🍼 ဒုတိယကြိမ်မြောက်သတိပေးချက် |Uni
နောက်တစ်နေ့မှာတော့၊ ရှောင်ကျိုးလေးနဲ့ Nanny ဆေးရုံကိုရောက်လာခဲ့တယ်။
အမှန်ဆို၊ ချိယွီကသူတို့ကို မလာစေချင်ခဲ့ပေမယ့်လို့၊ ရှောင်ကျိုးလေးရဲ့ ပုံသဏ္ဍာန်လေးက သူ့မျက်လုံးထဲကနေမထွက်နိုင်ဘဲ သနားစရာကောင်းလို့နေတယ်။
မနေ့က သူ ဖုန်းပြောပြီးနောက်ညမှာဘဲ Nannyကနောက်တစ်ခေါက်ဆက်လာခဲ့လို့၊ သူလည်း ယွီကျိုးလေးရဲ့ genderကိုမေးလိုက်တော့ baby alphaလေးအနေမဲ့ ခုခံမှုလည်းတိုးလာတာကြောင့် Nannyက ဆေးရုံကိုခေါ်လာခဲ့ဖို့ တောင်းဆိုတော့၊ ချိယွီလည်း လက်ခံလိုက်ရတော့တယ်။
ရှောင်ကျိုးလေးလည်း ဆေးရုံကိုရောက်ရော၊ သူက အရမ်းကိုငြိမ်လို့နေတယ်။ သူက ချိယွီကို တိတ်တဆိတ်သာ အကဲခတ်ကြည့်နေကာ၊ စပျစ်သီးနဲ့တူတဲ့ မျက်လုံးလေးတွေဟာလည်း မျက်တောင်တဖျက်ဖျက်ခတ်လို့ သူ့ရဲ့အကြည့်နဲ့ အမူအယာတွေကလည်း တုံ့ဆိုင်းလို့နေပုံပေါ်တယ်။
ချိယွီက ကလေးကိုအတင်းဖိအားမပေးခဲ့ပေ။ ယွီကျိုးလေးရဲ့လက်သေးသေးလေးကိုသာဆွဲကိုင်ကာ ညှင်သာစွာနှုတ်ဆက်လိုက်ပြီး : "မင်းငါ့ကိုမှတ်မိသေးရဲ့လား? ဟမ်?"
ချိယွီရဲ့အမူအယာက တည်ငြိမ်လို့နေပေမယ့်၊ အမှန်တစ်ကယ်မှာတော့ သူအရမ်း စိတ်လှုပ်ရှားလို့နေလေတယ်။
ယွီကျိုးလေးက pheromone နှင့်ဆက်စပ်သောရောဂါနဲ့မွေးဖွားလာခဲ့ရပြီး ယခုတွင်သူရဲ့ pheromone ကတစ်ဖန်ပြောင်းလဲသွားပြီဖြစ်တာကြောင့် ၊ သူဘယ်လိုတုံ့ပြန်မည်လဲ၊ နှိုးဆွခံရမည်လား ဆိုတာလည်း သေချာမသိနိုင်ပေ။
"မင်းငါ့ကို မှတ်မိသေးရဲ့လား?" ချိယွီက သူ့ရဲ့ လက်သေးသေးလေးကို ဆွဲကိုင်ကာ ညှင်သာစွာလှုပ်ယမ်းရင်းမေးလိုက်တယ်။
ရှောင်ကျိုးလေးက ချိယွီရဲ့ခေါင်းအုံးဘေးမှာ Nannyအထောက်အကူဖြင့် ထိုင်နေခဲ့တာဖြစ်တယ်။ ခန္ဓာကိုယ်သေးသေးလေးဖြင့် ခေါင်းအုံးဘေးတွင် တက်ထိုင်နေသည်မှာ ဘောလုံးသေးသေးလေးကဲ့သို့ပင်။
သူ့မျက်ခုံးလေးတွေဟာလည်း စုကြုံ့သွားကာ၊ သူ့ရဲ့နှုတ်ခမ်းလေးတွေဟာလည်း တင်းတင်းစေ့လို့သွားပြီး သူ့အမူအယာက နည်းနည်းတော့ပြင်းထန်နေလေသည်။ သူ့ရဲ့ လက်သေးသေးလေးတွေဟာလည်း သူ့ရဲ့ရင်ဘတ်ရှေ့မှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ထားကာ မျက်လုံးတစ်စုံကသာ လှုပ်ရှားလို့နေပြီး ချိယွီကို အပေါ်အောက် စိုက်ကြည့်လို့နေလေတယ်။
ချိယွီက ခဏလောက်စောင့်နေလိုက်ပေမယ့်လည်း၊ ယွီကျိုးလေးဆီက ဘာတုံ့ပြန်မှုမှ မရတာကြောင့် သူက သူ့လက်ကို အသာအယာဆန့်ထုတ်လိုက်ကာ ယွီကျိုးလေးရဲ့မေးစေ့လေးကို ခပ်ဖွဖွညှစ်လိုက်ပြီး မေးလိုက်တယ်။
"မှတ်မိရဲ့လားလို့?"
ရှောင်ကျိုးလေးက မျက်တောင်သာခတ်ပြလာကာ၊ သူ့ရဲ့ ခပ်တင်းတင်းဆုပ်လို့ထားတဲ့ လက်သီးဆုပ်လေးတွေဟာလည်း ပြေလျော့လို့သွားပြီး သူက ချိယွီရဲ့လက်ချောင်းတွေကို လှမ်းဆွဲလို့လာတယ်။
ချိယွီခဏတာ ရပ်တန့်လို့သွားကာ၊ ခဏချင်း အသက်ရှူသွင်းလို့နေရတယ်။
သူက ယွီကျိုးလေးကို တည့်တည့်စိုက်ကြည့်လိုက်ပြီး၊ ယွီကျိုးလေးကလည်း သူ့ခေါင်းလေးကိုစောင်းရင်း သူ့ကို မျက်တောင်တချက်မခတ်ပါဘဲ စိုက်ကြည့်လို့လာတယ်။
ရုတ်တရက်ဘဲ ရှောင်ကျိုးလေးက ပြုံးပြလာကာ သူ့ရဲ့မျက်လုံးခပ်ဝိုင်းဝိုင်းတွေကလည်း လခြမ်းသဏ္ဍာန် ကွေးညွှတ်လို့သွားခဲ့တယ်။
သူက ရှေ့ကိုငုံ့ကိုင်းလာပြီး ချိယွီရဲ့ လက်ဖဝါးပေါ် သူ့ရဲ့ဖောင်းအိအိပါးပြင်လေးတွေနဲ့ ပွတ်သပ်လာကာ သူ့တစ်ကိုယ်လုံးနဲ့ကို ဖိချလာပြီး လက်ပုတိုလေးနှစ်ချောင်းနဲ့လည်း ချိယွီရဲ့ မျက်နှာကို ပွေ့ဖက်လို့လာတယ်။
ရုတ်တရက်ပါဘဲ၊ သူ့ရဲ့ နှာဖူးပေါ် နူးညံ့လှတဲ့အထိအတွေ့လေးနဲ့အတူ ခပ်စိုစို အမှတ်အသားလေး ထင်ကျန်လို့နေခဲ့တယ် ။
ချိယွီတစ်ယောက်လည်း စိတ်သက်သာရာရသွားပြီး၊ သူ့တစ်ကိုယ်လုံးရော နှလုံးသားလေးပါ နူးညံ့သွားသလို ခံစားလိုက်ရတော့တယ်။
"မား!"
