Unicode
"ငါ့ကိုချိန်းတဲ့ကိစ္စက??"
"ကိုယ်တို့ အပေးအယူတစ်ခုလုပ်ရအောင်"
အစမရှိ၊အဆုံးမရှိ အပေးယူဆိုတဲ့စကားတစ်ခွန်းကိုပြောလာတဲ့ဂျောင်ကုကြောင့်ထယ်ယောင်း မျက်ခုံးတစ်ချက်ပင့်မိတယ်။သူကတော့ဂျောင်ကုပုံစံကြည့်ပြီးအကဲခတ်ကြည့်နေမိပေမဲ့ ဂျောင်ကုကတော့ကော်ဖီခွက်အားကိုင်ရင်းသူ့ကိုပြုံးကြည့်နေလေတယ်။
"ဘာအပေးယူလဲ??"
"ထယ်ယောင်း အကို့ကိုကြိုက်တယ်မလား"
ဂျောင်ကုအမေးအား ပြန်မဖြေဘဲခေါင်းငြိမ့်ပြမိသည်။ဝန်ခံဖူးထားတာမို့အခုလိုမေးတာလားမသိ။ထယ်ယောင်းကတော့ ဂျောင်ကုဆက်ပြောမဲ့စကားအားရင်တုန်စွာနဲ့နားထောင်နေမိတယ်။ မဟုတ်မှ CEOကိုပြောပြီးနှင်လွှတ်မှာတော့မဟုတ်ပါဘူးနော်။
"ကိုယ်ကူညီပေးမယ်..."
"ဟင်??"
"အကို မင်းဆီလာအောင်ကိုယ်ကူညီပေးမယ်"
ဂျောင်ကုစကားကြောင့်ထယ်ယောင်းအမှန်ပင်ထိတ်လန့်မိပါ၏။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လုံးဝမဖြစ်စေရဘူးလို့ပြောထားတဲ့သူက အခုတော့သူ့ဆီCEOလာအောင်ကူညီပေးမယ်တဲ့လား??။ဝမ်းသာသွားပေမဲ့ဂျောင်ကု့အကြောင်းသိနေနှင့်ပြီးသားသူမို့ သူ့ဘက်ကအကျိုးမရှိပဲဒီကိစ္စကိုကူညီပေးမှာမဟုတ်မှန်းတွေးလိုက်မိသည်။
"မင်းက အကိုကို့ယူပြီး တစ်ခုပြန်ပေးရမယ်"
"ဘာကိုပြန်ပေးရမှာလဲ??"
"မင်းရဲ့ သစ္စာစောင့်သိမှု"
ထယ်ယောင်းအခုထိ ဂျောင်ကုဘာကိုဆိုလိုမှန်းသေချာနားမလည်သေးပေ။
"မင်း ပြောနေတာတွေက မင်းအကိုအိမ်ထောင်ရေးကိုမင်းကိုယ်တိုင်ဖျက်ဆီးပစ်ပြီး ငါ့-"
"ဟိုးဟိုး...နေပါဦး။ဖျက်ဆီးတာကတော့မှန်ပေမဲ့ ကိုယ်ဖျက်စီးရမှာမဟုတ်ဘူး။မင်းဖျက်ဆီးရမှာ"
"ဘာရယ်"
"ကိုယ်က ဘေးကကူညီပေးမယ်"
"မင်း အတည်ပြောနေတာလား!!"
ထယ်ယောင်း လန့်လန့်နဲ့ပင်ဂျောင်ကုကိုအော်ကာပြောမိတယ်။ဂျောင်ကုကတော့အခုထိတည်ငြိမ်လျက်သား။ ကိုယ့်ကိုကြည့်ပြီးသူကပြုံးနေလိုက်သေးတယ်။
"မင်းလည်းဖျက်ဆီးဖို့အစီစဉ်ရှိတယ်မလား"
ဟုတ်တယ် အစီစဉ်ရှိတယ်။ဒါပေမဲ့ အခုလိုကြီးတော့မဟုတ်ဘူးလေ။သူကဘာတွေစီစဉ်ထားပြီး ကိုယ့်ကိုဗီလိန်လုပ်ခိုင်းမည်မသိ။ကိုယ်ကတော့ သူ့အပြောအားဆက်ပြီးနားထောင်နေလိုက်တော့တယ်။
"ကိုယ် မင်းကိုအခုလိုကူညီတာတွေကမင်းခံစားနေရတာတွေကိုမကြည့်ရက်တော့လို့ပါ။မင်း အကို့အပေါ်ဘယ်လိုခံစားနေရတယ်ဆိုတာကိုယ်သိတယ်။နောက်ပြီး အကိုတို့အိမ်ထောင်ရေးကလည်းထင်သလောက်အဆင်ပြေမနေဘူး။အဲ့တာအသက်အရမ်းကွာတာကြောင့်လည်းဖြစ်မယ်။ယွန်းဂီကကလေးဆန်တယ်။အကိုကလူကြီးဆန်ပြီးရင့်ကျက်တယ်။ "
ဂျောင်ကုက ကော်ဖီကိုတစ်ငုံသောက်ပြီးဆက်ပြောလေသည်။
"ယွန်းဂီထက်စာရင် မင်းကပိုပြီးအကို့ကိုချစ်ပေး၊ဂရုစိုက်ပေးနိုင်မယ်ထင်တယ်။အမှန်တိုင်းပြောရရင် ကိုယ့်အကိုဖြစ်နေတာကြောင့်လည်းသူတို့အိမ်ထောင်ရေးမသာမယာဖြစ်တာကြီးကိုလက်ပိုက်ကြည့်မနေနိုင်ဘူး။နောက်ပြီး အကိုကကလေးအရမ်းယူချင်နေတယ်။ဒါပေမဲ့ ယွန်းဂီကမမွေးပေးနိုင်သေးဘူး။"
ထယ်ယောင်း တကယ်ပင်ကြားလိုက်ရတဲ့စကားတွေကြောင့်ceoကြီးကိုသနားမိသည်။ဟိုနေ့က တွေ့တုန်းကCEOရောသူ့ယောကျာ်းရောအဆင်ပြေနေတဲ့ပုံပေါက်ပေမဲ့ အမှန်တော့လူရှေ့သူရှေ့မှာမို့ဟန်ဆောင်နေခဲ့တယ်ဆိုတာသိလိုက်ရတယ်။ထယ်ယောင်းလည်းရှေ့က ကော်ဖီခွက်ကိုင်းလေးကို ကိုင်ပြီးအတွေးတွေယောက်ယက်ခက်နေရတော့တယ်။အစက ဘယ်လိုဝင်တိုးရမှန်းမသိပေမဲ့ဂျောင်ကုပြောစကားအရတော့ သူCEOကြီးလိုအပ်တာကိုဖြည့်ဆည်းပေးနိုင်မယ်ထင်တယ်။အဓိက,ကရင်သွေး။သူ CEOကြီးအတွက်ဆိုအများကြီးမွေးပေးနိုင်တာပေါ့။
သူလည်း ချစ်တဲ့သူဖြစ်နေတာမို့အတ္တကိုရှေ့တန်းတင်ချင်သော်လည်း တစ်ဖက်မှာအိမ်ထောင်သည်ဆိုတဲ့စကားကိုကြားယောင်မိတော့သူ့လက်တွေတုန်ယင်နေခဲ့တယ်။သူလုပ်လို့ ဖြစ်ပါ့မလားဆိုပြီးတော့လဲတွေဝေနေမိတယ်။တစ်ခုခုဖြစ်ရင် ထိခိုက်ရမဲ့သူက သူ့ထက်CEOဖြစ်နေတာမို့လို့လည်း ကြောက်နေမိပြန်တယ်။ဒါပေမဲ့ဂျောင်ကုအနေနဲ့ကျပြန်တော့လည်း သူ့အကိုဖြစ်လျက်ရဲ့အိမ်ထောင်ရေးကွဲစေဖို့အထိလာပြောတော့ တကယ်ပဲသူပြောသလို ယွန်းဂီဆိုတဲ့ကောင်လေးကဆိုးနေလို့ပဲလား??။
"နောက်ပြီး အကိုကအရမ်းသနားဖို့ကောင်းတဲ့လူတစ်ဦးပါ။ သူကသာကြင်နာယုယတာ။အဲ့ကောင်လေးက ကြင်နာမယုယနိုင်ဘူး။ ကျွတ်....ကျွတ်"
CEOကြီးဒီလောက်အထိခံစားနေခဲ့ရတာတွေကိုသူလုံးဝမသိခဲ့ပါ။ရုံးလာရင်ဘာမှမဖြစ်သလို ဟန်ဆောင်နေတဲ့သူ့မျက်နှာကြောင့်ကျွန်တော်လည်း ဘာဆိုဘာတစ်ခုမှမမေးမြန်းခဲ့။CEOကြီးရယ် ကျွန်တော်တကယ်ပင်ရူးရပါတော့မယ်။
"အဲ့တာကြောင့် ကိုယ် ထယ်ယောင်းနဲ့လာတွေ့ခဲ့တာပါ။ထယ်ယောင်းချစ်နေတာကိုယ်သိတော့ အနည်းဆုံးသူချစ်နေတဲ့သူထက်သူ့ကိုချစ်တဲ့သူကသာ အနားမှာရှိပေးသင့်တယ်လို့ထင်ပြီး..."
