အမုန်းတော်ခံသတို့သမီး (လင်းခြ...

By NabeNabe549

173K 7.8K 291

သူမ အရမ္းခ်စ္ရတဲ့ အေဖက မိန္းမ ယူလိုက္လို႔ ထိုမိေထြးကို လက္စားေခ်ခ်င္တဲ့ အေနနဲ႔ ထိုမိေထြးရဲ႕ သမီး နဲ႔ ေစ့စပ္ထ... More

Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)

Part - 36 ( Zg + Uni)

2.4K 123 1
By NabeNabe549

💔💔    အမုန္းေတာ္ခံ သတို႔သမီး   💔💔💔
        { Part - 36 }

" မိုက္တယ္ဗ်ာ  ေဈးကြက္ထဲ
ထိုးဝင္တဲ့ ဦးလင္းၿခံရံရဲ႕ ပစၥည္းေတြက....
ဒါေၾကာင့္လည္း LCY ပစၥည္းေတြဆို
လူေတြက ေဈးႀကီး ေပးဝယ္တာကိုး
ခင္ဗ်ား က အရမ္းေတာ္တာပဲ ဦးလင္းၿခံရံ "

" အထင္ႀကီးလြန္းေနပါၿပီ.....အဲ့ဒီေလာက္လည္း
မဟုတ္ေသးပါဘူး "

ခ်ီးမြမ္းစကားေတြက သူလာမွ ထြက္ေပၚလာ
ေသာ ၿခံရံ ပံုမွန္အတိုင္းပဲ ျပန္ေျဖလိုက္သည္။
စီးပြားေရး ေလာကဆိုတဲ့အတိုင္း လည္သူ
စား၊  အ သူခံရဆိုတဲ့ စကားပံုလိုေပ။
ကိုယ့္ ေရွ႕ေရာက္ရင္ ကိုယ့္ကုိ ခ်ီးမြမ္းသလိုနဲ႔
ေနာက္ကြယ္က်ေတာ့ ကိုယ္ ျပဳတ္​က်ဖို႔
အတြက္ က်ားေခ်ာင္း ေခ်ာင္းေနၾကသည္။

" ဒါေလးက ဘယ္သူေလးပါလိမ့္"


ဦးမိုးေစြ ဆီက  ေမးသံနဲ႔အတူ ေမေသြးျခယ္
ကို စိုက္ၾကည့္ေနေသာ အၾကည့္ေၾကာင့္
ၿခံရံ သူ႕ ေဘးနားက ေမေသြးျခယ္ ကိုယ္ေလး
ကို ရင္ခြင္ထဲ ဆြဲသြင္းပစ္လိုက္သည္။

" ၾကည့္ရတာ ဦးလင္းၿခံရံ ရဲ႕ မေဟသီေလး
ျဖစ္မယ္ထင္တယ္ "

သူ ဖက္လိုက္မွ မေဟသီေလး လာလုပ္ေနေတာ့
ၿခံရံ ေအာက္ႏႈတ္ခမ္းကို လွ်ာနဲ႔ သပ္လိုက္သည္။

" ဘယ္ဆိုးလို႔လဲ ဦးမိုးေစြ... .?? ခင္ဗ်ား က
အရမ္းေတာ္သားပဲ ဒါ့က က်ေတာ့္ ဇနီး
ေမေသြးျခယ္ ေလ "

သား တစ္ကိုယ္လံုးကို တင္းၾကပ္စြာ ဖက္ထားၿပီး
သူ႕ မိတ္ေဆြေတြကို ေျပာေနေသာ ဦးၿခံရံ
ပံုစံ က သားက သူ႕ အပိုင္လို႔ မေဖာ္ျပ႐ံုတမယ္​ေပ။

" သိတာေပါ့  ဦးလင္းျခံရံ..ဒီက ခင္ဗ်ား မေဟသီေလးကို....
ဟိုတစ္ခါက ခင္ဗ်ား show ပြဲမွာ
ေလလံအမ်ားဆံုး ေရာင္းေပးႏိုင္တဲ့ ေမာ္ဒယ္ေလးေလ..
ခင္ဗ်ား အရမ္းကံေကာင္းတာပဲ ဦးလင္းၿခံရံ
အခုလို ဇနီးေခ်ာေခ်ာေလးကို ရထားတာ "

ဝင္ေျပာလာေသာ ဦးခင္ေရႊ စကားေၾကာင့္ ၿခံရံ
ၿပံဳးလိုက္သည္။

" ဟုတ္တယ္ ဦးခင္ေရႊ က်ေတာ့္ က သိပ္ကံ
ေကာင္းတာ... အခုလို ဇနီး​ေခ်ာေခ်ာေလးကို
ရထားလို႔​ေလ "

တစ္ဖက္သားကို ေျပာတာ ေကာင္းေကာင္း မေျပာ
သား ေမးဖ်ားကုိ လာက်ီစယ္ရင္း ေျပာေနေတာ့
မ်က္ေစာင္းမထိုးမိေအာင္ သား မနည္းထိန္းေနရသည္။

ပံုမွန္ဆို သား ထိုးလိုက္မိမွာ။ ဒါေပမဲ့
မ်က္ေစာင္းထိုးရင္ လူၾကားထဲ နမ္းမယ္ေျပာထား
တာေၾကာင့္ လူက မနည္းသည္းခံေနရသည္။

"  ေက်းဇူးပါေနာ္ baby...အခုလို ကိုယ့္
ဘဝထဲ ဝင္လာေပးတဲ့အတြက္....."

ေမးဖ်ားေလးကို လႈပ္ကာ ၿပံဳးရြင္စြာ ေပ်ာ္ေနေသာ
ဦးၿခံရံ မ်က္ႏွာႀကီးေၾကာင့္ သားလည္း
သူ႕နည္းတူ ဟန္ေဆာင္ပန္ေဆာင္ ၿပံဳးျပလိုက္သည္။

"  baby ကသာ ေက်းဇူးတင္ရမွာပါ ဦးရံ...
အခုလို baby ဘဝထဲ ဝင္လာေပးတဲ့အတြက္...
သိပ္ခ်စ္တယ္ေနာ္ ဦးရံ "

" ရႊတ္ "

သူ႕ ထက္ ပိုပိုသာသာ ေျခဖ်ားေထာက္ရင္း
သူ႕ ပါးေလးကို သား လွမ္းနမ္းလိုက္သည္။
ထိုအခါ မ်က္လုံးျပဴးၿပီး ဆြံ႕အသြားေသာ သူ႕
ပံုစံေၾကာင့္ သား မဲ့ၿပံဳး ၿပံဳးလိုက္မိသည္။

" ဟာ... ဦးလင္းၿခံရံ တို႔ အတြဲကေတာ့
အေတာ္႐ိုတာပဲ.... "

" ဟုတ္ပါ့ က်ေတာ္ ေတာင္ အားက်လာၿပီ...
ဒါမွန္းသိရင္ မိန္းမ ယူပါတယ္ "

" က်ေတာ္လည္း နာတယ္ကြာ ...
ဦးလင္းၿခံရံ တို႔လို ႐ိုရေအာင္ အိမ္က မိန္းမ
ကို တစ္ခါတည္း ေခၚလာလိုက္ရမွာ "

တစ္ေယာက္ တစ္မ်ဳိး အားက်တယ္ေျပာေနေသာ
စကားေတြက သူ႕ နားထဲ ဝင္တစ္ခ်က္
မဝင္တစ္ခ်က္။

ခ်စ္တယ္ ေျပာၿပီး နမ္းလိုက္တာေၾကာင့္
ရင္တစ္ခုလံုးကလည္​း ေျဗာင္းဆန္သြားရသည္။
ဒါေပမဲ့ သူမ​ေလး မဲ့ၿပံဳးၿပံဳးတာကို ျမင္လိုက္ရေတာ့
ဒါေတြက ဟန္ေဆာင္​ေနတယ္​ဆိုတာ သူ ကိုယ့္ သူ
ၿခံရံ သတိေပးေနရသည္။

သူ ႐ူးေနတာပဲ။  ေမေသြးျခယ္ ခ်စ္တယ္ေျပာၿပီး
နမ္းတဲ့ ေအာက္မွာ။  သူမေလးက သူ႕ကို
ဘယ္လိုလို႔ ခ်စ္မွာလဲ။ မုန္းတယ္လို႔ ေျပာထား
တာကို။

" ဦးရံ baby ဗိုက္ဆာလို႔ တစ္ခုခုသြားစားလိုက္အံုး
မယ္. ..ဦးရံ တို႔ တစ္ေနရာ ထိုင္ၿပီး စကားေျပာ
ထားၾကအံုးေနာ္....baby သြားၿပီ ဦးရံ "

