အမုန်းတော်ခံသတို့သမီး (လင်းခြ...

By NabeNabe549

170K 7.8K 291

သူမ အရမ္းခ်စ္ရတဲ့ အေဖက မိန္းမ ယူလိုက္လို႔ ထိုမိေထြးကို လက္စားေခ်ခ်င္တဲ့ အေနနဲ႔ ထိုမိေထြးရဲ႕ သမီး နဲ႔ ေစ့စပ္ထ... More

Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)

Part - 30 ( Zg + Uni)

2.6K 116 4
By NabeNabe549

💔💔    အမုန္းေတာ္ခံ သတို႔သမီး   💔💔💔
        { Part - 30 }

" ေမာ္ဒယ္ေမေသြးျခယ္ စင္ျမင့္ထက္ကို
ႂကြေရာက္လာေပးပါေနာ္ "

" မာမီ ျမန္ျမန္....!! ေရွ႕မွာ ေခၚေနၿပီ မာမီရဲ႕... "

" ၿပီးေတာ့မယ္ သမီး... ၿပီးၿပီ "

မာမီ ရဲ႕ ၿပီးၿပီဆိုတဲ့ စကားၾကားတာနဲ႔
သား ခ်က္ခ်င္းဆိုသလို စင္ေရွ႕ကို
ေျပးလာလိုက္သည္။

" ေမာ္ဒယ္ေမေသြးျခယ္ စင္ျမင့္ေပၚကို
ႂကြေရာက္....... "

သား နာမည္ကို ေအာ္ေခၚေနတဲ့ presenter
မွာ သား ထြက္လာတာျမင္တာနဲ႔ ေခၚတာ
ရပ္တန္႔သြားသည္။

သူရဲ႕ မ်က္လုံးအစံုကလည္း သားကို ၾကည့္ၿပီး
စြံအလို႔ေပ။

ဒီေတာ့ သား ကိုယ္ သား ယံုၾကည္မႈ အရမ္းရိွ
သြားၿပီး သူ႕ကုိ သား ၿပံဳးျပလိုက္သည္။

စင္ျမင့္ေပၚကို တစ္လွမ္းခ်င္း ေလွ်ာက္လာေသာ
ေမေသြးျခယ္ ရဲ႕ ေျခလွမ္းေတြက
ယံုၾကည္မႈ အျပည့္နဲ႔ေပ။

ဆံပင္က ေရွ႕ဆံၿမိတ္နဲ႔ဆိုေတာ့ တကယ့္ကို
ခ်စ္စရာေကာင္းတဲ့ ကေလးေလးအလားေပ။

တ​ေကာက္​​ေကြးအထိ ရွည္လ်ားေနေသာ
သူမရဲ႕ ဆံပင္ေတြကလည္း
နက္ေမွာင္ၿပီး ေျဖာင့္စင္းလို႔ေပ။

ဝတ္ထားတဲ့ ကိုယ္ၾကပ္ဂါဝန္အျဖဴေလးက
သူမ နဲ႔ တကယ့္ကို လိုက္သည္။
မသိရင္ မိုးေကာင္ကင္ေပၚက နတ္သမီး​ေလး
ဆင္းသက္လာတဲ့အတိုင္းေပ။

မ်က္ႏွာေလးက ေဖြးဥႏုဖပ္ၿပီး ရယ္လိုက္တိုင္း
အစီအရီ ထြက္ေပၚလာေသာ သြားေဖြးေဖြးေလး
ေတြကလည္း ျမင္သူတိုင္းကို ၿပံဳးသြားေစႏိုင္သည္။

တေကာက္ေကြးေက်ာ္ ဆံပင္ေလးကလည္း
လမ္းေလွ်ာက္လိုက္တိုင္း အနည္းငယ္
ဝဲဝဲသြားေတာ့ တကယ့္ကို မိမိုက္လြန္းအား
ႀကီးသည္။

ႏႈတ္ခမ္းဖူးဖူးေလးကလည္း ၾကည့္တာနဲ႔တင္
နမ္းခ်င္စရာေကာင္းလွသည္။

ဆံပင္ခ်ထားေပမဲ့ ကိုယ္ၾကပ္ဝတ္ထားေတာ့
ခႏၶာကိုယ္က ႐ိႉက္ႀကီး႐ိႉက္ငယ္  မွန္သမွ်ကို
ေပၚလြင္ေစသည္။

ခႏၶာကိုယ္ ေကာက္ေၾကာင္းလွတဲ့သူဆိုတာ
ေမေသြးျခယ္ ကို ေျပာေနသူအလားပင္။

ႏႈတ္ခမ္းဖူးဖူးေလး၊  မ်က္လုံး ဝိုင္းဝိုင္းေလး၊
ဝိုင္းစက္စက္ မ်က္ႏွာေလးေၾကာင့္ ဘာဘီ
႐ုပ္ေလး အလားေပ။

ဂါဝန္အျဖဴျဖဴေလးက သူမေလးရဲ႕ အလွတရား
ေတြကို ေဖာ္ျပ​ေနသလား ​ေအာက္​​ေမ့ရသည္​။

ဝတ္ထားတဲ့ စိန္ျဖဴနားကပ္​​ေသးေသးေလးကလည္း
ေမေသြးျခယ္ ရဲ႕ နားမွာ တလက္လက္နဲ႔ေပ။

စိန္ျဖဴ ဆြဲႀကိဳးေလးက အစ ေမေသြးျခယ္ နဲ႔
အရမ္းလိုက္သည္။ နတ္သမီး ကိုယ္ေပၚမွာ
စိန္ျဖဴေလး ရိွေနတာက တအားကို
ေမေသြးျခယ္ ကို လွပသြားေစသည္။
တကယ့္ကို အျဖဴေရာင္ နတ္သမီးေလး အလား။

" ဟယ္... လွလိုက္တာေနာ္
ေနာက္ဆံုး တစ္ေယာက္က အ႐ုပ္မေလး
က်ေနတာပဲ "

" အ႐ုပ္မေလး မဟုတ္ဘူး နတ္သမီးေလး
ဒီေလာက္ လွတဲ့ ေကာင္မေလး ငါ အခုမွ
ျမင္ဖူးေတာ့တယ္.... နတ္သမီး ဆိုတာ
ဒီေကာင္မေလးကို ေျပာတာပဲ ေနမွာ "

" ဟုတ္ပါ့ဟယ္ လွလိုက္တာမ်ား ဝဲခါေနတာပဲ
ငါလည္း ဒီကေလးမေလးလို လွရင္ သိပ္ေကာင္း
မွာပဲ.. ..ဒါဆို ဒီပြဲထဲက ေယာက်ၤားေလးေတြ
အားလံုး ငါ့ကိုပဲ ၾကည့္ေနၾကမွာ... "

" ဘယ္သူ႕ သားသမီးေလးလဲ မသိဘူး
ခ်စ္စရာေလး "

" နတ္သမီးေလး အလားပဲ "

" နတ္သမီးေလး မဟုတ္ဘူး
ဘာဘီ႐ုပ္ေလး "

တစ္ေယာက္ တစ္ေပါက္နဲ႔ ေျပာေနၾကေသာ
စကားေတြက ပြဲထဲမွာ ပြက္ေလာ႐ိုက္ေန၏ ။

Green house ပိုင္ရွင္ ဦးတ႐ုတ္ႀကီးနဲ႔
မိုးကုတ္ေက်ာက္တြင္းပိုင္ရွင္ ဦးေျပာင္ႀကီး
တို႔ရဲ႕ အၾကည့္မွာလည္း ေမေသြးျခယ္ ဆီကိုေပ။

အသက္႐ႉဖို႔ေတာင္ ေမ့ၿပီး သူတို႔ရဲ႕ မ်က္လုံးေတြက
ေမေသြးျခယ္ မွ ေမေသြးျခယ္ ျဖစ္ေနခဲ့သည္။

ဒါတင္မကေသး ပြဲထဲက ေယာက်ၤားေလးေတြ
အားလံုးရဲ႕ အၾကည့္ကို ေမေသြးျခယ္ က
အပိုင္သိမ္းထားခဲ့သည္။

ၿခံရံ ေမေသြးျခယ္ ထြက္လာတာနဲ႔ သူ ေမေသြးျခယ္
ကိုပဲ ၾကည့္ေနမိသည္။ လွတာကေတာ့
အေတာ္ေလး လွသည္။ သူ ဆင္ေပးထားတဲ့
အတိုင္း မ႐ိုးမ႐ိုင္းေလးေပ။

ဆံပင္တုပါ တပ္ထားေတာ့ လူေတာင္ မွား
ေလာက္ခ်င္သည္။ သူမေလးရဲ႕ မ်က္လံုး
ဝိုင္းဝိုင္းေလးေတြ၊  ႏႈတ္ခမ္းဖူးဖူးေလး
ေၾကာင့္ ဒါက သူမေလးဆိုတာ သူ သိတာပင္။
ႏို႔မို႔ဆို ဆံပင္ေၾကာင့္ သူမေလးဆိုတာ
သူ မသိဘဲ ျဖစ္သြားႏိုင္သည္။

အၿမဲလိုလို ပြပြရရ ေတြ ဝတ္တတ္ေတာ့
သူမေလး ေကာက္ေၾကာင္းက မလွေလာက္ဘူး
လို့ သူ ထင္ခဲ့သည္။ အခုေတာ့ သူ ့ အျမင္ကုိ
သူမေလးက ဖ်က္စီးပစ္ခဲ့သည္။ သူမေလး
ေကာက္ေၾကာင္း ဘယ္ေလာက္လွလဲဆိုတာ
ဒီေန႔မွ သူ သိလိုက္ရၿပီ။

အေတာ္ေလးကို ခႏၶာကုိယ္က လွသည္။

ၿခံရံ သူ႔လိုပဲ စိုက္ၾကည့္ေနၾကေသာ ​ေရွ႕ခုံက
လူႀကီးေတြေၾကာင့္ ျပိဳင္ခိုင္းတာမ်ား မွားၿပီလား မသိ။
ဒီေလာက္ လွမယ္မွန္းသိရင္ သူ ၿပိဳင္ခိုင္းမွာ
မဟုတ္။  ေတာ္ၿပီ ေနာက္တစ္ခါ ေမေသြးျခယ္
ကို ဘယ္ပြဲမွ သူ မၿပိဳင္ခိုင္းေတာ့ပါ။

မဟုတ္ရင္ သူ စိတ္တိုေနရေလာက္တယ္။
အခုေတာင္ ပြဲထဲက ေယာက်ၤားသားေတြ
ရဲ႕ အၾကည့္က ေမေသြးျခယ္ ဆီမွာေပ။

သား ကို ျမင္တာနဲ႔ မိုးပုလဲမ မ်က္ႏွာက ဆူပုပ္
ေနခဲ့သည္။  သားကိုယ္ သား ခ်စ္စရာေကာင္း
မွန္း သိပါသည္။ ဆံပင္တု တပ္ထားေတာ့
သား မိန္းကေလး ဆန္ၿပီး လွေနမယ္ဆိုတာ
သား သိသည္။ ဒါကို မနာလိုတဲ့ အၾကည့္နဲ့
မိုးပုလဲမ က ၾကည့္ေနေတာ့ သား ရယ္လိုက္သည္။

ေနထက္ ကလည္း သား လာတာျမင္တာနဲ႔
သား ဆီ လာၿပီး လက္ကမ္းတယ္ေလ။

သူ ကမ္းတဲ့ လက္ကို သား ေပ်ာ္ေပ်ာ္ႀကီး
ခ်ိတ္ၿပီး ေရွ႕ကိုသာ ေလွ်ာက္လာလိုက္သည္။

Mom ၊ ႀကီးေဆြ၊  မဲမဲ နဲ႔ သား သူငယ္ခ်င္း
သဲျပည့္ ကလည္း သားကို ျမင္တာနဲ ့
လက္ျပၿပီး ၿပံဳးျပေနတယ္ေလ။

ဒီေတာ့ သား လည္း အားတဲ့ ညာလက္နဲ႔
ယမ္းၿပီး အားရပါးရ ၿပံဳးျပလိုက္မိသည္။

ထိုသို႔ ေမေသြးျခယ္ အျပစ္ကင္းစြာနဲ႔ ရယ္လိုက္တာ
ေလးက ပြဲထဲက လူေတြကို ၿပံဳးသြားေစခဲ့တာ
ေမေသြးျခယ္ တစ္ေယာက္ မသိခဲ့ပါ။

presenter မွာလည္း ေမေသြးျခယ္ အၿပံဳး
ေၾကာင့္ ေလလံ အစီအစဥ္ ေၾကညာဖို႔ ေမ့ေန
ခဲ့သည္။

Green house ပိုင္ရွင္ ဦးတ႐ုတ္ႀကီးနဲ႔ မိုးကုတ္
ေက်ာက္တြင္းပိုင္ရွင္ ဦးေျပာင္ႀကီးမွာ
ေမေသြးျခယ္ အၿပံဳးေၾကာင့္ ၿပံဳးစိစိျဖစ္ကာ
သူတို႔ရဲ႕ မ်က္လံုးေတြက ေမေသြးျခယ္ ဆီမွာ
မခြာႏိုင္ ျဖစ္ေနၾကသည္။

မိုးပုလဲ နဲ႔ တျခားေမာ္ဒယ္ေတြကလည္း ေမေသြးျခယ္
အလွကုိ ၾကည့္ၿပီး ေအာင့္သက္သက္နဲ႔ေပ။

အဆိုးဝါးဆံုးကေတာ့ မိုးပုလဲ ပင္။ဟန္မေဆာင္
ႏိုင္ေလာက္ေအာင္ မ်က္ႏွာေတြ ပ်က္ယြင္းေနၿပီ
ေလ။

ထို႔အတူ ဦးတိုးရိွန္ ေဘးနားက ေဒၚသက္ခ်ဳိ
မွာလည္း ေမေသြးျခယ္ ကို ၾကည့္ကာ
ဟန္မေဆာင္ေလာက္ႏိုင္ေအာင္ ႐ံႉ႕မဲ့ေနခဲ့သည္။

ဇနီးသည္လို သိပ္ကို လွပတဲ့ အလွတရားကို
ပိုင္ဆိုင္ထားေသာ ေမေသြးျခယ္ ကို ၾကည့္ကာ
ဦးတိုးရိွန္ မ်က္​နွာမွာ အၿပံဳးမ်က္ႏွာနဲ႔ေပ။

ဒါေပမဲ့လည္း သူ႕ စိတ္က ဇနီးသည္ကို သတိရျပန္
ေတာ့ ဝမ္းနည္းမ်က္ရည္ေတြ စို႔တက္လာခဲ့သည္။

" ႏွင္းဆီ  မင့္ သမီးက မင္းနဲ႔ သိပ္တူတာပဲ
ကိုယ္ မင္းကိုေတာင္ အရမ္းလြမ္းလာမိတယ္
ဒီအခ်ိန္ မင္းသာ ရိွေနရင္ ကိုယ္တို႔ သမီးေလး
show  ေလွ်ာက္တာကို ကိုယ္နဲ႔ အတူတူ
ၾကည့္ေနမွာပဲ. ....ဒါဆို ကိုယ္တို႔ သမီးေလး
ဘယ္ေလာက္လွတယ္ဆိုတာ မင္း သိသြားမွာ "

စိတ္ထဲက ေျပာရင္း ဇနီးသည္ကို လြမ္းဆြတ္စိတ္နဲ႔ မ်က္ရည္တစ္စက္က သူ႕ ပါးျပင္ေပၚကို က်သြား
ခဲ့သည္။

ၿခံရံ အျပစ္ကင္းစြာနဲ႔ သူ႕ မာမီ ကို  ရယ္ျပေနေသာ
ေမေသြးျခယ္ ကုိ ၾကည့္ကာ လူက ၿပံဳးလိုက္မိသည္။

သူေတာင္ ၿပံဳးမိသြားတယ္ဆိုေတာ့ တျခားသူေတြပါ
ၿပံဳးေနမလားဆိုတဲ့ အေတြးနဲ႔ အေနာက္ကို
လွည့္ၾကည့္ရာ ေမေသြးျခယ္ ကို ၾကည့္ၿပီး
ၿပံဳးေနေသာ ေယာက်ၤားသားေတြေၾကာင့္
လက္သီးကို ဆုပ္လိုက္မိသည္။

ကံေကာင္းလို႔ေပါ့။ ေမေသြးျခယ္ က ဒါေတာင္
အတိုမဝတ္ထားလို႔။ ေမေသြးျခယ္ သာ
အတိုဝတ္ရင္ ပြဲထဲကလူေတြ သေရတျမႇားျမႇား
ျဖစ္ေနေလာက္ၿပီ။

ၿခံရံ အဲ့ဒီစိတ္ေလးနဲ႔ ေမေသြးျခယ္ ကို ၾကည့္ေနတဲ့
လူေတြကို သူ ေလွ်ာ့ခ်ေနရသည္။

ႏို႔မို႔ဆို သူမေလး အတိုဝတ္လိုက္ရင္ သူ ဘာလုပ္
မိမယ္မွန္း မသိ။

ေမေသြးျခယ္ လက္ကို ကိုင္ထားေသာ ေနထက္
ဆီကိုလည္း လင္းၿခံရံ က ဂ်ဳိၾကည့္ေတြ
ေပးေနခဲ့သည္။

သား ေနထက္နဲ႔ အတူ ေလွ်ာက္လာရင္း
အဆံုးသတ္မွာ  ေနထက္ က သား
လက္ေလးကုိ ကိုင္ၿပီး ဖြဖြေလး နမ္း႐ိႉက္လိုက္သည္။

ထိုအခါ ၾကည့္ေနေသာ လူေတြဆီမွာ ဝိုးခနဲေပ။

ဝိုးခနဲ မေအာ္ႏိုင္သူကေတာ့ လင္းၿခံရံ ေပ။
သူ႕ မ်က္ႏွာတစ္ခုလံုး ေမး႐ိုးေၾကာေတြ
ေထာင္တင္းသြားၿပီး မ်က္လုံးေတြက
အေတာ္နီရဲသြားခဲ့သည္။

အရမ္းေခ်ာတယ္.. .သား သိပ္ကို ခ်စ္ရတဲ့
ဦးၿခံရံ က အရမ္းေခ်ာတယ္။ ဒါေပမဲ့
သား ကို စိုက္ၾကည့္ေနတာက ေဒါသမ်က္ႏွာ
နဲ႔ေပ။  အၾကည့္ခ်င္း ဆံုမိသြားေတာ့ သားလည္း
သူ႕ကို ခပ္ထန္ထန္သာ ျပန္ၾကည့္လိုက္ၿပီး
အၾကည့္လႊဲကာ ပြဲထဲကလူေတြဆီကိုသာ
အၾကည့္ ျပန္ပို႔လိုက္သည္။

" ေအာ္မယ္ေလ presenter ႀကီး...
ေလလံပြဲကို စေအာ္မယ္ေလ "

" ဪ...ဟုတ္ ဟုတ္ "

သား ကို အၾကည့္လြန္ၿပီး ေလလံစဖို႔ ေမ့ေနေသာ
presenter ကို ေနထက္ သတိေပးလိုက္သည္။
ထိုအခါ ရွက္ကိုးရွက္ကန္းျဖစ္ၿပီး လည္ပင္းပြတ္
သြားေတာ့ presenter ကို ၾကည့္ၿပီး
သား နဲ႔ ေနထက္ တို႔ ၿပိဳင္​တူ ၿပံဳးလိုက္ၾကသည္။

" အားလံုးပဲ မဂၤလာပါ က်ေတာ့္ နာမည္
ေအာင္စစ္မာန္ ပါ....က်ေတာ္ပါ
ေမာ္ဒယ္ ညီမေလး ေမေသြးျခယ္ ရဲ႕ အလွေၾကာင့္
အစီအစဥ္ တင္ဆက္​ေပးဖို႔ ေမ့ေနခဲ့တယ္
အဟင္းဟင္း... "

"  ဟားဟား. ..ဟားဟား "

ပြဲထဲကလူေတြမွာ presenter စကားေၾကာင့္
ထရယ္ၾကသည္။

"   က်ေတာ္တို႔ အခုပဲ ၿပိဳင္ပြဲရလဒ္ေတြ
သိရေအာင္ ေမာ္ဒယ္ေမေသြးျခယ္ ဝတ္ထား
တဲ့ စိန္ျဖဴေလးကို ေလလံစေခၚလိုက္မယ္ေနာ္
က်ေတာ္ လိုပဲ ပြဲထဲကလူေတြကလည္း
ေမာ္ဒယ္ ညီမေလး ေမေသြးျခယ္ ကို
အငမ္းလြန္ၿပီး ေလလံဆြဲဖို့ ေမ့ေနၾကၿပီမလား
ဒီေတာ့ က်ေတာ္ အခုပဲ စေခၚလိုက္ေတာ့မယ္ေနာ္ "

" အားလံုးပဲ ေမာ္ဒယ္ေမေသြးျခယ္ ဝတ္ထားတဲ့
နားက  နားကပ္ေလးက စိန္ျဖဴ ပါ
ဒီစိန္ျဖဴက ပင္ပန္းတာေတြကို ေပ်ာက္ကင္း
ေစၿပီး လူတိုင္းကို တက္ႂကြတဲ့ emotion
ေပးႏိုင္ပါတယ္...ဘယ္ေလာက္ထိေအာင္
လဲဆိုရင္ ဒီစိန္ျဖဴက ဝတ္လိုက္တာနဲ႔
လူတစ္ကိုယ္လံုးကို ေပါ့ပါးသြားေစႏိုင္တယ္...
အဲ့ဒီ စိန္ျဖဴ နားကပ္ေလးက လက္ရိွေပါက္ေဈး
တစ္ေထာင္ပါ....ေမာ္ဒယ္ေမေသြးျခယ္
လည္ပင္းက လည္ဆြဲေလးကလည္း
တစ္ေထာင္ပါ.... လက္စြပ္ေလးကေတာ့
ခုနစ္ရာပါ... ဟန္းခ်ိန္းေလးက ရွစ္ရာပါ "

" ကဲ အခုပဲ က်ေတာ္ ​ေမာ္ဒယ္ေမေသြးျခယ္
ဝတ္ထားတဲ့ လည္ပင္းက စိန္ျဖဴဆြဲႀကိဳး
ေလးကို ေလလံစေခၚပါ့မယ္..  ဘယ္သူ႕ကမ်ား
ေမာ္ဒယ္ေမေသြးျခယ္ ဝတ္ထားတဲ့ ဆြဲႀကိဳး
ေလးကို တစ္ေထာင္ထက္ ပိုေပးခ်င္လဲ မသိဘူး "

" 13 ေပးမယ္ ဒီက "

" က်မ 15 ေပးမယ္ "

" 17 ေပးမယ္ "

" 19 "

" 20 "

" 23 ေပးမယ္ "

အလုအယက္ဝယ္ေနၾကေသာ မိန္းမႀကီးေတြကို
မိုးကုတ္ေက်ာက္တြင္းပိုင္ရွင္ ေဖာ့ခ်န္းနဲ ့
တူတဲ့ လူႀကီး ဦးေျပာင္ႀကီး ၿပံဳးလိုက္ကာ.......

" က်ေတာ္ 30 ေပးမယ္ "

" ဝိုး "

အမ်ားႀကီး ေဈးဆိုလိုက္ေတာ့ ပြဲထဲကလူေတြက
ဦးေျပာင္ႀကီးကို ၾကည့္ကာ ဝိုးခနဲ ျဖစ္သြား
ၾကသည္။

ဦးေျပာင္ႀကီးနဲ႔ ေလးခံုေက်ာ္က ထိုင္ခံုမွာ
ထိုင္ေနတဲ့ Green house ပိုင္ရွင္
ဦးတ႐ုတ္ႀကီးကလည္း ဦးေျပာင္ႀကီးကို
ၾကည့္ၿပီး မဲ့ပစ္လိုက္သည္။

" က်ေတာ္ 35 ေပးမယ္ "

" ဝိုး "

သူ႕ ထက္ ငါးဆပိုေပးလိုက္ေသာ သူ႕
ၿပိဳင္ဘက္ ဦးတ႐ုတ္ႀကီးကို ၾကည့္ကာ
ဦးေျပာင္ႀကီးမွာ  ၿပံဳးလိုက္သည္။

ဒီေကာင္ ငါ့ လာစမ္းေနတာပဲ။
ေမာ္ဒယ္ျခဴးျမတ္သြယ္ နဲ႔ ေမာ္ဒယ္မိုးပုလဲ
တုန္းက သူ ႐ံႉးလိုက္ၿပီးၿပီ။ ထိုသို့ ႐ံႉးလိုက္တာ
ကလည္း  စိန္ေတြ ဝတ္ထားတဲ့ ေမာ္ဒယ္ႏွစ္
ေယာက္က သိပ္မေခ်ာလို႔ေပ။

ဒီတစ္ေယာက္ကေတာ့ အရမ္း ေခ်ာသည္။
ဘယ္လိုမွ လက္လႊတ္ခံလို့ မရ။
နာမည္က ေမေသြးျခယ္ဆိုတဲ့ အတိုင္း
ဒီကေလးေလးက သူ႕ ႏွလုံးသားကို အပိုင္စိုး
မိုးသြားသည္။

ဒီေလာက္ေခ်ာတဲ့ အလွတရားမ်ဳိး အခုမွပဲ
သူ ျမင္ဖူးသည္။ မ႐ိုးမယဥ္ေလးနဲ႔ ဘယ္လိုေလး
လွမွန္းမသိ။ ဝတ္​စုံက ႐ိုင္းလိုက္လို႔ ရိွရင္လည္း
သူ႕ အသည္းေတြ တျဖဳတ္ျဖဳတ္ ေႂကြသြားႏိုင္သည္။

ဒီေတာ့ ေမာ္ဒယ္ ေမေသြးျခယ္ေလး ဝတ္ထား
တဲ့ ကိုယ္ေပၚက စိန္ေတြကို သူ တစ္ေယာက္တည္း
ပဲ ပိုင္ဆိုင္ရမည္။

အေတြးနဲ႔အတူ ယတိျပတ္ ဆံုးျဖတ္ခ်က္ ခ်ၿပီး
တန္တာ မတန္တာေတြလည္း မိုးကုတ္
ေက်ာက္တြင္းပိုင္ရွင္ ဦးေျပာင္ႀကီး မသိေတာ့ပါ။

" 37 ေပးမယ္ "

ဦးေျပာင္ႀကီးရဲ ့ 37 ဆိုတဲ့ စကားေၾကာင့္
ဦးတ႐ုတ္ႀကီးမွာလည္း မဲ့ၿပံဳး ၿပံဳးလိုက္သည္။

"  40 ေပးမယ္ "

သူ႕ ထက္ပိုေပးလိုက္ေသာ ဦးတ႐ုတ္ႀကီးကို
ဦးေျပာင္ႀကီး ၾကည့္ကာ ၿပံဳးလိုက္သည္။

" က်ေတာ္ 45 ေပးမယ္ "

" 47 "

" 50 ေပးမယ္ "

တစ္စထက္ တစ္စ ေဈးေတြျမင့္တက္လာေတာ့
ပြဲထဲက လူေတြမွာလည္း သူတို႔ႏွစ္ေယာက္ထဲ
ဘယ္သူရမလဲဆိုတာ အရမ္းသိခ်င္ေနၾကသည္။

သား လည္ပင္းက လည္ဆြဲကို ေဈးေတြ အမ်ားႀကီး
ေပးေနေသာ ဦးေလးႀကီး ႏွစ္ေယာက္ေၾကာင့္
သား ၿပံဳးေနမိသည္။ ထင္မထားပါ သား
လည္ဆြဲက ငါးဆယ္ေလာက္ ေရာက္သြား
မယ္လို႔။

စင္ေပၚမွာ ရိွေနတဲ့ မိုးပုလဲ ကေတာ့ သားကို ၾကည့္ကာ
ေဒါသမ်က္လံုးေတြနဲ႔ပင္။  ဒီေတာ့ သား
ၿပံဳးၿပီးရင္း ၿပံဳးေနမိသည္။

ၿခံရံ မွာေတာ့ ေမေသြးျခယ္ လည္ဆြဲကို ေဈး
အမ်ားႀကီး ေပးေနတဲ့ ေလာ္ပန္ႀကီး
ႏွစ္ေယာက္ေၾကာင့္ ေပ်ာ္ခ်င္ေပမဲ့ ေမေသြးျခယ္
က ထိုေလာ္ပန္ႀကီး ႏွစ္ေယာက္ကို ၿပံဳးျပေနေတာ့
သူ႕မွာ မေပ်ာ္ႏိုင္ပါ။

" 52 "

" က်​ေတာ္​ 60 ေပးမယ္ "

60 ေပးမယ္ဆိုေသာ မိုးကုတ္ေက်ာက္တြင္း
ပိုင္ရွင္ ဦးေျပာင္ႀကီး ေၾကာင့္ ဦးတ႐ုတ္ႀကီး
မွာ ဆက္မလိုက္ေတာ့ပါ။ အကယ္၍
ဆက္လိုက္မယ္ဆိုရင္ သူ႕မွာ ေငြအင္အား
သိပ္မက်န္ေတာ့ဘဲ ေနလိမ့္မည္။
ေမာ္ဒယ္ျခဴးျမတ္သြယ္ နဲ႔ ေမာ္ဒယ္မိုးပုလဲ တုန္းက
သူ ေငြအမ်ားႀကီးသံုးလိုက္မိၿပီေလ။

ဆက္လိုက္ေနရင္ သူ႕ စီးပြားေရး ရင္းႏီွးဖို႔
ထိခိုက္သြားလိမ့္မည္။

presenter ေအာင္စစ္မာန္ မွာ ထပ္မလိုက္ေသာ
ဦးတ႐ုတ္ႀကီး ကို ၾကည့္ၿပီး ၿပံဳးလိုက္၏ ။

" ဟုတ္ကဲ့...ေမာ္ဒယ္ ေမေသြးျခယ္ ဝတ္ထားတဲ့
လည္ပင္းက ဆြဲႀကိဳးကို မိုးကုတ္ေက်ာက္တြင္း
ပိုင္ရွင္ ဦးေျပာင္ႀကီးက  60 နဲ႔ ေပးထားပါတယ္
ဘယ္သူ႕ကမ်ား ဦး​ေျပာင္​ႀကီး ထက္ ပိုေပးခ်င္လဲ
မသိဘူး ....60 ထက္ ပိုေပးခ်င္တဲ့ သူ ရိွေသးလား
မသိဘူးခင္​ဗ်ာ....ရိွေသးရင္ က်ေတာ္ warning
မေခၚေသးဘူးေနာ္....ကဲ ဘယ္သူ
60 ထက္​  ပိုေပးခ်င္ၾကလဲ မသိဘူး...
ရိွရင္ လက္ေထာင္ေပးၾကပါခင္​ဗ်ာ...
က်​ေတာ္​ ​ေတာင္​းဆိုပါတယ္​   "

သံုးခါတိတိ ေျပာၿပီးတဲ့ ေနာက္မွာ အကုန္လံုးက
တိတ္ဆိတ္ေနေတာ့ presenter က
ၿပံဳးလိုက္ကာ. ......

"  ကဲ ဘယ္​သူ႔ကမွ လက္​မ​ေထာင္​ဘူးဆို​ေတာ့
က်​ေတာ္​ warning ​ စ​ေခၚပါၿပီ​ေနာ္​
60 တစ္ႀကိမ္.. ...60 ႏွစ္ႀကိမ္....
60 သံုးႀကိမ္ "

" တံု... တံု... တံု... "

အ​ေျပာနဲ႔အတူ  တံုးေခါက္ျပီး
ၿပံဳးလိုက္၏ ။

" ဟုတ္ကဲ့.. အခုဆိုရင္ ေမာ္ဒယ္ေမေသြးျခယ္
ဝတ္ထားတဲ့ လည္ပင္းက စိန္ျဖဴဆြဲႀကိဳးကို
မိုးကုတ္ေက်ာက္တြင္း ပိုင္ရွင္ ဦးေျပာင္ႀကီးက
ပိုင္ဆိုင္သြားပါၿပီ အားလံုးပဲ ဦးေျပာင္ႀကီးအတြက္
လက္ခုပ္တီးေပးလိုက္ၾကပါအုံး ...
ဂုဏ္ယူပါတယ္ေနာ္ ဦးေျပာင္ႀကီး " 

" ေျဖာင္း. ..ေျဖာင္း.. .ေျဖာင္း "

အကုန္လံုးက တီးေပးလာတဲ့ လက္ခုပ္သံေတြ
ကို နဖူးေျပာင္ၿပီး ေခါင္းမွာ ဆံပင္မေပါက္ေသာ
ဦးေျပာင္ႀကီးက ၿပံဳးလိုက္ကာ သူ႕ကိုယ္သူ
စစ္ပြဲမွာ အႏိုင္ရသြားတဲ့ စစ္သူႀကီးအလား
ေျမႇာက္ႂကြေျမႇာက္ႀကြ ျဖစ္ေနခဲ့သည္။

ဒီလိုနဲ႔ ေမေသြးျခယ္ တစ္ကိုယ္လံုးက လက္ဝတ္
ထည္ေတြကို ဦးေျပာင္ႀကီးက သိမ္းပိုက္ႏိုင္ခဲ့သည္။

စင္ျမင့္ေပၚက မိုးပုလဲမွာေတာ့ ေမေသြးျခယ္ ကို
ၾကည္​့ကာ စိတ္တိုေနခဲ့၏ ။
​ေရာင္းအားအမ်ားဆံုးကလည္း ေၾကညာစရာမလိုဘဲ
ေမေသြးျခယ္ ဆိုတာ လူတိုင္း သိေနၾကသည္။

ဒီေလာက္ ပုလဲ ၿဖဲထားတာကို ဘယ္လိုမွ မေနဘဲ
show ေလွ်ာက္လာႏိုင္တဲ့အတြက္
​ေမ​ေသြးျခယ္​ ကို ၾကည္​့ကာ ပုလဲ အရမ္းအံ့ဩမိသည္။
ဧကန္နဆံပင္တုေၾကာင့္မွန္းလား။ ဟုတ္ေလာက္မည္။
ပုလဲ ၿဖဲထားတာက အႀကီးႀကီးေလ။
ခ်ဳပ္ရေအာင္လည္း အပ္က အဆင့္သင့္မွ မရိွတာ။

အေတြးနဲ႔အတူ မိုးပုလဲ ညစ္ၿပံဳးၿပံဳးလိုက္ကာ
ေမေသြးျခယ္ အနားကို တိုးကပ္သြားခဲ့သည္။
presenter ကလည္း ေရာင္းအားအေကာင္း
ဆံုး သံုးေယာက္ကို ဆုေပးဖို႔ ေမေသြးျခယ္ကို
အလယ္မွာ ရပ္ခိုင္းသည္။

ဒီေတာ့ မိုးပုလဲ အႀကိဳက္ေပါ့။ စင္အလယ္မွာ
ေမေသြးျခယ္ ရပ္လိုက္တာနဲ႔ ေမေသြးျခယ္
နား မိုးပုလဲ ေယာင္တိေယာင္ဝါးတိုးကပ္သြား
ၿပီး တေကာက္ေကြးထိ ေက်ာ္ေနတဲ့ ဆံပင္ေတြ
ကို ေနာက္ကေန အားနဲ႔ ေဆာင့္ဆြဲၿပီး
ဆြဲထားတာကို ခ်က္ခ်င္း  လႊတ္ပစ္လိုက္သည္။

" ဟင္..... !!! "

" ဟာ.. !!! "

" အိုး. ..!!! "

Part  31 ေမွ်ာ္.....................................
( အယုတ္တမာ မိုးပုလဲ သြားပါၿပီ ငါ့ သားေလး
ကေတာ့ 😅😅😅😅...ၿခံရံ ေရ သားကို
စိတ္မဆိုးပါနဲ႔ 😅😅😅 ရွင့္ ဟာမကိုသာ
စိတ္ဆိုးပါ 😂😂😂)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 30 }

" မော်ဒယ်မေသွေးခြယ် စင်မြင့်ထက်ကို
ကြွရောက်လာပေးပါနော် "

" မာမီ မြန်မြန်....!! ရှေ့မှာ ခေါ်နေပြီ မာမီရဲ့... "

" ပြီးတော့မယ် သမီး... ပြီးပြီ "

မာမီ ရဲ့ ပြီးပြီဆိုတဲ့ စကားကြားတာနဲ့
သား ချက်ချင်းဆိုသလို စင်ရှေ့ကို
ပြေးလာလိုက်သည်။

" မော်ဒယ်မေသွေးခြယ် စင်မြင့်ပေါ်ကို
ကြွရောက်....... "

သား နာမည်ကို အော်ခေါ်နေတဲ့ presenter
မှာ သား ထွက်လာတာမြင်တာနဲ့ ခေါ်တာ
ရပ်တန့်သွားသည်။

သူရဲ့ မျက်လုံးအစုံကလည်း သားကို ကြည့်ပြီး
စွံအလို့ပေ။

ဒီတော့ သား ကိုယ် သား ယုံကြည်မှု အရမ်းရှိ
သွားပြီး သူ့ကို သား ပြုံးပြလိုက်သည်။

စင်မြင့်ပေါ်ကို တစ်လှမ်းချင်း လျှောက်လာသော
မေသွေးခြယ် ရဲ့ ခြေလှမ်းတွေက
ယုံကြည်မှု အပြည့်နဲ့ပေ။

ဆံပင်က ရှေ့ဆံမြိတ်နဲ့ဆိုတော့ တကယ့်ကို
ချစ်စရာကောင်းတဲ့ ကလေးလေးအလားပေ။

တ​ကောက်​ကွေးအထိ ရှည်လျားနေသော
သူမရဲ့ ဆံပင်တွေကလည်း
နက်မှောင်ပြီး ဖြောင့်စင်းလို့ပေ။

ဝတ်ထားတဲ့ ကိုယ်ကြပ်ဂါဝန်အဖြူလေးက
သူမ နဲ့ တကယ့်ကို လိုက်သည်။
မသိရင် မိုးကောင်ကင်ပေါ်က နတ်သမီး​လေး
ဆင်းသက်လာတဲ့အတိုင်းပေ။

မျက်နှာလေးက ဖွေးဥနုဖပ်ပြီး ရယ်လိုက်တိုင်း
အစီအရီ ထွက်ပေါ်လာသော သွားဖွေးဖွေးလေး
တွေကလည်း မြင်သူတိုင်းကို ပြုံးသွားစေနိုင်သည်။

တကောက်ကွေးကျော် ဆံပင်လေးကလည်း
လမ်းလျှောက်လိုက်တိုင်း အနည်းငယ်
ဝဲဝဲသွားတော့ တကယ့်ကို မိမိုက်လွန်းအား
ကြီးသည်။

နှုတ်ခမ်းဖူးဖူးလေးကလည်း ကြည့်တာနဲ့တင်
နမ်းချင်စရာကောင်းလှသည်။

ဆံပင်ချထားပေမဲ့ ကိုယ်ကြပ်ဝတ်ထားတော့
ခန္ဓာကိုယ်က ရှိူက်ကြီးရှိူက်ငယ်  မှန်သမျှကို
ပေါ်လွင်စေသည်။

ခန္ဓာကိုယ် ကောက်ကြောင်းလှတဲ့သူဆိုတာ
မေသွေးခြယ် ကို ပြောနေသူအလားပင်။

နှုတ်ခမ်းဖူးဖူးလေး၊  မျက်လုံး ဝိုင်းဝိုင်းလေး၊
ဝိုင်းစက်စက် မျက်နှာလေးကြောင့် ဘာဘီ
ရုပ်လေး အလားပေ။

ဂါဝန်အဖြူဖြူလေးက သူမလေးရဲ့ အလှတရား
တွေကို ဖော်ပြ​နေသလား​အောက်​မေ့ရသည်​။

ဝတ်ထားတဲ့ စိန်ဖြူနားကပ်​သေးသေးလေးကလည်း
မေသွေးခြယ် ရဲ့ နားမှာ တလက်လက်နဲ့ပေ။

စိန်ဖြူ ဆွဲကြိုးလေးက အစ မေသွေးခြယ် နဲ့
အရမ်းလိုက်သည်။ နတ်သမီး ကိုယ်ပေါ်မှာ
စိန်ဖြူလေး ရှိနေတာက တအားကို
မေသွေးခြယ် ကို လှပသွားစေသည်။
တကယ့်ကို အဖြူရောင် နတ်သမီးလေး အလား။

" ဟယ်... လှလိုက်တာနော်
နောက်ဆုံး တစ်ယောက်က အရုပ်မလေး
ကျနေတာပဲ "

" အရုပ်မလေး မဟုတ်ဘူး နတ်သမီးလေး
ဒီလောက် လှတဲ့ ကောင်မလေး ငါ အခုမှ
မြင်ဖူးတော့တယ်.... နတ်သမီး ဆိုတာ
ဒီကောင်မလေးကို ပြောတာပဲ နေမှာ "

" ဟုတ်ပါ့ဟယ် လှလိုက်တာများ ဝဲခါနေတာပဲ
ငါလည်း ဒီကလေးမလေးလို လှရင် သိပ်ကောင်း
မှာပဲ.. ..ဒါဆို ဒီပွဲထဲက ယောင်္ကျားလေးတွေ
အားလုံး ငါ့ကိုပဲ ကြည့်နေကြမှာ... "

" ဘယ်သူ့ သားသမီးလေးလဲ မသိဘူး
ချစ်စရာလေး "

" နတ်သမီးလေး အလားပဲ "

" နတ်သမီးလေး မဟုတ်ဘူး
ဘာဘီရုပ်လေး "

တစ်ယောက် တစ်ပေါက်နဲ့ ပြောနေကြသော
စကားတွေက ပွဲထဲမှာ ပွက်လောရိုက်နေ၏ ။

Green house ပိုင်ရှင် ဦးတရုတ်ကြီးနဲ့
မိုးကုတ်ကျောက်တွင်းပိုင်ရှင် ဦးပြောင်ကြီး
တို့ရဲ့ အကြည့်မှာလည်း မေသွေးခြယ် ဆီကိုပေ။

အသက်ရှူဖို့တောင် မေ့ပြီး သူတို့ရဲ့ မျက်လုံးတွေက
မေသွေးခြယ် မှ မေသွေးခြယ် ဖြစ်နေခဲ့သည်။

ဒါတင်မကသေး ပွဲထဲက ယောင်္ကျားလေးတွေ
အားလုံးရဲ့ အကြည့်ကို မေသွေးခြယ် က
အပိုင်သိမ်းထားခဲ့သည်။

ခြံရံ မေသွေးခြယ် ထွက်လာတာနဲ့ သူ မေသွေးခြယ်
ကိုပဲ ကြည့်နေမိသည်။ လှတာကတော့
အတော်လေး လှသည်။ သူ ဆင်ပေးထားတဲ့
အတိုင်း မရိုးမရိုင်းလေးပေ။

