နိုးထလာသော သန်မာသည့်အမျိုးသမီ...
By Autumn_Aster
472K 67.2K 1.8K
ယဲ့ချင်းရန် နိုးလာတော့ သူမက စာအုပ်ထဲ ကူးပြောင်းသွားတာကို သိလိုက်ရတယ်။ သူမက ဂုဏ်မောက်ပြီး ဗိုလ်ကျတတ်တဲ့ ဆိုးဝါ... More
Chapter 200: Chu Yan's Specialty..
Chapter 201: You're Sweeter than Dessert
Chapter 202: The Advantage of Female Lead
Chapter 203: Brother Was to be Cheated
Chapter 204: Recognize Your Own Identity
Chapter 205: Chu Yan's Favourite Food...
Chapter 206: The Unchangeable Status Quo (1)
Chapter 207: The Unchangeable Status Quo (2)
Chapter 208: She's Not Ye Qingran (1)
Chapter 209: She's Not Ye Qingran (2)
Chapter 210: He Already Knew (1)
Chapter 211: He Already Knew (2)
Chapter 212: He's Actually Yan Fan (1)
Chapter 213: He's Actually Yan Fan (2)
Chapter 214: He's Actually Yan Fan (3)
Chapter 215: The Hunter And The Prey (1)
Chapter 216: The Hunter And The Prey (2)
Chapter 217: Officially Starting A Young Girls Life (1)
Chapter 218: Officially Beginning A Young Girls Life (2)
Chapter 219: He Is My Boyfriend (1)
Chapter 220: He's My Boyfriend (2)
Chapter 221: Regarding Chu Yan's Matters (1)
Chapter 222: Regarding Chu Yan's Matters (2)
Chapter 223: Cherish The Present (1)
Chapter 224: Cherish the Present (2)
Chapter 225: A Different Chu Yan (1)
Chapter 226: A Different Chu Yan(2)
Chapter 227: Did You Miss Me? (1)
Chapter 228: Did You Miss Me? (2)
Chapter 229: Secret Admirer of Many Years (1)
Not Update
Chapter 230: Secret Admirer of Many Years (2)
Chapter 231: Is He Pursuing Her? (1)
Chapter 232: Is He Pursuing Her? (2)
Chapter 233: A Confession Letter (1)
Chapter 234: A Confession Letter (2)
Chapter 235: If You Like It, Want to Continue? (1)
Chapter 236: If You Like It, Want to Continue? (2)
Chapter 237: Calm Before The Storm(1)
Chapter 238: Calm Before the Storm (2)
Chapter 239: Love and Deception (1)
Chapter 240: Love and Deception (2)
Chapter 241: They Are a Pair (1)
Chapter 242: They Are a Pair (2)
Chapter 243: Should Give up and Want to Give up (1)
Chapter 244: Should Give Up And Want to Give Up (2)
Chapter 245: Liking The Same Man (1)
Chapter 246: Liking The Same Man (2)
Chapter 247: The Harasser (1)
Chapter 249 - The Oriole Behind (1)
Chapter 250: The Oriole Behind (2)
Chapter 251: Love Rivals' Agreement (1)
Chapter 252: Love Rivals' Agreement (2)
Chapter 253: Don't Want to Agree (1)
Chapter 254: Don't Want to Agree (2)
Chapter 255: Special Engagement Party (1)
Chapter 256: Special Engagement Party (2)
Chapter 257: Behind-The-Scenes Villainous Supporting Male Character (1)
Chapter 258: Behind-The-Scenes Villainous Supporting Male Character (2)
Chapter 259: Mu Qingxue's Bargaining Chip (1)
Chapter 260: Mu Qingxue's Bargaining Chip (2)
Chapter 261: A Love That Can't Continue (1)
Chapter 262: A Love That Can't Continue (2)
Chapter 263: Hard to Part Feelings (1)
Chapter 264: Hard To Part Feelings (2)
Chapter 265: Calm Before The Storm
Chapter 266: Caught The Suspect's Tail
Chapter 267: So You're That Asura
Chapter 268: Obviously Ironic
Chapter 269: I'm Just a Lackey
Chapter 270: She Didn't Expect Either
Chapter 271: I'm The One Pursuing
Chapter 272: Smell The Scent Of Love
Chapter 273: Dangerous, Almost...
