High Energy QR Code [ Myanmar...

By Inix_ss

114K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 51 _ ရုပ်သေးမြို့တော်

1.1K 254 10
By Inix_ss

(Unicode)

မှန်ကြီးမှာ အချိန်တစ်ခုလောက်အထိ သံပတ်လှည့်ပေးပြီးနောက် ပင်ပန်းသွားခဲ့လေသည်။ သူ နေ့ဝက်လောက် သံပတ်ပေးခဲ့ရတာကြောင့် စိတ်ပါပင်ပန်းသွားခဲ့သည်။ ထို့ကြောင့် ရှင်ယဲ့ဘေးရှိနေရာအား ဖုန်ခါလိုက်ပြီး၊ သူနှင့် ဘေးချင်းယှဉ်ထိုင်လိုက်လေ၏။

ယခုကဲ့သို့ မှောင်မိုက်နေသော ပတ်ဝန်းကျင်ထဲ၊ လူတစ်ယောက်.... အဖော်ပြုပေးမည့် မှန်ရှိသည်မှာ အလွန်ကောင်းလှလေသည်။

အဖော်ပြုပေးမည့်သူရှိခြင်းက မှောင်မိုက်သောညများအား ကြောက်မက်ဖွယ်မကောင်းတော့အောင် ပြုလုပ်ပေးသည်။ အရုပ်ကြီး အရုပ်ငယ် ရုပ်သေးရုပ်နှစ်ရုပ်မှာ မိုးလင်းပေါက်ထိအောင် စောင့်နေခဲ့ကြလေ၏။

အခုအခါမှာတော့ ရှင်ယဲ့ အိမ်ခန်းတစ်ခန်းလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်သည်။ ဤသည်မှာ အလွန် ရိုးရှင်းသည့် သစ်သားအိမ်တစ်လုံးဖြစ်လို့နေသည်။ အိမ်အတွင်း၌လည်း ပစ္စည်းအစအနများနှင့် ရှုပ်ပွပြည့်နှက်နေလေ၏။ သစ်သားများနှင့် သံံတိုသံစများကဲ့သို့သော ပစ္စည်းများပင် ဖြစ်ကာ၊ တူနှင့် ခွရှင်ကဲ့သို့သော ကိရိယာများလည်း ရှိသေးသည်။ အကုန်လုံးမှာတော့ ဟောင်းနွမ်းပျက်စီးလျက်ရှိနေကြ၏။

စွန့်ပစ် သိုလှောင်ရုံဟောင်းတစ်ခုကဲ့သို့ပင်ဖြစ်သည်။

ယခုအချိန်တွင် ရှင်ယဲ့လည်း နောက်ဆုံး မှန်ကြီး၏ ပုံသဏ္ဌာန်ကို ရှင်လင်းစွာ မြင်လိုက်ရချေပြီ။

မှန်ကြီးက ကြေးမှန် အကြီးတစ်ခု၊ အသေးတစ်ခုဖြင့် ဖွဲ့စည်းထားသော ရုပ်သေးရုပ်ပင်ဖြစ်သည်။ ကြေးမှန်အသေးရှိသည့် အပေါ်မျက်နှာပြင်မှာ ခေါင်းဖြစ်ပြီး၊ အလယ်၌ ကြေးမှန်အကြီးအား ကြေးချောင်းတစ်ချောင်းဖြင့် ဂဟေဆက်၍ ခန္ဓာကိုယ်အနေနှင့် ပြုလုပ်ထားသည်။ ကြေးချောင်းမှာ အနိုင်နိုင်သာလှည့်၍ရသော လည်ပင်းအဖြစ် အသုံးပြုရနိုင်သည်။ သို့သော်လည်း ခေါင်းအား ဟိုဘက်ဒီဘက်လှည့်ရသည့် ခံစားချက်ကိုပေးသည်။ ကြေးမှန်ကြီးပေါ်၌ ခြေလက်များဖြစ်ဟန်ရသည့် ရွေ့လျားနိုင်သော ထောက်တံလေးခုရှိသည်။ မှန်အသေး၏ အပေါ်မှာတော့ သလင်းကျောက်နှစ်လုံးတပ်ထားရာ မျက်လုံးများနှင့် တူလေ၏။ မျက်လုံးများအောက်၌ ကြေးစတစ်စထွက်လျက်ရှိနေရာ၊ ပါးစပ်ဖြစ်ဟန်ရလေသည်။ စကားပြော၍ ရနိုင်ပြီး၊ နားရွက်တော့မရှိပေ။ မှန်အသေး၏ နောက်၌ သံပတ်အသေးလေး တစ်ခု ရှိသည်။

ယခု၏ မှန်လူကို ကြည့်ရင်း၊ ဝှီးချဲပေါ်၌ နတ်သားလေးတစ်ပါးကဲ့သို့ အိပ်ပျော်နေသည့် လုမင်းဇယ်အား ပြန်စဉ်းစားမိလိုက်သည့်အခါ၊ ရှင်ယဲ့ စိတ်ထဲ၌ 'ရုပ်ဆိုးတယ်' ဆိုသော စာလုံးကြီးအား ရေးသားမိလိုက်လေ၏။

သို့သော်လည်း စဉ်းစားဆင်ခြင်စွာဖြင့် ထုတ်မပြောခဲ့ပေ။ ထုတ်ပြောလိုက်လျှင် မှန်မှာ ထိုင်ငိုသွားမှာဖြစ်သည်။

"ဟားဟားဟားဟား၊ ရှင်ယဲ့ မင်းက အရမ်းရုပ်ဆိုးတာပဲ!" မှန်ကြီးက ရှင်ယဲ့၏ ဘေး၌ မောင်းတီးသံမျိုးဖြင့် ရယ်လိုက်လေ၏။

ကြေးမှန်မှာ အနည်းငယ်ဝေဝါးနေသော်လည်း၊ ရှင်ယဲ့ သူ့ကိုယ်သူ မြင်နိုင်ဖို့တော့ လုံလောက်လေသည်။

အလွန်ရိုးရှင်းသည့် သစ်သားရုပ်သေးရုပ်တစ်ရုပ်ပင်ဖြစ်သည်။ ညာလက်မှာ ပြုတ်နေပြီး၊ ခါးညာဘက်ခြမ်းပေါ်၌ သံပတ်တစ်ခုရှိသည်။ လည်ပင်း၊ မျက်လုံး၊ ပါးစပ်နှင့် နားရွက်အကုန်ရှိပြီး၊ ဆံပင်တော့မရှိပေ။ ကတုံးပြောင်ပင်ဖြစ်သည်။

အောက်ဘက်ပိုင်းမှာလည်း ပြောင်ရှင်းနေသည်။

သို့သော် မှန်မှာလည်း အတူတူပင်ဖြစ်လေရာ၊ နှစ်ယောက်သားမှာ ကတုံးပြောင်ဖြစ်နေသည့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး၊ အချင်းချင်း တဟားဟားဖြင့် ရယ်မောလိုက်ကြလေ၏။

ရှင်ယဲ့ မတ်တတ်ရပ်လိုက်ရာ၊ ကိုယ်ပေါ်မှ 'ကျွိ ကျွိ' အသံများ ထွက်လာတော့သည်။ ဆီထည့်ရန်လိုနေသည့် စက်ပစ္စည်းနှင့် အနည်းငယ် တူသည်။

ရှင်ယဲ့ သူ၏ ခန္ဓာကိုယ်အား မှန်ကြီး၌ ကြည့်ရင်းဖြင့် ဆိုလိုက်လေ၏: "ငါက အရမ်းဟောင်းနေပြီ။ ခန္ဓာကိုယ်ကို ပြင်ဖို့ လိုတယ်"

မှန်ကြီးလည်း အတူတူပင်ဖြစ်သည်။ သူ့ ခေါင်းပေါ်ရှိ သံပတ်မှာလည်း စိမ်းဖန့်ဖန့်ဖြစ်နေ၏။ အစိမ်းရောင်ကြေးညှိများတက်ကာ သံချေးတက်နေပုံရသည်။

ဆရာကြီးဘန်းနဒစ်က မှန်နှင့် သစ်သားရုပ်သေးရုပ်တွေကို ရွေ့လျားလို့ရအောင် ဘယ်လိုမျိုး လုပ်ထားလဲလည်း မသိပေ။ ဘယ်လိုပဲဖြစ်ပါစေ၊ ဒီနေရာက နတ်သမီးပုံံပြင်ကမ္ဘာတစ်ခုသာဖြစ်ကာ၊ တကယ့်ကမ္ဘာက ဘယ်သူကမှ ရုပ်သေးရုပ်တွေကို လူ့သဘာဝထည့်ပေးနိုင်လိမ့်မည်မဟုတ်ဘဲ၊ မသေခင် ကိုယ့်ရဲ့နှလုံးကို ရုပ်သေးရုပ်ထဲမှာထည့်ပြီး အသက်ဆက်ရှင်အောင် လုပ်နိုင်မည်လည်း မဟုတ်ပေ။

"ငါတို့ အပြင်ထွက်ပြီး ကြည့်ကြည့်ရအောင်" မှန်ကြီးက အကြံပြုလိုက်၏။ "ဒီအခန်းထဲမှာ တကယ် ဘာမှကိုမရှိဘူး"

ရှင်ယဲ့ သူ၏ ညာလက်ကို ပြန်တပ်လို့ရမည့် ပစ္စည်းကိရိယာများအား အနည်းငယ် ရှာကြည့်ချင်သေးသည်။ သို့စေကာမူ သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံအား သိပ်မသိသေးသည့်အပြင်၊ ဆရာကြီးဘန်းနဒစ်က ရုပ်သေးရုပ်ကို လှုပ်ရှားလို့ရအောင် ဘယ်လို လုပ်ထားလဲဆိုတာကိုလည်း နားမလည်သေးချေ။

"ကောင်းပြီလေ၊ ငါတို့ အပြင်ထွက်ပြီး ကြည့်ကြည့်ကြမယ်။ ရုပ်သေးရုပ်အယောင််ဆောင်ကြတာပေါ့" ရှင်ယဲ့ လက်ခံလိုက်၏။

သူ ဘန်းနဒစ်က ဖန်းတီးတည်ဆောက်ခဲ့သော မြို့လေးအပေါ် အလွန်စိတ်ဝင်စားလျက်ရှိနေကာ၊ ဘယ်လိုပုံစံမျိုးလဲဆိုတာကို သိချင်နေမိသည်။

မှိုတက်ဟောင်းနွမ်းနေသည့် သစ်သားတံခါးအား တွန်းဖွင့်လိုက်သည့်အခါ၊ နေအလင်းရောင်မှာ မှန်ကြီး၏ ကိုယ်လုံးပေါ်သို့ ဖြာကျလာကာ၊ တလက်လက်ဖြင့် တောက်ပနေတော့၏။

ဟမ်.... မှန်ကြီးက အရောင်တင်ရမှာပဲ။ ရှင်ယဲ့ နေရောင်အောက်ရှိ အလွန်သိသာထင်ရှား​နေသော ဖုန်များကို ကြည့်ရင်း တွေးလိုက်လေ၏။

တံခါးအပြင်ရှိ မြင်ကွင်းကြောင့် ရှင်ယဲ့နှင့် မှန်ကြီးတို့မှာ အံ့ဩနဘန်းဖြစ်သွားကြသည်။ ဤသည်မှာ အလွန်တရာကို စည်ကားရှုပ်ထွေးသည့် မြို့လေးပင် ဖြစ်နေလေသည်။

"စက်ဆီတွေ၊ စက်ဆီတွေ၊ စက်ဆီတွေရမယ်။ အခုဆိုင်မှာ စျေးချနေတယ်နော်။ တစ်ခုဝယ်၊ တစ်ခုလက်ဆောင်ရမယ်။ ရုပ်သေးရုပ်တစ်ရုပ်ထည့်ရင် နောက်တစ်ရုပ်အလကားထည့်ပေးမယ်!" မနီးမဝေးတစ်နေရာမှ သစ်သားရုပ်သေးရုပ်တစ်ရုပ်က အဆက်မပြတ် အော်ပြောနေလေ၏။

စက်ဆီဆိုင်၏ ဘေးကပ်ရပ်တွင် သံပတ်ဆိုင်တစ်ဆိုင်ရှိ၏။ ကြေညာဆိုင်းဘုတ်တွင် ရေးထားသည်မှာ: ဆရာကြီးဘန်းနဒစ်ကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ ကျွမ်းကျင်တဲ့ သံပတ်ရုပ်သေးရုပ်တွေက သင့်ကို ကိုယ်တိုင်ကိုယ်ကျ သံပတ်လှည့်ပေးမှာပါ။ ကျွမ်းကျင်အဆင့်ကုသမှုကို ခံစားကြည့်လိုက်ပါ။ သေချာပေါက် သင့်ကိုယ်သင် သံပတ်လှည့်တာထက် ပိုပြီး ဇိမ်ရှိပါလိမ့်မယ်!

စာလုံးများမှာ တရုတ်လိုမဟုတ်ပေ။ သို့သော် ရှင်ယဲ့နှင့် မှန်လေးတို့မှာ မမျှော်လင့်ဘဲ နားလည်နေသည်။ System က ကစားသူများအတွက် ဘာသာစကားအချက်အလက်ကို ထည့်သွင်းပေးထားသည့် ပုံပေါ်သည်။

အနည်းငယ်အဝေးမှာတော့ အထည်ဆိုင်ပင်ဖြစ်သည်််။ တံခါးရှေ့တွင် ဆိုင်းဘုတ်ထောင်ထားသည်က: သင် ကိုယ်တုံးလုံးနဲ့ဖြစ်နေတုန်းပဲလား? သင့်မှာ အဝတ်တစ်စတောင် မရှိသေးဘူးလား? ရုပ်သေးရုပ်အထည်ဆိုင်က သင့်အတွက် ကွတ်တိအဖြစ်ဆုံး အင်္ကျီတွေကို ချုပ်လုပ်ပေးမှာပါ။ တိုးတက်ယဉ်ကျေးတဲ့ အဝတ်တွေဝတ်ပြီး၊ တိုးတက်ယဉ်ကျေးတဲ့ ရုပ်သေးရုပ်တွေ ဖြစ်လိုက်ပါ။

ရှင်ယဲ့: "......"

မှန်ကြီး: "......"

သူတို့ကိုယ််သူတို့ အဝတ်စလစ်ဖြစ်လျက်ရှိနေကြောင်း သတိထားမိလိုက်သည့်အခါမှာတော့၊ ရုတ်တရက် ကိုယ်တုံးလုံးဖြစ်နေခြင်းကို ရှက်ရွံ့သွားကြလေ၏။

မှန်ကြီးက လျင်မြန်စွာဖြင့် သစ်သားအိမ်ထဲသို့ တပ်ပြန်ဆုတ်သွားခဲ့တော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလှတာကြောင့်၊ တံခါးထဲသို့ ဘေးတိုက်ဝင်ရန် မေ့သွားသည့်အခါ၊ တံခါးအလယ်၌ ညပ်မိနေမလို ဖြစ်သွား‌ေတာ့၏။ သို့သော် ရှင်ယဲ့က သူ၏ ကိုယ်လုံးကို ကူ၍ ဘေးတိုက် လှည့်ပေးလိုက်သည့်အတွက်၊ မှန်ကြီးမှာ အိမ်ထဲသို့ ဝင်နိုင်သည့် အနေအထားကို ခက်ခက်ခဲခဲဖြင့် ရှာတွေ့သွားလေသည်။

"ဘယ်လိုလုပ်ကြမလဲ? ငါတို့မှာ အင်္ကျီမရှိဘူး..." မှန်ကြီးက ရှင်ယဲ့အား တီးတိုးပြောလိုက်လေသည်။ "ငါတို့က တိုးတက်ယဉ်ကျေးတဲ့ ရုပ်သေးရုပ်တွေမဟုတ်ဘူး!"

ရှင်ယဲ့: "...... နေပါဦး၊ ငါ အပိုင်းအစတွေကြားထဲမှာ တစ်ချက် မွှေနှောက်ကြည့်ပါဦးမယ်။ ခြုံလို့ရမယ့် အဝတ်တွေရှိလား ရှာကြည့်ရမှာပေါ့"

သူ သက်ပြင်းရှည်ရှည်တစ်ချက် ချလိုက်.....ဪ ရုပ်သေးရုပ်က အသက်ရှူစရာမှ မလိုတာ။ ထို့ကြောင့် စိတ်ထဲ၌သာ စိတ်သက်သာရာရစေရန်အတွက် သက်ပြင်းရှည်ရှည်ချလိုက်ရလေ၏။

ရှင်ယဲ့ မိဘများဆုံးပါးသွားပြီးနောက် ထိုအချိန်ကာလကသာ သူ့အတွက် အရှက်တကွဲအဖြစ်ရဆုံး အချိန်ဟု ထင်မှတ်ခဲ့သည်။ သို့သော် နောက်ပိုင်းမှာတော့ သူ မိန်းကလေးအဝတ်တွေ ဝတ်ခဲ့ရသည်။ ကလယ်ရာဖြစ်နေသည့်အချိန်၌ သူ့ကိုယ်သူ ဒီထက်ဆိုးတဲ့အရာ မရှိလောက်တော့ပါဘူးဟု ထင်ခဲ့သည်။ သို့သော်လည်း ယခုမှာတော့ သူ့မှာ တစ်မီတာသာ မြင့်သော မသန်စွမ်းရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခဲ့ရလေသည်။ နေစရာအိမ်မှာလည်း ဖုန်များတက်နေသော တိုလီမုတ်စ ပစ္စည်းပုံများဖြင့် ပြည့်နေပြီး၊ ဆင်းရဲလွန်းသဖြင့် ဝတ်စရာတောင် မရှိပေ။

ပစ္စည်းပုံများကြား မွှေနှောက်ရှာဖွေနေသည့်အချိန်၊ ရှင်ယဲ့ ရုတ်တရက် အမှန်တရားတစ်ခုကို သတိထားမိသွားခဲ့သည်: အခုလက်ရှိအခြေအနေက ဆိုးဝါးလှပြီလို့ ဘယ်တော့မှ မထင်လိုက်နဲ့၊ ဘာကြောင့်လဲဆိုတော့ နောက်စက္ကန့်တွေမှာ ဒီထက်ပိုပြီး ဆိုးနေဦးမှာမလို့ပဲ။ လူသားတွေက ကံတရားက ဘယ်အထိသွားမယ်ဆိုတာကို ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ဘူး။

တစ်မီတာသာ မြင့်သော ဆင်းရဲလှသည့် မသန်စွမ်းရုပ်သေးရုပ်လေးမှာ ထိုသို့သော ဒဿနများကို စဉ်းစားမိလိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလို ပို၍ဆိုးဝါးသော အခြေအနေနှင့် တွေ့ကြုံလိုက််ရတော့သည်.... သူ နှစ်ချက်လောက် လှန်လှောမွှေနှောက်လိုက်သည့်အခါ ပစ္စည်းပုံကြီးမှာ ဝုန်းခနဲ ကျလာပြီး၊ တစ်မီတာမသန်စွမ်းရုပ်သေးရုပ်လေးပေါ်သို့ ပိကျသွားလေတော့သည်။

ရှင်ယဲ့: "....."

ပထမဦးဆုံးအကြိမ်အဖြစ် ရုပ်သေးရုပ်ဘဝမှာ ဒီလိုမျိုး ခက်ခဲပင်ပန်းသည့်အဖြစ်ကို နားလည်လိုက်ရလေ၏။

"ရှင်ယဲ့!" နံရံကို မှီရပ်နေသည့် မှန်ကြီးက ကပ်သီလေးလွတ်သွားလေသည်။ သူက ပြားချပ်နေပြီး၊ နံရံကပ်မှန်ပုံစံမျိုး ဖြစ်နေသည့်အတွက်၊ ပစ္စည်းအစအနများဖြင့် မထိမိသွားချေ။

"ကျွတ်!" အဖိခံထားရသည့် ရုပ်သေးရုပ်ရှင်ယဲ့မှာ ထိုကဲ့သို့သော ဆိုးရွားလှသည့် အသံကိုသာ ထွက်နိုင်တော့သည်။ သံပတ်မှာ ညပ်နေသည့်အတွက် စကားဆက်ပြော၍ မရတော့ချေ။

မှန်ကြီးက သံချေးတက်နေသော အစိမ်းရောင် ကြေးနီလက်များကို လှုပ်ခါလိုက်ပြီး၊ ပစ္စည်းပုံထဲမှ ရုပ်သေးရုပ်ရှင်ယဲ့အား ခက်ခက်ခဲခဲဖြင့် ဆွဲထုတ်လိုက်၏။ ထို့နောက် သူ့၏ သံပတ်တွင် ညပ်နေသော သံတိုသံစလေးတစ်ခုကို ကူညီဖယ်ရှားပေးလိုက်လေသည်။

"ငါ အမူမဲ့အမှတ်မဲ့ဖြစ်သွားတယ်" တစ်မီတာရုပ်သေးရုပ်လေးမှာ ပစ္စည်းပုံကြီးကို ကြည့်ပြီး ရုပ်တည်ဖြင့် ဆိုလိုက်လေ၏။ "ငါ့အိမ်မှာ ဒီလောက် ရှုပ်ပွနေတာမျိုး မရှိဖူးဘူး။ ရှင်းပေးမယ့် အဒေါ်ကြီးရှိတယ််"

"ငါကောပဲ...." မှန်ကြီးက အမှိုက်တောင်ကြီးသဖွယ်ဖြစ်နေသည့် ပစ္စည်းပုံကြီးကို ကြည့်ပြီး စိတ်ညစ်သွားလေသည်။ "ဒီလို အိမ်မျိုးမှာသာနေရရင် စိတ်ဆင်းရဲမှာပဲ"

"ဖြည်းဖြည်းချင်း လုပ်၊ 'ကဒေါက်' " ရုပ်သေးရုပ် ရှင်ယဲ့ က အလွန်တည်ငြိမ်နေလေ၏။ သူ၏ မေးစေ့မှာတော့ စကားပြောလိုက်သည်နှင့် အောက်သို့ကျလာလေသည်။ ရုပ်သေးရုပ် ရှင်ယဲ့က အေးအေးဆေးဆေးဖြင့် မေးစေ့အား ပြန်တင်လိုက်၏။ 'ကဒေါက်'။

ရုပ်သေးရုပ်နှစ်ရုပ်မှာ ပစ္စည်းပုံများကြား အချိန်အတော်ကြာ လှန်လှောရှာဖွေပြီးနောက်ဆုံးမှာတော့၊ အထည်စနှစ်စကို ရှာတွေ့ခဲ့လေသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် ကိုယ်ပေါ်တွင်ပတ််လိုက်တော့၏။ ဆင်းရဲနေရင်တောင်မှ သူတို့လည်း တိုးတက်ယဉ်‌ေကျးသော ရုပ်သေးရုပ်များ ဖြစ်သွားချေပြီ။

အင်္ကျီ (အဝတ်စုတ်) ရှိသွားသည့်အခါ၊ ရှင်ယဲ့ တော်တော်လေး အဆင်ပြေသွားသလို ခံစားလိုက််ရသည်။ သူက တည်ငြိမ်သည်ဆိုသော်လည်း၊ အခြားရုပ်သေးရုပ်များက သူ့ကို ထူးထူးဆန်းဆန်း မျက်လုံးများဖြင့် ကြည့်သည်ကို မခံစားနိုင်ချေ။

ကြမ်းပြင်ပေါ်၌ ထိုင်နေရင်း၊ ရုပ်သေးရုပ်ရှင်ယဲ့က ဆိုလိုက်၏: "ခုနက စက်ဆီဆိုင်မှာ သစ်သားရုပ်လေးတစ်ရုပ် အော်နေတာ ကြားလိုက််တယ်။ ဆီထည့်ရင် သတ္တုရိုင်းတစ်တုံးလိုတယ်တဲ့။ အဲ့တာ ရုပ်သေးမြို့တော်ရဲ့ ငွေကြေးဖြစ်နိုင်တယ်။ ငါတို့ အခုလောလောဆယ် ဖုန်တွေကို ရှင်းရမယ်၊ သံပတ်လှည့်ရမယ်၊ ပြီးရင် သာမန် အင်္ကျီတွေဝယ််ရမယ်။ ဆီထည့်ဖို့အတွက်လည်း.... ပိုက်ဆံလိုတယ်"

"ပြီးတော့ မင်းရဲ့ အဖွဲ့သား ချောင်ချန့်ကိုလည်း ရှာရဦးမယ်။ သူလည်း ကံကြမ္မာဆန့်ကျင်သူဆိုတော့၊ အခု ဘယ်မှာရှိနေလဲမသိဘူး။ အမြန်ဆုံး တွေ့မှဖြစ်မယ်" မှန်ကြီးက သတိပေးလိုက်လေ၏။

"ဟုတ်တယ်" ရှင်ယဲ့လည်း လက်ခံလိုက်၏။ "သတ္ထုရိုင်းဆိုတော့ ကြည့်ရတာ သွားတူးရမယ့်ပုံပဲ။ သူက အားအများကြီးပိုရှိတော့ ငါတို့ကို ကူပြီး ပိုက်ဆံရှာပေးနိုင်လောက်တယ်"

အကြောင်းအရင်းများ မတူကြသော်လည်း၊ သူတို့ ယခု ချောင်ချန့်နှင့် တွေ့ဖို့ တကယ် လိုအပ်နေလေသည်။

ရုပ်သေးရုပ်နှစ်ရုပ်မှာ သစ်သားအိမ်ထဲမှ ထပ်မံ ထွက်ခွါခဲ့ကြသည်။ အဝတ်စုတ်များ ဝတ်ထားသည့် သူတို့မှာ ပတ်ပတ်လည်ရှိ အနောက်တိုင်းပုံပြင်များထဲက ဝတ်စုံများအတိုင်း ဝတ်ဆင်ထားကြသော ရုပ်သေးရုပ်များကို မြင််လိုက်ရသည့်အချိန်၊ ရှက်လွန်းသဖြင့် ခေါင်းများကို ငုံ့လိုက်ကြလေ၏။

အခြားသူများမှာ သာမန်အရပ်သားများဖြစ်ကြပြီး၊ သူတို့မှာတော့ သူတောင်းစားများသာဖြစ်ကြသည်။

တစ်မီတာမသန်စွမ်းရုပ်သေးရုပ်မှာ စက်ဆီဆိုင်အနီးအနားတွင် ရပ်လျက်၊ ဝင်ထွက်သွားလာနေကြသော ဝယ်သူများကို ကြည့်နေလေ၏။ ရုပ်သေးရုပ်များမှာ အိပ်ဖို့မလိုအပ်ပေ။ သူတို့အားလုံးမှာ နေထွက်သည်နှင့် အိပ်ရာထကြလေသည်။ ယခုမှာ မနက်အစောကြီး ဖြစ်ကောင်းဖြစ်နိုင်သော်ငြားလည်း၊ ရုပ်သေးမြို့တော်မှာ အလွန်စည်ကားလျက် ရှိနေလေ၏။

အရပ် ၁.၇ မီတာရှိသော အရွယ်ရောက်အမျိုးသားရုပ်သေးရုပ်တစ်ရုပ်မှာ သူ၏... ဇနီးဖြစ်ဟန်ရသူကို ခေါ်လာခဲ့သည်။ ထိုရုပ်သေးရုပ်နှစ်ရုပ်က ဆိုင်ထဲသို့ ဝင်လာပြီးနောက်၊ သတ္တုတစ်တုံးကို ထုတ်ကာ ဆိုလိုက်လေ၏: "ဒီမှာ သတ္ထုရိုင်းတစ်တုံး၊ ငါနဲ့ ငါ့မိန်းမအတွက် ဆီထည့်မယ်"

ရှင်ယဲ့နှင့် မှန်ကြီးတို့မှာ သူခိုးများကဲ့သို့ နားစွင့်လိုက်လေ၏။ မှန်ကြီးက နားမရှိပေ။ ထို့ကြောင့် ရှင်ယဲ့သာ နားစွင့်လိုက်လေသည်။

"ကောင်းပါပြီ။ အထဲကို ကြွပါ"

အထဲမှ စက်ပစ္စည်းများ ဖြုတ်တပ်သံကို ကြားလာရသည်။ နာရီဝက်လောက်အကြာတွင် အမျိုးသားရုပ်သေးရုပ်က ဇနီးနှင့်အတူ စက်ဆီဆိုင်မှ ထွက်လာကာ၊ ခန္ဓာကိုယ်အား ကျေနပ်စွာ အညောင်းဆန့်လျက် ဆိုလိုက်လေ၏: "အိမ်း၊ ကိုယ်ပေါ်ကဆီလဲရတာ အရမ်းကောင်းတာပဲ။ တစ်ကိုယ်လုံး သက်တောင့်သက်တာရှိသွားတယ်။ ငါ့ရဲ့ အဆစ်တွေကလည်း အရင်ကထက်ပိုပြီး လှုပ်ရှားရ အဆင်ပြေသွားတယ်။ အရင်ကဆို 'တကျွိကျွိ တကျွိကျွိ' နဲ့ ဖြစ်နေတာ"

ရှင်ယဲ့: "....."

သူကတော့ လှုပ်လိုက်တိုင်း၊ 'တကျွိကျွိ' အသံအကျယ်ကြီး ထွက်နေလေ၏။

"စိတ်ကျေနပ်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ငွေလေးချေပေးပါ။ သတ္ထုရိုင်း လေးတုံးကျပါတယ်" စက်ဆီဆိုင်ရုပ်သေးရုပ်က ဆိုလေ၏။

"ဘာ!" အမျိုးသားရုပ်သေးရုပ်မှာ လည်ပင်းကအသံအိုး ထွက်လာတော့မတတ် အော်လိုက်လေ၏။ "သတ္ထုရိုင်းတစ်တုံးပေးတာနဲ့ တစ်ခုဝယ် တစ်ခုလက်ဆောင်ရတယ်လို့ မင်း သေချာပြောခဲ့တယ်လေ။ အခုလေးတုံးက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?"

"ဒီမှာ လူကြီးမင်း၊ ကြော်ညာဆောင်ပုဒ်ကိုပဲ နားထောင်လို့မရပါဘူး။ ဆိုင်မှာပြထားတဲ့ စျေးနှုန်းတွေကို ကြည့်ရမယ်လေ!" စက်ဆီဆိုင်ရုပ်သေးရုပ်က မကျေမနပ်ဖြင့် ဆိုလေ၏။ "သတ္ထုရိုင်းတစ်တုံးက စက်ဆီခအတွက်ပဲလေ။ ဆီထည့်ပေးတဲ့ ဝန်ဆောင်မှုကလည်း ရှိသေးတယ်မလား? ရုပ်သေးရုပ်တစ်ရုပ်အတွက်က သတ္ထုရိုင်းနှစ်တုံးကျတယ်။ အဲ့တာက တစ်ခုဝယ် တစ်ခုလက်ဆောင်ရမဟုတ်ဘူး။ ပုံမှန်စျေးက တစ်ရုပ်ကို သတ္ထုရိုင်း သုံးတုံးကျတယ်။ ကျွန်တော်တို့က အခု ငါးတုံးပဲယူတာ၊ အဲ့တာ အများကြီး လျှော့ပေးထားတာလေ!"

"လူလိမ်! အမြတ်ကြီးစားတဲ့လူ! အဲ့ပိုက်ဆံ ငါမပေးနိုင်ဘူး" စျေးဝယ်သူရုပ်သေးရုပ်မှာ ဒေါသတကြီးဖြင့် ပြောလေ၏။

"ဟမ်? ခင်ဗျားက ဆီတွေမတရားလိုချင်နေတာလား?" စက်ဆီဆိုင်ရုပ်သေးရုပ်က ရုတ်တရက် သူ၏ ဗိုက်ကို ဖွင့်ပြလိုက်လေသည်။ အထဲ၌ အနက်ရောင်ကျောက်တုံးများ ရှိနေ၏။ "ဝယ်သူက စက်ဆီတွေ မတရားယူဖို့ လုပ်နေတယ်ဆိုတော့၊ အရောင်းအဝယ်လုပ်လို့ မဖြစ်တော့ဘူး။ ကျုပ်ကိုယ်ကျုပ် မီးလောင်အောင်လုပ်ပြီး ခင်ဗျားကိုပါ တစ်ပါတည်း ခေါ်သွားလိုက်မယ်!"

"မင်း..မင်း တကယ် ကျောက်မီးသွေးတွေ သယ်ထားတာလား? ဒါတွေက တရားမဝင်ဘူး! မင်းကို တရားစွဲပစ်မယ်!" ဝယ်သူရုပ်သေးရုပ်က ဒေါသထွက်စွာ ဆိုလိုက်လေ၏။

"ကျုပ်တို့က ကျောက်မီးသွေးတရားဝင်လက်ဝယ်ပိုင်ဆိုင်ခွင့်လိုင်စင် ရထားပြီးသား။ တရားဝင် သယ်ဆောင်ခွင့်ရှိတယ်! စွမ်းအင်အသစ်နဲ့ ရုပ်သေးရုပ်တွေက ကျောက်မီးသွေးတွေကို အကန့်အသတ်နဲ့ သယ်ဆောင်ခွင့်ရှိတယ်။ ခင်ဗျားကသာ ဘုမသိဘမသိနဲ့ တောသားဖြစ်နေတာ!" စက်ဆီဆိုင်ပိုင်ရှင်ရုပ်သေးရုပ်က စာရွက်တစ်ရွက်ကို ကိုင်ရင်း ပြောလိုက်လေ၏။ "ခင်ဗျား သတ္တုရိုင်းပေးမှာလား မပေးဘူးလား? မပေးရင် ကျုပ် ကျောက်မီးသွေးတွေကို မီးရှို့လိုက်မယ်!"

"ငါ..ငါတို့ ပေးပါမယ်...." ဝယ်သူရုပ်သေးရုပ်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဗိုက်ထဲမှ သတ္ထုရိုင်းလေးတုံးကို ထုတ်၍ ပေးလိုက်ပြီးနောက်၊ ပြေးထွက်သွားလေတော့သည်။

ရှင်ယဲ့: "......"

မှန်ကြီး: "....."

မှန်ကြီး၏ ကိုယ်လုံးက နှစ်မီတာမြင့်လေသည်။ ထို့ကြောင့်
အောက်ကိုကုန်း၍ တီးတိုးကပ်ပြောဖို့ရာ နည်းလမ်းမရှိဖြစ်နေသည်။ ထိုအခါ သူက တစ်မီတာမသန်စွမ်းသစ်သားရုပ် ရှင်ယဲ့ကိုသာ နံရံ၌ ကပ်၍ ပြားချပ်ချပ်ကိုယ်လုံးကို တိုးကာ၊ တတ်နိုင်သလောက် တိုးညင်းစွာ ပြောလိုက်လေ၏:

"ဒီနေရာက တော်တော် ကြမ်းတမ်းရက်စက်တာပဲ။ ဆရာကြီးဘန်းနဒစ်က ဘာလို့ ရုပ်သေးမြို့တော်ကို မူလအခြေအနေအတိုင်း ပြန်ဖြစ်စေချင်လဲဆိုတာ ငါ နားလည်သွားပြီ"

"ရှူး...." ရှင်ယဲ့က မှန်ကြီးအား ဒီကိစ္စကို အပြင်ထုတ်မပြောရန် အချက်ပြလိုက်၏။

သူက မှန်ကြီးကို လက်ဝှေ့ယမ်းပြလိုက်ပြီး၊ ဘာမှမသိသလိုဟန်ဆောင်ကာ ခပ်တည်တည်ဖြင့် ဝယ်သူရုပ်သေးရုပ်နောက်ကို လိုက်သွားလိုက်လေ၏။

ဝယ်သူရုပ်သေးရုပ်က ဒေါသတကြီးဆိုလိုက်လေသည်: "စိတ်တိုစရာကောင်းလိုက်တာ။ ဒီရက်ထဲမှာ ခက်ခက်ခဲခဲရှာထားရတဲ့ ငွေတွေအကုန်လုံး အလိမ်ခံလိုက်ရပြီ!"

ဂါဝန်ဝတ်ထားသည့် အမျိုးသမီးရုပ်သေးရုပ်က ဆိုလေသည်: "ဒေါသမထွက်ပါနဲ့ ယောကျ်ားရယ်။ ကျွန်မ အဝတ်နည်းနည်း လျှော့ဝယ်ပါ့မယ်။ ရှင် ဒီနေ့ မိုင်းတွင်းကိုသွားပြီး သတ္ထုရိုင်းတွေ တူးရဦးမယ်မလား။ ကျွန်မတို့ မနက်ဖြန် သံပတ်ပေးဖို့ ဘိုကင်ယူထားတာ ရှိသေးတယ်လေ"

"ကောင်းပါပြီ။ ငါ့ မိန်းမအတွက် ငါ အလုပ်ကြိုးစားရမယ်!" ဝယ်သူရုပ်သေးရုပ်မှာ သူ၏ မိန်းမဖြစ်သူကို တစ်ချက်အနမ်းပေးလိုက်ပြီးနောက်၊ နှစ်ယောက်သား တဖြည်းဖြည်းချင်း အဝေးသို့ လျှောက်သွားကြလေတော့သည်။

မြို့ထဲက ထွက်ပြီး မိုင်းတူး၍ ပိုက်ဆံရှာလို့ ရနေသည်ပင်။

ဝယ်သူရုပ်သေးရုပ် အဝေးသို့ ထွက်သွားပြီးနောက်၊ မလှမ်းမကမ်းရှိ စက်ဆီဆိုင်ရုပ်သေးရုပ်က ရုတ်တရက် အော်ပြောလာလေသည်: "လူလိမ်! ငါ့ကို သတ္ထုရိုင်းအတုတွေ လာပေးသွားတယ်! သတ္တုရိုင်း ငါးတုံးမှာ တစ်တုံးပဲ အစစ်ပါတယ်။ လူလိမ်ကောင်၊ ငါ သူ့ကို တရားစွဲမယ်!"

ဘေးနားက သံပတ်ဆိုင်ပိုင်ရှင်ကလည်း သူ့ကို အကြံပေး​လေ၏: "ဒေါသထွက်မနေပါနဲ့တော့၊ သူက ငြင်းချက်ထုတ်လို့ရတယ်လေ။ တရားစီရင်ရေးအရာရှိကလည်း ငါတို့အားလုံးက အလိမ်အညာတွေ ပြောနေတယ်ဆိုတာသိတော့၊ ဘယ်သူက လိမ်ပြောနေတယ်ဆိုတာကို သူ ခွဲဲခြားနိုင်မှာ မဟုတ်ဘူး။ တရားစွဲမယ့်လူက သတ္ထုရိုင်းနှစ်တုံးလည်း ပေးရဦးမှာ။ မင်းပဲ ပိုက်ဆံဆုံးလိမ့်မယ်"

"သူ့ကို နောက်ထပ် တွေ့ရဲတွေ့ကြည့်!" စက်ဆီဆိုင်ပိုင်ရှင်က ဒေါသထွက်လွန်းသဖြင့် နားမှ အငွေ့များ ထွက်လာလေသည်။

သံပတ်ဆိုင်ပိုင်ရှင်က သူ့ကို အားကျစွာဖြင့် ကြည့်လိုက်လေ၏: "ဟူး၊ အမျိုးအစားအသစ် ရေနွေးငွေ့ ရုပ်သေးရုပ်တွေက တကယ်ကောင်းတာပဲ။ ကိုယ်ပေါ်မှာလည်း သတ္ထုအကာအကွယ်ရှိတယ်။ ကျောက်မီးသွေးကနေတစ်ဆင့် ရေကိုအပူပေးပြီး ရလာတဲ့ ရေနွေးငွေ့ကနေ အရွေ့စွမ်းအင်ထုတ်လို့ရတယ်။ အင်အားတွေကော မြန်နှုန်းကော ငါတို့လို ရှေးဟောင်းအမျိုးအစားတွေထက် ပိုပြီး မြင့်တယ်။ ငါတို့မှာတော့ တစ်ရက်ကလေး သံပတ်လှည့်ဖို့ မေ့သွားတာနဲ့ လှုပ်လို့တောင် မရတော့ဘူး။ မင်းက ရေနွေးငွေ့သံပတ်ရုပ်သေးရုပ်ဆိုတော့၊ တကယ်အားကျပါတယ်"

"မဟုတ်တာ၊ ဘယ်သူပဲကြည့်ကြည့် ကျွန်တော်က နောက်မှမွေးတာပါ။ ခင်ဗျားကသာ ကျွန်တော့်ရဲ့ အစ်ကိုကြီးပါ" စက်ဆီဆိုင်ရုပ်သေးရုပ်က သံပတ်ဆိုင်ရုပ်သေးရုပ်ထံမှ ချီးမြှောက်ခံရတာကြောင့် မျက်လုံးထဲမှ ရေနွေးငွေ့များထွက်လာပြီး၊ ပျော်ရွှင်စွာ အခန်းထဲသို့ ဝင်သွားလေတော့သည်။

သူအထဲသို့ ဝင်သွားသည်နှင့်၊ သံပတ်ဆိုင်ပိုင်ရှင်က 'ဖွီ' ဟု အသံထွက်ကာ ဆိုလိုက်လေ၏: "နေ့တိုင်း ဒီလောက် ပိုက်ဆံတွေရှာနိုင်နေပြီးတော့၊ အစစ်ခံပြီး ပြင်ဖို့ကျတော့ အင်တင်တင်ဖြစ်နေတယ်။ မကြာပါဘူး သစ်သားခေါင်းက ကျောက်မီးသွေးလောင်ပြီး သေမှာပဲ။ ငါတို့ ရုပ်သေးရုပ်အဟောင်းတွေကမှ ကောင်းပါသေးတယ်။ သံပတ်နဲ့က စိတ်ချရတယ်"

ရှင်ယဲ့: "......"

မှန်ကြီး: "......'

တကယ်ကို လူတွေအကုန်လုံး လိမ်ပြောနေကြသည့် ပရမ်းပတာမြို့သည်ပင်။ ဘယ်သူက အမှန်တရားကိုဆိုသော ရုပ်သေးရုပ်လဲ ဆိုတာကိုအပြင်၊ အဖွဲ့သားများနှင့် အခြားကစားသူများကိုလည်း ဘယ်လိုရှာမလဲမသိပေ။

"မြို့ပြင်ထွက်ပြီး မိုင်းတူးကြရအောင်" လက်တစ်ဖက်သာရှိသော ရှင်ယဲ့က ဆိုလိုက်လေ၏။ "ငါ ဖုန်တွေကိုရှင်းပြီး ဆီထည့်ရမယ်။ မဟုတ်ရင် ပြန်လည်ရေးဆွဲနိုင်တဲ့ ဘောပင်ကို သုံးနိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့ လက်ချောင်းတွေက တော်တော်တောင့်တင်းနေတယ်"

တောင့်တင်းနေသည့်အပြင် လက်ငါးချောင်းလုံးမှာ ကွေးလို့တောင် မရချေ။

ရှင်ယဲ့၏ ခန္ဓာကိုယ်မှာ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း၊ အဆစ်များမှာတော့ သတ္ထုများပင်ဖြစ်သည်။ သတ္ထုမှာ လှုပ်ရှားရ လွယ်ကူချောမွေ့စေသည်။

အဝတ်စုတ်များ ခြုံထားရသည့် မှန်ကြီးမှာ အင်္ကျီဆိုင်အား ဖြတ်သွားသည့်အချိန် အားကျစွာဖြင့် ငေးကြည့်လိုက်လေ၏။ ထိုအခါ အခုလေးတင် အင်္ကျီတွေ မဝယ်တော့ဘူးဟု ပြောသွားခဲ့သည့် အမျိုးသမီးရုပ်သေးရုပ်က အင်္ကျီအသစ်တစ်ထည် ကောက်ယူလိုက်သည်ကို တွေ့လိုက်ရလေသည်။

"တော်တော် မရိုးသားကြတာပဲ" မှန်ကြီးက ခေါင်းခါလိုက်၏။ "မဝယ်နိုင်မှာ သိသာနေတဲ့ဟာကို။ ဟူး"

"ငါတို့လည်း မဝယ်နိုင်ပါဘူး" ရှင်ယဲ့က ဆိုလေ၏။ "လူတွေနောက်ကို လိုက်ပြီး မြို့ပြင်ကို ထွက်သွားလိုက်တာနဲ့ မြို့ပြင်က မိုင်းတွင်းကို ရှာတွေ့နိုင်လောက်တယ်။ မိုင်းတူးတဲ့နေရာမှာ ဘာစည်းမျဉ်းတွေရှိမှန်းတော့ မသိဘူး။ ချောင်ချန့်လည်း အရမ်း ဆင်းရဲနေလိမ့်မယ်လို့ထင်တယ်။ မိုင်းတွင်းမှာ သူ့ကို မတွေ့ဘူးလို့ မပြောနိုင်ဘူး။ ကွမ်းလင်ကတော့ မသေချာဘူး။ သူက ကံကြမ္မာလိုက်နာသူဆိုတော့၊ ငါတို့လောက် ဆင်းရဲမှာမဟုတ်ဘူး"

စကားပြောရင်း၊ လမ်းလျှောက်ရင်းဖြင့် မြို့တံခါးသို့ ရောက်ခဲ့လေ၏။ ဤနေရာ၌ မြို့ပြင်သို့ထွက်ဖို့ရာ မြို့တံခါးဖွင့်ရန် စောင့်ဆိုင်းနေကြသည့် အမျိုးအမျိုးသော ရုပ်သေးရုပ်များ ရှိနေလေသည်။

ငါးမီတာမြင့်သော အကြီးစားရုပ်သေးရုပ်များလည်း ရှိသလို၊ သုံးဆယ် စင်တီမီတာမြင့်သော လျင်မြန်ဖျတ်လတ်သည့် သံလူသားရုပ်သေးရုပ်များလည်းရှိသည်။ အကုန်လုံးမှာ လူပုံသဏ္ဌာန်များသာ ဖြစ်ကြသော်လည်း၊ အရပ်အနိမ့်အမြင့် အပိန်အဝခြားနားကြကာ၊ ဆရာကြီးဘန်းနဒစ်၏ နည်းပညာများတိုးတက်လာသည်နှင့် ကိုယ်ထည်ပစ္စည်းများမှာလည်း တဖြည်းဖြည်းဖြင့် တိုးတက် ပြောင်းလဲလာခဲ့ကြလေသည်။

နှစ်မျိုးသုံးအရွေ့စွမ်းအင်ရှိသည့် အမျိုးအစားအသစ်ရုပ်သေးရုပ်များမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့်၊ ခေါင်းမော့ရင်ကော့၍ ဘဝမြင့်စွာ ရပ်နေကြလေ၏။

ထိုစဉ် ပိန်ပါးသေးသွယ်သော ရုပ်သေးရုပ်လေးတစ်ရုပ်မှာ အခြားရုပ်သေးရုပ်အုပ်ထံမှ ကန်ထုတ်ခံလိုက်ရသည်။ တစ်ဦးက အသံအကျယ်ကြီးဖြင့် အော်ပြောလာလေ၏: "ထွီ၊ မီးခြစ်ဆံရုပ်ကများ။ မီးလောင်လွယ်လွယ်နဲ့ မိုင်းတွင်းကိုသွားပြီး အကုန်လုံးကို ကပ်ဆိုက်အောင် လုပ်ဖို့မစဉ်းစားနဲ့!"

လူပုံမီးခြစ်ဆံရုပ်သေးရုပ်မှာ နာမည်အတိုင်းပင် မီးခြစ်ဆံအကြီးစားဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်ပင်ဖြစ်သည်။ သူ.... သို့မဟုတ် သူမ၏ ခန္ဓာကိုယ်က အလွန်ပိန်ပါးလှကာ၊ လက်တစ်ဖက်မှာလည်း အကန်ခံရသဖြင့် ကျိုးသွားခဲ့လေသည်။

သူ/သူမ က ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်မှ ထလာကာ ကျိုးသွားသည့် လက်မောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။ ထို့နောက် ဘယ်လက်ဖြင့် ကျိုးနေသည့် လက်တစ်ဖက်အားကိုင်ထားသော ရှင်ယဲ့အား တွေ့သွားတော့သည်။

ရုပ်သေးရုပ်များအလယ် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးခြင်းဆုံလိုက်သည်နှင့်၊ နှစ်ယောက်လုံးမှာ သေလောက်အောင် ကံဆိုးသူများဖြစ်ကြောင်း မျက်လုံးများမှတစ်ဆင့် အတည်ပြုခဲ့ကြတော့သည်။

မီးခြစ်ဆံရုပ်မှာ လေထဲ၌ သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။ ရှင်ယဲ့လည်း ချက်ချင်းပင် ထိုသင်္ကေတအား ရေးဆွဲပြလိုက်၏။

လျှို့ဝှက်သင်္ကေတမှာ မှန်ကန်သည်။ မီးခြစ်ဆံရုပ်မှာ ချောင်ချန့်ပင်ဖြစ်သည်!

စာရေးသူ ပြောစရာရှိသည်:

ရှင်ယဲ့: အဆင်းရဲဆုံးဆိုတာမရှိဘူး။ ပိုပြီးတော့ ဆင်းရဲရုံလေးပဲ။


(Zawgyi)

         Chapter 51 _ ႐ုပ္ေသးၿမိဳ႕ေတာ္

မွန္ႀကီးမွာ အခ်ိန္တစ္ခုေလာက္အထိ သံပတ္လွည့္ေပးၿပီးေနာက္ ပင္ပန္းသြားခဲ့ေလသည္။ သူ ေန႔ဝက္ေလာက္ သံပတ္ေပးခဲ့ရတာေၾကာင့္ စိတ္ပါပင္ပန္းသြားခဲ့သည္။ ထို႔ေၾကာင့္ ရွင္ယဲ့ေဘးရွိေနရာအား ဖုန္ခါလိုက္ၿပီး၊ သူႏွင့္ ေဘးခ်င္းယွဥ္ထိုင္လိုက္ေလ၏။

ယခုကဲ့သို႔ ေမွာင္မိုက္ေနေသာ ပတ္ဝန္းက်င္ထဲ၊ လူတစ္ေယာက္.... အေဖာ္ျပဳေပးမည့္ မွန္ရွိသည္မွာ အလြန္ေကာင္းလွေလသည္။

အေဖာ္ျပဳေပးမည့္သူရွိျခင္းက ေမွာင္မိုက္ေသာညမ်ားအား ေၾကာက္မက္ဖြယ္မေကာင္းေတာ့ေအာင္ ျပဳလုပ္ေပးသည္။ အ႐ုပ္ႀကီး အ႐ုပ္ငယ္ ႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္မွာ မိုးလင္းေပါက္ထိေအာင္ ေစာင့္ေနခဲ့ၾကေလ၏။

အခုအခါမွာေတာ့ ရွင္ယဲ့ အိမ္ခန္းတစ္ခန္းလုံးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရၿပီျဖစ္သည္။ ဤသည္မွာ အလြန္ ႐ိုးရွင္းသည့္ သစ္သားအိမ္တစ္လုံးျဖစ္လို႔ေနသည္။ အိမ္အတြင္း၌လည္း ပစၥည္းအစအနမ်ားႏွင့္ ရႈပ္ပြျပည့္ႏွက္ေနေလ၏။ သစ္သားမ်ားႏွင့္ သံံတိုသံစမ်ားကဲ့သို႔ေသာ ပစၥည္းမ်ားပင္ ျဖစ္ကာ၊ တူႏွင့္ ခြရွင္ကဲ့သို႔ေသာ ကိရိယာမ်ားလည္း ရွိေသးသည္။ အကုန္လုံးမွာေတာ့ ေဟာင္းႏြမ္းပ်က္စီးလ်က္ရွိေနၾက၏။

စြန္႔ပစ္ သိုေလွာင္႐ုံေဟာင္းတစ္ခုကဲ့သို႔ပင္ျဖစ္သည္။

ယခုအခ်ိန္တြင္ ရွင္ယဲ့လည္း ေနာက္ဆုံး မွန္ႀကီး၏ ပုံသဏၭာန္ကို ရွင္လင္းစြာ ျမင္လိုက္ရေခ်ၿပီ။

မွန္ႀကီးက ေၾကးမွန္ အႀကီးတစ္ခု၊ အေသးတစ္ခုျဖင့္ ဖြဲ႕စည္းထားေသာ ႐ုပ္ေသး႐ုပ္ပင္ျဖစ္သည္။ ေၾကးမွန္အေသးရွိသည့္ အေပၚမ်က္ႏွာျပင္မွာ ေခါင္းျဖစ္ၿပီး၊ အလယ္၌ ေၾကးမွန္အႀကီးအား ေၾကးေခ်ာင္းတစ္ေခ်ာင္းျဖင့္ ဂေဟဆက္၍ ခႏၶာကိုယ္အေနႏွင့္ ျပဳလုပ္ထားသည္။ ေၾကးေခ်ာင္းမွာ အႏိုင္ႏိုင္သာလွည့္၍ရေသာ လည္ပင္းအျဖစ္ အသုံးျပဳရႏိုင္သည္။ သို႔ေသာ္လည္း ေခါင္းအား ဟိုဘက္ဒီဘက္လွည့္ရသည့္ ခံစားခ်က္ကိုေပးသည္။ ေၾကးမွန္ႀကီးေပၚ၌ ေျခလက္မ်ားျဖစ္ဟန္ရသည့္ ေ႐ြ႕လ်ားႏိုင္ေသာ ေထာက္တံေလးခုရွိသည္။ မွန္အေသး၏ အေပၚမွာေတာ့ သလင္းေက်ာက္ႏွစ္လုံးတပ္ထားရာ မ်က္လုံးမ်ားႏွင့္ တူေလ၏။ မ်က္လုံးမ်ားေအာက္၌ ေၾကးစတစ္စထြက္လ်က္ရွိေနရာ၊ ပါးစပ္ျဖစ္ဟန္ရေလသည္။ စကားေျပာ၍ ရႏိုင္ၿပီး၊ နား႐ြက္ေတာ့မရွိေပ။ မွန္အေသး၏ ေနာက္၌ သံပတ္အေသးေလး တစ္ခု ရွိသည္။

ယခု၏ မွန္လူကို ၾကည့္ရင္း၊ ဝွီးခ်ဲေပၚ၌ နတ္သားေလးတစ္ပါးကဲ့သို႔ အိပ္ေပ်ာ္ေနသည့္ လုမင္းဇယ္အား ျပန္စဥ္းစားမိလိုက္သည့္အခါ၊ ရွင္ယဲ့ စိတ္ထဲ၌ '႐ုပ္ဆိုးတယ္' ဆိုေသာ စာလုံးႀကီးအား ေရးသားမိလိုက္ေလ၏။

သို႔ေသာ္လည္း စဥ္းစားဆင္ျခင္စြာျဖင့္ ထုတ္မေျပာခဲ့ေပ။ ထုတ္ေျပာလိုက္လွ်င္ မွန္မွာ ထိုင္ငိုသြားမွာျဖစ္သည္။

"ဟားဟားဟားဟား၊ ရွင္ယဲ့ မင္းက အရမ္း႐ုပ္ဆိုးတာပဲ!" မွန္ႀကီးက ရွင္ယဲ့၏ ေဘး၌ ေမာင္းတီးသံမ်ိဳးျဖင့္ ရယ္လိုက္ေလ၏။

ေၾကးမွန္မွာ အနည္းငယ္ေဝဝါးေနေသာ္လည္း၊ ရွင္ယဲ့ သူ႔ကိုယ္သူ ျမင္ႏိုင္ဖို႔ေတာ့ လုံေလာက္ေလသည္။

အလြန္႐ိုးရွင္းသည့္ သစ္သား႐ုပ္ေသး႐ုပ္တစ္႐ုပ္ပင္ျဖစ္သည္။ ညာလက္မွာ ျပဳတ္ေနၿပီး၊ ခါးညာဘက္ျခမ္းေပၚ၌ သံပတ္တစ္ခုရွိသည္။ လည္ပင္း၊ မ်က္လုံး၊ ပါးစပ္ႏွင့္ နား႐ြက္အကုန္ရွိၿပီး၊ ဆံပင္ေတာ့မရွိေပ။ ကတုံးေျပာင္ပင္ျဖစ္သည္။

ေအာက္ဘက္ပိုင္းမွာလည္း ေျပာင္ရွင္းေနသည္။

သို႔ေသာ္ မွန္မွာလည္း အတူတူပင္ျဖစ္ေလရာ၊ ႏွစ္ေယာက္သားမွာ ကတုံးေျပာင္ျဖစ္ေနသည့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး၊ အခ်င္းခ်င္း တဟားဟားျဖင့္ ရယ္ေမာလိုက္ၾကေလ၏။

ရွင္ယဲ့ မတ္တတ္ရပ္လိုက္ရာ၊ ကိုယ္ေပၚမွ 'ကြၽိ ကြၽိ' အသံမ်ား ထြက္လာေတာ့သည္။ ဆီထည့္ရန္လိုေနသည့္ စက္ပစၥည္းႏွင့္ အနည္းငယ္ တူသည္။

ရွင္ယဲ့ သူ၏ ခႏၶာကိုယ္အား မွန္ႀကီး၌ ၾကည့္ရင္းျဖင့္ ဆိုလိုက္ေလ၏: "ငါက အရမ္းေဟာင္းေနၿပီ။ ခႏၶာကိုယ္ကို ျပင္ဖို႔ လိုတယ္"

မွန္ႀကီးလည္း အတူတူပင္ျဖစ္သည္။ သူ႔ ေခါင္းေပၚရွိ သံပတ္မွာလည္း စိမ္းဖန္႔ဖန္႔ျဖစ္ေန၏။ အစိမ္းေရာင္ေၾကးညႇိမ်ားတက္ကာ သံေခ်းတက္ေနပုံရသည္။

ဆရာႀကီးဘန္းနဒစ္က မွန္ႏွင့္ သစ္သား႐ုပ္ေသး႐ုပ္ေတြကို ေ႐ြ႕လ်ားလို႔ရေအာင္ ဘယ္လိုမ်ိဳး လုပ္ထားလဲလည္း မသိေပ။ ဘယ္လိုပဲျဖစ္ပါေစ၊ ဒီေနရာက နတ္သမီးပုံံျပင္ကမာၻတစ္ခုသာျဖစ္ကာ၊ တကယ့္ကမာၻက ဘယ္သူကမွ ႐ုပ္ေသး႐ုပ္ေတြကို လူ႔သဘာဝထည့္ေပးႏိုင္လိမ့္မည္မဟုတ္ဘဲ၊ မေသခင္ ကိုယ့္ရဲ႕ႏွလုံးကို ႐ုပ္ေသး႐ုပ္ထဲမွာထည့္ၿပီး အသက္ဆက္ရွင္ေအာင္ လုပ္ႏိုင္မည္လည္း မဟုတ္ေပ။

"ငါတို႔ အျပင္ထြက္ၿပီး ၾကည့္ၾကည့္ရေအာင္" မွန္ႀကီးက အႀကံျပဳလိုက္၏။ "ဒီအခန္းထဲမွာ တကယ္ ဘာမွကိုမရွိဘူး"

ရွင္ယဲ့ သူ၏ ညာလက္ကို ျပန္တပ္လို႔ရမည့္ ပစၥည္းကိရိယာမ်ားအား အနည္းငယ္ ရွာၾကည့္ခ်င္ေသးသည္။ သို႔ေစကာမူ သူ၏ ခႏၶာကိုယ္တည္ေဆာက္ပုံအား သိပ္မသိေသးသည့္အျပင္၊ ဆရာႀကီးဘန္းနဒစ္က ႐ုပ္ေသး႐ုပ္ကို လႈပ္ရွားလို႔ရေအာင္ ဘယ္လို လုပ္ထားလဲဆိုတာကိုလည္း နားမလည္ေသးေခ်။

"ေကာင္းၿပီေလ၊ ငါတို႔ အျပင္ထြက္ၿပီး ၾကည့္ၾကည့္ၾကမယ္။ ႐ုပ္ေသး႐ုပ္အေယာင္္ေဆာင္ၾကတာေပါ့" ရွင္ယဲ့ လက္ခံလိုက္၏။

သူ ဘန္းနဒစ္က ဖန္းတီးတည္ေဆာက္ခဲ့ေသာ ၿမိဳ႕ေလးအေပၚ အလြန္စိတ္ဝင္စားလ်က္ရွိေနကာ၊ ဘယ္လိုပုံစံမ်ိဳးလဲဆိုတာကို သိခ်င္ေနမိသည္။

မႈိတက္ေဟာင္းႏြမ္းေနသည့္ သစ္သားတံခါးအား တြန္းဖြင့္လိုက္သည့္အခါ၊ ေနအလင္းေရာင္မွာ မွန္ႀကီး၏ ကိုယ္လုံးေပၚသို႔ ျဖာက်လာကာ၊ တလက္လက္ျဖင့္ ေတာက္ပေနေတာ့၏။

ဟမ္.... မွန္ႀကီးက အေရာင္တင္ရမွာပဲ။ ရွင္ယဲ့ ေနေရာင္ေအာက္ရွိ အလြန္သိသာထင္ရွား​ေနေသာ ဖုန္မ်ားကို ၾကည့္ရင္း ေတြးလိုက္ေလ၏။

တံခါးအျပင္ရွိ ျမင္ကြင္းေၾကာင့္ ရွင္ယဲ့ႏွင့္ မွန္ႀကီးတို႔မွာ အံ့ဩနဘန္းျဖစ္သြားၾကသည္။ ဤသည္မွာ အလြန္တရာကို စည္ကားရႈပ္ေထြးသည့္ ၿမိဳ႕ေလးပင္ ျဖစ္ေနေလသည္။

"စက္ဆီေတြ၊ စက္ဆီေတြ၊ စက္ဆီေတြရမယ္။ အခုဆိုင္မွာ ေစ်းခ်ေနတယ္ေနာ္။ တစ္ခုဝယ္၊ တစ္ခုလက္ေဆာင္ရမယ္။ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ထည့္ရင္ ေနာက္တစ္႐ုပ္အလကားထည့္ေပးမယ္!" မနီးမေဝးတစ္ေနရာမွ သစ္သား႐ုပ္ေသး႐ုပ္တစ္႐ုပ္က အဆက္မျပတ္ ေအာ္ေျပာေနေလ၏။

စက္ဆီဆိုင္၏ ေဘးကပ္ရပ္တြင္ သံပတ္ဆိုင္တစ္ဆိုင္ရွိ၏။ ေၾကညာဆိုင္းဘုတ္တြင္ ေရးထားသည္မွာ: ဆရာႀကီးဘန္းနဒစ္ကိုယ္တိုင္ ဖန္တီးျပဳလုပ္ထားတဲ့ ကြၽမ္းက်င္တဲ့ သံပတ္႐ုပ္ေသး႐ုပ္ေတြက သင့္ကို ကိုယ္တိုင္ကိုယ္က် သံပတ္လွည့္ေပးမွာပါ။ ကြၽမ္းက်င္အဆင့္ကုသမႈကို ခံစားၾကည့္လိုက္ပါ။ ေသခ်ာေပါက္ သင့္ကိုယ္သင္ သံပတ္လွည့္တာထက္ ပိုၿပီး ဇိမ္ရွိပါလိမ့္မယ္!

စာလုံးမ်ားမွာ တ႐ုတ္လိုမဟုတ္ေပ။ သို႔ေသာ္ ရွင္ယဲ့ႏွင့္ မွန္ေလးတို႔မွာ မေမွ်ာ္လင့္ဘဲ နားလည္ေနသည္။ System က ကစားသူမ်ားအတြက္ ဘာသာစကားအခ်က္အလက္ကို ထည့္သြင္းေပးထားသည့္ ပုံေပၚသည္။

အနည္းငယ္အေဝးမွာေတာ့ အထည္ဆိုင္ပင္ျဖစ္သည္္္။ တံခါးေရွ႕တြင္ ဆိုင္းဘုတ္ေထာင္ထားသည္က: သင္ ကိုယ္တုံးလုံးနဲ႔ျဖစ္ေနတုန္းပဲလား? သင့္မွာ အဝတ္တစ္စေတာင္ မရွိေသးဘူးလား? ႐ုပ္ေသး႐ုပ္အထည္ဆိုင္က သင့္အတြက္ ကြတ္တိအျဖစ္ဆုံး အက်ႌေတြကို ခ်ဳပ္လုပ္ေပးမွာပါ။ တိုးတက္ယဥ္ေက်းတဲ့ အဝတ္ေတြဝတ္ၿပီး၊ တိုးတက္ယဥ္ေက်းတဲ့ ႐ုပ္ေသး႐ုပ္ေတြ ျဖစ္လိုက္ပါ။

ရွင္ယဲ့: "......"

မွန္ႀကီး: "......"

သူတို႔ကိုယ္္သူတို႔ အဝတ္စလစ္ျဖစ္လ်က္ရွိေနေၾကာင္း သတိထားမိလိုက္သည့္အခါမွာေတာ့၊ ႐ုတ္တရက္ ကိုယ္တုံးလုံးျဖစ္ေနျခင္းကို ရွက္႐ြံ႕သြားၾကေလ၏။

မွန္ႀကီးက လ်င္ျမန္စြာျဖင့္ သစ္သားအိမ္ထဲသို႔ တပ္ျပန္ဆုတ္သြားခဲ့ေတာ့သည္။ သူ၏ ခႏၶာကိုယ္မွာ ႀကီးမားလွတာေၾကာင့္၊ တံခါးထဲသို႔ ေဘးတိုက္ဝင္ရန္ ေမ့သြားသည့္အခါ၊ တံခါးအလယ္၌ ညပ္မိေနမလို ျဖစ္သြား‌ေတာ့၏။ သို႔ေသာ္ ရွင္ယဲ့က သူ၏ ကိုယ္လုံးကို ကူ၍ ေဘးတိုက္ လွည့္ေပးလိုက္သည့္အတြက္၊ မွန္ႀကီးမွာ အိမ္ထဲသို႔ ဝင္ႏိုင္သည့္ အေနအထားကို ခက္ခက္ခဲခဲျဖင့္ ရွာေတြ႕သြားေလသည္။

"ဘယ္လိုလုပ္ၾကမလဲ? ငါတို႔မွာ အက်ႌမရွိဘူး..." မွန္ႀကီးက ရွင္ယဲ့အား တီးတိုးေျပာလိုက္ေလသည္။ "ငါတို႔က တိုးတက္ယဥ္ေက်းတဲ့ ႐ုပ္ေသး႐ုပ္ေတြမဟုတ္ဘူး!"

ရွင္ယဲ့: "...... ေနပါဦး၊ ငါ အပိုင္းအစေတြၾကားထဲမွာ တစ္ခ်က္ ေမႊေႏွာက္ၾကည့္ပါဦးမယ္။ ၿခဳံလို႔ရမယ့္ အဝတ္ေတြရွိလား ရွာၾကည့္ရမွာေပါ့"

သူ သက္ျပင္းရွည္ရွည္တစ္ခ်က္ ခ်လိုက္.....ဪ ႐ုပ္ေသး႐ုပ္က အသက္ရႉစရာမွ မလိုတာ။ ထို႔ေၾကာင့္ စိတ္ထဲ၌သာ စိတ္သက္သာရာရေစရန္အတြက္ သက္ျပင္းရွည္ရွည္ခ်လိုက္ရေလ၏။

ရွင္ယဲ့ မိဘမ်ားဆုံးပါးသြားၿပီးေနာက္ ထိုအခ်ိန္ကာလကသာ သူ႔အတြက္ အရွက္တကြဲအျဖစ္ရဆုံး အခ်ိန္ဟု ထင္မွတ္ခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းမွာေတာ့ သူ မိန္းကေလးအဝတ္ေတြ ဝတ္ခဲ့ရသည္။ ကလယ္ရာျဖစ္ေနသည့္အခ်ိန္၌ သူ႔ကိုယ္သူ ဒီထက္ဆိုးတဲ့အရာ မရွိေလာက္ေတာ့ပါဘူးဟု ထင္ခဲ့သည္။ သို႔ေသာ္လည္း ယခုမွာေတာ့ သူ႔မွာ တစ္မီတာသာ ျမင့္ေသာ မသန္စြမ္း႐ုပ္ေသး႐ုပ္တစ္႐ုပ္ျဖစ္ခဲ့ရေလသည္။ ေနစရာအိမ္မွာလည္း ဖုန္မ်ားတက္ေနေသာ တိုလီမုတ္စ ပစၥည္းပုံမ်ားျဖင့္ ျပည့္ေနၿပီး၊ ဆင္းရဲလြန္းသျဖင့္ ဝတ္စရာေတာင္ မရွိေပ။

ပစၥည္းပုံမ်ားၾကား ေမႊေႏွာက္ရွာေဖြေနသည့္အခ်ိန္၊ ရွင္ယဲ့ ႐ုတ္တရက္ အမွန္တရားတစ္ခုကို သတိထားမိသြားခဲ့သည္: အခုလက္ရွိအေျခအေနက ဆိုးဝါးလွၿပီလို႔ ဘယ္ေတာ့မွ မထင္လိုက္နဲ႔၊ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္စကၠန္႔ေတြမွာ ဒီထက္ပိုၿပီး ဆိုးေနဦးမွာမလို႔ပဲ။ လူသားေတြက ကံတရားက ဘယ္အထိသြားမယ္ဆိုတာကို ဘယ္ေတာ့မွ ျမင္ႏိုင္မွာမဟုတ္ဘူး။

တစ္မီတာသာ ျမင့္ေသာ ဆင္းရဲလွသည့္ မသန္စြမ္း႐ုပ္ေသး႐ုပ္ေလးမွာ ထိုသို႔ေသာ ဒႆနမ်ားကို စဥ္းစားမိလိုက္ေလသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ပို၍ဆိုးဝါးေသာ အေျခအေနႏွင့္ ေတြ႕ႀကဳံလိုက္္ရေတာ့သည္.... သူ ႏွစ္ခ်က္ေလာက္ လွန္ေလွာေမႊေႏွာက္လိုက္သည့္အခါ ပစၥည္းပုံႀကီးမွာ ဝုန္းခနဲ က်လာၿပီး၊ တစ္မီတာမသန္စြမ္း႐ုပ္ေသး႐ုပ္ေလးေပၚသို႔ ပိက်သြားေလေတာ့သည္။

ရွင္ယဲ့: "....."

ပထမဦးဆုံးအႀကိမ္အျဖစ္ ႐ုပ္ေသး႐ုပ္ဘဝမွာ ဒီလိုမ်ိဳး ခက္ခဲပင္ပန္းသည့္အျဖစ္ကို နားလည္လိုက္ရေလ၏။

"ရွင္ယဲ့!" နံရံကို မွီရပ္ေနသည့္ မွန္ႀကီးက ကပ္သီေလးလြတ္သြားေလသည္။ သူက ျပားခ်ပ္ေနၿပီး၊ နံရံကပ္မွန္ပုံစံမ်ိဳး ျဖစ္ေနသည့္အတြက္၊ ပစၥည္းအစအနမ်ားျဖင့္ မထိမိသြားေခ်။

"ကြၽတ္!" အဖိခံထားရသည့္ ႐ုပ္ေသး႐ုပ္ရွင္ယဲ့မွာ ထိုကဲ့သို႔ေသာ ဆိုး႐ြားလွသည့္ အသံကိုသာ ထြက္ႏိုင္ေတာ့သည္။ သံပတ္မွာ ညပ္ေနသည့္အတြက္ စကားဆက္ေျပာ၍ မရေတာ့ေခ်။

မွန္ႀကီးက သံေခ်းတက္ေနေသာ အစိမ္းေရာင္ ေၾကးနီလက္မ်ားကို လႈပ္ခါလိုက္ၿပီး၊ ပစၥည္းပုံထဲမွ ႐ုပ္ေသး႐ုပ္ရွင္ယဲ့အား ခက္ခက္ခဲခဲျဖင့္ ဆြဲထုတ္လိုက္၏။ ထို႔ေနာက္ သူ႔၏ သံပတ္တြင္ ညပ္ေနေသာ သံတိုသံစေလးတစ္ခုကို ကူညီဖယ္ရွားေပးလိုက္ေလသည္။

"ငါ အမူမဲ့အမွတ္မဲ့ျဖစ္သြားတယ္" တစ္မီတာ႐ုပ္ေသး႐ုပ္ေလးမွာ ပစၥည္းပုံႀကီးကို ၾကည့္ၿပီး ႐ုပ္တည္ျဖင့္ ဆိုလိုက္ေလ၏။ "ငါ့အိမ္မွာ ဒီေလာက္ ရႈပ္ပြေနတာမ်ိဳး မရွိဖူးဘူး။ ရွင္းေပးမယ့္ အေဒၚႀကီးရွိတယ္္"

"ငါေကာပဲ...." မွန္ႀကီးက အမႈိက္ေတာင္ႀကီးသဖြယ္ျဖစ္ေနသည့္ ပစၥည္းပုံႀကီးကို ၾကည့္ၿပီး စိတ္ညစ္သြားေလသည္။ "ဒီလို အိမ္မ်ိဳးမွာသာေနရရင္ စိတ္ဆင္းရဲမွာပဲ"

"ျဖည္းျဖည္းခ်င္း လုပ္၊ 'ကေဒါက္' " ႐ုပ္ေသး႐ုပ္ ရွင္ယဲ့ က အလြန္တည္ၿငိမ္ေနေလ၏။ သူ၏ ေမးေစ့မွာေတာ့ စကားေျပာလိုက္သည္ႏွင့္ ေအာက္သို႔က်လာေလသည္။ ႐ုပ္ေသး႐ုပ္ ရွင္ယဲ့က ေအးေအးေဆးေဆးျဖင့္ ေမးေစ့အား ျပန္တင္လိုက္၏။ 'ကေဒါက္'။

႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္မွာ ပစၥည္းပုံမ်ားၾကား အခ်ိန္အေတာ္ၾကာ လွန္ေလွာရွာေဖြၿပီးေနာက္ဆုံးမွာေတာ့၊ အထည္စႏွစ္စကို ရွာေတြ႕ခဲ့ေလသည္။ ထို႔ေနာက္ ေပ်ာ္႐ႊင္စြာျဖင့္ ကိုယ္ေပၚတြင္ပတ္္လိုက္ေတာ့၏။ ဆင္းရဲေနရင္ေတာင္မွ သူတို႔လည္း တိုးတက္ယဥ္‌ေက်းေသာ ႐ုပ္ေသး႐ုပ္မ်ား ျဖစ္သြားေခ်ၿပီ။

အက်ႌ (အဝတ္စုတ္) ရွိသြားသည့္အခါ၊ ရွင္ယဲ့ ေတာ္ေတာ္ေလး အဆင္ေျပသြားသလို ခံစားလိုက္္ရသည္။ သူက တည္ၿငိမ္သည္ဆိုေသာ္လည္း၊ အျခား႐ုပ္ေသး႐ုပ္မ်ားက သူ႔ကို ထူးထူးဆန္းဆန္း မ်က္လုံးမ်ားျဖင့္ ၾကည့္သည္ကို မခံစားႏိုင္ေခ်။

ၾကမ္းျပင္ေပၚ၌ ထိုင္ေနရင္း၊ ႐ုပ္ေသး႐ုပ္ရွင္ယဲ့က ဆိုလိုက္၏: "ခုနက စက္ဆီဆိုင္မွာ သစ္သား႐ုပ္ေလးတစ္႐ုပ္ ေအာ္ေနတာ ၾကားလိုက္္တယ္။ ဆီထည့္ရင္ သတၱဳ႐ိုင္းတစ္တုံးလိုတယ္တဲ့။ အဲ့တာ ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ ေငြေၾကးျဖစ္ႏိုင္တယ္။ ငါတို႔ အခုေလာေလာဆယ္ ဖုန္ေတြကို ရွင္းရမယ္၊ သံပတ္လွည့္ရမယ္၊ ၿပီးရင္ သာမန္ အက်ႌေတြဝယ္္ရမယ္။ ဆီထည့္ဖို႔အတြက္လည္း.... ပိုက္ဆံလိုတယ္"

"ၿပီးေတာ့ မင္းရဲ႕ အဖြဲ႕သား ေခ်ာင္ခ်န္႔ကိုလည္း ရွာရဦးမယ္။ သူလည္း ကံၾကမၼာဆန္႔က်င္သူဆိုေတာ့၊ အခု ဘယ္မွာရွိေနလဲမသိဘူး။ အျမန္ဆုံး ေတြ႕မွျဖစ္မယ္" မွန္ႀကီးက သတိေပးလိုက္ေလ၏။

"ဟုတ္တယ္" ရွင္ယဲ့လည္း လက္ခံလိုက္၏။ "သတၳဳ႐ိုင္းဆိုေတာ့ ၾကည့္ရတာ သြားတူးရမယ့္ပုံပဲ။ သူက အားအမ်ားႀကီးပိုရွိေတာ့ ငါတို႔ကို ကူၿပီး ပိုက္ဆံရွာေပးႏိုင္ေလာက္တယ္"

အေၾကာင္းအရင္းမ်ား မတူၾကေသာ္လည္း၊ သူတို႔ ယခု ေခ်ာင္ခ်န္႔ႏွင့္ ေတြ႕ဖို႔ တကယ္ လိုအပ္ေနေလသည္။

႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္မွာ သစ္သားအိမ္ထဲမွ ထပ္မံ ထြက္ခြါခဲ့ၾကသည္။ အဝတ္စုတ္မ်ား ဝတ္ထားသည့္ သူတို႔မွာ ပတ္ပတ္လည္ရွိ အေနာက္တိုင္းပုံျပင္မ်ားထဲက ဝတ္စုံမ်ားအတိုင္း ဝတ္ဆင္ထားၾကေသာ ႐ုပ္ေသး႐ုပ္မ်ားကို ျမင္္လိုက္ရသည့္အခ်ိန္၊ ရွက္လြန္းသျဖင့္ ေခါင္းမ်ားကို ငုံ႔လိုက္ၾကေလ၏။

အျခားသူမ်ားမွာ သာမန္အရပ္သားမ်ားျဖစ္ၾကၿပီး၊ သူတို႔မွာေတာ့ သူေတာင္းစားမ်ားသာျဖစ္ၾကသည္။

တစ္မီတာမသန္စြမ္း႐ုပ္ေသး႐ုပ္မွာ စက္ဆီဆိုင္အနီးအနားတြင္ ရပ္လ်က္၊ ဝင္ထြက္သြားလာေနၾကေသာ ဝယ္သူမ်ားကို ၾကည့္ေနေလ၏။ ႐ုပ္ေသး႐ုပ္မ်ားမွာ အိပ္ဖို႔မလိုအပ္ေပ။ သူတို႔အားလုံးမွာ ေနထြက္သည္ႏွင့္ အိပ္ရာထၾကေလသည္။ ယခုမွာ မနက္အေစာႀကီး ျဖစ္ေကာင္းျဖစ္ႏိုင္ေသာ္ျငားလည္း၊ ႐ုပ္ေသးၿမိဳ႕ေတာ္မွာ အလြန္စည္ကားလ်က္ ရွိေနေလ၏။

အရပ္ ၁.၇ မီတာရွိေသာ အ႐ြယ္ေရာက္အမ်ိဳးသား႐ုပ္ေသး႐ုပ္တစ္႐ုပ္မွာ သူ၏... ဇနီးျဖစ္ဟန္ရသူကို ေခၚလာခဲ့သည္။ ထို႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္က ဆိုင္ထဲသို႔ ဝင္လာၿပီးေနာက္၊ သတၱဳတစ္တုံးကို ထုတ္ကာ ဆိုလိုက္ေလ၏: "ဒီမွာ သတၳဳ႐ိုင္းတစ္တုံး၊ ငါနဲ႔ ငါ့မိန္းမအတြက္ ဆီထည့္မယ္"

ရွင္ယဲ့ႏွင့္ မွန္ႀကီးတို႔မွာ သူခိုးမ်ားကဲ့သို႔ နားစြင့္လိုက္ေလ၏။ မွန္ႀကီးက နားမရွိေပ။ ထို႔ေၾကာင့္ ရွင္ယဲ့သာ နားစြင့္လိုက္ေလသည္။

"ေကာင္းပါၿပီ။ အထဲကို ႂကြပါ"

အထဲမွ စက္ပစၥည္းမ်ား ျဖဳတ္တပ္သံကို ၾကားလာရသည္။ နာရီဝက္ေလာက္အၾကာတြင္ အမ်ိဳးသား႐ုပ္ေသး႐ုပ္က ဇနီးႏွင့္အတူ စက္ဆီဆိုင္မွ ထြက္လာကာ၊ ခႏၶာကိုယ္အား ေက်နပ္စြာ အေညာင္းဆန္႔လ်က္ ဆိုလိုက္ေလ၏: "အိမ္း၊ ကိုယ္ေပၚကဆီလဲရတာ အရမ္းေကာင္းတာပဲ။ တစ္ကိုယ္လုံး သက္ေတာင့္သက္တာရွိသြားတယ္။ ငါ့ရဲ႕ အဆစ္ေတြကလည္း အရင္ကထက္ပိုၿပီး လႈပ္ရွားရ အဆင္ေျပသြားတယ္။ အရင္ကဆို 'တကြၽိကြၽိ တကြၽိကြၽိ' နဲ႔ ျဖစ္ေနတာ"

ရွင္ယဲ့: "....."

သူကေတာ့ လႈပ္လိုက္တိုင္း၊ 'တကြၽိကြၽိ' အသံအက်ယ္ႀကီး ထြက္ေနေလ၏။

"စိတ္ေက်နပ္တယ္ဆိုေတာ့ ဝမ္းသာပါတယ္။ ေငြေလးေခ်ေပးပါ။ သတၳဳ႐ိုင္း ေလးတုံးက်ပါတယ္" စက္ဆီဆိုင္႐ုပ္ေသး႐ုပ္က ဆိုေလ၏။

"ဘာ!" အမ်ိဳးသား႐ုပ္ေသး႐ုပ္မွာ လည္ပင္းကအသံအိုး ထြက္လာေတာ့မတတ္ ေအာ္လိုက္ေလ၏။ "သတၳဳ႐ိုင္းတစ္တုံးေပးတာနဲ႔ တစ္ခုဝယ္ တစ္ခုလက္ေဆာင္ရတယ္လို႔ မင္း ေသခ်ာေျပာခဲ့တယ္ေလ။ အခုေလးတုံးက ဘယ္လိုျဖစ္ၿပီး ေရာက္လာတာလဲ?"

"ဒီမွာ လူႀကီးမင္း၊ ေၾကာ္ညာေဆာင္ပုဒ္ကိုပဲ နားေထာင္လို႔မရပါဘူး။ ဆိုင္မွာျပထားတဲ့ ေစ်းႏႈန္းေတြကို ၾကည့္ရမယ္ေလ!" စက္ဆီဆိုင္႐ုပ္ေသး႐ုပ္က မေက်မနပ္ျဖင့္ ဆိုေလ၏။ "သတၳဳ႐ိုင္းတစ္တုံးက စက္ဆီခအတြက္ပဲေလ။ ဆီထည့္ေပးတဲ့ ဝန္ေဆာင္မႈကလည္း ရွိေသးတယ္မလား? ႐ုပ္ေသး႐ုပ္တစ္႐ုပ္အတြက္က သတၳဳ႐ိုင္းႏွစ္တုံးက်တယ္။ အဲ့တာက တစ္ခုဝယ္ တစ္ခုလက္ေဆာင္ရမဟုတ္ဘူး။ ပုံမွန္ေစ်းက တစ္႐ုပ္ကို သတၳဳ႐ိုင္း သုံးတုံးက်တယ္။ ကြၽန္ေတာ္တို႔က အခု ငါးတုံးပဲယူတာ၊ အဲ့တာ အမ်ားႀကီး ေလွ်ာ့ေပးထားတာေလ!"

"လူလိမ္! အျမတ္ႀကီးစားတဲ့လူ! အဲ့ပိုက္ဆံ ငါမေပးႏိုင္ဘူး" ေစ်းဝယ္သူ႐ုပ္ေသး႐ုပ္မွာ ေဒါသတႀကီးျဖင့္ ေျပာေလ၏။

"ဟမ္? ခင္ဗ်ားက ဆီေတြမတရားလိုခ်င္ေနတာလား?" စက္ဆီဆိုင္႐ုပ္ေသး႐ုပ္က ႐ုတ္တရက္ သူ၏ ဗိုက္ကို ဖြင့္ျပလိုက္ေလသည္။ အထဲ၌ အနက္ေရာင္ေက်ာက္တုံးမ်ား ရွိေန၏။ "ဝယ္သူက စက္ဆီေတြ မတရားယူဖို႔ လုပ္ေနတယ္ဆိုေတာ့၊ အေရာင္းအဝယ္လုပ္လို႔ မျဖစ္ေတာ့ဘူး။ က်ဳပ္ကိုယ္က်ဳပ္ မီးေလာင္ေအာင္လုပ္ၿပီး ခင္ဗ်ားကိုပါ တစ္ပါတည္း ေခၚသြားလိုက္မယ္!"

"မင္း..မင္း တကယ္ ေက်ာက္မီးေသြးေတြ သယ္ထားတာလား? ဒါေတြက တရားမဝင္ဘူး! မင္းကို တရားစြဲပစ္မယ္!" ဝယ္သူ႐ုပ္ေသး႐ုပ္က ေဒါသထြက္စြာ ဆိုလိုက္ေလ၏။

"က်ဳပ္တို႔က ေက်ာက္မီးေသြးတရားဝင္လက္ဝယ္ပိုင္ဆိုင္ခြင့္လိုင္စင္ ရထားၿပီးသား။ တရားဝင္ သယ္ေဆာင္ခြင့္ရွိတယ္! စြမ္းအင္အသစ္နဲ႔ ႐ုပ္ေသး႐ုပ္ေတြက ေက်ာက္မီးေသြးေတြကို အကန္႔အသတ္နဲ႔ သယ္ေဆာင္ခြင့္ရွိတယ္။ ခင္ဗ်ားကသာ ဘုမသိဘမသိနဲ႔ ေတာသားျဖစ္ေနတာ!" စက္ဆီဆိုင္ပိုင္ရွင္႐ုပ္ေသး႐ုပ္က စာ႐ြက္တစ္႐ြက္ကို ကိုင္ရင္း ေျပာလိုက္ေလ၏။ "ခင္ဗ်ား သတၱဳ႐ိုင္းေပးမွာလား မေပးဘူးလား? မေပးရင္ က်ဳပ္ ေက်ာက္မီးေသြးေတြကို မီးရႈိ႕လိုက္မယ္!"

"ငါ..ငါတို႔ ေပးပါမယ္...." ဝယ္သူ႐ုပ္ေသး႐ုပ္က ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ျဖင့္ ဗိုက္ထဲမွ သတၳဳ႐ိုင္းေလးတုံးကို ထုတ္၍ ေပးလိုက္ၿပီးေနာက္၊ ေျပးထြက္သြားေလေတာ့သည္။

ရွင္ယဲ့: "......"

မွန္ႀကီး: "....."

မွန္ႀကီး၏ ကိုယ္လုံးက ႏွစ္မီတာျမင့္ေလသည္။ ထို႔ေၾကာင့္
ေအာက္ကိုကုန္း၍ တီးတိုးကပ္ေျပာဖို႔ရာ နည္းလမ္းမရွိျဖစ္ေနသည္။ ထိုအခါ သူက တစ္မီတာမသန္စြမ္းသစ္သား႐ုပ္ ရွင္ယဲ့ကိုသာ နံရံ၌ ကပ္၍ ျပားခ်ပ္ခ်ပ္ကိုယ္လုံးကို တိုးကာ၊ တတ္ႏိုင္သေလာက္ တိုးညင္းစြာ ေျပာလိုက္ေလ၏:

"ဒီေနရာက ေတာ္ေတာ္ ၾကမ္းတမ္းရက္စက္တာပဲ။ ဆရာႀကီးဘန္းနဒစ္က ဘာလို႔ ႐ုပ္ေသးၿမိဳ႕ေတာ္ကို မူလအေျခအေနအတိုင္း ျပန္ျဖစ္ေစခ်င္လဲဆိုတာ ငါ နားလည္သြားၿပီ"

"ရႉး...." ရွင္ယဲ့က မွန္ႀကီးအား ဒီကိစၥကို အျပင္ထုတ္မေျပာရန္ အခ်က္ျပလိုက္၏။

သူက မွန္ႀကီးကို လက္ေဝွ႔ယမ္းျပလိုက္ၿပီး၊ ဘာမွမသိသလိုဟန္ေဆာင္ကာ ခပ္တည္တည္ျဖင့္ ဝယ္သူ႐ုပ္ေသး႐ုပ္ေနာက္ကို လိုက္သြားလိုက္ေလ၏။

ဝယ္သူ႐ုပ္ေသး႐ုပ္က ေဒါသတႀကီးဆိုလိုက္ေလသည္: "စိတ္တိုစရာေကာင္းလိုက္တာ။ ဒီရက္ထဲမွာ ခက္ခက္ခဲခဲရွာထားရတဲ့ ေငြေတြအကုန္လုံး အလိမ္ခံလိုက္ရၿပီ!"

ဂါဝန္ဝတ္ထားသည့္ အမ်ိဳးသမီး႐ုပ္ေသး႐ုပ္က ဆိုေလသည္: "ေဒါသမထြက္ပါနဲ႔ ေယာက်္ားရယ္။ ကြၽန္မ အဝတ္နည္းနည္း ေလွ်ာ့ဝယ္ပါ့မယ္။ ရွင္ ဒီေန႔ မိုင္းတြင္းကိုသြားၿပီး သတၳဳ႐ိုင္းေတြ တူးရဦးမယ္မလား။ ကြၽန္မတို႔ မနက္ျဖန္ သံပတ္ေပးဖို႔ ဘိုကင္ယူထားတာ ရွိေသးတယ္ေလ"

"ေကာင္းပါၿပီ။ ငါ့ မိန္းမအတြက္ ငါ အလုပ္ႀကိဳးစားရမယ္!" ဝယ္သူ႐ုပ္ေသး႐ုပ္မွာ သူ၏ မိန္းမျဖစ္သူကို တစ္ခ်က္အနမ္းေပးလိုက္ၿပီးေနာက္၊ ႏွစ္ေယာက္သား တျဖည္းျဖည္းခ်င္း အေဝးသို႔ ေလွ်ာက္သြားၾကေလေတာ့သည္။

ၿမိဳ႕ထဲက ထြက္ၿပီး မိုင္းတူး၍ ပိုက္ဆံရွာလို႔ ရေနသည္ပင္။

ဝယ္သူ႐ုပ္ေသး႐ုပ္ အေဝးသို႔ ထြက္သြားၿပီးေနာက္၊ မလွမ္းမကမ္းရွိ စက္ဆီဆိုင္႐ုပ္ေသး႐ုပ္က ႐ုတ္တရက္ ေအာ္ေျပာလာေလသည္: "လူလိမ္! ငါ့ကို သတၳဳ႐ိုင္းအတုေတြ လာေပးသြားတယ္! သတၱဳ႐ိုင္း ငါးတုံးမွာ တစ္တုံးပဲ အစစ္ပါတယ္။ လူလိမ္ေကာင္၊ ငါ သူ႔ကို တရားစြဲမယ္!"

ေဘးနားက သံပတ္ဆိုင္ပိုင္ရွင္ကလည္း သူ႔ကို အႀကံေပး​ေလ၏: "ေဒါသထြက္မေနပါနဲ႔ေတာ့၊ သူက ျငင္းခ်က္ထုတ္လို႔ရတယ္ေလ။ တရားစီရင္ေရးအရာရွိကလည္း ငါတို႔အားလုံးက အလိမ္အညာေတြ ေျပာေနတယ္ဆိုတာသိေတာ့၊ ဘယ္သူက လိမ္ေျပာေနတယ္ဆိုတာကို သူ ခြဲဲျခားႏိုင္မွာ မဟုတ္ဘူး။ တရားစြဲမယ့္လူက သတၳဳ႐ိုင္းႏွစ္တုံးလည္း ေပးရဦးမွာ။ မင္းပဲ ပိုက္ဆံဆုံးလိမ့္မယ္"

"သူ႔ကို ေနာက္ထပ္ ေတြ႕ရဲေတြ႕ၾကည့္!" စက္ဆီဆိုင္ပိုင္ရွင္က ေဒါသထြက္လြန္းသျဖင့္ နားမွ အေငြ႕မ်ား ထြက္လာေလသည္။

သံပတ္ဆိုင္ပိုင္ရွင္က သူ႔ကို အားက်စြာျဖင့္ ၾကည့္လိုက္ေလ၏: "ဟူး၊ အမ်ိဳးအစားအသစ္ ေရေႏြးေငြ႕ ႐ုပ္ေသး႐ုပ္ေတြက တကယ္ေကာင္းတာပဲ။ ကိုယ္ေပၚမွာလည္း သတၳဳအကာအကြယ္ရွိတယ္။ ေက်ာက္မီးေသြးကေနတစ္ဆင့္ ေရကိုအပူေပးၿပီး ရလာတဲ့ ေရေႏြးေငြ႕ကေန အေ႐ြ႕စြမ္းအင္ထုတ္လို႔ရတယ္။ အင္အားေတြေကာ ျမန္ႏႈန္းေကာ ငါတို႔လို ေရွးေဟာင္းအမ်ိဳးအစားေတြထက္ ပိုၿပီး ျမင့္တယ္။ ငါတို႔မွာေတာ့ တစ္ရက္ကေလး သံပတ္လွည့္ဖို႔ ေမ့သြားတာနဲ႔ လႈပ္လို႔ေတာင္ မရေတာ့ဘူး။ မင္းက ေရေႏြးေငြ႕သံပတ္႐ုပ္ေသး႐ုပ္ဆိုေတာ့၊ တကယ္အားက်ပါတယ္"

"မဟုတ္တာ၊ ဘယ္သူပဲၾကည့္ၾကည့္ ကြၽန္ေတာ္က ေနာက္မွေမြးတာပါ။ ခင္ဗ်ားကသာ ကြၽန္ေတာ့္ရဲ႕ အစ္ကိုႀကီးပါ" စက္ဆီဆိုင္႐ုပ္ေသး႐ုပ္က သံပတ္ဆိုင္႐ုပ္ေသး႐ုပ္ထံမွ ခ်ီးေျမႇာက္ခံရတာေၾကာင့္ မ်က္လုံးထဲမွ ေရေႏြးေငြ႕မ်ားထြက္လာၿပီး၊ ေပ်ာ္႐ႊင္စြာ အခန္းထဲသို႔ ဝင္သြားေလေတာ့သည္။

သူအထဲသို႔ ဝင္သြားသည္ႏွင့္၊ သံပတ္ဆိုင္ပိုင္ရွင္က 'ဖြီ' ဟု အသံထြက္ကာ ဆိုလိုက္ေလ၏: "ေန႔တိုင္း ဒီေလာက္ ပိုက္ဆံေတြရွာႏိုင္ေနၿပီးေတာ့၊ အစစ္ခံၿပီး ျပင္ဖို႔က်ေတာ့ အင္တင္တင္ျဖစ္ေနတယ္။ မၾကာပါဘူး သစ္သားေခါင္းက ေက်ာက္မီးေသြးေလာင္ၿပီး ေသမွာပဲ။ ငါတို႔ ႐ုပ္ေသး႐ုပ္အေဟာင္းေတြကမွ ေကာင္းပါေသးတယ္။ သံပတ္နဲ႔က စိတ္ခ်ရတယ္"

ရွင္ယဲ့: "......"

မွန္ႀကီး: "......'

တကယ္ကို လူေတြအကုန္လုံး လိမ္ေျပာေနၾကသည့္ ပရမ္းပတာၿမိဳ႕သည္ပင္။ ဘယ္သူက အမွန္တရားကိုဆိုေသာ ႐ုပ္ေသး႐ုပ္လဲ ဆိုတာကိုအျပင္၊ အဖြဲ႕သားမ်ားႏွင့္ အျခားကစားသူမ်ားကိုလည္း ဘယ္လိုရွာမလဲမသိေပ။

"ၿမိဳ႕ျပင္ထြက္ၿပီး မိုင္းတူးၾကရေအာင္" လက္တစ္ဖက္သာရွိေသာ ရွင္ယဲ့က ဆိုလိုက္ေလ၏။ "ငါ ဖုန္ေတြကိုရွင္းၿပီး ဆီထည့္ရမယ္။ မဟုတ္ရင္ ျပန္လည္ေရးဆြဲႏိုင္တဲ့ ေဘာပင္ကို သုံးႏိုင္မွာမဟုတ္ဘူး။ ငါ့ရဲ႕ လက္ေခ်ာင္းေတြက ေတာ္ေတာ္ေတာင့္တင္းေနတယ္"

ေတာင့္တင္းေနသည့္အျပင္ လက္ငါးေခ်ာင္းလုံးမွာ ေကြးလို႔ေတာင္ မရေခ်။

ရွင္ယဲ့၏ ခႏၶာကိုယ္မွာ သစ္သားျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ေသာ္လည္း၊ အဆစ္မ်ားမွာေတာ့ သတၳဳမ်ားပင္ျဖစ္သည္။ သတၳဳမွာ လႈပ္ရွားရ လြယ္ကူေခ်ာေမြ႕ေစသည္။

အဝတ္စုတ္မ်ား ၿခဳံထားရသည့္ မွန္ႀကီးမွာ အက်ႌဆိုင္အား ျဖတ္သြားသည့္အခ်ိန္ အားက်စြာျဖင့္ ေငးၾကည့္လိုက္ေလ၏။ ထိုအခါ အခုေလးတင္ အက်ႌေတြ မဝယ္ေတာ့ဘူးဟု ေျပာသြားခဲ့သည့္ အမ်ိဳးသမီး႐ုပ္ေသး႐ုပ္က အက်ႌအသစ္တစ္ထည္ ေကာက္ယူလိုက္သည္ကို ေတြ႕လိုက္ရေလသည္။

"ေတာ္ေတာ္ မ႐ိုးသားၾကတာပဲ" မွန္ႀကီးက ေခါင္းခါလိုက္၏။ "မဝယ္ႏိုင္မွာ သိသာေနတဲ့ဟာကို။ ဟူး"

"ငါတို႔လည္း မဝယ္ႏိုင္ပါဘူး" ရွင္ယဲ့က ဆိုေလ၏။ "လူေတြေနာက္ကို လိုက္ၿပီး ၿမိဳ႕ျပင္ကို ထြက္သြားလိုက္တာနဲ႔ ၿမိဳ႕ျပင္က မိုင္းတြင္းကို ရွာေတြ႕ႏိုင္ေလာက္တယ္။ မိုင္းတူးတဲ့ေနရာမွာ ဘာစည္းမ်ဥ္းေတြရွိမွန္းေတာ့ မသိဘူး။ ေခ်ာင္ခ်န္႔လည္း အရမ္း ဆင္းရဲေနလိမ့္မယ္လို႔ထင္တယ္။ မိုင္းတြင္းမွာ သူ႔ကို မေတြ႕ဘူးလို႔ မေျပာႏိုင္ဘူး။ ကြမ္းလင္ကေတာ့ မေသခ်ာဘူး။ သူက ကံၾကမၼာလိုက္နာသူဆိုေတာ့၊ ငါတို႔ေလာက္ ဆင္းရဲမွာမဟုတ္ဘူး"

စကားေျပာရင္း၊ လမ္းေလွ်ာက္ရင္းျဖင့္ ၿမိဳ႕တံခါးသို႔ ေရာက္ခဲ့ေလ၏။ ဤေနရာ၌ ၿမိဳ႕ျပင္သို႔ထြက္ဖို႔ရာ ၿမိဳ႕တံခါးဖြင့္ရန္ ေစာင့္ဆိုင္းေနၾကသည့္ အမ်ိဳးအမ်ိဳးေသာ ႐ုပ္ေသး႐ုပ္မ်ား ရွိေနေလသည္။

ငါးမီတာျမင့္ေသာ အႀကီးစား႐ုပ္ေသး႐ုပ္မ်ားလည္း ရွိသလို၊ သုံးဆယ္ စင္တီမီတာျမင့္ေသာ လ်င္ျမန္ဖ်တ္လတ္သည့္ သံလူသား႐ုပ္ေသး႐ုပ္မ်ားလည္းရွိသည္။ အကုန္လုံးမွာ လူပုံသဏၭာန္မ်ားသာ ျဖစ္ၾကေသာ္လည္း၊ အရပ္အနိမ့္အျမင့္ အပိန္အဝျခားနားၾကကာ၊ ဆရာႀကီးဘန္းနဒစ္၏ နည္းပညာမ်ားတိုးတက္လာသည္ႏွင့္ ကိုယ္ထည္ပစၥည္းမ်ားမွာလည္း တျဖည္းျဖည္းျဖင့္ တိုးတက္ ေျပာင္းလဲလာခဲ့ၾကေလသည္။

ႏွစ္မ်ိဳးသုံးအေ႐ြ႕စြမ္းအင္ရွိသည့္ အမ်ိဳးအစားအသစ္႐ုပ္ေသး႐ုပ္မ်ားမွာ ဂုဏ္ယူဝင့္ႂကြားစြာျဖင့္၊ ေခါင္းေမာ့ရင္ေကာ့၍ ဘဝျမင့္စြာ ရပ္ေနၾကေလ၏။

ထိုစဥ္ ပိန္ပါးေသးသြယ္ေသာ ႐ုပ္ေသး႐ုပ္ေလးတစ္႐ုပ္မွာ အျခား႐ုပ္ေသး႐ုပ္အုပ္ထံမွ ကန္ထုတ္ခံလိုက္ရသည္။ တစ္ဦးက အသံအက်ယ္ႀကီးျဖင့္ ေအာ္ေျပာလာေလ၏: "ထြီ၊ မီးျခစ္ဆံ႐ုပ္ကမ်ား။ မီးေလာင္လြယ္လြယ္နဲ႔ မိုင္းတြင္းကိုသြားၿပီး အကုန္လုံးကို ကပ္ဆိုက္ေအာင္ လုပ္ဖို႔မစဥ္းစားနဲ႔!"

လူပုံမီးျခစ္ဆံ႐ုပ္ေသး႐ုပ္မွာ နာမည္အတိုင္းပင္ မီးျခစ္ဆံအႀကီးစားျဖင့္ ျပဳလုပ္ထားေသာ ႐ုပ္ေသး႐ုပ္ပင္ျဖစ္သည္။ သူ.... သို႔မဟုတ္ သူမ၏ ခႏၶာကိုယ္က အလြန္ပိန္ပါးလွကာ၊  လက္တစ္ဖက္မွာလည္း အကန္ခံရသျဖင့္ က်ိဳးသြားခဲ့ေလသည္။

သူ/သူမ က ရွက္႐ြံ႕စြာျဖင့္ ေျမျပင္ေပၚမွ ထလာကာ က်ိဳးသြားသည့္  လက္ေမာင္းအား တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ေလ၏။ ထို႔ေနာက္ ဘယ္လက္ျဖင့္ က်ိဳးေနသည့္ လက္တစ္ဖက္အားကိုင္ထားေသာ ရွင္ယဲ့အား ေတြ႕သြားေတာ့သည္။

႐ုပ္ေသး႐ုပ္မ်ားအလယ္ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္လုံးျခင္းဆုံလိုက္သည္ႏွင့္၊ ႏွစ္ေယာက္လုံးမွာ ေသေလာက္ေအာင္ ကံဆိုးသူမ်ားျဖစ္ေၾကာင္း မ်က္လုံးမ်ားမွတစ္ဆင့္ အတည္ျပဳခဲ့ၾကေတာ့သည္။

မီးျခစ္ဆံ႐ုပ္မွာ ေလထဲ၌ သေကၤတတစ္ခုကို ေရးဆြဲလိုက္သည္။ ရွင္ယဲ့လည္း ခ်က္ခ်င္းပင္ ထိုသေကၤတအား ေရးဆြဲျပလိုက္၏။

လွ်ိဳ႕ဝွက္သေကၤတမွာ မွန္ကန္သည္။ မီးျခစ္ဆံ႐ုပ္မွာ ေခ်ာင္ခ်န္႔ပင္ျဖစ္သည္!

စာေရးသူ ေျပာစရာရွိသည္:

ရွင္ယဲ့: အဆင္းရဲဆုံးဆိုတာမရွိဘူး။ ပိုၿပီးေတာ့ ဆင္းရဲ႐ုံေလးပဲ။

Continue Reading

You'll Also Like

8.2K 1.5K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
705K 30.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
1.6M 201K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။