"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 9
For unicode
'ရှောင်းပိုင်တိုက်ခန်းမှာမင်းလိုက်နေလိုက်'ဆိုတဲ့အမိန့်နဲ့အတူရှောင်းကျန့်လည်းရှောင်းပိုင်နဲ့အတူရှောင်းပိုင်ရဲ့ကွန်ဒိုခန်းဆီအတူလိုက်ပါလာရသည်။ ရှောင်းပိုင်ကကျောင်းနဲ့နီးရင်စာလုပ်ရအဆင်ပြေတယ်လို့ခဏလေးပူဆာလိုက်ရရုံနဲ့ရှောင်းသခင်ကြီးကရှောင်းပိုင်ကိုတိုက်ခန်းမှာနေဖို့စိတ်ချလက်ချလွှတ်လိုက်လေသည်။
ဒါပေမယ့်ရှောင်းသခင်ကြီးကရှောင်းပိုင်ထက်လည်သည်။ ရှောင်းကျန့်ကိုပါသူနဲ့တစ်ခါတည်းထည့်ပေးလိုက်ပြီးအငယ်ဆုံးသားရဲ့သတင်းအားလုံးကိုအစီရင်ခံစေသည်။ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်လမ်းမှားရောက်မှာစိုးလို့အကြီးကိုစောင့်ရှောက်ဖို့ထည့်ပေးလိုက်တယ်မထင်ပါလေနဲ့။ ရှောင်းပိုင်စားဖို့သောက်ဖို့အဆင်ပြေဖို့၊ ရှောင်းပိုင်ဝေရာဝိစ္စလုပ်ဖို့၊ရှောင်းပိုင်အကြောင်းအစီရင်ခံဖို့ထည့်ပေးလိုက်ခြင်းပင်။
ရှောင်းကျန့်ကလည်းသူ့ညီနဲ့အတူပျော်ပျော်ကြီးလိုက်ချလာခဲ့တယ်။ ရှောင်းအိမ်တော်မှာသူမမြင်ချင်တဲ့သူ့မိထွေးနဲ့သူ့ကိုအရေးမလုပ်တဲ့ဖခင်နဲ့နေရတာထက်စာရင်ရှောင်းပိုင်နဲ့နေပြီးစာလုပ်ရတာကအဆင်ပြေဦးမယ်။ ရှောင်းပိုင်တက္ကသိုလ်ပထမနှစ်မှာရှောင်းကျန့်ကဆေးတက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေခဲ့ပြီ။
ရှောင်းမားကစောစောစီးစီးဆုံးသွားခဲ့ပေမယ့်ရှောင်းကျန့်ကအကောင်းမြင်တတ်တဲ့စိတ်ထားနဲ့ကြီးပြင်းလာခဲ့တယ်။ ရှောင်းကျန့်ကရှောင်းအိမ်တော်မှာ သူ့ကိုယ်သူစိတ်ချမ်းသာအောင်နေဖို့အကောင်းဆုံးကြိုးစားခဲ့တယ်။ သူအိမ်ကမနက်အစောကြီးထပြီးကိုယ့်ဘာကိုယ်မနက်စာပြင်ပြီးစားတယ်၊ပြီးရင်အိမ်ကထွက်ပြီးစာကြည့်တိုက်မှာအချိန်ပိုင်းအလုပ်လုပ်တယ်။ စာကြည့်တိုက်ဆိုရင်သူလည်းပိုက်ဆံရတယ်၊စာလည်းအေးဆေးလုပ်နိုင်သေးတယ်။