သူ့ခေါင်းထက်မှာ နို့နံ့သင်းကာ အစွမ်းထက်တဲ့ ယွီကျိုးလေးရဲ့ အသံတစ်ခုထွက်ပေါ်လို့လာခဲ့တယ်။
ဒီအသံကိုကြားတော့ ချိယွီက သူ့နှလုံးသားကို ချုပ်တည်းမထားတော့ဘဲ လုံးဝလွှတ်ချလိုက်တော့တယ်။
သူက စိတ်သက်သာရာရစွာ ရယ်မောလိုက်ကာ၊ သူ့လက်ကိုမြှောက်ကာ ခေါင်းထက်က ရှောင်ကျိုးလေးကိုကောက်ချီလိုက်ပြီး ၊ သူ့လက်ချောင်းတွေနဲ့ အကောင်ပေါက်လေးကို ကလိထိုးရင်း ယွီကျိုးလေးကို ကော့လန်ကာရယ်မောနေအောင် လုပ်လိုက်တယ်။
"ငါတို့ရဲ့ ရှောင်ကျိုးလေးက အံ့ဩစရာကောင်းလိုက်တာ!အရမ်း တော်တာဘဲ!" ချိယွီက ရှောင်ကျိုးလေးကို ချီးကျူးလိုက်တယ်။
တစ်ယောက်ထဲ ခွဲစိတ်မှုကိုဖြတ်သန်းရတာက ကြောက်စရာကောင်းသလို၊တစ်ယောက်ထဲ ဆေးရုံတက်ရတာဟာလည်း ကြောက်စရာကောင်းပြီး အထီးကျန်ရသည်။
ခန္ဓာကိုယ်က အားနည်းတဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာ ခုခံမှု အားနည်းနေချိန်လည်း ဖြစ်သည်။ သို့သော် နှစ်ရက်မျှအကြာတွင် သူ့အနေနဲ့ သံပုရာရည်*ကို အကြိမ်ပေါင်းများစွာ သောက်ခဲ့ရသည်။ ခွဲစိတ်ပြီးနောက် ဘေးကုတင်ပေါ်ရှိ omegaကို သူ့မိဘများက ပြုစုစောင့်ရှောက်နေပုံမှာ မနာလိုစရာပင်။ ထို့နောက် သူ့ဘေးဖက်က နောက်ထပ်လူနာတစ်ယောက်မှာလည်း လက်ဆောင်တွေအများကြီးရခဲ့ကာ၊ ဆေးသောက်ပြီးတဲ့နောက်မှာပင် အခါးပြေစေဖို့သကြားလုံးတွေ ရှိလို့နေသေးသည်။
သို့သော်လည်း၊ သူ့ဆီ ရှောက်ကျိုးလေးရောက်လာချိန်မှာတော့ သူ့အနေနဲ့ ထိုသူတို့ကို ထပ်ပြီးအားမကျမိတော့ပေ။
သူဟာ အခုတော့ ကျေနပ်ကာ၊ ပျော်ရွှင်နေမိသည်။
ချိယွီက ရှောင်ကျိုးလေးရဲ့ခြေဖဝါးသေးသေးလေးကို ကုတ်ခြစ်လိုက်ပြီး : "မင်း ပါပါးကို နေ့လည်စာစားရင် အဖော်ပြုပေးမှာလား?"
သူမနေ့က ညစာစားနိုင်ခဲ့သည်။
ထိုနေ့ညက ရှောင်ကျိုးလေးနဲ့ video chatပြီးနောက်မှာ၊သူက အရိုးနက် ကြက်သားဟင်းချို အများအပြားကို မှာယူခဲ့ကာ၊ စားပြီးနောက်မှာတော့ သူ့ ဗိုက်က တင်းကားလို့သွားခဲ့တယ်။ အစာစားပြီးနောက်မှာတော့၊သူဟာ ခွန်အားများစွာ ပြန်လည်ရရှိလာပြီး သူ့ဘာသာသူ ဖြည်းညှင်းစွာ မတ်တတ်ရပ်နိုင်လာခဲ့တယ်။
"အွန်း!" ယွီကျိုးလေးက ချိယွီနှာဖူးပေါ် နောက်တစ်ကြိမ် ထပ်ထိတွေ့ လို့လာပြန်တယ်။
ချိယွီ : "အိုကေ! ဒါဘဲလေ! "
ရုတ်တရက် တံခါးနားမှ ယောက်ျားတစ်ယောက်ရဲ့ ပြုံးယောင်သန်းနေတဲ့ အသံက ထွက်ပေါ်လို့လာခဲ့တယ်။"ဘာတွေပျော်နေတာလဲ?"
ယွီကျိုးလေးက ချိယွီရဲ့နောက်ကိုပုံးကွယ်လို့သွားခဲ့တယ်။ ယွီကျိုးလေးက ဘယ်သူလာမှန်း ၊ ထိုသူပြတင်းပေါက်ထိ ရောက်မလာခင်အထိ မသိခဲ့ပေ။ ရှီးယွီရှင်းဖြစ်သည်။
ချိယွီက အနည်းငယ်တော့ အံ့အားသင့်လို့သွားခဲ့တယ်။
"မင်းဘယ်လိုလုပ်ရောက်လာတာလဲ?"
အဲ့ဒီနောက် သူက ရှီးယွီရှင်းကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်ပြီး၊ တစ်ခုခုမှားနေသလို ခံစားရလို့နေတယ်။"မင်းနေမကောင်းဘူးလား?မင်းရဲ့ ပုံစံကတော်တော်ဆိုးနေပြီ" နွေရာသီကြီးမှာ သူက ဘောင်းဘီရှည်နဲ့ maskကို ၀တ်ထားကာ၊ နည်းနည်းထူးဆန်းလို့နေတယ်။
ရှီးယွီရှင်းက သူ့လက်ကိုဆန့်ထုတ်ကာ ချိယွီရဲ့နှာခေါင်းကိုလိမ်ဆွဲလိုက်ပြီး : "air con ကအေးလွန်းတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း အအေးမိထားလို့၊ အခုတော့ သက်သာသွားပါပြီ"
"ဒါကြောင့်ကို၊ ငါမင်းရဲ့အသံကိုတောင်မမှတ်မိချင်ဖြစ်နေတာ"
ရှီးယွီရှင်းက ပြုံးလိုက်ကာ၊ ချိယွီဘေးထိုင်ဖို့ ခုံတစ်ခုံလှမ်းဆွဲလိုက်တယ်။"မင်းဘာလို့ ငါ့ကိုဘာမှမပြောဘဲ ရုတ်တရက်ကြီး ခွဲစိတ်ခန်းဝင်လိုက်ရတာလဲ? မင်းဘဲငါနဲ့တစ်သားတည်းဆို?"
