ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...

Od hanakim_32398

454K 59.8K 2.5K

๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... Vรญce

Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51

Part - 36 (Z+U)

5.5K 774 20
Od hanakim_32398


🍼 ချိအိမ်တော် |Uni

【ဟယ်ကျိုး : မင်း ရောက်နေပြီလား?】

【ချိယွီ : အင်း၊သွား‌နေတုန်း】

【ဟယ်ကျိုး : ကောင်းပြီ၊ ကိုယ့်ကိုဆက်သွယ်လိုက်ပါ။】

"မင်းကြည့်ရတာတစ်ခုခုကို သတိထားနေရပုံဘဲနော်"

စကားသံကိုကြားလိုက်ရတာကြောင့်၊ချိယွီက သူ့ဘေးမှာထိုင်နေတဲ့လူကို လှမ်းကြည့်မိလိုက်တယ်-

ချိယွီက ထိုလူသူ့ကိုပြုံးကြည့်နေတာကိုတွေ့လိုက်ရပြီး၊ ထိုလူက သူ့လက်နှစ်ဖက်ကိုထပ်ကာ ဒူးရှေ့တင်ထားရင်း သေသေသပ်သပ်ထိုင်‌နေတာဖြစ်တယ်။

သူ့ရဲ့ အနက်ရောင်ဆံပင် ခပ်တိုတိုတွေကို အနောက်ကိုလှန်တင်ကာဖီးထားပြီး၊ အနားသပ်မဲ့တဲ့ မျက်မှန်တစ်စုံကိုလည်း ဝတ်ဆင်လို့ထားသေးသည်။ လက်ရာမြောက်စွာ ဖန်တီးထားသော ဝတ်စုံက သူ့ကို ပြောမပြနိုင်လောက်အောင် နူးညံ့သိမ်မွေ့ပြီး မွန်မြတ်သော စိတ်ထားဖြင့် ပြောင်မြောက်သော ရုပ်ရည်ကို ဖြစ်ပေါ်နေစေသည်။


ထိုလူက ရှူကျုံးဖြစ်ကာ၊ ချိယွမ်ရှန်းရဲ့ လူယုံဖြစ်ပြီး ထိုလူက ချိယွမ်ရှန်းရဲ့အမိန့်ကြောင့်ဘဲလား၊ ဝမ်‌ယုဝေရဲ့မှာကြားချက်ကြောင့်ဘဲ သူ့ကိုလာကြိုရတာလားတော့ သူလည်း မသိတဲ့အတွက် မေးလည်းမမေးဖြစ်ပေ။

သူ ချိအိမ်တော်ကိုသွားဖို့ဆုံးဖြန်ချက်ချခဲ့စဉ်က၊ သူ ဝမ်ယုဝေကိုစာပြန်ခဲ့ပြီး အမျိုးသားနေ့မှာ ပြန်လာခဲ့မယ်လို့ပြောပြခဲ့တယ် ။

မူလကိုယ်က ချိအိမ်တော်ကို မရောက်တာကြာပြီဖြစ်တာကြောင့် ၊ ဟယ်ကျိုးသူ့ကိုပေးခဲ့တဲ့အချက်အလက်တွေနဲ့အတူ သူသာ အနည်းငယ်အေးစက်စက်ပြုမူနေသ၍ တစ်ခုခု ဖော်ထုတ်မိသွားကြမည်ကိုလည်း သူ,မစိုးရိမ်မိပေ။

"ကျွန်တော့်ကို တစ်ခုခုမေးစရာမရှိဘူးလား? မင်းမေးချင်ရင် မေးနိုင်ပါတယ်" ရှူကျုံးက ထပ်ပြောလာခဲ့တယ်။

ချိယွီက ခဏလောက်စဉ်းစားပြီးနောက်၊ပြောလိုက်တယ် : "ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါ၊ သတိထားရမယ့်အရာတွေများရှိမလားလို့ပါ?"

ရှုကျုံးက သိမ်မွေ့စွာပြုံးပြလာခဲ့တယ်။ "သတိထားရမယ့်အရာမရှိပါဘူး။ Mr.ချိကလည်း သည်းခံစိတ်ရှိသလို၊ Mrs.ဝမ်ကလဲ အရမ်းကိုကြင်နာတတ်ပါတယ်။ချိဟန်ကတော့ နည်းနည်းပွင့်လင်းပြီး၊ စကားကိုခပ်တန်းတန်းဘဲပြောတတ်ပေမယ့် မင်းအနေနဲ့သူ့ကိုဂရုမစိုက်လဲရပါတယ်"

ချိယွမ်ရှန်းက သည်းခံစိတ်ရှိတယ်?

အကယ်၍ ချိယွမ်ရှန်းသာ သည်းခံသနားစိတ်ရှိခဲ့ရင်၊ အခုလိုတွေဖြစ်လာခဲ့ပါ့မလား?

ချိယွီက ဘာမှပြောမလာခဲ့ဘဲ၊ ခေါင်းသာငြိမ့်ပြလိုက်ကာ ပြီးနောက်၊မေးလိုက်တယ် : "ကျွန်တော်သွားလို့မရတဲ့ တားမြစ်နေရာတွေများရှိသလား?"

ရှုကျုံးကပြန်ဖြေလာခဲ့တယ် : "မရှိပါဘူး။ မင်းသွားချင်တဲ့နေရာသွားလို့ရပါတယ်"

"ကောင်းပါပြီ၊ကျေးဇူးပါ" ချိယွီက ပြန်ပြုံးပြလိုက်တယ်။

သူက ဒီတစ်ခါမှာ ဘာကြောင့်နဲ့မှပြန်လာတာမဟုတ်ဘဲ၊ မူလကိုယ်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတိအကျသိရစေဖို့သာ လာခဲ့တာဖြစ်တယ်။

ထိုအခါမှသာ သူ့ရဲ့နောက်ခံ၊ နောက်ကြောင်းကိုသိရမှာဖြစ်ပြီး၊ သူတစ်ယောက်တည်းအတွက်သာမက ရှောင်ကျိုးလေးပါ မှီခိုအားထားပြုနိုင်စေဖို့နဲ့ ဤအမွေနဲ့ပစ္စည်းတွေဟာလည်း မူလကိုယ်ရသင့်ရထိုက်တဲ့အရာတွေဖြစ်တာကြောင့် သူ့အနေနဲ့ အေးဆေးတည်ငြိမ်လို့နေတယ်။

"ဘာများ ထပ်မေးချင်တာရှိသေးလဲ?" ရှုကျုံးက ထပ်မေးလာခဲ့တယ်။

"ခင်ဗျားကရော?"

ချိယွီက ထိုလူ့ဘက်မေးကိုငေါ့ပြလိုက်ကာ : "ခင်ဗျားနဲ့အတူရှိနေရင်၊ကျွန်တော် ဘယ်အရာကိုသတိထားသင့်လဲ?"

ရှုကျုံးရဲ့နှုတ်ခမ်းထောင့်တွေက ပိုမြင့်တက်လို့သွားကာ၊ သူက လက်ကိုဆန့်ကာ မျက်မှန်ကိုပြန်ပင့်တင်လိုက်ပြီးမျက်မှန်နောက်က ဖုံးကွယ်လို့ထားတဲ့ မျက်လုံးတွေဟာလည်း အစစ်အမှန်ဟုတ်မနေသယောင်။

"ကျွန်တော့်ကို သတိထားနေစရာမလိုပါဘူး"

ချိယွီက သူ့ပါးပေါ်ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ကာ၊သူ့မေးစေ့ကို သူ့လက်ချောင်းထိပ်တွေနဲ့ ပွတ်သပ်နေလိုက်တယ်။

သူက ရှုကျုံးကိုတည့်တည့်ကြည့်လိုက်ပြီး၊ အတော်အကြာမှ အကြည့်လွှဲကာ ကားပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်တယ်။

သူ့အနေနဲ့ သူ့‌ရှေ့ကလူကို အကဲမခတ်နိုင်ခဲ့ဘူး။

တံခါးဖွင့်ချိန် စစမြင်ချင်းတုန်းက ထိုလူက မျက်နှာဖုံးတပ်ထားသလိုပဲ။ သူ့မျက်နှာက ပြုံးနေပြီး သူ့လေသံက နူးညံ့ညင်သာပေမယ့် သူ့နှလုံးသားရဲ့ အောက်ခြေကို မသိနိုင်ဘူး။ အဲ့ဒီအစား၊ထိုသူက သူ့ကို နားမလည်နိုင်လောက်တဲ့ ကင်းကွာမှုနှင့် အရေခြုံမှုတို့ကို ခံစားရစေခဲ့တယ်။

ချိယွီရဲ့ မသိစိတ်က ဒီလူနဲ့ ဝေးဝေးနေဖို့ ပြောပြလို့နေတယ်။

သူက ဘာမှထပ်ပြောမလာတော့သလို၊ရှုကျုံးကလည်း ပြောမလာခဲ့ပေ။

ချိယွီအနေနဲ့ ကားပေါ်ရှိ လေထုဟာ အနည်းငယ် အဆင်မပြေဖြစ်‌နေသလို ခံစားမိသော်လည်း ၊ရှုကျုံးကတော့ သက်တောင့်သက်သာရှိလို့နေသည်။ လက်တစ်ဖက်က ကော်ဖီခွက်ကိုကိုင်ထားပြီး နောက်တစ်ဖက်က အစီရင်ခံစာပုံစံစာရွက်‌ကိုကြည့်နေကာ တည်ငြိမ်သောအမူအရာဖြင့် ဘောပင်ကိုကောက်ကိုင်ရင်း ရံဖန်ရံခါ တစ်စုံတစ်ခုကို ရေးလို့နေသည်။

ရှုကျုံးက လိုရာခရီးကို ရောက်တာနဲ့၊ သူ့ပစ္စည်း‌တွေကို တုံ့ဆိုင်းမှုမရှိ ဘေးဖယ်ထားလိုက်တော့တယ်။

သူက ချိယွီကိုကြည့်ကာ : "အိမ်ထိန်းက မင်းကို နေရမယ့် နေရာကို ခေါ်သွားပေးလိမ့်မယ်။ မစ္စတာ ချိ က ဒီလိုအချိန်မှာ ကုမ္ပဏီမှာဘဲရှိ‌လောက်တယ် ။ သူက နေ့လည် 12 နာရီလောက်မှာ ပြန်လာတတ်တယ်။ ဥယျာဉ်ထဲက ပန်းတွေက အရမ်းလှလို့ မင်းပျင်းရင် အဲဒီကိုသွားလို့ရတယ်၊ မင်းကြိုက်မယ်လို့ထင်ပါတယ်"

ချိယွီ : "ကောင်းပါပြီ၊ကျေးဇူးပါ"

ရှုကျုံးကပြုံးပြလာကာ : "ရပါတယ်"