စာကြည့်တိုက်ကရတဲ့လစာကသိပ်မများပေမယ့်သူလိုအပ်တဲ့စာအုပ်တွေတော့ဝယ်နိုင်ပါသေးတယ်။ ဆေးစာအုပ်တွေကဈေးကြီးတော့တစ်လတစ်လဝင်လာတဲ့သူ့မုန့်ဖိုးနဲ့တောင်သိပ်မလောက်ချင်ပါ။ ရှောင်းကျန့်ကလက်ဖြန့်တောင်းရမှာပျင်းလို့အတန်းချိန်ပြီးသွားရင် guideတောင်ခဏဝင်လုပ်လိုက်ပါသေးတယ်။
ကျန်တဲ့အချိန်တွေကိုလည်းစာကြည့်ရင်း၊စာဖတ်ရင်းသူ့ဘဝသူအကောင်းဆုံးရပ်တည်နိုင်ဖို့သူကြိုးစားခဲ့တယ်။ သူဟာမိသားစုမှာအပိုလူမို့လို့မိသားစုဆုံကြတိုင်းသူအလုပ်ရှုပ်ချင်ယောင်ဆောင်တတ်ခဲ့တယ်။ ရှောင်းသခင်ကြီးတို့ရှောင်းပိုင်ကိုအလိုလိုက်အကြိုက်ဆောင်တိုင်းသူမနာလိုအားကျရတယ်။ ဘာလို့သူ့ရပ်ဝန်းမှာမှနွေးထွေးမှုတွေပျောက်ဆုံးနေရတာလဲလို့ပေါ့..
ဒါပေမယ့်ရှောင်းကျန့်ဟာငေးကြည့်နေရုံနဲ့တင်သူ့ရင်ကိုပျော်ရွှင်ချမ်းမြေ့စေတဲ့ကောင်လေးကိုမကြာခင်ဘဲရှာတွေ့ခဲ့ပါတယ်။ အဲ့နေ့ကရှောင်းပိုင်နဲ့အတူသူတို့နှစ်ယောက်တိုက်ခန်းကိုပြောင်းကြတယ်...။
ရှောင်းပိုင်ကတက်စီပေါ်ကဆင်းပြီးတာနဲ့လွတ်လပ်မှုရသွားတဲ့အလားကောင်းကင်ကိုမော့ပြီးကြည်ကြည်နူးနူးရယ်လိုက်၏။
"နောက်ဆုံးတော့ဒီနေ့ရောက်ခဲ့ပြီ
ပါးကိုပြောရခက်မယ်လို့ထင်ထားတာ
မားထက်တောင်ပြောရလွယ်သေးတယ်
နော်..ကော"
"မင်းကပါးရဲ့အချစ်ဆုံးသားဘဲလေ"
"တစ်ခါတစ်လေအချစ်ခံရတာလည်းပင်ပန်းတယ်
ဟိုမသွားရ၊ဒီဟာမလုပ်ရနဲ့
ပါးတို့ကသိပ်ရှုပ်ချယ်တာဘဲ"
"ငါတို့ကပုံမှန်ယောက်ျားလေးတွေမှမဟုတ်တာ
ငါတို့ခန္ဓာကိုယ်ကသူတို့နဲ့မတူဘူးလေ"
"ကျွန်တော်တော့လွတ်လွတ်လပ်လပ်နေချင်တယ်
ကောလည်းနေချင်သလိုနေ
ကျွန်တော့်ကိုအစ်ကိုကြီးတစ်ယောက်လိုတော့လာမလုပ်နဲ့နော်
ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်!"
"ငါသိပါတယ်"
ရှောင်းပိုင်ကကိုယ့်လက်ကေ့ခ်ျကိုယ်ဆွဲကာရှေ့ကအဆောက်အဦးဆီကိုဝင်သွားခဲ့သည်။ အဆောက်အဦးကနည်းနည်းဟောင်းနေပြီဆိုပေမယ့်Bမြို့တော်မှာ၊ဒီလိုကျောင်းနဲ့နီးတဲ့နေရာမှာဆိုရင်ဌားရမ်းခကိုအထင်သေးလို့မရပေ။ ရှောင်းကျန့်ကသူ့လက်ကေ့ခ်ျနဲ့စာအုပ်ထုတ်ကြီးကိုကြည့်ကာအသက်ပြင်းချလိုက်၏။ ပြီးမှတစ်ခုစီကိုလက်တစ်ဖက်ကဆွဲပြီးဓာတ်လှေကားဆီသို့တရွတ်တိုက်ဆွဲလာခဲ့၏။
၆နှစ်စာစာအုပ်ထုတ်ကြီးကနည်းတာကြီးမဟုတ်ဘူး။ နောက်ဆုံးနှစ်စာကျက်ဖို့လိုလို့လည်းပစ်ထားလို့မရပြန်ဘူး။ ရှောင်းကျန့်ကနားလိုက်ပြန်ဆွဲလာလိုက်နဲ့နောက်ဆုံးဓာတ်လှေကားဆီကိုရောက်လာခဲ့၏။ ရှောင်းကျန့်ကအပေါ်တက်မယ့်ခလုတ်ကိုနှိပ်ပြီးလေးလွှာကိုနှိပ်လိုက်၏။
"ခဏ ခဏ!"
ကောင်လေးတစ်ယောက်ပြေးလာတာကြောင့်ရှောင်းကျန့်ကခဏရပ်ပြီးစောင့်ပေးလိုက်၏။ ထိုကောင်လေးကဓာတ်လှေကားထဲကိုအမြန်ပြေးဝင်လာပြီးသူ့ဘက်ခဏဝေ့ကြည့်၏။
"ဘယ်အထပ်သွားမှာလဲ"
ရှောင်းကျန့်ကချောမောတဲ့ကောင်လေးကြောင့်အပြုံးလေးနဲ့မေးလိုက်၏။ ထိုကောင်လေးကဦးထုတ်အနက်ကိုခပ်ငိုက်ငိုပ်ဆောင်းထားပြီးအနက်ရောင်ကွက်စိပ်ရှပ်လက်ရှည်ကိုဝတ်ထား၏။ တစ်ကိုယ်လုံးကပုံမှန်ကောင်လေးတွေဝတ်သလိုမျိုးဝတ်ထားသော်လည်းထိုကောင်လေးကတော့တမူထူးခြားနေပြီးထူးထူးခြားခြားသူနဲ့ပိုလိုက်ဖက်သလိုခံစားရတယ်။ နှာခမ်းထူထူရဲရဲတွေကသူစိုက်ကြည့်နေတာသိတော့ပိုပြီးတင်းစေ့သွားခဲ့၏။
"ဟင် လို့"
"....."
"ဘယ်အခန်းကလဲဟင် ကိုယ်က၁၀၅ကပါ
ကိုယ့်နာမည်က..."
"ကျစ်..ခင်များဘာဖြစ်ချင်နေတာလဲ
ဘာလို့တွေ့သမျှလူကိုလာပတ်သတ်နေတာလဲ"
"ကိုယ် ကိုယ်က..."
ရှောင်းကျန့်ကိုယ်သဘောကျမိသွားတဲ့လူဆီကဟောက်ခံလိုက်ရတော့ဘာပြောရမှန်းမသိတော့ဘဲမျက်ရည်ဝဲလာခဲ့၏။ ပြီးတော့ကိုယ့်ထက်လည်းအများကြီးငယ်ဦးမယ်ပုံဘဲ..။ ဓာတ်လှေကားကမြန်မြန်ဘဲသူလိုရာအထပ်ဆီကိုပို့ဆောင်ပေးတယ်..။ ရှောင်းကျန့်နဲ့ထိုကောင်လေးလည်းမတွေ့တာတစ်ပတ်ကြာသွားခဲ့တယ်။
ဒီအတောအတွင်းမှာသူ့မှာ Assignment တွေတင်ရ၊ thesis ပြုစုရနဲ့ researchတွေလည်းလုပ်ကသေးတယ်။ တကယ်အလုပ်မအားဘဲtestတွေဖြေဖို့လည်းစာကြိုးစားနေရတယ်။ ယားလို့တောင်မကုတ်အားတဲ့အချိန်ဟာဒီနောက်ဆုံးနှစ်ပါဘဲ။ ရှောင်းကျန့်ကကော်ဖီတစ်ခွက်ဖျော်ရင်းရှောင်းပိုင်ကိုပေးလိုက်၏။
"ကော ကျွန်တော်ဒီနေ့ပြန်မအိပ်ဘူးနော်"
"ရှောင်းပိုင်! မင်းကျောင်းနောက်ကျတာကလပ်တက်တာ ပါတီပွဲတွေသွားနေတာကောဘာမှမပြောခဲ့ဘူးနော်
ဒါပေမယ့်အပြင်မှာတော့ညအိပ်လို့မရဘူး"
"ကောကဗျာ အဖိုးကြီးလိုဘဲ
ဒီနေ့ကျွန်တော်တို့မေဂျာက basketballဆော့တာနိုင်လို့အပြင်မှာသွားသောက်ကြမှာ
မိန်းကလေးတွေရော၊ယောက်ျားလေးတွေရော၊ဆရာတွေရောပါတယ်"
"ဒါပေမယ့်အပြင်မှာညအိပ်လို့မရဘူး"
"သဘောဗျာ"
ရှောင်းကျန့်ကညသန်းခေါင်ယံကျော်တဲ့အထိစာကြည့်မျက်မှန်တစ်လက်နဲ့စာတစ်ကုတ်ကုတ်လုပ်နေတယ်။ ဘေးနားမှာဒုတိယံပ္ပိဖျော်ထားတဲ့ကော်ဖီကလည်းဖင်ကပ်ရုံလောက်ဘဲကျန်တော့တယ်။ ရှောင်းကျန့်ကလည်ပင်းကိုတစ်ချက်ချိုးလိုက်ပြီးအကျောတွေပါဆန့်ပစ်လိုက်၏။ ကဖင်းဓာတ်ကလူကိုနည်းနည်းတော့လန်းဆန်းစေသားဘဲ။
တင်း..တောင်
ရှောင်းကျန့်ကတံခါးbellသံကြောင့်ရှောင်းပိုင်ပြန်လာပြီမှန်းသိလိုက်၏။ သူတံခါးဖွင့်ပေးလိုက်တော့လူမှန်းသူမှန်းမသိအောင်မူးနေတဲ့သူ့ညီကိုအရင်နေ့ကတွေ့ခဲ့တဲ့ကောင်လေးကတွဲပြီးရပ်နေ၏။ သူ့ကိုတွေ့တော့ထိုကောင်လေးကအံ့ဩသွားပုံမရဘဲမျက်လုံးတော့နည်းနည်းစူးရဲသွားတယ်။ သူကအိမ်နေရင်းညဝတ်အကျီခပ်ပါးပါးကိုဘောင်းဘီတိုလေးနဲ့ဝတ်ဆင်ထားတာကြောင့်ကိုယ့်ဘာကိုယ်လည်းရှက်မိသွားပြီးပေါင်ကိုစိထားလိုက်မိတယ်..။
"အိမ်..အိမ်ထဲဝင်လာခဲ့လေ"
ကောင်လေးကရှောင်းပိုင်တို့နဲ့တစ်မေဂျာတည်းထင်တယ်။ ဒါဆိုသူ့ထက်၆နှစ်လောက်ငယ်တာပေါ့။ အများကြီးကွာတာဘဲ။ သူ့လိုအသက်ကြီးကြီးလူတစ်ယောက်ကိုပြန်ကြိုက်နိုင်ပါ့မလား။ ရှောင်းကျန့်ကအရင်တည်းကသူ့ထက်ငယ်တဲ့သူကိုဘဲယူမယ်လို့တွေးထားခဲ့တာ။ ပြီးရင်ငယ်တဲ့သူကိုသူကလွှမ်းမိုးထိန်းချုပ်ထားမယ်။ သူ့ဆီကမေတ္တာတွေနဲ့အကြီးတစ်ယောက်ရဲ့ပြုစုယုယမှုနဲ့သူ့တို့မိသားစုကိုပျော်ရွှင်အောင်ထားမယ်လို့လည်းစိတ်ကူးယဉ်ထားသေးတယ်။
ထိုကောင်လေးကိုမြင်လိုက်တည်းကသူ့နှလုံးသားကသူလိုချင်တာကိုတောင်းတနေခဲ့ပြီးပြီ။ အသက်ရွယ်နဲ့မလိုက်တဲ့ပခုံးကျယ်ကျယ်၊ရင်အုပ်ကျယ်ကျယ်ကလည်းသူ့ကိုနွေးထွေးမှုတွေအပြည့်ပေးနိုင်လိမ့်မယ်။ ရှောင်းကျန့်ကထိုကောင်လေးရှေ့ရောက်ရင်ဘာလို့မှန်းမသိရှက်ရွံပြီးပါးတွေပါထူပူနေမိတယ်။ သူတို့အကြည့်ချင်းဆုံမိရင်ပြုံးပြအားကြီးလို့သူ့ဆီကိုထိုကောင်လေးကအကြည့်တွေစွန့်ကျဲမလာတော့..။
"ရှောင်းပိုင်အခန်းကဒီဘက်မှာ.."
"သိပြီ"
"သူ သူရောအရက်သောက်လာလားဟင်"
"နည်းနည်း.."
"ညစာရောစားပြီးခဲ့ပြီလား"
"ကျစ်!.."
ထိုကောင်လေးကစိတ်မရှည်သလိုစုတ်သပ်လိုက်တာကြောင့်ရှောင်းကျန့်ထပ်ပြီးစကားမဟရဲတော့။
"အိမ်သာဘယ်မှာလဲ!"
"ဒီဘက်မှာ.."
ထိုကောင်လေးကရှောင်းပိုင်ကိုပြစ်ချပြီးတာနဲ့အိမ်သာဘက်အမြန်ပြေးသွားခဲ့တယ်။ ရှူးပေါက်ချင်လွန်းလို့မထိန်းနိုင်တော့ဘူးထင်တယ်..။ ရှောင်းကျန့်ကထိုကောင်လေးဆီကလျစ်လျူရှုခံထားရသော်လည်းအပြုံးမပျက်ဘဲစေတနာပိုစွာ အစာအိမ်ဆေးနည်းနည်းပါထုတ်ထားလိုက်တယ်။
အချိန်နည်းနည်းကြာသွားတော့ထိုကောင်လေးကအိမ်သာထဲကပြန်ထွက်လာတယ်။
"ကိုယ်မင်းအတွက်ဆေးနည်းနည်းပြင်ထားတယ်"
"ကျေးဇူး!"
ထိုကောင်လေးကသူ့လက်ထဲကဆေးကိုယူပြီးတာနဲ့ချက်ချင်းပြန်သွားမလိုပြင်၏။
"ပြန်တော့မှာလား"
ထိုအစားပြန်ဖြေသံမလာဘဲအကြည့်တစ်ချက်လာရောက်လာခဲ့သည်။ ရှောင်းကျန့်ကလက်ကာပြရင်းတံခါးနားထိလိုက်ပို့ပေးတယ်။ ဘယ်အခန်းဝင်သွားလဲသိချင်စိတ်နဲ့အပြင်ပါထွက်မိသွား၏။
"ခင်များဘာဖြစ်ချင်နေတာလဲ"
"ကိုယ်..ကိုယ်ကမင်းကိုလိုက်ပို့ချင်လို့"
"ဒီအဝတ်အစားနဲ့! အရှက်မရှိဘူး
အရပ်ကသာရှည်ပြီးဝတ်ထားတာကအတိုလေး
လိုက်ဖက်မှုမရှိဘူး"
နာမည်တောင်မသိတဲ့သူကသူ့ကိုပျစ်ပျစ်နှစ်နှစ်ဝေဖန်သွားတာကြောင့်ရှောင်းကျန့်ကကြောင်တောင်တောင်လေးဖြစ်ကျန်ခဲ့တယ်။ ပြီးမှမျက်မှန်လေးကိုတစ်ချက်ပင့်လိုက်ပြီး ကဖင်းဓာတ်ကြောင့်ပိုပြီးခုန်နေတဲ့နေရာကိုလက်နဲ့အသာဖိထားလိုက်မိ၏။ အနက်ရောင်နဲ့ခပ်မိုက်မိုက်ကောင်လေးကသူ့ကိုထပ်ပြီးပြုစားသွားပြန်ပြီ။
မနက်မိုးလင်းတော့ရှောင်းကျန့်ကရှောင်းပိုင်အတွက်ပဲပင်ပေါက်ဟင်းရည်တစ်ခွက်ချက်ပေးပြီးထိုကောင်လေးအကြောင်းအတင်းမေးတော့၏။
"ရှောင်းပိုင် သူ့ကဘယ်သူလဲဟင်
မနေ့ကမင်းကိုလိုက်ပို့တဲ့တစ်ယောက်လေ"
"ဘာလို့သိချင်ရတာလဲ"
"ငါ ငါသူ့ကိုသဘောကျတယ်
ငါ့ကိုသူနဲ့အောင်သွယ်ပေးပါလား"
ရှောင်းကျန့်ကပွင့်ပွင့်လင်းလင်းဘဲပြောလိုက်၏။ သူ့ညီကိုမကွယ်ဝှက်ချင်တော့။ သူ့ညီကသာသူနဲ့အဲ့ကောင်လေးရင်းနှီးအောင်ကူညီပေးနိုင်မှာ..။ ဒါပေမယ့်အောင်သွယ်တော်နဲ့ကြိုက်သွားတတ်တဲ့ဇာတ်လမ်းတွေကိုရှောင်းကျန့်ကြိုမတွေးမိခဲ့ချေ။ သူ့စိတ်ထဲမှာထိုကောင်လေးကသူ့ညီရဲ့type မဟုတ်တာကိုတော့သေချာသိတယ်။
ရှောင်းပိုင်ကတကယ်အလေးအနက်ဖြစ်နေပုံရတဲ့ရှောင်းကျန့်ကိုဟင်းရည်သောက်ရင်းစူးစိုက်ကြည့်၏။
"အဲ့ကောင်ကငမွဲနော်
ကျောင်းကိုတောင်စက်ဘီးနဲ့ဘဲလာနိုင်တာ
သူ့မိဘတွေကလည်းတတ်နိုင်တဲ့ပုံမပေါ်ဘူး
ဒီမှာနေဖို့တောင်ဟိုကပိုင်ဆိုင်မှုတွေရောင်းပြီးလာနေတာတဲ့"
"သူကအဲ့လိုပုံမပေါ်ပါဘူး"
"လူ့အသွင်အပြင်နဲ့ခန့်မှန်းလို့ရတာမှမဟုတ်တာ"
"ကိုယ်သူ့ကိုတကယ်စိတ်ဝင်စားတယ်ရှောင်းပိုင်ရာ
သူနဲ့သာအောင်သွယ်ပေးစမ်းပါ"
"ရိပေါ် ဝမ်ရိပေါ်
သူ့နာမည်"
"ဝမ်ရိပေါ်တဲ့လား သူနဲ့လိုက်တယ်
ပြီးတော့ရော"
"အသက်က၁၇နှစ် သူကနည်းနည်းလျှို့ဝှက်လို့သူ့အကြောင်းသိပ်မသိဘူး
မနေ့ညကလည်းအခန်းချင်းနီးလို့ကျွန်တော့်ကိုလာပို့တာဖြစ်မယ်"
"သူကလူကောင်းလေးမို့လို့ပေါ့"
ရှောင်းကျန့်ကထရပ်လိုက်ရင်းအပိုချက်ထားတဲ့ပဲပင်ပေါက်ဟင်းရည်နဲ့ဝက်သားနှပ်ကိုဘူးလေးနဲ့သေချာထည့်ရင်းဆူရှီလေးပါထည့်ပြင်လိုက်၏။ သူလည်းမနေ့ညကဘီယာသောက်လာလို့ခေါင်းမူးနေလောက်မှာ။ မနက်စာလည်းသေချာပြင်စားပါ့မလား...
"ရှောင်းပိုင် သူ့ကိုပေးပေးစမ်းပါ!
ငါလုပ်တာလို့ပြောပေးနော်"
"ရှုပ်ရှုပ်ရှက်ရှက်!"
"မင်းကလည်း..မင်းငါ့ကိုကူညီပေးရင်ငါမင်းခိုင်းတာဘာဘဲဖြစ်ဖြစ်လုပ်ပါ့မယ်ကွာ နော်!"
"မှတ်ထားနော် ကော"
"ငါ့အကြောင်းပိုပိုသာသာလေးပြောပေးနော်
ငါ့ကဒီနှစ်ပြီးရင်ဆရာဝန်ဖြစ်တော့မယ့်အကြောင်းလည်းထည့်ပြောနော်"
"ပြီးရော ပြီးရော"
ရှောင်းကျန့်ဟာအဲ့လိုတုံးအခဲ့ပါတယ်။မူမမှန်တာကိုရိပ်မိတဲ့အချိန်မှာတော့အကုန်လွန်ကုန်ခဲ့ပြီ။ ကိုယ့်ညီ့ကကိုယ့်ကိုသစ္စာဖောက်ပြီးကိုယ့်ချစ်နေတဲ့သူနဲ့ကြိုက်သွားခဲ့တယ်။ သူဟောက်စ်ဆင်းတဲ့အချိန်မှာဝမ်ရိပေါ်ကလည်းနယ်နယ်ရရလူတစ်ယောက်မဟုတ်မှန်းသိလိုက်ရတယ်။ ဒါပေမယ့်သူ့အကောင်းဆုံးကြိုးစားခဲ့ရက်နဲ့ဘာလို့သူတို့တွေဝေးဝေးလာခဲ့ရတာလဲ..။ ဘာလို့ဝမ်ရိပေါ်သူ့ကိုကြည့်တဲ့အကြည့်တွေတဖြည်းဖြည်းအေးစက်လာခဲ့ရတာလဲ။
(21.7.22)
.......................
Part- 9
For zawgyi
နော်..ကော"
ကောလည်းနေချင်သလိုနေ
"ငါသိပါတယ်"
"ခဏ ခဏ!"
"ဘယ်အထပ်သွားမှာလဲ"
"ဟင် လို့"
"....."
ကိုယ့်နာမည်က..."
"ကိုယ် ကိုယ်က..."
"သဘောဗျာ"
တင်း..တောင်
"သိပြီ"
"နည်းနည်း.."
"ကျစ်!.."
"အိမ်သာဘယ်မှာလဲ!"
"ဒီဘက်မှာ.."
"ကျေးဇူး!"
"ပြန်တော့မှာလား"
လိုက်ဖက်မှုမရှိဘူး"
"ဘာလို့သိချင်ရတာလဲ"
"ငါ ငါသူ့ကိုသဘောကျတယ်
"အဲ့ကောင်ကငမွဲနော်
"ရိပေါ် ဝမ်ရိပေါ်
သူ့နာမည်"
ပြီးတော့ရော"
"ရှုပ်ရှုပ်ရှက်ရှက်!"
"မှတ်ထားနော် ကော"
"ပြီးရော ပြီးရော"
(21.7.22)
.......................