Rewrite The Stars

By ShoonLae_Thein

3.2K 383 87

ငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှ... More

♡02♡
♡03♡
♡04♡
♡05♡
♡06♡
♡07♡
♡08♡
♡ 09(Part-1) ♡
♡ 09(Part-2) ♡
♡10♡
♡11♡
♡12♡
♡13♡
♡14♡

♡01♡

744 45 3
By ShoonLae_Thein

UNICODE

ဟိုးလွန်ခဲ့သော နှစ်‌ပေါင်းတစ်ထောင်ခန့်က တောင်တန်းတွေနဲ့ပင်လယ်ကြီးကဝန်းရံထားတဲ့ ရှီလာဆိုတဲ့တိုင်းပြည်တစ်ပြည်ရှိခဲ့တယ်။ အဲ့ဒီတိုင်းပြည်က တချို့လူသားမျိုးနွယ်တွေဟာ ကိုယ်ပိုင်စွမ်းအင်တွေရှိခဲ့ကြတယ်။ အချို့ကမီးစွမ်းအင်ကိုပိုင်ဆိုင်ကြတယ်။ အချို့ကရေစွမ်းအင်ကိုပိုင်ဆိုင်ကြတယ်။ အချို့ကနက္ခတ်တာရာစွမ်းအင်ကိုပိုင်ဆိုင်ကြတယ်။ အစရှိတဲ့မရေမတွက်နိုင်တဲ့စွမ်းအင် မျိုးစုံကို ပိုင်ဆိုင်ကြတယ်။

အဲ့ဒီလိုမွေးရာပါ စွမ်းအင်တစ်ခုခုပိုင်ဆိုင်ထားတဲ့သူတွေကို နတ်ဘုရားတွေလို့တင်စားခေါ်ဝေါ်ကြတယ်။

စွမ်းအင်တွေမရှိဘဲ မွေးဖွားလာတဲ့လူတွေလည်းရှိခဲ့ကြတယ်။ အဲ့ဒီလိုလူတွေကိုတော့ သာမန်လူသားမျိုးနွယ်အဖြစ်ပဲသတ်မှတ်ပြီး နတ်ဘုရားမျိုးနွယ်တွေရဲ့အစေအပါးတွေအဖြစ် အလုပ်အကျွေးပြုစေတယ်။

ထိုသာမန်လူသားမျိုးနွယ်လူတန်းစားထက် ပိုပြီးနိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့ နောက်ထပ်လူတန်းစားတစ်ရပ်လည်းရှိသေးတယ်။ ရှီလာတိုင်းပြည်ရဲ့ အစွန်အဖျားနေရာလေးမှာတည်ရှိတဲ့ရွာလေးတစ်ရွာပေါ့။ အဲ့ဒီရွာလေးကို မှင်စာရွာလို့ခေါ်ပြီး သူတို့ကို မှင်စာမျိုးနွယ်လို့ခေါ်ကြတယ်။

ဘာလို့ သူတို့ကိုမှင်စာမျိုးနွယ်လို့ခေါ်ပြီး နှိမ့်ချဆက်ဆံကြလဲဆိုတော့ မှင်စာမျိုးနွယ်ကလူတိုင်းဟာ မျက်စိမမြင်နိုင်ကြလို့ပဲ။ မျက်စိမမြင်နိုင်တဲ့အတွက် နတ်ဘုရားမျိုးနွယ်ကိုလည်း အလုပ်အကျွေးမပြုနိုင်သလို ကိုယ်ပိုင်စွမ်းအင်တွေလည်းမရှိကြဘူး။ အဲ့ဒါကြောင့် သူတို့ကိုလူပိုတွေအဖြစ်သတ်မှတ်ပြီး လူရာမသွင်းဘဲ နှိမ့်ချဆက်ဆံကြတယ်။

ဒါပေမယ့် သူတို့ဟာ အခြားသူတွေမြင်တဲ့အရာတွေကိုမမြင်နိုင်ပေမယ့် အခြား‌သူတွေမမြင်နိုင်တဲ့အရာတွေကိုတော့ သူတို့တွေထဲကတချို့ဟာ မြင်နိုင်ကြတယ်။

အခုပြောပြမယ့် ပုံပြင်လေးက အဲ့ဒီမျိုးနွယ်သုံးခုကကောင်လေးသုံးယောက်ရဲ့အကြောင်းပေါ့...

ကောင်းကင်မင်းကြီးစီမံရာ~
ကံကြမ္မာသုံးခုဟာ~
ပျော်ရွှင်ဖွယ်အဆုံးသတ်ခြင်းလော~
ဝမ်းနည်းဖွယ်အဆုံးသတ်ခြင်းလော~
အဘယ်သူမှမသိနိုင်~
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကအနိုင်ရမလား~
ရယူပိုင်ဆိုင်လိုတဲ့အတ္တ‌တွေကအနိုင်ပိုင်းသွားမလား~
အဘယ်သူမှမသိနိုင်~
နုနယ်တဲ့နှလုံးသားလေးတွေ အပြစ်အနာအဆာမရှိစေဖို့ ဆုတောင်းလျက်~~~

~~~~~~~~~~~~~~~~~~~~~~~~~~

မနက်ဝေလီဝေလင်း မိုးသောက်ယံအချိန်

ရှီလာနန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် အလုပ်ရှုပ်နေကြလေသည်။ အကြောင်းမူကား ရှင်ဘုရင်၏ မိဖုရားခေါင်ကြီးမှ နန်းမွေဆက်ခံမည့်အိမ်ရှေ့စံလောင်းကို မွေးဖွားနေသောကြောင့်ပင်။

မိဖုရားခေါင်ကြီး၏နန်းဆောင်ရှေ့တွင် ရှီလာတိုင်းပြည်၏ရှင်ဘုရင်ဖြစ်သူသည် နန်းဆောင်ထဲရှိ မိမိ၏မိဖုရားနှင့် လောကထဲသို့ရောက်မလာသေးသည့် သူ၏ရင်သွေးလေးအတွက် စိုးရိမ်ပူပန်နေပြီး အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေသည်။

"အထိန်းတော်ကြီး မီးဖွားတာ ဘာလို့အဲ့လောက်ကြာနေရတာလဲ မနေ့ညကတည်းက သူနာကျင်နေရတာ မနက်အလင်းရောက်တော့မယ် ဘာလို့ကလေးကမဖွားနိုင်ရသေးတာလဲ"

အထိန်းတော်ကြီးဖက်သို့လှည့်၍ စိတ်မရှည်သောအသံဖြင့်အမေးပြုလိုက်လေသည်။

"မှန်လှပါ အရှင်မင်းကြီး စိုးရိမ်တော်မမူပါနဲ့ မယ်မယ်ရော ကလေးငယ်ရော ဘာအန္တရာယ်မှမရှိဘဲ မွေးဖွားနိုင်မှာပါ"

အထိန်းတော်ကြီး ဘယ်လိုပဲနှစ်သိမ့်ပါစေ ရှင်ဘုရင်ကတော့ မိဖုရားနန်းဆောင်ဖက်သို့ကြည့်ကာ စိုးရိမ်ပူပန်နေလေသည်။

နာရီအနည်းငယ်ကြာပြီးနောက် ရွှေဝါရောင်များတစ်ဖိတ်ဖိတ်တောက်ပနေသော နေမင်းကြီးဟာ အရှေ့ဖက်တောင်တန်းများဆီမှ ကမ္ဘာမြေကိုအလင်းပေးရန် ဝံ့ဝံ့ကြွားကြွား ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင်ပဲ မိဖုရားခေါင်ကြီးနန်းဆောင်ထဲမှ ကလေးငိုသံကိုကြားလိုက်ရလေသည်။

"အူဝဲ အူဝဲ အူဝဲ"

"အရှင်မင်းကြီး မယ်မယ်ဟာ သားတော်လေးတစ်ပါး ဖွားမြင်ခဲ့ပါတယ် ဘုရား အိမ်ရှေ့စံမင်းသားလေးပါ ဘုရား"

အရှင်မင်းကြီးမှာ သမားတော်ကြီး၏စကားကို ကြားလျှင်ကြားချင်း ‌ပျော်လွန်း၍ မျက်ရည်များပင်ကျလာလေသည်။

ထို့နောက် အရှေ့အရပ်ဆီမှ နေမင်းကြီးကိုကြည့်ကာ

"ငါဘုရင်မင်းမြတ်ရဲ့ သားတော်ဟာ ဟိုးအရှေ့အရပ်က နေမင်းနဲ့အတူ ကမ္ဘာမြေကို ပေါ်ထွက်လာတဲ့အတွက် နေမင်းလိုပဲ ကမ္ဘာပေါ်က လူသားတိုင်းအတွက် အလင်းတွေပေးစွမ်းမယ့် မင်းကောင်းမင်းမြတ်ဖြစ်လာရမယ်ဟေ့"

"အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ..
အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ..
အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ.."

မှူးမတ်များ၏ ကောင်းချီပေးသံများဖြင့် နန်းတော်တစ်ခုလုံး အပျော်ကြီးပျော်နေကြလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

ရှီလာတိုင်းပြည်

အိမ်ရှေ့စံ‌ဖွားမြင်ပြီး တစ်ပတ်ခန့်ကြာသော်

ရှီလာတိုင်းပြည်၏ အိမ်ရှေ့စံမင်းသားငယ်မှာ ရှင်ဘုရင်၏ပြောစကားအတိုင်း ကမ္ဘာမြေပေါ်သို့ ကံကောင်းချင်းအလင်းတန်းများကို ယူဆောင်လာလေသည်။

အိမ်ရှေ့စံမင်းသားဖွားမြင်ပြီးနောက် ရှီလာတိုင်းပြည်ဟာ ပို၍ပို၍ သာယာဝပြောလာလေသည်။

မိုးခေါင်နေသည့်ဒေသများသည်လည်း မိုးများရွာသွန်းမှုကြောင့် စိုက်ပျိုးရေများကောင်းမွန်လာပြီး ရေရှားပါးနေသည့် မြို့နယ်များမှာလည်း သောက်သုံးရေတွင်းများ တူဖော်၍ရရှိလာသောကြောင့် တိုင်းသူပြည်သားများ အပျော်ကြီးပျော်နေခဲ့လေသည်။

သို့ပေမယ့် မိဖုရားခေါင်ကြီး၏နန်းဆောင်ထဲတွင်တော့ ရွှေရောင်ကုတင်ထက်တွင် မိဖုရားကြီးနှင့် ရှင်ဘုရင်တို့သည် ရွှေခြည်မျှင်လေးများဖြင့်ရက်လုပ်ထားသော အနှီးထုတ်လေးထဲတွင် အေးချမ်းစွာအိပ်ပျော်နေသော သားဖြစ်သူအိမ်ရှေ့စံမင်းသားလေးကိုကြည့်ရင်း တစ်ခုခုကိုစိတ်မကောင်းဖြစ်နေကြလေသည်။

"တောင်းပန်ပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့အပြစ်တွေပါ ကျွန်တော်မျိုးမဟာ နိမ့်ကျတဲ့သာမန်လူသားတစ်ယောက်မလို့ သားလေးဟာ အခုလိုစွမ်းအင်တွေမရှိဘဲမွေးဖွားလာရတာပါ ကျွန်တော်မျိုးမကိုအပြစ်ပေးတော်မူပါ အရှင်မင်းကြီး"

မိဖုရားခေါင်ကြီးဟာ စိတ်မကောင်းခြင်းများစွာဖြင့် မျက်ရည်များကျနေလေသည်။

ရှင်ဘုရင်ဟာလည်း မိမိ၏ချစ်လှစွာသော မိဖုရားမှာ ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီးဝမ်းနည်းနေပုံကိုမကြည့်ရက်သောကြောင့် မိဖုရားကြီး၏လက်လေးကို ဖွဖွလေးဆုပ်ကိုင်၍နှစ်သိမ့်ပေးလေသည်။

"မိဖုရားကြီး မင်းကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် အခုလိုအပြစ်မတင်ပါနဲ့~ သားတော်ရဲ့ကံကြမ္မာပဲပေါ့ကွာ အဆိုးထဲကအကောင်းအနေနဲ့ သားတော်လေး မွေးဖွားလာတဲ့အချိန်ကစ တိုင်းပြည်ဟာ အရင်ထက်သာယာဝပြောပြီး တိုးတက်လာတာပဲ~ သားတော် ဒီကမ္ဘာမြေပေါ်မှာ တည်ရှိနေခြင်းကိုက လောကကြီးအတွက် အကောင်းမွန်ဆုံးလက်ဆောင်လေးတစ်ခုဖြစ်နေမှာပါ"

မိဖုရားကြီးလည်း ခင်ပွန်းဖြစ်သူ၏နှစ်သိမ့်စကားကြားမှသာ ခေါင်းလေးငြိမ့်ရင်း မျက်ရည်များကြားမှ စိတ်သက်သာရာရသွားဟန် ပြုံးလိုက်လေသည်။

ထို့နောက် အနှီးထုတ်လေးထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော နီတာရဲလေးကိုကြည့်ရင်း ပါးဖောင်းဖောင်းလေးကိုညင်သာစွာထိရုံ‌ကလေး မွှေးကြူလိုက်လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

ရှီလာနန်းတော်၏ တောင်ဘက်စွန်းစွန်းတွင် နက္ခတ်တာရာနန်းဆောင်ကြီး တည်ရှိလေသည်။

ထိုနန်းဆောင်၏ ထိပ်ဆုံးထပ်သည် နတ်ဆရာများ ကြယ်တာရာတွေကို ဖတ်ရှုနိုင်ရန် ဟင်းလင်ပြင်ကဲ့သို့ တည်ဆောက်ပေးထားလေသည်။

ထိုခေါင်းမိုးထပ်တွင် မျက်နှာပေါ်တွင် ပုဝါပါးလေးတစ်ခုဖြင့်ဖုံးအုပ်ထားပြီး ခဲရောင်ဝတ်စုံပြည့်ဝတ်ဆင်ထား၍ နက်မှောင်သောဆံပင်ရှည်များကို ကျောပေါ်တွင် ဘာမှမစည်းမနှောင်ဘဲချထားသော ကျက်သရေရှိအမျိုးသမီးတစ်ယောက်သည် ဟိုးကောင်းကင်ပေါ်မှ လင်းလက်တောက်ပနေသော ကြယ်ပွင့်လေးများကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

ထိုအချိန်တွင် ထိုခေါင်မိုးထပ်သို့ နောက်ထပ်လူတစ်ယောက် ရောက်လာပြီး အမျိုးသမီး၏နောက်တွင် ရပ်ရင်း ကောင်းကင်ထက်သို့ မော့ကြည့်နေလေသည်။

"အိမ်ရှေ့စံဟာ ထူးခြားဆန်းကြယ်တဲ့သူတစ်ယောက်ပဲ~ အခြားသူတွေလို ကိုယ်ပိုင်စွမ်းအင်တွေမရှိပေမယ့် သူ့ရဲ့နှလုံးအိမ်ထဲမှာ အမည်မသိတဲ့စွမ်းအင်လေးတစ်ခုကို ခံစားမိနေတယ်~ ပြီးတော့.. ဟိုးကောင်းကင်ပေါ်က အိမ်ရှေ့စံရဲ့ကြယ်တံခွန်လေး..."

အမျိုးသမီးဟာ ထိုသို့ပြောရင်းကောင်းကင်ထက်သို့ ညွှန်ပြလိုက်လေသည်။ အမျိုးသမီး၏နောက်တွင်ရှိသော လူသည်လည်း ထိုအမျိုးသမီးညွှန်ပြရာ နေရာသို့မော့ကြည့်လိုက်လေရာ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသော ကြယ်ပွင့်လေးကို မြင်တွေ့လိုက်ရလေသည်။

"အိမ်ရှေ့စံရဲ့ ကြယ်ပွင့်လေးက ကြယ်တွေအားလုံးထဲမှာ အသေးငယ်ဆုံးဖြစ်ပေမယ့် အလင်းလက်ဆုံးကြယ်ပွင့်လေးပဲ"

အမျိုးသမီးဟာ ကြယ်ပွင့်လေးကိုကြည့်ရင်း ပြုံးရိပ်များသန်းနေသော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိ၍ အပြုံးများပျောက်ကွယ်သွားပြီး မှိုင်းညို့သွားလေသည်။

"ဒါပေမယ့်လည်း အဲ့ဒီကြယ်သေးသေးလေးက ဒီရက်စက်ယုတ်မာတဲ့လောကကြီးကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ကြယ်လေးကြွေကျမသွားဖို့ပဲ ဆုတောင်းပေးရမှာပေါ့"

"လောကကြီးကို ခံနိုင်ရည်မရှိရင် ဒီလောကကြီးထဲကို ရောက်မလာသင့်ဘူး"

အမျိုးသမီး၏ နောက်တွင်ရှိသောလူဆီမှ ထွက်လာသော စကားသံဖြစ်လေသည်။ ထိုစကားကြားသောအခါ အမျိုးသမီးဟာ နောက်သို့လှည့်ပြီး ထိုလူကိုကြည့်လိုက်လေသည်။

"အကြောင်းရှိလို့ပေါ့ ဒီလောကကြီးထဲမှာဖြစ်တည်နေတဲ့အရာအားလုံးဟာ ရှိသင့်ရှိထိုက်၊ ရောက်သင့်ရောက်ထိုက်တဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် တည်ရှိနေ၊ ရောက်နေကြရတာ~ အဲ့ဒီလိုပဲ အိမ်ရှေ့စံဟာလည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဒီလောကအလယ်ကို အားအင်ချည့်နဲ့စွာ ရောက်လာခဲ့ရတာပေါ့"

"အဲ့ဒီအကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ ငါ့ရဲ့လမ်းကို မနှောင့်ယှက်သရွေ့ လျစ်လျူရှုထားပေးနိုင်တယ် ဒါပေမယ့် ငါ့ရဲ့လမ်းကိုလာနှောင့်ယှက်နိုင်တယ်ဆိုရင်တော့ အားလုံးကိုအမြစ်ကမကျန်ဆွဲနှုတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး"

"စိတ်မပူပါနဲ့ ရှင်စိုးရိမ်နေတဲ့ကိစ္စတွေဖြစ်လာမှာမဟုတ်ပါဘူး သူ့ရဲ့ ကံကြမ္မာကို ကောင်းကင်ကသတ်မှတ်ပေးထားပြီးသားပါ အမတ်ကြီး"

ထိုအမျိုးသမီး၏စကားကိုကြားသောအခါ အမတ်ကြီးဆိုသူ၏ မျက်နှာတွင် ကျေနပ်နေသော ကြက်သီးထဖွယ်အပြုံးကြီးတစ်ခုပေါ်ပေါက်လာလေသည်။

အမတ်ကြီးဆိုသူဟာ အရှေ့သို့လျှောက်သွားပြီး ထိုအမျိုးသမီးကို သူ့ဖက်သို့လှည့်စေ၍ ထိုအမျိုးသမီး၏ပါးပြင်တစ်ဖက်ကို ပွတ်သတ်လိုက်ပြီး

"မီရာ ခဏလေးပဲစောင့်နေပေး မကြာခင်မှာ ငါ့ရဲ့ပထမဇနီးသေဆုံးတာ တစ်နှစ်ပြည့်တော့မှာပါ အဲ့ဒီအချိန်ကျရင် မင်းကို ငါ့ရဲ့ တရားဝင်ဇနီးအဖြစ် တင်မြှောက်ပေးမှာမလို့ အဲ့ဒီအချိန်ထိသည်းခံပြီးစောင့်နေပေး ဟုတ်ပြီလား"

"ကောင်းပါပြီ အမတ်ကြီး ကျွန်မစောင့်နေမှာပါ~ သားလေးကိုလည်း ကိုယ်တိုင်ထွေးပွေ့ပေးချင်နေပြီ~ ကိုယ့်သားအရင်းရဲ့မိထွေးတော်နေရာမှာနေရမှာဆိုပေမယ့်လည်း သားလေးအနားမှာနေရမှာဆိုရင်ပဲ ကျေနပ်ပါပြီ"

ထိုအမျိုးသမီး၏အပြုံးနုနုကို ပုဝါပါးလေးအောက်မှ အတိုင်းသားမြင်နေရလေသည်။

ထို့နောက် အမတ်ကြီးလည်း အောက်ထပ်သို့ပြန်ဆင်းသွားလေသည်။

အမျိုးသမီးသည်လည်း ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်ပြီး ခေါင်းမိုးထပ်ဆီမှထွက်ခွာသွားလေသည်။ ထိုအမျိုးသမီးမှာ နက္ခတ်တာရာဌာနရဲ့ခေါင်းဆောင်အမျိုးသမီးပင်ဖြစ်လေသည်။

သူတို့နှစ်ယောက်ထွက်သွားသည့်အချိန်တွင် ကောင်းကင်ပေါ်ရှိ အိမ်ရှေ့စံ၏ကြယ်ပွင့်လေးဘေးတွင် နောက်ထပ်ကြယ်ပွင့်လေးတစ်ခု လင်းလက်လာလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲ ဟဲ Heejakehoonပါလို့~ သာသာကHeejakehoonသုံးပွင့်ဆိုင်ဆိုရင် အရမ်းသဘောကျတာ~ တခြားသူရေးတာတွေဖတ်ရတာတင်အားမရလို့ ကိုယ်တိုင်လည်းရေးလိုက်ပြီ~

သာမန်ficမဟုတ်ဘဲ ရှေးခေတ်စွမ်းအားရှင်ပုံစံဆိုတော့ နည်းနည်းတော့အခက်အခဲလေးတွေရှိပေမယ့် updateကိုတော့ အတတ်နိုင်ဆုံး မြန်မြန်လေးလုပ်ပေးပါ့မယ်~ ရေးလက်စတစ်ပုဒ်လည်းရှိသေးတော့ သေချာတော့ ကတိမပေးရဲသေးဘူး~ ဘာပဲဖြစ်ဖြစ်အားပေးကြပါဦးနော်🥺

ကဲ အိမ်ရှေ့စံကဘယ်သူဖြစ်မလဲ~

ZAWGYI

ဟိုးလြန္ခဲ့ေသာ ႏွစ္တစ္ေသာင္းေလာက္က ေတာင္တန္းေတြနဲ႕ပင္လယ္ႀကီးကဝန္းရံထားတဲ့ ရွီလာဆိုတဲ့တိုင္းျပည္တစ္ျပည္ရွိခဲ့တယ္။ အဲ့ဒီတိုင္းျပည္က တခ်ိဳ႕လူသားမ်ိဳးႏြယ္ေတြဟာ ကိုယ္ပိုင္စြမ္းအင္ေတြရွိခဲ့ၾကတယ္။ အခ်ိဳ႕ကမီးစြမ္းအင္ကိုပိုင္ဆိုင္ၾကတယ္။ အခ်ိဳ႕ကေရစြမ္းအင္ကိုပိုင္ဆိုင္ၾကတယ္။ အခ်ိဳ႕ကနကၡတ္တာရာစြမ္းအင္ကိုပိုင္ဆိုင္ၾကတယ္။ အစရွိတဲ့မေရမတြက္နိုင္တဲ့စြမ္းအင္ မ်ိဳးစုံကို ပိုင္ဆိုင္ၾကတယ္။

အဲ့ဒီလိုေမြးရာပါ စြမ္းအင္တစ္ခုခုပိုင္ဆိုင္ထားတဲ့သူေတြကို နတ္ဘုရားေတြလို႔တင္စားေခၚေဝၚၾကတယ္။

စြမ္းအင္ေတြမရွိဘဲ ေမြးဖြားလာတဲ့လူေတြလည္းရွိခဲ့ၾကတယ္။ အဲ့ဒီလိုလူေတြကိုေတာ့ သာမန္လူသားမ်ိဳးႏြယ္အျဖစ္ပဲသတ္မွတ္ၿပီး နတ္ဘုရားမ်ိဳးႏြယ္ေတြရဲ႕အေစအပါးေတြအျဖစ္ အလုပ္အေကြၽးျပဳေစတယ္။

ထိုသာမန္လူသားမ်ိဳးႏြယ္လူတန္းစားထက္ ပိုၿပီးနိမ့္က်တယ္လို႔ သတ္မွတ္ထားတဲ့ ေနာက္ထပ္လူတန္းစားတစ္ရပ္လည္းရွိေသးတယ္။ ရွီလာတိုင္းျပည္ရဲ႕ အစြန္အဖ်ားေနရာေလးမွာတည္ရွိတဲ့႐ြာေလးတစ္႐ြာေပါ့။ အဲ့ဒီ႐ြာေလးကို မွင္စာ႐ြာလို႔ေခၚၿပီး သူတို႔ကို မွင္စာမ်ိဳးႏြယ္လို႔ေခၚၾကတယ္။

ဘာလို႔ သူတို႔ကိုမွင္စာမ်ိဳးႏြယ္လို႔ေခၚၿပီး ႏွိမ့္ခ်ဆက္ဆံၾကလဲဆိုေတာ့ မွင္စာမ်ိဳးႏြယ္ကလူတိုင္းဟာ မ်က္စိမျမင္နိုင္ၾကလို႔ပဲ။ မ်က္စိမျမင္နိုင္တဲ့အတြက္ နတ္ဘုရားမ်ိဳးႏြယ္ကိုလည္း အလုပ္အေကြၽးမျပဳနိုင္သလို ကိုယ္ပိုင္စြမ္းအင္ေတြလည္းမရွိၾကဘူး။ အဲ့ဒါေၾကာင့္ သူတို႔ကိုလူပိုေတြအျဖစ္သတ္မွတ္ၿပီး လူရာမသြင္းဘဲ ႏွိမ့္ခ်ဆက္ဆံၾကတယ္။

ဒါေပမယ့္ သူတို႔ဟာ အျခားသူေတြျမင္တဲ့အရာေတြကိုမျမင္နိုင္ေပမယ့္ အျခားသူေတြမျမင္နိုင္တဲ့အရာေတြကိုေတာ့ သူတို႔ေတြထဲကတခ်ိဳ႕ဟာ ျမင္နိုင္ၾကတယ္။

အခုေျပာျပမယ့္ ပုံျပင္ေလးက အဲ့ဒီမ်ိဳးႏြယ္သုံးခုကေကာင္ေလးသုံးေယာက္ရဲ႕အေၾကာင္းေပါ့...

ေကာင္းကင္မင္းႀကီးစီမံရာ~
ကံၾကမၼာသုံးခုဟာ~
ေပ်ာ္႐ႊင္ဖြယ္အဆုံးသတ္ျခင္းေလာ~
ဝမ္းနည္းဖြယ္အဆုံးသတ္ျခင္းေလာ~
အဘယ္သူမွမသိနိုင္~
ျဖဴစင္တဲ့ခ်စ္ျခင္းေမတၱာကအနိုင္ရမလား~
ရယူပိုင္ဆိုင္လိုတဲ့အတၱေတြကအနိုင္ပိုင္းသြားမလား~
အဘယ္သူမွမသိနိုင္~
ႏုနယ္တဲ့ႏွလုံးသားေလးေတြ အျပစ္အနာအဆာမရွိေစဖို႔ ဆုေတာင္းလ်က္~~~

~~~~~~~~~~~~~~~~~~~~~~~~~~

မနက္ေဝလီေဝလင္း မိုးေသာက္ယံအခ်ိန္

ရွီလာနန္းေတာ္တစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖင့္ အလုပ္ရႈပ္ေနၾကေလသည္။ အေၾကာင္းမူကား ရွင္ဘုရင္၏ မိဖုရားေခါင္ႀကီးမွ နန္းေမြဆက္ခံမည့္အိမ္ေရွ႕စံေလာင္းကို ေမြးဖြားေနေသာေၾကာင့္ပင္။

မိဖုရားေခါင္ႀကီး၏နန္းေဆာင္ေရွ႕တြင္ ရွီလာတိုင္းျပည္၏ရွင္ဘုရင္ျဖစ္သူသည္ နန္းေဆာင္ထဲရွိ မိမိ၏မိဖုရားႏွင့္ ေလာကထဲသို႔ေရာက္မလာေသးသည့္ သူ၏ရင္ေသြးေလးအတြက္ စိုးရိမ္ပူပန္ေနၿပီး အေရွ႕ေလွ်ာက္လိုက္ အေနာက္ေလွ်ာက္လိုက္ျဖင့္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနေလသည္။

"အထိန္းေတာ္ႀကီး မီးဖြားတာ ဘာလို႔အဲ့ေလာက္ၾကာေနရတာလဲ မေန႕ညကတည္းက သူနာက်င္ေနရတာ မနက္အလင္းေရာက္ေတာ့မယ္ ဘာလို႔ကေလးကမဖြားနိုင္ရေသးတာလဲ"

အထိန္းေတာ္ႀကီးဖက္သို႔လွည့္၍ စိတ္မရွည္ေသာအသံျဖင့္အေမးျပဳလိုက္ေလသည္။

"မွန္လွပါ အရွင္မင္းႀကီး စိုးရိမ္ေတာ္မမူပါနဲ႕ မယ္မယ္ေရာ ကေလးငယ္ေရာ ဘာအႏၱရာယ္မွမရွိဘဲ ေမြးဖြားနိုင္မွာပါ"

အထိန္းေတာ္ႀကီး ဘယ္လိုပဲႏွစ္သိမ့္ပါေစ ရွင္ဘုရင္ကေတာ့ မိဖုရားနန္းေဆာင္ဖက္သို႔ၾကည့္ကာ စိုးရိမ္ပူပန္ေနေလသည္။

နာရီအနည္းငယ္ၾကာၿပီးေနာက္ ေ႐ႊဝါေရာင္မ်ားတစ္ဖိတ္ဖိတ္ေတာက္ပေနေသာ ေနမင္းႀကီးဟာ အေရွ႕ဖက္ေတာင္တန္းမ်ားဆီမွ ကမၻာေျမကိုအလင္းေပးရန္ ဝံ့ဝံ့ႂကြားႂကြား ထြက္ေပၚလာေလသည္။

ထိုအခ်ိန္တြင္ပဲ မိဖုရားေခါင္ႀကီးနန္းေဆာင္ထဲမွ ကေလးငိုသံကိုၾကားလိုက္ရေလသည္။

"အူဝဲ အူဝဲ အူဝဲ"

"အရွင္မင္းႀကီး မယ္မယ္ဟာ သားေတာ္ေလးတစ္ပါး ဖြားျမင္ခဲ့ပါတယ္ ဘုရား အိမ္ေရွ႕စံမင္းသားေလးပါ ဘုရား"

အရွင္မင္းႀကီးမွာ သမားေတာ္ႀကီး၏စကားကို ၾကားလွ်င္ၾကားခ်င္း ေပ်ာ္လြန္း၍ မ်က္ရည္မ်ားပင္က်လာေလသည္။

ထို႔ေနာက္ အေရွ႕အရပ္ဆီမွ ေနမင္းႀကီးကိုၾကည့္ကာ

"ငါဘုရင္မင္းျမတ္ရဲ႕ သားေတာ္ဟာ ဟိုးအေရွ႕အရပ္က ေနမင္းနဲ႕အတူ ကမၻာေျမကို ေပၚထြက္လာတဲ့အတြက္ ေနမင္းလိုပဲ ကမၻာေပၚက လူသားတိုင္းအတြက္ အလင္းေတြေပးစြမ္းမယ့္ မင္းေကာင္းမင္းျမတ္ျဖစ္လာရမယ္ေဟ့"

"အိမ္ေရွ႕စံမင္းသား သက္ေတာ္ရာေက်ာ္ရွည္ပါေစ..
အိမ္ေရွ႕စံမင္းသား သက္ေတာ္ရာေက်ာ္ရွည္ပါေစ..
အိမ္ေရွ႕စံမင္းသား သက္ေတာ္ရာေက်ာ္ရွည္ပါေစ.."

မႉးမတ္မ်ား၏ ေကာင္းခ်ီေပးသံမ်ားျဖင့္ နန္းေတာ္တစ္ခုလုံး အေပ်ာ္ႀကီးေပ်ာ္ေနၾကေလသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

ရွီလာတိုင္းျပည္

အိမ္ေရွ႕စံဖြားျမင္ၿပီး တစ္ပတ္ခန႔္ၾကာေသာ္

ရွီလာတိုင္းျပည္၏ အိမ္ေရွ႕စံမင္းသားငယ္မွာ ရွင္ဘုရင္၏ေျပာစကားအတိုင္း ကမၻာေျမေပၚသို႔ ကံေကာင္းခ်င္းအလင္းတန္းမ်ားကို ယူေဆာင္လာေလသည္။

အိမ္ေရွ႕စံမင္းသားဖြားျမင္ၿပီးေနာက္ ရွီလာတိုင္းျပည္ဟာ ပို၍ပို၍ သာယာဝေျပာလာေလသည္။

မိုးေခါင္ေနသည့္ေဒသမ်ားသည္လည္း မိုးမ်ား႐ြာသြန္းမႈေၾကာင့္ စိုက္ပ်ိဳးေရမ်ားေကာင္းမြန္လာၿပီး ေရရွားပါးေနသည့္ ၿမိဳ႕နယ္မ်ားမွာလည္း ေသာက္သုံးေရတြင္းမ်ား တူေဖာ္၍ရရွိလာေသာေၾကာင့္ တိုင္းသူျပည္သားမ်ား အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ေလသည္။

သို႔ေပမယ့္ မိဖုရားေခါင္ႀကီး၏နန္းေဆာင္ထဲတြင္ေတာ့ ေ႐ႊေရာင္ကုတင္ထက္တြင္ မိဖုရားႀကီးႏွင့္ ရွင္ဘုရင္တို႔သည္ ေ႐ႊျခည္မွ်င္ေလးမ်ားျဖင့္ရက္လုပ္ထားေသာ အႏွီးထုတ္ေလးထဲတြင္ ေအးခ်မ္းစြာအိပ္ေပ်ာ္ေနေသာ သားျဖစ္သူအိမ္ေရွ႕စံမင္းသားေလးကိုၾကည့္ရင္း တစ္ခုခုကိုစိတ္မေကာင္းျဖစ္ေနၾကေလသည္။

"ေတာင္းပန္ပါတယ္ အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးမရဲ႕အျပစ္ေတြပါ ကြၽန္ေတာ္မ်ိဳးမဟာ နိမ့္က်တဲ့သာမန္လူသားတစ္ေယာက္မလို႔ သားေလးဟာ အခုလိုစြမ္းအင္ေတြမရွိဘဲေမြးဖြားလာရတာပါ ကြၽန္ေတာ္မ်ိဳးမကိုအျပစ္ေပးေတာ္မူပါ အရွင္မင္းႀကီး"

မိဖုရားေခါင္ႀကီးဟာ စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ မ်က္ရည္မ်ားက်ေနေလသည္။

ရွင္ဘုရင္ဟာလည္း မိမိ၏ခ်စ္လွစြာေသာ မိဖုရားမွာ ယခုကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္ၿပီးဝမ္းနည္းေနပုံကိုမၾကည့္ရက္ေသာေၾကာင့္ မိဖုရားႀကီး၏လက္ေလးကို ဖြဖြေလးဆုပ္ကိုင္၍ႏွစ္သိမ့္ေပးေလသည္။

