Clickဖို့မမေ့ကြပါနဲ့ရှင့်🌻
ကိတ်မုန့်မှ ခပ်ဖျော့ဖျော့ ချိုမြမြရနံ့သည် စာကြည့်ခန်းထဲတွင် ပြည့်လို့နေ၏။
နဉ့်ကျီ လုကု၏ခေါင်းထက်ရှိ ဗလာဖြစ်နေသော indicatorကို ကြည့်လိုက်သည်။ ထိုထဲတွင် မည်သည့်နေလုံးသေးသေးလေးမှ မရှိချေ။
သူမ လုကုထံလျှောက်သွားလိုက်ပြီး သူ၏နားထဲသို့ တီးတိုးပြောလိုက်၏ "ကျွန်မ အချိန်အကြာကြီး မတ်တတ်ရပ်ပြီး တန်းစီခဲ့ရတာ ၊ ကျွန်မခြေထောက်တွေ နာတဲ့အထိ အရမ်းကိုကြာတာပဲ" သူမ သူ့အားလိမ်လိုက်သည်။ အချိုပွဲဆိုင်ထဲတွင် လူအများကြီးရှိသော်လည်း တန်းစီနေသည့်လူတန်းတော့ မရှိချေ။
နဉ့်ကျီ လိမ်ပြောရင်း သူ့အားချော့မြှူလိုက်၏ "လုကု ရှင်ဒါကို ကြိုက်တယ်ဆိုရင် ကျွန်မ နေ့တိုင်းသွား, မတ်တတ်ရပ်တန်းစီပြီး ရှင့်အတွက် ဝယ်ပေးမယ်နော်"
သူမ လုကု၏ခေါင်းထက်ရှိ indicatorအား အသေအချာ စူးစိုက်ကြည့်နေသော်လည်း ဘာဆိုဘာမျှမရှိဆဲပင်။
သူ ဒါကို မကြိုက်ဘူးလား? ဒါမှမဟုတ် ကိတ်က မကောင်းလို့များလား?
သူ့အား ကိတ်မုန့်ပေးရန် သူမ,ဖြတ်သန်းခဲ့ရသည့် ပြဿနာများအားလုံးအတွက် သူ မပျော်ဘူးလားလို့?
လုကု ခေါင်းယမ်းပြသည် "မကြိုက်ဘူး ၊ မတ်တတ်တန်းမစီရဘူး"
သူ ကိတ်မုန့်အား မကြိုက်သောကြောင့် သူမအား မတ်တတ်ရပ် တန်းမစီစေလိုပါ။
သူမ နှုတ်ခမ်းစူထားပြီး သူ၏ထရန်နိုဆောရပ်စ်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ကောင်လေးကို လှမ်းကြည့်လိုက်သည် "နာနတ်သီးကိတ် ဒီကိုလာခဲ့"
ယဲ့ချီကောင်းသည် နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ပြီး သူ၏ခြေဖဝါးသေးသေးလေးများသည် တစ်ခုပေါ်တစ်ခု ထပ်ထားသော်ငြား ရွေ့မလာပေ။
နဉ့်ကျီ ၎င်းမှာ ရယ်စရာကောင်းကြောင်း တွေ့ရလေသည်။ ကောင်ကလေးသည် ဒေါသရှိလေ၏ "ကိတ်မုန့် စားချင်လား?"
ယဲ့ချီကောင်းသည် လက်ထဲတွင် ထရန်နိုဆောရပ်စ်ကိုကိုင်ရင်း လျှောက်လာခဲ့သည်။ သူ၏ကလေးအသံလေးဖြင့် တည်ကြည်စွာ ဆိုလေ၏ "ကိတ်မုန့်စားချင်တာ သားမဟုတ်ဘူး ၊ ထရန်နိုဆောရပ်စ်က စားချင်တာ"
"မင်းရဲ့ဝမ်းကွဲကို ပြန်တောင်းပန်ရင် ငါ မင်းကို ကိတ်မုန့်ပေးမယ်"
နဉ့်ကျီ နောက်တစ်ကြိမ် လက်ကိုဆန့်ထုတ်လိုက်ပြီး သူ၏အသားပြည့်ပြည့်ပါးများကို ဆွဲလိုက်ပြန်သည် "ပြီးရင် လူတွေကို အရူးတို့ အအတို့ လျှောက်မခေါ်ပါဘူးလို့ ကတိပေးရမယ် မင်းရဲ့ဝမ်းကွဲကိုပဲဖြစ်ဖြစ် မင်းရဲ့အတန်းဖော်ကိုပဲဖြစ်ဖြစ် ၊ ငါရှာတွေ့လို့ကတော့ မင်းကိုကြိုးနဲ့ချည်ပြီး ကိတ်မုန့်ဆယ်လုံးကို မင်းရှေ့မှာချထားမယ် အဲ့ဒါဆို မင်း အဲ့ဒါတွေကို မြင်ပဲမြင်နေရပြီး စားနိုင်မှာမဟုတ်တော့ဘူး"
နဉ့်ကျီမှာ အလွန်ကို နတ်ဆိုးဆန်လှလေသည် "အိုး နောက်ပြီး မင်းရဲ့ထရန်နိုဆောရပ်စ်ကိုလည်း လွှတ်ပစ်မယ်"
ယဲ့ချီကောင်းသည် သူ၏ထရန်နိုဆောရပ်စ်ကို အလျင်အမြန်ပင် ဆုပ်ကိုင်ထားလိုက်သည် "ဟင့်အင်း ထရန်နိုဆောရပ်ကို လွှတ်ပစ်လို့မရဘူး"
သူ အနည်းငယ်နှုတ်ခမ်းစူလိုက်ပြီး လုကုအား အသံတိုးတိုးလေးနှင့် ပြောလာသည် "တောင်းပန်ပါတယ်"
နဉ့်ကျီ : "မင်း ယောက်ျားမဟုတ်ဘူးလား? ဒီလောက်အသံတိုးတိုးလေးနဲ့ ပြောနေတာ ငါမင်းရဲ့ရိုးသားမှုကို လုံးဝခံစားလို့မရဘူးလေ"
ယဲ့ချီကောင်းမှာ မတရားသလို ခံစားရတော့သည်။ ကလေးအသံလေးဖြင့်ပင် အသံကိုမြှင့်လိုက်သည် "သား တောင်းပန်ပါတယ် ၊ နောက်တစ်ခါ အအလို့မခေါ်တော့ပါဘူး"
နဉ့်ကျီ မထိရသေးသည့် ကိတ်မုန့်အား သူ့ထံကမ်းပေးလိုက်သည် "ဒီမှာရော့"
ကောင်လေး၏ နက်မှောင်ဝိုင်းစက်သည့် မျက်လုံးများမှာ တောက်ပသွားကြ၏။
နဉ့်ကျီ လုကုအနားသို့ ကိုယ်ကိုကိုင်းကာ သူမ၏ပြီးမြောက်အောင်မြင်မှုအတွက် အသိအမှတ်ပြုမှုအား လိုချင်လေသည် "နာနတ်သီးကိတ်က ရှင့်ကိုမကောင်းတာတွေပြောလို့ ကျွန်မ ရှင့်အတွက် သူ့ကို သင်ခန်းစာပေးလိုက်ပြီနော်" သူ၏နှုတ်ခမ်းတို့ အနည်းငယ်ခြောက်သွေ့နေသည်ကို မြင်ရသောအခါ သူမ သူ၏ဘေးရှိရေခွက်အား လက်ထဲသို့ ထည့်ပေးလိုက်သည် "အခုကစပြီး ရှင့်ကိုမကောင်းပြောရဲတဲ့သူတိုင်းကို ကျွန်မ သင်ခန်းစာပေးပစ်မယ်"
သူမ လုကု၏လက်အား ထိလိုက်သည်။ သူ၏လက်ချောင်းထိပ်များမှာ အေးစက်နေ၏။
နဉ့်ကျီ လုကုထံမှ တုံ့ပြန်ချက်မရခင် ကြည့်လိုက်သည့်အချိန်၌ ရုတ်တရတ် ကိတ်အား ပျော်ရွှင်စွာ စားသောက်နေသည့် ယဲ့ချီကောင်း၏ခေါင်းထက်တွင် နေလုံးသေးသေးလေးတစ်လုံးကို မြင်လိုက်ရလေ၏။ indicatorမပါဘဲ နေလုံးလေးတစ်ခုတည်းသာ။
အလွန်သေးငယ်ပြီး လုကု၏နေလုံးလောက် မတောက်ပပေ။
ဘာတွေဖြစ်နေတာတုန်း?