ဂျောင်ကုကပြောလည်းပြော မျက်လုံးထောင့်ကကျလာတဲ့မျက်ရည်တွေကိုလည်းတစ်သျူးနဲ့သုတ်နေလေသည်။သူလည်းဂျောင်ကုကိုကြည့်ပြီး သနားတာရော၊ဝမ်းနည်းတာရောကြောင့်ကော်ဖီခွက်ကိုကိုင်ထားတဲ့လက်များအေးစက်လာရတယ်။နဂိုထဲက နှလုံးသားနုတာကြောင့် သူရင်တွေထဲမှာတစ်လှပ်လှပ်ရယ်။
"ပြောပါ...ကျွန်တော်ဘာလုပ်ပေးရမလဲ??"
ဂျောင်ကုတစ်ယောက်ထယ်ယောင်းစကားကြောင့်မျက်ရည်သုတ်နေရင်းမှသူမမြင်အောင်မဲ့ပြုံးခိုးပြုံးမိသည်။အယုံလွယ်တတ်တဲ့သူတစ်ယောက်ကို အသုံးချရတာကအလွယ်ကူဆုံးပဲ။မင်းကိုတော့တကယ်အားနာမိပေမဲ့ ငါလည်းငါချစ်တဲ့လူတစ်ယောက်အတွက်အခုလိုလုပ်ခဲ့တာကိုမင်းတစ်ချိန်နားလည်ပေးလိမ့်မယ်လို့ထင်တယ်။ယွန်းဂီကိုကြိုက်လို့ လုပ်ရတဲ့အကြောင်းရင်းကိုတော့ထယ်ယောင်းကိုမပြောဖြစ်ခဲ့။အကယ်လို့ပြောပြလိုက်ရင် ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ဗီလိန်က ကိုယ်ဖြစ်သွားလိမ့်မယ်။
ကျားကိုလိုချင်ရင် ကျားစာကိုတော့မင်းကိုတိုင်ကျွေးသင့်တယ်မထင်ဘူးလားထယ်ယောင်း။ငါကတော့ ကျားစာကျွေးနည်းပဲသင်ပေးမှာမို့ အကယ်လို့အစားခံရလည်းမင်းပဲဖြစ်မှာဟုတ်သလို၊အစားမခံရရင်လည်းမင်းပဲစံစားရလေမှာ။ငါကတော့ မင်းတို့တွေကြားထဲလေပွေတစ်ခုလိုပြင်းပြင်းတိုက်ပစ်ပြီး ယွန်းဂီကိုပထုတ်ဖို့စဥ်းစားထားတယ်။မင်းလည်းမင်းလိုချင်တာမင်းရမှာမို့ အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ်လို့လည်းငါမမြင်ပါဘူး။ဘာပဲဖြစ်ဖြစ် မင်းကဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်လိုက်ပဲ။မင်းရှုံးရင် ငါပါရှုံးမှာမို့ မင်းတို့အဆင်ပြေစေဖို့ငါ့ဘဝတစ်ခုလုံးရင်းပြီးကူညီပြမယ်။
"လူတစ်ယောက်နဲ့တစ်ယောက်မုန်းဖို့ ဘာလုပ်ရမယ်ထင်လဲ??"
သူမေးတော့ ထယ်ယောင်းကချက်ချင်းဆိုသလိုပြန်ဖြေလာသည်။
"သူတို့ရဲ့ ယုံကြည်မှုတွေချိုးဖောက်ဖို့..."
ဂျောင်ကုပြုံးလိုက်မိတယ်။ သူလိုချင်တဲ့စကားကလည်းဒါပဲလေ။
"နောက် တစ်လကြာရင်ယွန်းဂီစာမေးပွဲဖြေရတော့မယ်။ အဲ့အချိန်မရောက်ခင်ထယ်ယောင်းအကို့ကိုအပိုင်ရမှဖြစ်မယ်။"
"ကောင်းပါပြီ။ ငါ့ကိုကူညီပေးပါနော်.."
"စိတ်ချပါ ငါကူညီပေးမှာပါ။ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ကြားကသစ္စာစောင့်သိမှုမပျက်ပါစေနဲ့။ငါဘာကိုဆိုလိုတာလဲဆိုတာနားလည်တယ်မလား??"
"အင်း ငါနားလည်ပါတယ်။တစ်ခုခုဖြစ်ရင်ငါကသာစတေးမှာမို့ မင်းကိုမထိခိုက်စေရပါဘူး"
ထယ်ယောင်းပြောတော့ ဂျောင်ကုအားရပါးရပြုံးလိုက်မိသည်။ကျန်တဲ့သူရဲ့အမုန်းတိုင်းကိုခံနိုင်ပေမဲ့ ယွန်းဂီရဲ့အမုန်းကိုနည်းနည်းလေးမှမခံနိုင်တာကြောင့် အခုလိုသစ္စာစောင့်သိမှုအကြောင်းပြောခြင်းပင်။စိတ်မကောင်းပေမဲ့ မင်းကဒီပွဲမှာစထွက်ပြီးထဲကရှုံးပြီးသားပါ ကင်မ်ထယ်ယောင်း။
>>>>>>>>>>>>
တစ်မနက်လုံးဂျောင်ကုနဲ့ပြောလာတဲ့စကားတွေကြောင့်ထယ်ယောင်း ငိုင်တိတိဖြစ်နေရသည်။CEOရဲ့မျက်နှာကိုလည်းမလုံမလဲစိတ်နဲ့ အကြည့်ချင်းတောင်မဆုံရဲ။ပြောရရင်မဟုတ်တာလုပ်မဲ့သူ့အတွက် ဒီကိစ္စတစ်ခုလုံးကလွယ်မနေပါ။ဂျောင်ကုကတော့သူ့အကြောင်းနဲ့သူမို့ မနက်ထဲကရုံးမလာဘဲကိုယ်တွေကိုရှောင်ပေးထားသည်။CEOကလည်း သူရောက်လာထဲကတိတ်ဆိတ်နေသလို သူကလည်း ကြောက်နေတာနဲ့ဘာမှမပြောရဲပေ။
"ထယ်ယောင်း နေကောင်းပါတယ်နော်"
"ဗျာ..ဟ ဟုတ် ဘာဖြစ်လို့မေးတာလဲဟင်"
"အော်..ဘာရယ်တော့မဟုတ်ပါဘူး အရင်လိုတက်တက်ကြွကြွနဲ့မဟုတ်ဘဲမှိုင်နေတော့နေများမကောင်းလို့လားပါ။ အိမ်ကိုလွမ်းရင်လည်းပြောနော် မင်းကဒီကဝန်ထမ်းမဟုတ်လို့ကိုယ့်ကိုခွင့်တောင်းပြီးမှပြန်စရာမလိုဘူး"
"ဟုတ်..."
