Clickဖို့မမေ့ကြပါနဲ့ရှင့်🌻
နဉ့်ကျီ စာကြည့်ခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လှေကားအဆင်းတွင် လင်ထန်းထန်းနှင့် တိုးလေသည်။
သူမသည် အဝါတောက်တောက်အင်္ကျီကို ဝတ်ဆင်ထားသည်။ ယခုအချိန်တွင် သူမ၌ နို့နှစ်ရောင်အသားအရေရှိနေသောကြောင့် ထိုကဲ့သို့သော အရောင်မျိုးနှင့် လုံးဝပင်လိုက်ဖက်လေ၏။
သူမ၏မှတ်ဉာဏ်ထဲတွင် လင်ထန်းထန်းသည် နဉ့်ကျီ၏ရောင်ဝါအား မခိုးယူရသေးခင်ကတည်းက နို့နှစ်ရောင်အသားအရေရှိခြင်းဖြစ်သည်။ သို့သော်ရောင်ဝါကမူ ချောမွေ့ တောက်ပကာ အပြစ်အနာအဆာကင်းလေ၏။
ရောင်ဝါသည် အမှန်ပင် အံ့ဩဖွယ်အရာတစ်ခုပင်။
ထို့ကြောင့် လင်ထန်းထန်းသည် ရောင်ဝါကို ခိုးယူချင်ရုံသာမက အရာအားလုံးကို ခိုးယူလိုခြင်း ဖြစ်သည်။
"ရှောင်ကျီ" လင်ထန်းထန်း နဉ့်ကျီ၏လက်တို့အား ကြည့်လိုက်ပြီး သူမ,သယ်လာသော အဖြူရောင်ကြွေပန်းကန်ပြားကို မြင်သောအခါ ဆိုလေသည် "ငါ အစေခံတွေဆီက ကြားခဲ့တာ ၊ နင် လုကုအတွက် အချိုပွဲလုပ်ပေးတယ်ဆို?"
"အဲ့တော့ ပြဿနာရှိလို့လား?" နဉ့်ကျီ လင်ထန်းထန်းအား အထက်အောက် စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ သူမသည် သူမ၏ရောင်ဝါ၂%ကို ယခုလေးတင် ပြန်လည်စုဆောင်းထားခြင်းဖြစ်သော်လည်း လင်ထန်းထန်းကား လုံးဝသတိပြုမိပုံမရပေ။
"နင် ဒီရက်ပိုင်း တစ်ခုခုများ ဖြစ်နေတာလား? နင်ရဲ့လုကုကိုဆက်ဆံပုံက ပြောင်းလဲသွားသလို ငါခံစားရတယ်" နဉ့်ကျီ သူမအား ကြည့်ပုံကြည့်နည်းတို့မှာလည်း ထိုနည်း၎င်းပင်။ နဉ့်ကျီအသစ်အား သူမ လုံးဝပင် မဖတ်နိုင်ပေ။
"နင်ရောပဲ ပြောင်းလဲသွားတယ်" နဉ့်ကျီသည် အပြုံးတစ်ခုဖြင့်ဆိုရင်း လင်ထန်းထန်းအနီးသို့ တိုးကပ်သွားလိုက်သည် "နင် ဒီနေ့နည်းနည်းပိုမဲသွားတာကို ငါသတိထားမိတယ်လေ"
သူမသည် သူမ၏ရောင်ဝါအနည်းငယ်ကို ပြန်လည်ရရှိပြီးဖြစ်သောကြောင့် ဆိုလိုသည်မှာ လင်ထန်းထန်းတွင်လည်း ထိုမျှလျော့သွားပြီဟူ၍ပင်။ ဒီအတိုင်း ပြောင်းလဲမှုမှာ သတိပြုမိရန် လင်ထန်းထန်းအတွက် အလွန်ကိုသေးငယ်လှသောကြောင့်သာ။
လင်ထန်းထန်း မျက်နှာပေါ်ရှိအပြုံးမှာ လျော့ရဲသွားရသည် "ဒါနောက်စရာမဟုတ်ဘူးနော် ရှောင်ကျီ" သူမ နဉ့်ကျီအား ညင်သာစွာ ဆိုလေသည် "နာမည်ကြီး အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေ ထုတ်တဲ့ကုမ္ပဏီက ငါ့ကို သူတို့ရဲ့ပြောရေးဆိုရေးပုဂ္ဂိုလ်လုပ်ပေးဖို့ ငါ့အေးဂျင့်ဆီကို မနေ့ကမှ ဆက်သွယ်သွားတာကို"
သူမသည် သူမ၏အရည်အချင်း အစစ်အမှန်ဖြင့် နဉ့်ကျီအား မျက်ခွက်ဖြတ်ရိုက်ရန် ကြိုးစားနေခြင်းပေပင်။
နဉ့်ကျီ ဒီနောက်ပိုင်း မှန်မကြည့်ဖြစ်ဘူးလား? သူမတို့နှစ်ယောက်ကြားက အသွင်အပြင်တွေခြားနားသွားတာကို သတိမပြုမိဘူးလား?