Chapter 274: Prepare an Escape Route
Chapter 275: Lovers Who Had Not Met For A Long Time
Chapter 276: A Strange Dream
Chapter 277: Uncontrollable Movement
Chapter 278: You Won't Shed Tears Until You See Your Coffin
Chapter 279: Decisive and Merciless
Chapter 280: Like to Fight With You
Chapter 281: Looked For Ye Qingran
Chapter 282: A Special Experiment
Chapter 283: The Sour Smell Of Love
Chapter 284: Is She Going Back?
Chapter 285: Want to Know Her Name
Chapter 286: Everything was told just like that
Chapter 287: So He can be afraid too
Chapter 288: Breaking Down
Chapter 289: Who Is In Charge?
Chapter 290: Why This Time?
Chapter 291: Strange Obsession
Chapter 292: Sleep Mode Deactivated
Chapter 293: Return to the Original World
Chapter 294: A Sinister Plot
Chapter 295: Cannot Return, Cannot Restore
Chapter 296: Could It Be Her Chu Yan?
Chapter 297: Ten Thousand Years In a Glance
Chapter 298: Everything Are Just Words, But He Is a Star (Final)
ကျေးဇူးတင်လွှာ
Chapter 248: The Harasser (2)
3.9K 601 9
By Autumn_Aster
UNICODE
ယဲ့ချင်းရန်က ထိုအမျိုးသားကို အရမ်းသဘောကျသည့်ပုံဖြင့် သူ့အတွက် စကားပြောပေးနေတာကို ယဲ့ကျွင်း မြင်လိုက်ရသည်။
ထိုသူကသာ သူမအတွက်အချစ်မြတ်နိုးဆုံးဖြစ်ပြီး သူကတော့ လမ်းတစ်ဝက်ကနေ ကောက်ရလာသည့် အဖေလိုဖြစ်နေသည်။
ယဲ့ကျွင်းရဲ့နှလုံးသားထဲခါးသက်မှုတွေဖြင့် ပြည့်နေပြီး ခံစားချက်တွေရောထွေးနေသည်။ စိတ်မချမ်းသားစရာတွေ ဖြစ်နေတာကိုတော့ ပြောစရာမလိုပင်။
သူ့သမီးက သူ့ထက် ထိုအမျိုးသားနှင့် ပိုရင်းနှီးနေတာကို သူဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
အပြင်းအထန်ကန့်ကွက်တယ်။ သူက လုံးဝ အပြင်းအထန်ကန့်ကွက်တယ်။ ထိုလူက သူ့ရဲ့အဖိုးတန်သမီးလေးကို လုသွားမှာကို သူလုံးဝခွင့်မပြုနိုင်ဘူး။
"ရုန်ရုန်အစ်ကိုက သမီးထက် အသက်အများကြီးကြီးတယ်မဟုတ်ဘူးလား? သမီးတို့နှစ်ယောက်ကြား မျိုးဆက်တစ်ဆက်ကွာနေမှာကို မစိုးဘူးလား? တူညီတာများ ရှိသေးလား?"