CEOကတော့ သူ့အထင်နဲ့သူပြောချင်တာတွေပြောနေပေမဲ့ထယ်ယောင်းကတော့ စိတ်နဲ့လူနဲ့သိပ်မကပ်ပေ။သူ အခုလိုလုပ်နေတာတွေကမှန်ရဲ့လားဆိုပြီးအချိန်တိုင်းစဥ်းစားနေမိသည်။
"ထယ်ယောင်း မင်းချွေးတွေပြန်နေတယ်"
CEOကထိုင်နေရမှ ကိုယ့်ကိုလှမ်းပြောတော့သူလည်းအလန့်တကြားနှဖူးကိုစမ်းမိသည်။
ဟုတ်ပ့။ တစ်ခုခုကိုတွေးပြီးကြောက်တတ်ရင်သူ့အလိုလိုဖြစ်လာတဲ့ကိုယ့်ရဲ့အကျင့်ဆိုးတစ်ခု။
"ထယ်ယောင်းရယ်...ဘာတွေဖြစ်နေရတာလဲ တကယ်ပဲ အဆင်ပြေရဲ့လား??"
ပြောလည်းပြော ကိုယ့်ဘေးနားသို့လာထိုင်သည့်CEOကြောင့်
"ဟင့် CEO..."
ထယ်ယောင်း CEOကိုအရမ်းအားနာမိတာနဲ့မျက်ရည်တွေမထိန်းနိုင်တော့ဘဲရင်ခွင်ထဲတိုးကာအော်ငိုနေမိတော့သည်။သူလည်း ချစ်လွန်းလို့အရဲစွန့်ခဲ့တာမို့CEOကြီးအား မမုန်းစေချင်ပါ။ဒါပေမဲ့ ဒါတွေအားလုံးကသူ့အမှားတွေဖြစ်လာတော့မှာ ပိုပြီးဝမ်းနည်းအော်ငိုနေမိတော့သည်။
"ထယ်ယောင်းရယ်~~"
>>>>>>>>>>>>>>>
"ဒီနေ့လည်း အကိုဂျောင်ကုပဲလာကြိုပြန်ပြီနော်"
"ဘာလဲ ကိုယ်လာကြိုတာမကြိုက်လို့လား??"
"မဟုတ်ပါဘူး အကိုနဲ့ဆိုလွတ်လွတ်လပ်လပ်ပိုဖြစ်သေးတယ်။သွားကြရအောင်..."
ပြောရင်း ကိုယ့်ကားထဲကိုဝင်ထိုင်လိုက်တဲ့ယွန်းဂီကြောင့်ဂျောင်ကုလည်း သူ့ဘေးနားမှာဝင်ထိုင်ရင်းကားမောင်းဖို့ပြင်လိုက်တော့တယ်။အခုတစ်လောကိုယ့်ချစ်သူလေးကစာမေးပွဲတွေနဲ့မို့ နေ့မအိပ်၊ညမအိပ်ဖြစ်နေသလားပဲ။နဂိုထဲကသေးတဲ့ခန္ဓာကိုယ်လေးကအခုတော့ ပိုပိန်၊ပိုသေးလာလေပြီ။ညှပ်ရိုးလေးတွေဆိုတာ အရင်တုန်းကသူ့ဟာနဲ့သူပြည့်ပြည့်လေးရှိနေသေးပေမဲ့အခုတော့ အရိုးတွေလိုငေါက်ထွက်လို့။
"မမောင်းဘဲ ဘာကြည့်နေတာလဲ??"
"ယွန်းဂီ ကိုယ်နဲ့အတူ englandကိုလိုက်ခဲ့မလား??"
"ဗျာ...."
"ကိုယ် ယွန်းဂီကိုချစ်တယ်..."
ဗြုန်းစားကြီးပြောလာတဲ့အကိုဂျောင်ကုစကားကြောင့် ယွန်းဂီအံသြမိသွားပေမဲ့အခုတစ်လောကိုယ့်အပေါ်ထူးထူးခြားခြားဆက်ဆံနေတဲ့အကို့ကြောင့် အနည်းနဲ့အများရိပ်မိခဲ့ပါတယ်။ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလို့တွေးရင်းအခုလိုထိနေလာခဲ့ရတာ ဖွင့်ပြောလိုက်တော့လည်းကားပေါ်ကပြေးဆင်းချင်စိတ်ဖြစ်သွားလေသည်။
"ကျွန်တော်ငြင်းပါရစေ.."
ပြောသင့်ပြောထိုက်တဲ့စကားကိုပြောလိုက်တာလို့ပဲကျွန်တော်ထင်တယ်။အကိုကလူပျိုလေးဖြစ်သလို ကျွန်တော်ကလည်းအိမ်ထောင်သည်ဖြစ်နေတာမို့ဒီလောက်နဲ့ပဲရပ်လိုက်တာအကောင်းဆုံးဖြစ်မယ်။နောက်ပြီး သူကလည်းဦးကိုချစ်နေမိတော့နောက်လူဆိုတာကလည်းထပ်ရှိလာနိုင်မယ်မထင်ပါ။
"အကို့ဆီသွားမလို့မလား...ကိုယ်နဲ့တူတူသွားကြတာပေါ့"
ဂျောင်ကုလည်း ယွန်းဂီကိုဘာမှထပ်ပြီးမပြောချင်တော့တာနဲ့စကားလမ်းကြောင်းလွှဲကာ ထွက်လာခဲ့လိုက်တော့သည်။အငြင်းခံရနိုင်တာကိုကြိုသိထားသော်လည်းတစ်ကယ့်တကယ်တမ်း ပြောခံလိုက်ရတော့ရင်ထဲအောင့်သွားတာပဲ။မျက်ရည်တွေကလည်းအိုင်လာသလို အသက်ရှုနှုန်းတွေကလည်းမြန်လာတယ်။တစ်ဆက်ထဲငြင်းခံလိုက်ရတာကိုလည်းဒေါသဖြစ်မိတယ်။
"အကိုအခုတစ်လော ခြေသိပ်မငြိမ်ချင်ဘူး"
"ဗျာ...ဘာကိုဆိုလိုတာလဲဟင်!!"
သူ့အမေးအားပြန်တော့မဖြေမိ။ဒေါသကြောင့်ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်ခြင်းပင်။
"ဦးက ဘ ဘယ်သူနဲ့များ ဟင့်~"
ထုံးစံအတိုင်း ဝမ်းနည််းလွယ်တတ်တဲ့ကောင်လေးကြောင့်ဂျောင်ကုလည်းမဲ့ပြုံးတစ်ချက်အားပြုံးမိသည်။အဲ့ဝမ်းနည်းမှုကိုအကြောင်း ပြုပြီးကိုယ်ကရက်စက်တော့မှာမို့မင်းကိုတော့သနားမိပါတယ်။သို့သော် ဒီလုပ်ရက်တိုင်းမှာလူလေးယောက်လုံးကတော့နာကျင်ရမယ်။ဒါပေမဲ့အဲ့နာကျင်မှုတွေထဲမှာမှမင်းကိုတော့သက်သာနိုင်အောင် ကိုယ်ကူညီပေးမှာပါ။ခနလေးပါပဲ ယွန်းဂီ။ခနလေးပါပဲ မင်းငါ့အပိုင်ဖြစ်လာတဲ့တစ်နေ့ပျော်ရွှင်မှုတွေနဲ့စီးကြိုခံရမှာပါ။
>>>>>>>>>>>>
"ထယ်ယောင်းရယ်~~"
တံခါးကိုခေါက်ဖို့လုပ်လိုက်သော်လည်း အထဲကဦးရဲ့အသံကြောင့်ယွန်းဂီလက်များလေထဲတွင်ရပ်တန့်သွားရသည်။ ဒါ့ကြောင့်တံခါးလေးကိုအသာတွန်းပြီးချောင်းကြည့်မိတော့
"ဟင်!!"
မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပျက်စရာအတိ။ဦးရဲ့ရင်ခွင်ထဲမှာ ဟိုomegaချောချောရောက်နေပြီး ဦးကတော့ထိုomegaကိုဖက်ကာ ကျောလေးကိုပုတ်ပေးနေသည်။ဒီလိုအခြေအနေကို ယွန်းဂီဘယ်လိုဝင်ဖြေရှင်းသင့်လဲ??။သွားပြီးသောင်းကျန်းလိုက်ရမလား??။
"ဒါက ဘာတွေဖြစ်နေကြတာလဲ!!"
"ဟင် ငယ်!!"
ကိုယ့်တွေ့မှပြူးကြောင်ကြောင်ဖြစ်ပြီး ဟိုလူ့ကိုခွာလိုက်သူကြောင့်ယွန်းဂီ ခပ်လွင်လွင်ရီလိုက်မိသည်။ဘယ်လောက်ပဲလုပ်ဖော်ကိုင်ဖက်ဖြစ်နေပါစေ အခုလိုရင်ခွင်ထဲထိဖက်စရာလိုလို့လား??။သူဟာမျက်စိမမြင်၊နားမကြားတဲ့သူမျိုးမဟုတ်။သူ့ကိုဦးကဘယ်အချိန်ထိလှည့်စားချင်နေခဲ့တာလဲ??။
"ငယ်...ဦးရှင်းပြပါရစေ။ ထယ်ယောင်းမင်းသွားတော့"
"နေဦးးးးး!!"
ဦးပြောလိုက်တော့ ခေါင်းတစ်ချက်ငြိမ့်ပြကာအခန်းပြင်ကိုထွက်သွားတော့မဲ့သူအား ယွန်းဂီလက်လှမ်းဆွဲလိုက်ပြီး
"ဒီတစ်ခါ..ဦးနဲ့ရှင်းရမှာမဟုတ်ဘူး သူနဲ့ရှင်းရမှာ!! အိမ်ထောင်သည်ယောကျာ်းမှန်းသိသိရဲ့နဲ့ မြူစွယ်ချင်တဲ့သူ!!"
"ငယ်...မင်းဘယ်လိုပြောလိုက်တာလဲ ထယ်ယောင်းက-"
"အော် သူ့ကိုထိတော့နာတယ်ပေါ့!! ဘာလဲ ဆတ်ဆတ်ထိမခံနိုင်ရအောင်လောက်အထိဘယ်အခြေနေတွေထိဖြစ်နေကြပြီလဲ ဟမ်?"
"ငယ်...မင်းစကားတွေအရမ်းလွန်လာပြီနော်..ဦးဒေါသကိုမဆွနဲ့!!"
"ဘာလဲ ခဗျားပဲဒေါသထွက်တတ်တာလား ကျွန်တော်ကရောဒေါသမထွက်ရတော့ဘူးလား?? ကိုယ့်ယောကျာ်းတစ်ယောက်လုံးအခြားတစ်ယောက်နဲ့ဖက်ရပ်ပြီးနေနေတာကိုဘယ်သူကဒေါသမထွက်ပဲနေနေမလဲ??ရုံးခန်းထဲမှာဆိုပြီးဖြစ်ချင်တိုင်းဖြစ်နေကြတာလား ဟမ် ပြောစမ်းပါဦး!!"
"မင်ယွန်းဂီ မင်းငါ့သိက္ခာကိုမစော်ကားနဲ့ငါအဲ့လိုလူမဟုတ်ဘူး"
"ဟက်! ဒီလောက်ထိမျက်ဝါးထင်ထင်မြင်နေရတာကိုတောင် ခဗျားကသိက္ခာစကားလာပြောသေးတယ်ဟုတ်လား??။ တော်တော်လည်းအံသြဖို့ကောင်းတယ်။ခင်ဗျားလိုလူကသစ္စာမရှိတဲ့သူ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူ!!"
"ဘာ...မင်း!!!"
ဖြောင်း!!
လည်ထွက်သွားတဲ့ ပါးတစ်ဖက်ကြောင့်လူကခန္ဓာကိုယ်တောင်မထိန်းနိုင်တော့ဘဲကြမ်းပြင်သို့လဲကျသွားရသည်။ဟိုလူ့ရှေ့မှာရိုက်ခံလိုက်ရတာကြောင့်လည်း အရမ်းလည်းရှက်ပြီး၊စိတ်စိုးမိသွားသည်။တစ်ခါမှလက်မပါဖူးတဲ့သူက အခုတော့သူစိမ်းတစ်ယောက်ကြောင့်ကိုယ့်ကိုလက်ပါခဲ့ပြီ။ အရမ်းလည်းဝမ်းနည်းသွားသလို ကိုယ့်ကိုကိုယ်လည်းယူကျုံးမရဖြစ်မိတယ်။သူ့ကိုယုံလို့ဘာမဆိုခွင့်လွှတ်ပေးတာကလည်းတစ်ခါပဲရမယ်။အကြိမ်ကြိမ်၊အခါခါဆိုရင်တော့ သူလည်းရင်ကွဲရုံပဲရှိမယ်။
ကျလာတဲ့မျက်ရည်တွေကိုသုတ်၊ တောက်တစ်ချက်ပြင်းပြင်းခေါက်ပြီးအဲ့အခန်းထဲကထွက်လာခဲ့လိုက်တော့သည်။
"ဟင့် ဟင့်..."
"ယွန်းဂီ အဆင်ပြေရဲ့လား??"
အခန်းပြင်ရောက်တော့ အသင့်စောင့်နေတဲ့အကိုဂျောင်ကုက သူ့လက်မောင်းကိုကိုင်ကာစိုးရိမ်တကြီးနဲ့မေးတော့သည်။ဒါ့ကြောင့်သူလည်းထိုလက်တွေကိုပြန်လည်ဆုပ်ကိုင်ထားမိပြီး
"ဟင့်....ဒီနေရာကနေအဝေးဆုံးကို...ခေါ်ထုတ်သွားပေးပါ...ဟင့်...အဝေးဆုံးးး အီးဟီး~~"
ဂျောင်ကုလည်း ကောင်လေးငိုနေတော့ကိုယ်လေးကိုရင်ခွင်ထဲထည့်ပြီးအားပေးလိုအားပေးငှားဖက်ထားနေမိတယ်။သို့သော်သူ့ရဲ့နှုတ်ခမ်းတွေကတော့အလိုလိုကော့တက်လျက်။
>>>>>>>>>
>>>>>>>>>
ဂုနှိုက်ပါ Faအပေါင်းတို့😗
zawgyi
"ငါ့ကိုခ်ိန္းတဲ့ကိစၥက??"
"ကိုယ္တို႔ အေပးအယူတစ္ခုလုပ္ရေအာင္"
အစမရွိ၊အဆုံးမရွိ အေပးယူဆိုတဲ့စကားတစ္ခြန္းကိုေျပာလာတဲ့ေဂ်ာင္ကုေၾကာင့္ထယ္ေယာင္း မ်က္ခုံးတစ္ခ်က္ပင့္မိတယ္။သူကေတာ့ေဂ်ာင္ကုပုံစံၾကည့္ၿပီးအကဲခတ္ၾကည့္ေနမိေပမဲ့ ေဂ်ာင္ကုကေတာ့ေကာ္ဖီခြက္အားကိုင္ရင္းသူ႕ကိုၿပဳံးၾကည့္ေနေလတယ္။
"ဘာအေပးယူလဲ??"
"ထယ္ေယာင္း အကို႔ကိုႀကိဳက္တယ္မလား"
ေဂ်ာင္ကုအေမးအား ျပန္မေျဖဘဲေခါင္းၿငိမ့္ျပမိသည္။ဝန္ခံဖူးထားတာမို႔အခုလိုေမးတာလားမသိ။ထယ္ေယာင္းကေတာ့ ေဂ်ာင္ကုဆက္ေျပာမဲ့စကားအားရင္တုန္စြာနဲ႕နားေထာင္ေနမိတယ္။ မဟုတ္မွ CEOကိုေျပာၿပီးႏွင္လႊတ္မွာေတာ့မဟုတ္ပါဘူးေနာ္။
"ကိုယ္ကူညီေပးမယ္..."
"ဟင္??"
