"ရှာစရာမလိုဘူးရှိတယ်"
"ရှိရင်အမြန် လက်ဆက်တော်မူပါ"
"အေးပါ သိပါတယ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် တန်းလက်ထပ်မယ်
ကြေနပ်ကြလား"
"ကြေနပ်ပါတယ်"
အမတ်တွေက တညီတညွတ်ထဲထောက်ခံကြ
တယ် ထိုစဉ် အမတ်တဦးက
"မင်းကြီး မိဖုရားနံမည်တော် မိန့်ပါအုံး"
"သုတအောင်တဲ့ "
ယောင်္ကျားလေး နံမည်ပေါက်တဲ့အတွက်
ကြောင့် အမတ်တွေအကုန်လုံး တီးတိုး
ပြောဆိုကုန်ကြပါတယ်
"သုတအောင်တဲ့ဟ ကြားဖူးကြလား"
"ဟေ့အေး ကျနော်တော့မသိဘူး
အဲ့တာက ယောကျာ်းလေးနာမည်လိုပဲနော်"
"မဟုတ်မှလွဲရော ယောင်္ကျားလေးများလား"
"အဲ့လိုဆိုမဖြစ်ဘူးလေ မျိုးဆက်ပြတ်ကုန်လိမ့်မယ်"
"ဟုတ်တယ် ဟုတ်တယ်
တို့ကမျိုးဆက်ချန်ထားစေချင်တာလေ"
ထိုစဉ် မင်းကြီးက စားပွဲကို စာလိပ်နှင့်
ရိုက်လိုက်ရာ ကျယ်လောင်တဲ့ အသံ
ထွက်လာခဲ့တယ်
~ဒုန်း...ဒုန်း...~
"တိတ်ကြစမ်း ဘာတွေဆူနေတာလဲ"
ပြောရဲဆိုရဲရှိတဲ့ မြို့ဝန်အမတ် တစ်ဦးက
"မင်းကြီး ကြင်ယာတော်ဟာ မိန်းကလေးတစ်ဦးလား ဒါမှမဟုတ် ယောင်္ကျားလေးတစ်ဦး
ဖြစ်နေတာလား"
မင်းကြီးအဖြေရ ကြပ်အောင် တည့်မေးချပါ
တော့တယ် ဒါပေမဲ့လဲ
"သူက ယောင်္ကျားလေးပဲဖြစ်တယ်
ပိန်ပါးတဲ့ကိုယ် သမင်မျက်လုံး လ မျက်ခုံး
ချောမောတဲ့ရုပ်ရည်ရှိတဲ့ ယောင်္ကျားလေး
တစ်ဦးပါ"
သုတဟာ ယောင်္ကျားလေးလို့ ပြောပြပြီးတဲ့
အခါမှာတော့ အမတ်တစ်စုရဲ့ အသံတွေက
ထွက်ပေါ်လာပြန်တယ်
"တွေ့လား ယောင်္ကျားလေးတဲ့ဟ"
"ဟာ ဒါဆိုမဖြစ်ပူးလေ"
"ဟုတ်တယ် ကန့်ကွက်ရမယ်"
"ဟုတ်တယ်"
အားလုံးက ကန့်ကွက်ဖို့ကို စိတ်အား
ထက်သန်လာကြပြီး
"မသင့်တော်ပါဘူး မင်းကြီး
မျိုးဆက်ချန်ဖို့ မိန်းကလေးတစ်ဦးနဲ့သာ
လက်ဆက်သင့်ကြောင်းပါ"
"မိန်းကလေးနဲ့သာ လက်ဆက်သင့်ကြောင်းပါ"
"တိတ်ကြစမ်း...!
မောင်မင်းတို့တွေနဲ့ ခက်တော့နေပြီ
သူကယောင်္ကျားလေးဖြစ်ပေမဲ့ ကလေးမွေးပေးနိုင်တယ်"
"မဖြစ်နိုင်တာတွေမပြောပါနဲ့မင်းကြီး
ယောင်္ကျားလေးတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တာ မဖြစ်နိုင်ပါဘူးမင်းကြီး "
"ဟုတ်ပါတယ် မဖြစ်နိုင်ပါဘူးမင်းကြီး"
အမတ်တစ်ဦးကလျှောက်ထားချက်ကို
ကျန်အမတ်တွေက ထောက်ခံကြတယ်
"ဟာ ခက်တော့နေပြီ သူကိုမောင်မင်းတို့မြင်ဖူးကြလား နန်းတော်ထဲအဲ့နာမည်ရော ကြားဖူးကြလား "
"မမြင်ဖူး မကြားဖူးပါဘူး "
"အေး မမြင်ဖူး မကြားဖူးတဲ့သူတယောက်က
နန်တော်ထဲကို ဘယ်လိုရောက်လာတုံး"
"ခိုးဝင်လာတာဖြစ်နိုင်ပါတယ်"
အမတ်တစ်ဦးက ပြောလိုက်တယ်
"ဟာ ဒီငတုံးတွေနဲ့တော့ ငါကိုယ်တော် ဒေါသထွက်လာပြီနော် ငါ့ရေချိုးဆောင်ရှေ့မှာ
လူတယောက် ဘွားခနဲ့ပေါ်လာတဲ့သတင်း
မကြားဖူးကြဘူးလား"
"ကြားမိပါတယ်မင်းကြီး အဲ့တာသူများလား"
"အေး အဲ့လိုထူးဆန်းတဲ့လူမို့လို့ တခြား
ယောင်္ကျားလေးတွေနဲ့ မတူဘူး
ငါ့အတွက်သီးသန့်လက မင်းတို့လိုချင်တဲ့မင်းဆက်မွေးပေးနိုင်တယ်လို့"
"ယောင်္ကျားလေးက ကလေးမွေးတာ မဖြစ်နိုင်ကြောင်းပါမင်းကြီး မိန်းကလေးတဦးနဲ့သာ လက်ဆက်တော်မူပါ"
အမတ်တွေက ရှေးရိုးစွဲကြီးတွေဖြစ်တဲ့အပြင်
မိဖုရားတပါးက ယောင်္ကျားလေးဆိုတာကို
မလိုလားကြလို့ မိန်းကလေးနဲ့ လက်ဆက်
ဖို့ပဲ ဝိုင်းတိုက်တွန်းနေကြပါတယ်
မင်းကြီးလဲ ပြောမရတဲ့အဆုံးမှာတော့
"ချစ်နှစ်သက်တဲ့လူတောင် ယူခွင့်မပေးနိုင်ရင် မင်းမလုပ်ဘူးကွာ ငါနန်းဆင်းတယ် "
လို့ပြောရင်း သရဖူကိုချကာ နန်းပုလ္လင်မှ
ဆင်းလာတယ်...............
"မိဖုရား မယ်တော်ကြီးဆီသွားရအောင်လေ"
ဆုနန်းကပြောလိုက်တယ်
"ဒီဟာ လှလား မဟုတ်ရင် ဒီဟာကပိုလှလား.?"
"မိဖုရားက ဘာဝတ်ဝတ်ကိုလှနေတာ"
"မြှောက်မနေပါနဲ့ တဂယ်ပြောနေတာ
ဘယ်ဟာဝတ်သင့်လဲ?"
"အင်း🤔
အခြေနေတွေအရဆိုရင် ဒီအရောင်လေးဝတ်
ဒါလေးနဲ့ဆိုချစ်ဖို့ကောင်းနေမှာ "
"ဟုတ်လား ဒီအဝါရောင်ကဘာဖြစ်လို့လဲ"
"အဝါရောင်ဝတ်စုံဝတ်ရင် ရင့်ကျက်သလိုဖြစ်သွားမှာ မိဖုရားနဲ့ မင်းကြီးအခြေအနေအရရော မိဖုရားရဲ့ စရိုက်အရရော ဒီအပြာနုလေးနဲ့ပဲလိုက်တယ် အပြစ်ကင်းပြီးချစ်စရာလေးပေါ့"
"ဟီး ကျေးဇူး အာ့ဆိုဒါလေးပဲလဲလိုက်တော့မယ်"
"ဟုတ် အဲ့တာလေးပဲဝတ်
နောက်ရက်ကျမှ အဝါလေးကိုဝတ်"
"အင်း အပြင်ပြန်ထွက်အုံး အဝတ်လဲအုံးမယ်"
"ဟုတ်ကဲ့ပါ"
ခနနေတော့ သုတအဝတ်လဲပြီး တံခါးဖွင့်
ထွက်လာတယ်
"တန့် တန့် ဘယ်လိုလဲလှလား"
"လှပါတယ်ဗျာ"
"သွားမယ် မယ်တော်ကြီးဆီကို"
"အံမရ် တက်ကြွနေပါလား"
အရင်ရက်တွေက ကြောက်နေတဲ့လူက
တက်ကြွနေလို့ မေးကြည့်တယ်
"ဟဲ အဝတ်အစားကြောင့်လေ ယုံကြည်ချက်တွေရှိနေတာ"
သုတက ပြောပြီး ရှေ့ကနေ လျောက်သွားတယ်
"အဲ့ဘက်မဟုတ်ပါဘူး ဒီဘက်ပါ'
"ဪ မသိဘူးလေ ကြိုမပြောပဲနက်"
"ဒီလမ်းတည့်တည့်ပါ"
သုတကတော့ ယုံကြည်ချက်အပြည့်နဲ့
မယ်တော်ကြီးဆီလျောက်လှမ်းနေတယ်
....................
"ဝင်ပေါက်ထွက်ပေါက်ဂိတ်တွေကို သေချာလုပ်ထားကြ အဝင်အသားအသောက်တွေ
ပစ္စည်းတွေကအစ အကုန်ငွေအပ်နဲ့အဆိပ်စစ်ကြ အစစ်မခံတဲ့လူမှန်သမျှ ဖမ်းချုပ်စစ်မေးကြ ကြားကြလား"
"ဟုတ်"
စစ်သူကြီးက သူ့တပည့်တွေကို အမိန့်ပေး
မှာကြားနေတာပေါ့ ကုန်းကုန်းကတော့
ငွေအပ်တစ်ချောင်းနဲ့ ကိုယ်တိုင်ကြီးကြပ်
နေတာပေါ့ သိပ်မကြာခင်မှာ ရဲမက်
တစ်ယောက်က စစ်သူကြီးဆီ အပြေးရောက်
လာခဲ့တယ်
"လွတ်သွားတဲ့တစ်ယောက်ကို စစ်သူကြီး မိန်းမကူဖမ်းပေးလို့ မိသွားပါပြီ ခုဆရာကတော်လက်ချက်နဲ့ အဲ့ကောင်မေ့လဲနေပါတယ်"
"အေး ဒါနဲ့ ငါ့မိန်းမရော"
"အိမ်မှာလုပ်စရာတွေရှိတယ် ကိုယ့်ဘာသာဖြေရှင်းကြတော့လို့ပြောပြီး ပြန်သွားပါပြီ"
"ဪ အေးပါ ငါချက်ချင်းလိုက်ခဲ့မယ်"
"ဟုတ်"
စစ်သူကြီးက ကုန်းကုန်းအနားကပ်ပြီး
"ကုန်းကုန်း လွတ်သွားတဲ့တစ်ယောက်ကို
မိပြီ"
"ဟုတ်လား"
"ဟုတ်တယ် အဲ့တာ ဒီမှာစိတ်ချမယ်နော်"
"အင်းပါ စိတ်ချပါ
သေချာသာစစ်မေးခဲ့ သွားသွား"
"အင်း သွားပြီ"
..............
နန်းပုလ္လင်မှ သရဖူချကာ ဆင်းသွားတဲ့
မင်းကြီးကြောင့် အမတ်တွေက ထအော်တော့
တယ်
"မဖြစ်ပါဘူးမင်းကြီး"
ပုလ္လင်ကနေဆင်းလာတဲ့ မင်းကြီးက
"ဖြစ်ဖြစ်မဖြစ်ဖြစ်ကွာ နောက်တစ်ယောက်ရှာ
တင်လိုက် ဒီလောက်ပြောပြနေတာတောင် တခြားတစ်ယောက်နဲ့ပေးစားနေပြီးတော့
ငါ့ကိုတခြားတယောက်နဲ့ ပေးစားမနေနဲ့
မင်တို့ပဲတခြားလူကို မင်းမြှောက်လိုက်ကြတော့"
အမတ်တွေက ကြမ်းပေါ်မှာ ပြားပြားဝပ်ရင်း
"မင်းကြီးလက်ဆက်ချင်သူနဲ့သာ လက်ဆက်ပါ စိတ်လျော့တော်မူပါဘုရား "
"သေချာလား"
"သေချာပါတယ်ဘုရား ကလေးမွေးနိုင်ရင်
ပြီးရောပါဘုရား ပုလ္လင်ပေါ်ပြန်တက်ပါဘုရား"
"အေး ပြီးရော.."
မင်းကြီးက နန်းပုလ္လင်ပေါ်ပြန်တက်လိုက်
တယ် သရဖူကိုယူပြီး ပြန်ဝတ်လိုက်တယ်
"အစကတည်းက အဲ့လိုမလုပ်ဘူး
စိတ်အတောင့်လိုက်ကိုတိုနေရတယ်"
"စိတ်လျှော့တော်မူပါမင်းကြီး"
"လျှော့နေတယ် လျှော့နေတယ်"
ရက်ကောင်း ရက်မြတ်တွက်တဲ့ အမတ်ကလဲ
အမြန်ရက်တွက်ပြီး..
"နောက် နှစ်ရက်မြောက်နေ့က လက်ဆက်ဖို့
အကောင်းဆုံးနေ့ပါပဲ"
"အေးအေး "
မင်းကြီးက စိတ်တိုတိုနဲ့ပြန်ပြောတယ် ပြီးမှ
"ကဲကဲ အခုအဲ့ကိစ္စကပြီးပြီနော် ညှိပြီးပြီနော်
မကြေနပ်တဲ့လူရှိသေးလား...?"
သရဖူကိုကိုင်ရင်းပြောတယ်
နန်းဆင်းမယ်လုပ်နေတဲ့ မင်းကြီးကို
ကြောက်နေရတဲ့ အမတ်တွေက
"ကြေနပ်ပါတယ်ဘုရား အဲ့မှာပဲထိုင်နေပါ"
"အေး အဲ့တာဆိုတခြားအရေးကြီးတဲ့ကိစ္စပြောမယ် ဟ ဆေးဌာနကအမတ် ဘယ်ရောက်နေတုံးဟ"
"ရှိပါတယ် "
"အေး ရှိရင် အရှေ့ထွက်ခဲ့ မမြင်ရဘူး"
အမတ်က ရှေ့ထွက်လာတယ်
"ရောက်ပါပြီ ဘာများမိန့်မလို့ပါလဲခဗျာ"
"ပြည်သူတွေအဆိပ်မိတာ သိပြီးပြီလား"
ထုံးစံအတိုင်းပေါ့ တခြားအမတ်တွေက ပွစိ
ပွစိနဲ့ ပြောကြပြန်တာပေါ့
"တိတ်ကြစမ်း စကားအရမ်းများပဲ မိန်းမတွေကျနေတာပဲ"
စိတ်မရှည်ဖြစ်နေတဲ့မင်းကြီးက စကားသိပ်
များတဲ့ အမတ်တွေကို ငေါက်လိုက်တယ်
အမတ်တွေတိတ်ခါမှ ဆေးဌာနက အမတ်က
"မသိပါဘူး အဲ့တာက အောက်ကလူတွေဖြေရှင်းရတဲ့ကိစ္စမို့ပါ"
"ဪ အေးအေး မင်းတို့မိသားစုကဖြစ်နေရင်ရော"
"ကျတော်ကိုယ်တိုင် ဖြေရှင်းရမှာပါ"
"အေး လူလူချင်းအတူတူပဲလေ ဘာတွေခွဲခြားနေတာ ပြည်သူမရှိမှတော့ ငါလဲမင်းမဟုတ်တော့သလို မင်းတို့လဲအမတ်ဖြစ်နေမှာမဟုတ်ဘူး သိလား"
"နားလည်ပါပြီ.."
"ဘာကိုနားလည်နေတာလဲ ပြောစမ်းပါအုံး
ပြောရတာလဲအခါပေါင်းမနဲဘူး မင်းတို့နားရွက်တွေပဲ လည်နေကြတာ ကဲနားလည်တယ်ဆို အခုဘာလုပ်သင့်လဲပြော"
"ပြည်သူတွေကို ကိုယ်တိုင်သွားကုပေးရပါမယ်"
"အေး အဆိပ်မိတဲ့ပြည်သူတွေတင်မကဘူး တခြားပြည်သူတွေပါ ဆေးစစ်ပြီးသေချာကုသထား"
"ဟုတ်ကဲ့"
"ပြီးတော့ အောက်ချင်းပြည်က လာမယ့်နွေဦးမှာ ငါတို့ကိုစစ်တိုက်မယ်ဆိုတဲ့ကိစ္စတော့ သိသင့်သလောက်သိပြီးပြီမဟုတ်လား"
"ဟုတ် သိပါတယ်"
"အေး အဲ့တာ ကိုယ့်တာဝန်ကိုယ်သေချာလုပ်ကြ ညီလာခံကိုနေ့တိုင်းတက်ရမယ် မြန်မြန်ဆန်ဆန်ပဲ ငါတို့မှာလုပ်စရာတွေများတယ် အဲ့တာကြောင့် အပိုစကားတွေပွစိပွစိနဲ့
ပြောမနေကြနဲ့"
"ဟုတ်ကဲ့ "
"အေး ပြီးတော့ ပြုပြင်ရေးဌာနက အမတ်ရော "
"ရှိပါတယ်"
အမတ်က ရှေ့ကိုထွက်လာတယ်
"တိုင်းပြည်နယ်နိမိတ်ကိုကာထားတဲ့ အုတ်တံတိုင်းကိုသိတယ်မဟုတ်လား"
"သိတာပေါ့ တတိုင်းပြည်လုံးသိဟာ"
"အေး အဲ့နံရံရဲ့ အပြင်ဘက်ကို မြောင်းနစ်နစ်လေးပတ်တူး "
"ပြိုကျကုန်မှာပေါ့မင်းကြီးရဲ့ "
"အမတ်လုပ်ပြီး အသုံးကိုမကျဘူး ကပ်မတူးနဲ့ပေါ့ဟ ခွာတူးပေါ့အရူးရဲ့"
အမတ်လဲ မျက်နှာလေး ဇီးရွက်လောက်နဲ့
"ဟုတ်ကဲ့ သိပါပြီ "
"သိရင် အခုညီလာခံပြီးရင် ချက်ချင်းလုပ်ထားနော်"
"ဟုတ် ဒါနဲ့လေ အဲ့တာဘာလုပ်ဖို့လဲ"
"အေး ငါလဲစိတ်တိုတာနဲ့လောတာရောနေတာနဲ့ ပြောပြဖို့မေ့သွားတာ ငါ့မိဖုရားက အကြံပေးထားတာ "
"ဟုတ်"
မင်းကြီးကဆက်ရှင်းပြတယ်
"ဒီလိုကွ အဲ့တာကို ပတ်ပတ်လည်တူးပြီးတော့ မိကျောင်းထည့်မွေးမှာ ဟိုအောက်ချင်းက အလွယ်တကူအထဲကိုကျူးကျော်လို့မရတော့ဘူးပေါ့ကွာ "
"ဪ အဲ့အကြံကအတော်ကောင်းပါတယ်
ဒါပေမဲ့မင်းကြီး မိချောင်းတွေက သိပ်မစားနိုင်ကြဘူးလေ ဝကုန်ရင်ဘယ်လိုလုပ်မလဲ"
"အေး ဟုတ်သားပဲနော်"
အဲ့ချိန်မှာ သိပ်အရေးမပါလို့ ချောင်ကနေပဲ
အစည်းဝေးတက်ရတဲ့ တိရစ္ဆာန် စောင့်ရှောက်
ရတဲ့ အမတ်က မဝံ့မရဲနဲ့
"မင်းကြီး ကျနော်တစ်ခုလောက်ပြောချင်လို့"
"အေး ပြောကြည့်လေ"
"အသားစားငါး ဆိုပြီးတော့ ငါးတစ်မျိုးရှိပါတယ် သူ့ကိုမိချောင်းအစားထည့်ရင်ရော
သူတို့က သတ်ဖြတ်မို့ကိုပါ အာရုံစိုက်ကြတာမို့ပါ"
"အေး မဆိုးပါဘူး အဲ့ငါးကရောအလုံအလောက်ရှိရဲ့လား"
"ရှာဖွေရလွယ်ပါတယ် အဲ့ငါးထည့်မယ်ဆို ကျနော်ရှာပေးပါ့မယ်"
"အမြန်လိုချင်တာနော်"
"ဟုတ်ကဲ့ ရပါတယ်"
"အေး အဲ့တာဆိုလဲကိစ္စအေးရောပေါ့ကွာ
အခြားအမတ်တွေလဲ ကိုယ်ဘယ်နေရာမှာ ဝင်ကူရမလဲဆိုတာသိပါတယ်နော်"
"ဟုတ် သိပါတယ် "
"အေး နန်းတံခါးကိုလို လေးဘက်လေးလံ
ပြန်ပြင်ရမယ် အဲ့တာကြောင့် အစောင့်လဲ များများ ချထားရမယ် "
ကိစ္စတော်တော်များများမှာကြားပြီးတဲ့နောက်
မှာ ညီလာခံကိုသိမ်းလိုက်တော့တယ်
"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
"မရှည်ဘူးဟေ့ မင်းတို့ကြောင့် မြန်မြန်နောက်ဘဝကူးတော့မှာ"
မင်းကြီးကတော့ ပြောချင်ရာပြောပြီးတော့
သုတဆီခနထွက်လာခဲ့တယ်
မယ်တော်ကြီး နန်းဆောင် အနားအရောက်မှာတော့
"အား.......!"
သုတရဲ့ အသံကထွက်လာခဲ့တယ်
Zawgyi
"ရှာစရာမလိုဘူးရှိတယ်"
ကြေနပ်ကြလား"
"ကြေနပ်ပါတယ်"
တယ် ထိုစဉ် အမတ်တဦးက
"သုတအောင်တဲ့ "
ပြောဆိုကုန်ကြပါတယ်
"ဟုတ်တယ် ဟုတ်တယ်
ထွက်လာခဲ့တယ်
~ဒုန်း...ဒုန်း...~
ဖြစ်နေတာလား"
တော့တယ် ဒါပေမဲ့လဲ
တစ်ဦးပါ"
ထွက်ပေါ်လာပြန်တယ်
"ဟာ ဒါဆိုမဖြစ်ပူးလေ"
"ဟုတ်တယ် ကန့်ကွက်ရမယ်"
"ဟုတ်တယ်"
ထက်သန်လာကြပြီး
လက်ဆက်သင့်ကြောင်းပါ"
"တိတ်ကြစမ်း...!
မကြားဖူးကြဘူးလား"
အမတ်တွေက ရှေးရိုးစွဲကြီးတြွေဖစ်တဲ့အပြင်
ဆင်းလာတယ်...............
ဆုနန်းကပြောလိုက်တယ်
ဘယ်ဟာဝတ်သင့်လဲ?"
"အင်း🤔
"ဟုတ် အဲ့တာလေးပဲဝတ်
"ဟုတ်ကဲ့ပါ"
ထွက်လာတယ်
"လှပါတယ်ဗျာ"
"အံမရ် တက်ကြွနေပါလား"
"ဒီလမ်းတည့်တည့်ပါ"
....................
"ဟုတ်"
လာခဲ့တယ်
"ဟုတ်"
မိပြီ"
"ဟုတ်လား"
"အင်းပါ စိတ်ချပါ
"အင်း သွားပြီ"
..............
တယ်
"မဖြစ်ပါဘူးမင်းကြီး"
"သေချာလား"
"အေး ပြီးရော.."
အမြန်ရက်တွက်ပြီး..
အကောင်းဆုံးနေ့ပါပဲ"
"အေးအေး "
"ရှိပါတယ် "
အမတ်က ရှေ့ထွက်လာတယ်
"နားလည်ပါပြီ.."
"ဟုတ်ကဲ့"
"ဟုတ် သိပါတယ်"
ပြောမနေကြနဲ့"
"ဟုတ်ကဲ့ "
"ရှိပါတယ်"
"ဟုတ်ကဲ့ သိပါပြီ "
"ဟုတ်"
"အေး ဟုတ်သားပဲနော်"
ရတဲ့ အမတ်က မဝံ့မရဲနဲ့
"အေး ပြောကြည့်လေ"
"အမြန်လိုချင်တာနော်"
"ဟုတ်ကဲ့ ရပါတယ်"
"ဟုတ် သိပါတယ် "
သုတဆီခနထွက်လာခဲ့တယ်
"အား.......!"
To be continued.......👑