I'm a Chef in the Modern Era...

By Dancing_Breeze

581K 107K 3.1K

Name 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Sc... More

Chapter - 1.1
Chapter - 1.2
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8.1
Chapter - 8.2
Chapter - 9.1
Chapter - 9.2
Chapter - 10
Chapter - 11.1
Chapter - 11.2
Chapter - 12.1
Chapter - 12.2
Chapter - 13
Chapter - 14
Chapter - 15.1
Chapter - 15.2
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51.1
Chapter - 51.2
Chapter - 52
Chapter - 53
Chapter - 54
Chapter -55
Chapter - 56.1
Chapter - 56.2
Chapter - 57
Chapter - 58
Chapter - 59
Chpater - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88.1
Chapter - 88.2
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121

Chapter - 102

2.2K 394 9
By Dancing_Breeze

Unicode

ပေါင်မုန့်ကြက်ဥ
_____________

အဆုံးမှာတော့ သူတို့ ကားထဲမှာတစ်ခုခုလုပ်မိမှာကနေ ထိန်းလိုက်နိုင်ကြသည်။ ရှန်ဖူ နည်းနည်းအမူးပြေသွားပြီးနောက်မှာ သူတို့က တခြားတစ်ယောက်ကို သူတို့ကိုလာခေါ်ခိုင်းလိုက်သည်။

သူတို့နှစ်ယောက်ပြန်ရောက်သွားချိန်မှာ ရှန်ဖူ့မိဘတွေက ရှောင်ယွီ၊ ထောင်ထောင်တို့နဲ့အတူ ပြန်ရောက်မလာကြသေးဘဲ ဖိုးဖိုးရှန်က နေ့ခင်းတစ်ရေးတစ်မောအိပ်နေကာ Alanက သိပ်မကြာခင် လော့စ်အိန်ဂျလိစ်ကိုပြန်တော့မှာ‌မို့ အန်တီရှန်နဲ့Alanတို့နှစ်ယောက်က ကော်လိုပူးကပ်နေကြကာ နှစ်ယောက်လုံးအိမ်မှာမရှိပေ။

ရှန်ယန်တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့သည်။

သူ့ကိုမြင်တဲ့အခါ ရှန်ဖူအံ့ဩသွားသည်။

"ယို၊ အစ်ကို ဒိတ်လုပ်ဖို့အပြင်မသွားဘူးလား?"

ရှန်ယန် : ...

ရှန်ယန်ပြန်မဖြေတာကိုတွေ့တဲ့အခါ ရှန်ဖူက ပြုံးကာ သူ့ဘေးနားဝင်ထိုင်သည်။ လင်ရှုယီက ရှန်ဖူအမူးပြေစေဖို့အတွက် စွပ်ပြုတ်လုပ်ပေးဖို့ မီးဖိုခန်းထဲဝင်သွားကာ ညီအစ်ကိုနှစ်ယောက်ကို စကားပြောစေ၏။

"ငါဘာဖြစ်နေတယ်ဆိုတာ မင်းသိတယ်ပေါ့?"

ရှန်ယန်ကမေးသည်။

ရှန်ဖူက မျက်ခုံးပင့်၏။

"ဘာဖြစ်နေလို့လဲ? အစ်ကို့အချစ်ရေးအကြောင်းပြောနေတာဆိုရင်တော့ လူသိတယ်လို့ ကျွန်တော်ထင်တယ်။"

ရှန်ယန် : ...

ရှန်ဖူကပြုံးကာဆိုသည်။

"ဒါပေမယ့် အစ်ကိုက လျှို့ဝှက်တဲ့နေရာမှာတော်လွန်းတယ်။ ကျွန်တော် အစ်ကို့ရဲ့လျှို့ဝှက်ချစ်သူကို တစ်ခါတောင်‌မတွေ့ရသေးဘူး။"

ရှန်ယန်တစ်ယောက် ခဏမျှတိတ်သွားပြီး ရုတ်တရက်ပြုံးလေ၏။

"မင်း သူ့ကိုတွေ့ချင်တယ်ပေါ့?"

ရှန်ဖူက ချက်ချင်းပြန်ဖြေသည်။

"ဒါပေါ့! ဘယ် မိန်းကလေးက..."

"သူက ကျန်းချန်။"

ကျန်းချန် ဘယ်သူလဲဆိုတာပြန်စဉ်းစားဖို့ ရှန်ဖူ့အတွက် အချိန်နှစ်မိနစ်ကြာသည်။ နောက်ပြီး မှတ်မိသွားချိန်မှာ သူ့စိတ်က အခြေအနေသိပ်မကောင်းတော့ပေ။

"ကျန်းချန်?!! ကျွန်တော်တို့ အဖိုးဝမ်ရဲ့အိမ်မှာတွေ့ခဲ့တဲ့ကျန်းချန်လား?!!"

ရှန်ယန်ကခေါင်းငြိမ့်သည်။ ရှန်ဖူက အရက်မူးနေတာဖြစ်ပြီး အခုတော့ သူ့ဦးနှောက်လေး အမှုန့်ဖြစ်သွားပြီးလို့ သူခံစားလိုက်ရတော့သည်။

"သူ အရင်နှစ်တွေတည်းက ဒီကထွက်သွားပြီမဟုတ်ဘူးလား?"

ရှန်ယန်ကခေါင်းငြိမ့်သည်။

"သူ မကြာသေးခင်ကမှပြန်ရောက်တာ။"

"ဒါပေမယ့်..."

ရှန်ဖူက ရှန်ယန့်စကားကိုရုတ်တရက်ဝင်ဖြတ်ကာမေး၏။

"နေပါဦး၊ ဆိုတော့ အရင်က အစ်ကိုပြောနေတာ သူ့အကြောင်းပေါ့?"

ဆိုတော့ မိန်းကလေးတွေကိုကြိုက်ခဲ့တဲ့လူက ရုတ်တရက်ကြီး ယောက်ျားလေးတွေကိုကြိုက်လာနိုင်လားလို့ သူ့အစ်ကိုမေးတုန်းက သူက ကျန်းချန်အကြောင်းပြောနေတာပေါ့?

ရှန်ယန်က ခေါင်းထပ်ငြိမ့်သည်။ သူ့ပုံစံက ခေါင်းငြိမ့်ဖို့ကလွဲပြီး တခြားဘယ်လိုလုပ်ရမလဲမသိဖြစ်နေဟန်တူ၏။

ရှန်ဖူ လုံးဝတိတ်သွားတော့သည်။ ကျန်းချန်ဆိုတာ သူမယုံနိုင်ဘူး။ သူ့အစ်ကိုနဲ့ကျန်းချန်မှာ အတော်လေးရှုပ်ထွေးတဲ့သမိုင်းကြောင်းရှိခဲ့ဖူးတာ သူသိတယ်၊ စကားတွေက သူတို့အဖိုးဆီတောင်ရောက်လာတဲ့အထိပဲ။ သူ့အစ်ကိုက အသည်းအသန်ငြင်းခဲ့ပေမယ့် နောက်ဆုံးတော့လည်း ကျန်းချန်ဖြစ်နေတုန်းပဲ၊ ဟက်။

ရှန်ယန်က အနည်းငယ်စိတ်လှုပ်ရှားလာကာ ရှန်ဖူ့ကိုကြည့်သည်။

"မပူပါနဲ့၊ ငါ အဖေတို့နဲ့အဖိုးကို ငါကိုယ်တိုင်ပြောမှာပါ။"

ရှန်ဖူက သူ့ဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်ပြီးနောက် လေးနက်တဲ့အမူအရာနဲ့မေးသည်။

"အစ်ကို ဆုံးဖြတ်ချက်ချပြီးပြီလား?"

ရှန်ယန်ကပြုံးသည်။

"အင်း၊ ချပြီးပြီ။"

ရှန်ဖူက သက်ပြင်းချသည်။ အခြေအနေတစ်ခုလုံးကို သေချာနားမလည်ဘဲ သူ ဘာဆုံးဖြတ်ချက်မှချလို့မရဘူး။ ဒါပေမယ့် သူ့အစ်ကိုမှာ သူ့အကြောင်းပြချက်နဲ့သူရှိမယ်လို့ သူယုံတယ်။ တခြားလူတစ်ယောက်အကြောင်းတွေးရင် သူအဲ့လိုပြုံးရင် သူ တကယ်ချစ်လို့ပဲဖြစ်ရမယ်။

"ဒါဆို အရမ်းကြီးမစိုးရိမ်ဘဲလုပ်လိုက်။ အဖိုးတစ်ခုခုလုပ်ရင် ကျွန်တော် ကူပြီးအသနားခံပေးမယ်။"

ရှန်ယန် : ...

