အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
172K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 12 (Zg + Uni)
2.8K 147 4
By NabeNabe549
{ Part - 12 }
ပြောလို့ မရ။
နာလာမိသည်။
>>>>>>>>>>>>>>>>
ငါ ပန်ပေးမယ် "
ရောက်သွားခဲ့သည်။
" ကျေးဇူးပါ နေထက်..... "
နေတာလား......??? "
" ဖြန်း....!!! "
မသိလိုက်။
ပေါ့ မေသွေးခြယ် "
" ခွပ်...ခွပ်...!!!! "
" တော်တော့....!!! ဦးလင်းခြံရံ
ခင်ဗျား တော်တော့....!!! "
သား တားလိုက်​လေသည်။
မဟုတ်ရင် အသေပဲ.....!!!!
ထွက်ကာ ကျန်နေခဲ့၏ ။
▄︻̷̿┻̿═━一▄︻̷̿┻̿═━一▄︻̷̿┻̿═━一☜☆☞
" ဘုတ်...."
ကြည့်လိုက်မိသည်။ ရင်ထဲမှာလည်း သား
" ခုဏက ကောင်က ဘယ်သူလဲ
မေသွေးခြယ်...??? "
ဘာတွေ ထပ်မေးနေရတာလဲ....?? "
သား ချစ်ရဆုံး အကောင်.... "
" တောက်စ်....!!! ​မေသွေးခြယ်
မင်း မရွဲ့နဲ့နော် "
" မင်း.... မင်း.... မင်း ..."
" အနော်ရထာမင်းလား...???
တွေ ပြောစမ်းပါ "
မင်းက.... "
ဝမ်းနုတ်ဆေးကြီးနော် "
ခင်​ဗျား မမြင်ဘူးလား....?? "
" တောက်စ်....!!! "
----------------------------------------
" အမယ်လေး.......!!!! "
ယောင်္ကျား ပီသစေသည်။
လေးက ရဲတက်သွားခဲ့သည်။
🎵🎵🎵 ပြန်တွေးကြည့် .....
ငါ သိပ်ချစ်မိသွားပြီ .....
🎵🎵 အမြဲတမ်း တွေ့ချင်သည်
မင်း အကြည့်များ 🎵🎵🎵
ပြန်ခွာလိုက်ကြသည်။
စိတ်တွေတိုနေလေ၏ ။
>>>>>>>>>>>>>>>>
အဲ့ဒီမုန့်  ကို ....... "
" လွှတ်....!!!! လွှတ် ....!!! သား
ပါးစပ်​ကို အခုလွှတ်....!!!! "
ပြန်ပြောမှာပေါ့. ...."
ရွေးမ. ...."
" ခင်ဗျား က လင်ရခြံ ...
ခင်ဗျား က လင်​....လင်ရခြံ "
နမ်းရှိုက်ပစ်လိုက်သည်။
စုပ်ယူနေမိသည်။
ခြံရံ ငုံထားလိုက်သည်။
ငုံထွေးရင်း .....စုပ်ယူနမ်းရှိုက်တာ အားရပြီဆိုမှ
သူ လွှတ်ပေးလိုက်သည်။
လာခေါ်တာကိုး.... "
....."
ယူသွားခဲ့သည်။ နောက်တစ်ကြိမ်တော့
မင်း ကြောက်နေတာလား...??? "
သေတောင် မကြောက်ဘူး..."
မင်း..... မင်း.... မင်း....!!! "
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
ငါ တောင်းပန်ပါတယ် "
ငါ မကြိုက်ဘူး "
သွားကြည့်မလား...??? "
ငါ ကြည့်မယ် "
သူ ဘာလုပ်မလဲ မသိဘူး... "
ကားကို "
ခံလိုက်ရတာ "
ခဲ့သည်။
>>>>>>>>>>>>>>>>
တွေ့စရာ ရှိတယ်နော် "
" ဖျက်လိုက်တော့... "
" ဟမ်...ဘော့စ်..!!!!! "
Part 13 မျှော်.........................................