ချိယွီလည်း ထရယ်လိုက်ကာ : "ငါအဆင်ပြေပါတယ်၊ ပြီးတော့ ဒီ ခွဲစိတ်မှုက တစ်ယောက်တည်းလုပ်လည်းရပါတယ်။မနေ့က နည်းနည်းတော့ နာတာပေါ့ကွာ၊ ဒါပေမယ့် ခုတော့ အတော်လေး အဆင်ပြေနေပါပြီ"
ဆရာဝန်က ဂလင်းတွေဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့မတူဘဲ ပြန်လည်ကောင်းမွန်တာ လွယ်ကူလွန်းတာကြောင့်လို့ သူ့ကို ပြောပြလာခဲ့တယ်။
ထိုနေရာဟာ Alphaရဲ့ချွန်မြတဲ့သွားတွေနဲ့အကိုက်ခံရဖို့ ဖြစ်တည်လာတာဖြစ်ပြီး၊ အထူးသဖြင့် estrusကာလမှာပေါ့။ Alphaက ထိုကာလမှာ လုံးဝစိတ်ကိုမထိန်းချုပ်နိုင်တော့တာကြောင့် ပိုပြီးခပ်ပြင်းပြင်းကိုက်လာနိုင်တာကြောင့် ဂလင်းက အထိမခံတဲ့နေရာဆိုပေမယ့် ပြန်လည်သက်သာမှုအားကောင်းလှသည်ဟုဆိုရမည်။
မနေ့က သူပြုလုပ်ခဲ့တဲ့ခွဲစိတ်မှုဟာလည်း၊ဒီနေ့တော့ အနာကျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
"ဒါနဲ့ မင်းရော? ခုနောက်ပိုင်း မင်းဆီဘာတွေဖြစ်နေတာလဲ?"
ချိယွီက nurseကို ကုတင်ကိုမြင့်ပေးဖို့ပြောလိုက်ပြီး၊ သူက ထိုင်နေတဲ့အနေအထားကိုပြောင်းလိုက်ကာ သူ့လက်မောင်းတွေထဲ ရှောင်ကျိုးလေးကို ပွေ့ဖက်လို့ထားလိုက်တယ်။
ရှောင်ကျိုးလေးက အလွန်နာခံမှုရှိကာ၊ ကောက်ညှင်းထုပ်လေးကဲ့သို့ သူ့ရင်ဘတ်ပေါ်တွင် တွယ်ကပ်လို့နေကာ ဘာသံမှထွက်မလာဘဲ ၊နှာခေါင်းလေးကသာ လှုပ်ရှားလို့နေကာ သူ့အနံ့အသစ်နှင့် ရင်းနှီးအောင်လုပ်နေပုံရသည်။
ရှီးယွီရှင်းရဲ့အကြည့်က ရှောင်ကျိုးလေးဆီရောက်ရှိလို့သွားပြီး၊ သူက လက်ဆန့်ထုတ်လိုက်ကာ ယွီကျိုးလေးရဲ့လက်ကိုလှမ်းကိုင်ရင်း ညှစ်လိုက်တယ်။"ကိစ္စကြီးတော့မဟုတ်ပါဘူးကွာ။ခုတလောတော့ ငါအိမ်ပြောင်းတာနဲ့ဘဲ အလုပ်များနေတာ"
"အိမ်ပြောင်းတာက တစ်ပတ်တောင်လိုလို့လား?"
ချိယွိက တုံ့ဆိုင်းသွားကာ၊"ပြောဖို့ခက်နေမှတော့လည်း--"
"ပြောဖို့ခက်တာမျိုးတော့မဟုတ်ပါဘူးကွာ၊ ငါ့မိဘတွေ ကွာရှင်းလိုက်ကြပြီ"
ရှီးယွီရှင်းက ပခုံးတွန့်ပြလာကာ ၊ "အဲ့ဒါက အရေးမကြီးပါဘူး။ သူတို့ထွက်သွားလေကောင်းလေဘဲ။ ငါလည်း သူတို့နှစ်ယောက်ကြား ဒုက္ခများနေစရာမလိုတော့ဘူးပေါ့။ မြင်နေရတာ တစ်ကယ် စိတ်ပျက်လွန်းလို့"
ချိယွီက တောင့်ခဲလို့သွားကာ၊ ခဏလောက် ဘာပြောရမလဲမသိ ဖြစ်လို့နေတယ်။
ရှီးယွီရှင်းက ရယ်မောလိုက်တယ်။"တစ်ကယ် အရေးမကြီးပါဘူးဆို။အခုချိန်မှာ ကွာရှင်းတာက ရှားတဲ့ကိစ္စမှမဟုတ်ဘဲ။ ငါက ကလေးမဟုတ်တော့ဘူး၊ ဒါ့ကြောင့် ငါ့ဆီအရမ်းတော့မသက်ရောက်ပါဘူး"
ထိုသို့ပြောပြီးနောက်၊ သူက ကုတင်ဘေးက စားပွဲပေါ်ရှိ လိမ်မော်ရောင်နှင်းဆီပန်းကိုကြည့်ရင်း ပါးစပ်ဟကာ ခေါင်းစဉ်ပြောင်းလိုက်တော့တယ်။
"မင်းကိုလိုက်နေတဲ့ ဘယ်တစ်ယောက်က လာပေးသွားတာတုန်း?"
ချိယွီလည်း အခွင့်အရေးကိုအရယူကာပြောလိုက်တယ်။ "ဘယ်က လိုက်တဲ့သူရှိမှာတုန်း? ဟယ်ကျိုးဆီက ရတာပါကွာ။သူက ဒီတိုင်းငါ့ကို အမြန်သက်သာဖို့ ဆုတောင်ပေးရုံဘဲ"
ရှီးယွီရှင်းကတော့ မယုံသင်္ကာဖြစ်လို့နေပြီး : "လိမ်မော်ရောင်နှင်းဆီပန်းက shy love (ရှက်ရွံ့နေသူတစ်ယောက်ရဲ့အချစ်)ကိုရည်ညွှန်းတာကွ။ အမြန်သက်သာလာစေဖို့ ဆုတောင်းပေးတာရောဟုတ်ရဲ့လား?"
