အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
170K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 40 ( Zg + Uni)
2.3K 119 7
By NabeNabe549
        { Part - 40  }
မေးကြည့်လိုက်သည်။
ကြတာ "
ပြန်ပို့လိုက်သည်။
သား ကြည့်နေမိသည်။
ထူးတော့ ထူးဆန်းတယ်။  သား ကိုယ်ဝန်ရှိ
တောက်လျှောက် စားလာတာ...
အခုထက်ထိပဲ။  သားက သာ မစားချင်တာ
တက်နေတာကလည်း သား အစား
ညောင်းလိုက်တာ "
" ဂျွတ်စ်.. .ဂျွတ်စ်..!! "
လိုက်သည်။
ကွေးညွှတ်သွားရသည်။
သည်။
ဖြစ်သွားရသည်။
"  ဗိုက်ထဲက ဖေဖေ့ ကလေးရေ
မသိခဲ့ပါချေ။
*************************
ဒါမှ ကလေးက အားရှိမှာ "
ဒီလောက်ဆို တော်ပေါ့ "
ဟုတ်ပြီလား "
ဖြစ်သွားကြသည်။
" ဟုတ်တယ် Mom "
အပြုံးတွေနဲ့ပေ။
**************************
အကုန်​လွှဲပေးမှာ... "
နာကျင်စရာပေ။
တရားစွဲမှာလဲ...??  "
အမှု နဲ့လေ... "
သွေးပျက်သွားသည်။
အံကြိတ်​ ထားလိုက်​၏ ။
က်မ ရွာရတာ... "
ခဲ့သည်။
" ဟင်... မာမီ.. !! ဒါ...ဒါ​တွေက...!!!  "
မဟုတ်ဘူး "
မေသွေးခြယ် အတွက်နဲ့... "
သိပ်ကို မှန်တယ်လေ။ သူကိုယ်တိုင်လည်း
ကို တရားစွဲမယ် "
ထောင်ချပစ်မယ် "
ဘာဖြစ်သွားမယ်ထင်လဲ..  ?? "
" ဘာ...!! ဘာဖြစ်ရမှာလဲ...???
ရင် မကြောက်နဲ့ပေါ့ "
စိတ်ပျက်သွားရသည်။
မာမီ မသိလေသလား။ အမွေတွေထက် ဦးလင်း ကို
တော့ ပါချေ။
>>>>>>>>>>>>>>>>
တွေ့လိုက်ရတယ်"
ဘာဖြစ်မှာမို့လို့လဲ.. ..?? "
ကျတော် စိတ်ပူတယ် "
" အဲ့ဒါလည်း ဟုတ်တာပဲ.. ."
အတော် ဖြစ်သွားလေသည်။
မို့လို့ပေ။
အိမ်ပြန်လာခဲ့သည်။
မက်။
ထွက်သွားပေးပါ့မယ် ...."
တရားတွေကြောင့်ပေ။
အတော်နီစွေးလို့ နေ၏ ။
Part  41 မျှော်......................................
( သနားပါတယ် ဦးရံလေး 😞😞😞😞😞
သနားပါတယ် ငါ့ ဦးရံလေး 😞😞😞😞)
#​လေယူရာယိမ်း
တင်ပေးသွားပါ့မယ်... 😍😍😘😘😘
💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 40  }
" ခင်ဗျား မချဉ်ဘူးလား ဦးလင်းခြံရံ. ..?? "
သား ရှေ့ company စာရင်း​တွေ လာလုပ်ရင်း
သူ့ ပါးစပ်က အချဉ်ပေါင်းတွေ တစ်ထုတ်ပြီး
တစ်ထုတ် စားနေ၍ မနေနိုင်တဲ့အဆုံး လူက
မေးကြည့်လိုက်သည်။
" မချဉ်ဘူး မေသွေးခြယ်. ...မချဉ်တဲ့ အပြင်
ချိုတောင် ချိုနေသေး... .ဒါနဲ့ မင်း အချဉ်တွေ
မကြိုက်ဘူးနော် တစ်ချို့ ကိုယ်ဝန်ဆောင်တွေ
ဆို ဗိုက်ကြီးတာနဲ့ အချဉ်တွေ တအားစား
ကြတာ "
" အဲ့ဒါက... သူတို့က သူတို့ ဗိုက်ထဲက ကလေးကို
ချစ်လို့လေ.... သားကမှ ဒီဗိုက်ထဲက ကလေး
ကို မချစ်တာ ဘယ်လိုလို့ စားချင်မှာလဲ...??  "
တွေဝေမှုမရှိ ပြောနေသော မေသွေးခြယ် ကို
ခြံရံ ကြည့်ပြီး သူရဲ့ အာရုံကို computer ဆီ
ပြန်ပို့လိုက်သည်။
သူ့ ရင်ထဲမှာ နာကျင်သွားတာကိုတော့ သူကိုယ်တိုင်
အသိဆုံးပေ။  သို့သော် အပြင်ပန်းက သူ့ ပုံစံ
ကတော့ ဘာမှမဖြစ်သလို​နဲ့​ပေ။
သား ကို အကြည့်လွှဲကာ computer ဆီကို
အာရုံပို့ထားပြီး အလုပ်လုပ်နေသော သူ့ကို
သား ကြည့်နေမိသည်။
ဘာမှမဖြစ်သလို ပုံစံပေါက်နေတဲ့ သူ့ ပုံစံ က
သား ရင်ကို အတော်နာကျင်စေသည်။
သူ့ကမှ သားကို မချစ်တာ သား​ပြောတဲ့
စကား​ကြောင့်​ဘယ်လိုလို့ နာကျင်မှာလဲ။
ထူးတော့ ထူးဆန်းတယ်။  သား ကိုယ်ဝန်ရှိ
ချိန်ကနေစပြီး သူ့က အချဉ်တွေ၊  အစပ်တွေ
တောက်လျှောက် စားလာတာ...
အခုထက်ထိပဲ။  သားက သာ မစားချင်တာ
သူ့က​တော့ စား​ကောင်း​နေတယ်လေ။
Mom တို့ကလည်း ဦးခြံရံ အချဉ်တွေ စားတာ
ကို ကြည့်ပြီး သားကို ခဏခဏ စကြသည်။
သား အစား ဦးခြံရံ က ကိုယ်ဝန်ဆောင်ပေးနေတာတဲ့။
ဒါတင်မကသေး ဦးခြံရံ က မြင်မြင်သမျှ ချဉ်ခြင်း
တက်နေတာကလည်း သား အစား
သူ့က ဗိုက်ကြီးပေးနေတာတဲ့။ 
Mom တို့က အဲ့ဒီလို ပြောပေမဲ့ သား မယုံပါ။
သူ့ကမှ သားကို မချစ်တာလေ။
သူ မိုးပုလဲ နဲ့ စကားပြောနေတာကို မြင်ရင်လည်း
သား သူ့ကို အရမ်းမုန်းမိသည်။
အတွေး သံသရာထဲမှာ မေသွေးခြယ် လည်နေရင်း
သူမရဲ့ ခေါင်းက​ခေါင်းအုံး​ပေါ်မှာ ဟိုဘက်လှည့်လိုက်၊  ဒီဘက်လှည့်လိုက်နဲ့ပင်​။ အဆုံးသတ်မှာ သူမရဲ့
မျက်လုံးတွေက မှေးစင်းသွားတော့သည်။
ခြံရံ ကတော့ computer တစ်လုံးနဲ့
အလုပ်တွေ ရှူပ်နေလို့ပေ။
" အား.... အခုမှပဲ ပြီးတော့တယ်
ညောင်းလိုက်တာ "
" ဂျွတ်စ်.. .ဂျွတ်စ်..!! "
စာရင်းတွေ ပြီးသွားတာနဲ့ ခေါင်းကို ဘယ်ပြန်ညာ
ပြန်ချိုးလိုက်လျက် လေကို တစ်ဝကြီး
ခြံရံ ရှူသွင်းလိုက်သည်။
မေသွေးခြယ် ဘာလုပ်နေမလဲဆိုတဲ့ အသိနဲ့
နောက်လှည့်ကြည့်ရာ အိပ်နေတာကို ခြံရံ
တွေ့လိုက်၍ ထိုင်နေရာကနေ ချက်ချင်းထလာ
လိုက်သည်။
စောင်မခြုံဘဲ ကုတင်ပေါ် ဖြစ်သလိုလေး
အိပ်နေတာကို ခြံရံ ကြည့်ပြီး သူ့ နှုတ်ခမ်းတစ်စုံက
ကွေးညွှတ်သွားရသည်။
ထို့အတူ သူ့ လက်တွေကလည်း သူမ
ကိုယ်လေး စောင်းနေတာကို အိပ်ရာပေါ်
သေချာပြန်တည့်ညှိပေးပြီး ခေါင်းအုံးပေါ်ကို
ကျကျနန အိပ်စေလိုက်သည်။
ကုတင်ခြေရင်းနား ရောက်နေတဲ့ စောင်ပါးပါးလေးကို
သူမ ရင်ဘတ်ပေါ် အထိ ခြံရံ ဆွဲတင်ပေးလိုက်
သည်။
စောင်ပေါ်ကနေ မေသွေးခြယ် ဗိုက်ရှိရာအရပ်ကို
ခြံရံ သူ့ လက်လေးနဲ့ အသာလေး
ထိတွေ့ကာ သူ့ မျက်ဝန်းတွေက နီစွေးစွေး
ဖြစ်သွားရသည်။
"  ဗိုက်ထဲက ဖေဖေ့ ကလေးရေ
မင်း မေမေ မချစ်လို့ ဘာမှ အားမငယ်နဲ့နော်...