"အကို မင္းဆီလာေအာင္ကိုယ္ကူညီေပးမယ္"
ေဂ်ာင္ကုစကားေၾကာင့္ထယ္ေယာင္းအမွန္ပင္ထိတ္လန႔္မိပါ၏။လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ လုံးဝမျဖစ္ေစရဘူးလို႔ေျပာထားတဲ့သူက အခုေတာ့သူ႕ဆီCEOလာေအာင္ကူညီေပးမယ္တဲ့လား??။ဝမ္းသာသြားေပမဲ့ေဂ်ာင္ကု႔အေၾကာင္းသိေနႏွင့္ၿပီးသားသူမို႔ သူ႕ဘက္ကအက်ိဳးမရွိပဲဒီကိစၥကိုကူညီေပးမွာမဟုတ္မွန္းေတြးလိုက္မိသည္။
"မင္းက အကိုကို႔ယူၿပီး တစ္ခုျပန္ေပးရမယ္"
"ဘာကိုျပန္ေပးရမွာလဲ??"
"မင္းရဲ႕ သစၥာေစာင့္သိမႈ"
ထယ္ေယာင္းအခုထိ ေဂ်ာင္ကုဘာကိုဆိုလိုမွန္းေသခ်ာနားမလည္ေသးေပ။
"မင္း ေျပာေနတာေတြက မင္းအကိုအိမ္ေထာင္ေရးကိုမင္းကိုယ္တိုင္ဖ်က္ဆီးပစ္ၿပီး ငါ့-"
"ဟိုးဟိုး...ေနပါဦး။ဖ်က္ဆီးတာကေတာ့မွန္ေပမဲ့ ကိုယ္ဖ်က္စီးရမွာမဟုတ္ဘူး။မင္းဖ်က္ဆီးရမွာ"
"ဘာရယ္"
"ကိုယ္က ေဘးကကူညီေပးမယ္"
"မင္း အတည္ေျပာေနတာလား!!"
ထယ္ေယာင္း လန႔္လန႔္နဲ႕ပင္ေဂ်ာင္ကုကိုေအာ္ကာေျပာမိတယ္။ေဂ်ာင္ကုကေတာ့အခုထိတည္ၿငိမ္လ်က္သား။ ကိုယ့္ကိုၾကည့္ၿပီးသူကၿပဳံးေနလိုက္ေသးတယ္။
"မင္းလည္းဖ်က္ဆီးဖို႔အစီစဥ္ရွိတယ္မလား"
ဟုတ္တယ္ အစီစဥ္ရွိတယ္။ဒါေပမဲ့ အခုလိုႀကီးေတာ့မဟုတ္ဘူးေလ။သူကဘာေတြစီစဥ္ထားၿပီး ကိုယ့္ကိုဗီလိန္လုပ္ခိုင္းမည္မသိ။ကိုယ္ကေတာ့ သူ႕အေျပာအားဆက္ၿပီးနားေထာင္ေနလိုက္ေတာ့တယ္။
"ကိုယ္ မင္းကိုအခုလိုကူညီတာေတြကမင္းခံစားေနရတာေတြကိုမၾကည့္ရက္ေတာ့လို႔ပါ။မင္း အကို႔အေပၚဘယ္လိုခံစားေနရတယ္ဆိုတာကိုယ္သိတယ္။ေနာက္ၿပီး အကိုတို႔အိမ္ေထာင္ေရးကလည္းထင္သေလာက္အဆင္ေျပမေနဘူး။အဲ့တာအသက္အရမ္းကြာတာေၾကာင့္လည္းျဖစ္မယ္။ယြန္းဂီကကေလးဆန္တယ္။အကိုကလူႀကီးဆန္ၿပီးရင့္က်က္တယ္။ "
ေဂ်ာင္ကုက ေကာ္ဖီကိုတစ္ငုံေသာက္ၿပီးဆက္ေျပာေလသည္။
"ယြန္းဂီထက္စာရင္ မင္းကပိုၿပီးအကို႔ကိုခ်စ္ေပး၊ဂ႐ုစိုက္ေပးနိုင္မယ္ထင္တယ္။အမွန္တိုင္းေျပာရရင္ ကိုယ့္အကိုျဖစ္ေနတာေၾကာင့္လည္းသူတို႔အိမ္ေထာင္ေရးမသာမယာျဖစ္တာႀကီးကိုလက္ပိုက္ၾကည့္မေနနိုင္ဘူး။ေနာက္ၿပီး အကိုကကေလးအရမ္းယူခ်င္ေနတယ္။ဒါေပမဲ့ ယြန္းဂီကမေမြးေပးနိုင္ေသးဘူး။"
ထယ္ေယာင္း တကယ္ပင္ၾကားလိုက္ရတဲ့စကားေတြေၾကာင့္ceoႀကီးကိုသနားမိသည္။ဟိုေန႕က ေတြ႕တုန္းကCEOေရာသူ႕ေယာက်ာ္းေရာအဆင္ေျပေနတဲ့ပုံေပါက္ေပမဲ့ အမွန္ေတာ့လူေရွ႕သူေရွ႕မွာမို႔ဟန္ေဆာင္ေနခဲ့တယ္ဆိုတာသိလိုက္ရတယ္။ထယ္ေယာင္းလည္းေရွ႕က ေကာ္ဖီခြက္ကိုင္းေလးကို ကိုင္ၿပီးအေတြးေတြေယာက္ယက္ခက္ေနရေတာ့တယ္။အစက ဘယ္လိုဝင္တိုးရမွန္းမသိေပမဲ့ေဂ်ာင္ကုေျပာစကားအရေတာ့ သူCEOႀကီးလိုအပ္တာကိုျဖည့္ဆည္းေပးနိုင္မယ္ထင္တယ္။အဓိက,ကရင္ေသြး။သူ CEOႀကီးအတြက္ဆိုအမ်ားႀကီးေမြးေပးနိုင္တာေပါ့။
သူလည္း ခ်စ္တဲ့သူျဖစ္ေနတာမို႔အတၱကိုေရွ႕တန္းတင္ခ်င္ေသာ္လည္း တစ္ဖက္မွာအိမ္ေထာင္သည္ဆိုတဲ့စကားကိုၾကားေယာင္မိေတာ့သူ႕လက္ေတြတုန္ယင္ေနခဲ့တယ္။သူလုပ္လို႔ ျဖစ္ပါ့မလားဆိုၿပီးေတာ့လဲေတြေဝေနမိတယ္။တစ္ခုခုျဖစ္ရင္ ထိခိုက္ရမဲ့သူက သူ႕ထက္CEOျဖစ္ေနတာမို႔လို႔လည္း ေၾကာက္ေနမိျပန္တယ္။ဒါေပမဲ့ေဂ်ာင္ကုအေနနဲ႕က်ျပန္ေတာ့လည္း သူ႕အကိုျဖစ္လ်က္ရဲ႕အိမ္ေထာင္ေရးကြဲေစဖို႔အထိလာေျပာေတာ့ တကယ္ပဲသူေျပာသလို ယြန္းဂီဆိုတဲ့ေကာင္ေလးကဆိုးေနလို႔ပဲလား??။
"ေနာက္ၿပီး အကိုကအရမ္းသနားဖို႔ေကာင္းတဲ့လူတစ္ဦးပါ။ သူကသာၾကင္နာယုယတာ။အဲ့ေကာင္ေလးက ၾကင္နာမယုယနိုင္ဘူး။ ကြၽတ္....ကြၽတ္"
CEOႀကီးဒီေလာက္အထိခံစားေနခဲ့ရတာေတြကိုသူလုံးဝမသိခဲ့ပါ။႐ုံးလာရင္ဘာမွမျဖစ္သလို ဟန္ေဆာင္ေနတဲ့သူ႕မ်က္ႏွာေၾကာင့္ကြၽန္ေတာ္လည္း ဘာဆိုဘာတစ္ခုမွမေမးျမန္းခဲ့။CEOႀကီးရယ္ ကြၽန္ေတာ္တကယ္ပင္႐ူးရပါေတာ့မယ္။
"အဲ့တာေၾကာင့္ ကိုယ္ ထယ္ေယာင္းနဲ႕လာေတြ႕ခဲ့တာပါ။ထယ္ေယာင္းခ်စ္ေနတာကိုယ္သိေတာ့ အနည္းဆုံးသူခ်စ္ေနတဲ့သူထက္သူ႕ကိုခ်စ္တဲ့သူကသာ အနားမွာရွိေပးသင့္တယ္လို႔ထင္ၿပီး..."
ေဂ်ာင္ကုကေျပာလည္းေျပာ မ်က္လုံးေထာင့္ကက်လာတဲ့မ်က္ရည္ေတြကိုလည္းတစ္သ်ဴးနဲ႕သုတ္ေနေလသည္။သူလည္းေဂ်ာင္ကုကိုၾကည့္ၿပီး သနားတာေရာ၊ဝမ္းနည္းတာေရာေၾကာင့္ေကာ္ဖီခြက္ကိုကိုင္ထားတဲ့လက္မ်ားေအးစက္လာရတယ္။နဂိုထဲက ႏွလုံးသားႏုတာေၾကာင့္ သူရင္ေတြထဲမွာတစ္လွပ္လွပ္ရယ္။
"ေျပာပါ...ကြၽန္ေတာ္ဘာလုပ္ေပးရမလဲ??"
ေဂ်ာင္ကုတစ္ေယာက္ထယ္ေယာင္းစကားေၾကာင့္မ်က္ရည္သုတ္ေနရင္းမွသူမျမင္ေအာင္မဲ့ၿပဳံးခိုးၿပဳံးမိသည္။အယုံလြယ္တတ္တဲ့သူတစ္ေယာက္ကို အသုံးခ်ရတာကအလြယ္ကူဆုံးပဲ။မင္းကိုေတာ့တကယ္အားနာမိေပမဲ့ ငါလည္းငါခ်စ္တဲ့လူတစ္ေယာက္အတြက္အခုလိုလုပ္ခဲ့တာကိုမင္းတစ္ခ်ိန္နားလည္ေပးလိမ့္မယ္လို႔ထင္တယ္။ယြန္းဂီကိုႀကိဳက္လို႔ လုပ္ရတဲ့အေၾကာင္းရင္းကိုေတာ့ထယ္ေယာင္းကိုမေျပာျဖစ္ခဲ့။အကယ္လို႔ေျပာျပလိုက္ရင္ ဒီဇာတ္လမ္းတစ္ခုလုံးရဲ႕ဗီလိန္က ကိုယ္ျဖစ္သြားလိမ့္မယ္။
က်ားကိုလိုခ်င္ရင္ က်ားစာကိုေတာ့မင္းကိုတိုင္ေကြၽးသင့္တယ္မထင္ဘူးလားထယ္ေယာင္း။ငါကေတာ့ က်ားစာေကြၽးနည္းပဲသင္ေပးမွာမို႔ အကယ္လို႔အစားခံရလည္းမင္းပဲျဖစ္မွာဟုတ္သလို၊အစားမခံရရင္လည္းမင္းပဲစံစားရေလမွာ။ငါကေတာ့ မင္းတို႔ေတြၾကားထဲေလေပြတစ္ခုလိုျပင္းျပင္းတိုက္ပစ္ၿပီး ယြန္းဂီကိုပထုတ္ဖို႔စဥ္းစားထားတယ္။မင္းလည္းမင္းလိုခ်င္တာမင္းရမွာမို႔ အတၱႀကီးၿပီးတစ္ကိုယ္ေကာင္းဆန္တယ္လို႔လည္းငါမျမင္ပါဘူး။ဘာပဲျဖစ္ျဖစ္ မင္းကဒီဇာတ္လမ္းတစ္ခုလုံးရဲ႕ ဇာတ္လိုက္ပဲ။မင္းရႈံးရင္ ငါပါရႈံးမွာမို႔ မင္းတို႔အဆင္ေျပေစဖို႔ငါ့ဘဝတစ္ခုလုံးရင္းၿပီးကူညီျပမယ္။
"လူတစ္ေယာက္နဲ႕တစ္ေယာက္မုန္းဖို႔ ဘာလုပ္ရမယ္ထင္လဲ??"
သူေမးေတာ့ ထယ္ေယာင္းကခ်က္ခ်င္းဆိုသလိုျပန္ေျဖလာသည္။
"သူတို႔ရဲ႕ ယုံၾကည္မႈေတြခ်ိဳးေဖာက္ဖို႔..."
ေဂ်ာင္ကုၿပဳံးလိုက္မိတယ္။ သူလိုခ်င္တဲ့စကားကလည္းဒါပဲေလ။
"ေနာက္ တစ္လၾကာရင္ယြန္းဂီစာေမးပြဲေျဖရေတာ့မယ္။ အဲ့အခ်ိန္မေရာက္ခင္ထယ္ေယာင္းအကို႔ကိုအပိုင္ရမွျဖစ္မယ္။"
"ေကာင္းပါၿပီ။ ငါ့ကိုကူညီေပးပါေနာ္.."
"စိတ္ခ်ပါ ငါကူညီေပးမွာပါ။ဒါေပမဲ့ တစ္ခုခုျဖစ္ခဲ့ရင္ ငါတို႔ၾကားကသစၥာေစာင့္သိမႈမပ်က္ပါေစနဲ႕။ငါဘာကိုဆိုလိုတာလဲဆိုတာနားလည္တယ္မလား??"
"အင္း ငါနားလည္ပါတယ္။တစ္ခုခုျဖစ္ရင္ငါကသာစေတးမွာမို႔ မင္းကိုမထိခိုက္ေစရပါဘူး"
ထယ္ေယာင္းေျပာေတာ့ ေဂ်ာင္ကုအားရပါးရၿပဳံးလိုက္မိသည္။က်န္တဲ့သူရဲ႕အမုန္းတိုင္းကိုခံနိုင္ေပမဲ့ ယြန္းဂီရဲ႕အမုန္းကိုနည္းနည္းေလးမွမခံနိုင္တာေၾကာင့္ အခုလိုသစၥာေစာင့္သိမႈအေၾကာင္းေျပာျခင္းပင္။စိတ္မေကာင္းေပမဲ့ မင္းကဒီပြဲမွာစထြက္ၿပီးထဲကရႈံးၿပီးသားပါ ကင္မ္ထယ္ေယာင္း။
>>>>>>>>>>>>
တစ္မနက္လုံးေဂ်ာင္ကုနဲ႕ေျပာလာတဲ့စကားေတြေၾကာင့္ထယ္ေယာင္း ငိုင္တိတိျဖစ္ေနရသည္။CEOရဲ႕မ်က္ႏွာကိုလည္းမလုံမလဲစိတ္နဲ႕ အၾကည့္ခ်င္းေတာင္မဆုံရဲ။ေျပာရရင္မဟုတ္တာလုပ္မဲ့သူ႕အတြက္ ဒီကိစၥတစ္ခုလုံးကလြယ္မေနပါ။ေဂ်ာင္ကုကေတာ့သူ႕အေၾကာင္းနဲ႕သူမို႔ မနက္ထဲက႐ုံးမလာဘဲကိုယ္ေတြကိုေရွာင္ေပးထားသည္။CEOကလည္း သူေရာက္လာထဲကတိတ္ဆိတ္ေနသလို သူကလည္း ေၾကာက္ေနတာနဲ႕ဘာမွမေျပာရဲေပ။
"ထယ္ေယာင္း ေနေကာင္းပါတယ္ေနာ္"
"ဗ်ာ..ဟ ဟုတ္ ဘာျဖစ္လို႔ေမးတာလဲဟင္"
"ေအာ္..ဘာရယ္ေတာ့မဟုတ္ပါဘူး အရင္လိုတက္တက္ႂကြႂကြနဲ႕မဟုတ္ဘဲမွိုင္ေနေတာ့ေနမ်ားမေကာင္းလို႔လားပါ။ အိမ္ကိုလြမ္းရင္လည္းေျပာေနာ္ မင္းကဒီကဝန္ထမ္းမဟုတ္လို႔ကိုယ့္ကိုခြင့္ေတာင္းၿပီးမွျပန္စရာမလိုဘူး"
"ဟုတ္..."
