High Energy QR Code [ Myanmar...

By Inix_ss

114K 22.4K 832

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ

733 185 8
By Inix_ss

(Unicode)

ယခုလက်ရှိ သိရှိထားသည့် အချက်အလက်များအပေါ်အခြေခံ၍ ညီလေး ရှင်ရှော့ သေဆုံးရသည့် အကြောင်းအရင်းနှစ်မျိုးကို ရှင်ယဲ့ ခန့််မှန်းသုံးသပ်ထားသည်။

ပထမတစ်မျိုးမှာ၊ ရှင်ရှော့က ကံကြမ္မာလိုက်နာအုပ်စုကို ရွေးချယ်ခဲ့လိုက်နိုင်ချေ ရှိခြင်းဖြစ်သည်။ သူ့ညီက အခက်အခဲတစ်စုံတစ်ရာမရှိဘဲ နောက်ဆုံးအဆင့်အား တက်လှမ်းနိုင်သည့် အရည်အချင်းရှိသည်ဟု ရှင်ယဲ့ ယုံကြည်သည်။ ထို့နောက်မှာမူ မှန်လိုမျိုး item အဖြစ်ပြောင်းလဲဲသွားပြီး၊ တစ်ယောက်ယောက်၏ လက်ထဲသို့ ကျရောက်သွားကာ၊ ဖျက်ဆီးခံလိုက််ရခြင်းပင်ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ၊ မြို့ပိုင်သားကဲ့သို့ အထူး item တစ်ခု၏ သားကောင်ဖြစ်လာခြင်းဖြစ်သည်။ ထိုအထူး item မှာလည်း၊ ကံကြမ္မာလိုက်နာသူကနေ ပြောင်းလဲသွားသည့် item ဖြစ်မနေဘူးဟု မပြောနိုင်ချေ။

ကံကြမ္မာလိုက်နာသူ တစ်ယောက်အနေနှင့်၊ တက်ကြွထက်သန်စွာဖြင့် mission များအား ရှင်းလင်းနိုင်ခဲ့လျှင်တောင််မှ၊ နောက်ဆုံး၌ item အဖြစ်သို့ ကျရောက်သွားရုံသာရှိလေသည်။

ကံအနည်းငယ် ကောင်းလျှင်တော့၊ သူနှင့် အတူရှိနေသည့် မှန်ကဲ့သို့၊ သူ့ကို အသုံးချပြီး လူလည်းမသတ်၊ ထိခိုက်အောင်လည်း မလုပ်တဲ့ စိတ်ထားကောင်းသည့် ကစားသူတစ်ယောက်နှင့် ကြုံတွေ့နိုင်ချေရှိသည်။

ကံအနည်းငယ်ဆိုးလျှင်တော့၊ အိတ်ဆောင်နာရီလိုမျိုး လူသတ်ရန် လက်နက်တစ်ခု ဖြစ်လာရုံသာရှိ၏။

ဂိမ်း System မှာ ကစားသူများအပေါ် ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ သို့သော် သူက အမိန့်ပေးသူအဖြစ် တည်ရှိရုံသာဖြစ်ပြီး၊ ကစားသူများ၏ အသက်ကို ထိခိုက်အောင် မလုပ်ချေ။ လူသားများအား သတ်ဖြတ်နိုင်သူမှာ ထာဝရ လူသားများ ကိုယ်တိုင်သာဖြစ်သည်။

သေချာပေါက် အရာအားလုံးမှာ ရှင်ယဲ့၏ ထင်မြင်ချက်များသာဖြစ်ပြီး၊ အမှန်စင်စစ် မဟုတ်တာလည်း ဖြစ်နေနိုင်သည်။ အိတ်ဆောင်နာရီမှာ တကယ်တမ်း အထူး item တစ်ခုသာဖြစ်နေနိုင်ပြီး၊ မြို့ပိုင်၏ သားမှာလည်း အပြင်၌ တကယ် သေဆုံးခြင်း မရှိတာလည်း ဖြစ်နိုင်သည်။

သက်သေအထောက်အထားရချင်လျှင်၊ ရန်ဒီ့ဆီက ဖြေရှင်းချက်ကို ရရန်လိုအပ်သည်။

သို့ရာတွင်၊ ယခုလက်ရှိ သဲလွန်စများအပေါ် ရှင်ယဲ့၏ နားလည်ထားမှုအရ၊ သဲလွန်စအသစ်တွေ ထပ်ပေါ်မလာသ၍ သူ၏ ခန့်မှန်းချက်များမှာ ၈၀% မှန်ကန်နိုင်ချေရှိသည်။

ရှင်ယဲ့မှာ သူ အဆက်မပြတ် စဉ်းစားတွေးခေါ်နေမှရမည်၊ စိတ်ပျက်ကျရှုံးမှုများကြား မျှော်လင့်ချက်လေးတစ်ခုကို ရှာဖွေမှရမည်ဟု စဉ်းစားခဲ့သည်။ သို့သော် စဉ်းစားလေလေ သူပိုပြီး အသိတရားရလာလေလေဖြစ်ကာ၊ ရက်စက်သည့် အမှန်တရားကို ယုတ္တိကျကျ လက်ခံလာနိုင်လေလေဖြစ်သည်။

သူဟာ ဘာမှနားမလည်သလို ဟန်ဆောင်ဖို့ရာအတွက် အလွန်ဉာဏ်ကောင်းလွန်းနေခဲ့သည်။

မှန်မှာ အသာအယာလေး လက်များကို ဆန့်ထုတ်လိုက်ကာ အလွန် ချည့်နဲ့နေပုံပေါ်သည့် ရုပ်သေးရုပ်လေးကို ဖက်ထားပေးလိုက်သည်။ သူ အခုလုပ်ပေးနိုင်သည့် အရာမှာ ဤတစ်ခုတည်းသာ ရှိသည်ပင်။

ဒီကမ္ဘာ၌ ခန္ဓာကိုယ်ရှိနေသည်က တကယ်ကောင်းလေသည်။ အနည်းဆုံးတော့ သူ ရှင်ယဲ့ ဝမ်းနည်းနေသည်ကို နှစ်သိမ့်မပေးနိုင်ဘဲ၊ ထိုင်ကြည့်နေစရာမလိုတော့ပေ။

ဤကဲ့သို့သော အနေအထားဖြင့် ဘယ်လောက်ကြာအောင် နေခဲ့မိမှန်း မသိပေ။ အမှောင်ထုထဲ၌ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ရုပ်သေးရုပ်လေးက ရုတ်တရက် စကားဆိုလိုက်လေသည်:

