကတည်းက လုပ်ခဲ့ဖူးတဲ့ အရှက်ရစရာကိစ္စတွေ အကုန်ထုတ်ပြောမိမလားမသိဘူးဟု စဉ်းစားမိလိုက်လေ၏။
ဦးနစ်ခ်က ရှင်ယဲ့နှင့် ချောင််ချန့်တို့ကို စာရင်းရှင်းပေးပြီးနောက်၊ ရှင်ယဲ့က ဆိုလိုက်သည်: "ကျွန်တော်တို့မှာ ပြောင်းချောသေနတ်သုံးလက်ပဲ ပါသွားတာကို ဦးလေးလည်း သိပါတယ်။ အဲ့ဒါကြောင့် အနားတော့ မသွားရဲလိုက်ဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီလူတွေက ဘယ်သူလဲဆိုတာကို ဦးလေး ကျွန်တော်တို့ကို ပြောပြမယ်ဆိုရင်၊ သူတို့ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် သိနိုင်လောက်တယ်"
"မင်း....." သေနတ်ကိုသာ ချောင်ချန့်က လုမသွားဘူးဆိုလျှင် ဦးနစ်ခ်မှာ အမှန်တကယ် လူသတ်မိလောက်သည်။
"ဟုတ်သားပဲ!" ရှင်ယဲ့က ခေါင်းကို ပုတ်လိုက်လေ၏။ "ကျွန်တော် သတိရပြီ။ သူတို့က ဘာနည်းလမ်းပဲ သုံးရ သုံးရ မိုင်းတွင်းထဲမှာ ရှိနေတဲ့ လူကို သေချာပေါက် သတ်ရမယ်လို့ ပြောနေတာကို ကျွန်တော် ကြားခဲ့တယ်ထင်တယ်"
"သူတို့က လုပ်ရဲတယ်ပေါ့!" ဖိအားပေးခံနေရသည့် ဦးနစ်ခ်က နောက်ဆုံး သည်းမခံနိုင်တော့ဘဲ၊ အော်ဟစ်လိုက်လေတော့သည်။
"ဪ" ရှင်ယဲ့က အတွေးပေါက်ဟန်ဖြင့် ဆိုလိုက်၏။ "ဦလေးနစ်ခ်၊ ဦးလေးက မိုင်းတွင်းထဲမှာ ရှိနေတဲ့လူက ဆရာကြီးဘန်းနဒစ်ဆိုတာ သံသဃရှိနေတော့ သူ့ကို မသေစေချင်တာပဲကိုး။ ကြည့်ရတာ ဦးလေးနစ်ခ်က ဆရာကြီးဘန်းနဒစ်ကို တော်တော် လေးစားတဲ့ ပုံပဲ"
"သေချာပေါက် လေးစားတာပေါ့!" ဦးနစ်က ပြောလိုက်လေ၏။ "ရုပ်သေးမြို့တော်တစ်ခုလုံးကို ဆရာကြီးပဲ ဖန်တီးပေးခဲ့တာ။ ငါက သူ အရင်ဆုံး ဖန်တီးခဲ့တဲ့ ရုပ်သေးရုပ်ပဲ။ အစကတော့ ဆရာကြီးဆီ ပစ္စည်းတွေ ကမ်းပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာ။ နောက်တော့ ဆရာကြီးက လက်ထောက်လိုတာနဲ့ ငါ့ကို နည်းနည်းချင်းစီ ပြုပြင်ပေးခဲ့တာ။ အဲ့လိုနဲ့ ဒီနေ့ရဲ့ ငါဆိုတာ ဖြစ်လာတာပဲ။ ဆရာကြီးက ငါ အလေးစားဆုံး လူပဲ"
အမှန်ပင်ဖြစ်သည်။ သို့သော် လေးစားမှုအပြင် ဘာခံစားချက််တွေရှိသေးလဲဆိုတာ အတွင်းကျကျ အတည်ပြုဖို့ လိုအပ်သည်။
"ဟုတ်တာပေါ့။ ကျွန်တော်လည်း ဆရာကြီးကို လေးစားဆုံးပဲ။ ဒါပေမဲ့ ကျွန်တော် သူ့ကို မကြိုက်ဘူး။ သူ့ကို ကျေးဇူးလည်း မတင်ဘူး" ရှင်ယဲ့က အနည်းငယ်ဆွပေးရင်း ဆိုလိုက်သည်။
"မင်း ဘာစကားပြောတာလဲ!" ဦးနစ်က အလွန် စိတ်မကြည်မလင််ဖြစ်သွားပြီး။ နှုတ်ခမ်းမွှေးကြီးမှာ တဖန်ထောင်တက်လာတော့သည်။
မနေ့ညက အတွေ့အကြုံများရခဲ့ပြီးနောက်၊ လူ့သဘာဝရထားသည့် ရုပ်သေးရုပ်များက ဘန်းနဒစ်ကို ကျေးဇူးတင်စရာမလိုဟု ရှင်ယဲ့ ခံစားခဲ့ရသည်။
လူတစ်ယောက်က ဝမ်းနည်းနေသည့် အချိန်မှာလည်း မငိုကြွေးနိုင်၊ ပျော်ရွှင်နေသည့် အချိန်မှာလည်း ထည့်သွင်းပေးထားသည့် အလိုအလျောက် အပြုံးအတုအယောင်မှတစ်ပါး ပြသနိုင်ခြင်း ရှိမနေချေ။ သူ၏ နှလုံးသားထဲမှာလည်း သူက လူသားမဟုတ်ဘဲ တစ်စုံတစ်ယောက်က ဖန်တီးထားသည့် အရုပ်တစ်ရုပ်သာဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိနေသည်။ သူ့မှာ လူ့သဘာဝရှိနေသည် ဆိုသော်လည်း လူသားတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ချေ။ ဤသို့သော ရုပ်သေးရုပ်များက ဆရာကြီးဘန်းနဒစ်ကို ကျေးဇူးတင်ရမည်လား?
ဒါတင်မကဘဲ အခြားရုပ်သေးရုပ်များထက် နိမ့်ကျစွာ ဖြစ်တည်နေသည့် ရုပ်သေးရုပ်များလည်း ရှိသေးသည်။ သူတို့မှာ တစ်စုံတစ်ယောက်၏ ရောက်တက်ရာရာ စိတ်ကူးတစ်ခုကြောင့် မိမိက အခြားရုပ်သေးရုပ်များထက် အားနည်းသည်ဟု ပြဋ္ဌာန်းခံထားရသော အဖြစ်ကို သိရှိနေရလျှင်၊ သူတို့ ဝမ်းပန်းတသာ ဖြစ်နေနိုင်မည်တဲ့လား?
