ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအ...

By princeblack955

46.9K 3.6K 107

အချစ်ကဒုတိယအကြိမ်အခွင့်အရေးကိုရှာတွေ့နိုင်ရဲ့လား? မော့လင်ရှီးတစ်ယောက်အရင်ဘဝတုန်းကသုံးကြိမ်ခွဲစိတ်ခန်းထဲဝင်ခဲ့... More

Summary
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)

အပိုင်း(၅)

1.7K 160 2
By princeblack955

လူသွားလမ်းကကျဉ်းတော့တစ်ချိန်မှာကားတစ်စီးဘဲဖြတ်သွားလို့ရတယ်။

ညဉ့်နက်နေပြီဆိုတော့လူသွားလူလာတွေလည်းသိပ်မရှိတော့ဘူး။တစ်ခါတစ်ခါအေးမြတဲ့လေနုအေးတိုက်ခတ်လာတော့ သစ်ပင်ပေါ်ကသစ်ရွက်လေးတွေကမြေကြီးပေါ်ကိုကြွေကျလာကြတယ်။

နှင်းတွေကျနေတဲ့ဓါတ်မီးတိုင်အောက်မှာမော့လင်ရှီးနဲ့ ရွှီချင်းမန်တို့ကျောချင်းကပ်ပြီးထိုင်နေကြတယ်။သူတို့ကိုကြည့်ရတာအထီးကျန်နေတဲ့ပုံဘဲ။

ကျိနမ်ဖုန်သူတို့အနားကိုမသွားဘဲတိတ်တိတ်လေးရပ်ကြည့်နေလိုက်တယ်။သူမက‌အကောင်းမြင်စိတ်ရှိတဲ့သူ၊တစ်ခါတစ်လေမှာရူးမိုက်ပြီးဘာမှစိုးရိမ်ပူပန်မှုမရှိတဲ့သူလို့သူအမြဲ‌ထင်နေခဲ့တာ။အရာအားလုံးကိုသူမနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရမှာသိမ်းဆည်းထားလိမ့်မယ်လို့သူမထင်ထားခဲ့ဘူး။

ဒဏ်ရာအမာရွတ်တွေကသာကွဲပြဲပြီးထွက်ပေါ်မလာရင်လွယ်လွယ်နဲ့ရှာတွေ့နိုင်မှာမဟုတ်ဘူး။လူတိုင်းမှာဖုန်းကွယ်ထားချင်တဲ့ဒဏ်ရာတွေကိုယ်စီရှိကြတယ်။သူမသိသေးတဲ့မော့လင်ရှီးရဲ့အကြောင်းတွေကအများကြီးရှိသေးတယ်ဆိုကိုကျိနမ်ဖုန်ရှာ‌တွေ့သွားတယ်။

'ဟေး ဟိုကကြက်မလေးနှစ်ကောင်ကလှလိုက်တာ။က‌လေးမလေးတွေ ဒီအကိုကမင်းတို့ပျော်ရမယ့်နေရာကိုခေါ်သွားပေးမယ်နော်' မူးရူးနေတဲ့လူရဲ့ရယ်သံကြောင့်ကျိနမ်ဖုန်အတွေးစပြတ်သွားတယ်။

'အကိုကြီး ဒီတစ်ယောက်ကအပြစ်ကင်းတဲ့ပုံလေးနဲ့ချစ်စရာလေး။နောက်တစ်ယောက်ကတော့တော်တော်ဆွဲဆောင်မှုရှိတယ်။ဒီနေ့ကကျွန်တော်တို့အတွက်
တော့ကံကောင်းတဲ့နေ့ဘဲ' ဆံပင်အနီရောင်ဆိုးထားတဲ့နောက်အမူးသမားတစ်ယောက်ကဝင်ပြောလိုက်တယ်။

'ရှီရှီး.....ကြည့်ပါဦး....ဟိုမှာရုပ်ဆိုးကောင်နှစ်ကောင်' ရွှီချင်းမန်ကတော့သူမတို့ကြုံတွေ့ရမယ့်အခြေအနေကိုမရိပ်မိသေးဘူး။

'ဟမ် တကယ်ဘဲရုပ်ဆိုး‌လိုက်တာ။ငါ့အားဖုန်လိုလဲမချောကြဘူး' မော့လင်ရှီးတစ်ယောက်ကိုလက်ညှိုးထိုးပြီးတစ်ခစ်ခစ်ခးရယ်ရင်းပြောလိုက်တယ်။

'ယိုး ကောင်မလေး မင်းကငါတို့တွေကိုရုပ်ဆိုးတယ်လို့ပြောရဲတယ်ပေါ့လေ။ခဏနေမှငါနဲ့ငါ့အကိုကြီးကတကယ်ရုပ်ဆိုးလားမဆိုးဘူးလားဆိုတာမင်းတို့ကိုပြပေးမယ်။ငါတို့ကရုပ်ဆိုးပေမယ့်လဲမင်းတို့ပျော်သွားအောင်တော့လုပ်ပေးနိုင်ပါတယ်' ဆံပင်အနီအမူးသမားကမော့လင်ရှီးမျက်နှာကိုကိုင်မလို့လုပ်လိုက်တယ်။

ဒါပေမယ့်သူမော့လင်ရှီးမျက်နှာကိုမထိရသေးခင်မှာဘဲအကန်ခံလိုက်ရတယ်။

'အား......' နာကျင်သွားတဲ့သူ့ရဲ့ဝမ်းဗိုက်ကိုကိုင်ပြီးသူ့ကိုကန်လိုက်တဲ့သူကိုမော့ကြည့်လိုက်တယ်။

'မင်းမသေချင်ရင်ထွက်သွားလိုက်'  ကျိနမ်ဖုန်ပြောလိုက်တယ်။

'မင်းကဘယ်သူလဲ?မင်းကဒီအဖိုးကိုရန်စရဲတယ်ပေါ့လေ?မင်းငါ့အကြောင်းမကြား အား!' သူစကားမဆုံးခင်မှာဘဲ သူလဲယောက်ျားလေးတွေအထိမခံနိုင်တဲ့နေရာကိုအကန်ခံလိုက်ရတယ်။

'အကိုကြီး အကိုကြီး သွားကြရအောင်'  ဆံပင်အနီရောင်နဲ့ငမူးကသတ္တိသိပ်မရှိတော့နာနေတာကိုအောင့်ပြီးသူ့သူငယ်ချင်းဘေးကိုလေးဘက်ထောက်ပြီးသွားလိုက်တယ်။

'ဟေ့ကောင်‌ နောက်တစ်ခါငါမင်းကိုတွေ့ရင်မင်းပြန်ပေးဆပ်ရမယ်' အမူးပြေသွားသလိုရှိတဲ့လူလဲသူ့ဂွကြားကိုအုပ်ပြီးကြိမ်းမောင်းလိုက်တယ်။

ကျိနမ်ဖုန်ကတော့သူတို့လိုဒေသခံလူမိုက်တွေကိုဂရုမစိုက်ဘူး။

'ရှီးရှီ ဒီလူကချောလိုက်တာ..….တစ်ချက်ကန်လိုက်တာနဲ့ လူနှစ်ယောက်ကိုထွက်ပြေးသွားစေနိုင်တယ်။ဟား ဟား သူရဲကောင်းကြီးကဒုက္ခရောက်နေတဲ့မိန်းကလေးကိုကယ်တင်ပြီး ဟီး ဟီး ။ရှီးရှီး နင်တော့.....ရင်ခုန်ဖွယ်ရာဆုံတွေ့ရတဲ့ဇာတ်လမ်းလေးဖြစ်တော့မယ်' ရွှီချင်းမန်ရဲ့မငြိမ်မသက်ဖြစ်နေတဲ့လက်ညှိုးကကျိနမ်ဖုန်ကိုညွှန်ပြနေတယ်။