😍😍😘😘😘😘😘
#​လေယူရာယိမ်း
💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 12 }
" မေသွေးခြယ် မင်း ပြန်လာရင် ငါနဲ့ တွေ့မယ် "
ခြံရံ​မေသွေးခြယ် ကို နမ်း​တော့ သူမ က အထိမခံ
ဖြစ်၍ သနားလို့ သူ လွှတ်ပေးလိုက်သည်။
လွှတ်ပေးလိုက်တော့ ပါးနှစ်ဖက်က နှစ်ချက်ဆင့်
ရိုက်ခံလိုက်ရပြီး ဒါတင်မကသေး
သူ့ အောက်က ဖွားဖက်တော်ကိုပါ မေသွေးခြယ်
က ဆောင့်ကန်သွားသေးသည်။
ထိုအခါ ကျဉ်ခနဲ နာသွားတဲ့ ခံစားချက်က ဘာနဲ့မှ
ပြောလို့ မရ။
တွေးရင်း​အောက်​က သူ့ဟာက အသားကုန်
နာလာမိသည်။
" ကျွတ်စ်..... ကျွတ်စ်..... ကျွတ်စ်
မေသွေးခြယ် မင်း ပြန်လာရင် ငါ နဲ့ တွေ့မယ် "
ခြံရံ တစ်ယောက် ညည်းပြီး ကုတင်ပေါ်ကနေ
မနည်းကုန်းရုန်း ထနေရသည်။
>>>>>>>>>>>>>>>>
" နင်ရဲ့ favorite ပန်းလေး
ငါ ပန်ပေးမယ် "
" ရတယ် နေထက် ငါ မပန်ချင်ဘူး
ငါ့က ပန်းလေးတွေကို ဒီတိုင်း မွှေးပဲ မွှေးချင်တာ "
သား တားမြစ်ချိန်တောင် မရလိုက် သား ရဲ့
နားရွက်ဖျားလေးထဲ ဇီဇဝါ ပန်းလေးက
ရောက်သွားခဲ့သည်။
" လှတယ် သား..... နင်နဲ့ အရမ်းလှတယ် "
" ကျေးဇူးပါ နေထက်..... "
" ဘာတွေ ကျေးဇူးတင်နေတာလဲ မေသွေးခြယ်
ဟိုက မင်း အမေ လင်မလို့ မင်း ကျေးဇူးတင်
နေတာလား......??? "
" ဖြန်း....!!! "
ခြံရံ ကျောင်းလာကြိုကြိုချင်း မြင်လိုက်ရတဲ့
မြင်ကွင်းက လူကို ဒေါသထွက်သွားစေတော့
အနားကို သူ ဘယ်လိုရောက်သွားမှန်းလည်း
မသိလိုက်။
သူ သိလိုက်​ရော သူ့ ပါး တစ်ဖက်က
မေသွေးခြယ် ကြောင့် ထူပူသွားပြီလေ။
" မင်း ငါ့ ပါးကို ဒီကောင်အတွက်နဲ့ ရိုက်တယ်
ပေါ့ မေသွေးခြယ် "
" ဟုတ်တယ် ရိုက်တယ်.... ဒါတင်မကသေးဘူး
သား အမေ နဲ့ သူ့ ကို စော်ကားတဲ့ အတွက်
ရှင့်ကို အသေပါ သတ်ပစ်ချင်တာ "
" မင်း လင် ထိတော့ မင်း နာလှချည်လား.....!!! "
" ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ
ဦးလင်းခြံရံ ....သား နဲ့ ကျတော့်နဲ့ က အရမ်း
ချစ်ကြတဲ့ သူငယ်ချင်းတွေ "
" မင်းကို ငါ မပြောဘူး​ဟေ့​ကောင်​
ငါ့ မိန်းမ ကို ငါ ပြောနေတာ.....ဝင်မပါစမ်းနဲ့
မဟုတ်ရင် ဒီနေရာမှာတင် မင်း
အသက်ထွက်သွားရလိမ့်မယ် "
" ခင်ဗျား အတော်ရိုင်းတဲ့ လူပဲ.....
သား နင် ဒီလူနဲ့ လုံးဝ လက်မထပ်သင့်ဘူး "
" ခွပ်...ခွပ်...!!!! "
စကားအဆုံး ခြံရံ လက်သီးကို နေထက်
နှစ်ချက်တိတိ ထိုးခံလိုက်ရသည်။
" တော်တော့....!!! ဦးလင်းခြံရံ
ခင်ဗျား တော်တော့....!!! "
နှစ်ချက်ထိုးခံရလို့ နေထက် မှောက်သွားတာကို
နေထက် ပေါ် တက်ခွပြီး ခြံရံ ထပ်ထိုးဖို့ ပြင်​တော့
သား တားလိုက်​လေသည်။
" မင်း တားလိုက်​လို့ ဒီကောင် သက်သာသွားတယ်မှတ်
မဟုတ်ရင် အသေပဲ.....!!!!
လာလိုက်ခဲ့စမ်း​မေသွေးခြယ်.... အခုချက်ချင်း ငါနဲ့ "
သား လက်ကို သူ့က အကြမ်းပတမ်း ဆွဲခေါ်သွား
တော့ သူ့ နောက်ကို သား လိုက်ပါသွားရသည်။
အလစ်အငိုက်မို့လို့ ထိုးခံလိုက်ရတဲ့ နေထက် မှာလည်း
မြေပြင်ပေါ်ကနေ မနည်းထပြီး ဒေါသတွေ
ထွက်ကာ ကျန်နေခဲ့၏ ။
▄︻̷̿┻̿═━一▄︻̷̿┻̿═━一▄︻̷̿┻̿═━一☜☆☞
" ဘုတ်...."
သား နားမှာ ပန်ထားတဲ့ ဇီဇဝါပန်းကို
ကြမ်းတမ်းစွာ ဖြုတ်ယူပြီး အဝေးကို
လွှင့်ပစ်​လိုက်တော့ သား သူ့ကို ဝါးစားမတတ်
ကြည့်လိုက်မိသည်။ ရင်ထဲမှာလည်း သား
သူငယ်ချင်း နေထက် ကို ထိုးထားတဲ့အတွက်​
ကြောင့် သူ့ကို ဒေါသမီးတွေက ရှိနေသေးသည်။
" ခုဏက ကောင်က ဘယ်သူလဲ
မေသွေးခြယ်...??? "
" သူ ကိုယ်တိုင်က သား သူငယ်ချင်းလို့
ခင်ဗျား ကို ပြောပြီးသွားပြီလေ
ဘာတွေ ထပ်မေးနေရတာလဲ....?? "
" မင်း လေသံကို ပြင်စမ်း မေသွေးခြယ်
နောက်ပြီး မင်း အကြည့်ကိုရောပဲ.....!!! "
" မပြင်နိုင်ဘူး ပြင်ရအောင် သား က
ဘာအမှားမှ လုပ်မထားဘူး... ခင်ဗျား သာ
သား သူငယ်ချင်း ကို ထိုးလိုက်တာ "
" ဘာလဲ...?? မင်းက မင်းကောင်ကို
ထိုးလို့ မကျေနပ်နေတာလား "
" ဟုတ်တယ် နေထက်က သား အကောင်....
သား ချစ်ရဆုံး အကောင်.... "
" တောက်စ်....!!!​မေသွေးခြယ်
မင်း မရွဲ့နဲ့နော် "
" ရွဲ့နေတာ မဟုတ်ဘူး စောင်းနေတာ "
" မင်း အတော် သတ္တိရှိနေပါလား မေသွေးခြယ်
ပြောစမ်း ဘယ်သူ့ အားကိုးနဲ့ မိုက်နေရတာလဲ "
" မမိုက်ပါဘူး မိုက်ရင် ထောင်ကျသွားမှာပေါ့ "
" မင်း.... မင်း.... မင်း ..."