ရုပ်သေးမြို့တော်ရှိ ရုပ်သေးရုပ်အများစုမှာ ဘန်းနဒစ်နှင့် ပတ်သက်ပြီး အလွန်ရှုပ်ထွေးသော ခံစားချက်များ ရှိကြလိမ့်မည်ဟု ရှင်ယဲ့ ထင်သည်။ သူတို့ကို ဖန်တီးပေးတဲ့ လူအပေါ် လေးစားချစ်ခင်စိတ်များ ရှိကြမည်။ သူတို့အပေါ် တရားမျှတမှုမပေးဘဲ အသက်ကိုသာ ပေးခဲ့သည့် အတွက် မုန်းတီးစိတ်များလည်း ရှိကြပေလိမ့်မည်။ သူတို့အား လောကဓံ၏ ချိုချဉ်ဖန်ခါးအရသာများကို ခံစားခိုင်းသော်လည်း အမှန်တကယ် လူ့သဘာဝထဲ လိုက်လျောညီထွေဖြစ်အောင် မလုပ်ေပးနိုင်ခဲ့ချေ။
ဦးနစ်ခ်က ဘန်းနဒစ်အပေါ် ထားသည့် ခံစားချက်များကို သူ အတိအကျ ဆုံးဖြတ်ရန်လိုအပ်သည်။ ဦးနစ်ခ်ကသာ မြို့ပိုင်လို အာဃတများရှိနေသည်ဆိုလျှင် စကားဆက်ပြောနေစရာ မလိုတော့ပေ။
"ဦးလေးနစ်ခ်က ဆရာကြီးအပေါ် မကျေနပ်ချက်လေး နည်းနည်းတောင် မရှိဘူးလား?" ရှင်ယဲ့က မေးလိုက်၏။ "ကျွန်တော်တော့ ကျွန်တော့်ခန္ဓာကိုယ်ကို ကြည့်တိုင်း၊ မတတ်သာဘဲ မုန်းမိတယ်"
"ဦးနစ်ခ်က ဖန်ဆင်းရှင်ပဲလေ။ သူက အလုံးစုံတော့ တရားမျှတမနေနိုင်ဘူး။ လူ့သဘာဝကို လက်ခံရထားတဲ့ ရုပ်သေးရုပ်တွေက ကိုယ့်ဟာကိုယ် အသက်ရှင်တတ်အောင် သင်ယူရမှာပဲ!" ဦးနစ်ခ်က အားကြိုးမာန်တက်ဖြင့် ရှင်ယဲ့နှင့် ငြင်းခုံလိုက််လေ၏။ " လူသားတွေကလည်း မညီမျှဘဲ မွေးဖွားလာကြတာပဲ။ သူတို့ကော သူတို့ ဘုရားကို မုန်းကြလို့်လား? ဆရာကြီးဘန်းနဒစ်က ရုပ်သေးရုပ်တွေ တစ်ရုပ်ပြီး တစ်ရုပ်ထုဖို့အတွက် ချွေးတွေ သွေးတွေရင်းပြီး ဘယ်လောက်တောင် ကြိုးစားခဲ့သလဲဆိုတာကို ငါ့မျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့တာ။ သူက ဗဟိုချက်တိုင်းကို ဂရုတစိုက်တယုတယနဲ့ ရုပ်သေးရုပ်တွေဆီ ထည့်ပေးခဲ့တာ။ ချစ်ခင်မှုအပြည့်နဲ့ အကြည့်တွေနဲ့ ရုပ်သေးရုပ်တစ်ရုပ်ချင်းစီကို ကြည့်ခဲ့တာ။ ရုပ်သေးရုပ်တစ်ရုပ်ချင်းစီက ကွဲပြားချက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အဲ့တာက အချိန်ကာလအပေါ်လိုက်ပြီး နည်းပညာပြောင်းလဲမှုကြောင့် ဖြစ်လာတာပဲ။ ဆရာကြီး ဘန်းနဒစ်က သူ့ရဲ့ ဘဝတစ်လျှောက်လုံး မတူညီတဲ့ ခေတ်ကာလတိုင်းမှာ ရုပ်သေးရုပ်တွေ မရေမတွက်နိုင်အောင် ဖန်တီးခဲ့တယ်။ သူက ရုပ်သေးရုပ်တိုင်းကို သူ့ သားသမီးလို သဘောထားခဲဲ့တာ!"
အလွန်ကောင်းလေသည်။ ဦးနစ်ခ်က ဘန်းနဒစ်အပေါ် ကောင်းသော စိတ်ထားများ ရှိသည့်အတွက် ဤပုံအတိုင်းဆို စကားဆက်ပြောလို့ ရနိုင်သည်။
ရှင်ယဲ့က ဆိုလေ၏: "ဒါပေမဲ့ ဆရာကြီးဘန်းနဒစ်ကို သတ်ချင်နေတဲ့ ရုပ်သေးရုပ်တွေလည်း ရှိသေးတယ်လေ။ အဲ့ဒီ လက်နက်တွေသယ်လာတဲ့ လူတွေလိုပေါ့"
"သူတို့က ဘာသိလို့လဲ။ သူတို့ရှာနေတဲ့ လူက ဘယ်သူမှန်းတောင် သူတို့ သိကြတာ မဟုတ်ဘူး!" ဦးနစ်က ပြောလေ၏။ "ဆရာကြီးဘန်းနဒစ်က အသက်ရှင်နေသေးတယ်ဆိုတဲ့ အကြောင်းကိုတောင် လူနည်းနည်းပဲ သိကြတာ။ သူရှိနေတဲ့ နေရာကလည်း ပဟေဠိဖြစ်နေတော့၊ ငါ့မှာ မြို့ပြင်က တရားမဝင်မိုင်းတွင်းကို ရှာတွေ့ဖို့အတွက် နှစ်တွေအကြာကြီး စုံစမ်းခဲ့ရတယ်။ အဲ့လိုနဲ့ ဘန်းနဒစ်က အဲ့ထဲမှာ ရှိနိုင်မယ်လို့ တွေးမိတာ။ မင်းတို့ တွေ့ခဲ့တဲ့ သူတွေက မြို့ပိုင်ရဲ့ ကိုယ်ပိုင်တပ်သားတွေပဲ။ မြို့ပိုင်က လူ့သဘာဝကြောင့် ပျက်စီးသွားပြီး၊ ရုပ်သေးမြို့တော်ရဲ့ တစ်ဦးတည်းသော အရှင်သခင်ဖြစ်ချင်နေတာ။ တစ်ယောက်ယောက်ရဲ့ တည်ရှိမှုက သူ့ထက်သာလွန်နေတာကို မလိုလားဘူးလေ။ အဲ့ဒါကြောင့် လူတွေလွှတ်ပြီး ဆရာကြီးကို သတ်ခိုင်းတာ။ မင်းတို့ ငါ့ကို ပြောစမ်း။ ဆရာကြီး ဘယ်လိုနေလဲ?"
ရှင်ယဲ့က လေးနက်စွာ ပြောလိုက်လေသည်: "ဦးလေးနစ်ခ်၊ ဦးလေး ကျိန်ရဲလား? ဆရာကြီးဘန်းနစ်ဒစ်နဲ့ ပတ်သက်ပြီး တစ်ဝက်လောက်တောင် လိမ်မပြောဘူးလို့။ တကယ်လို့ လိမ်ပြောခဲ့ရင်၊ ဆရာကြီး ဘန်းနဒစ်နဲ့ ဖြတ်သန်းခဲ့တဲ့ နှစ်တွေကို ထာဝရ မေ့သွားပါစေဆိုပြီး။ ဦးလေး အဲ့လို ကျိန်တာနဲ့၊ ကျွန်တော် မိုင်းတွင်းထဲမှာ တွေ့ခဲ့ရတဲ့ အရာအားလုံးကို ဦးလေးကို ပြောပြမယ်။ အမှန်အတိုင်းပြောရရင်၊ ကျွန်တော် အရမ်းအရေးအကြီးတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်"
အပြန်အလှန်စကားပြောအပြီး၊ ရှင်ယဲ့ ဦးနစ်ခ်က ယုံကြည်၍ ရနိုင်သည်ဟု ခံစားရလေသည်။ သူ့ဆီက အရေးကြီးသဲလွန်စများလည်း ရနိုင်သည်။ သို့သော် သေချာအောင် လုပ်ထားဖို့တော့ လိုအပ်သည်။
အရေးအကြီးဆုံးအရာများကို ကျိန်ဆိုခိုင်းရုံဖြင့်၊ ဦးနစ်ခ်မှာ ခပ်ပေါ့ပေါ့တန်တန် လိမ်ပြောရဲတော့မည် မဟုတ်ပေ။
ဦးနစ်ခ်မှာ တစ်ခဏလောက် တွန့်ဆုတ်သွားပြီးနောက်၊ အဆုံး၌ ကျိန်ဆိုရန် ရွေးချယ်လိုက်လေသည်။ သူက ဘန်းနဒစ်၏ လုံခြုံမှုကို အလွန် ဂရုစိုက်ပြီး၊ ရှင်ယဲ့ ပြောခဲ့သည့် အရေးကြီးသည့် အရာကို အမှန်တကယ် သိချင်နေတာကြောင့်ပင်။