ဆံပင်တုပါ တပ်ထားတော့ လူတောင် မှား
လောက်ချင်သည်။ သူမလေးရဲ့ မျက်လုံး
ဝိုင်းဝိုင်းလေးတွေ၊  နှုတ်ခမ်းဖူးဖူးလေး
ကြောင့် ဒါက သူမလေးဆိုတာ သူ သိတာပင်။
နို့မို့ဆို ဆံပင်ကြောင့် သူမလေးဆိုတာ
သူ မသိဘဲ ဖြစ်သွားနိုင်သည်။

အမြဲလိုလို ပွပွရရ တွေ ဝတ်တတ်တော့
သူမလေး ကောက်ကြောင်းက မလှလောက်ဘူး
လို့ သူ ထင်ခဲ့သည်။ အခုတော့ သူ့  အမြင်ကို
သူမလေးက ဖျက်စီးပစ်ခဲ့သည်။ သူမလေး
ကောက်ကြောင်း ဘယ်လောက်လှလဲဆိုတာ
ဒီနေ့မှ သူ သိလိုက်ရပြီ။

အတော်လေးကို ခန္ဓာကိုယ်က လှသည်။

ခြံရံ သူ့လိုပဲ စိုက်ကြည့်နေကြသော​ရှေ့ခုံက
လူကြီးတွေကြောင့် ပြိုင်ခိုင်းတာများ မှားပြီလား မသိ။
ဒီလောက် လှမယ်မှန်းသိရင် သူ ပြိုင်ခိုင်းမှာ
မဟုတ်။  တော်ပြီ နောက်တစ်ခါ မေသွေးခြယ်
ကို ဘယ်ပွဲမှ သူ မပြိုင်ခိုင်းတော့ပါ။

မဟုတ်ရင် သူ စိတ်တိုနေရလောက်တယ်။
အခုတောင် ပွဲထဲက ယောင်္ကျားသားတွေ
ရဲ့ အကြည့်က မေသွေးခြယ် ဆီမှာပေ။

သား ကို မြင်တာနဲ့ မိုးပုလဲမ မျက်နှာက ဆူပုပ်
နေခဲ့သည်။  သားကိုယ် သား ချစ်စရာကောင်း
မှန်း သိပါသည်။ ဆံပင်တု တပ်ထားတော့
သား မိန်းကလေး ဆန်ပြီး လှနေမယ်ဆိုတာ
သား သိသည်။ ဒါကို မနာလိုတဲ့ အကြည့်နဲ့
မိုးပုလဲမ က ကြည့်နေတော့ သား ရယ်လိုက်သည်။

နေထက် ကလည်း သား လာတာမြင်တာနဲ့
သား ဆီ လာပြီး လက်ကမ်းတယ်လေ။

သူ ကမ်းတဲ့ လက်ကို သား ပျော်ပျော်ကြီး
ချိတ်ပြီး ရှေ့ကိုသာ လျှောက်လာလိုက်သည်။

Mom ၊ ကြီးဆွေ၊  မဲမဲ နဲ့ သား သူငယ်ချင်း
သဲပြည့် ကလည်း သားကို မြင်တာနဲ့
လက်ပြပြီး ပြုံးပြနေတယ်လေ။

ဒီတော့ သား လည်း အားတဲ့ ညာလက်နဲ့
ယမ်းပြီး အားရပါးရ ပြုံးပြလိုက်မိသည်။

ထိုသို့ မေသွေးခြယ် အပြစ်ကင်းစွာနဲ့ ရယ်လိုက်တာ
လေးက ပွဲထဲက လူတွေကို ပြုံးသွားစေခဲ့တာ
မေသွေးခြယ် တစ်ယောက် မသိခဲ့ပါ။

presenter မှာလည်း မေသွေးခြယ် အပြုံး
ကြောင့် လေလံ အစီအစဉ် ကြေညာဖို့ မေ့နေ
ခဲ့သည်။

Green house ပိုင်ရှင် ဦးတရုတ်ကြီးနဲ့ မိုးကုတ်
ကျောက်တွင်းပိုင်ရှင် ဦးပြောင်ကြီးမှာ
မေသွေးခြယ် အပြုံးကြောင့် ပြုံးစိစိဖြစ်ကာ
သူတို့ရဲ့ မျက်လုံးတွေက မေသွေးခြယ် ဆီမှာ
မခွာနိုင် ဖြစ်နေကြသည်။

မိုးပုလဲ နဲ့ တခြားမော်ဒယ်တွေကလည်း မေသွေးခြယ်
အလှကို ကြည့်ပြီး အောင့်သက်သက်နဲ့ပေ။

အဆိုးဝါးဆုံးကတော့ မိုးပုလဲ ပင်။ဟန်မဆောင်
နိုင်လောက်အောင် မျက်နှာတွေ ပျက်ယွင်းနေပြီ
လေ။

ထို့အတူ ဦးတိုးရှိန် ဘေးနားက ဒေါ်သက်ချို
မှာလည်း မေသွေးခြယ် ကို ကြည့်ကာ
ဟန်မဆောင်လောက်နိုင်အောင် ရှူံ့မဲ့နေခဲ့သည်။

ဇနီးသည်လို သိပ်ကို လှပတဲ့ အလှတရားကို
ပိုင်ဆိုင်ထားသော မေသွေးခြယ် ကို ကြည့်ကာ
ဦးတိုးရှိန် မျက်​နှာမှာ အပြုံးမျက်နှာနဲ့ပေ။

ဒါပေမဲ့လည်း သူ့ စိတ်က ဇနီးသည်ကို သတိရပြန်
တော့ ဝမ်းနည်းမျက်ရည်တွေ စို့တက်လာခဲ့သည်။

" နှင်းဆီ  မင့် သမီးက မင်းနဲ့ သိပ်တူတာပဲ
ကိုယ် မင်းကိုတောင် အရမ်းလွမ်းလာမိတယ်
ဒီအချိန် မင်းသာ ရှိနေရင် ကိုယ်တို့ သမီးလေး
show  လျှောက်တာကို ကိုယ်နဲ့ အတူတူ
ကြည့်နေမှာပဲ. ....ဒါဆို ကိုယ်တို့ သမီးလေး
ဘယ်လောက်လှတယ်ဆိုတာ မင်း သိသွားမှာ "

စိတ်ထဲက ပြောရင်း ဇနီးသည်ကို လွမ်းဆွတ်စိတ်နဲ့ မျက်ရည်တစ်စက်က သူ့ ပါးပြင်ပေါ်ကို ကျသွား
ခဲ့သည်။

ခြံရံ အပြစ်ကင်းစွာနဲ့ သူ့ မာမီ ကို  ရယ်ပြနေသော
မေသွေးခြယ် ကို ကြည့်ကာ လူက ပြုံးလိုက်မိသည်။

သူတောင် ပြုံးမိသွားတယ်ဆိုတော့ တခြားသူတွေပါ
ပြုံးနေမလားဆိုတဲ့ အတွေးနဲ့ အနောက်ကို
လှည့်ကြည့်ရာ မေသွေးခြယ် ကို ကြည့်ပြီး
ပြုံးနေသော ယောင်္ကျားသားတွေကြောင့်
လက်သီးကို ဆုပ်လိုက်မိသည်။

ကံကောင်းလို့ပေါ့။ မေသွေးခြယ် က ဒါတောင်
အတိုမဝတ်ထားလို့။ မေသွေးခြယ် သာ
အတိုဝတ်ရင် ပွဲထဲကလူတွေ သရေတမြှားမြှား
ဖြစ်နေလောက်ပြီ။

ခြံရံ အဲ့ဒီစိတ်လေးနဲ့ မေသွေးခြယ် ကို ကြည့်နေတဲ့
လူတွေကို သူ လျှော့ချနေရသည်။

နို့မို့ဆို သူမလေး အတိုဝတ်လိုက်ရင် သူ ဘာလုပ်
မိမယ်မှန်း မသိ။

မေသွေးခြယ် လက်ကို ကိုင်ထားသော နေထက်
ဆီကိုလည်း လင်းခြံရံ က ဂျိုကြည့်တွေ
ပေးနေခဲ့သည်။

သား နေထက်နဲ့ အတူ လျှောက်လာရင်း
အဆုံးသတ်မှာ  နေထက် က သား
လက်လေးကို ကိုင်ပြီး ဖွဖွလေး နမ်းရှိူက်လိုက်သည်။

