အမုန်းတော်ခံသတို့သမီး (လင်းခြ...
By NabeNabe549
173K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... More
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 4 ( Zg + Uni)
3.5K 152 1
By NabeNabe549
{ Part - 4 }
အကြည့်တွေနဲ့ပင်.....။
အုံးတဲ့.....??? မေသွေးခြယ် "
ငါ လာမယ်လို့........ "
လှချည်လား......?? "
ရိုင်းနေတာ မဟုတ်ဘူး.... "
" တော်စမ်း....!!!! မေသွေးခြယ်
ရန်ပြန်​​တွေ့နေရတာလဲ.....??? "
သူ ပြသာနာမဖြစ်ချင်ပါ။ ပုလဲ ကို
***********************
သား က သိတာပေါ့...... "
ဦးရံ ရင်ဘတ်လေးက ....."
မသိ....။
လို့ မခေါ်ဘူး ဦးရံ ရဲ့..... "
ကောင်းတာပဲ...... "
အရမ်း နားခါးတယ် "
ချိုမြိန်လေသည်။
ကော်​ဖီမှ မဟုတ်တာ..... "
" မင်း.... မင်း.... မေသွေးခြယ်
အဆန်းတွေ လုပ်နေတယ် ....."
မင်းက...... "
" ဟင်.... ဘယ်သူလဲ ဦးရံ....???
အဲ့တာ ဘယ်သူလဲ....??? ဦးရံ လား "
မင်း ဘာလုပ်မလို့လဲ.....??? "
လောနေတာလဲ...??? "
ပွတ်သပ်​၏ ။
ခြံရံ ဆုပ်ထားမိသည်။
" အရမ်း မိုက်တာပဲ ဦးရံ က....
ဦးရံ ရယ်​....??? "
သူ ပြန်မြိုချနေရသည်။
" မလုပ်နဲ့ မေသွေးခြယ်.......!!!!
မင်း မလုပ်နဲ့......!!!!! "
တော့ မေသွေးခြယ် ပင်.....။
မနည်းထိန်းနေရသည်။
သည်။
သား ဒုက္ခ ပေးမည်။ စိတ်ထဲမှာလည်း
>>>>>>>>>>>>>>>
နေလဲ မသိ...။
ရယ်ချင်မိသည်။
ဒါပေမဲ့ ရယ်လို့က မရ။ တော်ကြာ သား
ဆောင်နေလိုက်သည်။
ဝင်သွားတော့သည်။ ခြံရံ ရေချိုးခန်းထဲ
" ဟားဟား.........ဟားဟား "
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
" ဟုတ်ကဲ့ ကြီးဆွေ "
ကြည့်ကာ.....
ကို သား က ချစ်နေရတာ "
ပင်....။
" ချစ်ပါတယ် Mom ကလည်း .....
ဒီလို ဒီလိုကို ချစ်တာ "
" မွ... မွ.... မွ "
က မြှောက်တက်သွားရသည်။
ထမင်းကြော်ပေးပါ "
လေးကို လုနေတယ် "
အနိုင်ကျင့်နေရတာလဲ....???
တခြားဟာ စားစမ်း...!!! "
အဲ့ဒီ ထမင်းက သားဟာ
ပြုံးနေလေသည်။
>>>>>>>>>>>>>>>>
သည်။
အောင် စီးကျလာသည်။ ရင်ထဲလည်း
စိတ်က အရမ်းတိုလာရသည်။
ရ၏ ။
လက်ဝတ်ထည်လေးပင်...။
မိ၏ ။
ရှိသေးသည်။
happy family တဲ့.... ။ tag တွဲထားတဲ့
ပင်....။
တော့သည်။
>>>>>>>>>>>>>>>>
စားလို့ ကောင်းတယ်"
ဒယ်​ဒီ ကို ပူဆာ​နော်​ "
" ဟုတ် ဒယ်ဒီ ....​ကျေးဇူးပါ "
" သမီးလေး.....!!!! "
ဘာရပ်လုပ်နေတာလဲ.....???
လိုက်ပါသွားရသည်။
သား ကြည့်​ကာ ....
ပျော်ရာ ခေါ်ပါစေ "
လူသတ်ချင်လာမိသည်။
စိတ်​က အရမ်းတို​နေ၏ ။
" အား....!!! "
ပျာယာခတ်သွား၏ ။
ရရဲ့လား....??? "
သွေးထွက်သွားပြီ....!!!! "
အထိတ်​တလန့်​ ဆို၏ ။ ဦးတိုးရှိန် မှာ
သမီး တောင်းပန်လိုက်​ "
မတောင်းပန်နိုင်ဘူး...."
သမီး....!!! "
မနေပါနဲ့.... "
သူ မှားတယ် "
" ဖြန်း....!!! "
မျက်ရည်တွေ ကျလာခဲ့၏ ။
Part 5 မျှော်..............................