နှစ်ယောက်သား ကားအပြင်ကိုအတူထွက်လာခဲ့ကြပြီး ၊ ကားထဲကထွက်ပြီးနောက် လူစုခွဲလိုက်ကြတယ်။

ရှုကျုံးထွက်သွားတာကိုမြင်တော့၊ ချိယွီတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။သူက သူ့ဖုန်းကိုထုတ်ယူလိုက်ကာ၊ဟယ်ကျိုးကို စာလှမ်းပို့လိုက်တယ်-

【ချိယွီ : ငါရောက်နေပြီ】

【ဟယ်ကျိုး : ကောင်းတယ်】

စာပို့ပြီးနောက်၊ ချိယွီ အနည်းငယ်တော့ ရယ်ချင်သွားမိသည်။ သူနှင့် ဟယ်ကျိုးတို့က ရှက်စရာ ကိစ္စတစ်ခုခုကို လုပ်နေကြသကဲ့သို့ သိုဝှက်ထားရမည့်အရာများရှိ‌နေသလိုပင် သူအမြဲခံစားနေခဲ့ရသည်။

တကယ်တမ်းမှာတော့ ထိုအရာက သိပ်ကိစ္စမရှိပေ။

ချိယွီက စိတ်လှုပ်ရှားကာ ဒေါသလဲအနည်းငယ်ထွက်နေတာကြောင့်၊ ဟယ်ကျိုးက ချိယွီကို သူ့ဆီ အချိန်နှင့်တပြေးညီ သတင်းပို့ရန် မတောင်းဆိုခဲ့‌ပေ။ချိယွီကသာ သူ့စိတ်ထဲမှာခံစားရခက်လို့နေတာကြောင့် မနေနိုင်ဘဲ ဟယ်ကျိုးကို မက်ဆေ့ခ်ျသာဆက်တိုက်ပို့နေမိသည်။

ရှေ့ကနေ လမ်းကိုဦးဆောင်နေတဲ့ အိမ်ထိန်းက သူ့လက်ကို ဆန့်တန်းကာ "Mrs၊ ဒီမှာပါ ကျေးဇူးပြုပြီး" လို့အချက်ပြလာခဲ့တယ်။

ချိယွီက သူ့ဖုန်းကိုအဝေးတစ်နေရာကို ရွေ့ကာသိမ်းထားလိုက်ပြီး၊ မြန်မြန်လိုက်သွားလိုက်တယ်။ "ကောင်းပါပြီ"

အိမ်တော်အတွင်းရှိ စမ်းရေတွင်းကို ဖြတ်ကျော်ပြီးနောက်၊ အိမ်ထိန်းရဲ့ နောက်သို့ လိုက်ကာ တံခါးထဲသို့ ဝင်သွားလိုက်တယ်။ ဝင်လိုက်သည်နှင့် ဘယ်ဘက်ခြမ်းရှိ ဆိုဖာပေါ်တွင် လူငယ်လေးတစ်ယောက် ထိုင်နေသည်ကို သူတွေ့လိုက်ရတယ်။ သူ့ပါးကို လက်တစ်ဖက်နဲ့ ထောက်လို့ထားပြီး မျက်လုံးတွေကိုလည်း ဖုံးကွယ်မထားဘဲ သူ့ကို တည့်တည့်ကြည့်လို့နေတယ်။

ထိုလူ့ကိုမြင်မြင်ချင်းဘဲ ချိယွီရဲ့စိတ်ထဲ စကားလုံးလေးလုံး ပေါ်လို့လာခဲ့တယ်။ ထိုလူက လူကောင်းမဟုတ်လောက်ဘူး။

အိမ်ထိန်းကရပ်တန့်သွားပြီး ဆိုဖာပေါ်ကလူကို နှုတ်ဆက်လိုက်တယ်။

ချိယွီလဲ သဘာဝကျကျဘဲ လိုက်ရပ်လိုက်တယ် ။

ထိုလူက အိမ်ထိန်းနဲ့ အစေခံရဲ့လက်ထဲက ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပြီး : "မင်းတို့သွားလို့ရပြီ" အဲ့ဒီနောက်၊သူက ချိယွီကို ကြည့်လိုက်ပြီး : "ငါ့ညီအစ်ကို ချိယွီကလာတွေ့မှတော့လဲ၊စကားပြောကြတာပေါ့"

ချိယွီက ပြုံးကာ၊နှုတ်ဆက်လာခဲ့တယ်။"ဟယ်လို ချိဟန်"

"စကားပြောကြမလား?"

"ရတာပေါ့"

ချိယွီက မျက်နှာအမူအယာမပြောင်းလဲပါဘဲ၊တစ်ဖက်က ဆိုဖာပေါ်ကို ထိုင်ချလိုက်ကာ ၊ သူ့မျက်လွှာကိုပင့်ပြီး သူနဲ့ညီအကိုတစ်ဝက်တော်စပ်တဲ့သူကို ကြည့်နေလိုက်တယ်။

ချိဟန်ရဲ့ ရုပ်ရည်မှာ ကြည့်ကောင်းတဲ့ထဲမပါသော်လည်း ဝတ်ကောင်းစားလှနှင့် ငယ်စဉ်ကတည်းက ကောင်းစွာပြုစုပျိုးထောင်ထားခြင်းခံထားရတာကြာင့် မျက်လုံးကိုဖမ်းစားနိုင်တဲ့ထဲတော့ပါသည်။

သို့သော်...

သူက ချိယွီကိုအလွန်မုန်းတီးနေပုံပင်။

ချိဟန်က လှောင်ပြောင်သောလေသံနဲ့ပြောလာခဲ့တယ် : "နှစ်တွေအတော်ကြာမှ၊ ဘာလို့ ဒီနေ့မှ ရုတ်တရက်ကြီး ရောက်ချလာရတာလဲ?"

ချိယွီရဲ့ အမူအယာကတိတ်ဆိတ်လို့နေကာ၊ သူ့နှလုံးသားထဲမှာတော့ အနည်းငယ်အံ့ဩမိသွားသည်။

ချမ်းသာတဲ့သူတွေက ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ အတော်ဆုံးလို့ပြောကြတယ်မဟုတ်ဘူးလား?ဘာလို့ ဒီလူက သူ့ရဲ့ရန်လိုမုန်းတီးမှုကို ချိယွီမသိမှာကိုပင်စိုးရွံ့နေသလိုမျိုး၊ သူ့ရဲ့အကြည့် အမူအယာနဲ့ စကားလုံးတွေက တည့်တိုးဆန်လွန်းနေရတာလဲ?

ချိယွီက ပြန်ပြောလာခဲ့တယ်။"ဒီအိမ်ကငါနဲ့လည်းသက်ဆိုင်တယ်၊ ငါပြန်ချင်တဲ့အချိန်ပြန်လာနိုင်တယ်"

ချိဟန်ရဲ့ မျက်ဝန်းတွေက လှောင်ပြောင်ရိပ်သန်းနေကာ : "မင်းဘဲ အဖေနဲ့ ဆက်ဆံရေးကို ကတိကဝတ်‌တွေနဲ့ ဖြတ်ခဲ့တာ မဟုတ်ဘူးလား? ၊ပြန်လာဖို့ထက် သေဖို့ကိုဘဲ ရွေးခြယ်ချင်ခဲ့တာမဟုတ်ဘူးလား?"

ချိယွီ : "..."

မဟုတ်တော့ဘူးကွ၊ ဒီလူက စကားပြောလို့‌ရော ရသေးရဲ့လား?

ချိယွီက ယုံကြည်မှုရှိစွာပြန်ပြောလိုက်တယ်။"အဲ့ဒီအချိန်တုန်းက၊ ငါကအရမ်းငယ်လွန်းသေးတယ်လေ။ငါ‌ပြောခဲ့တဲ့စကားတိုင်းက မရိုးသားနိုင်ဘူး"

ထိုအချိန်က၊ မူလကိုယ်မှာ ဆယ်နှစ်သာရှိသေးကာ အလယ်တန်းတတိယနှစ်မျှသာရှိသေးသည်။

ချိဟန်က ရပ်တန့်သွားကာ၊ထရယ်လာခဲ့တယ်။"မင်းဘယ်လောက် ခေါင်းမာခဲ့လဲငါမှတ်မိပါသေးတယ်။ဒါပေမယ့် ဘယ်လိုဖြစ်ပြီး..."

ချိဟန်၏စကားများက ချိယွီကို ထေ့ငေါ့နေသလို ခံစားလိုက်ရတယ်။ ချိယွီက သူ့အမူအရာ မပြောင်းလဲပါဘဲ ခေါင်းညိတ်လိုက်ကာ: "အင်း၊ ဘာလို့ ခေါင်းမာနေသင့်အုံးမှာလဲလေ၊ ဝါးစားလို့လဲရတာမှမဟုတ်ဘဲ"

" ခေါင်းမမာရင် ဒီအိမ်ကြီးမှာ ဆက်နေနိုင်တယ်၊ မရေမတွက်နိုင်တဲ့ အစေခံတွေနဲ့ သူဌေးဖြစ်နိုင်တဲ့ သခင်ငယ်‌လေးတစ်ယောက် ဖြစ်လာနိုင်တယ်။ မရေမတွက်နိုင်တဲ့ လူတွေရဲ့ စောင့်ကြည့်ခြင်းကိုခံရနိုင်တယ်။ ခေါင်းမမာတာက ဘယ်လောက်ကောင်းလိုက်သလဲ--"ချိယွီက ထိုသို့ပြောပြီး အရှိန်ကိုလျှော့လိုက်ကာ ချိဟန် ကို တည့်တည့်ကြည့်လိုက်ရင်း "ဒီတစ်ချက်ကိုတော့ မင်းကငါ့ထက် ပိုနားလည်လိမ့်မယ်လို့ ငါထင်ပါတယ်"

ချိဟန်နဲ့ ဝမ်ယုဝေဟာ ချိယွမ်ရှန်းဆီမှ အခြားသော ဆေးရုံတစ်ခုမှာ ဆယ်နှစ်ကျော်ကြာ ‌ပျိုးထောင်ခြင်းခံခဲ့ရတာဖြစ်တယ်။

တစ်ယောက်ကတော့ တရားမဝင်မယားငယ်အဖြစ် ၁၀ နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီး၊ နောက်တစ်ယောက်ကတော့ တရားမဝင်ကလေးအဖြစ် ၁၀နှစ်ကြာ ရှင်သန်ခဲ့ရတယ်။ ယနေ့လို အရာအားလုံးဖြစ်လာဖို့ ရှက်ဖွယ် ၁၀နှစ်ကျော်ကြာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။

သူ့အနေနဲ့ ချိယွမ်ရှန်းဆီ ခေါင်းငုံ့ပေးထားသရွေ့ ၊ တစ်ရက်ပင် သည်းခံနေစရာမလိုပေ။

ချိဟန်ရဲ့ မျက်နှာအမူအယာဟာ ခန့်မှန်းရ ခက်ခဲလို့နေကာ : "မင်းဘာအကြောင်းပြောနေတယ်ဆိုတာ မင်းကိုယ်တိုင်ရောသိရဲ့လား?"