ထိုအခါ ကြည့်နေသော လူတွေဆီမှာ ဝိုးခနဲပေ။

ဝိုးခနဲ မအော်နိုင်သူကတော့ လင်းခြံရံ ပေ။
သူ့ မျက်နှာတစ်ခုလုံး မေးရိုးကြောတွေ
ထောင်တင်းသွားပြီး မျက်လုံးတွေက
အတော်နီရဲသွားခဲ့သည်။

အရမ်းချောတယ်.. .သား သိပ်ကို ချစ်ရတဲ့
ဦးခြံရံ က အရမ်းချောတယ်။ ဒါပေမဲ့
သား ကို စိုက်ကြည့်နေတာက ဒေါသမျက်နှာ
နဲ့ပေ။  အကြည့်ချင်း ဆုံမိသွားတော့ သားလည်း
သူ့ကို ခပ်ထန်ထန်သာ ပြန်ကြည့်လိုက်ပြီး
အကြည့်လွှဲကာ ပွဲထဲကလူတွေဆီကိုသာ
အကြည့် ပြန်ပို့လိုက်သည်။

" အော်မယ်လေ presenter ကြီး...
လေလံပွဲကို စအော်မယ်လေ "

" ဪ...ဟုတ် ဟုတ် "

သား ကို အကြည့်လွန်ပြီး လေလံစဖို့ မေ့နေသော
presenter ကို နေထက် သတိပေးလိုက်သည်။
ထိုအခါ ရှက်ကိုးရှက်ကန်းဖြစ်ပြီး လည်ပင်းပွတ်
သွားတော့ presenter ကို ကြည့်ပြီး
သား နဲ့ နေထက် တို့ ပြိုင်​တူ ပြုံးလိုက်ကြသည်။

" အားလုံးပဲ မင်္ဂလာပါ ကျတော့် နာမည်
အောင်စစ်မာန် ပါ....ကျတော်ပါ
မော်ဒယ် ညီမလေး မေသွေးခြယ် ရဲ့ အလှကြောင့်
အစီအစဉ် တင်ဆက်​ပေးဖို့ မေ့နေခဲ့တယ်
အဟင်းဟင်း... "

"  ဟားဟား. ..ဟားဟား "

ပွဲထဲကလူတွေမှာ presenter စကားကြောင့်
ထရယ်ကြသည်။

"   ကျတော်တို့ အခုပဲ ပြိုင်ပွဲရလဒ်တွေ
သိရအောင် မော်ဒယ်မေသွေးခြယ် ဝတ်ထား
တဲ့ စိန်ဖြူလေးကို လေလံစခေါ်လိုက်မယ်နော်
ကျတော် လိုပဲ ပွဲထဲကလူတွေကလည်း
မော်ဒယ် ညီမလေး မေသွေးခြယ် ကို
အငမ်းလွန်ပြီး လေလံဆွဲဖို့ မေ့နေကြပြီမလား
ဒီတော့ ကျတော် အခုပဲ စခေါ်လိုက်တော့မယ်နော် "

" အားလုံးပဲ မော်ဒယ်မေသွေးခြယ် ဝတ်ထားတဲ့
နားက  နားကပ်လေးက စိန်ဖြူ ပါ
ဒီစိန်ဖြူက ပင်ပန်းတာတွေကို ပျောက်ကင်း
စေပြီး လူတိုင်းကို တက်ကြွတဲ့ emotion
ပေးနိုင်ပါတယ်...ဘယ်လောက်ထိအောင်
လဲဆိုရင် ဒီစိန်ဖြူက ဝတ်လိုက်တာနဲ့
လူတစ်ကိုယ်လုံးကို ပေါ့ပါးသွားစေနိုင်တယ်...
အဲ့ဒီ စိန်ဖြူ နားကပ်လေးက လက်ရှိပေါက်ဈေး
တစ်ထောင်ပါ....မော်ဒယ်မေသွေးခြယ်
လည်ပင်းက လည်ဆွဲလေးကလည်း
တစ်ထောင်ပါ.... လက်စွပ်လေးကတော့
ခုနစ်ရာပါ... ဟန်းချိန်းလေးက ရှစ်ရာပါ "

" ကဲ အခုပဲ ကျတော်​မော်ဒယ်မေသွေးခြယ်
ဝတ်ထားတဲ့ လည်ပင်းက စိန်ဖြူဆွဲကြိုး
လေးကို လေလံစခေါ်ပါ့မယ်..  ဘယ်သူ့ကများ
မော်ဒယ်မေသွေးခြယ် ဝတ်ထားတဲ့ ဆွဲကြိုး
လေးကို တစ်ထောင်ထက် ပိုပေးချင်လဲ မသိဘူး "

" 13 ပေးမယ် ဒီက "

" ကျမ 15 ပေးမယ် "

" 17 ပေးမယ် "

" 19 "

" 20 "

" 23 ပေးမယ် "

အလုအယက်ဝယ်နေကြသော မိန်းမကြီးတွေကို
မိုးကုတ်ကျောက်တွင်းပိုင်ရှင် ဖော့ချန်းနဲ့
တူတဲ့ လူကြီး ဦးပြောင်ကြီး ပြုံးလိုက်ကာ.......

" ကျတော် 30 ပေးမယ် "

" ဝိုး "

အများကြီး ဈေးဆိုလိုက်တော့ ပွဲထဲကလူတွေက
ဦးပြောင်ကြီးကို ကြည့်ကာ ဝိုးခနဲ ဖြစ်သွား
ကြသည်။

ဦးပြောင်ကြီးနဲ့ လေးခုံကျော်က ထိုင်ခုံမှာ
ထိုင်နေတဲ့ Green house ပိုင်ရှင်
ဦးတရုတ်ကြီးကလည်း ဦးပြောင်ကြီးကို
ကြည့်ပြီး မဲ့ပစ်လိုက်သည်။

" ကျတော် 35 ပေးမယ် "

" ဝိုး "

သူ့ ထက် ငါးဆပိုပေးလိုက်သော သူ့
ပြိုင်ဘက် ဦးတရုတ်ကြီးကို ကြည့်ကာ
ဦးပြောင်ကြီးမှာ  ပြုံးလိုက်သည်။

ဒီကောင် ငါ့ လာစမ်းနေတာပဲ။
မော်ဒယ်ခြူးမြတ်သွယ် နဲ့ မော်ဒယ်မိုးပုလဲ
တုန်းက သူ ရှူံးလိုက်ပြီးပြီ။ ထိုသို့ ရှူံးလိုက်တာ
ကလည်း  စိန်တွေ ဝတ်ထားတဲ့ မော်ဒယ်နှစ်
ယောက်က သိပ်မချောလို့ပေ။

ဒီတစ်ယောက်ကတော့ အရမ်း ချောသည်။
ဘယ်လိုမှ လက်လွှတ်ခံလို့ မရ။
နာမည်က မေသွေးခြယ်ဆိုတဲ့ အတိုင်း
ဒီကလေးလေးက သူ့ နှလုံးသားကို အပိုင်စိုး
မိုးသွားသည်။

ဒီလောက်ချောတဲ့ အလှတရားမျိုး အခုမှပဲ
သူ မြင်ဖူးသည်။ မရိုးမယဉ်လေးနဲ့ ဘယ်လိုလေး
လှမှန်းမသိ။ ဝတ်​စုံက ရိုင်းလိုက်လို့ ရှိရင်လည်း
သူ့ အသည်းတွေ တဖြုတ်ဖြုတ် ကြွေသွားနိုင်သည်။

ဒီတော့ မော်ဒယ် မေသွေးခြယ်လေး ဝတ်ထား
တဲ့ ကိုယ်ပေါ်က စိန်တွေကို သူ တစ်ယောက်တည်း
ပဲ ပိုင်ဆိုင်ရမည်။

အတွေးနဲ့အတူ ယတိပြတ် ဆုံးဖြတ်ချက် ချပြီး
တန်တာ မတန်တာတွေလည်း မိုးကုတ်
ကျောက်တွင်းပိုင်ရှင် ဦးပြောင်ကြီး မသိတော့ပါ။

" 37 ပေးမယ် "

ဦးပြောင်ကြီးရဲ့  37 ဆိုတဲ့ စကားကြောင့်
ဦးတရုတ်ကြီးမှာလည်း မဲ့ပြုံး ပြုံးလိုက်သည်။

"  40 ပေးမယ် "

သူ့ ထက်ပိုပေးလိုက်သော ဦးတရုတ်ကြီးကို
ဦးပြောင်ကြီး ကြည့်ကာ ပြုံးလိုက်သည်။

" ကျတော် 45 ပေးမယ် "

" 47 "

" 50 ပေးမယ် "

တစ်စထက် တစ်စ ဈေးတွေမြင့်တက်လာတော့
ပွဲထဲက လူတွေမှာလည်း သူတို့နှစ်ယောက်ထဲ
ဘယ်သူရမလဲဆိုတာ အရမ်းသိချင်နေကြသည်။

သား လည်ပင်းက လည်ဆွဲကို ဈေးတွေ အများကြီး
ပေးနေသော ဦးလေးကြီး နှစ်ယောက်ကြောင့်
သား ပြုံးနေမိသည်။ ထင်မထားပါ သား
လည်ဆွဲက ငါးဆယ်လောက် ရောက်သွား
မယ်လို့။

စင်ပေါ်မှာ ရှိနေတဲ့ မိုးပုလဲ ကတော့ သားကို ကြည့်ကာ
ဒေါသမျက်လုံးတွေနဲ့ပင်။  ဒီတော့ သား
ပြုံးပြီးရင်း ပြုံးနေမိသည်။

ခြံရံ မှာတော့ မေသွေးခြယ် လည်ဆွဲကို ဈေး
အများကြီး ပေးနေတဲ့ လော်ပန်ကြီး
နှစ်ယောက်ကြောင့် ပျော်ချင်ပေမဲ့ မေသွေးခြယ်
က ထိုလော်ပန်ကြီး နှစ်ယောက်ကို ပြုံးပြနေတော့
သူ့မှာ မပျော်နိုင်ပါ။

" 52 "

" ကျ​တော်​60 ပေးမယ် "

60 ပေးမယ်ဆိုသော မိုးကုတ်ကျောက်တွင်း
ပိုင်ရှင် ဦးပြောင်ကြီး ကြောင့် ဦးတရုတ်ကြီး
မှာ ဆက်မလိုက်တော့ပါ။ အကယ်၍
ဆက်လိုက်မယ်ဆိုရင် သူ့မှာ ငွေအင်အား
သိပ်မကျန်တော့ဘဲ နေလိမ့်မည်။
မော်ဒယ်ခြူးမြတ်သွယ် နဲ့ မော်ဒယ်မိုးပုလဲ တုန်းက
သူ ငွေအများကြီးသုံးလိုက်မိပြီလေ။

ဆက်လိုက်နေရင် သူ့ စီးပွားရေး ရင်းနှီးဖို့
ထိခိုက်သွားလိမ့်မည်။

presenter အောင်စစ်မာန် မှာ ထပ်မလိုက်သော
ဦးတရုတ်ကြီး ကို ကြည့်ပြီး ပြုံးလိုက်၏ ။

" ဟုတ်ကဲ့...မော်ဒယ် မေသွေးခြယ် ဝတ်ထားတဲ့
လည်ပင်းက ဆွဲကြိုးကို မိုးကုတ်ကျောက်တွင်း
ပိုင်ရှင် ဦးပြောင်ကြီးက  60 နဲ့ ပေးထားပါတယ်
ဘယ်သူ့ကများ ဦး​ပြောင်​ကြီး ထက် ပိုပေးချင်လဲ
မသိဘူး ....60 ထက် ပိုပေးချင်တဲ့ သူ ရှိသေးလား
မသိဘူးခင်​ဗျာ....ရှိသေးရင် ကျတော် warning
မခေါ်သေးဘူးနော်....ကဲ ဘယ်သူ
60 ထက်​ပိုပေးချင်ကြလဲ မသိဘူး...
ရှိရင် လက်ထောင်ပေးကြပါခင်​ဗျာ...
ကျ​တော်​တောင်းဆိုပါတယ်​"

သုံးခါတိတိ ပြောပြီးတဲ့ နောက်မှာ အကုန်လုံးက
တိတ်ဆိတ်နေတော့ presenter က
ပြုံးလိုက်ကာ. ......

"  ကဲ ဘယ်​သူ့ကမှ လက်​မ​ထောင်​ဘူးဆို​တော့
ကျ​တော်​warning​စ​ခေါ်ပါပြီ​နော်​
60 တစ်ကြိမ်.. ...60 နှစ်ကြိမ်....
60 သုံးကြိမ် "

" တုံ... တုံ... တုံ... "

အ​ပြောနဲ့အတူ  တုံးခေါက်ပြီး
ပြုံးလိုက်၏ ။

" ဟုတ်ကဲ့.. အခုဆိုရင် မော်ဒယ်မေသွေးခြယ်
ဝတ်ထားတဲ့ လည်ပင်းက စိန်ဖြူဆွဲကြိုးကို
မိုးကုတ်ကျောက်တွင်း ပိုင်ရှင် ဦးပြောင်ကြီးက
ပိုင်ဆိုင်သွားပါပြီ အားလုံးပဲ ဦးပြောင်ကြီးအတွက်
လက်ခုပ်တီးပေးလိုက်ကြပါအုံး ...
ဂုဏ်ယူပါတယ်နော် ဦးပြောင်ကြီး " 

" ဖြောင်း. ..ဖြောင်း.. .ဖြောင်း "

အကုန်လုံးက တီးပေးလာတဲ့ လက်ခုပ်သံတွေ
ကို နဖူးပြောင်ပြီး ခေါင်းမှာ ဆံပင်မပေါက်သော
ဦးပြောင်ကြီးက ပြုံးလိုက်ကာ သူ့ကိုယ်သူ
စစ်ပွဲမှာ အနိုင်ရသွားတဲ့ စစ်သူကြီးအလား
မြှောက်ကြွမြှောက်ကြွ ဖြစ်နေခဲ့သည်။

ဒီလိုနဲ့ မေသွေးခြယ် တစ်ကိုယ်လုံးက လက်ဝတ်
ထည်တွေကို ဦးပြောင်ကြီးက သိမ်းပိုက်နိုင်ခဲ့သည်။

စင်မြင့်ပေါ်က မိုးပုလဲမှာတော့ မေသွေးခြယ် ကို
ကြည့်​ကာ စိတ်တိုနေခဲ့၏ ။
​ရောင်းအားအများဆုံးကလည်း ကြေညာစရာမလိုဘဲ
မေသွေးခြယ် ဆိုတာ လူတိုင်း သိနေကြသည်။

ဒီလောက် ပုလဲ ဖြဲထားတာကို ဘယ်လိုမှ မနေဘဲ
show လျှောက်လာနိုင်တဲ့အတွက်
​မေ​သွေးခြယ်​ကို ကြည့်​ကာ ပုလဲ အရမ်းအံ့ဩမိသည်။
ဧကန်နဆံပင်တုကြောင့်မှန်းလား။ ဟုတ်လောက်မည်။
ပုလဲ ဖြဲထားတာက အကြီးကြီးလေ။
ချုပ်ရအောင်လည်း အပ်က အဆင့်သင့်မှ မရှိတာ။

အတွေးနဲ့အတူ မိုးပုလဲ ညစ်ပြုံးပြုံးလိုက်ကာ
မေသွေးခြယ် အနားကို တိုးကပ်သွားခဲ့သည်။
presenter ကလည်း ရောင်းအားအကောင်း
ဆုံး သုံးယောက်ကို ဆုပေးဖို့ မေသွေးခြယ်ကို
အလယ်မှာ ရပ်ခိုင်းသည်။

ဒီတော့ မိုးပုလဲ အကြိုက်ပေါ့။ စင်အလယ်မှာ
မေသွေးခြယ် ရပ်လိုက်တာနဲ့ မေသွေးခြယ်
နား မိုးပုလဲ ယောင်တိယောင်ဝါးတိုးကပ်သွား
ပြီး တကောက်ကွေးထိ ကျော်နေတဲ့ ဆံပင်တွေ
ကို နောက်ကနေ အားနဲ့ ဆောင့်ဆွဲပြီး
ဆွဲထားတာကို ချက်ချင်း  လွှတ်ပစ်လိုက်သည်။

" ဟင်..... !!! "

" ဟာ.. !!! "

" အိုး. ..!!! "

Part  31 မျှော်.....................................
( အယုတ်တမာ မိုးပုလဲ သွားပါပြီ ငါ့ သားလေး
ကတော့ 😅😅😅😅...ခြံရံ ရေ သားကို
စိတ်မဆိုးပါနဲ့ 😅😅😅 ရှင့် ဟာမကိုသာ
စိတ်ဆိုးပါ 😂😂😂)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

473K 56.8K 109
''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48+ 2 extras original author - lion cub English translator - xiansix #not my story #only fun tra...
240K 2.8K 9
မာန်တံခွန် + မိုးစက်ကမ္ဘာ
9.2K 930 38
━━━━━━♡♤♡━━━━━━ "ကၽြန္ေတာ္႕ရဲ႕ စိတ္ေတြကို အျကိမ္ျကိမ္ ထိန္းသိမ္းေနေပမဲ႕....ခင္ဗ်ား ကိုပဲ ေတြးေနမိေအာင္ ဘာေတြ နဲ႕ ျပဳစားလိုက္တာလဲ...ေက်းဇူးျပဳျပီး လြတ...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္