ရွှီချင်းမန်ကိုကျိနမ်ဖုန်သေသေချာချာကြည့်လိုက်တယ်။

သူဒီဘဝမှာဒါကရွှီချင်းမန်ကိုပထမဆုံးအကြိမ်တွေ့ဖူးခြင်းဘဲ။အရင်ဘဝတုန်းက မော့လင်ရှီးရဲ့ဈာပနာကိုဒီမိန်းကလေးကအရူးတစ်ယောက်လိုမျိုးရောက်လာပြီးသူ့ကိုပါးရိုက်သွားတယ်။သူကမော့လင်ရှီးနဲ့မတန်ဘူးလို့လဲပြောဆိုသွားတယ်။

သိပ်မကြာလိုက်ဘူးသူမလဲကားတိုက်ခံရပြီးဆုံးသွားတယ်လို့သူကြားခဲ့တယ်။သူမရဲ့ဈာပနကိုသွားတဲ့လူ တစ်ယောက်မှမရှိခဲ့ဘူး။

မော့လင်ရှီးရဲ့ဒိုင်ယာရီနောက်ဆုံးစာမျက်နှာမှာရွှီချင်းမန်အကြောင်းရေးထားတာကိုသူတွေ့ခဲ့တယ်။သူမဘဝမှောင်မိုက်ပြီးအထီးကျန်နေတဲ့အချိန် သူမဘေးနားမှာရွှီချင်းမန်ဆီရှိနေခဲ့တာကြောင့်
အလင်းရောင်နဲ့နွေးထွေးမှုကိုရရှိခဲ့တာတဲ့။

သူရွှီချင်းမန်ကိုတွဲထူပေးလို့မရဘူး။သူမကိုမတွဲထူပေးချင်လို့မဟုတ်ပေမယ့် တွဲထူပေးလို့မရဘူးဖြစ်နေတယ်။အခုတ‌လောသူပြဿနာတစ်ခုဖြစ်နေတယ်။သူမော့လင်ရှီးကလွဲပြီးတခြားမိန်းကလေးတွေကိုမထိချင်မကိုင်ချင်ဖြစ်နေတယ်။

ကျိနမ်ဖုန်တစ်ယောက်ယောက်ကိုစဉ်းစားမိသွား‌ပြီး ဖုန်းလှမ်းဆက်လိုက်တယ်။

'မင်းဘယ်မှာလဲ?ဒီမှာအရေးကြီးနေလို့အမြန်လာခဲ့။မင်းဒီနားရောက်နေတာငါသိတယ်'

'ဟုတ်တယ် အခုချက်ချင်းမြန်မြန်လာခဲ့'

'မင်းဘာလုပ်နေလဲဆိုတာကိုငါစိတ်မဝင်စားဘူး။အရေးကြီးတာမင်းဒီကိုရောက်လာဖို့ဘဲ'

ကျိနမ်ဖုန်ဖုန်းပြောပြီးသွားတော့မြေကြီးပေါ်မှာထိုင်နေတဲ့မော့လင်ရှီးကိုဆွဲထူလိုက်ပြီးသူမကိုကြည့်လိုက်တယ်။သူမရဲ့မျက်နှာကရာသီဥတုကြောင့်ရောအရက်ကြောင့်ရောနီရဲနေပြီ။

အခြေအနေကိုကြည့်ပြီးသူ့ကုတ်အင်္ကျီကိုရွှီချင်းမန်ရဲ့ကိုယ်ပေါ်ခြုံပေးလိုက်တယ်။သူလဲအေးနေပေမယ့်မြေကြီးပေါ်မှာဒီအတိုင်းထိုင်နေတဲ့ရွှီချင်းမန်ကိုတော့လျစ်လျူရှုထားလို့မရဘူး။ဒီမိန်းကလေးကမော့လင်ရှီးအတွက်အရမ်းအရေးပါတဲ့လူဖြစ်နေတာကိုး။

မိနစ်၂၀လောက်ကြာတော့

'ကျွန်တော်ရောက်ပြီ အကိုသုံး။တကယ်သာအရေးကြီးကိစ္စမဟုတ်ရင် ကျွန်တော့်ကိုအနှောင်အယှက်ပေးတဲ့အတွက်အကို့ကိုမြေကြီးပေါ်ကိုင်ပေါက်ပစ်မယ်'
မော်ဒယ်မြင့်ဇိမ်ခံကားအကောင်းစားကြီးကကျိနမ်ဖုန်ဘေးမှာရပ်သွားပြီးကားထဲကနေ‌ပန်းရောင်ဝတ်စုံဝတ်ထားတဲ့ယောက်ျားတစ်ယောက်ဆင်းလာတယ်။

သူ့ဖက်ရှက်ကိုမကြည့်ဘဲ ရုပ်ရည်ကိုဘဲကြည့်မယ်ဆိုရင်အတော်ချောတယ်လို့ပြောလို့ရတယ်။ဒါပေမယ့်အခုလိုအေးနေတဲ့နေ့မျိုးမှာစတိုင်ထုတ်ပြီးပါးပါးလေးဘဲဝတ်လာတာကကောင်းပါ့မလား?

'ဒီမိန်းကလေးကိုဟိုတယ်ပို့ပေးပြီး သူ့ကိုသန့်ရှင်းရေးလုပ်ပေးဖို့လူငှားပေးလိုက်' သူပန်းရောင်ဝတ်စုံဝတ်ထားတဲ့စွန်းပေါင်နမ်ရဲ့စကားကိုလျစ်လျူရှုပြီး‌ပြောလိုက်တယ်။

'အိုး ဒီမိန်းကလေးကတော်တော်လှတာဘဲ။မင်းကတော်တော်လှနေတဲ့အတွက်ကြောင့်ဒီကသခင်လေးကကူညီပေးလိုက်ပါ့မယ်။အမ် အမ် မဟုတ်သေးပါဘူး။အကို့လက်ထဲကမိန်းကလေးကပိုလှတာ'

ကျိနမ်ဖုန်မျက်မှောင်ကြုတ်လိုက်တော့ ပတ်ဝန်းကျင်ကြီးဟာကြက်သီးထစရာကောင်းလောက်အောင်အေးစက်သွားပြီး: 'ဒါမင်းရဲ့မရီး။ပြီးတော့မင်းလက်ထဲကမိန်းကလေးကိုမင်းရဲ့ဘိုးဘေးတွေလိုမျိုးဆက်ဆံတာကောင်းလိမ့်မယ်။မင်းရဲ့မကောင်းတဲ့အတွေးတွေကိုဖျောက်ပစ်လိုက်'

'ကျွန်တော်နားကြားမှားသွားတာလား?အကိုဘာပြောလိုက်တာ?မရီးပေါ့လေ?သူမကအကိုတစ်ရဲ့မိန်းမလား?ဒါမှမဟုတ်
အကိုနှစ်မိန်းမလားအကို့မိန်းလား?ဒါပေမယ့်ဒါလဲမဟုတ်သေးပါဘူး။အကိုတစ်ကအိမ်ထောင်ကျသွားတာလေးငါးနှစ်ရှိနေပြီ။ကျွန်တော်အကိုနှစ်နဲ့အကိုသုံးရဲ့မင်္ဂလာပွဲကိုလဲမတက်ရသေးပါဘူး' သူပထမဆုံးပြောလိုက်တဲ့စကားကိုကြည့်ပြီးကန့်ယွင်ထင်ကမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့‌လောင်းကစားသမား
ဆိုတာကိုသိနိုင်တယ်။

စွန်းပေါင်နမ်ကသူတို့ကိုအကိုတစ်အကိုနှစ်လို့ခေါ်နေပေမယ့်လဲသူတို့ကသွေးသားမတော်စပ်ကြဘူး။ဒါပေမယ့်လဲနောက်ကျောကိုဓါးနဲ့ထိုးမှာကိုစိတ်ပူစရာမလိုတဲ့ယုံကြည်ရတဲ့သူငယ်ချင်းဆက်‌ဆံရေးမျိုးဘဲ။

အကိုတစ်လုရှင်းရန်ကAမြို့ရဲ့လက်ရှိဗိုလ်ချုပ်တစ်‌ယောက်။

အကိုနှစ်ကုန့်ဇယ်ယွင်ကနာမည်ကြီးဒီဇိုင်နာဖြစ်ပြီး ဉာဏ်ပညာလဲကြီးမားတယ်။ကိုယ်ခံပညာကလွဲရင် ကျန်တာအကုန်လုပ်နိုင်တယ်။အထူးသဖြင့်ဦးနှောက်သုံးပြီးလုပ်ရမယ့်အရာမျိုးတွေပေ့ါ။

အကိုသုံးဖြစ်တဲ့ကျိနမ်ဖုန်ကတော့ ကျိမိသားစုမှာကျိ‌ဝေ့နဲ့ကျိနမ်ဖုန်ဆိုပြီးသား၂ယောက်ရှိတယ်။ဒါပေမယ့်ညီအကိုနှစ်ယောက်ကအ‌ဖေတူအမေကွဲညီအကိုတွေဖြစ်ပြီးအသက်၁၃နှစ်ကွာတယ်။ကျိဝေ့ကအခုလက်ရှိကျိမိသားစုရဲ့‌စီးပွါးရေးကိုဦးစီးနေတယ်။ညီအကိုနှစ်ယောက်ကအမေတွေမတူကြပေမယ့်ပြိုင်ဆိုင်ခြင်းလဲမရှိကြဘူး။သူတို့နှစ်ယောက်ကအသက်လဲအများကြီးကွာတော့တူညီတဲ့နေရာလဲသိပ်မရှိဘူး။

နောက်ဆုံးအကိုလေးဖြစ်တဲ့စွန်းပေါင်နမ်ရဲ့နာမည်အရင်းကကန့်ယွင်ထင်တဲ့။သူကအဖွဲ့ထဲမှာအပျင်းအထူဆုံးသူဖြစ်ပြီးမိန်းကလေးတွေအပျော်အပါးတွေနဲ့ဘဲအချိန်ကုန်နေတာ။တကယ်တော့သူကဝမ်မိသားစုရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဲ။

'ဒါငါ့မိန်းမမော့လင်ရှီးတဲ့။အဲ့ဒါကသူ့သူငယ်ချင်းရွှီချင်းမန်တဲ့' ကျိနမ်ဖုန်ကတခြားသူတွေကိုရှင်းပြခဲတယ်။ဒါကသူ့နှစ်ဘဝလုံးမှာသူ့မိန်းမကိုတခြားသူတွေနဲ့မိတ်ဆက်ပေးဖြစ်တာပထမဆုံးအကြိမ်ဘဲ။

'အကိုသုံး......အကို.....အကိုကျွန်တော့်ကိုနောက်နေတာမဟုတ်လား?ဒါဆိုသွမ့်အန်းရန်ကရော?' ကန့်ထင်ယွင်အံ့ဩသွားတယ်။ဒီသတင်းကိုကြားရတာသူ့ခေါင်းကိုဗုံးနဲ့အပစ်ခံလိုက်ရသလိုဘဲ။

'ငါမင်းကိုညာစရာဘာအကြောင်းမှမရှိဘူး။နောက်တစ်ခါတွေ့တော့မှအားလုံးပြောပြမယ်။အခုတော့သူ့ကိုမင်းကားထဲထည့်လိုက်ဦး'

'အိုး....ချက်ချင်းကြီးလား' ကန့်ယွင်ထင်စိတ်တွေရှုပ်ထွေးနေတုန်းဘဲ။

အခုဘယ်ကနေရုတ်တရက်ကြီးပေါ်ထွက်လာမှန်းမသိတဲ့မရီးကိုအကိုသုံးကလဲအရမ်းကိုတန်ဖိုးထားနေတယ်ဆိုတာထင်ရှားတယ်။အရင်ကတော့သွမ့်အန်းကသူ့ဘဝရဲ့မရှိမဖြစ်ဘဲ။ကျိနမ်ဖုန်အတွက်ဘယ်သူကပိုအရေးပါလဲဆိုတာကိုဉာဏ်ပညာကြီးမားတဲ့လူကဘဲပြောနိုင်တော့မယ်။

'သူ့ကိုမှဲ့တစ်ပေါက်တောင်မစွန်းစေနဲ့နော်' ကျိနမ်ဖုန်သတိထပ်ပေးပြီးတော့မော့လင်ရှီးကိုချီပြီးထွက်လာခဲ့တယ်။

'ကျွန်တော့်အလုပ်ကိုကျွန်တော်ပြီးမြောက်အောင်လုပ်ပေးမယ်လို့အာမခံပါတယ်' ကန့်ယွင်ထင်ခါးကိုမတ်ပြီး အလေးပြုတဲ့ပုံစံနဲ့ပြောလိုက်တယ်။

'ဟေး ဘယ်လိုလုပ်ပြီးနောက်လူချောတစ်ယောက်ရောက်နေရတာလဲ?ရှီးရှီး ဟမ် ရှီးရှီး.....ရှင်ကဘယ်သူလဲ?ရှင်ဘာလို့ကျွန်မတို့အိမ်ကရှီးရှီးကိုချီသွားရတာလဲ?လွှတ် သူ့ကိုအောက်ချပေး' ရွှီချင်းမန်လဲပြောချင်ရာတွေလျှောက်ပြောနေတယ်။

'မန်မန်.....မန်....ဝံပုလွေကြီးလာနေပြီ....ပြေး...ပြေးတော့' မော့လင်ရှီးတစ်ယောက်ကျိနမ်ဖုန်ရဲ့ရင်ခွင်ထဲမှာအငြိမ်မ‌နေဘဲအတင်းရုန်းကန်နေတယ်။

'ဝံပုလွေကြီးကဘယ်မှာလဲ?ဘယ်မှာလဲဝံပုလွေ?ငါသူနဲ့တိုက်မယ်။ဟမ် ဝံပုလွေကကပန်းရောင်ကြီးပါလား အိုး.....ချစ်စရာကောင်းလိုက်တာ။ဒီကိုလာပါဦး ဒီကအမကြီးကနမ်းချင်လို့' ရွှီချင်းမန်တစ်ယောက်ကန့်ယွင်ထင်ရဲ့ပါးကိုနမ်းဖို့လုပ်လိုက်တယ်။

ဒါပေမယ့်သူမစကားဆုံးအောင်မပြောရသေးခင်မှာဘဲကန့်ယွင်ထင်ရဲ့ပန်း‌ရောင်အင်္ကျီပေါ်ကိုစားထားသမျှအကုန်အန်ချလိုက်တယ်။

ကန့်ယွင်ထင်ငိုချင်နေပေမယ့်မျက်ရည်မထွက်ဘူးဖြစ်နေတယ်။သူ့မျက်နှာကအကူအညီတောင်းနေတဲ့ပုံပေါ်နေပေမယ့်ကျိနမ်ဖုန်သူအသံတိတ်အကူအညီတောင်းနေတာကိုလျစ်ခလျူရှုပြီး မော့လင်ရှီးကိုချီပြီးထွက်လာခဲ့တယ်။သူမသွားခင် မင်းကောင်းမယ်ထင်သလိုသာလုပ်လိုက်ဆိုတဲ့အကြည့်နဲ့ကြည့်သွားသေးတယ်။

သေစမ်းကွာ သူ့မှာဘယ်လိုလုပ်ပြီးဒီလိုအကိုမျိုးရှိနေရတာလဲ။ကန့်ယွင်ထင်စိတ်ညစ်နေပေမယ့်သူ့အလုပ်ဖြစ်တဲ့ဒီကအန်တီကိုဟိုတယ်ကိုပို့ပေးမလို့လုပ်လိုက်ရတယ်။

ကျိနမ်ဖုန်ကားယူလာတော့ ကန့်ယွင်ထင်နဲ့အတူတူမပြန်တော့ဘူး။

'အမ် ရှင်ကဘာလို့အားဖုန်နဲ့တူနေရတာလဲ?လက်မထပ်ခင်ကအားဖုန်လေ....ဟီး ဟီး....' မော့လင်ရှီးခုံမှာငြိမ်ငြိမ်မထိုင်ဘဲတစ်ခစ်ခစ်ရယ်နေတယ်။

'ငြိမ်ငြိမ်နေ မကြာခင်ကိုယ်တို့အိမ်ကိုရောက်တော့မယ်' ကျိနမ်ဖုန်ငမူးမလေးကိုကြည့်ပြီးကားကိုအရှိန်တင်လိုက်တယ်။ညလယ်ရောက်နေပြီဆို‌တော့ကားသိပ်မပိတ်တော့တာနဲ့ ၁နာရီကျော်ကျော်လောက်ဘဲကြာပြီး အိမ်ကိုရောက်လာတယ်။

သူတို့အိမ်ပြန်ရောက်တော့အားလုံးပြန်သွားကြပြီ။ကျိနမ်ဖုန်ငမူးမလေးမော့လင်ရှီးကိုချီလာပြီးဆိုဖာပေါ်မှာချထားလိုက်တယ်။ပြီးတော့မီးဖိုချောင်မှာသူမအတွက်အမူးပြေဟင်းရည်သွားလုပ်လိုက်တယ်။

'ကျွန်မမသောက်ချင်ဘူး။နံတယ်။ကျွန်မကချင်တယ်။ရှင့်လက်တစ်ဖက်ကကျွန်မလက်ကိုကိုင်ထား။နောက်လက်တစ်ဖက်ကကျွန်မခါးကိုဖက်လိုက်....ဒီလိုမျိုး....'
မော့လင်ရှီးလက်နဲ့သရုပ်ပြလိုက်တယ်။သူမတိမ်တွေပေါ်မှာရောက်နေသလိုမျိုးပေါ့ပါးနေပြီးကျိနမ်ဖုန်ကလဲသူမနဲ့အတူတူကနေတယ်။တိမ်တွေပေါ်မှာကျိနမ်ဖုန်ကသူမကိုနွေးနွေးထွေးထွေးပြုံးပြပြီးကြင်ကြင်နာနာဆက်ဆံနေတာ။

ဒါပေမယ့်ရုတ်တရက်မြင်ကွင်းကပြောင်းသွားပြီးကြမ်းတမ်းတဲ့ကျိနမ်ဖုန်ကပေါ်လာတယ်။သူကသူမမသောက်ချင်တဲ့ခါးတဲ့အရည်တွေကိုအတင်းသောက်ခိုင်းနေတယ်။

'မင်းကလိမ္မာပါတယ် ဒါသောက်ပြီးရင်ကိုယ်မင်းနဲ့အတူတူကပေးမယ်' ကျိနမ်ဖုန်သူမခေါင်းလေးကိုဖွဖွလေးပွတ်ပေးရင်းနဲ့ချော့ပြောလိုက်တယ်။

'မသောက်ဘူး။နံတယ်။အရသာကလဲမကောင်းဘူး။ကျွန်မမသောက်ချင်ဘူး။ကျွန်မကချင်တယ်' မော့လင်ရှီးပြောချင်တာတွေကိုမထိန်းချုပ်တော့ဘဲစိတ်ထဲရှိတဲ့အတိုင်းထုတ်ပြောလိုက်တယ်။အရက်ကတကယ်ဘဲသတ္တိရှိစေတာကိုး။သူနည်းနည်းလေးဝင်သွားတာနဲ့လူကအကြောက်အလန့်လဲမရှိတော့ဘူး။

'လိမ္မာပါတယ် နည်းနည်းလေးဘဲသောက်လိုက်နော်။မင်းမြန်မြန်သောက်လိုက်ရင်ခဏ‌လေးနဲ့ကုန်သွားမှာ။မင်းသောက်ပြီးတာနဲ့ကိုယ်တို့ကကြမယ်လေ' ကျိနမ်ဖုန်အခက်တွေ့နေပြီ။သူ့မှာညီငယ်ညီမငယ်တွေမရှိတော့ကလေးလိုဖြစ်နေတဲ့သူကိုဆေးဘယ်လိုချော့တိုက်ရမလဲဆိုတာကိုမသိဘူးဖြစ်နေတယ်။ဒီအခြေအနေကသူ့အတွက်တော့ခေါင်းခြောက်စရာဘဲ။

တကယ်လဲအရက်မူးနေတဲ့မော့လင်ရှီးကကလေးလိုဖြစ်သွားတာ။

'ရှင်ဘာလို့စကားပြောနေတာလဲ?ရှင့်ကိုစကားပေးမပြောဘူး' မော့လင်ရှီးအမိန့်ပေးလိုက်ပြီးထရပ်လိုက်ကာ စကားပြောနေတဲ့ကျိနမ်ဖုန်ရဲ့ပါးစပ်ကိုသူ့ပါးစပ်နဲပိတ်ပေးလိုက်တယ်။

အခန်းကတိတ်ဆိတ်နေပြီးကန်လန့်ကာကလဲညလေအေးကြောင့်လှုပ်ရမ်းနေတယ်။ချစ်စရာကောင်းတဲ့မိန်းကလေးကဆိုဖာပေါ်မှာမတ်တပ်ရပ်နေပြီးကောင်လေးကိုနမ်းနေတယ်။အရပ်ရှည်ရှည်နဲ့ကောင်လေးရဲ့လက်တစ်ဖက်ကစွပ်ပြုတ်ပန်းကန်ကိုကိုင်ထားပြီးနောက်လက်တစ်ဖက်ကဘယ်မှာထားရမှန်းမသိဘူးဖြစ်နေတယ်။သူတောင့်တောင့်ကြီးရပ်နေပြီးသူ့ကိုနမ်းနေတဲ့မိန်းကလေးကိုအံ့ဩတကြီးစိုက်ကြည့်နေလိုက်တယ်။

Zawgyi

လူသြားလမ္းကက်ဥ္းေတာ့တစ္ခ်ိန္မွာကားတစ္စီးဘဲျဖတ္သြားလို႔ရတယ္။

ညဥ့္နက္ေနၿပီဆိုေတာ့လူသြားလူလာေတြလည္းသိပ္မရွိေတာ့ဘူး။တစ္ခါတစ္ခါေအးျမတဲ့ေလႏုေအးတိုက္ခတ္လာေတာ့ သစ္ပင္ေပၚကသစ္႐ြက္ေလးေတြကေျမႀကီးေပၚကိုေႂကြက်လာၾကတယ္။

ႏွင္းေတြက်ေနတဲ့ဓါတ္မီးတိုင္ေအာက္မွာေမာ့လင္ရွီးနဲ႔ ႐ႊီခ်င္းမန္တို႔ေက်ာခ်င္းကပ္ၿပီးထိုင္ေနၾကတယ္။သူတို႔ကိုၾကည့္ရတာအထီးက်န္ေနတဲ့ပုံဘဲ။

က်ိနမ္ဖုန္သူတို႔အနားကိုမသြားဘဲတိတ္တိတ္ေလးရပ္ၾကည့္ေနလိုက္တယ္။သူမက‌အေကာင္းျမင္စိတ္ရွိတဲ့သူ၊တစ္ခါတစ္ေလမွာ႐ူးမိုက္ၿပီးဘာမွစိုးရိမ္ပူပန္မႈမရွိတဲ့သူလို႔သူအၿမဲ‌ထင္ေနခဲ့တာ။အရာအားလုံးကိုသူမႏွလုံးသားရဲ႕အနက္ရႈိင္းဆုံးေနရမွာသိမ္းဆည္းထားလိမ့္မယ္လို႔သူမထင္ထားခဲ့ဘူး။

ဒဏ္ရာအမာ႐ြတ္ေတြကသာကြဲၿပဲၿပီးထြက္ေပၚမလာရင္လြယ္လြယ္နဲ႔ရွာေတြ႕ႏိုင္မွာမဟုတ္ဘူး။လူတိုင္းမွာဖုန္းကြယ္ထားခ်င္တဲ့ဒဏ္ရာေတြကိုယ္စီရွိၾကတယ္။သူမသိေသးတဲ့ေမာ့လင္ရွီးရဲ႕အေၾကာင္းေတြကအမ်ားႀကီးရွိေသးတယ္ဆိုကိုက်ိနမ္ဖုန္ရွာ‌ေတြ႕သြားတယ္။

'ေဟး ဟိုကၾကက္မေလးႏွစ္ေကာင္ကလွလိုက္တာ။က‌ေလးမေလးေတြ ဒီအကိုကမင္းတို႔ေပ်ာ္ရမယ့္ေနရာကိုေခၚသြားေပးမယ္ေနာ္' မူး႐ူးေနတဲ့လူရဲ႕ရယ္သံေၾကာင့္က်ိနမ္ဖုန္အေတြးစျပတ္သြားတယ္။

'အကိုႀကီး ဒီတစ္ေယာက္ကအျပစ္ကင္းတဲ့ပုံေလးနဲ႔ခ်စ္စရာေလး။ေနာက္တစ္ေယာက္ကေတာ့ေတာ္ေတာ္ဆြဲေဆာင္မႈရွိတယ္။ဒီေန႔ကကြၽန္ေတာ္တို႔အတြက္
ေတာ့ကံေကာင္းတဲ့ေန႔ဘဲ' ဆံပင္အနီေရာင္ဆိုးထားတဲ့ေနာက္အမူးသမားတစ္ေယာက္ကဝင္ေျပာလိုက္တယ္။

'ရွီရွီး.....ၾကည့္ပါဦး....ဟိုမွာ႐ုပ္ဆိုးေကာင္ႏွစ္ေကာင္' ႐ႊီခ်င္းမန္ကေတာ့သူမတို႔ႀကဳံေတြ႕ရမယ့္အေျခအေနကိုမရိပ္မိေသးဘူး။

'ဟမ္ တကယ္ဘဲ႐ုပ္ဆိုး‌လိုက္တာ။ငါ့အားဖုန္လိုလဲမေခ်ာၾကဘူး' ေမာ့လင္ရွီးတစ္ေယာက္ကိုလက္ညႇိဳးထိုးၿပီးတစ္ခစ္ခစ္ခးရယ္ရင္းေျပာလိုက္တယ္။

'ယိုး ေကာင္မေလး မင္းကငါတို႔ေတြကို႐ုပ္ဆိုးတယ္လို႔ေျပာရဲတယ္ေပါ့ေလ။ခဏေနမွငါနဲ႔ငါ့အကိုႀကီးကတကယ္႐ုပ္ဆိုးလားမဆိုးဘူးလားဆိုတာမင္းတို႔ကိုျပေပးမယ္။ငါတို႔က႐ုပ္ဆိုးေပမယ့္လဲမင္းတို႔ေပ်ာ္သြားေအာင္ေတာ့လုပ္ေပးႏိုင္ပါတယ္' ဆံပင္အနီအမူးသမားကေမာ့လင္ရွီးမ်က္ႏွာကိုကိုင္မလို႔လုပ္လိုက္တယ္။

ဒါေပမယ့္သူေမာ့လင္ရွီးမ်က္ႏွာကိုမထိရေသးခင္မွာဘဲအကန္ခံလိုက္ရတယ္။

'အား......' နာက်င္သြားတဲ့သူ႔ရဲ႕ဝမ္းဗိုက္ကိုကိုင္ၿပီးသူ႔ကိုကန္လိုက္တဲ့သူကိုေမာ့ၾကည့္လိုက္တယ္။

'မင္းမေသခ်င္ရင္ထြက္သြားလိုက္'  က်ိနမ္ဖုန္ေျပာလိုက္တယ္။

'မင္းကဘယ္သူလဲ?မင္းကဒီအဖိုးကိုရန္စရဲတယ္ေပါ့ေလ?မင္းငါ့အေၾကာင္းမၾကား အား!' သူစကားမဆုံးခင္မွာဘဲ သူလဲေယာက္်ားေလးေတြအထိမခံႏိုင္တဲ့ေနရာကိုအကန္ခံလိုက္ရတယ္။

'အကိုႀကီး အကိုႀကီး သြားၾကရေအာင္'  ဆံပင္အနီေရာင္နဲ႔ငမူးကသတၱိသိပ္မရွိေတာ့နာေနတာကိုေအာင့္ၿပီးသူ႔သူငယ္ခ်င္းေဘးကိုေလးဘက္ေထာက္ၿပီးသြားလိုက္တယ္။

'ေဟ့ေကာင္‌ ေနာက္တစ္ခါငါမင္းကိုေတြ႕ရင္မင္းျပန္ေပးဆပ္ရမယ္' အမူးေျပသြားသလိုရွိတဲ့လူလဲသူ႔ဂြၾကားကိုအုပ္ၿပီးႀကိမ္းေမာင္းလိုက္တယ္။

က်ိနမ္ဖုန္ကေတာ့သူတို႔လိုေဒသခံလူမိုက္ေတြကိုဂ႐ုမစိုက္ဘူး။

'ရွီးရွီ ဒီလူကေခ်ာလိုက္တာ..….တစ္ခ်က္ကန္လိုက္တာနဲ႔ လူႏွစ္ေယာက္ကိုထြက္ေျပးသြားေစႏိုင္တယ္။ဟား ဟား သူရဲေကာင္းႀကီးကဒုကၡေရာက္ေနတဲ့မိန္းကေလးကိုကယ္တင္ၿပီး ဟီး ဟီး ။ရွီးရွီး နင္ေတာ့.....ရင္ခုန္ဖြယ္ရာဆုံေတြ႕ရတဲ့ဇာတ္လမ္းေလးျဖစ္ေတာ့မယ္' ႐ႊီခ်င္းမန္ရဲ႕မၿငိမ္မသက္ျဖစ္ေနတဲ့လက္ညႇိဳးကက်ိနမ္ဖုန္ကိုၫႊန္ျပေနတယ္။

႐ႊီခ်င္းမန္ကိုက်ိနမ္ဖုန္ေသေသခ်ာခ်ာၾကည့္လိုက္တယ္။

သူဒီဘဝမွာဒါက႐ႊီခ်င္းမန္ကိုပထမဆုံးအႀကိမ္ေတြ႕ဖူးျခင္းဘဲ။အရင္ဘဝတုန္းက ေမာ့လင္ရွီးရဲ႕ဈာပနာကိုဒီမိန္းကေလးကအ႐ူးတစ္ေယာက္လိုမ်ိဳးေရာက္လာၿပီးသူ႔ကိုပါး႐ိုက္သြားတယ္။သူကေမာ့လင္ရွီးနဲ႔မတန္ဘူးလို႔လဲေျပာဆိုသြားတယ္။