ချူရုန်ရုန်အစ်ကိုအကြောင်းကို ချူရုန်ရုန်ပါးစပ်ကနှင့် ယဲ့ချင်းရန်ဆီကနေ သူသိခဲ့တာဖြစ်သည်။ သူက အရမ်းကို ထူးချွန်သည့်သူဖြစ်ပုံရ၏။
ဘွဲ့ရပြီးတာ သိပ်မကြာသေးဘဲ ပိုက်ဆံတွေရှာနိုင်ပြီး သူ့ကိုယ်ပိုင်အိမ်ကိုတောင် ဝယ်ထားနိုင်ပုံရသည်။
သူ့မိသားစုအပေါ် မှီမခိုတာလည်း ကောင်းသည့်အရာတစ်ခုပင်။
သို့ပေမယ့် အထူးအကြောင်းအရာတွေတော့ သူမသိပေ။
အကြီးကောင်ကို ဒီချူယန်အကြောင်းစုံစမ်းဖို့ လုပ်ခိုင်းရမည့်ပုံပင်။
ယဲ့ချင်းရန်က ပြောလာသည်။ "သမီးနဲ့အသက်တူတဲ့ ကောင်လေးတွေကို သမီးသဘောမကျဘူး။ သမီးက ပါးလို ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူမျိုးကို သဘောကျတာ"
ဒီစကားကို ယဲ့ကျွင်းကြားချိန်မှာတော့ အရမ်းပျော်သွားသည်။
သူ့ရဲ့ ဒီသမီးလေးကို ပျိုးထောင်ခဲ့ရတာ အလကားမဟုတ်ဘူးပဲ။ ကြည့်ရတာ သူမစိတ်ထဲမှာ သူ့ကို စံပြအဖြစ်သဘောထားနေသေးတုန်းပဲ။ မဟုတ်ရင် သူ့လိုယောကျာ်းမျိုးကို သူမ ရှာချင်မှာမဟုတ်ပေ။
"ယောကျာ်းတစ်ယောက်ကို ရွေးမယ်ဆိုရင် ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူကို ရွေးတာ အကောင်းဆုံးပဲ"
"ချူယန်က အသင့်တော်ဆုံးပဲ"
သူ့သမီးက ဒီချူယန်လို့ ခေါ်သည့်သူကို အရမ်းသဘောကျသည်အား ယဲ့ကျွင်းခံစားမိသည်။ သို့ပေမယ့် သူမက ဒီလို လုပ်လေ သူက ချူယန်အကြောင်း ပိုစိတ်ပူလေဖြစ်သည်။
သူက ကောက်ကျစ်သည့်သူဖြစ်ပြီး သူ့ရဲ့ ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့သမီးလေးကို လှည့်စားနေတဲ့သူလို့ ခံစားမိနေသည်။
သို့ပေမယ့် သူ့သမီးက သူ့ကို ဆန့်ကျင်တာမျိုးမဖြစ်အောင် သူက တူတူမရှိစေချင်ရင်တောင်မှ ထုတ်ပြောလို့မဖြစ်ပေ။
"ပါးတို့ နောက်ကျမှ ပြောကြတာပေါ့" ဒီအကြောင်းကို ယဲ့ချင်းရန်နှင့် ဆက်ပြောဖို့ ယဲ့ကျွင်းမှာ အစီအစဉ်မရှိချေ။
"ပါးက အခြေအနေကို အကဲဖြတ်ချင်တာလား"
"ဒါပေါ့ ပါး စမ်းသပ်ချင်သေးတာပေါ့" ထိုသူက ယဲ့ချင်းရန်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူမဘဝတစ်လျှောက်လုံး ကာကွယ်ပေးနိုင်မည်လို့ ယဲ့ကျွင်း မယုံကြည်ပေ။