" အနော်ရထာမင်းလား...???
အနော်ရထားမင်းဆို သေပြီနော်
မရှိတော့တာ ကြာလှပြီ.... တခြား မင်း
တွေ ပြောစမ်းပါ "
" ပြောလေ ဆိုးလေပါလား မေသွေးခြယ်
မင်းက.... "
" ဘာ....!!! ပြောလေ ဆိုးလေ ဆေးကို
ခင်ဗျား က သောက်ချင်တာလား...??
မသောက်ချင်ပါနဲ့ ဦးလင်းခြံရံ အဲ့ဒါက
ဝမ်းနုတ်ဆေးကြီးနော် "
" မင်း ဘာတွေ လျှောက်ပြောနေတာလဲ မေသွေးခြယ်
ပရမ်းပတာတွေ လျှောက် မပြောစမ်းနဲ့.....!!! "
" လျှောက်မပြောပါဘူး ထိုင်ပြောနေတာလေ
ခင်​ဗျား မမြင်ဘူးလား....?? "
" တောက်စ်....!!! "
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း
သား ကို စိတ်တိုနေတဲ့ ဦးလင်းခြံရံ ပုံစံ က
အတော်လေးကို ကြည့်လို့ ကောင်းသည်။
----------------------------------------
" အမယ်လေး.......!!!! "
ကားကို အမြန်မောင်းလိုက်တော့ သား ကိုယ်
လေးက ယိုင်ပြီး သူ့ ရင်ခွင်ထဲ ရောက်သွားရသည်။
ထိုအခါ သား ကို စိုက်ကြည့်လာသော ဦးခြံရံ
အကြည့်တွေကြောင့် သား ရူးချင်လာမိသည်။
ထူတန်းနေသော မျက်ခုံးအောက်က မျက်လုံး အစုံ
က စူးရှပြီး ညှို့ငင်တဲ့ အကြည့်ကြီးနဲ့ပင်။
မေးရိုးကားကားကလည်း သူ့ မျက်နှာကို ပိုပြီး
ယောင်္ကျား ပီသစေသည်။
ကြည့်နေရင်း တန်းလန်းမှ ကားဘောက်
က လာတဲ့ သီချင်းသံကြောင့် သား မျက်နှာ
လေးက ရဲတက်သွားခဲ့သည်။
🎵🎵🎵 ပြန်တွေးကြည့် .....
ငါ သိပ်ချစ်မိသွားပြီ .....
🎵🎵 မြတ်နိုးရတဲ့ မင်းရဲ့ အပြုံးဟန်လေး
🎵🎵 အမြဲတမ်း တွေ့ချင်သည်
🎵🎵🎵 ရင်ထဲထိ ပစ်ခွင်း စူးနစ်သွားပြီ
မင်း အကြည့်များ 🎵🎵🎵
🎵🎵ဂန္တဝင် မြောက်လွန်းသည်
ကမ္ဘာ ကျော် ပန်းချီ လည်း ရှူံးရပြီ 🎵🎵🎵
တစ်ယောက် နဲ့ တစ်ယောက် သီချင်းသံ
ကြောင့် နှစ်ယောက်သား အချင်းချင်း
ပြန်ခွာလိုက်ကြသည်။
နီရဲသွားသော မေသွေးခြယ် မျက်နှာလေးကို
ခြံရံ ကြည့်ရင်း စိတ်တိုနေတာတွေက
အကုန်ပျောက်သွားခဲ့သည်။
သို့သော် ကားကို တစိုက်မတ်​မတ်မောင်းပြီး
ခြံရံ မောင်းနေလိုက်သည်။
မေသွေးခြယ် မှာတော့ သူမကို မကြည့်ဘဲ
ကားပဲ မောင်းနေတဲ့ ခြံရံ ကို ကြည့်ကာ
စိတ်တွေတိုနေလေ၏ ။
>>>>>>>>>>>>>>>>
" နောက်တစ်ခါ နေထက် ဆိုတဲ့ ကောင်နဲ့
မင်း အကြည့်ချင်း မစိုက်နဲ့ မေသွေးခြယ်
မင်း လင်က ငါ ....သူ မဟုတ်ဘူး....!!!! "
" ဘာလင်လဲ.....?? မုန့်လင်မယားလား
ဒါဆို သား မကြိုက်ဘူး မဝယ်ခဲ့နဲ့
အဲ့ဒီမုန့် ကို ....... "
" မင်းက အတော်ပြောလေ ဆိုးလေပါလား
မေသွေးခြယ်......မင်း ပါးစပ်က "
နှုတ်ခမ်းကို ဖျစ်ညှစ်ခံလိုက်ရတော့ သား
ဘာမှ ပြန်မပြောလိုက်နိုင်။
" လွှတ်....!!!! လွှတ် ....!!! သား
ပါးစပ်​ကို အခုလွှတ်....!!!! "
မပီကလာ ပီကလာနဲ့ အော်ပြောနေသော
မေသွေးခြယ် ကို ခြံရံ ကြည့်ကာ ပြုံးလိုက်၏ ။
" လွှတ်.... လွှတ်.... အခုလွှတ်လို့....!!!
ပြောနေတာ မကြားဘူးလား.....ဦးလင်းခြံရံ..!!! "
မပီကလာ ပီကလာနဲ့ ထပ်အော်နေတော့
ခြံရံ ပါးစောင်ကို လျှာနဲ့ ထိုးပြီး မေသွေးခြယ်
ကို ပြုံးပြုံးကြီး စိုက်ကြည့်ကာ ........
" မလွှတ်ဘူး မေသွေးခြယ်.. ..ငါ လွှတ်လိုက်ရင်
မင်းရဲ့ ကြက်တူရွေး ပါးစပ်က ငါ့ကို
ပြန်ပြောမှာပေါ့. ...."
ကြက်တူရွေး လို့လည်း ခေါ်လိုက်ရော ပြူးကျယ်
သွားတဲ့ မျက်လုံး တစ်စုံကြောင့် မေသွေးခြယ်
မကြိုက်ဘူးဆိုတာ ခြံရံ သိလိုက်ပြီ။
" ကြက်တူရွေးမ.... .မင်း ပါးစပ်က ကြက်တူ
ရွေးမ. ...."
" ခင်ဗျား က လင်ရခြံ ...
ခင်ဗျား က လင်​....လင်ရခြံ "
" မခေါ်စမ်းနဲ့... !!!! မေသွေးခြယ် "
" ခေါ်.. ခေါ်မှာပဲ လင်ရခြံ.. လင်ရခြံ
...ဦးလင်ရ.. .အင်.. .အင့်.. .အင်း.. .အွန့်စ် "
ပါးနှစ်ဖက်ကို ဖျစ်ညှစ်ထားခံရတာ​တောင်​
အသားကုန်တွေ ရန်တွေ့နေတော့ ခြံရံ
အမြင်ကပ်ကပ်နဲ့ ထိုနှုတ်ခမ်းလေးကို
နမ်းရှိူက်ပစ်လိုက်သည်။
သူ့ လက်တွေနဲ့ ထိုနှုတ်ခမ်းလေးကို
ဖျစ်ညှစ်ထားရင်းကနေ နမ်းလိုက်တော့
နှုတ်ခမ်းလေးက ကျုံ့သွားပြီး
​သေးသေးလေးဖြစ်သွား​တော့ ခြံရံ သူ့ စိတ်ကြိုက် ထိုနှုတ်ခမ်းလေးကို စုပ်လုံးလေးလို
စုပ်ယူနေမိသည်။
နမ်းလိုက်တိုင်း ဂျယ်လီလို အိစက်စက်
အထိအတွေ့လေးကြောင့်လည်း
ထိုနှုတ်ခမ်းလေးကို အပေါ်တစ်လွှာ အောက်တစ်လွှာနဲ့
သူ အသည်းအသန် စုပ်ယူနေမိသည်။
စိတ်မထိန်းနိုင်တဲ့အဆုံး အောက်နှုတ်ခမ်းလေးကို
ခြံရံ ငုံထားလိုက်သည်။
မျက်လုံးလေး ပြူးပြီး သူ နမ်းတာကို ကြောင်နေသော
မေသွေးခြယ် ပုံစံလေးကလည်း ဘယ်လိုလေးမှန်း
မသိ။ အသိဝင်လာတော့ သူ့ ကျောပြင်ကို
အဆက်မပြတ် ထုနေတဲ့ မေသွေးခြယ် ကြောင့်
ပိုလို့သာ မေသွေးခြယ် နှုတ်ခမ်းလေးကို စုပ်ယူ
ငုံထွေးရင်း .....စုပ်ယူနမ်းရှိူက်တာ အားရပြီဆိုမှ
သူ လွှတ်ပေးလိုက်သည်။
လွှတ်ပေးလိုက်တာနဲ့ သူ့ပါးကို ရိုက်ဖို့
လက်တစ်ဖက်က မြှောက်တက်လာတော့
ထိုလက်ကို အမြန် ဖမ်းချုပ်ထားလိုက်သည်။
" လွှတ်စမ်း....!!!! ဦးလင်းခြံရံ
သား လက်ကို အခုလွှတ်စမ်း....!!!
လွှတ်လို့ ပြောနေတာ မကြားဘူးလား...??? "
" ကြားတယ် ငါ လွှတ်လိုက်ရင် မင်းက ငါ့ ပါး
ကို ရိုက်မှာပေါ့.....အဲ့ဒီတော့ မင်း လက်ကို
လွှတ်ပေးရအောင် ငါ့က အရူးလား...?? "
" ရိုက်မှာပဲ ခင်ဗျား က သား ကို လာနမ်းတာလေ..."
" နမ်းမှာပဲ မေသွေးခြယ်.... မင်းက ငါ မကြိုက်တာ
လာခေါ်တာကိုး.... "
" ခင်ဗျား တောင် သားကို ကြက်တူရွေး
လို့ ခေါ်သေးတာပဲ သား လည်း ခေါ်မှာပဲ
အခုချက်ချင်း သား လက်ကို လွှတ်.....
မလွှတ်ရင် ခင်ဗျား သား အကြောင်းသိမယ် "
" မင်း ငါ့ ပါးကို ရိုက်လို့ကတော့ မင်းကို
ဒီနေရာမှာတင် ငါ အသေနမ်းပစ်မယ်
မင်း တစ်ချက်ရိုက်ရင် ငါ ဆယ်ခါနမ်းမှာနော်
ဒီတော့ မင်း ရိုက်ရဲရင် ရိုက်ကြည့်စမ်း မေသွေးခြယ်
....."
လက်ကို လွှတ်ပေးပြီး ပါးကို ရိုက်ဖို့ လက်ညှိုးနဲ့
ထိုးပြနေတော့ သား မရိုက်ရဲတော့ပါ။
ဒီနှာဘူး အကြောင်းကို သား သိသည်။
သူ့က နမ်းရင် အသေနမ်းတာ။ သား ရဲ့
first kiss က အစ ဒီနှာဘူးက အပိုင်
သိမ်းသွားရုံတင်မက သား ဘဝကိုပါ
ယူသွားခဲ့သည်။ နောက်တစ်ကြိမ်တော့
သား ဒီလို အဖြစ်မခံနိုင်ပါ။
" ရိုက်လေ မေသွေးခြယ်.... ဘာလဲ
မင်း ကြောက်နေတာလား...??? "
" ဆုတောင်းလေ ဘုရားကြီး သွားပြီး
သွားဆုတောင်းလိုက်....!!! ခင်ဗျား ကို
သေတောင် မကြောက်ဘူး..."
" မကြောက်ရင် မင်း ငါ့ ပါးကို ရိုက်လေ "
" ရိုက်ရအောင် ခင်ဗျား ပါးက သား လက်နဲ့
မတန်ဘူး နှာဘူးဦးစိတ်တိုကြီး ရဲ့....!!! "
" အားးးးးးးးးးး.......!!!!!!! မေသွေးခြယ်
မင်း..... မင်း.... မင်း....!!! "
စကားအဆုံး ခြံရံ အောက်ကဟာကို မေသွေးခြယ် က
ဆောင့်ကန်သွားတော့ ခြံရံ တစ်ကိုယ်လုံး
တုန်ခနဲ ကျဉ်တက်သွား၍ အော်နေခဲ့၏ ။
မေသွေးခြယ် ကတော့ အခန်းပြင်ကနေ
ခြံရံ​အော်​တာကို ဘာမင်းလဲ သုံးဆယ့် တစ်မင်းလား ၊
သုံးဆယ့် တစ်ဘုံလား ဆိုပြီး ပြောင်စပ်စပ် လုပ်နေခဲ့သည်။
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
" ငါ တောင်းပန်ပါတယ် နေထက်
မနေ့က ဦးခြံရံ နင့် အပေါ် လုပ်ခဲ့တာတွေအတွက်
ငါ တောင်းပန်ပါတယ် "
" တောင်းပန်စရာ မလိုပါဘူး သား
နင် လုပ်တာမှ မဟုတ်တာ သူ လုပ်တာလေ
နောက်ပြီး သူ့ အတွက်နဲ့ နင် မတောင်းပန်နဲ့
ငါ မကြိုက်ဘူး "
စကားတွေက အဓိပ္ပာယ်တစ်မျိုး
သက်ရောက်နေတော့ သား ဘာမှ ပြန်မဖြေခဲ့။
အနားက သဲပြည့် မှာတော့ ထိုနှစ်ယောက်ကို
ကြည့်ပြီး ဦးခြံရံ ထပ်လာမှာကို ကြောက်နေလေသည်။
For You bar မှာထဲက ဦးခြံရံ ဘယ်လောက်
ဒေါသကြီးလဲဆိုတာ သဲပြည့် သိထားတော့
သူမ တွေးပြီး ကြောက်နေ၏ ။
" နေ့လယ် တစ်နာရီကျရင် အတန်းချိန် မရှိဘူး သား
အဲ့ဒါ နင် ကြည့်ချင်တဲ့ the barbarian ကား
ဒီနေ့ ရုံတင်တယ် .....ငါ လိုက်ပို့ပေးမယ်
သွားကြည့်မလား...??? "
" အင်း...အင်း ကြည့်မယ် အဲ့ဒီကားဆိုရင်
ငါ ကြည့်မယ် "
" ဦးခြံရံ ရောက်လာရင် ဘယ်လိုလုပ်မလဲ သား...?? "
" ဂရုကို မစိုက်တာ သဲပြည့် ငါ့က "
ဝင်ပြောလိုက်သော သဲပြည့် ကို မြန်ဆန်စွာ
တုံ့ပြန်လာတဲ့ သား အဖြေကလည်း
လုံးဝ ကို ဂရုမစိုက်တဲ့ ပုံစံကြီးပေ။
" သား... ဦးခြံရံ က နေထက် နင့်ကို ပန်းလေး
ပန်ပေးတာတောင် နေထက်ကို ထိုးသွားတာနော်
အခု နေထက် နဲ့ နင် ရုပ်ရှင် ကြည့်တာ သိရင်
သူ ဘာလုပ်မလဲ မသိဘူး... "
" သား ကို လုပ်ကြည့်ပါလား လင်းခြံရံ ဆိုတဲ့
အကောင် ငါ့ အကြောင်း သိသွားစေရမယ်
မနေ့က ငါ ခံလိုက်ရတယ်ဆိုတာကလည်း
အငိုက်မလို့ ခံလိုက်ရတာ....
သား နင် ကြည့်မှာမလား the barbarian
ကားကို "
" ကြည့်မှာ နေထက်.... ဦးလင်းခြံရံ ကို
ငါ ဂရုမစိုက်ဘူး....ဒါပေမဲ့ နင့်ကို စိုးရိမ်တယ် "
" မစိုးရိမ်နဲ့ သား.... အဲ့ဒါ ငါ အငိုက်မလို့
ခံလိုက်ရတာ "
" အို​ကေ ဒါဆို ကြည့်​မယ်​လေ "
မကြည့်ဖို့ကို ဘယ်လိုမှ ပြောလို့မရသော
ထိုနှစ်ယောက်ကို သဲပြည့် သက်ပြင်းတွေ
အကြိမ်ကြိမ်ချရင်း ရင်မောစွာနဲ့ပဲ ကြည့်နေ
ခဲ့သည်။
သူတို့ ပြောတာတွေကို အကွယ်ကနေ ချောင်းနား
ထောင်ပြီး မဲ့ပြုံးပြုံးသွားတဲ့ မိုးပုလဲ ကိုတော့
သူတို့ အားလုံး မမြင်ခဲ့ပါချေ။
>>>>>>>>>>>>>>>>
ကျောင်းမတက်ဘဲ​နေထက် ဆိုသော ကောင်လေး
နဲ့ ရုပ်ရှင်ရုံ မှာ ချိန်းတွေ့နေတယ်ဆိုပြီး
ဖုန်းဆက် ပြောလာတဲ့ ပုလဲ စကား
က သူ့ ရင်ကို အတော်လေး​ဒေါသထွက်စေသည်။
" ဘော့စ် ခဏနေရင် Milan company နဲ့
တွေ့စရာ ရှိတယ်နော် "
" ဖျက်လိုက်တော့... "
" ဟမ်...ဘော့စ်..!!!!! "
" ဖျက်လိုက်တော့လို့ ပြောတာမကြားဘူးလား...??
ဘာလဲ မင်း နားကန်းနေတာလား...?? :
" ဟုတ်ကဲ့ ဘော့စ်... ကျတော် ဖျက်လိုက်မယ်နော် "
ပြောပြီး ရုံးခန်းထဲကနေ ထွက်သွားသော ခြံရံ
ကို အတွင်းရေးမှူး ကောင်လေးက
ငိုင်တွေစွာနဲ့ ကြည့်နေခဲ့သည်။
အလုပ်နဲ့ ပတ်သက်ရင် ထမင်းမေ့၊ ဟင်းမေ့တတ်တဲ့
ခြံရံ က အလုပ်ကို ဖျက်ပြီး အပြင်ကိုသွားတာ
ကြောင့် ထိုအတွင်းရေးမှူး ကောင်လေးမှာ
မျက်လုံးတွေပါ ပြူးနေလေသည်။
Part 13 မျှော်.........................................
( ခြံရံ ရယ် မချစ်လို့သာ တော်တော့တယ်
သဝန်တိုချက်က အံ့မခန်းပဲ😅😅😅😅...
ကြောက်လည်း ကြောက်စရာကြီး 😂😂😂😂)
မီးပျက်နေတော့ မင်မင် စာရေးတာ တိုသွားပါ
တယ်နော် ဒါဒါလေးတွေ... အရမ်းပူတော့
ဆက်မရေးနိုင်တော့ဘူး...ဒါနဲ့ သဘက်ခါကျရင်
မင်မင် စာမတင်ဘူးနော် မင်မင် မွေးနေ့မလို့ပါ
😍😍😘😘😘😘😘
ချစ်တယ်နော် မင်မင်ရဲ့ ဒါဒါလေးတွေ.. 😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင် လေယူရာယိမ်း စောင့်မျှော်လျက်...
#​လေယူရာယိမ်း
Continue Reading
You'll Also Like
425K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
9.3K 930 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ...