အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
172K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 32 ( Zg + Uni)
3.1K 122 1
By NabeNabe549
        { Part - 32 }
ဂွမ်းတော့မှာလေ။
ပြူးသွားရသည်။
" အား...!!!!  မလုပ်နဲ့ ဦးခြံရံ...!!!!  "
သိမှ မသိတာ။ သူ့ လက်က သား နားလာတော့
ချွတ်ချပြီ ထင်နေတာလေ။
အတည့်က ဆင်းလို့မရ။ ဆင်းရင် လစ်​ဟင်း
မြင်မှာလေ။
အမြင်ကပ်မိသည်။
တက်သွားရပြန်သည်။
******************
ရှိတယ် မေသွေးခြယ် "
သား မဲ့လိုက်မိသည်။ မသိရင် ခက်မယ်။
ဆိုတာ။
သား တွေးလို့မရ။
ဦးလင်းခြံရံ..... "
လုပ်​လာခဲ့သည်​။
" ဪ.. ဒါလား ဒါက လွယ်ပါတယ်
တစ်ခုခု ဖြစ်နေလို့ပဲ "
" ဟွန့်.... "
ပိတ်ထိုးလိုက်သည်။
ဗိုက်ကြီးနေလိမ့်မယ် "
ငါ ဒီလို ဖြစ်သွားတာ "
" ဘုန်း... ဘုန်း... ဘုန်း "
ငါ နာတယ် တော်တော့လို့....!!!  "
" ဘုန်း... ဘုန်း... ဘုန်း "
အုပ်မိုးထားလိုက်သည်။
နမ်းပေးရမှာပေါ့ "
" မလုပ်နဲ့..!!!  "
အနမ်းမပြတ်​​ပေ။
" အမယ်လေး...!! ခြံရံ...!!!  "
" အား....!!!  သားခြံရံ "
" အား..!!  အစ်ကိုလေး...!!!  "
ထွက်သွားကြသည်။
ကတော့ မေသွေးခြယ် ပေ။
လာတာလဲ....??  "
ကြီးဆွေ "
" ဟုတ်တာပေါ့ မမနန်း "
မာမီ နဲ့ သွားစားမယ်လေ "
မှာ ပါသွားရသည်။ကြီးဆွေ နဲ့ မဲမဲ ကလည်း
***********************
အကြိုက်..... "
ကြည်နူးမိသည်။ မာမီ မရှိတော့ပေမဲ့
ရော့... ချဉ်ရည်ဟင်းလေး "
" ဟီးဟီး "
" ဟားဟား... ဟားဟား "
ရယ်နေကြသည်။
စားလေ "
ဘူး "
မီးငယ်လေး ပဲ "
ထိတောင် ချစ်တယ်ပေါ့ "
" အာဘွား.... Mom
တည်ထားမိသည်။
ရှိနေခဲ့သည်။
>>>>>>>>>>>>>>>>>>
ကို သိပါတယ် "
သိစေရမယ် "
အကြည့်တွေနဲ့ပေ။
**************************
" အိုကေ မေသွေးခြယ် "
" နေထက် ၊ သဲပြည့် သွားမယ်
" ငါ ရော ခိုင်းမှာနော် "
ဆူပုပ်နေခဲ့သည်။
ဖြစ်နေခဲ့သည်​။
များနေပြီ "
ဒါ့က နင့် တာဝန် "
အင့်သွားလေသည်။
မိုးပုလဲ  "
" ဒါလေးရောပဲ "
မတတ်ပေ။
မဟုတ်ပါ။ တကယ်လို့ သား သာ show
မရှိတော့ပါ။
ပေးလာကြသည်။ ဦးခြံရံ ကတော့
************************
*****************************
ကူးပေးလိုက်သည်။
ဆိုတဲ့ အကြည့်နဲ့ပေ။
အပြုံးတွေနဲ့။
**************************
မဟုတ်ဘူး.... "
ဆယ်ချက်နော်.... ဆက်ချက်
Part  33 မျှော်....................................