ချိယွီ : "...သူ့စိတ်တိုင်းကျ ဝယ်ခဲ့တာဖြစ်မှာပါ။ ငါနဲ့သူနဲ့ကဘာမှမဆိုင်ဘူး။ငါတို့ ညီအကိုတွေဖြစ်မယ်လို့ဆုံးဖြတ်ထားပြီးသား ဒါပေမဲ့ မင်းဘာလို့ ပန်းအကြောင်း အဲ့လောက်တောင်ရှင်းရှင်းလင်းလင်းကြီး သိနေရတာလဲ? ဘာလဲ၊ မင်း အရင်ကပေးခဲ့ဖူးလို့လား?" ချိယွီက တမင် ဟာသလုပ်ပြောကာ ရှီးယွီရှင်းကိုစနောက်လိုက်တယ်။
သို့သော်လည်း၊မထင်မှတ်ထားပါဘဲ ရှီးယွီရှင်းရဲ့ အမူအရာမှာ ထိတ်လန့်လို့သွားခဲ့တယ်။သူ့မျက်နှာက ဖြူဖျော့လို့သွားကာ သူက နှုတ်ခမ်းကို မသက်မသာဖြစ်စွာကိုက်လိုက်တယ်။
ချိယွီက သူတစ်ခုခုမှားပြောလိုက်မိပြီဆိုတာ ခံစားလိုက်ရတာကြောင့်၊ ချက်ချင်းဘဲ တစ်ခုခုကိုပြင်ပြောမလို့လုပ်လိုက်ချိန်မှာဘဲ ဖုန်းမြည်သံထွက်ပေါ်လို့လာခဲ့တယ်။
ခုနောက်ပိုင်း လူတော်တော်များများက သူ့ကို addလာကြပြီး၊ တစ်ခါတစ်လေမှာလည်း အရေးကြီးတဲ့callတွေ လွတ်ရလေ့ရှိတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ရင်းနှီးတဲ့သူတွေနဲ့ အရေးကြီးတဲ့သူတွေရဲ့ ဆီက messageနဲ့ callတွေအတွက် ringtoneနဲ့ vibrationကို သပ်သပ်ထားထားရတယ်။
အခုလို အနေခက်နေတဲ့အချိန်မျိုးမှာ ၊ အချိန်ကိုက်ဘဲ စာတစ်စောင်ရောက်ရှိလို့လာခဲ့တယ်။
ချိယွီက ဖုန်းကိုကောက်ကိုင်လိုက်ကာ၊ text messageကိုနှိပ်လိုက်ပြီး...သူ့မျက်နှာ အမူအယာဟာလည်း ချက်ချင်းဘဲ ကြောင်အလို့သွားခဲ့တယ်
ရှီးယွီရှင်းက ချိယွီရဲ့ထူးဆန်းနေမှုကို သတိပြုမိလိုက်ပြီး သူကမေးလာခဲ့တယ်။"ဘာဖြစ်တာလဲ?"
ချိယွီက ဖုန်းscreenကိုပိတ်လိုက်ပြီး၊ သူ့ဘေးက Nannyနဲ့ Nurseကိုပြောလိုက်တယ်။"ကျွန်တော့်မှာ လုပ်စရာမရှိတော့တာကြောင့်၊ အဒေါ်နဲ့အမ အပြင်ခဏသွားလည်လို့ရပါတယ်။ကျွန်တော် သူငယ်ချင်းကိုပြောစရာလေးတစ်ခုရှိလို့ပါ။ရှောင်ကျိုးလေးကိုတော့ ကျွန်တော်နဲ့ဘဲ ထားခဲ့လိုက်ပါ"
သူက ပြောနေရင်း ၊ သူ့ဘေးက ဆေးရုံကုတင်ကိုတစ်ချက်ကြည့်လိုက်ပြီး Nurseကို သူတို့ထွက်သွားတာနဲ့ အလယ်ကလိုက်ကာကိုပိတ်ဖို့လဲ ပြောလိုက်တယ်။
ထိုအရာကိုမြင်တော့၊ ရှီးယွီရှင်းလဲ ခုံကို ချိယွီအနားထိ ဆွဲယူလိုက်ရင်း၊ အသံခပ်တိုးတိုးနဲ့မေးလာခဲ့တယ်။"ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲလို့?"
ချိယွီက ဖုန်းကိုပြန်ဖွင့်လိုက်ပြီး၊ စာကို ရှီးယွီရှင်းကို ပြလိုက်တယ်။
ထိပ်ဆုံးက စာကတော့ —
【ဒုတိယမြောက်သတိပေးချက်】
ထို့နောက် ပုံအချို့ကိုတွေ့လိုက်ရတယ်။
ပုံက အနည်းငယ် မှုန်ဝါးနေသော်လည်း နောက်ခံက ဘားတစ်ခုဖြစ်ကြောင်း မြင်ရန် မခက်ခဲလှပေ။
အနီးနားတွင် ထိုင်နေတဲ့ လူများအားလုံးက ဖြတ်တောက်(ဝါးထား) ခြင်းခံထားရကာ သားရေဖိနပ်တစ်ရံနှင့် ဒေါက်မြင့်ဖိနပ်များကိုသာ မြင်တွေ့ရနိုင်သည်။ လူတစ်ဦးတည်းသာ ပုံထဲမှာ မဝါးဘဲဖော်ထုတ်ထားတာကို တွေ့ရသည်။ အဝါရောင်မှိန်မှိန်မှိန်ပျပျ မီးရောင်များ ပေါ်ထွက်နေကာ လူများရဲ့ မျက်နှာနှင့် အမူအယာတွေကိုတော့ ဖြတ်တောက်ထားလေသည်။ ထိုသူ တစ်ယောက်တည်း ကိုသာ focusလို့ထားတယ်။
သို့သော်လည်း၊ ချိယွီနဲ့ ထိုပုံထဲမှ လူဟာ မျက်နှာဆင်တူရှိကြသည်။
သိသာစွာဘဲ ၊ ထိုပုံထဲမှ အဝတ်ဗလာဖြင့်လူမှာ မူလချိယွီသာဖြစ်တယ်။
ချိယွီက ပုံအချို့ကိုနှိပ်ကြည့်လိုက်ကာ၊ ထိုအရာတွေကို ရှီးယွီရှင်းကို ပြလိုက်တယ်။"အဲ့ဒါ ဘားလား?"
ရှီးယွီရှင်းက ကြက်သေသေနေရင်းမှ ခေါင်းငြိမ့်ပြလို့လာကာ : "ကောင်းပြီ၊ ဘယ်သူက မင်းကိုဒီပုံတွေပို့လိုက်တာလဲ?"
