💔💔 အမုန္းေတာ္ခံ သတို႔သမီး 💔💔💔
{ Part - 7 }
" ျပသာနာ ဘယ္သူ႕က အရင္စတာလဲ....??? "
" သူ အရင္စတာ ပါခ်ဳပ္.... ေမေသြးျခယ္ က
သမီး ပါးကို အရင္စ႐ိုက္တာ "
႐ံုးခန္းထဲမွာ ပါခ်ဳပ္ႀကီး၊ ေမေသြးျခယ္
အေဖ ဦးတိုးရိွန္ နဲ႔ မိုးပုလဲ အေမ ေဒၚသက္ခ်ဳိ
တို႔ ရိွေနၾက၏ ။
အရင္စ႐ိုက္တာဆိုၿပီး တိုင္လိုက္ေသာ မိုးပုလဲ
စကားအဆံုး ဒယ္ဒီ က သား ကို ၾကည့္လာ
ခဲ့သည္။ ထိုအၾကည့္မွာ သားကို အျပစ္တင္ခ်င္
တဲ့ မ်က္ဝန္းေတြ ပါဝင္ေနခဲ့သည္။
မိုးပုလဲ နဲ႔ ရန္ျဖစ္တဲ့ ပြဲမွာ သား ဘက္က အႏိုင္ရ
ေပမဲ့ ဒယ္ဒီ အၾကည့္ေအာက္မွာေတာ့ သား
႐ံႉးနိမ့္သြားခဲ့သည္။
" ဟုတ္လား သမီးေမေသြးျခယ္
မိုးပုလဲ ေျပာတာအမွန္ပဲလား.....သမီး ဘက္က
စၿပီး သူ ့ကို အရင္စ႐ိုက္တာလား.....??? "
ေရွ႕မွာ ေမးေနတဲ့ ပါခ်ဳပ္ႀကီး ေမးခြန္းကို သား မေျဖႏိုင္။
သား ကို ေဒါသမ်က္လံုးေတြနဲ႔ အျပစ္တင္သလို
ၾကည့္ေနေသာ ဒယ္ဒီ ေၾကာင့္ သား ငိုင္ေတြေတြ
ႀကီး ျဖစ္ေနမိသည္။ ဒီေနရာမွာ သား မာမီ ရိွရင္
ဘယ္ေလာက္ေကာင္းလိုက္မလဲ...။ မာမီ သာ ရိွရင္
သား ဘက္က လုပ္တာ မလုပ္တာထက္
သား ကို လုပ္လိုက္တဲ့ လူကို အရင္ဆုံး
ရန္ရွာလိမ့္မည္။
အခု ဒယ္ဒီ လိုမ်ဳိး အျပစ္တင္တဲ့ မ်က္လုံးေတြနဲ႔
သားကို ၾကည့္ေနမွာေတာ့ မဟုတ္ေပ....။
" ေမေသြးေလး ပါခ်ဳပ္ႀကီးက ေမးေနတယ္ေလ
သမီး ဘက္က အရင္ ႐ိုက္တာလားတဲ့.... "
" ေမးမေနနဲ႔ သက္ခ်ဳိ.. ...အဲ့ဒါ သူ လုပ္လို႔
ၿငိမ္ခံေနတာ မဟုတ္ရင္ ကတ္ကတ္လန္လန္ျပန္
ေျပာေနမွာ....... "
ေဒၚသက္ခ်ဳိ အေမးကို ဒယ္ဒီ က ၾကားဝင္ျဖတ္
ေျပာလိုက္ေတာ့ သား နာနာက်င္က်င္ ၿပံဳးလိုက္
မိသည္။ သား ထင္တဲ့ အတိုင္းပါပင္ ...။
ဒယ္ဒီ က သား လုပ္တယ္ထင္ေနေလသည္။
ဒယ္ဒီ က သားကို မယံုၾကည္ပါ။ ေဒၚသက္ခ်ဳိ
ကလည္း သားကို ေမေသြးေလး ေမေသြးေလး
ဆိုၿပီး ဒယ္ဒီ ေရွ႕မွာ လုပ္ေနတဲ့ အတြက္ သား
လက္သီး ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
" က်ေတာ္ ေတာင္းပန္ပါတယ္ ပါခ်ဳပ္ႀကီး
က်ေတာ့္ သမီး ေမေသြးျခယ္ အတြက္
က်ေတာ္ ေတာင္းပန္ပါတယ္ ေနာက္ ဒီလို
မျဖစ္ေစရပါဘူး "
သားကို အျပစ္တင္သလို ဒယ္ဒီ က စိုက္ၾကည့္ရင္း
ပါခ်ဳပ္ႀကီးဘက္လွည့္ကာ ေတာင္းပန္လိုက္ေတာ့
သား မဲ့လိုက္မိသည္။
ေဒၚသက္ခ်ဳိ နဲ႔ မိုးပုလဲ ကေတာ့ မ်က္ႏွာေပၚမွာ
အၿပံဳးေတြ ေဝေနလို႔....။
" ရပါတယ္ ဦးတိုးရိွန္ ရယ္.... က်မ ကို ေတာင္း
ပန္စရာ မလိုပါဘူး ဦးတိုးရိွန္ ရဲ႕ အကူအညီေတြေၾကာင့္
က်မတို႔ ေက်ာင္းႀကီး အခုလို ျဖစ္လာတာပဲ
ဒါေၾကာင့္ ဦးတိုးရိွန္ က်မ ကို ေတာင္းပန္စရာမလိုပါဘူး
ေနာက္ၿပီး သမီးေမေသြးျခယ္ ကိုလည္း က်မ အျပစ္မဆို
ပါဘူး....ေနာက္တစ္ခါ ဒီလို မျဖစ္ေအာင္ေတာ့
ဦးတိုးရိွန္ ထိန္းေပးပါေနာ္ "
" ဟုတ္ကဲ့ က်ေတာ္ ထိန္းေပးပါ့မယ္
အခုလို ခြင့္လႊတ္ေပးတာကို က်ေတာ္ ေက်းဇူးတင္
ပါတယ္ ပါခ်ဳပ္ႀကီး......ဒါနဲ႔ ပင္မေဆာင္
ေဆာက္ဖို႔ အတြက္ က်ေတာ္ ရန္ပံုေငြ
အေကာင့္ကေန လႊဲေပးလိုက္မယ္ေနာ္ "
" ေက်းဇူးပါ ဦးတိုးရိွန္... .ဦးတိုးရိွန္ ကို က်မ
တကယ္ ေက်းဇူးတင္ပါတယ္ "
လာဘ္ထိုးသူ အႏိုင္ရဆိုတဲ့ စကားပံုအတိုင္း
ေက်ာင္းတြင္း ရန္ပြဲႀကီး ျဖစ္တာကို ေငြက
အႏိုင္ရသြားခဲ့ၿပီး ရန္ျဖစ္တာက လြယ္လြယ္ကူကူနဲ႔
ၿပီးသြားခဲ့သည္။
*********************
" ကိုယ္ ေတာင္းပန္ပါတယ္ သက္ခ်ဳိ
သက္ခ်ဳိ သမီး မိုးေလး မ်က္ႏွာေပၚက
ဒဏ္ရာေတြ အတြက္ ကိုယ္ စိတ္မေကာင္းပါဘူး "
" ရပါတယ္ ကိုတိုး ရယ္ ေတာင္းပန္စရာမလိုပါဘူး
ကေလး ခ်င္းခ်င္း ရန္ျဖစ္တာပဲ သက္ ကို
ဘာမွ ေတာင္းပန္စရာ မလိုဘူး.....
ေနာက္ၿပီး ေမေသြးေလး က အထီးက်န္လို႔
အခုလို လုပ္မိသြားတာပဲ သက္ နားလည္ပါတယ္
ကိုတိုး စိတ္ထဲလည္း ဒီကိစၥကို ဘာမွ မထားနဲ႔ေနာ္ "
" ဟုတ္တယ္ ဒယ္ဒီ.... .ဒယ္ဒီ လည္း
ဒီကိစၥကို ဘာမွ စိတ္ထဲ မထားနဲ႔ေနာ္.... ေနာက္တစ္ခါ
ေမေသြး နဲ႔ ရန္မျဖစ္ေအာင္ ပုလဲ ေနပါ့မယ္ "
" ေက်းဇူးပါ သမီးမိုးေလး.... သမီးမိုးေလး ကို
ဒယ္ဒီ တကယ္ ေက်းဇူးတင္ပါတယ္ "
လက္ကို ဖြဖြဆုပ္ၿပီး ထိုသားမိႏွစ္ေယာက္ကို
ေက်းဇူးေတြ ဇြတ္တင္ေနေသာ ဒယ္ဒီ ကို
ခပ္လွမ္းလွမ္းက သား ၾကည့္ၿပီး အရမ္းစိတ္ပ်က္မိသည္။
ၾကည့္ေနရင္းနဲ႔ ထိုသားမိႏွစ္ေယာက္စလံုးက
ဒယ္ဒီ နဲ႔ ဖက္လိုက္ၾကၿပီေလ။
တကယ့္ မိသားစုေလး အလားပင္....။
ထိုျမင္ကြင္း ကို သား ၾကည့္ၿပီး မ်က္ဝန္းက
မ်က္ရည္စေတြက စီးက်လာရသည္။
ရင္ထဲလည္း ေအာင့္သက္သက္ႀကီးနဲ႔ အေတာ္
ခံရခက္သည္။
ေက်ာင္းထဲလာၿပီး ေပ်ာ္စရာ မိသားစုေလး
လုပ္ျပေနတဲ့ ဒယ္ဒီ နဲ႔ ဒီသားမိ ကို သား
အရမ္းမုန္းသည္။ သား နဲ႔ သား မာမီ မရခဲ့တဲ့
ဂ႐ုစိုက္မႈေတြကို ဒီသားမိက ရေနခဲ့တဲ့အတြက္
သူတို႔ကို သား အရမ္းမုန္းသည္။
က်လက္စ မ်က္ရည္ေတြကို သား ေျပာင္ေအာင္
သုတ္ၿပီး ထိုေနရာကေန ထြက္လာခဲ့လိုက္သည္။
**************
" ညည္း အျဖစ္က သနားစရာပဲေနာ္
ေမေသြးျခယ္..... ညည္း အေဖ က
ညည္း ကို မယံုတဲ့အျပင္ ဘာမွမဆိုင္တဲ့ ငါတို႔
သားမိ ေျပာတာကိုပဲ ယံုေနေတာ့ "
" အဲ့ဒီေတာ့ က်မ က ဘာလုပ္ရမွာလဲ
ရွင့္ အတြက္ ဝမ္းသာၿပီး ထခုန္ေပးရမွာလား.....??
ထခုန္ေပးရေအာင္လည္း ရွင့္က မေသေသးဘူး
ရွင္ ေသမွပဲ ေမေသြးျခယ္ဆိုတဲ့ က်မ က
ထခုန္ေပးမွာ "
" ညည္း..... ညည္း စကားေျပာတာ ႐ိုင္းလွခ်ည္လား
ေမေသြးျခယ္.....??? "
" ႐ိုင္းတယ္.... က်မ ႐ိုင္းတာ ဘာျဖစ္လဲ....??
ရွင့္လို ပိုင္းလံုးမကေတာင္ ႐ိုင္းေသးတာ
က်မ ႐ိုင္းတာ ဘာျဖစ္လဲ....?? "
စကားအဆံုး သူမ ပါးကို ေဒၚသက္ခ်ဳိ က ႐ိုက္ဖို႔
လုပ္လိုက္ေတာ့ ထိုလက္ကို သား အျမန္ဖမ္း
ခ်ဳပ္ၿပီး ေဒၚသက္ခ်ဳိ ပါးကို ႐ိုက္ခ်ပစ္လိုက္၏ ။
" ျဖန္း...!!!!! "
" သက္ခ်ဳိ...!!! "
" မာမီ....!!! "
ေခၚသံနဲ႔အတူ အေျပးေရာက္လာေသာ ဒယ္ဒီ နဲ႔
မိုးပုလဲ ေၾကာင့္ သား ေဒၚသက္ခ်ဳိ ကို
ၾကည့္လိုက္ေတာ့ သူ႕က သားကို
ၿပံဳးျပေနသည္ေလ။
အေတာ္လည္တဲ့ မိန္းမႀကီးပါ။ သား ကို ႐ိုက္ဖို႔
က တကယ္တမ္း သူ ခြင္ဆင္တာျဖစ္ၿပီး
သား ဘက္က ႐ိုက္လာဖို႔အတြက္ သူ႕ဘက္က
တြန္းအားေပးလိုက္ျခင္းပင္.. ..။
ဒါေၾကာင့္ သား သိလိုက္ၿပီ။ ေဒၚသက္ခ်ဳိ ခြင္ထဲ
သား ဝင္သြားခဲ့ၿပီဆိုတာ....။
" ေမေသြးျခယ္ နင္ ဘာလို႔ ကိုယ့္ ထက္ အႀကီးကို
ပါး႐ိုက္ရတာလဲ....??? သူ႕က နင့္ထက္
ႀကီးတယ္ေလ နင္ မသိဘူးလား
အခုခ်က္ခ်င္း သက္ခ်ိဳ ကို ေတာင္းပန္စမ္း....!!! "
အနားေရာက္လာတာနဲ႔ ဆိုင္းမဆင့္ဗံုမဆင့္ ရန္ေတြ႕လာ
ေသာ ဒယ္ဒီ ကို ၾကည့္ၿပီး သား မဲ့လိုက္မိသည္။
" သိတယ္... .....သိလို႔ကို တမင္ ပါး႐ိုက္တာ
အဲ့ေတာ့ ဘာျဖစ္လဲ.. ...???ေနာက္ၿပီး
ေသေတာင္ မေတာင္းပန္ႏိုင္ဘူး "
" အေဖ ေတာင္ ျပန္ေျပာတဲ့ သမီး
နင့္လို သမီးမ်ဳိး ငါ မေမြးခဲ့သင့္ဘူး "
" ဒါဆို ဘာလို႔ ေမြးေနတာလဲ ဦးတိုးရိွန္
အစကတည္းက သား ကို သတ္ပစ္လိုက္ပါလား "
" ျဖန္း...!!! "
" သမီးမိုက္ ...ေက်းဇူးမသိတတ္တဲ့ ေကာင္မ "
ပါး႐ိုက္ခံရလို႔ လည္ထြက္သြားတဲ့ မ်က္ႏွာကို သား
ဦးတိုးရိွန္ ဘက္ ျပန္လွည့္ရင္း အံႀကိတ္ကာ......
" ဒီတစ္ခါေတာ့ ဦးတိုးရိွန္ ႐ိုက္တာကို
သား ခံလိုက္မယ္. ....သား ကို ေကြၽးခဲ့ေမြးခဲ့တာ
ေတြ အတြက္ ......ေနာက္တစ္ခါေတာ့ သား
ခံမွာ မဟုတ္ဘူး.....ဘာလို႔ဆို သား ဒယ္ဒီ
က ဒီေလာကႀကီးမွာ မရိွေတာ့တဲ့အတြက္ပဲ"
" ေတာက္စ္ .....!!! ေမေသြးျခယ္ နင္ ျပန္လာခဲ့စမ္း
... ..!!! အခုခ်က္ခ်င္း ျပန္လာခဲ့စမ္း... !! "
ထြက္သြားေသာ ေမေသြးျခယ္ ကို ဦးတိုးရိွန္
ေအာ္ေခၚေနသေလာက္ ေမေသြးျခယ္ ကေတာ့
လံုးဝ လွည့္မၾကည့္ခဲ့ပါ။
ေဒၚသက္ခ်ဳိ နဲ႔ မိုးပုလဲ မွာေတာ့ မ်က္ႏွာကို
ဟိုဘက္လွည့္ၿပီး ပါးစပ္ ကို လက္နဲ႔ အုပ္ကာ
ၿပံဳးေနခဲ့ၾက၏ ။
******************
" အေဖ ေတာင္ ျပန္ေျပာတဲ့ သမီး
နင့္လို သမီးမ်ဳိး ငါ မေမြးခဲ့သင့္ဘူး "
" သမီးမိုက္ ...ေက်းဇူးမသိတတ္တဲ့ ေကာင္မ "
" အေဖ ေတာင္ ျပန္ေျပာတဲ့ သမီး
နင့္လို သမီးမ်ဳိး ငါ မေမြးခဲ့သင့္ဘူး "
" သမီးမိုက္ ...ေက်းဇူးမသိတတ္တဲ့ ေကာင္မ "
နားထဲ ၾကားေယာင္လာတဲ့ စကားေတြေၾကာင့္
ႏႈတ္ခမ္းတစ္စံုကို ေမေသြးျခယ္ ျပတ္ထြက္လု
မတတ္ ကိုက္လို႔ထား၏ ။
သူမ တစ္ကိုယ္လံုးကလည္း ေဒါသေတြထြက္ၿပီး
အသားေတြပါ တဆက္ဆက္တုန္ေန၏ ။
ရင္ထဲ ဝမ္းနည္းျခင္း၊ ေဒါသထြက္ျခင္း၊ ခံရခက္ျခင္း၊
အားငယ္ျခင္းတို႔က ေရာႁပြန္းလို႔ ေနသည္။
" နင့္လို သမီးမ်ဳိး မေမြးသင့္ဘူး ဟုတ္လား ဒယ္ဒီ
ဒါဆို ဘာလို႔ ေမြးေနတာလဲ.... အစကတည္း
သားကို သတ္ပစ္လိုက္ပါလား.. ..!!! "
"........"
" သတ္ပစ္လိုက္ေလ ...!!! သား ကို အေသသတ္ပစ္လိုက္
ေလ ဒယ္ဒီ ....!! "
ထေအာ္ကာ မ်က္ရည္ေတြ စီးက်ရင္း သား ေပါက္ကြဲ
ျပန္သည္။
အနားက ေနထက္ နဲ႔ သဲျပည့္ မွာေတာ့ သား
ခံစားေနတာကို သိ၍ ေဘးနားမွာ တိတ္တိတ္
ေလး ေနေနေပးၾကသည္။
" သမီးမိုက္ ဟုတ္လား ဒယ္ဒီ.........သား က
ဒယ္ဒီ အတြက္ သမီးမိုက္ ေပါ့.... ဒါဆို ဘာလို႔
သားကို ေမြးေနရေသးတာလဲ....????
အစကတည္းက သတ္ပစ္လိုက္ေလ.. ....!!!!
သတ္ပစ္လိုက္ပါလား ဒယ္ဒီ ရဲ႕.....
သတ္ပစ္လိုက္ပါလား...အီးဟီး..... အင့္ဟင့္
......အီးဟီး "
ေျပာရင္း အဆံုးသတ္မွာ အသံတိုးဝင္သြားကာ
ငိုေနခဲ့၏ ။
ဒါကို ၾကည့္ၿပီး ေနထက္ နဲ႔ သဲျပည့္ မွာလည္း
စိတ္မေကာင္းေပ။
>>>>>>>>>>>>>>>>>
" မင္း အဲ့ဒါ ဘာလုပ္ေနတာလဲ ေမေသြးျခယ္ "
" ေသာက္ေနတာေလ မျမင္ဘူးလား
ဘာလဲ ခင္ဗ်ား မ်က္လုံး ကန္းေနတာလား..... !!! "
မာမီ က ညစာမစားဘဲ အိပ္ေတာ့မယ္ ေျပာၿပီး
အေပၚထပ္တက္သြားေသာ ေမေသြးျခယ္ ကို
စိတ္ပူေနခဲ့သည္။ သို႔ေသာ္ ေမေသြးျခယ္
ကေတာ့ အခန္းထဲမွာ ဝိုင္ပုလင္းကိုင္ၿပီး တရစပ္ ေမာ့ခ်
ေနေလသည္။
အခုလည္း ၾကည့္စမ္း သူ႕ကို မ်က္လုံးကန္းေနတာလား
လို႔ ေျပာေနတဲ့ အတြက္ ဘယ္ေလာက္ေတာင္
စိတ္တိုခ်င္စရာ ေကာင္းလိုက္လဲ..... ။
စိတ္တိုတိုနဲ႔ ေမေသြးျခယ္ ေသာက္ေနတဲ့ ဝိုင္ပုလင္းကို
ဆြဲယူကာ ေအာက္ကို ပစ္ခ်လိုက္သည္။
" ခလြမ္း.... "
" အဲ့ဒါ ခင္ဗ်ား ဘာလုပ္တာလဲ ဦးလင္းၿခံရံ. .?? "
" မ်က္လုံး ကန္းေနတာလား ေမေသြးျခယ္
ငါ ခြဲပစ္လိုက္တာေလ "
သား ေသာက္ေနတာေတာင္ တစ္ဝက္မက်ဳိးေသး
သား ဆီက ဝိုင္ပုလင္းကို လုယူၿပီး ခြဲပစ္လိုက္
ေတာ့ လူက စိတ္တိုသြားရသည္။
" ျဖန္း.... "
" အဲ့ဒါ သား ဝိုင္ပုလင္းကို ခြဲခ်င္အံုး... .!!! "
ပါး႐ိုက္ခံရလို႔ နာသြားတာထက္ ဝိုင္ပုလင္း
ေၾကာင့္ ႐ိုက္ခံလိုက္ရေတာ့ လူက ပိုလို႔
စိတ္တိုသြား၏ ။
" ဒီဝိုင္ပုလင္း အတြက္နဲ႔ မင္း ငါ့ပါးကို
႐ိုက္တယ္ေပါ့ ေမေသြးျခယ္ "
" ဟုတ္တယ္ ႐ိုက္တယ္.... ႐ိုက္ေတာ့ ဘာျဖစ္.......
အင္...... အင့္..... အင္း.... အြန္႔စ္.... "
ေျပာေနတဲ့ စကားပင္ မဆံုးလိုက္ အဆံုးသတ္မွာ
သား ႏႈတ္ခမ္းသားတစ္စံုကို စုပ္ယူခံလိုက္ရေတာ့
ေျပာေနတာေတြက ေလထဲ ေပ်ာက္ကြယ္သြား
ရသည္။
" ဘုန္း.... ဘုန္း..... ဘုန္း "
နမ္း႐ိႉက္ခံရၿပီဆိုတာနဲ႔ လက္ေတြက အဆက္မျပတ္
ထု႐ိုက္ေနေသာ္လည္း သူကေတာ့ နမ္းတာ
ကို လံုးဝ လႊတ္မေပးခဲ့ပါ။
လႊတ္မေပးတဲ့ အျပင္ သား ႏႈတ္ခမ္းတစ္စံုကို
အေပၚ တစ္လႊာ၊ ေအာက္တစ္လႊာနဲ႔
အငမ္းမရ စုပ္ယူေနေလသည္။
" ဘုန္း...... ဘုန္း..... ဘုန္း "
အသားကုန္ ထု႐ိုက္ေနတာကို ပန္းနဲ႔ ထုေနသလား
ပင္ ေအာက္ေမ့ရတယ္။ သား ထုေနတာကို
သူ႕က ၿဖံဳေတာင္ မၿဖံဳဘဲ သား ႏႈတ္ခမ္းကို
အသည္းအသန္ စုပ္ယူေနေတာ့ ေျခေထာက္
ေတြက ေပ်ာ့ေခြခ်င္လာရသည္။
သား ႏႈတ္ခမ္းတစ္စံုကို မနားတမ္း စုပ္ယူၿပီး
ခဏေလာက္ေတာင္ အလႊတ္မေပးဘဲ
အဆက္မျပတ္ စုပ္ယူေနေတာ့ ၾကာလာေတာ့
သား ႏႈတ္ခမ္းေတြက အရမ္းထူပူလာမိသည္။
ထိုအခ်ိန္ သား ခံတြင္းထဲ တိုးဝင္လာေသာ
သူ႕ လွ်ာဖ်ားေၾကာင့္ သား လက္ေတြလည္း
သူ႕ ေက်ာျပင္ကို ဆက္မထုႏိုင္ေတာ့ပါ။
ေျခေထာက္ေတြလည္း ေပ်ာ့ေခြလာၿပီး လူက လဲက်
မလို ျဖစ္သြားေတာ့ သူ႕က သား ကိုယ္ေလး
ကို ေပြ႕ခ်ီၿပီး ေရခ်ဳိးခန္းထဲ ေခၚသြားခဲ့သည္။
နမ္းေနတာကိုေတာ့ လံုးဝ ရပ္တန္႔မသြားခဲ့ပါ။
ေဘစင္ေပၚ သား ကိုယ္ေလးကို တင္ၿပီး
သား ခံတြင္းေလးထဲ အငမ္းမရ ပတ္ေမႊေနေသာ
သူ လွ်ာဖ်ားေၾကာင့္ လူက မ်က္ရည္ေတြ
က်လာမိသည္။
နမ္းေနရင္းနဲ႔ ငံက်ိက်ိ အရသာေတြကို ၿခံရံ
ခံစားလိုက္ရေတာ့ သား ကို လႊတ္ေပးလိုက္၏ ။
" ျဖန္း.. ...."
လႊတ္ေပးလိုက္ေတာ့ ႐ိုက္ခံလိုက္ရတဲ့ ပါး တစ္ဖက္
ေၾကာင့္ ၿခံရံ မဲ့ပစ္လိုက္၏ ။
" ထပ္ရိုက္အံုးမွာလား ေမေသြးျခယ္. ...
မင္း တစ္ခ်က္ရိုက္ရင္ ငါ မင္းကို အေသနမ္းမယ္
တစ္ညလံုး မင္း မအိပ္ႏိုင္ေစရဘူး
အခု တစ္ခ်က္ကိုေတာ့ ငါ နမ္းတာ
ၾကမ္းတဲ့အတြက္ ေၾကေအးေပးလိုက္မယ္ "
" ေၾကာက္တာ.... သား က ရွင့္ ကို
အရမ္း ေၾကာက္တာပဲ "
မ်က္ႏွာထိ မ်က္ႏွာထားနဲ႔ ေၾကာက္တယ္ေျပာ
ေနေတာ့ ၿခံရံ စိတ္တိုလာၿပီး သူ႕ လက္က
သူမ ပါးစပ္ကို အသားကုန္ ဖ်စ္ညႇစ္ထား
လိုက္သည္။
အရင္ကဆို နာရင္ နာတယ္လို႔
ေမေသြးျခယ္ ေျပာလိမ့္မည္။ သို႔ေသာ္
ဒီေန႔ ေက်ာင္းမွာ သူမ အေဖနဲ႔ ျပသာနာ
အႀကီးအက်ယ္ တက္ခဲ့တဲ့အတြက္
ဒီေလာက္နာတာေလးက သူမ ရင္ကို မၿဖံဳေပ။
သူမ စိတ္ေတြကလည္း အ႐ိုင္းဆန္လို ့ ေန၏ ။
ပါးစပ္ကို လက္နဲ႔ အသားကုန္ ဖ်စ္ညႇစ္ထားေတာ့
စူထြက္လာေသာ ႏႈတ္ခမ္းရဲရဲေလးကို ၿခံရံ
ၾကည့္ကာ မဲ့ပစ္လိုက္၏ ။
ပါးစပ္ကို လက္နဲ႔ အသားကုန္ ဖ်စ္ညႇစ္ထား
ခံရတာေတာင္ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ
သူ႕ကို မ်က္လုံး ရဲႀကီးနဲ ့႐ြံ႐ြာစြာ စိုက္ၾကည့္ေနေတာ့
ၿခံရံ စိတ္အရမ္းတိုလာသည္။
" မင္း ငါ့ကို ဘယ္လို ၾကည့္ေနတာလဲ ေမေသြးျခယ္
အခုခ်က္ခ်င္း မင္း အၾကည့္ကို ျပင္လိုက္စမ္း....!! "
ေျပာေနတာေတာင္ ေစာက္ေရး မလုပ္တဲ့ ဒီဇိုင္း
နဲ႔ ဆက္ၾကည့္ေနေတာ့ ၿခံရံ ေဒါသေတြက
အထြတ္အထိပ္ ကို ေရာက္သြားသည္။
ခ်က္ခ်င္းဆိုသလို သား လက္ေလးကို
ၿခံရံ အၾကမ္းပတမ္း ဆြဲၿပီး ေရပန္းေအာက္ကို
ေခၚသြားခဲ့သည္။
ေရပန္းေအာက္ကို ေရာက္တာနဲ ့ ေရပန္းအား
မိုင္ကုန္ဖြင့္ခ်လိုက္ေတာ့ သား တစ္ကိုယ္လံုး
ေရေတြ ရႊဲနစ္သြားသည္။
" ပေရာ..!!!! "
" ၾကည့္အံုးမလား ေမေသြးျခယ္ မင္း ငါ့ကို
အဲ့ဒီလို အၾကည့္နဲ႔ ၾကည့္အံုးမလား.... !!! "
စီးက်ေနတဲ့ ေရပန္းၾကားထဲကေန သူ႕ကို
စိုက္ၾကည့္ေနေသာ မ်က္ဝန္းေတြက အခုထက္ထိ
ေျပာင္းလဲမသြား။
ဒီေတာ့ကား ေဒါသက ပိုထြက္လာရသည္။
ေရပန္းေအာက္ကေန မခြာေစဘဲ ေမေသြးျခယ္
ကိုယ္ေလးကို သူ တင္းတင္းဖိဆုပ္ထားသည္။
ထိုအခါ ေရေတြက မနားတမ္း အဆက္မျပတ္က်
လာေတာ့ ေမေသြးျခယ္ ေရမႊန္းလာ၏ ။
" အဟြတ္... .ဟြတ္.... ဟြတ္ "
" ၾကည့္အံုးမလား ေမေသြးျခယ္.... !!!
မင္း ငါ့ကို အဲ့ဒီလို အၾကည့္နဲ႔ ထပ္ၾကည့္အံုး
မလား.....!!! ထပ္ၾကည့္ေနမယ္ဆိုရင္
မင္း တစ္ညလံုး ေရပန္းေအာက္မွာ
ေနရမယ္မွတ္.....!!! ဘယ္လိုလဲ
ငါ ေျပာတာ....??? "
" လုပ္လိုက္ေလ ဦးလင္းၿခံရံ.... ေသသြားလည္း
နားေအးတာပဲ.....သတ္မယ္ဆိုရင္လည္း ေသေအာင္
သတ္.....မေသမရွင္ေတာ့မလုပ္နဲ႔....!!! "
မ်က္ႏွာေပၚက ေရေတြကို လက္နဲ႔ တြန္းထုတ္ကာ
အားယူၿပီး ေျပာေနတဲ့ ေမေသြးျခယ္ ရဲ႕ မာထန္
ထန္စကားေတြက သူ႕ ရင္ကို အေတာ္ေဒါသ
ထြက္သြားေစသည္။
" ေကာင္းၿပီေလ အဲ့ဒီေလာက္ေတာင္ ေသခ်င္
ေနရင္လည္း မင္း ေသေအာင္ ငါ လုပ္ေပးရမွာ
ေပါ့ ....... "
ေျပာရင္းနဲ႔ ေရပန္းေနာက္တစ္ခုကိုပါ ထပ္ဖြင့္
လိုက္ေတာ့ ေမေသြးျခယ္ မ်က္လုံးေတြက
မိွတ္က်သြားၿပီး ေရပန္းႏွစ္ခုက ေရေတြ
သူမ အေပၚ တရစပ္ စီးက်လာတာကို
မ်က္လုံး မိွတ္ရင္း ေတာင့္ခံလို႔ ေန၏ ။
ၾကာလာေတာ့ ေရေတြက သူမ အေပၚ
အဆက္မျပတ္ စီးက်လာတဲ့အတြက္
ေမေသြးျခယ္ အသက္႐ႉရတာ အခက္အခဲျဖစ္လာၿပီး
ေခ်ာင္းေတြပါ ဆိုးလာေလသည္။
" အဟြတ္.... ဟြတ္.... ဟြတ္... ဟြတ္
အမ္း....... အန္႔..... အန္း.... ..."
ေခ်ာင္းဆိုးရင္းနဲ႔ အသက္႐ႉသံေတြ
ျပင္းလာၿပီး အသက္႐ႉေတြပါ ၾကပ္လာေတာ့
ေနာက္ဆံုး ေမေသြးျခယ္ ကိုယ္ေလးက
ေရပန္းေအာက္မွာ လဲက်သြားခဲ့သည္။
Part 8 ေမွ်ာ္......................................
( ဦးသွ်ား က ခ်စ္တတ္သေလာက္ ဦးၿခံရံ
ကေတာ့ ႏိုးပါကြယ္.... ဒါေပမဲ့ ဦးၿခံရံ
ကိုလည္း အျပစ္မဆိုရက္ပါဘူး
သားက ဦးၿခံရံ စိတ္တိုေအာင္ သြားလုပ္ေနတာကိုး...
သား ဘက္ကၾကည့္ျပန္ရင္လည္း သားက
မမွားပါဘူူး သူလည္း သူ႔ အေဖနဲ႔ စိတ္တိုေနလို႔ ဦးၿခံရံ ကို
ျပန္ေျပာမိတာကိုး.... 😢😢😢 )
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.. 😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္...
#ေလယူရာယိမ္း
💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 7 }
" ပြသာနာ ဘယ်သူ့က အရင်စတာလဲ....??? "
" သူ အရင်စတာ ပါချုပ်.... မေသွေးခြယ် က
သမီး ပါးကို အရင်စရိုက်တာ "
ရုံးခန်းထဲမှာ ပါချုပ်ကြီး၊ မေသွေးခြယ်
အဖေ ဦးတိုးရှိန် နဲ့ မိုးပုလဲ အမေ ဒေါ်သက်ချို
တို့ ရှိနေကြ၏ ။
အရင်စရိုက်တာဆိုပြီး တိုင်လိုက်သော မိုးပုလဲ
စကားအဆုံး ဒယ်ဒီ က သား ကို ကြည့်လာ
ခဲ့သည်။ ထိုအကြည့်မှာ သားကို အပြစ်တင်ချင်
တဲ့ မျက်ဝန်းတွေ ပါဝင်နေခဲ့သည်။
မိုးပုလဲ နဲ့ ရန်ဖြစ်တဲ့ ပွဲမှာ သား ဘက်က အနိုင်ရ
ပေမဲ့ ဒယ်ဒီ အကြည့်အောက်မှာတော့ သား
ရှူံးနိမ့်သွားခဲ့သည်။
" ဟုတ်လား သမီးမေသွေးခြယ်
မိုးပုလဲ ပြောတာအမှန်ပဲလား.....သမီး ဘက်က
စပြီး သူ့ ကို အရင်စရိုက်တာလား.....??? "
ရှေ့မှာ မေးနေတဲ့ ပါချုပ်ကြီး မေးခွန်းကို သား မဖြေနိုင်။
သား ကို ဒေါသမျက်လုံးတွေနဲ့ အပြစ်တင်သလို
ကြည့်နေသော ဒယ်ဒီ ကြောင့် သား ငိုင်တွေတွေ
ကြီး ဖြစ်နေမိသည်။ ဒီနေရာမှာ သား မာမီ ရှိရင်
ဘယ်လောက်ကောင်းလိုက်မလဲ...။ မာမီ သာ ရှိရင်
သား ဘက်က လုပ်တာ မလုပ်တာထက်
သား ကို လုပ်လိုက်တဲ့ လူကို အရင်ဆုံး
ရန်ရှာလိမ့်မည်။
အခု ဒယ်ဒီ လိုမျိုး အပြစ်တင်တဲ့ မျက်လုံးတွေနဲ့
သားကို ကြည့်နေမှာတော့ မဟုတ်ပေ....။
" မေသွေးလေး ပါချုပ်ကြီးက မေးနေတယ်လေ
သမီး ဘက်က အရင် ရိုက်တာလားတဲ့.... "
" မေးမနေနဲ့ သက်ချို.. ...အဲ့ဒါ သူ လုပ်လို့
ငြိမ်ခံနေတာ မဟုတ်ရင် ကတ်ကတ်လန်လန်ပြန်
ပြောနေမှာ....... "
ဒေါ်သက်ချို အမေးကို ဒယ်ဒီ က ကြားဝင်ဖြတ်
ပြောလိုက်တော့ သား နာနာကျင်ကျင် ပြုံးလိုက်
မိသည်။ သား ထင်တဲ့ အတိုင်းပါပင် ...။
ဒယ်ဒီ က သား လုပ်တယ်ထင်နေလေသည်။
ဒယ်ဒီ က သားကို မယုံကြည်ပါ။ ဒေါ်သက်ချို
ကလည်း သားကို မေသွေးလေး မေသွေးလေး
ဆိုပြီး ဒယ်ဒီရှေ့မှာ လုပ်နေတဲ့ အတွက် သား
လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
" ကျတော် တောင်းပန်ပါတယ် ပါချုပ်ကြီး
ကျတော့် သမီး မေသွေးခြယ် အတွက်
ကျတော် တောင်းပန်ပါတယ် နောက် ဒီလို
မဖြစ်စေရပါဘူး "
သားကို အပြစ်တင်သလို ဒယ်ဒီ က စိုက်ကြည့်ရင်း
ပါချုပ်ကြီးဘက်လှည့်ကာ တောင်းပန်လိုက်တော့
သား မဲ့လိုက်မိသည်။
ဒေါ်သက်ချို နဲ့ မိုးပုလဲ ကတော့ မျက်နှာပေါ်မှာ
အပြုံးတွေ ဝေနေလို့....။
" ရပါတယ် ဦးတိုးရှိန် ရယ်.... ကျမ ကို တောင်း
ပန်စရာ မလိုပါဘူး ဦးတိုးရှိန် ရဲ့ အကူအညီတွေကြောင့်
ကျမတို့ ကျောင်းကြီး အခုလို ဖြစ်လာတာပဲ
ဒါကြောင့် ဦးတိုးရှိန် ကျမ ကို တောင်းပန်စရာမလိုပါဘူး
နောက်ပြီး သမီးမေသွေးခြယ် ကိုလည်း ကျမ အပြစ်မဆို
ပါဘူး....နောက်တစ်ခါ ဒီလို မဖြစ်အောင်တော့
ဦးတိုးရှိန် ထိန်းပေးပါနော် "
" ဟုတ်ကဲ့ ကျတော် ထိန်းပေးပါ့မယ်
အခုလို ခွင့်လွှတ်ပေးတာကို ကျတော် ကျေးဇူးတင်
ပါတယ် ပါချုပ်ကြီး......ဒါနဲ့ ပင်မဆောင်
ဆောက်ဖို့ အတွက် ကျတော် ရန်ပုံငွေ
အကောင့်ကနေ လွှဲပေးလိုက်မယ်နော် "
" ကျေးဇူးပါ ဦးတိုးရှိန်... .ဦးတိုးရှိန် ကို ကျမ
တကယ် ကျေးဇူးတင်ပါတယ် "
လာဘ်ထိုးသူ အနိုင်ရဆိုတဲ့ စကားပုံအတိုင်း
ကျောင်းတွင်း ရန်ပွဲကြီး ဖြစ်တာကိုငွေက
အနိုင်ရသွားခဲ့ပြီး ရန်ဖြစ်တာက လွယ်လွယ်ကူကူနဲ့
ပြီးသွားခဲ့သည်။
*********************
" ကိုယ် တောင်းပန်ပါတယ် သက်ချို
သက်ချို သမီး မိုးလေး မျက်နှာပေါ်က
ဒဏ်ရာတွေ အတွက် ကိုယ် စိတ်မကောင်းပါဘူး "
" ရပါတယ် ကိုတိုး ရယ် တောင်းပန်စရာမလိုပါဘူး
ကလေးချင်းချင်း ရန်ဖြစ်တာပဲ သက် ကို
ဘာမှ တောင်းပန်စရာ မလိုဘူး.....
နောက်ပြီး မေသွေးလေး က အထီးကျန်လို့
အခုလို လုပ်မိသွားတာပဲ သက် နားလည်ပါတယ်
ကိုတိုး စိတ်ထဲလည်း ဒီကိစ္စကို ဘာမှ မထားနဲ့နော်"
" ဟုတ်တယ် ဒယ်ဒီ.... .ဒယ်ဒီ လည်း
ဒီကိစ္စကို ဘာမှ စိတ်ထဲ မထားနဲ့နော်.... နောက်တစ်ခါ
မေသွေး နဲ့ ရန်မဖြစ်အောင် ပုလဲ နေပါ့မယ် "
" ကျေးဇူးပါ သမီးမိုးလေး.... သမီးမိုးလေး ကို
ဒယ်ဒီ တကယ် ကျေးဇူးတင်ပါတယ် "
လက်ကို ဖွဖွဆုပ်ပြီး ထိုသားမိနှစ်ယောက်ကို
ကျေးဇူးတွေ ဇွတ်တင်နေသော ဒယ်ဒီ ကို
ခပ်လှမ်းလှမ်းက သား ကြည့်ပြီး အရမ်းစိတ်ပျက်မိသည်။
ကြည့်နေရင်းနဲ့ ထိုသားမိနှစ်ယောက်စလုံးက
ဒယ်ဒီ နဲ့ ဖက်လိုက်ကြပြီလေ။
တကယ့် မိသားစုလေး အလားပင်....။
ထိုမြင်ကွင်း ကို သား ကြည့်ပြီး မျက်ဝန်းက
မျက်ရည်စတွေက စီးကျလာရသည်။
ရင်ထဲလည်း အောင့်သက်သက်ကြီးနဲ့ အတော်
ခံရခက်သည်။
ကျောင်းထဲလာပြီး ပျော်စရာ မိသားစုလေး
လုပ်ပြနေတဲ့ ဒယ်ဒီ နဲ့ ဒီသားမိ ကို သား
အရမ်းမုန်းသည်။ သား နဲ့ သား မာမီ မရခဲ့တဲ့
ဂရုစိုက်မှုတွေကို ဒီသားမိက ရနေခဲ့တဲ့အတွက်
သူတို့ကို သား အရမ်းမုန်းသည်။
ကျလက်စ မျက်ရည်တွေကို သား ပြောင်အောင်
သုတ်ပြီး ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်။
**************
" ညည်း အဖြစ်က သနားစရာပဲနော်
မေသွေးခြယ်..... ညည်း အဖေ က
ညည်း ကို မယုံတဲ့အပြင် ဘာမှမဆိုင်တဲ့ ငါတို့
သားမိ ပြောတာကိုပဲ ယုံနေတော့ "
" အဲ့ဒီတော့ ကျမ က ဘာလုပ်ရမှာလဲ
ရှင့် အတွက် ဝမ်းသာပြီး ထခုန်ပေးရမှာလား.....??
ထခုန်ပေးရအောင်လည်း ရှင့်က မသေသေးဘူး
ရှင် သေမှပဲ မေသွေးခြယ်ဆိုတဲ့ ကျမ က
ထခုန်ပေးမှာ "
" ညည်း..... ညည်း စကားပြောတာ ရိုင်းလှချည်လား
မေသွေးခြယ်.....??? "
" ရိုင်းတယ်.... ကျမ ရိုင်းတာ ဘာဖြစ်လဲ....??
ရှင့်လို ပိုင်းလုံးမကတောင် ရိုင်းသေးတာ
ကျမ ရိုင်းတာ ဘာဖြစ်လဲ....?? "
စကားအဆုံး သူမ ပါးကို ဒေါ်သက်ချို က ရိုက်ဖို့
လုပ်လိုက်တော့ ထိုလက်ကို သား အမြန်ဖမ်း
ချုပ်ပြီး ဒေါ်သက်ချို ပါးကို ရိုက်ချပစ်လိုက်၏ ။
" ဖြန်း...!!!!! "
" သက်ချို...!!! "
" မာမီ....!!! "
ခေါ်သံနဲ့အတူ အပြေးရောက်လာသော ဒယ်ဒီ နဲ့
မိုးပုလဲ ကြောင့် သား ဒေါ်သက်ချို ကို
ကြည့်လိုက်တော့ သူ့က သားကို
ပြုံးပြနေသည်လေ။
အတော်လည်တဲ့ မိန်းမကြီးပါ။ သား ကို ရိုက်ဖို့
က တကယ်တမ်း သူ ခွင်ဆင်တာဖြစ်ပြီး
သား ဘက်က ရိုက်လာဖို့အတွက် သူ့ဘက်က
တွန်းအားပေးလိုက်ခြင်းပင်.. ..။
ဒါကြောင့် သား သိလိုက်ပြီ။ ဒေါ်သက်ချို ခွင်ထဲ
သား ဝင်သွားခဲ့ပြီဆိုတာ....။
" မေသွေးခြယ် နင်ဘာလို့ ကိုယ့် ထက် အကြီးကို
ပါးရိုက်ရတာလဲ....??? သူ့က နင့်ထက်
ကြီးတယ်လေ နင် မသိဘူးလား
အခုချက်ချင်း သက်ချို ကိုတောင်းပန်စမ်း....!!! "
အနားရောက်လာတာနဲ့ ဆိုင်းမဆင့်ဗုံမဆင့် ရန်တွေ့လာ
သော ဒယ်ဒီ ကို ကြည့်ပြီး သား မဲ့လိုက်မိသည်။
" သိတယ်... .....သိလို့ကို တမင် ပါးရိုက်တာ
အဲ့တော့ ဘာဖြစ်လဲ.. ...???နောက်ပြီး
သေတောင် မတောင်းပန်နိုင်ဘူး "
" အဖေ တောင် ပြန်ပြောတဲ့ သမီး
နင့်လို သမီးမျိုး ငါ မမွေးခဲ့သင့်ဘူး "
" ဒါဆို ဘာလို့ မွေးနေတာလဲ ဦးတိုးရှိန်
အစကတည်းက သား ကို သတ်ပစ်လိုက်ပါလား "
" ဖြန်း...!!! "
" သမီးမိုက် ...ကျေးဇူးမသိတတ်တဲ့ ကောင်မ "
ပါးရိုက်ခံရလို့ လည်ထွက်သွားတဲ့ မျက်နှာကို သား
ဦးတိုးရှိန် ဘက် ပြန်လှည့်ရင်း အံကြိတ်ကာ......
" ဒီတစ်ခါတော့ ဦးတိုးရှိန် ရိုက်တာကို
သား ခံလိုက်မယ်. ....သား ကို ကျွေးခဲ့မွေးခဲ့တာ
တွေ အတွက် ......နောက်တစ်ခါတော့ သား
ခံမှာ မဟုတ်ဘူး.....ဘာလို့ဆို သား ဒယ်ဒီ
က ဒီလောကကြီးမှာ မရှိတော့တဲ့အတွက်ပဲ"
"တောက်စ်.....!!! မေသွေးခြယ် နင် ပြန်လာခဲ့စမ်း
... ..!!! အခုချက်ချင်း ပြန်လာခဲ့စမ်း... !! "
ထွက်သွားသော မေသွေးခြယ် ကို ဦးတိုးရှိန်
အော်ခေါ်နေသလောက် မေသွေးခြယ် ကတော့
လုံးဝ လှည့်မကြည့်ခဲ့ပါ။
ဒေါ်သက်ချို နဲ့ မိုးပုလဲ မှာတော့ မျက်နှာကို
ဟိုဘက်လှည့်ပြီး ပါးစပ် ကို လက်နဲ့ အုပ်ကာ
ပြုံးနေခဲ့ကြ၏ ။
******************
" အဖေ တောင် ပြန်ပြောတဲ့ သမီး
နင့်လို သမီးမျိုး ငါ မမွေးခဲ့သင့်ဘူး "
" သမီးမိုက် ...ကျေးဇူးမသိတတ်တဲ့ ကောင်မ "
" အဖေ တောင် ပြန်ပြောတဲ့ သမီး
နင့်လို သမီးမျိုး ငါ မမွေးခဲ့သင့်ဘူး "
" သမီးမိုက် ...ကျေးဇူးမသိတတ်တဲ့ ကောင်မ "
နားထဲ ကြားယောင်လာတဲ့ စကားတွေကြောင့်
နှုတ်ခမ်းတစ်စုံကို မေသွေးခြယ် ပြတ်ထွက်လု
မတတ် ကိုက်လို့ထား၏ ။
သူမ တစ်ကိုယ်လုံးကလည်း ဒေါသတွေထွက်ပြီး
အသားတွေပါ တဆက်ဆက်တုန်နေ၏ ။
ရင်ထဲ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ ခံရခက်ခြင်း၊
အားငယ်ခြင်းတို့က ရောပြွန်းလို့နေသည်။
" နင့်လို သမီးမျိုး မမွေးသင့်ဘူး ဟုတ်လား ဒယ်ဒီ
ဒါဆို ဘာလို့ မွေးနေတာလဲ.... အစကတည်း
သားကို သတ်ပစ်လိုက်ပါလား.. ..!!! "
"........"
" သတ်ပစ်လိုက်လေ ...!!! သား ကို အသေသတ်ပစ်လိုက်
လေ ဒယ်ဒီ ....!! "
ထအော်ကာ မျက်ရည်တွေ စီးကျရင်း သား ပေါက်ကွဲ
ပြန်သည်။
အနားက နေထက် နဲ့ သဲပြည့် မှာတော့ သား
ခံစားနေတာကို သိ၍ ဘေးနားမှာ တိတ်တိတ်
လေး နေနေပေးကြသည်။
" သမီးမိုက် ဟုတ်လား ဒယ်ဒီ.........သား က
ဒယ်ဒီ အတွက် သမီးမိုက် ပေါ့.... ဒါဆို ဘာလို့
သားကို မွေးနေရသေးတာလဲ....????
အစကတည်းက သတ်ပစ်လိုက်လေ.. ....!!!!
သတ်ပစ်လိုက်ပါလား ဒယ်ဒီ ရဲ့.....
သတ်ပစ်လိုက်ပါလား...အီးဟီး..... အင့်ဟင့်
......အီးဟီး "
ပြောရင်း အဆုံးသတ်မှာ အသံတိုးဝင်သွားကာ
ငိုနေခဲ့၏ ။
ဒါကို ကြည့်ပြီး နေထက် နဲ့ သဲပြည့် မှာလည်း
စိတ်မကောင်းပေ။
>>>>>>>>>>>>>>>>>
" မင်း အဲ့ဒါ ဘာလုပ်နေတာလဲ မေသွေးခြယ် "
" သောက်နေတာလေ မမြင်ဘူးလား
ဘာလဲ ခင်ဗျား မျက်လုံး ကန်းနေတာလား..... !!! "
မာမီ က ညစာမစားဘဲ အိပ်တော့မယ် ပြောပြီး
အပေါ်ထပ်တက်သွားသော မေသွေးခြယ် ကို
စိတ်ပူနေခဲ့သည်။ သို့သော် မေသွေးခြယ်
ကတော့ အခန်းထဲမှာ ဝိုင်ပုလင်းကိုင်ပြီး တရစပ် မော့ချ
နေလေသည်။
အခုလည်း ကြည့်စမ်း သူ့ကို မျက်လုံးကန်းနေတာလား
လို့ ပြောနေတဲ့ အတွက် ဘယ်လောက်တောင်
စိတ်တိုချင်စရာ ကောင်းလိုက်လဲ..... ။
စိတ်တိုတိုနဲ့ မေသွေးခြယ် သောက်နေတဲ့ ဝိုင်ပုလင်းကို
ဆွဲယူကာ အောက်ကို ပစ်ချလိုက်သည်။
" ခလွမ်း.... "
" အဲ့ဒါ ခင်ဗျား ဘာလုပ်တာလဲ ဦးလင်းခြံရံ. .?? "
" မျက်လုံး ကန်းနေတာလား မေသွေးခြယ်
ငါ ခွဲပစ်လိုက်တာလေ "
သား သောက်နေတာတောင် တစ်ဝက်မကျိုးသေး
သား ဆီက ဝိုင်ပုလင်းကို လုယူပြီး ခွဲပစ်လိုက်
တော့ လူက စိတ်တိုသွားရသည်။
" ဖြန်း.... "
" အဲ့ဒါ သား ဝိုင်ပုလင်းကို ခွဲချင်အုံး... .!!! "
ပါးရိုက်ခံရလို့ နာသွားတာထက် ဝိုင်ပုလင်း
ကြောင့် ရိုက်ခံလိုက်ရတော့ လူက ပိုလို့
စိတ်တိုသွား၏ ။
" ဒီဝိုင်ပုလင်း အတွက်နဲ့ မင်း ငါ့ပါးကို
ရိုက်တယ်ပေါ့ မေသွေးခြယ် "
" ဟုတ်တယ်ရိုက်တယ်.... ရိုက်တော့ ဘာဖြစ်.......
အင်...... အင့်..... အင်း.... အွန့်စ်.... "
ပြောနေတဲ့ စကားပင် မဆုံးလိုက် အဆုံးသတ်မှာ
သား နှုတ်ခမ်းသားတစ်စုံကို စုပ်ယူခံလိုက်ရတော့
ပြောနေတာတွေက လေထဲ ပျောက်ကွယ်သွား
ရသည်။
" ဘုန်း.... ဘုန်း..... ဘုန်း "
နမ်းရှိူက်ခံရပြီဆိုတာနဲ့ လက်တွေက အဆက်မပြတ်
ထုရိုက်နေသော်လည်း သူကတော့ နမ်းတာ
ကို လုံးဝ လွှတ်မပေးခဲ့ပါ။
လွှတ်မပေးတဲ့ အပြင် သား နှုတ်ခမ်းတစ်စုံကို
အပေါ် တစ်လွှာ၊ အောက်တစ်လွှာနဲ့
အငမ်းမရ စုပ်ယူနေလေသည်။
" ဘုန်း...... ဘုန်း..... ဘုန်း "
အသားကုန် ထုရိုက်နေတာကို ပန်းနဲ့ ထုနေသလား
ပင် အောက်မေ့ရတယ်။ သား ထုနေတာကို
သူ့က ဖြုံတောင် မဖြုံဘဲ သား နှုတ်ခမ်းကို
အသည်းအသန် စုပ်ယူနေတော့ ခြေထောက်
တွေက ပျော့ခွေချင်လာရသည်။
သား နှုတ်ခမ်းတစ်စုံကို မနားတမ်း စုပ်ယူပြီး
ခဏလောက်တောင်အလွှတ်မပေးဘဲ
အဆက်မပြတ်စုပ်ယူနေတော့ ကြာလာတော့
သား နှုတ်ခမ်းတွေက အရမ်းထူပူလာမိသည်။
ထိုအချိန် သား ခံတွင်းထဲ တိုးဝင်လာသော
သူ့ လျှာဖျားကြောင့် သား လက်တွေလည်း
သူ့ ကျောပြင်ကို ဆက်မထုနိုင်တော့ပါ။
ခြေထောက်တွေလည်း ပျော့ခွေလာပြီး လူက လဲကျ
မလို ဖြစ်သွားတော့ သူ့က သား ကိုယ်လေး
ကို ပွေ့ချီပြီး ရေချိုးခန်းထဲ ခေါ်သွားခဲ့သည်။
နမ်းနေတာကိုတော့ လုံးဝ ရပ်တန့်မသွားခဲ့ပါ။
ဘေစင်ပေါ် သား ကိုယ်လေးကို တင်ပြီး
သား ခံတွင်းလေးထဲ အငမ်းမရ ပတ်မွှေနေသော
သူ လျှာဖျားကြောင့် လူက မျက်ရည်တွေ
ကျလာမိသည်။
နမ်းနေရင်းနဲ့ ငံကျိကျိ အရသာတွေကို ခြံရံ
ခံစားလိုက်ရတော့ သား ကို လွှတ်ပေးလိုက်၏ ။
" ဖြန်း.. ...."
လွှတ်ပေးလိုက်တော့ ရိုက်ခံလိုက်ရတဲ့ ပါး တစ်ဖက်
ကြောင့် ခြံရံ မဲ့ပစ်လိုက်၏ ။
" ထပ်ရိုက်အုံးမှာလား မေသွေးခြယ်. ...
မင်း တစ်ချက်ရိုက်ရင် ငါ မင်းကို အသေနမ်းမယ်
တစ်ညလုံး မင်း မအိပ်နိုင်စေရဘူး
အခု တစ်ချက်ကိုတော့ ငါ နမ်းတာ
ကြမ်းတဲ့အတွက် ကြေအေးပေးလိုက်မယ် "
" ကြောက်တာ.... သား က ရှင့် ကို
အရမ်း ကြောက်တာပဲ "
မျက်နှာထိ မျက်နှာထားနဲ့ ကြောက်တယ်ပြော
နေတော့ ခြံရံ စိတ်တိုလာပြီး သူ့ လက်က
သူမ ပါးစပ်ကို အသားကုန် ဖျစ်ညှစ်ထား
လိုက်သည်။
အရင်ကဆို နာရင် နာတယ်လို့
မေသွေးခြယ် ပြောလိမ့်မည်။ သို့သော်
ဒီနေ့ ကျောင်းမှာ သူမ အဖေနဲ့ ပြသာနာ
အကြီးအကျယ် တက်ခဲ့တဲ့အတွက်
ဒီလောက်နာတာလေးက သူမ ရင်ကို မဖြုံပေ။
သူမ စိတ်တွေကလည်း အရိုင်းဆန်လို့ နေ၏ ။
ပါးစပ်ကို လက်နဲ့ အသားကုန် ဖျစ်ညှစ်ထားတော့
စူထွက်လာသော နှုတ်ခမ်းရဲရဲလေးကို ခြံရံ
ကြည့်ကာ မဲ့ပစ်လိုက်၏ ။
ပါးစပ်ကို လက်နဲ့ အသားကုန် ဖျစ်ညှစ်ထား
ခံရတာတောင် မျက်နှာတစ်ချက်မပျက်ဘဲ
သူ့ကို မျက်လုံး ရဲကြီးနဲ့ ရွံရွာစွာ စိုက်ကြည့်နေတော့
ခြံရံ စိတ်အရမ်းတိုလာသည်။
" မင်း ငါ့ကို ဘယ်လို ကြည့်နေတာလဲ မေသွေးခြယ်
အခုချက်ချင်း မင်း အကြည့်ကို ပြင်လိုက်စမ်း....!! "
ပြောနေတာတောင် စောက်ရေး မလုပ်တဲ့ ဒီဇိုင်း
နဲ့ ဆက်ကြည့်နေတော့ ခြံရံ ဒေါသတွေက
အထွတ်အထိပ် ကို ရောက်သွားသည်။
ချက်ချင်းဆိုသလို သား လက်လေးကို
ခြံရံ အကြမ်းပတမ်း ဆွဲပြီး ရေပန်းအောက်ကို
ခေါ်သွားခဲ့သည်။
ရေပန်းအောက်ကို ရောက်တာနဲ့ ရေပန်းအား
မိုင်ကုန်ဖွင့်ချလိုက်တော့ သား တစ်ကိုယ်လုံး
ရေတွေ ရွှဲနစ်သွားသည်။
" ပရော..!!!! "
" ကြည့်အုံးမလား မေသွေးခြယ် မင်း ငါ့ကို
အဲ့ဒီလို အကြည့်နဲ့ ကြည့်အုံးမလား.... !!! "
စီးကျနေတဲ့ ရေပန်းကြားထဲကနေ သူ့ကို
စိုက်ကြည့်နေသော မျက်ဝန်းတွေက အခုထက်ထိ
ပြောင်းလဲမသွား။
ဒီတော့ကား ဒေါသက ပိုထွက်လာရသည်။
ရေပန်းအောက်ကနေ မခွာစေဘဲ မေသွေးခြယ်
ကိုယ်လေးကို သူ တင်းတင်းဖိဆုပ်ထားသည်။
ထိုအခါ ရေတွေက မနားတမ်း အဆက်မပြတ်ကျ
လာတော့ မေသွေးခြယ် ရေမွှန်းလာ၏ ။
" အဟွတ်... .ဟွတ်.... ဟွတ် "
" ကြည့်အုံးမလား မေသွေးခြယ်.... !!!
မင်း ငါ့ကို အဲ့ဒီလို အကြည့်နဲ့ ထပ်ကြည့်အုံး
မလား.....!!! ထပ်ကြည့်နေမယ်ဆိုရင်
မင်း တစ်ညလုံး ရေပန်းအောက်မှာ
နေရမယ်မှတ်.....!!! ဘယ်လိုလဲ
ငါ ပြောတာ....??? "
" လုပ်လိုက်လေ ဦးလင်းခြံရံ.... သေသွားလည်း
နားအေးတာပဲ.....သတ်မယ်ဆိုရင်လည်း သေအောင်
သတ်.....မသေမရှင်တော့မလုပ်နဲ့....!!! "
မျက်နှာပေါ်က ရေတွေကို လက်နဲ့ တွန်းထုတ်ကာ
အားယူပြီး ပြောနေတဲ့ မေသွေးခြယ် ရဲ့ မာထန်
ထန်စကားတွေက သူ့ ရင်ကို အတော်ဒေါသ
ထွက်သွားစေသည်။
" ကောင်းပြီလေ အဲ့ဒီလောက်တောင် သေချင်
နေရင်လည်း မင်း သေအောင် ငါ လုပ်ပေးရမှာ
ပေါ့ ....... "
ပြောရင်းနဲ့ ရေပန်းနောက်တစ်ခုကိုပါ ထပ်ဖွင့်
လိုက်တော့ မေသွေးခြယ် မျက်လုံးတွေက
မှိတ်ကျသွားပြီး ရေပန်းနှစ်ခုက ရေတွေ
သူမ အပေါ် တရစပ် စီးကျလာတာကို
မျက်လုံး မှိတ်ရင်းတောင့်ခံလို့ နေ၏ ။
ကြာလာတော့ ရေတွေက သူမ အပေါ်
အဆက်မပြတ် စီးကျလာတဲ့အတွက်
မေသွေးခြယ်အသက်ရှူရတာ အခက်အခဲဖြစ်လာပြီး
ချောင်းတွေပါ ဆိုးလာလေသည်။
" အဟွတ်.... ဟွတ်.... ဟွတ်... ဟွတ်
အမ်း....... အန့်..... အန်း.... ..."
ချောင်းဆိုးရင်းနဲ့ အသက်ရှူသံတွေ
ပြင်းလာပြီး အသက်ရှူတွေပါ ကြပ်လာတော့
နောက်ဆုံး မေသွေးခြယ် ကိုယ်လေးက
ရေပန်းအောက်မှာ လဲကျသွားခဲ့သည်။
Part 8 မျှော်......................................
( ဦးသျှား က ချစ်တတ်သလောက် ဦးခြံရံ
ကတော့ နိုးပါကွယ်.... ဒါပေမဲ့ ဦးခြံရံ
ကိုလည်း အပြစ်မဆိုရက်ပါဘူး
သားက ဦးခြံရံ စိတ်တိုအောင် သွားလုပ်နေတာကိုး...
သား ဘက်ကကြည့်ပြန်ရင်လည်း သားက
မမှားပါဘူး သူလည်း သူ့ အဖေနဲ့ စိတ်တိုနေလို့ ဦးခြံရံ ကို
ပြန်ပြောမိတာကိုး.... 😢😢😢 )
ချစ်တယ်နော် မင်မင်ရဲ့ ဒါဒါလေးတွေ.. 😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင် လေယူရာယိမ်း စောင့်မျှော်လျက်...
#လေယူရာယိမ်း