ခဏအကြာမှတော့ ရှန်ယန်က ခေါင်းငုံ့ကာပြုံးလိုက်ပြီးဆိုသည်။

"ဒါဆိုလည်း ကျေးဇူးကွာ။"

ရှန်ဖူက နောက်ဘက်ဆီဆုတ်သွား၏။ အချစ်က တကယ်ပဲ လူတွေကို ဒီလောက်တောင်ပြောင်းလဲပစ်လိုက်နိုင်တာလား? ဒါ တကယ်ပဲ သူ့အစ်ကိုရောဟုတ်ရဲ့လား? သူစနောက်တာတွေကို မတုန့်ပြန်တတ်တဲ့သူလေ?

"ရပါတယ်ဗျာ...အာ၊ နောက်ဆုံးတစ်ခု၊ ဘယ်သူက...ဟမ်...အောက်ကလဲ?"

သူ့အစ်ကိုမျက်နှာထက်မှာ ချက်ချင်းစုဝေးလာတဲ့မိုးကြိုးတိမ်မည်းတွေကိုမြင်လိုက်တာနဲ့ ရှန်ဖူ ရှော့်ရသွားတော့သည်။ သောက်ခွေး၊ ကျန်းချန်က သူ့အစ်ကိုအပေါ်က??!!! ဂျီးဆပ်စ်...

ဒါပေမယ့် ကျန်းချန်က သူ့ထက်ခေါင်းတစ်လုံးပိုမြင့်ပြီး ၁၉၀စင်တီနီးနီအရပ်ရှည်တာကိုပြန်တွေးမိတော့...ကျန်းချန်က အဲ့လိုလုပ်နိုင်တဲ့တစ်ယောက်တည်းသောသူဖြစ်လောက်တယ်။

လင်ရှုယီကလည်း စွပ်ပြုတ်နဲ့အပြင်ထွက်လာ၏။ ရှန်ဖူက ထရပ်လိုက်ကာဆိုသည်။

"ပျော်စရာအနာဂတ်လေးရပါစေလို့ ကျွန်တော်ဆုတောင်းပေးတယ်ဗျာ အစ်ကို။"

ရှန်ဖူ့ရဲ့နည်းနည်းထူးဆန်းနေတဲ့အပြုံးကြောင့် တစ်ခုခုလွဲနေတယ်ဆိုတာ ရှန်ယန်သိပေမယ့် သူ မတုန့်ပြန်လိုက်နိုင်ပေ။

သူ့ဦးနှောက်ကအဲ့စကားကိုနားလည်သွားချိန်မှာ ရှန်ဖူက လင်ရှုယီနဲ့အပေါ်တက်သွားပြီဖြစ်၏။

သူ့အစ်ကိုအောက်ထပ်ဖြစ်နေတယ်ဆိုတာကြောင့်ရှော့ခ်ရနေမှုကနေရုန်းထွက်နိုင်ဖို့ ရှန်ဖူ့အတွက် အချိန်ခဏကြာသည်၊ သို့သော်ငြား ပြန်စဉ်းစားကြည့်အပြီးမှာတော့ ဒါက အတော်လေးသဘာဝကျနေသည်။ အဖိုးဝမ်ရဲ့တူမောင်ကျန်းချန်က အတော်လေးထူးခြားပြီး ဖိုင်နယ်ဘော့စ်တွေထက်တောင်ဝမ်းတွင်းမည်းသေးတယ်။ ဘယ်သူအပေါ်ကဖြစ်မယ်ဆိုတာကိုခက်ခက်ခဲခဲစဉ်းစားနေစရာမလိုဘူး။

သေချာစဉ်းစားမယ်ဆို ကျန်းချန်က သူတို့မိဘတွေနဲ့တစ်တန်းတည်းဆိုတော့ သူနဲ့သူ့အစ်ကို ကျန်းချန်ကို အန်ကယ်လို့ခေါ်ရမှာ။ ဒါတောင် နောက်ဆုံးကျ သူ့အစ်ကိုနဲ့ကျန်းချန်က အတူရှိသွားတယ်။

ကောင်းကင်ကလုံးဝမည်းမှောင်သွားကာနီးမှသာ မာမားရှန်နဲ့ပါပါးရှန်ပြန်ရောက်လာခဲ့သည်။ ရှန်ဖူအောက်ဆင်းလာချိန်မှာ ရှန်ယန်ကထွက်သွားပြီဖြစ်၏။ ရှောင်ယွီက သူ့ကိုမြင်တာနဲ့ ရယ်မောကာသူ့ဆီပြေးလာပြီး သူတို့ အဖိုးအဖွားနှစ်ယောက်နဲ့ဘယ်တွေသွားတယ်၊ ဘာတွေမြင်ခဲ့တယ်ဆိုတာကိုပြန်ပြောပြသည်။

ထောင်ထောင်က ရှန်ဖူ့ကို ချစ်ခင်စွာနှုတ်ဆက်လိုက်ပြီးနောက် ရှန်ဖူ့နောက်ကိုလှမ်းကြည့်၏။ လင်ရှုယီဆင်းလာတာနဲ့ သူက သူ့ကိုချီဖို့ လင်ရှုယီကိုလှမ်းပြောသည်။ ဒီကလေးနှစ်ယောက်က သူတို့နဲ့မျိုးရိုးချင်းမတူတဲ့မိဘတွေကို ချစ်ခင်နေကြသည်။ ဒါက အတော်လေးရယ်ချင်စရာကောင်းသည်။

[T/N : ရှောင်ယွီ့နာမည်က လင်ယွီ၊ ထောင်ထောင့်နာမည်က ရှန်ထောင်။ ဒါပေမယ့် ရှောင်ယွီက ရှန်ဖူ့ကိုပိုချစ်ပြီး ထောင်ထောင်က လင်ရှုယီကိုပိုချစ်နေတယ်။ သူပြောချင်တာဒါ။]

မနက်ဖြန်က တနင်္လာနေ့ဖြစ်ပြီး ရှောင်ယွီက ကျောင်းသွားရမှာမို့ သူတို့တွေ ဒီညပြန်ရမည်ဖြစ်သည်။ ရှန်ဖူကလည်း ဒါကိုသိပေမယ့် မခွဲခတင်တာကြောင့် သူ သူတို့ကိုလိုက်ပို့ပြီးမှHမြို့ကိုပြန်မယ်လို့ပြောကာ သူတို့ကိုခဏလောက်စောင့်နေဖို့ပြောသည်။

သို့ပေသိ ဒါက ရှန်ဖူပင်ပန်းရမှာဖြစ်တာကြောင့် လင်ရှုယီကငြင်းလိုက်ပြီး သူတို့ကိုလိုက်ပို့ဖို့လူတစ်ယောက်ရှာလိုက်ရင်ရပြီလို့ဆိုသည်။ နောက်နေ့မနက်မှာ ရှန်ဖူက အလုပ်သွားရဦးမည်ဖြစ်ပြီး လင်ရှုယီက ရှန်ဖူ့အတွက် အရမ်းခက်ခဲအောင်မလုပ်ချင်ပေ။

သူတို့နှစ်ယောက်ချစ်ခင်လို့မပြီးသေးခင်မှာပင် မေမေရှန်ကထပြောသည်။

"ရှောင်ဖူ၊ သား နှစ်ရက်လောက်အလုပ်နားလိုက်ရင်ရော ဘယ်လိုလဲ? တစ်ခုခုဖြစ်လို့ မင်းအစ်ကိုမှာအချိန်မရှိရင် မင်းအဖေလုပ်နိုင်သားပဲ။"

ဖေဖေရှန်တစ်ယောက် သောဒကတက်ခွင့်မရေးခင်မှာပင် ရှန်ယန်က ဖုန်းပြောရင်းအောက်ဆင်းလာသည်။ သူက မရေမရာစကားတချို့ပြောကာဖုန်းချလိုက်ပြီးနောက် ရှန်ဖူ့ကိုလှမ်းပြော၏။