ချိယွီ : "ငါလည်းမသိဘူး။ငါ့မှာ စုံထောက်ရှိတယ်။ ဖြစ်ချင်တော့ ဒီဖုန်းနံပါတ်ရဲ့ပိုင်ရှင်က ဟင်းရွက်ခြံမှာ ငါးရောင်းတဲ့သူဖြစ်နေတယ်။သူက အသက်ခြောက်ဆယ်ကျော်လောက်ရှိပြီး မူလကိုယ်နဲ့လည်း ဘာပတ်သက်မှုမှမရှိဘူး"
"ဒါ တစ်ဖက်လူက တစ်ခုခုကိုပြဖို့ ရည်ရွယ်တဲ့နည်းလမ်းဘဲဖြစ်မယ်"
ရှီးယွီရှင်းက မျက်မှောင်ကြုံ့လိုက်မိကာ : "သူက မင်းကိုသတိပေးထားတယ်?ဒါပေမယ့် သူက ဘာမလုပ်ဖို့သတိပေးချင်နေတာလဲ?"
ချိယွီလည်း စိတ်ရှုပ်ထွေးလို့သွားခဲ့တယ်။"ငါလည်းမသိဘူးလေ"
သူ ထိုသို့ပြောပြီးနောက် မက်ဆေ့ချ်ကို ဆွဲချလိုက်ပြီး တစ်ဖက်လူ အရင်ကပို့ခဲ့တဲ့ စာတိုမက်ဆေ့ချ်တွေကို ရှီးယွီရှင်းကို ပြလိုက်တယ်။ "ဒီမှာ၊ ကြည့်လိုက်။တစ်ကယ့်ကို နားမလည်နိုင်လောက်အောင်ပဲ၊ ဘာတိကျတဲ့ အချက်အလက်တစ်ခုမှလည်း မပြောခဲ့ဘူး"
"သူတို့အချင်းချင်း အရင်ကရော မဆက်သွယ်ခဲ့ဖူးဘူးလား? Chat Historyတွေထဲရော?"
ချိယွီက ရှီးယွီရှင်းဆိုလိုတာကိုနားလည်တာကြောင့်၊ပြန်ပြောလိုက်တယ် : "ငါကူးပြောင်းလာတုန်းက မူလကိုယ်ရဲ့ဖုန်းထဲမှာ ဘာမှမရှိဘူး အကုန်ဖျက်ခံထားရတာ။အသစ်အတိုင်း ရှင်းနေခဲ့တာ"
ရှီးယွီရှင်း : "တစ်ယောက်ယောက်ကများ ဖျက်လိုက်တာလား?"
"မင်းကြည့်ကြည့်လေ" ချိယွီကခဏလောက်စဉ်းစားလိုက်ပြီး ၊ "မူလကိုယ်ကို ဘယ်သူမုန်းနေလဲမင်းသိလား?"
ရှီးယွီရှင်းက တုံ့ဆိုင်းသွားပုံရကာ၊ ခဏလောက်စဉ်းစားကြည့်လိုက်ပြီး : "သူ့ကိုမုန်းနေတဲ့သူတွေမှ အများကြီးဘဲ။အဓိကကတော့ အားကျပြီးမနာလိုကြလို့ပေါ့ကွာ။ဒါပေမယ့် သူ့ကို ဘယ်သူက ဒီလောက်အဆင့်အထိ မုန်းနေသလဲတော့ ငါမသိပါဘူး၊ အဲဒါ မဖြစ်သင့်ဘူး၊ ငါမမှတ်မိဘူး"
ရှီးယွီရှင်းက ထိုသို့ပြောနေရင်းဘဲ၊ရပ်တန့်သွားကာ တစ်ခုခုကိုတွေးမိလိုက်တာကြာင့် : "သူက ဟယ်ကျောင်းနဲ့လဲ ရန်စရှိခဲ့တယ်။ဒါပေမယ့် ကိစ္စကြီးတော့မဟုတ်ခဲ့ပါဘူး။ဟယ်ကျောင်းလဲ ဒီလိုမလုပ်လောက်ဘူး။သူမကိုဖယ်လိုက်၊ တော်တော်ဆိုးရွားတာဘဲ၊ ပုံမှန်မဟုတ်တော့ဘူးမလား?ဒီကိစ္စတွေကတော်တော်ကြာနေပြီဘဲကို"
ချိယွီလဲ တွေးကြည့်ပြီးနောက်၊သူ့စိတ်ကိုပြောင်းလိုက်ကာ : "ဟယ်ကျိုးလည်း အဲဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တယ်နော် ။ သူတို့မိသားစုအနေနဲ့ လက်ကျန် အားလုံးကို ဖျက်ဆီးပစ်သင့်တယ်။ ဒါပေမယ့် ဒီဓာတ်ပုံက စောင့်ကြည့်ကင်မရာထောင့်ကနေ ဖြတ်ရိုက်ထားတာ သိသာတယ် "
ရှီးယွီရှင်းလည်းပြန်မဖြေနိုင်တော့ဘဲ၊ အရင်ကမှတ်ဉာဏ်တွေကိုသာ ပြန်တွေးတောကာ ဖြေးဖြေးချင်းပြောလာခဲ့တယ်။" ဟယ်ကျိုးက ဘတ်စကတ်ဘောအသင်းနဲ့ ညစာစားနေတာကို ငါမှတ်မိတယ်။ဒါပေမယ့် အဲ့မှာ ရှီးချီလည်းရှိနေခဲ့တယ်။ငါသူ့ကိုသိတယ်၊ ဒါ့ကြောင့် အဲ့မှာ ဘတ်စကတ်ဘောအသင်းအပြင် တခြားသူတွေလည်း ရှိအုံးမယ်။ ဘယ်သူတွေဆိုတာတော့ငါလဲ သေချာမမှတ်မိဘူး။မင်း ဟယ်ကျိုးကိုမေးကြည့်လို့ရတယ်"
"စောင့်ကြည့်ကင်မရာက videoကတော့ အဖျက်ခံရပြီးလောက်ပြီ။တစ်ခုခုဖြစ်လာတဲ့အခါ၊ဟယ်ကျိုးရဲ့ သူငယ်ချင်းတွေက မြန်မြန်ဘဲတုံ့ပြန်ပြီးလူစုခွဲကြလိမ့်မယ်။အဲဒီအချိန်တုန်းက လူအားလုံးရဲ့ ဆက်သွယ်ရေးကိရိယာတွေကို( ဖုန်း,အစရှိသည်) စစ်ဆေးပြီး ပြဿနာမရှိရင် ပြန်လွှတ်ပေးခဲ့တာဘဲ"
ချိယွီ : "ဘယ်သူက စောင့်ကြည့်ကင်မရာကိုထိန်းချုပ်ထားတာလဲ?ဟယ်ကျိုးရဲ့သူငယ်ချင်းတွေဖြစ်နိုင်မလား?အဲဒီလူက ငါ့ကို မမုန်းတာ ဖြစ်နိုင်တယ်၊ ဟယ်ကျိုးက မုန်းတဲ့သူပဲ"
ဟယ်ကျိုးက မျက်ခုံးပင့်ကာ သူ့ခေါင်းကိုခါယမ်းပြလာရင်း : "ငါလည်းသေချာမမှတ်ဘူး။အဲ့အချိန်တုန်းက တစ်ကယ့်ကိုအခြေအနေတွေက ရှုပ်ထွေးနေခဲ့တာ"
ချိယွီက အနည်းငယ် ကူကယ်ရာမဲ့သွားကာ၊ သူက တစ်ဖက်လူပို့ထားတဲ့စာတွေကို ပြန်ဖတ်ကြည့်လိုက်တယ်။"ဒါမှမဟုတ် ငါဒါတွေကိုဟယ်ကျိုးဆီပို့ပေးလိုက်ပြီး၊ သူ့ကိုဖြေရှင်းခိုင်းလိုက်ရမလား? ဒါက ငါ့တစ်ယောက်တည်းရဲ့ ကိစ္စမှမဟုတ်တာ။သူနဲ့လည်း သက်ဆိုင်တယ်လေ၊တစ်ဖက်လူမှာ တခြား videoတွေရှိမရှိ ဘယ်သူကသိနိုင်မှာလဲ?"