သူမေလး အသံၾကားမွ သတိဝင္လာေတာ့
သူမေလးက ထြက္သြားခဲ့ၿပီေလ။

သား ဗိုက္ဆာလို႔ ကိတ္မုန္႔မ်ဳိးစံု ခ်ထားတဲ့
ဆီကို သြားေတာ့ ျမင္လိုက္ရတဲ့ ကိတ္မုန္႔ေတြက
စားခ်င္စရာအတိနဲ႔ေပ။

ဒီေတာ့ ပန္းကန္နဲ႔ ခရင္း ယူၿပီး သား စိတ္ႀကိဳက္
ကိတ္မုန္႔ေတြကို ထိုးစားေနမိသည္။

ဒီၾကားထဲ ဟိုတယ္က ဝန္ထမ္းေတြက သားကို
အခ်ဳိရည္ေတြ လာေပးၾကေတာ့ အခ်ဳိရည္စား
လိုက္၊  မုန္႔ေလး စားလိုက္နဲ႔ သား အလုပ္ေတြ
ျဖစ္​​ေနခဲ့သည္။

ဗိုက္လည္း ျပည့္ေရာ ဟိုဘက္ကို အလွည့္
ျမင္လိုက္ရတဲ့ ျမင္ကြင္းက သားကို ရင္နာ
စရာႀကီးေပ။

ဒယ္ဒီ၊  ေဒၚသက္ခ်ဳိ နဲ႔ မိုးပုလဲ တို႔က သံုးေယာက္သား
ယွဥ္ၿပီး လာၾကေတာ့ တကယ္ေပ်ာ္ဖို႔ ေကာင္းတဲ့
မိသားစုေလး အလားေပ။

လာတာေတာင္ သူတို႔မ်က္ႏွာေတြက စကားေျပာၿပီး
ရယ္ၿပီး လာေနၾကေတာ့ ရင္ဘတ္ထဲမွာ
ေအာင့္သက္သက္ႀကီးေပ။

သား မာမီ သာ ရိွရင္ ေဒၚသက္ခ်ဳိ ေနရာမွာ
မာမီ က အစားဝင္ၿပီး မိုးပုလဲ ေနရာမွာ သား က
အစားဝင္ေနေလာက္ၿပီ။ အဲ့ဒါဆို
သားတို႔က  ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးလဲ။

" သမီး "

သား ကို ျမင္ေတာ့ အနားေရာက္လာတဲ့ ဒယ္ဒီ
ေၾကာင့္ ဝဲမလိုျဖစ္သြားတဲ့ မ်က္ရည္ေတြကို
သား မ်က္ေတာင္ရွည္​ နဲ႔  အျမန္ပုတ္ထုတ္လိုက္ရသည္။

" ဒယ္ဒီ ...ဒယ္ဒီ ေရာ ဒီလာတာေပါ့ "

" ဟုတ္တယ္ သမီး.... ဒီပြဲက အေရးႀကီးတယ္ေလ
ေျမကြက္ေတြပါ ေလလံတင္ၾကမွာ "

" ၿခံရံ ေရာ သမီး "

" ဟိုဘက္မွာ ဒယ္ဒီ... သူ႕ အသိေတြနဲ႔
စကားေျပာေနတယ္ "

" ဒါနဲ႔ သမီးကို ဒယ္ဒီ ဆုေပးရအံုးမယ္
ေလလံပြဲမွာ သမီး အႏိုင္ရတဲ့ အတြက္....
မနက္ျဖန္ သမီး အိမ္ကို သမီးလိုခ်င္တဲ့
ၿပိဳင္ကား ဒယ္ဒီ ပို႔ခိုင္းလိုက္မယ္ေနာ္ "

" တကယ္ ေျပာတာလား ဒယ္ဒီ...??  "

" တကယ္ေပါ့ "

သားကို ၿပိဳင္ကားဝယ္ေပးမယ္ ေျပာေနေသာ
ဒယ္ဒီ ေၾကာင့္ သား အံ့ဩမိသြားသည္။
ဘာလို႔ဆို သား ကို ဒယ္ဒီ က ကားၿပိဳင္ေမာင္း
မွာစိုးၿပီး သား လိုခ်င္တဲ့ ၿပိဳင္ကား ဘယ္ေတာ့မွ
ဝယ္မေပးခဲ့။ အခုက်ေတာ့ လိုလိုလားလားႀကီးနဲ႔
ဝယ္ေပးမယ္တဲ့​ေလ။

ေဘးနားက ေဒၚသက္ခ်ဳိ နဲ႔ မိုးပုလဲ ကလည္း
သားကို ၿပိဳင္ကားဝယ္ေပးမယ္ဆိုတဲ့
ဒယ္ဒီ စကား ေၾကာင့္ မ်က္ႏွာေတြ ပ်က္ေနၾကသည္။

" ကိုတိုး မိုးေလးကိုေရာ ၿပိဳင္​ကား
ဝယ္ေပးအံုးမလားဟင္ "

သူ႕ သမီး ဝယ္မေပးမွာ ေၾကာက္ၿပီး ဆိုလာေသာ
ေဒၚသက္ခ်ဳိ စကားေၾကာင့္ သား မဲ့ခ်င္မိသြား
သည္။

" ေမြးေန႔တုန္းက မင္​့ သမီး မိုးေလးကို ကိုယ္
ကားလက္ေဆာင္ေပးၿပီးသြားၿပီေလ သက္ခ်ဳိ "

" ဘာလဲ ဒယ္ဒီ...???   ဒယ္ဒီ က
အဲ့ဒီကား ဝယ္​​ေပးတာနဲ႔ပဲ ပုလဲ ကို
ၿပိဳင္​ကား ဝယ္မေပးခ်င္​ေတာ့ဘူး​ေပါ့ "

ထပ္မံဆိုလာေသာ မိုးပုလဲ စကားေတြကုိ ဒယ္ဒီ
ဘယ္လိုတံု႔ျပန္မလဲဆိုတာ သား အရမ္းသိခ်င္
ေနမိသည္။ ဒါ​ေၾကာင္​့ သား ဝင္​မပါဘဲ ၾကည္​့ပဲ
ၾကည္​့​ေနလိုက္​သည္​။

" ေငြဆိုတာ လိုတိုင္း ရတာ မဟုတ္ဘူး
သမီးမိုးေလး... ရွာရတာ ခက္တယ္
ဒယ္ဒီ ဝယ္မေပးခ်င္လို႔ မဟုတ္ဘူး
သမီးကို ဒယ္ဒီ ဝယ္ေပးၿပီးထားၿပီေလ... "

" ဒါေပမဲ့ ၿပိဳင္ကားမဟုတ္ဘူးေလ ဒယ္ဒီ...
ၿပိဳင္ကားကမွ..... "

" ေတာ္စမ္း မိုးေလး.... သမီး ဒယ္ဒီ ကို
ထပ္နားမညည္း​ေတာ့နဲ႔ မာမီ မႀကိဳက္ဘူး "

သူ႕ သမီး အေၾကာင္း သူသိတယ္ထင္ပါရဲ႕။
ေဒၚသက္ခ်ဳိ က ဝင္တားလိုက္တယ္ေလ။ ဟိုကလည္း
သူ႕ အေမ တားတာနဲ႔ ၿငိမ္က်လို႔သြားတယ္။

" ဒယ္ဒီ.... ဒယ္ဒီ ဧည့္သည္ေတြနဲ႔ စကားသြား
ေျပာအုံး​ေလ... ဟိုမွာ သူတို႔ ဒယ္ဒီ ကို လက္ယပ္
ေခၚေနၾကတယ္ "

သား လက္ညိဳးထိုးျပလိုက္ေတာ့ ဒယ္ဒီ က
ထိုးျပတဲ့ ေနရာကို တစ္ခ်က္ၾကည့္ကာ
သား ဘက္လွည့္လာခဲ့သည္။

"  ဒယ္ဒီ သြားေျပာလိုက္အံုးမယ္ေနာ္
သမီး..... ခဏေနမွ ဒယ္ဒီ နဲ႔ စကား
ေျပာၾကတာေပါ့ "

" ဟုတ္ ဒယ္ဒီ "

ဒယ္ဒီ အနားကေန ထြက္သြားေတာ့ ေဒၚသက္ခ်ဳိ နဲ႔
မိုးပုလဲ က သား နား ကပ္လာၾကသည္။

" အို႔... အို႔ သမီးလိမ္မာေလး လုပ္ေနပါလား
ေမေသြးျခယ္ ညည္းက ...ဒါေပမဲ့ ညည္း
လုပ္လည္း ခဏပါ ငါ့က ညည္း လိမ္မာ
ေယာင္ေဆာင္တာေတြကို အေရခြံခြၽတ္ပစ္မွာ
ညည္​း အ​ေဖ သိ​ေအာင္​   "

မထီသလို ခနဲ႔ေနေတာ့ သား မဲ့လိုက္မိသည္။

" ဒီမွာ ေဒၚသက္ခ်ဳိ အဲ့ဒီ စကားက ရွင္တို႔
သားမိကုိ က်မက ေျပာရမွာ... ဘယ့္ႏွယ္ အရွက္မရိွ
က်မ ကို လာေျပာေနရတာလဲ....??
ရွင္ကသာ က်မ ဒယ္ဒီ နဲ႔ မွားသလို ျဖစ္ေအာင္
လုပ္ၿပီး အပိုင္ၿခံတဲ့ မိန္းမ "

" ညည္း... .ညည္း.. ..!!!! "

အနာေပၚ တုတ္က်သြား၍ ႐ႉး႐ႉးရွဲရွဲ ျဖစ္သြားတဲ့
ေဒၚသက္ခ်ဳိ ပံုစံက သိပ္ကို ၾကည့္လို႔
ေကာင္းသည္။

" ေကာင္မ နင့္ကမ်ား ငါ့ မာမီ ကို .....
နင့္ကသာ ပိုင္းလံုးမ... ငါ့ ဦးလင္း ကို ငါ့ ဆီကေန
လုယူသြားတဲ့ ေကာင္မ ...အရွက္မရိွတဲ့ မိန္းမ "

" ငါ့ခ်ည္းပဲ ပိတ္ဆဲမေနနဲ႔ မိုးပုလဲ.... နင့္
အေမသာ ငါ့ ဒယ္ဒီ ကို  မယူဘူးဆိုရင္
နင့္ လူ ဦးၿခံရံ ကို ငါ ယူစရာဘာအေၾကာင္း
မွ မရိွဘူး.... ဒီေတာ့ အျပစ္တင္ခ်င္ရင္
နင့္ အေမကိုသာ အျပစ္တင္... .ဪ
ဒါနဲ႔ နင္​ သိလား နင့္ ဦးၿခံရံ က ငါ့ကို အရမ္းခ်စ္တာ
သူ႕ကေလ ငါမွ ငါျဖစ္ေနတာ... နင့္
လူကိုလည္း ေျပာထားလိုက္အံုးေနာ္
ေတာ္ၾကာ ငါ့ကို အရမ္းခ်စ္ၿပီး ငါ အသည္းခြဲမွ
ငိုမေနနဲ႔လို႔....ဟားဟား "

ေျမႇာက္တက္လာေသာ လက္ဝါးေၾကာင့္
သား ရယ္တာပင္ ရပ္တန္႔သြားရသည္။

႐ိုက္ခံရၿပီလို႔ လူက ျပာသြားခ်ိန္ ထိုလက္ကို
ဖမ္းဆုပ္လိုက္ေသာ ဦးၿခံရံ ေၾကာင့္ သား
မ်က္လုံးျပဴးသြားရျပန္သည္။

" မင္း ဒါ ဘာလုပ္တာလဲ ပုလဲ...??
ဘာလို႔ ငါ့ ဇနီး ကို ႐ိုက္ဖို႔ ရြယ္ရတာလဲ "

" ဒီေကာင္မ က ဦးလင္း ကို ငိုေအာင္လုပ္မယ္
ေျပာလို့ ပုလဲ က စိတ္တိုၿပီး ႐ိုက္ဖို႔ ရြယ္လိုက္တာ "

" ဟုတ္တယ္. ..ဟုတ္တယ္ သားၿခံရံ
အန္တီ သမီးက သား ကို ေမေသြးျခယ္ က
ငိုေအာင္ လုပ္မယ္ေျပာလို႔ သားအစား
စိတ္​တိုၿပီး ႐ိုက္ဖို႔ ရြယ္လိုက္တာ.. .
ဒါတင္မကေသးဘူး ေမေသြးျခယ္ က မင္းကို
ကလဲ့စားေခ်မယ္တဲ့  "

" အဲ့တာနဲ႔ သူ႕ကို ဘာလို႔ ႐ိုက္ဖို႔ ရြယ္ရတာလဲ.. .??
သူ႕က က်ေတာ့္ ကို ေျပာတာေလ... အန္တီတို႔ကို
ေျပာတာမွ မဟုတ္တာ "

" အန္တီတို႔က သား ဘက္က နာလို႔ပါ
မွားသြားရင္ အန္တီ သမီး အစား အန္တီ
ေတာင္းပန္ပါတယ္ "

" ရပါတယ္ အန္တီ... အခုလို က်ေတာ့္ ကို
စိတ္ပူေပးလို႔ ေက်းဇူးပါ. ...ေနာက္တစ္ခါေတာ့
က်ေတာ့္ ဇနီး က်ေတာ့္ ကို ဘာပဲေျပာေျပာ
အန္တီတို႔ ဝင္မပါၾကပါနဲ႔ က်ေတာ္ မႀကိဳက္ဘူး "

" ဦးလင္း က အရမ္​း ရက္စက္တာပဲ
ဦးလင္း အစား ပုလဲ က နာလို႔ ပုလဲ က
႐ိုက္ဖို႔ရြယ္တာပါ.... ပုလဲ မွားသြားတယ္​လို႔
ဦးလင္း ထင္​ရင္​  ပုလဲ ေတာင္းပန္တယ္.....
ပုလဲ အရမ္​းဝမ္​းနည္​းတာပဲ "

ငိုမဲ့မဲ့ေလး ပုလဲ ထြက္သြားေတာ့ ပုလဲ ေနာက္ကို
ေဒၚသက္ခ်ဳိ အေျပးလိုက္သြားခဲ့သည္။

" ခင္ဗ်ား ဘာလို႔ သားကို ကာကြယ္ေပးတာလဲ
ဦးလင္းၿခံရံ....??  "

အကုန္လံုး ထြက္သြားမွ စကားဆိုလာေသာ
ေမေသြးျခယ္ ကို ၿခံရံ ၿပံဳးၿပံဳးႀကီး ၾကည့္လိုက္ကာ...

" မင္းက ငါ့ အပုိင္ ေမေသြးျခယ္.....
ဒါေၾကာင့္ ဘယ္သူမွ အႏိုင္က်င့္လို႔မရဘူး
အႏိုင္က်င့္ခ်င္ က်င့္ ငါပဲ က်င့္မယ္ "

" ခင္ဗ်ား က သိပ္ အတၱႀကီးတာပဲ ဦးလင္းၿခံရံ "

" အခုမွ သိတာလား ေမေသြးျခယ္....
ငါ အတၱႀကီးတာကို "

" ဟုတ္တယ္ သား အခုမွ သိတာ...
ဒါနဲ႔ ဘယ္လိုလုပ္မလဲ သားကလည္း
ခင္ဗ်ား ထက္ အတၱပိုႀကီးေနတယ္
သား ေခါင္းထဲမွာ ခင္ဗ်ား ကို ဘယ္လိုနာက်င္
ေအာင္ လုပ္ရမလဲဆိုၿပီး.. .."