"မိဖုရားႀကီး မင္းေၾကာင့္မဟုတ္ပါဘူး ကိုယ့္ကိုယ္ကိုယ္ အခုလိုအျပစ္မတင္ပါနဲ႕~ သားေတာ္ရဲ႕ကံၾကမၼာပဲေပါ့ကြာ အဆိုးထဲကအေကာင္းအေနနဲ႕ သားေတာ္ေလး ေမြးဖြားလာတဲ့အခ်ိန္ကစ တိုင္းျပည္ဟာ အရင္ထက္သာယာဝေျပာၿပီး တိုးတက္လာတာပဲ~ သားေတာ္ ဒီကမၻာေျမေပၚမွာ တည္ရွိေနျခင္းကိုက ေလာကႀကီးအတြက္ အေကာင္းမြန္ဆုံးလက္ေဆာင္ေလးတစ္ခုျဖစ္ေနမွာပါ"

မိဖုရားႀကီးလည္း ခင္ပြန္းျဖစ္သူ၏ႏွစ္သိမ့္စကားၾကားမွသာ ေခါင္းေလးၿငိမ့္ရင္း မ်က္ရည္မ်ားၾကားမွ စိတ္သက္သာရာရသြားဟန္ ၿပဳံးလိုက္ေလသည္။

ထို႔ေနာက္ အႏွီးထုတ္ေလးထဲတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ နီတာရဲေလးကိုၾကည့္ရင္း ပါးေဖာင္းေဖာင္းေလးကိုညင္သာစြာထိ႐ုံကေလး ေမႊးၾကဴလိုက္ေလသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

ရွီလာနန္းေတာ္၏ ေတာင္ဘက္စြန္းစြန္းတြင္ နကၡတ္တာရာနန္းေဆာင္ႀကီး တည္ရွိေလသည္။

ထိုနန္းေဆာင္၏ ထိပ္ဆုံးထပ္သည္ နတ္ဆရာမ်ား ၾကယ္တာရာေတြကို ဖတ္ရႈနိုင္ရန္ ဟင္းလင္ျပင္ကဲ့သို႔ တည္ေဆာက္ေပးထားေလသည္။

ထိုေခါင္းမိုးထပ္တြင္ မ်က္ႏွာေပၚတြင္ ပုဝါပါးေလးတစ္ခုျဖင့္ဖုံးအုပ္ထားၿပီး ခဲေရာင္ဝတ္စုံျပည့္ဝတ္ဆင္ထား၍ နက္ေမွာင္ေသာဆံပင္ရွည္မ်ားကို ေက်ာေပၚတြင္ ဘာမွမစည္းမႏွောင္ဘဲခ်ထားေသာ က်က္သေရရွိအမ်ိဳးသမီးတစ္ေယာက္သည္ ဟိုးေကာင္းကင္ေပၚမွ လင္းလက္ေတာက္ပေနေသာ ၾကယ္ပြင့္ေလးမ်ားကို မမွိတ္မသုန္ စိုက္ၾကည့္ေနေလသည္။

ထိုအခ်ိန္တြင္ ထိုေခါင္မိုးထပ္သို႔ ေနာက္ထပ္လူတစ္ေယာက္ ေရာက္လာၿပီး အမ်ိဳးသမီး၏ေနာက္တြင္ ရပ္ရင္း ေကာင္းကင္ထက္သို႔ ေမာ့ၾကည့္ေနေလသည္။

"အိမ္ေရွ႕စံဟာ ထူးျခားဆန္းၾကယ္တဲ့သူတစ္ေယာက္ပဲ~ အျခားသူေတြလို ကိုယ္ပိုင္စြမ္းအင္ေတြမရွိေပမယ့္ သူ႕ရဲ႕ႏွလုံးအိမ္ထဲမွာ အမည္မသိတဲ့စြမ္းအင္ေလးတစ္ခုကို ခံစားမိေနတယ္~ ၿပီးေတာ့.. ဟိုးေကာင္းကင္ေပၚက အိမ္ေရွ႕စံရဲ႕ၾကယ္တံခြန္ေလး..."

အမ်ိဳးသမီးဟာ ထိုသို႔ေျပာရင္းေကာင္းကင္ထက္သို႔ ၫႊန္ျပလိုက္ေလသည္။ အမ်ိဳးသမီး၏ေနာက္တြင္ရွိေသာ လူသည္လည္း ထိုအမ်ိဳးသမီးၫႊန္ျပရာ ေနရာသို႔ေမာ့ၾကည့္လိုက္ေလရာ မွိတ္တုတ္မွိတ္တုတ္ျဖင့္ လင္းလက္ေနေသာ ၾကယ္ပြင့္ေလးကို ျမင္ေတြ႕လိုက္ရေလသည္။

"အိမ္ေရွ႕စံရဲ႕ ၾကယ္ပြင့္ေလးက ၾကယ္ေတြအားလုံးထဲမွာ အေသးငယ္ဆုံးျဖစ္ေပမယ့္ အလင္းလက္ဆုံးၾကယ္ပြင့္ေလးပဲ"

အမ်ိဳးသမီးဟာ ၾကယ္ပြင့္ေလးကိုၾကည့္ရင္း ၿပဳံးရိပ္မ်ားသန္းေနေသာ္လည္း တစ္စုံတစ္ခုကို စဥ္းစားမိ၍ အၿပဳံးမ်ားေပ်ာက္ကြယ္သြားၿပီး မွိုင္းညို႔သြားေလသည္။

"ဒါေပမယ့္လည္း အဲ့ဒီၾကယ္ေသးေသးေလးက ဒီရက္စက္ယုတ္မာတဲ့ေလာကႀကီးကို ခံနိုင္ရည္ရွိမွာမဟုတ္ဘူး ၾကယ္ေလးေႂကြက်မသြားဖို႔ပဲ ဆုေတာင္းေပးရမွာေပါ့"

"ေလာကႀကီးကို ခံနိုင္ရည္မရွိရင္ ဒီေလာကႀကီးထဲကို ေရာက္မလာသင့္ဘူး"

အမ်ိဳးသမီး၏ ေနာက္တြင္ရွိေသာလူဆီမွ ထြက္လာေသာ စကားသံျဖစ္ေလသည္။ ထိုစကားၾကားေသာအခါ အမ်ိဳးသမီးဟာ ေနာက္သို႔လွည့္ၿပီး ထိုလူကိုၾကည့္လိုက္ေလသည္။

