{Zawgyi}
ရွားရွားပါးပါး ၿမိဳ႕ပ်က္တစ္ခုအားေတြ႕ေသာ္လည္း ကံဆိုးခ်င္ေတာ့ ရာခ်ီေနတဲ့Zombieေတြလိုက္တာခံရတယ္။
တေနကုန္ေျပးလႊားေနရသည့္အတြက္ Hanzoraမွာေျခကုန္လက္ပန္းက်လာေလသည္။
မ်ားမၾကာမီတြင္ ေမွာင္ရိပ္သန္းလာေတာ့မည့္ ေကာင္းကင္ေၾကာင့္ သူေရာက္ရာအရပ္မွာပင္ အိပ္ရေတာ့မည္။
ဘာပစၥည္းကိရိယာမွမပါေသာေၾကာင့္ ညဖက္အိပ္လို႔ရမည္မဟုတ္ေလာက္..။
ေမွာင္ေမွာင္မဲမဲထဲတြင္ အႏၲရာယ္ရွိသည့္အရာမွာ Zombieတစ္ခုထဲမဟုတ္ တျခားတိရိစၦာန္တို႔လည္းပါသည္။
ရွင္းလင္းေနေသာ ကတၲရာလမ္းမအား ေတြ႕ရသည့္အခါ သူေရာက္ေနသည္ကား ေနာက္ထပ္တစ္စုံတစ္ခုနွင့္ နီးေနဟန္တူသည္။
ေရွ႕ဆက္ေလ်ွာက္ဖို႔ ခြန္အားတို႔ယုတ္ေလ်ာ့ေနသည့္တိုင္ သူကားေရွ႕ကိုဆက္ရပါမည္။
ထိန္းခ်ဳပ္သူတို႔လက္ထဲမွ ခက္ခက္ခဲခဲလြတ္လာသည္မွာ ကံသီေပလို႔သာ။
သူဘယ္နည္းနဲ႔ျဖစ္ျဖစ္ အသက္ဆက္ရွင္ရမည္....။
ဘယ္လိုမွ ထို႐ြံစရာသတၱဝါေတြလို အဆုံးမသတ္နိုင္ဘူး။
ေကာင္းကင္ရွိ ေနလုံးသည္ကား အလုံးစုံေပ်ာက္ကြယ္သြားသည့္အခ်ိန္တြင္ ပတ္ဝန္းက်င္မွာ ေမွာင္ရိပ္သန္းရုံမ်ွပင္မဟုတ္ပဲ အေမွာင္အတိကိုက်လာပါသည္။
ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာ' ဆိုသလိုမ်ိဳး ျဖစ္ေနသည့္ သူ႔အျဖစ္ေၾကာင့္ Hanzoraခပ္ေရးေရး ဆဲဆိုလိုက္သည္။
"Fuck ! - ီးလိုပဲ "
ဆက္သြား၍မရေတာ့သည့္ အေနအထားတြင္ သူဟာေရာက္ရာအရပ္တြင္သာ တစ္ကိုယ္တည္းစခန္းခ်ရပါေတာ့သည္။
တေနကုန္လည္း ေခါက္ဆြဲေျခာက္နွင့္ ေပါင္မုန္႔သာစားရေသးသည္မို႔ အခ်က္ျပေနၿပီျဖစ္ေသာ အစာအိမ္အား လ်စ္လ်ဴရႈလ်က္သာ လမ္းမအလြန္က ေက်ာက္တုံးႀကီးတစ္ခုေပၚတြင္ ေက်ာခ်လိုက္သည္။
သူအခုဘာမ်ားဆက္လုပ္ရပါ့မလဲ။
ဘယ္လြတ္ေျမာက္ေရးစခန္းမွာမွ ဝင္လို႔မရသည့္ သူ႔အျဖစ္သည္ကား စုပ္လည္းစူး စားလည္းရူးပင္။
ဒီလိုအျပင္မွာ တစ္ေယာက္ထဲ Zombieေတြလက္ကလြတ္ေအာင္ ေရွာင္ရင္းကြင္းရင္းနဲ႔ပဲ မေသမခ်င္းက်င္လည္သြားရမယ့္ဘဝ။
Zombieေတြကိုပဲေရွာင္ရမွာလားဆိုေတာ့ကား မဟုတ္...။
သူဟာယခုဆိုလ်ွင္ လြတ္ေျမာက္ေရးနယ္ေျမ(၁)၏ ဝရမ္းေျပးတစ္ေယာက္...။ ဝရမ္းေျပးဆိုသည္နွင့္အညီ ထိုနယ္ေျမက စိတ္မနွံ႔တဲ့Rhythmလိုလူေတြက သူ႔အားဖမ္းရင္ဖမ္း မဟုတ္လ်ွင္ ေတြ႕သည့္ေနရာမွာတင္ သတ္ပစ္ၾကလိမ့္မည္။
Hanzora တစ္ေယာက္ထဲ ဟားတိုက္ရယ္ေမာလိုက္သည္..။
အဆိုးဆုံးအေျခအေနသို႔ေရာက္ေနၿပီမို႔ ဘာေတြပဲထပ္ျဖစ္လာျဖစ္လာ သူမမႈနိုင္ေတာ့။
"ေဟ့ေကာင္ေတြ....မင္းတို႔အားလုံးကို
ငါ- ီးမွ မေၾကာက္ဘူးကြ"
စိတ္ႀကိဳက္ေအာ္ဟစ္ဆဲဆိုၿပီးေနာက္တြင္ ေျမႇာက္ထားသည့္ ဘယ္ဖက္လက္စီမွ လက္စြပ္အားသတိထားမိသြားသည္။
"ဘာလဲဟ..ဒါက အရင္ကမရွိပါဘူး"
ပုံစံသည္ကား ေၾကာ့ရွင္းကာ လက္ရာေျမႇာက္လွသည္မို႔ လက္စြပ္အားခြၽတ္မယ္ဟန္ျပင္ေတာ့ ခြၽတ္မရပါေခ်။
အားသုံးေနတာေတာင္ ကြၽတ္မလာသည့္လက္စြပ္ေၾကာင့္ စိတ္အခ်ဥ္ေပါက္ေပါက္နွင့္ လႊအေသးေလးအားဖန္တီးကာ ထိုလက္စြပ္အား ဖ်က္ဖို႔လုပ္သည္။
ေမွာင္ေမွာင္မဲမဲထဲတြင္မို႔ ကိုယ့္လက္ကိုယ္မျဖတ္မိေအာင္ သတိထားေနသည့္အတြက္ Hanတစ္ေယာက္ ေဘးပတ္ဝန္းက်င္ကို ေခတၲေမ့ေလ်ာ့သြားေလသည္။
" ဂီးး....."