ဖေဖေ ရှိတယ်... ဖေဖေ ကလေးလေးကို
ဖေဖေ စောင့်ရှောက်ပေးမယ်... နောက်ပြီး
ကလေးလေး မေမေ က ဖေဖေ့ ကို မုန်းလို့
ကလေးလေးကို ဒီစကားပြောတာနော်
ကလေးလေး ဝမ်းမနည်းရဘူး "
​ပြောရင်း ဗိုက်လေးကို စောင်ပေါ်ကနေ
ခြံရံ နမ်းလိုက်ကာ နမ်းနေရင်းနဲ့ သူ့
မျက်ရည်တစ်စက်က စောင်ပေါ်ကို စီးကျသွားသည်။
ဒါတွေကို အိပ်ပျော်နေတဲ့ မေသွေးခြယ်  တစ်ယောက်
မသိခဲ့ပါချေ။
*************************
" နွားနို့ သောက်ရမယ်နော် မေသွေးခြယ်
ဒါမှ ကလေးက အားရှိမှာ "
" ဟင့်အင်း သား မသောက်ချင်ဘူး
မနက်ကပဲ တစ်ခွက် သောက်ပြီးပြီလေ
ဒီလောက်ဆို တော်ပေါ့ "
" မရဘူးနော် baby... baby သောက်မှ
ဗိုက်ထဲက ကလေးလေးက အားရှိမှပေါ့ "
မေသွေးခြယ် ကနေ baby ဖြစ်သွား၍ သား
နောက်ကို လှည့်ကြည့်လိုက်ရာ
Mom တို့ ရှိနေတာကို သား သိလိုက်ရသည်။
"  အွန်း သား သောက်မယ်  ဦးရံ သဘော..
ဟုတ်ပြီလား "
လိုလိုပိုပိုနဲ့ သူ့ ပါးလေးကို သား ဆွဲဖဲ့ပြီး
ပြောလိုက်ရာ Mom တို့က ပြုံးပြုံးကြီး
ဖြစ်သွားကြသည်။
" မီးငယ်လေး လိမ်မာနေပါလား...
ခြံရံ မင်း ဘာဆေးတွေ သုံးထားသေးလဲ
ငါတို့ မီးငယ်လေး အခုလို လိမ်မာအောင် "
" အချစ်ဆေးလေ မာမီရဲ့.. .ကျတော် ရဲ့
အချစ်ဆေးတွေကြောင့် baby က
လိမ်မာနေတာ...ဟုတ်တယ်မလား  baby​လေး "
" ဟုတ်တယ် Mom "
" အမယ်. ..မာမီ ရှက်နေပြီနော် ဒီလင်မယား
နှစ်ယောက် အတိုင်အဖောက်​ညီနေလို့ "
" ကျမလည်း ရှက်နေပြီ မမနန်း ရေ..."
"ဟုတ်တယ်  ကြီးဆွေ သမီးရောပဲ "
အတိုင်အဖောက်ညီနေတဲ့ Mom ၊ ကြီးဆွေ နဲ့
မဲမဲတို့ စကားကြောင့် သား ပြုံးလိုက်သည်။
ဦးခြံရံ ကလည်း သား ကို ကြည့်ပြီး ဟန်ဆောင်
အပြုံးတွေနဲ့ပေ။
**************************
" ဘာ... .ကိုတိုး ရှင့်က ရှင့် အမွေတွေကို
ရှင့် သမီးကို လွှဲပေးမယ်ပေါ့ "
" ဟုတ်တယ် သက်ချို... ကိုယ်က ကိုယ့် သမီးကို
အကုန်​လွှဲပေးမှာ... "
" ဒါဆို ကျမတို့ သားမိကရော....."
" မင်းတို့ အတွက်က ငါ့ ဘဏ်မှာ စုပေးထားတာ
ရှိတယ်လေ... .အဲ့ဒါ မင်းတို့ယူကြပေါ့ "
" အဲ့ဒီ နည်းနည်းလေးကို ကျမက ဘာလုပ်
ရမှာလဲ.. ..?? ရှင့်​သမီးကို အကုန်​ပေးရင်
ကျမ ရှင့်ကို တရားစွဲမှာနော်... "
သမက်ဖြစ်သူ အကြံပေးတဲ့ အတိုင်း အမွေတွေ
ကို အကုန်လွှဲပေးလိုက်ပြီ သုံးလိုက်ရာ ထွက်ပေါ်
လာသော သက်ချို စကားက ဦးတိုးရှိန် အတွက်
နာကျင်စရာပေ။
" တရားစွဲမှာ ဟုတ်လား သက်ချို...??
ပြောစမ်းပါအုံး မင်းက ဘာနဲ့ ငါ့ကို
တရားစွဲမှာလဲ...??  "
" မယား တစ်ယောက်လုံး ရှိပါလျက်နဲ့
မယား ဖြစ်သူကို တစ်ပြားတစ်ချပ်မှ မပေးတဲ့
အမှု နဲ့လေ... "
" မင်း စိတ်ဓာတ်က အတော်အောက်တန်းကျတာပဲ
သက်ချို.. .ဒါကြောင့် ငါ့ သမီးက မင်းက
မကောင်းဘူးဆိုတာ အမြဲ ပြောနေတာကိုး "
" သိရင် ပြီးရော ဦးတိုးရှိန်. ..ရှင် အခု
အမွေတွေ အကုန်လုံးကို ရှင့် သမီးကို
ပေးကြည့်လိုက်...ကျမ ရှင့်ကို တရားစွဲမယ် "
" အဲ့ဒီ စကားက ဦးတိုးရှိန် က ပြောရမှာပါ
အန်တီသက်ချို. ... အန်တီသက်ချို
ယောင်္ကျားရှိလျက်နဲ့ တခြားသူနဲ့ သွားအိပ်တာ
အဲ့တာ ဘာပြစ်မှု မြောက်လဲ မသိဘူး "
ကုတင်ပေါ်မှာ တုံးလုံးချွတ်ကြီး ဖက်အိပ်နေတဲ့
သူမ ဓာတ်ပုံတွေကို ခြံရံ လက်ထဲမှာ
မြင်လိုက်ရ၍ ဒေါ်သက်ချို မျက်နှာကြီးက
သွေးပျက်သွားသည်။
" သက်ချို.... မင်းက ငါ ရှိရဲ့သားနဲ့ တခြား
ကောင်နဲ့ သွားအိပ်တယ်ပေါ့ ....
မြွေပွေးမ... မင်းက တကယ့် မြေပွေးမပဲ.... "
ဓာတ်​ပုံ​တွေကို ကြည့်​ရင်း​ဦးတိုးရှိန်
​ဒေါသတကြီး​ဆိုလာ​တော့​ဒေါ်သက်​ချို
အံကြိတ်​ထားလိုက်​၏ ။
" ကျမ မြေပွေးဆိုလည်း ရှင်လည်း မြွေပွေးပဲ
ကိုတိုးရှိန်...! !! ဘယ့်နှယ် ကျမ ကို
လက်ထပ်ထားပြီး သေသွားတဲ့ ရှင့် မိန်းမ
ကို ညတိုင်းတမ်းတနေရတယ်လို့... "
" ဒါပေမဲ့ မင်း အပေါ် ငါ မဖောက်ပြန်ခဲ့ဘူး သက်ချို.. .
မင်းကတော့ လုပ်ရက်လိုက်လေစွ "
" အဲ့ဒါ ရှင်ကြောင့်လေ....ရှင် သာယာမှုမပေးလို့
က်မ ရွာရတာ... "
" မိန်းမယုတ်မ မင်းကို ငါ တရားစွဲမယ်.. .!! "
" ဘာတွေ ဖြစ်နေကြတာလဲ မာမီ... ?? "
အခုမှ အိမ်ပြန်ရောက်လာသော မိုးပုလဲ ကို
ဒေါ်သက်ချို မြင်လိုက်ရရော ချက်ချင်းဆိုသလို
ခြံရံ လက်ထဲက ဓာတ်ပုံတွေကို ဆွဲယူပြီး
ဖွက်ဖို့ပြင်လိုက်သည်။ သို့သော် ဆွဲယူတဲ့
အချိန်မှာပဲ ဓာတ်ပုံတွေက အောက်ပြန့် ကျဲသွား
ခဲ့သည်။
" ဟင်... မာမီ.. !! ဒါ...ဒါ​တွေက...!!!  "
" မဟုတ်ဘူး မိုးလေး... မိုးလေး ထင်သလို
မဟုတ်ဘူး "
" ဘာမဟုတ်ရမှာလဲ.. .?? သမီးမိုးလေး
အဲ့ဒါ သမီးမိုးလေး အမေ တခြားလူနဲ့
ဖောက်ပြန်ထားတဲ့ ပုံတွေ "
" ရှင် မဟုတ်တာတွေ မပြောနဲ့ ကိုတိုးရှိန်  "
" ငါ့က ဘာကို မဟုတ်တာပြောရမှာလဲ...
မင်း ကိုယ်တိုင် ဖောက်ပြန်ထားလို့
ခြံရံ ကိုယ်တိုင်က ဒီဓာတ်ပုံတွေကို ယူလာတာလေ "
" ဟုတ်တယ် ပုလဲ. ..မင်း အမေ ဖောက်ပြန်နေတာ
ကြာပြီ အဲ့ဒီ ဓာတ်ပုံထဲက လူနဲ့.. .အဲ့ဒါ
ကိုယ့် လူတွေကို တစ်ဆင့်စုံစမ်းခိုင်းပြီး
အခုလို ဖော်ထုတ်လိုက်ရတာပဲ "
" ဘာလဲ ဦးလင်း..??  ဦးလင်း အခုလို
ဖော်ထုတ်တာက မေသွေးခြယ် အတွက်မလား..? ?
မေသွေးခြယ် ကို အဲ့ဒီလောက်တောင် ချစ်တာ
လား ဦးလင်း... ?? ပုလဲ ကရော...ပုလဲက
ဦးလင်း အတွက် အရေးမပါဘူးလား.??
ပုလဲ က ဦးလင်း နဲ့ အရင်စေ့စပ်ထားတဲ့
သူပါ.... အခုတော့ ဦးလင်းက လုပ်ရက်လိုက်တာ
မေသွေးခြယ် အတွက်နဲ့... "
" ငါ တောင်းပန်တယ် ပုလဲ....ဒါပေမဲ့ ငါ ပြောပြီး
သားပါ မင်းတို့ သားမိ မေသွေးခြယ် ကို မထိဖို့...
မင်းတို့ကသာ မေသွေးခြယ် ကို ထိမလာခဲ့ရင်
ငါ အခုလို မင်း အမေ အကြောင်းကို
စုံစမ်းမှာ မဟုတ်ဘူး... အခုတော့
မင်းတို့ ထိုက်နဲ့ မင်းတို့ကံပဲ "
" လူယုတ်မာ ဦးလင်း... !!! ပုလဲ ကတော့
ရှင့်ကို ချစ်လိုက်ရတာ ရှင့်ကတော့
အချိန်တိုင်း အဲ့ဒီ မိန်းမ အတွက်ချည်းပဲ ....
ပုလဲ ဒီလောက် ရှင့်ကို ချစ်တာသိရက်နဲ့
လုပ်ရက်တယ်.. ..ပုလဲ အချစ်က ရှင်နဲ့ မတန်ဘူး
အဲ့ဒီမိန်းမက ပုလဲ ထက် ဘာတွေများ
ကောင်းလို့ ပုလဲ ကို ဒီလိုလုပ်ရက်ရတာလဲ...!!