မင္း မုန္းတယ္ေျပာလိုက္ရင္ ငါ နာက်င္ပါတယ္
ေမေသြးျခယ္။

" ဒါဆို အလကား စဥ္းစားမေနနဲ႔ ေမေသြးျခယ္
မင္း ဘာပဲလုပ္လုပ္ ငါ နာက်င္မွာ
မဟုတ္ဘူး "

စိတ္ထဲက တစ္မ်ဳိး၊  အျပင္ဘက္မွာေတာ့
စိတ္ထဲကနဲ႔ ဆန္႔က်င္ဘက္ ၿခံရံ ထြက္သြားခဲ့သည္။

" ခင္ဗ်ား စကားကို ခင္ဗ်ား မွတ္ထားပါ ဦးလင္းၿခံရံ
သားက ခင္ဗ်ား သားကို ခ်စ္လာေအာင္
လုပ္ၿပီး ခင္ဗ်ား ႏွလုံးသားကို ဓားနဲ႔ ခြဲမွာမို႔လို႔ပဲ
အဲ့ဒီအခါ မငိုမိ​ေစနဲ႔....!!!! "

" လုပ္ေလ... ငါ ေစာင့္ၾကည့္ေနမယ္ ေမေသြးျခယ္
မင္းသာ ငါ့ကို မခ်စ္မိေစနဲ႔ မဟုတ္ရင္ မင္းပဲ
နာက်င္ရလိမ့္မယ္... ငါ့မွာ မင္းအတြက္
အခ်စ္ဆိုတာ မရိွဘူး "

ဒီစကားေတြ ေျပာေနေသာ ဦးၿခံရံ မ်က္ႏွာက
ခံစားခ်က္ မရိွတဲ့ လူသားလိုပင္။
ဘယ္လိုလို႔ ရိွမလဲ သူ႕ကမွ သားကို မခ်စ္တာ။
သားကသာ သူ႕ကို တဖတ္သတ္ႀကီး ခ်စ္ေနရတာ
​ေလ။

ႏွလံုးသားရဲ႕ ဆႏၵအရ သူ႕ကို ဦးရံ လို႔ ေခၚၿပီး
ခ်စ္ေၾကာင္းေတြ ေျပာပစ္လိုက္ခ်င္သည္။
ဒါေပမဲ့ ဦးေႏွာက္ကေတာ့ ကိုယ့္ကို
အ႐ုပ္လို႔ သေဘာထားတဲ့ လူကို မခ်စ္နဲ႔တဲ့။
ကိုယ္ပဲ နာက်င္ရလိမ့္မယ္တဲ့။

မာမီ လိုေပါ့။ ဒယ္ဒီ ကို တဖတ္သတ္​ခ်စ္ၿပီး
ေပးဆပ္လာခဲ့ရတာ။ မာမီ လိုေတာ့ ေပးဆပ္သူ
ႀကီး သားက မလုပ္ႏိုင္ပါ။ သားကို မခ်စ္တဲ့
လူတစ္ေယာက္ကို သား ေသေတာင္ ခ်စ္တယ္
မေျပာႏိုင္ပါ။

" သား ရင္ဘတ္ထဲမွာလည္း ခင္ဗ်ား အတြက္
အခ်စ္မရိွဘူး ဦးလင္းၿခံရံ  ...အဲ့ဒီ အစား
အမုန္းေတြပဲ ရိွတယ္... သားကို ခင္ဗ်ား ခ်စ္မိ
မသြားေစနဲ႔ ခ်စ္မိသြားတဲ့ တစ္ေန႔ ခင္ဗ်ား
ႏွလုံးသားကို သားက အေရခြံဆုတ္ၿဖဲပစ္မွာ "

" အလားတူပါပဲ ေမေသြးျခယ္. ..မင္းလည္း
ငါ့ကို ခ်စ္မိမသြားေစနဲ႔... အခုေတာ့ ငါရဲ႕
ခ်စ္ဇနီးအတုေလး လုပ္ေပးပါအံုး "

သား ကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲဖက္လိုက္ေသာ
သူေၾကာင့္ ႏႈတ္ခမ္းတစ္စံုကို ျပတ္လုမတတ္
ကိုက္ထားပစ္လိုက္သည္။

ထိုအခ်ိန္ ေရာက္လာၾကေသာ သတင္းေထာက္
ေတြေၾကာင့္ သား သိလိုက္ၿပီ။ သူ သားကို
ဖက္တာ အေကာင္းမဟုတ္။ သတင္​း​ေထာက္​
​ေတြ ​ေရာက္​လာလို႔​ေပ။

***************************

ပြဲတစ္ေလွ်ာက္လံုး သူ႕ ပါတနာေတြနဲ႔ သား
ဟန္လုပ္ၿပံဳးေနရသည္။ ပြဲၿပီးမွသာ
သား သက္ျပင္းခ်ႏိုင္ေတာ့သည္။ ဒါေတာင္
ေလလံ ဆြဲေနတုန္း သား ခါးကို ပိုင္စိုးပိုင္နင္း
ဖက္ထားတဲ့ သူေၾကာင့္ စိတ္ေတြက
အ​ေတာ္​ တိုေနရသည္။

ဘာလို႔လဲ။  ဘာလို႔ သားကို သူ မခ်စ္ဘဲ
ဒီလို ဆက္ဆံေနရတာလဲ။
သူ ဒီလို ဆက္ဆံတိုင္း သား ႏွလုံးသားေလး
က အရမ္းဝမ္းနည္းမိသည္။

" မင္း ေျခေထာက္ေလး ရဲေနၿပီ ေမေသြးျခယ္ "

ကားေမာင္းစရာရိွတာ မေမာင္းဘဲ သား
ေျခေထာက္ကို ၾကည့္ၿပီး သူ႕က ကားကို
ရပ္ပစ္လိုက္သည္။

" ခင္ဗ်ား ဘာလုပ္မလို႔လဲ ဦးလင္းၿခံရံ...
ခင္ဗ်ား ဘာလုပ္မလို႔လဲ...??  "

" ၿငိမ္ၿငိမ္ေလးေန မင္း ေျခေထာက္ရဲေနၿပီ
အဲ့ဒီ ေဒါက္ဖိနပ္ေၾကာင့္ ...ၿငိမ္ၿငိမ္မေနလို႔
ကေတာ့ ကားထဲမွာ ငါနဲ႔ နွစ္ပါးသြားဖို႔သာ
ျပင္ထား"

စကားကို ခ်ဳိခ်ဳိသာသာေလး မေျပာဘဲ သား
ေျခေထာက္ေလးကို အသာေလးဆြဲယူလိုက္ေတာ့
သူကို သား ၾကည့္ေနလိုက္သည္။ မၾကည့္လို႔က
မရ၊  ဒီႏွာဘူးက ယံုရတာ မဟုတ္။

သား ေျခေထာက္က ေဒါက္ဖိနပ္ကို အသာေလး
ခြၽတ္ၿပီး သူ႕ ေဘာင္းဘီ အိတ္ကပ္ထဲက
ေဆးဘူးထုတ္ကာ ရဲေနေသာ ထိပ္ဖ်ားေလးကို
ေဆးတို႔ေပးလိုက္ေတာ့ လူက တုန္သြားရသည္။

ေဆးက တအားႀကီး မစပ္ေပမဲ့ အနည္းငယ္ေတာ့
စပ္ေနေလသည္။

သူ႔ ေဘာင္းဘီ အိတ္ကပ္ထဲ ေဆးဘူး
ရိွေနတဲ့အတြက္လည္း သား အံ့ၾသမိသည္။

ေျခေထာက္ နွစ္ဖက္စလံုးကို ေဆးလိမ္းေပးၿပီး
စပ္မွာစိုးလို့ ေျခေခ်ာင္းေတြကို ပါးစပ္နဲ႔ မႈတ္ေပး
ေနတဲ့ သူ႕ လုပ္ရပ္ေၾကာင့္လည္း
သား အရမ္​းအံ့ဩမိသည္။

အံ့ဩခ်င္ေပမဲ့ သူ ေျပာထားတဲ့ စကား​ေတြက
နားထဲ ဝင္လာေတာ့ မအံ့ဩမိေတာ့ပါ။ ဟုတ္တာေပါ့
သားကို ခ်စ္လာေအာင္ သူ႕က အခုလို နည္းလမ္း
ေတြနဲ႔ ဂ႐ုစိုက္ေပးေနတာေလ။ ဒါက အံ့ဩ
စရာမွ မဟုတ္တာ။ အံ့ဩရင္ သားက အ႐ူး
ျဖစ္သြားမွာေလ။

" သြားစမ္းကြာ...!!!  "

႐ုတ္တရက္ သူ ခြၽတ္ထားေပးတဲ့ သား ေဒါက္ဖိနပ္
ႏွစ္ဖက္စလံုးကို ကားမွန္ကေန လႊင့္ပစ္လိုက္၍
လူက မ်က္လုံးျပဴးသြားရသည္။

" ခင္ဗ်ား ဘာလုပ္တာလဲ ဦးလင္းၿခံရံ...??
ဘာလို႔ သား ဖိနပ္ကို လႊင့္ပစ္ရတာလဲ...? ? "

" ဒီက ေရွ႕ေလွ်ာက္ ေဒါက္ဖိနပ္မစီးရဘူး ေမေသြးျခယ္
ဒါ ငါ့ အမိန္႔ပဲ "

" ကိုယ့္ ေျခေထာက္နဲ႔ ကိုယ္ စီးတာ ခင္ဗ်ား
ေျခေထာက္ ငွားစီးေနတာမဟုတ္ဘူး ဦးလင္းၿခံရံ...
ဒီေတာ့ ခင္ဗ်ား စကားကို နားမေထာင္ႏိုင္ဘူး
အခုခ်က္ခ်င္း သား ဖိနပ္ကို ျပန္ေကာက္ေပး
အဲ့ဒါ ေနထက္ ဝယ္ေပးထားတာ.. .."

" ဘာ...!!!  "

" ဒုန္း..!!!  "

ကားကူရွင္ကို လက္သီးနဲ႔ ထိုးခ်လိုက္ေတာ့
သား လန္႔ခ်င္မိသြားသည္။ ဒါေပမဲ့ သား
လန္႔လို႔မရ၊ သား လန္႔ရင္ သူ႕ကို ေၾကာက္တယ္
ထင္ေနလိမ့္မည္။ ဒါေၾကာင့္ ႏႈတ္ခမ္းတစ္စံုကို
အသားကုန္ ဖိကိုက္ထားၿပီး သူ႕ကို
သား ေဒါသမ်က္လံုးနဲ႔ စိုက္ၾကည့္ေနလိုက္သည္။

Part  37 ေမွ်ာ္.................................
( ၿခံရံ ရယ္ ရွင့္ အခ်စ္က ေၾကာက္စရာႀကီး
ႏုႏုရြရြ မရိွဘူး 😂😂😂😂😂ေမေသြးျခယ္
ကမွ ဆိုးပါတယ္ဆိုေနမွ ရွင့္က အခ်စ္ၾကမ္းေန
ေတာ့ ခက္ၿပီ.. .သား နာမွာစိုးလို႔ ကိုယ့္က
ေဒါက္ဖိနပ္ မစီးခိုင္းတာလို႔ ေျပာလိုက္ေလ
ဘယ့္ႏွယ္ ငါ့ အမိန္႔ေတြ မစီးရဘူးေတြ လုပ္ေန 😂😂
ေတာ္ၾကာ သားက ရွင့္ကို စိတ္ဆိုးၿပီး တက္လုပ္သြား
မွ ဒုကၡ 😂😂😂😂😂😂😂)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 36 }

" မိုက်တယ်ဗျာ  ဈေးကွက်ထဲ
ထိုးဝင်တဲ့ ဦးလင်းခြံရံရဲ့ ပစ္စည်းတွေက....
ဒါကြောင့်လည်း LCY ပစ္စည်းတွေဆို
လူတွေက ဈေးကြီး ပေးဝယ်တာကိုး
ခင်ဗျား က အရမ်းတော်တာပဲ ဦးလင်းခြံရံ "

" အထင်ကြီးလွန်းနေပါပြီ.....အဲ့ဒီလောက်လည်း
မဟုတ်သေးပါဘူး "

ချီးမွမ်းစကားတွေက သူလာမှ ထွက်ပေါ်လာ
သော ခြံရံ ပုံမှန်အတိုင်းပဲ ပြန်ဖြေလိုက်သည်။
စီးပွားရေး လောကဆိုတဲ့အတိုင်း လည်သူ
စား၊  အ သူခံရဆိုတဲ့ စကားပုံလိုပေ။
ကိုယ့် ရှေ့ရောက်ရင် ကိုယ့်ကို ချီးမွမ်းသလိုနဲ့
နောက်ကွယ်ကျတော့ ကိုယ် ပြုတ်​ကျဖို့
အတွက် ကျားချောင်း ချောင်းနေကြသည်။

" ဒါလေးက ဘယ်သူလေးပါလိမ့်"


ဦးမိုးစွေ ဆီက  မေးသံနဲ့အတူ မေသွေးခြယ်
ကို စိုက်ကြည့်နေသော အကြည့်ကြောင့်
ခြံရံ သူ့ ဘေးနားက မေသွေးခြယ် ကိုယ်လေး
ကို ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။

" ကြည့်ရတာ ဦးလင်းခြံရံ ရဲ့ မဟေသီလေး
ဖြစ်မယ်ထင်တယ် "

သူ ဖက်လိုက်မှ မဟေသီလေး လာလုပ်နေတော့
ခြံရံ အောက်နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်သည်။

" ဘယ်ဆိုးလို့လဲ ဦးမိုးစွေ... .?? ခင်ဗျား က
အရမ်းတော်သားပဲ ဒါ့က ကျတော့် ဇနီး
မေသွေးခြယ် လေ "

သား တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖက်ထားပြီး
သူ့ မိတ်ဆွေတွေကို ပြောနေသော ဦးခြံရံ
ပုံစံ က သားက သူ့ အပိုင်လို့ မဖော်ပြရုံတမယ်​ပေ။

" သိတာပေါ့  ဦးလင်းခြံရံ..ဒီက ခင်ဗျား မဟေသီလေးကို....
ဟိုတစ်ခါက ခင်ဗျား show ပွဲမှာ
လေလံအများဆုံး ရောင်းပေးနိုင်တဲ့ မော်ဒယ်လေးလေ..
ခင်ဗျား အရမ်းကံကောင်းတာပဲ ဦးလင်းခြံရံ
အခုလို ဇနီးချောချောလေးကို ရထားတာ "

ဝင်ပြောလာသော ဦးခင်ရွှေ စကားကြောင့် ခြံရံ
ပြုံးလိုက်သည်။

" ဟုတ်တယ် ဦးခင်ရွှေ ကျတော့် က သိပ်ကံ
ကောင်းတာ... အခုလို ဇနီး​ချောချောလေးကို
ရထားလို့​လေ "

တစ်ဖက်သားကို ပြောတာ ကောင်းကောင်း မပြော
သား မေးဖျားကို လာကျီစယ်ရင်း ပြောနေတော့
မျက်စောင်းမထိုးမိအောင် သား မနည်းထိန်းနေရသည်။

ပုံမှန်ဆို သား ထိုးလိုက်မိမှာ။ ဒါပေမဲ့
မျက်စောင်းထိုးရင် လူကြားထဲ နမ်းမယ်ပြောထား
တာကြောင့် လူက မနည်းသည်းခံနေရသည်။

"  ကျေးဇူးပါနော် baby...အခုလို ကိုယ့်
ဘဝထဲ ဝင်လာပေးတဲ့အတွက်....."

မေးဖျားလေးကို လှုပ်ကာ ပြုံးရွင်စွာ ပျော်နေသော
ဦးခြံရံ မျက်နှာကြီးကြောင့် သားလည်း
သူ့နည်းတူ ဟန်ဆောင်ပန်ဆောင် ပြုံးပြလိုက်သည်။

"  baby ကသာ ကျေးဇူးတင်ရမှာပါ ဦးရံ...
အခုလို baby ဘဝထဲ ဝင်လာပေးတဲ့အတွက်...
သိပ်ချစ်တယ်နော် ဦးရံ "

" ရွှတ် "

သူ့ ထက် ပိုပိုသာသာ ခြေဖျားထောက်ရင်း
သူ့ ပါးလေးကို သား လှမ်းနမ်းလိုက်သည်။
ထိုအခါ မျက်လုံးပြူးပြီး ဆွံ့အသွားသော သူ့
ပုံစံကြောင့် သား မဲ့ပြုံး ပြုံးလိုက်မိသည်။

" ဟာ... ဦးလင်းခြံရံ တို့ အတွဲကတော့
အတော်ရိုတာပဲ.... "

" ဟုတ်ပါ့ ကျတော် တောင် အားကျလာပြီ...
ဒါမှန်းသိရင် မိန်းမ ယူပါတယ် "

" ကျတော်လည်း နာတယ်ကွာ ...
ဦးလင်းခြံရံ တို့လို ရိုရအောင် အိမ်က မိန်းမ
ကို တစ်ခါတည်း ခေါ်လာလိုက်ရမှာ "

တစ်ယောက် တစ်မျိုး အားကျတယ်ပြောနေသော
စကားတွေက သူ့ နားထဲ ဝင်တစ်ချက်
မဝင်တစ်ချက်။

ချစ်တယ် ပြောပြီး နမ်းလိုက်တာကြောင့်
ရင်တစ်ခုလုံးကလည်း ဗြောင်းဆန်သွားရသည်။
ဒါပေမဲ့ သူမ​လေး မဲ့ပြုံးပြုံးတာကို မြင်လိုက်ရတော့
ဒါတွေက ဟန်ဆောင်​နေတယ်​ဆိုတာ သူ ကိုယ့် သူ
ခြံရံ သတိပေးနေရသည်။

သူ ရူးနေတာပဲ။  မေသွေးခြယ် ချစ်တယ်ပြောပြီး
နမ်းတဲ့ အောက်မှာ။  သူမလေးက သူ့ကို
ဘယ်လိုလို့ ချစ်မှာလဲ။ မုန်းတယ်လို့ ပြောထား
တာကို။

" ဦးရံ baby ဗိုက်ဆာလို့ တစ်ခုခုသွားစားလိုက်အုံး
မယ်. ..ဦးရံ တို့ တစ်နေရာ ထိုင်ပြီး စကားပြော
ထားကြအုံးနော်....baby သွားပြီ ဦးရံ "

သူမလေး အသံကြားမှ သတိဝင်လာတော့
သူမလေးက ထွက်သွားခဲ့ပြီလေ။

သား ဗိုက်ဆာလို့ ကိတ်မုန့်မျိုးစုံ ချထားတဲ့
ဆီကို သွားတော့ မြင်လိုက်ရတဲ့ ကိတ်မုန့်တွေက
စားချင်စရာအတိနဲ့ပေ။

ဒီတော့ ပန်းကန်နဲ့ ခရင်း ယူပြီး သား စိတ်ကြိုက်
ကိတ်မုန့်တွေကို ထိုးစားနေမိသည်။

ဒီကြားထဲ ဟိုတယ်က ဝန်ထမ်းတွေက သားကို
အချိုရည်တွေ လာပေးကြတော့ အချိုရည်စား
လိုက်၊  မုန့်လေး စားလိုက်နဲ့ သား အလုပ်တွေ
ဖြစ်​နေခဲ့သည်။

ဗိုက်လည်း ပြည့်ရော ဟိုဘက်ကို အလှည့်
မြင်လိုက်ရတဲ့ မြင်ကွင်းက သားကို ရင်နာ
စရာကြီးပေ။

ဒယ်ဒီ၊  ဒေါ်သက်ချို နဲ့ မိုးပုလဲ တို့က သုံးယောက်သား
ယှဉ်ပြီး လာကြတော့ တကယ်ပျော်ဖို့ ကောင်းတဲ့
မိသားစုလေး အလားပေ။

လာတာတောင် သူတို့မျက်နှာတွေက စကားပြောပြီး
ရယ်ပြီး လာနေကြတော့ ရင်ဘတ်ထဲမှာ
အောင့်သက်သက်ကြီးပေ။

သား မာမီ သာ ရှိရင် ဒေါ်သက်ချို နေရာမှာ
မာမီ က အစားဝင်ပြီး မိုးပုလဲ နေရာမှာ သား က
အစားဝင်နေလောက်ပြီ။ အဲ့ဒါဆို
သားတို့က  ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ မိသားစုလေးလဲ။

" သမီး "

သား ကို မြင်တော့ အနားရောက်လာတဲ့ ဒယ်ဒီ
ကြောင့် ဝဲမလိုဖြစ်သွားတဲ့ မျက်ရည်တွေကို
သား မျက်တောင်ရှည်​နဲ့  အမြန်ပုတ်ထုတ်လိုက်ရသည်။

" ဒယ်ဒီ ...ဒယ်ဒီ ရော ဒီလာတာပေါ့ "

" ဟုတ်တယ် သမီး.... ဒီပွဲက အရေးကြီးတယ်လေ
မြေကွက်တွေပါ လေလံတင်ကြမှာ "

" ခြံရံ ရော သမီး "

" ဟိုဘက်မှာ ဒယ်ဒီ... သူ့ အသိတွေနဲ့
စကားပြောနေတယ် "

" ဒါနဲ့ သမီးကို ဒယ်ဒီ ဆုပေးရအုံးမယ်
လေလံပွဲမှာ သမီး အနိုင်ရတဲ့ အတွက်....
မနက်ဖြန် သမီး အိမ်ကို သမီးလိုချင်တဲ့
ပြိုင်ကား ဒယ်ဒီ ပို့ခိုင်းလိုက်မယ်နော် "

" တကယ် ပြောတာလား ဒယ်ဒီ...??  "

" တကယ်ပေါ့ "

သားကို ပြိုင်ကားဝယ်ပေးမယ် ပြောနေသော
ဒယ်ဒီ ကြောင့် သား အံ့ဩမိသွားသည်။
ဘာလို့ဆို သား ကို ဒယ်ဒီ က ကားပြိုင်မောင်း
မှာစိုးပြီး သား လိုချင်တဲ့ ပြိုင်ကား ဘယ်တော့မှ
ဝယ်မပေးခဲ့။ အခုကျတော့ လိုလိုလားလားကြီးနဲ့
ဝယ်ပေးမယ်တဲ့​လေ။

ဘေးနားက ဒေါ်သက်ချို နဲ့ မိုးပုလဲ ကလည်း
သားကို ပြိုင်ကားဝယ်ပေးမယ်ဆိုတဲ့
ဒယ်ဒီ စကား ကြောင့် မျက်နှာတွေ ပျက်နေကြသည်။

" ကိုတိုး မိုးလေးကိုရော ပြိုင်​ကား
ဝယ်ပေးအုံးမလားဟင် "

သူ့ သမီး ဝယ်မပေးမှာ ကြောက်ပြီး ဆိုလာသော
ဒေါ်သက်ချို စကားကြောင့် သား မဲ့ချင်မိသွား
သည်။

" မွေးနေ့တုန်းက မင့်​သမီး မိုးလေးကို ကိုယ်
ကားလက်ဆောင်ပေးပြီးသွားပြီလေ သက်ချို "

" ဘာလဲ ဒယ်ဒီ...???   ဒယ်ဒီ က
အဲ့ဒီကား ဝယ်​ပေးတာနဲ့ပဲ ပုလဲ ကို
ပြိုင်​ကား ဝယ်မပေးချင်​တော့ဘူး​ပေါ့ "

ထပ်မံဆိုလာသော မိုးပုလဲ စကားတွေကို ဒယ်ဒီ
ဘယ်လိုတုံ့ပြန်မလဲဆိုတာ သား အရမ်းသိချင်
နေမိသည်။ ဒါ​ကြောင့်​သား ဝင်​မပါဘဲ ကြည့်​ပဲ
ကြည့်​နေလိုက်​သည်​။

" ငွေဆိုတာ လိုတိုင်း ရတာ မဟုတ်ဘူး
သမီးမိုးလေး... ရှာရတာ ခက်တယ်
ဒယ်ဒီ ဝယ်မပေးချင်လို့ မဟုတ်ဘူး
သမီးကို ဒယ်ဒီ ဝယ်ပေးပြီးထားပြီလေ... "

" ဒါပေမဲ့ ပြိုင်ကားမဟုတ်ဘူးလေ ဒယ်ဒီ...
ပြိုင်ကားကမှ..... "

" တော်စမ်း မိုးလေး.... သမီး ဒယ်ဒီ ကို
ထပ်နားမညည်း​တော့နဲ့ မာမီ မကြိုက်ဘူး "

သူ့ သမီး အကြောင်း သူသိတယ်ထင်ပါရဲ့။
ဒေါ်သက်ချို က ဝင်တားလိုက်တယ်လေ။ ဟိုကလည်း
သူ့ အမေ တားတာနဲ့ ငြိမ်ကျလို့သွားတယ်။

" ဒယ်ဒီ.... ဒယ်ဒီ ဧည့်သည်တွေနဲ့ စကားသွား
ပြောအုံး​လေ... ဟိုမှာ သူတို့ ဒယ်ဒီ ကို လက်ယပ်
ခေါ်နေကြတယ် "

သား လက်ညိုးထိုးပြလိုက်တော့ ဒယ်ဒီ က
ထိုးပြတဲ့ နေရာကို တစ်ချက်ကြည့်ကာ
သား ဘက်လှည့်လာခဲ့သည်။

"  ဒယ်ဒီ သွားပြောလိုက်အုံးမယ်နော်
သမီး..... ခဏနေမှ ဒယ်ဒီ နဲ့ စကား
ပြောကြတာပေါ့ "

" ဟုတ် ဒယ်ဒီ "

ဒယ်ဒီ အနားကနေ ထွက်သွားတော့ ဒေါ်သက်ချို နဲ့
မိုးပုလဲ က သား နား ကပ်လာကြသည်။

" အို့... အို့ သမီးလိမ်မာလေး လုပ်နေပါလား
မေသွေးခြယ် ညည်းက ...ဒါပေမဲ့ ညည်း
လုပ်လည်း ခဏပါ ငါ့က ညည်း လိမ်မာ
ယောင်ဆောင်တာတွေကို အရေခွံချွတ်ပစ်မှာ
ညည်း အ​ဖေ သိ​အောင်​"