သိပ္မၾကာလိုက္ဘူးသူမလဲကားတိုက္ခံရၿပီးဆုံးသြားတယ္လို႔သူၾကားခဲ့တယ္။သူမရဲ႕ဈာပနကိုသြားတဲ့လူ တစ္ေယာက္မွမရွိခဲ့ဘူး။

ေမာ့လင္ရွီးရဲ႕ဒိုင္ယာရီေနာက္ဆုံးစာမ်က္ႏွာမွာ႐ႊီခ်င္းမန္အေၾကာင္းေရးထားတာကိုသူေတြ႕ခဲ့တယ္။သူမဘဝေမွာင္မိုက္ၿပီးအထီးက်န္ေနတဲ့အခ်ိန္ သူမေဘးနားမွာ႐ႊီခ်င္းမန္ဆီရွိေနခဲ့တာေၾကာင့္
အလင္းေရာင္နဲ႔ေႏြးေထြးမႈကိုရရွိခဲ့တာတဲ့။

သူ႐ႊီခ်င္းမန္ကိုတြဲထူေပးလို႔မရဘူး။သူမကိုမတြဲထူေပးခ်င္လို႔မဟုတ္ေပမယ့္ တြဲထူေပးလို႔မရဘူးျဖစ္ေနတယ္။အခုတ‌ေလာသူျပႆနာတစ္ခုျဖစ္ေနတယ္။သူေမာ့လင္ရွီးကလြဲၿပီးတျခားမိန္းကေလးေတြကိုမထိခ်င္မကိုင္ခ်င္ျဖစ္ေနတယ္။

က်ိနမ္ဖုန္တစ္ေယာက္ေယာက္ကိုစဥ္းစားမိသြား‌ၿပီး ဖုန္းလွမ္းဆက္လိုက္တယ္။

'မင္းဘယ္မွာလဲ?ဒီမွာအေရးႀကီးေနလို႔အျမန္လာခဲ့။မင္းဒီနားေရာက္ေနတာငါသိတယ္'

'ဟုတ္တယ္ အခုခ်က္ခ်င္းျမန္ျမန္လာခဲ့'

'မင္းဘာလုပ္ေနလဲဆိုတာကိုငါစိတ္မဝင္စားဘူး။အေရးႀကီးတာမင္းဒီကိုေရာက္လာဖို႔ဘဲ'

က်ိနမ္ဖုန္ဖုန္းေျပာၿပီးသြားေတာ့ေျမႀကီးေပၚမွာထိုင္ေနတဲ့ေမာ့လင္ရွီးကိုဆြဲထူလိုက္ၿပီးသူမကိုၾကည့္လိုက္တယ္။သူမရဲ႕မ်က္ႏွာကရာသီဥတုေၾကာင့္ေရာအရက္ေၾကာင့္ေရာနီရဲေနၿပီ။

အေျခအေနကိုၾကည့္ၿပီးသူ႔ကုတ္အက်ႌကို႐ႊီခ်င္းမန္ရဲ႕ကိုယ္ေပၚၿခဳံေပးလိုက္တယ္။သူလဲေအးေနေပမယ့္ေျမႀကီးေပၚမွာဒီအတိုင္းထိုင္ေနတဲ့႐ႊီခ်င္းမန္ကိုေတာ့လ်စ္လ်ဴရႈထားလို႔မရဘူး။ဒီမိန္းကေလးကေမာ့လင္ရွီးအတြက္အရမ္းအေရးပါတဲ့လူျဖစ္ေနတာကိုး။

မိနစ္၂၀ေလာက္ၾကာေတာ့

'ကြၽန္ေတာ္ေရာက္ၿပီ အကိုသုံး။တကယ္သာအေရးႀကီးကိစၥမဟုတ္ရင္ ကြၽန္ေတာ့္ကိုအေႏွာင္အယွက္ေပးတဲ့အတြက္အကို႔ကိုေျမႀကီးေပၚကိုင္ေပါက္ပစ္မယ္'
ေမာ္ဒယ္ျမင့္ဇိမ္ခံကားအေကာင္းစားႀကီးကက်ိနမ္ဖုန္ေဘးမွာရပ္သြားၿပီးကားထဲကေန‌ပန္းေရာင္ဝတ္စုံဝတ္ထားတဲ့ေယာက္်ားတစ္ေယာက္ဆင္းလာတယ္။

သူ႔ဖက္ရွက္ကိုမၾကည့္ဘဲ ႐ုပ္ရည္ကိုဘဲၾကည့္မယ္ဆိုရင္အေတာ္ေခ်ာတယ္လို႔ေျပာလို႔ရတယ္။ဒါေပမယ့္အခုလိုေအးေနတဲ့ေန႔မ်ိဳးမွာစတိုင္ထုတ္ၿပီးပါးပါးေလးဘဲဝတ္လာတာကေကာင္းပါ့မလား?

'ဒီမိန္းကေလးကိုဟိုတယ္ပို႔ေပးၿပီး သူ႔ကိုသန႔္ရွင္းေရးလုပ္ေပးဖို႔လူငွားေပးလိုက္' သူပန္းေရာင္ဝတ္စုံဝတ္ထားတဲ့စြန္းေပါင္နမ္ရဲ႕စကားကိုလ်စ္လ်ဴရႈၿပီး‌ေျပာလိုက္တယ္။

'အိုး ဒီမိန္းကေလးကေတာ္ေတာ္လွတာဘဲ။မင္းကေတာ္ေတာ္လွေနတဲ့အတြက္ေၾကာင့္ဒီကသခင္ေလးကကူညီေပးလိုက္ပါ့မယ္။အမ္ အမ္ မဟုတ္ေသးပါဘူး။အကို႔လက္ထဲကမိန္းကေလးကပိုလွတာ'

က်ိနမ္ဖုန္မ်က္ေမွာင္ၾကဳတ္လိုက္ေတာ့ ပတ္ဝန္းက်င္ႀကီးဟာၾကက္သီးထစရာေကာင္းေလာက္ေအာင္ေအးစက္သြားၿပီး: 'ဒါမင္းရဲ႕မရီး။ၿပီးေတာ့မင္းလက္ထဲကမိန္းကေလးကိုမင္းရဲ႕ဘိုးေဘးေတြလိုမ်ိဳးဆက္ဆံတာေကာင္းလိမ့္မယ္။မင္းရဲ႕မေကာင္းတဲ့အေတြးေတြကိုေဖ်ာက္ပစ္လိုက္'

'ကြၽန္ေတာ္နားၾကားမွားသြားတာလား?အကိုဘာေျပာလိုက္တာ?မရီးေပါ့ေလ?သူမကအကိုတစ္ရဲ႕မိန္းမလား?ဒါမွမဟုတ္
အကိုႏွစ္မိန္းမလားအကို႔မိန္းလား?ဒါေပမယ့္ဒါလဲမဟုတ္ေသးပါဘူး။အကိုတစ္ကအိမ္ေထာင္က်သြားတာေလးငါးႏွစ္ရွိေနၿပီ။ကြၽန္ေတာ္အကိုႏွစ္နဲ႔အကိုသုံးရဲ႕မဂၤလာပြဲကိုလဲမတက္ရေသးပါဘူး' သူပထမဆုံးေျပာလိုက္တဲ့စကားကိုၾကည့္ၿပီးကန႔္ယြင္ထင္ကမိန္းကေလးေတြဝိုင္းဝိုင္းလည္ေနတဲ့‌ေလာင္းကစားသမား
ဆိုတာကိုသိႏိုင္တယ္။

စြန္းေပါင္နမ္ကသူတို႔ကိုအကိုတစ္အကိုႏွစ္လို႔ေခၚေနေပမယ့္လဲသူတို႔ကေသြးသားမေတာ္စပ္ၾကဘူး။ဒါေပမယ့္လဲေနာက္ေက်ာကိုဓါးနဲ႔ထိုးမွာကိုစိတ္ပူစရာမလိုတဲ့ယုံၾကည္ရတဲ့သူငယ္ခ်င္းဆက္‌ဆံေရးမ်ိဳးဘဲ။

အကိုတစ္လုရွင္းရန္ကAၿမိဳ႕ရဲ႕လက္ရွိဗိုလ္ခ်ဳပ္တစ္‌ေယာက္။

အကိုႏွစ္ကုန႔္ဇယ္ယြင္ကနာမည္ႀကီးဒီဇိုင္နာျဖစ္ၿပီး ဉာဏ္ပညာလဲႀကီးမားတယ္။ကိုယ္ခံပညာကလြဲရင္ က်န္တာအကုန္လုပ္ႏိုင္တယ္။အထူးသျဖင့္ဦးေႏွာက္သုံးၿပီးလုပ္ရမယ့္အရာမ်ိဳးေတြေပ့ါ။

အကိုသုံးျဖစ္တဲ့က်ိနမ္ဖုန္ကေတာ့ က်ိမိသားစုမွာက်ိ‌ေဝ့နဲ႔က်ိနမ္ဖုန္ဆိုၿပီးသား၂ေယာက္ရွိတယ္။ဒါေပမယ့္ညီအကိုႏွစ္ေယာက္ကအ‌ေဖတူအေမကြဲညီအကိုေတြျဖစ္ၿပီးအသက္၁၃ႏွစ္ကြာတယ္။က်ိေဝ့ကအခုလက္ရွိက်ိမိသားစုရဲ႕‌စီးပြါးေရးကိုဦးစီးေနတယ္။ညီအကိုႏွစ္ေယာက္ကအေမေတြမတူၾကေပမယ့္ၿပိဳင္ဆိုင္ျခင္းလဲမရွိၾကဘူး။သူတို႔ႏွစ္ေယာက္ကအသက္လဲအမ်ားႀကီးကြာေတာ့တူညီတဲ့ေနရာလဲသိပ္မရွိဘူး။

ေနာက္ဆုံးအကိုေလးျဖစ္တဲ့စြန္းေပါင္နမ္ရဲ႕နာမည္အရင္းကကန႔္ယြင္ထင္တဲ့။သူကအဖြဲ႕ထဲမွာအပ်င္းအထူဆုံးသူျဖစ္ၿပီးမိန္းကေလးေတြအေပ်ာ္အပါးေတြနဲ႔ဘဲအခ်ိန္ကုန္ေနတာ။တကယ္ေတာ့သူကဝမ္မိသားစုရဲ႕တစ္ဦးတည္းေသာအေမြဆက္ခံသူဘဲ။

'ဒါငါ့မိန္းမေမာ့လင္ရွီးတဲ့။အဲ့ဒါကသူ႔သူငယ္ခ်င္း႐ႊီခ်င္းမန္တဲ့' က်ိနမ္ဖုန္ကတျခားသူေတြကိုရွင္းျပခဲတယ္။ဒါကသူ႔ႏွစ္ဘဝလုံးမွာသူ႔မိန္းမကိုတျခားသူေတြနဲ႔မိတ္ဆက္ေပးျဖစ္တာပထမဆုံးအႀကိမ္ဘဲ။

'အကိုသုံး......အကို.....အကိုကြၽန္ေတာ့္ကိုေနာက္ေနတာမဟုတ္လား?ဒါဆိုသြမ့္အန္းရန္ကေရာ?' ကန႔္ထင္ယြင္အံ့ဩသြားတယ္။ဒီသတင္းကိုၾကားရတာသူ႔ေခါင္းကိုဗုံးနဲ႔အပစ္ခံလိုက္ရသလိုဘဲ။

'ငါမင္းကိုညာစရာဘာအေၾကာင္းမွမရွိဘူး။ေနာက္တစ္ခါေတြ႕ေတာ့မွအားလုံးေျပာျပမယ္။အခုေတာ့သူ႔ကိုမင္းကားထဲထည့္လိုက္ဦး'

'အိုး....ခ်က္ခ်င္းႀကီးလား' ကန႔္ယြင္ထင္စိတ္ေတြရႈပ္ေထြးေနတုန္းဘဲ။

အခုဘယ္ကေန႐ုတ္တရက္ႀကီးေပၚထြက္လာမွန္းမသိတဲ့မရီးကိုအကိုသုံးကလဲအရမ္းကိုတန္ဖိုးထားေနတယ္ဆိုတာထင္ရွားတယ္။အရင္ကေတာ့သြမ့္အန္းကသူ႔ဘဝရဲ႕မရွိမျဖစ္ဘဲ။က်ိနမ္ဖုန္အတြက္ဘယ္သူကပိုအေရးပါလဲဆိုတာကိုဉာဏ္ပညာႀကီးမားတဲ့လူကဘဲေျပာႏိုင္ေတာ့မယ္။

'သူ႔ကိုမွဲ႔တစ္ေပါက္ေတာင္မစြန္းေစနဲ႔ေနာ္' က်ိနမ္ဖုန္သတိထပ္ေပးၿပီးေတာ့ေမာ့လင္ရွီးကိုခ်ီၿပီးထြက္လာခဲ့တယ္။

'ကြၽန္ေတာ့္အလုပ္ကိုကြၽန္ေတာ္ၿပီးေျမာက္ေအာင္လုပ္ေပးမယ္လို႔အာမခံပါတယ္' ကန႔္ယြင္ထင္ခါးကိုမတ္ၿပီး အေလးျပဳတဲ့ပုံစံနဲ႔ေျပာလိုက္တယ္။

'ေဟး ဘယ္လိုလုပ္ၿပီးေနာက္လူေခ်ာတစ္ေယာက္ေရာက္ေနရတာလဲ?ရွီးရွီး ဟမ္ ရွီးရွီး.....ရွင္ကဘယ္သူလဲ?ရွင္ဘာလို႔ကြၽန္မတို႔အိမ္ကရွီးရွီးကိုခ်ီသြားရတာလဲ?လႊတ္ သူ႔ကိုေအာက္ခ်ေပး' ႐ႊီခ်င္းမန္လဲေျပာခ်င္ရာေတြေလွ်ာက္ေျပာေနတယ္။

'မန္မန္.....မန္....ဝံပုေလြႀကီးလာေနၿပီ....ေျပး...ေျပးေတာ့' ေမာ့လင္ရွီးတစ္ေယာက္က်ိနမ္ဖုန္ရဲ႕ရင္ခြင္ထဲမွာအၿငိမ္မ‌ေနဘဲအတင္း႐ုန္းကန္ေနတယ္။

'ဝံပုေလြႀကီးကဘယ္မွာလဲ?ဘယ္မွာလဲဝံပုေလြ?ငါသူနဲ႔တိုက္မယ္။ဟမ္ ဝံပုေလြကကပန္းေရာင္ႀကီးပါလား အိုး.....ခ်စ္စရာေကာင္းလိုက္တာ။ဒီကိုလာပါဦး ဒီကအမႀကီးကနမ္းခ်င္လို႔' ႐ႊီခ်င္းမန္တစ္ေယာက္ကန႔္ယြင္ထင္ရဲ႕ပါးကိုနမ္းဖို႔လုပ္လိုက္တယ္။

ဒါေပမယ့္သူမစကားဆုံးေအာင္မေျပာရေသးခင္မွာဘဲကန႔္ယြင္ထင္ရဲ႕ပန္း‌ေရာင္အက်ႌေပၚကိုစားထားသမွ်အကုန္အန္ခ်လိုက္တယ္။

ကန႔္ယြင္ထင္ငိုခ်င္ေနေပမယ့္မ်က္ရည္မထြက္ဘူးျဖစ္ေနတယ္။သူ႔မ်က္ႏွာကအကူအညီေတာင္းေနတဲ့ပုံေပၚေနေပမယ့္က်ိနမ္ဖုန္သူအသံတိတ္အကူအညီေတာင္းေနတာကိုလ်စ္ခလ်ဴရႈၿပီး ေမာ့လင္ရွီးကိုခ်ီၿပီးထြက္လာခဲ့တယ္။သူမသြားခင္ မင္းေကာင္းမယ္ထင္သလိုသာလုပ္လိုက္ဆိုတဲ့အၾကည့္နဲ႔ၾကည့္သြားေသးတယ္။

ေသစမ္းကြာ သူ႔မွာဘယ္လိုလုပ္ၿပီးဒီလိုအကိုမ်ိဳးရွိေနရတာလဲ။ကန႔္ယြင္ထင္စိတ္ညစ္ေနေပမယ့္သူ႔အလုပ္ျဖစ္တဲ့ဒီကအန္တီကိုဟိုတယ္ကိုပို႔ေပးမလို႔လုပ္လိုက္ရတယ္။

က်ိနမ္ဖုန္ကားယူလာေတာ့ ကန႔္ယြင္ထင္နဲ႔အတူတူမျပန္ေတာ့ဘူး။

'အမ္ ရွင္ကဘာလို႔အားဖုန္နဲ႔တူေနရတာလဲ?လက္မထပ္ခင္ကအားဖုန္ေလ....ဟီး ဟီး....' ေမာ့လင္ရွီးခုံမွာၿငိမ္ၿငိမ္မထိုင္ဘဲတစ္ခစ္ခစ္ရယ္ေနတယ္။

'ၿငိမ္ၿငိမ္ေန မၾကာခင္ကိုယ္တို႔အိမ္ကိုေရာက္ေတာ့မယ္' က်ိနမ္ဖုန္ငမူးမေလးကိုၾကည့္ၿပီးကားကိုအရွိန္တင္လိုက္တယ္။ညလယ္ေရာက္ေနၿပီဆို‌ေတာ့ကားသိပ္မပိတ္ေတာ့တာနဲ႔ ၁နာရီေက်ာ္ေက်ာ္ေလာက္ဘဲၾကာၿပီး အိမ္ကိုေရာက္လာတယ္။

သူတို႔အိမ္ျပန္ေရာက္ေတာ့အားလုံးျပန္သြားၾကၿပီ။က်ိနမ္ဖုန္ငမူးမေလးေမာ့လင္ရွီးကိုခ်ီလာၿပီးဆိုဖာေပၚမွာခ်ထားလိုက္တယ္။ၿပီးေတာ့မီးဖိုေခ်ာင္မွာသူမအတြက္အမူးေျပဟင္းရည္သြားလုပ္လိုက္တယ္။

'ကြၽန္မမေသာက္ခ်င္ဘူး။နံတယ္။ကြၽန္မကခ်င္တယ္။ရွင့္လက္တစ္ဖက္ကကြၽန္မလက္ကိုကိုင္ထား။ေနာက္လက္တစ္ဖက္ကကြၽန္မခါးကိုဖက္လိုက္....ဒီလိုမ်ိဳး....'
ေမာ့လင္ရွီးလက္နဲ႔သ႐ုပ္ျပလိုက္တယ္။သူမတိမ္ေတြေပၚမွာေရာက္ေနသလိုမ်ိဳးေပါ့ပါးေနၿပီးက်ိနမ္ဖုန္ကလဲသူမနဲ႔အတူတူကေနတယ္။တိမ္ေတြေပၚမွာက်ိနမ္ဖုန္ကသူမကိုေႏြးေႏြးေထြးေထြးၿပဳံးျပၿပီးၾကင္ၾကင္နာနာဆက္ဆံေနတာ။

ဒါေပမယ့္႐ုတ္တရက္ျမင္ကြင္းကေျပာင္းသြားၿပီးၾကမ္းတမ္းတဲ့က်ိနမ္ဖုန္ကေပၚလာတယ္။သူကသူမမေသာက္ခ်င္တဲ့ခါးတဲ့အရည္ေတြကိုအတင္းေသာက္ခိုင္းေနတယ္။

'မင္းကလိမၼာပါတယ္ ဒါေသာက္ၿပီးရင္ကိုယ္မင္းနဲ႔အတူတူကေပးမယ္' က်ိနမ္ဖုန္သူမေခါင္းေလးကိုဖြဖြေလးပြတ္ေပးရင္းနဲ႔ေခ်ာ့ေျပာလိုက္တယ္။

'မေသာက္ဘူး။နံတယ္။အရသာကလဲမေကာင္းဘူး။ကြၽန္မမေသာက္ခ်င္ဘူး။ကြၽန္မကခ်င္တယ္' ေမာ့လင္ရွီးေျပာခ်င္တာေတြကိုမထိန္းခ်ဳပ္ေတာ့ဘဲစိတ္ထဲရွိတဲ့အတိုင္းထုတ္ေျပာလိုက္တယ္။အရက္ကတကယ္ဘဲသတၱိရွိေစတာကိုး။သူနည္းနည္းေလးဝင္သြားတာနဲ႔လူကအေၾကာက္အလန႔္လဲမရွိေတာ့ဘူး။

'လိမၼာပါတယ္ နည္းနည္းေလးဘဲေသာက္လိုက္ေနာ္။မင္းျမန္ျမန္ေသာက္လိုက္ရင္ခဏ‌ေလးနဲ႔ကုန္သြားမွာ။မင္းေသာက္ၿပီးတာနဲ႔ကိုယ္တို႔ကၾကမယ္ေလ' က်ိနမ္ဖုန္အခက္ေတြ႕ေနၿပီ။သူ႔မွာညီငယ္ညီမငယ္ေတြမရွိေတာ့ကေလးလိုျဖစ္ေနတဲ့သူကိုေဆးဘယ္လိုေခ်ာ့တိုက္ရမလဲဆိုတာကိုမသိဘူးျဖစ္ေနတယ္။ဒီအေျခအေနကသူ႔အတြက္ေတာ့ေခါင္းေျခာက္စရာဘဲ။

တကယ္လဲအရက္မူးေနတဲ့ေမာ့လင္ရွီးကကေလးလိုျဖစ္သြားတာ။

'ရွင္ဘာလို႔စကားေျပာေနတာလဲ?ရွင့္ကိုစကားေပးမေျပာဘူး' ေမာ့လင္ရွီးအမိန႔္ေပးလိုက္ၿပီးထရပ္လိုက္ကာ စကားေျပာေနတဲ့က်ိနမ္ဖုန္ရဲ႕ပါးစပ္ကိုသူ႔ပါးစပ္နဲပိတ္ေပးလိုက္တယ္။

အခန္းကတိတ္ဆိတ္ေနၿပီးကန္လန႔္ကာကလဲညေလေအးေၾကာင့္လႈပ္ရမ္းေနတယ္။ခ်စ္စရာေကာင္းတဲ့မိန္းကေလးကဆိုဖာေပၚမွာမတ္တပ္ရပ္ေနၿပီးေကာင္ေလးကိုနမ္းေနတယ္။အရပ္ရွည္ရွည္နဲ႔ေကာင္ေလးရဲ႕လက္တစ္ဖက္ကစြပ္ျပဳတ္ပန္းကန္ကိုကိုင္ထားၿပီးေနာက္လက္တစ္ဖက္ကဘယ္မွာထားရမွန္းမသိဘူးျဖစ္ေနတယ္။သူေတာင့္ေတာင့္ႀကီးရပ္ေနၿပီးသူ႔ကိုနမ္းေနတဲ့မိန္းကေလးကိုအံ့ဩတႀကီးစိုက္ၾကည့္ေနလိုက္တယ္။






Continue Reading

You'll Also Like

258K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
307K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
247K 37K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
345K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်