( သနားပါတယ် သားလေး 😢😢😢😢😢😢
#​လေယူရာယိမ်း
💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 4 }
ကားလေးက မောင်းနေပေမဲ့ တိတ်ဆိတ်လို့ နေ၏ ။
အနောက်ခန်းက မိုးပုလဲ မှာတော့ ရှေ့ခန်းမှာ
ထိုင်နေတဲ့ သား ကို မကျေနပ်တဲ့
အကြည့်တွေနဲ့ပင်.....။
ကားမှန်ကနေ တစ်ဆင့် မိုးပုလဲ ကို ကြည့်ပြီး
ပြုံးစိစိ ဖြစ်နေသူကတော့ ရှေ့ခန်းမှာ
ခြံရံ နဲ့ ထိုင်နေတဲ့ သားပင်.....။
" အန်ကယ် က နင့်ကို အိမ်လည်လာ
အုံးတဲ့.....??? မေသွေးခြယ် "
မေသွေးခြယ် တို့ အဖေအိမ်ကို ရောက်တော့
ကားပေါ်က ဆင်းဆင်းချင်း စကားစလာတဲ့
မိုးပုလဲ ကို မေသွေးခြယ် တစ်ချက် ကြည့်ကာ.....
" ဒယ်ဒီ ကို ပြောလိုက် မိုးပုလဲ....!!!
နင်တို့ သားမိ ဒီအိမ်ကနေ ဆင်းရင်
ငါ လာမယ်လို့........ "
" ဘာ.....!!!! မေသွေးခြယ် နင် မိုက်ရိုင်း
လှချည်လား......?? "
" ငါ့ ပါးစပ်နဲ့ ငါ ရိုင်းတာ နင့် ပါးစပ် ငှားပြီး
ရိုင်းနေတာ မဟုတ်ဘူး.... "
" တော်စမ်း....!!!! မေသွေးခြယ်
မင်း ပုလဲ ကို ဘာလို့ ကတ်ကတ်လန်လန်
ရန်ပြန်​တွေ့နေရတာလဲ.....??? "
" ဝင်မပါနဲ့ ဦးရံ သား မကြိုက်ဘူး.....
မောင်းတော့ အခု အိမ်ကို .... "
ပုလဲ ကို စိတ်တိုစွာ တစ်ချက်ကြည့်ပြီး
သူ့ကို မောင်းဖို့ ပြောနေသော ချာတိတ်
ပုံစံ က အမိန့်ပေးနေသလိုပင်.....။
ခြံရံ ဒါကို မကြိုက်ပေမဲ့ ဒါပေမဲ့ ဒီနေရာမှာ
သူ ပြသာနာမဖြစ်ချင်ပါ။ ပုလဲ ကို
တစ်ချက်ကြည့်ပြီး ချာတိတ် ခိုင်းတဲ့အတိုင်း
ကားကို မောင်းဖို့ပြင်​လိုက်၏ ။
***********************
" မနက်က မင်း လုပ်ထားတဲ့ အပြစ် သိတယ်နော် "
ညစာစားပြီးလို့ ဗိုက်လေးလို့ အပေါ်ထပ်ကို
တက်လာရုံ ရှိသေး အခန်းထဲ ဝင်ဝင်ချင်း
ကြားလိုက်ရတဲ့ ဦးခြံရံ စကားက
သား ရင်ကို ထိတ်သွားစေသည်။ ဒါပေမဲ့
ထိတ်လန့်သွားတဲ့ စိတ်ကို သား မနည်းဖုံးကွယ်
ပြီး ဟန်ဆောင်ပြုံးလိုက်သည်။
" သိတာပေါ့ ဦးရံ ရ..... သား အပြစ်ကို
သား က သိတာပေါ့...... "
စကားကို အသားကုန်တွေ ချွဲနွဲ့ပြောရင်း
သား လက်တွေက ဦးခြံရံ ကိုယ်ပေါ်မှာ
ဆော့ကစား ပေးနေလိုက်သည်။
ထိုအခါ သားကို စိုက်ကြည့်လာတဲ့ ဦးခြံရံ ရဲ့
အကြည့်တွေက အံ့ဩခြင်းတွေ အပြည့်နဲ့ပင်....။
" အား..... အရမ်းကိုင်လို့ ကောင်းတာပဲ
ဦးရံ ရင်ဘတ်လေးက ....."
နီရဲပြီး လုံးချိတ်နေတဲ့ နှုတ်ခမ်းကို ရှေ့တတောင်
လုံး စူထားပြီး ပြောနေတဲ့ ချာတိတ် ပုံစံ
က အရမ်းချစ်စရာ ကောင်းသည်။
လက်သေးသေးလေးတွေနဲ့ သူ့ ရင်ဘတ်ကို
ပွတ်သပ်နေတာကလည်း ဘယ်လိုလေးမှန်း
မသိ....။
စိတ်ထဲ ယားကျိကျိ ဖြစ်လာတော့ ချာတိတ်
လက်တွေကို သူ ဖမ်းချုပ်ပစ်လိုက်သည်။
" မင်း ဘာတွေ လုပ်နေတာလဲ မေသွေးခြယ်....??
ငါ့ကို မြှူဆွယ်နေတာလား....?? "
" နိုး.....နိုး သား မမြှူဆွယ်ရသေးပါဘူး ဦးရံ
နောက်ပြီး ဒီလို လုပ်တာကို မြှူဆွယ်တယ်
လို့ မခေါ်ဘူး ဦးရံ ရဲ့..... "
ခြံရံ လက်တွေကို စုချုပ်ထားရာကနေ
ချာတိတ် က ရုန်းထွက်ပြီး နောက်တကြော့ပြန်​
သူ့ ရင်ဘတ် ပေါ်ကို ပြန်လည် ရောက်ရှိလာသည်။
" အား.......ဦးရံ ရင်ဘတ်ကြီးက အရမ်းကိုင်လို့
ကောင်းတာပဲ...... "
" ဒီနေရာမှာ ပုလဲ မရှိဘူး မေသွေးခြယ်
ငါ့ကို ဦးရံ လို့ ခေါ်နေတာ ရပ်လိုက်တော့....!!!
​နောက်​ပြီး မင်းအသံက ငါ့ အတွက်
အရမ်း နားခါးတယ် "
ပါးစပ်ကသာ နားခါးတယ်လို့ ခြံရံ ပြောနေပေမဲ့
သူ့ ရင်ထဲမှာတော့ မေသွေးခြယ် ရဲ့ ဦးရံ
လို့ ခေါ်တဲ့ အသံ​လေးက အတော်လေးကို
ချိုမြိန်လေသည်။
" နားခါးတယ် ဟုတ်လား ဦးရံ....??
နား က မခါးပါဘူး....နားက ခါးရအောင်
ကော်​ဖီမှ မဟုတ်တာ..... "
" မင်း.... မင်း.... မေသွေးခြယ်
မင်း ပါးစပ်က အတော်တတ်နေပါလား ...!!!"
" ဪ.... ဦးရံ ရယ် ပါးစပ်ပဲ စကားပြော
တတ်တာ မဆန်းပါဘူး... .ဦးရံ လည်း
ပါးစပ်နဲ့ စကားပြောနေတာမဟုတ်ဘူးလား
အဆန်းတွေ လုပ်နေတယ် ....."
" ပြောလေ ဆိုးလေပါလား မေသွေးခြယ်
မင်းက...... "
" ဟင်.... ဘယ်သူလဲ ဦးရံ....???
အဲ့တာ ဘယ်သူလဲ....??? ဦးရံ လား "
ခြံရံ.... ရွဲ့ကာ ချာတိတ်​က မေးနေပြန်တော့
သူ့ စိတ်က တိုလာရပြန်သည်။
ခြံရံ စိတ်တိုနေတုန်း မေသွေးခြယ် က
သူ့ အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်း
ဖြုတ်တာ အောက်ထိ ရောက်သွားလေသည်။
" ဘာလုပ်မလို့လဲ.....??? မေသွေးခြယ်
မင်း ဘာလုပ်မလို့လဲ.....??? "
" ဖြေးဖြေးပေါ့ ဦးရံ ရယ်..... ဘာတွေ
လောနေတာလဲ...??? "
ပြောရင်းနဲ့ လစ်ဟာသွားတဲ့ ခြံရံ ဝမ်းဗိုက်ကြွက်သား
တွေကို သူမ လက်သေးသေးလေးနဲ့ သား
ပွတ်သပ်​၏ ။
ရင်​ဘတ်​တစ်​ခုလုံး ကို ပွတ်သပ်နေသော
မေသွေးခြယ် လက်​တွေကြောင့် ခြံရံ စိတ်တွေ
တစ်မျိုးကြီး ဖြစ်လာရသည်။
ရင်ထဲလည်း အကောင်ငယ် ရှိ​နေသလို
ဝုန်းဒိုင်း၊ ဝုန်းဒိုင်း နဲ့ ခုန်နေပြီး
သူ့ လက်တွေကအစ ကျစ်​နေ​အောင်​
ခြံရံ ဆုပ်ထားမိသည်။
ခြံရံ ပွတ်သပ်ရုံတင်အားမရ သူ့ six pack
တွေကိုပါ မေသွေးခြယ် က ဆုပ်နယ်လာ
တော့ လက်သီးကို တင်းတင်းဆုပ်ထားမိပြန်​သည်။
" အရမ်း မိုက်တာပဲ ဦးရံ က....
ဦးရံ တစ်ကိုယ်လုံးက စားပစ်ချင်စရာကြီး....
ဘယ်လိုတွေတောင် ယောင်္ကျားပီသနေရတာလဲ
ဦးရံ ရယ်​....??? "
နှုတ်ခမ်းကို ရှေ့သို့ ထော်ထားပြီး တဦးရံ တည်း
ရံနေသော ချာတိတ် ပုံစံလေးက သူ့ကို
အာခေါင်တွေ ခြောက်သွားစေသည်။
ခြံရံ အာခေါင်တွေ ခြောက်နေရတဲ့ ကြားထဲ
ဒီတစ်ခါ ချာတိတ်မ က သူမ အင်္ကျီ
ကို သူမ ချွတ်ဖို့ ပြင်နေတော့
သူ့ အသက်ရှူနှုန်းတွေ မြန်လာရသည်။
ခြံရံ ကြယ်သီး နှစ်လုံး ဖြုတ်ပြီးတာနဲ့
မြင်လိုက်ရသော ချာတိတ် ရင်ညွှန့်
ဖွေးဖွေးလေးတွေကြောင့် ကိုယ့် တံတွေးကိုယ်
သူ ပြန်မြိုချနေရသည်။
" မလုပ်နဲ့ မေသွေးခြယ်.......!!!!
မင်း မလုပ်နဲ့......!!!!! "
ကြယ်သီးနှစ်လုံးကနေ သုံးလုံးမြောက်
ကြယ်သီးကိုပါ မေသွေးခြယ် က ဖြုတ်ဖို့ပြင်နေ
တော့ သူ ဆက်​မကြည့်ရဲတော့ပါ။
မျက်လုံး ကို လက်နဲ့ အမြန်အုပ်ပြီး
ရေချိုးခန်းထဲ ခြံရံ ဝင်ပြေးတော့သည်။
ခြံရံ ပြေးသွားတာကို ကြည့်ပြီး သဘောကျနေသူက
တော့ မေသွေးခြယ် ပင်.....။
သုံးလုံးမြောက် ကြယ်သီးကို မေသွေးခြယ်
မဖြုတ်တဲ့အပြင် ခုဏက ဖြုတ်ထားတဲ့
ကြယ်​သီး နှစ်လုံးကိုပါ ပြန်တပ်လိုက်သည်။
သူမ အင်္ကျီ ကြယ်သီး ဖြုတ်တုန်းက
ချွေးဇောတွေ ပြန်ပြီး မူမမှန်ဖြစ်​နေသော ခြံရံ ကို
ကြည့်ကာ ရယ်ချင်နေတဲ့ စိတ်ကို သူမ
မနည်းထိန်းနေရသည်။
ခြံရံ လည်း မရှိ​တော့​ရော မေသွေးခြယ် အပေါ်
နှုတ်ခမ်းတစ်စုံက အလိုလို မြှောက်တက်သွား
သည်။
မှတ်ပြီလား ဦးခြံရံ....။ အဲ့ဒါ သား ကို နမ်းချင်အုံး။
ဒီက ရှေ့လျှောက်တော့ သဲပြည့် ပြောတဲ့ ဝတ္ထုထဲကလို
တစ်ကိုယ်လုံး ချွတ်ချနည်းနဲ့ ဦးခြံရံ ကို
သား ဒုက္ခ ပေးမည်။ စိတ်ထဲမှာလည်း
အခုလို အကြံကို ပေးတဲ့ သဲပြည့် ကို
သား အရမ်းကျေးဇူးတင်နေမိသည်။
>>>>>>>>>>>>>>>
မနက်လင်းတော့ သား ဘေးနားမှာ ဝင်လှဲအိပ်နေတဲ့
ဦးခြံရံ ကို မြင်ပြီး စိတ်က တိုလာရသည်။
ဘယ်အချိန်ကတည်းက ကုတင်ပေါ် ရောက်
နေလဲ မသိ...။
ဒီကုတင်ပေါ်ကနေ ဘယ်လို မောင်းထုတ်ရင်
ကောင်းမလဲဆိုတာ တွေးနေတုန်း
ဦးခြံရံ ကိုယ်လေးက လူးလွန့်လာတော့
သား ချက်ချင်း အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ခြံရံ ညက ရေချိုးခန်းထဲမှာ အကြာကြီး နေခဲ့ရတော့
လူက သိပ်အိပ်ရေး မဝချင်ပေ...။
အခု နေရောင်ခြည် က သူ့ အပေါ်
လာထိုးနေတော့ ဟိုဘက်ကို အလှည့်
သူ ကိုယ်လေးကို ခြေထောက်နဲ့ ကန်လိုက်
သော ချာတိတ် ကြောင့် လူက ကုတင်အောက်
ကို ဖင်ထိုင်ရက်ကြီး လဲကျသွားရသည်။
" အား.....!!!! ကျွတ်စ်.... ကျွတ်စ်... ကျွတ်စ်
ငါ့ ဖင်​ညှောင့်​ရိုး​တော့ ကျိုးပါပြီ "
သား ကန်လိုက်လို့ ကုတင်အောက်မှာ
ဖင်ထိုင်ရက်ကြီး လဲကျနေရာကနေ ညည်းနေတဲ့
ဦးခြံရံ ကို သား ကြည့်​ပြီး
ရယ်ချင်မိသည်။
ဒါပေမဲ့ ရယ်လို့က မရ။ တော်ကြာ သား
ရယ်လိုက်ရင် သား တမင်သက်သက် ကန်တယ်
ဆိုတာ ထိုလူကြီး သိသွားလိမ့်မည်။
ဒါကြောင့် သား မျက်လုံး မဖွင့်ဘဲ အိပ်ချင်ယောင်
ဆောင်နေလိုက်သည်။
" အိပ်နေတုန်း ယောင်ပြီးကန်တာမို့လို့
မင်းကို ငါ ခွင့်လွှတ်ပေးလိုက်မယ်​မေသွေးခြယ်....
နို့မို့ဆို မင်း မလွယ်ဘူး မှတ် ချာတိတ်မ "
နာနေတဲ့ ကြားထဲကနေ ခြံရံ ကုန်းထကာ
အိပ်ပျော်နေသော မေသွေးခြယ် ကို ကြည့်ပြီး
သူ့ တင်လေးကို ပွတ်ကာ ရေချိုးခန်းထဲ
ဝင်သွားတော့သည်။ ခြံရံ ရေချိုးခန်းထဲ
လည်း ဝင်သွားရော မေသွေးခြယ် ဗိုက်ကို
ဖိနှိပ်ကာ အသားကုန်တွေ ထရယ်၏ ။
" ဟားဟား.........ဟားဟား "
◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌◌⑅⃝●♡⋆♡LOVE♡⋆♡●⑅◌
" ကြီးဆွေ သား ဒါတွေ မစားချင်ဘူး......
မုန့်ဟင်းခါး နဲ့ ထမင်းလေးနဲ့ စားချင်တယ် "
" အိုကေ မီးငယ်လေး ကြီးဆွေ မဲတူးမ ကို
လမ်းထိပ်က မုန့်ဟင်းခါး သွားဝယ်ခိုင်းလိုက်
မယ်နော်..... မဲတူးမ မီးငယ်လေး အတွက်
လမ်းထိပ်က မုန့်ဟင်းခါး သွားဝယ်ပေးအုံး "
" ဟုတ်ကဲ့ ကြီးဆွေ "
ထွက်သွားသော မဲတူးမ ကို ကြီးဆွေ တစ်ချက်
ကြည့်ကာ.....
" အိုကေတယ်မလား မီးငယ်လေး
မဲတူးမ ကို ကြီးဆွေ မုန့်ဟင်းခါး ဝယ်ခိုင်းလိုက်ပြီ"
" ဟီးဟီး အိုကေတယ် ကြီးဆွေ....
သိပ်ကို အိုကေတယ် ဒါကြောင့် ကြီးဆွေ
ကို သား က ချစ်နေရတာ "
" ကျမ ကိုကျတော့ မချစ်ဘူးပေါ့ "
ခြံရံ ဝင်ပြောလိုက်သော မာမီ ကို ပေါက်မုန့်ကိုက်ရင်း
ကြည့်နေလိုက်သည်။ မာမီ ကို ချာတိတ် ဘာပြန်
ပြောမှာလဲဆိုတာကို သူ သိချင်တာကြောင့်
ပင်....။
" ချစ်ပါတယ် Mom ကလည်း .....
သား က Mom ကို အရမ်း ချစ်တာ
ဘယ်လောက်ထိအောင် ချစ်လဲဆိုရင်
ဒီလို ဒီလိုကို ချစ်တာ "
" မွ... မွ.... မွ "
ခြံရံ ထိုင်နေရာကနေ ချာတိတ်​က ထလာပြီး
သူ့ မာမီ ပါးကို ဘယ်ပြန်ညာပြန် အာဘွားတွေ
မနားတမ်း ပေးနေတော့ သူ့ အပေါ်နှုတ်ခမ်းတစ်စုံ
က မြှောက်တက်သွားရသည်။
" ကြီးဆွေ ကျတော် ထမင်းကြော် ကို
ကြက်ဥ half - fried လေး နဲ့ စားချင်တယ်
အဲ့ဒါ ကြီးဆွေ​လုပ်​ပေးပါလား "
" ထမင်းကြမ်းက ကုန်သွားပြီ သား ရေ
ထမင်းအပူက အခုမှ တည်ထားတုန်းပဲ
ရှိသေးတာ စားပွဲ​ပေါ်က ပေါင်မုန့်ထောပတ်သုတ်
လေးပဲ စားလိုက်ပါနော် သား "
" မစားဘူး ကြီးဆွေ... မေသွေးခြယ်
မုန့်ဟင်းခါးနဲ့စားမယ့် ထမင်းကို ကျတော့် အတွက်
ထမင်းကြော်ပေးပါ "
" မာမီ လုပ်ပါအုံး ဦးရံကြီး က သား ထမင်းကြမ်း
လေးကို လုနေတယ် "
ခြံရံ သူ့ကို မနိုင်တာနဲ့ မာမီ ကို လှမ်းတိုင်သော
ချာတိတ် ကို ကြည့်ပြီး မဲ့ပစ်လိုက်သည်။
" ခြံရံ မီးငယ်လေး ကို မင်း ဘာလို့
အနိုင်ကျင့်နေရတာလဲ....???
တခြားဟာ စားစမ်း...!!! "
" ဟာ... မရဘူးနော် မာမီ ကျတော် ထမင်း
ကြော်ပဲ စားမှာ... ကြီးဆွေ ကျတော့်
အတွက် မေသွေးခြယ် မုန့်ဟင်းခါးနဲ့
စားမယ့် ထမင်းကို သွားကြော်ပေးပါ "
" ကြော်မပေးနဲ့နော် ကြီးဆွေ.....
အဲ့ဒီ ထမင်းက သားဟာ
နောက်ပြီး စားမယ်လို့ သား အရင်ဆုံး​ပြောတာ
ကြီးဆွေ ဦးရံ အတွက် ကြော်ပေးမယ်ဆိုရင်
သား ကြီးဆွေ ကို မချစ်တော့ဘဲ နေမှာနော် "
" အောင်မယ်လေး....!! !အဲ့ဒီလိုတော့
မလုပ်လိုက်ပါနဲ့ မီးငယ်လေး ရယ်​
ကြီးဆွေ သားခြံရံ အတွက် လုံးဝ
ကြော်မပေးဘူးနော်..... မီးငယ်လေး
မုန့်ဟင်းခါးနဲ့ စားဖို့ပဲ ကြီးဆွေ ချန်ထားမှာ"
" ရေးစ်..... ဒါမှ သား ကြီးဆွေ ကွ "
ထအော်ကာ ခြံရံ ကို လျှာထုပ်ပြီး ပြောင်နေသော
သား ကို ကြီးဆွေ နဲ့ ဒေါ်နန်းအိမ် ကြည့်ပြီး
ပြုံးနေလေသည်။
ခြံရံ မှာတော့ သူ့ မာမီ ကအစ သူ့ အိမ်ထိန်းကပါ
သူ့ ဘက်မှာ မရှိတော့ တင်းနေလေသည်။
>>>>>>>>>>>>>>>>
ကျောင်းပိတ်ရက်လေးမလို့ လိုင်းသုံးနေတုန်း
တက်လာသော မိုးပုလဲ ဓာတ်ပုံကြောင့်
လက်က ကျော်ဖို့ ပြင်လိုက်မိသည်။ သို့သော်
သား ကျော်ဖို့ပြင်နေတုန်း မိုးပုလဲ
ဘေးနားက မိုးပုလဲ အမေ ဒေါ်သက်ချို
နဲ့ သား ဒယ်ဒီပါ ပါ​နေ​တော့ သား မကျော်ဖြစ်လိုက်တော့ပါ။
မိသားစု သုံးယောက်သား အချင်းချင်းတွေ
ဖက်ထားပြီး ပျော်မြူးနေကြတဲ့ ပုံလေးက
သား ရင်တွေကို အဆမတန် နာကျင်လာစေ
သည်။
ဒယ်ဒီ က သား ကို ချစ်တယ်သာ ပြောတာ။
မိုးပုလဲ တို့ သားမိနဲ့ အရမ်းကို ပျော်ရွင်နေလေသည်။
မျက်ဝန်းက မျက်ရည်စတွေကလည်း မထိန်းနိုင်
အောင် စီးကျလာသည်။ ရင်ထဲလည်း
သား ကို ပစ်ပြီး ပျော်နေသော ဒယ်ဒီ ကြောင့်
စိတ်က အရမ်းတိုလာရသည်။
ဒီကြားထဲ မိုးပုလဲ အမေ ဒေါ်သက်ချို လည်ပင်းက
လည်ဆွဲလေးကို သား အကြည့်ရောက်သွား
တော့ ရင်ထဲမုန်တိုင်းထန်ပြီး ကမ္ဘာပျက်သွား
ရ၏ ။
ဒေါ်သက်ချို ဆွဲထားတဲ့ ခရမ်းရောင် ပတ္တမြား
လည်ဆွဲလေးက သား မာမီ ရဲ့ ဟာလေးပေ။
ဒါတင်မကသေး မာမီ အကြိုက်ဆုံး
လက်ဝတ်ထည်လေးပင်...။
ဒီလည်ဆွဲလေးကို ဒေါ်သက်ချို အား ပေးဝတ်
သော ဒယ်ဒီ ကိုလည်း သား အခဲမကြေဖြစ်သွား
မိ၏ ။
မိုးပုလဲ ပို့စ်တင်ထားတဲ့ အချိန်ကို သား ကြည့်
လိုက်​တော့ အခုမှ ပို့စ်က ငါးမိနစ်ကျော်ကျော်ပဲ
ရှိသေးသည်။
ပို့စ်မှာတင်ထားတဲ့ စာသားကလည်း
happy family တဲ့.... ။ tag တွဲထားတဲ့
စားသောက်ဆိုင်ကလည်း Newrest စားသောက်ဆိုင်
ပင်....။
ပါးပြင်ပေါ်က မျက်ရည်တွေကို သား သုတ်ပြီး
နယူးရက်​စားသောက်ဆိုင် ကို သွားဖို့ ပြင်လိုက်
တော့သည်။
>>>>>>>>>>>>>>>>
" စားလို့​ကောင်းလား သက်ချို "
" အရမ်းစားလို့ ကောင်းတယ် ကိုတိုး "
" သမီးမိုးလေး ရော စားလို့ ကောင်းလား "
" ကောင်းတယ် အန်ကယ်... အရမ်း
စားလို့ ကောင်းတယ်"
" ဘယ်နှယ့်​အန်​ကယ်​ရမှာလဲ သမီးမိုးလေး ..
ဒယ်ဒီ လို့ ခေါ်လေ ...ဒယ်ဒီ က အခု
သမီး အ​မေ နဲ့ လက်​ထပ်​ထား​တော့
သမီး အဖေ ဖြစ်နေပြီ....ဒါ​ကြောင့်​ဒယ်​ဒီ
လို့​ခေါ်​နော်​.....ဒီက ရှေ့လျှောက်
သမီးမိုးလေး လိုချင်တာမှန်​သမျှကို ဒယ်ဒီ ဖြည့်ဆည်း
ပေးသွားမယ်....သမီးမိုး​လေး လိုချင်​တာရှိရင်​လည်း
ဒယ်​ဒီ ကို ပူဆာ​နော်​"
" ဟုတ် ဒယ်ဒီ ....​ကျေးဇူးပါ "
သား ရောက်လာတာကို မမြင်ဘဲ အတော်တွေ
ပျော်နေကြသော ဒယ်ဒီ နဲ့ ဒယ်ဒီ မိထွေး
သားမိ ကို သား ကြည့်ပြီး ချဉ်လာရသည်။
" သမီးလေး.....!!!! "
အခုမှ သား ကို မြင်ပြီး သမီးလို့ ခေါ်လာတဲ့ ဒယ်ဒီ
ကြောင့်လည်း ရင်ထဲ အတော်နာကျင်သွားမိသည်။
" ဒယ်ဒီ ဆီလာတာလား သမီးလေး...??
လာထိုင်လေ သမီး အဲ့ဒီမှာ
ဘာရပ်လုပ်နေတာလဲ.....???
လာလေ ဒယ်ဒီ တို့နဲ့ လာထိုင်လှည့် "
သား ရှေ့ ရောက်ချလာပြီး လက်ကို ဆွဲကာ
ခေါ်သွားတော့ ဒယ်ဒီ နောက်ကို သား
လိုက်ပါသွားရသည်။
​ဒေါ်သက်​ချို နား​ရောက်​တာနဲ့
​ဒေါ်သက်​ချို လည်​ပင်းက လည်​ဆွဲကို
သား ကြည့်​ကာ ....
" လည်ဆွဲ ပြန်ပေး..... ခင်ဗျား လည်ပင်းမှာ
ဆွဲထားတဲ့ လည်ဆွဲ ပြန်ပေး ဒေါ်သက်ချို "
" ဘယ်လိုတွေ ခေါ်နေတာလဲ သမီး.....
ကိုယ့် ထက် အသက်ကြီးတဲ့သူကို ဘာလို့
ခင်​ဗျားလို့ ခေါ်နေတာလဲ "
" ရပါတယ် ကိုတိုး ရယ်.... မေသွေးလေး
ပျော်ရာ ခေါ်ပါစေ "
ဒယ်ဒီ ရှေ့မှာ နူးညံ့တဲ့ အသံလေးနဲ့
မေသွေးလေး လို့ ခေါ်​နေသော
ဒေါ်သက်ချို ကို သား ကြည့်ပြီး
လူသတ်ချင်လာမိသည်။
သား မာမီ လည်​ဆွဲ ကို ဆွဲထားတဲ့အတွက်​လည်း
စိတ်​က အရမ်းတို​နေ၏ ။
" ပြောတာ မကြားဘူးလား​ဒေါ်သက်​ချို
ခင်ဗျား လည်ပင်းက လည်ဆွဲ ပြန်ပေးလို့......"
စကားအဆုံး ဒေါ်သက်ချို လည်ပင်းက လည်ဆွဲ
ကို မေသွေးခြယ် ဆွဲဖြုတ်၏ ။
" အား....!!! "
အကြမ်းပတမ်း ဆွဲဖြုတ်ခံရလို့ နာသွားပြီး
ဒေါ်သက်ချို ထအော်တော့ ဦးတိုးရှိန်
ပျာယာခတ်သွား၏ ။
" သက်​ချို မင်း ဘာဖြစ်​သွား​သေးလဲ...???
ရရဲ့လား....??? "
" သွေးထွက်သွားပြီ ဒယ်​ဒီ.... မာမီ လည်ပင်းမှာ
သွေးထွက်သွားပြီ....!!!! "
ရှပြီး အနည်းငယ် သွေးထွက်သွားတာကို
မိုးပုလဲ တစ်ယောက် အော်ကြီးဟစ်ကာ
အထိတ်​တလန့်​ဆို၏ ။ ဦးတိုးရှိန် မှာ
​သွေးထွက်သွားတဲ့ ဒေါ်သက်ချို လည်ပင်းကို ကြည့်ပြီး
မေသွေးခြယ် ဘက်ကို လှည့်လာခဲ့သည်။
" တောင်းပန်လိုက်​သမီး....သက်ချို ကို
သမီး တောင်းပန်လိုက်​"
" ဟင့်အင်း ဆောရီးပဲ ဒယ်ဒီ သား
မတောင်းပန်နိုင်ဘူး...."
" တောင်းပန်လို့ ဒယ်ဒီ ပြောနေတယ်နော်
သမီး....!!! "
" ရပါတယ် ကိုတိုး ရယ်.... သက် ဘာမှ
မဖြစ်ပါဘူး မေသွေးလေး ကို တောင်းပန်ခိုင်း
မနေပါနဲ့.... "
" မဟုတ်ဘူး သက်ချို.... ကိုယ့် သမီး
က တောင်းပန်ရမယ်....ဒီ ကိစ္စ မှာ
သူ မှားတယ် "
ဒေါ်သက်ချို ကို မွှန်နေသော ဒယ်ဒီ ကို
သား ကြည့်ပြီး စိတ်ပျက်လာရသည်။
ဒီကြားထဲ သားကို မေသွေးလေး လို့ သုံးနေတဲ့
ဒေါ်သက်ချို ကိုလည်း သား ပါးရိုက်ပစ်ချင်မိသည်။
" မေသွေးခြယ် သမီးကို ဒယ်ဒီ
တောင်းပန်လို့ ပြောနေတယ်နော်....
ဒယ်ဒီ နှစ်ခါမပြောချင်ဘူး"
စူးရှတဲ့ ဒယ်​ဒီ အကြည့်​တွေကို သား ပြန်​လည်​
တုပရင်း​ခေါင်းယမ်းလိုက်​မိ၏ ။
" မတောင်းပန်နိုင်ဘူး ဒယ်ဒီ ....
ဒယ်​ဒီ အဲ့ဒီလောက်တောင် တောင်းပန်ချင်နေရင်
ဒီပိုင်းလုံးမ ကို ဒယ်ဒီ ပဲ တောင်းပန်လိုက်...!!! "
" ဖြန်း....!!! "
စကားအဆုံး ဦးတိုးရှိန် လက်က မေသွေးခြယ်
ပါးပြင်ပေါ်ကို ကျရောက်သွားပြီး မေသွေးခြယ်
မှာလည်း ပါးရိုက်ခံလိုက်ရတဲ့အတွက်
မျက်ရည်တွေ ကျလာခဲ့၏ ။
Part 5 မျှော်..............................
( သနားပါတယ် သားလေး 😢😢😢😢😢😢
ခရာ က သနားစရာ ကောင်းလိုက် ၊
သား က သနားစရာ ကောင်းလိုက်နဲ့
ဘယ်သူ့ သနားရမှန်း မသိတော့ဘူး 😢😢😢😢 )
ချစ်တယ်နော် မင်မင်ရဲ့ ဒါဒါလေးတွေ.. 😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင် လေယူရာယိမ်း စောင့်မျှော်လျက်...
#​လေယူရာယိမ်း
Continue Reading
You'll Also Like
108K 3.5K 47
မင်းကို ငါ အရမ်းမုန်းတယ် အသဲပန်း..... အထူးသဖြင့် မင်းလို ငွေမက်တဲ့ မိန်းမတွေဆို ငါ အရမ်းရွံတယ်
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
9.3K 930 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ...