ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မ...

By Zphoowai

808K 60.2K 4K

ကြၽန္ေတာ္က ခင္ဗ်ားကို ခ်စ္ဖို႔ ေမြးဖြားလာတဲ့ ဂ်စ္ကန္ကန္ေကာင္ေလး..။ ခင္ဗ်ားကို မုန္းဖို႔ဆိုတာ ကြၽန္ေတာ္အတြက္... More

Intro
အပိုင္း (၁) : မသိခဲ့ေလျခင္း
အပိုင္း (၂): ဝင္ေရာက္လာျခင္း
အပိုင္း (၃) : တတိယလူ
အပိုင္း (၄) : ဗ်ဴဟာ
အပိုင္း (၅): ခ်ဥ္းကပ္ျခင္း
အပိုင္း (၆): အကယ္၍
အပိုင္း (၇): မင္း
အပိုင္း (၈): အဆံုးစြန္ထိ
အပိုင္း (၉): ၿငိဳးမာန္
အပိုင္း (၁၀): ဂါရဝ
အပိုင္း (၁၁): ဂါရဝ ၂
အပိုင္း (၁၂) : လွပမႈ
အပိုင္း (၁၃) : လွပမႈ ၂
အပိုင္း (၁၄): နာက်င္မႈ
အပိုင္း (၁၅) : ရစ္ေကာက္
အပိုင္း (၁၆) : ရင္ေသြးငယ္
အပိုင္း (၁၇) : ပီတိ
အပိုင္း (၁၈) : ခ်စ္ျခင္း
အပိုင်း ၁၉: ကြမ္မာ
အပိုင္း ၂၀ : စာနာမႈ
အပိုင္း (၂၁) : ပ်က္သုဥ္းျခင္း
အပိုင္း (၂၂) : အနားရွိေနေပးပါ
အပိုင္း(၂၃) : မြန္ျမတ္ျခင္း
အပိုင္း (၂၄) : ထံုး
အပိုင္း (၂၅) : အကယ္၍
အပိုင္း(၂၆): မ်က္ေတာ္ေျပ
အပိုင်း (၂၇): တောင့်တမက်မောခြင်း
အပိုင်း (၂၈):ရူးသွပ်မှု
အပိုင်း (၂၉) : ရင်နှစ်သည်းခြာ
အပိုင္း(၃၀): ပိစိ
အပိုင်း (၃၁) : တစ်ဘဝစာမျှ
အပိုင်း (၃၂) : မောင့်ကို...
အပိုင်း (၃၃) : တွဲလက်
အပိုင်း (၃၃): သီးသန့်ဖြစ်တည်မှု
အပိုင်း (၃၄): အနှိုင်းမဲ့
အပိုင်း (၃၅): မောင်သာလျှင်
အပိုင်း (၃၆): မောင်သာလျှင် ၂
အပိုင်း (၃၇): ဒုတိယ အကြိမ်
အပိုင်း (၃၈) : မိသားစု
အပိုင်း (၃၉) : သားလိမ္မာ
အပိုင်း (၄၀) :နားလည်မှု
ဇာတ်သိမ်း: မြဲစေ
တမ်းခြင်း(၂)
🤍

ပြယ်

5.5K 272 4
By Zphoowai

{Unicode}

ပြယ်...

မိုးတစ်နေ့...

...မိုးရေ တက်ရေ...
တဖွေးဖွေး...

ကွင်းလယ် အဝေးဝေး...
လယ်စောင့်တဲလေး... ခြေတံရှည်...
မိုးရိပ်အောက်မှာတည်....။

ကြာနီတစ်ပွင့်၊ဖြူတစ်ပွင့်
တဲနှင့်ပနံသင့်...။

"မောင်ရယ်...နေမကောင်းဖြစ်နေမယ်...မိုးကျနေတာကို တဲပေါ်မတက်ဘူးလား?"

ဟုတ်သည်လေ။
ကျွန်တော်တို့ တဲဘေးနား သရက်ပင်အောက်မှာ မောင်က မြေနီကျင်းလေးထဲမှာ မီးခိုးငွေ့တလှိုင်လှိုင်ဖြင့် ဟင်းချက်နေသည်။
ကျွန်တော်က မောင့်ဘေးနားထိုင်ပြီး မောင့်ကို ပြောလိုက်လေတော့ မောင်က ကျွန်တော့်ကို ပြုံးပြီး ကြည့်လာသည်။

"ခင်ဗျားက မောင့်ကို စိတ်ပူလို့လား?"

"အင်း... စိတ်ပူတာပေါ့...။"

"ဘာလို့ စိတ်ပူတာလဲ?"

မောင်က သိပြီးသားအဖြေတစ်ခုအတွက် အပြုံးဖြင့် မေးလေတော့....။

"ဂျစ်ကန်လေးမိုလို့ပေါ့။"

"အဲ့ဒီဂျစ်ကန်လေးက ဘယ်သူလဲ?"

မောင်က ညစ်ပြီး မေးလေတော့....

"ဒီဆရာရဲ့ အမျိုးသားလေး မိုလို့ပေါ့..."

ထိုအချိန်မှာတော့ မောင်က သဘောတော်ခွေ့ပြီး သူ့ဘေးနားမှာ ထိုင်နေတဲ့ ကျွန်တော့်ကို ဆွဲယူကာ သူ့ပေါင်ပေါ်သို့ ထိုင်စေသည်။ ထို့နောက် ကျွန်တော့်ကို ပြုံးပြီး ကြည့်ကာ မောင့်လက်တွေက ကျွန်တော့်ခါးမှာ တင်းကြပ်စွာ ပွေ့သိမ်းထားသည်။

"ဦးသ၀ဏ်လွှာ..."

"ဟင်?"

"... မောင်က ချစ်စရာလေး မလား?"

"အင်း... မောင်က ချစ်စရာလေး... အဲ့ဒါထက် ဆွဲဆောင်မှု ရှိတယ်..."

"အဟင်း...
ဟုတ်လား? ပြောပါဦးဗျာ... မောင့်ရဲ့ ဘယ်အချက်တွေကို ခင်ဗျား စိတ်၀င်စားသွားတာလဲ? ဦးသ၀ဏ်လွှာ ကြွေတဲ့ အချက်တွေဆို... မောင် ခဏ ခဏ လုပ်မလို့....။"

မောင်က ပြုံးပြီး မေးလေတော့ မောင့်မျက်ခုံးမွှေး ထူထူ၊ နှာတံစင်းစင်းလေးတွေကို တစ်ချက်မျှ တို့ထိ နမ်းလိုက်ပြီး....။

"ဟင့်အင်း... အမူအကျင့်မဟုတ်ဘူး...။ မောင် ကိုယ်တိုင်ကကို ဆွဲဆောင်မှု ရှိပြီးသား..."

ကျွန်တော့်အဖြေအတွက် မောင်က သဘောကျစွာ ပြုံးလိုက်ပြီး ကျွန်တော့်လက်ချောင်းများကို ခပ်ဖွဖွ ထိတွေ့ကာ ပွတ်လာသည်။

"ဟင်းကျက်ပြီ မောင်တို့ ထမင်းစားရအောင်နော်..."

...မိုးတအေးအေး..
မှိုင်းထနေသော ၀နျးကငြျက အရာရာတိုင်း ဝေးဝေး။ လယ်မြောင်းများမှ ရေတဝေါဝေါအသံများနှင့်အတူ ရေတဖွေးဖွေးဖြင့် ပြည့်နေသောလယ်ကွင်းများ၌ ပျိုးပင်စိမ်းတို့က အပင်ဖျားတစ်ချို့ပေါ်ရုံသာ.....။

မလှမ်းမကမ်းမှ မြင်နေရသည့် သစ်ရွက်စိမ်းများက မိုးရေစက်တို့ တင်ကျန်မှုနှင့် ပဏာသင့်လျက်... အပွင့်ပြာပြာနှင့် ရေနေအကြိုက် ဗေဒါပင်များကိုလည်း တွေ့နေရသည်။

မိုးကျသံတစ်ဖြောက်ဖြောက်နှင့်အတူ မောင်နှင့်ကျွန်တော်ကတော့ ထမင်းပူပူနွေးနွေးကိုအငွေ့တထောင်းထောင်းဖြင့်....။

မောင်ပြန်လာ...
အဆင်သင့်တည်းဖို့ရယ်
ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာများလှပါတယ်။

ထိုသီချင်းကိုတောင်သွားပြီး သတိရမိသည်။
ပလုံးတောင်းထဲ၌ ငှက်ပျောရွက်ကို ခံကာထည့်ထားသည့် ထမင်းပူနွေးနွေးနှင့်အတူ ဇကာငယ်တစ်ချပ်ထဲ၌ငှက်ပျောရွက်ခံကာ ထည့်ထားသည့် အတို့အမြှုပ်များ။

မိုးညှင်းမိုးသားမို့....ကန်ဇွန်းရွက်ညိိုညိုလေးများကအရိုးပွပွတုတ်တုတ်လေးဖြင့် သန်စွမ်းပြီးအညွှန့်တလူလူရှိနေသည်။ လျှာထုံဘီးဇရွက်.... ရုံးပတီသီး၊ ဖရုံသီးနုနုလေးတွေကို လေးစိတ်ခွဲကာ ပြုတ်ထားက တစ်ကန့်။ထို့နောက် ထိုအတို့ဇကောထဲမှာပင် နောက်ထပ် ရှောက်ရွက်၊ဥသျှစ်ရွက်၊သရက်ရွက်နုများက တစ်ကန့်စီနေရာယူထားသည်။ ထို့နောက် နူးနေအောင် ပြုတ်ထားသည့် မျှစ်များက အငွေ့တထောင်းထောင်း နူးအိနေသည်။

ထို့နောက် စတီးချိုင့်တစ်ချိုင့်ချင်းစီ၌ အငွေ့တထောင်းထောင်းရှိနေသည့် ဟင်းများ။
ကြက်သွန်ဖြူနှင့်ဆီသပ်ထားသည့် အနံ့သင်းသင်းဆားငံပြာရည်ဖျော်၊ ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူနံနံပင်ပါ မကျန်ထည့်ထားသည့်ငပိရည်ကျို၊ ချဥ်ပေါင်ပီလောပီနံမကျန်ဆူးပုတ်ရွက်နုလေးများထည့်ကြိုထားသည့် လယ်ဂဏန်းရောပါသည့် ချဥ်ပေါင်ဟင်းရည်၊ မန်ကျည်းသီးစိမ်း၊ငရုတ်သီးစိမ်းနှင့်အတူ ငါးစုံ....အထူးသဖြင့် ငါးဖျင်းစလက်၊ငါးဇဥ်ရိုင်း၊ငါးခုံးမ၊ငါးသလဲထိုး၊ငါးရံ့၊ပုဇွန်ငယ်လေးများက မန်ကျည်းသီးစိမ်းအနှစ်ဖြင့် ခပ်မာမာလေးဖြစ်နေသည်။

ဖရုံညွှန့် ဖရုံပွင့်လေးကို ငရုတ်သီးစိမ်း အတောင့်လိုက်ဖြင့်ပင် အနည်းငယ် နွမ်းရုံမျှ ကြော်ထားသည်။

တောင်ပို့မှိုလေးများကို ငရုတ်သီးစိမ်းနံနံပင် ထည့်အရည်ချိုချက်ထားသည်။ မောင်ကငရုတ်သီးစိမ်းအရမ်းစားတတ်သူမို့ အခုတစ်ခါမှာတော့မျက်နှာတစ်ခုလုံး ချွေးစတင်ကျန်မှုနှင့်အတူ နှာတံဖျားချွန်ချွန်၌ချွေးစများက လှုပ်လီလှုပ်လဲ့။

ထမင်းစားတာကို ခဏရပ်ထားပြီး သူ့ပုဆိုးအဖျားနှင့်အတူ သူ့နှာခေါင်းကိုပွတ်ပြီး နှာတရှုံ့ရှုံ့ဖြင့်။ကြည့်ရတာတော့ ငရုတ်သီးပူလောင်မှုက သူ့နှာခေါင်းကိုပင် နှာရည်တစ်ချို့ဖြင့်ပျော်ဝင်သွားစေသည်ထင်သည်။

စားလိုက်သုတ်လိုက်ဖြင့် အဆင်မပြေဖြစ်နေတော့ ကျွန်တော်ကထမင်းပန်းကန်ချပြီး....

"လာ...ဒီကိုလာခဲ့...။"

ချက်ချင်းကျွန်တော့်အနားသို့ ကပ်လာသည့်မောင့်မျက်နှာကို ကျွန်တော့်အကျီ်လက်မောင်းမှအသားဖြင့်ပင် သုတ်ပေးလိုက်မိသည်။ ထို့အချိန်မှာတော့မောင်ကပြုံးလာပြီး သူ့အပေါ်ထည်ဖျင်အင်္ကျီကိုချွတ်ကာ ကျွန်တော့်ကိုယ်ပေါ်သို့လွှမ်းခြုံပေးလာသည်။

"ချမ်းနေတာမလား? လက်ဖျားတွေ အေးနေတာပဲ။"

သူ့အကျီ်ကချွေးသံတသဲ့သဲ့ဖြင့် လုံးထွေးနေသည့်Clearခေါင်းလျှော်ရည်အနံ့...။ ကျွန်တော်သဘောကျစွာပြုံးလာပြီး မောင်က သူ့ပါးစပ်ထဲသို့ခွံ့ဖို့ပြင်နေသည့် ထမင်းလုတ်ကို ကျွန်တော်ကယူစားမိလိုက်သည်။ထိုအချိန်မှာတော့ မောင်ကအံ့သြသလိုရှိပြီး နောက်မှသဘောကျစွာပြုံးလာပြီး....။

"ဦးသဝဏ်လွှာ....
ခင်ဗျား... အဲ့လို ရဲတင်းတာလေးတွေကို မောင် အရမ်းသဘောကျတယ်....။"

... ဒီရင်ခွင်ဟာ...
ကျွန်တော့်အတွက် အနွေးထွေးဆုံးသော ခံစားမှု။

ထမင်းစားပြီးနာရီဝတ်အကြာ၌ ကျွန်တော်တို့နှစ်ယောက်တဲပေါ်မှာ လဲအိပ်နေမိသည်။ ကျွန်တော်ကတော့ မောင့်လက်မောင်းပေါ်မှေးခို၍ မောင်ကတော့ ကျွန်တော့်ကို တင်းကြပ်စွာထွေးပိုက်ထားသည်။ နံဘေးမှာမောင်အစောနကပင် ခူးလာခဲ့သည့် ကြာပန်း၊မီးချောင်းပန်း၊ခမုတ်ပန်း၊ယင်းမာပန်း၊တောဂွေးတောက်ပန်း၊ထမင်းဆုတ်ပန်းများက မောင့်ရဲ့ဝါးဖက်ဦးထုပ်ထဲမှာ နေရာအပြည့်ယူနေသည်။

အနံ့လှိုင်လှိုင်ဖြင့်ရှိနေပြီး မိုးအနံ့နှင့်အတူလုံးထွေးလာတာမို့ ကျွန်တော်မျက်လုံးများကိုမှေးစင်းလာတော့ ကျွန်တော့်ကိုထွေးပိုက်ထားသည့်မောင့်ကိုကြည့်မိသည်။ မောင်ကတော့ မျက်လုံးများကို မှိတ်ထားပြီး အသက်မျှဥ်းမျှဥ်းရှု၍အိပ်နေပြီ။ ကျွန်တော်လည်း မျက်လုံးမှိတ်ကာပြုံးလာပြီး မောင့်ရင်ခွင်ထဲတိုးဝင်လိုက်မိသည်။

ကျွန်တော့်ခြေဖဝါးအေးအေးကို မောင့်ခြေထောက်နွေးနွေးအပေါ်သို့တင်ထားမိသည်။ မောင့်အင်္ကျီထဲသို့လက်နှစ်ဖက်လုံးထည့်ထားမိပြီး မျက်နှာကိုတော့မောင့်ရင်ဘတ်နှင့်အနီးဆုံးသို့။

ခဏအကြာမှာတော့ မောင်က ကျွန်တော့်ကိုပိုတင်းဖက်လိုက်ပြီး။

"...ချမ်းလို့လား?
ဒီဘက်ကိုတိုး....မောင်တို့အိပ်ရာက နိုးရင်...ရေကြည့်ပြီးရင်ပြန်မယ်နော်။"

လက်တစ်ဖက်က ကျွန်တော့်နောက်စေ့အပိုင်းမှရစ်သိုင်း၍ ကျွန်တော့်နားတစ်ဖက်ကို အုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ကျွန်တော့်ခါးမှသူနှင့်နီးကပ်အောင်ဆွဲယူ၍ ခန္ဓာကိုယ်နှစ်ခုလုံးကထပ်လျက်။

ညနေပိုင်း...

"မောင်...ပြန်ရအောင်လေ။"

ဟုတ်သည်။
အိပ်ရာကနှစ်ယောက်လုံးထ,ပြီးပြန်ဖို့ပြင်ချိန်မှာတော့ မောင်ရောင်ဖြာက ဘာမှမပြောဘဲ ကျွန်တော့်ကို စူးစိုက်စွာကြည့်နေသည်မို့ ကျွန်တော်လန့်သွားမိသည်။
သူ ဘာကိုအလိုမကျဖြစ်နေလည်း မသိတာမို့။ ကျွန်တော့်မှာ ပြုံးပြီး....

"ဘာဖြစ်လို့လဲ မောင်ရဲ့...။ မောင်က ပြန်တော့မလို့ဆိုတော့ ငါက ဒီမှာ အကုန်လုံး သိမ်းပြီးသွားပြီ.....။"

နှစ်ယောက်သား ကန်သင်းရိုး ဘေးအနားမှ သစ်ပင်ရိပ်အောက်ပင် ရှိနေပြီး မိုးသက်လေအးအေးနှင့် ရှိနေမိသည်။ မောင်ကတော့ သူ့ကိုယ်ပေါ်မှ ဖျင်အင်္ကျီကို ၀တျထားသညျ။ ခေါင်းပေါ်မှ ဂျုံခမောက်ကို ဆောင်းထားပြီး ဂျုံဦးထုပ်ကို သိုင်းထားသည့် ဇာအနီကြိုးက လေယူရာ တလွှင့်လွှင့်။

လက်နှစ်ဖက်ကို ယှက်ပိုက်ထားပြီး ကျွန်တော့်ကို မျက်မှောင်ကျုံ့ဖြင့် ကြည့်နေသည်။ မောင်ဆိုတာ သူ အလိုမကျတိုင်း အဲ့လိုမျိုးပင်။

"သြော်... ဘာဖြစ်လို့လဲလို့ ဂျစ်ကန်ဆိုးဆာ မောင်ရောင်ဖြာရဲ့..."

လူကို ကလေးတစ်ယောက်လိုပင် စ နေသည့်သူ။ လက်ထဲ၌ ပလိုင်းဖြင့် အပြည့်ထည့်ထားသည့် မီးကျောင်းပန်း၊ ကြာပန်း၊ ခမုတ်ပန်း၊ ဂွေးတောက်ပန်း၊ ယင်းမာပန်းအပြင် အခြား အပွင်တဖွေးဖွေး ရှိနေသည့် တောပန်းများက အပြည့်ကို နံဘေး၌ သိုင်းလွယ်ပြီး ထိုပလိုင်းကို ရှေ့သို့ချကာ လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားသည်။

ခေါင်းပေါ်မှ ရစ်သိုင်းပေါင်းထားသည့် ခေါင်းပေါင်းက နဖူးပြင် ၊ နားသယ်လယ်လေးမှ ဆံပင်များကို မစွမ်းနိုင်ဘဲ ကပိုကရို ကျဆင်းနေသည်။ ဒါကြောင့် ကြည့်နေရင်း စိတ်တိုလာတာမို့ မျက်နှာကို နံဘေးသို့ လွှဲလိုက်ပြီး.....။

"ဦးသ၀ဏ်လွှာ...
အဲ့ဒီပန်းတွေက မောင် ခင်ဗျားကြိုက်တယ်ဆိုလို့ ခူးပေးတာ။
တကယ်... အဲ့ဒီပန်းတွေနဲ့ တွေ့ရင် လူကို သတိမရတော့ဘူး...."

သြော်....
လက်စသတ်တော့ မောင်က ကျွန်တော့်လက်ထဲမှ ကျွန်တော်ပွေ့ပိုက်ထားသည့် ပန်းများကို ကြည့်ပြီး သ၀န်တိုနေသည်ပဲ။

"သြော်.... မောင်ရယ်....
ပန်းတောင်မှ ဒီလောက်သဘောကျရင် ငါ့အကြိုက် ပန်းတွေ တကူးတက ခူးပေးတဲ့ ပန်းဆက်သမားကို ပိုပြီး သဘောကျတာပေါ့...။"

"မဟုတ်ဘူး... ခင်ဗျား ဆရာဆိုတိုင်း စကားတတ်တိုင်း ကျွန်တော့်ကို မလိမ်နဲ့... အဲ့ဒီပန်းတွေကိုပဲ ပွေ့ပိုက်ပြီး နမ်းနေတာ... မပြောချင်ဘူး...."

ထိုအချိန်မှာတော့ ပန်းရနံ့တစ်ချို့ကို ရှုရှိုက်ပြီး မောင့်အလိုကျ မောင့်မေးဖျားသို့ နမ်းရှိုက်၍....။

"ပေါက်ရတွေ တွေးမနေနဲ့....
ငါ အမြဲတမ်း ပွေ့ပိုက်ထားချင်တာက မင်းတစ်ယောက်တည်းပဲ....။"

ထိုအချိန်မှာတော့ မောင်က ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး....။

"ကျွတ်!~.. မဖြစ်သေးပါဘူးဗျာ.... ခင်ဗျား အဲ့လိုမျိုး လှနေစရာကို မလိုဘူး...."

မောင်က စိတ်ညစ်ညူးစွာ ရေရွတ်လေတော့ မောင့်အနားသို့သွားကာ မောင့်လက်မောင်းတစ်ဖက်ကို ထွေးဆုပ်လိုက်ပြီး.....။

"အရူးလေး....
မေ့နေတာလား?
ဒီဆရာကို ပိုင်တာ မင်းတစ်ယောက်တည်းလေ...."

"အာ... ခင်ဗျား~~~"

...ပြယ်...

သို့....
ခင်ဗျား....

မောင် မြတ်နိူးတဲ့ အပြုံးနွေးနွေးလေးနဲ့
မောင့်ရဲ့ ခင်ဗျား ဦးသ၀ဏ်လွှာရေ...။
တစ်ခြားသူတွေ ပြောတဲ့ ဖူးစာဆိုတာတွေကို
ကျွန်တော်က နားမလည်လို့...
တကယ်ပါ ဘုရားစူး...
ခင်ဗျားက လွဲပြီး...
ဘယ်သူ့ကိုမှ ချစ်ခြင်းတရားနှင့်
မကိုးကွယ်ခဲ့ဖူးပါဘူး....။

အသက်၂၂နှစ်အရွယ် ကျွန်တော့်နှလုံးသားမှာ
ခင်ဗျားက လွဲပြီး မရူးခဲ့ဖူးဘူး။
အကောင်းဆုံးသော မွန်မြတ်ခြင်းတွေကို
စိတ်မ၀င်စားဘူး....။

တကယ်တော့...
ခင်ဗျားသတိမထားမိလို့...
ဦးသ၀ဏ်လွှာဆိုတာနဲ့ 'မောင် ဖြစ်သွားတဲ့ အသုံးအနှုန်းက.....
မောင် ရူးတော့မလို့။

ပြယ် ဆိုတာ
မှေးမှိန် လွှင့်မျော ပျောက်ကွယ်သည်ဆိုတဲ့
သဘောပေမယ့်....
ရတယ်....
အကုန်လုံး လွှင့်မြောပါစေ....။

ဦးသ၀ဏ်လွှာ...
လှည်းဘီးပမာ သံသရာဆိုပြီး
အထပ်ထပ် အဆက်မပြတ် ကျင်လည်နေသရွေ့
မောင်ကတော့....
ခင်ဗျား တစ်ယောက်တည်း ချစ်ဖို့ပဲ...
မွေးဖွားဖို့ တောင်းဆုပြုမှာ....။

လူဆိုတာ အသက်အရွယ် ရင့်ကျက်လာတာနှင့်အမျှ
အကြိုက်ပြောင်းလဲတတ်တယ်တဲ့...။
ကျုပ်အတွက်ကတော့ ....
ကျုပ်ရဲ့ အရွယ် သုံးပါးလုံးရဲ့ အကြိုက်က...
ခင်ဗျား တစ်ယောက်တည်းပဲ...။

It's not you....
I don't want it at all...
I don't even want Blessing....။

ဟာဗျာ....
မောင် မသိပါဘူး ခင်ဗျားရာ....

အနုအလှ ခင်ဗျားကြွေအောင်
မဖန်တီးနိုင်တဲ့ ... ခင်ဗျားရဲ့ ဂျစ်ကန်
မောင့်အတွက်ကတော့ မောင့်အတွက်
ကိုးကွယ် ယုံကြည်ရာဟာ....

ဦးသ၀ဏ်လွှာ....
ခင်ဗျားမှ ခင်ဗျားပါပဲ....။

ခင်ဗျားရဲ့ ဂျစ်ကန်..
~~ ရောင်ဖြာ~~

သို့....

မောင်....

သ၀န်တိုမှုတွေနဲ့
ဒီဆရာရဲ့ ဂျစ်ကန်လေးရေ....။

စိတ်အလိုမကျ... မျက်မှောင်တကျုံ့ကျုံ့နဲ့
"ဦးသ၀ဏ်လွှာ... ခင်ဗျားဗျာ"
ဘယ်သူမှ ထိတာမကြိုက်.... ကာကွယ်လိုမှုတွေနဲ့
မင်းရဲ့ ကွက်ကြားမိုး ဖြစ်ရတာကိုပဲ...
သဘောကျလို့....။

နူတ်ခမ်းမွှေးရေးရေး.... နှာတံစင်းစင်း....
မျက်တောင်မွှေးထူထူ နူတ်ခမ်းပါးရဲရဲ....
မျက်၀န်းစူးရဲရဲနှင့် ခွေးပေါက်လေးဆီက...
ငါ့ပါးပြင်ပေါ်မှ ရှိနေတဲ့ အနမ်းတရားတို့
ပြယ်မှာ စိုးတယ်....။

ဘယ်အခြေအနေပဲ ရောက်ရောက်...

"ဦးသ၀ဏ်လွှာ... မောင် ရှိတယ်နော်" ဆိုတဲ့
ဒီယောကျာ်း...
ဒီအမျိုးသားကို ပိုင်ဆိုင်ခွင့်ရတာဟာ....

ကျွန်တော့်အတွက် အမွန်မြတ်ဆုံး ဆုတစ်ခုပါပဲ။

မောင့်ရဲ့ အချစ်ခံလေး....

~~ ဦးသ၀ဏ်လွှာ~~~

N- ပြောချင်တာကကွာ ဦးသ၀ဏ်လွှာ ဂုဏော ရောင်ဖြာ့ကို OC နေတာ ရပ်ကြပါလို့...။ တစ်ဘ၀စာမဟုတ်ဘဲ ဟိုက သံသရာနဲ့ပါ ချီထားလို့....🙂

ဒီတောသားကိုတော့ ကျုပ်တကယ်ချစ်တာဗျာ။

အမလေးဗျာ😖
ကျုပ် ရင်ခံ....
ဆရာလေးတို့ ရေးတိုင်း ကျုပ် Depression ၀ငျတယျဗြ။

ဘဝမှာတစ်ခါလောက်တော့ ကိုရောင်ဖြာ့ရင်ခွင်ထဲ ဆရာလေးလို တိုးဝင်အိပ်စက်ခွင့်ရချင်ပါရဲ့။
ဒါပေမယ့်...အဲ့ဒီသကောင့်သားလေးကဆရာလေးကလွဲ ကြည့်မရဘူးဆိုတော့ ဒီလိုရင်ခွင်ထဲ ထည့်သိပ်ဖို့ဆိုတာ....ဝေး....
Sad but true...

{Zawgyi}

ျပယ္...

မိုးတစ္ေန႕...

...မိုးေရ တက္ေရ...
တေဖြးေဖြး...

ကြင္းလယ္ အေဝးေဝး...
လယ္ေစာင့္တဲေလး... ေျခတံရွည္...
မိုးရိပ္ေအာက္မွာတည္....။

ၾကာနီတစ္ပြင့္၊ျဖဴတစ္ပြင့္
တဲႏွင့္ပနံသင့္...။

"ေမာင္ရယ္...ေနမေကာင္းျဖစ္ေနမယ္...မိုးက်ေနတာကို တဲေပၚမတက္ဘူးလား?"

ဟုတ္သည္ေလ။
ကြၽန္ေတာ္တို႔ တဲေဘးနား သရက္ပင္ေအာက္မွာ ေမာင္က ေျမနီက်င္းေလးထဲမွာ မီးခိုးေငြ႕တလွိုင္လွိုင္ျဖင့္ ဟင္းခ်က္ေနသည္။
ကြၽန္ေတာ္က ေမာင့္ေဘးနားထိုင္ၿပီး ေမာင့္ကို ေျပာလိုက္ေလေတာ့ ေမာင္က ကြၽန္ေတာ့္ကို ၿပဳံးၿပီး ၾကည့္လာသည္။

"ခင္ဗ်ားက ေမာင့္ကို စိတ္ပူလို႔လား?"

"အင္း... စိတ္ပူတာေပါ့...။"

"ဘာလို႔ စိတ္ပူတာလဲ?"

ေမာင္က သိၿပီးသားအေျဖတစ္ခုအတြက္ အၿပဳံးျဖင့္ ေမးေလေတာ့....။

"ဂ်စ္ကန္ေလးမိုလို႔ေပါ့။"

"အဲ့ဒီဂ်စ္ကန္ေလးက ဘယ္သူလဲ?"

ေမာင္က ညစ္ၿပီး ေမးေလေတာ့....

"ဒီဆရာရဲ႕ အမ်ိဳးသားေလး မိုလို႔ေပါ့..."

ထိုအခ်ိန္မွာေတာ့ ေမာင္က သေဘာေတာ္ေခြ႕ၿပီး သူ႕ေဘးနားမွာ ထိုင္ေနတဲ့ ကြၽန္ေတာ့္ကို ဆြဲယူကာ သူ႕ေပါင္ေပၚသို႔ ထိုင္ေစသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို ၿပဳံးၿပီး ၾကည့္ကာ ေမာင့္လက္ေတြက ကြၽန္ေတာ့္ခါးမွာ တင္းၾကပ္စြာ ေပြ႕သိမ္းထားသည္။

"ဦးသ၀ဏ္လႊာ..."

"ဟင္?"

"... ေမာင္က ခ်စ္စရာေလး မလား?"

"အင္း... ေမာင္က ခ်စ္စရာေလး... အဲ့ဒါထက္ ဆြဲေဆာင္မႈ ရွိတယ္..."

"အဟင္း...
ဟုတ္လား? ေျပာပါဦးဗ်ာ... ေမာင့္ရဲ႕ ဘယ္အခ်က္ေတြကို ခင္ဗ်ား စိတ္၀င္စားသြားတာလဲ? ဦးသ၀ဏ္လႊာ ေႂကြတဲ့ အခ်က္ေတြဆို... ေမာင္ ခဏ ခဏ လုပ္မလို႔....။"

ေမာင္က ၿပဳံးၿပီး ေမးေလေတာ့ ေမာင့္မ်က္ခုံးေမႊး ထူထူ၊ ႏွာတံစင္းစင္းေလးေတြကို တစ္ခ်က္မွ် တို႔ထိ နမ္းလိုက္ၿပီး....။

"ဟင့္အင္း... အမူအက်င့္မဟုတ္ဘူး...။ ေမာင္ ကိုယ္တိုင္ကကို ဆြဲေဆာင္မႈ ရွိၿပီးသား..."

ကြၽန္ေတာ့္အေျဖအတြက္ ေမာင္က သေဘာက်စြာ ၿပဳံးလိုက္ၿပီး ကြၽန္ေတာ့္လက္ေခ်ာင္းမ်ားကို ခပ္ဖြဖြ ထိေတြ႕ကာ ပြတ္လာသည္။

"ဟင္းက်က္ၿပီ ေမာင္တို႔ ထမင္းစားရေအာင္ေနာ္..."

...မိုးတေအးေအး..
မွိုင္းထေနေသာ ၀နျးကငြျက အရာရာတိုင္း ေဝးေဝး။ လယ္ေျမာင္းမ်ားမွ ေရတေဝါေဝါအသံမ်ားႏွင့္အတူ ေရတေဖြးေဖြးျဖင့္ ျပည့္ေနေသာလယ္ကြင္းမ်ား၌ ပ်ိဳးပင္စိမ္းတို႔က အပင္ဖ်ားတစ္ခ်ိဳ႕ေပၚ႐ုံသာ.....။

မလွမ္းမကမ္းမွ ျမင္ေနရသည့္ သစ္႐ြက္စိမ္းမ်ားက မိုးေရစက္တို႔ တင္က်န္မႈႏွင့္ ပဏာသင့္လ်က္... အပြင့္ျပာျပာႏွင့္ ေရေနအႀကိဳက္ ေဗဒါပင္မ်ားကိုလည္း ေတြ႕ေနရသည္။

မိုးက်သံတစ္ေျဖာက္ေျဖာက္ႏွင့္အတူ ေမာင္ႏွင့္ကြၽန္ေတာ္ကေတာ့ ထမင္းပူပူႏြေးႏြေးကိုအေငြ႕တေထာင္းေထာင္းျဖင့္....။

ေမာင္ျပန္လာ...
အဆင္သင့္တည္းဖို႔ရယ္
ခ်က္ျပဳတ္ထားတာ ဖြယ္ဖြယ္ရာရာမ်ားလွပါတယ္။

ထိုသီခ်င္းကိုေတာင္သြားၿပီး သတိရမိသည္။
ပလုံးေတာင္းထဲ၌ ငွက္ေပ်ာ႐ြက္ကို ခံကာထည့္ထားသည့္ ထမင္းပူႏြေးႏြေးႏွင့္အတူ ဇကာငယ္တစ္ခ်ပ္ထဲ၌ငွက္ေပ်ာ႐ြက္ခံကာ ထည့္ထားသည့္ အတို႔အျမႇုပ္မ်ား။

မိုးညွင္းမိုးသားမို႔....ကန္ဇြန္း႐ြက္ညိိုညိုေလးမ်ားကအရိုးပြပြတုတ္တုတ္ေလးျဖင့္ သန္စြမ္းၿပီးအၫႊန့္တလူလူရွိေနသည္။ လွ်ာထုံဘီးဇ႐ြက္.... ႐ုံးပတီသီး၊ ဖ႐ုံသီးႏုႏုေလးေတြကို ေလးစိတ္ခြဲကာ ျပဳတ္ထားက တစ္ကန့္။ထို႔ေနာက္ ထိုအတို႔ဇေကာထဲမွာပင္ ေနာက္ထပ္ ေရွာက္႐ြက္၊ဥသွ်စ္႐ြက္၊သရက္႐ြက္ႏုမ်ားက တစ္ကန့္စီေနရာယူထားသည္။ ထို႔ေနာက္ ႏူးေနေအာင္ ျပဳတ္ထားသည့္ မွ်စ္မ်ားက အေငြ႕တေထာင္းေထာင္း ႏူးအိေနသည္။

ထို႔ေနာက္ စတီးခ်ိဳင့္တစ္ခ်ိဳင့္ခ်င္းစီ၌ အေငြ႕တေထာင္းေထာင္းရွိေနသည့္ ဟင္းမ်ား။
ၾကက္သြန္ျဖဴႏွင့္ဆီသပ္ထားသည့္ အနံ႕သင္းသင္းဆားငံျပာရည္ေဖ်ာ္၊ င႐ုတ္သီးစိမ္းႏွင့္ၾကက္သြန္ျဖဴနံနံပင္ပါ မက်န္ထည့္ထားသည့္ငပိရည္က်ိဳ၊ ခ်ဥ္ေပါင္ပီေလာပီနံမက်န္ဆူးပုတ္႐ြက္ႏုေလးမ်ားထည့္ႀကိဳထားသည့္ လယ္ဂဏန္းေရာပါသည့္ ခ်ဥ္ေပါင္ဟင္းရည္၊ မန္က်ည္းသီးစိမ္း၊င႐ုတ္သီးစိမ္းႏွင့္အတူ ငါးစုံ....အထူးသျဖင့္ ငါးဖ်င္းစလက္၊ငါးဇဥ္ရိုင္း၊ငါးခုံးမ၊ငါးသလဲထိုး၊ငါးရံ႕၊ပုဇြန္ငယ္ေလးမ်ားက မန္က်ည္းသီးစိမ္းအႏွစ္ျဖင့္ ခပ္မာမာေလးျဖစ္ေနသည္။

ဖ႐ုံၫႊန့္ ဖ႐ုံပြင့္ေလးကို င႐ုတ္သီးစိမ္း အေတာင့္လိုက္ျဖင့္ပင္ အနည္းငယ္ ႏြမ္း႐ုံမွ် ေၾကာ္ထားသည္။

ေတာင္ပို႔မွိုေလးမ်ားကို င႐ုတ္သီးစိမ္းနံနံပင္ ထည့္အရည္ခ်ိဳခ်က္ထားသည္။ ေမာင္ကင႐ုတ္သီးစိမ္းအရမ္းစားတတ္သူမို႔ အခုတစ္ခါမွာေတာ့မ်က္ႏွာတစ္ခုလုံး ေခြၽးစတင္က်န္မႈႏွင့္အတူ ႏွာတံဖ်ားခြၽန္ခြၽန္၌ေခြၽးစမ်ားက လႈပ္လီလႈပ္လဲ့။

ထမင္းစားတာကို ခဏရပ္ထားၿပီး သူ႕ပုဆိုးအဖ်ားႏွင့္အတူ သူ႕ႏွာေခါင္းကိုပြတ္ၿပီး ႏွာတရႈံ႕ရႈံ႕ျဖင့္။ၾကည့္ရတာေတာ့ င႐ုတ္သီးပူေလာင္မႈက သူ႕ႏွာေခါင္းကိုပင္ ႏွာရည္တစ္ခ်ိဳ႕ျဖင့္ေပ်ာ္ဝင္သြားေစသည္ထင္သည္။

စားလိုက္သုတ္လိုက္ျဖင့္ အဆင္မေျပျဖစ္ေနေတာ့ ကြၽန္ေတာ္ကထမင္းပန္းကန္ခ်ၿပီး....

"လာ...ဒီကိုလာခဲ့...။"

ခ်က္ခ်င္းကြၽန္ေတာ့္အနားသို႔ ကပ္လာသည့္ေမာင့္မ်က္ႏွာကို ကြၽန္ေတာ့္အက်ီ္လက္ေမာင္းမွအသားျဖင့္ပင္ သုတ္ေပးလိုက္မိသည္။ ထို႔အခ်ိန္မွာေတာ့ေမာင္ကၿပဳံးလာၿပီး သူ႕အေပၚထည္ဖ်င္အကၤ်ီကိုခြၽတ္ကာ ကြၽန္ေတာ့္ကိုယ္ေပၚသို႔လႊမ္းၿခဳံေပးလာသည္။

"ခ်မ္းေနတာမလား? လက္ဖ်ားေတြ ေအးေနတာပဲ။"

သူ႕အက်ီ္ကေခြၽးသံတသဲ့သဲ့ျဖင့္ လုံးေထြးေနသည့္Clearေခါင္းေလွ်ာ္ရည္အနံ႕...။ ကြၽန္ေတာ္သေဘာက်စြာၿပဳံးလာၿပီး ေမာင္က သူ႕ပါးစပ္ထဲသို႔ခြံ႕ဖို႔ျပင္ေနသည့္ ထမင္းလုတ္ကို ကြၽန္ေတာ္ကယူစားမိလိုက္သည္။ထိုအခ်ိန္မွာေတာ့ ေမာင္ကအံ့ၾသသလိုရွိၿပီး ေနာက္မွသေဘာက်စြာၿပဳံးလာၿပီး....။

"ဦးသဝဏ္လႊာ....
ခင္ဗ်ား... အဲ့လို ရဲတင္းတာေလးေတြကို ေမာင္ အရမ္းသေဘာက်တယ္....။"

... ဒီရင္ခြင္ဟာ...
ကြၽန္ေတာ့္အတြက္ အႏြေးေထြးဆုံးေသာ ခံစားမႈ။

ထမင္းစားၿပီးနာရီဝတ္အၾကာ၌ ကြၽန္ေတာ္တို႔ႏွစ္ေယာက္တဲေပၚမွာ လဲအိပ္ေနမိသည္။ ကြၽန္ေတာ္ကေတာ့ ေမာင့္လက္ေမာင္းေပၚေမွးခို၍ ေမာင္ကေတာ့ ကြၽန္ေတာ့္ကို တင္းၾကပ္စြာေထြးပိုက္ထားသည္။ နံေဘးမွာေမာင္အေစာနကပင္ ခူးလာခဲ့သည့္ ၾကာပန္း၊မီးေခ်ာင္းပန္း၊ခမုတ္ပန္း၊ယင္းမာပန္း၊ေတာေဂြးေတာက္ပန္း၊ထမင္းဆုတ္ပန္းမ်ားက ေမာင့္ရဲ႕ဝါးဖက္ဦးထုပ္ထဲမွာ ေနရာအျပည့္ယူေနသည္။

အနံ႕လွိုင္လွိုင္ျဖင့္ရွိေနၿပီး မိုးအနံ႕ႏွင့္အတူလုံးေထြးလာတာမို႔ ကြၽန္ေတာ္မ်က္လုံးမ်ားကိုေမွးစင္းလာေတာ့ ကြၽန္ေတာ့္ကိုေထြးပိုက္ထားသည့္ေမာင့္ကိုၾကည့္မိသည္။ ေမာင္ကေတာ့ မ်က္လုံးမ်ားကို မွိတ္ထားၿပီး အသက္မွ်ဥ္းမွ်ဥ္းရႈ၍အိပ္ေနၿပီ။ ကြၽန္ေတာ္လည္း မ်က္လုံးမွိတ္ကာၿပဳံးလာၿပီး ေမာင့္ရင္ခြင္ထဲတိုးဝင္လိုက္မိသည္။

ကြၽန္ေတာ့္ေျခဖဝါးေအးေအးကို ေမာင့္ေျခေထာက္ႏြေးႏြေးအေပၚသို႔တင္ထားမိသည္။ ေမာင့္အကၤ်ီထဲသို႔လက္ႏွစ္ဖက္လုံးထည့္ထားမိၿပီး မ်က္ႏွာကိုေတာ့ေမာင့္ရင္ဘတ္ႏွင့္အနီးဆုံးသို႔။

ခဏအၾကာမွာေတာ့ ေမာင္က ကြၽန္ေတာ့္ကိုပိုတင္းဖက္လိုက္ၿပီး။

"...ခ်မ္းလို႔လား?
ဒီဘက္ကိုတိုး....ေမာင္တို႔အိပ္ရာက နိုးရင္...ေရၾကည့္ၿပီးရင္ျပန္မယ္ေနာ္။"

လက္တစ္ဖက္က ကြၽန္ေတာ့္ေနာက္ေစ့အပိုင္းမွရစ္သိုင္း၍ ကြၽန္ေတာ့္နားတစ္ဖက္ကို အုပ္ကိုင္ထားၿပီး က်န္တစ္ဖက္ကေတာ့ ကြၽန္ေတာ့္ခါးမွသူႏွင့္နီးကပ္ေအာင္ဆြဲယူ၍ ခႏၶာကိုယ္ႏွစ္ခုလုံးကထပ္လ်က္။

ညေနပိုင္း...

"ေမာင္...ျပန္ရေအာင္ေလ။"

ဟုတ္သည္။
အိပ္ရာကႏွစ္ေယာက္လုံးထ,ၿပီးျပန္ဖို႔ျပင္ခ်ိန္မွာေတာ့ ေမာင္ေရာင္ျဖာက ဘာမွမေျပာဘဲ ကြၽန္ေတာ့္ကို စူးစိုက္စြာၾကည့္ေနသည္မို႔ ကြၽန္ေတာ္လန့္သြားမိသည္။
သူ ဘာကိုအလိုမက်ျဖစ္ေနလည္း မသိတာမို႔။ ကြၽန္ေတာ့္မွာ ၿပဳံးၿပီး....

"ဘာျဖစ္လို႔လဲ ေမာင္ရဲ႕...။ ေမာင္က ျပန္ေတာ့မလို႔ဆိုေတာ့ ငါက ဒီမွာ အကုန္လုံး သိမ္းၿပီးသြားၿပီ.....။"

ႏွစ္ေယာက္သား ကန္သင္းရိုး ေဘးအနားမွ သစ္ပင္ရိပ္ေအာက္ပင္ ရွိေနၿပီး မိုးသက္ေလအးေအးႏွင့္ ရွိေနမိသည္။ ေမာင္ကေတာ့ သူ႕ကိုယ္ေပၚမွ ဖ်င္အကၤ်ီကို ၀တျထားသညျ။ ေခါင္းေပၚမွ ဂ်ဳံခေမာက္ကို ေဆာင္းထားၿပီး ဂ်ဳံဦးထုပ္ကို သိုင္းထားသည့္ ဇာအနီႀကိဳးက ေလယူရာ တလႊင့္လႊင့္။

လက္ႏွစ္ဖက္ကို ယွက္ပိုက္ထားၿပီး ကြၽန္ေတာ့္ကို မ်က္ေမွာင္က်ဳံ႕ျဖင့္ ၾကည့္ေနသည္။ ေမာင္ဆိုတာ သူ အလိုမက်တိဳင္း အဲ့လိုမ်ိဳးပင္။

"ေၾသာ္... ဘာျဖစ္လို႔လဲလို႔ ဂ်စ္ကန္ဆိုးဆာ ေမာင္ေရာင္ျဖာရဲ႕..."

လူကို ကေလးတစ္ေယာက္လိုပင္ စ ေနသည့္သူ။ လက္ထဲ၌ ပလိုင္းျဖင့္ အျပည့္ထည့္ထားသည့္ မီးေက်ာင္းပန္း၊ ၾကာပန္း၊ ခမုတ္ပန္း၊ ေဂြးေတာက္ပန္း၊ ယင္းမာပန္းအျပင္ အျခား အပြင္တေဖြးေဖြး ရွိေနသည့္ ေတာပန္းမ်ားက အျပည့္ကို နံေဘး၌ သိုင္းလြယ္ၿပီး ထိုပလိုင္းကို ေရွ႕သို႔ခ်ကာ လက္ႏွစ္ဖက္ျဖင့္ ေပြ႕ပိုက္ထားသည္။

ေခါင္းေပၚမွ ရစ္သိုင္းေပါင္းထားသည့္ ေခါင္းေပါင္းက နဖူးျပင္ ၊ နားသယ္လယ္ေလးမွ ဆံပင္မ်ားကို မစြမ္းနိုင္ဘဲ ကပိုကရို က်ဆင္းေနသည္။ ဒါေၾကာင့္ ၾကည့္ေနရင္း စိတ္တိုလာတာမို႔ မ်က္ႏွာကို နံေဘးသို႔ လႊဲလိုက္ၿပီး.....။

"ဦးသ၀ဏ္လႊာ...
အဲ့ဒီပန္းေတြက ေမာင္ ခင္ဗ်ားႀကိဳက္တယ္ဆိုလို႔ ခူးေပးတာ။
တကယ္... အဲ့ဒီပန္းေတြနဲ႕ ေတြ႕ရင္ လူကို သတိမရေတာ့ဘူး...."

ေၾသာ္....
လက္စသတ္ေတာ့ ေမာင္က ကြၽန္ေတာ့္လက္ထဲမွ ကြၽန္ေတာ္ေပြ႕ပိုက္ထားသည့္ ပန္းမ်ားကို ၾကည့္ၿပီး သ၀န္တိုေနသည္ပဲ။

"ေၾသာ္.... ေမာင္ရယ္....
ပန္းေတာင္မွ ဒီေလာက္သေဘာက်ရင္ ငါ့အႀကိဳက္ ပန္းေတြ တကူးတက ခူးေပးတဲ့ ပန္းဆက္သမားကို ပိုၿပီး သေဘာက်တာေပါ့...။"

"မဟုတ္ဘူး... ခင္ဗ်ား ဆရာဆိုတိုင္း စကားတတ္တိုင္း ကြၽန္ေတာ့္ကို မလိမ္နဲ႕... အဲ့ဒီပန္းေတြကိုပဲ ေပြ႕ပိုက္ၿပီး နမ္းေနတာ... မေျပာခ်င္ဘူး...."

ထိုအခ်ိန္မွာေတာ့ ပန္းရနံ႕တစ္ခ်ိဳ႕ကို ရႈရွိုက္ၿပီး ေမာင့္အလိုက် ေမာင့္ေမးဖ်ားသို႔ နမ္းရွိုက္၍....။

"ေပါက္ရေတြ ေတြးမေနနဲ႕....
ငါ အၿမဲတမ္း ေပြ႕ပိုက္ထားခ်င္တာက မင္းတစ္ေယာက္တည္းပဲ....။"

ထိုအခ်ိန္မွာေတာ့ ေမာင္က ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာၿပီး....။

"ကြၽတ္!~.. မျဖစ္ေသးပါဘူးဗ်ာ.... ခင္ဗ်ား အဲ့လိုမ်ိဳး လွေနစရာကို မလိုဘူး...."

ေမာင္က စိတ္ညစ္ၫူးစြာ ေရ႐ြတ္ေလေတာ့ ေမာင့္အနားသို႔သြားကာ ေမာင့္လက္ေမာင္းတစ္ဖက္ကို ေထြးဆုပ္လိုက္ၿပီး.....။

"အ႐ူးေလး....
ေမ့ေနတာလား?
ဒီဆရာကို ပိုင္တာ မင္းတစ္ေယာက္တည္းေလ...."

"အာ... ခင္ဗ်ား~~~"

...ျပယ္...

သို႔....
ခင္ဗ်ား....

ေမာင္ ျမတ္နိူးတဲ့ အၿပဳံးႏြေးႏြေးေလးနဲ႕
ေမာင့္ရဲ႕ ခင္ဗ်ား ဦးသ၀ဏ္လႊာေရ...။
တစ္ျခားသူေတြ ေျပာတဲ့ ဖူးစာဆိုတာေတြကို
ကြၽန္ေတာ္က နားမလည္လို႔...
တကယ္ပါ ဘုရားစူး...
ခင္ဗ်ားက လြဲၿပီး...
ဘယ္သူ႕ကိုမွ ခ်စ္ျခင္းတရားႏွင့္
မကိုးကြယ္ခဲ့ဖူးပါဘူး....။

အသက္၂၂ႏွစ္အ႐ြယ္ ကြၽန္ေတာ့္ႏွလုံးသားမွာ
ခင္ဗ်ားက လြဲၿပီး မ႐ူးခဲ့ဖူးဘူး။
အေကာင္းဆုံးေသာ မြန္ျမတ္ျခင္းေတြကို
စိတ္မ၀င္စားဘူး....။

တကယ္ေတာ့...
ခင္ဗ်ားသတိမထားမိလို႔...
ဦးသ၀ဏ္လႊာဆိုတာနဲ႕ 'ေမာင္ ျဖစ္သြားတဲ့ အသုံးအႏႈန္းက.....
ေမာင္ ႐ူးေတာ့မလို႔။

ျပယ္ ဆိုတာ
ေမွးမွိန္ လႊင့္ေမ်ာ ေပ်ာက္ကြယ္သည္ဆိုတဲ့
သေဘာေပမယ့္....
ရတယ္....
အကုန္လုံး လႊင့္ေျမာပါေစ....။

ဦးသ၀ဏ္လႊာ...
လွည္းဘီးပမာ သံသရာဆိုၿပီး
အထပ္ထပ္ အဆက္မျပတ္ က်င္လည္ေနသေ႐ြ႕
ေမာင္ကေတာ့....
ခင္ဗ်ား တစ္ေယာက္တည္း ခ်စ္ဖို႔ပဲ...
ေမြးဖြားဖို႔ ေတာင္းဆုျပဳမွာ....။

လူဆိုတာ အသက္အ႐ြယ္ ရင့္က်က္လာတာႏွင့္အမွ်
အႀကိဳက္ေျပာင္းလဲတတ္တယ္တဲ့...။
က်ဳပ္အတြက္ကေတာ့ ....
က်ဳပ္ရဲ႕ အ႐ြယ္ သုံးပါးလုံးရဲ႕ အႀကိဳက္က...
ခင္ဗ်ား တစ္ေယာက္တည္းပဲ...။

It's not you....
I don't want it at all...
I don't even want Blessing....။

ဟာဗ်ာ....
ေမာင္ မသိပါဘူး ခင္ဗ်ားရာ....

အႏုအလွ ခင္ဗ်ားေႂကြေအာင္
မဖန္တီးနိုင္တဲ့ ... ခင္ဗ်ားရဲ႕ ဂ်စ္ကန္
ေမာင့္အတြက္ကေတာ့ ေမာင့္အတြက္
ကိုးကြယ္ ယုံၾကည္ရာဟာ....

ဦးသ၀ဏ္လႊာ....
ခင္ဗ်ားမွ ခင္ဗ်ားပါပဲ....။

ခင္ဗ်ားရဲ႕ ဂ်စ္ကန္..
~~ ေရာင္ျဖာ~~

သို႔....

ေမာင္....

သ၀န္တိုမႈေတြနဲ႕
ဒီဆရာရဲ႕ ဂ်စ္ကန္ေလးေရ....။

စိတ္အလိုမက်... မ်က္ေမွာင္တက်ဳံ႕က်ဳံ႕နဲ႕
"ဦးသ၀ဏ္လႊာ... ခင္ဗ်ားဗ်ာ"
ဘယ္သူမွ ထိတာမႀကိဳက္.... ကာကြယ္လိုမႈေတြနဲ႕
မင္းရဲ႕ ကြက္ၾကားမိုး ျဖစ္ရတာကိုပဲ...
သေဘာက်လိဳ႕....။

ႏူတ္ခမ္းေမႊးေရးေရး.... ႏွာတံစင္းစင္း....
မ်က္ေတာင္ေမႊးထူထူ ႏူတ္ခမ္းပါးရဲရဲ....
မ်က္၀န္းစူးရဲရဲႏွင့္ ေခြးေပါက္ေလးဆီက...
ငါ့ပါးျပင္ေပၚမွ ရွိေနတဲ့ အနမ္းတရားတို႔
ျပယ္မွာ စိုးတယ္....။

ဘယ္အေျခအေနပဲ ေရာက္ေရာက္...

"ဦးသ၀ဏ္လႊာ... ေမာင္ ရွိတယ္ေနာ္" ဆိုတဲ့
ဒီေယာက်ာ္း...
ဒီအမ်ိဳးသားကို ပိုင္ဆိုင္ခြင့္ရတာဟာ....

ကြၽန္ေတာ့္အတြက္ အမြန္ျမတ္ဆုံး ဆုတစ္ခုပါပဲ။

ေမာင့္ရဲ႕ အခ်စ္ခံေလး....

~~ ဦးသ၀ဏ္လႊာ~~~

N- ေျပာခ်င္တာကကြာ ဦးသ၀ဏ္လႊာ ဂုေဏာ ေရာင္ျဖာ့ကို OC ေနတာ ရပ္ၾကပါလို႔...။ တစ္ဘ၀စာမဟုတ္ဘဲ ဟိုက သံသရာနဲ႕ပါ ခ်ီထားလို႔....🙂

ဒီေတာသားကိုေတာ့ က်ဳပ္တကယ္ခ်စ္တာဗ်ာ။

အမေလးဗ်ာ😖
က်ဳပ္ ရင္ခံ....
ဆရာေလးတို႔ ေရးတိုင္း က်ဳပ္ Depression ၀ငျတယျဗြ။

ဘဝမွာတစ္ခါေလာက္ေတာ့ ကိုေရာင္ျဖာ့ရင္ခြင္ထဲ ဆရာေလးလို တိုးဝင္အိပ္စက္ခြင့္ရခ်င္ပါရဲ႕။
ဒါေပမယ့္...အဲ့ဒီသေကာင့္သားေလးကဆရာေလးကလြဲ ၾကည့္မရဘူးဆိုေတာ့ ဒီလိုရင္ခြင္ထဲ ထည့္သိပ္ဖို႔ဆိုတာ....ေဝး....
Sad but true...

Continue Reading

You'll Also Like

8.6K 398 16
[Ongoing] [Unicode + Zawgyi] ဒီခွဲစိတ်မှုပြီးသွားရင်အချစ်နေချင်တဲ့ရှမ်းပြည်ကိုသွားမယ်။ အချစ်သိပ်သဘောကျတဲ့ချယ်ရီတွေရှိတဲ့မြေလေ။ ဒီခှဲစိတျမှုပွီးသှားရင...
68.4K 3K 37
မောင်ကကျွန်တော့ထက်အသက်၅နှစ်ကြီးတယ်..ဒါမယ့်ကျွန်တော်ကမောင့်ကိုအသက်ကြီးလို့ဆိုပြီးရိုရိုသေသေတော့မဆက်ဆံနိုင်ဘူး..မောင့်ကိုမြတ်နိုးလွန်းလို့ကိုခေါ်တာ... ...
454K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
421K 27.1K 34
Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက္ဦးခန္႔ ,စကၠမင္းျမတ္ Shou - ေနခမင္းျမတ္, ဟန္လင္းညိဳ