ရှီးယွီရှင်း : "အဲ့ဒါလည်း ကောင်းတာဘဲ"
——
တစ်ဖက်မှာတော့၊ဟယ်ကျိုးက ဖိန်ချိုးနဲ့ စကားပြောနေကြတာဖြစ်တယ်။
စားပွဲပေါ်ရှိဖုန်းမျက်နှာပြင်မှာ တစ်ချက်လင်းသွားပြီး၊ သူတို့နှစ်ယောက်စလုံးလည်း မသိစိတ်ကလည်း လှမ်းကြည့်မိလိုက်ကြတယ်။
【ညီအစ်ကို၊ငါ့ကိုကူညီပါအုံး။ဒီပုံကိုကြည့်လိုက် [ပုံ] [ပုံ] [ပုံ] [ပုံ] 】
ဖိန်ချိုးတစ်ယောက် Text Messageကိုမြင်ချိန်မှာတော့၊ သူက ခေါင်းကိုလှည့်ကာ ဟယ်ကျိုးကို ပြောပြရန်တုံ့ဆိုင်းနေတဲ့အကြည့်နဲ့ကြည့်လို့နေလေတယ်။
ဟယ်ကျိုး : "..."
"ညီအစ်ကို၊မင်းကူညီမှာလား?" ထိုသို့ပြောပြီးနောက်၊ဖိန်ချိုးက သူ့နှုတ်ခမ်းကို ကိုက်လိုက်ကာ သူ့အပြုံးကိုပြန်ထိန်းလိုက်တယ်။
ဟယ်ကျိုး မနေ့ညနေကစကားပြောပြီးနောက် သူဘယ်တော့မှချိယွီကို စကားမပြောတော့ဘူးလို့ပြောခဲ့တာကို သူမှတ်မိနေသေးသည်။သူက ပတ်ပတ်လည်က ဆေးရုံမှချိယွီဆီသွားလည်မယ့်သူတွေကိုလည်း သွားမနှောက်ယှက်ဖို့ လိုက်လံတားဆီးခဲ့သေးသည်။
ဟယ်ကျိုးက ဒီတစ်ကြိမ်မှာတော့ တစ်ခွန်းမှဟမလာခဲ့ပေ။သူက မျက်နှာအမူအယာမပြောင်းပါဘဲ ဖုန်းကို ကောက်ကိုင်လိုက်တယ်။ စာကိုဖတ်ပြီးနောက်မှာတော့ ၊ သူ့ရဲ့ မျက်ခုံးတန်းတွေ စုကြုံ့လို့သွားကာ ချက်ချင်းဘဲ ထရပ်ရင်း အပြင်ကိုလျှောက်ထွက်လို့သွားခဲ့တယ်။
ဖိန်ချိုးက သူ့ခေါင်းကိုခါယမ်းလိုက်ရင်း : "တစ်ကယ်အမှတ်မရှိတဲ့ကောင်ဘဲ" လို့ သူ့နောက်ကနေ ပြောလာခဲ့တယ်။
ဟယ်ကျိုးက သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး ခေါင်းလှည့်လိုက်ရင်း၊ မျက်ခုံးတစ်ဖက်ကိုပင့်ကာ : "မင်းခုနက ဘာပြောလိုက်တာလဲ?"
ဖိန်ချိုးက သက်ပြင်းချလိုက်ကာ၊ သူ့လက်ကို ခပ်မြန်မြန်ဘဲခါယမ်းလိုက်ပြီး : "မဟုတ်ပါဘူး၊မဟုတ်ပါဘူး။ မင်းက အရမ်းကိုသဘောကောင်းပြီး ကူညီချင်စိတ်ရှိတဲ့သူလို့ ပြောတာပါကွာ!"
ဟယ်ကျိုးက မျက်နှာကိုတည်ထားပြီး၊ စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ လေသံနဲ့ပြန်ပြောလိုက်တယ် : "အေး၊သိရင်ပြီးရော" ပြီးတာနဲ့ဟယ်ကျိုးလည်းလျှောက်ထွက်လို့လာခဲ့တယ်။
ဖုန်းထဲကနေ အသံတစ်သံထွက်ပေါ်လာခဲ့ပြီး၊ ချိယွီရဲ့ ရှင်းလင်းလှတဲ့အသံဟာလည်း သူ့နားထဲဝင်ရောက်လို့လာခဲ့တယ်။"ညီအစ်ကို! ငါပို့လိုက်တဲ့ပုံကိုမင်းကြည့်ပြီးသွားပြီလား?"
