Special part- 2 (Unicode)

26.3K 1.3K 112
                                    

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Special part- 2

For unicode

(၂)

ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကသူတို့နှစ်ယောက်ရဲ့ဒုတိယကလေးကိုကလေးတွန်းလှည်းပေါ်မှာထည့်ပြီးဥယာဉ်ထဲမှာလမ်းလျှောက်ထွက်နေခဲ့ကြသည်..။ ဝမ်ရိပေါ်ကကလေးတွန်းလှည်းကိုတွန်းပြီးရှောင်းကျန့်ကဟက်စကီးကောင်ရဲ့လည်ပတ်ကြိုးကိုဆွဲပြီးဝမ်ဝမ်လက်ကိုဆွဲလာခဲ့သည်။

လုံခြုံရေးတင်းကျပ်တဲ့အိမ်ရာကွင်းဖြစ်လို့ဒီဥယာဉ်ထဲမှာရှိနေတဲ့လူတွေအားလုံးကဒီအိမ်ရာကွင်းထဲကအဆင့်တန်းမြင့်မားတဲ့သူတွေချည်းပင်။ ရှောင်းကျန့်ကပါလာတဲ့အိတ်ထဲကအခင်းကိုချခင်းလိုက်ပြီးအသီးတွေ၊ဖျော်ရည်ဘူးတွေကိုပါနေရာတကျစီထားလိုက်၏။

"ဝုတ် ဝုတ်"

"ဒက်ဒီ တန်တန်ကိုဝမ့်ကိုပေး
ဝမ်သွားကစားတော့မယ်"

ဝမ်ဝမ်ကရိပေါ်လက်ထဲကခွေးကိုယူပြီးလည်ပတ်ကိုဖြုတ်လိုက်၏။ ပြီးတော့ပန်းသီးတစ်လုံးကိုကောက်ကိုင်ပြီးကစားဖို့ထွက်သွားကြတယ်။ ကလေးတွန်းလှည်းထဲကရှောင်းရှောင်းလေးကသူ့အစ်ကိုနဲ့ခွေးတို့အတူထွက်သွားကြတော့မယ်ဆိုတာသိသွားတော့ပါးစပ်ထဲကချိုလိမ်ကိုလျှာလေးနဲ့တွန်းထုတ်ပြီးအော်ငိုတယ်..

"ဝါး..."

"ရိပေါ် မင်းသားကိုထိန်းထားဦး"

"ဝမ်ဝမ် မင်းပြန်လာခဲ့!"

"လာဘူး"

ဝမ်ရိပေါ်ကရှောင်းရှောင်းလေးကိုကောက်ချီလိုက်ပြီးဝမ်ဝမ်ကိုအော်ခေါ်လိုက်တယ်။ ဝမ်ဝမ်ကပြန်မလာတဲ့အပြင်ခွေးကောင်နဲ့ကလေးတစ်အုပ်စုဆီပြေးသွားခဲ့တယ်။ ဝမ်ဝမ်တို့ကိုမျက်စိရှေ့မှာမမြင်ရတော့ရှောင်းရှောင်းလေးကအောက်နှာခမ်းလေးပိုစူလာပြီးအာပြဲအောင်အထိအော်ငိုတယ်။

"တိတ်ပါကွာ တိတ် တိတ်
ကိုကိုမရှိတော့ဘာဖြစ်လဲ ဒက်ဒီနဲ့ကစားမယ် ဟုတ်ပြီလား"

"ဟင့် ဟင့်"

"ပါးပါး ရှောင်းရှောင်းလေးအတွက်နို့ဘူးရပြီလား ရှောင်းရှောင်းလေးနို့ဆာနေပြီ မြန်မြန်လုပ်ပေးပါ ပါးပါးလို့ခေါ်‌လိုက် ရှောင်းရှောင်း"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now