"မောင် မောင်လို့ပြော"
"ဟင်"
"Good night မောင်"
"ကိုကို"
"ရံရံ"
"ကိုကို suprise"
"Daddy ဖေ"
"နွယ်လေးရော"
"အော်"
"သားသား နည်းနည်း ပိန်သွားသလိုပဲ ဇော်တို့ ဂရုမစိုက်ဘူးလား သားသားကလဲ ဖေတိုပို့ပေးတဲ့ စားဖိုမှူးကို ပြန်လွှတ်လိုက်တာဆိုတော့ အစားအသောက်ရော အဆင်ပြေရဲ့လား"
ဟားဟား......
"အင်း ရှိတယ်"
"တေး ဘယ်သွားမလို့လဲ"
"တေး မဟာဆီလာသေးလား"
"ဟင်"
Unicode
"စောစော နားလိုက်နော် မနက်စာလာမပို့နဲ့ တော့"
"ရပါတယ် ကိုယ်အဆင်ပြတယ် မောင့်ဆီလာပို့ပေးမယ်လေ"
"Moonနားဖို့ လိုတယ်လေ တရက်တလေ လာမပို့လဲ ဘာမှမဖြစ်ပါဘူး"
"မောင် စားရတာ အဆင်မပြေမှာစိုးလို့ပါ"
"ကျွန်တော် အဆင်ပြေပါတယ်"
"မောင် မောင်လို့ပြော"
"ဟင်"
"ကျွန်တော်လို့မပြောပဲ ခုနတုန်းကလို မောင်လို့ပဲသုံးပေးပါ"
မာန် စိတ်ပူနေတုန်းက ကိုယ်ကိုယ့်ကို မောင်လို့ သုံးလိုက်တာကို moonကသေသေချာချာကြီးကို မှတ်မိနေတာပဲ
"Ok moonနားလိုက်တော့ မောင်ပြန်တော့မယ် good night"
"Good night မောင်"
ထွက်သွားတဲ့ မောင့်ကားကို ကြည့်ပြီး moon ပြုံးလိုက်မိတယ် ဘာပဲပြောပြော ဒီနေ့တစ်ရက်လေးအတွင်းမှာ မောင်နဲ့ သူ့အခြေအနေက တော်တော်လေး တိုးတက်လာတယ်ပြောရမှာပေါ့ အနည်းဆုံးတော့ မောင်ရဲ့ စိတ်ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိလေးက moonကို အတိုင်းမသိပျော်ရွှင်စေတယ်လေ
"ကိုကို"
မာန် ကားရပ်ပြီး အိမ်ထဲဝင်လာတာနဲ့ မာန်ခါးကို သိုင်းဖက်လာတဲ့ လက်ဖွေးဖွေးတစုံနဲ့ ကိုကို ဆိုတဲ့ ခေါ်သံလေးကြောင့် မာန် အံအားတသင့်ဖြစ်သွားတော့တယ်
"ရံရံ"
"ကိုကို suprise"
"ဘယ်လိုဖြစ်တာလဲ ကိုကိုက ရံရံတို့ မနက်ဖြန်မှ လာမယ်ထင်နေတာ ဘယ်လိုဖြစ်လို့"
မျက်လုံးလေးပိတ်သွားအောင် ရံရံကရီပြပြီး
"ကိုကို အံအားသင့်သွားအောင် မမနဲ့ရံရံ က တရက်စောသွားအောင် ပြောပြီး ထွက်လာလိုက်တာ"
"အိမ်ရှေ့မှာပဲ နေတော့မှာလား daddyသားတွေက"
"Daddy ဖေ"
ရံရံလက်ကို ဆုပ်ကိုင်ပြီး ဖေ့ဘေးနားကပ်ထိုင်လိုက်တော့တယ်
"နွယ်လေးရော"
"မီးငယ်လေးမပါဘူး သားရဲ့ မီးငယ်လေးက မနက်ဖြန် practicalရှိနေလို့ မနက်ဖြန် ညပိုင်းမှ သားတိမ်ယံနွယ်နဲ့ လိုက်လာခဲ့လိမ့်မယ်"
"အော်"
"သားသား နည်းနည်း ပိန်သွားသလိုပဲ ဇော်တို့ ဂရုမစိုက်ဘူးလား သားသားကလဲ ဖေတ်ိုပို့ပေးတဲ့ စားဖိုမှူးကို ပြန်လွှတ်လိုက်တာဆိုတော့ အစားအသောက်ရော အဆင်ပြေရဲ့လား"
မာန် ဖေ့ရဲ့ ကိုယ်လုံးလုံးလေးကို ဖက်လိုက်ပြီး
"ဖေကလဲ ဒီမှာက အစားအသောက်အရမ်းပေါတာကို အရမ်းအဆင်ပြေပါတယ် သားရဲ့ ဖေက သားကို စိတ်ပူလို့ အသားအရေတွေ တွန့်ကုန်ပါမယ်"
"သားသား ဖေ့ကို အဲလောက်မဖက်နဲ့လေ အသားတွေနာကုန်မယ်"
"Daddyက daddyချစ်လုံးလေးကို တွန့်တိုနေပြန်ပြီ"
"တိုရတာပေါ့ daddyမှာ ရှားရှားပါးပါးလေးရထားတာကို"
ဟားဟား......
အားလုံးရဲ့ရီသံတွေက အခန်းတခုလုံးပျံ့နှံ့သွားတော့တယ်
"ရံရံ စာလိုက်နိုင်ရဲ့လား"
မာန်နဲ့ ရံရံ ညစာစားပြီးတာနဲ့ ခြံထဲမှာ လမ်းဆင်းလျှောက်ရင်း ရံရံကို မေးလိုက်မိတယ်
"လိုက်နိုင်ပါတယ် ရံရံဆေးလိုင်းမှီမယ်လို့ယုံတယ်"
"ကိုကို့ ရံရံက ယုံကြည်ချက်တွေ ရှိလှချည်လား"
"ဒါပေါ့ ရံရံ က ကိုကို့ဘေးနားမှာနေပြီး စောင့်ရှောက်ဖို့ ယုံကြည်ချက်တွေရှိနေရမယ်လေ ကိုကိုက ရံရံကိုမယုံဘူးလား"
"ယုံပါတယ် ကိုကိုကရံရံလေးကို ယုံတာပေါ့"
မာန် ရံရံခေါင်းက ဆံပင် အုပ်အုပ်လေးကို ဖွလိုက်ပြီး ပြုံးပြီးပြောလိုက်တော့တယ်
"ဒါနဲ့ ရံရံလေးကို ကျောင်းမှာ လိုက်တဲ့ သူရှိနေပြီလား"
"အင်း ရှိတယ်"
"ဒါပင်မယ့် ရံရံက ဘယ်သူကိုမှ စိတ်မဝင်စားပါဘူး ရံရံမှာ ကိုကို ရှိတာကို"
မာန်လက်မောင်းကို ဆုပ်ကိုင်ပြီး ပြောတဲ့ ရံရံစကားကြောင့် မာန်ကိုယ့်ဘာသာ အပြစ်ရှိသလိုခံစားလိုက်ရတယ် အသက်18နှစ်တောင်မပြည့်သေးတဲ့ ကလေးက မာန်ပေါ်မှာ သစ္စာရှိသလောက် မာန်က moonပေါ်မှာ တိမ်ညွန်မိနေတယ်လေ မာန် ရံရံပေါ်မှာ သစ္စာမဲ့ သလိုဖြစ်နေတယ်လေ
မာန် ရံရံကို ဖက်လိုက်ပြီး ကျောလေးကိုပွတ်ပေးရင်း
"ကိုကိုတောင်းပန်တယ်နော် ကလေးလေး"
"ဘာကို တောင်းပန်တာလဲကိုကို"
"ဒီအတိုင်းပဲ တောင်းပန်ချင်လို့"
Moon မာန်ကားပြန်ထွက်သွားပြီး အိမ်ထဲဝင်လာတာနဲ့ နောင်လင်းတို့ရဲ့ စိုးရိမ်တကြီး ပြေးလာတာကိုတွေ့လိုက်ရတယ်
"တေး မင်းဘယ်တွေ လျှောက်သွားနေပြန်တာလဲကွာ ငါတို့ဘယ်လောက်စိတ်ပူနေလဲ သိရဲ့လား"
"Sorryပါ သူငယ်ချင်းတို့ရာ ငါ နည်းနည်းစိတ်လွတ်သွားလို့ sorryပါ"
"ရတယ် မင်းအဆင်ပြေရင်ပြီးတာပဲကွာ"
"အဆင်ပြေလွန်းလို့ ငါ့မျက်နှာကြီးကိုသာ ကြည့်လိုက်ပါတော့ကွာ ဟားဟား"
Moon နောင်လင်းတို့ကိုပြောပြီး အပေါ်ထပ် အခန်းဆီတက်လာလိုက်တော့တယ် ရေချိုးကန်ထဲမှာ ဝင်စိမ်နေရင်း.မောင်နဲ့ ခုနက ပြောခဲ့တဲ့စကားတွေ ပြန်စဉ်းစားရင်း moon ပျာ်နေမိတယ်
"မနက်ကျရင် မောင် ဘာစားချင်လဲ ဖုန်းဆက်မေးရမယ်"
ဖုန်းဆက်မလို့ရှာတော့ moonဖုန်းကို လုံးဝရှာမတွေ့ဘူး
"ဟာ ဟုတ်သားပဲ မောင့်ကားပေါ်ကျန်ခဲ့တာ အာ မဖြစ်ဘူး မောင်ဖုန်းကို ဖွင့်ကြည့်လို့မဖြစ်ဘူး"
Moon ကိုယ့်ဘာသာ တစ်ယောက်တည်းပြောပြီး အင်္ကျီအမြန်ဝတ်ပြီး ကားသော့ယူရင်း အောက်ထပ်ကို ဆင်းပြေးလာလိုက်တော့တယ်
"တေး ဘယ်သွားမလို့လဲ"
"ငါ မောင့်အိမ်ခနသွားလိုက်အုံးမယ် မောင့်ကားပေါ် ငါ့ဖုန်းပါသွားလို့"
တကယ်တော့ moon ဖုန်းကို မနက်မှ သွားယူခဲ့ရင် ဒီလို မွန်းကြပ်စရာ မြင်ကွင်းမျိုးကို မြင်ခဲ့ရမှာ မဟုတ်ဘူး မောင်ရဲ့ ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်လေး ဖက်ထားခံရတဲ့ မောင်ရဲ့ သတို့သားလောင်းလေး moon မျက်တောင် တောင်မခတ်နိုင်ပဲ မောင်တို့နှစ်ယောက်ကို ငေးကြည့်ရင်း မျက်ရည်တွေကျနေမိတယ် တစ်နေ့တည်းကို နှစ်ကြိမ်တောင် နာကျင် ရတဲ့ moonနှလုံးသားက အရမ်းကိုမွန်းကြပ်ပြီး နာကျင်နေရပြီလေ ကိုယ့်ကို ဂရုမစိုက်တဲ့ လူကို ချစ်ရတာ အရမ်းကို ပင်ပန်းတာ လက်လျော့လိုက်ချင်ပြီ ဘယ်သူကိုမှ ထပ်မချစ်ချင်တော့ဘူး ဘာလို့ သူပဲ အမြဲ နာကျင်နေရတာလဲ သူပဲအမြဲထားခဲ့ခံနေရတာလဲ
မာန် ရံရံနဲ့ စကားပြောပြီး အခန်းထဲပြန်ဝင်လာကာ အိပ်ရာပေါ်လှဲချလိုက်ရင်း အိပ်ပျော်သွားတော့တယ် မာန်ဖုန်းသံကြောင့် နှိုးလာပြီး ဖုန်းကို အိပ်ချင်မူးတူးကိုင်လိုက်တော့တယ်
"Hello နောင်လင်း ပြောလေ"
"တေး မဟာဆီလာသေးလား"
"မလာပါဘူး ဘာလို့လဲ moonဘာဖြစ်လို့လဲ"
"မဟာဆီသွားမယ်ပြောပြီးထွက်သွားတာ ခုထိပြန်မလာသေးလို့"
"ဟင်"
မာန် နာရီကိုကြည့်လိုက်မိတော့ ည1နာရီရှိနေပြီ
"ဘယ်အချိန်ကတည်းကထွက်သွားတာလဲ"
"9နာရီလောက်ကတည်းကပဲ ဒါဆို ဒါပဲလေ ကျွန်တော်တို့ လိုက်ရှာလိုက်အုံးမယ် အိပ်နေတာကို နှိုးလိုက်မိတာ တောင်းပန်ပါတယ်"
နောင်လင်း ဆီက ဖုန်းချလိုက်ပင်မယ့် မာန်ဖုန်းကြီး ကိုင်ပြီး တွေးနေမိတယ်
"ဘယ်တွေသွားနေပြန်ပြီလဲကွာ"