Unicode
လူငယ်အုပ်စုရဲ့ခေါင်းတွေမှာချက်ချင်းငုံ့ကိုင်းသွားသည်။သူတို့ကခေါင်းမာတာမျိုးမဟုတ်ပေမယ့်ရှောင်ကျန့်ရဲ့စကားကိုမငြင်းဆန်နိုင်ပဲရှိနေသည်။အတန်ကြာမှပါးစပ်သွက်သည့်ဖူးချီဆိုသည့်လူငယ်ကမနေနိုင်စွာပြန်ပြောလိုက်မိသည်။
"ခင်ဗျားအစတည်းကဒီနေရာမှာvampireတွေချည်းနေကြောင်းပြောပြလိုက်ပါတော့လား....ဒါဆိုကျွန်တော်တို့လည်းဒီနေရာကြီးမှာပိတ်မိစရာအကြောင်းမရှိတော့ဘူး"
"ဖူးချီ!!"
ကျန်လူတွေကဖူးချီကိုအော်ငေါက်၍တိတ်တိတ်နေရန်အချက်ပြလိုက်သည်။သို့ပေမယ့်ရှောင်ကျန့်ကဖူးချီ၏စကားကိုစိတ်မဆိုးပေ။
"ငါကမပြောချင်ဖူးလို့မင်းတို့ထင်လို့လား...."
"....."
"မင်းတို့ကvampireမျိုးနွယ်ရဲ့စည်းမျဥ်းစည်းကမ်းတွေကိုဘာမှနားလည်မှာမဟုတ်ဘူး.....မင်းတို့ကိုvampireမျိုးနွယ်ဝင်တွေအကြောင်းပြောပြလိုက်ရင်ငါကမျိုးနွယ်စုရဲ့သစ္စာဖောက်တစ်ယောက်ဖြစ်သွားလိမ့်မယ်.....အဲ့ဒီအခါကျငါကကွပ်မျက်ခံရမှာ...."
"....."
"တကယ်လို့ငါကရုတ်တရတ်ကြီးမင်းတို့ကိုသူတို့အားလုံးကသွေးစုပ်ဖုတ်ကောင်တွေပါလို့လာပြောခဲ့ရင်ရော......မင်းတို့ယုံမှာတဲ့လား"
"....."
ဖူးချီအပါအဝင်လူတိုင်း၏မျက်နှာမှာအတန်ငယ်ကြောင်အမှင်သပ်သွားရင်းအတော်လေးအားနာမိသွားသည်။
"ထားလိုက်တော့......မင်းတို့ကိုငါအတတ်နိုင်ဆုံးလွတ်မြောက်အောင်ကူညီပြီးအချိန်ဆွဲထားပေးမယ်...."
"ခင်ဗျားကဘာကြောင့်ကျွန်တော်တို့ကိုကူညီနေရတာလဲ....."
လီဆောဘတ်ကရှောင်ကျန့်ကိုသိချင်စိတ်ဖြင့်ကြည့်ကာမေးသည်။
"ဘာဖြစ်လို့လဲဆိုတော့ငါ့အမေကလူသားဖြစ်နေလို့...."
"???"
"ငါကvampireသွေးနှောလေ....ဒါကြောင့်vampireအစစ်တွေလိုအသိစိတ်မပျောက်သွားတာ...."
"တ...တကယ်လို့တတ်နိုင်မယ်ဆိုရင်လင်သုန့်ကိုအရင်ဆုံးကူရှာပေးလို့ရမလား"
လင်ယုရောင်ကရှောင်ကျန့်ကိုတောင်းဆိုသလိုမျက်လုံးတွေဖြင့်ကြည့်ကာမေးသည်။သူ့ညီကိုသူသေလောက်အောင်စိုးရိမ်ပူပန်သည်မှာပြောစရာတောင်မလိုပေ။
ရှောင်ကျန့်ကပြန်ဖြေဖို့ရန်ပါးစပ်ဟလိုက်ပြီးနောက်သူ့ရဲ့မျက်နှာမှာအနည်းငယ်ပြောင်းလဲသွားသည်။သူကအမှောင်ကျသည့်ထောင့်တစ်နေရာသို့သတိထားသည့်မျက်လုံးတွေနှင့်လောကြီးစွာလှည့်ကြည့်လိုက်သည်။
တစ်ခြားသူတွေနားမလည်နိုင်သေးခင်မှာပဲအမှောင်ထဲကနေတောက်ပတဲ့သွေးနီရောင်မျက်ဝန်းဝိုင်းတစ်စုံထွက်ပေါ်လာ၏။တစ်ဖြည်းဖြည်းနှင့်ရွေ့လျားလာပြီးနောက်၎င်းသွေးနီရောင်မျက်ဝန်း၏ပိုင်ရှင်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။ရှောင်ကျန့်ကအံ့အားသင့်စွာအသံထွက်လာသည်။
"သခင်လေး...."
တစ်ခြားသူတွေသတိမထားမိသော်လည်းရှောင်ကျန့်ဟာvampireတစ်ကောင်၏အမြင်အာရုံကြောင့်တစ်ကိုယ်လုံးနီရဲနေသည့်ဟေးလစ်ခ်လေးကိုသတိထားမိသည်။ကလေးငယ်လေးကသူတစ်ခါမှမတွေ့ခဲ့ဖူးသည့်အားလျော့ခြင်းများစွာဖြင့်ဖျော့တော့စွာသူ့ဆီခက်ခက်ခဲခဲကြိုးစား၍လျှောက်လာသည်။
"p...pig...."
ဟေးလစ်ခ်၏သေးငယ်သောခန္ဓာကိုယ်လေးမှာအားလုံးအရှေ့၌ပင်ယိုင်နဲ့လဲကျလာသည်။ရှောင်ကျန့်ကလျှပ်စီးလိုမျိုးအမြန်နှုန်းဖြင့်vampireငယ်လေးကိုဆီးကြိုပွေ့ယူလိုက်သည်။ကလေးငယ်၏အသားအရည်မှာလွန်စွာပူပြင်းနေကြောင်းသတိထားမိသွားသည့်အခါတွင်ရှောင်ကျန့်မှာလွန်စွာထိတ်လန့်တုန်လှုပ်သွား၏။
ဟေးလစ်ခ်ကရှောင်ကျန့်ရဲ့ရင်ခွင်ထဲကနေအတတ်နိုင်ဆုံးပိုမိုတိုးဝင်ပူးကပ်လာလျက်သက်သာရာရမည့်အနေအထားကိုကြိုးစားရှာဖွေနေသည်။သူ့ရဲ့ပါးစပ်သေးသေးလေးမှာကုန်းပေါ်ကငါးတစ်ကောင်လိုမျိုးအသက်ကိုလုရှုနေရသည်။
"ကျွန်တော်....ပူ..တယ်..."
