ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအ...

By princeblack955

46.9K 3.6K 107

အချစ်ကဒုတိယအကြိမ်အခွင့်အရေးကိုရှာတွေ့နိုင်ရဲ့လား? မော့လင်ရှီးတစ်ယောက်အရင်ဘဝတုန်းကသုံးကြိမ်ခွဲစိတ်ခန်းထဲဝင်ခဲ့... More

Summary
အပိုင်း(၁)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)

အပိုင်း(၂)

2.6K 224 4
By princeblack955

ကျိနမ်ဖုန်နိုးလာကတည်းကသွမ့်အန်းရန်တစ်ယောက်လူတွေသူမကိုတွေ့ရင်မသနားဘဲမနေနိုင်တဲ့ သနားစရာကောင်းပြီးနူးညံ့ညင်သာတဲ့ကြာဖြူပန်းပုံစံကိုချက်ချင်းပြောင်းသွားတယ်။

'ကိုယ်ဆေးသောက်မလို့ ရေပေးဦး'  ကျိနမ်ဖုန်ပြောလိုက်တယ်။သူမော့လင်ရှီးကိုကြည့်ပြီးပြောနေတာမှန်းသွမ့်အန်းရန်မသိလိုက်ဘူး။

'ဟုတ်သားဘဲ။ကျွန်မအချိုရည်ယူပေးမယ်နော်' သွမ့်အန်းရန်ရေကိုပြောတာမဟုတ်ဘဲအချိုရည်ယူပေးမယ်လို့ပြောလိုက်တယ်။ကျိနမ်ဖုန်အရင်ဘဝကအကြောင်းကိုပြန်စဉ်းစားကြည့်လိုက်တယ်။အရင်ဘဝကသူရိုးရိုးရေကိုမသောက်ခဲ့ဘူး။နေမကောင်းဖြစ်ရင်တောင်မှသူဆေးကိုအချိုရည်နဲ့ဘဲသောက်ခဲ့တာ။အဲ့ဒီအကြောင်းကိုမော့လင်ရှီးရောသွမ့်အန်းရန်ရောသိကြတယ်။ဒါပေမယ့်သူနေမကောင်းဖြစ်ရင်မော့လင်ရှီးကဘယ်တော့မှအချိုရည်မသောက်ခိုင်းဘူး။အဲ့ဒီတုန်းကတော့သူလိုအပ်တာမှန်သမျှကိုမော့လင်ရှီးကမဖြည့်ဆည်းပေးနိုင်ဘူးလို့သူထင်နေခဲ့တာ။အခုမှသူဟာအခြေအနေကိုနားမလည်ဘဲတော်တော်ဆိုးတဲ့လူဖြစ်ခဲ့မှန်းသဘောပေါက်သွားတယ်။

'အချိုရည်ကမကောင်းဘူးထင်တယ်နော်။ရှင်ဆေးကိုရိုးရိုးရေနဲ့ဘဲသောက်သင့်တယ်' မော့လင်ရှီးလဲကျိနမ်ဖုန်နိုးလာပြီးအခြေအနေလဲကောင်းနေတာကိုမြင်လိုက်ရတော့စိတ်အေးသွားပြီးပြန်မလို့လုပ်လိုက်တယ်။ဒါပေမယ့်သွမ့်အန်းရန်စကားကိုကြားပြီးကျိနမ်ဖုန်မကြိုက်မှန်းသိပေမယ့် သူမရဲ့အမြင်ကိုစိတ်ပူပူနဲ့ပြောလိုက်တယ်။သူမကျိနမ်ဖုန်အနားကိုပြန်ရောက်နေတာကိုလဲသတိထားလိုက်မိတယ်။

'လင်ရှီး နမ်ဖုန်ကအချိုရည်ဘဲသောက်တယ်ဆိုတာကိုမသိဘူးလား?' သွမ့်အန်းရန်အံ့ဩသလိုပုံစံနဲ့မေးလိုက်တယ်။

'‌ဆရာဝန်ညွှန်ကြားထားတာမဟုတ်ဘဲဆေးကိုအချိုရည်နဲ့တွဲမသောက်သင့်တာအမှန်ဘဲ' မော့လင်ရှီးသေသေချာချာရှင်းပြလိုက်တယ်။သူမကနူးညံ့သိမ်မွေ့တဲ့လူဆိုပေမယ့် သူမဂရုစိုက်တဲ့အရာတွေအပေါ်မှာဆိုရင်တော့ သူမရဲ့ကိုယ်ပိုင်မူဝါဒကိုဘဲအခိုင်အမာစွဲကိုင်ထားတယ်။အထူးသဖြင့်ကျိနမ်ဖုန်ရဲ့ကျန်းမာရေးဆိုရင်ပေါ့။သွမ့်အန်းရန်ပြောစရာစကားရှာမတွေ့တော့ဘဲကျိနမ်ဖုန်ကိုကြည့်လိုက်တယ်။

'နမ်ဖုန်.......ကျွန်မလဲရှင့်အတွက်ဆိုရင်အကောင်းဆုံးတွေဘဲ‌စဉ်းစားပေးတာပါ...ကျွန်မတောင်းပန်ပါတယ်....ကျွန်မရှင့်ကျန်းမာရေးအခြေအနေကိုသေချာမစဥ်းစား‌ပေးသလိုဖြစ်သွားတယ်....တောင်းပန်ပါတယ်....လင်ရှီးပြောတာမှန်တယ်' သွမ့်အန်းရန်သနားစရာပုံစံလုပ်ပြီးကျိနမ်ဖုန်ကိုအပြင်းအထန်တောင်းပန်လိုက်တယ်။

သွမ့်အန်းရန်ရဲ့လှည့်ကွက်တွေကိုကျိနမ်ဖုန်မသိဘဲဘယ်နေပါ့မလဲ?ဒါပေမယ့်သူအခုမှနိုးလာတာဆိုတော့ လည်ချောင်းတွေခြောက်နေပြီးသူ့အတွေးထဲကအတိုင်းထုတ်ပြောဖို့ခက်နေတယ်။

'ရေအရင်သောက်လိုက်ပါဦး' ကျိနမ်ဖုန်အခြေအနေကိုမော့လင်ရှီးအကဲခတ်မိတော့ ရေကိုဖန်ခွက်ထဲထည့်ပြီးသူ့ကိုကမ်းပေးလိုက်တယ်။သူမကမ်းပေးလိုက်ပေမယ့်သွမ့်အန်းရန်ရဲ့စကား
တွေကြောင့်ကျိနမ်ဖုန်မယူတာလဲဖြစ်နိုင်တယ်။သူမရေခွက်ကိုကမ်းပေးနေပေမယ့် သူကတော့လှမ်းမယူဘူး။သူ သူမကိုဒေါသထွက်နေပြန်ပြီထင်တယ်။

*ငါပြန်လိုက်တာကောင်းမယ်ထင်တယ်...* ကျိနမ်ဖုန်ရဲ့ခံစားချက်မရှိတဲ့မျက်နှာကိုကြည့်ပြီးမော့လင်ရှီးရေခွက်ကမ်းပေးနေတဲ့လက်ကိုပြန်ရုတ်လိုက်တယ်။ ဆရာဝန်ကပြောထားတယ် လူနာအမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်သူ့ကိုစိတ်လှုပ်ရှားစေမယ့်အရာတွေကိုမလုပ်မိစေနဲ့တဲ့။

မော့လင်ရှီးစဉ်းစားနေတုန်းဘဲရှိသေးတယ် ကျိနမ်ဖုန်ကရေခွက်ကိုလှမ်းယူလိုက်တယ်။သူရေခွက်လှမ်းယူရင်း သူ့လက်နဲ့သူမလက်ထိမိသွားလို့မော့လင်ရှီးရန်တုန်ပန်းတုန်ဖြစ်သွားတယ်။

မော့လင်ရှီးကြောင်ပြီးရပ်နေမိတယ်။ဘယ်လိုလုပ်ပြီးဒီလိုဖြစ်သွားရတာလဲ?သွမ့်အန်းရန်ရဲ့သနားစရာကောင်းတဲ့ပုံစံကိုကြည့်ပြီးကျိနမ်ဖုန်ဒေါသထွက်နေရမှာမဟုတ်ဘူးလား?သူမအပေါ်အပြစ်ပုံချပြီးသူမကမ်းပေးတဲ့ဖန်ခွက်ကိုခါထုတ်ကာသူမကိုအခန်းထဲကနေမောင်းထုတ်ရမှာမဟုတ်ဘူးလား?