CEOကေတာ့ သူ႕အထင္နဲ႕သူေျပာခ်င္တာေတြေျပာေနေပမဲ့ထယ္ေယာင္းကေတာ့ စိတ္နဲ႕လူနဲ႕သိပ္မကပ္ေပ။သူ အခုလိုလုပ္ေနတာေတြကမွန္ရဲ႕လားဆိုၿပီးအခ်ိန္တိုင္းစဥ္းစားေနမိသည္။
"ထယ္ေယာင္း မင္းေခြၽးေတြျပန္ေနတယ္"
CEOကထိုင္ေနရမွ ကိုယ့္ကိုလွမ္းေျပာေတာ့သူလည္းအလန့္တၾကားႏွဖူးကိုစမ္းမိသည္။
ဟုတ္ပ့။ တစ္ခုခုကိုေတြးၿပီးေၾကာက္တတ္ရင္သူ႕အလိုလိုျဖစ္လာတဲ့ကိုယ့္ရဲ႕အက်င့္ဆိုးတစ္ခု။
"ထယ္ေယာင္းရယ္...ဘာေတြျဖစ္ေနရတာလဲ တကယ္ပဲ အဆင္ေျပရဲ႕လား??"
ေျပာလည္းေျပာ ကိုယ့္ေဘးနားသို႔လာထိုင္သည့္CEOေၾကာင့္
"ဟင့္ CEO..."
ထယ္ေယာင္း CEOကိုအရမ္းအားနာမိတာနဲ႕မ်က္ရည္ေတြမထိန္းနိုင္ေတာ့ဘဲရင္ခြင္ထဲတိုးကာေအာ္ငိုေနမိေတာ့သည္။သူလည္း ခ်စ္လြန္းလို႔အရဲစြန့္ခဲ့တာမို႔CEOႀကီးအား မမုန္းေစခ်င္ပါ။ဒါေပမဲ့ ဒါေတြအားလုံးကသူ႕အမွားေတြျဖစ္လာေတာ့မွာ ပိုၿပီးဝမ္းနည္းေအာ္ငိုေနမိေတာ့သည္။
"ထယ္ေယာင္းရယ္~~"
>>>>>>>>>>>>>>>
"ဒီေန႕လည္း အကိုေဂ်ာင္ကုပဲလာႀကိဳျပန္ၿပီေနာ္"
"ဘာလဲ ကိုယ္လာႀကိဳတာမႀကိဳက္လို႔လား??"
"မဟုတ္ပါဘူး အကိုနဲ႕ဆိုလြတ္လြတ္လပ္လပ္ပိုျဖစ္ေသးတယ္။သြားၾကရေအာင္..."
ေျပာရင္း ကိုယ့္ကားထဲကိုဝင္ထိုင္လိုက္တဲ့ယြန္းဂီေၾကာင့္ေဂ်ာင္ကုလည္း သူ႕ေဘးနားမွာဝင္ထိုင္ရင္းကားေမာင္းဖို႔ျပင္လိုက္ေတာ့တယ္။အခုတစ္ေလာကိုယ့္ခ်စ္သူေလးကစာေမးပြဲေတြနဲ႕မို႔ ေန႕မအိပ္၊ညမအိပ္ျဖစ္ေနသလားပဲ။နဂိုထဲကေသးတဲ့ခႏၶာကိုယ္ေလးကအခုေတာ့ ပိုပိန္၊ပိုေသးလာေလၿပီ။ညွပ္ရိုးေလးေတြဆိုတာ အရင္တုန္းကသူ႕ဟာနဲ႕သူျပည့္ျပည့္ေလးရွိေနေသးေပမဲ့အခုေတာ့ အရိုးေတြလိုေငါက္ထြက္လို႔။
"မေမာင္းဘဲ ဘာၾကည့္ေနတာလဲ??"
"ယြန္းဂီ ကိုယ္နဲ႕အတူ englandကိုလိုက္ခဲ့မလား??"
"ဗ်ာ...."
"ကိုယ္ ယြန္းဂီကိုခ်စ္တယ္..."
ျဗဳန္းစားႀကီးေျပာလာတဲ့အကိုေဂ်ာင္ကုစကားေၾကာင့္ ယြန္းဂီအံၾသမိသြားေပမဲ့အခုတစ္ေလာကိုယ့္အေပၚထူးထူးျခားျခားဆက္ဆံေနတဲ့အကို႔ေၾကာင့္ အနည္းနဲ႕အမ်ားရိပ္မိခဲ့ပါတယ္။ဒါေပမဲ့ မျဖစ္နိုင္ပါဘူးလို႔ေတြးရင္းအခုလိုထိေနလာခဲ့ရတာ ဖြင့္ေျပာလိုက္ေတာ့လည္းကားေပၚကေျပးဆင္းခ်င္စိတ္ျဖစ္သြားေလသည္။
"ကြၽန္ေတာ္ျငင္းပါရေစ.."
ေျပာသင့္ေျပာထိုက္တဲ့စကားကိုေျပာလိုက္တာလို႔ပဲကြၽန္ေတာ္ထင္တယ္။အကိုကလူပ်ိဳေလးျဖစ္သလို ကြၽန္ေတာ္ကလည္းအိမ္ေထာင္သည္ျဖစ္ေနတာမို႔ဒီေလာက္နဲ႕ပဲရပ္လိုက္တာအေကာင္းဆုံးျဖစ္မယ္။ေနာက္ၿပီး သူကလည္းဦးကိုခ်စ္ေနမိေတာ့ေနာက္လူဆိုတာကလည္းထပ္ရွိလာနိုင္မယ္မထင္ပါ။
"အကို႔ဆီသြားမလို႔မလား...ကိုယ္နဲ႕တူတူသြားၾကတာေပါ့"
ေဂ်ာင္ကုလည္း ယြန္းဂီကိုဘာမွထပ္ၿပီးမေျပာခ်င္ေတာ့တာနဲ႕စကားလမ္းေၾကာင္းလႊဲကာ ထြက္လာခဲ့လိုက္ေတာ့သည္။အျငင္းခံရနိုင္တာကိုႀကိဳသိထားေသာ္လည္းတစ္ကယ့္တကယ္တမ္း ေျပာခံလိုက္ရေတာ့ရင္ထဲေအာင့္သြားတာပဲ။မ်က္ရည္ေတြကလည္းအိုင္လာသလို အသက္ရႈႏႈန္းေတြကလည္းျမန္လာတယ္။တစ္ဆက္ထဲျငင္းခံလိုက္ရတာကိုလည္းေဒါသျဖစ္မိတယ္။
"အကိုအခုတစ္ေလာ ေျခသိပ္မၿငိမ္ခ်င္ဘူး"
"ဗ်ာ...ဘာကိုဆိုလိုတာလဲဟင္!!"
သူ႕အေမးအားျပန္ေတာ့မေျဖမိ။ေဒါသေၾကာင့္ပါးစပ္ထဲရွိရာေလွ်ာက္ေျပာလိုက္ျခင္းပင္။
"ဦးက ဘ ဘယ္သူနဲ႕မ်ား ဟင့္~"
ထုံးစံအတိုင္း ဝမ္းနည္္းလြယ္တတ္တဲ့ေကာင္ေလးေၾကာင့္ေဂ်ာင္ကုလည္းမဲ့ၿပဳံးတစ္ခ်က္အားၿပဳံးမိသည္။အဲ့ဝမ္းနည္းမႈကိုအေၾကာင္း ျပဳၿပီးကိုယ္ကရက္စက္ေတာ့မွာမို႔မင္းကိုေတာ့သနားမိပါတယ္။သို႔ေသာ္ ဒီလုပ္ရက္တိုင္းမွာလူေလးေယာက္လုံးကေတာ့နာက်င္ရမယ္။ဒါေပမဲ့အဲ့နာက်င္မႈေတြထဲမွာမွမင္းကိုေတာ့သက္သာနိုင္ေအာင္ ကိုယ္ကူညီေပးမွာပါ။ခနေလးပါပဲ ယြန္းဂီ။ခနေလးပါပဲ မင္းငါ့အပိုင္ျဖစ္လာတဲ့တစ္ေန႕ေပ်ာ္႐ႊင္မႈေတြနဲ႕စီးႀကိဳခံရမွာပါ။
>>>>>>>>>>>>
"ထယ္ေယာင္းရယ္~~"
တံခါးကိုေခါက္ဖို႔လုပ္လိုက္ေသာ္လည္း အထဲကဦးရဲ႕အသံေၾကာင့္ယြန္းဂီလက္မ်ားေလထဲတြင္ရပ္တန့္သြားရသည္။ ဒါ့ေၾကာင့္တံခါးေလးကိုအသာတြန္းၿပီးေခ်ာင္းၾကည့္မိေတာ့
"ဟင္!!"