ဟယ်ကျိုးက ရပ်တန့်သွားကာ၊ အသက်ရှူကြပ်စွာ ပြန်ပြောလာခဲ့တယ်။"...ကြည့်ပြီးပြီ"
ထိုသို့ပြောပြီးနောက်၊သူက စက္ကန့်အနည်းငယ်လောက်တုံ့ဆိုင်းသွားကာ ထို့နောက်ထပ်ပေါင်းထည့်ကာ ပြောလာခဲ့တယ်။"ညီအစ်ကို"
ပိုလို့တောင်၊ အသက်ရူကြပ်လာရသည်။
===================================
• စာလုံးရေ = 3754
• ရက်စွဲ = 14,6,2022 (TUE)
===================================
🍼 ဒုတိယႀကိမ္ေျမာက္သတိေပးခ်က္ |Zaw
ေနာက္တစ္ေန႔မွာေတာ့၊ ေ႐ွာင္က်ိဳးေလးနဲ႔ Nanny ေဆး႐ုံကိုေရာက္လာခဲ့တယ္။
အမွန္ဆို၊ ခ်ိယြီကသူတို႔ကို မလာေစခ်င္ခဲ့ေပမယ့္လို႔၊ ေ႐ွာင္က်ိဳးေလးရဲ႕ ပုံသ႑ာန္ေလးက သူ႕မ်က္လုံးထဲကေနမထြက္ႏိုင္ဘဲ သနားစရာေကာင္းလို႔ေနတယ္။
မေန႔က သူ ဖုန္းေျပာၿပီးေနာက္ညမွာဘဲ Nannyကေနာက္တစ္ေခါက္ဆက္လာခဲ့လို႔၊ သူလည္း ယြီက်ိဳးေလးရဲ႕ genderကိုေမးလိုက္ေတာ့ baby alphaေလးအေနမဲ့ ခုခံမႈလည္းတိုးလာတာေၾကာင့္ Nannyက ေဆး႐ုံကိုေခၚလာခဲ့ဖို႔ ေတာင္းဆိုေတာ့၊ ခ်ိယြီလည္း လက္ခံလိုက္ရေတာ့တယ္။
ေ႐ွာင္က်ိဳးေလးလည္း ေဆး႐ုံကိုေရာက္ေရာ၊ သူက အရမ္းကိုၿငိမ္လို႔ေနတယ္။ သူက ခ်ိယြီကို တိတ္တဆိတ္သာ အကဲခတ္ၾကည့္ေနကာ၊ စပ်စ္သီးနဲ႔တူတဲ့ မ်က္လုံးေလးေတြဟာလည္း မ်က္ေတာင္တဖ်က္ဖ်က္ခတ္လို႔ သူ႕ရဲ႕အၾကည့္နဲ႔ အမူအယာေတြကလည္း တုံ႔ဆိုင္းလို႔ေနပုံေပၚတယ္။
ခ်ိယြီက ကေလးကိုအတင္းဖိအားမေပးခဲ့ေပ။ ယြီက်ိဳးေလးရဲ႕လက္ေသးေသးေလးကိုသာဆြဲကိုင္ကာ ညႇင္သာစြာႏႈတ္ဆက္လိုက္ၿပီး : "မင္းငါ့ကိုမွတ္မိေသးရဲ႕လား? ဟမ္?"
ခ်ိယြီရဲ႕အမူအယာက တည္ၿငိမ္လို႔ေနေပမယ့္၊ အမွန္တစ္ကယ္မွာေတာ့ သူအရမ္း စိတ္လႈပ္႐ွားလို႔ေနေလတယ္။
ယြီက်ိဳးေလးက pheromone ႏွင့္ဆက္စပ္ေသာေရာဂါနဲ႔ေမြးဖြားလာခဲ့ရၿပီး ယခုတြင္သူရဲ႕ pheromone ကတစ္ဖန္ေျပာင္းလဲသြားၿပီျဖစ္တာေၾကာင့္ ၊ သူဘယ္လိုတုံ႔ျပန္မည္လဲ၊ ႏိႈးဆြခံရမည္လား ဆိုတာလည္း ေသခ်ာမသိႏိုင္ေပ။
"မင္းငါ့ကို မွတ္မိေသးရဲ႕လား?" ခ်ိယြီက သူ႕ရဲ႕ လက္ေသးေသးေလးကို ဆြဲကိုင္ကာ ညႇင္သာစြာလႈပ္ယမ္းရင္းေမးလိုက္တယ္။
ေ႐ွာင္က်ိဳးေလးက ခ်ိယြီရဲ႕ေခါင္းအုံးေဘးမွာ Nannyအေထာက္အကူျဖင့္ ထိုင္ေနခဲ့တာျဖစ္တယ္။ ခႏၶာကိုယ္ေသးေသးေလးျဖင့္ ေခါင္းအုံးေဘးတြင္ တက္ထိုင္ေနသည္မွာ ေဘာလုံးေသးေသးေလးကဲ့သို႔ပင္။
သူ႕မ်က္ခုံးေလးေတြဟာလည္း စုၾကဳံ႕သြားကာ၊ သူ႕ရဲ႕ႏႈတ္ခမ္းေလးေတြဟာလည္း တင္းတင္းေစ့လို႔သြားၿပီး သူ႕အမူအယာက နည္းနည္းေတာ့ျပင္းထန္ေနေလသည္။ သူ႕ရဲ႕ လက္ေသးေသးေလးေတြဟာလည္း သူ႕ရဲ႕ရင္ဘတ္ေ႐ွ႕မွာ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လို႔ထားကာ မ်က္လုံးတစ္စုံကသာ လႈပ္႐ွားလို႔ေနၿပီး ခ်ိယြီကို အေပၚေအာက္ စိုက္ၾကည့္လို႔ေနေလတယ္။
ခ်ိယြီက ခဏေလာက္ေစာင့္ေနလိုက္ေပမယ့္လည္း၊ ယြီက်ိဳးေလးဆီက ဘာတုံ႔ျပန္မႈမွ မရတာေၾကာင့္ သူက သူ႕လက္ကို အသာအယာဆန္႔ထုတ္လိုက္ကာ ယြီက်ိဳးေလးရဲ႕ေမးေစ့ေလးကို ခပ္ဖြဖြညႇစ္လိုက္ၿပီး ေမးလိုက္တယ္။
"မွတ္မိရဲ႕လားလို႔?"
ေ႐ွာင္က်ိဳးေလးက မ်က္ေတာင္သာခတ္ျပလာကာ၊ သူ႕ရဲ႕ ခပ္တင္းတင္းဆုပ္လို႔ထားတဲ့ လက္သီးဆုပ္ေလးေတြဟာလည္း ေျပေလ်ာ့လို႔သြားၿပီး သူက ခ်ိယြီရဲ႕လက္ေခ်ာင္းေတြကို လွမ္းဆြဲလို႔လာတယ္။
ခ်ိယြီခဏတာ ရပ္တန္႔လို႔သြားကာ၊ ခဏခ်င္း အသက္႐ွဴသြင္းလို႔ေနရတယ္။
သူက ယြီက်ိဳးေလးကို တည့္တည့္စိုက္ၾကည့္လိုက္ၿပီး၊ ယြီက်ိဳးေလးကလည္း သူ႕ေခါင္းေလးကိုေစာင္းရင္း သူ႕ကို မ်က္ေတာင္တခ်က္မခတ္ပါဘဲ စိုက္ၾကည့္လို႔လာတယ္။
႐ုတ္တရက္ဘဲ ေ႐ွာင္က်ိဳးေလးက ျပဳံးျပလာကာ သူ႕ရဲ႕မ်က္လုံးခပ္ဝိုင္းဝိုင္းေတြကလည္း လျခမ္းသ႑ာန္ ေကြးၫႊတ္လို႔သြားခဲ့တယ္။
သူက ေ႐ွ႕ကိုငုံ႔ကိုင္းလာၿပီး ခ်ိယြီရဲ႕ လက္ဖဝါးေပၚ သူ႕ရဲ႕ေဖာင္းအိအိပါးျပင္ေလးေတြနဲ႔ ပြတ္သပ္လာကာ သူ႕တစ္ကိုယ္လုံးနဲ႔ကို ဖိခ်လာၿပီး လက္ပုတိုေလးႏွစ္ေခ်ာင္းနဲ႔လည္း ခ်ိယြီရဲ႕ မ်က္ႏွာကို ေပြ႕ဖက္လို႔လာတယ္။
႐ုတ္တရက္ပါဘဲ၊ သူ႕ရဲ႕ ႏွာဖူးေပၚ ႏူးညံ့လွတဲ့အထိအေတြ႕ေလးနဲ႔အတူ ခပ္စိုစို အမွတ္အသားေလး ထင္က်န္လို႔ေနခဲ့တယ္ ။
ခ်ိယြီတစ္ေယာက္လည္း စိတ္သက္သာရာရသြားၿပီး၊ သူ႕တစ္ကိုယ္လုံးေရာ ႏွလုံးသားေလးပါ ႏူးညံ့သြားသလို ခံစားလိုက္ရေတာ့တယ္။
"မား!"