သူမလိုမျိုးဘဲသွမ့်အန်းရန်လဲကျိနမ်ဖုန်ရဲ့လုပ်ရပ်ကိုတွေ့ပြီးအံ့ဩနေတယ်။

*မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ပြီးကျိနမ်ဖုန်ကမော့လင်ရှီးပေးတဲ့ရေကိုယူလိုက်တာလဲ?* သွမ့်အန်းရန်ဖြစ်ပျက်နေတာကိုကျိနမ်ဖုန်သတိထားမိတယ်။သူအရင်တုန်းကသူမကိုလှတယ်လို့ထင်ခဲ့ဖူးတယ်။အခုတော့ကြည့်လိုက်ရုံနဲ့တင်ရွံနေမိတယ်။ဒီဘဝမှာဘာမှမဖြစ်လာသေးတော့ အချိန်မှီပြင်ဆင်လို့ရသေးတယ်။

'ကိုယ်ထိုင်မလို့ကူညီပေးပါဦး' ကျိနမ်ဖုန်နောက်တစ်ခါမော့လင်ရှီးကိုထပ်ပြောလိုက်တယ်။မော့လင်ရှီးလဲဒီတစ်ခါသူ့ကိုကြည့်နေတော့ သူမကိုပြောမှန်းသိလိုက်တယ်။သူမလဲအများကြီးစဉ်းစား‌မနေဘဲသူ့ကိုကူညီပေးလိုက်တယ်။သူသက်တောင့်သက်သာထိုင်လို့ရအောင်အနောက်မှာခေါင်းအုံးပါခံထားပေးလိုက်တယ်။

'မင်းကတော့ ထွက်သွားလိုက်တော့' သူ သွမ့်အန်းရန်ကိုအေးစက်စက်ကြည့်ပြီးမောင်းထုတ်လိုက်တယ်။သူ့အသံကစောစောကမော့လင်ရှီးကိုပြောတုန်းကနူးညံ့ညင်သာတဲ့အသံနဲ့တခြားစီဘဲ။

'နမ်ဖုန် ကျွန်မဘယ်သူလဲဆိုတာကိုမသိတော့ဘူးလား?ကျွန်မအန်းရန်လေ' သွမ့်အန်းရန်သူ့ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကြောင့်အံ့ဩသွားတယ်။

ကျိနမ်ဖုန်မျက်မှောင်ကြုတ်လိုက်တယ်။သွမ့်အန်းရန်ကသူ့ကိုအတိတ်မေ့နေတယ်လို့ထင်နေတာဖြစ်မယ်။ဒါပေမယ့်သေသေချာချာစဉ်းစားကြည့်လိုက်တော့ လူတစ်ယောက်ရဲ့အကျင့်စရိုက်ကချက်ချင်းကြီးပြောင်းလဲသွားဖို့ကမဖြစ်နိုင်ဘူး။သူ့အကျင့်တွေပြောင်းသွားပြီး မော့လင်ရှီးကိုညင်ညင်သာသာဆက်ဆံလိုက်မယ်ဆိုရင် သွမ့်အန်းရန်သူ့ကိုသံသယဝင်သွားလိမ့်မယ်။

သူပြန်မွေးဖွားလာတယ်ဆိုတာကိုထုတ်ပြောလိုက်လို့ရတယ်။ဒါပေမယ့်ဘယ်သူကယုံမှာလဲ?တခြားသူတွေကိုပြောလိုက်တော့ရောသူဘာရမှာလဲ?သူကမော့လင်ရှီးအပေါ်အသက်အကြွေးတင်နေတယ်လို့သူကိုယ်တိုင်ပြောရမှာလား?သူအရင်ဘဝတုန်းကသူမကိုအထင်လွဲခဲ့မိတယ်လို့ပြောရမှာလား?သူမနားထောင်ရဲရင်တောင်မှသူကတော့မပြောရဲသေးဘူး။

အခုသွမ့်အန်းရန်လဲရှိနေတော့ သူဖြစ်နိုင်တဲ့အဖြေတစ်ခုပေးဖို့စဉ်းစားလိုက်တယ်။သူအတိတ်မေ့နေတယ်လို့ပြောလိုက်ရင်လောလောဆယ်ဖြစ်လာမယ့်ပြဿနာတွေကိုဖြေရှင်းလို့ရမယ့်အပြင် လင်ရှီးကိုလဲကောင်းကောင်းမွန်မွန်ဆက်ဆံလို့ရမယ်။ဘယ်လိုဘဲဖြစ်ဖြစ်သူမကသူ့တရားဝင်ဇနီးဘဲလေ။အရာအားလုံးအဆင်ပြေသွားတော့မှ သူလင်ရှီးကိုအကြောင်းစုံပြောပြလိုက်မယ်။

'ငါမမှတ်မိဘူး။မင်းကဘယ်သူလဲ?ငါလင်ရှီးကိုဘဲမှတ်မိတယ်' အတိတ်မေ့ချင်ယောင်ဆောင်မယ်ဆိုတော့ ယုံချင်စရာကောင်းအောင်သရုပ်ဆောင်မှဖြစ်မယ်။အဲ့ဒါကြောင့်သူအားလုံးကိုမေ့သွားတယ်ဆိုပြီးသရုပ်ဆောင်ပြလို့မဖြစ်ဘူး။သူ့မိဘတွေကိုတော့မမေ့သင့်ဘူးလေ။ဒါနဲ့ဘဲသူ့မှတ်ဉာဏ်ကတစ်နှစ်စာပျောက်သွားတယ်ဆိုပြီးလုပ်လိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကသူသွမ့်အန်းရန်နဲ့မသိသေးသလိုမော့လင်ရှီးနဲ့လဲရင်းရင်းနှီးနှီးရှိနေတုန်းဘဲ။

သူလို့ပြောပြီးတာနဲ့အခန်းထဲကနှစ်ယောက်လုံးအံ့ဩသွားကြတယ်။

သွမ့်အန်းရန်မျက်လုံးပြူသွားပြီးမယုံကြည်နိုင်လို့အနောက်ကိုဆုတ်လိုက်မိတယ်။သူမဦးနှောက်ကဗလာကြီးဖြစ်နေပြီးကျိနမ်ဖုန်ပြောတဲ့စကားတွေကိုဘဲပြန်ကြားယောင်နေမိတယ်။ဒီအခြေအနေထိရောက်အောင်သူမကြိုးစားလာခဲ့သမျှကဘာမှအသုံးမဝင်တော့ဘူးလို့ပြောချင်တာလား?သူမရင်တွေပေါက်ကွဲတော့မလ်ိုဖြစ်နေပြီးမျက်ရည်တွေလဲစီးကျလာတယ်။သူမရဲ့လှပတဲ့မျက်နှာကမျက်ရည်တွေနဲ့ဆိုတော့ အရမ်းကိုသနားစရာကောင်းတဲ့ပုံစံပေါက်နေတယ်။ဒါပေမယ့်ကျိနမ်ဖုန်ကတော့နည်းနည်းလေးတောင်စိတ်မယိမ်းယိုင်သွားဘူး။

သွမ့်အန်းရန်ရှော့ခ်ရသွားတာထက်စာရင်မော့လင်ရှီးကပိုဆိုးတယ်။သူမနှလုံးသားတစ်ခုလုံး‌ဗြောင်းဆန်နေပြီ။တစ်ဖက်မှာလဲသူမကျိနမ်ဖုန်ရဲ့ကျန်းမာရေးကိုစိုးရိမ်နေမိတယ်။သူတော်တော်လေးရှော့ခ်ရသွားလို့သာအတိတ်မေ့တဲ့အထိဖြစ်သွားတာနေမယ်။နောက်သူပြန်ကောင်းလာရင်တောင်မှနောက်ဆက်တွဲရောဂါတွေဖြစ်လာန်ိုင်လား?ပြီးတော့သူမမှတ်မိတဲ့အရာတွေလဲအများကြီးရှိမှာဘဲ။အဲ့ဒီ‌တော့နောက်ကျရင်အဆင်မပြေတာတွေအများကြီးဖြစ်လာနိုင်တယ်။

နောက်တစ်ဖက်မှာတော့ သူသွမ့်အန်းရန်ကိုမေ့သွားတာကမကောင်းဘူးလားဆိုပြီးသူမရဲ့မကောင်းတဲ့စိတ်ကပြောနေပြန်တယ်။အခုလက်ရှိကျိနမ်ဖုန်ကသူမကိုအရင်တုန်းကလောက်မမုန်းတော့တာကမကောင်းဘူးလား?

'နမ်ဖုန် ကျွန်မကအန်းရန်လေ။ပြီးခဲ့တဲ့တစ်နှစ်လုံးရှင့်ဘေးနားမှာရှိနေခဲ့တဲ့သူလေ' သွမ့်အန်းရန်ကိုကြည့်ရတာလဲကျတော့မယ့်လူလိုဖြစ်နေတယ်။

'ငါမင်းကိုမမှတ်မိဘူးလို့ပြောပြီးပြီလေ။ပြီးတော့ ငါ့အပေါ်ထားတဲ့မင်းရဲ့ခံစားချက်ကိုငါမကြိုက်ဘူး။မင်းပြန်သင့်ပြီ' ကျိနမ်ဖုန်အပြတ်ပြောလိုက်တယ်။အရင်ဘဝတုန်းကကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့တယ်။မော့လင်ရှီးရဲ့သေဆုံးမှုကတစ်စုံတစ်ယောက်ဆိုပြီးအတိအကျကြီးမဟုတ်ပေမယ့် သွယ်ဝိုက်ပြီးဖြစ်စေခဲ့တဲ့လူတွေကိုတော့သူဒီအတိုင်းလွှတ်ထားပေးမှာမဟုတ်ဘူး။သွမ့်အန်းရန်ကအဓိကတရားခံဘဲ။ဒါပေမယ့်သူပထမဆုံးလုပ်ရမှာကသူ့ဇနီးသူ့ဘေးနားမှာနေရအောင်ပြန်ချော့ဖို့ဘဲ။

သူမျက်လုံးဖွင့်လိုက်တော့ပြန်လည်မွေးဖွားလာတယ်ဆိုတာကိုသိလိုက်တယ်။ဘုရားကသူ့ကိုနောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးမှတော့သူဒါကိုတန်ဖိုးထားရမှာပေါ့။အခုအချိန်မှာသူတို့လင်မယားနှစ်ယောက်ရဲ့မပြေလည်တဲ့ဆက်ဆံရေးကိုပြန်လည်ပြင်ဆင်ဖို့ထက်တခြားဘာကိစ္စကမှအရေးမကြီးဘူး။

သွမ့်အန်းရန်ထွက်လာခဲ့ပေမယ့်မယုံကြည်နိုင်သေးတော့ ဆရာဝန်ရုံးခန်းကိုသွားပြီးထပ်မေးကြည့်လိုက်တယ်။ဘာလို့ဆရာဝန်တွေကအတိတ်မေ့သွားတယ်ဆိုပြီးအသေအချာကြီးကောက်ချက်ချလိုက်ရတာလဲ?မှတ်ဉာဏ်ပျောက်ဆုံးသွားရခြင်းရဲ့အကြောင်းအရင်းကိုလဲသူတို့ရှာမတွေ့ကြသေးဘူး။ပြီးတော့မှတ်ဉာဏ်ပျောက်သွားတာကလဲသူမသူ့ဘဝမှာစပြီးပေါ်လာတဲ့အချိန်အတိအကျဖြစ်နေတယ်။

သွမ့်အန်းရန်ကိုမောင်းထုတ်ပြီးတော့ ကျိနမ်ဖုန်နဲ့မော့လင်ရှီးတို့နှစ်ယောက်ဘဲအခန်းထဲမှာကျန်ခဲ့တယ်။

'ရှင်.....အဆင်ပြေရဲ့လား?' အမှန်တော့ရှင်တကယ်ဘဲသွမ့်အန်းရန်ကိုမမှတ်မိတော့ဘူးလားဆိုပြီးသူမမေးလိုက်ချင်တာ။

'ဘာလို့ကိုယ်ကအဆင်မပြေရမှာလဲ?ဘာဖြစ်လို့လဲ?' ကျိနမ်ဖုန်အခုအချိန်မှာတော့သူမရဲ့မေးခွန်းကိုနားမလည်ချင်ယောင်ဘဲဆောင်လိုက်ရတယ်။

'ဘာမှ.....ဘာမှမဟုတ်ပါဘူး။ရှင်အခုဘယ်နှစ်ဘယ်လလဲဆိုတာကိုသိလား?'

'ကိုယ်ဘယ်လိုလုပ်ပြီးသိမှာလဲရှီးအာရယ်။ကိုယ်အတိတ်မေ့နေတယ်လို့စောစောကဘဲဆရာဝန်ပြောသွားတယ်မဟုတ်ဘူးလား?ကိုယ်ကတစ်နှစ်စာမှတ်ဉာဏ်ပျောက်သွားတာဆိုတော့ အခုတစ်နှစ်ကြာပြီးတဲ့အချိန်ကိုရောက်နေပြီပေါ့' ကျိနမ်ဖုန်မျက်ခုံးတွေကိုပင့်ပြီးပြန်ဖြေလိုက်တယ်။သူမကပုံမှန်ဆိုရင်မေ့ပျောက်လွယ်တဲ့အရူးမလေးလိုနေခဲ့တာကိုဘာလို့ရုတ်တရက်ကြီးဉာဏ်ကောင်းသွားရတာလဲ?

မော့လင်ရှီးလဲဘယ်လိုပြန်ဖြေရမယ်မှန်းမသိတော့ဘူး။သူမနှုတ်ခမ်းစူနေတာကိုတွေ့တော့ ဒါသူမအလေးအနက်စဉ်းစားရင်ဖြစ်သွားတတ်တဲ့အမူအယာဆိုတာကိုသူသိတယ်။

'ပစ္စည်းတွေသိမ်းပြီးကိုယ်တို့အိမ်ပြန်ကြရအောင်'

'အိုး အခုချက်ချင်းလား' မော့လင်ရှီးလွှတ်ခနဲ့ပြောလိုက်မိတယ်။

မော့လင်ရှီးလဲတစ်ခုခုမှားနေတယ်ဆိုတာကိုသိလိုက်တယ်။သေသေချာချာစဉ်းစားကြည့်လိုက်တော့မှ အိမ်ပြန်ကြရအောင်လို့သူပြောလိုက်တာမဟုတ်လား?သူအတိတ်မေ့နေတယ်ဆိုရင်သူမတို့လက်ထပ်ထားတာကိုသူဘယ်လိုလုပ်ပြီးသိသွားတာလဲ?

'ကျွန်မတို့လက်ထပ်ထားတာကိုရှင်သိတယ်ပေါ့လေ?' မော့လင်ရှီးလဲစဉ်းစားမိတဲ့အတိုင်းထုတ်မေးလိုက်တယ်။

သူမကုတင်ပေါ်လက်လေးတင်ပြီးပစ္စည်းတွေကိုသိမ်းနေရင်းနဲ့သူနဲ့အကြည့်ချင်းဆုံသွားတယ်။သူမရဲ့ဝိုင်းစက်နေတဲ့မျက်နှာလေးကသံသယတွေနဲ့ပြည့်နေပေမယ့်သူကတော့ချစ်စရာကောင်းတယ်လို့ထင်တယ်။

'ကိုယ်မင်းကိုနောက်တစ်နှစ်နေရင်လက်ထပ်မယ်လို့ပြောခဲ့တယ်လေ။အခုတစ်နှစ်ကြာသွားပြီဆိုတော့မင်းကိုယ့်ဇနီးဖြစ်နေပြီပေါ့' ကျိနမ်ဖုန်ရယ်ရယ်မောမောနဲ့ပြန်ဖြေလိုက်တယ်။

သူပြန်ဖြေတာကိုကြားတော့မော့လင်ရှီးလုပ်လက်စရပ်သွားရတယ်။လွန်ခဲ့တဲ့တစ်နှစ်တုန်းကသူမကိုလက်ထပ်ချင်တယ်လို့သူတကယ်ဘဲပြောခဲ့တယ်။ဒါပေမယ့်ကြားထဲမှာသူမအမေရဲ့အမှားကြောင့်သူ့နှလုံးသားကသူမဆီမှာမရှိတော့ဘူး။

ဒါပေမယ့်.......သူမအမေကိုသူဂလဲ့စားမချေရသေးဘူးမဟုတ်ဘူး?

'လွန်ခဲ့တဲ့တစ်နှစ်ကကိစ္စတွေကိုကိုယ်မမှတ်မိတော့ပေမယ့်နောက်ကျရင်‌မင်းဖြေးဖြေးချင်းကိုယ့်က်ိုပြန်ပြောပြလို့ရတာဘဲ။ဒါပေမယ့်အခုတော့ကိုယ်တို့အိမ်ပြန်ကြရအောင်' သူမရဲ့အမူအယာကိုတွေ့တော့ သူ့ကိုယ်သူမုန်းတီးနေမိပြီး အကြောင်းအရာပြောင်းဖို့ကြိုးစားလိုက်တယ်။သူ့ရဲ့အရင်ကလုပ်ရပ်တွေကိုသူမပြန်စဉ်းစားနေတယ်ဆိုတာ မခန့်မှန်းဘဲနဲ့သိနိုင်တယ်။

'အိုး......အိုး.......' သူမစိတ်ထဲမှာဘာတွေတွေးနေမိမှန်းမသိပေမယ့် သူမထပ်လဲမမေးချင်တော့ဘူး။

မော့လင်ရှီးစိတ်ရှုပ်ထွေးနေလျှက်နဲ့ပစ္စည်းတွေကိုသိမ်းနေလိုက်တယ်။ကျိနမ်ဖုန်လဲအင်္ကျီလဲပြီးသွားတော့ အလုပ်များနေတဲ့မော့လင်ရှီးကိုကြည့်နေလိုက်တယ်။သူမကိုသူ့ရင်ခွင်ထဲမှာဖက်ထားလိုက်ပြီး သူမကိုဘယ်တောင်ချစ်တယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ချင်တယ်။ဒါပေမယ့်သူဒီလိုလုပ်လို့မရဘူးဆိုတာကိုသိတယ်။သူမကြောက်သွားမယ်ဆိုတာကိုလဲသူသိတယ်။အဲ့ဒါကြောင့်သူတစ်ဆင့်ချင်းဘဲသွားဖို့လုပ်လိုက်တယ်။

'သွားရအောင်' ကျိနမ်ဖုန်လက်တစ်ဖက်ကအိတ်ကိုဆွဲပြီးတခြားလက်တစ်ဖက်ကိုသူမဆီကမ်းပေးလိုက်တယ်။မော့လင်ရှီးလဲရှည်လျားသွယ်လျတဲ့လက်ကိုကြည့်ပြီး ငိုချင်လာတာကိုထိန်းချုပ်လိုက်ကာသူ့လက်ထဲကိုသူမလက်လေးထည့်ပေးလိုက်တယ်။

မိသားစုယာဉ်မောင်းကမောင်းသူနေရာမှာထိုင်ပြီးသူတို့နှစ်ယောက်ကအနောက်မှာထိုင်လိုက်တယ်။ကားထဲရောက်တဲ့အထိတောင်ကျိနမ်ဖုန်ကသူမလက်ကိုမလွှတ်ပေးသေးတော့မော့လင်ရှီးလက်လဲချွေးတွေထွက်နေပြီ။

ကားမောင်းနေရင်းနဲ့ဒရိုင်ဘာရှောင်ဖန်လဲမြင်နေရတာကိုနားမလည်နိုင်ဖြစ်နေတယ်။သူကဝန်ထမ်းအသစ်ဆိုပေမယ့်တတိယသခင်လေးရဲ့နူးညံ့ညင်သာတဲ့အကျင့်စရိုက်ကိုမမလေးသွမ့်နဲ့တွေ့တော့မှမြင်ခဲ့ရတာ။မထင်မှတ်ထားဘဲ ရက်အနည်းငယ်ကြာသွားတော့ မမလေးမော့အပေါ်သခင်လေးရဲ့ဆက်ဆံမှုကပြောင်းလဲသွားပြန်တယ်။ဒီတစ်ခါမီးလောင်မှုမှာမမလေးမော့ကကမီးရှို့တဲ့လူမဟုတ်ဘူးလား?သူမကိုအပြစ်တင်ရမယ့်အစားဘယ်လိုလုပ်ပြီးသူတို့ရဲ့ဆက်ဆံရေးကကောင်းသွားရတာလဲ?'

သူဖြစ်နိုင်တာတွေကိုစဉ်းစားကြည့်နေပေမယ့်အပြင်မှာတော့ထုတ်မပြောရဲဘူး။ပြီးတော့သူကားမောင်းတဲ့ဆီကိုဘဲအာရုံစိုက်လိုက်ပြီးသူတို့နှစ်ယောက်သီးသန့်စကားပြောရအောင်ကားရှေ့ခန်းနဲ့နောက်ခန်းကြားကကန့်လန့်ကာကိုချပေးလိုက်တယ်။

'ကျိ.…..နမ်ဖုန် ရှင်တကယ်ဘဲဘာမှမမှတ်မိတော့ဘူးလား?' မော့လင်ရှီးနောက်တစ်ခါထပ်မေးလိုက်တယ်။သူနိုးလာကတည်းကသူမကိုညင်ညင်သာသာဆက်ဆံနေပြီး သွမ့်အန်းရန်ကိုလဲမောင်းထုတ်ခဲ့တယ်။သူမလက်ကိုလဲသူဆုပ်ကိုင်ထားတုန်းဘဲ။ဒါတွေအားလုံးကအိမ်မက်လို့သူမခံစားနေရတယ်။

ဒါလေးpgမှာအပိုင်း၉ကိုရောက်နေပါပြီ

Zawgyi

တြ႕ရင္မသနားဘဲမေနႏိုင္တဲ့ သနားစရာေကာင္းၿပီးႏူးညံ့ညင္သာတဲ့ၾကာျဖဴပန္းပုံစံကိုခ်က္ခ်င္းေျပာင္းသြားတယ္။

'ကိုယ္ေဆးေသာက္မလို႔ ေရေပးဦး'  က်ိနမ္ဖုန္ေျပာလိုက္တယ္။သူေမာ့လင္ရွီးကိုၾကည့္ၿပီးေျပာေနတာမွန္းသြမ့္အန္းရန္မသိလိုက္ဘူး။