"သွား၊ ရက်နည်းနည်းလောက်နားပြီး နောက်တစ်ပတ်မှပြန်လာခဲ့။"

ရှန်ဖူက သူ့ကို : အစ်ကို ဒိတ်လုပ်ပြီးကျွန်တော်တို့မိဘတွေကိုသိမ်းသွင်းဖို့ အချိန်လိုတယ်မဟုတ်ဘူးလားဟူသည့်အမေးမျက်လုံးတို့ဖြင့်ကြည့်သည်။

ရှန်ယန်က မျက်မှောင်ကုတ်ကာတုန့်ပြန်လာပြီးနှာမှုတ်ကာဆို၏။

"မသွားချင်ဘူးလား? ဒါဆို မင်း မနက်ဖြန်အလုပ်လာလို့ရတယ်။"

အထက်လူကြီးကပြောလာပြီမို့ သဘာဝကျစွာပင် ရှန်ဖူက တုန့်ဆိုင်းမနေဘဲလက်ခံလိုက်လေ၏။

ရှန်ဖူ့မိဘတွေက အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့က ရှန်ယန်နဲ့အတူထိုင်ကာ စကားတွေအကြာကြီးပြောချင်နေကြပုံရသည်။ ရှန်ဖူ့ကို ရှန်ကော်ပိုရေးရှင်းမှာနေစေတာက ရှန်တစ်မိသားစုလုံးသဘောတူထားတဲ့အကြံဖြစ်သည်။ ရှန်ဖူတို့မိသားစုလေးကို သူတို့ ဒီလိုမကွဲကွာစေချင်ပေမယ့်လည်း ရှန်ဖူ အခြေတကျဖြစ်သွားပြီး သူ့အစ်ကိုနဲ့အတူ ရှန်ကော်ပိုရေးရှင်းကိုစီမံဖို့သင်ယူရတာက သူ့အတွက်လိုအပ်တဲ့အတွေ့အကြုံဖြစ်၏။ ဒါ့အပြင် ညီအစ်ကိုနှစ်ယောက်က သဘောတူညီချက်လုပ်ပြီးတာမို့ ရလဒ်အနေနဲ့ ရှန်ဖူတစ်ယောက် တုန့်ဆိုင်းနေတာတောင် Sမြို့ကိုချက်ချင်းပြန်ပြေးပြီး သူ့တာဝန်တွေကနေခိုကပ်နေမယ့်အစား ရှန်‌ကော်ပိုရေးရှင်းမှာနေရဖို့ဖြစ်လာသည်။ သူတို့ညီအစ်ကိုနှစ်ယောက်က အဲ့အကြောင်းဘာမှမပြောဘဲ မေမေရှန်ကလည်းမမေးပေမယ့် ကြည့်ရတာတော့ သူတို့ အားလုံးဆီကနေဖုန်းကွယ်ထားတာတစ်ခုရှိနေတာသေချာလို့နေသည်။

သို့ပေသိ အဆုံးမှာတော့ သူတို့ ရှန်ယန့်ကိုတစ်ခုခုပြောမပြော ရှန်ဖူမသိနိုင်တော့ပေ၊ အကြောင်းမူ သူက သူ့ဘော့စ်ရဲ့ခွင့်ပြုချက်နဲ့ Sမြို့အပြန်လမ်းပေါ် သူ့မိသားစုနဲ့အတူရောက်နေပြီဖြစ်သောကြောင့်ပင်။

သူတို့ပြန်ရောက်ချိန်မှာ ညသန်းခေါင်ရောက်ပြီဖြစ်ပြီး ကားနောက်ခန်းကသုံးယောက်လုံး အိပ်ပျော်နေကြပြီဖြစ်သည်။ ရှန်ဖူက လင်ရှုယီကိုမနှိုးဘဲ ကလေးနှစ်ယောက်ကို အိမ်ထဲချီသွားသည်။ သူ ရှောင်ယွီ့ကိုချီတဲ့အခါ ရှောင်ယွီကနိုးလာပေမယ့် သူက မျက်လုံးဖွင့်ကာရှန်ဖူ့ကိုကြည့်လိုက်ပြီးနောက် ပြန်အိပ်ပျော်သွားခဲ့သည်။

ထို့နောက် ရှန်ဖူက လင်ရှုယီကို သတို့သမီးပုံစံပွေ့ချီလိုက်ပြီး အိမ်ထဲကို ဂရုတစိုက်ချီလာပေးသည်။

လင်ရှုယီက အတော်လေးပင်ပန်းနေတာကြောင့်ထင်၏၊ လုံးဝနိုးမလာခဲ့ချေ။ ပထမတော့ ရှန်ဖူက မအိပ်ခင်တစ်ခုခုလုပ်ချင်ခဲ့တာပေမယ့် သူက သူ့ဆန္ဒကိုထိန်းချုပ်ကာရေချိုးလိုက်ပြီး ကုတင်ပေါ်တက်ကာ ချစ်ရသူကို ထွေးပွေ့ထားလိုက်တော့သည်။

အကျင့်ပါ‌နေတာမို့ လင်ရှုယီက ရှန်ဖူ့ရင်ခွင်နဲ့ပိုနီးအောင်တိုးကပ်လာ၏။ ပီတိဖြာနေတဲ့ရှန်ဖူက သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ခဏအကြာမှာအိပ်ပျော်သွားတော့သည်။

မနက်ခင်းမှာနိုးလာပြီး ရင်းနှီးနေတဲ့မျက်နှာကျက်ကိုမြင်တဲ့အခါ ရှန်ဖူ ခဏလောက်ကြောင်သွားသည်။ သူက တစ်ဖက်ကိုခေါင်းလှည့်လိုက်ပြီးသူ့ဘေးမှာအိပ်ပျော်နေတဲ့သူကိုတွေ့တဲ့အခါ မနေနိုင်စွာပြုံးလိုက်မိ၏။

ချစ်ရသူဘေးမှာနိုးလာရတာဖြစ်ဖြစ်၊ မင်းဘေးကချစ်ရသူနိုးလာတာကိုကြည့်နေရတာပဲဖြစ်ဖြစ် နှစ်ခုလုံးက နှစ်သက်စရာအတွေ့အကြုံပင်။

သူတို့ ရှီချင်စားသောက်ဆိုင်ဖွင့်ဖို့ရောက်သွားတဲ့အခါ လူတိုင်းက ရှန်ဖူ လင်ရှုယီနဲ့အတူရောက်လာမှာကို ထင်မထားမိကြဘဲ အားလုံးက သူ့ဘေးနားဝိုင်းအုံနေကာ လက်ဆောင်တွေပါခဲ့လားလို့မေးကြသည်။ ရှန်ဖူက ပြုံးလိုက်ကာ သူ Hမြို့ကဝယ်လာတဲ့မုန့်တွေနဲ့လက်ဆောင်ဘူးတွေကိုထုတ်ပြီးဆို၏။

"မျက်စိအတော်ရှင်ကြတာပဲ။"

ထန်ရှောင်းက ရွှင်မြူးစွာဆိုသည်။

"ဒါပေါ့ဗျ၊ အစ်ကိုရှန်က အမြဲရက်ရောတာကို၊ သိဖို့စဉ်းစားစရာတောင်မလိုဘူး။"

မိန်းကလေးနှစ်ယောက်က ရယ်မောကာဖြင့် ထန်ရှောင်းကိုဘေးဘက်ဆီတွန်းဖယ်သည်။

"အားအားယားယားစကားများမနေဘဲ အလုပ်သွားလုပ်တော့။"

ထို့နောက် သူမတို့က လင်ရှုယီဘက်လှည့်သည်။

"ထောင်ထောင်လေးရော? သူလည်းပြန်လာတယ်မလား?"

