"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 26
For unicode
"ရိပေါ် ငါကမင်းရဲ့ထမင်းချက်မဟုတ်ဘူး! မင်းပြန်ပါတော့"
"ခင်များအဲ့ကောင်နဲ့ဖောက်ပြန်နေတာလား! အဲ့ဒါကြောင့်လား ကျွန်တော့်ကိုအတင်းနှင်ထုတ်နေတာ"
"ဘာ!"
"အဲ့ဒါကြောင့်အပြစ်မရှိအပြစ်ရှာပြီးကျွန်တော့်ကိုခွါထုတ်ချင်နေတာ
ကျွန်တော့်ဖြေရှင်းချက်တောင်နားမထောင်ဘဲနဲ့လေ
ကျွန်တော့်ကိုကစားလို့ဝသွားလို့.."ရိပေါ်ကနီရဲနေတဲ့မျက်လုံးနဲ့ရှောင်းကျန့်ကိုစိုက်ကြည့်ရင်းမျက်နှာကိုတစ်ဖက်ကိုလွှဲပစ်၏။ ယောက်ျားတစ်ယောက်အနေနဲ့မျက်ရည်ကျဖို့သူခွင့်မပြုဘူး။ ရှောင်းကျန့်ကိုလည်းလက်မလွှတ်နိုင်ဘူး။ နာကျင်ရမှာကြောက်လို့မချစ်ရဲခဲ့ဘူး။ တိတ်တခိုးချစ်နေခဲ့ရတုန်းကနာကျင်ရတာထက် အခုအဆပေါင်းများစွာနာကျင်ရတယ်။ ရှောင်းကျန့်သူ့ကိုကွာရှင်းဖို့ပြောရဲတယ်။ သူ့ကိုမယုံဘူးဆိုရင်တောင်ကိစ္စမရှိဘူး။ သူယုံအောင်သက်သေပြလို့ရတယ်..
ဒါပေမယ့် ဒီကွာရှင်းမယ့်ကိစ္စကိုရှောင်းကျန့်ကလွယ်လွယ်ပြောထွက်ရက်တယ်။ သူတောင်တစ်ခါမှမစဉ်းစားဖူးတဲ့ကိစ္စကိုရှောင်းကျန့်မို့...။
"ငါ့ကိုမစွပ်စွဲနဲ့လို့!!"
"ဒါဆိုဘာကြောင့်လဲ ခင်များပြောလေ!
ကျွန်တော်မကြိုက်တာသိသိရက်နဲ့ခင်များဒီကောင့်ဆီမှာလာနေတယ်
အိမ်ပြန်ဖို့လာခေါ်တဲ့ယောက်ျားကိုလည်းအတင်းနှင်လွှတ်တယ်
ကွာရှင်းဖို့လည်းပြောထွက်ရက်တယ်
ခင်များကျုပ်အပေါ်ရှိသမျှအပြစ်ပုံချပြီးဒီကောင့်နောက်လိုက်သွားဖို့ကြံနေတာမလား!"ဖြန်း!!...
ရိုက်ချက်ကြောင့်ရိပေါ်မျက်နှာကရောင်တက်လာခဲ့၏။ ပါးမှာလည်းလက်ဝါးရာကထင်းနေတော့သည်။ ရိပေါ်ကရှောင်းကျန့်ကိုမယုံနိုင်သလိုစိုက်ကြည့်ရင်းရှောင်းကျန့်တစ်ကိုယ်လုံးကိုပုခုံးပေါ်ထမ်းတင်ပစ်သည်။
YOU ARE READING
ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)
Fanfictionရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တယ်.. ဒါပေမယ့်သူဝန်ခံတဲ့နေ့မှာဘဲသူ့ညီနဲ့ထိုကောင်လေးကချစ်နေကြပြီတဲ့..။ သူကသူ့ခံစားချက်တွေကိုလှောင်ပြောင်ခဲ့တဲ့သူ့ညီနဲ့ဝမ်ရိပေါ်ကိ...