အံ့ဩစွာဖြင့်ပင် သူမ overlordအား မေးလိုက်တော့သည် "နာနတ်သီးကိတ်ရဲ့ ခေါင်းပေါ်မှာ နေလုံးလေးရှိနေတာကို ငါက ဘယ်လိုလုပ်မြင်နေရတာလဲ?"
Overlord : [လုကုနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကနေတစ်ဆင့် တခြားသူတွေ ပျော်နေတဲ့အချိန်မှာ သူတို့ရဲ့နေလုံးလေးတွေကို Hostမြင်ရနိုင်ပါတယ်]
နဉ့်ကျီ အံ့ဩသွားရသည် "ငါ လုကုကိုထိလိုက်တာနဲ့ တခြားသူတွေရဲ့ စိတ်အခြေအနေတွေကို မြင်နိုင်မယ်ပေါ့? လုကုရဲ့စိတ်အခြေအနေကို မြင်နိုင်သလိုမျိုးလား?"
Oveelord : [နေလုံးလေးတွေက လူတိုင်းမှာ ရှိကြမှာမဟုတ်ပါဘူး ၊ ကံကြမ္မာအပေါ်မှာ မူတည်ပါတယ်]
ပျော်ရွှင်စွာစားနေသည့် ကောင်လေးအားကြည့်ရင်း နဉ့်ကျီတွင်လည်း ပျော်ရွှင်နေသည့်အကြည့်တစ်ခု ဖြစ်ပေါ်လာ၏။ နာနတ်သီးကိတ်အား ချော့ရသည်မှာ လုကုထက် ပိုမိုလွယ်ကူလေသည်။
သူမ Overlordအား မေးကြည့်လိုက်သည် "ငါ နာနတ်သီးကိတ်ကို ချော့မြှူနိုင်မယ်ဆိုရင် နေလုံးလေးတွေ အကန့်အသတ်မရှိ လိုသလောက်ရနိုင်ပြီလို့ ဆိုလိုတာလား?"
နဉ့်ကျီ၏ပြောင်မြောက်လှသော အကြံအစည်မှာ Overlordထံမှ နှောင့်ယှက်ခံလိုက်ရလေသည် [Host, လုကုကလွဲပြီးတော့ အခြားသူတွေအားလုံးမှာ နေလုံးလေးတစ်ခုပဲ ရှိကြပါတယ်]
နဉ့်ကျီ သက်ပြင်းချလိုက်၏။ လုံလောက်ပြီ လုကုသည်သာ အကောင်းဆုံးကိရိယာပင်။
"အရသာရှိလား?" နဉ့်ကျီ ယဲ့ချီကောင်း၏ခေါင်းအား နူးညံ့စွာ ပွတ်ပေးလိုက်သည်။
ယဲ့ချီကောင်းသည် လိမ္မာရိုကျိုးစွာ ခေါင်းငြိမ့်လေသည် "အင်း။ ထရန်နိုဆောရပ်စ်ကလည်း အရသာရှိတယ်တဲ့"
သူမ၏ခေါင်းထဲတွင် ယခုရှိနေသည့် နေလုံးလေးအားကြည့်ရင်း နဉ့်ကျီ၏ အပြုံးတို့မှာ ပိုမိုသိမ်မွေ့လာလေသည်။ လုကု၏နေလုံးလောက် မတောက်ပသော်လည်း သူမ၏ရောင်ဝါ ၁%အား ပြန်ပေးနိုင်ဆဲပါပင်။
ထိုညနေခင်းတွင် စုန့်ရော့နှင့်ယဲ့ချီကောင်းတို့သည် ညစာစားရန် လုအိမ်တော်တွင် နေခဲ့ကြသည်။
နဉ့်ကျီသည် လုကုအား ထမင်းစားခန်းထဲသို့ အဖော်ပြုလာလျက် သူ၏ခါတိုင်းထိုင်နေကျနေရာတွင် သူထိုင်ပြီးနောက် သူမသည် သူ၏ဘေးတွင်သာ ထိုင်ချလိုက်သည်။
ညစာစားချိန်တွင် စုန့်ရော့သည် နဉ့်ကျီ၏စားသောက်ပုံအား ကြည့်ရှုလေ့လာနေ၏။ နဉ့်ကျီ၏ ပြုမူပုံနှင့် ကိုယ်အမူအယာတို့မှာ အချိန်အကြာကြီး လေ့ကျင့်ထားသကဲ့သို့ပင် စင်းလုံးချောလှ၏။
သူမသည် သူမ၏မိဘများမကွယ်လွန်ခင်က ချမ်းသာသည့်မိသားစုမှ လာခြင်းများလား?
သဘာဝတကျပင် နဉ့်ကျီသည် သူမ,လေ့လာခြင်းခံနေရသည်ကို သတိပြုမိလေသည်။ ယင်းမှာ သူမအတွက် အနှောင့်အယှက်မဖြစ်ပေ။ အမှန်မှာ သူမသည် အားပါးတရစားနေခြင်းသာ။ သူမ ရောင်ဝါအတွက် နေလုံးလေးများကို နောက်မှလဲလှယ်ရန် စီစဉ်ထားသည်။
ကျယ်လောင်လှသည့် "ဘန်း!"ဆိုသော အသံတစ်ခုနှင့်အတူ ပန်းကန်လုံးသည် ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် ချက်ချင်းအပိုင်းပိုင်းကွဲသွားကာ ထမင်းများမှာလည်း နေရာအနှံ့ပြန့်ကျဲကုန်၏။
နဉ့်ကျီ အလျင်အမြန်ပင် လုကုအားကြည့်လိုက်သည်။
သူ၏နှုတ်ခမ်းများသည် တင်းတင်းစေ့ပိတ်ထားကြပြီး ခေါင်းကိုငုံ့ထားကာ ထမင်းစားပွဲအား ခေါင်းဖြင့်တိုက်နေလေ၏။
"ရှောင်ကု" အမေလု၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
#This is not my own story
---
Clickဖို႔မေမ့ၾကပါနဲ႔ရွင့္🌻
ကိတ္မုန႔္မွ ခပ္ေဖ်ာ့ေဖ်ာ့ ခ်ိဳျမျမရနံ႔သည္ စာၾကည့္ခန္းထဲတြင္ ျပည့္လို႔ေန၏။
နဥ့္က်ီ လုကု၏ေခါင္းထက္ရွိ ဗလာျဖစ္ေနေသာ indicatorကို ၾကည့္လိုက္သည္။ ထိုထဲတြင္ မည္သည့္ေနလုံးေသးေသးေလးမွ မရွိေခ်။
သူမ လုကုထံေလွ်ာက္သြားလိုက္ၿပီး သူ၏နားထဲသို႔ တီးတိုးေျပာလိုက္၏ "ကြၽန္မ အခ်ိန္အၾကာႀကီး မတ္တတ္ရပ္ၿပီး တန္းစီခဲ့ရတာ ၊ ကြၽန္မေျခေထာက္ေတြ နာတဲ့အထိ အရမ္းကိုၾကာတာပဲ" သူမ သူ႔အားလိမ္လိုက္သည္။ အခ်ိဳပြဲဆိုင္ထဲတြင္ လူအမ်ားႀကီးရွိေသာ္လည္း တန္းစီေနသည့္လူတန္းေတာ့ မရွိေခ်။
နဥ့္က်ီ လိမ္ေျပာရင္း သူ႔အားေခ်ာ့ျမႇဴလိုက္၏ "လုကု ရွင္ဒါကို ႀကိဳက္တယ္ဆိုရင္ ကြၽန္မ ေန႔တိုင္းသြား, မတ္တတ္ရပ္တန္းစီၿပီး ရွင့္အတြက္ ဝယ္ေပးမယ္ေနာ္"
သူမ လုကု၏ေခါင္းထက္ရွိ indicatorအား အေသအခ်ာ စူးစိုက္ၾကည့္ေနေသာ္လည္း ဘာဆိုဘာမွ်မရွိဆဲပင္။
သူ ဒါကို မႀကိဳက္ဘူးလား? ဒါမွမဟုတ္ ကိတ္က မေကာင္းလို႔မ်ားလား?
သူ႔အား ကိတ္မုန႔္ေပးရန္ သူမ,ျဖတ္သန္းခဲ့ရသည့္ ျပႆနာမ်ားအားလုံးအတြက္ သူ မေပ်ာ္ဘူးလားလို႔?
လုကု ေခါင္းယမ္းျပသည္ "မႀကိဳက္ဘူး ၊ မတ္တတ္တန္းမစီရဘူး"
သူ ကိတ္မုန႔္အား မႀကိဳက္ေသာေၾကာင့္ သူမအား မတ္တတ္ရပ္ တန္းမစီေစလိုပါ။
သူမ ႏႈတ္ခမ္းစူထားၿပီး သူ၏ထရန္ႏိုေဆာရပ္စ္အား တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားသည့္ ေကာင္ေလးကို လွမ္းၾကည့္လိုက္သည္ "နာနတ္သီးကိတ္ ဒီကိုလာခဲ့"
ယဲ့ခ်ီေကာင္းသည္ ႏွာေခါင္းတရႈံ႕ရႈံ႕လုပ္လိုက္ၿပီး သူ၏ေျခဖဝါးေသးေသးေလးမ်ားသည္ တစ္ခုေပၚတစ္ခု ထပ္ထားေသာ္ျငား ေ႐ြ႕မလာေပ။
နဥ့္က်ီ ၎မွာ ရယ္စရာေကာင္းေၾကာင္း ေတြ႕ရေလသည္။ ေကာင္ကေလးသည္ ေဒါသရွိေလ၏ "ကိတ္မုန႔္ စားခ်င္လား?"
ယဲ့ခ်ီေကာင္းသည္ လက္ထဲတြင္ ထရန္ႏိုေဆာရပ္စ္ကိုကိုင္ရင္း ေလွ်ာက္လာခဲ့သည္။ သူ၏ကေလးအသံေလးျဖင့္ တည္ၾကည္စြာ ဆိုေလ၏ "ကိတ္မုန႔္စားခ်င္တာ သားမဟုတ္ဘူး ၊ ထရန္ႏိုေဆာရပ္စ္က စားခ်င္တာ"
"မင္းရဲ႕ဝမ္းကြဲကို ျပန္ေတာင္းပန္ရင္ ငါ မင္းကို ကိတ္မုန႔္ေပးမယ္"
နဥ့္က်ီ ေနာက္တစ္ႀကိမ္ လက္ကိုဆန႔္ထုတ္လိုက္ၿပီး သူ၏အသားျပည့္ျပည့္ပါးမ်ားကို ဆြဲလိုက္ျပန္သည္ "ၿပီးရင္ လူေတြကို အ႐ူးတို႔ အအတို႔ ေလွ်ာက္မေခၚပါဘူးလို႔ ကတိေပးရမယ္ မင္းရဲ႕ဝမ္းကြဲကိုပဲျဖစ္ျဖစ္ မင္းရဲ႕အတန္းေဖာ္ကိုပဲျဖစ္ျဖစ္ ၊ ငါရွာေတြ႕လို႔ကေတာ့ မင္းကိုႀကိဳးနဲ႔ခ်ည္ၿပီး ကိတ္မုန႔္ဆယ္လုံးကို မင္းေရွ႕မွာခ်ထားမယ္ အဲ့ဒါဆို မင္း အဲ့ဒါေတြကို ျမင္ပဲျမင္ေနရၿပီး စားႏိုင္မွာမဟုတ္ေတာ့ဘူး"
နဥ့္က်ီမွာ အလြန္ကို နတ္ဆိုးဆန္လွေလသည္ "အိုး ေနာက္ၿပီး မင္းရဲ႕ထရန္ႏိုေဆာရပ္စ္ကိုလည္း လႊတ္ပစ္မယ္"
ယဲ့ခ်ီေကာင္းသည္ သူ၏ထရန္ႏိုေဆာရပ္စ္ကို အလ်င္အျမန္ပင္ ဆုပ္ကိုင္ထားလိုက္သည္ "ဟင့္အင္း ထရန္ႏိုေဆာရပ္ကို လႊတ္ပစ္လို႔မရဘူး"
သူ အနည္းငယ္ႏႈတ္ခမ္းစူလိုက္ၿပီး လုကုအား အသံတိုးတိုးေလးႏွင့္ ေျပာလာသည္ "ေတာင္းပန္ပါတယ္"
နဥ့္က်ီ : "မင္း ေယာက္်ားမဟုတ္ဘူးလား? ဒီေလာက္အသံတိုးတိုးေလးနဲ႔ ေျပာေနတာ ငါမင္းရဲ႕႐ိုးသားမႈကို လုံးဝခံစားလို႔မရဘူးေလ"
ယဲ့ခ်ီေကာင္းမွာ မတရားသလို ခံစားရေတာ့သည္။ ကေလးအသံေလးျဖင့္ပင္ အသံကိုျမႇင့္လိုက္သည္ "သား ေတာင္းပန္ပါတယ္ ၊ ေနာက္တစ္ခါ အအလို႔မေခၚေတာ့ပါဘူး"
နဥ့္က်ီ မထိရေသးသည့္ ကိတ္မုန႔္အား သူ႔ထံကမ္းေပးလိုက္သည္ "ဒီမွာေရာ့"
ေကာင္ေလး၏ နက္ေမွာင္ဝိုင္းစက္သည့္ မ်က္လုံးမ်ားမွာ ေတာက္ပသြားၾက၏။
နဥ့္က်ီ လုကုအနားသို႔ ကိုယ္ကိုကိုင္းကာ သူမ၏ၿပီးေျမာက္ေအာင္ျမင္မႈအတြက္ အသိအမွတ္ျပဳမႈအား လိုခ်င္ေလသည္ "နာနတ္သီးကိတ္က ရွင့္ကိုမေကာင္းတာေတြေျပာလို႔ ကြၽန္မ ရွင့္အတြက္ သူ႔ကို သင္ခန္းစာေပးလိုက္ၿပီေနာ္" သူ၏ႏႈတ္ခမ္းတို႔ အနည္းငယ္ေျခာက္ေသြ႕ေနသည္ကို ျမင္ရေသာအခါ သူမ သူ၏ေဘးရွိေရခြက္အား လက္ထဲသို႔ ထည့္ေပးလိုက္သည္ "အခုကစၿပီး ရွင့္ကိုမေကာင္းေျပာရဲတဲ့သူတိုင္းကို ကြၽန္မ သင္ခန္းစာေပးပစ္မယ္"
သူမ လုကု၏လက္အား ထိလိုက္သည္။ သူ၏လက္ေခ်ာင္းထိပ္မ်ားမွာ ေအးစက္ေန၏။
နဥ့္က်ီ လုကုထံမွ တုံ႔ျပန္ခ်က္မရခင္ ၾကည့္လိုက္သည့္အခ်ိန္၌ ႐ုတ္တရတ္ ကိတ္အား ေပ်ာ္႐ႊင္စြာ စားေသာက္ေနသည့္ ယဲ့ခ်ီေကာင္း၏ေခါင္းထက္တြင္ ေနလုံးေသးေသးေလးတစ္လုံးကို ျမင္လိုက္ရေလ၏။ indicatorမပါဘဲ ေနလုံးေလးတစ္ခုတည္းသာ။
အလြန္ေသးငယ္ၿပီး လုကု၏ေနလုံးေလာက္ မေတာက္ပေပ။
ဘာေတြျဖစ္ေနတာတုန္း?
အံ့ဩစြာျဖင့္ပင္ သူမ overlordအား ေမးလိုက္ေတာ့သည္ "နာနတ္သီးကိတ္ရဲ႕ ေခါင္းေပၚမွာ ေနလုံးေလးရွိေနတာကို ငါက ဘယ္လိုလုပ္ျမင္ေနရတာလဲ?"
Overlord : [လုကုနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈကေနတစ္ဆင့္ တျခားသူေတြ ေပ်ာ္ေနတဲ့အခ်ိန္မွာ သူတို႔ရဲ႕ေနလုံးေလးေတြကို Hostျမင္ရႏိုင္ပါတယ္]
နဥ့္က်ီ အံ့ဩသြားရသည္ "ငါ လုကုကိုထိလိုက္တာနဲ႔ တျခားသူေတြရဲ႕ စိတ္အေျခအေနေတြကို ျမင္ႏိုင္မယ္ေပါ့? လုကုရဲ႕စိတ္အေျခအေနကို ျမင္ႏိုင္သလိုမ်ိဳးလား?"
Oveelord : [ေနလုံးေလးေတြက လူတိုင္းမွာ ရွိၾကမွာမဟုတ္ပါဘူး ၊ ကံၾကမၼာအေပၚမွာ မူတည္ပါတယ္]
ေပ်ာ္႐ႊင္စြာစားေနသည့္ ေကာင္ေလးအားၾကည့္ရင္း နဥ့္က်ီတြင္လည္း ေပ်ာ္႐ႊင္ေနသည့္အၾကည့္တစ္ခု ျဖစ္ေပၚလာ၏။ နာနတ္သီးကိတ္အား ေခ်ာ့ရသည္မွာ လုကုထက္ ပိုမိုလြယ္ကူေလသည္။
သူမ Overlordအား ေမးၾကည့္လိုက္သည္ "ငါ နာနတ္သီးကိတ္ကို ေခ်ာ့ျမႇဴႏိုင္မယ္ဆိုရင္ ေနလုံးေလးေတြ အကန႔္အသတ္မရွိ လိုသေလာက္ရႏိုင္ၿပီလို႔ ဆိုလိုတာလား?"
နဥ့္က်ီ၏ေျပာင္ေျမာက္လွေသာ အႀကံအစည္မွာ Overlordထံမွ ေႏွာင့္ယွက္ခံလိုက္ရေလသည္ [Host, လုကုကလြဲၿပီးေတာ့ အျခားသူေတြအားလုံးမွာ ေနလုံးေလးတစ္ခုပဲ ရွိၾကပါတယ္]
နဥ့္က်ီ သက္ျပင္းခ်လိုက္၏။ လုံေလာက္ၿပီ လုကုသည္သာ အေကာင္းဆုံးကိရိယာပင္။
"အရသာရွိလား?" နဥ့္က်ီ ယဲ့ခ်ီေကာင္း၏ေခါင္းအား ႏူးညံ့စြာ ပြတ္ေပးလိုက္သည္။
ယဲ့ခ်ီေကာင္းသည္ လိမၼာ႐ိုက်ိဳးစြာ ေခါင္းၿငိမ့္ေလသည္ "အင္း။ ထရန္ႏိုေဆာရပ္စ္ကလည္း အရသာရွိတယ္တဲ့"
သူမ၏ေခါင္းထဲတြင္ ယခုရွိေနသည့္ ေနလုံးေလးအားၾကည့္ရင္း နဥ့္က်ီ၏ အၿပဳံးတို႔မွာ ပိုမိုသိမ္ေမြ႕လာေလသည္။ လုကု၏ေနလုံးေလာက္ မေတာက္ပေသာ္လည္း သူမ၏ေရာင္ဝါ ၁%အား ျပန္ေပးႏိုင္ဆဲပါပင္။
ထိုညေနခင္းတြင္ စုန႔္ေရာ့ႏွင့္ယဲ့ခ်ီေကာင္းတို႔သည္ ညစာစားရန္ လုအိမ္ေတာ္တြင္ ေနခဲ့ၾကသည္။
နဥ့္က်ီသည္ လုကုအား ထမင္းစားခန္းထဲသို႔ အေဖာ္ျပဳလာလ်က္ သူ၏ခါတိုင္းထိုင္ေနက်ေနရာတြင္ သူထိုင္ၿပီးေနာက္ သူမသည္ သူ၏ေဘးတြင္သာ ထိုင္ခ်လိုက္သည္။
ညစာစားခ်ိန္တြင္ စုန႔္ေရာ့သည္ နဥ့္က်ီ၏စားေသာက္ပုံအား ၾကည့္ရႈေလ့လာေန၏။ နဥ့္က်ီ၏ ျပဳမူပုံႏွင့္ ကိုယ္အမူအယာတို႔မွာ အခ်ိန္အၾကာႀကီး ေလ့က်င့္ထားသကဲ့သို႔ပင္ စင္းလုံးေခ်ာလွ၏။
သူမသည္ သူမ၏မိဘမ်ားမကြယ္လြန္ခင္က ခ်မ္းသာသည့္မိသားစုမွ လာျခင္းမ်ားလား?
သဘာဝတက်ပင္ နဥ့္က်ီသည္ သူမ,ေလ့လာျခင္းခံေနရသည္ကို သတိျပဳမိေလသည္။ ယင္းမွာ သူမအတြက္ အေႏွာင့္အယွက္မျဖစ္ေပ။ အမွန္မွာ သူမသည္ အားပါးတရစားေနျခင္းသာ။ သူမ ေရာင္ဝါအတြက္ ေနလုံးေလးမ်ားကို ေနာက္မွလဲလွယ္ရန္ စီစဥ္ထားသည္။
က်ယ္ေလာင္လွသည့္ "ဘန္း!"ဆိုေသာ အသံတစ္ခုႏွင့္အတူ ပန္းကန္လုံးသည္ ျပဳတ္က်သြားၿပီး ၾကမ္းျပင္ေပၚတြင္ ခ်က္ခ်င္းအပိုင္းပိုင္းကြဲသြားကာ ထမင္းမ်ားမွာလည္း ေနရာအႏွံ႔ျပန႔္က်ဲကုန္၏။
နဥ့္က်ီ အလ်င္အျမန္ပင္ လုကုအားၾကည့္လိုက္သည္။
သူ၏ႏႈတ္ခမ္းမ်ားသည္ တင္းတင္းေစ့ပိတ္ထားၾကၿပီး ေခါင္းကိုငုံ႔ထားကာ ထမင္းစားပြဲအား ေခါင္းျဖင့္တိုက္ေနေလ၏။
"ေရွာင္ကု" အေမလု၏မ်က္ႏွာမွာ ျဖဴေဖ်ာ့သြားေတာ့သည္။
#This is not my own story