'ဟုတ္သားဘဲ။ကြၽန္မအခ်ိဳရည္ယူေပးမယ္ေနာ္' သြမ့္အန္းရန္ေရကိုေျပာတာမဟုတ္ဘဲအခ်ိဳရည္ယူေပးမယ္လို႔ေျပာလိုက္တယ္။က်ိနမ္ဖုန္အရင္ဘဝကအေၾကာင္းကိုျပန္စဥ္းစားၾကည့္လိုက္တယ္။အရင္ဘဝကသူ႐ိုး႐ိုးေရကိုမေသာက္ခဲ့ဘူး။ေနမေကာင္းျဖစ္ရင္ေတာင္မွသူေဆးကိုအခ်ိဳရည္နဲ႔ဘဲေသာက္ခဲ့တာ။အဲ့ဒီအေၾကာင္းကိုေမာ့လင္ရွီးေရာသြမ့္အန္းရန္ေရာသိၾကတယ္။ဒါေပမယ့္သူေနမေကာင္းျဖစ္ရင္ေမာ့လင္ရွီးကဘယ္ေတာ့မွအခ်ိဳရည္မေသာက္ခိုင္းဘူး။အဲ့ဒီတုန္းကေတာ့သူလိုအပ္တာမွန္သမွ်ကိုေမာ့လင္ရွီးကမျဖည့္ဆည္းေပးႏိုင္ဘူးလို႔သူထင္ေနခဲ့တာ။အခုမွသူဟာအေျခအေနကိုနားမလည္ဘဲေတာ္ေတာ္ဆိုးတဲ့လူျဖစ္ခဲ့မွန္းသေဘာေပါက္သြားတယ္။

'အခ်ိဳရည္ကမေကာင္းဘူးထင္တယ္ေနာ္။ရွင္ေဆးကို႐ိုး႐ိုးေရနဲ႔ဘဲေသာက္သင့္တယ္' ေမာ့လင္ရွီးလဲက်ိနမ္ဖုန္ႏိုးလာၿပီးအေျခအေနလဲေကာင္းေနတာကိုျမင္လိုက္ရေတာ့စိတ္ေအးသြားၿပီးျပန္မလို႔လုပ္လိုက္တယ္။ဒါေပမယ့္သြမ့္အန္းရန္စကားကိုၾကားၿပီးက်ိနမ္ဖုန္မႀကိဳက္မွန္းသိေပမယ့္ သူမရဲ႕အျမင္ကိုစိတ္ပူပူနဲ႔ေျပာလိုက္တယ္။သူမက်ိနမ္ဖုန္အနားကိုျပန္ေရာက္ေနတာကိုလဲသတိထားလိုက္မိတယ္။

'လင္ရွီး နမ္ဖုန္ကအခ်ိဳရည္ဘဲေသာက္တယ္ဆိုတာကိုမသိဘူးလား?' သြမ့္အန္းရန္အံ့ဩသလိုပုံစံနဲ႔ေမးလိုက္တယ္။

'‌ဆရာဝန္ၫႊန္ၾကားထားတာမဟုတ္ဘဲေဆးကိုအခ်ိဳရည္နဲ႔တြဲမေသာက္သင့္တာအမွန္ဘဲ' ေမာ့လင္ရွီးေသေသခ်ာခ်ာရွင္းျပလိုက္တယ္။သူမကႏူးညံ့သိမ္ေမြ႕တဲ့လူဆိုေပမယ့္ သူမဂ႐ုစိုက္တဲ့အရာေတြအေပၚမွာဆိုရင္ေတာ့ သူမရဲ႕ကိုယ္ပိုင္မူဝါဒကိုဘဲအခိုင္အမာစြဲကိုင္ထားတယ္။အထူးသျဖင့္က်ိနမ္ဖုန္ရဲ႕က်န္းမာေရးဆိုရင္ေပါ့။သြမ့္အန္းရန္ေျပာစရာစကားရွာမေတြ႕ေတာ့ဘဲက်ိနမ္ဖုန္ကိုၾကည့္လိုက္တယ္။

'နမ္ဖုန္.......ကြၽန္မလဲရွင့္အတြက္ဆိုရင္အေကာင္းဆုံးေတြဘဲ‌စဥ္းစားေပးတာပါ...ကြၽန္မေတာင္းပန္ပါတယ္....ကြၽန္မရွင့္က်န္းမာေရးအေျခအေနကိုေသခ်ာမစဥ္းစား‌ေပးသလိုျဖစ္သြားတယ္....ေတာင္းပန္ပါတယ္....လင္ရွီးေျပာတာမွန္တယ္' သြမ့္အန္းရန္သနားစရာပုံစံလုပ္ၿပီးက်ိနမ္ဖုန္ကိုအျပင္းအထန္ေတာင္းပန္လိုက္တယ္။

သြမ့္အန္းရန္ရဲ႕လွည့္ကြက္ေတြကိုက်ိနမ္ဖုန္မသိဘဲဘယ္ေနပါ့မလဲ?ဒါေပမယ့္သူအခုမွႏိုးလာတာဆိုေတာ့ လည္ေခ်ာင္းေတြေျခာက္ေနၿပီးသူ႔အေတြးထဲကအတိုင္းထုတ္ေျပာဖို႔ခက္ေနတယ္။

'ေရအရင္ေသာက္လိုက္ပါဦး' က်ိနမ္ဖုန္အေျခအေနကိုေမာ့လင္ရွီးအကဲခတ္မိေတာ့ ေရကိုဖန္ခြက္ထဲထည့္ၿပီးသူ႔ကိုကမ္းေပးလိုက္တယ္။သူမကမ္းေပးလိုက္ေပမယ့္သြမ့္အန္းရန္ရဲ႕စကား
ေတြေၾကာင့္က်ိနမ္ဖုန္မယူတာလဲျဖစ္ႏိုင္တယ္။သူမေရခြက္ကိုကမ္းေပးေနေပမယ့္ သူကေတာ့လွမ္းမယူဘူး။သူ သူမကိုေဒါသထြက္ေနျပန္ၿပီထင္တယ္။

*ငါျပန္လိုက္တာေကာင္းမယ္ထင္တယ္...* က်ိနမ္ဖုန္ရဲ႕ခံစားခ်က္မရွိတဲ့မ်က္ႏွာကိုၾကည့္ၿပီးေမာ့လင္ရွီးေရခြက္ကမ္းေပးေနတဲ့လက္ကိုျပန္႐ုတ္လိုက္တယ္။ ဆရာဝန္ကေျပာထားတယ္ လူနာအျမန္ဆုံးျပန္ေကာင္းလာဖို႔အတြက္ဆိုရင္သူ႔ကိုစိတ္လႈပ္ရွားေစမယ့္အရာေတြကိုမလုပ္မိေစနဲ႔တဲ့။

ေမာ့လင္ရွီးစဥ္းစားေနတုန္းဘဲရွိေသးတယ္ က်ိနမ္ဖုန္ကေရခြက္ကိုလွမ္းယူလိုက္တယ္။သူေရခြက္လွမ္းယူရင္း သူ႔လက္နဲ႔သူမလက္ထိမိသြားလို႔ေမာ့လင္ရွီးရန္တုန္ပန္းတုန္ျဖစ္သြားတယ္။

ေမာ့လင္ရွီးေၾကာင္ၿပီးရပ္ေနမိတယ္။ဘယ္လိုလုပ္ၿပီးဒီလိုျဖစ္သြားရတာလဲ?သြမ့္အန္းရန္ရဲ႕သနားစရာေကာင္းတဲ့ပုံစံကိုၾကည့္ၿပီးက်ိနမ္ဖုန္ေဒါသထြက္ေနရမွာမဟုတ္ဘူးလား?သူမအေပၚအျပစ္ပုံခ်ၿပီးသူမကမ္းေပးတဲ့ဖန္ခြက္ကိုခါထုတ္ကာသူမကိုအခန္းထဲကေနေမာင္းထုတ္ရမွာမဟုတ္ဘူးလား?