"ဒီဂိမ်းထဲမှာ ဝင်ကစားရင်းနဲ့၊ ငါ ကံကြမ္မာကိုစိန်ခေါ်ခြင်း ဂိမ်းရဲ့ ကွယ်ဝှက်ထားတဲ့ စည်းမျဉ်းတစ်ခုကို တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်။ အဲ့တာက အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ၊ ဂိမ်းက ကစားသူတွေကို ဘယ်တော့မှ လက်ဦးမှုယူပြီး သတ်ပစ်မှာမဟုတ်ဘူး။ သူက ကစားသူတွေကို မျှော်လင့်ချက်ကုန်ဆုံးအောင် လုပ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို မျှော်လင့်ကုန်ဆုံးနေတဲ့ အခြေအနေအောက်မှာ မျှော်လင့်ချက်ရေးရေးလေး တစ်ခုကို ပေးထားလိမ့်မယ်။ အဲ့ဒါကြောင့် ငါ ယုံကြည်တယ်။ မင်းသာ အသက်ရှင်နေသ၍ ဂိမ်းထဲက ထွက်ပြီး ခန္ဓာကိုယ်ဆီ ပြန်သွားနိုင်မယ့် နည်းလမ်းတစ်ခု သေချာပေါက် ရှိမှာပဲ။

အခုအချိန်မှာတော့ ငါ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးဘူး။ ဒါပေမဲ့ ဆက်ပြီး ကစားနေဦးမှာပဲ။ ဆက်ပြီး အနိုင်ယူနေဦ်းမှာပဲ။ အဲ့လိုနဲ့ တစ်နေ့ကျရင် ငါ အဖြေတစ်ခု ရလာလိမ့်မယ်ဆိုတာ ယုံတယ်"

"ငါ....." မှန်လေးက ပြန်ပြောချင်နေသည်။ မင်း ဘာလို့ ငါ့အပေါ် ဒီလောက် ကောင်းပေးတာလဲ? ငါ့ကိုလည်း တစ်ခါမှ တစ်ခုခုကို အတင်းလုပ်ခိုင်းဖူးတာမရှိဘူး။ အတတ်နိုင်ဆုံး ငါ့ကို မထိခိုက်အောင်လည်း ကာကွယ်ပေးခဲ့တယ်။ တကယ့်ကမ္ဘာကို ပြန်ရောက်တော့လည်း ငါ့ မိသားစုကို သွားတွေ့ပေးပြီး၊ ငါ့ ခန္ဓာကိုယ် အခြေအနေကိုလည်း ကြည့်ပေးခဲ့တယ်။ အခုလည်း ငါ့ကို ဂိမ်းထဲက ထွက်ပြီး ခန္ဓာကိုယ်ဆီ ပြန်နိုင်အောင် ကူညီပေးဦးမယ်။

မှန်မှာ စကားလုံးများ ထွက်ကျမလာခဲ့ချေ။ ရှင်ယဲ့ သူ မပြောလည်း သူ ပြောချင်သည့် စကားအား ခန့််မှန်းမိလေသည်။ ထို့ကြောင့် ဦးစွာ ဖြေကြားလိုက်သည်:

"မင်း အရမ်းကြီး ဝန်ထုပ်ဝန်ပိုးဖြစ်စရာ မလိုပါဘူး။ ငါက မင်းအတွက်ပဲ လုပ်တာမှ မဟုတ်တာ။ ငါ့အတွက်ငါလည်း ပါတယ်။ မင်းတင် ဂိမ်းထဲက ထွက်သွားချင်တာ မဟုတ်ဘူး။ ငါလည်း ထွက်သွားချင််တယ်။ ငါ ငါ့ကိုယ်ငါ ဂိမ်းရဲ့ ကန့်သတ်ချက်တွေနဲ့ နေခွင့် မပေးနိုင်ဘူး။ ဒီကမ္ဘာတွေထဲမှာပဲ တစ်သက်လုံး ကျင်လည်မနေနိုင်ဘူး။

နောက်ဆုံးအဆင့်ကို သွားတဲ့လမ်းမှာ၊ ငါတို့ ဒီထက်များတဲ့ အချက်အလက်တွေ ရဦးမှာပဲ။ အဲ့ထဲမှာ မင်း အရင်လို ပြန်ဖြစ်နိုင်မယ့် နည်းလမ်း သေချာပေါက် ရှိလိမ့်မယ်။ အဲ့ဒါက အပိုဆုပဲ။ စာမေးပွဲမှာပါတဲ့ ထပ်ဆောင်းမေးခွန်းလိုပေါ့။ ပြီးတော့ ခက်ခဲပေ့ဆိုတာတွေကိုမှ စိန်ခေါ်ချင်တာက ငါ့ရဲ့ ဝါသနာပဲလေ"

ထို့အပြင်၊ ရှင်ယဲ့က အကြောင်းတစ််စုံတစ်ရာ မသိရှိခဲ့ရဘဲ ရှင်ရှော့မှာ ဂိမ်းထဲ၌ သေဆုံးသွားခြင်းဖြစ်သည်။ ဖြစ်ပြီးတဲ့ ကိစ္စများက ဖြစ်ပြီးနှင့်ပြီဖြစ်ကာ၊ ရှင်ယဲ့လည်း အချိန်တွေကို နောက်ပြန််ဆုတ်ဖို့ စွမ်းအားမရှိပေ။ သို့သော် အနည်းဆုံးတော့ မှန်က အသက်ရှင်နေသေးသည်။

ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာတောင်၊ မှန်က သူ၏ နဂိုမူလပုံစံလေးအတိုင်း သန်သန်မာမာနှင့် အကောင်းမြင်ပြီး နေနိုင်လေသည်။

လုမင်းဇယ်က သူ့ကိုယ်သူ လက်မလျှော့ခဲ့ပေ။ ထိုနည်းတူ ရှင်ယဲ့လည်း သူ့ကို လက်လျှော့မည် မဟုတ်ချေ။

အနည်းဆုံးတော့ သူ တစ်ယောက်ယောက်ကို ကယ်တင်ခွင့်ရချင်သည်။

ရှင်ယဲဲ့ သူ့ရင်ဘတ်အား တစ်စုံတစ်ခုက တင်းကြပ်စွာ ဖျစ်ညှစ်ထားသလို ခံစားနေရသည်။ တစ်ဆစ်ဆစ် နာကျင်ကိုက်ခဲလာပြီးနောက်၊ အောင့်တက်လာခဲ့လေသည်။ အောင့်တက်မှုကြောင့် ထုံကျဉ်လာရာ နာကျင်မှုအကြောင်းမတွေးမိလျှင် နာလို့နာမှန်းတောင် သိမည်မဟုတ်ချေ။

သူ လက်အား ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ သူ၏ နှလုံးခုန်သံကို မခံစားမိပေ။ ထို့နောက် သူ၏ လက်ဖြင့် မျက်လုံးများအား စမ်းကြည့်မိရာ၊ အေးစက်စက် မျက်ရည်စများကိုတောင် ခံစားမိမနေချေ။

ရုပ်သေးရုပ်က မျက်ရည်မရှိပေ။ သူတို့ ခန္ဓာကိုယ်မှာ ရေဓာတ်တစ်စွန်းတစ်စတောင် ရှိမနေသည့်အတွက်၊ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ ငိုကြွေးနိုင်မည် မဟုတ်ချေ။

ဒီလို ကမ္ဘာတစ်ခုထဲမှာ၊ ရှင်ယဲ့ စိတ်ရှိသလောက် ပြိုလဲနိုင်သည်။ သူ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲမှာ မဟုတ်သည့်အပြင်၊ ဘယ်သူကမှလည်း သူ၏ ကူကယ်ရာမဲ့မှုကို သတိထားမိမှာ မဟုတ်ပေ။

ပကတိမျက်လုံးရှိသည့် မှန်တစ်ယောက်တည်းကသာ သူ့ဘေးနားမှာ ရှိနေသည်။ ဒီလို ညအမှောင်ထဲ၌ သူ့ကိုယ်သူတောင် မကာကွယ်နိုင်မည်မှာ သေချာသော်လည်း၊ သူ့အား တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားပေးနေလေ၏။

ကောင်းကင်ယံမှာ တဖြည်းဖြည်းနှင့် တောက်ပလာခဲ့သည်။ နေအလင်းရောင်အောက် ရှင်ယဲ့ မတ်တတ်ရပ်လိုက်ကာ မှန်အား ဆိုလိုက်လေသည်:

"ငါတို့ ပြုပြင်ဆိုင်ကို သွားကြမယ်။ ဒီနေ့ အကြွေးတွေဆပ်ပြီးရင်၊ မင်းကို ကောင်းကောင်း ပြင်ဆင်ပေးမယ်။ မင်းက ရုပ်သေးမြို့တော် တစ်ခုလုံးမှာ အလှဆုံးမှန် ဖြစ်လာစေရမယ််"

"ဟုတ်ပြီ!" မှန်မှာ မှောင်မိုက်သည့် ညကို မဖြတ်ကျော်ခဲ့ရသည့်အတိုင်း ရှင်ယဲ့၏ လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်လေသည်။

တစ်ရုပ်က ရှည်၊ တစ်ရုပ်က ပု၊ ရုပ်သေးရုပ် နှစ်ရုပ်မှာ အမှိုက်ကောက်သည့် ဂုန်နီအိတ်ကို သယ်၊ ကိုယ်ပေါ်၌ ဂုန်နီစများပတ်၍၊ တထိန်ထိန် တောက်ပနေသော နေအလင်းရောင်၏ အောက်၌ လမ်းလျှောက်ကာ ဦးနစ်ခ်၏ ပြုပြင်ဆိုင်သို့ သွားခဲ့ကြလေသည်။

ရှင်ယဲ့ ခေါင်းလှည့်၍ မှန်အား ကြည့်လိုက်မိသည်။ ထိုအချိန် မှန်၏ ကိုယ်ထက်၌ ဖြာကျလျက်ရှိသော နေရောင်က ရှင်ယဲ့၏ မျက်လုံးထဲသို့ စူးရှတောက်ပစွာ ရောင်ပြန်ဟပ်သွားလေသည်။ တဒင်္ဂလောက် မျက်လုံးများပင် ပြာသွားသည်။

မှန်မှာ အမှန်တကယ် တောက်ပလွန်းသည်။ ရှင်ယဲ့ စိတ်ထဲမှ တွေးလိုက်မိ၏။

ယနေ့ ပြုပြင်ဆိုင်မှာ ပိတ်လေသည်။ ရှောင်နစ်ခ်ကွမ်းလင်က ဆိုင်နောက်ပေါက်မှနေ၍ ရှင်ယဲ့နှင့် မှန်ကို လာကြိုကာ၊ ဦးနစ်ခ်က သူတို့ကို စောင့်နေသည့် နေရာသို့ ခေါ်သွားပေးလေ၏။

ရှင်ယဲ့ကို မြင်သည့်အခါ၊ ဦးနစ်ခ်က ချက်ချင်းပင် ဆိုလိုက်တော့၏: "မင်းတို့ မိုင်းတွင်းမှာ ဘာတွေ တွေ့ခဲ့လဲ? ဒီကောင်စုတ်က သူ ဝင်ရမှာ အရမ်းကြောက်လို့ မဝင်ခဲ့ဘူးလို့ပြောတယ်။ မင်းပဲ သတ္တုရိုင်းထုပ် သယ်ပြီး ပြန်လာတာဆို။ မင်း.... တစ်ခုခု တွေ့ခဲ့တယ်မလား?"

ကွမ်းလင်မှာ ဦးနစ်ခ်၏ ရည်ရွယ်ချက် အမှန်အား မခန့်မှန်းနိုင်မည်ကို ကြောက်သဖြင့် ဘာမှ မပြောပြရဲခဲ့ပေ။ ရှင်ယဲ့ဖြေရှင်းပေးမည်ကိုသာ စောင်နေခဲ့ခြင်းဖြစ်သည်။

ရှင်ယဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ဂုန်နီအိတ်ထုပ်ကို စားပွဲပေါ်တွင်ချကာ ဖွင့်ပြလိုက်သည်။ ထို့နောက် သတ္တုရိုင်းအတုံးကြီး ငါးတုံးကို ထုတ်ကာ ဦးနစ်ခ်အား ဆိုလိုက်လေ၏: "ဒီလောက်ဆို ကျွန်တော်နဲ့ မီးခြစ်ဆံတို့ ဦးလေးဆီ တင်နေတဲ့ အကြွေးကျေပြီ ထင်တယ်"

"အကြွေးက အရေးမကြီးဘူး။ အရေးကြီးတာက မင်း မိုင်းတွင်းမှာ ဘာတွေ မြင်ခဲ့သလဲဆိုတာပဲ!" ဦးနစ်ခ်မှာ အလွန်ဒေါသထွက်လာလေရာ၊ နှာခေါင်းအောက်ရှိ အပေါက်မှ ရေနွေးငွေ့များထွက်လာပြီး၊ နှုတ်ခမ်းမွှေးကြီးတောင် လေပေါ် မြှောက်တက်သွားလေတော့သည်။

ရှင်ယဲ့ အေးအေးလူလူဖြင့် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီးနောက်၊  ကွမ်းလင်အား ဆိုလိုက်သည်: "မင်း အဖေကို သံပတ်လေးလှည့်ပေးလိုက်ပါဦး။ အဲ့လိုနဲ့ စွမ်းအင်တွေကုန်တာ မြန်တော့မယ်"

ကွမ်းလင်မှာ ရယ်ချင်စိတ်ကို ထိန်းထားပြီး၊ ဦးနစ်ခ်၏ ကျောနောက်က သံပတ်ကို ရှာကာ လှည့်ပေးလိုက်လေ၏။

ဦးနစ်ခ်က စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အား တွန်းဖယ်လိုက်ကာ၊ ပြောင်းချောသေနတ်တစ်လက်ကို ကောက်ယူ၍ ရှင်ယဲ့အား ချိန်လျက် ဆိုလိုက်လေတော့သည်: "မင်း ငါ့ကို လာ နောက်နေတာလား?"

သူက ရှင်ယဲ့ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သတိမထားမိလိုက်သည့်အချိန်တွင် သေးငယ်သော သဏ္ဌာန်တစ်ခုက ဦးနစ်ခ်ရှေ့သို့ ရိပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် ပြောင်းချောသေနတ်မှာ ပျောက်ရှသွားကာ၊ သံဂဟေဆော်ထားသည့် မီးခြစ်ဆံရုပ်၏ လက်ထဲ၌ ပေါ်ထွက်လာခဲ့လေ၏။

"မီးခြစ်ဆံရုပ်သေးရုပ်တစ်ရုပ်က ငါ့လက်ထဲက လက်နက်ကို တကယ်ကြီး လုနိုင်တယ်? ငါ မနေ့က မင်း ခန္ဓာကိုယ်ကို စစ်ကြည့်ပါသေးတယ်။ မင်းရဲ့ အားက ဒီလောက် မကောင်းနိုင်ပါဘူး။ အရှိန်ကလည်း အဲ့လောက်မြန်စရာ အကြောင်းမရှိဘူး။ မနေ့က မင်း ခန္ဓာကိုယ်ကို ဘယ်သူ ပြောင်းပေးလိုက်တာလဲ?" ဦးနစ်ခ်၏ အာရုံမှာ ချောင်ချန့်ဆီသို့ ရောက်ရှိသွားပြီး သူမကို စူးစိုက်ကြည့်လိုက်လေ၏: "မင်းတို့ မိုင်းတွင်းထဲမှာ ဘယ်သူနဲ့ တွေ့ခဲ့တာလဲ?"

ချောင်ချန့်က ဘာမှပြန်မပြောပေ။ ရှင်ယဲ့လည်း ပြန်လည်ပြောဆိုခြင်း မရှိပေ။ သူတို့က ဦးနစ်ခ်၏ အပြုအမူများကိုသာ စောင့်ကြည့်နေကြသည်။

"မီးခြစ်ဆံရုပ်ကို ရှိသင့်တဲ့ ခန္ဓာကိုယ်စွမ်းရည်တွေထက် ကျော်လွန်အောင််လုပ်နိုင်တဲ့ နည်းပညာကို ပေးနိုင်တဲ့ လူက ဆရာကြီး ဘန်းနဒစ်အပြင် ဘယ်သူရှိဦးမှာလဲ?" ဦးနစ်ခ်က ချောင်ချန့်၏ ပိန်ပိန်ပါးပါး လက်လေးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ကိုင်တွယ်လိုက်လေ၏။ "မင်း ငါ့ကို ပြောစမ်း။ မင်း ဆရာကြီးကို တွေ့ခဲ့တယ်မလား? ဆရာကြီးက မင်းခန္ဓာကိုယ်ကို ပြောင်းပေးလိုက်တာမလား?"

သူ၏ ထိုအပြုအမူက ဘန်းနဒစ်အပေါ် ရန်လိုစိတ်ရှိပုံ ပေါ်မနေချေ။

ဦးနစ်ခ်၏ နာမည်မှာလည်း ဘန်းနဒစ်ထံမှ တစ်ဝက်ယူထားခြင်း ဖြစ်သည့်အပြင်၊ အခုချိန်ထိ ဆရာကြီးက သူ့ကို သတ်မှတ်ပေးထားသည့် ဇာတ်ကောင်အတိုင်း ရုပ်သေးမြို့တော်ရှိ ရုပ်သေးအားလုံးကို ဝန်ဆောင်မှု ပေးခဲ့လေသည်။ နှစ်ပေါင်းကြာရှည်သည့်တိုင်အောင် ပြောင်းလဲခြင်း မရှိခဲ့ချေ။

ရှင်ယဲ့ တွေးဆပြီးနောက် ဆိုလိုက်သည်: "ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့တယ်။ သူတို့ကိုယ်ပေါ်မှာ ဒီလို တံဆိပ်တွေ ရှိနေတယ်"

သူက ဦးနစ်ခ်ဆီမှာ ခဲတံတစ်ချောင်း တောင်းလိုက်ပြီး၊  မိုင်းတွင်းထဲ၌ တွေ့ခဲ့ရသည့် ရုပ်သေးရုပ်အလောင်းများပေါ်က တံဆိပ်ကို ရေးဆွဲပြလိုက်သည်။

ထို ရုပ်သေးရုပ်များမှာ မြို့ပိုင်က လွှတ်လိုက်သည့် ရုပ်သေးရုပ်များပင် ဖြစ်၏။

T/N

အကုန်လုံး စောင့်နေပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု အရင်လို ရက်သတ်မှတ်ပြီး upပေးဖို့ အဆင်မပြေတော့ပေမဲ့ အတတ်နိုင်ဆုံး ပုံမှန် upပေးပါမယ်။ Ai nimen❤️❤️








(Zawgyi)

Chapter 62 _ ေပ်ာက္ဆုံးသြားေသာ မ်က္ရည္စမ်ား

ယခုလက္ရွိ သိရွိထားသည့္ အခ်က္အလက္မ်ားအေပၚအေျခခံ၍ ညီေလး ရွင္ေရွာ့ ေသဆုံးရသည့္ အေၾကာင္းအရင္းႏွစ္မ်ိဳးကို ရွင္ယဲ့ ခန့္္မွန္းသုံးသပ္ထားသည္။

ပထမတစ္မ်ိဳးမွာ၊ ရွင္ေရွာ့က ကံၾကမၼာလိုက္နာအုပ္စုကို ေ႐ြးခ်ယ္ခဲ့လိုက္ႏိုင္ေခ် ရွိျခင္းျဖစ္သည္။ သူ႔ညီက အခက္အခဲတစ္စုံတစ္ရာမရွိဘဲ ေနာက္ဆုံးအဆင့္အား တက္လွမ္းႏိုင္သည့္ အရည္အခ်င္းရွိသည္ဟု ရွင္ယဲ့ ယုံၾကည္သည္။ ထို႔ေနာက္မွာမူ မွန္လိုမ်ိဳး item အျဖစ္ေျပာင္းလဲဲသြားၿပီး၊ တစ္ေယာက္ေယာက္၏ လက္ထဲသို႔ က်ေရာက္သြားကာ၊ ဖ်က္ဆီးခံလိုက္္ရျခင္းပင္ျဖစ္သည္။

ဒုတိယတစ္မ်ိဳးမွာ၊ ၿမိဳ႕ပိုင္သားကဲ့သို႔ အထူး item တစ္ခု၏ သားေကာင္ျဖစ္လာျခင္းျဖစ္သည္။ ထိုအထူး item မွာလည္း၊ ကံၾကမၼာလိုက္နာသူကေန ေျပာင္းလဲသြားသည့္ item ျဖစ္မေနဘူးဟု မေျပာႏိုင္ေခ်။

ကံၾကမၼာလိုက္နာသူ တစ္ေယာက္အေနႏွင့္၊ တက္ႂကြထက္သန္စြာျဖင့္ mission မ်ားအား ရွင္းလင္းႏိုင္ခဲ့လွ်င္ေတာင္္မွ၊ ေနာက္ဆုံး၌ item အျဖစ္သို႔ က်ေရာက္သြား႐ုံသာရွိေလသည္။

ကံအနည္းငယ္ ေကာင္းလွ်င္ေတာ့၊ သူႏွင့္ အတူရွိေနသည့္ မွန္ကဲ့သို႔၊ သူ႔ကို အသုံးခ်ၿပီး လူလည္းမသတ္၊ ထိခိုက္ေအာင္လည္း မလုပ္တဲ့ စိတ္ထားေကာင္းသည့္ ကစားသူတစ္ေယာက္ႏွင့္ ႀကဳံေတြ႕ႏိုင္ေခ်ရွိသည္။

ကံအနည္းငယ္ဆိုးလွ်င္ေတာ့၊ အိတ္ေဆာင္နာရီလိုမ်ိဳး လူသတ္ရန္ လက္နက္တစ္ခု ျဖစ္လာ႐ုံသာရွိ၏။

ဂိမ္း System မွာ ကစားသူမ်ားအေပၚ ရက္စက္မႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ သို႔ေသာ္ သူက အမိန္႔ေပးသူအျဖစ္ တည္ရွိ႐ုံသာျဖစ္ၿပီး၊ ကစားသူမ်ား၏ အသက္ကို ထိခိုက္ေအာင္ မလုပ္ေခ်။ လူသားမ်ားအား သတ္ျဖတ္ႏိုင္သူမွာ ထာဝရ လူသားမ်ား ကိုယ္တိုင္သာျဖစ္သည္။

ေသခ်ာေပါက္ အရာအားလုံးမွာ ရွင္ယဲ့၏ ထင္ျမင္ခ်က္မ်ားသာျဖစ္ၿပီး၊ အမွန္စင္စစ္ မဟုတ္တာလည္း ျဖစ္ေနႏိုင္သည္။ အိတ္ေဆာင္နာရီမွာ တကယ္တမ္း အထူး item တစ္ခုသာျဖစ္ေနႏိုင္ၿပီး၊ ၿမိဳ႕ပိုင္၏ သားမွာလည္း အျပင္၌ တကယ္ ေသဆုံးျခင္း မရွိတာလည္း ျဖစ္ႏိုင္သည္။

သက္ေသအေထာက္အထားရခ်င္လွ်င္၊ ရန္ဒီ့ဆီက ေျဖရွင္းခ်က္ကို ရရန္လိုအပ္သည္။

သို႔ရာတြင္၊ ယခုလက္ရွိ သဲလြန္စမ်ားအေပၚ ရွင္ယဲ့၏ နားလည္ထားမႈအရ၊ သဲလြန္စအသစ္ေတြ ထပ္ေပၚမလာသ၍ သူ၏ ခန္႔မွန္းခ်က္မ်ားမွာ ၈၀% မွန္ကန္ႏိုင္ေခ်ရွိသည္။

ရွင္ယဲ့မွာ သူ အဆက္မျပတ္ စဥ္းစားေတြးေခၚေနမွရမည္၊ စိတ္ပ်က္က်ရႈံးမႈမ်ားၾကား ေမွ်ာ္လင့္ခ်က္ေလးတစ္ခုကို ရွာေဖြမွရမည္ဟု စဥ္းစားခဲ့သည္။ သို႔ေသာ္ စဥ္းစားေလေလ သူပိုၿပီး အသိတရားရလာေလေလျဖစ္ကာ၊ ရက္စက္သည့္ အမွန္တရားကို ယုတၱိက်က် လက္ခံလာႏိုင္ေလေလျဖစ္သည္။

သူဟာ ဘာမွနားမလည္သလို ဟန္ေဆာင္ဖို႔ရာအတြက္ အလြန္ဉာဏ္ေကာင္းလြန္းေနခဲ့သည္။

မွန္မွာ အသာအယာေလး လက္မ်ားကို ဆန္႔ထုတ္လိုက္ကာ အလြန္ ခ်ည့္နဲ႔ေနပုံေပၚသည့္ ႐ုပ္ေသး႐ုပ္ေလးကို ဖက္ထားေပးလိုက္သည္။ သူ အခုလုပ္ေပးႏိုင္သည့္ အရာမွာ ဤတစ္ခုတည္းသာ ရွိသည္ပင္။

ဒီကမာၻ၌ ခႏၶာကိုယ္ရွိေနသည္က တကယ္ေကာင္းေလသည္။ အနည္းဆုံးေတာ့ သူ ရွင္ယဲ့ ဝမ္းနည္းေနသည္ကို ႏွစ္သိမ့္မေပးႏိုင္ဘဲ၊ ထိုင္ၾကည့္ေနစရာမလိုေတာ့ေပ။

ဤကဲ့သို႔ေသာ အေနအထားျဖင့္ ဘယ္ေလာက္ၾကာေအာင္ ေနခဲ့မိမွန္း မသိေပ။ အေမွာင္ထုထဲ၌ တစ္ခ်ိန္လုံး တိတ္ဆိတ္ေနခဲ့သည့္ ႐ုပ္ေသး႐ုပ္ေလးက ႐ုတ္တရက္ စကားဆိုလိုက္ေလသည္:

"ဒီဂိမ္းထဲမွာ ဝင္ကစားရင္းနဲ႔၊ ငါ ကံၾကမၼာကိုစိန္ေခၚျခင္း ဂိမ္းရဲ႕ ကြယ္ဝွက္ထားတဲ့ စည္းမ်ဥ္းတစ္ခုကို တျဖည္းျဖည္းနဲ႔ သိလာခဲ့တယ္။ အဲ့တာက အေျခအေနေတြ ဘယ္ေလာက္ပဲ ခက္ခဲၾကမ္းတမ္းေနပါေစ၊ ဂိမ္းက ကစားသူေတြကို ဘယ္ေတာ့မွ လက္ဦးမႈယူၿပီး သတ္ပစ္မွာမဟုတ္ဘူး။ သူက ကစားသူေတြကို ေမွ်ာ္လင့္ခ်က္ကုန္ဆုံးေအာင္ လုပ္လိမ့္မယ္။ ဒါေပမဲ့ အဲ့ဒီလို ေမွ်ာ္လင့္ကုန္ဆုံးေနတဲ့ အေျခအေနေအာက္မွာ ေမွ်ာ္လင့္ခ်က္ေရးေရးေလး တစ္ခုကို ေပးထားလိမ့္မယ္။ အဲ့ဒါေၾကာင့္ ငါ ယုံၾကည္တယ္။ မင္းသာ အသက္ရွင္ေနသ၍ ဂိမ္းထဲက ထြက္ၿပီး ခႏၶာကိုယ္ဆီ ျပန္သြားႏိုင္မယ့္ နည္းလမ္းတစ္ခု ေသခ်ာေပါက္ ရွိမွာပဲ။

အခုအခ်ိန္မွာေတာ့ ငါ ဘယ္လိုလုပ္ရမယ္ဆိုတာ မသိေသးဘူး။ ဒါေပမဲ့ ဆက္ၿပီး ကစားေနဦးမွာပဲ။ ဆက္ၿပီး အႏိုင္ယူေနဦ္းမွာပဲ။ အဲ့လိုနဲ႔ တစ္ေန႔က်ရင္ ငါ အေျဖတစ္ခု ရလာလိမ့္မယ္ဆိုတာ ယုံတယ္"

"ငါ....." မွန္ေလးက ျပန္ေျပာခ်င္ေနသည္။ မင္း ဘာလို႔ ငါ့အေပၚ ဒီေလာက္ ေကာင္းေပးတာလဲ? ငါ့ကိုလည္း တစ္ခါမွ တစ္ခုခုကို အတင္းလုပ္ခိုင္းဖူးတာမရွိဘူး။ အတတ္ႏိုင္ဆုံး ငါ့ကို မထိခိုက္ေအာင္လည္း ကာကြယ္ေပးခဲ့တယ္။ တကယ့္ကမာၻကို ျပန္ေရာက္ေတာ့လည္း ငါ့ မိသားစုကို သြားေတြ႕ေပးၿပီး၊ ငါ့ ခႏၶာကိုယ္ အေျခအေနကိုလည္း ၾကည့္ေပးခဲ့တယ္။ အခုလည္း ငါ့ကို ဂိမ္းထဲက ထြက္ၿပီး ခႏၶာကိုယ္ဆီ ျပန္ႏိုင္ေအာင္ ကူညီေပးဦးမယ္။

မွန္မွာ စကားလုံးမ်ား ထြက္က်မလာခဲ့ေခ်။ ရွင္ယဲ့ သူ မေျပာလည္း သူ ေျပာခ်င္သည့္ စကားအား ခန့္္မွန္းမိေလသည္။ ထို႔ေၾကာင့္ ဦးစြာ ေျဖၾကားလိုက္သည္:

"မင္း အရမ္းႀကီး ဝန္ထုပ္ဝန္ပိုးျဖစ္စရာ မလိုပါဘူး။ ငါက မင္းအတြက္ပဲ လုပ္တာမွ မဟုတ္တာ။ ငါ့အတြက္ငါလည္း ပါတယ္။ မင္းတင္ ဂိမ္းထဲက ထြက္သြားခ်င္တာ မဟုတ္ဘူး။ ငါလည္း ထြက္သြားခ်င္္တယ္။ ငါ ငါ့ကိုယ္ငါ ဂိမ္းရဲ႕ ကန္႔သတ္ခ်က္ေတြနဲ႔ ေနခြင့္ မေပးႏိုင္ဘူး။ ဒီကမာၻေတြထဲမွာပဲ တစ္သက္လုံး က်င္လည္မေနႏိုင္ဘူး။

ေနာက္ဆုံးအဆင့္ကို သြားတဲ့လမ္းမွာ၊ ငါတို႔ ဒီထက္မ်ားတဲ့ အခ်က္အလက္ေတြ ရဦးမွာပဲ။ အဲ့ထဲမွာ မင္း အရင္လို ျပန္ျဖစ္ႏိုင္မယ့္ နည္းလမ္း ေသခ်ာေပါက္ ရွိလိမ့္မယ္။ အဲ့ဒါက အပိုဆုပဲ။ စာေမးပြဲမွာပါတဲ့ ထပ္ေဆာင္းေမးခြန္းလိုေပါ့။ ၿပီးေတာ့ ခက္ခဲေပ့ဆိုတာေတြကိုမွ စိန္ေခၚခ်င္တာက ငါ့ရဲ႕ ဝါသနာပဲေလ"

ထို႔အျပင္၊ ရွင္ယဲ့က အေၾကာင္းတစ္္စုံတစ္ရာ မသိရွိခဲ့ရဘဲ ရွင္ေရွာ့မွာ ဂိမ္းထဲ၌ ေသဆုံးသြားျခင္းျဖစ္သည္။ ျဖစ္ၿပီးတဲ့ ကိစၥမ်ားက ျဖစ္ၿပီးႏွင့္ၿပီျဖစ္ကာ၊ ရွင္ယဲ့လည္း အခ်ိန္ေတြကို ေနာက္ျပန္္ဆုတ္ဖို႔ စြမ္းအားမရွိေပ။ သို႔ေသာ္ အနည္းဆုံးေတာ့ မွန္က အသက္ရွင္ေနေသးသည္။

ဒီလို ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနမ်ိဳးမွာေတာင္၊ မွန္က သူ၏ နဂိုမူလပုံစံေလးအတိုင္း သန္သန္မာမာႏွင့္ အေကာင္းျမင္ၿပီး ေနႏိုင္ေလသည္။

လုမင္းဇယ္က သူ႔ကိုယ္သူ လက္မေလွ်ာ့ခဲ့ေပ။ ထိုနည္းတူ ရွင္ယဲ့လည္း သူ႔ကို လက္ေလွ်ာ့မည္ မဟုတ္ေခ်။

အနည္းဆုံးေတာ့ သူ တစ္ေယာက္ေယာက္ကို ကယ္တင္ခြင့္ရခ်င္သည္။

ရွင္ယဲဲ့ သူ႔ရင္ဘတ္အား တစ္စုံတစ္ခုက တင္းၾကပ္စြာ ဖ်စ္ညႇစ္ထားသလို ခံစားေနရသည္။ တစ္ဆစ္ဆစ္ နာက်င္ကိုက္ခဲလာၿပီးေနာက္၊ ေအာင့္တက္လာခဲ့ေလသည္။ ေအာင့္တက္မႈေၾကာင့္ ထုံက်ဥ္လာရာ နာက်င္မႈအေၾကာင္းမေတြးမိလွ်င္ နာလို႔နာမွန္းေတာင္ သိမည္မဟုတ္ေခ်။

သူ လက္အား ရင္ဘတ္ေပၚသို႔ တင္လိုက္သည္။ သူ၏ ႏွလုံးခုန္သံကို မခံစားမိေပ။ ထို႔ေနာက္ သူ၏ လက္ျဖင့္ မ်က္လုံးမ်ားအား စမ္းၾကည့္မိရာ၊ ေအးစက္စက္ မ်က္ရည္စမ်ားကိုေတာင္ ခံစားမိမေနေခ်။

႐ုပ္ေသး႐ုပ္က မ်က္ရည္မရွိေပ။ သူတို႔ ခႏၶာကိုယ္မွာ ေရဓာတ္တစ္စြန္းတစ္စေတာင္ ရွိမေနသည့္အတြက္၊ ဘယ္ေလာက္ပဲ ဝမ္းနည္းေနပါေစ ငိုေႂကြးႏိုင္မည္ မဟုတ္ေခ်။

ဒီလို ကမာၻတစ္ခုထဲမွာ၊ ရွင္ယဲ့ စိတ္ရွိသေလာက္ ၿပိဳလဲႏိုင္သည္။ သူ၏ မ်က္ႏွာအမူအရာမွာလည္း ေျပာင္းလဲမွာ မဟုတ္သည့္အျပင္၊ ဘယ္သူကမွလည္း သူ၏ ကူကယ္ရာမဲ့မႈကို သတိထားမိမွာ မဟုတ္ေပ။

ပကတိမ်က္လုံးရွိသည့္ မွန္တစ္ေယာက္တည္းကသာ သူ႔ေဘးနားမွာ ရွိေနသည္။ ဒီလို ညအေမွာင္ထဲ၌ သူ႔ကိုယ္သူေတာင္ မကာကြယ္ႏိုင္မည္မွာ ေသခ်ာေသာ္လည္း၊ သူ႔အား တင္းတင္းၾကပ္ၾကပ္ ေထြးေပြ႕ထားေပးေနေလ၏။

ေကာင္းကင္ယံမွာ တျဖည္းျဖည္းႏွင့္ ေတာက္ပလာခဲ့သည္။ ေနအလင္းေရာင္ေအာက္ ရွင္ယဲ့ မတ္တတ္ရပ္လိုက္ကာ မွန္အား ဆိုလိုက္ေလသည္:

"ငါတို႔ ျပဳျပင္ဆိုင္ကို သြားၾကမယ္။ ဒီေန႔ အေႂကြးေတြဆပ္ၿပီးရင္၊ မင္းကို ေကာင္းေကာင္း ျပင္ဆင္ေပးမယ္။ မင္းက ႐ုပ္ေသးၿမိဳ႕ေတာ္ တစ္ခုလုံးမွာ အလွဆုံးမွန္ ျဖစ္လာေစရမယ္္"

"ဟုတ္ၿပီ!" မွန္မွာ ေမွာင္မိုက္သည့္ ညကို မျဖတ္ေက်ာ္ခဲ့ရသည့္အတိုင္း ရွင္ယဲ့၏ လက္ကို ခိုင္ၿမဲစြာ ဆုပ္ကိုင္လိုက္ေလသည္။

တစ္႐ုပ္က ရွည္၊ တစ္႐ုပ္က ပု၊ ႐ုပ္ေသး႐ုပ္ ႏွစ္႐ုပ္မွာ အမႈိက္ေကာက္သည့္ ဂုန္နီအိတ္ကို သယ္၊ ကိုယ္ေပၚ၌ ဂုန္နီစမ်ားပတ္၍၊ တထိန္ထိန္ ေတာက္ပေနေသာ ေနအလင္းေရာင္၏ ေအာက္၌ လမ္းေလွ်ာက္ကာ ဦးနစ္ခ္၏ ျပဳျပင္ဆိုင္သို႔ သြားခဲ့ၾကေလသည္။

ရွင္ယဲ့ ေခါင္းလွည့္၍ မွန္အား ၾကည့္လိုက္မိသည္။ ထိုအခ်ိန္ မွန္၏ ကိုယ္ထက္၌ ျဖာက်လ်က္ရွိေသာ ေနေရာင္က ရွင္ယဲ့၏ မ်က္လုံးထဲသို႔ စူးရွေတာက္ပစြာ ေရာင္ျပန္ဟပ္သြားေလသည္။ တဒဂၤေလာက္ မ်က္လုံးမ်ားပင္ ျပာသြားသည္။

မွန္မွာ အမွန္တကယ္ ေတာက္ပလြန္းသည္။ ရွင္ယဲ့ စိတ္ထဲမွ ေတြးလိုက္မိ၏။

ယေန႔ ျပဳျပင္ဆိုင္မွာ ပိတ္ေလသည္။ ေရွာင္နစ္ခ္ကြမ္းလင္က ဆိုင္ေနာက္ေပါက္မွေန၍ ရွင္ယဲ့ႏွင့္ မွန္ကို လာႀကိဳကာ၊ ဦးနစ္ခ္က သူတို႔ကို ေစာင့္ေနသည့္ ေနရာသို႔ ေခၚသြားေပးေလ၏။

ရွင္ယဲ့ကို ျမင္သည့္အခါ၊ ဦးနစ္ခ္က ခ်က္ခ်င္းပင္ ဆိုလိုက္ေတာ့၏: "မင္းတို႔ မိုင္းတြင္းမွာ ဘာေတြ ေတြ႕ခဲ့လဲ? ဒီေကာင္စုတ္က သူ ဝင္ရမွာ အရမ္းေၾကာက္လို႔ မဝင္ခဲ့ဘူးလို႔ေျပာတယ္။ မင္းပဲ သတၱဳ႐ိုင္းထုပ္ သယ္ၿပီး ျပန္လာတာဆို။ မင္း.... တစ္ခုခု ေတြ႕ခဲ့တယ္မလား?"

ကြမ္းလင္မွာ ဦးနစ္ခ္၏ ရည္႐ြယ္ခ်က္ အမွန္အား မခန္႔မွန္းႏိုင္မည္ကို ေၾကာက္သျဖင့္ ဘာမွ မေျပာျပရဲခဲ့ေပ။ ရွင္ယဲ့ေျဖရွင္းေပးမည္ကိုသာ ေစာင္ေနခဲ့ျခင္းျဖစ္သည္။

ရွင္ယဲ့က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဂုန္နီအိတ္ထုပ္ကို စားပြဲေပၚတြင္ခ်ကာ ဖြင့္ျပလိုက္သည္။ ထို႔ေနာက္ သတၱဳ႐ိုင္းအတုံးႀကီး ငါးတုံးကို ထုတ္ကာ ဦးနစ္ခ္အား ဆိုလိုက္ေလ၏: "ဒီေလာက္ဆို ကြၽန္ေတာ္နဲ႔ မီးျခစ္ဆံတို႔ ဦးေလးဆီ တင္ေနတဲ့ အေႂကြးေက်ၿပီ ထင္တယ္"

"အေႂကြးက အေရးမႀကီးဘူး။ အေရးႀကီးတာက မင္း မိုင္းတြင္းမွာ ဘာေတြ ျမင္ခဲ့သလဲဆိုတာပဲ!" ဦးနစ္ခ္မွာ အလြန္ေဒါသထြက္လာေလရာ၊ ႏွာေခါင္းေအာက္ရွိ အေပါက္မွ ေရေႏြးေငြ႕မ်ားထြက္လာၿပီး၊ ႏႈတ္ခမ္းေမႊးႀကီးေတာင္ ေလေပၚ ေျမႇာက္တက္သြားေလေတာ့သည္။

ရွင္ယဲ့ ေအးေအးလူလူျဖင့္ ထိုင္ခုံေပၚတြင္ထိုင္လိုက္ၿပီးေနာက္၊  ကြမ္းလင္အား ဆိုလိုက္သည္: "မင္း အေဖကို သံပတ္ေလးလွည့္ေပးလိုက္ပါဦး။ အဲ့လိုနဲ႔ စြမ္းအင္ေတြကုန္တာ ျမန္ေတာ့မယ္"

ကြမ္းလင္မွာ ရယ္ခ်င္စိတ္ကို ထိန္းထားၿပီး၊ ဦးနစ္ခ္၏ ေက်ာေနာက္က သံပတ္ကို ရွာကာ လွည့္ေပးလိုက္ေလ၏။

ဦးနစ္ခ္က စိတ္ဆိုးမာန္ဆိုးျဖင့္ သူ႔အား တြန္းဖယ္လိုက္ကာ၊ ေျပာင္းေခ်ာေသနတ္တစ္လက္ကို ေကာက္ယူ၍ ရွင္ယဲ့အား ခ်ိန္လ်က္ ဆိုလိုက္ေလေတာ့သည္: "မင္း ငါ့ကို လာ ေနာက္ေနတာလား?"

သူက ရွင္ယဲ့ကို ၿခိမ္းေျခာက္ႏိုင္မည္ဟု ထင္ခဲ့သည္။ သို႔ေသာ္ သတိမထားမိလိုက္သည့္အခ်ိန္တြင္ ေသးငယ္ေသာ သဏၭာန္တစ္ခုက ဦးနစ္ခ္ေရွ႕သို႔ ရိပ္ခနဲ ျဖတ္သန္းသြားခဲ့သည္။ ထို႔ေနာက္ ေျပာင္းေခ်ာေသနတ္မွာ ေပ်ာက္ရွသြားကာ၊ သံဂေဟေဆာ္ထားသည့္ မီးျခစ္ဆံ႐ုပ္၏ လက္ထဲ၌ ေပၚထြက္လာခဲ့ေလ၏။

"မီးျခစ္ဆံ႐ုပ္ေသး႐ုပ္တစ္႐ုပ္က ငါ့လက္ထဲက လက္နက္ကို တကယ္ႀကီး လုႏိုင္တယ္? ငါ မေန႔က မင္း ခႏၶာကိုယ္ကို စစ္ၾကည့္ပါေသးတယ္။ မင္းရဲ႕ အားက ဒီေလာက္ မေကာင္းႏိုင္ပါဘူး။ အရွိန္ကလည္း အဲ့ေလာက္ျမန္စရာ အေၾကာင္းမရွိဘူး။ မေန႔က မင္း ခႏၶာကိုယ္ကို ဘယ္သူ ေျပာင္းေပးလိုက္တာလဲ?" ဦးနစ္ခ္၏ အာ႐ုံမွာ ေခ်ာင္ခ်န္႔ဆီသို႔ ေရာက္ရွိသြားၿပီး သူမကို စူးစိုက္ၾကည့္လိုက္ေလ၏: "မင္းတို႔ မိုင္းတြင္းထဲမွာ ဘယ္သူနဲ႔ ေတြ႕ခဲ့တာလဲ?"

ေခ်ာင္ခ်န္႔က ဘာမွျပန္မေျပာေပ။ ရွင္ယဲ့လည္း ျပန္လည္ေျပာဆိုျခင္း မရွိေပ။ သူတို႔က ဦးနစ္ခ္၏ အျပဳအမူမ်ားကိုသာ ေစာင့္ၾကည့္ေနၾကသည္။

"မီးျခစ္ဆံ႐ုပ္ကို ရွိသင့္တဲ့ ခႏၶာကိုယ္စြမ္းရည္ေတြထက္ ေက်ာ္လြန္ေအာင္္လုပ္ႏိုင္တဲ့ နည္းပညာကို ေပးႏိုင္တဲ့ လူက ဆရာႀကီး ဘန္းနဒစ္အျပင္ ဘယ္သူရွိဦးမွာလဲ?" ဦးနစ္ခ္က ေခ်ာင္ခ်န္႔၏ ပိန္ပိန္ပါးပါး လက္ေလးႏွစ္ဖက္ကို စိတ္လႈပ္ရွားစြာ ကိုင္တြယ္လိုက္ေလ၏။ "မင္း ငါ့ကို ေျပာစမ္း။ မင္း ဆရာႀကီးကို ေတြ႕ခဲ့တယ္မလား? ဆရာႀကီးက မင္းခႏၶာကိုယ္ကို ေျပာင္းေပးလိုက္တာမလား?"

သူ၏ ထိုအျပဳအမူက ဘန္းနဒစ္အေပၚ ရန္လိုစိတ္ရွိပုံ ေပၚမေနေခ်။

ဦးနစ္ခ္၏ နာမည္မွာလည္း ဘန္းနဒစ္ထံမွ တစ္ဝက္ယူထားျခင္း ျဖစ္သည့္အျပင္၊ အခုခ်ိန္ထိ ဆရာႀကီးက သူ႔ကို သတ္မွတ္ေပးထားသည့္ ဇာတ္ေကာင္အတိုင္း ႐ုပ္ေသးၿမိဳ႕ေတာ္ရွိ ႐ုပ္ေသးအားလုံးကို ဝန္ေဆာင္မႈ ေပးခဲ့ေလသည္။ ႏွစ္ေပါင္းၾကာရွည္သည့္တိုင္ေအာင္ ေျပာင္းလဲျခင္း မရွိခဲ့ေခ်။

ရွင္ယဲ့ ေတြးဆၿပီးေနာက္ ဆိုလိုက္သည္: "ကြၽန္ေတာ္တို႔ အဖြဲ႕တစ္ဖြဲ႕ကို ေတြ႕ခဲ့တယ္။ သူတို႔ကိုယ္ေပၚမွာ ဒီလို တံဆိပ္ေတြ ရွိေနတယ္"

သူက ဦးနစ္ခ္ဆီမွာ ခဲတံတစ္ေခ်ာင္း ေတာင္းလိုက္ၿပီး၊  မိုင္းတြင္းထဲ၌ ေတြ႕ခဲ့ရသည့္ ႐ုပ္ေသး႐ုပ္အေလာင္းမ်ားေပၚက တံဆိပ္ကို ေရးဆြဲျပလိုက္သည္။

ထို ႐ုပ္ေသး႐ုပ္မ်ားမွာ ၿမိဳ႕ပိုင္က လႊတ္လိုက္သည့္ ႐ုပ္ေသး႐ုပ္မ်ားပင္ ျဖစ္၏။

T/N

အကုန္လုံး ေစာင့္ေနေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ အခု အရင္လို ရက္သတ္မွတ္ၿပီး upေပးဖို႔ အဆင္မေျပေတာ့ေပမဲ့ အတတ္ႏိုင္ဆုံး ပုံမွန္ upေပးပါမယ္။ Ai nimen❤️❤️









Continue Reading

You'll Also Like

1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
649K 87.8K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
741K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
103K 7.4K 104
(Second Album)តពីអាល់ប៊ុបមួយទៀតព្រោះតែអាទី1ពេញហើយ😅