"အေၾကာင္းရွိလို႔ေပါ့ ဒီေလာကႀကီးထဲမွာျဖစ္တည္ေနတဲ့အရာအားလုံးဟာ ရွိသင့္ရွိထိုက္၊ ေရာက္သင့္ေရာက္ထိုက္တဲ့ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ တည္ရွိေန၊ ေရာက္ေနၾကရတာ~ အဲ့ဒီလိုပဲ အိမ္ေရွ႕စံဟာလည္း အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ဒီေလာကအလယ္ကို အားအင္ခ်ည့္နဲ႕စြာ ေရာက္လာခဲ့ရတာေပါ့"

"အဲ့ဒီအေၾကာင္းအရင္းက ဘာပဲျဖစ္ေနပါေစ ငါ့ရဲ႕လမ္းကို မႏွောင့္ယွက္သေ႐ြ႕ လ်စ္လ်ဴရႈထားေပးနိုင္တယ္ ဒါေပမယ့္ ငါ့ရဲ႕လမ္းကိုလာႏွောင့္ယွက္နိုင္တယ္ဆိုရင္ေတာ့ အားလုံးကိုအျမစ္ကမက်န္ဆြဲႏႈတ္ပစ္ဖို႔ ဝန္ေလးေနမွာမဟုတ္ဘူး"

"စိတ္မပူပါနဲ႕ ရွင္စိုးရိမ္ေနတဲ့ကိစၥေတြျဖစ္လာမွာမဟုတ္ပါဘူး သူ႕ရဲ႕ ကံၾကမၼာကို ေကာင္းကင္ကသတ္မွတ္ေပးထားၿပီးသားပါ အမတ္ႀကီး"

ထိုအမ်ိဳးသမီး၏စကားကိုၾကားေသာအခါ အမတ္ႀကီးဆိုသူ၏ မ်က္ႏွာတြင္ ေက်နပ္ေနေသာ ၾကက္သီးထဖြယ္အၿပဳံးႀကီးတစ္ခုေပၚေပါက္လာေလသည္။

အမတ္ႀကီးဆိုသူဟာ အေရွ႕သို႔ေလွ်ာက္သြားၿပီး ထိုအမ်ိဳးသမီးကို သူ႕ဖက္သို႔လွည့္ေစ၍ ထိုအမ်ိဳးသမီး၏ပါးျပင္တစ္ဖက္ကို ပြတ္သတ္လိုက္ၿပီး

"မီရာ ခဏေလးပဲေစာင့္ေနေပး မၾကာခင္မွာ ငါ့ရဲ႕ပထမဇနီးေသဆုံးတာ တစ္ႏွစ္ျပည့္ေတာ့မွာပါ အဲ့ဒီအခ်ိန္က်ရင္ မင္းကို ငါ့ရဲ႕ တရားဝင္ဇနီးအျဖစ္ တင္ျမႇောက္ေပးမွာမလို႔ အဲ့ဒီအခ်ိန္ထိသည္းခံၿပီးေစာင့္ေနေပး ဟုတ္ၿပီလား"

"ေကာင္းပါၿပီ အမတ္ႀကီး ကြၽန္မေစာင့္ေနမွာပါ~ သားေလးကိုလည္း ကိုယ္တိုင္ေထြးေပြ႕ေပးခ်င္ေနၿပီ~ ကိုယ့္သားအရင္းရဲ႕မိေထြးေတာ္ေနရာမွာေနရမွာဆိုေပမယ့္လည္း သားေလးအနားမွာေနရမွာဆိုရင္ပဲ ေက်နပ္ပါၿပီ"

ထိုအမ်ိဳးသမီး၏အၿပဳံးႏုႏုကို ပုဝါပါးေလးေအာက္မွ အတိုင္းသားျမင္ေနရေလသည္။

ထို႔ေနာက္ အမတ္ႀကီးလည္း ေအာက္ထပ္သို႔ျပန္ဆင္းသြားေလသည္။

အမ်ိဳးသမီးသည္လည္း ေကာင္းကင္ေပၚသို႔ တစ္ခ်က္ေမာ့ၾကည့္ၿပီး ေခါင္းမိုးထပ္ဆီမွထြက္ခြာသြားေလသည္။ ထိုအမ်ိဳးသမီးမွာ နကၡတ္တာရာဌာနရဲ႕ေခါင္းေဆာင္အမ်ိဳးသမီးပင္ျဖစ္ေလသည္။

သူတို႔ႏွစ္ေယာက္ထြက္သြားသည့္အခ်ိန္တြင္ ေကာင္းကင္ေပၚရွိ အိမ္ေရွ႕စံ၏ၾကယ္ပြင့္ေလးေဘးတြင္ ေနာက္ထပ္ၾကယ္ပြင့္ေလးတစ္ခု လင္းလက္လာေလသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲ ဟဲ Heejakehoonပါလို႔~ သာသာကHeejakehoonသုံးပြင့္ဆိုင္ဆိုရင္ အရမ္းသေဘာက်တာ~ တျခားသူေရးတာေတြဖတ္ရတာတင္အားမရလို႔ ကိုယ္တိုင္လည္းေရးလိုက္ၿပီ~

သာမန္ficမဟုတ္ဘဲ ေရွးေခတ္စြမ္းအားရွင္ပုံစံဆိုေတာ့ နည္းနည္းေတာ့အခက္အခဲေလးေတြရွိေပမယ့္ updateကိုေတာ့ အတတ္နိုင္ဆုံး ျမန္ျမန္ေလးလုပ္ေပးပါ့မယ္~ ေရးလက္စတစ္ပုဒ္လည္းရွိေသးေတာ့ ေသခ်ာေတာ့ ကတိမေပးရဲေသးဘူး~ ဘာပဲျဖစ္ျဖစ္အားေပးၾကပါဦးေနာ္

ကဲ အိမ္ေရွ႕စံကဘယ္သူျဖစ္မလဲ~

Continue Reading

You'll Also Like

571K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
70.6K 18.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
81.9K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
172K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."