ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

De LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ Mais

Start To (U+Z)
Description
EP1(U+Z)
EP2(U)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP31(U&Z)

1.8K 281 10
De LazyFlower555

.[ U ] ❤

လုကျိုးကဆံပင်အတုကိုတပ်ဆင်ထားပြီး
ဝတ်စုံအားဝတ်ဆင်ထားတယ်၊ ရှောင်ရီ
တစ်ယောက် အနောက်ဘက်တွင်ရပ်နေ
လျက် အရူးအမူးဆန်သည့် အကြည့်ဖြင့်
ကြည့်နေမိတယ်။

လုကျိုး : " မင်းသရေတွေ ငါ့ခေါင်းပေါ်
ကျတော့မယ်"

လုကျိုး စကားကြောင့်အဝတ်လဲခန်းထဲမှာ
ရှိသူတိုင်း ထရယ်လာကြတယ်၊ ရှောင်ရီ သူ့အိတ်ကပ်ထဲမှ ပီကေလေးတစ်ခု ထုတ်ယူပြီး လုကျိုးထံသို့ ကမ်းပေးလာတယ်၊လုကျိုး
က ခြေတစ်ဖက်တင်ထားလျက် မှန်ထဲမှ
သူ့ပုံစံကို ကြည့်ရင်း သူ့မျက်ဝန်းထဲ၌အထိီးကျန်သည့် အရိပ်အယောင်တွေဖြစ်တည်လျက် ရှိနေတယ်။

လီချမ်းကျန်းက လုကျိုးအနောက်တွင်ထိုင်နေပြီး မိတ်ကပ်လိမ်းနေရင်း မျက်လုံးတွေကပါ ပြုံးယောင်သမ်းနေလျက် မှန်ထဲမှလုကျိုးအား ကြည့်နေတယ်။

" နှစ်တွေ အများကြီးကြာမှ ..."

လီချမ်းကျန်း ပြုံးပြရင်း,

" စီနီယာအစ်ကို နဲ့ ရုပ်ရှင်တစ်ခုထဲရိုက်ဖြစ်တာ ဒါကပထမဆုံးအကြိမ်ပဲ"

ချက်ခြင်းပင် အဝတ်လဲခန်း တစ်ခုလုံး တိတ်ဆိတ်သွားတယ်၊ လုကျိုးက အပြုံး
တစ်ခုပေးလာရင်း,

" ငါတို့ နှစ်ယောက်က တစ်နှစ်တည်း ပွဲဦးထွက်တာပဲ,ငါ့ကို စီနီယာလို့ခေါ်စရာမလိုဘူး"

လီချမ်းကျန်းက လုကျိုး ထက်အနည်းငယ်
ငယ်ပုံရတယ်၊လုကျိုးက ကာယလေ့ကျင့်ခန်းတွေကို လွန်ခဲ့သည့် နှစ်နှစ်အတွင်း အပြင်း
အထန် ပြုလုပ်ပြီးနောက်၎င်း၏ လေ့လာ လိုက်စားမှုအရ လီချမ်းကျန်းထက်အသက်ပိုကြီး သယောင်ထင်ရစေတယ်၊လီချမ်းကျန်းကလည်းသူ့ကို အမြဲတစေကောလို့ခေါ်လေ့ရှိတယ်၊

လုကျိုး :" နောင်အနာဂတ်မှာမင်းကတောင်
ငါ့ကို လမ်းညွန်ပေးရဦးမှာ"

"အဲ့လောက်လည်း မဟုတ်ပါဘူး"

လီချမ်းကျန်းက အလျင်အမြန် ပြန်ပြောလာတယ်၊

နှစ်ယောက်စလုံးထံမှစကားသံတို့ တိတ်ဆိတ်သွားပြန်တယ်၊ အဝတ်လဲခန်းတစ်ခုတည်းမှာပဲ ရုပ်ရှင် နှင့် ထုတ်လွှင့်မှုဆိုင်ရာ အကျော်အ မော် နှစ်ဦး ထိပ်တိုက်ဆုံနေကြသည်မို့
ရှောင်ရီ တစ်ယောက် တုန်လှုပ်ချောက်ခြားမှုကိုပင် မရပ်တန့်နိုင်ဘူး၊ ယခင်တခေါက်လို
ရုန်းရင်း ဆန်ခတ်မှုမျိုး ထပ်ဖြစ်မလာဘူးလို့လည်း မပြောနိုင်ဘူး။

ခုဇာတ်လမ်းတွဲက ဒီနှစ်ပိုင်းတွေအတွင်း
စောင့်ကြည့်မှုခံရဆုံး ပရောဂျက်တစ်ခုလည်း ဖြစ်နေတယ်။

လုကျိုး : " ငါက အသက်ကြီး နေပြီ...မင်းရဲ့ အောင်မြင်မှုကိုသာ မင်းဆက်ထိန်းထား"

လီချမ်းကျန်း : " ကျွန်တော်လည်း အသက်ကြီးနေပြီ, တစ်ညလေးတောင်
အိပ်ရေး ပျက်ပြီး မနေနိုင်ဘူး, ကျွန်တော့်မှာ ကောလို ဂရုစိုက်ပေးမဲ့ သူလည်း မရှိဘူး,
ကောက တော့ ဟိုတုန်းက အသက်20အရွယ်နဲ့ အခုနဲ့က အတူတူလိုပဲ"

လုကျိုး ကူကယ်ရာမဲ့စွာပြုံးမိတယ်,

" ငါ အသက်ကြီးပြီ.....ဝူဟန်းကု"

ဝူဟန်းကုက ချက်ခြင်း ပြန်တုံ့ပြန်တယ်,

လုကျိုး : " မင်း လီချမ်းကျန်း နောက်ကို
လိုက်တဲ့အချိန် သူ့ဆီက ပညာယူဖို့ မမေ့နဲ့,
သူက မျက်လုံးအကြည့်တွေနဲ့လည်းစကား
ပြောနိုင်တယ်"

လူတိုင်းက လုကျိုးစကားကြောင့်ရယ်မောလာကြပြီး လုကျိုးလည်း ပဲ ပြုံးယောင်သမ်းနေလျက် တဖက်မှန်ထဲမှ လီချမ်းကျန်းကို
လှမ်းကြည့်လိုက်တယ်။မိတ်ကပ်ပညာရှင်
က အသံတိုးတိုးဖြင့် ပြောလာတယ်,

" လုလောင်ရှီး, ဒါရိုက်တာလာတယ်"

လုကျိုး ထိုင်ရာကနေထလိုက်ပြီး
ဒါရိုက်တာနဲ့ စကားပြောဖို့ သွားလိုက်
တယ်၊ထိုဒါရိုက်တာက မရေမတွက်နိုင်
သောကိုယ်ခံပညာဆိုင်ရာဇာတ်ကားတွေ
ကိုကြီးကြပ်ရိုက်ကူးခဲ့သူဖြစ်ပြီး နိုင်ငံတွင်း
ရှိထိပ်တန်း ဒါရိုက်တာများထဲမှ တစ်ဦး
ဖြစ်တယ်၊ဒူးမိုင်, လီယဲ့အစရှိသည့်ကုမ္ပဏီ
နှစ်ခု၏သူဌေးတွေနဲ့ မန်နေဂျာတွေလည်း
လာကြတယ်၊လုကျိုးက လက်တွင်ဓားတစ်ချောင်းကို ကိုင်ထားပြီး ကန့်လန့်ကာရှေ့တွင်
လူဆိုးတစ်ဦးပမာရပ်နေတယ်၊ရှောင်ရီ၊
ယူလာပေးတဲ့ ကန်တော့ပုံစံဦးထုပ်
(ခမောက်ပုံစံ)ကိုဆောင်းထားလျက်ဆိုးသွမ်းသော လူတစ်ဦးရဲ့ မကောင်းဆိုးဝါးဆန်သော အပြုံးကို ထုတ်ဖော်လိုက်တယ်။

"မိုက်တယ်!"

ဒါရိုက်တာက ချက်ခြင်း ပြောလာတယ်,

" မြေလျှိုးကြွက်အနေနဲ့ဘယ်လိုခံစားချက်မျိုးထည့်ရမယ်လို့ မင်းထင်လဲ?"

လူတိုင်းကတော့ သူ့ပုံစံကို အရမ်းမိုက်တယ်လို့ ထင်ကြတယ်၊ လုကျိုးက ဓားအား ဓားအိမ်မှ ဆွဲထုတ်ပြီး မျက်လုံးတို့က
ပျင်းရိလေးတွဲ့စွာရှိနေသော်လည်းရယ်ရွှင်
ဖွယ်ရာ ယုတ္တိမတန်သည့် အချို့သောအတွေးတို့နှင့် ပြည့်နှက်လျက်ရှိနေပုံရတယ်။

ရှောင်ရီကတော့ လုကျိုးရဲ့ ပုံစံကို အတိအကျကြည့်ရင်း ရယ်နေတယ်။

ဓာတ်ပုံ အနေဖြင့်အားစတင်ရိုက်ကူးတယ်...
တလှည့်ပြီးနောက်လုကျိုးက ညလှုပ်ရှားမှုဝတ်စုံအား  ပြောင်းလိုက်ရတယ်၊မြေလျှိုးကြွက်၏အနက်ရောင်ညဝတ်စုံကအလွန်ပင် တိကျသပ်ရပ်စွာရှိနေလျက် နတ်ဆိုး၏ ရက်စက်သော အရှိန် အဝါနှင့်အတူလက်တစ်ဖက်တွင်ကန့်လန့်စင်းတစ်ခုပါရှိပြီးထို လက်တစ်ဖက်မှာဘဲနဂါးရုပ်ကြီးတစ်ခုနေရာယူထားလျက်ရှိနေတယ်။

လီချမ်းကျန်းကလည်း ကြက်သွေးရောင် ကိုယ်ရံတော်ဝတ်စုံဖြင့် ဦးထုပ်အနက်ရောင်မှကြိုးရှည်နှစ်ဖက်ချထားလျက်ဓားရှည်
တစ်လက်အား ကိုင်ဆောင်ထားရင်း,

" ပိုင်ကော, ခင်ဗျားနာမည်ကိုကြားဖူးတာတော့ ကြာပြီ"

ထို အနေအထားကလူတိုင်းအားအံ့သြမှင်သက်စေတယ်၊ တော်ဝင်ကြောင်ကျန်ကျောင်းရဲ့ အမူအရာနှင့် ဝတ်ဆင်ထားတဲ့ဝတ်ရုံကလေထဲ၌ ဝေ့ဝဲနေတယ်၊ စုန့်မင်းဆက်၏ သူရဲကောင်းနှစ်ယောက်ရဲ့ပုံသဏ္ဌာန်အားပေါ်လွင်စေတယ်၊လီချမ်းကျန်းကလုကျိုး
ရဲ့ ပခုံးဆီသို့လက်လှမ်းလိုက်သော်လည်း
လုကျိုးဘက်မှလျင်မြန်စွာတုံ့ပြန်မှု ပြုခဲ့ပြီးရှောင်တိမ်းလိုက်ရာလီချမ်းကျန်းတစ်ယောက်လဲကျလုနီးပါး ဖြစ်ခဲ့ရတယ်၊
လူတိုင်းက ရယ်မောနေကြသည့်တိုင်
လီချမ်းကျန်းမျက်နှာမကောင်းတာကို
ရှောင်ရီ တွေ့ နေရတယ်။

လုကျိုးက လီချမ်းကျန်းအားမတ်တပ်ပြန်
ရပ်နိုင်ဖို့ လီချမ်းကျန်း လက်အား သူ့ပခုံး
ပေါ်တင်ကာ ပျင်းရိစွာဖြင့် တွဲထူလိုက်တယ်၊
လီချမ်းကျန်းက ပြုံးလျက်သူ့လက်အား
လုကျိုးပခုံးပေါ်တင်ပြီး အခြားလက်တစ်
ဖက်က ဓားအိမ်အား ကိုင်ထားတယ်၊ထိုပုံစံ
ဖြင့်လည်း လီချမ်းကျန်းကလုကျိုးနှင့်ဘေး တိုက်အနေအထားဖြင့်ဓာတ်ပုံရိုက်လိုက်သေးတယ်။

ဝတ်စုံပြည့်ဖြင့် ဓာတ်ပုံရိုက်ကူးမှုများက ပြီးစီးသွားတယ်၊ရိုက်ကူးပြီးနောက်ရှောင်ရီက
ဓာတ်ပုံတည်းဖြတ်နေသော လက်ထောက်အနီးသို့ သွားကာကြည့်နေချိန် ဒူးမိုင်နဲ့ လီယဲ့တို့က နေ့လည်ပိုင်း အလုပ်ကိစ္စတွေကို ဆွေးနွေးနေကြပြီး လုကျိုးနှင့် လီချမ်းကျန်းတို့ရဲ့ ပထမဆုံးရိုက်ကူးရေး အားစတင်လိုက်ကြတယ်။

အပြင်ပန်းအရကြည့်မယ်ဆိုပါက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက လိုက်လျော
ညီထွေ ရှိပုံရတယ်၊လုကျိုးနဲ့ လီချမ်းကျန်း
တို့က လက်ရှိအနေအထားအရ အပြန်အလှန် ပြောဆိုရယ်မော နေကြပေမဲ့ လီချမ်းကျန်း
အပေါ် နွေးထွေးမှု ကင်းမဲ့နေတဲ့လုကျိုးရဲ့
အနေအထားကို ရှောင်ရီ ခံစားမိနေတယ်၊
လီချမ်းကျန်းရဲ့ အနေအထားကဒီတိုင်းပုံမှန်ဟုတ်မဟုတ် ဆိုတာကို ရှောင်ရီမသိဘူး။

အကယ်၍များလုကျိုးကသာတစ်စုံတစ်ဦး
ကို နှစ်သက်ပြီး ထိုသူနှင့်ပိုမိုရင်းနှီးစေရန်အစပျိုးလုပ်ဆောင်လိမ့်မယ်၊လုကျိုးဘယ်သူနဲ့ စကားပြောနေပါစေ ရှောင်ရီ မျက်လုံးတွေ လုကျိုးနားမှာပဲ ရှိနေတယ်၊လီချမ်းကျန်းအားစိတ်မဝင်စား တာကိုတော့ သိသာနေတယ်၊တခါတလေ လုကျိုး မျက်လုံးတွေက
ရှောင်ရီကို ရှာဖွေနေတတ်တယ်,တခါတရံ
ရိုက်ကူးရေးရဲ့ ဆက်တင်ပိုင်းတွေကိုစစ်ဆေး နေတတ်တယ်။

ရင်းနှီးသူတွေနဲ့ဆိုပါကအမြဲတမ်းပွင့်ပွင့်
လင်းလင်း ပြောဆိုနေတတ်ပြီးတခါတရံ
စနောက်တာတွေကိုတောင်လုပ်တတ်သေးတယ်၊ ဒါပေမဲ့ လီချမ်းကျန်းနဲ့ ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်တဲ့အခါ လုကျိုးက
အတော်လေး ထိန်းချုပ်ကာတည်ငြိမ်နေ
တတ်တယ်။

လီချမ်းကျန်းအားလုကျိုး သဘောမကျတာကို ရှောင်ရီ ခံစားမိနေတယ်၊ သို့ပေမဲ့ ဒါက
သူ့အတွေးသက်သက်လား?ကျန်းရှောင်ကုံး, 
လဲ့မင်နဲ့ အခြားသူတွေလည်း အကယ်ဒမီရ
ဇာတ်ဆောင်တွေ ဖြစ်ကြပေမဲ့ သူတို့နဲ့တော့
မကြာခဏ တွေ့ဆုံလေ့ရှိတယ်။

" အကြောင်းပြချက်မလိုဘူး"

လုကျိုး ပြန်ဖြေတယ်,

" ငါတို့ရဲ့ ဂုဏ်သိက္ခာအတွက်"

လုကျိုးနဲ့ လီကျန်းချမ်းတို့ ပထမဆုံး အခန်း
အဖွင့်စတင်ရိုက်ကူးပြီးတဲ့အခါ ဒီနေ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို ပြန်ကြည့်တယ်၊ဒူးမိုင်နဲ့ ကုမ္ပဏီဘက်မှ ဝူဟန်းကုရဲ့ ဓာတ်ပုံတွေကိုသာတင်ထားတာကို တွေ့ရတယ်၊ သူတို့နှစ်ဦးကြောင့် ဖြစ်ပေါ်လာတဲ့လက်ကျန်အရှိန်လေးကို အသုံးပြုလိုခြင်း ကထင်ရှားတယ်။

လီချမ်းကျန်းက ရေပုလင်းကိုဖွင့်ပြီး
သူ့ထိုင်ခုံဆီသို့ ပြန်လာထိုင်တယ်၊ခုံအား
သူ့လက်ထောက်က နောက်သို့ ဆွဲယူပေး
လာတယ်၊ လုကျိုးက သူ့ဖုန်းကိုဘေး
သို့ချပြီး ပြောလိုက်တယ်,

" လာ..သွားစို့..ချမ်းကျန်း ရိုက်ရတော့မယ်"

လုကျိုးက လီချမ်းကျန်းအား ဒါရိုက်တာဆီသွားဖို့ ခေါ်သွားခဲ့ပြီး ပထမဆုံးဇာတ်ဝင်ခန်း
ကိုဆက်လက်ရိုက်ကူးကြရာပထမဆုံးအခန်းက လမ်းထောင့် တစ်နေရာမှာဖြစ်တယ်၊ ဒါရိုက်တာက စတင်ဖို့ရာ အချက်ပြတယ်။

လေပွေအလား လီချမ်းကျန်း တစ်ယောက်
လမ်းကြားထဲက ထွက်လာပြီး ချက်ခြင်းသူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်၊ကင်မရာကလည်း လမ်းအဝင်ဝရှိလက်ဖက်ရည်ဆိုင်ရှိရာသို့ ရွေ့သွားတယ်။

လုကျိုးက လက်ဖက်ရည်ဆိုင်အား ပျင်းရိစွာမှီလျက် ရှိနေရာမှ ဓားကိုင်ထားသည့်သူ့ဘယ်ဖက်လက်က အနောက်ဖက်သို့ ရွေ့လျားသွားချိန် ဓားဖျားလေးကလီချမ်းကျန်းရဲ့ လည်ချောင်းရှေ့သို့တိုက်ရိုက်ပင်ကျရောက်သွားတယ်။

လီချမ်းကျန်း က ခေါင်းကို အနည်းငယ်မော့ လိုက်ပြီး မျက်လုံးတွေက ဓားရဲ့ လှုပ်ရှားမှုအတိုင်း ညာဘက်သို့ ရွေ့လျားလိုက်တယ်၊
ထို့နောက် ခမောက်ဆောင်းထားတဲ့ လုကျိုးအား တချက်ကြည့်လိုက်တယ်။

လုကျိုးကတော့ လီချမ်းကျန်းကို မကြည့်ဘဲ
မြေပြင်ကို သာတစိုက်မတ်မတ် ကြည့်နေတယ်၊ထို့နောက် နှုတ်ခမ်းထောင့်လေးတွေအနည်းငယ် ရွဲ့စောင်းသွားတယ်။

လုကျိုး ဓားကို ပြန်ရုတ်သိမ်းကာ ခပ်မတ်မတ်ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ
စကားဆိုတယ်၊

" မင်းရဲ့ အရှင်ပေါင်လူကြီးမင်းကိုပြန်ပေး
ဆွဲလိုက်မှဆိုးဝါးနေတဲ့ အခြေအနေတွေကို
ရပ်တန့်နိုင်မှာ"

" အမှားနဲ့ အမှန်ကိုတချိန်ချိန်ကျသိလာကြ
လိမ့်မယ်"

လီချမ်းကျန်းကခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလာတယ်၊

" မတရားမှုက မတရားမှုဘဲ, ဆယ်နှစ်,
နှစ်နှစ်ဆယ်, နှစ်တစ်ရာတိုင်အောင်
မတရားမှုတွေက ရှိနေဦးမှာပဲ, မှားယွင်း
တဲ့ တရားစီရင်ချက်တွေလည်းရှိနေဦးမယ်, ဒါပေမဲ့ အဲ့ဒီမတရားမှုတွေ ချုပ်ငြိမ်းမဲ့နေ့
ရယ်လို့တော့ရှိလာဦးမှာပါ"

" အနှစ်တစ်ရာအတွက်တရားမျှတမှုက မှန်ကန်တဲ့ စီရင်ချက်တစ်ခုလို့ မင်းတို့လိုအစိုးရရုံးကကောင်တွေဘဲ ပြောကြတာမဟုတ်ဘူးလား?အနှစ်လေးဆယ် ကျော်ခဲ့
ပြီ, ပါဝင်ပတ်သက်ခဲ့သူတိုင်းလည်းအကုန်သေကုန်ကြပြီ,သက်သေတွေလည်းအကုန်တိမ်မြုပ်ကုန်ပြီ,မင်းက ဘာလိုချင်သေး
တာလဲ?"

