Unicode
Fruit and Veggie Teething Treats
___________________
သေချာပေါက်ပါပင်၊ ရှန်မိသားစုမှာ ဒုက္ခအသူတရာချောက်နက်ထဲကျရောက်နေခဲ့ပြီဖြစ်၏။
ရှန်ဖူပြန်ရောက်လာချိန်မှာ မေမေရှန်က သူ့ကို အခန်းတစ်ခန်းထဲဆွဲခေါ်သွားတာမို့ သူ့ခမျာ ဖိုးဖိုးရှန်နဲ့ရှန်ယန့်ကိုပင်မတွေ့လိုက်နိုင်ချေ။
"ရှောင်ဖူ၊ အမေ့ကို အမှန်အတိုင်းပြောစမ်း။ မင်းအစ်ကိုနဲ့ကျန်းချန်အကြောင်း မင်း ဘယ်တုန်းကသိတာလဲ? မင်း ဘယ်လောက်အထိသိထားလဲ?"
မေမေရှန်က တစ်ခါမှဒီလောက်အထိမဖြစ်ဖူးတာမို့ ရှန်ဖူကလည်း သူမကို တစ်ခုခုဖုံးကွယ်တာမျိုး၊ လိမ်ညာတာမျိုးမလုပ်ရဲချေ။ ပထမဆုံးအကြောင်းပြချက်က သူ့အမေကိုမလိမ်ချင်လို့ဖြစ်ပြီး ဒုတိယအကြောင်းပြချက်က ဒီအခြေအနေမျိုးမှာ သူဆက်ဖုံးကွယ်ထားဦးမယ်ဆို ဒါက သူ့အစ်ကိုကိုကူညီရာ မကျဘဲ မီးထဲလောင်စာထပ်ထည့်သလိုဖြစ်နေမှာမို့ပင်။
ရှန်ဖူက အမှန်အတိုင်းဖြေ၏။
"ကျွန်တော်Sမြို့ကိုပြန်မသွားခင် အရင်တစ်ရက်ကမှသိတာ။"
ဒီစကားကိုမေမေရှန်ကြားတဲ့အခါ သူမကမျက်မှောင်ကုတ်သည်။
ရှန်ဖူက ပါးစပ်ဟကာစကားပြောရန်ပြင်သော်ငြား မေမေရှန်ဖြတ်ပြောတာခံလိုက်ရသည်။
"ဘာမှမပြောနဲ့။ ဒီကိစ္စကို ငါကောင်းကောင်းသိတယ်။"
ရှန်ဖူတစ်ယောက် ပါးစပ်ပိတ်ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။ အရင်က သူ့အစ်ကိုနဲ့ကျန်းချန်တို့ကြား ဘာဖြစ်ခဲ့တယ်ဆိုတာသူမသိပေမယ့် သူ့အမေလျှို့ဝှက်ထားတဲ့အထိဆိုတော့ သေချာပေါက်ကိစ္စသေးသေးလေးမဟုတ်ဘူး။ သူနဲ့လင်ရှုယီကအရင်မို့ သူ့မေက ဒီကိစ္စကိုဆန့်ကျင်ရင်တောင် ဒါက သူ့အစ်ကိုကြိုက်တဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့်မဖြစ်နိုင်ဘူး။ ဒါဆို ပြဿနာက ကျန်းချန်ပဲဖြစ်နိုင်တယ်။
ရှန်ဖူ့အတွေးတွေက အလျင်အမြန်ထွက်ပေါ်လာသော်ငြား ရှန်ယန့်ကိုကူညီနိုင်မယ့်နည်းလမ်းကောင်းကို သူတကယ်မစဉ်းစားနိုင်ချေ။ ဒါ့အပြင် ကျန်းချန်က သူ့အစ်ကို ဒီလောက်ကြီးကြီးမားမားပေးဆပ်နေတာနဲ့ထိုက်တန်တဲ့သူလားဆိုတာကို သူ အရင်သိရဖို့လိုတယ်။
ဟိုးအရင်နှစ်တွေတုန်းက ရှန်မိသားစုက ကျန်းချန်ကိုအတော်ချစ်ကြသည်။ ဖိုးဖိုးရှန်ကအစ ဖေဖေရှန်တို့အဆုံး အဲ့ကလေးကျန်းချန်က ဘယ်လောက်ဉာဏ်ကောင်းပြီးလိမ္မာတယ်ဆိုတာကိုပဲပြောနေတတ်ကြသည်။ ထိုစဉ်က ရှန်ဖူက ဆယ်ကျော်သက်လေးပဲရှိသေးပြီး သူ "ဦးလေး"လို့ခေါ်ရပေမယ့် သူ့အစ်ကိုထက်အသက်သိပ်မကြီးတဲ့ကျန်းချန်ကို အတော်လေးချစ်သည်။ သို့သော်ငြား ထိုသည်က အတော်ကြာခဲ့ပြီဖြစ်ပြီး ကျန်းချန်ဘယ်လိုပုံစံရှိတယ်ဆိုတာကို ရှန်ဖူ တကယ်မမှတ်မိတော့ချေ။ ကျန်းချန်ရဲ့မျက်လုံးတွေက အရမ်းကိုနက်ရှိုင်းပြီး ဓားတစ်ချောင်းလိုထက်မြတဲ့အလှလေးဆိုတာကိုသာ သူမှတ်မိတော့သည်။ ဒါတွေအားလုံးက နှစ်တွေအတော်ကြာပြီဖြစ်ပြီး နောက်ပိုင်း ရှန်ယန်နဲ့ကျန်းချန်တို့ကြားဘာဖြစ်ခဲ့တယ်ဆိုတာကို ရှန်ဖူမသိပေ။ မည်သို့ဆိုစေ ကျန်းချန်က နိုင်ငံခြားထွက်သွားပြီး ရှန်ယန်ကတော့ ကောလိပ်ကဘွဲ့ရပြီးနောက် ရှန်ကော်ပိုရေးရှင်းမှာအလုပ်ဝင်လုပ်သည်၊ ခုနနှစ်ရှစ်နှစ်လောက်က ထိုသို့ကုန်ဆုံးသွားခဲ့၏။
ထို့နောက်မှာတော့ ရှန်မိသားစုက ကျန်းချန်ကိုလုံးလုံးလျားလျားမေ့လျော့သွားတာမို့ သူက ဘယ်သူ့ကိုမှစကားတစ်ခွန်ူမဟဘဲပြန်ရောက်လာတယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ? ဘယ်သူ့ကိုမှမပြောဘဲပြန်လာတာအပြင် သူက ရှန်ယန်နဲ့ပင်တွဲနေလိုက်သေးသည်။ သူတို့ ဘယ်လိုလုပ်ပြီးမအံ့ဩဘဲနေမှာလဲ?
ရှန်ဖူလည်းအံ့ဩသွားသည်။ ဒါကြောင့်မို့ ကျန်းချန်ဆိုတဲ့နာမည်က စိမ်းနေပေမယ့်ရင်းနှီးသလိုဖြစ်နေတာကိုး။ မှတ်မိသွားချိန်မှာ သူ ကြက်သေ,သေသွားရသော်ငြား ဒါကပင် ရှန်မိသားစုက သူ့ထက်ပိုလက်မခံနိုင်ဖြစ်နေတာကိုသက်သေပြလျက်ရှိသည်။
ရှန်ဖူက နည်းနည်းစဉ်းစားလိုက်ပြီးနောက် ကျန်းချန်ကိုတွေ့ပြီးမှ နောက်ဆုံး,ဆုံးဖြတ်ချက်ချဖို့ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် အခု သူ သူ့အစ်ကို,ကိုတောင်မတွေ့နိုင်တာ ကျန်းချန်ကို ဘယ်လိုလုပ်တွေ့နိုင်မှာတုန်း?
အဆုံးမှာတော့ ရှန်ဖူ့ဆန္ဒပြည့်ဝသွားခဲ့သည်။ သူ ရှန်ယန်နဲ့မတွေ့ရသေးခင်မှာပင် ကျန်းချန်နဲ့တွေ့လေ၏။
သူက ရှန်ဖူမှတ်မိတဲ့ပုံစံနဲ့သိပ်မတူတော့ချေ။ ကျန်းချန်က ပိုတည်ငြိမ်လာပြီးအရှိန်အဝါပိုကောင်းလာသည်။ သူ့ရုပ်ကလည်း ကွဲပြားသွားသလိုထင်ရသော်ငြား သူ့မျက်လုံးအကြည့်တွေကတော့မပြောင်းလဲချေ။ ဖိုးဖိုးရှန်က သူ့ကိုစိုက်ကြည့်နေပြီဖြစ်ပေမယ့် ကျန်းချန်က ပြုံးနေဆဲဖြစ်၏။ သူက ဖိုးဖိုးရှန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ချလိုက်ပြီးဆိုသည်။
"ဖိုးဖိုးရှန်။"
ဖိုးဖိုး? ရှန်ဖူ ဝေခွဲမရဖြစ်သွားသည်။ မိသားစုထဲကကျန်းချန်ရဲ့ဝါစဉ်နဲ့ဆို သူ သူ့အဖိုးကို ဖိုးဖိုးလို့မခေါ်သင့်ဘူးမို့လား?