"ဒါဆို နောက်တစ်နေ့လောက် ထမင်းတူတူစားဖို့ ခေါ်ရင်ရော?" ယဲ့ချင်းရန်က ထပ်မေးလာ၏။
"အဲဒါလည်း နောက်မှ ပြောကြတာပေါ့" အခုလောလောဆယ် ယဲ့ကျွင်းက ချူယန်ကို မတွေ့ချင်ပေ။
ဒါက သမီးလေးရဲ့ အချစ်ဦးဖြစ်သည်။ အချစ်ဦးတွေက ပုံမှန်ဆို ရေရှည်မခံပေ။ ရက်အနည်းငယ်ပြီးတာနှင့် ပြတ်ဆဲကြသည်။
အဲ့တော့ တွေ့စရာ ဘာအကြောင်းရှိလဲ? သူ့သမီးကို မြူဆွယ်သည့် ထိုလူက နောက်တစ်နေ့ဆို ထားသွားချင်ထားသွားနိုင်သည်။
တွေ့စရာ ဘာအကြောင်းမှမရှိပေ။
ယဲ့ကျွင်းက တစ်ခါထဲနှင့် လက်ခံမည်လို့လည်း ယဲ့ချင်းရန်က မမျှော်လင့်ခဲ့ပေ။
ဒီနေ့တော့ သူမက ယဲ့ကျွင်းကို ဒီလောက်ပဲပြောဦးမည်။ ယဲ့ကျွင်းရဲ့ အပြုအမူအစား သူမခံစားချက်ကို သူမဆုံးဖြတ်ပြီးပြီဖြစ်၏။ သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူမက ချူယန်နှင့် ရှိနေမည်ဖြစ်သည်။
သို့ပေမယ့် သူမက ချူယန်ရဲ့ အရည်အချင်းကို ယုံကြည်၏။ သူ့ကို ယဲ့ကျွင်းက သေချာပေါက် လက်ခံလာလိမ့်မည်ဖြစ်သည်။
နေ့လည်စာစားပြီးနောက် ယဲ့ကျွင်းက ယဲ့ချင်းရန်ကို ကျောင်းသို့ ပြန်လိုက်ပို့သည်။
မွန်းလွဲပိုင်းတွင် အတန်းတစ်ခုသာရှိသည်။ အတန်းစဖို့ တစ်နာရီတောင်လိုသေးသည်။ ယဲ့ချင်းရန်က အဆောင်ပြန်ပြီး ခဏနားဖို့ ပြင်လိုက်သည်။
သူမ အဆောင်ထဲဝင်ရုံရှိသေး အဆောင်မန်နေဂျာက သူမကို ခေါ်ပြီး တစ်ယောက်က လက်ဆောင်ပို့ပေးလာကြောင်း ပြောလာသည်။
ယဲ့ချင်းရန်က ကြည့်လိုက်တော့ အနီရောင်လက်ဆောင်ဘူးလေးကို နှင်းဆီတစ်ပွင့်ဖြင့် ချည်ထားတာဖြစ်သည်။ လက်ရာသေသပ်ပြီး လှပ၏။
သို့ပေမယ့် သူမကတော့ မရိုးရှင်းဘူးလို့ ခံစားနေရသည်။ ထို့ကြောင့် သူမက အဆောင်မန်နေဂျာကို မေးလိုက်သည်။ "အန်တီ ဒါ ဘယ်သူပို့တာလဲဆိုတာ မေးလို့ရမလား"
အဆောင်မန်နေဂျာက ပြန်ဖြေလာသည်။ "ကလေးတစ်ယောက်ပဲ အန်တီလည်း သေချာမမြင်လိုက်ဘူး။ လက်ဆောင်ဘူးကို ဒီမှာ တင်သွားတာ။ အန်တီခေါ်ချိန်တောင် မရလိုက်ဘူး။ သမီးနာမည်နဲ့ အဆောင်နံပါတ်ကိုမြင်မှ သမီးအတွက်ဆိုတာ အန်တီလည်း သိလိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင် သမီးပြန်လာတာနဲ့အတော်ပဲဆိုပြီး အန်တီက သမီးကို ခေါ်လိုက်တာ"