နဉ့်ကျီ ပြုံးလိုက်သည်။
လင်ထန်းထန်း၏ သံသယဖြစ်နေသော အကြည့်အားကြည့်ရင်း နဉ့်ကျီ သူမအား ပြောလိုက်သည် "ငါ ရုတ်တရတ် ဟာသတစ်ခုကို သွားသတိရမိသား ၊ သူခိုးမတစ်ယောက်က မူရင်းပိုင်ရှင်ဆီကိုလာပြီးတော့ ခိုးထားတဲ့ပစ္စည်းက ဘယ်လောက်လှပကြောင်း ဘယ်လောက်အသုံးဝင်တဲ့အကြောင်းတွေကို လာကြွားပြပြီး ကိုယ့်ကိုယ်ပိုင်ရတနာကို မစောင့်ရှောက်နိုင်တဲ့အထိ တုံးအလွန်းလို့ ပိုင်ရှင်ကိုတောင် လှောင်ရယ်သတဲ့လေ"
လင်ထန်းထန်း : "ဟာသ ပြောနေတာလား?"
"ဟာသပြောနေတာ မဟုတ်ပါဘူးနော်" နဉ့်ကျီ လင်ထန်းထန်းအား နက်နဲကာ အဓိပ္ပါယ်ရှိလှသည့် အကြည့်တစ်ခုပေးရင်း ဆိုလိုက်သည်။ "အဲ့ဒါက တစ်ကယ့်အစစ်အမှန်ဇာတ်လမ်းလေ"
နဉ့်ကျီ၏ စကားလုံးတို့ထဲတွင် ဖုံးကွယ်ထားသည့် အကြောင်းအရာတစ်ခုရှိသည်ကို လင်ထန်းထန်း ခံစားမိသည်။
နဉ့်ကျီ ထွက်သွားသည်အားကြည့်ရင်း လင်ထန်းထန်း လည်ပင်းတွင်ဆွဲထားသည့် ဆွဲသီးအားထိလိုက်ပြီး နွေးထွေးမှုသည် စိတ်ပူနေသောစိတ်နှလုံးအား ငြိမ်သက်သွားစေခဲ့၏။
***
နဉ့်ကျီသည် တက္ကသိုလ်တွင် ဂျူနီယာတစ်ယောက်ဖြစ်လေသည်။ မူလပိုင်ရှင်၏ တောင်းဆိုချက်အရ လွန်ခဲ့သည့်ခြောက်လခန့်က သူမနှင့်လုကုတို့ ပြည်ပတွင် လက်ထပ်ခဲ့ကြပြီးဖြစ်ကြောင်းကို လုမိသားစုသည် ကြော်ငြာချက် မထုတ်ပြန်ခဲ့ပေ။ ကျောင်းရှိမည်သူကမျှ သူမ လုမိသားစုထဲသို့ လက်ထပ်သွားကြောင်းကို မသိထားကြ။
ကောလိပ်ဂျူနီယာတစ်ဦးအနေဖြင့် ကျောင်းဝန်ထုတ်မှာ အတော်လေးပင် ပေါ့ပါးပေသည်။ နဉ့်ကျီ ဝမ်းမြောက်ရသည့် တစ်ခုတည်းသောအရာမှာ မူလပိုင်ရှင်၏မေဂျာသည် သူမ,ကူးပြောင်းမလာခင်က သူမ၏မေဂျာနှင့် တူညီနေခြင်းပင်။ နေ့လယ်အတန်းချိန်များပြီးနောက် သင်ရိုးညွှန်းတမ်းများမှာ အတော်လေးအဆင်ပြေကြောင်း သူမ,တွေ့ရှိရသည်။
အတန်းဆင်းသည့်အချိန်တွင် လုမိသားစု၏ကားမောင်းသူသည် တက္ကသိုလ်ဝင်ပေါက်တွင် စောင့်နေပြီး ဖြစ်သည်။
တန်ဖိုးကြီးလှသည့် အနက်ရောင်ကားသည် ထိုနေရာတွင် တိတ်တဆိတ်သာ ရပ်နေခြင်းဖြစ်သော်လည်း လူအများ၏အာရုံကို ဆွဲဆောင်နိုင်ဆဲပါပင်။
နဉ့်ကျီ ကားထဲသို့ဝင်လိုက်ပြီး ကားမောင်းသူကို မေးလိုက်သည် "ဦးလေးချန် ၊ လုကု ဒီနေ့ အစစအရာရာ အဆင်ပြေရဲ့လား?"