အေမွာင္ထဲမွ အသံေၾကာင့္ လုပ္လက္စတို႔ရပ္တန္႔သြားရေသာ Hanzoraသည္ တိုက္ခိုက္ရန္အသင့္အေနအထားျပင္ပါသည္။
ခ်က္ေကာင္းမထိမခ်င္းမေသတတ္ေသာ Zombieတို႔၏ ထုံးစံအတိုင္း အျမဳေတရွိရာ ေနရာသို႔ ဦးတည္ဖ်က္စီးရသည္မို႔ ေသနတ္တစ္လက္ကိုသာ Hanzoraဖန္တီးလိုက္သည္။
Zombieရွိရာေနရာသို႔ တည့္တည့္ပစ္လႊတ္လိုက္ေသာ က်ည္ဆံနွစ္ေတာင့္သည္ကား ေရွ႕ဆုံးရွိZombie၏ ဦးေခါင္းတည့္တည့္အား ထိမွန္သည္။
ခန္႔မွန္းေျခတင္ အေကာင္၃၀ေလာက္ရွိေသာ Zombieတို႔ေၾကာင့္ Hanနႈတ္ခမ္းတို႔ဟသြားရသည္။
ေလးတိေလးကန္အေျခအေနအရ ထိုZombieတို႔မွာ အနီေရာင္အျမဳေတအဆင့္ေတြပဲျဖစ္ရမည္။
စိတ္အနည္းငယ္ေအးသြားသည့္ Hanအား တဟုန္တိုးေျပးလာေသာ အေနာက္ဖက္နားက Zombieနွစ္ေကာင္က အငိုက္ဖမ္းကာ တိုက္ခိုက္ပါသည္။
ခရမ္းေရာင္အျမဳေတအဆင့္....။
ေသခ်ာသည္ ဒီ၂ေကာင္က က်န္တဲ့zombieေတြကို ဦးေဆာင္လာတာပဲ ျဖစ္ရမယ္။
ကပ္သီးေလး လြတ္ေအာင္ေရွာင္လိုက္နိုင္ေသာ Hanေၾကာင့္ ေဒါသထြက္သြားဟန္ျဖင့္ ထိုZombieနွစ္ေကာင္မွာ သည္းႀကီးမဲႀကီးလိုက္တိုက္ခိုက္ပါသည္။
ဘာလဲဟ....ဒီေကာင္ေတြက မူမမွန္ဘူး။
Han၏အစြမ္းသည္ကား အကန္႔အသတ္ရွိသည္ျဖစ္ရာ ဒိုင္းကာျဖင့္ ကိုယ့္ကိုကိုယ္ ကာကြယ္ထားေသာ္လည္း ထိုအကာအရံသည္ကား ထပ္ၿပီးေတာင့္ခံနိုင္ေတာ့မည့္ပုံ မေပၚ။
အားနည္းလွသည့္ ခႏၶာကိုယ္ကလည္း လက္နက္ေတြကို တရစပ္ဖန္တီးေနရေသာေၾကာင့္ တျဖည္းျဖည္း ဆုတ္ယုတ္လာေတာ့သည္။
ဖန္တီးထားသည့္လက္နက္တို႔ အနက္မွ လက္ပစ္ဗုံးနွစ္ခုအား ခရမ္းေရာင္အျမဳေတအဆင့္ ၂ေကာင္အား ခ်ိန္ပစ္လိုက္သည္။
ေပါက္ကြဲမႈအားျပင္းေသာေၾကာင့္ ဒိုင္းကာကိုကာရံထားသည့္တိုင္ အေဝးသို႔လႊင့္စင္သြားရသည့္ Hanzoraမွာ ေက်ာနွင့္တစ္စုံတစ္ခုရိုက္ခတ္မႈေၾကာင့္ အထိနာသြားရသည္။
အလင္းေရာင္ထြက္ေနသည့္ေနရာသည္ ကားမီးလုံးျဖစ္ေၾကာင္းသိရေသာအခါ နာက်င္မႈေတြပင္ သက္သာသြားသလို တစ္ခ်ိန္ထဲမွာပင္ စိုးထိတ္မႈက ပိုမိုႀကီးစိုးလာေတာ့သည္။
ထိုကားထဲကလူေတြက သူ႔ရန္သူျဖစ္ေနခဲ့ပါလ်ွင္....။
"Han....."
သူ႔နာမည္အား အဖ်ားစြတ္ကာ ေခၚဆိုမႈေနာက္တြင္ Hanzoraတစ္ေယာက္ ထိုေနရာမွ ထြက္ေျပးရန္ႀကံစည္ရပါသည္။
နာမည္္ကိုသိေနတယ္ဆိုထဲကိုက သူ႔အတြက္ မေကာင္းနိုင္ဘူး။
ေျပးလုဆဲဆဲေျခလွမ္းတို႔သည္ကား ခါးလယ္မွေကာက္ခ်ီလိုက္ေသာ လူတစ္ေယာက္ေၾကာင့္ အထမေျမာက္ေတာ့ပါေခ်။
ပခုံးေပၚအား ထမ္းတင္ထားသည္မွာ လူတစ္ေယာက္ဆိုတာ ထိုသူသိပါေလစ။
"လႊတ္စမ္းငါ- ိုးမသားရဲ႕....မင္းတို႔ ဘယ္သူေတြလဲ"
ျပန္မေျဖသည္မို႔ လက္ထဲဖန္တီးထားသည့္ ဓားတိုျဖင့္ ၿပီးၿပီးေရာ ထိုးခ်ဟန္ျပင္ေလေတာ့ စကားသံကထပ္ထြက္လာသည္။
"မင္းဒဏ္ရာရထားတယ္...Han"
ေစာနက Zombieတို႔နွင့္ တိုက္တုန္းက ရထားဟန္ရွိေသာ Hanကိုယ္ေပၚက ထိခိုက္ဒဏ္ရာအနည္းငယ္တို႔က Ziraအား ေဒါသထြက္ေစပါသည္။