ျမင္လိုက္ရတဲ့ျမင္ကြင္းက ေသြးပ်က္စရာအတိ။ဦးရဲ႕ရင္ခြင္ထဲမွာ ဟိုomegaေခ်ာေခ်ာေရာက္ေနၿပီး ဦးကေတာ့ထိုomegaကိုဖက္ကာ ေက်ာေလးကိုပုတ္ေပးေနသည္။ဒီလိုအေျခအေနကို ယြန္းဂီဘယ္လိုဝင္ေျဖရွင္းသင့္လဲ??။သြားၿပီးေသာင္းက်န္းလိုက္ရမလား??။
"ဒါက ဘာေတြျဖစ္ေနၾကတာလဲ!!"
"ဟင္ ငယ္!!"
ကိုယ့္ေတြ႕မွျပဴးေၾကာင္ေၾကာင္ျဖစ္ၿပီး ဟိုလူ႕ကိုခြာလိုက္သူေၾကာင့္ယြန္းဂီ ခပ္လြင္လြင္ရီလိုက္မိသည္။ဘယ္ေလာက္ပဲလုပ္ေဖာ္ကိုင္ဖက္ျဖစ္ေနပါေစ အခုလိုရင္ခြင္ထဲထိဖက္စရာလိုလို႔လား??။သူဟာမ်က္စိမျမင္၊နားမၾကားတဲ့သူမ်ိဳးမဟုတ္။သူ႕ကိုဦးကဘယ္အခ်ိန္ထိလွည့္စားခ်င္ေနခဲ့တာလဲ??။
"ငယ္...ဦးရွင္းျပပါရေစ။ ထယ္ေယာင္းမင္းသြားေတာ့"
"ေနဦးးးးး!!"
ဦးေျပာလိုက္ေတာ့ ေခါင္းတစ္ခ်က္ၿငိမ့္ျပကာအခန္းျပင္ကိုထြက္သြားေတာ့မဲ့သူအား ယြန္းဂီလက္လွမ္းဆြဲလိုက္ၿပီး
"ဒီတစ္ခါ..ဦးနဲ႕ရွင္းရမွာမဟုတ္ဘူး သူနဲ႕ရွင္းရမွာ!! အိမ္ေထာင္သည္ေယာက်ာ္းမွန္းသိသိရဲ႕နဲ႕ ျမဴစြယ္ခ်င္တဲ့သူ!!"
"ငယ္...မင္းဘယ္လိုေျပာလိုက္တာလဲ ထယ္ေယာင္းက-"
"ေအာ္ သူ႕ကိုထိေတာ့နာတယ္ေပါ့!! ဘာလဲ ဆတ္ဆတ္ထိမခံနိုင္ရေအာင္ေလာက္အထိဘယ္အေျခေနေတြထိျဖစ္ေနၾကၿပီလဲ ဟမ္?"
"ငယ္...မင္းစကားေတြအရမ္းလြန္လာၿပီေနာ္..ဦးေဒါသကိုမဆြနဲ႕!!"
"ဘာလဲ ခဗ်ားပဲေဒါသထြက္တတ္တာလား ကြၽန္ေတာ္ကေရာေဒါသမထြက္ရေတာ့ဘူးလား?? ကိုယ့္ေယာက်ာ္းတစ္ေယာက္လုံးအျခားတစ္ေယာက္နဲ႕ဖက္ရပ္ၿပီးေနေနတာကိုဘယ္သူကေဒါသမထြက္ပဲေနေနမလဲ??႐ုံးခန္းထဲမွာဆိုၿပီးျဖစ္ခ်င္တိုင္းျဖစ္ေနၾကတာလား ဟမ္ ေျပာစမ္းပါဦး!!"
"မင္ယြန္းဂီ မင္းငါ့သိကၡာကိုမေစာ္ကားနဲ႕ငါအဲ့လိုလူမဟုတ္ဘူး"
"ဟက္! ဒီေလာက္ထိမ်က္ဝါးထင္ထင္ျမင္ေနရတာကိုေတာင္ ခဗ်ားကသိကၡာစကားလာေျပာေသးတယ္ဟုတ္လား??။ ေတာ္ေတာ္လည္းအံၾသဖို႔ေကာင္းတယ္။ခင္ဗ်ားလိုလူကသစၥာမရွိတဲ့သူ။ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့သူ!!"
"ဘာ...မင္း!!!"
ေျဖာင္း!!
လည္ထြက္သြားတဲ့ ပါးတစ္ဖက္ေၾကာင့္လူကခႏၶာကိုယ္ေတာင္မထိန္းနိုင္ေတာ့ဘဲၾကမ္းျပင္သို႔လဲက်သြားရသည္။ဟိုလူ႕ေရွ႕မွာရိုက္ခံလိုက္ရတာေၾကာင့္လည္း အရမ္းလည္းရွက္ၿပီး၊စိတ္စိုးမိသြားသည္။တစ္ခါမွလက္မပါဖူးတဲ့သူက အခုေတာ့သူစိမ္းတစ္ေယာက္ေၾကာင့္ကိုယ့္ကိုလက္ပါခဲ့ၿပီ။ အရမ္းလည္းဝမ္းနည္းသြားသလို ကိုယ့္ကိုကိုယ္လည္းယူက်ဳံးမရျဖစ္မိတယ္။သူ႕ကိုယုံလို႔ဘာမဆိုခြင့္လႊတ္ေပးတာကလည္းတစ္ခါပဲရမယ္။အႀကိမ္ႀကိမ္၊အခါခါဆိုရင္ေတာ့ သူလည္းရင္ကြဲ႐ုံပဲရွိမယ္။
က်လာတဲ့မ်က္ရည္ေတြကိုသုတ္၊ ေတာက္တစ္ခ်က္ျပင္းျပင္းေခါက္ၿပီးအဲ့အခန္းထဲကထြက္လာခဲ့လိုက္ေတာ့သည္။
"ဟင့္ ဟင့္..."
"ယြန္းဂီ အဆင္ေျပရဲ႕လား??"
အခန္းျပင္ေရာက္ေတာ့ အသင့္ေစာင့္ေနတဲ့အကိုေဂ်ာင္ကုက သူ႕လက္ေမာင္းကိုကိုင္ကာစိုးရိမ္တႀကီးနဲ႕ေမးေတာ့သည္။ဒါ့ေၾကာင့္သူလည္းထိုလက္ေတြကိုျပန္လည္ဆုပ္ကိုင္ထားမိၿပီး
"ဟင့္....ဒီေနရာကေနအေဝးဆုံးကို...ေခၚထုတ္သြားေပးပါ...ဟင့္...အေဝးဆုံးးး အီးဟီး~~"
ေဂ်ာင္ကုလည္း ေကာင္ေလးငိုေနေတာ့ကိုယ္ေလးကိုရင္ခြင္ထဲထည့္ၿပီးအားေပးလိုအားေပးငွားဖက္ထားေနမိတယ္။သို႔ေသာ္သူ႕ရဲ႕ႏႈတ္ခမ္းေတြကေတာ့အလိုလိုေကာ့တက္လ်က္။
>>>>>>>>>
>>>>>>>>>
ဂုႏွိုက္ပါ Faအေပါင္းတို႔😗