သူ႕ေခါင္းထက္မွာ ႏို႔နံ႔သင္းကာ အစြမ္းထက္တဲ့ ယြီက်ိဳးေလးရဲ႕ အသံတစ္ခုထြက္ေပၚလို႔လာခဲ့တယ္။
ဒီအသံကိုၾကားေတာ့ ခ်ိယြီက သူ႕ႏွလုံးသားကို ခ်ဳပ္တည္းမထားေတာ့ဘဲ လုံးဝလႊတ္ခ်လိုက္ေတာ့တယ္။
သူက စိတ္သက္သာရာရစြာ ရယ္ေမာလိုက္ကာ၊ သူ႕လက္ကိုေျမႇာက္ကာ ေခါင္းထက္က ေ႐ွာင္က်ိဳးေလးကိုေကာက္ခ်ီလိုက္ၿပီး ၊ သူ႕လက္ေခ်ာင္းေတြနဲ႔ အေကာင္ေပါက္ေလးကို ကလိထိုးရင္း ယြီက်ိဳးေလးကို ေကာ့လန္ကာရယ္ေမာေနေအာင္ လုပ္လိုက္တယ္။
"ငါတို႔ရဲ႕ ေ႐ွာင္က်ိဳးေလးက အံ့ဩစရာေကာင္းလိုက္တာ!အရမ္း ေတာ္တာဘဲ!" ခ်ိယြီက ေ႐ွာင္က်ိဳးေလးကို ခ်ီးက်ဴးလိုက္တယ္။
တစ္ေယာက္ထဲ ခြဲစိတ္မႈကိုျဖတ္သန္းရတာက ေၾကာက္စရာေကာင္းသလို၊တစ္ေယာက္ထဲ ေဆး႐ုံတက္ရတာဟာလည္း ေၾကာက္စရာေကာင္းၿပီး အထီးက်န္ရသည္။
ခႏၶာကိုယ္က အားနည္းတဲ့အခါ၊ စိတ္ပိုင္းဆိုင္ရာ ခုခံမႈ အားနည္းေနခ်ိန္လည္း ျဖစ္သည္။ သို႔ေသာ္ ႏွစ္ရက္မွ်အၾကာတြင္ သူ႕အေနနဲ႔ သံပုရာရည္*ကို အႀကိမ္ေပါင္းမ်ားစြာ ေသာက္ခဲ့ရသည္။ ခြဲစိတ္ၿပီးေနာက္ ေဘးကုတင္ေပၚ႐ွိ omegaကို သူ႕မိဘမ်ားက ျပဳစုေစာင့္ေ႐ွာက္ေနပုံမွာ မနာလိုစရာပင္။ ထို႔ေနာက္ သူ႕ေဘးဖက္က ေနာက္ထပ္လူနာတစ္ေယာက္မွာလည္း လက္ေဆာင္ေတြအမ်ားႀကီးရခဲ့ကာ၊ ေဆးေသာက္ၿပီးတဲ့ေနာက္မွာပင္ အခါးေျပေစဖို႔သၾကားလုံးေတြ ႐ွိလို႔ေနေသးသည္။
သို႔ေသာ္လည္း၊ သူ႕ဆီ ေ႐ွာက္က်ိဳးေလးေရာက္လာခ်ိန္မွာေတာ့ သူ႕အေနနဲ႔ ထိုသူတို႔ကို ထပ္ၿပီးအားမက်မိေတာ့ေပ။
သူဟာ အခုေတာ့ ေက်နပ္ကာ၊ ေပ်ာ္႐ႊင္ေနမိသည္။
ခ်ိယြီက ေ႐ွာင္က်ိဳးေလးရဲ႕ေျခဖဝါးေသးေသးေလးကို ကုတ္ျခစ္လိုက္ၿပီး : "မင္း ပါပါးကို ေန႔လည္စာစားရင္ အေဖာ္ျပဳေပးမွာလား?"
သူမေန႔က ညစာစားႏိုင္ခဲ့သည္။
ထိုေန႔ညက ေ႐ွာင္က်ိဳးေလးနဲ႔ video chatၿပီးေနာက္မွာ၊သူက အ႐ိုးနက္ ၾကက္သားဟင္းခ်ိဳ အမ်ားအျပားကို မွာယူခဲ့ကာ၊ စားၿပီးေနာက္မွာေတာ့ သူ႕ ဗိုက္က တင္းကားလို႔သြားခဲ့တယ္။ အစာစားၿပီးေနာက္မွာေတာ့၊သူဟာ ခြန္အားမ်ားစြာ ျပန္လည္ရ႐ွိလာၿပီး သူ႕ဘာသာသူ ျဖည္းညႇင္းစြာ မတ္တတ္ရပ္ႏိုင္လာခဲ့တယ္။
"အြန္း!" ယြီက်ိဳးေလးက ခ်ိယြီႏွာဖူးေပၚ ေနာက္တစ္ႀကိမ္ ထပ္ထိေတြ႕ လို႔လာျပန္တယ္။
ခ်ိယြီ : "အိုေက! ဒါဘဲေလ! "
႐ုတ္တရက္ တံခါးနားမွ ေယာက်္ားတစ္ေယာက္ရဲ႕ ျပဳံးေယာင္သန္းေနတဲ့ အသံက ထြက္ေပၚလို႔လာခဲ့တယ္။"ဘာေတြေပ်ာ္ေနတာလဲ?"
ယြီက်ိဳးေလးက ခ်ိယြီရဲ႕ေနာက္ကိုပုံးကြယ္လို႔သြားခဲ့တယ္။ ယြီက်ိဳးေလးက ဘယ္သူလာမွန္း ၊ ထိုသူျပတင္းေပါက္ထိ ေရာက္မလာခင္အထိ မသိခဲ့ေပ။ ