အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
207K 8.2K 292
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 45 ( Zg + Uni)
2.4K 113 4
By NabeNabe549
        { Part - 45  }
လိုက်​မယ်​ "
နင့်က "
ဖြူလုံး ရှာမလို့..... "
သူ ပြောမိသည်။
ဘယ်တော့မှ မပြော။ သူ့ကိုသာ ပြောသည်။
" မသတ်ပါဘူး ဟာဟာကလည်း...
မီးစင်ကြည့်ကရမှာပဲ။ အခုနေ မင့် သမီးကို
နာမည်က မေသွေးခြယ် တဲ့။  အရမ်းလှပတဲ့
ခြံရံ က မအားပေ။နိုင်ငံခြားက company
အရမ်းသက်သာသည်။ မြန်မာနိုင်ငံက ဟာပဲ
ကြည့်နေရလို့...။
သွားမှာစိုးလို့လေ။
*************************
ငါ ဝယ်ကျွေးမယ် "
ပိတ်နေ "
" အိုကေ "
" ဟားဟား. ..ဟားဟား မဖဲ့ဘူး
" ဟာဟာ လူညစ်.. .အစုတ်ပလုတ်...
ကဲဟာ...!!  "
" အ့...!!!  "
မဟာ အသံထွက်သွားရသည်။  ကိုးနှစ်အရွယ်
နေတယ်လေ။
မပြောပြထားမိပါ။ ဘာလို့ဆို အရုပ်မလေး
ခေါ်သည်။
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
မေးလိုက်မိသည်။ ကလေးလေးက အတော်
ချစ်စရာကောင်းသည်။ ဖြူဖြူဖွေးဖွေးနဲ့
တရုတ်မလေးလားပေ။ အခုလည်း သားကို
တိုးလာသည်။
ချစ်တာကိုး..."
" အား... ဖြူလုံး "
" ဟင်​ ...."
လူက ယိုင်သွားရသည်။  ဘာလို့လဲ...
နေရတာလဲ။
" သား ​ဘာဖြစ်​တာလဲဟင်​....??
နေမကောင်းဘူးလား "
" နေကောင်းပါတယ် ကိုမဟာ "
ဟင်​ ကိုမဟာ  " 
သား သေဘာ.... "
ကြည့်ပြီး ရယ်လို့ပေ။
**********************
အများကြီးစားတယ် "
" ရွှတ်.. "
လှမ်းနမ်းလိုက်သည်။ 
ဘယ်လိုခေါ်လဲဟင်.... "
ပါ  အရုပ်မလေး "
မဟုတ်တော့ပါ။
ကတည်းက သေသွားခဲ့ပြီ ..."
က အောင့်လာမိသည်။  ဘာလို့လဲ...
သား မြင်နေရသည်။ သေပြီလို့ ဖြူလုံးလေး
အရမ်းမုန်းတယ်. ."
နေနေလိမ့်မယ် "
ဖက်ထားလိုက်သည်။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
အရုပ်​က​လေး ကျ​နေတာပဲ  "
တီတီ ​ကျွေးမယ်​​လေ "
" ဟုတ်​ စားမယ်​ အရုပ်​မ​လေး  ......
ဖြူလုံး စားမယ်​ "
ဖောက်​​ပေးလိုက်​သည်​။
ကြိုက်​ရဲ့လားဟင်​  "
သား နမ်းပစ်လိုက်သည်။ ထိုအခါ သား နမ်း
က သေပြီ လုပ်သွားတယ်လေ။ နောက်မှသာ
ပြောပြလာသည်။ ရင်ထဲလည်း ဖြူလုံးလေး
အတွက်​ စိတ်မကောင်း  ...။ နောက်ပြီး
မုန်းစရာပေ။
တစ်ယောက် မသိခဲ့ပါ။ သိခဲ့ရင်ရော သူမ
ဘာဖြစ်သွားမလဲ။
**********************
ကို သူ မကြည့်အားသေး။ နားနေခန်းထဲမှာ
ပဲ ရှိတယ်ထင်​နေခဲ့သည်။  အလုပ်ပြီးသွားလို့
သမီးလေး က ရှိမနေ။  company
" တီ... .တီ... .တီ... !!! "
အားမနာနဲ့ "
" ဟုတ် အန်ကယ် "
အပြင် ထွက်လာခဲ့သည်။
" ဟဲလို ခြံရံ ပြော "
ပျောက်နေတယ် "
သက်ပြင်းချလိုက်သည်။ ဘာလို့ဆို ဖြူလုံး
ငြိမ်ငြိမ်ထား "
ငါ စဉ်းစားထားတာ "
" ဘာ... ..!!!! "
Part  46 မျှော်.................................
( အတော်ဆိုးတဲ့ မဟာ 😂😂😂
😂😂😂😂တကယ်တမ်း အဲ့တာက
မေသွေးခြယ် နဲ့တူတာ 😅😅😅😅)
#​လေယူရာယိမ်း
💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 45  }
" ဟာဟာ ဒီ​နေ့ မြန်​မာနိုင်​ငံသွားရင်​ဖြူလုံး​ရော
လိုက်​မယ်​"
" မြန်မာနိုင်ငံ ဘာလိုက်လုပ်မလို့လဲ ဖြူလုံး
နင့်က "
" ဖေဖေ့ ကို ငိုအောင် လုပ်တဲ့ မိန်းမကို
ဖြူလုံး ရှာမလို့..... "
" အဲ့ဒါ နင့် အမေနော် ဖြူလုံး... "
" ဖြူလုံး သိတယ် ဒါပေမဲ့ ဖြူလုံး သူ့ကို
အရမ်းမုန်းတယ်... .ဖေဖေ့ကို ငိုအောင်လုပ်လို့...
ငယ်ငယ်က ဖြူလုံး မေမေ့ အကြောင်းမေးတိုင်း
ဖေဖေက ငိုတယ်... နောက်ပြီး တစ်နေရာသွား
တယ်​ပြောပြီး​ဖေ​ဖေ့ က ငို​နေခဲ့တယ်​.....
ဒါ​ကြောင့်​ဖြူလုံး သူ့ကို အရမ်းမုန်းတယ်​"
မဟာ ကိုးနှစ်အရွယ်ကလေးနဲ့မှ မလိုက်၊ 
အမုန်းတရားတွေကို သိနေသော ဖြူလုံးလေး
ကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိ။ ဒါတွေက
သူ့ အပြစ်တွေပေ။  ခြံရံ မိန်းမကို မုန်းတာနဲ့
ဖြူလုံး ရှေ့ ထိုမိန်းမ မကောင်းကြောင်း
သူ ပြောမိသည်။
ဒါကို မှတ်ထားပြီး ဖြူလုံးက မုန်းနေတယ်လေ။
အကယ်၍  ခြံရံ သာ သူ့ သမီးလေး က သူ့
မိန်းမကို မုန်း​နေတာသိရင် ရင်ကွဲလောက်
မည်။ ဖြူလုံးလေး ကလည်း အလည်​လေး​ပေ။
သူ့ အဖေရှေ့ သူ့ အမေကို မုန်းကြောင်း
ဘယ်တော့မှ မပြော။ သူ့ကိုသာ ပြောသည်။
အခုလည်း အလုပ် ကိစ္စနဲ့ မြန်မာပြည်
သွားမှာကို လိုက်ဖို့ လုပ်နေတယ်လေ။
" မလိုက်ပါနဲ့ ဖြူလုံး ရယ်.... နင့် အဖေ
သိရင် ငါ့ကို သတ်လိမ့်မယ် "
" မသတ်ပါဘူး ဟာဟာကလည်း...
ဖေဖေ့ က ဟာဟာကို အရမ်းချစ်တာ
သိရဲ့သားနဲ့ ...ဟာဟာ ပြောရင်
ဖေဖေ့က တစ်ခွန်းတည်း ရမှာပါ "
ကလေးလေး မတန်မဲ့ အရမ်းလည်နေသဖြင့်​
မဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။
" နော်... ဟာဟာ... ဖြူလုံး မြန်မာနိုင်ငံ
လိုက်မယ်နော်.. ..နော်နော်....!! နော်လို့...!! "
လက်ကို အတင်းကိုင်ပြီး လိုက်မယ်လုပ်နေသဖြင့်
မဟာ ခေါင်းသာငြိမ့်လိုက်ရ​တော့သည်။
မြန်မာနိုင်ငံရောက်မှပဲ ခြံရံ ကို ဖုန်းလှမ်းဆက်ပြီး
မီးစင်ကြည့်ကရမှာပဲ။ အခုနေ မင့် သမီးကို
မြန်မာနိုင်ငံ ခေါ်သွားမယ်ပြောလိုက်ရင်
လက်သီးနဲ့ ထိုးခံရလောက်ပြီ။
အရုပ်ကလေးကိုလည်း ဟိုသုံးနှစ်က ရှာတွေ့
သွားခဲ့ပြီ။  အရုပ်ကလေးက သူတို့ project
နဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံက company
သုံးခုထဲက တစ်ခု ဖြစ်​တဲ့  ဦးတိုးရှိန် ရဲ့ သမီးပေ။
နာမည်က မေသွေးခြယ် တဲ့။  အရမ်းလှပတဲ့
နာမည်လေး​ပေ။ ခြံရံ ကတော့ မြန်မာနိုင်ငံက
company တွေဆို လှည့်တောင် မကြည့်၊
သူပဲ အကုန်လုပ်ရသည်။ လှည့်ကြည့်ရအောင်လည်း
ခြံရံ က မအားပေ။နိုင်ငံခြားက company
တွေနဲ့ ပူးပေါင်းနေရသည်။ ဒီတော့ သူ့က
အရမ်းသက်သာသည်။ မြန်မာနိုင်ငံက ဟာပဲ
ကြည့်နေရလို့...။
ဒီလို သက်သာတာကလည်း ခြံရံ က မြန်မာနိုင်ငံ
သွားရမှာ အရမ်းကြောက်လို့ပေ။
အကြောင်းကား သူ့ မိန်းမက ဖြူလုံးလေး
ကို မုန်းတာ ဖြူလုံးလေး သိရင် အရမ်းဝမ်းနည်း
သွားမှာစိုးလို့လေ။
ခက်တာက ဖြူလုံးလေး ကိုယ်တိုင်ကိုက သူ့
မိန်းမကို အရမ်း မုန်းနေတာ ခြံရံ မသိခဲ့ပါ။
သိတဲ့ တစ်နေ့ သူ ပြသာနာတက်မည့်နေ့ပေ။
ဘာ​ကြောင့်​ဆို ဖြူလုံးလေး အမေကို
မုန်းတာနဲ့ ဖြူလုံးလေး အမေက ခြံရံ ကို
ရက်စက်စွာထားခဲ့တယ်ဟု ပြောလိုက်ရာ ဖြူလုံး
က သူ့ အမေကို အရမ်းမုန်းတီးသွားခဲ့သည်။
ကိုးနှစ်အရွယ်လေးနဲ့မှ မလိုက်၊  ဖြူလုံးလေး
ဦးနှောက်က လူကြီး တစ်ယောက်လိုပေ။
ဒါပေမဲ့ သူ့ အဖေ ရှေ့ကျရင် ကလေးလေး
တစ်ယောက် ဖြစ်သွားခဲ့သည်။
*************************
" ဖြူလုံး ငါ ပြောမယ်နော်.... ငါ့ အရုပ်မလေး
နဲ့ တွေ့ရင် နင် ငြိမ်ငြိမ်လေးနော်...
စကားမပေါနဲ့.. ..ဒါဆို နင် စားချင်တာ
ငါ ဝယ်ကျွေးမယ် "
" အိုကေ ဟာဟာ......ဖြူလုံး ငြိမ်ငြိမ်လေး
နေမယ်.. ..ဒါပေမဲ့ ရေခဲမုန့်ကို ငါးခွက်
ဝယ်ကျွေးရမယ်နော်... .ပီဇာရောပဲ "
" အေးပါ ဝယ်ကျွေးပါ့မယ် နင့် ပါးစပ်သာ
ပိတ်နေ "
" အိုကေ "
လက်ညိုးနဲ့ လက်မကွေးပြီး အိုကေလုပ်ပြနေသဖြင့်
မဟာ အူယားပြီး ပါးလေးကို ဆွဲဖဲ့မိသည်။
" အား... နာတယ် ဟာဟာ ဘာလို့ ဖြူလုံး ပါး
ကို ဆွဲဖဲ့နေရတာလဲ... ?? ဟာဟာ ဆွဲဖဲ့ချင်
ရင် ဟာဟာ အရုပ်မလေးကို ဆွဲဖဲ့ "
" ဟားဟား. ..ဟားဟား မဖဲ့ဘူး
ငါ့ အရုပ်မလေးကို ဖဲ့ရင် ငါ့ အရုပ်မလေးက
နာမှာပေါ့... နင့်ကိုပဲ ဖဲ့မှာ "
" ဟာဟာ လူညစ်.. .အစုတ်ပလုတ်...
ကဲဟာ...!!  "
" အ့...!!!  "
နဖူးကို လက်ညိုးနဲ့ တောက်ချလိုက်သဖြင့်
မဟာ အသံထွက်သွားရသည်။  ကိုးနှစ်အရွယ်
ကလေးနဲ့မှ မလိုက် လက်သံပြောင်တယ်လေ။
အခုလည်း သူ့ကို တောက်ပြီး လျှာထုပ်ပြောင်
နေတယ်လေ။
အတော်ဆိုးတဲ့ ဖြူလုံးစုတ်ပေ။
အခုဆိုးတာက အကြောင်းမဆန်း အရုပ်မလေးနဲ့
တွေ့မှ သူ အရှက်ကွဲနေမည်။ ခြံရံ ကတော့
သူ အရုပ်မလေးကို ချစ်တာသိတယ်လေ။
သူ့ကလည်း အရုပ်မလေးကို propose
လုပ်ထားကြောင်း ခြံရံ ကို ပြောပြထားသည်။
အရုပ်မလေး နာမည်က မေသွေးခြယ် ဆိုပေမဲ့
ခြံရံ ကို အရုပ်မလေးနာမည်ကို သူ
မပြောပြထားမိပါ။ ဘာလို့ဆို အရုပ်မလေး
ဆီက အဖြေရမှ အရုပ်မလေးကို ခြံရံ နဲ့
တွေ့ပေးပြီး စပရိုက်တိုက်ချင်လို့ပေ။
ခြံရံ ကလည်း အရုပ်မလေး နာမည်မမေးဘူးလေ။
အရုပ်မလေးလို့ သူ ခေါ်တာနဲ့ ခြံရံ ကလည်း
အရုပ်မလေး လိုက်​ခေါ်တယ်လေ။
အဖေ တင် အရုပ်မလေး လိုက်​ခေါ်တာမဟုတ်
သူ့ သမီး ဖြူလုံးက အစ အရုပ်မလေးလိုက်
​ခေါ်သည်။
ဒီလိုကျတော့ အတော်ချစ်စရာကောင်းတဲ့ သားဖပေ။
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
" ဒါ့က ဘယ်သူလေးလဲ ကိုမဟာ "
" ကိုယ့် သူငယ်ချင်း သမီးပါ သား... "
ပဲရစ်ကနေ အလုပ် ကိစ္စနဲ့ သားတို့ company
ရောက်လာတဲ့ ကိုမဟာ နောက်မှာ
ကလေးလေး တစ်ယောက်ပါနေ၍  သား
မေးလိုက်မိသည်။ ကလေးလေးက အတော်
ချစ်စရာကောင်းသည်။ ဖြူဖြူဖွေးဖွေးနဲ့
တရုတ်မလေးလားပေ။ အခုလည်း သားကို
ကလေးလေးက ကြည့်နေတယ်လေ။
" လာပါအုံး သမီးလေး ရေ.. ..အန်တီဆီကို "
ခေါ်လိုက်တော့ ကလေးမလေးက သူရှေ့နား
တိုးလာသည်။
"  အရုပ်မလေး ဆံပင်က အရှည်ကြီးနော်...
ဒါကြောင့် ဟာဟာ က အရုပ်မလေးကို
ချစ်တာကိုး..."
" အား... ဖြူလုံး "
ဖြူလုံး စကားကြောင့် ရှက်ပြီး အော်လိုက်တဲ့
မဟာ အသံက ကတုန်ကယင်ကြီးပေ။
မေသွေးခြယ် ကတော့ ဖြူလုံး ကို
ကြည့်ကာ ရှက်ပြီး ပြုံးပြုံးကြီးနဲ့ပေ။
" အန်တီ နာမည်က မေသွေးခြယ် ပါရှင့်
သမီးလေး နာမည်ကရော ဘယ်လိုခေါ်လဲဟင်...?? "
"  ဖြူလုံး နာမည်က ဖြူလုံးလေး ပါရှင့် "
" ဟင်​...."
သား ရှေ့က ကလေးလေးရဲ့ နာမည်လေးကြောင့်
လူက ယိုင်သွားရသည်။  ဘာလို့လဲ...
ဘာလို့ သား... သမီးလေး နာမည်နဲ့ လာတူ
နေရတာလဲ။
" သား​ဘာဖြစ်​တာလဲဟင်​....??
​နေမကောင်းဘူးလား "
" အရုပ်မလေး နေမကောင်းဘူးလားဟင်....
ဘာဖြစ်လို့ မျက်နှာက ဖြူသွားတာလဲ...??  "
မမှီတမှီအရပ်လေးနဲ့ ခြေဖျားထောက်ရင်း
စမ်းဖို့ လုပ်လာတာကြောင့် သား ပြုံးလိုက်မိသည်။
အတော် ချစ်စရာကောင်းတဲ့ သမီးလေးပင်။
" သား နေမကောင်းဘူးလားဟင် "
ကိုမဟာ​ဒုတိယအကြိမ်​ထပ်​မေးလာသဖြင့်​
သား မျက်​နှာကို မနည်းဟန်​လုပ်​ပြုံးလိုက်​မိ၏ ။
" နေကောင်းပါတယ် ကိုမဟာ "
" ဖြူလုံးလေး အန်တီ နဲ့ လိုက်ခဲ့.. .ဖြူလုံးလေး
ကို အန်တီ မုန့်ကျွေးမယ်....ကိုမဟာ...
အလုပ်ကိစ္စ ဆွေးနွေးနေတုန်း ဖြူလုံးလေး ကို
သား ကြည့်ထားပေးမယ်နော်.... ရတယ်မလား
ဟင်​ကိုမဟာ  " 
" ရပါတယ် သားရယ်... ကျတော့် ကို ခွင့်
တောင်းစရာမလိုပါဘူး ကျတော့် က
သား သေဘာ.... "
" ဟွန့် အရုပ်မလေး ကို ချွဲနေတယ်
ကလေးလည်း မဟုတ်ဘဲနဲ့.... ဟာဟာစုတ် "
ထဆဲလိုက်သော ဖြူလုံးလေး ကြောင့်
မဟာ မဲ့တဲ့တဲ့ ဖြစ်သွားရသည်။ မေသွေးခြယ်
ကတော့ ဖြူလုံးလေး စကားတတ်မှုကို
ကြည့်ပြီး ရယ်လို့ပေ။
**********************
" ရေခဲမုန့် ကြိုက်တယ်ပေါ့ ဖြူလုံးလေးက.. "
" ဟုတ် အရုပ်မလေး... ရေခဲမုန့်ဆို ဖြူလုံး
က အသေကြိုက်တာ... ဒါပေမဲ့ ဖေဖေကတော့
မစားခိုင်းဘူး ဖြူလုံး ချောင်းဆိုးမှာစိုးလို့တဲ့ "
" ဪ... ဒါဆို ဖြူလုံးလေး က ဖေဖေ
မကြိုက်တော့ ရေခဲမုန့်ကို သိပ်မစားဘူးပေါ့ "
" ဟုတ် သိပ်မစားဘူး ဖြူလုံး က ဖေဖေရှေ့မှာဆို....
ဒါပေမဲ့ ဖေဖေ နောက်မှာဆိုရင်​တော့ ဖြူလုံး က
အများကြီးစားတယ် "
" ဟာ... စကားတတ်တာပဲ  ဖြူလုံးလေးက... "
" ရွှတ်.. "
ချစ်မဝစွာ  ဖြူလုံးလေး ပါးကို မေသွေးခြယ်
လှမ်းနမ်းလိုက်သည်။ 
" ဖြူလုံးလေး သမီး ဖေဖေ နာမည်က
ဘယ်လိုခေါ်လဲဟင်.... "
"  Chann Wine Aeris (ချမ်းဝိုင် အဲရစ် )
ပါ  အရုပ်မလေး "
ဖေဖေ့ နာမည်ကို မေးလာသော အရုပ်မလေး
ကြောင့် ဖြူလုံး လိမ်လိုက်သည်။ဘာလို့ဆို
ဖေဖေ က မြန်မာနိုင်ငံသွားတာ မကြိုက်ဘူးလေ။
ဒါ့အပြင် ခုဏက ဖြူလုံး ပြောတဲ့
Chann Wine Aeris ဆိုတာ ဖြူလုံး ကြည့်တဲ့ ဇာတ်ကားထဲက မင်းသား။  ဒီမင်းသားကို
အရမ်းကြိုက်လို့ ဖေဖေ့ နာမည်ကို ဒီမင်းသားနာမည် သုံးလိုက်သည်။ နောက်ပြီး တစ်ခါတစ်လေ
​ဖေဖ့ကို Chann Wine Aeris
လို့ ဖြူလုံး က ခေါ်တယ်လေ။
ဖေဖေ့ကလည်း ဖြူလုံး အကြိုက် ထူးပေးရှာတယ်။
ဦးခြံရံ မှည့်ပေးတဲ့ နာမည်လေးနဲ့တူလို့
ဖြူလုံးလေးကို သား. ..သမီးလေးလားလို့
ထင်မိသည်။ ဒါပေမဲ့ လောကမှာ နာမည်တူ
တွေ အများကြီး ရှိတယ်လေ။
အဲ့ဒီတော့ သား ဖြူလုံးလေး ကို သား..
ကလေးလို့ မထင်မိပြန်ဘူး...ဘာပဲဖြစ်ဖြစ်
သေချာအောင် သား ထပ်မေးကြည့်တော့
ဖြူလုံးလေး အဖေနာမည်က Chann Wine Aeris
တဲ့။  ဒီတော့ ဖြူလုံးလေးက သား ...သမီးလေး
မဟုတ်တော့ပါ။
" သမီးလေး မေမေနာမည်ကရော....ဖြူလုံးလေး "
သား မေးလိုက်တော့ ရေခဲမုန့်စားရင်းနဲ့ သားကို
ဖြူလုံး​လေးက  ကြည့်လာခဲ့သည်။
" ဟင့်အင်း အရုပ်မလေး... .ဖြူလုံး မှာ
အမေ မရှိဘူး... အမေက ဖြူလုံး ငယ်ငယ်
ကတည်းက သေသွားခဲ့ပြီ ..."
သေပြီလို့ ပြောတဲ့အချိန်မှာ သား နှလုံးသား
က အောင့်လာမိသည်။  ဘာလို့လဲ...
ဘာလို့ သား အောင့်နေရတာလဲ...
သေချာတာကတော့ ဒီကလေးမလေးက
သား.. .သမီးလေး နဲ့ တူလို့ နေမှာပင်။
ဒါ့အပြင် ဖြူလုံးလေး ရဲ့ နာကျင်မှုတွေကို
သား မြင်နေရသည်။ သေပြီလို့ ဖြူလုံးလေး
ပြောနေပေမဲ့ ဖြူလုံးလေး မျက်ဝန်းမှာ
သူ့ အမေကို အရမ်းမုန်းတဲ့ အငွေ့အသက်တွေ။
" ဖြူလုံးလေး အန်တီ မေးမယ်နော်....
အန်တီကို စိတ်မဆိုးပါနဲ့... ...ဖြူလုံးလေး
က ဖြူလုံးလေး မေမေ့ကို မချစ်ဘူးလားဟင် "
" မချစ်ဘူး အရုပ်​မ​လေး... .ဖြူလုံး က
သူ့ကို အရမ်းမုန်းတယ် ....သူ့က ဖြူလုံး
ဖေဖေ ကို ငိုအောင်လုပ်တယ်လေ...
ဖြူလုံး ကြီးလာတော့ မေမေ့ အကြောင်း
မေးတိုင်း ဖေဖေက ငိုတယ်.... တစ်နေရာရာ
မှာ သမီးလေး မေမေက ကောင်းကောင်းမွန်မွန်
နဲ့ ရှိနေတယ်တဲ့... ဖြူလုံး  မေမေ အကြောင်း
မေးတဲ့နေ့က ဖေဖေ ငိုတဲ့နေ့ပဲ... ဒီတော့
ဖြူလုံး မမေးတော့ဘူး... ဖေဖေ ငိုရင်
ဖြူလုံး အရမ်းဝမ်းနည်းတယ်... နောက်ပြီး
ဟာဟာ ကလည်း ဖြူလုံး အမေက ကောင်းတဲ့သူ
မဟုတ္ဘူးတဲ့.... ရက္စက္တဲ့သူတဲ့...
ဒီတော့ အဲ့ဒီမိန်းမကို  ဖြူလုံး အရမ်းမုန်းတယ်..
ဖေဖေ့ကို အမြဲငိုအောင် လုပ်တဲ့ မိန်းမကို ဖြူလုံး
အရမ်းမုန်းတယ်. ."
ဖြူလုံးလေး စကားတွေ ကြားပြီး သား ငိုချင်
စိတ်ကို မနည်းထိန်းနေရသည်။ သား... သမီးလေး
လည်း ဖြူလုံးလေး လို သားကို မုန်းနေမလားမသိ။
" ဘာလို့ အရုပ်မလေး ငိုနေတာလဲ.... မငိုနဲ့ တိတ်
တိတ်... တော်ကြာ အရုပ်မလေး မလှဘဲ
နေနေလိမ့်မယ် "
ကျချင်နေတဲ့ သား မျက်ရည်တွေကို ဖြူလုံးလေးက
လာသုတ်ပေးနေတော့ သား ဆက်လက်
မထိန်းနိုင်တော့ပါ။ ကျခွင့်သာ ပေးလိုက်တော့
သည်။ ဖြူလုံးလေးကိုလည်း ရင်ခွင်မှာ
ဖက်ထားလိုက်သည်။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
" ဖြူလုံး​လေးက အရမ်းချစ်​စရာ​ကောင်းတာပဲ
ပါး​လေးက​ဖောင်း​ဖောင်း​လေး...လူ​လေးကလည်း
အရုပ်​က​လေး ကျ​နေတာပဲ  "
" ဟင့်​အင်း အရုပ်​မ​လေး.....အရုပ်​မ​လေးက
ဖြူလုံး ထက်​ပိုချစ်​စရာ​ကောင်းပါတယ်​နော်​....."
သွား​ဖွေး​ဖွေး​လေး​တွေ​ပေါ်​အောင်​ရယ်​ပြလိုက်​သဖြင့်​
သား စိတ်​ထဲ ဖြူလုံးက ဘယ်​သူနဲ့ တူမှန်း
မသိ။ တစ်​ယောက်​ယောက်​နဲ့တူသလို​ပေ။
ဒါ​ပေမဲ့ ဘယ်​သူလဲဆိုတာ သား မှန်းလို့မရ။
" ဖြူလုံး​လေး​ချောကလက်​စားမလား....
တီတီ​ကျွေးမယ်​လေ "
ဖြူလုံး​လေးနဲ့ ပိုရင်းနှီးချင်​တာ​ကြောင့်​သားကိုယ်​
သား တီတီလို့ သုံးလိုက်​သည်​။ ထိုအခါ ဖြူလုံး
​လေးက ပြုံးပြုံးကြီး ကြည့်​လာခဲ့သည်​။
" ဟုတ်​စားမယ်​အရုပ်​မ​လေး  ......
ဖြူလုံး စားမယ်​"
ဖြူလုံး​လေး စားမယ်​ပြောလိုက်​တာနဲ့ ချက်​ချင်းဆို
သလို စားပွဲ​ပေါ်က​ချောကလက်​ဘူးကို
သား ထယူလိုက်​ပြီး ဖြူလုံး​လေး အတွက်​
​ဖောက်​ပေးလိုက်​သည်​။
" အား....ချိုပြီး ဆိမ့်​နေတာပဲ​ချောကလက်​က...
​ရော့ အရုပ်​မ​လေးလည်း စားကြည့်​"
ဖြူလုံး​လေးက သူလည်း စားပြီး သား ပါးစပ်​ထဲ
  ခွံလာ၍ သား စား​ပေးလိုက်​သည်​။
"  ဟုတ်​ပါ့ ချိုပြီး ဆိမ့်​နေတာပဲ ....ဖြူလုံး​လေး
ကြိုက်​ရဲ့လားဟင်​"
" ကြိုက်ကြိုက် ဖြူလုံး အရမ်းကို ကြိုက်... "
" အိုမို ဖြူလုံးလေး က တကယ့် ချစ်စရာလေးပဲ "
မနေနိုင်တဲ့အဆုံး ဖြူလုံးလေး ပါးနှစ်ဖက်ကို
သား နမ်းပစ်လိုက်သည်။ ထိုအခါ သား နမ်း
တာကို ဖြူလုံး​လေး က ပြုံးပြုံးကြီး ကြည့်နေတယ်လေ။
ခုဏက သား ဖြူလုံးလေး ကို သူ့ မေမေ
အကြောင်း မေးတော့ အစပိုင်းမှာ ဖြူလုံးလေး
က သေပြီ လုပ်သွားတယ်လေ။ နောက်မှသာ
မသေဘူး တစ်နေရာရာမှာ ရှိနေတယ်ဆိုတာ
ပြောပြလာသည်။ ရင်ထဲလည်း ဖြူလုံးလေး
အတွက်​စိတ်မကောင်း  ...။ နောက်ပြီး
ဖြူလုံးလေး တို့ သားဖကို သား အရမ်းသနားမိသည်။
ဘယ်လိုမိခင်လဲ မသိဘူး...ကိုယ့် ကလေးကိုယ်
ပစ်သွားတာ။ ဖြူလုံးလေး မုန်းချင်လည်း
မုန်းစရာပေ။
ထိုပစ်သွားတဲ့သူက သူမဆိုတာ မေသွေးခြယ်
တစ်ယောက် မသိခဲ့ပါ။ သိခဲ့ရင်ရော သူမ
ဘာဖြစ်သွားမလဲ။
လက်ရှိတော့ ဖြူလုံးလေး ကို သူမက ရင်ခွင်ထဲ
ပွေ့ထားပြီး ချောကလက်တွေ ကျွေးနေတယ်လေ။
**********************
အလုပ်ကိစ္စတွေ ရှူပ်နေတာနဲ့ သမီးလေး
ကို သူ မကြည့်အားသေး။ နားနေခန်းထဲမှာ
ပဲ ရှိတယ်ထင်​နေခဲ့သည်။  အလုပ်ပြီးသွားလို့
ထမင်းစားချိန် ရောက်တော့ နားနေခန်းထဲကို
လိုက်ရှာတော့ ရှာလို့မတွေ့။ မဟာအိမ်က
နာနီ ကို ဖုန်းဆက်မေးပြန်တော့လည်း
သမီးလေး က ရှိမနေ။  company
တစ်ခုလုံးလည်း ရှာတာ နှံ့နေ၍  စိတ်အရမ်းပူ
ရသည်။ အဆုံးမှာ မြန်မာနိုင်ငံသွားတဲ့ မဟာ
ကိုသာ ဖုန်းဆက်လိုက်ရ​တော့သည်။
" တီ... .တီ... .တီ... !!! "
" အန်ကယ် ခဏနော်....ကျတော် အရေးကြီး
ဖုန်းလာလို့ အပြင်ထွက်ပြောလိုက်အုံးမယ် "
" ရပါတယ် သားမဟာ... သွားပါ ဘာမှ
အားမနာနဲ့ "
" ဟုတ် အန်ကယ် "
အလုပ်​အ​ကြောင်း​ပြော​နေတုန်း ဖုန်းလာသဖြင့်​
မေသွေးခြယ် အဖေကို မဟာ ခွင့်တောင်းပြီး
အပြင် ထွက်လာခဲ့သည်။
" ဟဲလို ခြံရံ ပြော "
" မဟာ.. .သမီးလေး.... ငါ့ သမီးလေး
ပျောက်နေတယ် "
ဖုန်းထဲက စိုးရိမ်တကြီး အသံကြောင့် မဟာ
သက်ပြင်းချလိုက်သည်။ ဘာလို့ဆို ဖြူလုံး
ကို ခေါ်သွားတာ ခြံရံ ကို မပြောခဲ့။
ခဏနေ ခြံရံ က သူ့ကို ဆဲတော့မှာလေ။
" ခြံရံ စိတ်လျှော့နော်.... မင်း စိတ်ကို
ငြိမ်ငြိမ်ထား "
" ငါ့က ဘာလို့ ငြိမ်ငြိမ်ထားရမှာလဲ မဟာ...
ငါ့ သမီး တစ်ယောက်လုံး ပျောက်သွားတာနော်
အခုတောင် မင်းကို ဖုန်းဆက်ပြီးရင် ရဲပါတိုင်ဖို့
ငါ စဉ်းစားထားတာ "
" ဘာ... ..!!!! "
ရဲတိုင်မယ် ဆိုတဲ့ စကားကြောင့် မဟာ လန့်ပြီး
အော်ချလိုက်ရာ ဖြတ်သွားဖြတ်လာ
ဝန်ထမ်းတွေက သူ့ကို ကြည့်လာကြသဖြင့်
မဟာ  ရှက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ
သန့်စင်ခန်းထဲ ပြေးဝင်သွားတော့သည်။
Part  46 မျှော်.................................
( အတော်ဆိုးတဲ့ မဟာ 😂😂😂
ခြံရံ ကိုကျတော့ ခွင့်မတောင်းဘဲ ဖြူလုံး ကို ခေါ်
လာပြီး ခြံရံ ရဲတိုင်မယ်လည်း လုပ်ရော လန့်နေတယ် 😂😂
ဖြူလုံးလေး ကလည်း ဟာဟာကို
ဆဲဖို့လောက်ပဲသိတယ်​သူ့ အဖေအတိုင်းပဲ
😂😂😂😂တကယ်တမ်း အဲ့တာက
မေသွေးခြယ် နဲ့တူတာ 😅😅😅😅)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue Reading
You'll Also Like
529K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
7.6K 207 58
လိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနု...
196K 6.7K 66
တစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လ...
639K 18K 33
Both Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "...