Part- 10

21.5K 1.5K 139
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 10

For unicode

"အဲ့ဒါဘယ်သူပြန်လိုက်ပို့တာလဲ"

ဝမ်ရိပေါ်မျက်နှာကမှုန်ကုတ်ကုတ်။ အလိုမကျဖြစ်နေမှန်းသိသာလှစွာမျက်ခုံးကတွန့်ချိုးနေသည်။

"ကိုယ့်စီနီယာပါ..
ကိုယ်‌နည်းနည်းသောက်လာလို့!"

ရှောင်းကျန့်ကမျက်ရိုးကိုလက်နဲ့ဖိပြီးပြန်ဖြေသည်။ အရက်ဒဏ်ကိုသူလုံးဝမခံနိုင်ဘူး။ ပါမောက္ခရဲ့ birthday party မှာငြင်းလို့လည်းမကောင်းတာကြောင့်နည်းနည်းပါးပါးသောက်လာရသည်။ အရင်သူငယ်ချင်းတွေနဲ့လည်းပြန်ဆုံကြတာကြောင့်၄၊၅ခွက်လောက်တော့ဝင်သွားခဲ့တယ်ထင်တယ်။

"အသားယူခံလာရသေးလား"

"ဟင်!"

"ခင်များကိုဘယ်သူအသားယူလိုက်‌သေးလဲ"

"ကိုယ်ကကလေးတစ်ယောက်အဖေမှန်းအကုန်သူသိတယ်"

"ဘယ်ပြောတတ်မလဲ
ခင်များကဘာမှမှတ်မိမှာမဟုတ်တာ"

"ဟင် ဘာကို!"

"ကျစ်! ဘာမှမဟုတ်ဘူး"

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုကောက်ပွေ့လိုက်တော့ရှောင်းကျန့်ကအလိုက်သင့်လေးရိပေါ်လည်ပင်းကိုတွယ်ဖက်ထားလိုက်သည်။

"သားရော.."

"သူ့အခန်းမှာ..
ခင်များမလာသေးတော့အိပ်တာနဲ့ဟိုဘက်အခန်းသွားသိပ်ထားလိုက်တယ်"

"အင်း အင်း"

ဝမ်ရိပေါ်ကအပေါ်ထပ်အထိရှောင်းကျန့်ကိုဒီအတိုင်းသယ်သွားလိုက်ပြီးမျက်လုံးမှိတ်ပြီးလိုက်ပါလာသူကိုအသာလေးမွေ့ယာပေါ်ချလိုက်၏။ ပြီးမှရှောင်းကျန့်ကိုစိတ်မချသလိုမျက်နှာတစ်ခုလုံးကနေလည်ပင်းအထိနမ်းရှိုက်လာပြီးသူစိမ်းနံ့ကပ်ပါလာလားအနံ့ခံ၏။ သူစိမ်းရေမွှေးနံ့မရမှရှောင်းကျန့်ကိုဆုချသလိုရှောင်းကျန့်ရဲ့နှာခမ်းသားကိုထွေးငုံပေးလိုက်၏။ ဟက် ဝိုင်လေးလောက်နဲ့မူးနေပြီ။

"ဒီအနမ်းကိုလည်းမနက်ကျမေ့ပစ်မှာမလား"

"ယောက်ျား ခေါင်းမူးတယ်!"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)حيث تعيش القصص. اكتشف الآن