လင်ရှုယီကခေါင်းငြိမ့်သည်။

"သူအိပ်နေတုန်း။"

ရှောင်ယွီက အဟာရမျှတပြီးမရသာရှိတဲ့မနက်စာဖြစ်တဲ့ကြက်ဥပေါင်မုန့်ကင်နဲ့နွားနို့ခွက်အကြီးကြီးတစ်ခွက်ကိုစားပြီးကျောင်းသွားပြီဖြစ်၏။ လင်ရှုယီတို့ကတော့ ဆိုင်မှာစားဖို့ရည်ရွယ်ကာ အခုထိမစားရသေးပေ။

Sမြို့ကိုပြန်လာပြီးချိန် ရှန်ဖူ့မှာ လင်ရှုယီကို တစ်ခါတလေကူညီတာကလွဲပြီး လုပ်စရာများများစားစားမရှိချေ။

ရှန်ဖူက အလုပ်တွေအကုန်လုံး သူ့အစ်ကိုဆီမထားခဲ့နိုင်ပေ၊ သူ့အစ်ကိုက စီမံကိန်းတွေအများကြီးလုပ်နေရတာမို့ ရှန်ဖူက နေ့ခင်းပိုင်း လင်ရှုယီအလုပ်များနေပြီး ထောင်ထောင်အိပ်ပျော်နေတဲ့အချိန်ကိုအခွင့်ကောင်းယူကာ လက်ပ်တော့ပ်ကိုဖွင့်လိုက်ပြီး အီးမေးလ်တွေကိုဖြေရှင်းပြီးနောက် သူ့အတွင်းရေးမှူးအန်းနဆီပို့လိုက်သည်။ ဒါက သူ့အလုပ်ကိုလုပ်ပြီး ရှန်ယန့်ကိုကူညီတာလို့ပြောလို့ရသည်။

သူတို့နှစ်ယောက်လုံး အလုပ်တွေပြီးတဲ့အခါ ရှောင်ယွီ့ကျောင်းကလည်းဆင်းပြီဖြစ်၏။ သူတို့မိသားစုက အတူတူဝိုင်းဖွဲ့ထိုင်ကာ လင်ရှုယီချက်ပေးတဲ့အရသာရှိတဲ့ညစာကိုစားကြသည်။ ညစာစားပြီးနောက်မှာ ရှန်ဖူက ‌ရှောင်ယွီ့ကို အိမ်စာကူလုပ်ပေးပြီး လင်ရှုယီက ထောင်ထောင်နဲ့ကစားပေးသည်၊ ကလေးနှစ်ယောက်လုံးကိုသိပ်ပြီးချိန်မှာတော့ သူတို့တွေ သီးသန့်အချိန်လေးရပြီဖြစ်၏။ အမှန်အတိုင်းပြောရလျှင် ရှန်ဖူ့အလိုအရတော့ သူတို့ရဲ့သီးသန့်အချိန်က တိုတောင်းလွန်းသည်၊ အထူးသဖြင့် လင်ရှုယီမှာ နောက်ရက်လုပ်စရာတွေရှိနေတာကြောင့်ပင်။ သူတို့ရဲ့ဆက်ဆံရေးကို ကာကယံမြောက်အတည်ပြုဖြိုအချိန်က နည်းသည်ထက်နည်းလာသော်ငြား ရှန်ဖူကတော့ကျေနပ်သည်။ သူတို့မှာတစ်ဘဝလုံးစာအချိန်ရှိတယ်၊ အလျင်လိုစရာမလိုဘူး။ သူတို့တွေ ဘာမှမလုပ်ဘဲ အတူတူလှဲနေရင်တောင်မှ ရှန်ဖူ့ပျော်ရွှင်မှုတွေကပြည့်လျှံကျလာတတ်သည်။

သို့သော်ငြား ငြိမ်းချမ်းတဲ့နေ့ရက်တွေက တာရှည်မခံရှာပေ။

သူ Sမြို့ကိုပြန်သွားပြီးငါးရက်မြောက်နေ့မှာ ရှန်ဖူ သူ့အမေဆီကဖုန်းကိုရသည်။ သူမရဲ့လေသံကအကောင်းကြီးမဟုတ်ဘဲ သူမက ရှန်ယန်နဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်နေတယ်ဆိုတာကို အရိပ်အမြွက်ပြောပြသည်။ ရှန်ဖူ မျက်ခုံးပင့်မိရ၏။ ဖုန်းထဲကနေတောင်မှ ရှန်မိသားစုရဲ့အခြေအနေက အခုအချိန်ဘယ်လိုဖြစ်နေမယ်ဆိုတာ သူခန့်မှန်းကြည့်လို့ရသည်။

အခုတော့ သူ့အစ်ကိုက ဘာကြောင့် သူ့ကိုနှင်လွှတ်ရတယ်ဆိုတာ ရှန်ဖူသဘောပေါက်သွားပြီဖြစ်၏။ သူ့အစ်ကိုက အခွင့်အရေးယူပြီး အဖိုးရှန်ကိုဖွင့်ပြောမလို့ပဲ။

သူ့အစ်ကိုက ဒီကိစ္စက သူ့အပေါ်သက်ရောက်မှာကို စိုးရိမ်လို့လား? ရှန်ဖူ တိတ်တဆိတ်ပြုံးမိရသည်။ နောက်ဆုံးတော့လည်း သူတို့က ညီအစ်ကိုတွေပဲလေ။

သို့ဖြစ်ရကား ရှန်ဖူက နေ့လည်ခင်းမှာ Hမြို့ဆီကားမောင်းပြန်ဖို့ပြင်သည်။ လင်ရှုယီစိုးရိမ်နေမှာစိုးတာကြောင့် ရှန်ဖူက လင်ရှုယီကို အသေးစိတ်မပြောပြပေ။ လင်ရှုယီက ခေါင်းငြိမ့်ကာ ရှန်ဖူပြန်လာမှာကိုစောင့်နေမယ်လို့ပြောတဲ့အခါ ရှန်ဖူကပြုံးလိုက်ပြီး လင်ရှုယီရဲ့နဖူးကိုနမ်းလိုက်သည်၊ ပြီးနောက် သူက ထောင်ထောင့်နဖူးလေးကိုနမ်း၏။ လောလောဆယ် ရှောင်ယွီက အိမ်မှာရှိမနေတာကြောင့် သူ နောက်မှပဲရှောင်ယွီ့ဆီဖုန်းဆက်တော့မည်ဖြစ်သည်။

ထို့နောက် ရှန်ဖူက Hမြို့ကိုတစ်ယောက်တည်းပြန်သွားသည်။ သူ သူ့အစ်ကို,ကိုကတိပေးထားတယ်၊ သူ့အစ်ကိုရဲ့ခံစားချက်တွေသာအမှန်ဆို သူ သူ့(ရှန်ယန်)ကိုကူညီမယ်လို့၊ သူ သူ့ကတိကိုဖောက်ဖျက်ဖို့မစဉ်းစားထားဘူး။
...

Zawgyi

ေပါင္မုန႔္ၾကက္ဥ
_____________

အဆံုးမွာေတာ့ သူတို႔ ကားထဲမွာတစ္ခုခုလုပ္မိမွာကေန ထိန္းလိုက္ႏိုင္ၾကသည္။ ရွန္ဖူ နည္းနည္းအမူးေျပသြားၿပီးေနာက္မွာ သူတို႔က တျခားတစ္ေယာက္ကို သူတို႔ကိုလာေခၚခိုင္းလိုက္သည္။

သူတို႔ႏွစ္ေယာက္ျပန္ေရာက္သြားခ်ိန္မွာ ရွန္ဖူ႔မိဘေတြက ေရွာင္ယြီ၊ ေထာင္ေထာင္တို႔နဲ႔အတူ ျပန္ေရာက္မလာၾကေသးဘဲ ဖိုးဖိုးရွန္က ေန့ခင္းတစ္ေရးတစ္ေမာအိပ္ေနကာ Alanက သိပ္မၾကာခင္ ေလာ့စ္အိန္ဂ်လိစ္ကိုျပန္ေတာ့မွာ‌မို႔ အန္တီရွန္နဲ႔Alanတို႔ႏွစ္ေယာက္က ေကာ္လိုပူးကပ္ေနၾကကာ ႏွစ္ေယာက္လံုးအိမ္မွာမရိွေပ။

ရွန္ယန္တစ္ေယာက္တည္း အိမ္မွာက်န္ေနခဲ့သည္။

သူ႔ကိုျမင္တဲ့အခါ ရွန္ဖူအံ့ဩသြားသည္။

"ယို၊ အစ္ကို ဒိတ္လုပ္ဖို႔အျပင္မသြားဘူးလား?"

ရွန္ယန္ : ...

ရွန္ယန္ျပန္မေျဖတာကိုေတြ့တဲ့အခါ ရွန္ဖူက ၿပံဳးကာ သူ႔ေဘးနားဝင္ထိုင္သည္။ လင္ရႈယီက ရွန္ဖူအမူးေျပေစဖို႔အတြက္ စြပ္ျပဳတ္လုပ္ေပးဖို႔ မီးဖိုခန္းထဲဝင္သြားကာ ညီအစ္ကိုႏွစ္ေယာက္ကို စကားေျပာေစ၏။

"ငါဘာျဖစ္ေနတယ္ဆိုတာ မင္းသိတယ္ေပါ့?"

ရွန္ယန္ကေမးသည္။

ရွန္ဖူက မ်က္ခံုးပင့္၏။

"ဘာျဖစ္ေနလို႔လဲ? အစ္ကို႔အခ်စ္ေရးအေၾကာင္းေျပာေနတာဆိုရင္ေတာ့ လူသိတယ္လို႔ ကြၽန္ေတာ္ထင္တယ္။"

ရွန္ယန္ : ...

ရွန္ဖူကၿပံဳးကာဆိုသည္။

"ဒါေပမယ့္ အစ္ကိုက လ်ိႈ႔ဝွက္တဲ့ေနရာမွာေတာ္လြန္းတယ္။ ကြၽန္ေတာ္ အစ္ကို႔ရဲ့လ်ိႈ႔ဝွက္ခ်စ္သူကို တစ္ခါေတာင္‌မေတြ့ရေသးဘူး။"

ရွန္ယန္တစ္ေယာက္ ခဏမ်ွတိတ္သြားၿပီး ရုတ္တရက္ၿပံဳးေလ၏။

"မင္း သူ႔ကိုေတြ့ခ်င္တယ္ေပါ့?"

ရွန္ဖူက ခ်က္ခ်င္းျပန္ေျဖသည္။

"ဒါေပါ့! ဘယ္ မိန္းကေလးက..."

"သူက က်န္းခ်န္။"

က်န္းခ်န္ ဘယ္သူလဲဆိုတာျပန္စဉ္းစားဖို႔ ရွန္ဖူ႔အတြက္ အခ်ိန္ႏွစ္မိနစ္ၾကာသည္။ ေနာက္ၿပီး မွတ္မိသြားခ်ိန္မွာ သူ႔စိတ္က အေျခအေနသိပ္မေကာင္းေတာ့ေပ။

"က်န္းခ်န္?!! ကြၽန္ေတာ္တို႔ အဖိုးဝမ္ရဲ့အိမ္မွာေတြ့ခဲ့တဲ့က်န္းခ်န္လား?!!"

ရွန္ယန္ကေခါင္းၿငိမ့္သည္။ ရွန္ဖူက အရက္မူးေနတာျဖစ္ၿပီး အခုေတာ့ သူ႔ဦးေနွာက္ေလး အမႈန႔္ျဖစ္သြားၿပီးလို႔ သူခံစားလိုက္ရေတာ့သည္။

"သူ အရင္ႏွစ္ေတြတည္းက ဒီကထြက္သြားၿပီမဟုတ္ဘူးလား?"

ရွန္ယန္ကေခါင္းၿငိမ့္သည္။

"သူ မၾကာေသးခင္ကမျွပန္ေရာက္တာ။"

"ဒါေပမယ့္..."

ရွန္ဖူက ရွန္ယန႔္စကားကိုရုတ္တရက္ဝင္ျဖတ္ကာေမး၏။

"ေနပါဦး၊ ဆိုေတာ့ အရင္က အစ္ကိုေျပာေနတာ သူ႔အေၾကာင္းေပါ့?"

ဆိုေတာ့ မိန္းကေလးေတြကိုႀကိဳက္ခဲ့တဲ့လူက ရုတ္တရက္ႀကီး ေယာက္်ားေလးေတြကိုႀကိဳက္လာႏိုင္လားလို႔ သူ႔အစ္ကိုေမးတုန္းက သူက က်န္းခ်န္အေၾကာင္းေျပာေနတာေပါ့?

ရွန္ယန္က ေခါင္းထပ္ၿငိမ့္သည္။ သူ႔ပံုစံက ေခါင္းၿငိမ့္ဖို႔ကလြဲၿပီး တျခားဘယ္လိုလုပ္ရမလဲမသိျဖစ္ေနဟန္တူ၏။

ရွန္ဖူ လံုးဝတိတ္သြားေတာ့သည္။ က်န္းခ်န္ဆိုတာ သူမယံုႏိုင္ဘူး။ သူ႔အစ္ကိုနဲ႔က်န္းခ်န္မွာ အေတာ္ေလးရႈပ္ေထြးတဲ့သမိုင္းေၾကာင္းရိွခဲ့ဖူးတာ သူသိတယ္၊ စကားေတြက သူတို႔အဖိုးဆီေတာင္ေရာက္လာတဲ့အထိပဲ။ သူ႔အစ္ကိုက အသည္းအသန္ျငင္းခဲ့ေပမယ့္ ေနာက္ဆံုးေတာ့လည္း က်န္းခ်န္ျဖစ္ေနတုန္းပဲ၊ ဟက္။

ရွန္ယန္က အနည္းငယ္စိတ္လႈပ္ရွားလာကာ ရွန္ဖူ႔ကိုၾကၫ့္သည္။

"မပူပါနဲ႔၊ ငါ အေဖတို႔နဲ႔အဖိုးကို ငါကိုယ္တိုင္ေျပာမွာပါ။"

ရွန္ဖူက သူ႔ဆံပင္ေတြကိုလက္နဲ႔ထိုးဖြလိုက္ၿပီးေနာက္ ေလးနက္တဲ့အမူအရာနဲ႔ေမးသည္။

"အစ္ကို ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီလား?"

ရွန္ယန္ကၿပံဳးသည္။

"အင္း၊ ခ်ၿပီးၿပီ။"

ရွန္ဖူက သက္ျပင္းခ်သည္။ အေျခအေနတစ္ခုလံုးကို ေသခ်ာနားမလည္ဘဲ သူ ဘာဆံုးျဖတ္ခ်က္မွခ်လို႔မရဘူး။ ဒါေပမယ့္ သူ႔အစ္ကိုမွာ သူ႔အေၾကာင္းျပခ်က္နဲ႔သူရိွမယ္လို႔ သူယံုတယ္။ တျခားလူတစ္ေယာက္အေၾကာင္းေတြးရင္ သူအဲ့လိုၿပံဳးရင္ သူ တကယ္ခ်စ္လို႔ပဲျဖစ္ရမယ္။

"ဒါဆို အရမ္းႀကီးမစိုးရိမ္ဘဲလုပ္လိုက္။ အဖိုးတစ္ခုခုလုပ္ရင္ ကြၽန္ေတာ္ ကူၿပီးအသနားခံေပးမယ္။"

ရွန္ယန္ : ...

ခဏအၾကာမွေတာ့ ရွန္ယန္က ေခါင္းငံု႔ကာၿပံဳးလိုက္ၿပီးဆိုသည္။

"ဒါဆိုလည္း ေက်းဇူးကြာ။"

ရွန္ဖူက ေနာက္ဘက္ဆီဆုတ္သြား၏။ အခ်စ္က တကယ္ပဲ လူေတြကို ဒီေလာက္ေတာင္ေျပာင္းလဲပစ္လိုက္ႏိုင္တာလား? ဒါ တကယ္ပဲ သူ႔အစ္ကိုေရာဟုတ္ရဲ့လား? သူစေနာက္တာေတြကို မတုန႔္ျပန္တတ္တဲ့သူေလ?

"ရပါတယ္ဗ်ာ...အာ၊ ေနာက္ဆံုးတစ္ခု၊ ဘယ္သူက...ဟမ္...ေအာက္ကလဲ?"

သူ႔အစ္ကိုမ်က္ႏွာထက္မွာ ခ်က္ခ်င္းစုေဝးလာတဲ့မိုးႀကိဳးတိမ္မည္းေတြကိုျမင္လိုက္တာနဲ႔ ရွန္ဖူ ေရွာ့္ရသြားေတာ့သည္။ ေသာက္ေခြး၊ က်န္းခ်န္က သူ႔အစ္ကိုအေပၚက??!!! ဂ်ီးဆပ္စ္...

ဒါေပမယ့္ က်န္းခ်န္က သူ႔ထက္ေခါင္းတစ္လံုးပိုျမင့္ၿပီး ၁၉၀စင္တီနီးနီအရပ္ရွည္တာကိုျပန္ေတြးမိေတာ့...က်န္းခ်န္က အဲ့လိုလုပ္ႏိုင္တဲ့တစ္ေယာက္တည္းေသာသူျဖစ္ေလာက္တယ္။

လင္ရႈယီကလည္း စြပ္ျပဳတ္နဲ႔အျပင္ထြက္လာ၏။ ရွန္ဖူက ထရပ္လိုက္ကာဆိုသည္။

"ေပ်ာ္စရာအနာဂတ္ေလးရပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းေပးတယ္ဗ်ာ အစ္ကို။"

ရွန္ဖူ႔ရဲ့နည္းနည္းထူးဆန္းေနတဲ့အၿပံဳးေၾကာင့္ တစ္ခုခုလြဲေနတယ္ဆိုတာ ရွန္ယန္သိေပမယ့္ သူ မတုန႔္ျပန္လိုက္ႏိုင္ေပ။

သူ႔ဦးေနွာက္ကအဲ့စကားကိုနားလည္သြားခ်ိန္မွာ ရွန္ဖူက လင္ရႈယီနဲ႔အေပၚတက္သြားၿပီျဖစ္၏။

သူ႔အစ္ကိုေအာက္ထပ္ျဖစ္ေနတယ္ဆိုတာေၾကာင့္ေရွာ့ခ္ရေနမႈကေနရုန္းထြက္ႏိုင္ဖို႔ ရွန္ဖူ႔အတြက္ အခ်ိန္ခဏၾကာသည္၊ သို႔ေသာ္ျငား ျပန္စဉ္းစားၾကၫ့္အၿပီးမွာေတာ့ ဒါက အေတာ္ေလးသဘာဝက်ေနသည္။ အဖိုးဝမ္ရဲ့တူေမာင္က်န္းခ်န္က အေတာ္ေလးထူးျခားၿပီး ဖိုင္နယ္ေဘာ့စ္ေတြထက္ေတာင္ဝမ္းတြင္းမည္းေသးတယ္။ ဘယ္သူအေပၚကျဖစ္မယ္ဆိုတာကိုခက္ခက္ခဲခဲစဉ္းစားေနစရာမလိုဘူး။

ေသခ်ာစဉ္းစားမယ္ဆို က်န္းခ်န္က သူတို႔မိဘေတြနဲ႔တစ္တန္းတည္းဆိုေတာ့ သူနဲ႔သူ႔အစ္ကို က်န္းခ်န္ကို အန္ကယ္လို႔ေခၚရမွာ။ ဒါေတာင္ ေနာက္ဆံုးက် သူ႔အစ္ကိုနဲ႔က်န္းခ်န္က အတူရိွသြားတယ္။

ေကာင္းကင္ကလံုးဝမည္းေမွာင္သြားကာနီးမွသာ မာမားရွန္နဲ႔ပါပါးရွန္ျပန္ေရာက္လာခဲ့သည္။ ရွန္ဖူေအာက္ဆင္းလာခ်ိန္မွာ ရွန္ယန္ကထြက္သြားၿပီျဖစ္၏။ ေရွာင္ယြီက သူ႔ကိုျမင္တာနဲ႔ ရယ္ေမာကာသူ႔ဆီေျပးလာၿပီး သူတို႔ အဖိုးအဖြားႏွစ္ေယာက္နဲ႔ဘယ္ေတြသြားတယ္၊ ဘာေတျြမင္ခဲ့တယ္ဆိုတာကိုျပန္ေျပာျပသည္။

ေထာင္ေထာင္က ရွန္ဖူ႔ကို ခ်စ္ခင္စြာႏႈတ္ဆက္လိုက္ၿပီးေနာက္ ရွန္ဖူ႔ေနာက္ကိုလွမ္းၾကၫ့္၏။ လင္ရႈယီဆင္းလာတာနဲ႔ သူက သူ႔ကိုခ်ီဖို႔ လင္ရႈယီကိုလွမ္းေျပာသည္။ ဒီကေလးႏွစ္ေယာက္က သူတို႔နဲ႔မ်ိဳးရိုးခ်င္းမတူတဲ့မိဘေတြကို ခ်စ္ခင္ေနၾကသည္။ ဒါက အေတာ္ေလးရယ္ခ်င္စရာေကာင္းသည္။

[T/N : ေရွာင္ယြီ႔နာမည္က လင္ယြီ၊ ေထာင္ေထာင့္နာမည္က ရွန္ေထာင္။ ဒါေပမယ့္ ေရွာင္ယြီက ရွန္ဖူ႔ကိုပိုခ်စ္ၿပီး ေထာင္ေထာင္က လင္ရႈယီကိုပိုခ်စ္ေနတယ္။ သူေျပာခ်င္တာဒါ။]

မနက္ျဖန္က တနလၤာေန့ျဖစ္ၿပီး ေရွာင္ယြီက ေက်ာင္းသြားရမွာမို႔ သူတို႔ေတြ ဒီညျပန္ရမည္ျဖစ္သည္။ ရွန္ဖူကလည္း ဒါကိုသိေပမယ့္ မခြဲခတင္တာေၾကာင့္ သူ သူတို႔ကိုလိုက္ပို႔ၿပီးမွHၿမိဳ႔ကိုျပန္မယ္လို႔ေျပာကာ သူတို႔ကိုခဏေလာက္ေစာင့္ေနဖို႔ေျပာသည္။

သို႔ေပသိ ဒါက ရွန္ဖူပင္ပန္းရမွာျဖစ္တာေၾကာင့္ လင္ရႈယီကျငင္းလိုက္ၿပီး သူတို႔ကိုလိုက္ပို႔ဖို႔လူတစ္ေယာက္ရွာလိုက္ရင္ရၿပီလို႔ဆိုသည္။ ေနာက္ေန့မနက္မွာ ရွန္ဖူက အလုပ္သြားရဦးမည္ျဖစ္ၿပီး လင္ရႈယီက ရွန္ဖူ႔အတြက္ အရမ္းခက္ခဲေအာင္မလုပ္ခ်င္ေပ။

သူတို႔ႏွစ္ေယာက္ခ်စ္ခင္လို႔မၿပီးေသးခင္မွာပင္ ေမေမရွန္ကထေျပာသည္။

"ေရွာင္ဖူ၊ သား ႏွစ္ရက္ေလာက္အလုပ္နားလိုက္ရင္ေရာ ဘယ္လိုလဲ? တစ္ခုခုျဖစ္လို႔ မင္းအစ္ကိုမွာအခ်ိန္မရိွရင္ မင္းအေဖလုပ္ႏိုင္သားပဲ။"

ေဖေဖရွန္တစ္ေယာက္ ေသာဒကတက္ခြင့္မေရးခင္မွာပင္ ရွန္ယန္က ဖုန္းေျပာရင္းေအာက္ဆင္းလာသည္။ သူက မေရမရာစကားတခ်ိဳ႕ေျပာကာဖုန္းခ်လိုက္ၿပီးေနာက္ ရွန္ဖူ႔ကိုလွမ္းေျပာ၏။

"သြား၊ ရက္နည္းနည္းေလာက္နားၿပီး ေနာက္တစ္ပတ္မျွပန္လာခဲ့။"

ရွန္ဖူက သူ႔ကို : အစ္ကို ဒိတ္လုပ္ၿပီးကြၽန္ေတာ္တို႔မိဘေတြကိုသိမ္းသြင္းဖို႔ အခ်ိန္လိုတယ္မဟုတ္ဘူးလားဟူသၫ့္အေမးမ်က္လံုးတို႔ျဖင့္ၾကၫ့္သည္။

ရွန္ယန္က မ်က္ေမွာင္ကုတ္ကာတုန႔္ျပန္လာၿပီးႏွာမႈတ္ကာဆို၏။

"မသြားခ်င္ဘူးလား? ဒါဆို မင္း မနက္ျဖန္အလုပ္လာလို႔ရတယ္။"

အထက္လူႀကီးကေျပာလာၿပီမို႔ သဘာဝက်စြာပင္ ရွန္ဖူက တုန႔္ဆိုင္းမေနဘဲလက္ခံလိုက္ေလ၏။

ရွန္ဖူ႔မိဘေတြက အၾကၫ့္ခ်င္းဖလွယ္လိုက္ၾကၿပီး သူတို႔က ရွန္ယန္နဲ႔အတူထိုင္ကာ စကားေတြအၾကာႀကီးေျပာခ်င္ေနၾကပံုရသည္။ ရွန္ဖူ႔ကို ရွန္ေကာ္ပိုေရးရွင္းမွာေနေစတာက ရွန္တစ္မိသားစုလံုးသေဘာတူထားတဲ့အႀကံျဖစ္သည္။ ရွန္ဖူတို႔မိသားစုေလးကို သူတို႔ ဒီလိုမကြဲကြာေစခ်င္ေပမယ့္လည္း ရွန္ဖူ အေျခတက်ျဖစ္သြားၿပီး သူ႔အစ္ကိုနဲ႔အတူ ရွန္ေကာ္ပိုေရးရွင္းကိုစီမံဖို႔သင္ယူရတာက သူ႔အတြက္လိုအပ္တဲ့အေတြ့အႀကံဳျဖစ္၏။ ဒါ့အျပင္ ညီအစ္ကိုႏွစ္ေယာက္က သေဘာတူညီခ်က္လုပ္ၿပီးတာမို႔ ရလဒ္အေနနဲ႔ ရွန္ဖူတစ္ေယာက္ တုန႔္ဆိုင္းေနတာေတာင္ Sၿမိဳ႔ကိုခ်က္ခ်င္းျပန္ေျပးၿပီး သူ႔တာဝန္ေတြကေနခိုကပ္ေနမယ့္အစား ရွန္‌ေကာ္ပိုေရးရွင္းမွာေနရဖို႔ျဖစ္လာသည္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္က အဲ့အေၾကာင္းဘာမွမေျပာဘဲ ေမေမရွန္ကလည္းမေမးေပမယ့္ ၾကၫ့္ရတာေတာ့ သူတို႔ အားလံုးဆီကေနဖုန္းကြယ္ထားတာတစ္ခုရိွေနတာေသခ်ာလို႔ေနသည္။

သို႔ေပသိ အဆံုးမွာေတာ့ သူတို႔ ရွန္ယန႔္ကိုတစ္ခုခုေျပာမေျပာ ရွန္ဖူမသိႏိုင္ေတာ့ေပ၊ အေၾကာင္းမူ သူက သူ႔ေဘာ့စ္ရဲ့ခြင့္ျပဳခ်က္နဲ႔ Sၿမိဳ႔အျပန္လမ္းေပၚ သူ႔မိသားစုနဲ႔အတူေရာက္ေနၿပီျဖစ္ေသာေၾကာင့္ပင္။

သူတို႔ျပန္ေရာက္ခ်ိန္မွာ ညသန္းေခါင္ေရာက္ၿပီျဖစ္ၿပီး ကားေနာက္ခန္းကသံုးေယာက္လံုး အိပ္ေပ်ာ္ေနၾကၿပီျဖစ္သည္။ ရွန္ဖူက လင္ရႈယီကိုမႏိႈးဘဲ ကေလးႏွစ္ေယာက္ကို အိမ္ထဲခ်ီသြားသည္။ သူ ေရွာင္ယြီ႔ကိုခ်ီတဲ့အခါ ေရွာင္ယြီကႏိုးလာေပမယ့္ သူက မ်က္လံုးဖြင့္ကာရွန္ဖူ႔ကိုၾကၫ့္လိုက္ၿပီးေနာက္ ျပန္အိပ္ေပ်ာ္သြားခဲ့သည္။

ထို႔ေနာက္ ရွန္ဖူက လင္ရႈယီကို သတို႔သမီးပံုစံေပြ့ခ်ီလိုက္ၿပီး အိမ္ထဲကို ဂရုတစိုက္ခ်ီလာေပးသည္။

လင္ရႈယီက အေတာ္ေလးပင္ပန္းေနတာေၾကာင့္ထင္၏၊ လံုးဝႏိုးမလာခဲ့ေခ်။ ပထမေတာ့ ရွန္ဖူက မအိပ္ခင္တစ္ခုခုလုပ္ခ်င္ခဲ့တာေပမယ့္ သူက သူ႔ဆႏၵကိုထိန္းခ်ဳပ္ကာေရခ်ိဳးလိုက္ၿပီး ကုတင္ေပၚတက္ကာ ခ်စ္ရသူကို ေထြးေပြ့ထားလိုက္ေတာ့သည္။

အက်င့္ပါ‌ေနတာမို႔ လင္ရႈယီက ရွန္ဖူ႔ရင္ခြင္နဲ႔ပိုနီးေအာင္တိုးကပ္လာ၏။ ပီတိျဖာေနတဲ့ရွန္ဖူက သူ႔မ်က္လံုးေတြကိုမိွတ္လိုက္ၿပီး ခဏအၾကာမွာအိပ္ေပ်ာ္သြားေတာ့သည္။

မနက္ခင္းမွာႏိုးလာၿပီး ရင္းႏွီးေနတဲ့မ်က္ႏွာက်က္ကိုျမင္တဲ့အခါ ရွန္ဖူ ခဏေလာက္ေၾကာင္သြားသည္။ သူက တစ္ဖက္ကိုေခါင္းလွၫ့္လိုက္ၿပီးသူ႔ေဘးမွာအိပ္ေပ်ာ္ေနတဲ့သူကိုေတြ့တဲ့အခါ မေနႏိုင္စြာၿပံဳးလိုက္မိ၏။

ခ်စ္ရသူေဘးမွာႏိုးလာရတာျဖစ္ျဖစ္၊ မင္းေဘးကခ်စ္ရသူႏိုးလာတာကိုၾကၫ့္ေနရတာပဲျဖစ္ျဖစ္ ႏွစ္ခုလံုးက ႏွစ္သက္စရာအေတြ့အႀကံဳပင္။

သူတို႔ ရွီခ်င္စားေသာက္ဆိုင္ဖြင့္ဖို႔ေရာက္သြားတဲ့အခါ လူတိုင္းက ရွန္ဖူ လင္ရႈယီနဲ႔အတူေရာက္လာမွာကို ထင္မထားမိၾကဘဲ အားလံုးက သူ႔ေဘးနားဝိုင္းအံုေနကာ လက္ေဆာင္ေတြပါခဲ့လားလို႔ေမးၾကသည္။ ရွန္ဖူက ၿပံဳးလိုက္ကာ သူ Hၿမိဳ႔ကဝယ္လာတဲ့မုန႔္ေတြနဲ႔လက္ေဆာင္ဘူးေတြကိုထုတ္ၿပီးဆို၏။

"မ်က္စိအေတာ္ရွင္ၾကတာပဲ။"

ထန္ေရွာင္းက ရႊင္ျမဴးစြာဆိုသည္။

"ဒါေပါ့ဗ်၊ အစ္ကိုရွန္က အၿမဲရက္ေရာတာကို၊ သိဖို႔စဉ္းစားစရာေတာင္မလိုဘူး။"

မိန္းကေလးႏွစ္ေယာက္က ရယ္ေမာကာျဖင့္ ထန္ေရွာင္းကိုေဘးဘက္ဆီတြန္းဖယ္သည္။

"အားအားယားယားစကားမ်ားမေနဘဲ အလုပ္သြားလုပ္ေတာ့။"

ထို႔ေနာက္ သူမတို႔က လင္ရႈယီဘက္လွၫ့္သည္။

"ေထာင္ေထာင္ေလးေရာ? သူလည္းျပန္လာတယ္မလား?"

လင္ရႈယီကေခါင္းၿငိမ့္သည္။

"သူအိပ္ေနတုန္း။"

ေရွာင္ယြီက အဟာရမ်ွတၿပီးမရသာရိွတဲ့မနက္စာျဖစ္တဲ့ၾကက္ဥေပါင္မုန႔္ကင္နဲ႔ႏြားႏို႔ခြက္အႀကီးႀကီးတစ္ခြက္ကိုစားၿပီးေက်ာင္းသြားၿပီျဖစ္၏။ လင္ရႈယီတို႔ကေတာ့ ဆိုင္မွာစားဖို႔ရည္ရြယ္ကာ အခုထိမစားရေသးေပ။

Sၿမိဳ႔ကိုျပန္လာၿပီးခ်ိန္ ရွန္ဖူ႔မွာ လင္ရႈယီကို တစ္ခါတေလကူညီတာကလြဲၿပီး လုပ္စရာမ်ားမ်ားစားစားမရိွေခ်။

ရွန္ဖူက အလုပ္ေတြအကုန္လံုး သူ႔အစ္ကိုဆီမထားခဲ့ႏိုင္ေပ၊ သူ႔အစ္ကိုက စီမံကိန္းေတြအမ်ားႀကီးလုပ္ေနရတာမို႔ ရွန္ဖူက ေန့ခင္းပိုင္း လင္ရႈယီအလုပ္မ်ားေနၿပီး ေထာင္ေထာင္အိပ္ေပ်ာ္ေနတဲ့အခ်ိန္ကိုအခြင့္ေကာင္းယူကာ လက္ပ္ေတာ့ပ္ကိုဖြင့္လိုက္ၿပီး အီးေမးလ္ေတြကိုေျဖရွင္းၿပီးေနာက္ သူ႔အတြင္းေရးမွဴးအန္းနဆီပို႔လိုက္သည္။ ဒါက သူ႔အလုပ္ကိုလုပ္ၿပီး ရွန္ယန႔္ကိုကူညီတာလို႔ေျပာလို႔ရသည္။

သူတို႔ႏွစ္ေယာက္လံုး အလုပ္ေတြၿပီးတဲ့အခါ ေရွာင္ယြီ႔ေက်ာင္းကလည္းဆင္းၿပီျဖစ္၏။ သူတို႔မိသားစုက အတူတူဝိုင္းဖြဲ႔ထိုင္ကာ လင္ရႈယီခ်က္ေပးတဲ့အရသာရိွတဲ့ညစာကိုစားၾကသည္။ ညစာစားၿပီးေနာက္မွာ ရွန္ဖူက ‌ေရွာင္ယြီ႔ကို အိမ္စာကူလုပ္ေပးၿပီး လင္ရႈယီက ေထာင္ေထာင္နဲ႔ကစားေပးသည္၊ ကေလးႏွစ္ေယာက္လံုးကိုသိပ္ၿပီးခ်ိန္မွာေတာ့ သူတို႔ေတြ သီးသန႔္အခ်ိန္ေလးရၿပီျဖစ္၏။ အမွန္အတိုင္းေျပာရလ်ွင္ ရွန္ဖူ႔အလိုအရေတာ့ သူတို႔ရဲ့သီးသန္႔အခ်ိန္က တိုေတာင္းလြန္းသည္၊ အထူးသျဖင့္ လင္ရႈယီမွာ ေနာက္ရက္လုပ္စရာေတြရိွေနတာေၾကာင့္ပင္။ သူတို႔ရဲ့ဆက္ဆံေရးကို ကာကယံေျမာက္အတည္ျပဳျဖိဳအခ်ိန္က နည္းသည္ထက္နည္းလာေသာ္ျငား ရွန္ဖူကေတာ့ေက်နပ္သည္။ သူတို႔မွာတစ္ဘဝလံုးစာအခ်ိန္ရိွတယ္၊ အလ်င္လိုစရာမလိုဘူး။ သူတို႔ေတြ ဘာမွမလုပ္ဘဲ အတူတူလွဲေနရင္ေတာင္မွ ရွန္ဖူ႔ေပ်ာ္ရႊင္မႈေတြကျပၫ့္လ်ွံက်လာတတ္သည္။

သို႔ေသာ္ျငား ၿငိမ္းခ်မ္းတဲ့ေန့ရက္ေတြက တာရွည္မခံရွာေပ။

သူ Sၿမိဳ႔ကိုျပန္သြားၿပီးငါးရက္ေျမာက္ေန့မွာ ရွန္ဖူ သူ႔အေမဆီကဖုန္းကိုရသည္။ သူမရဲ့ေလသံကအေကာင္းႀကီးမဟုတ္ဘဲ သူမက ရွန္ယန္နဲ႔ပတ္သက္ၿပီးတစ္ခုခုျဖစ္ေနတယ္ဆိုတာကို အရိပ္အႁမြက္ေျပာျပသည္။ ရွန္ဖူ မ်က္ခံုးပင့္မိရ၏။ ဖုန္းထဲကေနေတာင္မွ ရွန္မိသားစုရဲ့အေျခအေနက အခုအခ်ိန္ဘယ္လိုျဖစ္ေနမယ္ဆိုတာ သူခန႔္မွန္းၾကၫ့္လို႔ရသည္။

အခုေတာ့ သူ႔အစ္ကိုက ဘာေၾကာင့္ သူ႔ကိုႏွင္လႊတ္ရတယ္ဆိုတာ ရွန္ဖူသေဘာေပါက္သြားၿပီျဖစ္၏။ သူ႔အစ္ကိုက အခြင့္အေရးယူၿပီး အဖိုးရွန္ကိုဖြင့္ေျပာမလို႔ပဲ။

သူ႔အစ္ကိုက ဒီကိစၥက သူ႔အေပၚသက္ေရာက္မွာကို စိုးရိမ္လို႔လား? ရွန္ဖူ တိတ္တဆိတ္ၿပံဳးမိရသည္။ ေနာက္ဆံုးေတာ့လည္း သူတို႔က ညီအစ္ကိုေတြပဲေလ။

သို႔ျဖစ္ရကား ရွန္ဖူက ေန့လည္ခင္းမွာ Hၿမိဳ႔ဆီကားေမာင္းျပန္ဖို႔ျပင္သည္။ လင္ရႈယီစိုးရိမ္ေနမွာစိုးတာေၾကာင့္ ရွန္ဖူက လင္ရႈယီကို အေသးစိတ္မေျပာျပေပ။ လင္ရႈယီက ေခါင္းၿငိမ့္ကာ ရွန္ဖူျပန္လာမွာကိုေစာင့္ေနမယ္လို႔ေျပာတဲ့အခါ ရွန္ဖူကၿပံဳးလိုက္ၿပီး လင္ရႈယီရဲ့နဖူးကိုနမ္းလိုက္သည္၊ ၿပီးေနာက္ သူက ေထာင္ေထာင့္နဖူးေလးကိုနမ္း၏။ ေလာေလာဆယ္ ေရွာင္ယြီက အိမ္မွာရိွမေနတာေၾကာင့္ သူ ေနာက္မွပဲေရွာင္ယြီ႔ဆီဖုန္းဆက္ေတာ့မည္ျဖစ္သည္။

ထို႔ေနာက္ ရွန္ဖူက Hၿမိဳ႔ကိုတစ္ေယာက္တည္းျပန္သြားသည္။ သူ သူ႔အစ္ကို,ကိုကတိေပးထားတယ္၊ သူ႔အစ္ကိုရဲ့ခံစားခ်က္ေတြသာအမွန္ဆို သူ သူ႔(ရွန္ယန္)ကိုကူညီမယ္လို႔၊ သူ သူ႔ကတိကိုေဖာက္ဖ်က္ဖို႔မစဉ္းစားထားဘူး။
...

Continue Reading

You'll Also Like

123K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
97.9K 12.6K 84
New New New ✨️ 😍 Novel အသစ်လေးတစ်ပုဒ် လာပြန်ပါပြီရှင် 1 ရက်နေ့မှာ update စပါမယ်နော် ကြိုဖတ်ထားချင်တဲ့ ချစ်တို့က translator လေးရဲ့ wp acc မှာ ဖတ်လိ...
639K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
15.7K 2.3K 19
' ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! ' ( Fu Lang Called me Home For Dinner) Title: 夫郎喊我回家吃软饭了 Author: 岛里天下 Total chapters 117 (c...