ယဲ့ချင်းရန်က နှောင့်ယှက်သည့်ပါဆယ်ထုတ်လို့ တွေးမိပြီး ဤလက်ဆောင်ဘူးကို ဒီတိုင်းယူသွားဖို့ မလုပ်တော့ပေ။
သူမက အဆောင်မန်နေဂျာဆီမှာ လက်အိတ်တစ်စုံတောင်းပြီး လက်ဆောင်ဘူးကို သေချာဖွင့်ကြည့်လိုက်သည်။
နှောင့်ယှက်သည့် ပါဆယ်ထုတ်တွေလိုပင်။
အထဲ၌ အရုပ်တစ်ရုပ်ရှိနေသည်။ ဒီတစ်ကြိမ်တော့ အရုပ်ကို ကြိုးနှင့်ချည်ထားတာ မဟုတ်သလို ဆေးနီတွေလည်း ပေကျံနေသည် မဟုတ်ပေ။ အဲ့အစား ဆေးအနီရောင်သုတ်ထားသည့် ဓားသေးသေးလေးတစ်ချောင်းကို အရုပ်ကိုယ်ထဲ စိုက်ထားသည်။
အရုပ်ရဲ့အောက်မှာ စာရွက်တစ်ရွက်လည်း ရှိသေးသည်။
စာရွက်ပေါ်မှာ ရေးထားတာက: ငါ နင့်ကို အရမ်းချစ်ပေမယ့် နင်က ငါ့ကို သစ္စာဖောက်ပြီး တခြားယောကျာ်းတွေနဲ့ တူတူရှိနေတယ်။ နင်က လူတကာနှင့် ပတ်အိပ်နေတဲ့ မိန်းမပဲ။
ဒါက ပထမဆုံးအကြိမ်မဟုတ်ပေ။ ယဲ့ချင်းရန်က အရမ်းတည်ငြိမ်နေပေမယ့် အဆောင်မန်နေဂျာအန်တီ မျက်နှာကတော့ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသည်။
သူမက ကြောက်ရွံ့စွာပြောလာသည်။ "ဘာတွေလဲ? ဒီလိုလက်ဆောင်ဖြစ်မယ်လို့ အန်တီမသိဘူး။ သမီးကို ဖွင့်ပြောချင်တဲ့ ယောကျာ်းလေးအတန်းဖော်ဆီက လက်ဆောင်လို့ အန်တီထင်နေတာ"
ယဲ့ချင်းရန်က အန်တီကို နှစ်သိမ့်ပေးပြီးနောက် ရဲကို ဖုန်းဆက်လိုက်သည်။ သူမအမှုကို ကိုင်နေသည့် ရဲအရာရှိက လျင်မြန်စွာ ရောက်ရှိလာသည်။
ကနဦးကတော့ ရဲအရာရှိက ယဲ့ချင်းရန်၏အမှုဟာ သာမန်နှောင့်ယှက်သည့်အမှုလို့ တွေးခဲ့ရုံသာဖြစ်သည်။
သို့ပေမယ့် အခုအကြိမ် အရုပ်မှာ စိုက်နေသည့် ဓားကိုမြင်ချိန်မှာတော့ ကိစ္စက လုံးဝပြောင်းလဲနေတာကို သူသိလိုက်သည်။ လူသတ်ခြိမ်းခြောက်မှုဆိုတာ သိသာနေ၏။
ကိစ္စက မြင်ရသလောက် ရိုးရှင်းမနေတော့ပေ။
သူ အချိန်ဆွဲနေလို့မဖြစ်ပေ။ သူက ချက်ချင်း စစစ်ဆေးတော့သည်။
ရဲအရာရှိ၏ အမူအရာက ချက်ချင်းလေးနက်သွားကာ ယဲ့ချင်းရန်နှင့် အဆောင်မန်နေဂျာကို မေးတော့သည်။ "ခင်ဗျားတို့ နှစ်ယောက်ကလွဲပြီး ဒီလက်ဆောင်ဘူးကို ထိတဲ့သူရှိသေးလား?"
အဆောင်မန်နေဂျာက ချက်ချင်းခေါင်းခါတော့သည်။ "ဟင့်အင်း အဲ့ကလေးထွက်သွားပြီးတော့ ကျွန်မက ယူပြီး ဘေးမှာ တင်ထားလိုက်တာ။ ဒီကလေးမလေး သူမဘာသာမဖွင့်ခင်အထိ ဘယ်သူမှမထိဘူး။ ဒါပေမယ့် သူမ မဖွင့်ခင်မှာ ကျွန်မဆီက လက်အိတ်တောင်းတယ်"
ရဲအရာရှိက ပြုံးကာ ယဲ့ချင်းရန်ကို ချီးကျူးလိုက်သည်။ "မင်းကောင်းကောင်းလုပ်ခဲ့တာပဲ"
"ပြောရရင် ဒါက ပထမဆုံးအကြိမ်မဟုတ်တော့ဘူးလေ။ ကျွန်မပိုပြီး သတိထားတာ ကောင်းမယ်လို့ တွေးမိရုံပါ"
အဆောင်မန်နေဂျာ၏မျက်နှာက ဖြူဖျော့နေပြီး "ရဲအရာရှိကြီး နောက်ကျရင် ကျွန်မ ပါဆယ်ထုတ်တွေလက်ခံတဲ့အခါ ကျွန်မလည်း လက်အိတ်ဝတ်သင့်လား"
ရဲအရာရှိက သူမကို မကြောက်ဖို့ မစိုးရိမ်ဖို့ ပြောပြီး လျင်မြန်စွာ နှစ်သိမ့်လိုက်သည်။
ပါဆယ်ထုတ်ကို ဒီတိုင်းထားသွားတဲ့သူမျိုးနှင့် ဆုံရင်သာ သူမ ပိုဂရုစိုက်ဖို့သာ ပြောလိုက်သည်။
ရဲအရာရှိက ယဲ့ချင်းရန်ကို သတင်းစောင့်ဖို့ပြောပြီး စုံစမ်းဖို့အတွက် လက်ဆောင်ဘူးကို ယူသွားဖို့ ပြင်တော့သည်။
ထိုအချိန်မှာပဲ ယဲ့ချင်းရန် ဖုန်းက မြည်လာပြီး စာလက်ခံရရှိလာသည်။
နှောင့်ယှက်သည့်သူထံမှ ဖြစ်သည်။ {လမ်းခွဲ အဲ့လူနဲ့ မြန်မြန်လမ်းခွဲ နင်က ငါ့အပိုင် နင်က ငါ့ကိုပဲ ချစ်ရမှာ}
သူမဖုန်းမှာ ချက်ချင်းအလုပ်လုပ်သည့် ခြေရာခံစနစ် ထည့်ထားပြီးဖြစ်သည်။
သူမကနှောင့်ယှက်သည့် စာလက်ခံရရှိချိန်မှာ တစ်ဖက်လူရဲ့ IP နေရာကို သူမ ဖမ်းမိသွားပြီဖြစ်သည်။
ယဲ့ချင်းရန်က ဒီကိစ္စအား ရဲအရာရှိကို ချက်ချင်းပြောပြီး သူမ Laptop ကို ချက်ချင်းဖွင့်ကာ ချိတ်လိုက်သည်။ တစ်ဖက်လူရဲ့ နေရာကို ချက်ချင်းရှာတွေ့သွားသည်။
အံ့ဩဖို့ကောင်းတာက တစ်ဖက်လူရဲ့ IP နေရာကလည်း မြို့တော်တက္ကသိုလ်မှာ ဖြစ်နေသည်။
ရဲအရာရှိက ယဲ့ချင်းရန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှာတော့ လေးစားမှုတွေဖြင့် ပြည့်နေသည်။
"မဆိုးဘူးပဲ မြို့တော်တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသူဆိုတဲ့အတိုင်းပဲ"
သူက ချီးကျူးပြီး တစ်ဖက်လူ ထွက်မပြေးခင် အခင်းဖြစ်နေရာသို့ သူ့လူတွေအားခေါ်ပြီး သွားဖမ်းတော့သည်။
မြို့တော်တက္ကသိုလ်ထဲမှာဖြစ်သည့်အတွက် ယဲ့ချင်းရန်လည်း ရဲအရာရှိနောက်လိုက်သွားသည်။ ဒီကိစ္စရဲ့နောက်ကွယ်မှာရှိသည့်သူကို သူမ တကယ်သိချင်မိသည်။
ကျောင်းရဲ့ ဘေးဘက်၏ သစ်တောနောက်ကနေ ရဲအရာရှိတစ်ဦးက လက်ထိပ်ခတ်ထားသည့်အမျိုးသမီးတစ်ဦးဖြင့် ထွက်လာသည်။
ယဲ့ချင်းရန်က ဤမိန်းမကို မြင်ချိန်မှာတော့ သူမ အနည်းငယ်ကြောင်အသွား၏။
ဘယ်လိုလုပ်ပြီး သူမဖြစ်နေရတာလဲ?
2022 Sep 09
ZAWGYI