လီချမ်းကျန်းက လမ်းအပြင်ဘက်ကို
တချက်လှမ်းကြည့်လိုက်တယ်၊

" သက်သေတွေက အောက်ခြေထိ လုံးလုံး
နစ်မြုပ်သွားပေမဲ့ ပေါင်တရားသူကြီးမင်း
ရှိနေသေးသရွေ့တရားမျှတမှုဆိုတာက ကျိန်းသေပေါ်ထွက်မှာပဲ, ဒီအမှုကို စုံစမ်းရမယ်, ပိုင်ကောရဲ့စေတနာကို ကျန်ကျောင်း
သိပါတယ်, ကျေးဇူးပြုပြီး...."

လုကျိုး ထပ်မံ၍ ပြုံးပြလိုက်တယ်၊လီချမ်းကျန်းကသူ့ကို ထားခဲ့လိုက်တယ်၊

" ခဏလေး!"

လီချမ်းကျန်း လှည့်ကြည့်လိုက်ရာ
လုကျိုးက သူ့ရဲ့ ခမောက်ချွန်ကိုမလိုက်ချိန်
သူတို့နှစ်ယောက်အကြည့်ချင်း ဆုံမိကြတယ်၊

ရှောင်ရီ ထိုအခိုက်အတန့် အလွန်အံ့သြနေမိတယ်၊

ဒါရိုက်တာ: "ကဒ်"

ဘာကြီးကဒ်!ရှောင်ရီ ဒေါသထွက်သွားတယ်, ဆက်သရုပ်ဆောင်ခိုင်းရမှာလေ!အဲ့ဒီလို မြင်ကွင်းက နတ်ဘုရားနှစ်ပါးရဲ့ တကယ့်
ထိပ်တိုက်တွေ့ဆုံတဲ့ အခြေအနေကို..အားးးး!

ပစ္စည်းခင်းကျင်း ပြင်ဆင်ရေး အဖွဲ့က
နောက်တစ်ခန်း အတွက် ခင်းကျင်း
ပြင်ဆင်ကြတယ်၊လုကျိုး ရေသောက်ဖို့
ပြန်လာစဥ် ရှောင်ရီ က,

" ကော..ကောတို့ ..ကောတို့ နှစ်ယောက်လုံး
အရမ်းတော်တာပဲ!"

လုကျိုး မျက်နှာက ချက်ခြင်း ပြောင်းလဲ
သွားတယ်,

"နှစ်ယောက်လုံး?"

"ကော!   ...ကော!"

ရှောင်ရီ ချက်ခြင်း စကားပြင်လိုက်ရတယ်၊

လုကျိုး ဝမ်းနည်းညိုးငယ်စွာဖြင့် တဖက်သို့
လှည့်သွားတယ်။

လုကျိုးနဲ့ လီချမ်းကျန်း တို့ ရဲ့ သရုပ်ဆောင်ချက်က ထိထိမိမိရှိနေပေမဲ့ တခါတရံလုကျိုး
ဘာကြောင့် မျက်နှာညိုးနေလဲ ဆိုတာကို
ရှောင်ရီ မသိဘူး၊၊တခါတရံ သရုပ်ဆောင်ပိုင်းတွင်လည်း လုကျိုးနောက်သို့ ရှောင်ရီ လိုက်ခဲ့သည့်ရိုက်ကွင်းများတွင် တဖက်သရုပ်ဆောင်က လုကျိုးနှင့် တန်းတူ သရုပ်မဆောင်နိုင်ကြဘဲ ရှိကြရာမှ ထိုလူတွေထဲဝူဟန်းကုက အကောင်းဆုံး သရုပ်ဆောင်နိုင်သူလည်းဖြစ်လာတယ်၊ဒါပေမဲ့ သူက လုကျိုးနဲ့ဆို
ပါက ဇာတ်ပို့နေရာမှာသာရှိတယ်။

လုကျိုးနဲ့ လီချမ်းကျန်းတို့ တကြိမ်ပဲအတူ  သရုပ်ဆောင် ကြရုံရှိသေး...အဲ့ဒီလို ပရောပရည် ဆိုတာကြီးက...မဟုတ်သေးဘူး၊
သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်ရှိနေကြပြီး
နှစ်ယောက်လုံးက ဓားမြှောင်ဦးရဲ့ တဖက်ဆီရှိနေကြပေမဲ့ သူတို့ ရဲ့ သရုပ်ဆောင်မှုကိုတော့ အပြည့်အဝ ခံစားမိစေတယ်။

သူတွေးနေတုန်းမှာပဲ ဒုတိယမြောက်အခန်းကို စတင်ရိုက်ကူးခဲ့တယ်၊လီချမ်းကျန်းနဲ့ လုကျိုးတို့က လက်ဖက်ရည်ဆိုင်ထဲရှိ စားပွဲတစ်ခုတွင် ထိုင်ကြတယ်။

"ဟေး...ရှောင်အာ့?"

လီချမ်းကျန်း မျက်မှောင်ကြုတ်လိုက်တယ်၊

လုကျိုးက ခြေထောက်တဖက်တင်ကာခွေးခြေခုံပေါ်တွင်ထိုင်ပြီး လက်ပိုက်ရင်း
ပြောလာတယ်,

" အဲ့ဒီလူရဲ့ ဘိုးဘေးတွေက လော့ဟယ်မှာ နေကြပြီး အပ်ချုပ်လုပ်ငန်း လုပ်ကိုင်ကြတယ်, မိသားစုကတော့ ကိုင်ဖန်း ကိုနှစ်အတော်ကြာပြီပြောင်းသွားကြတယ်၊
တကယ်လို့ မင်းသိချင်တယ်ဆိုရင်,ဘာလို့ ဆက်မစုံမစမ်းတာလဲ ? အကျိုးရှိမရှိဆိုတာတော့ ဘယ်သူမှ ဧကန်ပြောမရဘူးလေ"

ပြောပြီးပြီးချင်းမှာပဲလုကျိုးရဲ့ခွေးခြေခုံ
လေးက ချော်ပြီး ခြေလက်လေးချောင်းလုံးက ကောင်းကင်ကို မျှော်လျက် ကြမ်းပြင်ပေါ် ပြုတ်ကျကာခွက်လေးပင်အဆစ်ပါသွားတယ်၊

ကြည့်နေသူအားလုံးက ထရယ်လာကြတယ်၊

လီချမ်းကျန်းက ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်တယ်,

" ကျေးဇူးတင်ပါတယ်"

လီချမ်းကျန်း မတ်တပ်ထရပ်ပြီး အဝေးသို့
ထွက်သွားတယ်၊ ဒါရိုက်တာက ကဒ်ဟု ထအော်တယ်၊ လုကျိုးထ ထိုင်ပြီး သူ့တင်ပါးကို
လက်ဖြင့်ပုတ်လိုက်တယ်၊ ရှောင်ရီ ကတော့
အသက်ထွက်မတတ်ရယ်မော နေတယ်၊

ရှောင်ရီ: " ဒါက ဇာတ်ညွန်းထဲမှာ မပါပါဘူး"

"မတော်တဆ ပြုတ်ကျတာ"

လုကျိုးက ဒါရိုက်တာဘက်ကိုလှမ်းမေး
လိုက်တယ်၊

" ဒါရိုက်တာချီ, အဆင်ပြေလား?"

"အရမ်းကောင်းတယ်!"

ဒါရိုက်တာ ကလုကျိုးထံသို့လက်မထောင်ပြတယ်။

နောက်တစ်ခန်းကတော့ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတစ်ယောက်ဆိုင်ထဲသို့ဝင်သွားတဲ့ မြင်ကွင်း တစ်ခုပါ၊ ကိုယ်ခံပညာရပ်ဆိုင်ရာ
နည်းပြဆရာက ပြုလုပ်ရမယ့် ပုံစံတွေကို
ရှင်းပြတယ်၊ လီချမ်းကျန်းနဲ့လုကျိုးတို့
အကြိမ် အနည်းငယ်မျှလေ့ကျင့်ပြီး အဆင်ပြေမှ ရိုက်ကူးရေးကို စတင်ကြတယ်၊
ပစ္စည်းထောက်ပံ့ရေး အဖွဲ့က အပြင်ဘက်၌
လေအိတ်များကို တပ်ဆင်ထားကြတယ်။

အမျိုးသမီးဇာတ်ဆောင် ဝင်လာပြီ၊ သူမရဲ့
သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကောင်းတယ်၊ အနက်ရောင်မျက်နှာဖုံးစွပ်
အမျိုးသားနှင့် အတူ ပြေးဝင်လာပြီး
လုကျိုးက ချက်ခြင်း ထအော်တယ်၊

" မင်း အရင်သွားနှင့်!"

"ပိုင်ယွီထန်!"

အမျိုးသမီး သရုပ်ဆောင်က အော်တယ်၊
အတွင်းဘက်ဆီမှ လေသံတိုးတိုးလေးတွေ
ကို ကြားနေရပြီး လုကျိုးက အမျိုးသမီး ဇာတ်ဆောင်အား ကာကွယ်ဟန်ပြုကာ
သူမအား ထွက်ပြေးလွတ်မြောက်စေတယ်၊
ဒါပေမဲ့ အမျိုးသမီးသရုပ်ဆောင်က အော်ဟစ်ပြောလာပြန်တယ်,

" မဟုတ်တာတွေ မပြောနဲ့!.ကျွန်မရှင့်ကို
မထားခဲ့နိုင်ဘူး!"

အမျိုးသမီး သရုပ်ဆောင်က ခွေးခြေကို
ကိုင်မြှောက်ကာမျက်နှာဖုံးစွပ်ထားသည့်အမျိုးသားဆီသို့ အမြန် ပြေးသွားတယ်။

ကြည့်နေကြသူများ :"......."

လုကျိုးက ကျယ်လောင်စွာချောင်းဆိုး နေပြီး
စားပွဲခုံအား လှန်ချလိုက်ချိန် လီချမ်းကျန်းက အလျင်အမြန် အမျိုးသမီးငယ်အား အပြင်သို့ ဆွဲထုတ်သွားတယ်၊ အမျိုးသမီးဇာတ်ဆောင်က မျက်ရည်များပြည့်နေလျက် ကျယ်လောင်စွာချောင်းဆိုးပြီးနောက် လီချမ်းကျန်းအား
အထဲတွင်ကျန်ရစ်ခဲ့သည့်လုကျိုးအား ကယ်ပေးပါရန် တောင်းပန်နေတယ်၊လုကျိုး ဘာမှလည်း မမြင်နိုင်တော့ဘဲ လေသံတွေကိုသာကြားနေရလျက် တိုက်ခိုက်နေဆဲပဲ၊အချိန်တခဏလေးအတွင်း လီချမ်းကျန်းက လည်း
အပြင်ဘက်သို့ ပျံသန်းလာရင်း လေအိတ်ပေါ်သို့ လဲကျသွားတယ်။

လုကျိုး ယိုင်နဲ့စွာအပြင်ထွက်လာချိန်
အမျိုးသမီးဇာတ်ဆောင်က ချက်ခြင်းပဲ
သူ့ကို ပြေးဖက်တယ်၊လီချမ်းကျန်းကလည်း
သူတို့ဆီသို့ အမြန်ပြေးလာပြီး လုကျိုးကိုပါ
ကူမကာ ထွက်ပြေးလာကြတယ်။

သုံးခန်း စလုံး တပြိုင်နက်ထဲ ရိုက်ကူးခဲ့ပြီး
အလွန်ပင် ပညာသားပြည့်ဝသော ရိုက်ချက်များဖြင့် ရိုးရှင်းစွာ ပြီးမြောက်ခဲ့တယ်၊ အချိန်ရှိသေးတာမို့ ဒါရိုက်တာက နေ့လည်တွင် နောက်ထပ်တစ်ခန်းရိုက်ဖို့ရာစီစဥ်တယ်၊စီမံခန့်ခွဲရေးမှုးက လမ်းထဲမှာပဲ ရိုက်ကူးရေး
ကို စီစဥ်ရန် ထွက်သွားတယ်၊လုကျိုးနဲ့
လီချမ်းကျန်းတို့က တိုက်ခိုက်ရေးဇာတ်
ကွက်တွေကို ထပ်မံရိုက်ကူးရဦးမယ်။

ညဘက်ထိ ချင်းမင် ဧရိယာမှာပဲရှိနေကြသေးတယ်။

မြစ်ကမ်းနံဘေးတွင်မီးများထွန်းညှိထားတယ်၊လီချမ်းကျန်း က ညနေခင်း ရိုက်ကွင်းအတွက် ဝတ်စုံဝတ်ကာ သစ်ပင်အောက်တွင် မတ်တပ်ရပ်နေတယ်။လုကျိုးကသစ်ကိုင်း တစ်ကိုင်းပေါ် တက်ကာ လီချမ်းကျန်းကို
စနောက်နေပုံ ဖြစ်တယ်။

"တောင်ပိုင်း သူရဲကောင်း ကျန်းကျောင်းမှာလည်း သနားစရာအခိုက်အတန့်လေးရှိတာပဲ"

လုကျိုးက လီချမ်းကျန်းခေါင်းပေါ်သို့
သစ်ရွက်တစ်ရွက်ကိုချွေချပေးလိုက်တယ်။

" ကျွန်တော့် အသက်17နှစ်ထဲက
ရာဇဝတ်ခုံရုံးမှာလုပ်ခဲ့တာ ..အသက်
21နှစ်ရောက်တော့ ပေါင်တရားသူကြီး
မင်းရဲ့ နောက်ကို လိုက်ခဲ့တယ်၊အခုဆို
11နှစ်ကျော်ရှိပြီမို့ အမှားအမှန် ကိုလည်း ဝေဖန်ပိုင်းခြားနိုင်တယ်..."

လီချမ်းကျန်း က ရေထဲမှလှိုင်းကြက်ခွပ်လေးတွေကို ကြည့်ပြီးထပ်ပြောလာတယ်၊

" ဒါပေမဲ့ အမှုက ပိတ်ပြီးဖြစ်နေတယ်,
ဘယ်ဟာအမှားအမှန်ဆိုတာကို ချက်ခြင်း
မသိနိုင်ဘူး"

လုကျိုး :"ခုန်ချလိုက်တော့...မြစ်ထဲသာခုန်ချပြီးအဆုံးသတ်လိုက်တော့"

မြစ်ကမ်းနဘေးမို့ ခြင်တွေ အများကြီးရှိနေတယ်၊ရှောင်ရီ မျက်နှာက အနီရောင်ပေါင်မုန့်အလား ဖြစ်သည်အထိအကိုက်ခံနေရတယ်၊
ဝန်ထမ်းတွေက ခြင်ဆေးတွေဖျန်းပြီး ခြင်တွေကို နှိမ်နှင်းနေကြပေမဲ့ ရှောင်ရီကတော့
အာရုံ စိုက်ကာ ကြည့်နေလျက်ပရိသတ်တွေ လက်ဆောင်ပေးလာတဲ့ အမဲသားခြောက်ကို
ဝါးနေတယ်။

"ကဒ်....ဒီမှာတင်နားကြမယ်, လူတိုင်း
ဒီနေ့ အလုပ်ကြိုးစားကြတယ်,
အောင်မြင်ဖို့ အတွက် လမ်းစပဲ!"

ဒါရိုက်တာရဲ့ ကဒ်ဆိုတဲ့ အသံနှင့်အတူ
လုကျိုးလည်း သစ်ပင် ပေါ်ကနေ အောက်သို့
ခုန်ဆင်းလာပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးက
ဓာတ်လိုက်သည့်အလား လှုပ်ခါနေတယ်၊
ရှောင်ရီ အလျင်အမြန် ပြေးသွားလိုက်တယ်၊
အစပထမတော့ လုကျိုးများ ရူးသွားပြီလားဟု တွေးမိပေမဲ့ အချိန်အတော်ကြာ သူ့ ခန္ဓာကိုယ်အား ခါချပြီးနောက် လုကျိုးရဲ့
တင်းကြပ်နေတဲ့ အကျီတွေထဲမှ ဓားခုတ် ကောင်တစ်ကောင် ထွက်လာခဲ့တယ်။

လုကျိုး :"......"

ရှောင်ရီ :"......."

လုကျိုးက လက်ကိုင်ပန်ကာလေးကိုကိုင်ပြီး
သူ့ တကိုယ်လုံးလည်းကျည်ဆံတွေလို ချွေးသီးတွေ ပေါက်ပေါက်ကျနေတာမို့
အဝတ်လဲရန် ထွက်လာလိုက်တယ်၊ သူပြန်ထွက်လာပြီးနောက် ရှောင်ရီ ကလုကျိုး အအေးပတ်မှာစိုးတာမို့ လေအေးပေးစက်ပင်
မဖွင့်ပေးရဲဘူး၊ သူတို့ ကားမောင်းထွက်ခါနီး
လီချမ်းကျန်းရဲ့ လက်ထောက်ရောက်လာတယ်၊

"ဒါက ပရိသတ်တွေလာပို့တာ,
စားဖို့ပြန်ယူသွားဦး "

ရှောင်ရီ ပြုံးပြရင်း,

"ကျေးဇူးပါ"

ကားမောင်းထွက်လာချိန် လုကျိုးရဲ့မျက်နှာက ပြိုတော့မည့်မိုးလိုအုံ့တုံ့တုံ့,

" မင်းက လီချမ်းကျန်းပေးတဲ့အစားအစာကို စားရဲတယ်ပေါ့?"

" နေ့လည်တုန်းက ကောဆီ ပရိသတ်က
ပို့လာတဲ့ မုန့်တွေထဲက ကျွန်တော်သူတို့ကို
ပြန်ခွဲပေးလိုက်သေးတယ်"

"တစ်ယောက်ယောက်က မင်းကိုသာအဆိပ်ခတ်ဖို့ ကြိုးစားရင် ကျိန်းသေမင်းသေမှာ "

"......"