မင်မင် နားပါတယ် 😁😍😍😘😘😘😘
#​လေယူရာယိမ်း
💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 32 }
နောက်ပိုင်းက ဇစ်က ဖြုတ်ချခံလိုက်ရတော့
ရှေ့က ဝတ်ထားတဲ့ ကိုယ်ကြပ် ဂါဝန်မှာ
ပြေကျမလို ဖြစ်သွားတော့ သား လက်နဲ့
အမြန်ပင့်တင်လိုက်ရသည်။
မဟုတ်ရင် သား တစ်ကိုယ်လုံးကို နှာဘူးလို
သေချာကြည့်နေတဲ့ ဦးခြံရံ ကြောင့် သား က
ဂွမ်းတော့မှာလေ။
ထိုအချိန် သူ့ လက်က သား ပင့်တင်ထားတဲ့
နားလေးကို လာတော့ လူက မျက်လုံး
ပြူးသွားရသည်။
" အား...!!!!  မလုပ်နဲ့ ဦးခြံရံ...!!!!  "
" ဟေ့..... ဟေ့.... ဘာတွေ အော်နေတာလဲ
မင်း ဟာကို ငါ ချွတ်ချမယ်လို့ ထင်နေတာလား...??  "
နှာခေါင်းလေးကို ဖျစ်ညှစ်ကာပြောလိုက်တော့
သား မျက်စောင်း ထိုးလိုက်မိသည်။
သူ့ ကတော့ သား မျက်စောင်းထိုးတာကို
ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။
သိမှ မသိတာ။ သူ့ လက်က သား နားလာတော့
ချွတ်ချပြီ ထင်နေတာလေ။
ချက်ချင်းဆိုသလို ရှေ့ဂါဝန်လေးကို ပင့်တင်ကာ
နောက်ကျောက ဇစ်ဖြုတ်ချခံရတဲ့အတွက်
မလုံတော့ဘူးဆိုတော့ ကုတင်ပေါ်ကနေ
ပြောင်းပြန်ကြီး သား ဆင်းလာလိုက်သည်။
အတည့်က ဆင်းလို့မရ။ ဆင်းရင် လစ်​ဟင်း
​နေတဲ့ သား  ကျောပြင်တစ်ခုလုံးကို သူ့က
မြင်မှာလေ။
သား ပြောင်းပြန်ကြီးဆင်းတာကို သူ့က ပြုံး
ပြုံးကြီး ကြည့်နေတော့ တကယ့်ကို
အမြင်ကပ်မိသည်။
ဒီလိုနဲ့ ရှေ့က ဂါဝန်အပေါ်ပိုင်းကို သား ပင့်တင်ပြီး
ပြောင်းပြန်ကြီး လမ်းလျှောက်ကာ ရေချိုးခန်းထိ
ဖြေးဖြေးချင်း သွားနေရသည်။ သူ့ကတော့
သားကို ကြည့်ပြီး ပြုံးပြုံးကြီးပေ။
ခြံရံ ရေချိုးခန်းနားလည်း ရောက်ရော တံခါးကို
အမြန်ဖွင့်ကာ လှစ်ခနဲ အထဲ ပြေးဝင်သွားသော
မေသွေးခြယ် ကြောင့် သူ ပြုံးလိုက်မိသည်။
" ဘယ်လို​လေးလဲ မေသွေးခြယ် မင်းက.. "
အပြောနဲ့အတူ သူ့ နှုတ်ခမ်းတစ်စုံက ထပ်မြှောက်
တက်သွားရပြန်သည်။
******************
" ကြာတယ်နော် မေသွေးခြယ် မင်း
ရေချိုးခန်းထဲ ဝင်သွားတာက "
အိမ်​နေရင်း အဝတ်အစား သား ဝတ်ပြီး
ကုတင်ပေါ် တက်လာတော့ ကြာတယ်လုပ်နေ၍
နှုတ်ခမ်း ကိုက်​လိုက်​မိသည်။
" သား ဘာသာ ကြာတာ ခင်ဗျား အပူမပါဘူး
ဦးလင်းခြံရံ... ဒါနဲ့ ခင်ဗျား က