တစ်ကိုယ်လုံးငရဲမီးလိုပူကျစ်နေသည့်vampireငယ်လေးကိုပွေ့ဖက်ထားသည့်ရှောင်ကျန့်မှာတစ်ယောက်တည်းပြာယာခတ်နေရရှာသည်။သူ့စိတ်ထဲဖြစ်နိုင်ချေရှိသည့်တစ်စုံတစ်ခုကိုတွေးတောမိလိုက်သည်။
သွေးဆင့်ကဲပြောင်းလဲခြင်း။
ဟေးလစ်ခ်၏vampireအသွင်သွေးဆင့်ကဲပြောင်းလဲခြင်းကသွေးနီရောင်လပြည့်ည၌စတင်လာခဲ့သည်။ဒါပေမယ့်ဟေးလစ်ခ်၏အသက်အရွယ်မှာအရမ်းငယ်လွန်းနေသေးသည်။သူတစ်ခါမှအသက်၃နှစ်ထဲနဲ့သွေးဆင့်ကဲပြောင်းလဲခဲ့ဖူးသည့်vampireရှိကြောင်းမကြားခဲ့ဖူးပေ။
ဥပမာပြရရင် လီ၊အေ၊ဝိုင်တို့အမွှာသုံးယောက်မှာအသက်၅နှစ်ကျော်သွားသော်လည်းသွေးဆင့်ကဲပြောင်းလဲမှုနှင့်ကြုံရန်အတော်လေးလိုနေသေးသည်။vampireငယ်လေးတွေကအနည်းဆုံးအသက်၁၀နှစ်ကျော်မှသာသွေးဆင့်ကဲပြောင်းလဲမှုကိုစတင်နိုင်ကြသည်။
"သူ....သူကလည်းvampireပဲလား..."
ရှောင်ကျန့်ရင်ခွင်ထဲရှိကလေးငယ်ကိုကြည့်ကာဖူးချီကတုန်တုန်ရီရီမေးသည်။သူတို့၏ဒီကလေးငယ်အပေါ်ကြောက်ရွံ့မှုမှာမေ့ဖျောက်မရသေးပေ။
ရှောင်ကျန့်ဟာဟေးလစ်ခ်၏ခန္ဓာကိုယ်သေးသေးလေးကိုသူ့ရင်ခွင်ထဲနူးနူးညံ့ညံ့ထွေးပွေ့ထားရင်းမတ်တပ်ထရပ်လိုက်သည်။သူကဖူးချီ၏မေးခွန်းကိုပြန်လည်ဖြေကြားခြင်းမရှိပဲမထူးမခြားနားဟန်သာစိုက်ကြည့်သည်။
'အုန်းသီး'
[ဗျာhost....]
'လင်သုန့်ကဇာတ်လိုက်အယ်ဗင်ရဲ့လက်ထဲမှာမလား...."
[အယ်....hostဘယ်လိုသိတာလဲ...]
ရှောင်ကျန့်ကမသိမသာမျက်ဆန်လှန်လိုက်၏။
'မူလဇာတ်ကြောင်းထဲကအတိုင်းလင်သုန့်vampireအဖြစ်ပြောင်းလဲမှာကိုတားမြစ်ဖို့လွယ်တယ်များမင်းထင်နေလား'
[.....]
'သူတို့ဘယ်မှာလဲ'
[ငါးထပ်မြောက်....အပေါ်ဆုံးအထပ်မှာပါhost]
'အင်း....ငါသိပြီ....'
ရှောင်ကျန့်ကအူကြောင်ကြောင်အဖွဲ့ကိုကြည့်ကာပြောသည်။
"ငါ့နောက်လိုက်ခဲ့......ဒီအခန်းကသိပ်မလုံခြုံဘူး.....ဒီတံခါးလောက်နဲ့သူတို့ကိုတားဖို့ကလုံးဝမဖြစ်နိုင်တာကိုမင်းတို့သိထားသင့်တယ်....အရေးကြီးဆုံးက...သူတို့အားလုံးကလူသားတွေကိုအနံ့ခံနိုင်ကြတယ်...."
"....."
ရှောင်ကျန့်ကဦးဆောင်၍အခန်းထဲမှထွက်လာသည်။လူခုနှစ်ယောက်လုံးမှာကုပ်ကုပ်လေးသူ့အနောက်ကနေတုန်တုန်ရီရီလိုက်ပါလာကြသည်။vampireတော်တော်များများကအလစ်အငိုက်တိုက်ခိုက်တာမျိုးရှိသော်လည်းပဲရှောင်ကျန့်ကအလွယ်တကူရှင်းလင်းလိုက်နိုင်သည်။အစုလိုက်အပြုံလိုက်လာရောက်တိုက်ခိုက်တာမျိုးမဟုတ်ရင်တစ်ကောင်စနှစ်ကောင်စလောက်ကိုတော့သူအလွယ်တကူထိန်းချုပ်နိုင်သည်။
ယခုလောလောဆည်သူ့အတွက်အရေးကြီးဆုံးကသူ့ရင်ခွင်ထဲရှိvampireငယ်လေး၏လုံခြုံရေးသာဖြစ်သည်။သွေးဆင့်ကဲပြောင်းလဲဖို့ရန်အတွက်လုံခြုံစိတ်ချရမည့်နေရာတစ်ခုကိုလိုအပ်သည်။ထိုအချိန်ကဟေးလစ်ခ်အတွက်အားအနည်းဆုံးနဲ့အကာကွယ်မဲ့ဆုံးအချိန်ဖြစ်တာကြောင့်ပိုတောင်အရေးကြီးသေးသည်။
၎င်းကအချိန်ဘယ်လောက်ကြာမြင့်နိုင်မှန်းသူလည်းမသိပေ။တစ်ချို့vampireငယ်လေးတွေကသွေးဆင့်ကဲပြောင်းလဲရာတွင်လပိုင်းလောက်ပဲကြာမြင့်နိုင်သလိုနှစ်နဲ့ချီကြာမြင့်တာမျိုးလည်းဖြစ်နိုင်သည်။
အခုသူလုပ်ဖို့ရန်လိုတာကဒီအဖွဲ့ကိုလုံခြုံတဲ့နေရာပို့ပြီးလျှင်ဇာတ်လိုက်အယ်ဗင်ဆီသွား၍ဟေးလစ်ခ်လေးအားလုံခြုံစိတ်ချမှုရှိစေရန်အပ်ရမည်။ပြီးနောက်vampireခေါင်းဆောင်ဇာတ်လိုက်ကြီးလက်ထဲကနေလင်သုန့်ကိုကယ်ထုတ်၍တောထဲကနေအတတ်နိုင်ဆုံးခေါ်ထုတ်ပေးသွားဖို့ရန်လိုအပ်ပေသည်။