လူယုတ်မာ.. .ပုလဲ ခံစားရသလို တစ်ချိန်လုံး
ရှင်လည်း ခံစားရပါစေ.. ...ပုလဲ ကျိန်စာတိုက်တယ် "
သူ့ကို ကြည့်ကာ ပြောနေသော ပုလဲ စကားတွေက
သိပ်ကို မှန်တယ်လေ။ သူကိုယ်တိုင်လည်း
မေသွေးခြယ် ကြောင့် နာကျင်နေရတယ်လေ။
"  မင်းကို ငါ အထင်လွှဲအောင် ဘာတစ်ခုမှ
မလုပ်ခဲ့ဘူး ပုလဲ ....မင်း ဘက်ကသာ
ငါ လက်ထပ်ထားတာကို သိတာတောင်
အတင်းလိုက်တွယ်ကပ်နေတာ...ငါ့ ဘက်ကတော့
မင်း ကို အမြဲတမ်း ညီမလေး တစ်ယောက်လိုပဲ "
" အီးဟီး. ..အင့်ဟင့်. ..အင့်ဟင့်.. .အင့်ဟင့် "
ခြံရံ စကားအဆုံး မိုးပုလဲ ငိုတော့ မိုးပုလဲ
ကိုယ်လေးကို ဒေါ်သက်ချို ဖက်ထားလိုက်သည်။
" တော်တော့.. .!!! ငါ့ သမီးကို ဝိုင်းနှိပ်စက်နေတာ
ရပ်လိုက်တော့... !! ငါ နင်တို့ နှစ်ယောက်စလုံး
ကို တရားစွဲမယ် "
" အဲ့ဒီ စကားက ငါ့က ပြောရမှာ သက်ချို... .
မင်း အခုချက်ချင်း ငါ့ကို ကွာရှင်းပေး
မဟုတ်ရင် ဒီဓာတ်ပုံတွေနဲ့ မင်းကို ငါ
ထောင်ချပစ်မယ် "
" ကွာရှင်း မပေးနိုင်ဘူး ကိုတိုးရှိန်..!!
ရှင် ကျမ နဲ့ ကျမ သမီးကို အမွေတွေ အကုန်လုံး
ပေးမှ ကျမ က ကွာရှင်းပေးမှာ....
မဟုတ်ရင် ကွာရှင်းရမယ် မထင်နဲ့...!!!  "
" အန်တီသက်ချို လောဘတွေကို လျှော့လိုက်တော့.. .
ဒီဓာတ်ပုံတွေနဲ့ ရဲတိုင်ရင် အန်တီသက်ချို
ဘာဖြစ်သွားမယ်ထင်လဲ..  ?? "
" ဘာ...!! ဘာဖြစ်ရမှာလဲ...???
ငါ့က ဘာကို ကြောက်နေရမှာလဲ....? ? "
" ရတယ်လေ မကြောက်နဲ့.. .!! ခင်ဗျား သမီး
ကို အပြင်မှာ တစ်ယောက်တည်း ထားခဲ့ချင်
ရင် မကြောက်နဲ့ပေါ့ "
" ကွာရှင်း ပေးလိုက်ပါ မာမီ... ပုလဲ ဘာမှ
မလိုချင်တော့ဘူး.. ..မေသွေးခြယ်
အဖေကို ကွာရှင်းပေးလိုက်ပါတော့ "
" မဟုတ်ဘူးလေ မိုးလေး.. .မိုးလေး အတွက်
မာမီ အမွေတောင်းရအုံးမှာလေ... "
ငိုနေရင်းနဲ့ ပုလဲ ဝင်ပြောလာတာတောင် မာမီက
အမွေတွေတောင်းမယ်လုပ်နေ၍ ပုလဲ အရမ်း
စိတ်ပျက်သွားရသည်။
မာမီ မသိလေသလား။ အမွေတွေထက် ဦးလင်း ကို
ပုလဲ က လိုချင်တယ်ဆိုတာ။ အခု ဦးလင်း
က မေသွေးခြယ် မှ မေသွေးခြယ် ဖြစ်နေတော့
ပုလဲ က ဘာလုပ်ရအုံးမှာလဲ။
" တော်ပါတော့ မာမီ.... !! ပုလဲ ဘာအမွေမှ
မလိုချင်တော့ဘူး မေသွေးခြယ် အဖေကို
ကွာရှင်းပေးလိုက်တော့.... ပုလဲ ဒီမှာ
ဆက်မနေချင်တော့ဘူး.  .ကြာရင်
ပုလဲ ကိုယ် ပုလဲ သတ်သေမိလိမ့်မယ်..!!