ချိယွီက ပြန်မေးလိုက်တယ်။"ငါဘာပြောလိုက်လို့လဲ?"

ချိဟန်က သူ့နှုတ်ခမ်းကိုတင်းတင်းကိုက်ကိုက်လိုက်မိကာ၊မျက်ခုံးတန်းတွေဟာလည်း စုကျုံ့လို့သွားခဲ့တယ်။

သူက သူ့လက်နှစ်ဖက်နဲ့အောက်ကဆိုဖာကို တင်းတင်းညစ်လိုက်ကာ ၊ ခဏအကြာမှာ ပြန်လွှတ်လိုက်ပြီး သူ့မျက်နှာအမူအယာဟာလည်း ပိုလို့ တည်ငြိမ်လာခဲ့တယ်။"ထားလိုက်တော့"

ချိယွီက အနည်း စိတ်မရှည်ဖြစ်နေရင်းပြောလိုက်တယ်။"ဘာပြောစရာရှိသေးလဲ? မရှိရင် ငါသွားတော့မယ်"

ချိဟန်က နတ်ဆိုးတစ်ကောင်ကိုသူ့အကြည့်တွေထဲ ကွယ်ဝှက်ထားသကဲ့သို့ ရယ်မောလာခဲ့တယ်။"ဒါနဲ့၊ဘာလို့ကလေးကိုခေါ်မလာရတာလဲ? အဖေ့ကိုမပြချင်ဘူးလား?"

ထိုအရာက ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုဖြစ်နေရင်တောင်၊ ***ကလေးကတော့?

ထိုစကားကိုကြားတော့၊ ချိယွီက ချိဟန်ကို တည့်တည့်ကြည့်ကာ : "မင်းကအဆင့်ပိုမြင့်လိမ့်မယ်ထင်လို့ပါ"

"ဟမ်?"

ချိယွီက ထပ်ပြောလာခဲ့တယ်။"အဲ့လိုထင်ရပေမယ့်..အာ"

ချိယွီက အခန်းထိပ်က ကင်မရာကိုလက်ညိုးနဲ့ ညွှန်ပြရင်းနဲ့ ချိဟန်ကို မထီမဲ့မြင်ပြုရိပ်သန်းနေတဲ့ သူ့မျက်ဝန်းတွေကိုလည်း ဆက်မဖုံးကွယ်ထားတော့ပေ။ "မင်း ဒီမှာ ပြဿနာရှိနေတယ်လို့ ငါထင်တယ်၊ မင်း ဒီမှာစကားပြောလို့မရနိုင်‌လောက်ဘူး"

ချိဟန်က ရုတ်တရက် ထရယ်လာကာ : "မလိုပါဘူး"

သူက လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး အောက်ကခလုတ်တစ်ခုကို နှိပ်ကာ ချိယွီကိုစိုက်ကြည့်လိုက်ရင်း : "ဒီနေရာမှာ၊ပြောချင်တာကိုပြောလို့ရတယ်။တားမြစ်ထားတာမရှိဘူး။ငါမင်းကိုလည်း တည့်တိုးပြောလိုက်မယ်- ငါမင်းကိုမုန်းတယ်၊ အထင်သေးတယ်။ အရမ်း ၊ အရမ်း ၊အရမ်းကိုမုန်းတာ"

ချိယွီ : "..." အိုကေလေ၊ မင်းကိုယ်တိုင်က မျက်ရည်နဲ့မျက်ခွက်ဖြစ်ချင်နေမှတော့လဲ သဘောဘဲ။

"အိုး၊ဟုတ်လား။ ငါလည်းတူတူဘဲ။မင်းကိုအရမ်းမုန်းပြီး ငတုံးလို့တောင်ထင်နေတာ" ထိုသို့ပြောပြီးနောက်၊ ချိယွီက သူ့အကြည့်ကို ချိဟန်ဆီပို့လိုက်ပြီး ဆက်စကားပြောချင်စိတ်မရှိတော့တာကြောင့်၊ မတ်တပ်ထရပ်လိုက်ကာ အပြင်သို့ထွက်လာခဲ့တယ်။

သို့သော်၊ သူလှည့်လိုက်တာနဲ့ ချိယွီ ဘယ်ဖက်က ထမင်းစား စားပွဲပေါ်မှာ တစ်ယောက်ယောက်က ကော်ဖီကိုတိတ်တဆိတ်သောက်ရင်း၊ ထိုင်နေတာကို တွေ့လိုက်ရတယ်။

ထိုလူက သိသာစွာဘဲ Alphaတစ်ယောက်ဖြစ်ကာ ထိုင်နေရင်းပင် ခါးကိုမတ်လို့ထားပြီး ကျယ်ပြန့်တဲ့ ပခုံးကျယ်ကြီးတွေလည်း ရှိတယ်။

ထိုလူက အဖြူရောင် suitကိုဝတ်ဆင်ထားပြီး၊ မျက်မှန်တစ်လက်နဲ့၊အတန်ငယ်မျှရှည်သော အညိုရောင် ဆံပင်ကောက်ကောက် နှင့် နူးညံ့ကာ စွဲမက်ဖွယ်ပင်။ထိုလူက ကော်ဖီကိုတစ်ချိုက်မော့တာကိုမြင်လိုက်ရပြီး၊ ဘာသံမှမကြားရ‌တော့မှ ထိုလူက သူ့ကို ထူးဆန်းစွာ တစ်ချက်ကြည့်လာခဲ့တယ်။

တစ်ဖက်မှာတော့၊ ချိယွီက ထိုလူဘယ်သူမှန်း သိလိုက်ရတယ်။

ချိယွမ်ရှန်း ။

မူလကိုယ်ရဲ့ အဖေအရင်း။

ချိယွမ်ရှန်းက သူ့ကိုမြင်သည်နှင့်ပြောလာခဲ့တယ်။
"ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ?"

ချိယွီက တုံ့ကနဲရပ်သွားကာ၊ ချိယွမ်ရှန်းကို ဗလာသပ်စွာစိုက်ကြည့်လိုက်တယ်။

သူ့နှလုံးသားဟာ အတားအဆီးတွေဖြင့်ပြည့်လို့နေပြီဖြစ်သည်။
ရှုကျုံးပြောတော့ သူက ကုမ္ပဏီမှာဆို ? !

ချိယွီက သူ့ကို အမူယာမဲ့စွာစိုက်ကြည့်နေတာကိုမြင်တော့၊ ချိယွမ်ရှန်းက စိတ်ထွေပြားလို့သွားခဲ့တယ်။
"ငါ့ကိုမသိဘူးလား?"

ချိယွီ : "..."

ချိယွမ်ရှန်းက သူ့ကော်ဖီခွက်ကိုအောက်ချကာ၊ပြောလာခဲ့တယ် : "ဘာလို့ မင်းက ကလေးကိုငါ့ဆီခေါ်မလာခဲ့တာလဲ? အဲ့ဒီမေးခွန်းကိုတော့ ငါတစ်ကယ်သိချင်မိတယ်"

ချိယွီကတော့ ခုချိန်ထိ ထိုင်းမှိုင်းလို့နေသည်။

ချိယွမ်ရှန်းက ဒီနှစ်ကမှာ အသက်လေးဆယ်ထဲဝင်ရောက်ပြီဖြစ်သော်လည်း နုပျိုဆဲပါပင်။သူက ရုပ်ရည်နဲ့တင် ထူးချွန်နေပြီးဖြစ်သော်လည်း ၊ ရန်လိုမှုအနည်းငယ်မျှပင်မရှိကာ နူးညံ့ချောမောပြီး ရုပ်ရည်နှင့်ပင် လူများအား သေစေနိုင်သည်။

ထိုလူက စုတ်တံကိုကိုင်ဆောင်ထားသည့်၊ ပန်းချီဆရာနှင့် ပိုတူပေသည်။

ချိယွီက ထိတ်လန့်ရာမှ ပြန်သက်သာလာကာ၊ ချောင်းဟန့်လိုက်ပြီး : "ကျွန်တော် မလာတာကြာပြီဖြစ်လို့ ၊ဒီတိုင်း...တစ်ချက်လောက်လာကြည့်ရုံပါ"

ချိယွမ်ရှန်းက ထပ်ပြီးပြောလာခဲ့တယ်။"သူ့ကိုဒီခေါ်လာပြီးမှ ကြည့်လို့မရဘူးလား?"

"..."

"ငါတစ်ကယ်သူ့ကိုတွေ့ချင်နေတာ"

ချိယွီရဲ့ကိုယ်ကတောင့်ခဲလို့သွားခဲ့ပြီး၊ ဘယ်လိုပြန်ဖြေရမလဲမသိဖြစ်လို့နေတယ်။

ဟယ်ကျိုး ပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ ချိယွမ်ရှန်းက ထူးဆန်းတဲ့ စိတ်ထားရှိတယ်လို့သာ ပြောခဲ့ပေမယ့် ၊ သူဘယ်လောက်ထူးဆန်းတယ်ဆိုတာ မပြောခဲ့ဘူးလေ ။ အခု သူသိလိုက်ပါပြီ၊ တကယ်ကို ‌စိတ်ဝင်စားဖို့မကောင်း‌ပေ။

ချိယွမ်ရှန်းက ထပ်ပြီးပြောလာခဲ့တယ်။"ငါ တည့်တိုးဘဲပြောရတော့မယ်ထင်တယ်"

ချိယွီက ခဏလောက်စဉ်းစားပြီး၊ပြောလိုက်တယ်။
"...ဒါဆိုလဲနောက်တစ်ခါ ကျွန်တော်ဒီကိုလာတာနဲ့ ကလေးကိုခေါ်ခဲ့ပါ့မယ်"

"ဘယ်မှာလဲ?အခု ရှုကျုံးကိုခေါ်ခိုင်းလိုက်မယ်လေ"

ချိယွီ : "..."

