Special part- 1

25.2K 1.4K 160
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Special Part- 1

For unicode

"သခင်လေးဝမ် သခင်လေးကိုတွေ့ချင်လို့အပြင်မှာဧည့်သည်တစ်ယောက်ရောက်နေပါတယ်"

ဝမ်ရိပေါ်ကဦးလေးရုန်ကိုမျက်လုံးတောင်စွေမကြည့်ဘဲအမိန့်ပေးလိုက်၏။

"ကျွန်တော်မအားလို့မတွေ့နိုင်ဘူးပြောလိုက်!"

"ဒါ ဒါပေမယ့်"

"ဦးလေးရုန် ကျွန်တော်စကားတစ်ခွန်းကိုနှစ်ခါမပြောချင်ဘူး"

"ကောင်းပါပြီသခင်လေး"

အခုနောက်ပိုင်းဒီစီးပွားရေးလောကမှာသူတော်တော်နာမည်ရှိလာလို့သူ့ကိုတွေ့ချင်တဲ့သူတွေကဒုနဲ့ဒေးပင်။ ဒီလောက်လုံခြုံရေးတင်းကျပ်တဲ့အိမ်ရာကွင်းမှာတောင်သူတို့ဗီလာကိုရောက်ဖြစ်အောင်ရောက်လာကြသေးတယ်။ ရိပေါ်ဒီလိုလာဆက်သွယ်နေတာတွေကိုနေ့တိုင်းကြုံနေရတော့အရင်နေ့တွေလိုဘဲအေးဆေးနေလိုက်၏။ မားတိုက်တဲ့ကော်ဖီကိုသောက်ပြီးအရင်နေ့တွေလိုအေးဆေးပြန်သွားကြပါစေ..

ဒါပေမယ့်အချိန်ဘယ်လောက်မကြာသူ့အခန်းဆီလျှောက်လာတဲ့ခြေသံတစ်ဒုန်းဒုန်းကိုပါကြားလိုက်ရပြီးတစ်ဆက်တည်းမားရဲ့အော်သံကိုပါကြားလိုက်ရ၏။

"ဝမ်ရိပေါ် မင်းလာစမ်း!"

"မား ဘာဖြစ်လာတာလဲ"

"မင်းလုပ်ထားတဲ့အရှုပ်တွေကိုမင်းလာရှင်းစမ်း"

"ကျွန်တော်ဘာလုပ်လို့လဲ"

"အော် ကိုယ်လုပ်ထားတာကိုယ်မသိဘူးပေါ့ မင်းတော်တော်တာဝန်ယူမှုမရှိပါလား"

"ကျစ် ကျွန်တော်ဘာလုပ်ထားလို့လဲ"

"ရှောင်းကျန့်တဲ့ ကလေးတစ်ယောက်နဲ့ရောက်နေတယ် အဲ့ဒါကိုမင်းထွက်ရှင်းစမ်း"

"ရှောင်း..ရှောင်းကျန့်"

ဝမ်ရိပေါ်မျက်နှာကချက်ချင်းတုန်လှုပ်မှုတွေနဲ့ပြည့်နှုက်သွားပြီးမျက်နှာအမူအရာကခန့်မှန်းရခက်နေ၏။ ဒါပေမယ့်ဝမ်ရိပေါ်ကိုမွေးထားတဲ့ဝမ်မားကတော့ခံစားချက်တွေပြည့်နှက်နေတဲ့ဝမ်ရိပေါ်မျက်နှာကိုကြည့်ပြီးအခြေအနေကိုသိလိုက်တော့၏။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Unde poveștirile trăiesc. Descoperă acum