ဇစ်ဖြုတ်ကျွမ်းတယ်နော် "
" မင်း ဘယ်လိုမျိုး ပုံပဲ ဝတ်ထားဝတ်ထား
ရှေ့မှာလည်း ချိတ်နဲ့လား ၊​နောက်မှာလည်း ချိတ်နဲ့လား
အားကစားဘရာလား ကြိုးပျောက်လား
ကိုယ် အကုန် လုပ်ပေးနိုင်တယ် "
" ဟွန့်... နှာဘူးပဲ ခင်ဗျား က "
" ယောင်္ကျားပဲ ဘူးမှာပေါ့ မဘူးရင် ဂန်ထူး
ဖြစ်သွားမှာလေ...  ဒါပေမဲ့
ကိုယ် ဇစ်ဖြုတ်ပေးတာ မင်း တစ်ယောက်ပဲ
ရှိတယ် မေသွေးခြယ် "
လူကို ရီဝေစွာ စိုက်ကြည့်ပြီး ပြောလာတော့
သား မဲ့လိုက်မိသည်။ မသိရင် ခက်မယ်။
သား ကို သူ့ အကြံနဲ့ ချဉ်းကပ်လာတယ်
ဆိုတာ။
ခုဏလေးကဘဲ မိုးပုလဲ သားကို ဖုန်းဆက်လာခဲ့
သည်။ ဦးလင်းခြံရံ က သား ကို နာကျင်အောင်
လုပ်ဖို့အတွက် ချစ်ဟန်ဆောင်မယ်ဆိုပြီး။
ဒီတော့ ဦးခြံရံ သား အပေါ် ကောင်းနေတာက
အကြံနဲ့လေ။ အကြံနဲ့ ဆိုပေမဲ့ သူ့  သား
ဂါဝန်ပြဲနေမှန်း ဘယ်လိုသိတာလဲ။ ဒါကို
သား တွေးလို့မရ။
"  ခင်ဗျား ကို သား တစ်ခု မေးစရာရှိတယ်
ဦးလင်းခြံရံ..... "
" မေးလေ မင်း ဘာမေးမလို့လဲ...??  "
​ပေါ်တင်​မေးစရာရှိတယ်​ပြောလိုက်​တော့
သူ့ ဘက်​က လိုလိုလားလားနဲ့​မေး​လေ
လုပ်​လာခဲ့သည်​။
" ခင်ဗျား သား ဂါဝန်ပြဲနေတာ ဘယ်လိုသိတာလဲ "
" ဪ.. ဒါလား ဒါက လွယ်ပါတယ်
မင်း show လျှောက်တဲ့ အချိန်မှာ
တစ်ချက် တစ်ချက် မင်း ဂါဝန်အောက်ပိုင်းကိုပဲ
ကြည့်နေခဲ့တယ်...ဒီလို ကြည့်နေတာက
မင်း ဂါဝန်​က  ပြဲရင် ပြဲ မပြဲရင် မင်း အောက်ပိုင်းက
တစ်ခုခု ဖြစ်နေလို့ပဲ "
" ဪ....ခင်ဗျား က တယ်တော်ပါလား
ဒါကြောင့်လည်း အခုလို အောင်မြင်တဲ့
စီးပွားရေးရှင်ကြီး ဖြစ်နေတာပဲ "
" မင်း လင် အကြောင်း မင်းသိတော့
ကောင်းတာပေါ့ မေသွေးခြယ် "
" ဟွန့်.... "
လင်လုပ်နေတော့ သား မျက်စောင်းတွေချည်း
ပိတ်ထိုးလိုက်သည်။
" ခဏခဏ မျက်စောင်းတွေချည်း ထိုးမနေနဲ့
မေသွေးခြယ်... တော်ကြာ မင်း
ဗိုက်ကြီးနေလိမ့်မယ် "
" ခင်ဗျား.... ခင်ဗျား အတော်မိုက်ရိုင်းပါလား
ဦးလင်းခြံရံ.... အရှက်ကို မရှိဘူး "
" အဲ့ဒါ မင်းကြောင့်လေ မင်းနဲ့ ပေါင်းလို့
ငါ ဒီလို ဖြစ်သွားတာ "
သူ့ ဟာသူ မိုက်ရိုင်းတာကို သား ကို လာဆွဲထည့်
နေတော့ ဒေါသတွေက ထောင်းခနဲပေ။
" ကဲဟာ... သား ကို ပြောချင်အုံး..!!!