သူမလိုမ်ိဳးဘဲသြမ့္အန္းရန္လဲက်ိနမ္ဖုန္ရဲ႕လုပ္ရပ္ကိုေတြ႕ၿပီးအံ့ဩေနတယ္။

*မျဖစ္ႏိုင္ဘူး ဘယ္လိုလုပ္ၿပီးက်ိနမ္ဖုန္ကေမာ့လင္ရွီးေပးတဲ့ေရကိုယူလိုက္တာလဲ?* သြမ့္အန္းရန္ျဖစ္ပ်က္ေနတာကိုက်ိနမ္ဖုန္သတိထားမိတယ္။သူအရင္တုန္းကသူမကိုလွတယ္လို႔ထင္ခဲ့ဖူးတယ္။အခုေတာ့ၾကည့္လိုက္႐ုံနဲ႔တင္႐ြံေနမိတယ္။ဒီဘဝမွာဘာမွမျဖစ္လာေသးေတာ့ အခ်ိန္မွီျပင္ဆင္လို႔ရေသးတယ္။

'ကိုယ္ထိုင္မလို႔ကူညီေပးပါဦး' က်ိနမ္ဖုန္ေနာက္တစ္ခါေမာ့လင္ရွီးကိုထပ္ေျပာလိုက္တယ္။ေမာ့လင္ရွီးလဲဒီတစ္ခါသူ႔ကိုၾကည့္ေနေတာ့ သူမကိုေျပာမွန္းသိလိုက္တယ္။သူမလဲအမ်ားႀကီးစဥ္းစား‌မေနဘဲသူ႔ကိုကူညီေပးလိုက္တယ္။သူသက္ေတာင့္သက္သာထိုင္လို႔ရေအာင္အေနာက္မွာေခါင္းအုံးပါခံထားေပးလိုက္တယ္။

'မင္းကေတာ့ ထြက္သြားလိုက္ေတာ့' သူ သြမ့္အန္းရန္ကိုေအးစက္စက္ၾကည့္ၿပီးေမာင္းထုတ္လိုက္တယ္။သူ႔အသံကေစာေစာကေမာ့လင္ရွီးကိုေျပာတုန္းကႏူးညံ့ညင္သာတဲ့အသံနဲ႔တျခားစီဘဲ။

'နမ္ဖုန္ ကြၽန္မဘယ္သူလဲဆိုတာကိုမသိေတာ့ဘူးလား?ကြၽန္မအန္းရန္ေလ' သြမ့္အန္းရန္သူ႔ရဲ႕ပုံမွန္မဟုတ္တဲ့အျပဳအမူေၾကာင့္အံ့ဩသြားတယ္။

က်ိနမ္ဖုန္မ်က္ေမွာင္ၾကဳတ္လိုက္တယ္။သြမ့္အန္းရန္ကသူ႔ကိုအတိတ္ေမ့ေနတယ္လို႔ထင္ေနတာျဖစ္မယ္။ဒါေပမယ့္ေသေသခ်ာခ်ာစဥ္းစားၾကည့္လိုက္ေတာ့ လူတစ္ေယာက္ရဲ႕အက်င့္စ႐ိုက္ကခ်က္ခ်င္းႀကီးေျပာင္းလဲသြားဖို႔ကမျဖစ္ႏိုင္ဘူး။သူ႔အက်င့္ေတြေျပာင္းသြားၿပီး ေမာ့လင္ရွီးကိုညင္ညင္သာသာဆက္ဆံလိုက္မယ္ဆိုရင္ သြမ့္အန္းရန္သူ႔ကိုသံသယဝင္သြားလိမ့္မယ္။

သူျပန္ေမြးဖြားလာတယ္ဆိုတာကိုထုတ္ေျပာလိုက္လို႔ရတယ္။ဒါေပမယ့္ဘယ္သူကယုံမွာလဲ?တျခားသူေတြကိုေျပာလိုက္ေတာ့ေရာသူဘာရမွာလဲ?သူကေမာ့လင္ရွီးအေပၚအသက္အေႂကြးတင္ေနတယ္လို႔သူကိုယ္တိုင္ေျပာရမွာလား?သူအရင္ဘဝတုန္းကသူမကိုအထင္လြဲခဲ့မိတယ္လို႔ေျပာရမွာလား?သူမနားေထာင္ရဲရင္ေတာင္မွသူကေတာ့မေျပာရဲေသးဘူး။

အခုသြမ့္အန္းရန္လဲရွိေနေတာ့ သူျဖစ္ႏိုင္တဲ့အေျဖတစ္ခုေပးဖို႔စဥ္းစားလိုက္တယ္။သူအတိတ္ေမ့ေနတယ္လို႔ေျပာလိုက္ရင္ေလာေလာဆယ္ျဖစ္လာမယ့္ျပႆနာေတြကိုေျဖရွင္းလို႔ရမယ့္အျပင္ လင္ရွီးကိုလဲေကာင္းေကာင္းမြန္မြန္ဆက္ဆံလို႔ရမယ္။ဘယ္လိုဘဲျဖစ္ျဖစ္သူမကသူ႔တရားဝင္ဇနီးဘဲေလ။အရာအားလုံးအဆင္ေျပသြားေတာ့မွ သူလင္ရွီးကိုအေၾကာင္းစုံေျပာျပလိုက္မယ္။

'ငါမမွတ္မိဘူး။မင္းကဘယ္သူလဲ?ငါလင္ရွီးကိုဘဲမွတ္မိတယ္' အတိတ္ေမ့ခ်င္ေယာင္ေဆာင္မယ္ဆိုေတာ့ ယုံခ်င္စရာေကာင္းေအာင္သ႐ုပ္ေဆာင္မွျဖစ္မယ္။အဲ့ဒါေၾကာင့္သူအားလုံးကိုေမ့သြားတယ္ဆိုၿပီးသ႐ုပ္ေဆာင္ျပလို႔မျဖစ္ဘူး။သူ႔မိဘေတြကိုေတာ့မေမ့သင့္ဘူးေလ။ဒါနဲ႔ဘဲသူ႔မွတ္ဉာဏ္ကတစ္ႏွစ္စာေပ်ာက္သြားတယ္ဆိုၿပီးလုပ္လိုက္တယ္။ဘာလို႔လဲဆိုေတာ့အဲ့ဒီတုန္းကသူသြမ့္အန္းရန္နဲ႔မသိေသးသလိုေမာ့လင္ရွီးနဲ႔လဲရင္းရင္းႏွီးႏွီးရွိေနတုန္းဘဲ။

သူလို႔ေျပာၿပီးတာနဲ႔အခန္းထဲကႏွစ္ေယာက္လုံးအံ့ဩသြားၾကတယ္။

သြမ့္အန္းရန္မ်က္လုံးျပဴသြားၿပီးမယုံၾကည္ႏိုင္လို႔အေနာက္ကိုဆုတ္လိုက္မိတယ္။သူမဦးေႏွာက္ကဗလာႀကီးျဖစ္ေနၿပီးက်ိနမ္ဖုန္ေျပာတဲ့စကားေတြကိုဘဲျပန္ၾကားေယာင္ေနမိတယ္။ဒီအေျခအေနထိေရာက္ေအာင္သူမႀကိဳးစားလာခဲ့သမွ်ကဘာမွအသုံးမဝင္ေတာ့ဘူးလို႔ေျပာခ်င္တာလား?သူမရင္ေတြေပါက္ကြဲေတာ့မလ္ိုျဖစ္ေနၿပီးမ်က္ရည္ေတြလဲစီးက်လာတယ္။သူမရဲ႕လွပတဲ့မ်က္ႏွာကမ်က္ရည္ေတြနဲ႔ဆိုေတာ့ အရမ္းကိုသနားစရာေကာင္းတဲ့ပုံစံေပါက္ေနတယ္။ဒါေပမယ့္က်ိနမ္ဖုန္ကေတာ့နည္းနည္းေလးေတာင္စိတ္မယိမ္းယိုင္သြားဘူး။

သြမ့္အန္းရန္ေရွာ့ခ္ရသြားတာထက္စာရင္ေမာ့လင္ရွီးကပိုဆိုးတယ္။သူမႏွလုံးသားတစ္ခုလုံး‌ေျဗာင္းဆန္ေနၿပီ။တစ္ဖက္မွာလဲသူမက်ိနမ္ဖုန္ရဲ႕က်န္းမာေရးကိုစိုးရိမ္ေနမိတယ္။သူေတာ္ေတာ္ေလးေရွာ့ခ္ရသြားလို႔သာအတိတ္ေမ့တဲ့အထိျဖစ္သြားတာေနမယ္။ေနာက္သူျပန္ေကာင္းလာရင္ေတာင္မွေနာက္ဆက္တြဲေရာဂါေတြျဖစ္လာန္ိုင္လား?ၿပီးေတာ့သူမမွတ္မိတဲ့အရာေတြလဲအမ်ားႀကီးရွိမွာဘဲ။အဲ့ဒီ‌ေတာ့ေနာက္က်ရင္အဆင္မေျပတာေတြအမ်ားႀကီးျဖစ္လာႏိုင္တယ္။

ေနာက္တစ္ဖက္မွာေတာ့ သူသြမ့္အန္းရန္ကိုေမ့သြားတာကမေကာင္းဘူးလားဆိုၿပီးသူမရဲ႕မေကာင္းတဲ့စိတ္ကေျပာေနျပန္တယ္။အခုလက္ရွိက်ိနမ္ဖုန္ကသူမကိုအရင္တုန္းကေလာက္မမုန္းေတာ့တာကမေကာင္းဘူးလား?

'နမ္ဖုန္ ကြၽန္မကအန္းရန္ေလ။ၿပီးခဲ့တဲ့တစ္ႏွစ္လုံးရွင့္ေဘးနားမွာရွိေနခဲ့တဲ့သူေလ' သြမ့္အန္းရန္ကိုၾကည့္ရတာလဲက်ေတာ့မယ့္လူလိုျဖစ္ေနတယ္။

'ငါမင္းကိုမမွတ္မိဘူးလို႔ေျပာၿပီးၿပီေလ။ၿပီးေတာ့ ငါ့အေပၚထားတဲ့မင္းရဲ႕ခံစားခ်က္ကိုငါမႀကိဳက္ဘူး။မင္းျပန္သင့္ၿပီ' က်ိနမ္ဖုန္အျပတ္ေျပာလိုက္တယ္။အရင္ဘဝတုန္းကကိစၥေတြအမ်ားႀကီးျဖစ္ပ်က္ခဲ့တယ္။ေမာ့လင္ရွီးရဲ႕ေသဆုံးမႈကတစ္စုံတစ္ေယာက္ဆိုၿပီးအတိအက်ႀကီးမဟုတ္ေပမယ့္ သြယ္ဝိုက္ၿပီးျဖစ္ေစခဲ့တဲ့လူေတြကိုေတာ့သူဒီအတိုင္းလႊတ္ထားေပးမွာမဟုတ္ဘူး။သြမ့္အန္းရန္ကအဓိကတရားခံဘဲ။ဒါေပမယ့္သူပထမဆုံးလုပ္ရမွာကသူ႔ဇနီးသူ႔ေဘးနားမွာေနရေအာင္ျပန္ေခ်ာ့ဖို႔ဘဲ။

သူမ်က္လုံးဖြင့္လိုက္ေတာ့ျပန္လည္ေမြးဖြားလာတယ္ဆိုတာကိုသိလိုက္တယ္။ဘုရားကသူ႔ကိုေနာက္တစ္ႀကိမ္အခြင့္အေရးထပ္ေပးမွေတာ့သူဒါကိုတန္ဖိုးထားရမွာေပါ့။အခုအခ်ိန္မွာသူတို႔လင္မယားႏွစ္ေယာက္ရဲ႕မေျပလည္တဲ့ဆက္ဆံေရးကိုျပန္လည္ျပင္ဆင္ဖို႔ထက္တျခားဘာကိစၥကမွအေရးမႀကီးဘူး။

သြမ့္အန္းရန္ထြက္လာခဲ့ေပမယ့္မယုံၾကည္ႏိုင္ေသးေတာ့ ဆရာဝန္႐ုံးခန္းကိုသြားၿပီးထပ္ေမးၾကည့္လိုက္တယ္။ဘာလို႔ဆရာဝန္ေတြကအတိတ္ေမ့သြားတယ္ဆိုၿပီးအေသအခ်ာႀကီးေကာက္ခ်က္ခ်လိုက္ရတာလဲ?မွတ္ဉာဏ္ေပ်ာက္ဆုံးသြားရျခင္းရဲ႕အေၾကာင္းအရင္းကိုလဲသူတို႔ရွာမေတြ႕ၾကေသးဘူး။ၿပီးေတာ့မွတ္ဉာဏ္ေပ်ာက္သြားတာကလဲသူမသူ႔ဘဝမွာစၿပီးေပၚလာတဲ့အခ်ိန္အတိအက်ျဖစ္ေနတယ္။

သြမ့္အန္းရန္ကိုေမာင္းထုတ္ၿပီးေတာ့ က်ိနမ္ဖုန္နဲ႔ေမာ့လင္ရွီးတို႔ႏွစ္ေယာက္ဘဲအခန္းထဲမွာက်န္ခဲ့တယ္။

'ရွင္.....အဆင္ေျပရဲ႕လား?' အမွန္ေတာ့ရွင္တကယ္ဘဲသြမ့္အန္းရန္ကိုမမွတ္မိေတာ့ဘူးလားဆိုၿပီးသူမေမးလိုက္ခ်င္တာ။

'ဘာလို႔ကိုယ္ကအဆင္မေျပရမွာလဲ?ဘာျဖစ္လို႔လဲ?' က်ိနမ္ဖုန္အခုအခ်ိန္မွာေတာ့သူမရဲ႕ေမးခြန္းကိုနားမလည္ခ်င္ေယာင္ဘဲေဆာင္လိုက္ရတယ္။

'ဘာမွ.....ဘာမွမဟုတ္ပါဘူး။ရွင္အခုဘယ္ႏွစ္ဘယ္လလဲဆိုတာကိုသိလား?'

'ကိုယ္ဘယ္လိုလုပ္ၿပီးသိမွာလဲရွီးအာရယ္။ကိုယ္အတိတ္ေမ့ေနတယ္လို႔ေစာေစာကဘဲဆရာဝန္ေျပာသြားတယ္မဟုတ္ဘူးလား?ကိုယ္ကတစ္ႏွစ္စာမွတ္ဉာဏ္ေပ်ာက္သြားတာဆိုေတာ့ အခုတစ္ႏွစ္ၾကာၿပီးတဲ့အခ်ိန္ကိုေရာက္ေနၿပီေပါ့' က်ိနမ္ဖုန္မ်က္ခုံးေတြကိုပင့္ၿပီးျပန္ေျဖလိုက္တယ္။သူမကပုံမွန္ဆိုရင္ေမ့ေပ်ာက္လြယ္တဲ့အ႐ူးမေလးလိုေနခဲ့တာကိုဘာလို႔႐ုတ္တရက္ႀကီးဉာဏ္ေကာင္းသြားရတာလဲ?

ေမာ့လင္ရွီးလဲဘယ္လိုျပန္ေျဖရမယ္မွန္းမသိေတာ့ဘူး။သူမႏႈတ္ခမ္းစူေနတာကိုေတြ႕ေတာ့ ဒါသူမအေလးအနက္စဥ္းစားရင္ျဖစ္သြားတတ္တဲ့အမူအယာဆိုတာကိုသူသိတယ္။

'ပစၥည္းေတြသိမ္းၿပီးကိုယ္တို႔အိမ္ျပန္ၾကရေအာင္'

'အိုး အခုခ်က္ခ်င္းလား' ေမာ့လင္ရွီးလႊတ္ခနဲ႔ေျပာလိုက္မိတယ္။

ေမာ့လင္ရွီးလဲတစ္ခုခုမွားေနတယ္ဆိုတာကိုသိလိုက္တယ္။ေသေသခ်ာခ်ာစဥ္းစားၾကည့္လိုက္ေတာ့မွ အိမ္ျပန္ၾကရေအာင္လို႔သူေျပာလိုက္တာမဟုတ္လား?သူအတိတ္ေမ့ေနတယ္ဆိုရင္သူမတို႔လက္ထပ္ထားတာကိုသူဘယ္လိုလုပ္ၿပီးသိသြားတာလဲ?

'ကြၽန္မတို႔လက္ထပ္ထားတာကိုရွင္သိတယ္ေပါ့ေလ?' ေမာ့လင္ရွီးလဲစဥ္းစားမိတဲ့အတိုင္းထုတ္ေမးလိုက္တယ္။

သူမကုတင္ေပၚလက္ေလးတင္ၿပီးပစၥည္းေတြကိုသိမ္းေနရင္းနဲ႔သူနဲ႔အၾကည့္ခ်င္းဆုံသြားတယ္။သူမရဲ႕ဝိုင္းစက္ေနတဲ့မ်က္ႏွာေလးကသံသယေတြနဲ႔ျပည့္ေနေပမယ့္သူကေတာ့ခ်စ္စရာေကာင္းတယ္လို႔ထင္တယ္။

'ကိုယ္မင္းကိုေနာက္တစ္ႏွစ္ေနရင္လက္ထပ္မယ္လို႔ေျပာခဲ့တယ္ေလ။အခုတစ္ႏွစ္ၾကာသြားၿပီဆိုေတာ့မင္းကိုယ့္ဇနီးျဖစ္ေနၿပီေပါ့' က်ိနမ္ဖုန္ရယ္ရယ္ေမာေမာနဲ႔ျပန္ေျဖလိုက္တယ္။

သူျပန္ေျဖတာကိုၾကားေတာ့ေမာ့လင္ရွီးလုပ္လက္စရပ္သြားရတယ္။လြန္ခဲ့တဲ့တစ္ႏွစ္တုန္းကသူမကိုလက္ထပ္ခ်င္တယ္လို႔သူတကယ္ဘဲေျပာခဲ့တယ္။ဒါေပမယ့္ၾကားထဲမွာသူမအေမရဲ႕အမွားေၾကာင့္သူ႔ႏွလုံးသားကသူမဆီမွာမရွိေတာ့ဘူး။

ဒါေပမယ့္.......သူမအေမကိုသူဂလဲ့စားမေခ်ရေသးဘူးမဟုတ္ဘူး?

'လြန္ခဲ့တဲ့တစ္ႏွစ္ကကိစၥေတြကိုကိုယ္မမွတ္မိေတာ့ေပမယ့္ေနာက္က်ရင္‌မင္းေျဖးေျဖးခ်င္းကိုယ့္က္ိုျပန္ေျပာျပလို႔ရတာဘဲ။ဒါေပမယ့္အခုေတာ့ကိုယ္တို႔အိမ္ျပန္ၾကရေအာင္' သူမရဲ႕အမူအယာကိုေတြ႕ေတာ့ သူ႔ကိုယ္သူမုန္းတီးေနမိၿပီး အေၾကာင္းအရာေျပာင္းဖို႔ႀကိဳးစားလိုက္တယ္။သူ႔ရဲ႕အရင္ကလုပ္ရပ္ေတြကိုသူမျပန္စဥ္းစားေနတယ္ဆိုတာ မခန႔္မွန္းဘဲနဲ႔သိႏိုင္တယ္။

'အိုး......အိုး.......' သူမစိတ္ထဲမွာဘာေတြေတြးေနမိမွန္းမသိေပမယ့္ သူမထပ္လဲမေမးခ်င္ေတာ့ဘူး။

ေမာ့လင္ရွီးစိတ္ရႈပ္ေထြးေနလွ်က္နဲ႔ပစၥည္းေတြကိုသိမ္းေနလိုက္တယ္။က်ိနမ္ဖုန္လဲအက်ႌလဲၿပီးသြားေတာ့ အလုပ္မ်ားေနတဲ့ေမာ့လင္ရွီးကိုၾကည့္ေနလိုက္တယ္။သူမကိုသူ႔ရင္ခြင္ထဲမွာဖက္ထားလိုက္ၿပီး သူမကိုဘယ္ေတာင္ခ်စ္တယ္ဆိုတဲ့အေၾကာင္းကိုေျပာလိုက္ခ်င္တယ္။ဒါေပမယ့္သူဒီလိုလုပ္လို႔မရဘူးဆိုတာကိုသိတယ္။သူမေၾကာက္သြားမယ္ဆိုတာကိုလဲသူသိတယ္။အဲ့ဒါေၾကာင့္သူတစ္ဆင့္ခ်င္းဘဲသြားဖို႔လုပ္လိုက္တယ္။

'သြားရေအာင္' က်ိနမ္ဖုန္လက္တစ္ဖက္ကအိတ္ကိုဆြဲၿပီးတျခားလက္တစ္ဖက္ကိုသူမဆီကမ္းေပးလိုက္တယ္။ေမာ့လင္ရွီးလဲရွည္လ်ားသြယ္လ်တဲ့လက္ကိုၾကည့္ၿပီး ငိုခ်င္လာတာကိုထိန္းခ်ဳပ္လိုက္ကာသူ႔လက္ထဲကိုသူမလက္ေလးထည့္ေပးလိုက္တယ္။

မိသားစုယာဥ္ေမာင္းကေမာင္းသူေနရာမွာထိုင္ၿပီးသူတို႔ႏွစ္ေယာက္ကအေနာက္မွာထိုင္လိုက္တယ္။ကားထဲေရာက္တဲ့အထိေတာင္က်ိနမ္ဖုန္ကသူမလက္ကိုမလႊတ္ေပးေသးေတာ့ေမာ့လင္ရွီးလက္လဲေခြၽးေတြထြက္ေနၿပီ။

ကားေမာင္းေနရင္းနဲ႔ဒ႐ိုင္ဘာေရွာင္ဖန္လဲျမင္ေနရတာကိုနားမလည္ႏိုင္ျဖစ္ေနတယ္။သူကဝန္ထမ္းအသစ္ဆိုေပမယ့္တတိယသခင္ေလးရဲ႕ႏူးညံ့ညင္သာတဲ့အက်င့္စ႐ိုက္ကိုမမေလးသြမ့္နဲ႔ေတြ႕ေတာ့မွျမင္ခဲ့ရတာ။မထင္မွတ္ထားဘဲ ရက္အနည္းငယ္ၾကာသြားေတာ့ မမေလးေမာ့အေပၚသခင္ေလးရဲ႕ဆက္ဆံမႈကေျပာင္းလဲသြားျပန္တယ္။ဒီတစ္ခါမီးေလာင္မႈမွာမမေလးေမာ့ကကမီးရႈိ႕တဲ့လူမဟုတ္ဘူးလား?သူမကိုအျပစ္တင္ရမယ့္အစားဘယ္လိုလုပ္ၿပီးသူတို႔ရဲ႕ဆက္ဆံေရးကေကာင္းသြားရတာလဲ?'

သူျဖစ္ႏိုင္တာေတြကိုစဥ္းစားၾကည့္ေနေပမယ့္အျပင္မွာေတာ့ထုတ္မေျပာရဲဘူး။ၿပီးေတာ့သူကားေမာင္းတဲ့ဆီကိုဘဲအာ႐ုံစိုက္လိုက္ၿပီးသူတို႔ႏွစ္ေယာက္သီးသန႔္စကားေျပာရေအာင္ကားေရွ႕ခန္းနဲ႔ေနာက္ခန္းၾကားကကန႔္လန္႔ကာကိုခ်ေပးလိုက္တယ္။

'က်ိ.…..နမ္ဖုန္ ရွင္တကယ္ဘဲဘာမွမမွတ္မိေတာ့ဘူးလား?' ေမာ့လင္ရွီးေနာက္တစ္ခါထပ္ေမးလိုက္တယ္။သူႏိုးလာကတည္းကသူမကိုညင္ညင္သာသာဆက္ဆံေနၿပီး သြမ့္အန္းရန္ကိုလဲေမာင္းထုတ္ခဲ့တယ္။သူမလက္ကိုလဲသူဆုပ္ကိုင္ထားတုန္းဘဲ။ဒါေတြအားလုံးကအိမ္မက္လို႔သူမခံစားေနရတယ္။

ဒါေလးpgမွာအပိုင္း၉ကိုေရာက္ေနပါၿပီ

Continue Reading

You'll Also Like

437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
887K 59.5K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
246K 36.8K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
305K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...