သို့သော်ငြား စဉ်းစားကြည့်ပြီးနောက်မှာ ရှန်ဖူသဘောပေါက်သွားသည်။ သူက သူ့အဖိုးကို သူ့အစ်ကိုနေရာကနေခေါ်နေတာပဲ။ ဖိုးဖိုးရှန်ရဲ့မျက်ခုံးတွေက ချက်ချင်းတွန့်ကုတ်သွားတော့သည်။
"ငါက မင်းအဖိုးမဟုတ်ဘူး။"
ဖိုးဖိုးရှန်က စည်းကမ်းကြီးတာမှန်ပေမယ့် သူက လူစိမ်းတွေရှေ့မှာ ဘယ်တော့မှပြောင်ပြောင်တင်းတင်းအေးစက်စက်မလုပ်ဖူးပေ။ ရှန်ဖူက မျက်မှောင်ကုတ်ကာ အောက်ထပ်ဧည့်ခန်းထဲမှာထိုင်နေတဲ့ကျန်းချန်ရဲ့ကျောကိုစိုက်ကြည့်လိုက်ပြီး စိတ်ချသွားသလိုခံစားလိုက်ရသည်။
သူ အတွေးများနေတုန်းမှာပင် တစ်စုံတစ်ယောက်က သူ့အင်္ကျီလက်ကိုလာဆွဲသည်။ လှည့်ကြည့်မိချိန်မှာ သူ့နောက်မှာရပ်နေတဲ့အန်တီရှန်ကို ရှန်ဖူတွေ့လိုက်ရသည်။ သူမက မေးငေါ့ကာဆို၏။
"ငါနဲ့လိုက်ခဲ့။"
ရှန်ဖူက ဧည့်ခန်းထဲရှိလူနှစ်ယောက်ကိုပြန်လှည့်ကြည့်လိုက်ပြီးနောက် အန်တီရှန်နဲ့အတူ အခန်းတစ်ခန်းထဲလိုက်ဝင်သွားသည်။
"မင်း ဒီကိစ္စထဲ အရမ်းကြီးဝင်မပါရင်အကောင်းဆုံးပဲ။"
အန်တီရှန်က သူမဗိုက်ထက်မှာလက်တစ်ဖက်တင်ကာသက်ပြင်းချသည်။
ရှန်ဖူက သဘောတူတာလည်းမလုပ်၊ သဘောမတူတာလည်းမလုပ်ဘဲမေးသည်။
"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အန်တီသိလား?"
အန်တီရှန်ကခေါင်းခါသည်။
"ငါက တစ်ချိန်လုံးပြည်ပမှာရှိနေတော့ အသေးစိတ်မသိဘူး။ ဒါပေမယ့် မင်းအဖိုးက ဒေါသထွက်နေတာအသိသာကြီး၊ ပြီးတော့ မင်းအစ်ကိုလည်းပြန်မလာသေးဘူး..."
"အစ်ကိုက အခုထိပြန်မလာသေးဘူးလား?"
ရှန်ဖူအံ့ဩသွားရသည်။ သူ သူ့အစ်ကို,ကို အခုထိမမြင်မိတာ အံ့ဩစရာမရှိတော့ဘူး။ အစ်ကိုပြန်မလာသေးရင် အဖိုးက ဘယ်လိုလုပ်သိသွားတာလဲ?
ရှန်ဖူက သူမကိုကြည့်လာတာကိုမြင်သည်၌ အန်တီရှန်ကသက်ပြင်းချသည်။
"ထပ်မမေးတော့နဲ့။ အခု သူတို့အတွက်က ကံအပေါ်ပဲမူတည်တယ်။ ငါလည်း ကျန်းချန်ကိုအတော်လေးသဘောကျပါတယ်၊ ဒီအတိုင်း..."
သူမ ရှန်ဖူ့ကို ဒီစကားလုံးဝမပြောသင့်ဘူးဆိုတာ အန်တီရှန်သတိရသွားတာကြောင့် သူမက စကားပြောနေရာမှချက်ချင်းရပ်ပစ်လိုက်သည်။ ထိုအစား သူမက ရှန်ဖူ့ကိုမေးလာသည်။
"ရှောင်ယီ ပြန်လာဖို့စီစဉ်မထားပါဘူးနော်?"
လင်ရှုယီရဲ့ယုံကြည်မှုအပြည့်အဝပေးအပ်ထားပြီးစိတ်အေးစေတဲ့အကြည့်ကိုပြန်စဉ်းစားမိချိန်မှာ ရှန်ဖူ့နှလုံးသားလေးနွေးထွေးသွားသည်။ သူက ခေါင်းငြိမ့်ကာဆို၏။
"ဟုတ်။"
""ကောင်းတယ်။ အခု မိသားစုမှာပြဿနာတွေဖြစ်နေတာ၊ သူလာရင် သူ ငါတို့နဲ့အတူ ဒေါသဘေးအသင့်ခံရနိုင်တယ်။ ထောင်ထောင်လေးကလည်း ဂရုစိုက်ပေးဖို့လိုတယ်။ မင်းပြန်လာပြီဆိုမှတော့ အိမ်မှာပဲနေ။"
ရှန်ဖူ ခေါင်းငြိမ့်ကာသဘောတူလိုက်ပြီးနောက် အန်တီရှန်က အခန်းထဲကနေပြန်ထွက်သွားသည်။ ရှန်ဖူလည်းထွက်လာချိန်မှာ ကျန်းချန်လည်းပြန်သွားပြီဖြစ်ပြီး ဖိုးဖိုးရှန်က ဧည့်ခန်းထဲမှာတစ်ယောက်တည်းထိုင်နေသည်၊ သူ့မျက်နှာထားကိုတော့ သေချာမသိရပေ။
သူ သူ့အဖိုးကို သူ့လိင်စိတ်တိမ်းညွတ်မှုအကြောင်းပြောပြချိန်မှာ သူ့အဖိုးက ဒီလိုအမူအရာမျိုးမပြတာကို ရှန်ဖူသတိရသွားသည်။ ကိစ္စတွေက တကယ်ပဲအတော်လေးအခြေအနေဆိုးတဲ့ပုံပဲ။
ရှန်ဖူက သူ့အခန်းကိုပြန်သွားပြီးနောက် ရှန်ယန့်ကိုဖုန်းဆက်ဖို့ကြိုးစားလိုက်သည်။
ဖုန်းက ကိုင်သူမရှိဘဲအချိန်အတော်ကြာမြည်နေခဲ့သည်။ ဘယ်သူမှဖုန်းကိုင်မှာမဟုတ်ဘူးလို့ ရှန်ဖူတွေးမိကာ ဖုန်းချဖို့ပြင်နေချိန်မှာပဲ တစ်ဖက်ကဖုန်းကိုင်လာသည်။
"အစ်ကို။"
ဖုန်းတစ်ဖက်ရှိရှန်ယန်က "အင်း"ဟုဆိုသည်။ သူ့လေသံအရတော့ စိတ်အခြေအနေဆိုးရွားနေပုံမရချေ။ ခဏမျှစဉ်းစားနေပြီးနောက် ပွင့်ပွင့်လင်းလင်းပြောဖို့ ရှန်ဖူဆုံးဖြတ်လိုက်သည်။ သူ့အစ်ကိုက သူ့ကိုပြောမပြချင်တာပဲရှိတာ၊ လိမ်ညာတာမျိုးတော့လုပ်မှာမဟုတ်ဘူး။
"အစ်ကို၊ အဖိုးနဲ့ယှဉ်တဲ့နေရာမှာ အစ်ကို့ကတ်တွေအကုန်ထုတ်သုံးပြီးပြီလား?"
ဖုန်းတစ်ဖက်က အချိန်အတော်ကြာတိတ်သွားသည်။ နောက်ဆုံးမှာတော့ ရှန်ယန်က ပြန်ဖြေလာ၏။
"အဲ့ဒါ ငါမဟုတ်ဘူး။"
"အမ်?"
ရှန်ဖူခေါင်းရှုပ်သွားသည်။
တစ်ဖက်က ထပ်မံတိတ်ဆိတ်သွားခဲ့ပြီး ရှန်ယန် စကားထပ်ပြောလာချိန်မှာ သူကပြုံးနေပုံရသည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အဖိုးကိုပြောပြဖို့ဆုံးဖြတ်ပြီးပြီပဲ။ မင်း စိုးရိမ်စရာမလိုဘူး၊ အစ်ကို ဒီကိစ္စကိုဖြေရှင်းမှာပါ။"
ရှန်ယန်က ရှန်ဖူ့ရှေ့မှာ သူ့ကိုယ်သူအစ်ကိုလို့သုံးခဲသည်။ အခု အဲ့လိုသုံးတာက ရှန်ဖူ့ယုံကြည်မှုကိုရဖို့နဲ့ ရှန်ဖူ စိတ်အေးသွားစေဖို့ဖြစ်နိုင်လောက်ပေ၏။
ရှန်ယန်က ငယ်ငယ်လေးတည်းက ဘယ်သူ့ကိုမှစိုးရိမ်ရအောင်မလုပ်ခဲ့ဖူးတာမို့ တကယ်တော့ ရှန်ဖူက သူ့အစ်ကိုအတွက် အရမ်းကြီးမစိုးရိမ်လှချေ။ အခု သူ့ပျော်ရွှင်မှုကချိန်ခွင်လျှာပေါ်ရောက်နေတာမို့ ရှန်ယန်က ဟိုးအရင်တည်းက ဆုံးဖြတ်ချက်ချထားပြီး အောင်မြင်နိုင်မယ့်ပြင်ဆင်မှုတွေလုပ်ထားပြီးတာသေချာသည်။
ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ သူ့အစ်ကို အကူအညီလိုဦးမှာပဲမဟုတ်လား? ရှန်ဖူက ခဏမျှစဉ်းစားလိုက်ပြီးနောက် သူ့အမြင်ကိုပြောသည်။
"အစ်ကို၊ အစ်ကိုနဲ့ကျန်းချန်ကြားဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိဘူး...ကျန်းချန်က အဖိုးခွင့်လွှတ်ဖို့အရမ်းခက်တဲ့ကိစ္စကိုလုပ်ခဲ့တယ်ဆိုပေမယ့် အစ်ကိုက အရွယ်ရောက်လာတည်းက ဘာကိုမှဇွတ်အတင်းရယူမလုပ်ခဲ့ဖူးဘူး။ ဒါကြောင့်မို့ ဒီတစ်ခေါက် အစ်ကိုဆုံးဖြတ်ချက်မချခင် အချိန်အကြာကြီးယူပြီးစဉ်းစားထားတယ်ဆိုတာ ကျွန်တော်ယုံတယ်။ ဒီလိုဆိုမှတော့ အစ်ကို လက်မလျှော့လိုက်ဖို့ကျွန်တော်မျှော်လင့်တယ်။ အစ်ကို့ရဲ့တစ်သက်မှာတစ်ခါပဲရနိုင်တဲ့ပျော်ရွှင်မှုက ချိန်ခွင်လျှာပေါ်ရောက်နေမှတော့ အစ်ကို အဆုံးထိတင်းခံသွားရမယ်။ အစ်ကို ဒီလောက်အထိတင်းခံနေတာက ကျန်းချန်က အစ်ကိုသဘောကျတာခံရဖို့ထိုက်တန်တယ်လို့သက်သေပြနေတာလို့ ကျွန်တော်ယုံတယ်။ အဲ့လိုသာဆို အစ်ကိုတို့နှစ်ယောက် အဖိုးဘက်ကိုအရမ်းကြီးစိုးရိမ်ဖို့မလိုဘူး။ သူတို့အားလုံးကလည်း အစ်ကိုပျော်ရွှင်ဖို့မျှော်လင့်တယ်လို့ကျွန်တော်ထင်တယ်။"
ဒါတွေအားလုံးပြောပြီးနောက်မှာ သူကြက်သီးတွေထနေတာကို ရှန်ဖူခံစားမိလိုက်သည်။ ဘယ်တုန်းကများ သူ သူ့အစ်ကို,ကိုအကြံပေးရတာဖြစ်သွားတာလဲ? တစ်ယောက်ယောက်ကိုအားပေးတဲ့သူလုပ်ရတဲ့ခံစားချက်က တကယ်မတူဘူးပဲ။
ရှန်ဖူပြုံးလိုက်မိသည်။
တစ်ဖက်မှာတော့ ရှန်ယန်လည်း ခဏမျှအံ့ဩနေမိပြီးနောက် ရယ်လေ၏။
"အင်း၊ မင်း အတော်လေးသိထားတာပဲ။ ငါ သဘောပေါက်ပြီ၊ မင်းစိုးရိမ်နေတာဖြစ်လာမှာမဟုတ်ဘူး၊ စိတ်ချ။"
ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က ရှန်ယန့်ကိုတစ်ခုခုပြောလိုက်ပြီး သူကပြန်ဖြေသည်။
"ငါ ခဏနေရောက်မယ်။"
ထို့နောက် သူက ရှန်ဖူ့ကိုပြောသည်။
"ဒါဆို ငါအရင်ဖုန်းချပြီ။ မနက်ဖြန်ကျ အဖိုးနဲ့တခြားလူတွေကိုရှင်းပြဖို့ ငါ ကျန်းချန်နဲ့အတူပြန်လာမယ်။ စိတ်မပူနဲ့တော့။"
ရှန်ဖူက သဘောတူသည့်အသံတစ်ချက်ပြုပြီးနောက်ဖုန်းချလိုက်သည်။
သူ့အစ်ကိုက ဒီအခြေအနေကို ကောင်းကောင်းဖြေရှင်းနိုင်မယ်လို့ သူယုံတယ်။ ဒါပေမယ့် အခုတော့ သူ့အစ်ကိုနဲ့ကျန်းချန်အကြောင်း အဖိုးကိုဘယ်သူပြောလိုက်လဲဆိုတာကို သူ နည်းနည်းသံသယဝင်နေတယ်။ ဒီလိုကိစ္စမျိုးက ကာယကံရှင်ရဲ့ပါးစပ်ကထွက်လာတာမဟုတ်ဘဲ တခြားသူရဲ့ပါးစပ်ကထွက်လာတာဆိုရင် လုံးဝမတူတဲ့ရလဒ်တွေထွက်လာတတ်တာကိုသူသိတယ်။ အဖိုးအရမ်းဒေါသထွက်နေတာက သူ့ကို တခြားလူကအရင်ပြောလိုက်လို့ဖြစ်နိုင်တယ်၊ ပြီးတော့ အဖိုးကိုပြောပြလိုက်တဲ့သူက မီးထဲလောင်စာထပ်ထည့်ပြီးအပိုတွေလျှောက်မပြောဘူးလို့လည်း အာမခံနိုင်တာမဟုတ်ဘူး။
ရှန်ဖူ နည်းနည်းတွေးကြည့်လိုက်သည်။ ကြည့်ရတာ သူ တကယ်ပဲသိပ်မကူညီနိုင်ဘူးထင်တယ်၊ သူက သူ့ဖုန်းကိုသိမ်းကာ အောက်ဆင်းလာသည်။ သူပြန်ရောက်နေတာနည်းနည်းကြာနေပြီဆိုပေမယ့် အခုထိ အဖိုးကိုနှုတ်မဆက်ရသေးဘူး။
"အဖိုး။"
ရှန်ဖူ့အသံကိုကြားတဲ့အခါ ဖိုးဖိုးရှန်တစ်ယောက် အတွေးနယ်လွန်နေရာမှသတိဝင်လာသည်။ သူ့မျက်နှာထက်ကအမူအရာက နည်းနည်းပြေလျော့သွားပြီး သူက ရှန်ဖူ့ကို ဘယ်တုန်းကပြန်ရောက်နေတာလဲလို့မမေးချေ။ ထိုအစား သူက သူ့ဘေးနားရှိခုံကိုပုတ်ကာဆို၏။
"အဖိုးနဲ့ခဏလောက်လာထိုင်ကွာ။"
ရှန်ဖူက နာခံကာထိုင်ချလိုက်သည်။
ဖိုးဖိုးရှန်က ဘာမှမပြောပေ။ သူတို့နှစ်ယောက်က တိတ်ဆိတ်စွာသာထိုင်နေကြ၏။ အချိန်အတော်ကြာသွားပြီးနောက်မှာ ဖိုးဖိုးရှန်ကမေးလာသည်။
"ရှောင်ယွီနဲ့ထောင်ထောင်တို့အဆင်ပြေကြတယ်မဟုတ်လား?"
ရှန်ဖူကခေါင်းငြိမ့်သည်။
"ရှောင်ယွီကအရမ်းလိမ္မာတယ်။ ထောင်ထောင်လည်းအတော်လေးလိမ္မာပါတယ်။ ခုတလော သူ သွားထပ်ပေါက်လာလို့ အမြဲသွားရည်ကျနေပြီး လက်ထဲရှိတာမှန်သမျှကိုက်နေတာတစ်ခုပဲ။"
ဖိုးဖိုးရှန်မှာ ရှန်ဖူ့ပြောစကားနဲ့ပင် ထိုသည်ကိုမြင်ယောင်ကြည့်လိုက်နိုင်ပြီး ရယ်လေသည်။
"ဒါဆို သူ့ကိုသေချာစောင့်ကြည့်။ သူမစားသင့်တာတွေမမြင်စေနဲ့။"
ရှန်ဖုက ဖိုးဖိုးရှန်ကိုကြည့်လိုက်ပြီးနောက် သူလည်းလိုက်ရယ်သည်။
"အမ်း၊ ရှောင်ယီက သူ့အတွက်ကိုက်စရာဝယ်ထားပေးတယ်၊ သကြားတွေ၊ တာရှည်ခံဆေးတွေမပါတဲ့ဟာလေ။ အဲ့ဒါတွေကိုကိုက်ရင် ထောင်ထောင်အဆင်ပြေလာမှာပါ။"
ပြီးနောက်မှာတော့ မြေးအဖိုးနှစ်ယောက်တိတ်သွားပြန်သည်။ အစတည်းက သူတို့နှစ်ယောက်က အတူတူထိုင်ကာရင်းရင်းနှီးနှီးပြောတတ်ကြတဲ့သူတွေမဟုတ်ပေ။ ရှန်ဖူက ရှန်ယန့်အကြောင်းဘယ်လိုစကားစရမလဲစဉ်းစားနေဆဲဖြစ်တာမို့ ခဏကြာတဲ့အထိ ဘယ်သူမှစကားထပ်မပြောဖြစ်ချေ။
"ဟိုတုန်းက မင်း ယောက်ျားလေးတွေကိုသဘောကျတယ်လို့ပြောတော့ ငါ တကယ်လုံးလုံးအကောင်းမမြင်ဘူး။"
ရုတ်တရက် ဖိုးဖိုးရှန်ကစကားပြောလာသည်။ ရှန်ဖူက ဖိုးဖိုးရှန်ကိုလှည့်ကြည့်လိုက်ပေမယ့် ဖိုးဖိုးရှန်က သူ့ဘာသာစကားပြောနေတဲ့အတိုင်း သူ့ကိုကြည့်မနေတာကိုသိလိုက်ရသည်။ ရှန်ဖူက အကြည့်ပြန်ရုတ်လိုက်ပြီး ပြန်မဖြေဘဲ ဖိုးဖိုးရှန်က စကားဆက်ပြောနေသည်။
"အဖိုးရဲ့တွေးခေါ်ပုံတွေက ခေတ်နောက်ကျလွန်းနေလို့မဟုတ်ဘူး။ အဖိုးက ကိစ္စတချို့ကိုကြုံတွေ့ထားပြီးတဲ့သူပဲလေ။ အစတုန်းက အဖိုးသဘောမတူရတဲ့အကြောင်းက လူနှစ်ယောက်ရှေ့ဆက်လက်တွဲနိုင်ဖို့အတွက်ခံစားချက်အပေါ်ပဲမူတည်နေပြီး အဲ့ခံစားချက်တွေ တည်ငြိမ်တယ်လို့ပြောနိုင်ပေမယ့် တကယ်တမ်းကျ ခံစားချက်တွေက မတည်ငြိမ်ဆုံးမို့ပဲ။ ဒီလောကကြီးမှာ ဘာကမှအမြဲတမ်းမပြောင်းလဲဘဲရှိမနေဘူး၊ အထူးသဖြင့် ခံစားချက်တွေ။ မင်း လူတစ်ယောက်ကိုချစ်နေတဲ့အခါ 'ထာဝရ'လို့ ထပ်ကာထပ်ကာပြောတတ်ပေမယ့် မချစ်တော့ရင် အဲ့လူကိုကြည့်ရမှာကိုတောင်စိတ်ကုန်နေလိမ့်မယ်။ ဒါမျိုးကို အဖိုး အရင်ကမတွေ့ဖူးတာမဟုတ်ဘူး။ သာမန်ယောက်ျားမိန်းမစုံတွဲသာဆိုရင် သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်မချစ်ကြတော့လို့လမ်းခွဲရင်တောင် ကိစ္စသိပ်မရှိဘူး၊ ပျော်ရွှင်မှုအသစ်ကိုရှာလိုက်ရုံပဲ။ ဒါပေမယ့် လိင်တူစုံတွဲတွေအတွက်ကျ လမ်းခွဲလိုက်ရင်တောင် လူတွေလက်ညှိုးထိုးတာကိုခံနေရဦးမှာပဲ။ အချင်းချင်းနင့်နင့်နဲနဲချစ်နေကြတုန်းကတော့ ဒါကတန်တယ်လို့တွေးမှာပေါ့၊ ဒါပေမယ့် လမ်းခွဲပြီးသွားရင်ရော? ဘယ်အချိန်မဆိုအဆုံးသတ်သွားနိုင်တဲ့ခံစားချက်လေးတချို့အတွက် ဒါက တန်တယ်လို့တွေးဦးမှာလား?"
ဖိုးဖိုးရှန်က သက်ပြင်းချကာဆိုသည်။
"အရင်က အဖိုးအမြဲအဲ့လိုတွေးခဲ့တာ။"
ရှန်ဖူကဘာမှမပြောပေမယ့် ပြုံးနေသည်။
"အခုကျတော့ရော?"
ဖိုးဖိုးရှန်ကခေါင်းငုံ့သည်။
"အခုတော့ မင်းတို့တွေလမ်းခွဲမခွဲကိုအရင်မစဉ်းစားသင့်ဘူးလို့ အဖိုးတွေးမိတယ်။ လမ်းခွဲကြရင်တောင် မင်းတို့က ဒါကတန်တယ်လို့ယုံကြည်နေဦးမှာပဲ၊ ဟုတ်တယ်မလား?"
"ဟုတ်ကဲ့။"
ရှန်ဖူက တည်ငြိမ်စွာပင်သဘောတူ၏။
"အချစ်တစ်ခုတည်းကိုပဲမှီခိုနေတာက ဆက်ဆံရေးတစ်ခုကို တစ်သက်စာထိန်းထားဖို့မလုံလောက်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ရှောင်ယွီနဲ့တွဲချင်တဲ့အချိန်တုန်းက ကျွန်တော့်အတွေးကရိုးရိုးလေးပဲ။ အဲ့တုန်းက ကျွန်တော် သူ့ကို ခဏလေးပဲတွေ့ချင်တာမဟုတ်ဘူး - အဲ့အချိန်ကစပြီး ကျွန်တော် သူ့ကိုနေ့တိုင်း၊ ညတိုင်းတွေ့ချင်ခဲ့တာ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချစ်တစ်ခုတည်းရှိတာမဟုတ်ဘူး၊ ကျန်နေတဲ့ကျွန်တော်တို့ဘဝသက်တမ်းတစ်လျှောက် ကျွန်တော်တို့အချင်းချင်းဖေးမကူညီသွားကြမယ်ဆိုတဲ့ဆုံးဖြတ်ချက်လည်းရှိတယ်။"
ဖိုးဖိုးရှန်ကခေါင်းငြိမ့်သည်။
"အင်း၊ မင်းတို့နှစ်ယောက် လက်ထပ်ဖို့ပြင်နေကြတည်းက ဒါက သိသာပါတယ်။"
လက်ထပ်လိုက်တဲ့အချိန်ကစပြီး အချစ်က မိသားစုအဖြစ်ပြောင်းသွားပြီး သူတို့ကြားကသံယောဇဉ်တွေကလည်း နက်ရှိုင်းသည်ထက်နက်ရှိုင်းလာကြတော့မှာ။
နောက်ဆုံးမှာတော့ ဖိုးဖိုးရှန်ပြုံးလာပြီး သူက ရှန်ဖူ့ပခုံးကိုလှမ်းပုတ်သည်။ သူက ကျေးဇူးတင်စွာဆို၏။
"အဖိုးတို့ရှောင်ဖူက အရွယ်ရောက်ပြီပဲ။ အခု မင်းက ဒီလိုနက်နဲတဲ့ကိစ္စကို အဖိုးကိုသင်ပြပေးနေနိုင်ပြီ။"
ရှန်ဖူကလည်းပြုံးသည်။
"အဖိုး တစ်ချိန်လုံးနားလည်နေခဲ့ပြီးသားပါဗျာ၊ ကျွန်တော် သင်ပြပေးတာမလိုပါဘူး။"
ဖိုးဖိုးရှန်ကဘာမှမပြောပေ။ သူက ထရပ်လိုက်ပြီးအပေါ်ထပ်တက်သွား၏။ ရှန်ဖူကထပ်ပြောလာသည်။
"အစ်ကို့မှာလည်း ဒီလိုဆုံးဖြတ်ချက်မျိုးရှိတယ်လို့ ကျွန်တော်ယုံတယ်။"
ဖိုးဖိုးရှန်ရပ်သွားပြီး နောက်ဆုံးမှာ သူကပြောသည်။
"အင်း၊ အဖိုးသိတယ်။"
ဖိုးဖိုးရှန်ရဲ့သဘောထားကလုံးဝကြီးမသိသာသေးပေမယ့် ရှန်ဖူ တစ်စုံတစ်ရာကိုခံစားမိလိုက်သည်။ သူ့အစ်ကိုရဲ့ဒီတိုက်ပွဲက တစ်ဝက်နိုင်ပြီးပြီ။
ကျန်တာကတော့ သူ့အစ်ကိုရဲ့ကြိုးစားမှုအပေါ်ပဲမူတည်တယ်။
...
Zawgyi
Fruit and Veggie Teething Treats
___________________
ေသခ်ာေပါက္ပါပင္၊ ရွန္မိသားစုမွာ ဒုကၡအသူတရာေခ်ာက္နက္ထဲက်ေရာက္ေနခဲ့ၿပီျဖစ္၏။
ရွန္ဖူျပန္ေရာက္လာခ်ိန္မွာ ေမေမရွန္က သူ႔ကို အခန္းတစ္ခန္းထဲဆြဲေခၚသြားတာမို႔ သူ႔ခမ်ာ ဖိုးဖိုးရွန္နဲ႔ရွန္ယန႔္ကိုပင္မေတြ့လိုက္ႏိုင္ေခ်။
"ေရွာင္ဖူ၊ အေမ့ကို အမွန္အတိုင္းေျပာစမ္း။ မင္းအစ္ကိုနဲ႔က်န္းခ်န္အေၾကာင္း မင္း ဘယ္တုန္းကသိတာလဲ? မင္း ဘယ္ေလာက္အထိသိထားလဲ?"
ေမေမရွန္က တစ္ခါမွဒီေလာက္အထိမျဖစ္ဖူးတာမို႔ ရွန္ဖူကလည္း သူမကို တစ္ခုခုဖံုးကြယ္တာမ်ိဳး၊ လိမ္ညာတာမ်ိဳးမလုပ္ရဲေခ်။ ပထမဆံုးအေၾကာင္းျပခ်က္က သူ႔အေမကိုမလိမ္ခ်င္လို႔ျဖစ္ၿပီး ဒုတိယအေၾကာင္းျပခ်က္က ဒီအေျခအေနမ်ိဳးမွာ သူဆက္ဖံုးကြယ္ထားဦးမယ္ဆို ဒါက သူ႔အစ္ကိုကိုကူညီရာ မက်ဘဲ မီးထဲေလာင္စာထပ္ထၫ့္သလိုျဖစ္ေနမွာမို႔ပင္။
ရွန္ဖူက အမွန္အတိုင္းေျဖ၏။
"ကြၽန္ေတာ္Sၿမိဳ႔ကိုျပန္မသြားခင္ အရင္တစ္ရက္ကမွသိတာ။"
ဒီစကားကိုေမေမရွန္ၾကားတဲ့အခါ သူမကမ်က္ေမွာင္ကုတ္သည္။
ရွန္ဖူက ပါးစပ္ဟကာစကားေျပာရန္ျပင္ေသာ္ျငား ေမေမရွန္ျဖတ္ေျပာတာခံလိုက္ရသည္။
"ဘာမွမေျပာနဲ႔။ ဒီကိစၥကို ငါေကာင္းေကာင္းသိတယ္။"
ရွန္ဖူတစ္ေယာက္ ပါးစပ္ပိတ္ထားဖို႔ကလြဲၿပီး ေရြးခ်ယ္စရာမရိွေတာ့ေခ်။ အရင္က သူ႔အစ္ကိုနဲ႔က်န္းခ်န္တို႔ၾကား ဘာျဖစ္ခဲ့တယ္ဆိုတာသူမသိေပမယ့္ သူ႔အေမလ်ိႈ႔ဝွက္ထားတဲ့အထိဆိုေတာ့ ေသခ်ာေပါက္ကိစၥေသးေသးေလးမဟုတ္ဘူး။ သူနဲ႔လင္ရႈယီကအရင္မို႔ သူ႔ေမက ဒီကိစၥကိုဆန႔္က်င္ရင္ေတာင္ ဒါက သူ႔အစ္ကိုႀကိဳက္တဲ့သူက ေယာက္်ားတစ္ေယာက္ျဖစ္ေနတာေၾကာင့္မျဖစ္ႏိုင္ဘူး။ ဒါဆို ျပႆနာက က်န္းခ်န္ပဲျဖစ္ႏိုင္တယ္။
ရွန္ဖူ႔အေတြးေတြက အလ်င္အျမန္ထြက္ေပၚလာေသာ္ျငား ရွန္ယန႔္ကိုကူညီႏိုင္မယ့္နည္းလမ္းေကာင္းကို သူတကယ္မစဉ္းစားႏိုင္ေခ်။ ဒါ့အျပင္ က်န္းခ်န္က သူ႔အစ္ကို ဒီေလာက္ႀကီးႀကီးမားမားေပးဆပ္ေနတာနဲ႔ထိုက္တန္တဲ့သူလားဆိုတာကို သူ အရင္သိရဖို႔လိုတယ္။
ဟိုးအရင္ႏွစ္ေတြတုန္းက ရွန္မိသားစုက က်န္းခ်န္ကိုအေတာ္ခ်စ္ၾကသည္။ ဖိုးဖိုးရွန္ကအစ ေဖေဖရွန္တို႔အဆံုး အဲ့ကေလးက်န္းခ်န္က ဘယ္ေလာက္ဉာဏ္ေကာင္းၿပီးလိမၼာတယ္ဆိုတာကိုပဲေျပာေနတတ္ၾကသည္။ ထိုစဉ္က ရွန္ဖူက ဆယ္ေက်ာ္သက္ေလးပဲရိွေသးၿပီး သူ "ဦးေလး"လို႔ေခၚရေပမယ့္ သူ႔အစ္ကိုထက္အသက္သိပ္မႀကီးတဲ့က်န္းခ်န္ကို အေတာ္ေလးခ်စ္သည္။ သို႔ေသာ္ျငား ထိုသည္က အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး က်န္းခ်န္ဘယ္လိုပံုစံရိွတယ္ဆိုတာကို ရွန္ဖူ တကယ္မမွတ္မိေတာ့ေခ်။ က်န္းခ်န္ရဲ့မ်က္လံုးေတြက အရမ္းကိုနက္ရိႈင္းၿပီး ဓားတစ္ေခ်ာင္းလိုထက္ျမတဲ့အလွေလးဆိုတာကိုသာ သူမွတ္မိေတာ့သည္။ ဒါေတြအားလံုးက ႏွစ္ေတြအေတာ္ၾကာၿပီျဖစ္ၿပီး ေနာက္ပိုင္း ရွန္ယန္နဲ႔က်န္းခ်န္တို႔ၾကားဘာျဖစ္ခဲ့တယ္ဆိုတာကို ရွန္ဖူမသိေပ။ မည္သို႔ဆိုေစ က်န္းခ်န္က ႏိုင္ငံျခားထြက္သြားၿပီး ရွန္ယန္ကေတာ့ ေကာလိပ္ကဘြဲ႔ရၿပီးေနာက္ ရွန္ေကာ္ပိုေရးရွင္းမွာအလုပ္ဝင္လုပ္သည္၊ ခုနႏွစ္ရွစ္ႏွစ္ေလာက္က ထိုသို႔ကုန္ဆံုးသြားခဲ့၏။
ထို႔ေနာက္မွာေတာ့ ရွန္မိသားစုက က်န္းခ်န္ကိုလံုးလံုးလ်ားလ်ားေမ့ေလ်ာ့သြားတာမို႔ သူက ဘယ္သူ႔ကိုမွစကားတစ္ခြႏ္ူမဟဘဲျပန္ေရာက္လာတယ္ဆိုတာကို ဘယ္သူသိႏိုင္မွာလဲ? ဘယ္သူ႔ကိုမွမေျပာဘဲျပန္လာတာအျပင္ သူက ရွန္ယန္နဲ႔ပင္တြဲေနလိုက္ေသးသည္။ သူတို႔ ဘယ္လိုလုပ္ၿပီးမအံ့ဩဘဲေနမွာလဲ?
ရွန္ဖူလည္းအံ့ဩသြားသည္။ ဒါေၾကာင့္မို႔ က်န္းခ်န္ဆိုတဲ့နာမည္က စိမ္းေနေပမယ့္ရင္းႏွီးသလိုျဖစ္ေနတာကိုး။ မွတ္မိသြားခ်ိန္မွာ သူ ၾကက္ေသ,ေသသြားရေသာ္ျငား ဒါကပင္ ရွန္မိသားစုက သူ႔ထက္ပိုလက္မခံႏိုင္ျဖစ္ေနတာကိုသက္ေသျပလ်က္ရိွသည္။
ရွန္ဖူက နည္းနည္းစဉ္းစားလိုက္ၿပီးေနာက္ က်န္းခ်န္ကိုေတြ့ၿပီးမွ ေနာက္ဆံုး,ဆံုးျဖတ္ခ်က္ခ်ဖို႔ဆံုးျဖတ္လိုက္သည္။ ဒါေပမယ့္ အခု သူ သူ႔အစ္ကို,ကိုေတာင္မေတြ့ႏိုင္တာ က်န္းခ်န္ကို ဘယ္လိုလုပ္ေတြ့ႏိုင္မွာတုန္း?
အဆံုးမွာေတာ့ ရွန္ဖူ႔ဆႏၵျပၫ့္ဝသြားခဲ့သည္။ သူ ရွန္ယန္နဲ႔မေတြ့ရေသးခင္မွာပင္ က်န္းခ်န္နဲ႔ေတြ့ေလ၏။
သူက ရွန္ဖူမွတ္မိတဲ့ပံုစံနဲ႔သိပ္မတူေတာ့ေခ်။ က်န္းခ်န္က ပိုတည္ၿငိမ္လာၿပီးအရိွန္အဝါပိုေကာင္းလာသည္။ သူ႔ရုပ္ကလည္း ကြဲျပားသြားသလိုထင္ရေသာ္ျငား သူ႔မ်က္လံုးအၾကၫ့္ေတြကေတာ့မေျပာင္းလဲေခ်။ ဖိုးဖိုးရွန္က သူ႔ကိုစိုက္ၾကၫ့္ေနၿပီျဖစ္ေပမယ့္ က်န္းခ်န္က ၿပံဳးေနဆဲျဖစ္၏။ သူက ဖိုးဖိုးရွန္နဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ခ်လိုက္ၿပီးဆိုသည္။
"ဖိုးဖိုးရွန္။"
ဖိုးဖိုး? ရွန္ဖူ ေဝခြဲမရျဖစ္သြားသည္။ မိသားစုထဲကက်န္းခ်န္ရဲ့ဝါစဉ္နဲ႔ဆို သူ သူ႔အဖိုးကို ဖိုးဖိုးလို႔မေခၚသင့္ဘူးမို႔လား?
သို႔ေသာ္ျငား စဉ္းစားၾကၫ့္ၿပီးေနာက္မွာ ရွန္ဖူသေဘာေပါက္သြားသည္။ သူက သူ႔အဖိုးကို သူ႔အစ္ကိုေနရာကေနေခၚေနတာပဲ။ ဖိုးဖိုးရွန္ရဲ့မ်က္ခံုးေတြက ခ်က္ခ်င္းတြန႔္ကုတ္သြားေတာ့သည္။
"ငါက မင္းအဖိုးမဟုတ္ဘူး။"
ဖိုးဖိုးရွန္က စည္းကမ္းႀကီးတာမွန္ေပမယ့္ သူက လူစိမ္းေတြေရ႔ွမွာ ဘယ္ေတာ့မွေျပာင္ေျပာင္တင္းတင္းေအးစက္စက္မလုပ္ဖူးေပ။ ရွန္ဖူက မ်က္ေမွာင္ကုတ္ကာ ေအာက္ထပ္ဧၫ့္ခန္းထဲမွာထိုင္ေနတဲ့က်န္းခ်န္ရဲ့ေက်ာကိုစိုက္ၾကၫ့္လိုက္ၿပီး စိတ္ခ်သြားသလိုခံစားလိုက္ရသည္။
သူ အေတြးမ်ားေနတုန္းမွာပင္ တစ္စံုတစ္ေယာက္က သူ႔အက်ႌလက္ကိုလာဆြဲသည္။ လွၫ့္ၾကၫ့္မိခ်ိန္မွာ သူ႔ေနာက္မွာရပ္ေနတဲ့အန္တီရွန္ကို ရွန္ဖူေတြ့လိုက္ရသည္။ သူမက ေမးေငါ့ကာဆို၏။
"ငါနဲ႔လိုက္ခဲ့။"
ရွန္ဖူက ဧၫ့္ခန္းထဲရိွလူႏွစ္ေယာက္ကိုျပန္လွၫ့္ၾကၫ့္လိုက္ၿပီးေနာက္ အန္တီရွန္နဲ႔အတူ အခန္းတစ္ခန္းထဲလိုက္ဝင္သြားသည္။
"မင္း ဒီကိစၥထဲ အရမ္းႀကီးဝင္မပါရင္အေကာင္းဆံုးပဲ။"
အန္တီရွန္က သူမဗိုက္ထက္မွာလက္တစ္ဖက္တင္ကာသက္ျပင္းခ်သည္။
ရွန္ဖူက သေဘာတူတာလည္းမလုပ္၊ သေဘာမတူတာလည္းမလုပ္ဘဲေမးသည္။
"ဘာေတျြဖစ္ခဲ့တာလဲဆိုတာ အန္တီသိလား?"
အန္တီရွန္ကေခါင္းခါသည္။
"ငါက တစ္ခ်ိန္လံုးျပည္ပမွာရိွေနေတာ့ အေသးစိတ္မသိဘူး။ ဒါေပမယ့္ မင္းအဖိုးက ေဒါသထြက္ေနတာအသိသာႀကီး၊ ၿပီးေတာ့ မင္းအစ္ကိုလည္းျပန္မလာေသးဘူး..."
"အစ္ကိုက အခုထိျပန္မလာေသးဘူးလား?"
ရွန္ဖူအံ့ဩသြားရသည္။ သူ သူ႔အစ္ကို,ကို အခုထိမျမင္မိတာ အံ့ဩစရာမရိွေတာ့ဘူး။ အစ္ကိုျပန္မလာေသးရင္ အဖိုးက ဘယ္လိုလုပ္သိသြားတာလဲ?
ရွန္ဖူက သူမကိုၾကၫ့္လာတာကိုျမင္သည္၌ အန္တီရွန္ကသက္ျပင္းခ်သည္။
"ထပ္မေမးေတာ့နဲ႔။ အခု သူတို႔အတြက္က ကံအေပၚပဲမူတည္တယ္။ ငါလည္း က်န္းခ်န္ကိုအေတာ္ေလးသေဘာက်ပါတယ္၊ ဒီအတိုင္း..."
သူမ ရွန္ဖူ႔ကို ဒီစကားလံုးဝမေျပာသင့္ဘူးဆိုတာ အန္တီရွန္သတိရသြားတာေၾကာင့္ သူမက စကားေျပာေနရာမွခ်က္ခ်င္းရပ္ပစ္လိုက္သည္။ ထိုအစား သူမက ရွန္ဖူ႔ကိုေမးလာသည္။
"ေရွာင္ယီ ျပန္လာဖို႔စီစဉ္မထားပါဘူးေနာ္?"
လင္ရႈယီရဲ့ယံုၾကည္မႈအျပၫ့္အဝေပးအပ္ထားၿပီးစိတ္ေအးေစတဲ့အၾကၫ့္ကိုျပန္စဉ္းစားမိခ်ိန္မွာ ရွန္ဖူ႔ႏွလံုးသားေလးေနြးေထြးသြားသည္။ သူက ေခါင္းၿငိမ့္ကာဆို၏။
"ဟုတ္။"
""ေကာင္းတယ္။ အခု မိသားစုမွာျပႆနာေတျြဖစ္ေနတာ၊ သူလာရင္ သူ ငါတို႔နဲ႔အတူ ေဒါသေဘးအသင့္ခံရႏိုင္တယ္။ ေထာင္ေထာင္ေလးကလည္း ဂရုစိုက္ေပးဖို႔လိုတယ္။ မင္းျပန္လာၿပီဆိုမွေတာ့ အိမ္မွာပဲေန။"
ရွန္ဖူ ေခါင္းၿငိမ့္ကာသေဘာတူလိုက္ၿပီးေနာက္ အန္တီရွန္က အခန္းထဲကေနျပန္ထြက္သြားသည္။ ရွန္ဖူလည္းထြက္လာခ်ိန္မွာ က်န္းခ်န္လည္းျပန္သြားၿပီျဖစ္ၿပီး ဖိုးဖိုးရွန္က ဧၫ့္ခန္းထဲမွာတစ္ေယာက္တည္းထိုင္ေနသည္၊ သူ႔မ်က္ႏွာထားကိုေတာ့ ေသခ်ာမသိရေပ။
သူ သူ႔အဖိုးကို သူ႔လိင္စိတ္တိမ္းၫြတ္မႈအေၾကာင္းေျပာျပခ်ိန္မွာ သူ႔အဖိုးက ဒီလိုအမူအရာမ်ိဳးမျပတာကို ရွန္ဖူသတိရသြားသည္။ ကိစၥေတြက တကယ္ပဲအေတာ္ေလးအေျခအေနဆိုးတဲ့ပံုပဲ။
ရွန္ဖူက သူ႔အခန္းကိုျပန္သြားၿပီးေနာက္ ရွန္ယန႔္ကိုဖုန္းဆက္ဖို႔ႀကိဳးစားလိုက္သည္။
ဖုန္းက ကိုင္သူမရိွဘဲအခ်ိန္အေတာ္ၾကာျမည္ေနခဲ့သည္။ ဘယ္သူမွဖုန္းကိုင္မွာမဟုတ္ဘူးလို႔ ရွန္ဖူေတြးမိကာ ဖုန္းခ်ဖို႔ျပင္ေနခ်ိန္မွာပဲ တစ္ဖက္ကဖုန္းကိုင္လာသည္။
"အစ္ကို။"
ဖုန္းတစ္ဖက္ရိွရွန္ယန္က "အင္း"ဟုဆိုသည္။ သူ႔ေလသံအရေတာ့ စိတ္အေျခအေနဆိုးရြားေနပံုမရေခ်။ ခဏမ်ွစဉ္းစားေနၿပီးေနာက္ ပြင့္ပြင့္လင္းလင္းေျပာဖို႔ ရွန္ဖူဆံုးျဖတ္လိုက္သည္။ သူ႔အစ္ကိုက သူ႔ကိုေျပာမျပခ်င္တာပဲရိွတာ၊ လိမ္ညာတာမ်ိဳးေတာ့လုပ္မွာမဟုတ္ဘူး။
"အစ္ကို၊ အဖိုးနဲ႔ယွဉ္တဲ့ေနရာမွာ အစ္ကို႔ကတ္ေတြအကုန္ထုတ္သံုးၿပီးၿပီလား?"
ဖုန္းတစ္ဖက္က အခ်ိန္အေတာ္ၾကာတိတ္သြားသည္။ ေနာက္ဆံုးမွာေတာ့ ရွန္ယန္က ျပန္ေျဖလာ၏။
"အဲ့ဒါ ငါမဟုတ္ဘူး။"
"အမ္?"
ရွန္ဖူေခါင္းရႈပ္သြားသည္။
တစ္ဖက္က ထပ္မံတိတ္ဆိတ္သြားခဲ့ၿပီး ရွန္ယန္ စကားထပ္ေျပာလာခ်ိန္မွာ သူကၿပံဳးေနပံုရသည္။
"ဒါေပမယ့္ ကိစၥမရိွပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ အဖိုးကိုေျပာျပဖို႔ဆံုးျဖတ္ၿပီးၿပီပဲ။ မင္း စိုးရိမ္စရာမလိုဘူး၊ အစ္ကို ဒီကိစၥကိုေျဖရွင္းမွာပါ။"
ရွန္ယန္က ရွန္ဖူ႔ေရ႔ွမွာ သူ႔ကိုယ္သူအစ္ကိုလို႔သံုးခဲသည္။ အခု အဲ့လိုသံုးတာက ရွန္ဖူ႔ယံုၾကည္မႈကိုရဖို႔နဲ႔ ရွန္ဖူ စိတ္ေအးသြားေစဖို႔ျဖစ္ႏိုင္ေလာက္ေပ၏။
ရွန္ယန္က ငယ္ငယ္ေလးတည္းက ဘယ္သူ႔ကိုမွစိုးရိမ္ရေအာင္မလုပ္ခဲ့ဖူးတာမို႔ တကယ္ေတာ့ ရွန္ဖူက သူ႔အစ္ကိုအတြက္ အရမ္းႀကီးမစိုးရိမ္လွေခ်။ အခု သူ႔ေပ်ာ္ရႊင္မႈကခ်ိန္ခြင္လ်ွာေပၚေရာက္ေနတာမို႔ ရွန္ယန္က ဟိုးအရင္တည္းက ဆံုးျဖတ္ခ်က္ခ်ထားၿပီး ေအာင္ျမင္ႏိုင္မယ့္ျပင္ဆင္မႈေတြလုပ္ထားၿပီးတာေသခ်ာသည္။
ဒါေပမယ့္ ဒီလိုအခ်ိန္မ်ိဳးမွာ သူ႔အစ္ကို အကူအညီလိုဦးမွာပဲမဟုတ္လား? ရွန္ဖူက ခဏမ်ွစဉ္းစားလိုက္ၿပီးေနာက္ သူ႔အျမင္ကိုေျပာသည္။
"အစ္ကို၊ အစ္ကိုနဲ႔က်န္းခ်န္ၾကားဘာေတျြဖစ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္မသိဘူး...က်န္းခ်န္က အဖိုးခြင့္လႊတ္ဖို႔အရမ္းခက္တဲ့ကိစၥကိုလုပ္ခဲ့တယ္ဆိုေပမယ့္ အစ္ကိုက အရြယ္ေရာက္လာတည္းက ဘာကိုမွဇြတ္အတင္းရယူမလုပ္ခဲ့ဖူးဘူး။ ဒါေၾကာင့္မို႔ ဒီတစ္ေခါက္ အစ္ကိုဆံုးျဖတ္ခ်က္မခ်ခင္ အခ်ိန္အၾကာႀကီးယူၿပီးစဉ္းစားထားတယ္ဆိုတာ ကြၽန္ေတာ္ယံုတယ္။ ဒီလိုဆိုမွေတာ့ အစ္ကို လက္မေလ်ွာ့လိုက္ဖို႔ကြၽန္ေတာ္ေမ်ွာ္လင့္တယ္။ အစ္ကို႔ရဲ့တစ္သက္မွာတစ္ခါပဲရႏိုင္တဲ့ေပ်ာ္ရႊင္မႈက ခ်ိန္ခြင္လ်ွာေပၚေရာက္ေနမွေတာ့ အစ္ကို အဆံုးထိတင္းခံသြားရမယ္။ အစ္ကို ဒီေလာက္အထိတင္းခံေနတာက က်န္းခ်န္က အစ္ကိုသေဘာက်တာခံရဖို႔ထိုက္တန္တယ္လို႔သက္ေသျပေနတာလို႔ ကြၽန္ေတာ္ယံုတယ္။ အဲ့လိုသာဆို အစ္ကိုတို႔ႏွစ္ေယာက္ အဖိုးဘက္ကိုအရမ္းႀကီးစိုးရိမ္ဖို႔မလိုဘူး။ သူတို႔အားလံုးကလည္း အစ္ကိုေပ်ာ္ရႊင္ဖို႔ေမ်ွာ္လင့္တယ္လို႔ကြၽန္ေတာ္ထင္တယ္။"
ဒါေတြအားလံုးေျပာၿပီးေနာက္မွာ သူၾကက္သီးေတြထေနတာကို ရွန္ဖူခံစားမိလိုက္သည္။ ဘယ္တုန္းကမ်ား သူ သူ႔အစ္ကို,ကိုအႀကံေပးရတာျဖစ္သြားတာလဲ? တစ္ေယာက္ေယာက္ကိုအားေပးတဲ့သူလုပ္ရတဲ့ခံစားခ်က္က တကယ္မတူဘူးပဲ။
ရွန္ဖူၿပံဳးလိုက္မိသည္။
တစ္ဖက္မွာေတာ့ ရွန္ယန္လည္း ခဏမ်ွအံ့ဩေနမိၿပီးေနာက္ ရယ္ေလ၏။
"အင္း၊ မင္း အေတာ္ေလးသိထားတာပဲ။ ငါ သေဘာေပါက္ၿပီ၊ မင္းစိုးရိမ္ေနတာျဖစ္လာမွာမဟုတ္ဘူး၊ စိတ္ခ်။"
ဖုန္းတစ္ဖက္မွာ လူတစ္ေယာက္က ရွန္ယန႔္ကိုတစ္ခုခုေျပာလိုက္ၿပီး သူကျပန္ေျဖသည္။
"ငါ ခဏေနေရာက္မယ္။"
ထို႔ေနာက္ သူက ရွန္ဖူ႔ကိုေျပာသည္။
"ဒါဆို ငါအရင္ဖုန္းခ်ၿပီ။ မနက္ျဖန္က် အဖိုးနဲ႔တျခားလူေတြကိုရွင္းျပဖို႔ ငါ က်န္းခ်န္နဲ႔အတူျပန္လာမယ္။ စိတ္မပူနဲ႔ေတာ့။"
ရွန္ဖူက သေဘာတူသၫ့္အသံတစ္ခ်က္ျပဳျပီးေနာက္ဖုန္းခ်လိုက္သည္။
သူ႔အစ္ကိုက ဒီအေျခအေနကို ေကာင္းေကာင္းေျဖရွင္းႏိုင္မယ္လို႔ သူယံုတယ္။ ဒါေပမယ့္ အခုေတာ့ သူ႔အစ္ကိုနဲ႔က်န္းခ်န္အေၾကာင္း အဖိုးကိုဘယ္သူေျပာလိုက္လဲဆိုတာကို သူ နည္းနည္းသံသယဝင္ေနတယ္။ ဒီလိုကိစၥမ်ိဳးက ကာယကံရွင္ရဲ့ပါးစပ္ကထြက္လာတာမဟုတ္ဘဲ တျခားသူရဲ့ပါးစပ္ကထြက္လာတာဆိုရင္ လံုးဝမတူတဲ့ရလဒ္ေတြထြက္လာတတ္တာကိုသူသိတယ္။ အဖိုးအရမ္းေဒါသထြက္ေနတာက သူ႔ကို တျခားလူကအရင္ေျပာလိုက္လို႔ျဖစ္ႏိုင္တယ္၊ ၿပီးေတာ့ အဖိုးကိုေျပာျပလိုက္တဲ့သူက မီးထဲေလာင္စာထပ္ထၫ့္ၿပီးအပိုေတြေလ်ွာက္မေျပာဘူးလို႔လည္း အာမခံႏိုင္တာမဟုတ္ဘူး။
ရွန္ဖူ နည္းနည္းေတြးၾကၫ့္လိုက္သည္။ ၾကၫ့္ရတာ သူ တကယ္ပဲသိပ္မကူညီႏိုင္ဘူးထင္တယ္၊ သူက သူ႔ဖုန္းကိုသိမ္းကာ ေအာက္ဆင္းလာသည္။ သူျပန္ေရာက္ေနတာနည္းနည္းၾကာေနၿပီဆိုေပမယ့္ အခုထိ အဖိုးကိုႏႈတ္မဆက္ရေသးဘူး။
"အဖိုး။"
ရွန္ဖူ႔အသံကိုၾကားတဲ့အခါ ဖိုးဖိုးရွန္တစ္ေယာက္ အေတြးနယ္လြန္ေနရာမွသတိဝင္လာသည္။ သူ႔မ်က္ႏွာထက္ကအမူအရာက နည္းနည္းေျပေလ်ာ့သြားၿပီး သူက ရွန္ဖူ႔ကို ဘယ္တုန္းကျပန္ေရာက္ေနတာလဲလို႔မေမးေခ်။ ထိုအစား သူက သူ႔ေဘးနားရိွခံုကိုပုတ္ကာဆို၏။
"အဖိုးနဲ႔ခဏေလာက္လာထိုင္ကြာ။"
ရွန္ဖူက နာခံကာထိုင္ခ်လိုက္သည္။
ဖိုးဖိုးရွန္က ဘာမွမေျပာေပ။ သူတို႔ႏွစ္ေယာက္က တိတ္ဆိတ္စြာသာထိုင္ေနၾက၏။ အခ်ိန္အေတာ္ၾကာသြားၿပီးေနာက္မွာ ဖိုးဖိုးရွန္ကေမးလာသည္။
"ေရွာင္ယြီနဲ႔ေထာင္ေထာင္တို႔အဆင္ေျပၾကတယ္မဟုတ္လား?"
ရွန္ဖူကေခါင္းၿငိမ့္သည္။
"ေရွာင္ယြီကအရမ္းလိမၼာတယ္။ ေထာင္ေထာင္လည္းအေတာ္ေလးလိမၼာပါတယ္။ ခုတေလာ သူ သြားထပ္ေပါက္လာလို႔ အၿမဲသြားရည္က်ေနၿပီး လက္ထဲရိွတာမွန္သမ်ွကိုက္ေနတာတစ္ခုပဲ။"
ဖိုးဖိုးရွန္မွာ ရွန္ဖူ႔ေျပာစကားနဲ႔ပင္ ထိုသည္ကိုျမင္ေယာင္ၾကၫ့္လိုက္ႏိုင္ၿပီး ရယ္ေလသည္။
"ဒါဆို သူ႔ကိုေသခ်ာေစာင့္ၾကၫ့္။ သူမစားသင့္တာေတြမျမင္ေစနဲ႔။"
ရွန္ဖုက ဖိုးဖိုးရွန္ကိုၾကၫ့္လိုက္ၿပီးေနာက္ သူလည္းလိုက္ရယ္သည္။
"အမ္း၊ ေရွာင္ယီက သူ႔အတြက္ကိုက္စရာဝယ္ထားေပးတယ္၊ သၾကားေတြ၊ တာရွည္ခံေဆးေတြမပါတဲ့ဟာေလ။ အဲ့ဒါေတြကိုကိုက္ရင္ ေထာင္ေထာင္အဆင္ေျပလာမွာပါ။"
ၿပီးေနာက္မွာေတာ့ ေျမးအဖိုးႏွစ္ေယာက္တိတ္သြားျပန္သည္။ အစတည္းက သူတို႔ႏွစ္ေယာက္က အတူတူထိုင္ကာရင္းရင္းႏွီးႏွီးေျပာတတ္ၾကတဲ့သူေတြမဟုတ္ေပ။ ရွန္ဖူက ရွန္ယန႔္အေၾကာင္းဘယ္လိုစကားစရမလဲစဉ္းစားေနဆဲျဖစ္တာမို႔ ခဏၾကာတဲ့အထိ ဘယ္သူမွစကားထပ္မေျပာျဖစ္ေခ်။
"ဟိုတုန္းက မင္း ေယာက္်ားေလးေတြကိုသေဘာက်တယ္လို႔ေျပာေတာ့ ငါ တကယ္လံုးလံုးအေကာင္းမျမင္ဘူး။"
ရုတ္တရက္ ဖိုးဖိုးရွန္ကစကားေျပာလာသည္။ ရွန္ဖူက ဖိုးဖိုးရွန္ကိုလွၫ့္ၾကၫ့္လိုက္ေပမယ့္ ဖိုးဖိုးရွန္က သူ႔ဘာသာစကားေျပာေနတဲ့အတိုင္း သူ႔ကိုၾကၫ့္မေနတာကိုသိလိုက္ရသည္။ ရွန္ဖူက အၾကၫ့္ျပန္ရုတ္လိုက္ၿပီး ျပန္မေျဖဘဲ ဖိုးဖိုးရွန္က စကားဆက္ေျပာေနသည္။
"အဖိုးရဲ့ေတြးေခၚပံုေတြက ေခတ္ေနာက္က်လြန္းေနလို႔မဟုတ္ဘူး။ အဖိုးက ကိစၥတခ်ိဳ႕ကိုႀကံဳေတြ့ထားၿပီးတဲ့သူပဲေလ။ အစတုန္းက အဖိုးသေဘာမတူရတဲ့အေၾကာင္းက လူႏွစ္ေယာက္ေရ႔ွဆက္လက္တြဲႏိုင္ဖို႔အတြက္ခံစားခ်က္အေပၚပဲမူတည္ေနၿပီး အဲ့ခံစားခ်က္ေတြ တည္ၿငိမ္တယ္လို႔ေျပာႏိုင္ေပမယ့္ တကယ္တမ္းက် ခံစားခ်က္ေတြက မတည္ၿငိမ္ဆံုးမို႔ပဲ။ ဒီေလာကႀကီးမွာ ဘာကမွအၿမဲတမ္းမေျပာင္းလဲဘဲရိွမေနဘူး၊ အထူးသျဖင့္ ခံစားခ်က္ေတြ။ မင္း လူတစ္ေယာက္ကိုခ်စ္ေနတဲ့အခါ 'ထာဝရ'လို႔ ထပ္ကာထပ္ကာေျပာတတ္ေပမယ့္ မခ်စ္ေတာ့ရင္ အဲ့လူကိုၾကၫ့္ရမွာကိုေတာင္စိတ္ကုန္ေနလိမ့္မယ္။ ဒါမ်ိဳးကို အဖိုး အရင္ကမေတြ့ဖူးတာမဟုတ္ဘူး။ သာမန္ေယာက္်ားမိန္းမစံုတြဲသာဆိုရင္ သူတို႔အခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္ၾကေတာ့လို႔လမ္းခြဲရင္ေတာင္ ကိစၥသိပ္မရိွဘူး၊ ေပ်ာ္ရႊင္မႈအသစ္ကိုရွာလိုက္ရံုပဲ။ ဒါေပမယ့္ လိင္တူစံုတြဲေတြအတြက္က် လမ္းခြဲလိုက္ရင္ေတာင္ လူေတြလက္ၫွိုးထိုးတာကိုခံေနရဦးမွာပဲ။ အခ်င္းခ်င္းနင့္နင့္နဲနဲခ်စ္ေနၾကတုန္းကေတာ့ ဒါကတန္တယ္လို႔ေတြးမွာေပါ့၊ ဒါေပမယ့္ လမ္းခြဲၿပီးသြားရင္ေရာ? ဘယ္အခ်ိန္မဆိုအဆံုးသတ္သြားႏိုင္တဲ့ခံစားခ်က္ေလးတခ်ိဳ႕အတြက္ ဒါက တန္တယ္လို႔ေတြးဦးမွာလား?"
ဖိုးဖိုးရွန္က သက္ျပင္းခ်ကာဆိုသည္။
"အရင္က အဖိုးအၿမဲအဲ့လိုေတြးခဲ့တာ။"
ရွန္ဖူကဘာမွမေျပာေပမယ့္ ၿပံဳးေနသည္။
"အခုက်ေတာ့ေရာ?"
ဖိုးဖိုးရွန္ကေခါင္းငံု႔သည္။
"အခုေတာ့ မင္းတို႔ေတြလမ္းခြဲမခြဲကိုအရင္မစဉ္းစားသင့္ဘူးလို႔ အဖိုးေတြးမိတယ္။ လမ္းခြဲၾကရင္ေတာင္ မင္းတို႔က ဒါကတန္တယ္လို႔ယံုၾကည္ေနဦးမွာပဲ၊ ဟုတ္တယ္မလား?"
"ဟုတ္ကဲ့။"
ရွန္ဖူက တည္ၿငိမ္စြာပင္သေဘာတူ၏။
"အခ်စ္တစ္ခုတည္းကိုပဲမွီခိုေနတာက ဆက္ဆံေရးတစ္ခုကို တစ္သက္စာထိန္းထားဖို႔မလံုေလာက္တာလည္းျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္ ေရွာင္ယြီနဲ႔တြဲခ်င္တဲ့အခ်ိန္တုန္းက ကြၽန္ေတာ့္အေတြးကရိုးရိုးေလးပဲ။ အဲ့တုန္းက ကြၽန္ေတာ္ သူ႔ကို ခဏေလးပဲေတြ့ခ်င္တာမဟုတ္ဘူး - အဲ့အခ်ိန္ကစၿပီး ကြၽန္ေတာ္ သူ႔ကိုေန့တိုင္း၊ ညတိုင္းေတြ့ခ်င္ခဲ့တာ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ အခ်စ္တစ္ခုတည္းရိွတာမဟုတ္ဘူး၊ က်န္ေနတဲ့ကြၽန္ေတာ္တို႔ဘဝသက္တမ္းတစ္ေလ်ွာက္ ကြၽန္ေတာ္တို႔အခ်င္းခ်င္းေဖးမကူညီသြားၾကမယ္ဆိုတဲ့ဆံုးျဖတ္ခ်က္လည္းရိွတယ္။"
ဖိုးဖိုးရွန္ကေခါင္းၿငိမ့္သည္။
"အင္း၊ မင္းတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ျပင္ေနၾကတည္းက ဒါက သိသာပါတယ္။"
လက္ထပ္လိုက္တဲ့အခ်ိန္ကစၿပီး အခ်စ္က မိသားစုအျဖစ္ေျပာင္းသြားၿပီး သူတို႔ၾကားကသံေယာဇဉ္ေတြကလည္း နက္ရိႈင္းသည္ထက္နက္ရိႈင္းလာၾကေတာ့မွာ။
ေနာက္ဆံုးမွာေတာ့ ဖိုးဖိုးရွန္ၿပံဳးလာၿပီး သူက ရွန္ဖူ႔ပခံုးကိုလွမ္းပုတ္သည္။ သူက ေက်းဇူးတင္စြာဆို၏။
"အဖိုးတို႔ေရွာင္ဖူက အရြယ္ေရာက္ၿပီပဲ။ အခု မင္းက ဒီလိုနက္နဲတဲ့ကိစၥကို အဖိုးကိုသင္ျပေပးေနႏိုင္ၿပီ။"
ရွန္ဖူကလည္းၿပံဳးသည္။
"အဖိုး တစ္ခ်ိန္လံုးနားလည္ေနခဲ့ၿပီးသားပါဗ်ာ၊ ကြၽန္ေတာ္ သင္ျပေပးတာမလိုပါဘူး။"
ဖိုးဖိုးရွန္ကဘာမွမေျပာေပ။ သူက ထရပ္လိုက္ၿပီးအေပၚထပ္တက္သြား၏။ ရွန္ဖူကထပ္ေျပာလာသည္။
"အစ္ကို႔မွာလည္း ဒီလိုဆံုးျဖတ္ခ်က္မ်ိဳးရိွတယ္လို႔ ကြၽန္ေတာ္ယံုတယ္။"
ဖိုးဖိုးရွန္ရပ္သြားၿပီး ေနာက္ဆံုးမွာ သူကေျပာသည္။
"အင္း၊ အဖိုးသိတယ္။"
ဖိုးဖိုးရွန္ရဲ့သေဘာထားကလံုးဝႀကီးမသိသာေသးေပမယ့္ ရွန္ဖူ တစ္စံုတစ္ရာကိုခံစားမိလိုက္သည္။ သူ႔အစ္ကိုရဲ့ဒီတိုက္ပြဲက တစ္ဝက္ႏိုင္ၿပီးၿပီ။
က်န္တာကေတာ့ သူ႔အစ္ကိုရဲ့ႀကိဳးစားမႈအေပၚပဲမူတည္တယ္။
...