ကဲဟာ.... မှတ်ပြီလား..!!!  မှတ်ပြီလားလို့..!!  "
" ဘုန်း... ဘုန်း... ဘုန်း "
အမြင်ကပ်ကပ်နဲ့ သူ့ ရင်ဘတ်ကို သား
အဆက်မပြတ် ထုရိုက်နေခဲ့သည်။
" တော်တော့ မေသွေးခြယ်....!!!  တော်တော့လို့
ငါ နာတယ် တော်တော့လို့....!!!  "
" မတော်ဘူး ခင်ဗျား နာအောင် ရိုက်မှာ "
" ဘုန်း... ဘုန်း... ဘုန်း "
ပြောတာတောင် ဘယ်လိုမှ ပြောလို့မရ၊ အသားကုန်
ထုရိုက်နေတော့ သူမ လက်ကို သူ ဆွဲဖမ်းပြီး
ကုတင်ပေါ် လှဲချပစ်လိုက်သည်။
ရုန်းမရအောင်လည်း အပေါ်ကနေ သူ
အုပ်မိုးထားလိုက်သည်။
" ခင်...ခင်​ဗျား..... ခင်ဗျား ဘာလုပ်မလို့လဲ
ဦးလင်းခြံရံ....??  ဘာလုပ်မလို့လဲ "
" ဘာလုပ်မယ်လို့ မင်း ထင်လဲ...??  "
အပေါ်ကနေ တက်ဖိထားပြီး ဘာလုပ်မယ်ထင်
လဲ မေးနေတော့ သားက ဘယ်လိုပြောရမှာလဲ။
သိတဲ့အတိုင်း ဒီလူက နှာဘူးမလား။
" ခင်ဗျား က နှာဘူးလေ... ဒီတော့
ခင်ဗျား အကြောင်းကို ခင်ဗျား သိရမှာပေါ့ "
" ကောင်းပြီလေ မင်းက ငါ့ကို နှာဘူးလို့
သတ်မှတ်ထားမှတော့ ငါ့က မင်းကို
နမ်းပေးရမှာပေါ့ "
" မလုပ်နဲ့..!!!  "
သူ့ ခေါင်းကြီးက သား ဘက် ငုံ့လာတော့
မျက်နှာကို ချက်​ချင်း ဟိုဘက် လွှဲပစ်​လိုက်​သည်။
" မလုပ်နဲ့ ဦးခြံရံ...!!!  မလုပ်နဲ့လို့...!!!  "
မျက်နှာကို ဟိုဘက်လွှဲထားတော့ သူ့က
သား လည်ပင်းကို နမ်းနေလေသည်။
သား မှာသာ မလုပ်နဲ့လို့သာ အော်နေတာ
အလကား သူ့က သားလည်တိုင်လေးကို
အနမ်းမပြတ်​ပေ။
" မလုပ်နဲ့ ဦးခြံရံ....!!!  မလုပ်နဲ့လို့.....!!!  "
" အမယ်လေး...!! ခြံရံ...!!!  "
" အား....!!!  သားခြံရံ "
" အား..!!  အစ်ကိုလေး...!!!  "
တံခါးက ပိတ်မထားတော့ အထဲဝင်လာတဲ့
လင်းခြံရံ အမေ၊  ကြီးဆွေ နဲ့ မဲတူးမ
တို့မှာ တစ်ယောက်ပေါ် တစ်ယောက်ထပ်နေသော
သူတို့ နှစ်ယောက်ကို ကြည့်ပြီး အာမေဋိတ်သံ
ထွက်သွားကြသည်။
ထိုအခါ နှစ်ယောက်စလုံးမှာ တစ်ယောက် နဲ့
တစ်ယောက် ချက်ချင်း ခွာလိုက်ကြကာ
မျက်နှာတွေ နီရဲနေကြသည်။  အဆိုးရွားဆုံး
ကတော့ မေသွေးခြယ် ပေ။
" မာမီ ဘာလို့ တံခါးမခေါက်ဘဲ အထဲဝင်
လာတာလဲ....??  "