အနီးအနားမွာ Zombieေတြရွိမွန္းသိေသာ္ျငားလည္း အခုခ်ိန္ထိတိုက္ခိုက္မခံရေသးသည္မွာ Zira၏ brainwashingလုပ္ထားမႈေၾကာင့္ပင္။
"သူ႔ကိုေသခ်ာၾကည့္ေပးထား Rydas...ထြက္မေျပးသြားေစနဲ႔ "
ရုန္းကန္ေနေသာ အေကာင္ေလးအား ကားေပၚရွိRydasဆီ အပ္ခဲ့ၿပီးေနာက္တြင္ သူသည္ကား ေရွ႕လမ္းမွZombieတို႔ကို ရွင္းရန္ထြက္သြားေလေတာ့သည္။
ေခါင္းဆာင္ျဖစ္သည့္ Ziraအား နားမလည္နိုင္ေသာ္ျငား Rydasမွအစ ေမးခြန္းမထုတ္သည္မို႔ အဖြဲ႕သားတို႔မွာလည္း အထြန္႔မတက္ရဲဘဲ ထိုေနရာတြင္သာေစာင့္ေနရေပသည္။
စခန္းအတြက္ လိုအပ္သည္မ်ားကိုရၿပီးၿပီမို႔ အျပန္လမ္းကိုဦးတည္ရမည့္အစား ဘာမေျပာညာမေျပာနွင့္ ေရွ႕ဆက္ေနဆဲ သူတို႔ေခါင္းေဆာင္၏ ဦးတည္ခ်က္ကိုကား ခုမွသေဘာေပါက္ေတာ့သည္။
ေခါင္းေဆာင္က သူ႔ေကာင္ေလးကိုသြားရွာသည္ပဲ။
ဒါေပမဲ့ အခုရွာေတြ႕ၿပီဆိုေတာ့ လွည့္ျပန္သင့္ေနၿပီမဟုတ္လား...။
ေန႔လည္ကမွ Zombieရာနဲ႔ခ်ီေနတဲ့ ကုန္တိုက္တစ္ခုကို သူတို႔အားလုံးမေသရုံတမယ္ တိုက္ခဲ့ရတာေလ။
Zombieအေငြ႕အသက္တို႔ကို ခံစားမိသည္မို႔ ေခါင္းေဆာင္သြားေနသည့္ေနရာမွာ Zombieတို႔အေကာင္ေရမနည္း ရွိေနမွာေသခ်ာသည္မို႔ အေျခအေနအရ ထြက္ေျပးသင့္သည္ကို ေခါင္းေဆာင္ဘာေတြမ်ား ေတြးေနတာပါလိမ့္။
Hanကေတာ့ျဖင့္ ရုန္းရင္းဆန္ခတ္မလုပ္ေသးပဲ အေျခအေနအား မ်က္လုံးေဝ့ကာအကဲခတ္လ်က္ရွိသည္။
ဒီလူေတြကိုသူျမင္ဖူးသည္။
တစ္နည္း သူထြက္ေျပးလာတာ သူတို႔ဆီကဆိုလည္းမမွား...။
အႏၱရာယ္ေပးမည့္ပုံမေပၚေသာ္လည္း Hanအေနနဲ႔ေတာ့ျဖင့္ သတိတစ္ခ်က္ကေလးေတာင္မလြတ္ရဲပါ။
ကိုယ္စီကိုယ္စီျဖင့္ အေတြးတို႔ျပည့္ေနေသာသူတို႔ကိုကား မိုးႀကိဳးပစ္သံတစ္ခ်က္က ရပ္တန္႔ေစပါသည္။
ေျမႀကီးေတြ၂ျခမ္းကြဲသြားသည္ဟု ထင္ရေလာက္ေအာက္ အားျပင္းလွသည့္မိုးႀကိဳးမွာ သူတို႔ေခါင္းေဆာင္၏ အစြမ္းျဖစ္ေၾကာင္းမမွားနိုင္။
သူတို႔ေတာင္အစြမ္းသိပ္မက်န္ေတာ့တဲ့ အေနအထားမွာ ေခါင္းေဆာင္က ဘယ္လိုလုပ္ ဒီေလာက္ႀကီးတဲ့အစြမ္းေတြကို သုံးနိုင္ေနေသးတာလဲ။
ေခါင္းေဆာင္က ဘယ္ေလာက္ထိေတာင္အစြမ္းႀကီးတာပါလိမ့္။
အဖြဲ႕သားတို႔တစ္ညီတစ္ၫြတ္ထဲ ေတြးမိသည္ကား တူညီေသာအေတြးတစ္ခုထဲ။
Zira၏သရုပ္မွန္အားသိေနသည့္ Rogerသည္ပင္ ထိုအျခင္းအရာကို အံ့ဩေနပုံအရ Zira၏ အစြမ္းအစအမွန္ကို အခုခ်ိန္ထိ သူမသိခဲ့ေၾကာင္း သေဘာေပါက္ေတာ့သည္။
ဒီလူက အႏၱရာယ္မ်ားလိုက္တာ။
"သြားမယ္....."
ျပန္ေရာက္လာသည့္ Zira၏ကိုယ္ေပၚတြင္ ေသြးတစ္စက္မွစြန္းထင္းမလာ၊ ထိခိုက္ဒဏ္ရာတို႔ တစ္ခုတေလမွ မေတြ႕ရ။
ၾကက္သီးထသည္ထက္ပိုေသာ ေၾကာက္႐ြံ႕မႈတို႔က အဖြဲ႕သားတို႔၏ စိတ္တြင္း၌ခိုေအာင္းေနၿပီျဖစ္ေသာေၾကာင့္ အသံတစ္သံတစ္စုံတရာမွ မျပဳရဲ။
"ေစာနက မိုးႀကိဳးက ခင္ဗ်ားလုပ္လိုက္တာလား"
ေႏြလယ္ေခါင္မိုးႀကိဳးပစ္ခ်သကဲ့သို႔ေသာ ထိတ္လန္႔မႈသည္ကား ခံစားရေအာင္လုပ္သည္္မွာ ေခါင္းေဆာင္၏ေကာင္ေလးျဖစ္သူ Hanပင္။
ဒီအေျခအေနႀကီးမွာ ဘာမွမေျပာလို႔မရဘူးလားဟင္..။
"အင္း..."