မထီသလို ခနဲ့နေတော့ သား မဲ့လိုက်မိသည်။

" ဒီမှာ ဒေါ်သက်ချို အဲ့ဒီ စကားက ရှင်တို့
သားမိကို ကျမက ပြောရမှာ... ဘယ့်နှယ် အရှက်မရှိ
ကျမ ကို လာပြောနေရတာလဲ....??
ရှင်ကသာ ကျမ ဒယ်ဒီ နဲ့ မှားသလို ဖြစ်အောင်
လုပ်ပြီး အပိုင်ခြံတဲ့ မိန်းမ "

" ညည်း... .ညည်း.. ..!!!! "

အနာပေါ် တုတ်ကျသွား၍ ရှူးရှူးရှဲရှဲ ဖြစ်သွားတဲ့
ဒေါ်သက်ချို ပုံစံက သိပ်ကို ကြည့်လို့
ကောင်းသည်။

" ကောင်မ နင့်ကများ ငါ့ မာမီ ကို .....
နင့်ကသာ ပိုင်းလုံးမ... ငါ့ ဦးလင်း ကို ငါ့ ဆီကနေ
လုယူသွားတဲ့ ကောင်မ ...အရှက်မရှိတဲ့ မိန်းမ "

" ငါ့ချည်းပဲ ပိတ်ဆဲမနေနဲ့ မိုးပုလဲ.... နင့်
အမေသာ ငါ့ ဒယ်ဒီ ကို  မယူဘူးဆိုရင်
နင့် လူ ဦးခြံရံ ကို ငါ ယူစရာဘာအကြောင်း
မှ မရှိဘူး.... ဒီတော့ အပြစ်တင်ချင်ရင်
နင့် အမေကိုသာ အပြစ်တင်... .ဪ
ဒါနဲ့ နင်​သိလား နင့် ဦးခြံရံ က ငါ့ကို အရမ်းချစ်တာ
သူ့ကလေ ငါမှ ငါဖြစ်နေတာ... နင့်
လူကိုလည်း ပြောထားလိုက်အုံးနော်
တော်ကြာ ငါ့ကို အရမ်းချစ်ပြီး ငါ အသည်းခွဲမှ
ငိုမနေနဲ့လို့....ဟားဟား "

မြှောက်တက်လာသော လက်ဝါးကြောင့်
သား ရယ်တာပင် ရပ်တန့်သွားရသည်။

ရိုက်ခံရပြီလို့ လူက ပြာသွားချိန် ထိုလက်ကို
ဖမ်းဆုပ်လိုက်သော ဦးခြံရံ ကြောင့် သား
မျက်လုံးပြူးသွားရပြန်သည်။

" မင်း ဒါ ဘာလုပ်တာလဲ ပုလဲ...??
ဘာလို့ ငါ့ ဇနီး ကို ရိုက်ဖို့ ရွယ်ရတာလဲ "

" ဒီကောင်မ က ဦးလင်း ကို ငိုအောင်လုပ်မယ်
ပြောလို့ ပုလဲ က စိတ်တိုပြီး ရိုက်ဖို့ ရွယ်လိုက်တာ "

" ဟုတ်တယ်. ..ဟုတ်တယ် သားခြံရံ
အန်တီ သမီးက သား ကို မေသွေးခြယ် က
ငိုအောင် လုပ်မယ်ပြောလို့ သားအစား
စိတ်​တိုပြီး ရိုက်ဖို့ ရွယ်လိုက်တာ.. .
ဒါတင်မကသေးဘူး မေသွေးခြယ် က မင်းကို
ကလဲ့စားချေမယ်တဲ့  "

" အဲ့တာနဲ့ သူ့ကို ဘာလို့ ရိုက်ဖို့ ရွယ်ရတာလဲ.. .??
သူ့က ကျတော့် ကို ပြောတာလေ... အန်တီတို့ကို
ပြောတာမှ မဟုတ်တာ "

" အန်တီတို့က သား ဘက်က နာလို့ပါ
မှားသွားရင် အန်တီ သမီး အစား အန်တီ
တောင်းပန်ပါတယ် "

" ရပါတယ် အန်တီ... အခုလို ကျတော့် ကို
စိတ်ပူပေးလို့ ကျေးဇူးပါ. ...နောက်တစ်ခါတော့
ကျတော့် ဇနီး ကျတော့် ကို ဘာပဲပြောပြော
အန်တီတို့ ဝင်မပါကြပါနဲ့ ကျတော် မကြိုက်ဘူး "

" ဦးလင်း က အရမ်း ရက်စက်တာပဲ
ဦးလင်း အစား ပုလဲ က နာလို့ ပုလဲ က
ရိုက်ဖို့ရွယ်တာပါ.... ပုလဲ မှားသွားတယ်​လို့
ဦးလင်း ထင်​ရင်​ပုလဲ တောင်းပန်တယ်.....
ပုလဲ အရမ်းဝမ်းနည်းတာပဲ "

ငိုမဲ့မဲ့လေး ပုလဲ ထွက်သွားတော့ ပုလဲ နောက်ကို
ဒေါ်သက်ချို အပြေးလိုက်သွားခဲ့သည်။

" ခင်ဗျား ဘာလို့ သားကို ကာကွယ်ပေးတာလဲ
ဦးလင်းခြံရံ....??  "

အကုန်လုံး ထွက်သွားမှ စကားဆိုလာသော
မေသွေးခြယ် ကို ခြံရံ ပြုံးပြုံးကြီး ကြည့်လိုက်ကာ...

" မင်းက ငါ့ အပိုင် မေသွေးခြယ်.....
ဒါကြောင့် ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး
အနိုင်ကျင့်ချင် ကျင့် ငါပဲ ကျင့်မယ် "

" ခင်ဗျား က သိပ် အတ္တကြီးတာပဲ ဦးလင်းခြံရံ "

" အခုမှ သိတာလား မေသွေးခြယ်....
ငါ အတ္တကြီးတာကို "

" ဟုတ်တယ် သား အခုမှ သိတာ...
ဒါနဲ့ ဘယ်လိုလုပ်မလဲ သားကလည်း
ခင်ဗျား ထက် အတ္တပိုကြီးနေတယ်
သား ခေါင်းထဲမှာ ခင်ဗျား ကို ဘယ်လိုနာကျင်
အောင် လုပ်ရမလဲဆိုပြီး.. .."

မင်း မုန်းတယ်ပြောလိုက်ရင် ငါ နာကျင်ပါတယ်
မေသွေးခြယ်။

" ဒါဆို အလကား စဉ်းစားမနေနဲ့ မေသွေးခြယ်
မင်း ဘာပဲလုပ်လုပ် ငါ နာကျင်မှာ
မဟုတ်ဘူး "

စိတ်ထဲက တစ်မျိုး၊  အပြင်ဘက်မှာတော့
စိတ်ထဲကနဲ့ ဆန့်ကျင်ဘက် ခြံရံ ထွက်သွားခဲ့သည်။

" ခင်ဗျား စကားကို ခင်ဗျား မှတ်ထားပါ ဦးလင်းခြံရံ
သားက ခင်ဗျား သားကို ချစ်လာအောင်
လုပ်ပြီး ခင်ဗျား နှလုံးသားကို ဓားနဲ့ ခွဲမှာမို့လို့ပဲ
အဲ့ဒီအခါ မငိုမိ​စေနဲ့....!!!! "

" လုပ်လေ... ငါ စောင့်ကြည့်နေမယ် မေသွေးခြယ်
မင်းသာ ငါ့ကို မချစ်မိစေနဲ့ မဟုတ်ရင် မင်းပဲ
နာကျင်ရလိမ့်မယ်... ငါ့မှာ မင်းအတွက်
အချစ်ဆိုတာ မရှိဘူး "

ဒီစကားတွေ ပြောနေသော ဦးခြံရံ မျက်နှာက
ခံစားချက် မရှိတဲ့ လူသားလိုပင်။
ဘယ်လိုလို့ ရှိမလဲ သူ့ကမှ သားကို မချစ်တာ။
သားကသာ သူ့ကို တဖတ်သတ်ကြီး ချစ်နေရတာ
​လေ။

နှလုံးသားရဲ့ ဆန္ဒအရ သူ့ကို ဦးရံ လို့ ခေါ်ပြီး
ချစ်ကြောင်းတွေ ပြောပစ်လိုက်ချင်သည်။
ဒါပေမဲ့ ဦးနှောက်ကတော့ ကိုယ့်ကို
အရုပ်လို့ သဘောထားတဲ့ လူကို မချစ်နဲ့တဲ့။
ကိုယ်ပဲ နာကျင်ရလိမ့်မယ်တဲ့။

မာမီ လိုပေါ့။ ဒယ်ဒီ ကို တဖတ်သတ်​ချစ်ပြီး
ပေးဆပ်လာခဲ့ရတာ။ မာမီ လိုတော့ ပေးဆပ်သူ
ကြီး သားက မလုပ်နိုင်ပါ။ သားကို မချစ်တဲ့
လူတစ်ယောက်ကို သား သေတောင် ချစ်တယ်
မပြောနိုင်ပါ။

" သား ရင်ဘတ်ထဲမှာလည်း ခင်ဗျား အတွက်
အချစ်မရှိဘူး ဦးလင်းခြံရံ  ...အဲ့ဒီ အစား
အမုန်းတွေပဲ ရှိတယ်... သားကို ခင်ဗျား ချစ်မိ
မသွားစေနဲ့ ချစ်မိသွားတဲ့ တစ်နေ့ ခင်ဗျား
နှလုံးသားကို သားက အရေခွံဆုတ်ဖြဲပစ်မှာ "

" အလားတူပါပဲ မေသွေးခြယ်. ..မင်းလည်း
ငါ့ကို ချစ်မိမသွားစေနဲ့... အခုတော့ ငါရဲ့
ချစ်ဇနီးအတုလေး လုပ်ပေးပါအုံး "

သား ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်လိုက်သော
သူကြောင့် နှုတ်ခမ်းတစ်စုံကို ပြတ်လုမတတ်
ကိုက်ထားပစ်လိုက်သည်။

ထိုအချိန် ရောက်လာကြသော သတင်းထောက်
တွေကြောင့် သား သိလိုက်ပြီ။ သူ သားကို
ဖက်တာ အကောင်းမဟုတ်။ သတင်း​ထောက်​
​တွေ​ရောက်​လာလို့​ပေ။

***************************

ပွဲတစ်လျှောက်လုံး သူ့ ပါတနာတွေနဲ့ သား
ဟန်လုပ်ပြုံးနေရသည်။ ပွဲပြီးမှသာ
သား သက်ပြင်းချနိုင်တော့သည်။ ဒါတောင်
လေလံ ဆွဲနေတုန်း သား ခါးကို ပိုင်စိုးပိုင်နင်း
ဖက်ထားတဲ့ သူကြောင့် စိတ်တွေက
အ​တော်​တိုနေရသည်။

ဘာလို့လဲ။  ဘာလို့ သားကို သူ မချစ်ဘဲ
ဒီလို ဆက်ဆံနေရတာလဲ။
သူ ဒီလို ဆက်ဆံတိုင်း သား နှလုံးသားလေး
က အရမ်းဝမ်းနည်းမိသည်။

" မင်း ခြေထောက်လေး ရဲနေပြီ မေသွေးခြယ် "

ကားမောင်းစရာရှိတာ မမောင်းဘဲ သား
ခြေထောက်ကို ကြည့်ပြီး သူ့က ကားကို
ရပ်ပစ်လိုက်သည်။

" ခင်ဗျား ဘာလုပ်မလို့လဲ ဦးလင်းခြံရံ...
ခင်ဗျား ဘာလုပ်မလို့လဲ...??  "

" ငြိမ်ငြိမ်လေးနေ မင်း ခြေထောက်ရဲနေပြီ
အဲ့ဒီ ဒေါက်ဖိနပ်ကြောင့် ...ငြိမ်ငြိမ်မနေလို့
ကတော့ ကားထဲမှာ ငါနဲ့ နှစ်ပါးသွားဖို့သာ
ပြင်ထား"

စကားကို ချိုချိုသာသာလေး မပြောဘဲ သား
ခြေထောက်လေးကို အသာလေးဆွဲယူလိုက်တော့
သူကို သား ကြည့်နေလိုက်သည်။ မကြည့်လို့က
မရ၊  ဒီနှာဘူးက ယုံရတာ မဟုတ်။

သား ခြေထောက်က ဒေါက်ဖိနပ်ကို အသာလေး
ချွတ်ပြီး သူ့ ဘောင်းဘီ အိတ်ကပ်ထဲက
ဆေးဘူးထုတ်ကာ ရဲနေသော ထိပ်ဖျားလေးကို
ဆေးတို့ပေးလိုက်တော့ လူက တုန်သွားရသည်။

ဆေးက တအားကြီး မစပ်ပေမဲ့ အနည်းငယ်တော့
စပ်နေလေသည်။

သူ့ ဘောင်းဘီ အိတ်ကပ်ထဲ ဆေးဘူး
ရှိနေတဲ့အတွက်လည်း သား အံ့သြမိသည်။

ခြေထောက် နှစ်ဖက်စလုံးကို ဆေးလိမ်းပေးပြီး
စပ်မှာစိုးလို့ ခြေချောင်းတွေကို ပါးစပ်နဲ့ မှုတ်ပေး
နေတဲ့ သူ့ လုပ်ရပ်ကြောင့်လည်း
သား အရမ်းအံ့ဩမိသည်။

အံ့ဩချင်ပေမဲ့ သူ ပြောထားတဲ့ စကား​တွေက
နားထဲ ဝင်လာတော့ မအံ့ဩမိတော့ပါ။ ဟုတ်တာပေါ့
သားကို ချစ်လာအောင် သူ့က အခုလို နည်းလမ်း
တွေနဲ့ ဂရုစိုက်ပေးနေတာလေ။ ဒါက အံ့ဩ
စရာမှ မဟုတ်တာ။ အံ့ဩရင် သားက အရူး
ဖြစ်သွားမှာလေ။

" သွားစမ်းကွာ...!!!  "

ရုတ်တရက် သူ ချွတ်ထားပေးတဲ့ သား ဒေါက်ဖိနပ်
နှစ်ဖက်စလုံးကို ကားမှန်ကနေ လွှင့်ပစ်လိုက်၍
လူက မျက်လုံးပြူးသွားရသည်။

" ခင်ဗျား ဘာလုပ်တာလဲ ဦးလင်းခြံရံ...??
ဘာလို့ သား ဖိနပ်ကို လွှင့်ပစ်ရတာလဲ...? ? "

" ဒီက ရှေ့လျှောက် ဒေါက်ဖိနပ်မစီးရဘူး မေသွေးခြယ်
ဒါ ငါ့ အမိန့်ပဲ "

" ကိုယ့် ခြေထောက်နဲ့ ကိုယ် စီးတာ ခင်ဗျား
ခြေထောက် ငှားစီးနေတာမဟုတ်ဘူး ဦးလင်းခြံရံ...
ဒီတော့ ခင်ဗျား စကားကို နားမထောင်နိုင်ဘူး
အခုချက်ချင်း သား ဖိနပ်ကို ပြန်ကောက်ပေး
အဲ့ဒါ နေထက် ဝယ်ပေးထားတာ.. .."

" ဘာ...!!!  "

" ဒုန်း..!!!  "

ကားကူရှင်ကို လက်သီးနဲ့ ထိုးချလိုက်တော့
သား လန့်ချင်မိသွားသည်။ ဒါပေမဲ့ သား
လန့်လို့မရ၊ သား လန့်ရင် သူ့ကို ကြောက်တယ်
ထင်နေလိမ့်မည်။ ဒါကြောင့် နှုတ်ခမ်းတစ်စုံကို
အသားကုန် ဖိကိုက်ထားပြီး သူ့ကို
သား ဒေါသမျက်လုံးနဲ့ စိုက်ကြည့်နေလိုက်သည်။

Part  37 မျှော်.................................
( ခြံရံ ရယ် ရှင့် အချစ်က ကြောက်စရာကြီး
နုနုရွရွ မရှိဘူး 😂😂😂😂😂မေသွေးခြယ်
ကမှ ဆိုးပါတယ်ဆိုနေမှ ရှင့်က အချစ်ကြမ်းနေ
တော့ ခက်ပြီ.. .သား နာမှာစိုးလို့ ကိုယ့်က
ဒေါက်ဖိနပ် မစီးခိုင်းတာလို့ ပြောလိုက်လေ
ဘယ့်နှယ် ငါ့ အမိန့်တွေ မစီးရဘူးတွေ လုပ်နေ 😂😂
တော်ကြာ သားက ရှင့်ကို စိတ်ဆိုးပြီး တက်လုပ်သွား
မှ ဒုက္ခ 😂😂😂😂😂😂😂)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

241K 2.8K 9
မာန်တံခွန် + မိုးစက်ကမ္ဘာ
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
1.2M 63.4K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
333K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်