အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
170K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 5 ( Zg + Uni)
3.3K 146 4
By NabeNabe549
{ Part - 5 }
" ဖြန်း....!!! "
မျက်ရည်တွေ ကျလာခဲ့၏ ။
အရေးမပါဘူး ထင်တယ်..... "
ကို ဒယ်ဒီ ပေးရက်တယ်...."
မကောင်းဖြစ်ရသည်။ သမီး ပြောသလို
အရမ်းနောက်ကျသွားပြီ။ သမီးလေးရဲ့
သမီး ကို ဒယ်ဒီ......."
မရှိတော့ဘူး...... "
ကြည့်ကာ ထွက်လာခဲ့၏ ။
ပျော်​ရွင်​​နေလေ၏။
တစ်ယောက် မသိခဲ့ပါ။
***********************
ချစ်နေလိုက်တာ... ။ သား ဆီကိုကျတော့
" သား "
လေသည်။
သဲပြည့် က အမြဲခံရသည်။ အခု နေထက်
သား ရစ်လို့ရတော့မည်။
>>>>>>>>>>>>>>>>>
နင် သိလား "
မတားပေ။
ရိုက်တာလဲ သိလား....??? ငါ့က
" ဝိတ်တာ next one cup
ကြည့်ကာ... ..
အခက်တွေ့နေခြင်းပင်...။ အရင်လို
" ဒုန်း.... ဒုန်း.... ဒုန်း "
" မုန်းတယ်.......!!!!! မုန်းတယ်.....!!!! "
" အမယ်လေး....!!! "
အစအနပင် မကျန်တော့ပေ...။
ပျော်သွားလေသည်။
" ဟဲလို မေသွေးခြယ်....!!!!
မင်း အခု ဘယ်မှာလဲ....??? "
အသက်ကို မနည်းရှူကာ..... .
ငါ သေးပေါက်ချင်တယ် "
" ဒုန်း..... ဒုန်း.... ဒုန်း "
ဘာသံလဲတော့ မသိ။ ထိုအသံက ဖုန်းထဲမှာ
*************************
ဘားကိုပင်....။
ချာတိတ်မ မေသွေးခြယ်။
ချာတိတ် ကနေတာကို မတား.. .။
သူ အံကြိတ်လိုက်မိသည်။
ကျေး... ကျေးဇူးပါ "
လိုက်ပို့လိုက်မယ် "
" ဟုတ်.... ဟုတ်ကဲ့ "
သဲပြည့်.....။
ဘယ်သူ ချီတာလဲ. ...???
ဦးလင်ရခြံ ပဲ "
ဟီးဟီး ......ဟီးဟီး "
ငမူးလေးပင်....။
သား အိမ်ပြန်ချင်ဘူး "
လေးမှန်း မသိ...။ မျက်နှာလေးကလည်း
တအားတွေ နီရဲနေသည်​။ အဆိုးဆုံးက
ညာဘက်ပါးပင်...။ ထိုညာဘက်ပါး​ပေါ်မှာ
လက်ဝါးရာကြီး....။
ပဲ ဖြစ်လောက်သည်။
လက်မထပ်ရသေးဘူး...... "
လင်ရခြံ မဟုတ်ဘူး "
ဆောရီး ဦးလင်းခြံရံ "
" ဒါဆို အိမ်ပြန်မယ် "
က ဘယ်လိုလေးမှန်း မသိ။
သားက လက်မထပ်ရသေးဘူး
မဟုတ်ဘူး "
ချင်တော့ပေ။
ယုံမှာလဲ.... "
မြှောက်တက်သွားရသည်။
" အင်း မေး ငါ ဖြေမယ် "
" ဘာ.....!!! "
Part 6 မျှော်.......................................
( သား ရယ် မေးတတ်လိုက်တာ 😅😅😅😅😅
မေးခွန်းကြီးက အသက်ပဲ😆😆😆.
#​လေယူရာယိမ်း
💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 5 }
" မေသွေးခြယ် သမီးကို ဒယ်ဒီ
တောင်းပန်လို့ ပြောနေတယ်နော်....
ဒယ်ဒီ နှစ်ခါမပြောချင်ဘူး"
စူးရှတဲ့ ဒယ်​ဒီ အကြည့်​တွေကို သား ပြန်​လည်​
တုပရင်း​ခေါင်းယမ်းလိုက်​မိ၏ ။
" မတောင်းပန်နိုင်ဘူး ဒယ်ဒီ ....
ဒယ်​ဒီ အဲ့ဒီလောက်တောင် တောင်းပန်ချင်နေရင်
ဒီပိုင်းလုံးမ ကို ဒယ်ဒီ ပဲ တောင်းပန်လိုက်...!!! "
" ဖြန်း....!!! "
စကားအဆုံး ဦးတိုးရှိန် လက်က မေသွေးခြယ်
ပါးပြင်ပေါ်ကို ကျရောက်သွားပြီး မေသွေးခြယ်
မှာလည်း ပါးရိုက်ခံလိုက်ရတဲ့အတွက်
မျက်ရည်တွေ ကျလာခဲ့၏ ။
" ဒယ်ဒီ သား ပါးကို ရိုက်တယ်ပေါ့
ဒီမိန်းမ အတွက်နဲ့ သား ပါးကို ဒယ်ဒီ ရိုက်တယ်ပေါ့....
ဒါနဲ့ဆို နှစ်ခါရှိသွားပြီ ......ကြည့်ရတာ
ဒီမိန်းမ ထက် သား က ဒယ်ဒီ ဘဝမှာ
အရေးမပါဘူး ထင်တယ်..... "
ပြောရင်းနဲ့ သူမ လက်ထဲက လည်ဆွဲ ကို
မေသွေးခြယ် တစ်ချက်ကြည့်ကာ သူမ မျက်ဝန်းမှာလည်း
မျက်ရည်စတွေက အပြည့်ပင်.. ..။
" ဒီ လည်ဆွဲ က မာမီ အကြိုက်ဆုံး ပစ္စည်း
လေး.... အဲ့ဒါကို ဒယ်ဒီ မေ့နေတာလား
မာမီ အကြိုက်ဆုံး ပစ္စည်းကိုမှ ဒီမိန်းမ
ကို ဒယ်ဒီ ပေးရက်တယ်...."
နာကြည်းတဲ့ အကြည့်တွေနဲ့ ပြောလာတဲ့
သား ကို ဦးတိုးရှိန် ကြည့်ပြီး ရင်ထဲ
မကောင်းဖြစ်ရသည်။ သမီး ပြောသလို
သမီးလေး မာမီ ရဲ့ အကြိုက်ဆုံး လည်ဆွဲ ကို
သူ မေ့ပြီး သက်ချိုကို ပေးလိုက်​မိတဲ့ အတွက်
အခုလို သမီးလေး က မတောင်းပန်တာပင်..။
ဒါကို အခုမှ သတိရတော့ သူ့ အတွက်
အရမ်းနောက်ကျသွားပြီ။ သမီးလေးရဲ့
ပါးပြင်ဖြူဖြူလေးပေါ်မှာလည်း
သူ ရိုက်ခဲ့တဲ့ လက်ဝါးရာကြီးက နီရဲနေပြီလေ။
" ဒယ်ဒီ တောင်းပန်ပါတယ် သမီးလေး....
သမီး ကို ဒယ်ဒီ......."
" ဟင့်အင်း မတောင်းပန်နဲ့ ဒယ်ဒီ .. ဒယ်ဒီ က
ဒီနေ့ကစပြီး သား အဖေ မဟုတ်တော့ဘူး.....
သား ဘဝမှာ အဖေဆိုတာ မရှိတော့ဘူး
ဒယ်ဒီ အလုပ်တွေ များနေတဲ့ အချိန်မှာ
မာမီ ကပဲ သား လိုချင်တာတွေကို
အကုန်ဖြည့်ဆည်းပေးခဲ့တယ်....
ဒယ်ဒီ ကတော့ တစ်ချိန်လုံး အလုပ်မှ
အလုပ် ဖြစ်နေခဲ့တယ်.... သား ဘဝတစ်
လျှောက်လုံး အပြင်ထွက်ပြီး လျှောက်လည်ဖို့
ပြောတိုင်းလည်း ဒယ်ဒီ အလုပ်မအားဘူးဆိုပြီး
အမြဲတမ်း ပြောခဲ့တယ်... ..ဒီမိန်းမကိုကျတော့
လက်ထပ်တာ တစ်လမပြည့်သေးဘူး
အပြင်တွေဘာတွေပါ လျှောက်လည်လိုက်သေးတယ်​
ဒီကြားထဲ ဒီမိန်းမ သမီးကိုပါ လိုချင်တာရှိရင်
ပြောတဲ့ အကုန် ဖြည့်ဆည်းပေးမယ်တဲ့.. ...
မေသွေးခြယ် ဆိုတဲ့ သားက ကြည့်ရတာ ဒယ်ဒီ
အရင်းရော ဟုတ်ကောဟုတ်ရဲ့လား ...
မယားပါ သမီးလောက်တောင် သား က ဒယ်ဒီ
ရဲ့ ဂရုစိုက်မှုကို မခံရဘူး.. ...အဲ့ဒီခံစားချက်က
လူကို တနုံ့နုံ့နဲ့ အသေသတ်နေသလိုပဲ....
ဒီနေ့ ဒီမိန်းမ ကို မာမီ လည်ဆွဲ ပေးလိုက်​လို့
ဒယ်ဒီ ကို သား အရမ်း စိတ်နာတယ်
ဒီမိန်းမ အတွက်နဲ့ သား ပါး ကို ရိုက်တဲ့
ဒယ်ဒီ ကိုလည်း သား အရမ်းမုန်းတယ်....
သား ဘဝမှာ ဒီနေ့ ကစပြီး အဖေဆိုတာ
မရှိတော့ဘူး...... "
ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို
သား သုတ်မပစ်ဘဲ ဦးတိုးရှိန် ကို နာကျင်စွာ
ကြည့်ကာ ထွက်လာခဲ့၏ ။
ဒေါ်သက်ချို နဲ့ မိုးပုလဲ ကတော့ ဦးတိုးရှိန်
ကို စိတ်မကောင်း တဲ့ အကြည့်တွေနဲ့ပင်.. ..။
ဒါပေမဲ့ သူတို့ ရင်ထဲမှာတော့ အရမ်းကို
ပျော်​ရွင်​နေလေ၏။
လင်းခြံရံ ကို မိုးပုလဲ လက်ထဲကနေ​မေ​သွေးခြယ်​လုယူလိုက်တဲ့အတွက် သမီးဖြစ်​သူ အစား
မိုးပုလဲ အပေါ်ကို ဦးတိုးရှိန် အပြစ်ရှိသလို ခံစားရ၍ စိတ်ကျေနပ်အောင် လုပ်ပေးတဲ့အနေနဲ့ အခုလို
မိုးပုလဲ နဲ့ ဒေါ်သက်ချို ကို အပြင်ထွက်စားဖို့ ခေါ်တဲ့
ဦးတိုးရှိန်ရဲ့ ကူညီပေးတဲ့စိတ်ကိုတော့ မေသွေးခြယ်
တစ်ယောက် မသိခဲ့ပါ။
***********************
​ဒေါ်သက်​ချို နဲ့​ဒေါ်သက်​ချို ရဲ့ သမီး
မိုးပုလဲ ကိုကျတော့ ဒယ်ဒီ က အရမ်းကို
ချစ်နေလိုက်တာ... ။ သား ဆီကိုကျတော့
ဖုန်းလေး တစ်ချက်တောင် မဆက်။
တွေးမိတိုင်း နာကျင်ရသည်။
ပါးရိုက်ခံလို့ နာတာထက် သားနဲ့ မာမီ မရခဲ့တဲ့
အခွင့်အရေးတွေကို ထိုသားမိက အရမ်းတွေ
ရနေလို့ ရင်ထဲလည်း အရမ်းဝမ်းနည်းမိသည်။
" သား "
ခေါ်သံကြောင့် ကြည့်လိုက်တော့ သား ဖုန်းဆက်ထား
လို့ ကားမှတ်တိုင်နားထိ သား ကို လာခေါ်ပေးသော
သား သူငယ်ချင်း သဲပြည့်... ။
ကြည့်နေရင်းနဲ့ သဲပြည့် က ကားကို
လမ်းဘေး ထိုးရပ်ပြီး သား ဆီကို လျှောက်လာ
လေသည်။
နောက်ထပ် သား သူငယ်ချင်း ဖြစ်တဲ့ သားကို
ကြိုက်နေသော နေထက် ကလည်း စင်္ကာပူကို
အလည်သွားတာ အခုထိ ပြန်မလာသေးပေ။
ပုံမှန်ဆိုရင် သား ဝမ်းနည်းတိုင်း နေထက် နဲ့
သဲပြည့် က အမြဲခံရသည်။ အခု နေထက်
မရှိတော့ သဲပြည့် တစ်ယောက်တည်းကိုပဲ
သား ရစ်လို့ရတော့မည်။
>>>>>>>>>>>>>>>>>
" ငါ့ ဒယ်ဒီ ကို အရမ်းမုန်းတယ် သဲပြည့်
ဒယ်ဒီ ကို အရမ်းမုန်းတယ်..... အဲ့တာ
နင် သိလား "
မုန်းတယ်ပြောပြီး ကော့တေးတွေကို ဘယ်နှခွက်
သောက်နေမှန်း မသိသော မေသွေးခြယ်။
ရှေ့က သဲပြည့် မှာလည်း ညစ်နေရင် မူးပြီး
ပေါက်ကွဲလိုက်မှ မေသွေးခြယ် သက်သာတာ
ကို သိနေတော့ မေသွေးခြယ် သောက်တာကို
မတားပေ။
" နင် သိလား သဲပြည့် ငါ အရမ်းချစ်ရတဲ့ ဒယ်ဒီ
က ငါ့ ကို ပါးရိုက်တယ် အဲ့ဒီမိန်းမ ရှေ့မှာ...
ဒါတင်မကသေးဘူး ငါ့ ပါးကို ဒယ်ဒီ က ဘာလို့
ရိုက်တာလဲ သိလား....??? ငါ့က
အဲ့ဒီမိန်းမ ကို ပိုင်းလုံးမ လို့ ပြောလိုက်​လို့ သူ့က
ငါ့ကို ရိုက်တာ.... နောက်ပြီး ငါ့ မာမီ
အကြိုက်ဆုံး လည်ဆွဲ ကိုလည်း
အဲ့ဒီမိန်းမ ကို ပေးထားသေးတယ်.... "
ကော့တေးသောက်တာ ခဏရပ်ရင်း လက်ထဲက
လည်ဆွဲပြတ်ကို ပြကာ မေသွေးခြယ် ဆို၏ ။
ထပ်တလဲလဲ ပြောနေတဲ့ မေသွေးခြယ်
စကားတွေကို ရှေ့က သဲပြည့် မှာ
နားထောင်ပြီးပြီဖြစ်သော်လည်း ထပ်နားထောင်
ပေးရသည်။ ဒါက မူးလာရင် ထုံးစံအတိုင်း ရစ်တတ်တဲ့ မေသွေးခြယ် ဗီဇမလို့ပင်...။
" ငါနဲ့ မာမီ ကိုကျတော့ ဒယ်ဒီ က တစ်ခါမှ
အပြင်ကို ခေါ်သွားမ​ပေးဘူး..... အဲ့ဒီမိန်းမ
ကိုကျတော့ သူ့က ခေါ်သွားပေးတယ်
အဲ့တာ ဘယ်လောက်​တောင်​ရင်နာစရာကောင်းလဲ
သိလား.....??? ငါ နဲ့ မာမီ မရခဲ့တဲ့
ဒယ်ဒီ ဆီက ဂရုစိုက်မှုတွေကို မိုးပုလဲ နဲ့
သူ့ အမေက ရနေကြတယ်...... အဲ့တာက
ငါ့ရင်ကို အတော်နာကျင်စေတယ်..... "
ပြောပြီး လက်ထဲမှာ ကျန်နေသော ကော့တေး
ကို သား အကုန်မော့ချပစ်၏ ။
" ဝိတ်တာ next one cup
ရှူပ်ပါတယ် two cups သာ ယူခဲ့လိုက်​တော့ "
အော်ပြီး ထပ်မှာနေသော မေသွေးခြယ် ကို သဲပြည့်
ကြည့်ကာ... ..
" များနေပြီနော် သား... ..နင် သောက်တာ
အရမ်း များနေပြီ..... ဖြစ်ပါ့မလား "
" ဖြစ်တာပေါ့ သဲပြည့် ရာ ....မေသွေးခြယ်
ဆိုတဲ့ ငါ့ ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ
ဘာမှမရှိဘူး.....မဖြစ်​နိုင်​တာဆိုလို့ ဒေါ်သက်ချို
တို့ သားမိကို ငါ နှင်မထုတ်နိုင်တာက လွဲလို့...... "
သဲပြည့် မျက်လုံး ပိတ်ပြီး ပြောနေသော သား ကို
ကြည့်ကာ သူမ သက်ပြင်းချနေမိသည်။
သောက်တာများတာက အကြောင်းမဟုတ်။
အရမ်းမူးလာရင် သွေးဆိုးတတ်တော့
သူမ တစ်ယောက်တည်း မေသွေးခြယ်
ကို မနိုင်ဘူးဆိုတာ သဲပြည့် သိထား၍
အခက်တွေ့နေခြင်းပင်...။ အရင်လို
နေထက် ကို အကူအညီ တောင်းရအောင်
လည်း နေထက် က အခု စင်္ကာပူ ကို
အလည်ရောက်နေတော့ ခက်သည်။
" ဒုန်း.... ဒုန်း.... ဒုန်း "
" မုန်းတယ်.......!!!!! မုန်းတယ်.....!!!! "
" အမယ်လေး....!!! "
မျက်လုံး မဖွင့်ဘဲ လက်သီးနဲ့ စားပွဲကို မုန်းတယ်
ပြောကာ ထုလိုက်တော့ သဲပြည့် လန့်သွား
၏ ။ ဝိတ်တာချပေးလာတဲ့ ကော့တေး
နှစ်ခွက်ကိုလည်း မေသွေးခြယ် သောက်လိုက်တာ
အစအနပင် မကျန်တော့ပေ...။
ဒီပုံစံအတိုင်းဆို မဖြစ်တော့ဘူးဆိုပြီး သဲပြည့်
အတွေးဝင်ကာ ဘာဆက်လုပ်ရမှန်းမသိ
ဖြစ်နေတုန်း သား ဖုန်းကို ဆက်လာတဲ့
ဦးလင်းခြံရံ ဆိုတဲ့ နံပါတ်ကြောင့် သူမ
ပျော်သွားလေသည်။
" ဟဲလို မေသွေးခြယ်....!!!!
မင်း အခု ဘယ်မှာလဲ....??? "
ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က တန်းမေးလာ
သော ဦးလင်းခြံရံ အသံကြောင့် သဲပြည့်
အသက်ကို မနည်းရှူကာ..... .
" မေသွေးခြယ် မဟုတ်ဘူး ဦးလင်းခြံရံ
မေသွေးခြယ် သူငယ်ချင်း သဲပြည့် ပါ "
" ဒါဆို မေသွေးခြယ် က အခု ဘယ်မှာလဲ. ..?? "
" ငါ သေးပေါက်ချင်တယ် သဲပြည့်... ..
ငါ သေးပေါက်ချင်တယ် "
" ဒုန်း..... ဒုန်း.... ဒုန်း "
ခြံရံ ရုတ်တရက် ကြားလိုက်ရတဲ့ ချာတိတ် အသံ
လေးနဲ့ တခြားဆူညံသံကြောင့် သူ စိတ်ပူသွားရသည်။
ဘာသံလဲတော့ မသိ။ ထိုအသံက ဖုန်းထဲမှာ
ချာတိတ် အသံနဲ့ အတူ ကျယ်လောင်စွာ ပါလာ၏။
" ခုဏက မေသွေးခြယ် အသံမလား....??? သဲပြည့်
.....နောက်က ဒုန်းဒုန်း ဆိုတဲ့ အသံက
မေသွေးခြယ် ဘာဖြစ်နေတာလဲ.... နောက်ပြီး
မင်းတို့တွေ ဘယ်ရောက်နေတာလဲ....??? "
တရစပ်မေးလာသော ဖုန်းထဲက လင်းခြံရံ
အမေးကို သဲပြည့် ဘာပြန်ဖြေရမှန်း မသိခင်
လင်းခြံရံ က ဒုတိယအကြိမ် ခက်​ထန်ထန်အသံနဲ့
မေးလိုက်တော့ သဲပြည့် ကြောက်ပြီး အမြန်ဖြေလိုက်
ရသည်။ တစ်ယောက် က စားပွဲကို ထုကာ
သေးပေါက်သွားဖို့ လိုက်ပို့ခိုင်း၊ နောက်တစ်ယောက်
ကလည်း ဖုန်းထဲကနေ ပိတ်​ဟောက်နေတော့ သဲပြည့်
လည်ပင်း ချွေးတွေပင် စို့နေတော့သည်။
*************************
ခြံရံ ဦးတိုးရှိန် ဖုန်းဆက်လာလို့ ချာတိတ် ကို
သွားရှာပေးပါအုံးတဲ့ စကားကြောင့်
ချာတိတ် ကို သူ လိုက်ရှာနေမိသည်။
နောက်မှ လိုက်ရှာ​နေရင်းနဲ့ ချာတိတ် ဖုန်းနံပါတ်
သူ့ ဖုန်းထဲမှာ ရှိနေတာကို သတိရ၍ ဖုန်း
ဆက်လိုက်တော့ လာကိုင်တဲ့လူက
ချာတိတ် သူငယ်ချင်း ဖြစ်နေခဲ့သည်။
ဘားရောက်နေတယ်လို့ ချာတိတ် သူငယ်ချင်း က
ဆိုလာတော့ သူ့ ကားလေးက For you
ဘားကိုပင်....။
ဘားကို ခေါ်သွားပေးတဲ့ ချာတိတ် သူငယ်ချင်းကို
လည်း ဖုန်းထဲကနေ သူ ငေါက်နေမိသည်။
ကားပါကင်မှာ ကားထိုးပြီးတာနဲ့ ခြံရံ ခြေလှမ်း
တွေကလည်း For you bar ထဲကိုပင်....။
ဟော..​တွေ့လိုက်ရပါပြီ။ စားပွဲခုံပေါ် တက်ပြီး
တစ်ကိုယ်လုံး ကွေးကောက်နေသော
ချာတိတ်မ မေသွေးခြယ်။
အောက်က ချာတိတ် သူငယ်ချင်း သဲပြည့် ကလည်း
ချာတိတ် ကနေတာကို မတား.. .။
သူ့ကပါ လက်ခုပ်တွေ တီးပေးနေလိုက်သေးသည်။
ဒီကြားထဲ ဘားက ကောင်လေးတွေ၊ ကောင်မလေး
တွေက အစ ချာတိတ် ကို ကြည့်နေကြတော့
သူ အံကြိတ်လိုက်မိသည်။
ကောင်မလေးတွေ ကြည့်တာက အဆန်းမဟုတ်...။
ကောင်လေးတွေပါ ပါနေတော့ ခြံရံ စိတ်ထဲ
အလိုမကျ ဖြစ်လို့သွားသည်။ ဒီကြားထဲ
မေသွေးခြယ် ဝတ်ထားတဲ့ ဘောင်းဘီက
ပေါင်လယ်လောက် ဖြစ်နေတော့
ခြံရံ လက်သီးဆုပ်ပြီး အံကြိတ်ကာ
မေးရိုးတွေပါ ထောင်လို့သွား၏ ။
" မေသွေးခြယ် အဲ့တာ မင်း ဘာလုပ်နေတာလဲ "
ဒေါသအသံနဲ့ မေသွေးခြယ် အနားကို ရောက်သွား
ကာ သူ့ ကိုယ်ပေါ်က အင်္ကျီလက်​ရှည်​
ကို အမြန်​ချွတ်ပြီး​မေသွေးခြယ်
ပေါင်ဖြူဖြူသွယ်သွယ်လေး​တွေကို
ဖုံးပေးလိုက်သော လင်းခြံရံ...။
ခြံရံ မေးတာကို မေသွေးခြယ် ပြန်မဖြေတော့
ခြံရံ အကြည့်က သဲပြည့် ဆီကို ရောက်လို့သွား၏ ။
" သဲပြည့်...!!! သူ ကတာကို မင်း မတားဘူးလား "
" ဟို....ဟို... ဟို တားမရလို့ပါ ဦးလင်းခြံရံ "
ကြောက်ပြီး စကားတွေ ထစ်အစွာနဲ့ ပြန်ဖြေလာသော
သဲပြည့် ကို လင်းခြံရံ မျက်မှောင်ကြုတ်ပြီး
အလိုမကျစွာနဲ့ ကြည့်လိုက်၏ ။
" မရရင် ရအောင် တားရမယ်ဆိုတာ
မင်း မသိဘူးလား... ..သူငယ်ချင်း
တစ်​ယောက်​လုပ်​နေပြီး ကိုယ့် သူငယ်ချင်း
အမြင်မတော်တာကို မင်း ကြည့်နေရသလား.. .!!! "
" တောင်း...တောင်းပန်ပါတယ် ဦးလင်းခြံရံ....
သဲပြည့် တောင်းပန်ပါတယ် "
" ဒီတစ်ခါတော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်
နောက်တစ်ခါ မင်း မလွယ်ဘူး မှတ်..... "
ူ" ဟုတ်... ဟုတ် ဦးလင်းခြံရံ
ကျေး... ကျေးဇူးပါ "
" သွားတော့ မင်း သူငယ်ချင်း ကို ငါ ပဲ
လိုက်ပို့လိုက်မယ် "
" ဟုတ်.... ဟုတ်ကဲ့ "
ကတုန်ကယင် ဖြေကာ စားပွဲပေါ်က ပိုက်ဆံ
အိတ်လေးကို အမြန်​ယူပြီး​ပြေးသွားသော
သဲပြည့်.....။
သဲပြည့် လည်း ထွက်သွားရော စားပွဲပေါ်မှာ
အခုထက်ထိ က​ကောင်းနေသော
မေသွေးခြယ် ကို ခြံရံ ပွေ့ ချီလိုက်၏။။
ထိုအခါ ဘားက​ကောင်​လေး​တွေ ၊
​ကောင်​မ​လေး​တွေလည်း သား မကတဲ့အတွက်​
သား ကို မကြည့်​ကြ​တော့ပါ။
" လွှတ်.. .လွှတ်... လွှတ်... ငါ့ကို
ဘယ်သူ ချီတာလဲ. ...???
ဘယ်က ခွေးကောင် ငါ့ကို ချီတာလဲ.....??? "
အသံကုန်တွေ မေသွေးခြယ် အော်ပြီး
ခြံရံ ဗိုက်ကို ကန်တော့ ခြံရံ လွှတ်ပေးလိုက်ရသည်။
" ဪ ဘယ်သူများလဲလို့ နှာဘူးကြီး
ဦးလင်ရခြံ ပဲ "
" ဘာ....!!! လင်ရခြံ လဲ ငါ့ နာမည်က လင်းခြံရံ "
သား နာမည်မှားခေါ်တော့ ခြံရံ ရဲ့
မကျေနပ်​အော်​သံ က ချက်ချင်း ပင် ။
" ဪ ဟုတ်သားပဲ လင်းခြံရံ ၊ လင်းခြံရံ
လင်ရခြံ မဟုတ်ဘူး.. ..ဆောရီးပဲ မှားသွားလို့
ဟီးဟီး ......ဟီးဟီး "
မျက်လုံးလေးကို နည်းနည်းလေးပဲ ဖွင့်ပြီး သူ့ကို
သွားဖွေးဖွေးလေးတွေ ပေါ်လာတဲ့အထိ
ရယ်ပြနေသော ချာတိတ် ပုံစံ က တကယ့်
ငမူးလေးပင်....။
ခုဏက လင်ရခြံ လို့ မှားခေါ်၍ ထောင်းကနဲ
ထွက်သွားတဲ့ ဒေါသတွေကလည်း
အခု ဘယ်ဆီနေမှန်းမသိတော့....။
" အိမ်ပြန်မယ် မေသွေးခြယ် ......"
" ဟင့်အင်း အိမ်ပြန်ချင်ဘူး
အိမ်ပြန်ရင် ဒယ်ဒီ နဲ့ တွေ့ရလိမ့်မယ်
သား အိမ်ပြန်ချင်ဘူး "
နှုတ်ခမ်းလေးစူပြီး ပြောနေတာလေးက ဘယ်လို
လေးမှန်း မသိ...။ မျက်နှာလေးကလည်း
ဘယ်လောက်တောင် သောက်ထားလဲ မသိ။
တအားတွေ နီရဲနေသည်​။ အဆိုးဆုံးက
ညာဘက်ပါးပင်...။ ထိုညာဘက်ပါး​ပေါ်မှာ
လက်ဝါးရာကြီး....။
ဒါကြောင့် ဦးတိုးရှိန် သူ့ ဆီ ဖုန်းဆက်ပြီး
ချာတိတ် ကို ရှာခိုင်းတာထင်သည်။
ဒီလက်ဝါးရာ ကလည်း ဦးတိုးရှိန် လက်ဝါးရာ
ပဲ ဖြစ်လောက်သည်။
ချာတိတ် ပါးပေါ်က လက်ဝါးရာလေးကြောင့်
သူ့ စိတ်ထဲမှာ တစ်မျိုးလေးတော့ ဖြစ်သွားရသည်။
" အိမ်ပြန်ရအောင်နော် မေသွေးခြယ် "
" ပြန်ချင်ဘူးလို့ ပြောနေတယ်လေ
အိမ်မှာ ဒယ်ဒီ ရှိတယ်လို့ နှာဘူးကြီးရဲ့... .."
" အဲ့ဒီအိမ် မဟုတ်ဘူးလေ ငါ့ အိမ်ကို ပြန်မှာလေ "
"ဘာ....!!! ခင်ဗျား အိမ် ဟုတ်လား......???
ဘာလို့ ခင်ဗျား အိမ်ကို ပြန်မှာလဲ....? ?? "
မျက်လုံးကို မနည်းဖွင့်ပြီး မေးနေသော
ချာတိတ် ကို ခြံရံ ကြည့်ကာ ပြုံးလိုက်ရင်း... ..
" မင်းနဲ့ ငါ့က လက်ထပ်ပြီးပြီလေ
ဒါကြောင့် ငါ့အိမ်ကို ပြန်ရမှာပေါ့.. ."
" ဟီးဟီး. ...ဟီးဟီး လျှောက်မပြောနဲ့
ဦးလင်ရခြံ သား က ဘယ်သူနဲ့မှ
လက်မထပ်ရသေးဘူး...... "
" လင်းခြံရံ နော် ချာတိတ်.. ..ငါ့ နာမည်
လင်ရခြံ မဟုတ်ဘူး "
" ဟီးဟီး သား မှားသွားလို့..... ဆောရီး
ဆောရီး ဦးလင်းခြံရံ "
" ဒါဆို အိမ်ပြန်မယ် "
" ဟင့်... ဘာမှလည်း မဆိုင်ဘူး "
အိမ်ပြန်မယ်ပြောတော့ နှာခေါင်းရှူံ့တာလေး
က ဘယ်လိုလေးမှန်း မသိ။
" ဆိုင်တာပေါ့ မင်းက ငါ့ မိန်းမလေ
ဒီတော့ အိမ်ပြန်ရမှာပေါ့ "
" လျှောက်မပြောနဲ့ ဦးလင်းခြံရံ. ....
သားက လက်မထပ်ရသေးဘူး
ဒီအတွက်ကြောင့် သား က ခင်ဗျား မိန်းမ
မဟုတ်ဘူး "
မူးပြီး လက်ထပ်ထားတာကို မေ့နေသော ချာတိတ်
ကို သူ နပန်ပိတ်​တီးပစ်ချင်စိတ်တွေက တဖွားဖွားပင်..။
အိမ်ပြန်ဖို့ ခေါ်တာကိုလည်း မလိုက်တော့ သူ စိတ်မရှည်
ချင်တော့ပေ။
" မင်းက ငါ့ မိန်းမ မေသွေးခြယ်..... ငါ ဘယ်လို
သက်သေပြမှ မင်းက ငါ့ မိန်းမ ဆိုတာ
ယုံမှာလဲ.... "
" ခဏလေး သား စဉ်းစားလိုက်အုံးမယ် "
လက်ချောင်းသေးသေးလေးတွေနဲ့ နားထင်ကို
အသာလေး ပုတ်ကာ စဉ်းစားနေတော့
သူ အပေါ်နှုတ်ခမ်းတစ်စုံက
မြှောက်တက်သွားရသည်။
" ဪ သတိရပြီ ဦးလင်းခြံရံ...... သား
သတိရပြီ သားက ခင်ဗျား မိန်းမ ဆိုတော့ သား
မေးတာကို ခင်ဗျား ဖြေနိုင်ရမှာပေါ့ "
" အင်း မေး ငါ ဖြေမယ် "
" ဒါဆို သား မေးပြီနော် သား ရင်သား နဲ့
သား ဖင်နားမှာ မှည့် ဘယ်နှလုံးရှိလဲ "
" ဘာ.....!!! "
Part 6 မျှော်.......................................
( သား ရယ် မေးတတ်လိုက်တာ 😅😅😅😅😅
မေးခွန်းကြီးက အသက်ပဲ😆😆😆.
မူးမူးနဲ့ လျှောက်မေးနေတဲ့ မေသွေးလေး
အရေးထဲ လက်ထပ်ထားတာကိုပါ မေ့နေသေးတယ်
သူလေးက 😂😂😂..တကယ့် အကြည်ဓာတ်လေး
ကိုယ် ရေးသမျှ ဇာတ်ကောင်တွေထဲ 😂😂😂😂)
ချစ်တယ်နော် မင်မင်ရဲ့ ဒါဒါလေးတွေ.. 😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင် လေယူရာယိမ်း စောင့်မျှော်လျက်...
#​လေယူရာယိမ်း
Continue Reading
You'll Also Like
422K 10.2K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.6M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
1.2M 62.3K 50
267K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...