လုကုတွင် တစ်ခုခုဖြစ်လျှင် အမေလု သူမအား ဖုန်းခေါ်မည်ကို သူမ အပြည့်အဝသိသော်လည်း မေးရန် ဆုံးဖြတ်မိလိုက်ဆဲပင်။ မည်သို့ပင်ဖြစ်စေ အပြောင်းအလဲများကို ပြုလုပ်နေသည့်အချိန်တွင် တစ်စုံတစ်ဦးသည် အသေးစိတ်အချက်အလက်များအား အာရုံစိုက်ပေးရန် လိုအပ်ပေသည်။
နဉ့်ကျီ ဒုတိယသခင်လေးအကြောင်း မေးသည်ကို ဦးလေးချန် အနည်းငယ် အံ့ဩသွားရသည်။ထို့အပြင် သူမသည် အရင်ကထက်စာလျှင် ပိုမိုသွက်သွက်လက်လက် ရှိလာပုံပင် "သခင်လေးလု ဒီနေ့ အဆင်ပြေပြေရှိနေပါတယ်"
သူမတို့ အချိုပွဲဆိုင်တစ်ခုကို ဖြတ်မောင်းသွားသည့်အချိန်တွင် နဉ့်ကျီ ဦးလေးချန်အား တားလိုက်သည်။
သူမ,ပြန်လာသည့်အချိန်တွင် သူမနှင့်အတူ နူးနူးညံ့ညံ့ဘူးလေးနှစ်ခုပါ ပါလာလေ၏။
ယနေ့ လုအိမ်တော်တွင် ဧည့်သည်များ ရှိနေကြသည်။ အမေလုတွင် ညီမတစ်ယောက်ရှိပြီး သူမသည် သူမ၏အငယ်ဆုံးသားနှင့်အတူ အလည်လာခြင်းဖြစ်သည်။
အမေလု၏ညီမ စုန့်ရော့သည် နဉ့်ကျီ သူမတို့အား ကိုယ်နေဟန်ထားကျကျဖြင့် နှုတ်ဆက်လာသည်ကို မြင်ရသောအခါ အနည်းငယ်အံ့ဩသွားလေသည်။ နဉ့်ကျီ အပေါ်ထပ်သို့တက်သွားပြီးနောက် သူမ အပြုံးတစ်ခုနှင့် အမေလုအား မေးလာသည် "မမ မမရဲ့ချွေးမကို သင်တန်းနည်းနည်းပေးလိုက်တာလား?"
စုန့်ယာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည် "ငါက ငါ့ချွေးမကို လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ ချမှတ်နေမယ့် ပုံစံမျိုးနဲ့တူလို့လား?"
"မမ အဲ့လိုလူမျိုးမဟုတ်တာ ညီမသိတာပေါ့"
စုန့်ယာနှင့်စုန့်ရော့တို့သည် အမြဲပင်နီးကပ်ခဲ့ကြသည်။ ဤအကြောင်းအရာပေါ်ရှိ စုန့်ရော့၏အတွေးများအတွက် သူမ,စိတ်မပူပေ "နဉ့်ကျီ ငါတို့မိသားစုထဲကို လက်ထပ်ဝင်လာတဲ့အချိန်တုန်းက အခြေအနေကို နင်လည်းသိတာပဲ ၊ သူ့(မ)ရဲ့လူကြီးတွေနဲ့ ငါ သဘောတူညီမှုတစ်ခု လုပ်ထားတယ် ၊ တစ်ကယ်လို့ ၂နှစ်အတွင်းမှာ ရှောင်ကုပြန်ကောင်းမလာဘူး သူတို့မှာ ကလေးလည်းမရှိဘူးဆိုရင် နဉ့်ကျီထွက်ခွာဖို့ ကြိုဆိုလျက်ပဲ"
စုန်ရော့ သဘောမတူပေ "နဉ့်ကျီ လုမိသားစုထဲကို လက်ထပ်နိုင်တာနဲ့တင် ကံကောင်းလှပြီ ၊ သူ့(မ)လို မိဘမဲ့တစ်ယောက်က လုမိသားစုထဲကို ဘယ်လိုများလက်ထက်နိုင်မှာလဲ ၊ အခွင့်အရေးသေးသေးလေးတောင် မရှိဘူး"
"လုမိသားစုထဲကို လက်ထပ်ဝင်ရောက်လာတဲ့ သူ့(မ)ရဲ့ရည်ရွယ်ချက်က ဘယ်တုန်းကမှ ဖြူဖြူစင်စင်မဟုတ်ခဲ့ဘူး ၊ ပြီးရင် လုကုရဲ့အော်တစ်ဇင်ကလည်း အချိန်နဲ့အမျှ ပိုပိုဆိုးလာပြီ ၊ သူမနှလုံးသားက ညီမတို့နဲ့ တစ်သားတည်းမဟုတ်ဘူး ၊ သူ့(မ)ကိုနေဖို့ တွန်းအားပေးနေတာ ဘာကောင်းကျိုးများရှိလဲ?"
အမေလု သူမသား၏အခြေအနေကို တစ်လျှောက်လုံး ကောင်းကောင်းကြီးပင် သတိပြုမိသည်။ နဉ့်ကျီ သူမသားအား လက်ထပ်ခြင်းသည် သူမ၏တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ ထို့ပြင် နဉ့်ကျီ သူမသားနှင့် ကလေးလေးရှိလာမည်မှာလည်း သူမ၏သဘာဝမကျလှသည့် မျှော်လင့်ချက်တစ်ခုဖြစ်သည်။
၆လပင်ရှိပြီဖြစ်ပြီး လုကု၏အော်တစ်ဇင်သည် ပိုမကောင်းလာရုံသာမက နဉ့်ကျီကလည်း သူမ၏သားကို မနှစ်သက်ပေ။ သူတို့နှစ်ဦးကြားတွင် ကလေးရှိခြင်းမှာ ပြောစရာပင်မလို။ နှစ်ယောက်သားသည် အိပ်ယာတစ်ခုတည်းပင် မသုံးကြ။
သူမ နဉ့်ကျီအား အနည်းငယ်ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင်လည်း ၎င်းမှာ နဉ့်ကျီနှင့်လုကုတို့ကြားရှိ ကိစ္စရပ်သာ ဖြစ်လေ၏။ အခြားတစ်ဖက် ဆန္ဒမရှိပါက ကလေးသည် ရှိလာမည်မဟုတ်ချေ။
စုန့်ယာ သက်ပြင်းချလိုက်သည် "အကယ်၍ ရှောင်ကုရဲ့ကျန်းမာရေး ပိုကောင်းမလာဘူးဆိုရင် ငါတို့ နဉ့်ကျီကို လုအိမ်တော်မှာပဲ သူမရဲ့တစ်ဘဝလုံးကို ဖြုန်းတီးစေလို့ မရဘူးပေါ့လေ"
----
Clickဖို႔မေမ့ၾကပါနဲ႔ရွင့္🌻
နဥ့္က်ီ စာၾကည့္ခန္းထဲမွ ထြက္လာခဲ့ၿပီးေနာက္ ေလွကားအဆင္းတြင္ လင္ထန္းထန္းႏွင့္ တိုးေလသည္။
သူမသည္ အဝါေတာက္ေတာက္အက်ႌကို ဝတ္ဆင္ထားသည္။ ယခုအခ်ိန္တြင္ သူမ၌ ႏို႔ႏွစ္ေရာင္အသားအေရရွိေနေသာေၾကာင့္ ထိုကဲ့သို႔ေသာ အေရာင္မ်ိဳးႏွင့္ လုံးဝပင္လိုက္ဖက္ေလ၏။
သူမ၏မွတ္ဉာဏ္ထဲတြင္ လင္ထန္းထန္းသည္ နဥ့္က်ီ၏ေရာင္ဝါအား မခိုးယူရေသးခင္ကတည္းက ႏို႔ႏွစ္ေရာင္အသားအေရရွိျခင္းျဖစ္သည္။ သို႔ေသာ္ေရာင္ဝါကမူ ေခ်ာေမြ႕ ေတာက္ပကာ အျပစ္အနာအဆာကင္းေလ၏။
ေရာင္ဝါသည္ အမွန္ပင္ အံ့ဩဖြယ္အရာတစ္ခုပင္။
ထို႔ေၾကာင့္ လင္ထန္းထန္းသည္ ေရာင္ဝါကို ခိုးယူခ်င္႐ုံသာမက အရာအားလုံးကို ခိုးယူလိုျခင္း ျဖစ္သည္။
"ေရွာင္က်ီ" လင္ထန္းထန္း နဥ့္က်ီ၏လက္တို႔အား ၾကည့္လိုက္ၿပီး သူမ,သယ္လာေသာ အျဖဴေရာင္ေႂကြပန္းကန္ျပားကို ျမင္ေသာအခါ ဆိုေလသည္ "ငါ အေစခံေတြဆီက ၾကားခဲ့တာ ၊ နင္ လုကုအတြက္ အခ်ိဳပြဲလုပ္ေပးတယ္ဆို?"
"အဲ့ေတာ့ ျပႆနာရွိလို႔လား?" နဥ့္က်ီ လင္ထန္းထန္းအား အထက္ေအာက္ စုန္ခ်ည္ဆန္ခ်ည္ၾကည့္လိုက္သည္။ သူမသည္ သူမ၏ေရာင္ဝါ၂%ကို ယခုေလးတင္ ျပန္လည္စုေဆာင္းထားျခင္းျဖစ္ေသာ္လည္း လင္ထန္းထန္းကား လုံးဝသတိျပဳမိပုံမရေပ။
"နင္ ဒီရက္ပိုင္း တစ္ခုခုမ်ား ျဖစ္ေနတာလား? နင္ရဲ႕လုကုကိုဆက္ဆံပုံက ေျပာင္းလဲသြားသလို ငါခံစားရတယ္" နဥ့္က်ီ သူမအား ၾကည့္ပုံၾကည့္နည္းတို႔မွာလည္း ထိုနည္း၎ပင္။ နဥ့္က်ီအသစ္အား သူမ လုံးဝပင္ မဖတ္ႏိုင္ေပ။
"နင္ေရာပဲ ေျပာင္းလဲသြားတယ္" နဥ့္က်ီသည္ အၿပဳံးတစ္ခုျဖင့္ဆိုရင္း လင္ထန္းထန္းအနီးသို႔ တိုးကပ္သြားလိုက္သည္ "နင္ ဒီေန႔နည္းနည္းပိုမဲသြားတာကို ငါသတိထားမိတယ္ေလ"
သူမသည္ သူမ၏ေရာင္ဝါအနည္းငယ္ကို ျပန္လည္ရရွိၿပီးျဖစ္ေသာေၾကာင့္ ဆိုလိုသည္မွာ လင္ထန္းထန္းတြင္လည္း ထိုမွ်ေလ်ာ့သြားၿပီဟူ၍ပင္။ ဒီအတိုင္း ေျပာင္းလဲမႈမွာ သတိျပဳမိရန္ လင္ထန္းထန္းအတြက္ အလြန္ကိုေသးငယ္လွေသာေၾကာင့္သာ။
လင္ထန္းထန္း မ်က္ႏွာေပၚရွိအၿပဳံးမွာ ေလ်ာ့ရဲသြားရသည္ "ဒါေနာက္စရာမဟုတ္ဘူးေနာ္ ေရွာင္က်ီ" သူမ နဥ့္က်ီအား ညင္သာစြာ ဆိုေလသည္ "နာမည္ႀကီး အသားအေရထိန္းသိမ္းတဲ့ ထုတ္ကုန္ေတြ ထုတ္တဲ့ကုမၸဏီက ငါ့ကို သူတို႔ရဲ႕ေျပာေရးဆိုေရးပုဂၢိဳလ္လုပ္ေပးဖို႔ ငါ့ေအးဂ်င့္ဆီကို မေန႔ကမွ ဆက္သြယ္သြားတာကို"
သူမသည္ သူမ၏အရည္အခ်င္း အစစ္အမွန္ျဖင့္ နဥ့္က်ီအား မ်က္ခြက္ျဖတ္႐ိုက္ရန္ ႀကိဳးစားေနျခင္းေပပင္။
နဥ့္က်ီ ဒီေနာက္ပိုင္း မွန္မၾကည့္ျဖစ္ဘူးလား? သူမတို႔ႏွစ္ေယာက္ၾကားက အသြင္အျပင္ေတြျခားနားသြားတာကို သတိမျပဳမိဘူးလား?
နဥ့္က်ီ ၿပဳံးလိုက္သည္။
လင္ထန္းထန္း၏ သံသယျဖစ္ေနေသာ အၾကည့္အားၾကည့္ရင္း နဥ့္က်ီ သူမအား ေျပာလိုက္သည္ "ငါ ႐ုတ္တရတ္ ဟာသတစ္ခုကို သြားသတိရမိသား ၊ သူခိုးမတစ္ေယာက္က မူရင္းပိုင္ရွင္ဆီကိုလာၿပီးေတာ့ ခိုးထားတဲ့ပစၥည္းက ဘယ္ေလာက္လွပေၾကာင္း ဘယ္ေလာက္အသုံးဝင္တဲ့အေၾကာင္းေတြကို လာႂကြားျပၿပီး ကိုယ့္ကိုယ္ပိုင္ရတနာကို မေစာင့္ေရွာက္ႏိုင္တဲ့အထိ တုံးအလြန္းလို႔ ပိုင္ရွင္ကိုေတာင္ ေလွာင္ရယ္သတဲ့ေလ"
လင္ထန္းထန္း : "ဟာသ ေျပာေနတာလား?"
"ဟာသေျပာေနတာ မဟုတ္ပါဘူးေနာ္" နဥ့္က်ီ လင္ထန္းထန္းအား နက္နဲကာ အဓိပၸါယ္ရွိလွသည့္ အၾကည့္တစ္ခုေပးရင္း ဆိုလိုက္သည္။ "အဲ့ဒါက တစ္ကယ့္အစစ္အမွန္ဇာတ္လမ္းေလ"
နဥ့္က်ီ၏ စကားလုံးတို႔ထဲတြင္ ဖုံးကြယ္ထားသည့္ အေၾကာင္းအရာတစ္ခုရွိသည္ကို လင္ထန္းထန္း ခံစားမိသည္။
နဥ့္က်ီ ထြက္သြားသည္အားၾကည့္ရင္း လင္ထန္းထန္း လည္ပင္းတြင္ဆြဲထားသည့္ ဆြဲသီးအားထိလိုက္ၿပီး ေႏြးေထြးမႈသည္ စိတ္ပူေနေသာစိတ္ႏွလုံးအား ၿငိမ္သက္သြားေစခဲ့၏။
***
နဥ့္က်ီသည္ တကၠသိုလ္တြင္ ဂ်ဴနီယာတစ္ေယာက္ျဖစ္ေလသည္။ မူလပိုင္ရွင္၏ ေတာင္းဆိုခ်က္အရ လြန္ခဲ့သည့္ေျခာက္လခန႔္က သူမႏွင့္လုကုတို႔ ျပည္ပတြင္ လက္ထပ္ခဲ့ၾကၿပီးျဖစ္ေၾကာင္းကို လုမိသားစုသည္ ေၾကာ္ျငာခ်က္ မထုတ္ျပန္ခဲ့ေပ။ ေက်ာင္းရွိမည္သူကမွ် သူမ လုမိသားစုထဲသို႔ လက္ထပ္သြားေၾကာင္းကို မသိထားၾက။
ေကာလိပ္ဂ်ဴနီယာတစ္ဦးအေနျဖင့္ ေက်ာင္းဝန္ထုတ္မွာ အေတာ္ေလးပင္ ေပါ့ပါးေပသည္။ နဥ့္က်ီ ဝမ္းေျမာက္ရသည့္ တစ္ခုတည္းေသာအရာမွာ မူလပိုင္ရွင္၏ေမဂ်ာသည္ သူမ,ကူးေျပာင္းမလာခင္က သူမ၏ေမဂ်ာႏွင့္ တူညီေနျခင္းပင္။ ေန႔လယ္အတန္းခ်ိန္မ်ားၿပီးေနာက္ သင္႐ိုးၫႊန္းတမ္းမ်ားမွာ အေတာ္ေလးအဆင္ေျပေၾကာင္း သူမ,ေတြ႕ရွိရသည္။
အတန္းဆင္းသည့္အခ်ိန္တြင္ လုမိသားစု၏ကားေမာင္းသူသည္ တကၠသိုလ္ဝင္ေပါက္တြင္ ေစာင့္ေနၿပီး ျဖစ္သည္။
တန္ဖိုးႀကီးလွသည့္ အနက္ေရာင္ကားသည္ ထိုေနရာတြင္ တိတ္တဆိတ္သာ ရပ္ေနျခင္းျဖစ္ေသာ္လည္း လူအမ်ား၏အာ႐ုံကို ဆြဲေဆာင္ႏိုင္ဆဲပါပင္။
နဥ့္က်ီ ကားထဲသို႔ဝင္လိုက္ၿပီး ကားေမာင္းသူကို ေမးလိုက္သည္ "ဦးေလးခ်န္ ၊ လုကု ဒီေန႔ အစစအရာရာ အဆင္ေျပရဲ႕လား?"
လုကုတြင္ တစ္ခုခုျဖစ္လွ်င္ အေမလု သူမအား ဖုန္းေခၚမည္ကို သူမ အျပည့္အဝသိေသာ္လည္း ေမးရန္ ဆုံးျဖတ္မိလိုက္ဆဲပင္။ မည္သို႔ပင္ျဖစ္ေစ အေျပာင္းအလဲမ်ားကို ျပဳလုပ္ေနသည့္အခ်ိန္တြင္ တစ္စုံတစ္ဦးသည္ အေသးစိတ္အခ်က္အလက္မ်ားအား အာ႐ုံစိုက္ေပးရန္ လိုအပ္ေပသည္။
နဥ့္က်ီ ဒုတိယသခင္ေလးအေၾကာင္း ေမးသည္ကို ဦးေလးခ်န္ အနည္းငယ္ အံ့ဩသြားရသည္။ထို႔အျပင္ သူမသည္ အရင္ကထက္စာလွ်င္ ပိုမိုသြက္သြက္လက္လက္ ရွိလာပုံပင္ "သခင္ေလးလု ဒီေန႔ အဆင္ေျပေျပရွိေနပါတယ္"
သူမတို႔ အခ်ိဳပြဲဆိုင္တစ္ခုကို ျဖတ္ေမာင္းသြားသည့္အခ်ိန္တြင္ နဥ့္က်ီ ဦးေလးခ်န္အား တားလိုက္သည္။
သူမ,ျပန္လာသည့္အခ်ိန္တြင္ သူမႏွင့္အတူ ႏူးႏူးညံ့ညံ့ဘူးေလးႏွစ္ခုပါ ပါလာေလ၏။
ယေန႔ လုအိမ္ေတာ္တြင္ ဧည့္သည္မ်ား ရွိေနၾကသည္။ အေမလုတြင္ ညီမတစ္ေယာက္ရွိၿပီး သူမသည္ သူမ၏အငယ္ဆုံးသားႏွင့္အတူ အလည္လာျခင္းျဖစ္သည္။
အေမလု၏ညီမ စုန႔္ေရာ့သည္ နဥ့္က်ီ သူမတို႔အား ကိုယ္ေနဟန္ထားက်က်ျဖင့္ ႏႈတ္ဆက္လာသည္ကို ျမင္ရေသာအခါ အနည္းငယ္အံ့ဩသြားေလသည္။ နဥ့္က်ီ အေပၚထပ္သို႔တက္သြားၿပီးေနာက္ သူမ အၿပဳံးတစ္ခုႏွင့္ အေမလုအား ေမးလာသည္ "မမ မမရဲ႕ေခြၽးမကို သင္တန္းနည္းနည္းေပးလိုက္တာလား?"
စုန႔္ယာ လက္ဖက္ရည္တစ္ငုံ ေသာက္လိုက္သည္ "ငါက ငါ့ေခြၽးမကို လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ေနမယ့္ ပုံစံမ်ိဳးနဲ႔တူလို႔လား?"
"မမ အဲ့လိုလူမ်ိဳးမဟုတ္တာ ညီမသိတာေပါ့"
စုန႔္ယာႏွင့္စုန႔္ေရာ့တို႔သည္ အၿမဲပင္နီးကပ္ခဲ့ၾကသည္။ ဤအေၾကာင္းအရာေပၚရွိ စုန႔္ေရာ့၏အေတြးမ်ားအတြက္ သူမ,စိတ္မပူေပ "နဥ့္က်ီ ငါတို႔မိသားစုထဲကို လက္ထပ္ဝင္လာတဲ့အခ်ိန္တုန္းက အေျခအေနကို နင္လည္းသိတာပဲ ၊ သူ႔(မ)ရဲ႕လူႀကီးေတြနဲ႔ ငါ သေဘာတူညီမႈတစ္ခု လုပ္ထားတယ္ ၊ တစ္ကယ္လို႔ ၂ႏွစ္အတြင္းမွာ ေရွာင္ကုျပန္ေကာင္းမလာဘူး သူတို႔မွာ ကေလးလည္းမရွိဘူးဆိုရင္ နဥ့္က်ီထြက္ခြာဖို႔ ႀကိဳဆိုလ်က္ပဲ"
စုန္ေရာ့ သေဘာမတူေပ "နဥ့္က်ီ လုမိသားစုထဲကို လက္ထပ္ႏိုင္တာနဲ႔တင္ ကံေကာင္းလွၿပီ ၊ သူ႔(မ)လို မိဘမဲ့တစ္ေယာက္က လုမိသားစုထဲကို ဘယ္လိုမ်ားလက္ထက္ႏိုင္မွာလဲ ၊ အခြင့္အေရးေသးေသးေလးေတာင္ မရွိဘူး"
"လုမိသားစုထဲကို လက္ထပ္ဝင္ေရာက္လာတဲ့ သူ႔(မ)ရဲ႕ရည္႐ြယ္ခ်က္က ဘယ္တုန္းကမွ ျဖဴျဖဴစင္စင္မဟုတ္ခဲ့ဘူး ၊ ၿပီးရင္ လုကုရဲ႕ေအာ္တစ္ဇင္ကလည္း အခ်ိန္နဲ႔အမွ် ပိုပိုဆိုးလာၿပီ ၊ သူမႏွလုံးသားက ညီမတို႔နဲ႔ တစ္သားတည္းမဟုတ္ဘူး ၊ သူ႔(မ)ကိုေနဖို႔ တြန္းအားေပးေနတာ ဘာေကာင္းက်ိဳးမ်ားရွိလဲ?"
အေမလု သူမသား၏အေျခအေနကို တစ္ေလွ်ာက္လုံး ေကာင္းေကာင္းႀကီးပင္ သတိျပဳမိသည္။ နဥ့္က်ီ သူမသားအား လက္ထပ္ျခင္းသည္ သူမ၏တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ပင္။ ထို႔ျပင္ နဥ့္က်ီ သူမသားႏွင့္ ကေလးေလးရွိလာမည္မွာလည္း သူမ၏သဘာဝမက်လွသည့္ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္သည္။
၆လပင္ရွိၿပီျဖစ္ၿပီး လုကု၏ေအာ္တစ္ဇင္သည္ ပိုမေကာင္းလာ႐ုံသာမက နဥ့္က်ီကလည္း သူမ၏သားကို မႏွစ္သက္ေပ။ သူတို႔ႏွစ္ဦးၾကားတြင္ ကေလးရွိျခင္းမွာ ေျပာစရာပင္မလို။ ႏွစ္ေယာက္သားသည္ အိပ္ယာတစ္ခုတည္းပင္ မသုံးၾက။
သူမ နဥ့္က်ီအား အနည္းငယ္ဖိအားေပးရန္ ႀကိဳးစားခဲ့ေသာ္လည္း အလုပ္မျဖစ္ခဲ့ေပ။ ေနာက္ဆုံးတြင္လည္း ၎မွာ နဥ့္က်ီႏွင့္လုကုတို႔ၾကားရွိ ကိစၥရပ္သာ ျဖစ္ေလ၏။ အျခားတစ္ဖက္ ဆႏၵမရွိပါက ကေလးသည္ ရွိလာမည္မဟုတ္ေခ်။
စုန႔္ယာ သက္ျပင္းခ်လိုက္သည္ "အကယ္၍ ေရွာင္ကုရဲ႕က်န္းမာေရး ပိုေကာင္းမလာဘူးဆိုရင္ ငါတို႔ နဥ့္က်ီကို လုအိမ္ေတာ္မွာပဲ သူမရဲ႕တစ္ဘဝလုံးကို ျဖဳန္းတီးေစလို႔ မရဘူးေပါ့ေလ"