Han၏ အေမးစကားတို႔ကို ၿပီးၿပီးေရာေျဖလိုက္သည့္ Ziraကေတာ့ျဖင့္ ကားေပၚတက္သြားသည့္တိုင္ မေမာင္းထြက္ေသးေသာေၾကာင့္ သူ႔အဖြဲ႕သားေတြကို ခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္ေပးလိုက္သည္။
သူ႔အၾကည့္အား နားလည္သည့္အဖြဲ႕သားတို႔မွာ တစ္စကၠန္႔မ်ွပင္ အခ်ိန္မဆိုင္းရဲပဲ ထိုေနရာကေမာင္းထြက္လာရပါေတာ့သည္။
ကား၂စီးစလုံးသည္ ေရွ႕ဆင့္ေနာက္ဆင့္ျဖင့္ အရွိန္ကုန္တင္ကာ ေမာင္းေနပုံမွာ အေတာ္ကိုအလ်င္လိုေနပုံရသည္။
Ziraတို႔ကားေပၚတြင္ Zira၊ Hanနွင့္ Rydasတို႔ပါေလရာ ကားေမာင္းရသည့္ အဖြဲ႕သားေလးမွာ အသက္ေတာင္ရဲရဲမရႈရဲ။
"မင္းဘာလို႔ထြက္ေျပးသြားရတာလဲ"
ထိုအေမးသည္ကား Rydasဆီမွ လာျခင္းျဖစ္သည္။
သူစခန္းမွာရွိေနတုန္းက ေကာလဟာလတစ္စြန္းတစ္စအရ ထိုေကာင္ေလးအေၾကာင္း အတန္သင့္ေတာ့ၾကားဖူးပါသည္။
ပုံစံၾကည့္ရတာေတာ့ျဖင့္ အတိတ္ေမ့ေနေသာ လူမဟုတ္ေတာ့တန္ရာ။
"မင္း....ငါတို႔ဆီ ဘာရည္႐ြယ္ခ်က္နဲ႔ေရာက္လာတာတုန္း ဟမ္ ! "
"ဒီမွာ....အခု ငါ့ကို အတင္းအၾကပ္ဖမ္းေခၚလာတာ မင္းတို႔ေနာ္ "
Rydas၏ ခပ္မာမာအသံျဖင့္ အေမးစကားကို မေလ်ွာ႔ေသာေလသံနွင့္ ျပန္ေျဖေသာ Hanမွာ သူယခင္ကသိခဲ့သည့္ အေကာင္ေပါက္လို ေကာင္ေလးနွင့္ ကြာျခားေနသည္။
ေလသံကအစ ေျပာင္းသြားေသာ ကေလးငယ္ျဖစ္သူအား Ziraမသိမသာ အကဲခတ္သည္။
အင္း.....တစ္ခုခုေတာ့ တစ္ခုခုပဲ။ ဒီတစ္ခါေရာ ဘာေတြမ်ား ဉာဏ္မ်ားမလို႔ႀကံေနတာပါလိမ့္။
"ခင္ဗ်ားကေရာ - ီးမို႔လို႔ ၾကည့္ေနတာလား။ ျဖဳတ္ေပး ဒီလက္ထိပ္ကို"
အခဲမေၾကမႈေၾကာင့္ ခပ္ပါးပါးဆဲလိုက္ေသာ္လည္း ထိုလူမွာ သူ႔ထက္ႀကီးမွန္း Hanမသိစိတ္ကသိေနပါသည္။
ႀကီးႀကီးမႀကီးႀကီး....သူဟာ မူလပုံစံကိုက အရိုင္းအစိုင္းေပပဲမို႔ ထူးေထြၿပီး ဆင္ျခင္ေနမွာမဟုတ္။
အင္း...ဒီလူ႔ဆီကေန အႏၱရာယ္မေပးဘူးဆိုတာ ေသခ်ာေနတဲ့ခံစားခ်က္ေၾကာင့္ ဒီလိုေလသံနဲ႔ ေျပာရဲျခင္းေပလား။
Han၏စကားမွာ အမိန္႔ေပးေနသလိုျဖစ္ေသာ္လည္း Ziraကေတာ့ စိတ္ခုျခင္းအလ်ဥ္းမရွိဘဲ ကားေရွ႕ခုံနွင့္ တြဲခတ္ထားေသာ ကေလးငယ္၏ လက္တစ္ဖက္က လက္ထိပ္အား လက္ဗလာခ်ည္းသပ္သပ္ ဆြဲျဖဳတ္လိုက္ပါသည္။
ေၾကာင္အေနသည္မွာ Hanတစ္ေယာက္ထဲေတာ့မဟုတ္တန္ရာ....။
ဘုရားေရ Ziraဆိုတဲ့ လူက ခြန္အားခ်ည္းသပ္သပ္ေတာင္ ဒီေလာက္ႀကီးသည္လား။
"ေနာက္တစ္ခါ ထြက္မေျပးနဲ႔.... ကိုယ္က မင္းကို ဘာအႏၱရာယ္မွေပးမဲ့သူမဟုတ္ဘူး....Han"
ေပ်ာ့ေပ်ာင္းေနသည့္ေလသံမွာ Hanနားထဲဝင္လာေသာအခါ ရင္ဘတ္ထဲမွာ ယားက်ိက်ိျဖစ္လာရပါသည္။
ဒီလူ...ခႏၶာကိုယ္နဲ႔မွမလိုက္ ဘယ္လိုေတြေျပာေနရတာလဲ။
"ဘယ္လိုယုံရမွာလဲ.....က်ဳပ္ကိုဘယ္သူမွန္းေတာင္ ခင္ဗ်ားသိလို႔လား ! "
"Hanzora...."
"...."
"မင္းရဲ႕နာမည္အစစ္က Hanzora...."
အသက္ပင္ေအာင့္ထားမိသည္လား မေျပာတတ္ေအာင္ Hanထိုလူအား ဘယ္ေလာက္ၾကာၾကာ ေငးၾကည့္မိေနသည္လဲ။
မိမိဘယ္သူလဲ သိရက္နွင့္ ေခၚေဆာင္လာသူမွာ ဘယ္လိုမွမရိုးတန္ရာ....သူ...သူ ဒီလူ႔ဆီက ထြက္ေျပးရပါမယ္။
တိုက္ခိုက္ရန္အတြက္ အႀကံဖန္ထုတ္ေနသည့္ အေကာင္ေလးအား Ziraအျမတ္တနိုးၾကည့္လိုက္သည္။
အားအင္တို႔ကုန္ခမ္းေနသည့္အတြက္ အစြမ္းတို႔ကို ထိုေကာင္ေလး ထုတ္သုံးလို႔ရမည္မဟုတ္ေသး။
"အကူညီလိုေသးလား...."
ခရမ္းေရာင္ အျမဳေတ၂လုံးအား ထုတ္ေပးလာေသာ Ziraမွာ ရက္ေရာလွသည္ထက္ပိုပါသည္။
ထိုအျမဳေတသည္ကား အဆင့္တက္ျခင္းအတြက္ အေရးႀကီးလွသလို တစ္လုံးထဲဆိုလ်ွင္ေတာင္ အားအျပည့္ျဖည့္ရန္ လုံေလာက္သည္။
"ခင္ဗ်ား!! "
"မင္းအသက္ရွင္ေနသ၍ ကိုယ့္ဆီကေန မလြတ္ေျမာက္နိုင္ဘူး Han..."
" ခင္ဗ်ားပါးစပ္က ယုတၱိမရွိတာေတြ ေျပာေနတာရပ္ၿပီး ဘာရည္႐ြယ္ခ်က္နဲ႔ က်ဳပ္ကိုကယ္လာတာလဲဆိုတာသာေျပာ!! ခင္ဗ်ား ဘာလိုခ်င္တာလဲ "
"မင္း "
"...."
"ကိုယ္လိုခ်င္တာက....မင္းဆိုတဲ့ Hanzoraကိုပဲ "
ျပဳံးစစနႈတ္ခမ္းတို႔သည္ကား Han၏ေဒါသကိုဆြေနသလိုပင္။
လက္ခလယ္အား ေထာင္ျပကာ ခပ္ေရးေရးဆဲေတာ့ ထိုလူႀကီးမွာ ခပ္ဟဟရယ္ပါသည္။
"အႀကီးကိုမဆဲရဘူး Han....။ အထူးသျဖင့္ မင္းရဲ႕ေယာက္်ားကိုေပါ့"
"ဘယ္သူက ခင္ဗ်ားရဲ႕ ေယာက္်ားလဲ !!
ဆဲေတာ့ - ီးျဖစ္လား !! ငါ- ိုးထဲမွ မ်က္နွာရူးနဲ႔လာေတြ႕ေနတယ္ "
Han၏ ဆဲသံတို႔ျဖင့္ က်ယ္ေလာင္ေနေသာ Ziraတို႔ကားေပၚတြင္ကား ေနာက္ဆက္တြဲတြင္ Zira၏ ရယ္သံက်ယ္က်ယ္ကလည္း ဒြန္တြဲပါလာပါသည္။
ဒီလူ....အျမင္ကတ္စရာေကာင္းလိုက္တာ...
သို႔နွင့္....Hanzoraတစ္ေယာက္ကေတာ့ျဖင့္ ထြက္ေျပးဖို႔အစီအစဥ္အစား ထိုလူႀကီးအေနာက္လိုက္ရန္သာ ေ႐ြးခ်ယ္လိုက္ပါေတာ့သည္။
အဟမ္း ! အျပင္မွာေလ်ွာက္သြားေနရင္ ျမန္ျမန္ေသသြားမွာစိုးလို႔ ဒီလူႀကီးကို အသုံးခ်ဖို႔ ဆုံးျဖတ္လိုက္တာ။
^^^^^^^^^^^^^
feedbackေလးေတြ ေမ်ွာ္ေနပါေၾကာင္းTwT
ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္💙
___________________
{Unicode}
ရှားရှားပါးပါး မြို့ပျက်တစ်ခုအားတွေ့သော်လည်း ကံဆိုးချင်တော့ ရာချီနေတဲ့Zombieတွေလိုက်တာခံရတယ်။
တနေကုန်ပြေးလွှားနေရသည့်အတွက် Hanzoraမှာခြေကုန်လက်ပန်းကျလာလေသည်။
များမကြာမီတွင် မှောင်ရိပ်သန်းလာတော့မည့် ကောင်းကင်ကြောင့် သူရောက်ရာအရပ်မှာပင် အိပ်ရတော့မည်။
ဘာပစ္စည်းကိရိယာမှမပါသောကြောင့် ညဖက်အိပ်လို့ရမည်မဟုတ်လောက်..။
မှောင်မှောင်မဲမဲထဲတွင် အန္တရာယ်ရှိသည့်အရာမှာ Zombieတစ်ခုထဲမဟုတ် တခြားတိရိစ္ဆာန်တို့လည်းပါသည်။
ရှင်းလင်းနေသော ကတ္တရာလမ်းမအား တွေ့ရသည့်အခါ သူရောက်နေသည်ကား နောက်ထပ်တစ်စုံတစ်ခုနှင့် နီးနေဟန်တူသည်။
ရှေ့ဆက်လျှောက်ဖို့ ခွန်အားတို့ယုတ်လျော့နေသည့်တိုင် သူကားရှေ့ကိုဆက်ရပါမည်။
ထိန်းချုပ်သူတို့လက်ထဲမှ ခက်ခက်ခဲခဲလွတ်လာသည်မှာ ကံသီပေလို့သာ။
သူဘယ်နည်းနဲ့ဖြစ်ဖြစ် အသက်ဆက်ရှင်ရမည်....။
ဘယ်လိုမှ ထိုရွံစရာသတ္တဝါတွေလို အဆုံးမသတ်နိုင်ဘူး။
ကောင်းကင်ရှိ နေလုံးသည်ကား အလုံးစုံပျောက်ကွယ်သွားသည့်အချိန်တွင် ပတ်ဝန်းကျင်မှာ မှောင်ရိပ်သန်းရုံမျှပင်မဟုတ်ပဲ အမှောင်အတိကိုကျလာပါသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုသလိုမျိုး ဖြစ်နေသည့် သူ့အဖြစ်ကြောင့် Hanzoraခပ်ရေးရေး ဆဲဆိုလိုက်သည်။
"Fuck ! -ီးလိုပဲ "
ဆက်သွား၍မရတော့သည့် အနေအထားတွင် သူဟာရောက်ရာအရပ်တွင်သာ တစ်ကိုယ်တည်းစခန်းချရပါတော့သည်။
တနေကုန်လည်း ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်သာစားရသေးသည်မို့ အချက်ပြနေပြီဖြစ်သော အစာအိမ်အား လျစ်လျူရှုလျက်သာ လမ်းမအလွန်က ကျောက်တုံးကြီးတစ်ခုပေါ်တွင် ကျောချလိုက်သည်။
သူအခုဘာများဆက်လုပ်ရပါ့မလဲ။
ဘယ်လွတ်မြောက်ရေးစခန်းမှာမှ ဝင်လို့မရသည့် သူ့အဖြစ်သည်ကား စုပ်လည်းစူး စားလည်းရူးပင်။
ဒီလိုအပြင်မှာ တစ်ယောက်ထဲ Zombieတွေလက်ကလွတ်အောင် ရှောင်ရင်းကွင်းရင်းနဲ့ပဲ မသေမချင်းကျင်လည်သွားရမယ့်ဘဝ။
Zombieတွေကိုပဲရှောင်ရမှာလားဆိုတော့ကား မဟုတ်...။
သူဟာယခုဆိုလျှင် လွတ်မြောက်ရေးနယ်မြေ(၁)၏ ဝရမ်းပြေးတစ်ယောက်...။ ဝရမ်းပြေးဆိုသည်နှင့်အညီ ထိုနယ်မြေက စိတ်မနှံ့တဲ့Rhythmလိုလူတွေက သူ့အားဖမ်းရင်ဖမ်း မဟုတ်လျှင် တွေ့သည့်နေရာမှာတင် သတ်ပစ်ကြလိမ့်မည်။
Hanzora တစ်ယောက်ထဲ ဟားတိုက်ရယ်မောလိုက်သည်..။
အဆိုးဆုံးအခြေအနေသို့ရောက်နေပြီမို့ ဘာတွေပဲထပ်ဖြစ်လာဖြစ်လာ သူမမှုနိုင်တော့။
"ဟေ့ကောင်တွေ....မင်းတို့အားလုံးကို
ငါ-ီးမှ မကြောက်ဘူးကွ"
စိတ်ကြိုက်အော်ဟစ်ဆဲဆိုပြီးနောက်တွင် မြှောက်ထားသည့် ဘယ်ဖက်လက်စီမှ လက်စွပ်အားသတိထားမိသွားသည်။
"ဘာလဲဟ..ဒါက အရင်ကမရှိပါဘူး"
ပုံစံသည်ကား ကြော့ရှင်းကာ လက်ရာမြှောက်လှသည်မို့ လက်စွပ်အားချွတ်မယ်ဟန်ပြင်တော့ ချွတ်မရပါချေ။
အားသုံးနေတာတောင် ကျွတ်မလာသည့်လက်စွပ်ကြောင့် စိတ်အချဉ်ပေါက်ပေါက်နှင့် လွှအသေးလေးအားဖန်တီးကာ ထိုလက်စွပ်အား ဖျက်ဖို့လုပ်သည်။
မှောင်မှောင်မဲမဲထဲတွင်မို့ ကိုယ့်လက်ကိုယ်မဖြတ်မိအောင် သတိထားနေသည့်အတွက် Hanတစ်ယောက် ဘေးပတ်ဝန်းကျင်ကို ခေတ္တမေ့လျော့သွားလေသည်။
" ဂီးး....."
အမှောင်ထဲမှ အသံကြောင့် လုပ်လက်စတို့ရပ်တန့်သွားရသော Hanzoraသည် တိုက်ခိုက်ရန်အသင့်အနေအထားပြင်ပါသည်။
ချက်ကောင်းမထိမချင်းမသေတတ်သော Zombieတို့၏ ထုံးစံအတိုင်း အမြုတေရှိရာ နေရာသို့ ဦးတည်ဖျက်စီးရသည်မို့ သေနတ်တစ်လက်ကိုသာ Hanzoraဖန်တီးလိုက်သည်။
Zombieရှိရာနေရာသို့ တည့်တည့်ပစ်လွှတ်လိုက်သော ကျည်ဆံနှစ်တောင့်သည်ကား ရှေ့ဆုံးရှိZombie၏ ဦးခေါင်းတည့်တည့်အား ထိမှန်သည်။
ခန့်မှန်းခြေတင် အကောင်၃၀လောက်ရှိသော Zombieတို့ကြောင့် Hanနှုတ်ခမ်းတို့ဟသွားရသည်။
လေးတိလေးကန်အခြေအနေအရ ထိုZombieတို့မှာ အနီရောင်အမြုတေအဆင့်တွေပဲဖြစ်ရမည်။
စိတ်အနည်းငယ်အေးသွားသည့် Hanအား တဟုန်တိုးပြေးလာသော အနောက်ဖက်နားက Zombieနှစ်ကောင်က အငိုက်ဖမ်းကာ တိုက်ခိုက်ပါသည်။
ခရမ်းရောင်အမြုတေအဆင့်....။
သေချာသည် ဒီ၂ကောင်က ကျန်တဲ့zombieတွေကို ဦးဆောင်လာတာပဲ ဖြစ်ရမယ်။
ကပ်သီးလေး လွတ်အောင်ရှောင်လိုက်နိုင်သော Hanကြောင့် ဒေါသထွက်သွားဟန်ဖြင့် ထိုZombieနှစ်ကောင်မှာ သည်းကြီးမဲကြီးလိုက်တိုက်ခိုက်ပါသည်။
ဘာလဲဟ....ဒီကောင်တွေက မူမမှန်ဘူး။
Han၏အစွမ်းသည်ကား အကန့်အသတ်ရှိသည်ဖြစ်ရာ ဒိုင်းကာဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ထားသော်လည်း ထိုအကာအရံသည်ကား ထပ်ပြီးတောင့်ခံနိုင်တော့မည့်ပုံ မပေါ်။
အားနည်းလှသည့် ခန္ဓာကိုယ်ကလည်း လက်နက်တွေကို တရစပ်ဖန်တီးနေရသောကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာတော့သည်။
ဖန်တီးထားသည့်လက်နက်တို့ အနက်မှ လက်ပစ်ဗုံးနှစ်ခုအား ခရမ်းရောင်အမြုတေအဆင့် ၂ကောင်အား ချိန်ပစ်လိုက်သည်။
ပေါက်ကွဲမှုအားပြင်းသောကြောင့် ဒိုင်းကာကိုကာရံထားသည့်တိုင် အဝေးသို့လွှင့်စင်သွားရသည့် Hanzoraမှာ ကျောနှင့်တစ်စုံတစ်ခုရိုက်ခတ်မှုကြောင့် အထိနာသွားရသည်။
အလင်းရောင်ထွက်နေသည့်နေရာသည် ကားမီးလုံးဖြစ်ကြောင်းသိရသောအခါ နာကျင်မှုတွေပင် သက်သာသွားသလို တစ်ချိန်ထဲမှာပင် စိုးထိတ်မှုက ပိုမိုကြီးစိုးလာတော့သည်။
ထိုကားထဲကလူတွေက သူ့ရန်သူဖြစ်နေခဲ့ပါလျှင်....။
"Han....."
သူ့နာမည်အား အဖျားစွတ်ကာ ခေါ်ဆိုမှုနောက်တွင် Hanzoraတစ်ယောက် ထိုနေရာမှ ထွက်ပြေးရန်ကြံစည်ရပါသည်။
နာမည်ကိုသိနေတယ်ဆိုထဲကိုက သူ့အတွက် မကောင်းနိုင်ဘူး။
ပြေးလုဆဲဆဲခြေလှမ်းတို့သည်ကား ခါးလယ်မှကောက်ချီလိုက်သော လူတစ်ယောက်ကြောင့် အထမမြောက်တော့ပါချေ။
ပခုံးပေါ်အား ထမ်းတင်ထားသည်မှာ လူတစ်ယောက်ဆိုတာ ထိုသူသိပါလေစ။
"လွှတ်စမ်းငါ-ိုးမသားရဲ့....မင်းတို့ ဘယ်သူတွေလဲ"
ပြန်မဖြေသည်မို့ လက်ထဲဖန်တီးထားသည့် ဓားတိုဖြင့် ပြီးပြီးရော ထိုးချဟန်ပြင်လေတော့ စကားသံကထပ်ထွက်လာသည်။
"မင်းဒဏ်ရာရထားတယ်...Han"
စောနက Zombieတို့နှင့် တိုက်တုန်းက ရထားဟန်ရှိသော Hanကိုယ်ပေါ်က ထိခိုက်ဒဏ်ရာအနည်းငယ်တို့က Ziraအား ဒေါသထွက်စေပါသည်။
အနီးအနားမှာ Zombieတွေရှိမှန်းသိသော်ငြားလည်း အခုချိန်ထိတိုက်ခိုက်မခံရသေးသည်မှာ Zira၏ brainwashingလုပ်ထားမှုကြောင့်ပင်။
"သူ့ကိုသေချာကြည့်ပေးထား Rydas...ထွက်မပြေးသွားစေနဲ့ "
ရုန်းကန်နေသော အကောင်လေးအား ကားပေါ်ရှိRydasဆီ အပ်ခဲ့ပြီးနောက်တွင် သူသည်ကား ရှေ့လမ်းမှZombieတို့ကို ရှင်းရန်ထွက်သွားလေတော့သည်။
ခေါင်းဆာင်ဖြစ်သည့် Ziraအား နားမလည်နိုင်သော်ငြား Rydasမှအစ မေးခွန်းမထုတ်သည်မို့ အဖွဲ့သားတို့မှာလည်း အထွန့်မတက်ရဲဘဲ ထိုနေရာတွင်သာစောင့်နေရပေသည်။
စခန်းအတွက် လိုအပ်သည်များကိုရပြီးပြီမို့ အပြန်လမ်းကိုဦးတည်ရမည့်အစား ဘာမပြောညာမပြောနှင့် ရှေ့ဆက်နေဆဲ သူတို့ခေါင်းဆောင်၏ ဦးတည်ချက်ကိုကား ခုမှသဘောပေါက်တော့သည်။
ခေါင်းဆောင်က သူ့ကောင်လေးကိုသွားရှာသည်ပဲ။
ဒါပေမဲ့ အခုရှာတွေ့ပြီဆိုတော့ လှည့်ပြန်သင့်နေပြီမဟုတ်လား...။
နေ့လည်ကမှ Zombieရာနဲ့ချီနေတဲ့ ကုန်တိုက်တစ်ခုကို သူတို့အားလုံးမသေရုံတမယ် တိုက်ခဲ့ရတာလေ။
Zombieအငွေ့အသက်တို့ကို ခံစားမိသည်မို့ ခေါင်းဆောင်သွားနေသည့်နေရာမှာ Zombieတို့အကောင်ရေမနည်း ရှိနေမှာသေချာသည်မို့ အခြေအနေအရ ထွက်ပြေးသင့်သည်ကို ခေါင်းဆောင်ဘာတွေများ တွေးနေတာပါလိမ့်။
Hanကတော့ဖြင့် ရုန်းရင်းဆန်ခတ်မလုပ်သေးပဲ အခြေအနေအား မျက်လုံးဝေ့ကာအကဲခတ်လျက်ရှိသည်။
ဒီလူတွေကိုသူမြင်ဖူးသည်။
တစ်နည်း သူထွက်ပြေးလာတာ သူတို့ဆီကဆိုလည်းမမှား...။
အန္တရာယ်ပေးမည့်ပုံမပေါ်သော်လည်း Hanအနေနဲ့တော့ဖြင့် သတိတစ်ချက်ကလေးတောင်မလွတ်ရဲပါ။
ကိုယ်စီကိုယ်စီဖြင့် အတွေးတို့ပြည့်နေသောသူတို့ကိုကား မိုးကြိုးပစ်သံတစ်ချက်က ရပ်တန့်စေပါသည်။
မြေကြီးတွေ၂ခြမ်းကွဲသွားသည်ဟု ထင်ရလောက်အောက် အားပြင်းလှသည့်မိုးကြိုးမှာ သူတို့ခေါင်းဆောင်၏ အစွမ်းဖြစ်ကြောင်းမမှားနိုင်။
သူတို့တောင်အစွမ်းသိပ်မကျန်တော့တဲ့ အနေအထားမှာ ခေါင်းဆောင်က ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့အစွမ်းတွေကို သုံးနိုင်နေသေးတာလဲ။
ခေါင်းဆောင်က ဘယ်လောက်ထိတောင်အစွမ်းကြီးတာပါလိမ့်။
အဖွဲ့သားတို့တစ်ညီတစ်ညွတ်ထဲ တွေးမိသည်ကား တူညီသောအတွေးတစ်ခုထဲ။
Zira၏သရုပ်မှန်အားသိနေသည့် Rogerသည်ပင် ထိုအခြင်းအရာကို အံ့ဩနေပုံအရ Zira၏ အစွမ်းအစအမှန်ကို အခုချိန်ထိ သူမသိခဲ့ကြောင်း သဘောပေါက်တော့သည်။
ဒီလူက အန္တရာယ်များလိုက်တာ။
"သွားမယ်....."
ပြန်ရောက်လာသည့် Zira၏ကိုယ်ပေါ်တွင် သွေးတစ်စက်မှစွန်းထင်းမလာ၊ ထိခိုက်ဒဏ်ရာတို့ တစ်ခုတလေမှ မတွေ့ရ။
ကြက်သီးထသည်ထက်ပိုသော ကြောက်ရွံ့မှုတို့က အဖွဲ့သားတို့၏ စိတ်တွင်း၌ခိုအောင်းနေပြီဖြစ်သောကြောင့် အသံတစ်သံတစ်စုံတရာမှ မပြုရဲ။
"စောနက မိုးကြိုးက ခင်ဗျားလုပ်လိုက်တာလား"
နွေလယ်ခေါင်မိုးကြိုးပစ်ချသကဲ့သို့သော ထိတ်လန့်မှုသည်ကား ခံစားရအောင်လုပ်သည်မှာ ခေါင်းဆောင်၏ကောင်လေးဖြစ်သူ Hanပင်။
ဒီအခြေအနေကြီးမှာ ဘာမှမပြောလို့မရဘူးလားဟင်..။
"အင်း..."
Han၏ အမေးစကားတို့ကို ပြီးပြီးရောဖြေလိုက်သည့် Ziraကတော့ဖြင့် ကားပေါ်တက်သွားသည့်တိုင် မမောင်းထွက်သေးသောကြောင့် သူ့အဖွဲ့သားတွေကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပေးလိုက်သည်။
သူ့အကြည့်အား နားလည်သည့်အဖွဲ့သားတို့မှာ တစ်စက္ကန့်မျှပင် အချိန်မဆိုင်းရဲပဲ ထိုနေရာကမောင်းထွက်လာရပါတော့သည်။
ကား၂စီးစလုံးသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် အရှိန်ကုန်တင်ကာ မောင်းနေပုံမှာ အတော်ကိုအလျင်လိုနေပုံရသည်။
Ziraတို့ကားပေါ်တွင် Zira၊ Hanနှင့် Rydasတို့ပါလေရာ ကားမောင်းရသည့် အဖွဲ့သားလေးမှာ အသက်တောင်ရဲရဲမရှုရဲ။
"မင်းဘာလို့ထွက်ပြေးသွားရတာလဲ"
ထိုအမေးသည်ကား Rydasဆီမှ လာခြင်းဖြစ်သည်။
သူစခန်းမှာရှိနေတုန်းက ကောလဟာလတစ်စွန်းတစ်စအရ ထိုကောင်လေးအကြောင်း အတန်သင့်တော့ကြားဖူးပါသည်။
ပုံစံကြည့်ရတာတော့ဖြင့် အတိတ်မေ့နေသော လူမဟုတ်တော့တန်ရာ။
"မင်း....ငါတို့ဆီ ဘာရည်ရွယ်ချက်နဲ့ရောက်လာတာတုန်း ဟမ် ! "
"ဒီမှာ....အခု ငါ့ကို အတင်းအကြပ်ဖမ်းခေါ်လာတာ မင်းတို့နော် "
Rydas၏ ခပ်မာမာအသံဖြင့် အမေးစကားကို မလျှော့သောလေသံနှင့် ပြန်ဖြေသော Hanမှာ သူယခင်ကသိခဲ့သည့် အကောင်ပေါက်လို ကောင်လေးနှင့် ကွာခြားနေသည်။
လေသံကအစ ပြောင်းသွားသော ကလေးငယ်ဖြစ်သူအား Ziraမသိမသာ အကဲခတ်သည်။
အင်း.....တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီတစ်ခါရော ဘာတွေများ ဉာဏ်များမလို့ကြံနေတာပါလိမ့်။
"ခင်ဗျားကရော -ီးမို့လို့ ကြည့်နေတာလား။ ဖြုတ်ပေး ဒီလက်ထိပ်ကို"
အခဲမကြေမှုကြောင့် ခပ်ပါးပါးဆဲလိုက်သော်လည်း ထိုလူမှာ သူ့ထက်ကြီးမှန်း Hanမသိစိတ်ကသိနေပါသည်။
ကြီးကြီးမကြီးကြီး....သူဟာ မူလပုံစံကိုက အရိုင်းအစိုင်းပေပဲမို့ ထူးထွေပြီး ဆင်ခြင်နေမှာမဟုတ်။
အင်း...ဒီလူ့ဆီကနေ အန္တရာယ်မပေးဘူးဆိုတာ သေချာနေတဲ့ခံစားချက်ကြောင့် ဒီလိုလေသံနဲ့ ပြောရဲခြင်းပေလား။
Han၏စကားမှာ အမိန့်ပေးနေသလိုဖြစ်သော်လည်း Ziraကတော့ စိတ်ခုခြင်းအလျဉ်းမရှိဘဲ ကားရှေ့ခုံနှင့် တွဲခတ်ထားသော ကလေးငယ်၏ လက်တစ်ဖက်က လက်ထိပ်အား လက်ဗလာချည်းသပ်သပ် ဆွဲဖြုတ်လိုက်ပါသည်။
ကြောင်အနေသည်မှာ Hanတစ်ယောက်ထဲတော့မဟုတ်တန်ရာ....။
ဘုရားရေ Ziraဆိုတဲ့ လူက ခွန်အားချည်းသပ်သပ်တောင် ဒီလောက်ကြီးသည်လား။
"နောက်တစ်ခါ ထွက်မပြေးနဲ့.... ကိုယ်က မင်းကို ဘာအန္တရာယ်မှပေးမဲ့သူမဟုတ်ဘူး....Han"
ပျော့ပျောင်းနေသည့်လေသံမှာ Hanနားထဲဝင်လာသောအခါ ရင်ဘတ်ထဲမှာ ယားကျိကျိဖြစ်လာရပါသည်။
ဒီလူ...ခန္ဓာကိုယ်နဲ့မှမလိုက် ဘယ်လိုတွေပြောနေရတာလဲ။
"ဘယ်လိုယုံရမှာလဲ.....ကျုပ်ကိုဘယ်သူမှန်းတောင် ခင်ဗျားသိလို့လား ! "
"Hanzora...."
"...."
"မင်းရဲ့နာမည်အစစ်က Hanzora...."
အသက်ပင်အောင့်ထားမိသည်လား မပြောတတ်အောင် Hanထိုလူအား ဘယ်လောက်ကြာကြာ ငေးကြည့်မိနေသည်လဲ။
မိမိဘယ်သူလဲ သိရက်နှင့် ခေါ်ဆောင်လာသူမှာ ဘယ်လိုမှမရိုးတန်ရာ....သူ...သူ ဒီလူ့ဆီက ထွက်ပြေးရပါမယ်။
တိုက်ခိုက်ရန်အတွက် အကြံဖန်ထုတ်နေသည့် အကောင်လေးအား Ziraအမြတ်တနိုးကြည့်လိုက်သည်။
အားအင်တို့ကုန်ခမ်းနေသည့်အတွက် အစွမ်းတို့ကို ထိုကောင်လေး ထုတ်သုံးလို့ရမည်မဟုတ်သေး။
"အကူညီလိုသေးလား...."
ခရမ်းရောင် အမြုတေ၂လုံးအား ထုတ်ပေးလာသော Ziraမှာ ရက်ရောလှသည်ထက်ပိုပါသည်။
ထိုအမြုတေသည်ကား အဆင့်တက်ခြင်းအတွက် အရေးကြီးလှသလို တစ်လုံးထဲဆိုလျှင်တောင် အားအပြည့်ဖြည့်ရန် လုံလောက်သည်။
"ခင်ဗျား!! "
"မင်းအသက်ရှင်နေသ၍ ကိုယ့်ဆီကနေ မလွတ်မြောက်နိုင်ဘူး Han..."
" ခင်ဗျားပါးစပ်က ယုတ္တိမရှိတာတွေ ပြောနေတာရပ်ပြီး ဘာရည်ရွယ်ချက်နဲ့ ကျုပ်ကိုကယ်လာတာလဲဆိုတာသာပြော!! ခင်ဗျား ဘာလိုချင်တာလဲ "
"မင်း "
"...."
"ကိုယ်လိုချင်တာက....မင်းဆိုတဲ့ Hanzoraကိုပဲ "
ပြုံးစစနှုတ်ခမ်းတို့သည်ကား Han၏ဒေါသကိုဆွနေသလိုပင်။
လက်ခလယ်အား ထောင်ပြကာ ခပ်ရေးရေးဆဲတော့ ထိုလူကြီးမှာ ခပ်ဟဟရယ်ပါသည်။
"အကြီးကိုမဆဲရဘူး Han....။ အထူးသဖြင့် မင်းရဲ့ယောက်ျားကိုပေါ့"
"ဘယ်သူက ခင်ဗျားရဲ့ ယောက်ျားလဲ !!
ဆဲတော့ -ီးဖြစ်လား !! ငါ-ိုးထဲမှ မျက်နှာရူးနဲ့လာတွေ့နေတယ် "
Han၏ ဆဲသံတို့ဖြင့် ကျယ်လောင်နေသော Ziraတို့ကားပေါ်တွင်ကား နောက်ဆက်တွဲတွင် Zira၏ ရယ်သံကျယ်ကျယ်ကလည်း ဒွန်တွဲပါလာပါသည်။
ဒီလူ....အမြင်ကတ်စရာကောင်းလိုက်တာ...
သို့နှင့်....Hanzoraတစ်ယောက်ကတော့ဖြင့် ထွက်ပြေးဖို့အစီအစဉ်အစား ထိုလူကြီးအနောက်လိုက်ရန်သာ ရွေးချယ်လိုက်ပါတော့သည်။
အဟမ်း ! အပြင်မှာလျှောက်သွားနေရင် မြန်မြန်သေသွားမှာစိုးလို့ ဒီလူကြီးကို အသုံးချဖို့ ဆုံးဖြတ်လိုက်တာ။
^^^^^^^^^^^^^
feedbackလေးတွေ မျှော်နေပါကြောင်းTwT
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်💙
___________________