ခြုံခိုတိုက်ခိုက်သည့်စိတ်လွတ်သွေးဆာနေသောvampireတွေကပိုပိုများပြားလာသည်။ခပ်ဝဝခန္ဓာကိုယ်နှင့်ရှောင်ကျန့်မှာခန္ဓာကိုယ်ထက်စိတ်ကပို၍ပင်ပန်းနွမ်းနယ်လာသည်ကိုခံစားမိသည်။
သူ့ရင်ခွင်ထဲကနာကျင်ခံစားနေရတဲ့ကလေးငယ်လေးကိုအပြင်အနောက်ကလူငယ်အုပ်စုကိုလည်းအတတ်နိုင်ဆုံးထိခိုက်ဒဏ်ရာမရစေရန်ကာကွယ်ပေးထားရသည်မဟုတ်ပါလား။
မြွေလိမ်မြွေကောက်ကဲ့သို့ကော်ရစ်တာလမ်းတွေကိုခက်ခက်ခဲခဲဖြတ်ကျော်ပြီးနောက်သူတို့အဖွဲ့မှာကျယ်ဝန်းသည့်ဧည့်ခန်းသို့ရောက်ရှိလာကြသည်။
ဧည့်ခန်း၏အလည်တည့်တည့်၌အရပ်မြင့်မြင့်ဖြင့်သဏ္ဍာန်တစ်ခုမှာသူတို့ကိုဆီးကြိုနေသည်။ဆိုဘတ်၏နဂိုမူလနူးညံ့သိမ်မွေ့သည့်ဟန်ပန်မှာလုံးဝပျောက်ကွယ်နေပြီးသူ့ရဲ့သွေးနီရောင်မျက်ဆံတွေမှာဖုံးကွယ်မရအောင်ကြမ်းကြုတ်နေသည်။
ဧည့်ခန်းထဲ၌ဆိုဘတ်အပြင်တစ်ခြားvampireအစေခံတစ်ဒါဇင်ကျော်လောက်ရှိနေသေးသည်။သူတို့အားလုံးကအသိစိတ်လုံးဝလွတ်ထွက်နေပြီမှန်းခန့်မှန်းစရာကိုမလိုချေ။အကယ်၍မျိုးရိုးမြင့်vampireဖြစ်တဲ့ဆိုဘတ်သာရှိမနေခဲ့ရင်ချက်ချင်းကိုသူတို့ရှေ့ကလူသားတွေအား ခုန်အုပ်၍သွေးတွေတစ်စက်ကလေးမှမကျန်သည်အထိစုပ်ယူပြစ်လိုက်နိုင်သည်။
ဟေးလစ်ခ်၏လက်သေးသေးလေးတွေမှာရှောင်ကျန့်ရဲ့ရင်ဘတ်ရှိအင်္ကျီအစနားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ကလေးငယ်၏ပူသထက်ပူပြင်းလာသည့်ခန္ဓာကိုယ်အထိအတွေ့ကိုခံစားမိသည့်အခါတွင်ရှောင်ကျန့်မှာပို၍စိုးရိမ်ပူပန်လာမိသည်။
'အုန်းသီး'
[ဗျာ....ဗျာ....]
'အနောက်ကအဖွဲ့ကိုvampireတွေရန်ကနေကာကွယ်နိုင်တဲ့ပစ္စည်းတစ်ခုခုရှိလား...'
[ရှိတယ်host....ကာကွယ်ရေးဖန်လုံးတစ်ခုပဲ....ဘယ်တိုက်ခိုက်မှုကိုမဆိုတစ်နာရီတိတိကာကွယ်ပေးနိုင်တယ်....points2000တည်းရယ်]
'ဝယ်လိုက်....'
[ဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်host]
ရှောင်ကျန့်လက်ထဲ၌ကြည်လင်တဲ့ဖန်လုံးတစ်ခုပေါ်ပေါက်လာပြီးနောက်လင်ယုရောင်တို့အဖွဲ့ဆီပစ်ပေးလိုက်သည်။
"ဖန်လုံးကိုကိုင်ပြီးတစ်ဖွဲ့တည်းစုနေ....ဒါကမင်းတို့ကိုတစ်နာရီတိတိဘယ်တိုက်ခိုက်မှုကမဆိုကာကွယ်ပေးလိမ့်မယ်....ဒီကနေမြန်မြန်ထွက်သွားတော့....ခြံထဲမှာပြန်တွေ့မယ်...."
လင်ယုရောင်ကသူ့ညီလင်သုန့်နဲ့ပတ်သပ်၍မေးချင်သော်လည်းပြန်လည်ထိန်းချုပ်လိုက်သည်။
တစ်ယောက်လက်တစ်ယောက်ဆွဲဆွဲမြဲမြဲချိတ်လျက်ထွက်ပေါက်ရှိရာဆီကမန်းကတန်းပြေးထွက်သွားကြ၏။ဆိုဘတ်ကလူသားတွေစတင်လှုပ်ရှားတာကိုမြင်သည်နှင့်ကြောက်မက်ဖွယ်ရာအရှိန်ဖြင့်ပြေးဝင်တိုက်ခိုက်လာသည်။တစ်ခြားသောvampireတစ်အုပ်မှာလည်းဆိုဘတ်နည်းတူလှုပ်ရှားလာ၏။
သို့ပေမယ့်သူတို့အားလုံးကိုရှောင်ကျန့်ကချက်ချင်းတားဆီးလိုက်သည်။
'အုန်းသီး'
[ဘာအလိုရှိသေးလို့ပါလဲhost....]
'vampireတွေကိုအချိန်ဆွဲပေးနိုင်တဲ့ပစ္စည်းကောင်းလေးဘာလေးများမရှိတော့ဘူးလား'
[အုန်းသီးတို့ဆီမှာဘယ်ပစ္စည်းကိုမဆိုရနိုင်ပါတယ်hostရဲ့....တိုက်ခိုက်ရေးကိုယ်ပွားတစ်ခုကိုဝယ်ယူလိုပါသလားhost....]
'သူတို့တွေကိုထိန်းနိုင်လား....'
