အမုန်းတော်ခံသတို့သမီး (လင်းခြ...
De NabeNabe549
172K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... Mais
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 46 ( Zg + Uni)
2K 105 12
De NabeNabe549
        { Part - 46  }
နေရအုံးမယ်​​လေ.. "
ဘယ်လိုလုပ်မလဲ....?? "
ဘယ်လိုလို့ တွေ့မှာလဲ..."
သူ့ အမေကို မုန်းနေတာ...။မြန်မာနိုင်ငံ
ခြံရံ ရာ...
ပြောလိုက်သည်။ လက်တွေ့ ပြောလိုက်တာ
ကတော့.....
"  ငါ စိတ်ချမယ်နော် မဟာ "
မပူနဲ့ "
ထပ်ပြောနေရသည်။
**************************
လဲဟင်.  ..?? "
" ဖြူလုံး ဖေဖေ့ နာမည်က
ပါ ဘိုးဘိုး..."
မသိတာ အကောင်းဆုံးပေ။ ​နောက်​ပြီး
" ဪ... သား မဟာ လာပြီလား "
အန်ကယ် "
အရမ်းလိမ်မာပါတယ် "
" ဟားဟား...ဟားဟား "
ပြောမပြတတ်အောင်ပေ။ မဟာ ကတော့
မဲ့တဲ့တဲ့နဲ့ပေ။
ဖြစ်သွားရသည်။
နဲ့နော် "
သေး.... မဟုတ်ဘူးလား  ဟာဟာ "
အလည်လေး....သူ လည်တာလေးက
ကောင်းသည်....
ရှက်နေတာပေါ့...??  "
" ဟုတ်ပါသတဲ့ "
" ခစ်ခစ်... ခစ်ခစ် "
ထရယ်သွားသည်။
ကြည့်လာခဲ့သည်။
ထိုးလိုက်၏ ။
သူ့ အဖေ မပါမဖြစ်ဘဲ "
မသိတာ "
ငါရှေ့ကျမှ ဆိုးတာ "
" ဟီးဟီး "
ကြည့်နေကြတော့သည်။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
" ဟုတ်တယ် သမီးလေး....
လောက်ပဲ "
ရတာလဲ မသိဘူး......တကယ်တမ်း
ငိုချင်နေခဲ့သည်။
လွမ်းနေရသည်။
မဟုတ်တော့ပါ။
နေမလဲဆိုတာ...။  စိတ်ပူတာလည်း
>>>>>>>>>>>>>>>>>
ကြားယောင်နေမိသည်။
က သား ကလေးမှ မဟုတ်တာ...
မုန်းနေတာလေ...
အောင့်တာထင်သည်...
သိပါသည်။
တော့ ချစ်တယ်လေ...
မှိတ်ချလိုက်တော့သည်။
**************************
ဖြစ်သွားမလား မသိဘူး "
" မဖြစ်ပါဘူး သားမဟာ......
" လာပြီ ဒယ်ဒီ.....!! သား လာပြီ ...!! "
ကနေ ဆင်းလာလေသည်။
ရသည်။
" မင်္ဂလာပါ အရုပ်မလေး....."
ဘယ်ပြန်ညာပြန် နမ်းရိုက်ပစ်လိုက်သည်။
ဆိုပြီး လုပ်နေလေသည်။
" ဖြူလုံး​လေးက ဆာတာလား
တီတီ ကျွေးမယ်လေ.. "
သေးဘူး အရုပ်မလေး "
ကျွေးမယ်နော် "
ကျွေးလိုက်မယ် "
" ဟုတ် ဒယ်ဒီ "
" သား.... သားလို့... !!! "
" ဟုတ်​ ကိုမဟာ "
ဘာဆက်လုပ်သင့်လဲ...
Part  47 မျှော်.....................................
#​လေယူရာယိမ်း
💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 46  }
" မအေဘေး.... ငါ့ သမီးကို ဘာလို့ ခေါ်သွားရတာ
လဲ.....??  မြန်မာနိုင်ငံ မသွားစေချင်တာ
မင်း သိရဲ့သားနဲ့ မင်းမို့ လုပ်ရက်တယ် မဟာ...
ဒီမှာ ငါ့ သမီးကို ငါ ဘယ်လောက်စိတ်ပူနေလဲ
မင်း သိလား... အခုချက်ချင်း ငါ့ သမီးကို
ပြန်ခေါ်လာခဲ့.... ငါ ပြောတာကြားလား..?? "
" ကြားပါတယ် ခြံရံ ရ.... ငါ ခေါ်ခဲ့ပါ့မယ်
ဒါပေမဲ့ အလုပ်​ကိစ္စနဲ့ နှစ်ရက်လောက်တော့
နေရအုံးမယ်​လေ.. "
" မရဘူး မဟာ.... မင်း အခု ပြန်ခေါ်ခဲ့ ....
မဟုတ်​ရင်​သမီးလေး နဲ့ baby တွေ့သွားလိမ့်မယ် "
" မတွေ့ပါဘူး ခြံရံ ရာ....ငါ့က အရုပ်မလေး
company ကနေ ဘယ်မှ မသွားဘူး "
" ဒါပေမဲ့ ငါ့ သမီးလေး သူ့ အမေနဲ့ တွေ့ရင်
ဘယ်လိုလုပ်မလဲ....?? "
" တွေ့ရအောင် မင်း ဘေဘီက မင့် သမီးလေး
ကို မြင်ဖူးတာကျနေတာ...နောက်ပြီး
မင်း ဘေဘီကို မင်း သမီးလည်း မမြင်ဘူးသလို
ငါပါ မမြင်ဖူးဘူးလေ... .အဲ့ဒါကို
ဘယ်လိုလို့ တွေ့မှာလဲ..."
" ဒါပေမဲ့ ငါ စိတ်ပူတယ်...သမီးလေးသာ
သူ့ အမေက သူ့ကို မုန်းနေမှန်း သိသွားရင်
အရမ်းဝမ်းနည်းသွားမှာ "
ဝမ်းနည်းမနေဘူး...မင့် သမီးကိုယ်တိုင်က
သူ့ အမေကို မုန်းနေတာ...။မြန်မာနိုင်ငံ
လာတယ်ဆိုတာကလည်း မင်း ဘေဘီကို
မုန်းတယ်ပြောချင်လို့ ဆိုတာ မင်း မသိပါဘူး
ခြံရံ ရာ...
ထိုစကားတွေကို စိတ်ထဲကနေပဲ မဟာ
ပြောလိုက်သည်။ လက်တွေ့ ပြောလိုက်တာ
ကတော့.....
" ဘာမှစိတ်မပူနဲ့.... ဖြူလုံး က
မင်း ကလေးလို့ မြန်မာနိုင်ငံကလူတွေ
ဘယ်သူမှ မသိစေရဘူး... ကလေးအဖေနာမည်က
ဘယ်သူလဲလို့ မေးလာခဲ့ရင်တောင်မှ ငါ့က
တခြားနာမည်  ပြောလိုက်မှာ "
"  ငါ စိတ်ချမယ်နော် မဟာ "
" အေးပါ စိတ်ချထား.... ဘာမှကို
မပူနဲ့ "
ဖုန်းထဲကနေ ထပ်မှာနေ၍ မဟာ စိတ်ချဖို့
ထပ်ပြောနေရသည်။
**************************
" မြေးလေး  ဖေဖေ့ နာမည်က ဘယ်လိုခေါ်
လဲဟင်.  ..?? "
" ဖြူလုံး ဖေဖေ့ နာမည်က
Chann Wine Aeris ( ချမ်းဝိုင်အဲရစ်) 
ပါ ဘိုးဘိုး..."
မဟာ လုပ်ငန်းကိစ္စ ထပ်ပြောဖို့ ရုံးခန်းထဲ အဝင်
Chann Wine Aeris လို့ သူ့  အေဖ
နာမည်ကို သုံးလိုက်တဲ့ ဖြူလုံးလေး ကြောင့်
ပြန်ပြင်ပြောရင် ကောင်းမလားစဉ်းစား
မိသွားသည်။ ဒါပေမဲ့ ခြံရံ ကို ကတိပေး
ထားတာ ရှိတော့ ခြံရံ နာမည်ကို ဘယ်သူမှ
မသိတာ အကောင်းဆုံးပေ။​နောက်​ပြီး
Chann Wine Aeris ဆိုတာ ဖြူလုံး​လေး
ကြည့်​နေတဲ့ ဇာတ်​ကားထဲက မင်းသား​ပေ။
ဒါ့အပြင်​ခြံရံ ကို တစ်​ခါတစ်​လေ
ဖြူလုံး​လေး က Chann Wine Aeris လို့
​ခေါ်​တော့ သူ ပြန်​ပြင်​ပြောမ​နေ​တော့ပါ။
" ဪ... သား မဟာ လာပြီလား "
" ဟုတ် အန်ကယ်... ဒါနဲ့ ဖြူလုံးတို့က
ဘယ်လိုလို့ ဒီထဲ ရောက်လာတာလဲဟင်
အန်ကယ် "
" ဒါက ဖြူလုံးလေး က ကိုမဟာ ဆီ သွား
ချင်တယ်ပြောလို့ သားက လိုက်ပို့​ပေးတာ...
ဘာဖြစ်လို့လဲ မသိဘူး ကိုမဟာ "
ဝင်ပြောလာတဲ့ အရုပ်မလေးကို မဟာ ကြည့်
ပြီး ရင်တွေ ခုန်သွားတာ ဒိန်းကနဲပေ။
" ဘာမှမဖြစ်ပါဘူး သားရယ်... ကိုယ့်က
မင်း ထိန်းရပင်ပန်းနေမှာစိုးလို့ မေးကြည့်တာပါ  "
" မပင်ပန်းပါဘူး ကိုမဟာ... ဖြူလုံးလေး က
အရမ်းလိမ်မာပါတယ် "
" ဟုတ်ပါ့ ဖြူလုံး ကို လူဆိုးမှန်း ထင်နေတာ
လား ဟာဟာစုတ်... သူ့ အရုပ်မလေး
ပင်ပန်းမှာကို အတော်ကြောက်နေ...
ဖြူလုံး ပဲရစ်ပြန်ရောက်ရင် ဟာဟာကို
ဖေဖေနဲ့ တိုင်ပြောမယ်... အရုပ်မလေးရှေ့
ဖြူလုံး ကို ဆိုးတယ်လို့ ပြောလို့ "
" ဟားဟား...ဟားဟား "
စကားတတ်လွန်းတဲ့ ဖြူလုံးလေး ကို ဦးတိုးရှိန်
နဲ့ မေသွေးခြယ် ကြည့်ပြီး ရယ်လိုက်ကြတာ
ပြောမပြတတ်အောင်ပေ။ မဟာ ကတော့
သူ ချစ်ရတဲ့ ကောင်မလေးရှေ့ လူဆိုးထင်ခံရလို့
မဲ့တဲ့တဲ့နဲ့ပေ။
" အရုပ်မလေး သိလား ဟာဟာကလေ
အိပ်ရာထဲ သေးပေါက်ချတုန်း... "
" ဖြူလုံးစုတ် နင် ငါ့ကို လျှောက်မပြောနဲ့နော်... "
" လျှောက်မပြောပါဘူး ထိုင်ပြောနေတာ "
ထိုင်နေတာကို လက်ညိုးထိုးပြလိုက်၍  မေသွေးခြယ်
နဲ့ ဦးတိုးရှိန် မှာ ပါးစပ်ဟောင်းလောင်း
ဖြစ်သွားရသည်။
" အရုပ်မလေး အိမ်ထောင်ပြုမယ်ဆိုရင်
အိပ်ရာထဲ သေးပေါက်တဲ့သူကို မစဉ်းစား
နဲ့နော် "
" ဖြူလုံးစုတ်နော် နင် ချွန်တွန်းမလုပ်နဲ့ "
" မလုပ်ပါဘူး ...အရုပ်​မ​လေး သိလား
လွန်ခဲ့တဲ့ တစ်နှစ်က ဆောင်း
တွင်းကြီး အိပ်ရာထဲမှာ ဟာဟာ က
သေးပေါက်ချတာလေ... ဖြူလုံး ဖေဖေ က​တောင်
ဟာဟာကို သေးပေါက်ကောင်လို့ ခေါ်လိုက်
သေး.... မဟုတ်ဘူးလား  ဟာဟာ "
မဟာ အိပ်မက်ယောင်ပြီး အိပ်ရာထဲ သေးလေး
တစ်ခါ ပေါက်ချမိတာကို အရုပ်မလေး
ရှေ့ အရှက်ခွဲနေတော့ သူ့ မျက်နှာ ဘယ်နား
သွားထားရမှန်း မသိတော့ပါ။
ရိုက်ရအောင်လည်း ဖြူလုံးစုတ်မ က
အရုပ်မလေး ပေါင်ပေါ်မှာ ထိုင်နေတယ်လေ...
ရိုက်မိပြန်ရင်လည်း အရုပ်မလေးက သူ့ကို
ကလေးမချစ်တတ်တဲ့သူ ထင်ပြန်အုံးမည်..
ဒီကြားထဲ မတော်ရသေးတဲ့ ယောက္ခထီးကြီး
က ရှိနေတော့ ရှက်လိုက်တာ ပြောမနေနဲ့တော့..။
ကိုမဟာ ကို စနေသော ဖြူလုံးလေး ကြောင့်
သား ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
တကယ့်ပါ ဖြူလုံးလေး က တကယ့်
အလည်လေး....သူ လည်တာလေးက
ဘယ်လိုလေးမှန်း မသိ၊  အားကြီးချစ်ဖို့
ကောင်းသည်....
ဦးတိုးရှိန် မှာ ဖြူလုံးလေး ကို ကြည့်ပြီး
မြေးမလေးကို သတိရသွားကာ ရှေ့မှာ
ရှိနေတဲ့ ဖြူလုံးလေး က မေသွေးခြယ်
ငယ်ငယ်ကအတိုင်းနဲ့ တူနေ၍ ရင်ထဲမှာ
ဘယ်လိုကြီးမှန်း မသိပေ။
" ဖြူလုံးလေး ဦးဦးဟာဟာ ကို မစတော့နဲ့နော်...
ဦးဦးဟာဟာ က ရှက်နေလောက်ပြီ "
" ဪ...အရုပ်မလေး  အဲ့ဒါ ဟာဟာက
ရှက်နေတာပေါ့...??  "
" ဟုတ်ပါသတဲ့ "
ပါးလေးကို ဆွဲညှစ်ပြီး သား အဖြေပေးလိုက်ရာ
ပြုံးပြုံးကြီး ကြည့်လာခဲ့သည်။
" ဟီးဟီး... ဟာဟာ ရှက်တာကြီးက
အခြောက်မရုပ်ကြီး.... ဖေဖေ ပြောဖူးပါတယ်
ဘာစကားပုံလေးပါလိမ့်...ဟာ..သိပြီ
နွားပြာကြီးအောက် သွားမရှိတဲ့ မျက်နှာကြီး ...
သွားမရှိတဲ့ မျက်နှာကြီး အခြောက်မဟာဟာ "
" ခစ်ခစ်... ခစ်ခစ် "
ရယ်ချင်တာကို ထိန်းထားတဲ့ မေသွေးခြယ် မှာ
မနေနိုင်တော့ဘဲ ထရယ်လေသည်။
ဦးတိုးရှိန် ကလည်း မြေးမလေး ကို လွမ်းတာ
ဘယ်တောင်လွင့်စင်သွားမှန်းမသိ သူ့ပါ
ထရယ်သွားသည်။
မဟာ ကတော့ မျက်နှာမည်းကြီးနဲ့ ကြပ်ကြပ်
သတိထားဆိုတဲ့ အကြည့်နဲ့ ဖြူလုံး ကို
ကြည့်လာခဲ့သည်။
ထိုအချိန် မေသွေးခြယ် အရယ်ရပ်ပြီး မဟာ
ဘက်လှည့်လာတော့ ဖြူလုံး ကို မျက်နှာ
မည်းကြီးနဲ့ ကြည့်နေတာကို မဟာ
ချက်ချင်း ပြင်ပြီး ပြုံးလိုက်​လေသည်။
ဖြူလုံးလေး ကတော့ ရုပ်ပြောင်းရုပ်လွှဲမြန်တဲ့
မဟာ ကို အမြင်ကပ်စွာနဲ့ မျက်စောင်းလှမ်း
ထိုးလိုက်၏ ။
" ကိုမဟာ ဖြူလုံးလေး က သူ့ အဖေကို
အတော်ချစ်တယ်နော်.  ...စကားပြောတိုင်း
သူ့ အဖေ မပါမဖြစ်ဘဲ "
" ဟုတ်တယ် သား.... ဖြူလုံးလေး က သူ့
အဖေကို အရမ်းချစ်တာ... သူ့ အဖေကလည်း
သူ့ကို အရမ်းချစ်တာ... သူ့ သမီး ဖြူလုံးမှ
ဖြူလုံး ပဲ လုံးဝ အထိအခိုက်မခံဘူး...
ဒါကြောင့် ဖြူလုံးလေးက ဆိုးချင်တိုင်းဆိုးနေတာ "
" အမယ်... ဖြူလုံး က မဆိုးရပါဘူး...
လိမ်မာပါတယ် ဖြူလုံး လိမ်မာတာ
ဖြူလုံး ဖေဖေ သိတယ်... ဟာဟာ သာ
မသိတာ "
" အေးပါ ငါ မသိပါဘူး.... ဘယ်သိမလဲ
နင့်က နင့်အဖေရှေ့ကျတော့ လိမ်မာတယ်လေ
ငါရှေ့ကျမှ ဆိုးတာ "
" ဟီးဟီး "
မှန်တာပြောလိုက်၍  ဖြူလုံး ပါးစပ်လေးပိတ်ပြီး
ရယ်လိုက်သည်။ ဦးတိုးရှိန် နဲ့ မေသွေးခြယ်
မှာ ဖြူလုံး လုပ်သမျှကို ပြုံးတုံ့တုံ့ကြီး
ကြည့်နေကြတော့သည်။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
" ဒယ်ဒီ မနက်က တွေ့ခဲ့တဲ့ ကလေးလေး
က သိပ်သနားစရာကောင်းတာပဲနော်...
အမေ မရှိဘူး အဖေနဲ့ပဲ နေရတာတဲ့  "
" ဟုတ်တယ် သမီးလေး....
သားမဟာ ကို ဒယ်ဒီ ဖြူလုံးလေး အမေ
အ​ကြောင်းမေးတုန်းက ဖြူလုံးလေး အမေက
ဖြူလုံးလေး ကို ပစ်သွားတာတဲ့.... သိပ်သနားစရာ
ကောင်းတာပဲ.. ..ဖြူလုံးလေး ကို
မြင်တော့ သမီး ကလေးလေးကို ဒယ်ဒီ သတိရမိတယ်
ဒီအချိန်ဆို ဒယ်ဒီ မြေးလေးလည်း ဖြူလုံးလေး
အရွယ်လောက် ရှိ​နေ​လောက်​ပြီ "
" အင်း ဒယ်ဒီ..  သား သမီးလေးလည်း
ကိုးနှစ်လောက် ရှိပြီ ဖြူလုံးလေး အရွယ်
လောက်ပဲ "
" ခြံရံ ကို ရှာပြီး သမီး ကလေးလေးကို
ပြန်မခေါ်ချင်ဘူးလားဟင် "
" ဟင့်အင်း ဒယ်ဒီ သူ့ အကြောင်း မပြောနဲ့
သား မကြားချင်ဘူး... သား သူ့ကို
အရမ်းမုန်းတယ်...သားအိပ်ချင်ပြီ သွားအိပ်​တော့မယ် "
စကားပြောနေတုန်းက အကောင်း ခြံရံ အကြောင်း
လည်း ပါလာရော သမီးလေး က ချက်ချင်း
လက်ငင်းထွက်သွားခဲ့သည်။
အမြဲလိုလို ခြံရံ အကြောင်းလေးများ ဟလိုက်ရင်
သမီးလေး က ရှောင်ထွက်သွားခဲ့သည်။
ဘာလို့ အဲ့ဒီလောက်တောင် ခြံရံ ကို မုန်းနေ
ရတာလဲ မသိဘူး......တကယ်တမ်း
ဒယ်ဒီ ကို သက်ချို နဲ့ ကွဲအောင် လုပ်ပေးခဲ့တာ
ခြံရံ လို့ သူ ပြောချင်ပေမဲ့ လက်တွေ့မှာ
မပြောနိုင်ခဲ့.....အဲ့ဒါကလည်း ခြံရံ ကတိတောင်း
ထားတာရယ်၊  နောက်ပြီး သက်ချို လို
အများတကာနဲ့ ဖောက်ပြန်တဲ့ မိန်းမကို
သူ ယူခဲ့မိတာအတွက် ရှက်လို့ပေ။
တစ်ခါတစ်လေ သမီးလေးက ခြံထဲမှာ
တစ်ယောက်တည်း ဆင်းပြီး လမ်းသွားလမ်းလာ ကလေးလေးတွေကို ငေးနေတတ်သည်။
ထိုသို့ ငေးနေချိန် သမီးလေး ရဲ့ မျက်ဝန်းတွေက
ငိုချင်နေခဲ့သည်။
သူ သိတာပေါ့... သမီးလေး မြေးမလေး ကို
လွမ်းလို့ ငိုနေတယ်ဆိုတာ....၊၊
သူကိုယ်တိုင်လည်း မြေးမလေး အရွယ်
ကလေးလေးတွေ မြင်တိုင်း မြေးမလေး ကို
လွမ်းနေရသည်။
မနက်က ဖြူလုံးလေး ဆိုရင် သမီးလေး နဲ့
အရမ်းတူသည်။ မသိရင် သမီးလေး ငယ်ငယ်က
အတိုင်းပင်...။ ဒါကြောင့် စိတ်ထဲထင့်နေတာနဲ့
ခြံရံ ယူသွားတဲ့ သူ့ မြေးမလေး ဖြစ်နေမှာ
စိုးပြီး ဖအေနာမည် မေးကြည့်လိုက်သည်။
သို့သော် နာမည်က နိုင်ငံခြား နာမည်ဖြစ်နေတော့
ဖြူလုံးလေး က သူ ထင်သလို သူ့ မြေးမလေး
မဟုတ်တော့ပါ။
ရင်တွေလည်း အရမ်းပူပါတယ်.... ဒီအချိန်ဆို
ခြံရံ နဲ့ သူ့ မြေးမလေး ဘယ်ကို ရောက်
နေမလဲဆိုတာ...။  စိတ်ပူတာလည်း
မပြောနဲ့လေ ခြံရံ မြေးမလေးကို ခေါ်ပြီး
ထွက်သွားတုန်းက ဘာမှပါမသွားခဲ့...။
ဒေါ်နန်းအိမ် ကလည်း ခြံရံ ကို အမွေဖြတ်လိုက်တော့
ပိုစိုးပေါ့... စိတ်ထဲလည်း ခြံရံ စုဆောင်းထား
တာ​တွေ ရှိပါစေဆိုပြီး ဆုတောင်းနေမိသည်။
ဒါမှ တစ်နေရာရာ ထွက်သွားရင်တောင်မှ
စားဝတ်နေရေး မပူရမှာလေ။
>>>>>>>>>>>>>>>>>
" ခြံရံ ကို ရှာပြီး သမီး ကလေးလေးကို
ပြန်မခေါ်ချင်ဘူးလားဟင် "
သား ကုတင်ပေါ် ရောက်တာတောင် ဒယ်ဒီ
ပြောတဲ့ စကားတွေကို နားထဲ အထပ်ထပ် အခါခါ
ကြားယောင်နေမိသည်။
ဘယ်လိုမေးလိုက်တာလဲ ဒယ်ဒီ ရယ်....
သား ကလေးလေး ကို ပြန်​ခေါ်ချင်တာပေါ့...
ဒါပေမဲ့ ဦးခြံရံ ကို သား အပိုင်ပေးလိုက်ပြီ.. .
သားမှာ ဘာမှလုပ်ပိုင်ခွင့် မရှိတော့ပါ...
အရာအားလုံးက ဦးခြံရံ ကြောင့်. ...သူသာ
သားကို နာကျင်အာင် မလုပ်ခဲ့ရင်
သမီးလေး ကို သား သူ့ဆီ ထည့်ပေးလိုက်မည်
မဟုတ်ပါ..... အခုတော့ သူ့ကို မုန်းတာနဲ့ပဲ
သားက တစ်ကိုယ်ကောင်း ဆန်သွားခဲ့သည်...
သား... ကလေး အရွယ်လေးတွေ မြင်တိုင်း
သားမှာ ငေးကြည့်လိုက်ရတာ အမော...
သား ကလေးများ ဖြစ်နေမလားဆိုပြီး.....
နေ့စဉ်နဲ့အမျှ သား ပူဆွေးသောကရောက်နေရ
သည်.... မခံစားနိုင်တဲ့အဆုံး မိဘမဲ့
ဂေဟာက ကလေးတစ်ယောက် ကောက်​မွေးရင်
​တောင်​ကောင်းမလား​ဟု သား စဉ်းစားမိသည်...
ဒါပေမဲ့ မစဉ်းနိုင်ခဲ့...မိဘမဲ့ ဂေဟာက ကလေး
က သား ကလေးမှ မဟုတ်တာ...
သားက သား ကလေးကိုပဲ မွေးချင်တာလေ...
ဒီအချိန်ဆို သား.... သမီးလေး သားကို မုန်းနေ
မလား မသိ...  ကိုမဟာ သူငယ်ချင်း
ရဲ့ ဖြူလုံးလေး ကတောင် သူ့ အမေကို
မုန်းနေတာလေ...
မနက်က အဲ့ဒီကလေး သူ့ အမေကို မုန်းတယ်
လို့ ပြောတုန်းကဆိုရင် သား ရင်ဘတ်ကြီးက
အရမ်းအောင့်နေမိသည်... ဘယ်လိုကြီးမှန်း
မသိ... သား အထင် ဖြူလုံးလေး က
သား.. သမီး အရွယ်လေးနဲ့ ရွယ်​တူဆိုတော့ သား
အောင့်တာထင်သည်...
ဘယ်လိုပဲနေနေပါ သမီးလေး ဒီအချိန်ဆို သားကို
ဘယ်လိုသဘောထားမလဲ သား သိချင်မိသည်။
သိချင်​ပေမဲ့လည်း တစ်ချိန်ချိန်မှာ သမီးလေး နဲ့ ပြန်ဆုံတွေ့ခဲ့ရင်တောင်မှ သား မသိချင်ယောင်ဆောင်လိုက်တော့မည်။
ဘာလို့ဆို သား မနာကျင်ချင်တော့ပါ... လူလည်း
ငိုရလွန်းလို့ ပင်ပန်းနေပြီလေ... မတော်လို့
အနာဂတ်မှာ သမီးလေး နဲ့ ပြန်ဆုံ​တွေ့သွားခဲ့ရင် သား
သမီးလေး ကို မြင်ပြီး လိုချင်သွားရင် ခက်ရချည်ရဲ့...
ဒီတော့ မဆုံတာပဲ ကောင်းပါသည်...
မိခင်စိတ်မရှိဘူးပဲ ပြောပြော သား ဦးခြံရံ ကို
အရမ်းမုန်းသည်... သူ့ကို မုန်းတဲ့ အမုန်းတွေ
ကြောင့် သား သမီးလေး နာကျင်သွားမှာကို
မလိုချင်ပါ... သား ကိုယ် သားလည်း
သိပါသည်။
သမီးလေး အပေါ် သား လုပ်ခဲ့တဲ့ လုပ်ရပ်က
တစ်ကိုယ်ကောင်း ဆန်သွားတယ်ဆိုတာ...
ဒါပေမဲ့ သား မမှားပါ... အတူနေပြီး ဦးခြံရံ ကို
မုန်းတာနဲ့ပဲ သမီးလေး ကိုပါ မုန်းချင်ယောင်
ဆောင်နေရင် သား အရမ်းပင်ပန်းမည် ။
အဲ့ဒီအခါ သမီး​လေးလည်း နာကျင်​ရလိမ့်​မည်​။
အခုလို သမီးလေး ကို သူ့ အဖေဆီ ထည့်ပေး
လိုက်တာက အကောင်းဆုံးပေ။ သားကိုသာ
ဦးခြံရံ က မချစ်တာ သူ့ သမီးလေးကို
တော့ ချစ်တယ်လေ...
ကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ပွတ်
တိုက်ဆွဲယူပြီး မျက်ဝန်းများကို မေသွေးခြယ်
မှိတ်ချလိုက်တော့သည်။
**************************
" ဟာ.... သားမဟာ အစောကြီးပါလား
လာလာ မနက်စာ အိမ်မှာ စားသွားအုန်း "
" ရပါတယ် အန်ကယ်... ကျတော် သားနဲ့
စကားပြောချင်လို့ အန်ကယ် အိမ်ကို
အစောကြီး လာလိုက်တာ အနှောင့်အယှက်များ
ဖြစ်သွားမလား မသိဘူး "
" မဖြစ်ပါဘူး သားမဟာ......
သမီးလေး ရေ လာပါအုံး..... သားမဟာ က
သမီးနဲ့ စကားပြောချင်လို့တဲ့ "
" လာပြီ ဒယ်ဒီ.....!! သား လာပြီ ...!! "
အောက်ထပ်ကနေ ဦးတိုးရှိန် အော်လိုက်ရာ
မေသွေးခြယ် ချက်ချင်းဆိုသလို အပေါ်ထပ်
ကနေ ဆင်းလာလေသည်။
အပေါ်ထပ်ကနေ ဆင်းလာတဲ့ မေသွေးခြယ် ကို
မဟာ ကြည့်ပြီး ချစ်စိတ်တွေ တိုးနေရသည်။
ဘယ်လောက်တောင် ချစ်စရာကောင်းလဲ...
စပန့် ဂါဝန်ဝဲဝဲလေးနဲ့ ဆံပင်လေးချထားတာ
က တကယ့် အရုပ်မလေးအလားပေ။
" ဖြူလုံးလေး ပါ ပါတာပဲ ကိုမဟာ... "
သူ့ကို မကြည့်ဘဲ အနားက ဖြူလုံးလေး ကို
ပဲ ကြည့်၍ မဟာ စိတ်ထဲ သိပ်မကျေနပ်သွား
ရသည်။
" မင်္ဂလာပါ အရုပ်မလေး....."
" မင်္ဂလာပါ ဖြူလုံးလေးရှင့်​...လာပါအုံး
ဖြူလုံးလေး​ရေ  ....ဖြူလုံးလေး
ကို တီတီ ချစ်​လို့ နမ်းအုံးမယ် "
ဖြူလုံး ကို မေသွေးခြယ် ချီပြီး ပါးနှစ်ဖက်ကို
ဘယ်ပြန်ညာပြန် နမ်းရိူက်ပစ်လိုက်သည်။
ဖြူလုံး​လေး အား မေသွေးခြယ် နမ်းတာကို
မဟာက ရှူံ့မဲ့နေသဖြင့် ဖြူလုံးလေး မှာ မဟာ ကို
မျက်စောင်းကြီးထိုးကာ တွေ့တယ်မလား
ဆိုပြီး လုပ်နေလေသည်။
" အရုပ်မလေး ဖြူလုံး ဗိုက်ဆာတယ်... "
" ဖြူလုံး​လေးက ဆာတာလား
တီတီ ကျွေးမယ်လေ.. "
" မကျွေးနဲ့ သား... ဖြူလုံး က စားပြီးသွားပြီ "
" ဟင့်အင်း ဖြူလုံး စားမှာ... ဖြူလုံး ဗိုက်မဝ
သေးဘူး အရုပ်မလေး "
" ဟုတ်ပါပြီရှင့်... တီတီ က ဖြူလုံး ကို
ကျွေးမယ်နော် "
" သား... ကိုယ် သားနဲ့ အရေးကြီး စကားပြောချင်
လို့... ဖြူလုံး ကို သား ဒယ်ဒီ ကို ကျွေးခိုင်းလိုက်ပါလား "
" ဟုတ်တယ် ဟုတ်တယ် သမီး... သားမဟာ
က သမီးနဲ့စကားပြောချင်လို့တဲ... အဲ့ဒါ
ဖြူလုံးလေး ကို ဒယ်ဒီ ပေးခဲ့... ဒယ်ဒီ
ကျွေးလိုက်မယ် "
" ဟုတ် ဒယ်ဒီ "
ဖြူလုံး ကို ဒယ်ဒီ ဆီ သား ပေးလိုက်ပြီး
ကိုမဟာနဲ့အတူ ခြံထဲ ဆင်းလာလိုက်သည်။
ခုဏက ဖြူလုံးလေးကို ချီတော့ ဖြူလုံးလေး က
ပေါ့ပေါ့လေးလေး... မဖြစ်သေးပါဘူး ဖြူလုံးလေး
ဝလာအောင် သား ထမင်းများများ ကျွေးမှ..။
" သား.... သားလို့... !!! "
" ဟမ်... ကိုမဟာ ဘာပြောလိုက်တာလဲ..?? "
ဖြူလုံးလေး အကြောင်း သား အတွေးလွန်နေ၍
ကိုမဟာ ဘာပြောလိုက်မှန်းတောင် သား မသိ...
နောက်တစ် ခေါက်ထပ်မေးလိုက်ရသည်။
" ကိုယ့်ကို ဘယ်နေ့ အဖြေပြန်ပေးမလဲလို့
မေးလိုက်တာပါ သား... တခြား ဘာမှ
မဟုတ်ပါဘူး... သားကို ကိုယ် သိတာက
လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက...
ကိုယ့် ကားနဲ့ တိုက်မလို့ ဖြစ်ပြီး တွေ့တွေ့ချင်း
မှာပဲ သားကို ကိုယ် ကြိုက်သွားခဲ့တာ...
အဲ့ဒါ ကိုယ် ရည်းစားစကား
ပြောတုန်းက ပြောဖူးပါတယ်နော် သား... "
" ဟုတ်​ကိုမဟာ "
" သားနဲ့ ရင်းရင်းနှီးနှီးသိခဲ့တာကတော့ လွန်ခဲ့တဲ့
သုံးနှစ်ကမှ စသိတာ...ကိုယ် ရည်းစား
စကားပြောတာကတော့ နှစ်နှစ်ရှိပြီနော် ...
အဲ့ဒါ သား ဘက်က ဘယ်လိုသဘောရလဲဟင် "
ဟုတ်ပါတယ်... ကိုမဟာ သားကို ချစ်ခွင့်ပန်
ထားတာ 2နှစ်ရှိသွားပြီလေ... အစက
သူ ပြောပြောချင်း သား ငြင်းခဲ့သည်။
သားက တစ်ခုလပ်လို့... အဲ့ဒါကို သူ့က
လက်ခံနိုင်တယ် ပြောလာခဲ့သည်။
ဒါတင်မကသေး သား သူ့ကို ငြင်းမယ်လုပ်
တော့ သူ့က မငြင်းပါနဲ့တဲ့... ဘယ်လောက်
ကြာကြာ စောင့်မယ်တဲ့... အခုဆို သူ
စောင့်တာ နှစ်နှစ်ရှိသွားပြီလေ... သား
ဘာဆက်လုပ်သင့်လဲ...
အဖြေပြန်ပေးရအောင်လည်း သား သူ့ကို
မချစ်၊  အကို တစ်ယောက်လို လေးစားတာပဲ
ရှိသည်။ သား အချစ်ကိုလည်း စိတ်ကုန်သွားပြီ​လေ။
နောက်ထပ် မချစ်ချင်တော့ပါ။
Part  47 မျှော်.....................................
(  မဟာက 2နှစ်ပဲ စောင့်တာပါ သား 😞😞😞
ဦးရံ  က 9နှစ်ရှိသွားပြီ စောင့်နေတာ...
အဲ့ဒါ သားသိရဲ့လား...မသိဘူးမလား 😭😭😭😭)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue lendo
Você também vai gostar
23K 503 7
ဦးဇာတ်လမ်းတိုများစုစည်းမှူ
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.3K 206 21
"ငါမင်းကိုဒီလောက်ချစ်တာကိုသိရဲ့သားနဲ့ ဘာလို့ကိုယ့်ကို ဥပေက္ခာပြုရက်နိုင်ရတာလဲ ငါအရမ်းနာကျင်နေပြီ ငါ့ဘက်ကိုတစ်ချက် လောက်ငှဲ့ပါဦး" ...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...