သူတို့အိပ်ဆောင်သို့ ရောက်လာကြတယ်၊
လုကျိုးကတော့အပူဒဏ်ခံနေရတဲ့ ခွေးတစ်ကောင်လိုပဲ၊ သူ့တကိုယ်လုံးကပူနွေးနေတယ်၊
ရှောင်ရီက အသားအေးပေါင်ဒါအား  လုကျိုးကို လိမ်းပေးနေချိန် လုကျိုး တစ်ယောက် ရှုံ့မဲ့နေလေရော၊ထို့နောက် ရှောင်ရီလုကျိုးရဲ့
ပခုံးတွေနဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးလိုက်တယ်၊

" မင်း အလုပ်မရှိရင် ကားပေါ်မှာထိုင်နေလို့ရတယ် ၊ဒါရိုက်တာအနားမှာထိုင်နေလို့လည်းရတယ်၊အဲ့နေရာတွေက လေအေးပေးစက်တွေ၊ပန်ကာတွေ ရှိတယ်မလား?'

"ဟုတ်ကဲ့"ရှောင်ရီ နာခံစွာဖြင့် တုံ့ပြန်လိုက်တယ်၊

ဒုတိယရက်ကိုလည်း ဖြတ်ကျော်လို့အပြီး
လုကျိုးနားမှာပဲ ရှောင်ရီ ရှိနေဆဲ၊လုကျိုး
နေပူထဲ ထွက်ရရင် သူလည်း နေပူထဲ လိုက်တယ်။ လုကျိုး ခြင်တွေ အကိုက်ခံရချိန်
သူလည်း ခြင်ကိုက်ခံရသည်မို့ ဖြူဝင်းတဲ့ အသားအရည်ကနီရဲ နေတယ် ၊ဒါရိုက်တာက
အဖွဲ့သားတစ်ယောက်ကို ပဲတီစိမ်း ဟင်းချို
ချက်ခိုင်းပြီး အနားယူချိန် လူတိုင်း တစ်ပန်းကန်စီခွဲတမ်းရကြတယ်၊ နွေရာသီရဲ့
အပူရှိန်ကပြင်း လွန်းလှတယ်။ နေရောင်
နဲ့ထိတွေ့ မှုကြောင့် ပဲတီစိမ်းဟင်းရည်က
သိုးနေပြီးလုကျိုးသောက်ခါနီးတွင်အမြုပ်တွေပင်ထလောက်မည်၊ထို့ကြောင့် ရှောင်ရီ
ကဟင်းချိုကို အေးနေအောင်လုပ်ထားလိုက်တယ်၊ ရေခဲ သေတ္တာထဲ တွင်သိမ်းပြီး သောက်ခါနီးမှ အပူပေးလိုက်တယ်၊ခုလိုမျိုးပူပြင်းတဲ့ရာသီဥတု မှာ လုကျိုးတစ်ယောက်
အအေးသောက်လိုက် အပူသောက်လိုက်ဖြင့်
ဗိုက်နာလာခဲ့တယ်။

"ငါအသက်ကြီးနေပြီ....ဒီလို အနေအထားကို
တောင် မခံနိုင်တော့ဘူး"

လုကျိုး နေမကောင်းတာကို မြင်နေရတဲ့ ရှောင်ရီ တစ်ယောက် အတော်လေးကိုစိတ်မကောင်းဖြစ်နေမိတယ်၊ တပတ်နီးပါးကြာပြီးတဲ့နောက် အပူရှိန် ပြင်းလွန်းတာမို့ ဇာတ်ညွန်းရေး ဆရာပင် အပူရှပ်လေတယ်၊ သူက
ဟော်ရှန်းကျန်းချီဆေးရည်သာသောက်ထားတယ်၊ ဒါရိုက်တာအနီးသို့ သွားချိန် မူးဝေကာ
ကင်မရာတွေကိုပါ ဝင်တိုက်မိလေတယ် ။

"ပိုက်ဆံသာရှိရင် ဒီလိုအနေအထားမှာ
ချမ်းသာနိုင်မယ်"

ရှောင်ရီက လုကျိုးအား နှစ်သိမ့် နေရလျက်
Air coolerလေးအား လုကျိုးဘက်သို့
လှည့်ပေးထားလိုက်တယ်၊ရာသီဥတုက
အရမ်းပူတယ်, ထို့ကြောင့် ရှောင်ရီက
Air coolerလေး တစ်လုံးဝယ်လိုက်တယ်၊
ဒီစက်လေးက အတွင်းဘက်ကို ထည့်ဖို့ ရေခဲတုန်းလေးတွေပဲ လိုတယ်၊ ဖွင့်လိုက်တဲ့အခါ
လေအေးအေးလေး ရတယ်လေ၊ လုကျိုးနေ့တိုင်း အကျီ အထူကြီးတွေ ဝတ်နေရသော် လည်း ရိုက်ကူးရေးပြီးပြီးချင်းသူ့ဝတ်ရုံကို
ဖွင့်ကာ အတွင်းဘက် ၌ သူဝတ်ဆင်ထားတဲ့
စွပ်ကျယ်နဲ့ ဘောင်းဘီတိုအား ထုတ်ဖော်ထား တယ်၊ ခြေထောက်မှ အမွှေးအမျှင်တွေကို
မြင်နေရပြီး ဖိနပ်အပါးသာ စီးထားတာမို့
အန်ကယ်ကြီး တစ်ယောက်နဲ့ တူနေတယ် ၊
လုကျိုးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းထိ ပန်ကာလေက မရောက်တာမို့ aircoolerလေးအား
လုကျိုး၏ဘောင်းဘီ ခွကြားနားထိလေရောက်အောင် ရွေ့ ပေးလိုက်တယ်။

လုကျိုး :"......"

"ငါ့ဒစ်လဲ အေးခဲ ကုန်ဦးမယ်"

လုကျိုးရှောင်ရီကို ထပြောလာတယ်။

ရှောင်ရီ လေအေးစက်လေးကိုအနည်းငယ်ချိန်ညှိလိုက်တယ်၊လုကျိုးကခေါင်းစွပ်
ဝတ်ထားခဲ့ရတာမို့ ပို၍ပင် ပူနေပုံရပြီး
မျက်နှာကလည်း ဖြူဖျော့နေတယ်၊
ရှောင်ရီက လုကျိုးအားဟော်ရှန်းကျန်းချီ
ကို အလျင်အမြန် သောက်ရန်ပေးလိုက်တယ်၊
ဒါပေမဲ့ရှောင်ရီ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတစ်ခုက လီချမ်းကျန်းရဲ့ လက်ထောက်က သူ့ရဲ့ လေအေးစက်လေးကို
ယူယူသုံးတာပဲ၊ မကြာခဏဆိုသလို သူအနားမှာမရှိတဲ့အချိန် နဲ့ လုကျိုး က သူနဲ့ စကား ပြောနေတဲ့အချိန်တွေဆို လီချမ်းကျန်းရဲ့ လက်ထောက်က ရှောင်ရီရဲ့ လေအေးစက်လေးကို လီချမ်းကျန်းသုံးဖို့လက်လွှဲ ပေးလိုက်တယ်၊ရှောင်ရီ ပြန်ယူပေမဲ့ သူသတိမထားမိချိန် ထိုသူက ပြန်ယူသွားပြန်တယ်။

ရှောင်ရီ တစ်ယောက် အတွေးထဲမှာတော့,

ေ..လိုး!...သူများလိုအေးချင်ရင် သူများလို
လေအေးစက်လေး ဝယ်ထားပါလား !

နောက်ဆုံးတွင်ရှောင်ရီ ရေရှည်သည်းမခံ
နိုင်တော့သလို ဒီတိုင်းလဲ မနေချင်ဘူး၊ ငါ
က ကျားတစ်ကောင်ဆိုတာကို မပြလို့ ငါ့ကို
ကြောင်နာများ မှတ်နေတာလား? လုကျိုး
ကလည်း သူ့ လေအေးပေးစက်လေးကို ခဏခဏပြန်ရှာပြီး သူ့ကိုပါ ,

"မင်းသူတို့ကို မပြောရဲဘူးဆိုရင်ငါ Weibo မှာပိုစ့်တင်ပြီး ရုပ်ရှင်ဧကရာဇ်ရဲ့စောက်ရူးလက်ထောက်ကို သေတဲ့အထိ ကြိမ်းမောင်းဖို့
ငါ့ပရိသတ်ကို ဟန်းတျန့်လာခိုင်းလိုက်မယ်"

လီချမ်းကျန်း ကရန်လာစနေသလိုပဲလို့
ရှောင်ရီ တွေးမိတယ်၊ ထို့ကြောင့် လီချမ်းကျန်း အတွက် လေအေးစက်လေးဝယ်ပေးဖို့
ရှောင်ရီ စဥ်းစားလိုက်တယ်၊ အဆင်ပြေသွားပြီ, ခုဆို လီချမ်းကျန်း လည်းသူ့ဘာသာ သဘောရှိ အအေးခံနိုင်ပြီ။

လုကျိုး ရိုက်ကူးရေး အပြီးဟိုတယ်ပြန်ရောက်ချိန် သူ့ကို ဒေါသတကြီး ထအော်
လာတယ်၊

" ဒါက မင်းရဲ့ သည်းမခံနိုင်မှုအဆုံးသတ်
ကြီးပေါ့...အာ !"

ရှောင်ရီ ထိတ်လန့်နေစဥ် လုကျိုး ဆက်ပြောလာတယ်၊

" ငါ့လက်ထောက်က လီကျန်းချန်းကို
ပိုပြီး တာဝန်ကျေပြနေတာလေ,ဒါက
ဘယ်လိုအဓိပ္ပါယ်မရှိတာလဲ? မင်း
ကိုယ်တိုင် ရှင်းပြ"

ရှောင်ရီ : "ကျွန်တော်....ကျွန်တော်က
ကောရဲ့လေအေးပေးစက်လေးကို
သူလုမှာကြောက်လို့ပါ..."

ဒီကိစ္စအား ပြသနာအဖြစ်ထုတ်ဖော်လိုက်ပါက လီချမ်းကျန်းနဲ့လုကျိုးတို့အား လျှပ်စစ်
ပန်ကာလေးတစ်ခုကြောင့်ရန်ဖြစ်စေမယ်ဆိုရင်ဒီနှစ်အတွက်ကျိန်းသေပေါက်စိတ်အ
နှောင့်အယှက်ဖြစ်စေမဲ့အရှုပ်တော်ပုံဖြစ်လာမည်ဟု ရှောင်ရီ တွေးမိတယ်၊

လုကျိုး : " မင်းသူ့ကို ဘယ်လိုရိုက်ရမလဲ
ဆိုတာကို မသိဘူးလား?"

အကယ်၍ ငါသာသူ့ကိုရိုက်လိုက်မိရင်သေ
ပြီပဲ, နှစ်ဖက်ပရိသတ်တွေကျိန်းသေပဋိပက္ခ
ဖြစ်လောက်တယ်,မင်းနဲ့ လီချမ်းကျန်းတို့
ရန်ဖြစ်ကြတာကိုသာပရိသတ်သိရင်
အနုမြူဗုံးတွေ ခိုးလာပြီးကျိန်းသေ
ဟန်းတျန့်ဆီ လိုက်လာကြလိမ့်မယ်လို့
ရှောင်ရီ တွေးမိတယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် လုကျိုးနဲ့ လီချမ်းကျန်းတို့ အတူတူရိုက်ကူးရေး လုပ်ခဲ့တဲ့
ပထမဆုံး ဇာတ်ဝင်ခန်း မှသည် အပြင်ဘက်ရှိဖြစ်ခဲ့သည့် ပဋိပက္ခက ရပ်တန့် မသွားခဲ့၊
ကျိုး ပရိသတ်များ~ တနည်းအားဖြင့်လုကျိုးရဲ့ ပရိသတ်တွေနဲ့ ချမ်းပရိသတ်များ~
တနည်းအားဖြင့် လီချမ်းကျန်းရဲ့ ပရိသတ်တွေကခုနှစ်ရက်ကြာမျှ သဘာဝနိယာမရဲ့ လွှမ်းမိုးမှုခံရခြင်းဟူသောအများသူငါအမြင်က အကျုံးမဝင်ခဲ့ ပုံရတယ်၊နှစ်ဖက် ပရိသတ်က နေ့စဥ်နှင့် အမျှရန်ဖြစ်နေကြဆဲဖြစ်ပြီး
သရုပ်ဆောင်တွေကိုလည်း မရေမတွက်နိုင်သည်အထိကောလဟာလအမှားတွေနဲ့
အပုပ်ချကာဆွဲထည့်ကြသေးတယ်၊ထိုအထဲ အများဆုံး ခံခဲ့ရသူက ဝူဟန်းကုဖြစ်တယ်။

ဝူဟန်းကုက လုကျိုးနဲ့ အတူအိပ်ပြီး နောက်
ပိုင်းလီချမ်းကျန်းရဲ့ အိပ်ရာပေါ်ထပ်တက်ကာ
ရွေရောင်သခင်ရဲ့ ပေါင်ကိုဖက်တွယ်ရန်
စိတ်ကူးယဥ်နေပုံရတယ်...ထွီ! ငါတို့ ကျိုး
ငါတို့ ကျန်းက မင်းရဲ့ အဲ့လိုပုံစံကိုကြိုက်ပါ့
မလား? #% .....%#$....!

.....အဲ့ဒီအပြင် ဝူဟန်းကုက ဇာတ်ညွန်းကြီးကြပ်ရေးမှုး , ဒါရိုက်တာ, ထုတ်လုပ်သူတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေနှင့်ပါ သူရဲကောင်းဆန်စွာ အတူအိပ်ပြီး အခွင့်အရေးရဖို့
အစီအစဥ်ချခဲ့တယ်ဆိုတာမျိုး...သူက ထုတ်လုပ်ရေး အဖွဲ့၏ထောက်တိုင်အဖြစ် အသုံးပြုရန်ယာယီ ရည်ရွယ်ထားတဲ့
လက်ပါးစေတစ်ဦးဖြစ်ကြောင်း ပြောဆို
နေကြတယ်။

ကောလဟာလအတိုင်းသာဆို ဝူဟန်းကုက
ရိုက်ကူးရေးစတဲ့ ခုနှစ်ရက်လို ရက်တိုလေးအတွင်းမှာပဲ လူတစ်ရာနီးပါးနဲ့ အိပ်ခဲ့သလို
ဖြစ်နေတယ်၊ ပျှမ်းမျှအားဖြင့် တနေ့ကို
လူနှစ်ဆယ်လောက်နဲ့ အိပ်ရမည်ဖြစ်ပြီး
တစ်နာရီတိုင်းကို လူတစ်ဦးနဲ့ ပြောင်းအိပ်သလို ဖြစ်နေတယ်...နားနေချိန်တောင်မရလောက်ဘူး...ရုပ်ရှင်ရိုက်ဖို့ အချိန်လည်း
မရှိလောက်ဘူး၊ ရိုက်ကူးရေးစဝင်ကတည်းက သူ့အချိန်တွေကိုဟိုတယ်ခုတင်ထက်မှာကုန်ဆုံးစေသလိုဖြစ်နေမည်ပင်။

တခါတရံ ရှောင်ရီတောင်ဝူဟန်းကုကို
ဘယ်လိုနှစ်သိမ့်ရမလဲမသိတော့ဘူး၊
ဝူဟန်းကုကအလွန်အမင်း အပုပ်ချခံနေရ
တာမို့ အနေအထားက သိပ်ကြည့်မကောင်းတော့သလို ရိုက်ကူးရေးမှာလည်းအပူဒဏ်
ကို အလူးအလဲခံရသေးတယ်၊ရှောင်ရီကတော့သူဒီဇာတ်လမ်းမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ မပါဝင်ဖြစ်တာကိုကံကောင်းတယ်လို့ယူဆမိတယ်၊ ဒီလိုမှ
မဟုတ်ရင် ပရိသတ်တွေသာ ပြသနာရှာပါက
နှစ်သစ်ကူးပွဲတော်သူအိမ်ပြန်ချိန် သူ့မိသားစု
တစ်စုလုံး မျက်နှာကျက်မှ ကြိုးဆွဲချနေတာကို မြင်နိုင်လောက်တယ်လို့သူခန့်မှန်းမိတယ်၊
ပရိသတ်တွေ ဝူဟန်းကုအား မည်သို့ဆဲဆိုနေသည်ကို မပြောဝံ့ဘူး၊ ဝူဟန်းကုတွင်ငှားရမ်းထားသည့်လက်ထောက်ဆိုသည်လည်းမရှိ, ရိုက်ကူးရေးစတင်သည့်အချိန်
ငှားရမ်းသည့်လက်ထောက်ကလည်းသူ့နောက်မှလိုက်ကာဘာမှလုပ်မပေးသူဖြစ်
နေခဲ့တယ်,ထို့ကြောင့် နေ့စဥ်နဲ့အမျှ
ရိုက်ကူးရေးတွင် သူကြံ့ကြံ့သာခံနေရ
တယ်၊၊ သူ့ပွဲစားကလည်း ရက်အနည်းငယ်
အကြာတွင် ပြန်သွားပြီး သူ့ကိုယ်သူဂရုစိုက်
ဖို့သာမှာကြားခဲ့တယ်။

ရှောင်ရီ ဝူဟန်းကုအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်၊ဒါကြောင့်မို့ လုကျိုးထံမှ
ခိုင်းစရာမရှိတဲ့အချိန် တွေဆို ဝူဟန်းကုကို
တတ်နိုင်သလောက် စောင့်ရှောက်လုပ်ကိုင်ပေးရန် အစပြုခဲ့ပြီး ဘာပဲဖြစ်ဖြစ်သူတို့အားလုံးကကုမ္ပဏီတစ်ခုတည်းမှာရှိနေ
ကြတယ်။ဘွဲ့ရပြီးပြီးခြင်း talent showတစ်ခုကနေ ပေါ်ထွက်လာခဲ့တဲ့ ကလေးတစ်ယောက်က သူ့ကိုယ်သူ စောင့်ရှောက်နိုင်ရင်တောင် ပြသနာရှိနေဆဲပဲလေ။

တခါက, ရှောင်ရီ က လုကျိုး၏ဝူမိုင်ရှောင်ရှု တရုတ်ဆေးဖက်ဝင်အပင်ဟင်းရည်ရဲ့
တစိတ်တပိုင်းခန့် ဝူဟန်းကုအတွက် ချန်ပေးထားလိုက်တယ်၊ ဝူဟန်းကုက မတ်ခွက်လေးကိုယူကာ ဟင်းရည်လေးသောက်ရင်း မျက်ရည်တွေကျလာခဲ့တယ်။

"ကျားယို့ ! ...ကျိုးကောက မင်းသေချာပေါက်လုပ်နိုင်မယ်လို့ပြောတယ်"

"ကျေးဇူးတင်ပါတယ်"

"မင်းဘာပဲ လိုလို ငါ့ကို ပြောလို့ကျိုးကောက ပြောတယ်,  ငါ့ကို အားမနာနဲ့ "

ဝူဟန်းကုစကားမပြောတော့ဘဲ ခေါင်းလေးပဲ ညိတ်ပြရှာတယ်။

ထို့နောက် သူအခန်းဆီ ပြန်လာလိုက်တယ်။

လုကျိုး: " ငါမင်းကို ထပ်ပြောပါဦးမယ်...
ဝူဟန်းကုကို မပြောနဲ့! မင်းကသူ့ကို သွားတွေ့ပြီး ဘာလုပ်တာလဲ?!သူက မင်းကို လစာပေးထားလို့လား! အေးစက်နေတဲ့ ခုံတန်းမှာထိုင်ဖို့ လူသစ်ဘေးနားကို ကုမ္ပဏီကနေမင်းကိုနေရာပြောင်းစေချင်တာလား!"

ရှောင်ရီ :"......."

လုကျိုးကဒေါသတကြီးပြောလာတယ်,

"နားလည်လား?!"

ရှောင်ရီ : "ဟုတ်ကဲ့...ကောင်းပါပြီ"

လုကျိုး : " အဲ့ဒီအပြင်! မနက်ဖြန် လီချမ်းကျန်းဆီက လေအေးပေးစက်လေး ပြန်သွားယူ ! သူက ဘယ်လောက်အရည်အချင်းရှိနေလို့ ဒါကို သုံးရတာလဲ!သူက ဘာကြီးမို့လဲ !"

ရှောင်ရီ : "......."

အပြင်ဘက်မှ မိုးခြိမ်းသံကြားတော့ , ရှောင်ရီ့
အတွက် ကယ်တင်ရှင် တစ်ဦး ပေါ်ထွက်လာသလိုပဲ ,

" ကြည့်ဦး..ကျိုးကော.. မိုးရွာနေပြီ"

လုကျိုး ရှောင်ရီ့ခေါင်းလေးကို လက်ဖြင့်
ထိုးပြီး ပြောလာတယ်၊

" မင်း ငါပြောတာကိုကြားတယ်နော် !"

ရှောင်ရီ : "ဟုတ်ပါပြီ..ဟုတ်ပါပြီ"

ရှောင်ရီ မျက်နှာကျက်မှ ပြတင်းပေါက်လေးကိုဖွင့်လိုက်တယ်၊ ထိုအခါ လုကျိုး ထပ်ပြောလာပြန်တယ်၊

"မင်းဘာလို့ ပြတင်းပေါက်ဖွင့်တာလဲ !
မင်းခုန်ချချင်လို့လား..အာ!"

"လေဝင်လေထွက်လေးကောင်းအောင်....
အဲကွန်းခန်းထဲ အမြဲနေလို့မကောင်းဘူးလေ"

လုကျိုးတစ်ယောက် လီချမ်းကျန်း၏ပန်ကာကိစ္စနှင့် ပတ်သက်၍ အခဲမကြေသေးတာမို့,

"မင်းသွားပြီး အဲ့ဒါကို ခုချက်ခြင်းပြန်ယူ
လာခဲ့ ဒါမှမဟုတ် မနက်ဖြန်ပစ္စည်းသိမ်းပြီး
မင်းဘာသာထွက်သွားလိုက်တော့"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

သူဘာလုပ်သင့်လဲ? နောက်ထပ်တစ်ခု
ထပ်ဝယ်သင့်လား? ပြီးတော့ သူမှားပေးမိပါတယ်လို့ လီချမ်းကျန်းကို ပြောလိုက်မယ်, နောက်ပိုင်း ပစ္စည်းအသစ်ကို လီချမ်းကျန်း
သူ့ဘာသာသူဝယ်ထားတာပါလို့ ပြောရမလား? ဒါပေမဲ့ သူ့အတွေးကို သာပြောပြလိုက်ရင် လီချမ်းကျန်း ကျိန်းသေရယ်မှာ,ရှက်စရာကြီး, ရှောင်ရီ လမ်းလျှောက်ထွက် လာလိုက်တယ်, သူပြန်လာတဲ့အခါ ,လုကျိုးကို အိပ်နေပြီအထင်ဖြင့်သူချောင်းကြည့်လိုက်တယ်၊

" ပြန်ယူလာပြီလား? ငါ့ကို ပြ"

"ကျွန်တော် မယူရသေးဘူး"

ဖိနပ်အပါးတဖက်က သူ့ထံသို့ဝဲပျံလာရာ
ရှောင်ရီ ချက်ခြင်း ပြေးထွက်လာလိုက်တယ်။

ရှောင်ရီ သူ့အခန်းဆီ သို့ ပြန်လာပြီး အခန်းထဲမှ ခဏနေလိုက်တယ်၊ကံကောင်းထောက်မစွာ သူပြန်ထွက်လာတော့ လုကျိုး အိပ်ပျော်သွားချေပြီ။

ဒီနေ့က ရိုက်ကူးရေး (11)ရက်မြောက်နေ့,
ဒီနေ့ အတွက်ဇာတ်ဝင်ခန်း အချို့ ရိုက်ကူးပြီးစီးသွားပြီးနောက် မနက်ဖြန် အပြင်ဘက်၌ ရိုက်ကူးရေး လုပ်ဖို့ရှိရာ နေရာက ကျန်းကျားကျဲမှာ ဖြစ်တယ်၊ နောက်ဆုံးတော့ အေးအေး လူလူ လေး ဖြစ်ပြီလို့ ရှောင်ရီ တွေးမိတယ်၊
ဟန်းတျန့် ရှိနေရက်တွေက တကယ့်ငရဲပဲ၊
ဒါပေမဲ့ အလွန်အံ့သြဖွယ်ကောင်းစွာပဲ ,
သူ့ ကျန်းမာရေးက ရှယ်ကောင်းနေတယ်။

လူတိုင်းက စိတ်ဓာတ်ကျခြင်းနှင့် ပျင်းရိငြီးငွေ့ခြင်းတွေကို နှစ်မျိုးလုံးခံစားခဲ့ရပြီး
ရှောင်ရီတစ်ယောက်သာပုံမှန်အတိုင်းရှိနေတယ်, အစောပိုင်းရက်အနည်းငယ်ကြာအောင် နေ့တိုင်း မကြာခဏဆူပူကြိမ်းမောင်း
ခံခဲ့ရသေးတယ်၊ မိုးရွာပြီးနောက်ပိုင်း
ဟန်းတျန့်က ပေါင်းချောင်ကြီးတစ်ခုလိုပဲ၊
ရာသီဥတုက မအေးပဲ စိုစိုစွတ်စွတ်ကြီး
ဖြစ်လာတယ်,လူတိုင်း လိုလိုလည်းချွေးတွေရွဲနေကြတယ်, ရှောင်ရီ လုကျိုးအား ရိုက်ကူးရေး နေရာသို့ လိုက်ပိုပြီးနောက် အပြင်ဘက်ရိုက်ကူးရေးအတွက်ခရီးဆောင်အိတ်ထုပ်ပိုး
ရန် ဟိုတယ်သို့ ပြန်လာလိုက်တယ်။

"ဟေး !"

နင်ယာချင်းရဲ့ အသံကို ကြားလိုက်ရတယ်။

" ယာချင်းကျဲ !"

ရှောင်ရီချက်ခြင်း ပြုံးပြရင်း ခေါ်လိုက်မိတယ်၊

" ရိုက်ကွင်းကို အလည်လာတာ..
ရိုက်ကွင်းကိုအလည်လာတာ...."

နင်ယာချင်းက မိန်းကလေးအုပ်စုတစ်စုကို
ခေါ်လာပြီး ရှောင်ရီ ကို ပြုံးပြရင်းဆွဲခေါ်
လာတယ်။

" ကျွန်တော် ကျဲကို သတိရနေတာ, လုကျိုးက မနေ့ညကတောင် ကျဲကို ပြောနေသေးတယ်,
ကျဲတို့...ဟယ်လို!"

"မင်းငါတို့ ကို လက်မှတ်ထိုးပေးချင်လား?"

နင်ယာချင်းက ရယ်ကျဲကျဲဖြင့် ပြောလာစဥ်
ရှောင်ရီ အလျင်အမြန်ပဲ ပြန်ဖြေလိုက်တယ်,

" လာ..လာကြ, အကုန်လုံး ကျွန်တော့် နောက်လိုက်ခဲ့"

ဒီနေ့ရဲ့ ပထမဆုံးဇာတ်ဝင်ခန်းကို အချိန်စောစော စတင်ရိုက်ကူးခဲ့တယ်၊လီချမ်းကျန်းနဲ့ လုကျိုးတို့ နှစ်ယောက်ရဲ့ ဖိုက်တင်ခန်း
ဖြစ်တယ်, နှစ်ယောက်လုံး ခေါင်မိုးပေါ်တက်သွားပြီး ဘေးဘက်ရှိ စားသောက်ဆိုင်ဒုတိယထပ်တွင် ကင်မရာအား တပ်ဆင်ကာ အပြင်ဘက်မြင်ကွင်းအား ရိုက်ကူးခဲ့တယ်။

လုကျိုးကသူ့ခါးတွင် လုံခြုံရေးခါးပတ်
ကြိုးတပ်ဆင်လိုက်ပြီး လီချမ်းကျန်းအား မျက်နှာမူကာ ပြောလိုက်တယ်။

" မိုးရွာလာပြီ..နည်းနည်းချောနေတယ်,
မင်းငါ့ကို လိုက်ဖမ်းတဲ့အခါကျ ပိုသတိထား"

" မင်းလည်းသတိထားဦး"

ထို့နောက်လုကျိုးက တံစက်မြိတ်အား အမြန်နင်းကာဆိုင်းချည်ထားသော သံမဏိကြိုးများမှအရှိန်အားငှားယူကာမျက်နှာချင်း ဆိုင်ဘက်သို့ ပြေးသွားပြီး လက်ထဲမှ ဓားသွားဖြင့် အိမ်အမိုးကြမ်းပြင်အားထိခတ်ရင်း လီချမ်းကျန်းဆီသို့ ဦးတည်သွားခဲ့တယ်၊

" မင်းငါ့ကို ဆက်ပြီး လိုက်ဖမ်းနေရင်,
နှလုံးသားမရှိဘူးလို့ ငါ့ကို အပြစ်မတင်နဲ့!"

လုကျိုးက သံမဏိကြိုးတွေကို လိမ်ပတ်ရင်း
တဖက်သို့လှည့်ကာ ပိုစ့်ပေးလိုက်တယ်၊
လီချမ်းကျန်းကလည်း တံစက်မြိတ်ဆီသို့
လျင်မြန်စွာလျှောက်လာရင်း တည်ကြည်လေးနက်သောအသံဖြင့်ပြောလိုက်တယ်၊

"မြေလျှိုးကြွက် ,မင်းအညံ့ခံလိုက်ပါ,
မင်းလူမသတ်ရိုးမှန်ရင်,တရားသူကြီးမင်းပေါင်က မမျှမတလုပ်မှာမဟုတ်ဘူး!"

လုကျိုး က အေးတိအေးစက်ပြုံးပြရင်း
ပြောလိုက်တယ်,

"ငါသာတကယ်ကြီးလူသတ်ခဲ့တယ်ဆိုရင်ရော, မင်းငါ့ကို ဘယ်လိုဖြေရှင်းပေးမှာလဲ?"

လီချမ်းကျန်း၏အမူအရာက ရုတ်ခြည်း
ပင်ပြောင်းလဲသွားပြီး တဖက်သို့လှည့်ကာ
သူ့ဓားကို ဆွဲထုတ်လိုက်တယ်၊သိမ်မွေ့သော
အသံ တချက်ကိုထုတ်ဖော်ရင်းရှေ့သို့တိုး လိုက်တယ်။ လုကျိုးရဲ့ အမူအရာကလည်း
ချက်ခြင်းပင်ပြောင်းလဲသွားတယ်,

" မင်း ခြေထောက်အောက်မှာ!"

ထိုအခိုက်အတန့် လီချမ်းကျန်း ခြေထောက်အောက်မှ အုတ်ကျွတ်ပြားကကျိုးပဲ့သံနှင့် အတူ ကွဲအက်သွားခဲ့တယ်၊ လုကျိုး လီချမ်းကျန်းအား နောက်သို့ ပြေးတွန်းရန် ကြံရွယ်လိုက်ချိန် သူ့ ခန္ဓာကိုယ်ရှိ ချိတ်ထားတဲ့
လုံခြုံရေးကြိုးတွေက ပြေလျော့သွားတယ်။

တချိန်တည်းမှာပဲ နင်ယာချင်းနဲ့ အတူစကားစမြည်ပြောကာ ရယ်မောရင်း ပြန်
လာတဲ့ ရှောင်ရီက ထို အမြင့်တွင် ဖြစ်ပျက်နေသည်များကို ချက်ခြင်းပင်မြင်လိုက်ရတယ်၊ရှောင်ရီ ဘဝတသက်တာမှာ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်တဲ့
မြင်ကွင်းတစ်ခုပင်။

လုကျိုးနဲ့ လီချမ်းကျန်းတို့က နှစ်ထပ်အဆောက်အအုံ၏ခေါင်မိုးပေါ်၌ လုံးထွေးသွားကြပြီး လုကျိုးက လီချမ်းကျန်းအား
နောက်ပြန်တွန်းကာ ကွဲအက်သွားတဲ့ အုတ်ကြွပ်ပြားပေါ် နင်းမိလိုက်တယ်၊ထို့နောက် အော်ဟစ်သံနှင့်အတူတကိုယ်
လုံးအောက်သို့ ပြုတ်ကျသွားခဲ့တယ်၊
ရှောင်ရီ မျက်လုံးတွေ ပြူးကျယ်သွားချိန်
ရိုက်ကူးရေးဝန်ထမ်းများလည်း ချက်ခြင်း
ပင်ထိတ်လန့်သွားကြတယ်။

လီချမ်းကျန်း လျှောကျလာသည့်အခိုက်
ကိုယ်ခံပညာဆရာက ရှေ့သို့ ပြေးကာ
လီချမ်းကျန်းရဲ့ လက်ကို ဆုပ်ကိုင် နိုင်ခဲ့တယ်၊လုကျိုးက ကျိုးပဲ့လာတဲ့ အုပ်ကြွပ်ပြားကိုဖမ်းကိုင်လိုက်ပေမဲ့ ခံနိုင်ရည်အင်အားတစ်စုံတစ်ရာကို မရနိုင်သဖြင့် လူတကိုယ်လုံးလေထဲသို့ ပက်လက်လန်ကာ ခေါင်းအနောက်ဖြင့် ပြုတ်ကျသွားခဲ့တယ်၊ပထမထပ်၏တံစက်မြိတ်ပေါ်ရှိ အုတ်ကြွပ်ပြားတွေလည်း တပြိုင်နက်တည်းဆက်၍ပင်ပြိုကျ
လာခဲ့တယ်၊ ရှေ့ဆင့်နောက်ဆင့်ဆို သလို
မြေပြင်ပေါ်သို့ အပြင်းအထန် ပြုတ်ကျလာသံကြီး ထွက်ပေါ်လာခဲ့တယ်။

ထိုအချိန် ရှောင်ရီ တစ်ယောက် ကျယ်လောင်စွာအော်ဟစ်ကာ ရှေ့သို့ ဒရောသောပါးပြေးသွားခဲ့တယ်။

မနက်ခင်းပိုင်းမိုးရေများဖြင့် စိုစွတ်နေသည့်
မြေပြင်ပေါ်၌ လုကျိုးလဲလျောင်းနေတယ်။

ကမ္ဘာကြီး တစ်ခုလုံးထူးထူးခြားခြားတိတ်ဆိတ်သွားတယ်၊၊ ရှောင်ရီ လုကျိုးအနီး ဒူးထောက်ချရင်း ကောင်းကင်ကြီး တစ်ခုလုံး
ပြိုကျသွားသလို ခံစားလိုက်ရတယ်။

"လောင်ဇီ....မသေသေးဘူး, မင်းဘာလို့...
ငိုနေတာလဲ"

လုကျိုး မျက်လုံးတွေကိုဖွင့်ဖို့ရာအားတင်းကာ ကြိုးစားရင်းတုန်ယင်စွာပြောလာတယ်၊

" ငါဒီလောက်လေးနဲ့ လွယ်လွယ်မသေပါဘူး....မကြောက်နဲ့ "

W7268
8.8.2022

........................................................................

[ Z ]

လုက်ိဳးကဆံပင္အတုကိုတပ္ဆင္ထားၿပီး
ဝတ္စုံအားဝတ္ဆင္ထားတယ္၊ ေရွာင္ရီ
တစ္ေယာက္ အေနာက္ဘက္တြင္ရပ္ေန
လ်က္ အ႐ူးအမူးဆန္သည့္ အၾကည့္ျဖင့္
ၾကည့္ေနမိတယ္။

လုက်ိဳး : " မင္းသေရေတြ ငါ့ေခါင္းေပၚ
က်ေတာ့မယ္"

လုက်ိဳး စကားေၾကာင့္အဝတ္လဲခန္းထဲမွာ
ရွိသူတိုင္း ထရယ္လာၾကတယ္၊ ေရွာင္ရီ
သူ႕အိတ္ကပ္ထဲမွ ပီေကေလးတစ္ခု ထုတ္
ယူၿပီး လုက်ိဳးထံသို႔ ကမ္းေပးလာတယ္၊လုက်ိဳး
က ေျခတစ္ဖက္တင္ထားလ်က္ မွန္ထဲမွ
သူ႕ပုံစံကို ၾကည့္ရင္း သူ့မ်က္ဝန္းထဲ၌အထိီးက်န္သည့္
အရိပ္အေယာင္ေတြျဖစ္တည္လ်က္ ရွိေနတယ္။

လီခ်မ္းက်န္းက လုက်ိဳးအေနာက္တြင္ထိုင္ေနၿပီး မိတ္ကပ္လိမ္းေနရင္း မ်က္လုံးေတြကပါ ၿပဳံးေယာင္သမ္းေနလ်က္ မွန္ထဲမွလုက်ိဳးအား ၾကည့္ေနတယ္။

" ႏွစ္ေတြ အမ်ားႀကီးၾကာမွ ..."

လီခ်မ္းက်န္း ၿပဳံးျပရင္း,

" စီနီယာအစ္ကို နဲ႕ ႐ုပ္ရွင္တစ္ခုထဲရိုက္ျဖစ္တာ
ဒါကပထမဆုံးအႀကိမ္ပဲ"

ခ်က္ျခင္းပင္ အဝတ္လဲခန္း တစ္ခုလုံး တိတ္ဆိတ္သြား
တယ္၊ လုက်ိဳးက အၿပဳံးတစ္ခုေပးလာရင္း,

" ငါတို႔ ႏွစ္ေယာက္က တစ္ႏွစ္တည္း ပြဲဦးထြက္တာပဲ,
ငါ့ကို စီနီယာလို႔ေခၚစရာမလိုဘူး"

လီခ်မ္းက်န္းက လုက်ိဳး ထက္အနည္းငယ္
ငယ္ပုံရတယ္၊လုက်ိဳးက ကာယေလ့က်င့္ခန္း
​ေတြကို လြန္ခဲ့သည့္ ႏွစ္ႏွစ္အတြင္း အျပင္း
အထန္ ျပဳလုပ္ၿပီးေနာက္၎၏ ေလ့လာ လိုက္စားမႈ
အရ လီခ်မ္းက်န္းထက္အသက္ပိုႀကီး သေယာင္ထင္
ရေစတယ္၊လီခ်မ္းက်န္းကလည္းသူ႕ကို အၿမဲတေစ
​ေကာလို႔ေခၚေလ့ရွိတယ္၊

လုက်ိဳး :" ေနာင္အနာဂတ္မွာမင္းကေတာင္
ငါ့ကို လမ္းၫြန္ေပးရဦးမွာ"

"အဲ့ေလာက္လည္း မဟုတ္ပါဘူး"

လီခ်မ္းက်န္းက အလ်င္အျမန္ ျပန္ေျပာလာတယ္၊

ႏွစ္ေယာက္စလုံးထံမွစကားသံတို႔ တိတ္ဆိတ္သြားျပန္
တယ္၊ အဝတ္လဲခန္းတစ္ခုတည္းမွာပဲ ႐ုပ္ရွင္ ႏွင့္ ထုတ္လႊင့္မႈဆိုင္ရာ အေက်ာ္အ ေမာ္ ႏွစ္ဦး ထိပ္တိုက္ဆုံေနၾကသည္မို႔ ေရွာင္ရီ တစ္ေယာက္ တုန္လႈပ္ေခ်ာက္ျခားမႈကို
ပင္ မရပ္တန့္နိုင္ဘူး၊ ယခင္တေခါက္လို ႐ုန္းရင္း ဆန္ခတ္မႈမ်ိဳး ထပ္ျဖစ္မလာဘူးလို႔လည္း မေျပာနိုင္ဘူး။

ခုဇာတ္လမ္းတြဲက ဒီႏွစ္ပိုင္းေတြအတြင္း ေစာင့္ၾကည့္မႈခံရဆုံး ပေရာဂ်က္တစ္ခုလည္း ျဖစ္ေနတယ္။

လုက်ိဳး : " ငါက အသက္ႀကီး ေနၿပီ...
မင္းရဲ႕ ေအာင္ျမင္မႈကိုသာ မင္းဆက္ထိန္းထား"

လီခ်မ္းက်န္း : " ကြၽန္ေတာ္လည္း အသက္ႀကီးေနၿပီ,
တစ္ညေလးေတာင္ အိပ္ေရး ပ်က္ၿပီး မေနနိုင္ဘူး,
ကြၽန္ေတာ့္မွာ ေကာလို ဂ႐ုစိုက္ေပးမဲ့ သူလည္း မရွိဘူး,
ေကာက ေတာ့ ဟိုတုန္းက အသက္20အ႐ြယ္နဲ႕ အခုနဲ႕က အတူတူလိုပဲ"

လုက်ိဳး ကူကယ္ရာမဲ့စြာၿပဳံးမိတယ္,

" ငါ အသက္ႀကီးၿပီ.....ဝူဟန္းကု"

ဝူဟန္းကုက ခ်က္ျခင္း ျပန္တုံ႕ျပန္တယ္,

လုက်ိဳး : " မင္း လီခ်မ္းက်န္း ေနာက္ကို
လိုက္တဲ့အခ်ိန္ သူ႕ဆီက ပညာယူဖို႔ မေမ့နဲ႕,
သူက မ်က္လုံးအၾကည့္ေတြနဲ႕လည္းစကား
ေျပာနိုင္တယ္"

လူတိုင္းက လုက်ိဳးစကားေၾကာင့္ရယ္ေမာလာၾကၿပီး
လုက်ိဳးလည္း ပဲ ၿပဳံးေယာင္သမ္းေနလ်က္ တဖက္မွန္ထဲမွ လီခ်မ္းက်န္းကို လွမ္းၾကည့္လိုက္တယ္။မိတ္ကပ္ပညာရွင္
က အသံတိုးတိုးျဖင့္ ေျပာလာတယ္,

" လုေလာင္ရွီး, ဒါရိုက္တာလာတယ္"

လုက်ိဳး ထိုင္ရာကေနထလိုက္ၿပီး
ဒါရိုက္တာနဲ႕ စကားေျပာဖို႔ သြားလိုက္
တယ္၊ထိုဒါရိုက္တာက မေရမတြက္နိုင္
ေသာကိုယ္ခံပညာဆိုင္ရာဇာတ္ကားေတြ
ကိုႀကီးၾကပ္ရိုက္ကူးခဲ့သူျဖစ္ၿပီး နိုင္ငံတြင္း
ရွိထိပ္တန္း ဒါရိုက္တာမ်ားထဲမွ တစ္ဦး
ျဖစ္တယ္၊ဒူးမိုင္, လီယဲ့အစရွိသည့္ကုမၸဏီ
ႏွစ္ခု၏သူေဌးေတြနဲ႕ မန္ေနဂ်ာေတြလည္း
လာၾကတယ္၊လုက်ိဳးက လက္တြင္ဓားတစ္
​ေခ်ာင္းကို ကိုင္ထားၿပီး ကန့္လန့္ကာေရွ႕တြင္
လူဆိုးတစ္ဦးပမာရပ္ေနတယ္၊ေရွာင္ရီ၊
ယူလာေပးတဲ့ ကန္ေတာ့ပုံစံဦးထုပ္
(ခေမာက္ပုံစံ)ကိုေဆာင္းထားလ်က္ဆိုးသြမ္းေသာ
လူတစ္ဦးရဲ႕ မေကာင္းဆိုးဝါးဆန္ေသာ အၿပဳံးကို
ထုတ္ေဖာ္လိုက္တယ္။

"မိုက္တယ္!"

ဒါရိုက္တာက ခ်က္ျခင္း ေျပာလာတယ္,

" ေျမလွ်ိုးႂကြက္အေနနဲ႕ဘယ္လိုခံစားခ်က္မ်ိဳးထည့္ရမယ္လို႔ မင္းထင္လဲ?"

လူတိုင္းကေတာ့ သူ႕ပုံစံကို အရမ္းမိုက္တယ္လို႔ ထင္ၾကတယ္၊ လုက်ိဳးက ဓားအား ဓားအိမ္မွ ဆြဲထုတ္ၿပီး မ်က္လုံးတို႔က ပ်င္းရိေလးတြဲ႕စြာရွိေနေသာ္လည္းရယ္႐ႊင္
ဖြယ္ရာ ယုတၱိမတန္သည့္ အခ်ိဳ႕ေသာအေတြးတို
႔ႏွင့္ ျပည့္ႏွက္လ်က္ရွိေနပုံရတယ္။

ေရွာင္ရီကေတာ့ လုက်ိဳးရဲ႕ ပုံစံကို အတိအက်ၾကည့္ရင္း
ရယ္ေနတယ္။

ဓာတ္ပုံ အေနျဖင့္အားစတင္ရိုက္ကူးတယ္...
တလွည့္ၿပီးေနာက္လုက်ိဳးက ညလႈပ္ရွားမႈဝတ္စုံအား ေျပာင္းလိုက္ရတယ္၊ေျမလွ်ိုးႂကြက္၏အနက္ေရာင္ညဝတ္စုံကအလြန္ပင္ တိက်သပ္ရပ္စြာရွိေနလ်က္ နတ္ဆိုး၏ ရက္
စက္ေသာ အရွိန္ အဝါႏွင့္အတူလက္တစ္ဖက္တြင္ကန့္
လန့္စင္းတစ္ခုပါရွိၿပီးထို လက္တစ္ဖက္မွာဘဲနဂါး႐ုပ္ႀကီးတစ္ခုေနရာယူထားလ်က္ရွိေနတယ္။

လီခ်မ္းက်န္းကလည္း ၾကက္ေသြးေရာင္ ကိုယ္ရံေတာ္ဝတ္စုံျဖင့္ ဦးထုပ္အနက္ေရာင္မွႀကိဳးရွည္ႏွစ္ဖက္ခ်ထားလ်က္ဓားရွည္ တစ္လက္အား ကိုင္ေဆာင္ထားရင္း,

" ပိုင္ေကာ, ခင္ဗ်ားနာမည္ကိုၾကားဖူးတာေတာ့ ၾကာၿပီ"

ထို အေနအထားကလူတိုင္းအားအံ့ၾသမွင္သက္ေစတယ္၊ ေတာ္ဝင္ေၾကာင္က်န္ေက်ာင္းရဲ႕ အမူအရာႏွင့္ ဝတ္ဆင္ထားတဲ့ဝတ္႐ုံကေလထဲ၌ ေဝ့ဝဲေနတယ္၊ စုန့္မင္းဆက္၏ သူရဲေကာင္းႏွစ္ေယာက္ရဲ႕ပုံသဏၭာန္အားေပၚလြင္ေစ
တယ္၊လီခ်မ္းက်န္းကလုက်ိဳးရဲ႕ ပခုံးဆီသို႔လက္လွမ္း
လိုက္ေသာ္လည္း လုက်ိဳးဘက္မွလ်င္ျမန္စြာတုံ႕ျပန္မႈ ျပဳခဲ့ၿပီးေရွာင္တိမ္းလိုက္ရာလီခ်မ္းက်န္းတစ္ေယာက္လဲက်
လဳနီးပါး ျဖစ္ခဲ့ရတယ္၊လူတိုင္းက ရယ္ေမာေနၾကသည့္
တိုင္ လီခ်မ္းက်န္းမ်က္ႏွာမေကာင္းတာကိုေရွာင္ရီ ေတြ႕
ေနရတယ္။

လုက်ိဳးက လီခ်မ္းက်န္းအားမတ္တပ္ျပန္
ရပ္နိုင္ဖို႔ လီခ်မ္းက်န္း လက္အား သူ႕ပခုံး
ေပၚတင္ကာ ပ်င္းရိစြာျဖင့္ တြဲထူလိုက္တယ္၊
လီခ်မ္းက်န္းက ၿပဳံးလ်က္သူ႕လက္အား
လုက်ိဳးပခုံးေပၚတင္ၿပီး အျခားလက္တစ္
ဖက္က ဓားအိမ္အား ကိုင္ထားတယ္၊ထိုပုံစံ
ျဖင့္လည္း လီခ်မ္းက်န္းကလုက်ိဳးႏွင့္ေဘး တိုက္
အေနအထားျဖင့္ဓာတ္ပုံရိုက္လိုက္ေသးတယ္။

ဝတ္စုံျပည့္ျဖင့္ ဓာတ္ပုံရိုက္ကူးမႈမ်ားက ၿပီးစီးသြားတယ္၊
ရိုက္ကူးၿပီးေနာက္ေရွာင္ရီက ဓာတ္ပုံတည္းျဖတ္ေနေသာ လက္ေထာက္အနီးသို႔ သြားကာၾကည့္ေနခ်ိန္ ဒူးမိုင္နဲ႕
လီယဲ့တို႔က ေန႕လည္ပိုင္း အလုပ္ကိစၥေတြကို ေဆြးေနြး
းေနၾကၿပီး လုက်ိဳးႏွင့္ လီခ်မ္းက်န္းတို႔ရဲ႕ ပထမဆုံးရိုက္ကူးေရး အားစတင္လိုက္ၾကတယ္။

အျပင္ပန္းအရၾကည့္မယ္ဆိုပါက သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရးက လိုက္ေလ်ာ ညီေထြ ရွိပုံရတယ္၊လုက်ိဳးနဲ႕ လီခ်မ္းက်န္းတို႔က လက္ရွိအေနအထားအရ အျပန္အလွန္ ေျပာဆိုရယ္ေမာ ေနၾကေပမဲ့ လီခ်မ္းက်န္းအေပၚ ေႏြွးေထြးမႈ ကင္းမဲ့ေနတဲ့လုက်ိဳးရဲ႕ အေနအထားကို ေရွာင္ရီ ခံစားမိေနတယ္၊လီခ်မ္းက်န္းရဲ႕ အေနအထားကဒီတိုင္းပုံမွန္
ဟုတ္မဟုတ္ ဆိုတာကို ေရွာင္ရီမသိဘူး။

အကယ္၍မ်ားလုက်ိဳးကသာတစ္စုံတစ္ဦး
ကို ႏွစ္သက္ၿပီး ထိုသူႏွင့္ပိုမိုရင္းႏွီးေစရန္အစပ်ိဳး
လုပ္ေဆာင္လိမ့္မယ္၊လုက်ိဳးဘယ္သူနဲ႕ စကားေျပာေန
ပါေစ ေရွာင္ရီ မ်က္လုံးေတြ လုက်ိဳးနားမွာပဲ ရွိေနတယ္
၊လီခ်မ္းက်န္းအားစိတ္မဝင္စား တာကိုေတာ့ သိသာ
​ေနတယ္၊တခါတေလ လုက်ိဳး မ်က္လုံးေတြက ေရွာင္ရီကို ရွာေဖြေနတတ္တယ္,တခါတရံ ရိုက္ကူးေရးရဲ႕ ဆက္တင္
ပိုင္းေတြကိုစစ္ေဆး ေနတတ္တယ္။

ရင္းႏွီးသူေတြနဲ႕ဆိုပါကအၿမဲတမ္းပြင့္ပြင့္
လင္းလင္း ေျပာဆိုေနတတ္ၿပီးတခါတရံ
စေနာက္တာေတြကိုေတာင္လုပ္တတ္ေသး
တယ္၊ ဒါေပမဲ့ လီခ်မ္းက်န္းနဲ႕ ဇာတ္ဝင္ခန္း
​ေတြကို အစမ္းေလ့က်င့္တဲ့အခါ လုက်ိဳးက
အေတာ္ေလး ထိန္းခ်ဳပ္ကာတည္ၿငိမ္ေန
တတ္တယ္။

လီခ်မ္းက်န္းအားလုက်ိဳး သေဘာမက်တာ
ကို ေရွာင္ရီ ခံစားမိေနတယ္၊ သို႔ေပမဲ့ ဒါက
သူ႕အေတြးသက္သက္လား?က်န္းေရွာင္ကုံး,
လဲ့မင္နဲ႕ အျခားသူေတြလည္း အကယ္ဒမီရ
ဇာတ္ေဆာင္ေတြ ျဖစ္ၾကေပမဲ့ သူတို႔နဲ႕ေတာ့
မၾကာခဏ ေတြ႕ဆုံေလ့ရွိတယ္။

" အေၾကာင္းျပခ်က္မလိုဘူး"

လုက်ိဳး ျပန္ေျဖတယ္,

" ငါတို႔ရဲ႕ ဂုဏ္သိကၡာအတြက္"

လုက်ိဳးနဲ႕ လီက်န္းခ်မ္းတို႔ ပထမဆုံး အခန္း
အဖြင့္စတင္ရိုက္ကူးၿပီးတဲ့အခါ ဒီေန႕ရိုက္ကူးထားတဲ့ဓာတ္ပုံေတြကို ျပန္ၾကည့္တယ္၊ဒူးမိုင္နဲ႕ ကုမၸဏီဘက္မွ ဝူဟန္းကုရဲ႕ ဓာတ္ပုံေတြကိုသာတင္ထားတာကို ေတြ႕ရတယ္၊ သူတို႔ႏွစ္ဦးေၾကာင့္ ျဖစ္ေပၚလာတဲ့လက္က်န္အရွိန္ေလးကို အသုံးျပဳလိုျခင္း ကထင္ရွားတယ္။

လီခ်မ္းက်န္းက ေရပုလင္းကိုဖြင့္ၿပီး
သူ႕ထိုင္ခုံဆီသို႔ ျပန္လာထိုင္တယ္၊ခုံအား
သူ႕လက္ေထာက္က ေနာက္သို႔ ဆြဲယူေပး
လာတယ္၊ လုက်ိဳးက သူ႕ဖုန္းကိုေဘး
သို႔ခ်ၿပီး ေျပာလိုက္တယ္,

" လာ..သြားစို႔..ခ်မ္းက်န္း ရိုက္ရေတာ့မယ္"

လုက်ိဳးက လီခ်မ္းက်န္းအား ဒါရိုက္တာဆီ
သြားဖို႔ ေခၚသြားခဲ့ၿပီး ပထမဆုံးဇာတ္ဝင္ခန္း
ကိုဆက္လက္ရိုက္ကူးၾကရာပထမဆုံးအခန္းက
လမ္းေထာင့္ တစ္ေနရာမွာျဖစ္တယ္၊ ဒါရိုက္တာ
က စတင္ဖို႔ရာ အခ်က္ျပတယ္။

ေလေပြအလား လီခ်မ္းက်န္း တစ္ေယာက္
လမ္းၾကားထဲက ထြက္လာၿပီး ခ်က္ျခင္းသူ႕ေျခလွမ္းေတြကို ရပ္တန့္လိုက္တယ္၊ကင္မရာကလည္း လမ္းအဝင္ဝရွိလက္ဖက္ရည္ဆိုင္ရွိရာသို႔ ေ႐ြ႕သြားတယ္။

လုက်ိဳးက လက္ဖက္ရည္ဆိုင္အား ပ်င္းရိစြာမွီလ်က္ရွိေနရာမွ ဓားကိုင္ထားသည့္သူ႕ဘယ္ဖက္လက္က အေနာက္
ဖက္သို႔ ေ႐ြ႕လ်ားသြားခ်ိန္ ဓားဖ်ားေလးကလီခ်မ္းက်န္းရဲ႕ လည္ေခ်ာင္းေရွ႕သို႔တိုက္ရိုက္ပင္က်ေရာက္သြားတယ္။

လီခ်မ္းက်န္း က ေခါင္းကို အနည္းငယ္ေမာ့ လိုက္ၿပီး
မ်က္လုံးေတြက ဓားရဲ႕ လႈပ္ရွားမႈအတိုင္း ညာဘက္သို႔ ေ႐ြ႕လ်ားလိုက္တယ္၊ထို႔ေနာက္ ခေမာက္ေဆာင္းထားတဲ့ လုက်ိဳးအား တခ်က္ၾကည့္လိုက္တယ္။

လုက်ိဳးကေတာ့ လီခ်မ္းက်န္းကို မၾကည့္ဘဲ
ေျမျပင္ကို သာတစိုက္မတ္မတ္ ၾကည့္ေနတယ္၊
ထို႔ေနာက္ ႏႈတ္ခမ္းေထာင့္ေလးေတြအနည္းငယ္
႐ြဲ႕ေစာင္းသြားတယ္။

လုက်ိဳး ဓားကို ျပန္႐ုတ္သိမ္းကာ ခပ္မတ္မတ္ရပ္လိုက္ၿပီး ေပါ့ေပါ့ပါးပါးပဲ စကားဆိုတယ္၊

" မင္းရဲ႕ အရွင္ေပါင္လူႀကီးမင္းကိုျပန္ေပး
ဆြဲလိုက္မွဆိုးဝါးေနတဲ့ အေျခအေနေတြကို
ရပ္တန့္နိုင္မွာ"

" အမွားနဲ႕ အမွန္ကိုတခ်ိန္ခ်ိန္က်သိလာၾက
လိမ့္မယ္"

လီခ်မ္းက်န္းကခပ္ယဲ့ယဲ့ ၿပဳံးရင္း ေျပာလာတယ္၊

" မတရားမႈက မတရားမႈဘဲ, ဆယ္ႏွစ္,
ႏွစ္ႏွစ္ဆယ္, ႏွစ္တစ္ရာတိုင္ေအာင္
မတရားမႈေတြက ရွိေနဦးမွာပဲ, မွားယြင္း
တဲ့ တရားစီရင္ခ်က္ေတြလည္းရွိေနဦးမယ္,
ဒါေပမဲ့ အဲ့ဒီမတရားမႈေတြ ခ်ဳပ္ၿငိမ္းမဲ့ေန႕
ရယ္လို႔ေတာ့ရွိလာဦးမွာပါ"

" အႏွစ္တစ္ရာအတြက္တရားမွ်တမႈက မွန္ကန္တဲ့
စီရင္ခ်က္တစ္ခုလို႔ မင္းတို႔လိုအစိုးရ႐ုံးကေကာင္ေတြဘဲ ေျပာၾကတာမဟုတ္ဘူးလား?အႏွစ္ေလးဆယ္ ေက်ာ္ခဲ့
ၿပီ, ပါဝင္ပတ္သက္ခဲ့သူတိုင္းလည္းအကုန္ေသကုန္ၾကၿပီ,သက္ေသေတြလည္းအကုန္တိမ္ျမဳပ္ကုန္ၿပီ,
မင္းက ဘာလိုခ်င္ေသးတာလဲ?"

လီခ်မ္းက်န္းက လမ္းအျပင္ဘက္ကို
တခ်က္လွမ္းၾကည့္လိုက္တယ္၊

" သက္ေသေတြက ေအာက္ေျခထိ လုံးလုံး
နစ္ျမဳပ္သြားေပမဲ့ ေပါင္တရားသူႀကီးမင္း
ရွိေနေသးသေ႐ြ႕တရားမွ်တမႈဆိုတာက က်ိန္းေသ
​ေပၚထြက္မွာပဲ, ဒီအမႈကို စုံစမ္းရမယ္, ပိုင္ေကာရဲ႕
​ေစတနာကို က်န္ေက်ာင္းသိပါတယ္, ေက်းဇူးျပဳၿပီး...."

လုက်ိဳး ထပ္မံ၍ ၿပဳံးျပလိုက္တယ္၊လီခ်မ္းက်န္းက
သူ႕ကို ထားခဲ့လိုက္တယ္၊

" ခဏေလး!"

လီခ်မ္းက်န္း လွည့္ၾကည့္လိုက္ရာ
လုက်ိဳးက သူ႕ရဲ႕ ခေမာက္ခြၽန္ကိုမလိုက္ခ်ိန္
သူတို႔ႏွစ္ေယာက္အၾကည့္ခ်င္း ဆုံမိၾကတယ္၊

ေရွာင္ရီ ထိုအခိုက္အတန့္ အလြန္အံ့ၾသေနမိတယ္၊

ဒါရိုက္တာ: "ကဒ္"

ဘာႀကီးကဒ္!ေရွာင္ရီ ေဒါသထြက္သြားတယ္,
ဆက္သ႐ုပ္ေဆာင္ခိုင္းရမွာေလ!အဲ့ဒီလို ျမင္ကြင္းက
နတ္ဘုရားႏွစ္ပါးရဲ႕ တကယ့္ထိပ္တိုက္ေတြ႕ဆုံတဲ့
အေျခအေနကို..အားးးး!

ပစၥည္းခင္းက်င္း ျပင္ဆင္ေရး အဖြဲ႕က
ေနာက္တစ္ခန္း အတြက္ ခင္းက်င္း
ျပင္ဆင္ၾကတယ္၊လုက်ိဳး ေရေသာက္ဖို႔
ျပန္လာစဥ္ ေရွာင္ရီ က,

" ေကာ..ေကာတို႔ ..ေကာတို႔ ႏွစ္ေယာက္လုံး
အရမ္းေတာ္တာပဲ!"

လုက်ိဳး မ်က္ႏွာက ခ်က္ျခင္း ေျပာင္းလဲ
သြားတယ္,

"ႏွစ္ေယာက္လုံး?"

"ေကာ! ...ေကာ!"

ေရွာင္ရီ ခ်က္ျခင္း စကားျပင္လိုက္ရတယ္၊

လုက်ိဳး ဝမ္းနည္းညိုးငယ္စြာျဖင့္ တဖက္သို႔
လွည့္သြားတယ္။

လုက်ိဳးနဲ႕ လီခ်မ္းက်န္း တို႔ ရဲ႕ သ႐ုပ္ေဆာင္
ခ်က္က ထိထိမိမိရွိေနေပမဲ့ တခါတရံလုက်ိဳး
ဘာေၾကာင့္ မ်က္ႏွာညိုးေနလဲ ဆိုတာကို
ေရွာင္ရီ မသိဘူး၊၊တခါတရံ သ႐ုပ္ေဆာင္ပိုင္းတြင္
လည္း လုက်ိဳးေနာက္သို႔ ေရွာင္ရီ လိုက္ခဲ့သည့္ရိုက္ကြင္းမ်ားတြင္ တဖက္သ႐ုပ္ေဆာင္က လုက်ိဳးႏွင့္ တန္းတူ
သ႐ုပ္မေဆာင္နိုင္ၾကဘဲ ရွိၾကရာမွ ထိုလူေတြထဲဝူဟန္းကုက အေကာင္းဆုံး သ႐ုပ္ေဆာင္နိုင္သူလည္းျဖစ္လာ
တယ္၊ဒါေပမဲ့ သူက လုက်ိဳးနဲ႕ဆိုပါက ဇာတ္ပို႔ေနရာမွာ
သာရွိတယ္။

လုက်ိဳးနဲ႕ လီခ်မ္းက်န္းတို႔ တႀကိမ္ပဲအတူ သ႐ုပ္ေဆာင္ ၾက႐ုံရွိေသး...အဲ့ဒီလို ပေရာပရည္ ဆိုတာႀကီးက...
မဟုတ္ေသးဘူး၊ သူတို႔ႏွစ္ေယာက္က ဆန့္က်င္ဖက္
ရွိေနၾကၿပီး ႏွစ္ေယာက္လုံးက ဓားျမႇောင္ဦးရဲ႕ တဖက္ဆီရွိေနၾကေပမဲ့ သူတို႔ ရဲ႕ သ႐ုပ္ေဆာင္မႈကိုေတာ့ အျပည့္အဝ ခံစားမိေစတယ္။

သူေတြးေနတုန္းမွာပဲ ဒုတိယေျမာက္အခန္းကို စတင္ရိုက္ကူးခဲ့တယ္၊လီခ်မ္းက်န္းနဲ႕ လုက်ိဳးတို႔က လက္ဖက္ရည္ဆိုင္ထဲရွိ စားပြဲတစ္ခုတြင္ ထိုင္ၾကတယ္။

"ေဟး...ေရွာင္အာ့?"

လီခ်မ္းက်န္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္၊

လုက်ိဳးက ေျခေထာက္တဖက္တင္ကာေခြးေျခခုံေပၚတြင္ထိုင္ၿပီး လက္ပိုက္ရင္း ေျပာလာတယ္,

" အဲ့ဒီလူရဲ႕ ဘိုးေဘးေတြက ေလာ့ဟယ္မွာ ေနၾကၿပီး
အပ္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္ၾကတယ္, မိသားစုကေတာ့
ကိုင္ဖန္း ကိုႏွစ္အေတာ္ၾကာၿပီေျပာင္းသြားၾကတယ္၊
တကယ္လို႔ မင္းသိခ်င္တယ္ဆိုရင္,ဘာလို႔ ဆက္မစုံ
မစမ္းတာလဲ ? အက်ိဳးရွိမရွိဆိုတာေတာ့ ဘယ္သူမွ
ဧကန္ေျပာမရဘူးေလ"

ေျပာၿပီးၿပီးခ်င္းမွာပဲလုက်ိဳးရဲ႕ေခြးေျခခုံ ေလးက ေခ်ာ္ၿပီး ေျခလက္ေလးေခ်ာင္းလုံးက ေကာင္းကင္ကို ေမွ်ာ္လ်က္ ၾကမ္းျပင္ေပၚ ျပဳတ္က်ကာခြက္ေလးပင္အဆစ္ပါသြား
တယ္၊

ၾကည့္ေနသူအားလုံးက ထရယ္လာၾကတယ္၊

လီခ်မ္းက်န္းက ရယ္ခ်င္စိတ္ကို ထိန္းခ်ဳပ္လိုက္တယ္,

" ေက်းဇူးတင္ပါတယ္"

လီခ်မ္းက်န္း မတ္တပ္ထရပ္ၿပီး အေဝးသို႔
ထြက္သြားတယ္၊ ဒါရိုက္တာက ကဒ္ဟု
ထေအာ္တယ္၊ လုက်ိဳးထ ထိုင္ၿပီး သူ႕တင္ပါးကို
လက္ျဖင့္ပုတ္လိုက္တယ္၊ ေရွာင္ရီ ကေတာ့
အသက္ထြက္မတတ္ရယ္ေမာ ေနတယ္၊

ေရွာင္ရီ: " ဒါက ဇာတ္ၫြန္းထဲမွာ မပါပါဘူး"

"မေတာ္တဆ ျပဳတ္က်တာ"

လုက်ိဳးက ဒါရိုက္တာဘက္ကိုလွမ္းေမး
လိုက္တယ္၊

" ဒါရိုက္တာခ်ီ, အဆင္ေျပလား?"

"အရမ္းေကာင္းတယ္!"

ဒါရိုက္တာ ကလုက်ိဳးထံသို႔လက္မေထာင္ျပတယ္။

ေနာက္တစ္ခန္းကေတာ့ မ်က္ႏွာဖုံးစြပ္ထားတဲ့အမ်ိဳးသားတစ္ေယာက္ဆိုင္ထဲသို႔ဝင္သြားတဲ့ ျမင္ကြင္း တစ္ခုပါ၊
ကိုယ္ခံပညာရပ္ဆိုင္ရာနည္းျပဆရာက ျပဳလုပ္ရမယ့္ ပုံစံေတြကို ရွင္းျပတယ္၊ လီခ်မ္းက်န္းနဲ႕လုက်ိဳးတို႔
အႀကိမ္ အနည္းငယ္မွ်ေလ့က်င့္ၿပီး အဆင္ေျပမွ
ရိုက္ကူးေရးကို စတင္ၾကတယ္၊ပစၥည္းေထာက္ပံ့ေရး
အဖြဲ႕က အျပင္ဘက္၌ေလအိတ္မ်ားကို တပ္ဆင္ထား
ၾကတယ္။

အမ်ိဳးသမီးဇာတ္ေဆာင္ ဝင္လာၿပီ၊ သူမရဲ႕
သ႐ုပ္ေဆာင္စြမ္းရည္ကလည္း အရမ္း
​ေကာင္းတယ္၊ အနက္ေရာင္မ်က္ႏွာဖုံးစြပ္
အမ်ိဳးသားႏွင့္ အတူ ေျပးဝင္လာၿပီး
လုက်ိဳးက ခ်က္ျခင္း ထေအာ္တယ္၊

" မင္း အရင္သြားႏွင့္!"

"ပိုင္ယြီထန္!"

အမ်ိဳးသမီး သ႐ုပ္ေဆာင္က ေအာ္တယ္၊
အတြင္းဘက္ဆီမွ ေလသံတိုးတိုးေလးေတြ
ကို ၾကားေနရၿပီး လုက်ိဳးက အမ်ိဳးသမီး
ဇာတ္ေဆာင္အား ကာကြယ္ဟန္ျပဳကာ
သူမအား ထြက္ေျပးလြတ္ေျမာက္ေစတယ္၊
ဒါေပမဲ့ အမ်ိဳးသမီးသ႐ုပ္ေဆာင္က ေအာ္
ဟစ္ေျပာလာျပန္တယ္,

" မဟုတ္တာေတြ မေျပာနဲ႕!.ကြၽန္မရွင့္ကို
မထားခဲ့နိုင္ဘူး!"

အမ်ိဳးသမီး သ႐ုပ္ေဆာင္က ေခြးေျခကို
ကိုင္ျမႇောက္ကာမ်က္ႏွာဖုံးစြပ္ထားသည့္
အမ်ိဳးသားဆီသို႔ အျမန္ ေျပးသြားတယ္။

ၾကည့္ေနၾကသူမ်ား :"......."

လုက်ိဳးက က်ယ္ေလာင္စြာေခ်ာင္းဆိုး ေနၿပီး
စားပြဲခုံအား လွန္ခ်လိဳက္ခ်ိန္ လီခ်မ္းက်န္းက
အလ်င္အျမန္ အမ်ိဳးသမီးငယ္အား အျပင္သို႔
ဆြဲထုတ္သြားတယ္၊ အမ်ိဳးသမီးဇာတ္ေဆာင္က
မ်က္ရည္မ်ားျပည့္ေနလ်က္ က်ယ္ေလာင္စြာ
​ေခ်ာင္းဆိုးၿပီးေနာက္ လီခ်မ္းက်န္းအား
အထဲတြင္က်န္ရစ္ခဲ့သည့္လုက်ိဳးအား ကယ္ေပးပါရန္
ေတာင္းပန္ေနတယ္၊လုက်ိဳး ဘာမွလည္း မျမင္နိုင္ေတာ့ဘဲ ေလသံေတြကိုသာၾကားေနရလ်က္ တိုက္ခိုက္ေနဆဲပဲ၊အခ်ိန္တခဏေလးအတြင္း လီခ်မ္းက်န္းက လည္း
အျပင္ဘက္သို႔ ပ်ံသန္းလာရင္း ေလအိတ္ေပၚသို႔
လဲက်သြားတယ္။

လုက်ိဳး ယိုင္နဲ႕စြာအျပင္ထြက္လာခ်ိန္
အမ်ိဳးသမီးဇာတ္ေဆာင္က ခ်က္ျခင္းပဲ
သူ႕ကို ေျပးဖက္တယ္၊လီခ်မ္းက်န္းကလည္း
သူတို႔ဆီသို႔ အျမန္ေျပးလာၿပီး လုက်ိဳးကိုပါ
ကူမကာ ထြက္ေျပးလာၾကတယ္။

သုံးခန္း စလုံး တၿပိဳင္နက္ထဲ ရိုက္ကူးခဲ့ၿပီး
အလြန္ပင္ ပညာသားျပည့္ဝေသာ ရိုက္ခ်က္မ်ားျဖင့္
ရိုးရွင္းစြာ ၿပီးေျမာက္ခဲ့တယ္၊ အခ်ိန္ရွိေသးတာမို႔ ဒါရိုက္တာက ေန႕လည္တြင္ ေနာက္ထပ္တစ္ခန္းရိုက္ဖို႔ရာစီစဥ္တယ္၊စီမံခန့္ခြဲေရးမႈးက လမ္းထဲမွာပဲ ရိုက္ကူးေရး
ကို စီစဥ္ရန္ ထြက္သြားတယ္၊လုက်ိဳးနဲ႕
လီခ်မ္းက်န္းတို႔က တိုက္ခိုက္ေရးဇာတ္
ကြက္ေတြကို ထပ္မံရိုက္ကူးရဦးမယ္။

ညဘက္ထိ ခ်င္းမင္ ဧရိယာမွာပဲရွိေနၾကေသးတယ္။

ျမစ္ကမ္းနံေဘးတြင္မီးမ်ားထြန္းညွိထားတယ္၊လီခ်မ္းက်န္း က ညေနခင္း ရိုက္ကြင္းအတြက္ ဝတ္စုံဝတ္ကာ
သစ္ပင္ေအာက္တြင္ မတ္တပ္ရပ္ေနတယ္။လုက်ိဳးက
သစ္ကိုင္း တစ္ကိုင္းေပၚ တက္ကာ လီခ်မ္းက်န္းကို
စေနာက္ေနပုံ ျဖစ္တယ္။

"ေတာင္ပိုင္း သူရဲေကာင္း က်န္းေက်ာင္းမွာလည္း
သနားစရာအခိုက္အတန့္ေလးရွိတာပဲ"

လုက်ိဳးက လီခ်မ္းက်န္းေခါင္းေပၚသို႔
သစ္႐ြက္တစ္႐ြက္ကိုေခြၽခ်ေပးလိုက္တယ္။

" ကြၽန္ေတာ့္ အသက္17ႏွစ္ထဲက
ရာဇဝတ္ခုံ႐ုံးမွာလုပ္ခဲ့တာ ..အသက္
21ႏွစ္ေရာက္ေတာ့ ေပါင္တရားသူႀကီး
မင္းရဲ႕ ေနာက္ကို လိုက္ခဲ့တယ္၊အခုဆို
11ႏွစ္ေက်ာ္ရွိၿပီမို႔ အမွားအမွန္ ကိုလည္း
​ေဝဖန္ပိုင္းျခားနိုင္တယ္..."

လီခ်မ္းက်န္း က ေရထဲမွလွိုင္းၾကက္ခြပ္ေလးေတြ
ကို ၾကည့္ၿပီးထပ္ေျပာလာတယ္၊

" ဒါေပမဲ့ အမႈက ပိတ္ၿပီးျဖစ္ေနတယ္,
ဘယ္ဟာအမွားအမွန္ဆိုတာကို ခ်က္ျခင္း
မသိနိုင္ဘူး"

လုက်ိဳး :"ခုန္ခ်လိဳက္ေတာ့...ျမစ္ထဲသာခုန္ခ်ၿပီး
အဆုံးသတ္လိုက္ေတာ့"

ျမစ္ကမ္းနေဘးမို႔ ျခင္ေတြ အမ်ားႀကီးရွိေနတယ္၊ေရွာင္ရီ မ်က္ႏွာက အနီေရာင္ေပါင္မုန့္အလား ျဖစ္သည္အထိအကိုက္ခံေနရတယ္၊ဝန္ထမ္းေတြက ျခင္ေဆးေတြဖ်န္းၿပီး
ျခင္ေတြကို ႏွိမ္ႏွင္းေနၾကေပမဲ့ ေရွာင္ရီကေတာ့
အာ႐ုံ စိုက္ကာ ၾကည့္ေနလ်က္ပရိသတ္ေတြ
လက္ေဆာင္ေပးလာတဲ့ အမဲသားေျခာက္ကို
ဝါးေနတယ္။

"ကဒ္....ဒီမွာတင္နားၾကမယ္, လူတိုင္း
ဒီေန႕ အလုပ္ႀကိဳးစားၾကတယ္,
ေအာင္ျမင္ဖို႔ အတြက္ လမ္းစပဲ!"

ဒါရိုက္တာရဲ႕ ကဒ္ဆိုတဲ့ အသံႏွင့္အတူ
လုက်ိဳးလည္း သစ္ပင္ ေပၚကေန ေအာက္သို႔
ခုန္ဆင္းလာၿပီး သူ႕ ခႏၶာကိုယ္တစ္ခုလုံးက
ဓာတ္လိုက္သည့္အလား လႈပ္ခါေနတယ္၊
ေရွာင္ရီ အလ်င္အျမန္ ေျပးသြားလိုက္တယ္၊
အစပထမေတာ့ လုက်ိဳးမ်ား ႐ူးသြားၿပီလားဟု
​ေတြးမိေပမဲ့ အခ်ိန္အေတာ္ၾကာ သူ႕ ခႏၶာကိုယ္အား
ခါခ်ၿပီးေနာက္ လုက်ိဳးရဲ႕ တင္းၾကပ္ေနတဲ့ အက်ီေတြထဲမွ ဓားခုတ္ ေကာင္တစ္ေကာင္ ထြက္လာခဲ့တယ္။

လုက်ိဳး :"......"

ေရွာင္ရီ :"......."

လုက်ိဳးက လက္ကိုင္ပန္ကာေလးကိုကိုင္ၿပီး
သူ႕ တကိုယ္လုံးလည္းက်ည္ဆံေတြလို ေခြၽးသီးေတြ
​ေပါက္ေပါက္က်ေနတာမို႔အဝတ္လဲရန္ ထြက္လာလိုက္
တယ္၊ သူျပန္ထြက္လာၿပီးေနာက္ ေရွာင္ရီ ကလုက်ိဳး
အေအးပတ္မွာစိုးတာမို႔ ေလေအးေပးစက္ပင္
မဖြင့္ေပးရဲဘူး၊ သူတို႔ ကားေမာင္းထြက္ခါနီး
လီခ်မ္းက်န္းရဲ႕ လက္ေထာက္ေရာက္လာတယ္၊

"ဒါက ပရိသတ္ေတြလာပို႔တာ,စားဖို႔ျပန္ယူသြားဦး "

ေရွာင္ရီ ၿပဳံးျပရင္း,

"ေက်းဇူးပါ"

ကားေမာင္းထြက္လာခ်ိန္ လုက်ိဳးရဲ႕မ်က္ႏွာက
ျပိဳေတာ့မည့္မိုးလိုအုံ႕တုံ႕တုံ႕,

" မင္းက လီခ်မ္းက်န္းေပးတဲ့အစားအစာကို
စားရဲတယ္ေပါ့?"

" ေန႕လည္တုန္းက ေကာဆီ ပရိသတ္က
ပို႔လာတဲ့ မုန့္ေတြထဲက ကြၽန္ေတာ္သူတို႔ကို
ျပန္ခြဲေပးလိုက္ေသးတယ္"

"တစ္ေယာက္ေယာက္က မင္းကိုသာအဆိပ္ခတ္ဖို႔ ႀကိဳးစားရင္ က်ိန္းေသမင္းေသမွာ "

"......"

သူတို႔အိပ္ေဆာင္သို႔ ေရာက္လာၾကတယ္၊
လုက်ိဳးကေတာ့အပူဒဏ္ခံေနရတဲ့ ေခြးတစ္ေကာင္လိုပဲ၊ သူ႕တကိုယ္လုံးကပူေႏြးေနတယ္၊ေရွာင္ရီကအသား
ေအးေေပါင္ဒါအား လုက်ိဳးကို လိမ္းေပးေနခ်ိန္ လုက်ိဳး
တစ္ေယာက္ ရႈံ႕မဲ့ေနေလေရာ၊ထို႔ေနာက္ ေရွာင္ရီလုက်ိဳးရဲ႕
ပခုံးေတြနဲ႕ ေျခေထာက္ေတြကို ႏွိပ္နယ္ေပးလိုက္တယ္၊

" မင္း အလုပ္မရွိရင္ ကားေပၚမွာထိုင္ေနလို႔ရတယ္ ၊ဒါရိုက္တာအနားမွာထိုင္ေနလို႔လည္းရတယ္၊အဲ့ေနရာေတြက
ေလေအးေပးစက္ေတြ၊ပန္ကာေတြ ရွိတယ္မလား?'

"ဟုတ္ကဲ့"ေရွာင္ရီ နာခံစြာျဖင့္ တုံ႕ျပန္လိုက္တယ္၊

ဒုတိယရက္ကိုလည္း ျဖတ္ေက်ာ္လို႔အၿပီး
လုက်ိဳးနားမွာပဲ ေရွာင္ရီ ရွိေနဆဲ၊လုက်ိဳး
ေနပူထဲ ထြက္ရရင္ သူလည္း ေနပူထဲ
လိုက္တယ္။ လုက်ိဳး ျခင္ေတြ အကိုက္ခံရခ်ိန္
သူလည္း ျခင္ကိုက္ခံရသည္မို႔ ျဖဴဝင္းတဲ့
အသားအရည္ကနီရဲ ေနတယ္ ၊ဒါရိုက္တာက
အဖြဲ႕သားတစ္ေယာက္ကို ပဲတီစိမ္း ဟင္းခ်ိဳ
ခ်က္ခိုင္းၿပီး အနားယူခ်ိန္ လူတိုင္း တစ္ပန္း
ကန္စီခြဲတမ္းရၾကတယ္၊ ေႏြရာသီရဲ႕
အပူရွိန္ကျပင္း လြန္းလွတယ္။ ေနေရာင္
နဲ႕ထိေတြ႕ မႈေၾကာင့္ ပဲတီစိမ္းဟင္းရည္က
သိုးေနၿပီးလုက်ိဳးေသာက္ခါနီးတြင္အျမဳပ္ေတြ
ပင္ထေလာက္မည္၊ထို႔ေၾကာင့္ ေရွာင္ရီ
ကဟင္းခ်ိဳကို ေအးေနေအာင္လုပ္ထားလိုက္တယ္၊ ေရခဲ ေသတၱာထဲ တြင္သိမ္းၿပီး ေသာက္ခါနီးမွ အပူေပးလိုက္
တယ္၊ခုလိုမ်ိဳးပူျပင္းတဲ့ရာသီဥတု မွာ လုက်ိဳးတစ္ေယာက္
အေအးေသာက္လိုက္ အပူေသာက္လိုက္ျဖင့္
ဗိုက္နာလာခဲ့တယ္။

"ငါအသက္ႀကီးေနၿပီ....ဒီလို အေနအထားကို
ေတာင္ မခံနိုင္ေတာ့ဘူး"

လုက်ိဳး ေနမေကာင္းတာကို ျမင္ေနရတဲ့ ေရွာင္ရီ
တစ္ေယာက္ အေတာ္ေလးကိုစိတ္မေကာင္းျဖစ္ေနမိ
တယ္၊ တပတ္နီးပါးၾကာၿပီးတဲ့ေနာက္ အပူရွိန္ ျပင္းလြန္းတာမို႔ ဇာတ္ၫြန္းေရး ဆရာပင္ အပူရွပ္ေလတယ္၊ သူက
ေဟာ္ရွန္းက်န္းခ်ီေဆးရည္သာေသာက္ထားတယ္၊
ဒါရိုက္တာအနီးသို႔ သြားခ်ိန္ မူးေဝကာ
ကင္မရာေတြကိုပါ ဝင္တိုက္မိေလတယ္ ။

"ပိုက္ဆံသာရွိရင္ ဒီလိုအေနအထားမွာ
ခ်မ္းသာနိုင္မယ္"

ေရွာင္ရီက လုက်ိဳးအား ႏွစ္သိမ့္ ေနရလ်က္
Air coolerေလးအား လုက်ိဳးဘက္သို႔
လွည့္ေပးထားလိုက္တယ္၊ရာသီဥတုက
အရမ္းပူတယ္, ထို႔ေၾကာင့္ ေရွာင္ရီက
Air coolerေလး တစ္လုံးဝယ္လိုက္တယ္၊
ဒီစက္ေလးက အတြင္းဘက္ကို ထည့္ဖို႔
​ေရခဲတုန္းေလးေတြပဲ လိုတယ္၊ ဖြင့္လိုက္တဲ့အခါ
ေလေအးေအးေလး ရတယ္ေလ၊ လုက်ိဳးေန႕တိုင္း
အက်ီ အထူႀကီးေတြ ဝတ္ေနရေသာ္ လည္း
ရိုက္ကူးေရးၿပီးၿပီးခ်င္းသူ႕ဝတ္႐ုံကို ဖြင့္ကာ
အတြင္းဘက္ ၌ သူဝတ္ဆင္ထားတဲ့စြပ္က်ယ္နဲ႕
​ေဘာင္းဘီတိုအား ထုတ္ေဖာ္ထား တယ္၊ ေျခေထာက္မွ အေမႊးအမွ်င္ေတြကို ျမင္ေနရၿပီး ဖိနပ္အပါးသာ စီးထားတာမို႔ အန္ကယ္ႀကီး တစ္ေယာက္နဲ႕ တူေနတယ္ ၊
လုက်ိဳးရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းထိ ပန္ကာေလ
က မေရာက္တာမို႔ aircoolerေလးအားလုက်ိဳး၏
​ေဘာင္းဘီ ခြၾကားနားထိေလေရာက္ေအာင္ ေ႐ြ႕ ေပး
လိုက္တယ္။

လုက်ိဳး :"......"

"ငါ့ဒစ္လဲ ေအးခဲ ကုန္ဦးမယ္"

လုက်ိဳးေရွာင္ရီကို ထေျပာလာတယ္။

ေရွာင္ရီ ေလေအးစက္ေလးကိုအနည္း
ငယ္ခ်ိန္ညွိလိုက္တယ္၊လုက်ိဳးကေခါင္းစြပ္
ဝတ္ထားခဲ့ရတာမို႔ ပို၍ပင္ ပူေနပုံရၿပီး
မ်က္ႏွာကလည္း ျဖဴေဖ်ာ့ေနတယ္၊
ေရွာင္ရီက လုက်ိဳးအားေဟာ္ရွန္းက်န္းခ်ီ
ကို အလ်င္အျမန္ ေသာက္ရန္ေပးလိုက္တယ္၊
ဒါေပမဲ့ေရွာင္ရီ စိတ္အႏွောင့္အယွက္ျဖစ္ေစတဲ့
အေၾကာင္းအရာတစ္ခုက လီခ်မ္းက်န္းရဲ႕
လက္ေထာက္က သူ႕ရဲ႕ ေလေအးစက္ေလးကို
ယူယူသုံးတာပဲ၊ မၾကာခဏဆိုသလို သူအနားမွာမရွိ
တဲ့အခ်ိန္ နဲ႕ လုက်ိဳး က သူနဲ႕ စကား ေျပာေနတဲ့
အခ်ိန္ေတြဆို လီခ်မ္းက်န္းရဲ႕ လက္ေထာက္က ေရွာင္ရီရဲ႕ ေလေအးစက္ေလးကို လီခ်မ္းက်န္းသုံးဖို႔လက္လႊဲ ေပး
လိုက္တယ္၊ေရွာင္ရီ ျပန္ယူေပမဲ့ သူသတိမထားမိခ်ိန္
ထိုသူက ျပန္ယူသြားျပန္တယ္။

ေရွာင္ရီ တစ္ေယာက္ အေတြးထဲမွာေတာ့,

ေ..လိုး!...သူမ်ားလိုေအးခ်င္ရင္ သူမ်ားလို
ေလေအးစက္ေလး ဝယ္ထားပါလား !

ေနာက္ဆုံးတြင္ေရွာင္ရီ ေရရွည္သည္းမခံ
နိုင္ေတာ့သလို ဒီတိုင္းလဲ မေနခ်င္ဘူး၊ ငါ
က က်ားတစ္ေကာင္ဆိုတာကို မျပလို႔ ငါ့ကို
ေၾကာင္နာမ်ား မွတ္ေနတာလား? လုက်ိဳး
ကလည္း သူ႕ ေလေအးေပးစက္ေလးကို
ခဏခဏျပန္ရွာၿပီး သူ႕ကိုပါ ,

"မင္းသူတို႔ကို မေျပာရဲဘူးဆိုရင္ငါ Weibo မွာ
ပိုစ့္တင္ၿပီး ႐ုပ္ရွင္ဧကရာဇ္ရဲ႕ေစာက္႐ူးလက္ေထာက္
ကို ေသတဲ့အထိ ႀကိမ္းေမာင္းဖို႔
ငါ့ပရိသတ္ကို ဟန္းတ်န့္လာခိုင္းလိုက္မယ္"

လီခ်မ္းက်န္း ကရန္လာစေနသလိုပဲလို႔
ေရွာင္ရီ ေတြးမိတယ္၊ ထို႔ေၾကာင့္ လီခ်မ္းက်န္း
အတြက္ ေလေအးစက္ေလးဝယ္ေပးဖို႔
ေရွာင္ရီ စဥ္းစားလိုက္တယ္၊ အဆင္ေျပသြားၿပီ,
ခုဆို လီခ်မ္းက်န္း လည္းသူ႕ဘာသာ သေဘာရွိ
အေအးခံနိုင္ၿပီ။

လုက်ိဳး ရိုက္ကူးေရး အၿပီးဟိုတယ္ျပန္ေရာက္ခ်ိန္
သူ႕ကို ေဒါသတႀကီး ထေအာ္လာတယ္၊

" ဒါက မင္းရဲ႕ သည္းမခံနိုင္မႈအဆုံးသတ္ႀကီးေပါ့...အာ !"

ေရွာင္ရီ ထိတ္လန့္ေနစဥ္ လုက်ိဳး ဆက္ေျပာလာတယ္၊

" ငါ့လက္ေထာက္က လီက်န္းခ်န္းကို
ပိုၿပီး တာဝန္ေက်ျပေနတာေလ,ဒါက
ဘယ္လိုအဓိပၸာယ္မရွိတာလဲ? မင္း
ကိုယ္တိုင္ ရွင္းျပ"

ေရွာင္ရီ : "ကြၽန္ေတာ္....ကြၽန္ေတာ္က
ေကာရဲ႕ေလေအးေပးစက္ေလးကို
သူလုမွာေၾကာက္လို႔ပါ..."

ဒီကိစၥအား ျပသနာအျဖစ္ထုတ္ေဖာ္လိုက္ပါ
က လီခ်မ္းက်န္းနဲ႕လုက်ိဳးတို႔အား လွ်ပ္စစ္
ပန္ကာေလးတစ္ခုေၾကာင့္ရန္ျဖစ္ေစမယ္
ဆိုရင္ဒီႏွစ္အတြက္က်ိန္းေသေပါက္စိတ္အ
ႏွောင့္အယွက္ျဖစ္ေစမဲ့အရႈပ္ေတာ္ပုံျဖစ္လာ
မည္ဟု ေရွာင္ရီ ေတြးမိတယ္၊

လုက်ိဳး : " မင္းသူ႕ကို ဘယ္လိုရိုက္ရမလဲ
ဆိုတာကို မသိဘူးလား?"

အကယ္၍ ငါသာသူ႕ကိုရိုက္လိုက္မိရင္ေသ
ၿပီပဲ, ႏွစ္ဖက္ပရိသတ္ေတြက်ိန္းေသပဋိပကၡ
ျဖစ္ေလာက္တယ္,မင္းနဲ႕ လီခ်မ္းက်န္းတို႔
ရန္ျဖစ္ၾကတာကိုသာပရိသတ္သိရင္
အႏုျမဴဗုံးေတြ ခိုးလာၿပီးက်ိန္းေသ
ဟန္းတ်န့္ဆီ လိုက္လာၾကလိမ့္မယ္လို႔
ေရွာင္ရီ ေတြးမိတယ္။

အမွန္အတိုင္းေျပာရမယ္ဆိုရင္ လုက်ိဳးနဲ႕
လီခ်မ္းက်န္းတို႔ အတူတူရိုက္ကူးေရး လုပ္ခဲ့တဲ့
ပထမဆုံး ဇာတ္ဝင္ခန္း မွသည္ အျပင္ဘက္
ရွိျဖစ္ခဲ့သည့္ ပဋိပကၡက ရပ္တန့္ မသြားခဲ့၊
က်ိဳး ပရိသတ္မ်ား~ တနည္းအားျဖင့္လုက်ိဳးရဲ႕
ပရိသတ္ေတြနဲ႕ ခ်မ္းပရိသတ္မ်ား~
တနည္းအားျဖင့္ လီခ်မ္းက်န္းရဲ႕ ပရိသတ္ေတြ
ကခုႏွစ္ရက္ၾကာမွ် သဘာဝနိယာမရဲ႕ လႊမ္းမိုးမႈခံရျခင္းဟူေသာအမ်ားသူငါအျမင္က အက်ဳံးမဝင္ခဲ့ ပုံရတယ္
၊ႏွစ္ဖက္ ပရိသတ္က ေန႕စဥ္ႏွင့္ အမွ်ရန္ျဖစ္ေနၾက
ဆဲျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြကိုလည္း မေရမတြက္
နိုင္သည္အထိေကာလဟာလအမွားေတြနဲ႕
အပုပ္ခ်ကာဆြဲထည့္ၾကေသးတယ္၊ထိုအထဲ
အမ်ားဆုံး ခံခဲ့ရသူက ဝူဟန္းကုျဖစ္တယ္။

ဝူဟန္းကုက လုက်ိဳးနဲ႕ အတူအိပ္ၿပီး ေနာက္
ပိုင္းလီခ်မ္းက်န္းရဲ႕ အိပ္ရာေပၚထပ္တက္ကာ
ေ႐ြေရာင္သခင္ရဲ႕ ေပါင္ကိုဖက္တြယ္ရန္
စိတ္ကူးယဥ္ေနပုံရတယ္...ထြီ! ငါတို႔ က်ိဳး
ငါတို႔ က်န္းက မင္းရဲ႕ အဲ့လိုပုံစံကိုႀကိဳက္ပါ့
မလား? #% .....%#$....!

.....အဲ့ဒီအျပင္ ဝူဟန္းကုက ဇာတ္ၫြန္းႀကီးၾကပ္ေရးမႈး , ဒါရိုက္တာ, ထုတ္လုပ္သူေတြနဲ႕ ရင္းႏွီးျမဳပ္ႏွံသူေတြႏွင့္ပါ သူရဲေကာင္းဆန္စြာ အတူအိပ္ၿပီး အခြင့္အေရးရဖို႔
အစီအစဥ္ခ်ခဲ့တယ္ဆိုတာမ်ိဳး...သူက ထုတ္လုပ္ေရး အဖြဲ႕၏ေထာက္တိုင္အျဖစ္ အသုံးျပဳရန္ယာယီ ရည္႐ြယ္ထားတဲ့ လက္ပါးေစတစ္ဦးျဖစ္ေၾကာင္း ေျပာဆို ေနၾကတယ္။

ေကာလဟာလအတိုင္းသာဆို ဝူဟန္းကုက
ရိုက္ကူးေရးစတဲ့ ခုႏွစ္ရက္လို ရက္တိုေလး
အတြင္းမွာပဲ လူတစ္ရာနီးပါးနဲ႕ အိပ္ခဲ့သလို
ျဖစ္ေနတယ္၊ ပွ်မ္းမွ်အားျဖင့္ တေန႕ကို
လူႏွစ္ဆယ္ေလာက္နဲ႕ အိပ္ရမည္ျဖစ္ၿပီး
တစ္နာရီတိုင္းကို လူတစ္ဦးနဲ႕ ေျပာင္းအိပ္သ
လို ျဖစ္ေနတယ္...နားေနခ်ိန္ေတာင္မရေလာက္
ဘူး...႐ုပ္ရွင္ရိုက္ဖို႔ အခ်ိန္လည္းမရွိေလာက္ဘူး၊
ရိုက္ကူးေရးစဝင္ကတည္းက သူ႕အခ်ိန္ေတြကို
ဟိုတယ္ခုတင္ထက္မွာကုန္ဆုံးေစသလိုျဖစ္ေနမည္ပင္။

တခါတရံ ေရွာင္ရီေတာင္ဝူဟန္းကုကို
ဘယ္လိုႏွစ္သိမ့္ရမလဲမသိေတာ့ဘူး၊
ဝူဟန္းကုကအလြန္အမင္း အပုပ္ခ်ခံေနရ
တာမို႔ အေနအထားက သိပ္ၾကည့္မေကာင္း
​ေတာ့သလို ရိုက္ကူးေရးမွာလည္းအပူဒဏ္
ကို အလူးအလဲခံရေသးတယ္၊ေရွာင္ရီကေတာ့
သူဒီဇာတ္လမ္းမွာ ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႕
မပါဝင္ျဖစ္တာကိုကံေကာင္းတယ္လို႔ယူဆမိတယ္၊
ဒီလိုမွမဟုတ္ရင္ ပရိသတ္ေတြသာ ျပသနာရွာပါက
ႏွစ္သစ္ကူးပြဲေတာ္သူအိမ္ျပန္ခ်ိန္ သူ႕မိသားစု
တစ္စုလုံး မ်က္ႏွာက်က္မွ ႀကိဳးဆြဲခ်ေနတာကို
ျမင္နိုင္ေလာက္တယ္လို႔သူခန့္မွန္းမိတယ္၊
ပရိသတ္ေတြ ဝူဟန္းကုအား မည္သို႔ဆဲဆိုေနသည္
ကို မေျပာဝံ့ဘူး၊ ဝူဟန္းကုတြင္ငွားရမ္းထားသည့္
လက္ေထာက္ဆိုသည္လည္းမရွိ, ရိုက္ကူးေရးစတင္သည့္အခ်ိန္ ငွားရမ္းသည့္လက္ေထာက္ကလည္း
သူ႕ေနာက္မွလိုက္ကာဘာမွလုပ္မေပးသူျဖစ္
ေနခဲ့တယ္,ထို႔ေၾကာင့္ ေန႕စဥ္နဲ႕အမွ်
ရိုက္ကူးေရးတြင္ သူႀကံ့ႀကံ့သာခံေနရ
တယ္၊၊ သူ႕ပြဲစားကလည္း ရက္အနည္းငယ္
အၾကာတြင္ ျပန္သြားၿပီး သူ႕ကိုယ္သူဂ႐ုစိုက္
ဖို႔သာမွာၾကားခဲ့တယ္။

ေရွာင္ရီ ဝူဟန္းကုအတြက္ အလြန္စိတ္
မေကာင္းျဖစ္မိတယ္၊ဒါေၾကာင့္မို႔ လုက်ိဳးထံမွ
ခိုင္းစရာမရွိတဲ့အခ်ိန္ ေတြဆို ဝူဟန္းကုကို
တတ္နိုင္သေလာက္ ေစာင့္ေရွာက္လုပ္ကိုင္ေပး
ရန္ အစျပဳခဲ့ၿပီး ဘာပဲျဖစ္ျဖစ္သူတို႔အားလုံးက
ကုမၸဏီတစ္ခုတည္းမွာရွိေနၾကတယ္။ဘြဲ႕ရၿပီးၿပီးျခင္း talent showတစ္ခုကေန ေပၚထြက္လာခဲ့တဲ့
ကေလးတစ္ေယာက္က သူ႕ကိုယ္သူ ေစာင့္ေရွာက္
နိုင္ရင္ေတာင္ ျပသနာရွိေနဆဲပဲေလ။

တခါက, ေရွာင္ရီ က လုက်ိဳး၏ဝူမိုင္ေရွာင္ရႈ
တ႐ုတ္ေဆးဖက္ဝင္အပင္ဟင္းရည္ရဲ႕
တစိတ္တပိုင္းခန့္ ဝူဟန္းကုအတြက္ ခ်န္ေပးထား
လိုက္တယ္၊ ဝူဟန္းကုက မတ္ခြက္ေလးကိုယူကာ
ဟင္းရည္ေလးေသာက္ရင္း မ်က္ရည္ေတြက်လာခဲ့တယ္။

"က်ားယို႔ ! ...က်ိဳးေကာက မင္းေသခ်ာေပါက္လုပ္နိုင္မယ္လို႔ေျပာတယ္"

"ေက်းဇူးတင္ပါတယ္"

"မင္းဘာပဲ လိုလို ငါ့ကို ေျပာလို႔က်ိဳးေကာက ေျပာတယ္, ငါ့ကို အားမနာနဲ႕ "

ဝူဟန္းကုစကားမေျပာေတာ့ဘဲ ေခါင္းေလးပဲ
ညိတ္ျပရွာတယ္။

ထို႔ေနာက္ သူအခန္းဆီ ျပန္လာလိုက္တယ္။

လုက်ိဳး: " ငါမင္းကို ထပ္ေျပာပါဦးမယ္...
ဝူဟန္းကုကို မေျပာနဲ႕! မင္းကသူ႕ကို သြားေတြ႕ၿပီး
ဘာလုပ္တာလဲ?!သူက မင္းကို လစာေပးထားလို႔လား!
ေအးစက္ေနတဲ့ ခုံတန္းမွာထိုင္ဖို႔ လူသစ္ေဘးနားကို
ကုမၸဏီကေနမင္းကိုေနရာေျပာင္းေစခ်င္တာလား!"

ေရွာင္ရီ :"......."

လုက်ိဳးကေဒါသတႀကီးေျပာလာတယ္,

"နားလည္လား?!"

ေရွာင္ရီ : "ဟုတ္ကဲ့...ေကာင္းပါၿပီ"

လုက်ိဳး : " အဲ့ဒီအျပင္! မနက္ျဖန္ လီခ်မ္းက်န္းဆီက
ေလေအးေပးစက္ေလး ျပန္သြားယူ ! သူက
ဘယ္ေလာက္အရည္အခ်င္းရွိေနလို႔ ဒါကို
သုံးရတာလဲ!သူက ဘာႀကီးမို႔လဲ !"

ေရွာင္ရီ : "......."

အျပင္ဘက္မွ မိုးၿခိမ္းသံၾကားေတာ့ , ေရွာင္ရီ႕
အတြက္ ကယ္တင္ရွင္ တစ္ဦး ေပၚထြက္လာသလိုပဲ ,

" ၾကည့္ဦး..က်ိဳးေကာ.. မိုး႐ြာေနၿပီ"

လုက်ိဳး ေရွာင္ရီ႕ေခါင္းေလးကို လက္ျဖင့္
ထိုးၿပီး ေျပာလာတယ္၊

" မင္း ငါေျပာတာကိုၾကားတယ္ေနာ္ !"

ေရွာင္ရီ : "ဟုတ္ပါၿပီ..ဟုတ္ပါၿပီ"

ေရွာင္ရီ မ်က္ႏွာက်က္မွ ျပတင္းေပါက္ေလးကိုဖြင့္လိုက္
တယ္၊ ထိုအခါ လုက်ိဳး ထပ္ေျပာလာျပန္တယ္၊

"မင္းဘာလို႔ ျပတင္းေပါက္ဖြင့္တာလဲ !
မင္းခုန္ခ်ခ်င္လို႔လား..အာ!"

"ေလဝင္ေလထြက္ေလးေကာင္းေအာင္....
အဲကြန္းခန္းထဲ အၿမဲေနလို႔မေကာင္းဘူးေလ"

လုက်ိဳးတစ္ေယာက္ လီခ်မ္းက်န္း၏ပန္ကာကိစၥႏွင့္
ပတ္သက္၍ အခဲမေၾကေသးတာမို႔,

"မင္းသြားၿပီး အဲ့ဒါကို ခုခ်က္ျခင္းျပန္ယူ
လာခဲ့ ဒါမွမဟုတ္ မနက္ျဖန္ပစၥည္းသိမ္းၿပီး
မင္းဘာသာထြက္သြားလိုက္ေတာ့"

"ဟုတ္ကဲ့...ဟုတ္ကဲ့"

သူဘာလုပ္သင့္လဲ? ေနာက္ထပ္တစ္ခု
ထပ္ဝယ္သင့္လား? ၿပီးေတာ့ သူမွားေပးမိပါတယ္
လို႔ လီခ်မ္းက်န္းကို ေျပာလိုက္မယ္, ေနာက္ပိုင္း
ပစၥည္းအသစ္ကို လီခ်မ္းက်န္းသူ႕ဘာသာသူဝယ္ထားတာပါလို႔ ေျပာရမလား? ဒါေပမဲ့ သူ႕အေတြးကို သာေျပာျပ
လိုက္ရင္ လီခ်မ္းက်န္း က်ိန္းေသရယ္မွာ,ရွက္စရာႀကီး,
ေရွာင္ရီ လမ္းေလွ်ာက္ထြက္ လာလိုက္တယ္, သူျပန္လာတဲ့အခါ ,လုက်ိဳးကို အိပ္ေနၿပီအထင္ျဖင့္သူေခ်ာင္းၾကည့္လိုက္တယ္၊

" ျပန္ယူလာၿပီလား? ငါ့ကို ျပ"

"ကြၽန္ေတာ္ မယူရေသးဘူး"

ဖိနပ္အပါးတဖက္က သူ႕ထံသို႔ဝဲပ်ံလာရာ
ေရွာင္ရီ ခ်က္ျခင္း ေျပးထြက္လာလိုက္တယ္။

ေရွာင္ရီ သူ႕အခန္းဆီ သို႔ ျပန္လာၿပီး အခန္းထဲမွ ခဏေနလိုက္တယ္၊ကံေကာင္းေထာက္မစြာ သူျပန္ထြက္
လာေတာ့ လုက်ိဳး အိပ္ေပ်ာ္သြားေခ်ၿပီ။

ဒီေန႕က ရိုက္ကူးေရး (11)ရက္ေျမာက္ေန႕,
ဒီေန႕ အတြက္ဇာတ္ဝင္ခန္း အခ်ိဳ႕ ရိုက္ကူးၿပီးစီး
သြားၿပီးေနာက္ မနက္ျဖန္ အျပင္ဘက္၌ ရိုက္ကူးေရး
လုပ္ဖို႔ရွိရာ ေနရာက က်န္းက်ားက်ဲမွာ ျဖစ္တယ္၊ ေနာက္ဆုံးေတာ့ ေအးေအး လူလူ ေလး ျဖစ္ၿပီလို႔ ေရွာင္ရီ ေတြးမိတယ္၊ဟန္းတ်န့္ ရွိေနရက္ေတြက တကယ့္ငရဲပဲ၊
ဒါေပမဲ့ အလြန္အံ့ၾသဖြယ္ေကာင္းစြာပဲ ,
သူ႕ က်န္းမာေရးက ရွယ္ေကာင္းေနတယ္။

လူတိုင္းက စိတ္ဓာတ္က်ျခင္းႏွင့္ ပ်င္းရိၿငီးေငြ႕ျခင္းေတြကို ႏွစ္မ်ိဳးလုံးခံစားခဲ့ရၿပီးေရွာင္ရီတစ္ေယာက္သာပုံမွန္အတိုင္းရွိေနတယ္, အေစာပိုင္းရက္အနည္းငယ္ၾကာေအာင္ ေန႕တိုင္း မၾကာခဏဆူပူႀကိမ္းေမာင္းခံခဲ့ရေသးတယ္၊ မိုး႐ြာၿပီးေနာက္ပိုင္း ဟန္းတ်န့္က ေပါင္းေခ်ာင္ႀကီးတစ္ခုလိုပဲ၊ရာသီဥတုက မေအးပဲ စိုစိုစြတ္စြတ္ႀကီး ျဖစ္လာ
တယ္,လူတိုင္း လိုလိုလည္းေခြၽးေတြ႐ြဲေနၾကတယ္, ေရွာင္ရီ လုက်ိဳးအား ရိုက္ကူးေရး ေနရာသို႔ လိုက္ပိုၿပီးေနာက္ အျပင္ဘက္ရိုက္ကူးေရးအတြက္ခရီးေဆာင္အိတ္ထုပ္ပိုး
ရန္ ဟိုတယ္သို႔ ျပန္လာလိုက္တယ္။

"ေဟး !"

နင္ယာခ်င္းရဲ႕ အသံကို ၾကားလိုက္ရတယ္။

" ယာခ်င္းက်ဲ !"

ေရွာင္ရီခ်က္ျခင္း ၿပဳံးျပရင္း ေခၚလိုက္မိတယ္၊

" ရိုက္ကြင္းကို အလည္လာတာ..
ရိုက္ကြင္းကိုအလည္လာတာ...."

နင္ယာခ်င္းက မိန္းကေလးအုပ္စုတစ္စုကို
ေခၚလာၿပီး ေရွာင္ရီ ကို ၿပဳံးျပရင္းဆြဲေခၚ
လာတယ္။

" ကြၽန္ေတာ္ က်ဲကို သတိရေနတာ, လုက်ိဳးက
မေန႕ညကေတာင္ က်ဲကို ေျပာေနေသးတယ္,
က်ဲတို႔...ဟယ္လို!"

"မင္းငါတို႔ ကို လက္မွတ္ထိုးေပးခ်င္လား?"

နင္ယာခ်င္းက ရယ္က်ဲက်ဲျဖင့္ ေျပာလာစဥ္
ေရွာင္ရီ အလ်င္အျမန္ပဲ ျပန္ေျဖလိုက္တယ္,

" လာ..လာၾက, အကုန္လုံး ကြၽန္ေတာ့္ ေနာက္လိုက္ခဲ့"

ဒီေန႕ရဲ႕ ပထမဆုံးဇာတ္ဝင္ခန္းကို အခ်ိန္ေစာေစာ
စတင္ရိုက္ကူးခဲ့တယ္၊လီခ်မ္းက်န္းနဲ႕ လုက်ိဳးတို႔
ႏွစ္ေယာက္ရဲ႕ ဖိုက္တင္ခန္း ျဖစ္တယ္, ႏွစ္ေယာက္လုံး
ေခါင္မိုးေပၚတက္သြားၿပီး ေဘးဘက္ရွိ စားေသာက္ဆိုင္ဒုတိယထပ္တြင္ ကင္မရာအား တပ္ဆင္ကာ အျပင္ဘက္ျမင္ကြင္းအား ရိုက္ကူးခဲ့တယ္။

လုက်ိဳးကသူ႕ခါးတြင္ လုံၿခဳံေရးခါးပတ္
ႀကိဳးတပ္ဆင္လိုက္ၿပီး လီခ်မ္းက်န္းအား
မ်က္ႏွာမူကာ ေျပာလိုက္တယ္။

" မိုး႐ြာလာၿပီ..နည္းနည္းေခ်ာေနတယ္,
မင္းငါ့ကို လိုက္ဖမ္းတဲ့အခါက် ပိုသတိထား"

" မင္းလည္းသတိထားဦး"

ထို႔ေနာက္လုက်ိဳးက တံစက္ၿမိတ္အား အျမန္နင္းကာ
ဆိုင္းခ်ည္ထားေသာ သံမဏိႀကိဳးမ်ားမွအရွိန္အားငွားယူကာမ်က္ႏွာခ်င္း ဆိုင္ဘက္သို႔ ေျပးသြားၿပီး လက္ထဲမွ ဓားသြားျဖင့္ အိမ္အမိုးၾကမ္းျပင္အားထိခတ္ရင္း လီခ်မ္းက်န္းဆီသို႔ ဦးတည္သြားခဲ့တယ္၊

" မင္းငါ့ကို ဆက္ၿပီး လိုက္ဖမ္းေနရင္,
ႏွလုံးသားမရွိဘူးလို႔ ငါ့ကို အျပစ္မတင္နဲ႕!"

လုက်ိဳးက သံမဏိႀကိဳးေတြကို လိမ္ပတ္ရင္း
တဖက္သို႔လွည့္ကာ ပိုစ့္ေပးလိုက္တယ္၊
လီခ်မ္းက်န္းကလည္း တံစက္ၿမိတ္ဆီသို႔
လ်င္ျမန္စြာေလွ်ာက္လာရင္း တည္ၾကည္ေလး
နက္ေသာအသံျဖင့္ေျပာလိုက္တယ္၊

"ေျမလွ်ိုးႂကြက္ ,မင္းအညံ့ခံလိုက္ပါ,မင္းလူမသတ္ရိုးမွန္
ရင္,တရားသူႀကီးမင္းေပါင္က မမွ်မတလုပ္မွာမဟုတ္ဘူး!"

လုက်ိဳး က ေအးတိေအးစက္ၿပဳံးျပရင္း
ေျပာလိုက္တယ္,

"ငါသာတကယ္ႀကီးလူသတ္ခဲ့တယ္ဆိုရင္ေရာ,
မင္းငါ့ကို ဘယ္လိုေျဖရွင္းေပးမွာလဲ?"

လီခ်မ္းက်န္း၏အမူအရာက ႐ုတ္ျခည္း
ပင္ေျပာင္းလဲသြားၿပီး တဖက္သို႔လွည့္ကာ
သူ႕ဓားကို ဆြဲထုတ္လိုက္တယ္၊သိမ္ေမြ႕ေသာ
အသံ တခ်က္ကိုထုတ္ေဖာ္ရင္းေရွ႕သို႔တိုး
လိုက္တယ္။ လုက်ိဳးရဲ႕ အမူအရာကလည္း
ခ်က္ျခင္းပင္ေျပာင္းလဲသြားတယ္,

" မင္း ေျခေထာက္ေအာက္မွာ!"

ထိုအခိုက္အတန့္ လီခ်မ္းက်န္း ေျခေထာက္ေအာက္မွ
အုတ္ကြၽတ္ျပားကက်ိဳးပဲ့သံႏွင့္ အတူ ကြဲအက္သြားခဲ့
တယ္၊ လုက်ိဳး လီခ်မ္းက်န္းအား ေနာက္သို႔ ေျပးတြန္း
ရန္ ႀကံ႐ြယ္လိုက္ခ်ိန္ သူ႕ ခႏၶာကိုယ္ရွိ ခ်ိတ္ထားတဲ့
လုံၿခဳံေရးႀကိဳးေတြက ေျပေလ်ာ့သြားတယ္။

တခ်ိန္တည္းမွာပဲ နင္ယာခ်င္းနဲ႕ အတူစကားစျမည္ေျပာကာ ရယ္ေမာရင္း ျပန္လာတဲ့ ေရွာင္ရီက ထို အျမင့္တြင္ ျဖစ္ပ်က္ေနသည္မ်ားကို ခ်က္ျခင္းပင္ျမင္လိုက္ရတယ္
၊ေရွာင္ရီ ဘဝတသက္တာမွာ ဘယ္ေသာအခါမွ
​ေမ့နိုင္မည္မဟုတ္တဲ့ ျမင္ကြင္းတစ္ခုပင္။

လုက်ိဳးနဲ႕ လီခ်မ္းက်န္းတို႔က ႏွစ္ထပ္အေဆာက္
အအုံ၏ေခါင္မိုးေပၚ၌ လုံးေထြးသြားၾကၿပီး
လုက်ိဳးက လီခ်မ္းက်န္းအားေနာက္ျပန္တြန္းကာ
ကြဲအက္သြားတဲ့ အုတ္ႂကြပ္ျပားေပၚ နင္းမိလိုက္
တယ္၊ထို႔ေနာက္ ေအာ္ဟစ္သံႏွင့္အတူတကိုယ္
လုံးေအာက္သို႔ ျပဳတ္က်သြားခဲ့တယ္၊
ေရွာင္ရီ မ်က္လုံးေတြ ျပဴးက်ယ္သြားခ်ိန္
ရိုက္ကူးေရးဝန္ထမ္းမ်ားလည္း ခ်က္ျခင္း
ပင္ထိတ္လန့္သြားၾကတယ္။

လီခ်မ္းက်န္း ေလွ်ာက်လာသည့္အခိုက္
ကိုယ္ခံပညာဆရာက ေရွ႕သို႔ ေျပးကာ
လီခ်မ္းက်န္းရဲ႕ လက္ကို ဆုပ္ကိုင္ နိုင္ခဲ့တယ္၊လုက်ိဳးက က်ိဳးပဲ့လာတဲ့ အုပ္ႂကြပ္ျပားကိုဖမ္းကိုင္လိုက္ေပမဲ့ ခံနိုင္
ရည္အင္အားတစ္စုံတစ္ရာကို မရနိုင္သျဖင့္ လူတကိုယ္လုံးေလထဲသို႔ ပက္လက္လန္ကာ ေခါင္းအေနာက္ျဖင့္
ျပဳတ္က်သြားခဲ့တယ္၊ပထမထပ္၏တံစက္ၿမိတ္ေပၚရွိ
အုတ္ႂကြပ္ျပားေတြလည္း တၿပိဳင္နက္တည္းဆက္၍
ပင္ၿပိဳက်လာခဲ့တယ္၊ ေရွ႕ဆင့္ေနာက္ဆင့္ဆို သလို
ေျမျပင္ေပၚသို႔ အျပင္းအထန္ ျပဳတ္က်လာသံႀကီး
ထြက္ေပၚလာခဲ့တယ္။

ထိုအခ်ိန္ ေရွာင္ရီ တစ္ေယာက္ က်ယ္ေလာင္စြာေအာ္ဟစ္ကာ ေရွ႕သို႔ ဒေရာေသာပါးေျပးသြားခဲ့တယ္။

မနက္ခင္းပိုင္းမိုးေရမ်ားျဖင့္ စိုစြတ္ေနသည့္
ေျမျပင္ေပၚ၌ လုက်ိဳးလဲေလ်ာင္းေနတယ္။

ကမၻာႀကီး တစ္ခုလုံးထူးထူးျခားျခားတိတ္ဆိတ္သြားတယ္၊၊ ေရွာင္ရီ လုက်ိဳးအနီး ဒူးေထာက္ခ်ရင္း ေကာင္းကင္ႀကီး တစ္ခုလုံးၿပိဳက်သြားသလို ခံစားလိုက္ရတယ္။

"ေလာင္ဇီ....မေသေသးဘူး, မင္းဘာလို႔...
ငိုေနတာလဲ"

လုက်ိဳး မ်က္လုံးေတြကိုဖြင့္ဖို႔ရာအားတင္းကာ
ႀကိဳးစားရင္းတုန္ယင္စြာေျပာလာတယ္၊

" ငါဒီေလာက္ေလးနဲ႕ လြယ္လြယ္မေသပါဘူး....
မေၾကာက္နဲ႕ "

W7268
8.8.2022❤❤❤

........................................................................

Continue lendo

Você também vai gostar

39.6K 5.8K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
197K 30.1K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
427K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...