သူ ရှင်ယဲ့ပြောခိုင်းသည့် စကားအတိုင်း ဗဟိုချက်ဖြင့်် ကျိန်ဆိုလိုက်ပြီးနောက်၊ ရုပ်သေးရုပ်တစ်ကိုယ်လုံးမှာ အတော် ပျော့ခွေသွားခဲ့လေသည်။ ကြည့်ရသည်မှာ ဒီအတိုင်း ပြောချလိုက်လျှင် ထိုစကားများကို မေ့သွားပြီး၊ ဦးနစ်ခ်၏ စိတ်ဝိညာဉ်အတွက် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်မှာစိုးတာကြောင့် ဖြစ်နိုင်သည်။
သူ၏ ထိုကဲ့သို့သော အသွင်သဏ္ဌာန်ကို မြင်သည့်အခါ၊ ရှင်ယဲ့က ဆိုလိုက်သည်: "ဦးလေး စိတ်မပူပါနဲ့။ ဆရာကြီးက ဘာမှမဖြစ်ပါဘူး။ အဲ့ဒီ ကိုယ်ပိုင်တပ်သားတွေအကုန် အသတ်ခံလိုက်ရတယ်။ မိုင်းတွင်းထဲမှာ အရည်အသွေးမြင့်တဲ့ သတ္တုရိုင်းတွေ တစ်ပုံတစ်ခေါင်းကြီး ရှိတယ်။ ကျွန်တော်တို့ ရုပ်သေးမြို့တော်ရဲ့ နည်းပညာထက် အများကြီး မြင့်တဲ့ စက်ရုပ်တွေလည်း ရှိတယ်။ အဲ့ဒီ စက်ရုပ်တွေက အကုန် သတ္တုသားနဲ့ လုပ်ထားတာ။ သူတို့က လက်နက်စက်ရုပ်တွေ၊ လူ့သဘာဝမရှိဘူး။ အမိန့်ပေးလိုက်တာနဲ့ အဲ့ဒီအမိန့်အတိုင်း လိုက်နာလိမ့်မယ်။ ပြီးတော့ သူတို့က အရမ်းသန်မာတယ်။ မြို့ပိုင်က လွှတ်လိုက်တဲ့ ရုပ်သေးရုပ်တွေအကုန်လုံးကို ဗဟိုချက်အထိ ဖျက်ဆီးပြီး အသေသတ်ပစ်လိုက်တာ။ ဒါပေမဲ့ သူတို့က မိုင်းပြင်က လူတွေကိုတော့ မတိုက်ခိုက်ဘူး။ မိုင်းပြင်မှာစောင့်နေတဲ့ ရုပ်သေးရုပ်က လွတ်သွားပြီး ပြန်လာနိုင်ခဲ့တယ်"
"ဆရာကြီး သူ.....ဘာလို့ လူ့သဘာဝမရှိတဲ့ ရုပ်သေးရုပ်တွေကို လုပ်ခဲ့ရတာလဲ? သူ ပြောင်းလဲ သွားတာလား? သူ သေချာ ပြောခဲ့ပါတယ်။ ရုပ်သေးရုပ်တိုင်းကို အသက်ဝိညာဉ်သွင်းပေးရမယ်ဆိုပြီး...." ဦးနစ်ခ်က နဝေတိမ်တောင်ဖြင့် ဆိုလိုက်လေ၏။ ဘန်းနဒစ်က ရုပ်သေးရုပ်များအပေါ် အရာဝတ္ထုတစ်ခုအဖြစ်သာ သဘောထားသည်ကို မယုံကြည်နိုင် ဖြစ်နေပုံရသည်။
"ကျွန်တော့်အထင် အဲ့ဒါက ကျွန်တော်တွေ့ခဲ့တဲ့ ပစ္စည်းနှင့် သက်ဆိုင်နေမယ်ထင်တယ်" ရှင်ယဲ့က ဆိုလေ၏။ "ကျွန်တော်တို့ မိုင်းတွင်းရဲ့ အနက်ဆုံးအပိုင်းမှာ၊ ဖန်ပေါင်းချောင်ထဲ ထည့်ထားတဲ့ နှလုံးငယ်တစ်ခုကို တွေ့ခဲ့ရတယ်။ အဲ့ဒါက လူကြီးတစ်ယောက်ရဲ့ နှလုံးမဟုတ်ဘူး။ သိပ် မဖွံ့ဖြိုးသေးဘူး။ သူ့ရဲ့ ပိုင်ရှင်ကသာ အသက်ရှင်နေမယ်ဆိုရင်၊ ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိလိမ့်မယ်"
ရှင်ယဲ့က သူ့ညီလေး သေဆုံးသွားပြီးနောက်၊ နှလုံးနှင့်ပတ်သက်သည့် အချက်အလက်အမြောက်အများကို လေ့လာခဲ့သည်။ ထို့အတွက် ကြီးထွားဖွံ့ဖြိုးသည့် ကာလအတွင်း နှလုံး၏ အရွယ်အစားပြောင်းလဲမှုများကို အကြမ်းဖျင်း နားလည်လေသည်။
ထို့ကြောင့် ပရိုဂျက်တာထက်၌ နှလုံးကို မြင်ခဲ့ရချိန်တွင်၊ သူ ဒီနှလုံးက ဆရာကြီးဘန်းနဒစ်၏ နှလုံးအရွယ်အစားနှင့် မညီမျှကြောင်း သတိထားမိခဲ့သည်။ အသက်ကြီးသည့် ဆရာကြီးတစ်ယောက်က ဆယ်နှစ်အရွယ်နှလုံးတစ်ခု ရှိနိုင်စရာအကြောင်းမရှိပေ။
"ဆယ်နှစ်....." ဦးနစ်ခ်က ထိုင်ခုံပေါ်မှာ ထိုင်ရင််း၊ အသည်းအသန်စဉ်းစားနေလေသည်။ "ဆရာကြီးရဲ့ သားများလား?"
သား? ဦးနစ်ခ်ထံတွင် အမှန်တကယ် အရေးကြီးသည့် သဲလွန်စ ရှိနေသည်ပင်။ ရှင်ယဲ့ မေးလိုက်လေသည်: "ကျွန်တော့်ကို ဆရာကြီးရဲ့ သားအကြောင်း ပြောပြပေးလို့ရလား?"
ဦးနစ်ခ််က ခေါင်းကို ညိတ်ကာ ဆိုလိုက််လေသည်: "တကယ်တော့ ဒီအကြောင်းကို ရုပ်သေးမြို့တော်က လူတွေတော်တော်များများ သိကြတယ်။ ဆရာကြီးဘန်းနဒစ်က ဒီရုပ်သေးမြို့တော်ကို တည်ဆောက်ခဲ့တဲ့ မူလအကြောင်းအရင်းက သူ့သားအတွက်ပဲ။
ဆရာကြီးရဲ့ သားက ငယ်ငယ်တည်းက ခန္ဓာကိုယ်အားနည်းပြီး ကျန်းမာရေးကလည်း မကောင်းတော့၊ တခြားကလေးတွေနဲ့ အတူတူ မကစားနိုင်ဘူး။ အဲ့တော့ လက်မှုပညာရှင်ဖြစ်တဲ့ ဆရာကြီးက သူ့သားအတွက် ရုပ်သေးရုပ်တွေကို လေ့လာပြီး၊ သူ့ဟာသူ အလိုအလျောက်လှုပ်ရှားနိုင်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို သူ့သား ကစားဖို့ ပထမဆုံးအနေနဲ့ လုပ်ပေးခဲ့တယ်။
သူက ရုပ်သေးရုပ်တွေကို သူ့သားရဲ့ သူငယ်ချင်းတွေလို့ သဘောထားပြီး ရုပ်သေးရုပ်တစ်ရုပ်ချင်းစီကို စိတ်နှစ်ပြီး လုပ်ပေးခဲ့တာ။ ဆရာကြီးရဲ့ သားကလည်း ရုပ်သေးရုပ်တွေကို အရမ်းသဘောကျခဲ့တယ်။
ဒါပေမဲ့ သူ့သားရဲ့ ရောဂါက တဖြည်းဖြည်းနဲ့ ပိုကျွမ်းလာပြီး၊ အသက်ဆယ်နှစ်မှာပဲ လောကကြီးကို စွန့်ခွါသွားခဲ့တယ်။ ဆရာကြီးဘန်းနဒစ်က တစ်နှစ်ကျော်လောက် စိတ်ဓာတ်ကျနေခဲ့တာ။ အဲ့နောက်တော့ ပစ္စည်းဉစ္စာတွေကို ရောင်းချပြီး၊ ရုပ်သေးမြို့တော်ရဲ့ မြေနေရာကို ဝယ်လိုက်တယ်။ ပြီးတော့ ရုပ်သေးရုပ်တွေကို ဆက်တိုက် စလုပ်တော့တာပဲ။
သူက သေသွားတဲ့ သူ့သားအတွက် လွတ်လွတ်လပ်လပ်ဆော့ကစားနိုင်မယ့် ရုပ်သေးမြို့တော်တစ်ခု တည်ဆောက်ပေးချင်ခဲ့တာ။ ဒီမြို့တော်ကို ကလေးဆန်ဆန် ပျော်စရာဘုံတစ်ခုဖြစ်အောင် ဖန်တီးပေးချင်ခဲ့တာ"
"ဦးလေး ဆိုလိုတာက၊ ဆရာကြီးက သူ့ရဲ့ သားကိုလည်း ရုပ်သေးရုပ်အဖြစ် လုပ်ပေးခဲ့တယ်ဆိုတဲ့ သဘောလား?"
ဦးနစ်ခ်က ခေါင်းခါလိုက်၏: "မဟုတ်ဘူး။ ငါ ဆရာကြီးရဲ့သား ရုပ်သေးရုပ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဆရာကြီးက အရင်ဆုံး ရုပ်သေးမြို့တော်ကို တည်ဆောက်ပြီး နောက်မှ သူ့သားကို ဒီမှာ နေခိုင်းချင်ခဲ့တာ။ ဒါပေမဲ့ သူက ရုပ်သေးရုပ်တွေကို လူ့သဘာဝထည့်ပေးလိုက်ပြီးနောက်တော့၊ ဆရာကြီးက စိတ်ပျက်သွားတယ်။ ဒီလို မြို့တစ်မြို့မှာ သူ့ရဲ့ အပြစ်ကင်းပြီး ကြင်နာတတ်တဲ့ သားလေးက ဆက်ပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူးတဲ့။
ဆရာကြီးက ရုပ်သေးမြို့တော်ကို ပြန်ပြုပြင်ပြောင်းလဲချင်ခဲ့တယ်။ သူ နည်းလမ်းတွေ အများကြီးနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ အဲ့ဒီအချိန်အတောအတွင်း ငါ ဆရာကြီးဘေးမှာ တစ်လျှောက်လုံးနေခဲ့တယ်။ အဲ့လိုနဲ့ တစ်နေ့ကျတော့ ဆရာကြီးက ငါ့ကိုပြောလာတယ်။ သူ ရုပ်သေးမြို့တော်ကို ပြန်သန့်စင်အောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာမယ်တဲ့။ ပြီးတော့ ငါ့ကို ဒီမှာ ယာယီဆက်နေပြီး၊ အားလုံးရဲ့ ခန္ဓာကိုယ်တွေကို ပြင်ပေးခိုင်းတယ်။ အဲ့လိုလည်း ပြောပြီးကော သူ ထွက်သွားတော့တာပဲ။
အဲ့ဒီနောက်ပိုင်းကစပြီး၊ ငါ ဆရာကြီးကို ထပ်မတွေ့ရတော့ဘူး"
(Zawgyi)
Chapter 63 _ သားကေလး
"ဒါက...." ဦးနစ္ခ္က တံဆိပ္ပုံအား ေကာက္ယူကာ အေသးစိတ္ စစ္ေဆးလိုက္ေလ၏။
ရွင္ယဲ့က သူ႔ မ်က္ႏွာကို ေခတၱခဏ အကဲခတ္ၾကည့္လိုက္ၿပီးေနာက္မွာေတာ့၊ မ်က္ႏွာအမူအရာ ေျပာင္းလဲမႈမ်ားတစ္ဆင့္ တစ္ဖက္လူ၏ ခံစားခ်က္ကို နားလည္ေအာင္ လုပ္ဖို႔ရန္ လက္ေလွ်ာ့လိုက္ေလေတာ့၏။ ႐ုပ္ေသး႐ုပ္မွာ ထိုအရာမ်ိဳး မရွိေသာေၾကာင့္ပင္။
႐ုပ္ေသး႐ုပ္မ်ားက လိမ္ေျပာရသည္ကို ႏွစ္သက္ၾကၿပီး၊ မ်က္ႏွာအမူအရာ ေျပာင္းလဲမႈႏွင့္ လႈပ္ရွားမႈ အနည္းငယ္ေတာင္မရွိၾကေခ်။ ဤသည္မွာ ဂိမ္း၏ ခက္ခဲမႈအဆင့္ကို ျမႇင့္သြားေစ ေသာ္လည္း သတင္းအခ်က္အလက္အမွန္ကို ရွာေဖြဖို႔ နည္းလမ္းမရွိတာေတာ့ မဟုတ္ေပ။
ဤအခ်ိန္တြင္ နည္းဗ်ဴဟာေလး အနည္းငယ္ လိုအပ္႐ုံသာျဖစ္သည္။
ၿမိဳ႕ပိုင္၏ ကိုယ္ပိုင္စစ္သားမ်ားက ေသဆုံးသြားၾကၿပီျဖစ္ေၾကာင္း ရွင္ယဲ့ မေျပာခဲ့ေခ်။ သူတို႔ကို ျမင္ေတြ႕ခဲ့သည္ဟုသာ ေျပာခဲ့သည္။
ခန္႔မွန္းထားသည့္အတိုင္း ဦးနစ္ခ္က အလြန္ပင္ စိတ္လႈပ္တရွားေမးလာေလသည္: "သူတို႔.... မင္းေတြ႕ခဲ့တဲ့ ႐ုပ္ေသး႐ုပ္ေတြကလည္း တရားမဝင္္မိုင္းတြင္းထဲ ဝင္သြားၾကတာလား?"
ရွင္ယဲ့က ဆိုလိုက္၏: "ဒါ.... ဦးေလးနစ္ခ္္ စာရင္းေတြ အရင္ရွင္းေပးသင့္တယ္ ထင္တယ္။ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးက ပိုက္ဆံျပန္ဆပ္ဖို႔ဆိုတာကို ဦးေလး သိပါတယ္။ အေႂကြးေတြတစ္ပုံတစ္ပင္နဲ႔ ေနရတာ စိတ္မခ်မ္းသာဘူး။ ကိစၥရွိတယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဒါၿပီးမွ ေျပာၾကမယ္"
ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ရသည့္အခါ၌ တစ္ဖက္သားက အေတြ႕အႀကဳံရင့္ေလေလ ဉာဏ္နီဉာဏ္နက္မ်ားေလေလျဖစ္ၿပီး၊ တစ္ဖက္သား၏ ရည္႐ြယ္ခ်က္အမွန္ကို ျမင္ႏိုင္ဖို႔ အခြင့္လည္း နည္းေလေလျဖစ္သည္။ ထို႔ေၾကာင့္ ကိုယ္ကိုယ္တိုင္က အတတ္ႏိုင္ဆုံး တည္ၿငိမ္ရမည္ျဖစ္ကာ၊ ထိတ္ထိတ္ပ်ာပ်ာျဖစ္ေနဖို႔ မသင့္ေပ။ ဤသို႔ေသာ နည္းလမ္းျဖင့္သာ အသာစီးရႏိုင္လိမ့္မည္ျဖစ္ၿပီး၊ တစ္ဖက္သားကို အားနည္းခ်က္မ်ား ထုတ္ေဖာ္လာေစရန္ တြန္းအားေပးႏိုင္မွာျဖစ္သည္။
ကံေကာင္းေထာက္မစြာျဖင့္ ႐ုပ္ေသး႐ုပ္မ်ားက ဉာဏ္မ်ားပါးနပ္ေသာ ေဆြးေႏြးညႇိႏႈိင္းသူမ်ား မဟုတ္ေပ။ သူတို႔က မ်က္ႏွာအမူအရာမ်ားကို အေသးစိတ္ေဖာ္ျပႏိုင္စြမ္းမရွိေသာ္လည္း၊ ႐ုပ္ေသး႐ုပ္အမ်ားစုက အလြန္ ႐ိုးရွင္းၾကတာေၾကာင့္၊ စကားထဲမွ ေပ်ာ့ကြက္မ်ားကို အလြယ္တကူ ထုတ္ေဖာ္၍ ရႏိုင္ေလသည္။
အခရာက်သည့္ အခ်က္မွာ သူတို႔ေျပာသည့္ စကားမ်ားက အမွန္လား မုသားလားဆိုတာကို ခြဲျခားႏိုင္ရန္ႏွင့္ ဘယ္ဟာက အေရးႀကီးလဲဆိုတာကို သိဖို႔ရန္ပင္ျဖစ္သည္။
အသံအေနအထား၊ မ်က္ႏွာအေရာင္၊ မ်က္လုံးအၾကည့္၊ မ်က္ႏွာႂကြက္သားလႈပ္ရွားမႈမ်ားအား အေျခခံအကဲျဖတ္မႈ စံႏႈန္းမ်ားအျဖစ္ အသုံးျပဳ၍မရႏိုင္ေသာ္လည္း၊ စကားအသြားအလာအေႏွးအျမန္ကို ၾကည့္၍ အသုံးျပဳႏိုင္ေလသည္။ ထို႔အျပင္ အေၾကာင္းအရာတစ္ခုတည္းကို အထပ္ထပ္အခါခါ ေမးျမန္းၿပီးေနာက္ ရရွိလာသည့္ မတူညီေသာ အေသးစိတ္အခ်က္အလက္မ်ားကို ၾကည့္၍လည္း အမွန္အမွား ဆုံးျဖတ္ႏိုင္သည္။
မုသားစကားဆိုသည္မွာ ဘယ္ေလာက္ပဲ သဘာဝက်ေနပါေစ၊ အဆုံး၌ ထုတ္ေဖာ္ခံရစၿမဲပင္။
ဦးနစ္ခ္က တကယ္ကို စိတ္မရွည္ျဖစ္ေနၿပီျဖစ္သည္။ သူ၏ စကားမ်ားမွာ ျမန္ဆန္လာၿပီး၊ သစ္သားႏႈတ္ခမ္းမ်ားမွာလည္း အခ်င္းခ်င္း႐ိုက္ခတ္ေနရာ 'ေဒါက္ ေဒါက္ ေဒါက္' အသံမ်ားပင္ ထြက္လာေလ၏: "အေႂကြးဆပ္မယ္၊ အေႂကြးဆပ္မယ္နဲ႔ မင္းက အေႂကြးဆပ္ဖို႔ေတာ့ သိတာပဲ။ မင္းသာ မိုင္းတြင္းထဲမွာ ဘာေတြျမင္ခဲ့သလဲဆိုတာကို ခေရေစ့တြင္းက် ငါ့ကို ျပန္ေျပာျပမယ္ဆိုရင္ မင္းနဲ႔ မီးျခစ္ဆံတို႔ ဘာအေႂကြးမွ ျပန္ဆပ္စရာမလိုဘူး။ ခ်သာ ေရးထားလိုက္!"
ဒီေလာက္နဲ႔တင္ စိတ္မရွည္ျဖစ္ေနၿပီလား? တကယ္ သည္းခံႏိုင္စြမ္းမရွိတဲ့ ႐ုပ္ေသး႐ုပ္ပဲ။
ရွင္ယဲ့က ျဖည္းျဖည္းမွန္မွန္ပင္ ဆိုလိုက္ေလ၏: "ဒါဆို ကြၽန္ေတာ္နဲ႔ မီးျခစ္ဆံတို႔ လက္ေဗြႏွိပ္ထားတဲ့ စာရင္းေတြကို ထုတ္ေပးပါ"
"မင္း ငါ့ကို အရင္ေျပာျပရမယ္။ ဒီတံဆိပ္နဲ႔ လူေတြက မိုင္းတြင္းထဲကို ဝင္သြားတာလား!" ဦးနစ္ခ္က စားပြဲအား ႐ိုက္ခ်ကာ ဆိုလိုက္ေလ၏။
"ဝင္သြားတယ္။ လက္နက္ေတြေတာင္ သယ္သြားေသးတယ္။ အျပင္မွာ တစ္ေယာက္ကို ေစာင့္ခိုင္းထားတာ။ ကြၽန္ေတာ္တို႔ အဆုံးထိ ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ခဲ့တယ္။ ဦးေလးသိခ်င္တယ္မလား? အဲ့ဒါဆို စာရင္းစာအုပ္ကို ထုတ္ေပးၿပီး၊ ကြၽန္ေတာ္တို႔ကို ေျပစာေရးေပး"
ဦးနစ္က ေဒါသထြက္စြာျဖင့္ အခန္းထဲမွ စာရင္းစာအုပ္ကို ထုတ္လာကာ ေျပစာေရးေပးလိုက္ေလေတာ့သည္။ ေခ်ာင္ခ်န္႔လည္း ေဘးနားလာၿပီး ရွင္ယဲ့ႏွင့္အတူ လက္ဝါးခ်င္း႐ိုက္လိုက္ေလ၏။
ဦးနစ္ခ္၏ သေဘာထား အစစ္အမွန္မ်ား ထြက္ေပၚလာေအာင္ တြန္းအားေပးႏိုင္ၿပီး၊ အေႂကြးလည္းဆပ္ႏိုင္သြားသည့္ ခံစားခ်က္္မွာ တကယ္ ေက်နပ္စရာ ေကာင္းေလသည္။
ကြမ္းလင္မွာ ေဘး၌ ၾကက္ေသေသၿပီး ရပ္ၾကည့္ေနမိသည္။ ရွင္ယဲ့ႏွင့္ စကားေျပာေနရသည့္ သူမွာ သူသာျဖစ္ခဲ့မည္ဆိုလွ်င္၊ သူ ငယ္ငယ္ကတည္းက လုပ္ခဲ့ဖူးတဲ့ အရွက္ရစရာကိစၥေတြ အကုန္ထုတ္ေျပာမိမလားမသိဘူးဟု စဥ္းစားမိလိုက္ေလ၏။
ဦးနစ္ခ္က ရွင္ယဲ့ႏွင့္ ေခ်ာင္္ခ်န္႔တို႔ကို စာရင္းရွင္းေပးၿပီးေနာက္၊ ရွင္ယဲ့က ဆိုလိုက္သည္: "ကြၽန္ေတာ္တို႔မွာ ေျပာင္းေခ်ာေသနတ္သုံးလက္ပဲ ပါသြားတာကို ဦးေလးလည္း သိပါတယ္။ အဲ့ဒါေၾကာင့္ အနားေတာ့ မသြားရဲလိုက္ဘူးေပါ့။ ဒါေပမဲ့ အဲ့ဒီလူေတြက ဘယ္သူလဲဆိုတာကို ဦးေလး ကြၽန္ေတာ္တို႔ကို ေျပာျပမယ္ဆိုရင္၊ သူတို႔ ဘာျဖစ္သြားလဲဆိုတာ ကြၽန္ေတာ္ သိႏိုင္ေလာက္တယ္"
"မင္း....." ေသနတ္ကိုသာ ေခ်ာင္ခ်န္႔က လုမသြားဘူးဆိုလွ်င္ ဦးနစ္ခ္မွာ အမွန္တကယ္ လူသတ္မိေလာက္သည္။
"ဟုတ္သားပဲ!" ရွင္ယဲ့က ေခါင္းကို ပုတ္လိုက္ေလ၏။ "ကြၽန္ေတာ္ သတိရၿပီ။ သူတို႔က ဘာနည္းလမ္းပဲ သုံးရ သုံးရ မိုင္းတြင္းထဲမွာ ရွိေနတဲ့ လူကို ေသခ်ာေပါက္ သတ္ရမယ္လို႔ ေျပာေနတာကို ကြၽန္ေတာ္ ၾကားခဲ့တယ္ထင္တယ္"
"သူတို႔က လုပ္ရဲတယ္ေပါ့!" ဖိအားေပးခံေနရသည့္ ဦးနစ္ခ္က ေနာက္ဆုံး သည္းမခံႏိုင္ေတာ့ဘဲ၊ ေအာ္ဟစ္လိုက္ေလေတာ့သည္။
"ဪ" ရွင္ယဲ့က အေတြးေပါက္ဟန္ျဖင့္ ဆိုလိုက္၏။ "ဦေလးနစ္ခ္၊ ဦးေလးက မိုင္းတြင္းထဲမွာ ရွိေနတဲ့လူက ဆရာႀကီးဘန္းနဒစ္ဆိုတာ သံသဃရွိေနေတာ့ သူ႔ကို မေသေစခ်င္တာပဲကိုး။ ၾကည့္ရတာ ဦးေလးနစ္ခ္က ဆရာႀကီးဘန္းနဒစ္ကို ေတာ္ေတာ္ ေလးစားတဲ့ ပုံပဲ"
"ေသခ်ာေပါက္ ေလးစားတာေပါ့!" ဦးနစ္က ေျပာလိုက္ေလ၏။ "႐ုပ္ေသးၿမိဳ႕ေတာ္တစ္ခုလုံးကို ဆရာႀကီးပဲ ဖန္တီးေပးခဲ့တာ။ ငါက သူ အရင္ဆုံး ဖန္တီးခဲ့တဲ့ ႐ုပ္ေသး႐ုပ္ပဲ။ အစကေတာ့ ဆရာႀကီးဆီ ပစၥည္းေတြ ကမ္းေပးရတဲ့ တာဝန္ပဲ ရွိခဲ့တာ။ ေနာက္ေတာ့ ဆရာႀကီးက လက္ေထာက္လိုတာနဲ႔ ငါ့ကို နည္းနည္းခ်င္းစီ ျပဳျပင္ေပးခဲ့တာ။ အဲ့လိုနဲ႔ ဒီေန႔ရဲ႕ ငါဆိုတာ ျဖစ္လာတာပဲ။ ဆရာႀကီးက ငါ အေလးစားဆုံး လူပဲ"
အမွန္ပင္ျဖစ္သည္။ သို႔ေသာ္ ေလးစားမႈအျပင္ ဘာခံစားခ်က္္ေတြရွိေသးလဲဆိုတာ အတြင္းက်က် အတည္ျပဳဖို႔ လိုအပ္သည္။
"ဟုတ္တာေပါ့။ ကြၽန္ေတာ္လည္း ဆရာႀကီးကို ေလးစားဆုံးပဲ။ ဒါေပမဲ့ ကြၽန္ေတာ္ သူ႔ကို မႀကိဳက္ဘူး။ သူ႔ကို ေက်းဇူးလည္း မတင္ဘူး" ရွင္ယဲ့က အနည္းငယ္ဆြေပးရင္း ဆိုလိုက္သည္။
"မင္း ဘာစကားေျပာတာလဲ!" ဦးနစ္က အလြန္ စိတ္မၾကည္မလင္္ျဖစ္သြားၿပီး။ ႏႈတ္ခမ္းေမႊးႀကီးမွာ တဖန္ေထာင္တက္လာေတာ့သည္။
မေန႔ညက အေတြ႕အႀကဳံမ်ားရခဲ့ၿပီးေနာက္၊ လူ႔သဘာဝရထားသည့္ ႐ုပ္ေသး႐ုပ္မ်ားက ဘန္းနဒစ္ကို ေက်းဇူးတင္စရာမလိုဟု ရွင္ယဲ့ ခံစားခဲ့ရသည္။
လူတစ္ေယာက္က ဝမ္းနည္းေနသည့္ အခ်ိန္မွာလည္း မငိုေႂကြးႏိုင္၊ ေပ်ာ္႐ႊင္ေနသည့္ အခ်ိန္မွာလည္း ထည့္သြင္းေပးထားသည့္ အလိုအေလ်ာက္ အၿပဳံးအတုအေယာင္မွတစ္ပါး ျပသႏိုင္ျခင္း ရွိမေနေခ်။ သူ၏ ႏွလုံးသားထဲမွာလည္း သူက လူသားမဟုတ္ဘဲ တစ္စုံတစ္ေယာက္က ဖန္တီးထားသည့္ အ႐ုပ္တစ္႐ုပ္သာျဖစ္သည္ကို ရွင္းရွင္းလင္းလင္းသိေနသည္။ သူ႔မွာ လူ႔သဘာဝရွိေနသည္ ဆိုေသာ္လည္း လူသားတစ္ေယာက္ ဘယ္ေတာ့မွ ျဖစ္လာႏိုင္မည္မဟုတ္ေခ်။ ဤသို႔ေသာ ႐ုပ္ေသး႐ုပ္မ်ားက ဆရာႀကီးဘန္းနဒစ္ကို ေက်းဇူးတင္ရမည္လား?
ဒါတင္မကဘဲ အျခား႐ုပ္ေသး႐ုပ္မ်ားထက္ နိမ့္က်စြာ ျဖစ္တည္ေနသည့္ ႐ုပ္ေသး႐ုပ္မ်ားလည္း ရွိေသးသည္။ သူတို႔မွာ တစ္စုံတစ္ေယာက္၏ ေရာက္တက္ရာရာ စိတ္ကူးတစ္ခုေၾကာင့္ မိမိက အျခား႐ုပ္ေသး႐ုပ္မ်ားထက္ အားနည္းသည္ဟု ျပ႒ာန္းခံထားရေသာ အျဖစ္ကို သိရွိေနရလွ်င္၊ သူတို႔ ဝမ္းပန္းတသာ ျဖစ္ေနႏိုင္မည္တဲ့လား?
႐ုပ္ေသးၿမိဳ႕ေတာ္ရွိ ႐ုပ္ေသး႐ုပ္အမ်ားစုမွာ ဘန္းနဒစ္ႏွင့္ ပတ္သက္ၿပီး အလြန္ရႈပ္ေထြးေသာ ခံစားခ်က္မ်ား ရွိၾကလိမ့္မည္ဟု ရွင္ယဲ့ ထင္သည္။ သူတို႔ကို ဖန္တီးေပးတဲ့ လူအေပၚ ေလးစားခ်စ္ခင္စိတ္မ်ား ရွိၾကမည္။ သူတို႔အေပၚ တရားမွ်တမႈမေပးဘဲ အသက္ကိုသာ ေပးခဲ့သည့္ အတြက္ မုန္းတီးစိတ္မ်ားလည္း ရွိၾကေပလိမ့္မည္။ သူတို႔အား ေလာကဓံ၏ ခ်ိဳခ်ဥ္ဖန္ခါးအရသာမ်ားကို ခံစားခိုင္းေသာ္လည္း အမွန္တကယ္ လူ႔သဘာဝထဲ လိုက္ေလ်ာညီေထြျဖစ္ေအာင္ မလုပ္ေပးႏိုင္ခဲ့ေခ်။
ဦးနစ္ခ္က ဘန္းနဒစ္အေပၚ ထားသည့္ ခံစားခ်က္မ်ားကို သူ အတိအက် ဆုံးျဖတ္ရန္လိုအပ္သည္။ ဦးနစ္ခ္ကသာ ၿမိဳ႕ပိုင္လို အာဃတမ်ားရွိေနသည္ဆိုလွ်င္ စကားဆက္ေျပာေနစရာ မလိုေတာ့ေပ။
"ဦးေလးနစ္ခ္က ဆရာႀကီးအေပၚ မေက်နပ္ခ်က္ေလး နည္းနည္းေတာင္ မရွိဘူးလား?" ရွင္ယဲ့က ေမးလိုက္၏။ "ကြၽန္ေတာ္ေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္ကို ၾကည့္တိုင္း၊ မတတ္သာဘဲ မုန္းမိတယ္"
"ဦးနစ္ခ္က ဖန္ဆင္းရွင္ပဲေလ။ သူက အလုံးစုံေတာ့ တရားမွ်တမေနႏိုင္ဘူး။ လူ႔သဘာဝကို လက္ခံရထားတဲ့ ႐ုပ္ေသး႐ုပ္ေတြက ကိုယ့္ဟာကိုယ္ အသက္ရွင္တတ္ေအာင္ သင္ယူရမွာပဲ!" ဦးနစ္ခ္က အားႀကိဳးမာန္တက္ျဖင့္ ရွင္ယဲ့ႏွင့္ ျငင္းခုံလိုက္္ေလ၏။ " လူသားေတြကလည္း မညီမွ်ဘဲ ေမြးဖြားလာၾကတာပဲ။ သူတို႔ေကာ သူတို႔ ဘုရားကို မုန္းၾကလို႔္လား? ဆရာႀကီးဘန္းနဒစ္က ႐ုပ္ေသး႐ုပ္ေတြ တစ္႐ုပ္ၿပီး တစ္႐ုပ္ထုဖို႔အတြက္ ေခြၽးေတြ ေသြးေတြရင္းၿပီး ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့သလဲဆိုတာကို ငါ့မ်က္လုံးႏွစ္လုံးနဲ႔ ျမင္ခဲ့တာ။ သူက ဗဟိုခ်က္တိုင္းကို ဂ႐ုတစိုက္တယုတယနဲ႔ ႐ုပ္ေသး႐ုပ္ေတြဆီ ထည့္ေပးခဲ့တာ။ ခ်စ္ခင္မႈအျပည့္နဲ႔ အၾကည့္ေတြနဲ႔ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ခ်င္းစီကို ၾကည့္ခဲ့တာ။ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ခ်င္းစီက ကြဲျပားခ်က္ေတြေတာ့ ရွိတာေပါ့။ ဒါေပမဲ့ အဲ့တာက အခ်ိန္ကာလအေပၚလိုက္ၿပီး နည္းပညာေျပာင္းလဲမႈေၾကာင့္ ျဖစ္လာတာပဲ။ ဆရာႀကီး ဘန္းနဒစ္က သူ႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံး မတူညီတဲ့ ေခတ္ကာလတိုင္းမွာ ႐ုပ္ေသး႐ုပ္ေတြ မေရမတြက္ႏိုင္ေအာင္ ဖန္တီးခဲ့တယ္။ သူက ႐ုပ္ေသး႐ုပ္တိုင္းကို သူ႔ သားသမီးလို သေဘာထားခဲဲ့တာ!"
အလြန္ေကာင္းေလသည္။ ဦးနစ္ခ္က ဘန္းနဒစ္အေပၚ ေကာင္းေသာ စိတ္ထားမ်ား ရွိသည့္အတြက္ ဤပုံအတိုင္းဆို စကားဆက္ေျပာလို႔ ရႏိုင္သည္။
ရွင္ယဲ့က ဆိုေလ၏: "ဒါေပမဲ့ ဆရာႀကီးဘန္းနဒစ္ကို သတ္ခ်င္ေနတဲ့ ႐ုပ္ေသး႐ုပ္ေတြလည္း ရွိေသးတယ္ေလ။ အဲ့ဒီ လက္နက္ေတြသယ္လာတဲ့ လူေတြလိုေပါ့"
"သူတို႔က ဘာသိလို႔လဲ။ သူတို႔ရွာေနတဲ့ လူက ဘယ္သူမွန္းေတာင္ သူတို႔ သိၾကတာ မဟုတ္ဘူး!" ဦးနစ္က ေျပာေလ၏။ "ဆရာႀကီးဘန္းနဒစ္က အသက္ရွင္ေနေသးတယ္ဆိုတဲ့ အေၾကာင္းကိုေတာင္ လူနည္းနည္းပဲ သိၾကတာ။ သူရွိေနတဲ့ ေနရာကလည္း ပေဟဠိျဖစ္ေနေတာ့၊ ငါ့မွာ ၿမိဳ႕ျပင္က တရားမဝင္မိုင္းတြင္းကို ရွာေတြ႕ဖို႔အတြက္ ႏွစ္ေတြအၾကာႀကီး စုံစမ္းခဲ့ရတယ္။ အဲ့လိုနဲ႔ ဘန္းနဒစ္က အဲ့ထဲမွာ ရွိႏိုင္မယ္လို႔ ေတြးမိတာ။ မင္းတို႔ ေတြ႕ခဲ့တဲ့ သူေတြက ၿမိဳ႕ပိုင္ရဲ႕ ကိုယ္ပိုင္တပ္သားေတြပဲ။ ၿမိဳ႕ပိုင္က လူ႔သဘာဝေၾကာင့္ ပ်က္စီးသြားၿပီး၊ ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ တစ္ဦးတည္းေသာ အရွင္သခင္ျဖစ္ခ်င္ေနတာ။ တစ္ေယာက္ေယာက္ရဲ႕ တည္ရွိမႈက သူ႔ထက္သာလြန္ေနတာကို မလိုလားဘူးေလ။ အဲ့ဒါေၾကာင့္ လူေတြလႊတ္ၿပီး ဆရာႀကီးကို သတ္ခိုင္းတာ။ မင္းတို႔ ငါ့ကို ေျပာစမ္း။ ဆရာႀကီး ဘယ္လိုေနလဲ?"
ရွင္ယဲ့က ေလးနက္စြာ ေျပာလိုက္ေလသည္: "ဦးေလးနစ္ခ္၊ ဦးေလး က်ိန္ရဲလား? ဆရာႀကီးဘန္းနစ္ဒစ္နဲ႔ ပတ္သက္ၿပီး တစ္ဝက္ေလာက္ေတာင္ လိမ္မေျပာဘူးလို႔။ တကယ္လို႔ လိမ္ေျပာခဲ့ရင္၊ ဆရာႀကီး ဘန္းနဒစ္နဲ႔ ျဖတ္သန္းခဲ့တဲ့ ႏွစ္ေတြကို ထာဝရ ေမ့သြားပါေစဆိုၿပီး။ ဦးေလး အဲ့လို က်ိန္တာနဲ႔၊ ကြၽန္ေတာ္ မိုင္းတြင္းထဲမွာ ေတြ႕ခဲ့ရတဲ့ အရာအားလုံးကို ဦးေလးကို ေျပာျပမယ္။ အမွန္အတိုင္းေျပာရရင္၊ ကြၽန္ေတာ္ အရမ္းအေရးအႀကီးတဲ့ အရာတစ္ခုကို ရွာေတြ႕ခဲ့တယ္"
အျပန္အလွန္စကားေျပာအၿပီး၊ ရွင္ယဲ့ ဦးနစ္ခ္က ယုံၾကည္၍ ရႏိုင္သည္ဟု ခံစားရေလသည္။ သူ႔ဆီက အေရးႀကီးသဲလြန္စမ်ားလည္း ရႏိုင္သည္။ သို႔ေသာ္ ေသခ်ာေအာင္ လုပ္ထားဖို႔ေတာ့ လိုအပ္သည္။
အေရးအႀကီးဆုံးအရာမ်ားကို က်ိန္ဆိုခိုင္း႐ုံျဖင့္၊ ဦးနစ္ခ္မွာ ခပ္ေပါ့ေပါ့တန္တန္ လိမ္ေျပာရဲေတာ့မည္ မဟုတ္ေပ။
ဦးနစ္ခ္မွာ တစ္ခဏေလာက္ တြန္႔ဆုတ္သြားၿပီးေနာက္၊ အဆုံး၌ က်ိန္ဆိုရန္ ေ႐ြးခ်ယ္လိုက္ေလသည္။ သူက ဘန္းနဒစ္၏ လုံၿခဳံမႈကို အလြန္ ဂ႐ုစိုက္ၿပီး၊ ရွင္ယဲ့ ေျပာခဲ့သည့္ အေရးႀကီးသည့္ အရာကို အမွန္တကယ္ သိခ်င္ေနတာေၾကာင့္ပင္။
သူ ရွင္ယဲ့ေျပာခိုင္းသည့္ စကားအတိုင္း ဗဟိုခ်က္ျဖင့္္ က်ိန္ဆိုလိုက္ၿပီးေနာက္၊ ႐ုပ္ေသး႐ုပ္တစ္ကိုယ္လုံးမွာ အေတာ္ ေပ်ာ့ေခြသြားခဲ့ေလသည္။ ၾကည့္ရသည္မွာ ဒီအတိုင္း ေျပာခ်လိုက္လွ်င္ ထိုစကားမ်ားကို ေမ့သြားၿပီး၊ ဦးနစ္ခ္၏ စိတ္ဝိညာဥ္အတြက္ ထိခိုက္မႈတစ္စုံတစ္ရာ ျဖစ္မွာစိုးတာေၾကာင့္ ျဖစ္ႏိုင္သည္။
သူ၏ ထိုကဲ့သို႔ေသာ အသြင္သဏၭာန္ကို ျမင္သည့္အခါ၊ ရွင္ယဲ့က ဆိုလိုက္သည္: "ဦးေလး စိတ္မပူပါနဲ႔။ ဆရာႀကီးက ဘာမွမျဖစ္ပါဘူး။ အဲ့ဒီ ကိုယ္ပိုင္တပ္သားေတြအကုန္ အသတ္ခံလိုက္ရတယ္။ မိုင္းတြင္းထဲမွာ အရည္အေသြးျမင့္တဲ့ သတၱဳ႐ိုင္းေတြ တစ္ပုံတစ္ေခါင္းႀကီး ရွိတယ္။ ကြၽန္ေတာ္တို႔ ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ နည္းပညာထက္ အမ်ားႀကီး ျမင့္တဲ့ စက္႐ုပ္ေတြလည္း ရွိတယ္။ အဲ့ဒီ စက္႐ုပ္ေတြက အကုန္ သတၱဳသားနဲ႔ လုပ္ထားတာ။ သူတို႔က လက္နက္စက္႐ုပ္ေတြ၊ လူ႔သဘာဝမရွိဘူး။ အမိန္႔ေပးလိုက္တာနဲ႔ အဲ့ဒီအမိန္႔အတိုင္း လိုက္နာလိမ့္မယ္။ ၿပီးေတာ့ သူတို႔က အရမ္းသန္မာတယ္။ ၿမိဳ႕ပိုင္က လႊတ္လိုက္တဲ့ ႐ုပ္ေသး႐ုပ္ေတြအကုန္လုံးကို ဗဟိုခ်က္အထိ ဖ်က္ဆီးၿပီး အေသသတ္ပစ္လိုက္တာ။ ဒါေပမဲ့ သူတို႔က မိုင္းျပင္က လူေတြကိုေတာ့ မတိုက္ခိုက္ဘူး။ မိုင္းျပင္မွာေစာင့္ေနတဲ့ ႐ုပ္ေသး႐ုပ္က လြတ္သြားၿပီး ျပန္လာႏိုင္ခဲ့တယ္"
"ဆရာႀကီး သူ.....ဘာလို႔ လူ႔သဘာဝမရွိတဲ့ ႐ုပ္ေသး႐ုပ္ေတြကို လုပ္ခဲ့ရတာလဲ? သူ ေျပာင္းလဲ သြားတာလား? သူ ေသခ်ာ ေျပာခဲ့ပါတယ္။ ႐ုပ္ေသး႐ုပ္တိုင္းကို အသက္ဝိညာဥ္သြင္းေပးရမယ္ဆိုၿပီး...." ဦးနစ္ခ္က နေဝတိမ္ေတာင္ျဖင့္ ဆိုလိုက္ေလ၏။ ဘန္းနဒစ္က ႐ုပ္ေသး႐ုပ္မ်ားအေပၚ အရာဝတၳဳတစ္ခုအျဖစ္သာ သေဘာထားသည္ကို မယုံၾကည္ႏိုင္ ျဖစ္ေနပုံရသည္။
"ကြၽန္ေတာ့္အထင္ အဲ့ဒါက ကြၽန္ေတာ္ေတြ႕ခဲ့တဲ့ ပစၥည္းႏွင့္ သက္ဆိုင္ေနမယ္ထင္တယ္" ရွင္ယဲ့က ဆိုေလ၏။ "ကြၽန္ေတာ္တို႔ မိုင္းတြင္းရဲ႕ အနက္ဆုံးအပိုင္းမွာ၊ ဖန္ေပါင္းေခ်ာင္ထဲ ထည့္ထားတဲ့ ႏွလုံးငယ္တစ္ခုကို ေတြ႕ခဲ့ရတယ္။ အဲ့ဒါက လူႀကီးတစ္ေယာက္ရဲ႕ ႏွလုံးမဟုတ္ဘူး။ သိပ္ မဖြံ႕ၿဖိဳးေသးဘူး။ သူ႔ရဲ႕ ပိုင္ရွင္ကသာ အသက္ရွင္ေနမယ္ဆိုရင္၊ ဆယ္ႏွစ္ဝန္းက်င္ေလာက္ပဲ ရွိလိမ့္မယ္"
ရွင္ယဲ့က သူ႔ညီေလး ေသဆုံးသြားၿပီးေနာက္၊ ႏွလုံးႏွင့္ပတ္သက္သည့္ အခ်က္အလက္အေျမာက္အမ်ားကို ေလ့လာခဲ့သည္။ ထို႔အတြက္ ႀကီးထြားဖြံ႕ၿဖိဳးသည့္ ကာလအတြင္း ႏွလုံး၏ အ႐ြယ္အစားေျပာင္းလဲမႈမ်ားကို အၾကမ္းဖ်င္း နားလည္ေလသည္။
ထို႔ေၾကာင့္ ပ႐ိုဂ်က္တာထက္၌ ႏွလုံးကို ျမင္ခဲ့ရခ်ိန္တြင္၊ သူ ဒီႏွလုံးက ဆရာႀကီးဘန္းနဒစ္၏ ႏွလုံးအ႐ြယ္အစားႏွင့္ မညီမွ်ေၾကာင္း သတိထားမိခဲ့သည္။ အသက္ႀကီးသည့္ ဆရာႀကီးတစ္ေယာက္က ဆယ္ႏွစ္အ႐ြယ္ႏွလုံးတစ္ခု ရွိႏိုင္စရာအေၾကာင္းမရွိေပ။
"ဆယ္ႏွစ္....." ဦးနစ္ခ္က ထိုင္ခုံေပၚမွာ ထိုင္ရင္္း၊ အသည္းအသန္စဥ္းစားေနေလသည္။ "ဆရာႀကီးရဲ႕ သားမ်ားလား?"
သား? ဦးနစ္ခ္ထံတြင္ အမွန္တကယ္ အေရးႀကီးသည့္ သဲလြန္စ ရွိေနသည္ပင္။ ရွင္ယဲ့ ေမးလိုက္ေလသည္: "ကြၽန္ေတာ့္ကို ဆရာႀကီးရဲ႕ သားအေၾကာင္း ေျပာျပေပးလို႔ရလား?"
ဦးနစ္ခ္္က ေခါင္းကို ညိတ္ကာ ဆိုလိုက္္ေလသည္: "တကယ္ေတာ့ ဒီအေၾကာင္းကို ႐ုပ္ေသးၿမိဳ႕ေတာ္က လူေတြေတာ္ေတာ္မ်ားမ်ား သိၾကတယ္။ ဆရာႀကီးဘန္းနဒစ္က ဒီ႐ုပ္ေသးၿမိဳ႕ေတာ္ကို တည္ေဆာက္ခဲ့တဲ့ မူလအေၾကာင္းအရင္းက သူ႔သားအတြက္ပဲ။
ဆရာႀကီးရဲ႕ သားက ငယ္ငယ္တည္းက ခႏၶာကိုယ္အားနည္းၿပီး က်န္းမာေရးကလည္း မေကာင္းေတာ့၊ တျခားကေလးေတြနဲ႔ အတူတူ မကစားႏိုင္ဘူး။ အဲ့ေတာ့ လက္မႈပညာရွင္ျဖစ္တဲ့ ဆရာႀကီးက သူ႔သားအတြက္ ႐ုပ္ေသး႐ုပ္ေတြကို ေလ့လာၿပီး၊ သူ႔ဟာသူ အလိုအေလ်ာက္လႈပ္ရွားႏိုင္တဲ့ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ကို သူ႔သား ကစားဖို႔ ပထမဆုံးအေနနဲ႔ လုပ္ေပးခဲ့တယ္။
သူက ႐ုပ္ေသး႐ုပ္ေတြကို သူ႔သားရဲ႕ သူငယ္ခ်င္းေတြလို႔ သေဘာထားၿပီး ႐ုပ္ေသး႐ုပ္တစ္႐ုပ္ခ်င္းစီကို စိတ္ႏွစ္ၿပီး လုပ္ေပးခဲ့တာ။ ဆရာႀကီးရဲ႕ သားကလည္း ႐ုပ္ေသး႐ုပ္ေတြကို အရမ္းသေဘာက်ခဲ့တယ္။
ဒါေပမဲ့ သူ႔သားရဲ႕ ေရာဂါက တျဖည္းျဖည္းနဲ႔ ပိုကြၽမ္းလာၿပီး၊ အသက္ဆယ္ႏွစ္မွာပဲ ေလာကႀကီးကို စြန္႔ခြါသြားခဲ့တယ္။ ဆရာႀကီးဘန္းနဒစ္က တစ္ႏွစ္ေက်ာ္ေလာက္ စိတ္ဓာတ္က်ေနခဲ့တာ။ အဲ့ေနာက္ေတာ့ ပစၥည္းဉစၥာေတြကို ေရာင္းခ်ၿပီး၊ ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ ေျမေနရာကို ဝယ္လိုက္တယ္။ ၿပီးေတာ့ ႐ုပ္ေသး႐ုပ္ေတြကို ဆက္တိုက္ စလုပ္ေတာ့တာပဲ။
သူက ေသသြားတဲ့ သူ႔သားအတြက္ လြတ္လြတ္လပ္လပ္ေဆာ့ကစားႏိုင္မယ့္ ႐ုပ္ေသးၿမိဳ႕ေတာ္တစ္ခု တည္ေဆာက္ေပးခ်င္ခဲ့တာ။ ဒီၿမိဳ႕ေတာ္ကို ကေလးဆန္ဆန္ ေပ်ာ္စရာဘုံတစ္ခုျဖစ္ေအာင္ ဖန္တီးေပးခ်င္ခဲ့တာ"
"ဦးေလး ဆိုလိုတာက၊ ဆရာႀကီးက သူ႔ရဲ႕ သားကိုလည္း ႐ုပ္ေသး႐ုပ္အျဖစ္ လုပ္ေပးခဲ့တယ္ဆိုတဲ့ သေဘာလား?"
ဦးနစ္ခ္က ေခါင္းခါလိုက္၏: "မဟုတ္ဘူး။ ငါ ဆရာႀကီးရဲ႕သား ႐ုပ္ေသး႐ုပ္ကို တစ္ခါမွ မျမင္ဖူးဘူး။ ဆရာႀကီးက အရင္ဆုံး ႐ုပ္ေသးၿမိဳ႕ေတာ္ကို တည္ေဆာက္ၿပီး ေနာက္မွ သူ႔သားကို ဒီမွာ ေနခိုင္းခ်င္ခဲ့တာ။ ဒါေပမဲ့ သူက ႐ုပ္ေသး႐ုပ္ေတြကို လူ႔သဘာဝထည့္ေပးလိုက္ၿပီးေနာက္ေတာ့၊ ဆရာႀကီးက စိတ္ပ်က္သြားတယ္။ ဒီလို ၿမိဳ႕တစ္ၿမိဳ႕မွာ သူ႔ရဲ႕ အျပစ္ကင္းၿပီး ၾကင္နာတတ္တဲ့ သားေလးက ဆက္ၿပီး ရွင္သန္ႏိုင္မွာ မဟုတ္ဘူးတဲ့။
ဆရာႀကီးက ႐ုပ္ေသးၿမိဳ႕ေတာ္ကို ျပန္ျပဳျပင္ေျပာင္းလဲခ်င္ခဲ့တယ္။ သူ နည္းလမ္းေတြ အမ်ားႀကီးနဲ႔ ႀကိဳးစားၾကည့္ခဲ့ေပမဲ့ အလုပ္မျဖစ္ခဲ့ဘူး။ အဲ့ဒီအခ်ိန္အေတာအတြင္း ငါ ဆရာႀကီးေဘးမွာ တစ္ေလွ်ာက္လုံးေနခဲ့တယ္။ အဲ့လိုနဲ႔ တစ္ေန႔က်ေတာ့ ဆရာႀကီးက ငါ့ကိုေျပာလာတယ္။ သူ ႐ုပ္ေသးၿမိဳ႕ေတာ္ကို ျပန္သန္႔စင္ေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းတစ္ခု ရွာမယ္တဲ့။ ၿပီးေတာ့ ငါ့ကို ဒီမွာ ယာယီဆက္ေနၿပီး၊ အားလုံးရဲ႕ ခႏၶာကိုယ္ေတြကို ျပင္ေပးခိုင္းတယ္။ အဲ့လိုလည္း ေျပာၿပီးေကာ သူ ထြက္သြားေတာ့တာပဲ။
အဲ့ဒီေနာက္ပိုင္းကစၿပီး၊ ငါ ဆရာႀကီးကို ထပ္မေတြ႕ရေတာ့ဘူး"