ရှက်ရှက်နဲ့ လည်ပင်းကို ပွတ်ကာ ခြံရံ မေးလိုက်
တော့ ဒေါ်နန်းအိမ် ပြုးပြုံးကြီး ကြည့်လာခဲ့သည်။
" တံခါးခေါက်ပြီး ဖွင့်ရအောင် မင်းကမှ
တံခါးမှ မပိတ်ထားတာ ဟုတ်တယ်မလား
ကြီးဆွေ "
" ဟုတ်တာပေါ့ မမနန်း "
" ဟုတ်တာပေါ့ ကြီးကြီးနန်း အစ်ကိုလေး တို့က
တံခါးမှ ပိတ်မထားတာ မဲတူးမတို့က
ဘယ်တံခါးကို ခေါက်ပြီး ဝင်ရမှာလဲ...??  "
" ကဲ ခြံရံ မင်း ကဲချင်ရင် နောက်နေ့မှ ကဲတော့
ဒီနေ့ မီးငယ်လေး က အရမ်းပင်ပန်းထားတယ်
ထမင်းစားရမယ်.... မင်းလည်း အောက်ဆင်း
ပြီး ထမင်းလာစားတော့ မီးငယ်လေး
မာမီ နဲ့ သွားစားမယ်လေ "
Mom က သား လက်ကို ဆွဲခေါ်သွားတော့ သား
မှာ ပါသွားရသည်။ကြီးဆွေ နဲ့ မဲမဲ ကလည်း
နောက်ကနေ ထပ်ကြပ်မခွာလိုက်ပါလာကြသည်။
***********************
" ဒါ မီးငယ်လေး အကြိုက် ပုစွန်ကြော်
ဒီကြက်သားမွကြော်လေးကလည်း မီးငယ်လေး
အကြိုက်..... "
သား ပန်းကန်ထဲ ဟင်းတွေအများကြီး ထည့်
ပေးလာသော Mom ကြောင့် သား အရမ်း
ကြည်နူးမိသည်။ မာမီ မရှိတော့ပေမဲ့
Mom ကောင်းချက်က သား မာမီ အလားပင်။
" ကျတော်လည်း ဟင်းထည့်ပေးပါအုံး မာမီ
မာမီ သားက လင်းခြံရံ ဆိုတဲ့ ကျတော် ပါနော် "
" ဪ ဟုတ်သား ငါ မေ့နေတာ မင်းက
ငါ့ သားဆိုတော့ ဟင်းထည့်ပေးရမှာပေါ့
ရော့... ချဉ်ရည်ဟင်းလေး "
" ဟီးဟီး "
" ဟားဟား... ဟားဟား "
မေသွေးခြယ် ပန်းကန်ထဲကို အသားတွေ ထည့်
ပေးပြီး သူ့ ပန်းကန်ထဲကျတော့ ချဉ်ရည်ဟင်း
တဲ့။  တော်တော် တရားဖို့ ကောင်းတဲ့
မာမီ ပဲ။ မေသွေးခြယ်၊  ကြီးဆွေ နဲ့ မဲတူးမကလည်း
မာမီ ထည့်ပေးတဲ့ ချဉ်ရည်ဟင်းကို ကြည့်ကာ
ရယ်နေကြသည်။
" စားလေ ခြံရံ... မင်းပဲ ပြောတော့ ဟင်းထည့်
ပေးဆို ငါ အခု ဟင်းထည့်ပေးထားတယ်လေ
စားလေ "
" မာမီ နော်... တအားတွေ ဘက်လိုက်နေတယ်
မာမီ သားက ကျတော် ပါ မေသွေးခြယ် မဟုတ်
ဘူး "
" သိတယ်လေ မင်းက ငါ့ သားဆိုတာ...
ဒါပေမဲ့ ငါ ချစ်တဲ့ ကလေးလေးကတော့
မီးငယ်လေး ပဲ "
" အား... Mom နော် သား ကို အဲ့ဒီလောက်
ထိတောင် ချစ်တယ်ပေါ့ "
" ချစ်တာပေါ့ မီးငယ်လေး ရယ်​...
မီးငယ်​လေး က မာမီ သွေးသား
မဟုတ်ပေမဲ့ မာမီ က မီးငယ်လေး ကို
ခြံရံ ထက်တောင် ပိုချစ်တာ "
" အာဘွား.... Mom
သားလည်း ဒါကြောင့် Mom ကို ချစ်နေရတာ "
နမ်းရင်း ပြောလိုက်တော့ ဒေါ်နန်းအိမ် မျက်နှာက
ပြုံးပြုံးကြီး ဖြစ်လို့သွားခဲ့သည်။
ခြံရံ ပျော်ရွင်နေသော သူ့ မာမီ နဲ့  မေသွေးခြယ် ကို
ကြည့်ပြီး သူ ပြုံးချင်ပေမဲ့ မျက်​နှာကို
တည်ထားမိသည်။
ကြီးဆွေ နဲ့ မဲတူးမ ကတော့ သူတို့ စိတ်အလို
တော်အတိုင်း ပြုံးနေကြလို့ပေ။
ပြုံးချင်ရဲ့သား မပြုံးတာက ခြံရံ တစ်ယောက်တည်း
ရှိနေခဲ့သည်။
>>>>>>>>>>>>>>>>>>
" နင် ငါ ခိုင်းတာ မနက်ဖြန် လုပ်ပေးရမှာနော်
မိုးပုလဲ ....လုပ်မပေးရင် နင် ငါ့ အကြောင်း
ကို သိပါတယ် "
ပို့လာသော မက်ဆေ့ခ်ျကြောင့် လက်သီးကို
တင်းတင်းဆုပ်ကာ နှုတ်ခမ်းကို ပြတ်လုမတတ်
မိုးပုလဲ ကိုက်လို့ထားသည်။
" အေး... အခုတော့ နင့် အလှည့်ပေါ့ မေသွေးခြယ်
နောက်ကျရင် နင် ကောင်းကောင်းကြီး
သိစေရမယ် "
မဲ့ပြုံးတစ်ပွင့်နဲ့အတူ မေသွေးခြယ် ပြုံးလိုက်ကာ
သူမ ရဲ့ မျက်ဝန်းတွေကလည်း ကောက်ကျစ်တဲ့
အကြည့်တွေနဲ့ပေ။
**************************
" ပြော မေသွေးခြယ် ငါ ဘာလုပ်ပေးရမှာလဲ "
" ဒီ အပေါ်ထပ် shopping mall ကို
ငါတို့ သွားမယ် ငါရယ် ၊ နေထက် ရယ်
သဲပြည့်တို့ ဝယ်တဲ့ ပစ္စည်းမှန်သမျှကို
နင် သယ်ပေးရမယ် နောက်ပြီး ဒီနေ့
တစ်​နေ့လုံး ငါ ခိုင်းတာမှန်​သမျှကို နင် လုပ်ပေးရမယ်  "
" အိုကေ မေသွေးခြယ် "
" နေထက် ၊ သဲပြည့် သွားမယ်
ဒီနေ့ တစ်နေ့လုံး နင်တို့ ခိုင်းချင်တာကို
မိုးပုလဲ ကို ခိုင်းလို့ရတယ်နော် "
" အင်း သား ငါ ခိုင်းပြီနော် "
" အင်း နေထက် ကြိုက်သလောက်ခိုင်း "
" ငါ ရော ခိုင်းမှာနော် "
" ကြိုက်သလောက်ခိုင်း သဲပြည့် "
သား သူငယ်ချင်း နှစ်ယောက်ကို ကြိုက်သလောက်
ခိုင်း ပြောနေလို့ မိုးပုလဲ မျက်နှာကြီးက
ဆူပုပ်နေခဲ့သည်။
ဒီလိုနဲ့ နေထက်က ယောင်္ကျားလေး အဝတ်အစား
အသုံးအဆောင်တွေ ဝယ်၊  သား နဲ့ သဲပြည့်
ကလည်း ကြိုက်ရာ အဝတ်အစားမျိုးစုံ
ဝယ်နေကြတော့ မနိုင်မနင်းသယ်နေရတဲ့
မိုးပုလဲ ပုံစံကြီးမှာ ပုံပျက်ပန်းပျက်
အဘွားအိုကြီးလို ခါးကြီးတကိုင်းကိုင်း
ဖြစ်နေခဲ့သည်​။
" ရော့ မိုးပုလဲ နင် သယ်ရမယ့် အထုပ် "
" ငါ မနိုင်တော့ဘူး မေသွေးခြယ် ငါ သယ်ရတာ
များနေပြီ "
" မနိုင်လည်း နင် သယ်ရမှာပဲ
ဒါ့က နင့် တာဝန် "
ပြောပြောဆိုဆိုနဲ့ သူ့ လက်ညိုးထဲ အထုပ်လေး
ကို ချိတ်ပေးလိုက်တော့ သူ့ ပုံစံက
အင့်သွားလေသည်။
" ရော့ ဒီအထုပ်လေးလည်း သယ်လိုက်အုံး
မိုးပုလဲ  "
" ဒါလေးရောပဲ "
နေထက် နဲ့ သဲပြည့် ကပါ အထုပ်တွေ ထည့်ပေး
လိုက်တော့ မိုးပုလဲ ကိုယ်ကြီးက ယိုင်လဲ
မတတ်ပေ။
သူများကို ဒီလိုလုပ်တာ သား အကျင့်ယုတ်တာ
မဟုတ်ပါ။ တကယ်လို့ သား သာ show
ပွဲမှာ ရှူံးခဲ့မယ်ဆိုရင် သူ့က သားကို ဟား
တိုက်ပြီး ခိုင်း​နေ​လောက်​ပြီ။
အခုတော့ သား နိုင်တော့ သူ့မှာ ဟားတိုက်ခွင့်
မရှိတော့ပါ။
Mom ၊ ကြီးဆွေ နဲ့ မဲမဲ ကလည်း သားကို
မနေ့ညက တော်လိုက်တာဆိုပြီး ချီးကျူး
ပေးလာကြသည်။ ဦးခြံရံ ကတော့
သားကို မချီးကျူးတဲ့အပြင် သူ့ ဆံပင်တု
ကြောင့် သားက နိုင်တာတဲ့။
ချီးကျူးရမှာကြောက်တာနဲ့ပဲ ဆံပင်တုကို လွှဲချတဲ့
လူကြီး။  ဒီလိုလူကြီးကိုမှ ချစ်မိသွားတဲ့
သားကိုယ် သားပဲ အပြစ်ပေးချင်သည်။
************************
" အား... နာလိုက်တာ မေသွေးခြယ်  ...
လုပ်ထားအုံးပေါ့ နင့် သူငယ်ချင်းတွေရောပဲ
ငါ့ အကြောင်း ကောင်းကောင်းကြီး သိစေရမယ် "
အထုပ်တွေကို လက်က  မနိုင်မနင်း
မိုးပုလဲ သယ်ရင်း သူမရှေ့က မေသွေးခြယ်
တို့ အဖွဲ့  ကို စိတ်တွေတိုနေခဲ့သည်။
သူမ လက်တွေကလည်း အထုပ်တွေအများကြီး
သယ်ထားရတဲ့အတွက် နီရဲစုတ်နေ၏ ။
*****************************
shopping mall ကနေ သားတို့ ပြန်လာတော့
မျက်မမြင် အဘွား တစ်ယောက်က လမ်းကူး
နေ၍  သား ချက်ချင်း နေထက် ကို ကားရပ်
ခိုင်းကာ မျက်​မမြင်​အဘွား ကို လမ်းကူ
ကူးပေးလိုက်သည်။
ထိုအခါ သား ကို ကျေးဇူးတင်လာသော
အဘွားရဲ့ အပြုံးတွေက ဘာနဲ့မှ လဲလို့မရပေ။
မိုးပုလဲမ ကတော့ သား ကို အပိုတွေ လုပ်တယ်
ဆိုတဲ့ အကြည့်နဲ့ပေ။
သား သူငယ်ချင်းတွေကတော့ သားကို ဂုဏ်ယူတဲ့
အပြုံးတွေနဲ့။
**************************
" ဘာ..... ငါ့က လမ်းမှာ အလှူခံရမယ်ဟုတ်လား "
" ဟုတ်တယ် နင် အလှူခံရမယ် "
" ငါ မလုပ်နိုင်ဘူး မေသွေးခြယ်
အလှူခံရအောင် ငါ့က သူတောင်းစား
မဟုတ်ဘူး.... "
" နင့်ကို သူတောင်းစား ငါ လုပ်ခိုင်းနေတာ
မဟုတ်ဘူး မိုးပုလဲ.... လာသမျှ ကားတွေကို
အလှူခံခိုင်းနေတာ နင် တစ်ယောက်တည်း
ခံရမှာ မဟုတ်ဘူး ငါတို့ပါ ခံမှာ
အလှူခံတယ်ဆိုတာကလည်း မျက်စိမမြင်တဲ့
အဘွားတွေကို ငါ့က ပြန်လှူဒါန်းပေးမှာ "
" အဲ့ဒီလိုဆိုလည်း နင့် ပိုက်ဆံ ပေးလိုက်လေ
နင် ဒီလောက် ချမ်းသာနေတာပဲ ဘာလို့
ဒုက္ခခံပြီး အလှူခံနေမှာလဲ "
" ငါ့ ပိုက်ဆံလည်း လှူမှာ ဒါ့အပြင်
အလှူလည်း ခံမှာ.... ဒါဆို တခြားလူတွေပါ
ကုသိုလ်ရတယ် တကယ်လို့ နင် မလုပ်ချင်ဘူး
ဆိုရင် ငါ ပါးရိုက်တာကို ခံရမယ်
ဆယ်ချက်နော်.... ဆက်ချက်
ဒါဆို နင် ဒီနေ့ ငါ ခိုင်းတာ ဘာမှ
လုပ်စရာမလိုတော့ဘူး ....ကဲ ဘယ်လိုလဲ
ပါးရိုက်ခံမှာလား ကားတွေကို အလှူခံမှာလား "
မေးခွန်းက အကြပ်တွေ့တဲ့ မေးခွန်းဆိုတော့
မိုးပုလဲ ဘာဖြေမှာကို ဘေးနားက
နေထက် နဲ့ သဲပြည့် က စိတ်ဝင်တစားပေ။
မျက်မမြင် အဘွားကို သား စာနာ၍ အခုလို
ကားတွေကို အလှူခံဖို့ ဆုံးဖြတ်လိုက်မှန်းလည်း
သူတို့ နှစ်ယောက်သား သိပြီးသားပေ။
Part  33 မျှော်....................................
( စနေ၊  တနင်္ဂနွေတိုင်း မင်မင်က စာမတင်ပါဘူး
နော် ဒါဒါလေးတွေ....မင်မင်ရဲ့ နားရက်မို့လို့ပါ
မနေ့က စာမတင်တာက အသိတစ်ယောက်ရဲ့
နာရေးကြောင့်မို့ပါ....ဒါနဲ့ မနက်ဖြန် စနေနော်
မင်မင် နားပါတယ် 😁😍😍😘😘😘😘
ဒီနေ့ အပိုင်းက တိုသွားပါတယ် အဲ့ဒါကလည်း
မင်မင် မအားလို့ပါ နားလည်ပေးပါနော် 😁😍😍😘😘)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue Reading
You'll Also Like
248K 6.1K 23
Fic name အတိုင်းပါပဲ။ မောင် နဲ့ မ ကိုမှ ဆိုက်ကိုဆန်တဲ့ စိတ္တဇလူသတ်သမား မောင်လေး နဲ့ မာနကြီးကြီး ခပ်ထက်ထက် မမတို့ ရဲ့အချစ်ဇာတ်လမ်းပါ။ 20+ မို့ အဆင်ပြေ...
15K 1K 13
အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပရလောက ဆန်ဆန်၊ လျှို့ဝှက်သည်းဖို ဆန်ဆန်ရေးထားတာပါ။ အစမှာ မာန်ရှင်းဆိုတဲ့ ကောင်လေးက ယာဉ်မတော်တဆမှုနဲ့ ဆေးရုံပေါ်ရောက်နေပြီး...
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
147K 6.3K 66
တစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လ...