ပုလဲ တို့ ဒီက သွားရအောင်ပါ... .အီးဟီး
...အီးဟီး... အင့်ဟင့်... အင့်ဟင့် "
ပြောရင်း ထငိုလိုက်တော့ ဒေါ်သက်ချို သူ့
သမီး မိုးပုလဲ ကို ကြည့်ပြီး စိတ်မကောင်း
တော့ ပါချေ။
>>>>>>>>>>>>>>>>
" ကျေးဇူးပါ ခြံရံ.... မင်းကို ငါ တကယ်
ကျေးဇူးတင်ပါတယ် မင်းကြောင့်သာ
ဒီသားမိ ယုတ်တာတွေကို ငါ သိလိုက်ရတာ "
" ရပါတယ် ဦးတိုးရှိန်. ..ကျတော့် က ဒီတိုင်း
အကြံပေးရုံပါ... ကံကလည်း​ကောင်းသွားတယ်လေ
သူ ဖောက်ပြန်တာကို ကျတော့် လူ​တွေ
တွေ့လိုက်ရတယ်"
" ဒါနဲ့ ဦးတိုးရှိန် ကျတော် တစ်ခုလောက်
တောင်းဆိုလို့ရမလား...??  ဒီအကြောင်း
တွေကို မေသွေးခြယ် ကို ပြန်မပြောဖို့.... ကျတော်
ကူညီတာကိုလည်း သူ မသိစေချင်ဘူး "
" ဘာလို့လဲ ခြံရံ.. .?? သမီး​လေး သိရင်
ဘာဖြစ်မှာမို့လို့လဲ.. ..?? "
" ဦးတိုးရှိန် သိက္ခာကို ဒီတိုင်း ထိန်းပေးတဲ့ အနေနဲ့ပါ
တကယ်လို့ တစ်ယောက်ယောက်က
သိသွားရင် မကောင်းဘူးလေ... နောက်ပြီး
မေသွေးခြယ် က မပေါ့မပါးကြီးနဲ့ဆိုတော့
ကျတော် စိတ်ပူတယ် "
" အဲ့ဒါလည်း ဟုတ်တာပဲ.. ."
" ဖောက်ပြန်လို့ ကွာရှင်းတဲ့ အကြောင်းကို
ဦးတိုးရှိန် မပြောဘဲ ဒီတိုင်း နှစ်ဦးနှစ်ဖက်
စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့
ကွာရှင်းတယ်လို့  သုံးလိုက်ပါ... ဒါဆို
အကုန်လုံးအတွက် ကောင်းမယ်ထင်တယ် "
" အင်း ခြံရံ... မင်း ပြောသလို ငါ သုံးလိုက်ပါ့မယ်...
ကျေးဇူးပါနော် အခုလို ငါ့ကို ကူညီပေးတဲ့အတွက်
ထင်မထားဘူး ငါ့ သမီးကို အမွေတွေ အကုန်လုံး
လွှဲပေးလိုက်တယ်ဆိုတဲ့ စကားနဲ့ သူတို့ရဲ့
စိတ်တွေကို ငါ သိလိုက်ရမယ်လို့...
ဒါနဲ့ သက်ချိုက အကျင့်မကောင်းသလောက်
သူ့ သမီးကတော့  တအားကြီးမဆိုးရှာဘူးနော် "
" ဟုတ်တယ် ဦးတိုးရှိန်... ပုလဲ က
စိတ်ဓာတ်လေးက မဆိုးပါဘူး တစ်ခုပဲ
ကျတော့် ကို လိုချင်တာနဲ့ သူရဲ့ စိတ်ဓာတ်လေးက ပျက်စီးသွားရှာတယ် ...."
မေသွေးခြယ် ကို သူ့ နောက်ကွယ်မှာ ဒေါ်သက်ချို
တို့ သားမိက စကားနဲ့ နှိပ်စက်နေတာကို
လွန်ခဲ့တဲ့ သုံးပတ်က ကြားလိုက်၍  သူ
ဒေါ်သက်ချို အကြောင်းကို လူလွှတ်​ပြီး
ရေကုန်ရေခမ်း လိုက်စုံစမ်းခိုင်းခဲ့သည်။
သိပ်မကြာလိုက် ဒေါ်သက်ချို ဖောက်ပြန်နေတာကို
သူ့ လူ​တွေ သက်​သေရလာ၍  သူ့ အတွက်
အတော် ဖြစ်သွားလေသည်။
အခုလည်း မေသွေးခြယ် အဖေနဲ့ ဒေါ်သက်ချို
ကို သူ ကွာရှင်းပေးလိုက်နိုင်ပြီလေ။
ကွာရှင်းပေးပြီးတာနဲ့ သားမိ နှစ်ယောက်စလုံးက
ဦးတိုးရှိန် အိမ်ကနေ ချက်ချင်းဆင်းသွားကြသည်။
ဒီတော့ မေသွေးခြယ် ကလေးမွေးပြီးလို့
သူ့ အဖေ အိမ်ပြန်သွားရင် သူ စိတ်ချနိုင်မယ်လေ။
မဟုတ်ရင်​ဒေါ်သက်​ချိုတို့ သားမိ​ကြောင့်​
သူ စိတ်ချနိုင်မှာမဟုတ်။
ဘာလို့ဆို  မေသွေးခြယ် ကလေးမွေးပြီးသွားရင်
က​လေး​လေးနဲ့ နိုင်ငံခြားကို သူ ထွက်သွားတော့မှာ
မို့လို့ပေ။
ဒီလိုနဲ့ ဦးတိုးရှိန် ကို ခြံရံ နှုတ်ဆက်ပြီး
အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း ခြံရံ မျက်ဝန်း
တွေက နီစွေးလို့​နေ၏ ။ သို့သော် မျက်ရည်ကတော့
မက်။
" ပျော်ရွင်ပါစေ baby.. .ကိုယ် နဲ့  မင်း ရဲ့
ကလေးလေး မရှိတဲ့ အရပ်မှာ
မင်း  ပျော်ရွင်ပါစေ baby...ပျော်ရွင်​မယ်လို့လည်း
ကိုယ် ထင်ပါတယ်... မင်းက ကိုယ်နဲ့ ကိုယ်တို့ရဲ့
ကလေးလေးကို အရမ်းမုန်းနေတာလေ.....
ဒါကြောင့် ကိုယ်တို့ သားဖ မင်းရှေ့ကနေ
ထွက်သွားပေးပါ့မယ် ...."
အရာရာမှာ ထူးချွန်ထက်မြက်​နေသလောက်
မေသွေးခြယ် အချစ်စာမေးပွဲမှာတော့
မပြိုင်ခင်ကတည်းက ခြံရံ ရှူံးနိမ့်နေခဲ့သည်။
ဒါတွေကလည်း အမုန်းတရားဆိုတဲ့ အာဃာတ
တရားတွေကြောင့်ပေ။
အကယ်၍  အမုန်းတရားတွေကိုသာ စွန့်လွှတ်
နိုင်မယ်ဆိုရင် သူတို့ နှစ်ယောက်ရဲ့ ဘဝလေး
က ဒီထက် ပိုအေးချမ်းမယ်ပင်။
အခုတော့ မထားသင့်တဲ့ မာနတွေကြောင့်
နှစ်ယောက်စလုံး ခံစားနေရပြီလေ။
" ငါးလပဲ လိုတော့တယ် baby....ကိုယ် နဲ့
ကိုယ်တို့ရဲ့ ကလေးလေး မင်း အနားကနေ
အပြီးအပိုင် ထွက်သွားရတော့မယ် ...
မင်း ပျော်ရွင်ပါစေ baby "
ကားကို မောင်းနေရင်းနဲ့ ခြံရံ စိတ်ထဲက ရင်တွင်း
စကားတွေကလည်း တောက်လျှောက်ပေ။
သူ့ မျက်လုံးတွေကလည်း မငိုထားရုံတမယ်
အတော်နီစွေးလို့ နေ၏ ။
Part  41 မျှော်......................................
( သနားပါတယ် ဦးရံလေး 😞😞😞😞😞
ပြောသာ ပြောတာ အစက ဦးရံကြီးကို
သိပ်မကြိုက်ခဲ့ဘူး... နောက်ပိုင်းကျမှ
သူ ကြမ်းတာတွေကနေ တစ်ဆင့် အခုလို
သူ့ စိတ်ဓာတ်ကို သိလိုက်ရတော့ အရမ်းကြိုက်
သွားပြီ 😞😞😞ဦးရံ ရဲ့ စရိုက်က
တခြား ဇာတ်ကောင်တွေနဲ့ မတူဘူး 😞😞😞
သနားပါတယ် ငါ့ ဦးရံလေး 😞😞😞😞)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
မိဇူ ဘန်းတာက ခံရ၊  အိမ်က ပြသာနာတက်တာ
နဲ့ စာကောင်းကောင်း မတင်လိုက်ရဘူးဖြစ်သွားတယ်
ဒါပေမဲ့ မင်မင် ပျက်သွားတဲ့ နှစ်ရက်အတွက်
စနေ၊  တနင်္ဂနွေမှာ ပြန်လည်အစားထိုးပြီး
တင်ပေးသွားပါ့မယ်... 😍😍😘😘😘
Continue Reading
You'll Also Like
240K 2.8K 9
မာန်တံခွန် + မိုးစက်ကမ္ဘာ
319K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
50.4K 1.4K 24
မျက်ရည်ခိုင်မှဖတ်ပါ😍(ယူနီကုဒ် /ဇော်ဂျီ)