[နာရီဝက်တိတိဘယ်သူ့ကိုမဆိုအချိန်ဆွဲတိုက်ခိုက်ပေးနိုင်ပါတယ်.....ကျသင့်ငွေကတော့points2500တည်းပါဗျ]
'ဝယ်လိုက်'
[ဟုတ်]
ချက်ချင်းပင်မှုန်ဝါးဝါးအဖြူရောင်အရိပ်တစ်ခုမှာရှောင်ကျန့်အရှေ့ပေါ်ပေါက်လာသည်။၎င်းအရိပ်ကတစ်ခြားသောကိုယ်ပွားတွေများစွာခွဲထုတ်၍vampireအစေခံတွေနှင့်တိုက်ခိုက်စေသည်။အရိပ်ကိုယ်တိုင်ကတော့အိမ်တော်ထိန်းဆိုဘတ်နှင့်ကိုယ်တိုင်ကိုယ်ကျအပြင်းအထန်ဝင်ရောက်တိုက်ခိုက်သည်။
ရှောင်ကျန့်မှာအချိန်မဆွဲဝံ့ပဲပေါ့ပါးစွာတစ်ချက်ခုန်လိုက်သည်။တစ်ခဏအတွင်းမှာတင်ရှောင်ကျန့်ဟာဒုတိယအထပ်သို့ရောက်သည်အထိခုန်လိုက်နိုင်သည်။သူ့ရဲ့အရှိန်မှာလွန်စွာလျှင်မြန်၍ချက်ချင်းပင်ထိုနေရာမှပျောက်ကွယ်သွား၏။သူပြန်ပေါ်လာချိန်၌တတိယထပ်သို့ရောက်ရှိနေပြီဖြစ်သည်။
ဒီလိုနဲ့vampireတစ်ကောင်၏လုပ်နိုင်စွမ်းကိုအစွမ်းကုန်အသုံးချ၍ခဏလေးအတွင်းမှာတင်ပဥ္စမထပ်သို့ရောက်ရှိသွားခဲ့သည်။တံခါးကိုတွန်းဖွင့်လိုက်သည်နှင့်အခန်းတွင်းမှအခြေနေအရပ်ရပ်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။
လက်ရှိတွင်အယ်ဗင်မှာလင်သုန့်၏လည်ပင်းထက်၌ခေါင်းစိုက်၍အငမ်းမရသွေးစုပ်လို့နေသည်။လင်သုန့်၏အသားရေမှာတဖြည်းဖြည်းရှုံ့တွလာပြီးသွေးကုန်ဆုံးမှုကြောင့်တစ်ကိုယ်လုံးကြောက်မက်ဖွယ်ကောင်းစွာဖြူဖျော့နေသည်။
အယ်ဗင်ဟာရှောင်ကျန့်ကိုမြင်သည့်အခါတွင်သေလုဆဲဆဲလင်သုန့်ကိုကြမ်းပြင်ထက်သို့ဗုန်းကနဲပြစ်ချလိုက်သည်။သူ့ရဲ့သွေးနီရောင်မျက်ဝန်းတွေမှာစိတ်လွတ်နေကြောင်းသိသာနေပါသော်လည်းတစ်ခြားသူတွေလိုမျိုးသားရိုင်းကောင်ကဲ့သို့တော့မဖြစ်သွားပေ။အနည်းဆုံးတော့အရေးကြီးသည့်ကိစ္စရပ်များနှင့်သူနဲ့ရင်းနှီးသည့်လူတွေကိုခွဲခြားတုန့်ပြန်နိုင်သေးသည်။
"မင်းဘာလာလုပ်တာလဲ....."
အယ်ဗင်ကသူ့ရဲ့အစွယ်ဖွေးဖွေးတွေကိုလျှာဖြင့်လျက်လိုက်ရင်းသွေးနီရောင်မျက်ဝန်းတွေကိုပင့်ကြည့်လျက်မေးသည်။
"သခင်လေး....သူ....သွေးဆင့်ကဲပြောင်းလဲနေပြီထင်တယ်...."
အယ်ဗင်၏ဘာကိုမှဂရုမစိုက်သည့်မျက်နှာထားမှာအကြီးအကျယ်ပြောင်းလဲသွားပြီးအလန့်တကြားဖြင့်ရှောင်ကျန့်လက်မောင်းတွေထဲကွေးဝင်နေသည့်ဟေးလစ်ခ်ဆီလျှောက်လာ၏။သူကဟေးလစ်ခ်၏နီရဲတွတ်နေသည့်ခန္ဓာကိုယ်အပူရှိန်ကိုခံစားမိသည့်အခါတွင်လုံးဝလေးလေးနက်နက်မျက်မှောင်ကြုတ်လိုက်သည်။
"မင်းပြောတာမှန်တယ်.....ဒီလိုအချိန်ကျမှကောက်ခါငင်ခါထဖြစ်သွားမယ်မှန်းငါတကယ်မထင်ထားဘူး...."
အယ်ဗင်ကရှောင်ကျန့်ဆီကနေvampireငယ်လေးကိုလွှဲပြောင်းယူဖို့ရန်လုပ်သည်။သို့သော်လည်းဟေးလစ်ခ်ဟာသတိလစ်မေ့မြောနေပြီဖြစ်မှန်းသိသာသော်လည်းပဲရှောင်ကျန့်ကိုလုံးဝအလွတ်ပေးခြင်းမရှိပဲတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသေးသည်။ကလေးငယ်ကမျက်မှောင်တင်းတင်းကြုတ်ထားရင်းတစ်ဖက်လူကိုလက်လွှတ်ပေးလိုက်ဖို့ရန်မသိစိတ်ထဲကကြောက်လန့်နေဟန်လည်းရသည်။
__________________________________________________________
Zawgyi
လူငယ္အုပ္စုရဲ႕ေခါင္းေတြမွာခ်က္ခ်င္းငုံ႕ကိုင္းသြားသည္။သူတို႔ကေခါင္းမာတာမ်ိဳးမဟုတ္ေပမယ့္ေရွာင္က်န့္ရဲ႕စကားကိုမျငင္းဆန္နိုင္ပဲရွိေနသည္။အတန္ၾကာမွပါးစပ္သြက္သည့္ဖူးခ်ီဆိုသည့္လူငယ္ကမေနနိုင္စြာျပန္ေျပာလိုက္မိသည္။
"ခင္ဗ်ားအစတည္းကဒီေနရာမွာvampireေတြခ်ည္းေနေၾကာင္းေျပာျပလိုက္ပါေတာ့လား....ဒါဆိုကြၽန္ေတာ္တို႔လည္းဒီေနရာႀကီးမွာပိတ္မိစရာအေၾကာင္းမရွိေတာ့ဘူး"
"ဖူးခ်ီ!!"
က်န္လူေတြကဖူးခ်ီကိုေအာ္ေငါက္၍တိတ္တိတ္ေနရန္အခ်က္ျပလိုက္သည္။သို႔ေပမယ့္ေရွာင္က်န့္ကဖူးခ်ီ၏စကားကိုစိတ္မဆိုးေပ။
"ငါကမေျပာခ်င္ဖူးလို႔မင္းတို႔ထင္လို႔လား...."
"....."
"မင္းတို႔ကvampireမ်ိဳးႏြယ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကိုဘာမွနားလည္မွာမဟုတ္ဘူး.....မင္းတို႔ကိုvampireမ်ိဳးႏြယ္ဝင္ေတြအေၾကာင္းေျပာျပလိုက္ရင္ငါကမ်ိဳးႏြယ္စုရဲ႕သစၥာေဖာက္တစ္ေယာက္ျဖစ္သြားလိမ့္မယ္.....အဲ့ဒီအခါက်ငါကကြပ္မ်က္ခံရမွာ...."
"....."
"တကယ္လို႔ငါက႐ုတ္တရတ္ႀကီးမင္းတို႔ကိုသူတို႔အားလုံးကေသြးစုပ္ဖုတ္ေကာင္ေတြပါလို႔လာေျပာခဲ့ရင္ေရာ......မင္းတို႔ယုံမွာတဲ့လား"
"....."
ဖူးခ်ီအပါအဝင္လူတိုင္း၏မ်က္ႏွာမွာအတန္ငယ္ေၾကာင္အမွင္သပ္သြားရင္းအေတာ္ေလးအားနာမိသြားသည္။
"ထားလိုက္ေတာ့......မင္းတို႔ကိုငါအတတ္နိုင္ဆုံးလြတ္ေျမာက္ေအာင္ကူညီၿပီးအခ်ိန္ဆြဲထားေပးမယ္...."
"ခင္ဗ်ားကဘာေၾကာင့္ကြၽန္ေတာ္တို႔ကိုကူညီေနရတာလဲ....."
လီေဆာဘတ္ကေရွာင္က်န့္ကိုသိခ်င္စိတ္ျဖင့္ၾကည့္ကာေမးသည္။
"ဘာျဖစ္လို႔လဲဆိုေတာ့ငါ့အေမကလူသားျဖစ္ေနလို႔...."
"???"
"ငါကvampireေသြးႏွောေလ....ဒါေၾကာင့္vampireအစစ္ေတြလိုအသိစိတ္မေပ်ာက္သြားတာ...."
"တ...တကယ္လို႔တတ္နိုင္မယ္ဆိုရင္လင္သုန့္ကိုအရင္ဆုံးကူရွာေပးလို႔ရမလား"
လင္ယုေရာင္ကေရွာင္က်န့္ကိုေတာင္းဆိုသလိုမ်က္လုံးေတြျဖင့္ၾကည့္ကာေမးသည္။သူ႕ညီကိုသူေသေလာက္ေအာင္စိုးရိမ္ပူပန္သည္မွာေျပာစရာေတာင္မလိုေပ။
ေရွာင္က်န့္ကျပန္ေျဖဖို႔ရန္ပါးစပ္ဟလိုက္ၿပီးေနာက္သူ႕ရဲ႕မ်က္ႏွာမွာအနည္းငယ္ေျပာင္းလဲသြားသည္။သူကအေမွာင္က်သည့္ေထာင့္တစ္ေနရာသို႔သတိထားသည့္မ်က္လုံးေတြႏွင့္ေလာႀကီးစြာလွည့္ၾကည့္လိုက္သည္။
တစ္ျခားသူေတြနားမလည္နိုင္ေသးခင္မွာပဲအေမွာင္ထဲကေနေတာက္ပတဲ့ေသြးနီေရာင္မ်က္ဝန္းဝိုင္းတစ္စုံထြက္ေပၚလာ၏။တစ္ျဖည္းျဖည္းႏွင့္ေ႐ြ႕လ်ားလာၿပီးေနာက္၎ေသြးနီေရာင္မ်က္ဝန္း၏ပိုင္ရွင္ကိုရွင္းရွင္းလင္းလင္းျမင္ေတြ႕လိုက္ရသည္။ေရွာင္က်န့္ကအံ့အားသင့္စြာအသံထြက္လာသည္။
"သခင္ေလး...."
တစ္ျခားသူေတြသတိမထားမိေသာ္လည္းေရွာင္က်န့္ဟာvampireတစ္ေကာင္၏အျမင္အာ႐ုံေၾကာင့္တစ္ကိုယ္လုံးနီရဲေနသည့္ေဟးလစ္ခ္ေလးကိုသတိထားမိသည္။ကေလးငယ္ေလးကသူတစ္ခါမွမေတြ႕ခဲ့ဖူးသည့္အားေလ်ာ့ျခင္းမ်ားစြာျဖင့္ေဖ်ာ့ေတာ့စြာသူ႕ဆီခက္ခက္ခဲခဲႀကိဳးစား၍ေလွ်ာက္လာသည္။
"p...pig...."
ေဟးလစ္ခ္၏ေသးငယ္ေသာခႏၶာကိုယ္ေလးမွာအားလုံးအေရွ႕၌ပင္ယိုင္နဲ႕လဲက်လာသည္။ေရွာင္က်န့္ကလွ်ပ္စီးလိုမ်ိဳးအျမန္ႏႈန္းျဖင့္vampireငယ္ေလးကိုဆီးႀကိဳေပြ႕ယူလိုက္သည္။ကေလးငယ္၏အသားအရည္မွာလြန္စြာပူျပင္းေနေၾကာင္းသတိထားမိသြားသည့္အခါတြင္ေရွာင္က်န့္မွာလြန္စြာထိတ္လန့္တုန္လႈပ္သြား၏။
ေဟးလစ္ခ္ကေရွာင္က်န့္ရဲ႕ရင္ခြင္ထဲကေနအတတ္နိုင္ဆုံးပိုမိုတိုးဝင္ပူးကပ္လာလ်က္သက္သာရာရမည့္အေနအထားကိုႀကိဳးစားရွာေဖြေနသည္။သူ႕ရဲ႕ပါးစပ္ေသးေသးေလးမွာကုန္းေပၚကငါးတစ္ေကာင္လိုမ်ိဳးအသက္ကိုလုရႈေနရသည္။
"ကြၽန္ေတာ္....ပူ..တယ္..."
တစ္ကိုယ္လုံးငရဲမီးလိုပူက်စ္ေနသည့္vampireငယ္ေလးကိုေပြ႕ဖက္ထားသည့္ေရွာင္က်န့္မွာတစ္ေယာက္တည္းျပာယာခတ္ေနရရွာသည္။သူ႕စိတ္ထဲျဖစ္နိုင္ေခ်ရွိသည့္တစ္စုံတစ္ခုကိုေတြးေတာမိလိုက္သည္။
ေသြးဆင့္ကဲေျပာင္းလဲျခင္း။
ေဟးလစ္ခ္၏vampireအသြင္ေသြးဆင့္ကဲေျပာင္းလဲျခင္းကေသြးနီေရာင္လျပည့္ည၌စတင္လာခဲ့သည္။ဒါေပမယ့္ေဟးလစ္ခ္၏အသက္အ႐ြယ္မွာအရမ္းငယ္လြန္းေနေသးသည္။သူတစ္ခါမွအသက္၃ႏွစ္ထဲနဲ႕ေသြးဆင့္ကဲေျပာင္းလဲခဲ့ဖူးသည့္vampireရွိေၾကာင္းမၾကားခဲ့ဖူးေပ။
ဥပမာျပရရင္ လီ၊ေအ၊ဝိုင္တို႔အမႊာသုံးေယာက္မွာအသက္၅ႏွစ္ေက်ာ္သြားေသာ္လည္းေသြးဆင့္ကဲေျပာင္းလဲမႈႏွင့္ႀကဳံရန္အေတာ္ေလးလိုေနေသးသည္။vampireငယ္ေလးေတြကအနည္းဆုံးအသက္၁၀ႏွစ္ေက်ာ္မွသာေသြးဆင့္ကဲေျပာင္းလဲမႈကိုစတင္နိုင္ၾကသည္။
"သူ....သူကလည္းvampireပဲလား..."
ေရွာင္က်န့္ရင္ခြင္ထဲရွိကေလးငယ္ကိုၾကည့္ကာဖူးခ်ီကတုန္တုန္ရီရီေမးသည္။သူတို႔၏ဒီကေလးငယ္အေပၚေၾကာက္႐ြံ႕မႈမွာေမ့ေဖ်ာက္မရေသးေပ။
ေရွာင္က်န့္ဟာေဟးလစ္ခ္၏ခႏၶာကိုယ္ေသးေသးေလးကိုသူ႕ရင္ခြင္ထဲႏူးႏူးညံ့ညံ့ေထြးေပြ႕ထားရင္းမတ္တပ္ထရပ္လိုက္သည္။သူကဖူးခ်ီ၏ေမးခြန္းကိုျပန္လည္ေျဖၾကားျခင္းမရွိပဲမထူးမျခားနားဟန္သာစိုက္ၾကည့္သည္။
'အုန္းသီး'
[ဗ်ာhost....]
'လင္သုန့္ကဇာတ္လိုက္အယ္ဗင္ရဲ႕လက္ထဲမွာမလား...."
[အယ္....hostဘယ္လိုသိတာလဲ...]
ေရွာင္က်န့္ကမသိမသာမ်က္ဆန္လွန္လိုက္၏။
'မူလဇာတ္ေၾကာင္းထဲကအတိုင္းလင္သုန့္vampireအျဖစ္ေျပာင္းလဲမွာကိုတားျမစ္ဖို႔လြယ္တယ္မ်ားမင္းထင္ေနလား'
[.....]
'သူတို႔ဘယ္မွာလဲ'
[ငါးထပ္ေျမာက္....အေပၚဆုံးအထပ္မွာပါhost]
'အင္း....ငါသိၿပီ....'
ေရွာင္က်န့္ကအူေၾကာင္ေၾကာင္အဖြဲ႕ကိုၾကည့္ကာေျပာသည္။
"ငါ့ေနာက္လိုက္ခဲ့......ဒီအခန္းကသိပ္မလုံၿခဳံဘူး.....ဒီတံခါးေလာက္နဲ႕သူတို႔ကိုတားဖို႔ကလုံးဝမျဖစ္နိုင္တာကိုမင္းတို႔သိထားသင့္တယ္....အေရးႀကီးဆုံးက...သူတို႔အားလုံးကလူသားေတြကိုအနံ႕ခံနိုင္ၾကတယ္...."
"....."
ေရွာင္က်န့္ကဦးေဆာင္၍အခန္းထဲမွထြက္လာသည္။လူခုႏွစ္ေယာက္လုံးမွာကုပ္ကုပ္ေလးသူ႕အေနာက္ကေနတုန္တုန္ရီရီလိုက္ပါလာၾကသည္။vampireေတာ္ေတာ္မ်ားမ်ားကအလစ္အငိုက္တိုက္ခိုက္တာမ်ိဳးရွိေသာ္လည္းပဲေရွာင္က်န့္ကအလြယ္တကူရွင္းလင္းလိုက္နိုင္သည္။အစုလိုက္အၿပဳံလိုက္လာေရာက္တိုက္ခိုက္တာမ်ိဳးမဟုတ္ရင္တစ္ေကာင္စႏွစ္ေကာင္စေလာက္ကိုေတာ့သူအလြယ္တကူထိန္းခ်ဳပ္နိုင္သည္။
ယခုေလာေလာဆည္သူ႕အတြက္အေရးႀကီးဆုံးကသူ႕ရင္ခြင္ထဲရွိvampireငယ္ေလး၏လုံၿခဳံေရးသာျဖစ္သည္။ေသြးဆင့္ကဲေျပာင္းလဲဖို႔ရန္အတြက္လုံၿခဳံစိတ္ခ်ရမည့္ေနရာတစ္ခုကိုလိုအပ္သည္။ထိုအခ်ိန္ကေဟးလစ္ခ္အတြက္အားအနည္းဆုံးနဲ႕အကာကြယ္မဲ့ဆုံးအခ်ိန္ျဖစ္တာေၾကာင့္ပိုေတာင္အေရးႀကီးေသးသည္။
၎ကအခ်ိန္ဘယ္ေလာက္ၾကာျမင့္နိုင္မွန္းသူလည္းမသိေပ။တစ္ခ်ိဳ႕vampireငယ္ေလးေတြကေသြးဆင့္ကဲေျပာင္းလဲရာတြင္လပိုင္းေလာက္ပဲၾကာျမင့္နိုင္သလိုႏွစ္နဲ႕ခ်ီၾကာျမင့္တာမ်ိဳးလည္းျဖစ္နိုင္သည္။
အခုသူလုပ္ဖို႔ရန္လိုတာကဒီအဖြဲ႕ကိုလုံၿခဳံတဲ့ေနရာပို႔ၿပီးလွ်င္ဇာတ္လိုက္အယ္ဗင္ဆီသြား၍ေဟးလစ္ခ္ေလးအားလုံၿခဳံစိတ္ခ်မႈရွိေစရန္အပ္ရမည္။ၿပီးေနာက္vampireေခါင္းေဆာင္ဇာတ္လိုက္ႀကီးလက္ထဲကေနလင္သုန့္ကိုကယ္ထုတ္၍ေတာထဲကေနအတတ္နိုင္ဆုံးေခၚထုတ္ေပးသြားဖို႔ရန္လိုအပ္ေပသည္။
ၿခဳံခိုတိုက္ခိုက္သည့္စိတ္လြတ္ေသြးဆာေနေသာvampireေတြကပိုပိုမ်ားျပားလာသည္။ခပ္ဝဝခႏၶာကိုယ္ႏွင့္ေရွာင္က်န့္မွာခႏၶာကိုယ္ထက္စိတ္ကပို၍ပင္ပန္းႏြမ္းနယ္လာသည္ကိုခံစားမိသည္။
သူ႕ရင္ခြင္ထဲကနာက်င္ခံစားေနရတဲ့ကေလးငယ္ေလးကိုအျပင္အေနာက္ကလူငယ္အုပ္စုကိုလည္းအတတ္နိုင္ဆုံးထိခိုက္ဒဏ္ရာမရေစရန္ကာကြယ္ေပးထားရသည္မဟုတ္ပါလား။
ေႁမြလိမ္ေႁမြေကာက္ကဲ့သို႔ေကာ္ရစ္တာလမ္းေတြကိုခက္ခက္ခဲခဲျဖတ္ေက်ာ္ၿပီးေနာက္သူတို႔အဖြဲ႕မွာက်ယ္ဝန္းသည့္ဧည့္ခန္းသို႔ေရာက္ရွိလာၾကသည္။
ဧည့္ခန္း၏အလည္တည့္တည့္၌အရပ္ျမင့္ျမင့္ျဖင့္သ႑ာန္တစ္ခုမွာသူတို႔ကိုဆီးႀကိဳေနသည္။ဆိုဘတ္၏နဂိုမူလႏူးညံ့သိမ္ေမြ႕သည့္ဟန္ပန္မွာလုံးဝေပ်ာက္ကြယ္ေနၿပီးသူ႕ရဲ႕ေသြးနီေရာင္မ်က္ဆံေတြမွာဖုံးကြယ္မရေအာင္ၾကမ္းၾကဳတ္ေနသည္။
ဧည့္ခန္းထဲ၌ဆိုဘတ္အျပင္တစ္ျခားvampireအေစခံတစ္ဒါဇင္ေက်ာ္ေလာက္ရွိေနေသးသည္။သူတို႔အားလုံးကအသိစိတ္လုံးဝလြတ္ထြက္ေနၿပီမွန္းခန့္မွန္းစရာကိုမလိုေခ်။အကယ္၍မ်ိဳးရိုးျမင့္vampireျဖစ္တဲ့ဆိုဘတ္သာရွိမေနခဲ့ရင္ခ်က္ခ်င္းကိုသူတို႔ေရွ႕ကလူသားေတြအား ခုန္အုပ္၍ေသြးေတြတစ္စက္ကေလးမွမက်န္သည္အထိစုပ္ယူျပစ္လိုက္နိုင္သည္။
ေဟးလစ္ခ္၏လက္ေသးေသးေလးေတြမွာေရွာင္က်န့္ရဲ႕ရင္ဘတ္ရွိအကၤ်ီအစနားကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္။ကေလးငယ္၏ပူသထက္ပူျပင္းလာသည့္ခႏၶာကိုယ္အထိအေတြ႕ကိုခံစားမိသည့္အခါတြင္ေရွာင္က်န့္မွာပို၍စိုးရိမ္ပူပန္လာမိသည္။
'အုန္းသီး'
[ဗ်ာ....ဗ်ာ....]
'အေနာက္ကအဖြဲ႕ကိုvampireေတြရန္ကေနကာကြယ္နိုင္တဲ့ပစၥည္းတစ္ခုခုရွိလား...'
[ရွိတယ္host....ကာကြယ္ေရးဖန္လုံးတစ္ခုပဲ....ဘယ္တိုက္ခိုက္မႈကိုမဆိုတစ္နာရီတိတိကာကြယ္ေပးနိုင္တယ္....points2000တည္းရယ္]
'ဝယ္လိုက္....'
[ဝယ္ယူအားေပးမႈအတြက္ေက်းဇူးတင္ပါတယ္host]
ေရွာင္က်န့္လက္ထဲ၌ၾကည္လင္တဲ့ဖန္လုံးတစ္ခုေပၚေပါက္လာၿပီးေနာက္လင္ယုေရာင္တို႔အဖြဲ႕ဆီပစ္ေပးလိုက္သည္။
"ဖန္လုံးကိုကိုင္ၿပီးတစ္ဖြဲ႕တည္းစုေန....ဒါကမင္းတို႔ကိုတစ္နာရီတိတိဘယ္တိုက္ခိုက္မႈကမဆိုကာကြယ္ေပးလိမ့္မယ္....ဒီကေနျမန္ျမန္ထြက္သြားေတာ့....ၿခံထဲမွာျပန္ေတြ႕မယ္...."
လင္ယုေရာင္ကသူ႕ညီလင္သုန့္နဲ႕ပတ္သပ္၍ေမးခ်င္ေသာ္လည္းျပန္လည္ထိန္းခ်ဳပ္လိုက္သည္။
တစ္ေယာက္လက္တစ္ေယာက္ဆြဲဆြဲၿမဲၿမဲခ်ိတ္လ်က္ထြက္ေပါက္ရွိရာဆီကမန္းကတန္းေျပးထြက္သြားၾက၏။ဆိုဘတ္ကလူသားေတြစတင္လႈပ္ရွားတာကိုျမင္သည္ႏွင့္ေၾကာက္မက္ဖြယ္ရာအရွိန္ျဖင့္ေျပးဝင္တိုက္ခိုက္လာသည္။တစ္ျခားေသာvampireတစ္အုပ္မွာလည္းဆိုဘတ္နည္းတူလႈပ္ရွားလာ၏။
သို႔ေပမယ့္သူတို႔အားလုံးကိုေရွာင္က်န့္ကခ်က္ခ်င္းတားဆီးလိုက္သည္။
'အုန္းသီး'
[ဘာအလိုရွိေသးလို႔ပါလဲhost....]
'vampireေတြကိုအခ်ိန္ဆြဲေပးနိုင္တဲ့ပစၥည္းေကာင္းေလးဘာေလးမ်ားမရွိေတာ့ဘူးလား'
[အုန္းသီးတို႔ဆီမွာဘယ္ပစၥည္းကိုမဆိုရနိုင္ပါတယ္hostရဲ႕....တိုက္ခိုက္ေရးကိုယ္ပြားတစ္ခုကိုဝယ္ယူလိုပါသလားhost....]
'သူတို႔ေတြကိုထိန္းနိုင္လား....'
[နာရီဝက္တိတိဘယ္သူ႕ကိုမဆိုအခ်ိန္ဆြဲတိုက္ခိုက္ေပးနိုင္ပါတယ္.....က်သင့္ေငြကေတာ့points2500တည္းပါဗ်]
'ဝယ္လိုက္'
[ဟုတ္]
ခ်က္ခ်င္းပင္မႈန္ဝါးဝါးအျဖဴေရာင္အရိပ္တစ္ခုမွာေရွာင္က်န့္အေရွ႕ေပၚေပါက္လာသည္။၎အရိပ္ကတစ္ျခားေသာကိုယ္ပြားေတြမ်ားစြာခြဲထုတ္၍vampireအေစခံေတြႏွင့္တိုက္ခိုက္ေစသည္။အရိပ္ကိုယ္တိုင္ကေတာ့အိမ္ေတာ္ထိန္းဆိုဘတ္ႏွင့္ကိုယ္တိုင္ကိုယ္က်အျပင္းအထန္ဝင္ေရာက္တိုက္ခိုက္သည္။
ေရွာင္က်န့္မွာအခ်ိန္မဆြဲဝံ့ပဲေပါ့ပါးစြာတစ္ခ်က္ခုန္လိုက္သည္။တစ္ခဏအတြင္းမွာတင္ေရွာင္က်န့္ဟာဒုတိယအထပ္သို႔ေရာက္သည္အထိခုန္လိုက္နိုင္သည္။သူ႕ရဲ႕အရွိန္မွာလြန္စြာလွ်င္ျမန္၍ခ်က္ခ်င္းပင္ထိုေနရာမွေပ်ာက္ကြယ္သြား၏။သူျပန္ေပၚလာခ်ိန္၌တတိယထပ္သို႔ေရာက္ရွိေနၿပီျဖစ္သည္။
ဒီလိုနဲ႕vampireတစ်ကောင်၏လုပ်နိုင်စွမ်းကိုအစွမ်းကုန်အသုံးချ၍ခဏလေးအတွင်းမှာတင်ပဥ္စမထပ်သို့ရောက်ရှိသွားခဲ့သည်။တံခါးကိုတွန်းဖွင့်လိုက်သည်နှင့်အခန်းတွင်းမှအခြေနေအရပ်ရပ်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။
လက္ရွိတြင္အယ္ဗင္မွာလင္သုန့္၏လည္ပင္းထက္၌ေခါင္းစိုက္၍အငမ္းမရေသြးစုပ္လို႔ေနသည္။လင္သုန့္၏အသားေရမွာတျဖည္းျဖည္းရႈံ႕တြလာၿပီးေသြးကုန္ဆုံးမႈေၾကာင့္တစ္ကိုယ္လုံးေၾကာက္မက္ဖြယ္ေကာင္းစြာျဖဴေဖ်ာ့ေနသည္။
အယ္ဗင္ဟာေရွာင္က်န့္ကိုျမင္သည့္အခါတြင္ေသလုဆဲဆဲလင္သုန့္ကိုၾကမ္းျပင္ထက္သို႔ဗုန္းကနဲျပစ္ခ်လိဳက္သည္။သူ႕ရဲ႕ေသြးနီေရာင္မ်က္ဝန္းေတြမွာစိတ္လြတ္ေနေၾကာင္းသိသာေနပါေသာ္လည္းတစ္ျခားသူေတြလိုမ်ိဳးသားရိုင္းေကာင္ကဲ့သို႔ေတာ့မျဖစ္သြားေပ။အနည္းဆုံးေတာ့အေရးႀကီးသည့္ကိစၥရပ္မ်ားႏွင့္သူနဲ႕ရင္းႏွီးသည့္လူေတြကိုခြဲျခားတုန့္ျပန္နိုင္ေသးသည္။
"မင္းဘာလာလုပ္တာလဲ....."
အယ္ဗင္ကသူ႕ရဲ႕အစြယ္ေဖြးေဖြးေတြကိုလွ်ာျဖင့္လ်က္လိုက္ရင္းေသြးနီေရာင္မ်က္ဝန္းေတြကိုပင့္ၾကည့္လ်က္ေမးသည္။
"သခင္ေလး....သူ....ေသြးဆင့္ကဲေျပာင္းလဲေနၿပီထင္တယ္...."
အယ္ဗင္၏ဘာကိုမွဂ႐ုမစိုက္သည့္မ်က္ႏွာထားမွာအႀကီးအက်ယ္ေျပာင္းလဲသြားၿပီးအလန့္တၾကားျဖင့္ေရွာင္က်န့္လက္ေမာင္းေတြထဲေကြးဝင္ေနသည့္ေဟးလစ္ခ္ဆီေလွ်ာက္လာ၏။သူကေဟးလစ္ခ္၏နီရဲတြတ္ေနသည့္ခႏၶာကိုယ္အပူရွိန္ကိုခံစားမိသည့္အခါတြင္လုံးဝေလးေလးနက္နက္မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မင္းေျပာတာမွန္တယ္.....ဒီလိုအခ်ိန္က်မွေကာက္ခါငင္ခါထျဖစ္သြားမယ္မွန္းငါတကယ္မထင္ထားဘူး...."
အယ္ဗင္ကေရွာင္က်န့္ဆီကေနvampireငယ္ေလးကိုလႊဲေျပာင္းယူဖို႔ရန္လုပ္သည္။သို႔ေသာ္လည္းေဟးလစ္ခ္ဟာသတိလစ္ေမ့ေျမာေနၿပီျဖစ္မွန္းသိသာေသာ္လည္းပဲေရွာင္က်န့္ကိုလုံးဝအလြတ္ေပးျခင္းမရွိပဲတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားေသးသည္။ကေလးငယ္ကမ်က္ေမွာင္တင္းတင္းၾကဳတ္ထားရင္းတစ္ဖက္လူကိုလက္လႊတ္ေပးလိုက္ဖို႔ရန္မသိစိတ္ထဲကေၾကာက္လန့္ေနဟန္လည္းရသည္။
__________________________________________________________