ပြောစရာစကားမဲ့တဲ့အဖြစ်ကို သူသေချာနားလည်လိုက်ပြီထင်ပါရဲ့။သူက ချိယွမ်ရှန်းကို ရှောင်ကျိုးလေးအား တွေ့မသွားစေလိုတာကြောင့် မခေါ်ခဲ့ခြင်းသာဖြစ်တယ်။ရလဒ်အနေနဲ့တော့၊ဒီ အခြေအနေမျိုးမှာ သူ ချောင်ပိတ်မိလို့နေတယ်။

ချိဟန်က အခန်းထဲမှ ထွက်လာကာ : "သူ့ကိုနာကျင်အောင်လုပ်မိမှာတော့ စိုးသား"

ချိယွမ်ရှန်းက ချိဟန်ကိုတစ်ချက်ကြည့်လိုက်ကာ၊ချိယွီကို ပြောလိုက်တယ်။"အဲ့လိုလုပ်စရာ၊ မလိုပါဘူး"

ချိယွီက လုံးဝကို စိတ်ရှုပ်ထွေးလို့သွားခဲ့တယ်။

သူ မူလကိုယ်ရဲ့အဖေရဲ့ စိတ်နေစိတ်ထားကို အမှန်ပင် မခန့်မှန်းတတ်တော့ပေ။ သူက ခုလေးတင် ချိဟန်ရဲ့ ခပ်တုံးတုံးစကားကို လျစ်လျူရှုပြီး ဆူလိုက်တာလား?

နှစ်ယောက်စလုံးရဲ့အကြည့်တွေ သူ့ဆီရောက်လာပြီး၊ ဘယ်လိုဖြေရမလဲ အခက်တွေနေချိန်မှာဘဲ အိမ်အကူဝတ်စုံနဲ့လူတစ်ဦးက အခန်းထဲဝင်ရောက်လို့လာခဲ့တယ်။

သူက ချိယွမ်ရှန်းဆီ လျှောက်သွားလိုက်ပြီး၊ပြောလိုက်တယ်။"ဗိုလ်ချုပ် ဟယ်ရဲ့သား ဟယ်ကျိုးက အပြင်မှာစောင့်နေပါတယ်။Mrsဆီ လာလည်တာလို့ပြောပါတယ်"

ချိယွမ်ရှန်းက ခေါင်းငြိမ့်ပြလိုက်တယ်။"ဝင်ခိုင်းလိုက်"

စကားပြောပြီးနောက်၊ ချိယွမ်ရှန်းက ချိယွီနဲ့ချိဟန်ဆီမေးငေါ့ပြရင်း : "မင်းတို့‌နှစ်‌ယောက် သွားဧည့်ခံလိုက်ကြ။ငါမအားဘူး"

ချိဟန် : "ကောင်းပါပြီ"

ချိယွီ : "..."

လုပ်စရာရှိနေသဖြင့်၊ ချိယွမ်ရှန်းလဲ ကလေးအကြောင်းကို ထပ်မေးမလာတော့ပေ။

ချိယွမ်ရှန်း အပေါ်ထက်ကို ပစ္စည်းတွေသယ်ရင်း တက်သွားတာကိုတွေ့ရမှ ချိယွီလည်း စိတ်သက်သာရာရသွားတော့တယ်။ချိယွီအနေနဲ့ ဟယ်ကျိုးရဲ့ ထွက်ပေါ်လာမှုကို ဒီ‌တစ်ခါကလောက်ဘယ်တုန်းကမှ ကျေးဇူးမတင်ခဲ့ဘူးပေ။လွယ်လွယ်ကူကူနဲ့ ကိစ္စကြီးကို ရှင်းထုတ်လိုက်တာဘဲ။

ချိဟန်က သူ့လက်နှစ်ဖက်ကို သူ့ဘောင်းဘီအိတ်တွေထဲထိုးထားရင်း၊အပြင်ကို ကြည့်လိုက်ကာ : "မင်းက အမှတ်ကိုဖျက်လိုက်ပြီး၊ ဟယ်ကျိုးကတော့ မင်းကိုကူညီဖို့ ဒီထိကိုရောက်လာခဲ့တာဘဲ"

သူက ခေါင်းကိုငုံ့ကာ ချိယွီကို ကဲ့ရဲ့လိုက်တယ်။"မထင်မှတ်ထားစွာဘဲ၊မင်းက နည်းလမ်းကောင်းကိုသုံးခဲ့တာဘဲ"

ချိယွီက သူ့မျက်လွှာကိုပင့်ကာ ကြည့်လာခဲ့တယ်။"ဟုတ်တယ်လေ။ ဘာလဲ၊အားကျလို့လား?"

ချိဟန်တစ်ယောက် သီးသွားကာ၊ ထပ်ပြီးကဲ့ရဲ့လာပြန်တယ်။

ချိယွီအနေနဲ့လည်း ထိုလူကိုဂရုစိုက်မနေတော့ပေ။ သူ့စိတ်က အခု အတော်လေးကို ရှုပ်ထွေးနေလေပြီ။

ချိယွမ်ရှန်းက သူထင်ထားတဲ့ပုံစံနဲ့ အတော်လေးကို ကွာခြားလှတယ်။ပြီးတော့ ဒီမိသားစုက မိသားစုဝင်အချင်းချင်းရဲ့ဆက်ဆံပုံကလည်း ထူးဆန်းလို့နေတယ်။ ဒီအချက်တွေ သူကြည့်တုန်းကမပါခဲ့ဘူး။အဆုံးမှာတော့ ခုထိ သူ့ကို ဆက်သွယ်ခဲ့တဲ့သူကို မတွေ့ရသေးဘူး။

ဒါတွေက ဒုတိယနေရာမှာသာ ရှိသေးသည်။

အဓိကက၊ ချိယွမ်ရှန်းက ကလေးအပေါ်မှာ စိတ်ဝင်စားနေတာက သူ့ကိုထိတ်လန့်စေသည်။

ချိယွီရဲ့ လက်တွေဟာ တင်းတင်းဆုပ်လို့ထားတဲ့ လက်သီးဆုပ်တွေ အဖြစ်သို့ ကူးပြောင်းလို့သွားပြီး၊ ချိယွီလည်း ပြတင်းပေါက်အပြင်ကို တည့်တည့်ကြည့်လိုက်တယ်။

ထိုအရာကလည်း ဟယ်ကျိုးရဲ့ ရှည်‌မျောမျော အသွင်အပြင် အဝေးမှ နီးကပ်မလာခင်အထိသာဖြစ်ပြီး၊အဲ့နောက်မှာတော့ သူ ရုတ်တရက်ဘဲ သက်ပြင်းချလိုက်ကာ ဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ်တွေကို ဖြေလျှော့လိုက်တော့တယ်။

ဟယ်ကျိုးလည်း အိမ်ထိန်းနောက်ကနေလိုက်လာခဲ့ပြီး ၊ ချိဟန်က သူ့ကိုနှုတ်ဆက်လာတယ်။ "ဟယ်ကျိုး၊မတွေ့ရတာ အတော်ကြာပြီဘဲ"

ဟယ်ကျိုးက သူ့ကို ခေါင်းငြိမ့်ပြလာတယ်။"အင်း၊မတွေ့ရတာကြာပြီ"

သူက ချိယွီကိုထပ်ကြည့်လိုက်ကာ : "တိုက်ဆိုင်လိုက်တာ"

ချိယွီက ချောင်းဟန့်လိုက်ပြီး၊ ဟယ်ကျိုးကိုပြုံးကာ ကြည့်လိုက်တယ်။ "ဟုတ်တယ်နော်၊ညီအစ်ကို။ တိုက်ဆိုင်လိုက်တဲ့ဖြစ်ချင်း"

===================================

•စာလုံးရေ = 3734

•ရက်စွဲ = 22,6,2022 (WED)

===================================

🍼 ခ်ိအိမ္ေတာ္ |Zaw

【ဟယ္က်ိဳး : မင္း ေရာက္ေနၿပီလား?】

【ခ်ိယြီ : အင္း၊သြား‌ေနတုန္း】

【ဟယ္က်ိဳး : ေကာင္းၿပီ၊ ကိုယ့္ကိုဆက္သြယ္လိုက္ပါ။】

"မင္းၾကည့္ရတာတစ္ခုခုကို သတိထားေနရပုံဘဲေနာ္"

စကားသံကိုၾကားလိုက္ရတာေၾကာင့္၊ခ်ိယြီက သူ႕ေဘးမွာထိုင္ေနတဲ့လူကို လွမ္းၾကည့္မိလိုက္တယ္-

ခ်ိယြီက ထိုလူသူ႕ကိုျပဳံးၾကည့္ေနတာကိုေတြ႕လိုက္ရၿပီး၊ ထိုလူက သူ႕လက္ႏွစ္ဖက္ကိုထပ္ကာ ဒူးေ႐ွ႕တင္ထားရင္း ေသေသသပ္သပ္ထိုင္‌ေနတာျဖစ္တယ္။

သူ႕ရဲ႕ အနက္ေရာင္ဆံပင္ ခပ္တိုတိုေတြကို အေနာက္ကိုလွန္တင္ကာဖီးထားၿပီး၊ အနားသပ္မဲ့တဲ့ မ်က္မွန္တစ္စုံကိုလည္း ဝတ္ဆင္လို႔ထားေသးသည္။ လက္ရာေျမာက္စြာ ဖန္တီးထားေသာ ဝတ္စုံက သူ႕ကို ေျပာမျပႏိုင္ေလာက္ေအာင္ ႏူးညံ့သိမ္ေမြ႕ၿပီး မြန္ျမတ္ေသာ စိတ္ထားျဖင့္ ေျပာင္ေျမာက္ေသာ ႐ုပ္ရည္ကို ျဖစ္ေပၚေနေစသည္။

ထိုလူက ႐ွဴက်ံဳးျဖစ္ကာ၊ ခ်ိယြမ္႐ွန္းရဲ႕ လူယုံျဖစ္ၿပီး ထိုလူက ခ်ိယြမ္႐ွန္းရဲ႕အမိန္႔ေၾကာင့္ဘဲလား၊ ဝမ္‌ယုေဝရဲ႕မွာၾကားခ်က္ေၾကာင့္ဘဲ သူ႕ကိုလာႀကိဳရတာလားေတာ့ သူလည္း မသိတဲ့အတြက္ ေမးလည္းမေမးျဖစ္ေပ။

သူ ခ်ိအိမ္ေတာ္ကိုသြားဖို႔ဆုံးျဖန္ခ်က္ခ်ခဲ့စဥ္က၊ သူ ဝမ္ယုေဝကိုစာျပန္ခဲ့ၿပီး အမ်ိဳးသားေန႔မွာ ျပန္လာခဲ့မယ္လို႔ေျပာျပခဲ့တယ္ ။

မူလကိုယ္က ခ်ိအိမ္ေတာ္ကို မေရာက္တာၾကာၿပီျဖစ္တာေၾကာင့္ ၊ ဟယ္က်ိဳးသူ႕ကိုေပးခဲ့တဲ့အခ်က္အလက္ေတြနဲ႔အတူ သူသာ အနည္းငယ္ေအးစက္စက္ျပဳမူေနသ၍ တစ္ခုခု ေဖာ္ထုတ္မိသြားၾကမည္ကိုလည္း သူ,မစိုးရိမ္မိေပ။

"ကြၽန္ေတာ့္ကို တစ္ခုခုေမးစရာမ႐ွိဘူးလား? မင္းေမးခ်င္ရင္ ေမးႏိုင္ပါတယ္" ႐ွဴက်ံဳးက ထပ္ေျပာလာခဲ့တယ္။

ခ်ိယြီက ခဏေလာက္စဥ္းစားၿပီးေနာက္၊ေျပာလိုက္တယ္ : "ကြၽန္ေတာ္အိမ္ျပန္ေရာက္တဲ့အခါ၊ သတိထားရမယ့္အရာေတြမ်ား႐ွိမလားလို႔ပါ?"

႐ႈက်ံဳးက သိမ္ေမြ႕စြာျပဳံးျပလာခဲ့တယ္။ "သတိထားရမယ့္အရာမ႐ွိပါဘူး။ Mr.ခ်ိကလည္း သည္းခံစိတ္႐ွိသလို၊ Mrs.ဝမ္ကလဲ အရမ္းကိုၾကင္နာတတ္ပါတယ္။ခ်ိဟန္ကေတာ့ နည္းနည္းပြင့္လင္းၿပီး၊ စကားကိုခပ္တန္းတန္းဘဲေျပာတတ္ေပမယ့္ မင္းအေနနဲ႔သူ႕ကိုဂ႐ုမစိုက္လဲရပါတယ္"

ခ်ိယြမ္႐ွန္းက သည္းခံစိတ္႐ွိတယ္?

အကယ္၍ ခ်ိယြမ္႐ွန္းသာ သည္းခံသနားစိတ္႐ွိခဲ့ရင္၊ အခုလိုေတြျဖစ္လာခဲ့ပါ့မလား?

ခ်ိယြီက ဘာမွေျပာမလာခဲ့ဘဲ၊ ေခါင္းသာၿငိမ့္ျပလိုက္ကာ ၿပီးေနာက္၊ေမးလိုက္တယ္ : "ကြၽန္ေတာ္သြားလို႔မရတဲ့ တားျမစ္ေနရာေတြမ်ား႐ွိသလား?"

႐ႈက်ံဳးကျပန္ေျဖလာခဲ့တယ္ : "မ႐ွိပါဘူး။ မင္းသြားခ်င္တဲ့ေနရာသြားလို႔ရပါတယ္"

"ေကာင္းပါၿပီ၊ေက်းဇူးပါ" ခ်ိယြီက ျပန္ျပဳံးျပလိုက္တယ္။

သူက ဒီတစ္ခါမွာ ဘာေၾကာင့္နဲ႔မွျပန္လာတာမဟုတ္ဘဲ၊ မူလကိုယ္က ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း အတိအက်သိရေစဖို႔သာ လာခဲ့တာျဖစ္တယ္။

ထိုအခါမွသာ သူ႕ရဲ႕ေနာက္ခံ၊ ေနာက္ေၾကာင္းကိုသိရမွာျဖစ္ၿပီး၊ သူတစ္ေယာက္တည္းအတြက္သာမက ေ႐ွာင္က်ိဳးေလးပါ မွီခိုအားထားျပဳႏိုင္ေစဖို႔နဲ႔ ဤအေမြနဲ႔ပစၥည္းေတြဟာလည္း မူလကိုယ္ရသင့္ရထိုက္တဲ့အရာေတြျဖစ္တာေၾကာင့္ သူ႕အေနနဲ႔ ေအးေဆးတည္ၿငိမ္လို႔ေနတယ္။

"ဘာမ်ား ထပ္ေမးခ်င္တာ႐ွိေသးလဲ?" ႐ႈက်ံဳးက ထပ္ေမးလာခဲ့တယ္။

"ခင္ဗ်ားကေရာ?"

ခ်ိယြီက ထိုလူ႕ဘက္ေမးကိုေငါ့ျပလိုက္ကာ : "ခင္ဗ်ားနဲ႔အတူ႐ွိေနရင္၊ကြၽန္ေတာ္ ဘယ္အရာကိုသတိထားသင့္လဲ?"

႐ႈက်ံဳးရဲ႕ႏႈတ္ခမ္းေထာင့္ေတြက ပိုျမင့္တက္လို႔သြားကာ၊ သူက လက္ကိုဆန္႔ကာ မ်က္မွန္ကိုျပန္ပင့္တင္လိုက္ၿပီးမ်က္မွန္ေနာက္က ဖုံးကြယ္လို႔ထားတဲ့ မ်က္လုံးေတြဟာလည္း အစစ္အမွန္ဟုတ္မေနသေယာင္။

"ကြၽန္ေတာ္႕ကို သတိထားေနစရာမလိုပါဘူး"

ခ်ိယြီက သူ႕ပါးေပၚကို လက္တစ္ဖက္ျဖင့္ ေထာက္လိုက္ကာ၊သူ႕ေမးေစ့ကို သူ႕လက္ေခ်ာင္းထိပ္ေတြနဲ႔ ပြတ္သပ္ေနလိုက္တယ္။

သူက ႐ႈက်ံဳးကိုတည့္တည့္ၾကည့္လိုက္ၿပီး၊ အေတာ္အၾကာမွ အၾကည့္လႊဲကာ ကားျပတင္းေပါက္အျပင္ကို လွမ္းၾကည့္လိုက္တယ္။

သူ႕အေနနဲ႔ သူ႕‌ေ႐ွ႕ကလူကို အကဲမခတ္ႏိုင္ခဲ့ဘူး။

တံခါးဖြင့္ခ်ိန္ စစျမင္ခ်င္းတုန္းက ထိုလူကမ်က္ႏွာဖုံးတပ္ထားသလိုပဲ။ သူ႕မ်က္ႏွာက ျပဳံးေနၿပီး သူ႕ေလသံက ႏူးညံ့ညင္သာေပမယ့္ သူ႕ႏွလုံးသားရဲ႕ ေအာက္ေျခကို မသိႏိုင္ဘူး။ အဲ့ဒီအစား၊ထိုသူက သူ႕ကို နားမလည္ႏိုင္ေလာက္တဲ့ ကင္းကြာမႈႏွင့္ အေရျခဳံမႈတို႔ကို ခံစားရေစခဲ့တယ္။

ခ်ိယြီရဲ႕ မသိစိတ္က ဒီလူနဲ႔ ေဝးေဝးေနဖို႔ ေျပာျပလို႔ေနတယ္။

သူက ဘာမွထပ္ေျပာမလာေတာ့သလို၊႐ႈက်ံဳးကလည္း ေျပာမလာခဲ့ေပ။

ခ်ိယြီအေနနဲ႔ ကားေပၚ႐ွိ ေလထုဟာ အနည္းငယ္ အဆင္မေျပျဖစ္‌ေနသလို ခံစားမိေသာ္လည္း ၊႐ႈက်ံဳးကေတာ့ သက္ေတာင့္သက္သာ႐ွိလို႔ေနသည္။ လက္တစ္ဖက္က ေကာ္ဖီခြက္ကိုကိုင္ထားၿပီး ေနာက္တစ္ဖက္က အစီရင္ခံစာပုံစံစာ႐ြက္‌ကိုၾကည့္ေနကာ တည္ၿငိမ္ေသာအမူအရာျဖင့္ ေဘာပင္ကိုေကာက္ကိုင္ရင္း ရံဖန္ရံခါ တစ္စုံတစ္ခုကို ေရးလို႔ေနသည္။

႐ႈက်ံဳးက လိုရာခရီးကို ေရာက္တာနဲ႔၊ သူ႕ပစၥည္း‌ေတြကို တုံ႔ဆိုင္းမႈမ႐ွိ ေဘးဖယ္ထားလိုက္ေတာ့တယ္။

သူက ခ်ိယြီကိုၾကည့္ကာ : "အိမ္ထိန္းက မင္းကို ေနရမယ့္ ေနရာကို ေခၚသြားေပးလိမ့္မယ္။ မစၥတာ ခ်ိ က ဒီလိုအခ်ိန္မွာ ကုမၸဏီမွာဘဲ႐ွိ‌ေလာက္တယ္ ။ သူက ေန႔လည္ 12 နာရီေလာက္မွာ ျပန္လာတတ္တယ္။ ဥယ်ာဥ္ထဲက ပန္းေတြက အရမ္းလွလို႔ မင္းပ်င္းရင္ အဲဒီကိုသြားလို႔ရတယ္၊ မင္းႀကိဳက္မယ္လို႔ထင္ပါတယ္"

ခ်ိယြီ : "ေကာင္းပါၿပီ၊ေက်းဇူးပါ"

႐ႈက်ံဳးကျပဳံးျပလာကာ : "ရပါတယ္"

ႏွစ္ေယာက္သား ကားအျပင္ကိုအတူထြက္လာခဲ့ၾကၿပီး ၊ ကားထဲကထြက္ၿပီးေနာက္ လူစုခြဲလိုက္ၾကတယ္။

႐ႈက်ံဳးထြက္သြားတာကိုျမင္ေတာ့၊ ခ်ိယြီတစ္ေယာက္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္မိတယ္။သူက သူ႕ဖုန္းကိုထုတ္ယူလိုက္ကာ၊ဟယ္က်ိဳးကို စာလွမ္းပို႔လိုက္တယ္-

【ခ်ိယြီ : ငါေရာက္ေနၿပီ】

【ဟယ္က်ိဳး : ေကာင္းတယ္】

စာပို႔ၿပီးေနာက္၊ ခ်ိယြီ အနည္းငယ္ေတာ့ ရယ္ခ်င္သြားမိသည္။ သူႏွင့္ ဟယ္က်ိဳးတို႔က ႐ွက္စရာ ကိစၥတစ္ခုခုကို လုပ္ေနၾကသကဲ့သို႔ သိုဝွက္ထားရမည့္အရာမ်ား႐ွိ‌ေနသလိုပင္ သူအၿမဲခံစားေနခဲ့ရသည္။

တကယ္တမ္းမွာေတာ့ ထိုအရာက သိပ္ကိစၥမ႐ွိေပ။

ခ်ိယြီက စိတ္လႈပ္႐ွားကာ ေဒါသလဲအနည္းငယ္ထြက္ေနတာေၾကာင့္၊ ဟယ္က်ိဳးက ခ်ိယြီကို သူ႕ဆီ အခ်ိန္ႏွင့္တေျပးညီ သတင္းပို႔ရန္ မေတာင္းဆိုခဲ့‌ေပ။ခ်ိယြီကသာ သူ႕စိတ္ထဲမွာခံစားရခက္လို႔ေနတာေၾကာင့္ မေနႏိုင္ဘဲ ဟယ္က်ိဳးကို မက္ေဆ့ခ်္သာဆက္တိုက္ပို႔ေနမိသည္။

ေ႐ွ႕ကေန လမ္းကိုဦးေဆာင္ေနတဲ့ အိမ္ထိန္းက သူ႕လက္ကို ဆန္႔တန္းကာ "Mrs၊ ဒီမွာပါ ေက်းဇူးျပဳၿပီး" လို႔အခ်က္ျပလာခဲ့တယ္။

ခ်ိယြီက သူ႕ဖုန္းကိုအေဝးတစ္ေနရာကို ေ႐ြ႕ကာသိမ္းထားလိုက္ၿပီး၊ ျမန္ျမန္လိုက္သြားလိုက္တယ္။ "ေကာင္းပါၿပီ"

အိမ္ေတာ္အတြင္း႐ွိ စမ္းေရတြင္းကို ျဖတ္ေက်ာ္ၿပီးေနာက္၊ အိမ္ထိန္းရဲ႕ ေနာက္သို႔ လိုက္ကာ တံခါးထဲသို႔ ဝင္သြားလိုက္တယ္။ ဝင္လိုက္သည္ႏွင့္ ဘယ္ဘက္ျခမ္း႐ွိ ဆိုဖာေပၚတြင္ လူငယ္ေလးတစ္ေယာက္ ထိုင္ေနသည္ကို သူေတြ႕လိုက္ရတယ္။ သူ႕ပါးကို လက္တစ္ဖက္နဲ႔ ေထာက္လို႔ထားၿပီး မ်က္လုံးေတြကိုလည္း ဖုံးကြယ္မထားဘဲ သူ႕ကို တည့္တည့္ၾကည့္လို႔ေနတယ္။

ထိုလူ႕ကိုျမင္ျမင္ခ်င္းဘဲ ခ်ိယြီရဲ႕စိတ္ထဲ စကားလုံးေလးလုံး ေပၚလို႔လာခဲ့တယ္။ ထိုလူက လူေကာင္းမဟုတ္ေလာက္ဘူး။

အိမ္ထိန္းကရပ္တန္႔သြားၿပီး ဆိုဖာေပၚကလူကို ႏႈတ္ဆက္လိုက္တယ္။

ခ်ိယြီလဲ သဘာဝက်က်ဘဲ လိုက္ရပ္လိုက္တယ္ ။

ထိုလူက အိမ္ထိန္းနဲ႔ အေစခံရဲ႕လက္ထဲက ပစၥည္းေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး : "မင္းတို႔သြားလို႔ရၿပီ" အဲ့ဒီေနာက္၊သူက ခ်ိယြီကို ၾကည့္လိုက္ၿပီး : "ငါ့ညီအစ္ကို ခ်ိယြီကလာေတြ႕မွေတာ့လဲ၊စကားေျပာၾကတာေပါ့"

ခ်ိယြီက ျပဳံးကာ၊ႏႈတ္ဆက္လာခဲ့တယ္။"ဟယ္လို ခ်ိဟန္"

"စကားေျပာၾကမလား?"

"ရတာေပါ့"

ခ်ိယြီက မ်က္ႏွာအမူအယာမေျပာင္းလဲပါဘဲ၊တစ္ဖက္က ဆိုဖာေပၚကို ထိုင္ခ်လိုက္ကာ ၊ သူ႕မ်က္လႊာကိုပင့္ၿပီး သူနဲ႔ညီအကိုတစ္ဝက္ေတာ္စပ္တဲ့သူကို ၾကည့္ေနလိုက္တယ္။

ခ်ိဟန္ရဲ႕ ႐ုပ္ရည္မွာ ၾကည့္ေကာင္းတဲ့ထဲမပါေသာ္လည္း ဝတ္ေကာင္းစားလွႏွင့္ ငယ္စဥ္ကတည္းက ေကာင္းစြာျပဳစုပ်ိဳးေထာင္ထားျခင္းခံထားရတာၾကာင့္ မ်က္လုံးကိုဖမ္းစားႏိုင္တဲ့ထဲေတာ့ပါသည္။

သို႔ေသာ္...

သူက ခ်ိယြီကိုအလြန္မုန္းတီးေနပုံပင္။

ခ်ိဟန္က ေလွာင္ေျပာင္ေသာေလသံနဲ႔ေျပာလာခဲ့တယ္ : "ႏွစ္ေတြအေတာ္ၾကာမွ၊ ဘာလို႔ ဒီေန႔မွ ႐ုတ္တရက္ႀကီး ေရာက္ခ်လာရတာလဲ?"

ခ်ိယြီရဲ႕ အမူအယာကတိတ္ဆိတ္လို႔ေနကာ၊ သူ႕ႏွလုံးသားထဲမွာေတာ့ အနည္းငယ္အံ့ဩမိသြားသည္။

ခ်မ္းသာတဲ့သူေတြက ခံစားခ်က္ေတြကို ဖုံးကြယ္တဲ့ေနရာမွာ အေတာ္ဆုံးလို႔ေျပာၾကတယ္မဟုတ္ဘူးလား?ဘာလို႔ ဒီလူက သူ႕ရဲ႕ရန္လိုမုန္းတီးမႈကို ခ်ိယြီမသိမွာကိုပင္စိုး႐ြံ႕ေနသလိုမ်ိဳး၊ သူ႕ရဲ႕အၾကည့္ အမူအယာနဲ႔ စကားလုံးေတြက တည့္တိုးဆန္လြန္းေနရတာလဲ?

ခ်ိယြီက ျပန္ေျပာလာခဲ့တယ္။"ဒီအိမ္ကငါနဲ႔လည္းသက္ဆိုင္တယ္၊ ငါျပန္ခ်င္တဲ့အခ်ိန္ျပန္လာႏိုင္တယ္"

ခ်ိဟန္ရဲ႕ မ်က္ဝန္းေတြက ေလွာင္ေျပာင္ရိပ္သန္းေနကာ : "မင္းဘဲ အေဖနဲ႔ ဆက္ဆံေရးကို ကတိကဝတ္‌ေတြနဲ႔ ျဖတ္ခဲ့တာ မဟုတ္ဘူးလား? ၊ျပန္လာဖို႔ထက္ ေသဖို႔ကိုဘဲ ေ႐ြးျခယ္ခ်င္ခဲ့တာမဟုတ္ဘူးလား?"

ခ်ိယြီ : "..."

မဟုတ္ေတာ့ဘူးကြ၊ ဒီလူက စကားေျပာလို႔‌ေရာ ရေသးရဲ႕လား?

ခ်ိယြီက ယုံၾကည္မႈ႐ွိစြာျပန္ေျပာလိုက္တယ္။"အဲ့ဒီအခ်ိန္တုန္းက၊ ငါကအရမ္းငယ္လြန္းေသးတယ္ေလ။ငါ‌ေျပာခဲ့တဲ့စကားတိုင္းက မ႐ိုးသားႏိုင္ဘူး"

ထိုအခ်ိန္က၊ မူလကိုယ္မွာ ဆယ္ႏွစ္သာ႐ွိေသးကာ အလယ္တန္းတတိယႏွစ္မွ်သာ႐ွိေသးသည္။

ခ်ိဟန္က ရပ္တန္႔သြားကာ၊ထရယ္လာခဲ့တယ္။"မင္းဘယ္ေလာက္ ေခါင္းမာခဲ့လဲငါမွတ္မိပါေသးတယ္။ဒါေပမယ့္ ဘယ္လိုျဖစ္ၿပီး..."

ခ်ိဟန္၏စကားမ်ားက ခ်ိယြီကို ေထ့ေငါ့ေနသလို ခံစားလိုက္ရတယ္။ ခ်ိယြီက သူ႕အမူအရာ မေျပာင္းလဲပါဘဲ ေခါင္းညိတ္လိုက္ကာ: "အင္း၊ ဘာလို႔ ေခါင္းမာေနသင့္အုံးမွာလဲေလ၊ ဝါးစားလို႔လဲရတာမွမဟုတ္ဘဲ"

" ေခါင္းမမာရင္ ဒီအိမ္ႀကီးမွာ ဆက္ေနႏိုင္တယ္၊ မေရမတြက္ႏိုင္တဲ့ အေစခံေတြနဲ႔ သူေဌးျဖစ္ႏိုင္တဲ့ သခင္ငယ္‌ေလးတစ္ေယာက္ ျဖစ္လာႏိုင္တယ္။ မေရမတြက္ႏိုင္တဲ့ လူေတြရဲ႕ ေစာင့္ၾကည့္ျခင္းကိုခံရႏိုင္တယ္။ ေခါင္းမမာတာက ဘယ္ေလာက္ေကာင္းလိုက္သလဲ--"ခ်ိယြီက ထိုသို႔ေျပာၿပီး အ႐ွိန္ကိုေလွ်ာ့လိုက္ကာ ခ်ိဟန္ ကို တည့္တည့္ၾကည့္လိုက္ရင္း "ဒီတစ္ခ်က္ကိုေတာ့ မင္းကငါ့ထက္ ပိုနားလည္လိမ့္မယ္လို႔ ငါထင္ပါတယ္"

ခ်ိဟန္နဲ႔ ဝမ္ယုေဝဟာ ခ်ိယြမ္႐ွန္းဆီမွ အျခားေသာ ေဆး႐ုံတစ္ခုမွာ ဆယ္ႏွစ္ေက်ာ္ၾကာ ‌ပ်ိဳးေထာင္ျခင္းခံခဲ့ရတာျဖစ္တယ္။

တစ္ေယာက္ကေတာ့ တရားမဝင္မယားငယ္အျဖစ္ ၁၀ ႏွစ္ေက်ာ္ၾကာေနထိုင္ခဲ့ရၿပီး၊ ေနာက္တစ္ေယာက္ကေတာ့ တရားမဝင္ကေလးအျဖစ္ ၁၀ႏွစ္ၾကာ ႐ွင္သန္ခဲ့ရတယ္။ ယေန႔လို အရာအားလုံးျဖစ္လာဖို႔ ႐ွက္ဖြယ္ ၁၀ႏွစ္ေက်ာ္ၾကာ ေန႔ရက္ေတြကို ျဖတ္သန္းခဲ့ရတယ္။

သူ႕အေနနဲ႔ ခ်ိယြမ္႐ွန္းဆီ ေခါင္းငုံ႔ေပးထားသေ႐ြ႕ ၊ တစ္ရက္ပင္ သည္းခံေနစရာမလိုေပ။

ခ်ိဟန္ရဲ႕ မ်က္ႏွာအမူအယာဟာ ခန္႔မွန္းရ ခက္ခဲလို႔ေနကာ : "မင္းဘာအေၾကာင္းေျပာေနတယ္ဆိုတာ မင္းကိုယ္တိုင္ေရာသိရဲ႕လား?"

ခ်ိယြီက ျပန္ေမးလိုက္တယ္။"ငါဘာေျပာလိုက္လို႔လဲ?"

