Part- 9

20.2K 1.5K 66
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 9

For unicode

'ရှောင်းပိုင်တိုက်ခန်းမှာမင်းလိုက်နေလိုက်'ဆိုတဲ့အမိန့်နဲ့အတူရှောင်းကျန့်လည်းရှောင်းပိုင်နဲ့အတူရှောင်းပိုင်ရဲ့ကွန်ဒိုခန်းဆီအတူလိုက်ပါလာရသည်။ ရှောင်းပိုင်ကကျောင်းနဲ့နီးရင်စာလုပ်ရအဆင်ပြေတယ်လို့ခဏလေးပူဆာလိုက်ရရုံနဲ့ရှောင်းသခင်ကြီးက‌ရှောင်းပိုင်ကိုတိုက်ခန်းမှာနေဖို့စိတ်ချလက်ချလွှတ်လိုက်လေသည်။

ဒါပေမယ့်ရှောင်းသခင်ကြီးကရှောင်းပိုင်ထက်လည်သည်။ ရှောင်းကျန့်ကိုပါသူနဲ့တစ်ခါတည်းထည့်ပေးလိုက်ပြီးအငယ်ဆုံးသားရဲ့သတင်းအားလုံးကိုအစီရင်ခံစေသည်။ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်လမ်းမှားရောက်မှာစိုးလို့အကြီးကိုစောင့်ရှောက်ဖို့ထည့်ပေးလိုက်တယ်မထင်ပါလေနဲ့။ ရှောင်းပိုင်စားဖို့သောက်ဖို့အဆင်ပြေဖို့၊ ရှောင်းပိုင်ဝေရာဝိစ္စလုပ်ဖို့၊ရှောင်းပိုင်အကြောင်းအစီရင်ခံဖို့ထည့်ပေးလိုက်ခြင်းပင်။

ရှောင်းကျန့်ကလည်းသူ့ညီနဲ့အတူပျော်ပျော်ကြီးလိုက်ချလာခဲ့တယ်။ ရှောင်းအိမ်တော်မှာသူမမြင်ချင်တဲ့သူ့မိထွေးနဲ့သူ့ကိုအရေးမလုပ်တဲ့ဖခင်နဲ့နေရတာထက်စာရင်ရှောင်းပိုင်နဲ့နေပြီးစာလုပ်ရတာကအဆင်ပြေဦးမယ်။ ရှောင်းပိုင်တက္ကသိုလ်ပထမနှစ်မှာရှောင်းကျန့်ကဆေးတက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေခဲ့ပြီ။

ရှောင်းမားကစောစောစီးစီးဆုံးသွားခဲ့ပေမယ့်ရှောင်းကျန့်က‌အကောင်းမြင်တတ်တဲ့စိတ်ထားနဲ့ကြီးပြင်းလာခဲ့တယ်။ ရှောင်းကျန့်ကရှောင်းအိမ်တော်မှာ သူ့ကိုယ်သူစိတ်ချမ်းသာအောင်နေဖို့အကောင်းဆုံးကြိုးစားခဲ့တယ်။ သူအိမ်ကမနက်အစောကြီးထပြီးကိုယ့်ဘာကိုယ်မနက်စာပြင်ပြီးစားတယ်၊ပြီးရင်အိမ်ကထွက်ပြီးစာကြည့်တိုက်မှာအချိန်ပိုင်းအလုပ်လုပ်တယ်။ စာကြည့်တိုက်ဆိုရင်သူလည်းပိုက်ဆံရတယ်၊စာလည်းအေးဆေးလုပ်နိုင်သေးတယ်။

စာကြည့်တိုက်ကရတဲ့လစာကသိပ်မများပေမယ့်သူလိုအပ်တဲ့စာအုပ်တွေတော့ဝယ်နိုင်ပါသေးတယ်။ ဆေးစာအုပ်တွေကဈေးကြီးတော့တစ်လတစ်လဝင်လာတဲ့သူ့မုန့်ဖိုးနဲ့တောင်သိပ်မလောက်ချင်ပါ။ ရှောင်းကျန့်ကလက်ဖြန့်တောင်းရမှာပျင်းလို့အတန်းချိန်ပြီးသွားရင် guideတောင်ခဏဝင်လုပ်လိုက်ပါသေးတယ်။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now