ခ်ိဟန္က သူ႕ႏႈတ္ခမ္းကိုတင္းတင္းကိုက္ကိုက္လိုက္မိကာ၊မ်က္ခုံးတန္းေတြဟာလည္း စုက်ံဳ႕လို႔သြားခဲ့တယ္။

သူက သူ႕လက္ႏွစ္ဖက္နဲ႔ေအာက္ကဆိုဖာကို တင္းတင္းညစ္လိုက္ကာ ၊ ခဏအၾကာမွာ ျပန္လႊတ္လိုက္ၿပီး သူ႕မ်က္ႏွာအမူအယာဟာလည္း ပိုလို႔ တည္ၿငိမ္လာခဲ့တယ္။"ထားလိုက္ေတာ့"

ခ်ိယြီက အနည္း စိတ္မ႐ွည္ျဖစ္ေနရင္းေျပာလိုက္တယ္။"ဘာေျပာစရာ႐ွိေသးလဲ? မ႐ွိရင္ ငါသြားေတာ့မယ္"

ခ်ိဟန္က နတ္ဆိုးတစ္ေကာင္ကိုသူ႕အၾကည့္ေတြထဲ ကြယ္ဝွက္ထားသကဲ့သို႔ ရယ္ေမာလာခဲ့တယ္။"ဒါနဲ႔၊ဘာလို႔ကေလးကိုေခၚမလာရတာလဲ? အေဖ့ကိုမျပခ်င္ဘူးလား?"

ထိုအရာက ကိုယ္ေရးကိုယ္တာ တိုက္ခိုက္မႈျဖစ္ေနရင္ေတာင္၊ ***ကေလးကေတာ့?

ထိုစကားကိုၾကားေတာ့၊ ခ်ိယြီက ခ်ိဟန္ကို တည့္တည့္ၾကည့္ကာ : "မင္းကအဆင့္ပိုျမင့္လိမ့္မယ္ထင္လို႔ပါ"

"ဟမ္?"

ခ်ိယြီက ထပ္ေျပာလာခဲ့တယ္။"အဲ့လိုထင္ရေပမယ့္..အာ"

ခ်ိယြီက အခန္းထိပ္က ကင္မရာကိုလက္ညိဳးနဲ႔ ၫႊန္ျပရင္းနဲ႔ ခ်ိဟန္ကို မထီမဲ့ျမင္ျပဳရိပ္သန္းေနတဲ့ သူ႕မ်က္ဝန္းေတြကိုလည္း ဆက္မဖုံးကြယ္ထားေတာ့ေပ။ "မင္း ဒီမွာ ျပႆနာ႐ွိေနတယ္လို႔ ငါထင္တယ္၊ မင္း ဒီမွာစကားေျပာလို႔မရႏိုင္‌ေလာက္ဘူး"

ခ်ိဟန္က ႐ုတ္တရက္ ထရယ္လာကာ : "မလိုပါဘူး"

သူက လက္ညိဳးကို ဆန္႔ထုတ္လိုက္ၿပီး ေအာက္ကခလုတ္တစ္ခုကို ႏွိပ္ကာ ခ်ိယြီကိုစိုက္ၾကည့္လိုက္ရင္း : "ဒီေနရာမွာ၊ေျပာခ်င္တာကိုေျပာလို႔ရတယ္။တားျမစ္ထားတာမ႐ွိဘူး။ငါမင္းကိုလည္း တည့္တိုးေျပာလိုက္မယ္- ငါမင္းကိုမုန္းတယ္၊ အထင္ေသးတယ္။ အရမ္း ၊ အရမ္း ၊အရမ္းကိုမုန္းတာ"

ခ်ိယြီ : "..." အိုေကေလ၊ မင္းကိုယ္တိုင္က မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ခ်င္ေနမွေတာ့လဲ သေဘာဘဲ။

"အိုး၊ဟုတ္လား။ ငါလည္းတူတူဘဲ။မင္းကိုအရမ္းမုန္းၿပီး ငတုံးလို႔ေတာင္ထင္ေနတာ" ထိုသို႔ေျပာၿပီးေနာက္၊ ခ်ိယြီက သူ႕အၾကည့္ကို ခ်ိဟန္ဆီပို႔လိုက္ၿပီး ဆက္စကားေျပာခ်င္စိတ္မ႐ွိေတာ့တာေၾကာင့္၊ မတ္တပ္ထရပ္လိုက္ကာ အျပင္သို႔ထြက္လာခဲ့တယ္။

သို႔ေသာ္၊ သူလွည့္လိုက္တာနဲ႔ ခ်ိယြီ ဘယ္ဖက္က ထမင္းစား စားပြဲေပၚမွာ တစ္ေယာက္ေယာက္က ေကာ္ဖီကိုတိတ္တဆိတ္ေသာက္ရင္း၊ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။

ထိုလူက သိသာစြာဘဲ Alphaတစ္ေယာက္ျဖစ္ကာ ထိုင္ေနရင္းပင္ ခါးကိုမတ္လို႔ထားၿပီး က်ယ္ျပန္႔တဲ့ ပခုံးက်ယ္ႀကီးေတြလည္း ႐ွိတယ္။

ထိုလူက အျဖဴေရာင္ suitကိုဝတ္ဆင္ထားၿပီး၊ မ်က္မွန္တစ္လက္နဲ႔၊အတန္ငယ္မွ်႐ွည္ေသာ အညိဳေရာင္ ဆံပင္ေကာက္ေကာက္ ႏွင့္ ႏူးညံ့ကာ စြဲမက္ဖြယ္ပင္။ထိုလူက ေကာ္ဖီကိုတစ္ခ်ိဳက္ေမာ့တာကိုျမင္လိုက္ရၿပီး၊ ဘာသံမွမၾကားရ‌ေတာ့မွ ထိုလူက သူ႕ကို ထူးဆန္းစြာ တစ္ခ်က္ၾကည့္လာခဲ့တယ္။

တစ္ဖက္မွာေတာ့၊ ခ်ိယြီက ထိုလူဘယ္သူမွန္း သိလိုက္ရတယ္။

ခ်ိယြမ္႐ွန္း ။

မူလကိုယ္ရဲ႕ အေဖအရင္း။

ခ်ိယြမ္႐ွန္းက သူ႕ကိုျမင္သည္ႏွင့္ေျပာလာခဲ့တယ္။
"ဘာလို႔ ငါ့ကိုမေျပာခဲ့တာလဲ?"

ခ်ိယြီက တုံ႔ကနဲရပ္သြားကာ၊ ခ်ိယြမ္႐ွန္းကို ဗလာသပ္စြာစိုက္ၾကည့္လိုက္တယ္။

သူ႕ႏွလုံးသားဟာ အတားအဆီးေတြျဖင့္ျပည့္လို႔ေနၿပီျဖစ္သည္။
႐ႈက်ံဳးေျပာေတာ့ သူက ကုမၸဏီမွာဆို ? !

ခ်ိယြီက သူ႕ကို အမူယာမဲ့စြာစိုက္ၾကည့္ေနတာကိုျမင္ေတာ့၊ ခ်ိယြမ္႐ွန္းက စိတ္ေထြျပားလို႔သြားခဲ့တယ္။
"ငါ့ကိုမသိဘူးလား?"

ခ်ိယြီ : "..."

ခ်ိယြမ္႐ွန္းက သူ႕ေကာ္ဖီခြက္ကိုေအာက္ခ်ကာ၊ေျပာလာခဲ့တယ္ : "ဘာလို႔ မင္းက ကေလးကိုငါ့ဆီေခၚမလာခဲ့တာလဲ? အဲ့ဒီေမးခြန္းကိုေတာ့ ငါတစ္ကယ္သိခ်င္မိတယ္"

ခ်ိယြီကေတာ့ ခုခ်ိန္ထိ ထိုင္းမိႈင္းလို႔ေနသည္။

ခ်ိယြမ္႐ွန္းက ဒီႏွစ္ကမွာ အသက္ေလးဆယ္ထဲဝင္ေရာက္ၿပီျဖစ္ေသာ္လည္း ႏုပ်ိဳဆဲပါပင္။သူက ႐ုပ္ရည္နဲ႔တင္ ထူးခြၽန္ေနၿပီးျဖစ္ေသာ္လည္း ၊ ရန္လိုမႈအနည္းငယ္မွ်ပင္မ႐ွိကာ ႏူးညံ့ေခ်ာေမာၿပီး ႐ုပ္ရည္ႏွင့္ပင္ လူမ်ားအား ေသေစႏိုင္သည္။

ထိုလူက စုတ္တံကိုကိုင္ေဆာင္ထားသည့္၊ ပန္းခ်ီဆရာႏွင့္ ပိုတူေပသည္။

ခ်ိယြီက ထိတ္လန္႔ရာမွ ျပန္သက္သာလာကာ၊ ေခ်ာင္းဟန္႔လိုက္ၿပီး : "ကြၽန္ေတာ္ မလာတာၾကာၿပီျဖစ္လို႔ ၊ဒီတိုင္း...တစ္ခ်က္ေလာက္လာၾကည့္႐ုံပါ"

ခ်ိယြမ္႐ွန္းက ထပ္ၿပီးေျပာလာခဲ့တယ္။"သူ႕ကိုဒီေခၚလာၿပီးမွ ၾကည့္လို႔မရဘူးလား?"

"..."

"ငါတစ္ကယ္သူ႕ကိုေတြ႕ခ်င္ေနတာ"

ခ်ိယြီရဲ႕ကိုယ္ကေတာင့္ခဲလို႔သြားခဲ့ၿပီး၊ ဘယ္လိုျပန္ေျဖရမလဲမသိျဖစ္လို႔ေနတယ္။

ဟယ္က်ိဳး ေပးခဲ့တဲ့ အခ်က္အလက္ေတြထဲမွာ ခ်ိယြမ္႐ွန္းက ထူးဆန္းတဲ့ စိတ္ထား႐ွိတယ္လို႔သာ ေျပာခဲ့ေပမယ့္ ၊ သူဘယ္ေလာက္ထူးဆန္းတယ္ဆိုတာ မေျပာခဲ့ဘူးေလ ။ အခု သူသိလိုက္ပါၿပီ၊ တကယ္ကို ‌စိတ္ဝင္စားဖို႔မေကာင္း‌ေပ။

ခ်ိယြမ္႐ွန္းက ထပ္ၿပီးေျပာလာခဲ့တယ္။"ငါ တည့္တိုးဘဲေျပာရေတာ့မယ္ထင္တယ္"

ခ်ိယြီက ခဏေလာက္စဥ္းစားၿပီး၊ေျပာလိုက္တယ္။
"...ဒါဆိုလဲေနာက္တစ္ခါ ကြၽန္ေတာ္ဒီကိုလာတာနဲ႔ ကေလးကိုေခၚခဲ့ပါ့မယ္"

"ဘယ္မွာလဲ?အခု ႐ႈက်ံဳးကိုေခၚခိုင္းလိုက္မယ္ေလ"

ခ်ိယြီ : "..."

ေျပာစရာစကားမဲ့တဲ့အျဖစ္ကို သူေသခ်ာနားလည္လိုက္ၿပီထင္ပါရဲ႕။သူက ခ်ိယြမ္႐ွန္းကို ေ႐ွာင္က်ိဳးေလးအား ေတြ႕မသြားေစလိုတာေၾကာင့္ မေခၚခဲ့ျခင္းသာျဖစ္တယ္။ရလဒ္အေနနဲ႔ေတာ့၊ဒီ အေျခအေနမ်ိဳးမွာ သူ ေခ်ာင္ပိတ္မိလို႔ေနတယ္။

ခ်ိဟန္က အခန္းထဲမွ ထြက္လာကာ : "သူ႕ကိုနာက်င္ေအာင္လုပ္မိမွာေတာ့ စိုးသား"

ခ်ိယြမ္႐ွန္းက ခ်ိဟန္ကိုတစ္ခ်က္ၾကည့္လိုက္ကာ၊ခ်ိယြီကို ေျပာလိုက္တယ္။"အဲ့လိုလုပ္စရာ၊ မလိုပါဘူး"

ခ်ိယြီက လုံးဝကို စိတ္႐ႈပ္ေထြးလို႔သြားခဲ့တယ္။

သူ မူလကိုယ္ရဲ႕အေဖရဲ႕ စိတ္ေနစိတ္ထားကို အမွန္ပင္ မခန္႔မွန္းတတ္ေတာ့ေပ။ သူက ခုေလးတင္ ခ်ိဟန္ရဲ႕ ခပ္တုံးတုံးစကားကို လ်စ္လ်ဴ႐ႈၿပီး ဆူလိုက္တာလား?

ႏွစ္ေယာက္စလုံးရဲ႕အၾကည့္ေတြ သူ႕ဆီေရာက္လာၿပီး၊ ဘယ္လိုေျဖရမလဲ အခက္ေတြေနခ်ိန္မွာဘဲ အိမ္အကူဝတ္စုံနဲ႔လူတစ္ဦးက အခန္းထဲဝင္ေရာက္လို႔လာခဲ့တယ္။

သူက ခ်ိယြမ္႐ွန္းဆီ ေလွ်ာက္သြားလိုက္ၿပီး၊ေျပာလိုက္တယ္။"ဗိုလ္ခ်ဳပ္ ဟယ္ရဲ႕သား ဟယ္က်ိဳးက အျပင္မွာေစာင့္ေနပါတယ္။Mrsဆီ လာလည္တာလို႔ေျပာပါတယ္"

ခ်ိယြမ္႐ွန္းက ေခါင္းၿငိမ့္ျပလိုက္တယ္။"ဝင္ခိုင္းလိုက္"

စကားေျပာၿပီးေနာက္၊ ခ်ိယြမ္႐ွန္းက ခ်ိယြီနဲ႔ခ်ိဟန္ဆီေမးေငါ့ျပရင္း : "မင္းတို႔‌ႏွစ္‌ေယာက္ သြားဧည့္ခံလိုက္ၾက။ငါမအားဘူး"

ခ်ိဟန္ : "ေကာင္းပါၿပီ"

ခ်ိယြီ : "..."

လုပ္စရာ႐ွိေနသျဖင့္၊ ခ်ိယြမ္႐ွန္းလဲ ကေလးအေၾကာင္းကို ထပ္ေမးမလာေတာ့ေပ။

ခ်ိယြမ္႐ွန္း အေပၚထက္ကို ပစၥည္းေတြသယ္ရင္း တက္သြားတာကိုေတြ႕ရမွ ခ်ိယြီလည္း စိတ္သက္သာရာရသြားေတာ့တယ္။ခ်ိယြီအေနနဲ႔ ဟယ္က်ိဳးရဲ႕ ထြက္ေပၚလာမႈကို ဒီ‌တစ္ခါကေလာက္ဘယ္တုန္းကမွ ေက်းဇူးမတင္ခဲ့ဘူးေပ။လြယ္လြယ္ကူကူနဲ႔ ကိစၥႀကီးကို ႐ွင္းထုတ္လိုက္တာဘဲ။

ခ်ိဟန္က သူ႕လက္ႏွစ္ဖက္ကို သူ႕ေဘာင္းဘီအိတ္ေတြထဲထိုးထားရင္း၊အျပင္ကို ၾကည့္လိုက္ကာ : "မင္းက အမွတ္ကိုဖ်က္လိုက္ၿပီး၊ ဟယ္က်ိဳးကေတာ့ မင္းကိုကူညီဖို႔ ဒီထိကိုေရာက္လာခဲ့တာဘဲ"

သူက ေခါင္းကိုငုံ႔ကာ ခ်ိယြီကို ကဲ့ရဲ႕လိုက္တယ္။"မထင္မွတ္ထားစြာဘဲ၊မင္းက နည္းလမ္းေကာင္းကိုသုံးခဲ့တာဘဲ"

ခ်ိယြီက သူ႕မ်က္လႊာကိုပင့္ကာ ၾကည့္လာခဲ့တယ္။"ဟုတ္တယ္ေလ။ ဘာလဲ၊အားက်လို႔လား?"

ခ်ိဟန္တစ္ေယာက္ သီးသြားကာ၊ ထပ္ၿပီးကဲ့ရဲ႕လာျပန္တယ္။

ခ်ိယြီအေနနဲ႔လည္း ထိုလူကိုဂ႐ုစိုက္မေနေတာ့ေပ။ သူ႕စိတ္က အခု အေတာ္ေလးကို ႐ႈပ္ေထြးေနေလၿပီ။

ခ်ိယြမ္႐ွန္းက သူထင္ထားတဲ့ပုံစံနဲ႔ အေတာ္ေလးကို ကြာျခားလွတယ္။ၿပီးေတာ့ ဒီမိသားစုက မိသားစုဝင္အခ်င္းခ်င္းရဲ႕ဆက္ဆံပုံကလည္း ထူးဆန္းလို႔ေနတယ္။ ဒီအခ်က္ေတြ သူၾကည့္တုန္းကမပါခဲ့ဘူး။အဆုံးမွာေတာ့ ခုထိ သူ႕ကို ဆက္သြယ္ခဲ့တဲ့သူကို မေတြ႕ရေသးဘူး။

ဒါေတြက ဒုတိယေနရာမွာသာ ႐ွိေသးသည္။

အဓိကက၊ ခ်ိယြမ္႐ွန္းက ကေလးအေပၚမွာ စိတ္ဝင္စားေနတာက သူ႕ကိုထိတ္လန္႔ေစသည္။

ခ်ိယြီရဲ႕ လက္ေတြဟာ တင္းတင္းဆုပ္လို႔ထားတဲ့ လက္သီးဆုပ္ေတြ အျဖစ္သို႔ ကူးေျပာင္းလို႔သြားၿပီး၊ ခ်ိယြီလည္း ျပတင္းေပါက္အျပင္ကို တည့္တည့္ၾကည့္လိုက္တယ္။

ထိုအရာကလည္း ဟယ္က်ိဳးရဲ႕ ႐ွည္‌ေမ်ာေမ်ာ အသြင္အျပင္ အေဝးမွ နီးကပ္မလာခင္အထိသာျဖစ္ၿပီး၊အဲ့ေနာက္မွာေတာ့ သူ ႐ုတ္တရက္ဘဲ သက္ျပင္းခ်လိုက္ကာ ဆုပ္ကိုင္ထားတဲ့ လက္သီးဆုပ္ေတြကို ေျဖေလွ်ာ့လိုက္ေတာ့တယ္။

ဟယ္က်ိဳးလည္း အိမ္ထိန္းေနာက္ကေနလိုက္လာခဲ့ၿပီး ၊ ခ်ိဟန္က သူ႕ကိုႏႈတ္ဆက္လာတယ္။ "ဟယ္က်ိဳး၊မေတြ႕ရတာ အေတာ္ၾကာၿပီဘဲ"

ဟယ္က်ိဳးက သူ႕ကို ေခါင္းၿငိမ့္ျပလာတယ္။"အင္း၊မေတြ႕ရတာၾကာၿပီ"

သူက ခ်ိယြီကိုထပ္ၾကည့္လိုက္ကာ : "တိုက္ဆိုင္လိုက္တာ"

ခ်ိယြီက ေခ်ာင္းဟန္႔လိုက္ၿပီး၊ ဟယ္က်ိဳးကိုျပဳံးကာ ၾကည့္လိုက္တယ္။ "ဟုတ္တယ္ေနာ္၊ညီအစ္ကို။ တိုက္ဆိုင္လိုက္တဲ့ျဖစ္ခ်င္း"

===================================

•စာလုံးေရ = 3734

•ရက္စြဲ = 22,6,2022 (WED)

===================================

Pokraฤovat ve ฤtenรญ

Mohlo by se ti lรญbit

425K 16.1K 44
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...
11.5K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 แ€€แ€•แ€บแ€…แ€ฑแ€ธแ€”แ€Šแ€บแ€ธแ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€บแ€ธ...
40.9K 4.6K 91
แ€แ€ปแ€ฏแ€•แ€บแ€”แ€พแ€ฑแ€ฌแ€„แ€บแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ แ€…แ€ญแ€แ€บแ€แ€ญแ€‰แ€ฌแ€ฅแ€บแ€”แ€พแ€„แ€บแ€ท แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€…แ€ฝแ€ฌ แ€žแ€”แ€นแ€“แ€ฑแ€แ€Šแ€บแ€œแ€ฌแ€žแ€ฑแ€ฌ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธ
71K 3.4K 7
Synopsis: see topic. แ€กแ€แ€ฏแ€แ€ฑแ€œแ€ฌ แ€€แ€ผแ€บแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€›แ€ฒแ‚•แ€„แ€šแ€นแ€žแ€ฐแ€„แ€šแ€นแ€แ€บแ€„แ€นแ€ธแ€ฑแ€œแ€ธแ€€ แ€€แ€ผแ€บแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€กแ€ฑแ€•แšแ€™แ€ฝแ€ฌ แ€’แ€ผแ€ญแ€Ÿแ€ปแ€–แ€…แ€นแ€ฑแ€…แ€แ€ฒแ€ทแ€กแ€ปแ€•แ€ณแ€กแ€™แ€ฐแ€ฑแ€แ€ผแ€œแ€ฏแ€•แ€นแ€ฑแ€”แ€แ€šแ€นแ‹ แ€žแ€ฐ...แ€€แ€ผแ€บแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€€แ€ญแ€ฏgayแ€ปแ€–แ€…แ€นแ€œแ€ฌแ€ฑแ€กแ€ฌแ€„แ€นแ€œแ€ฐแ€•แ€น...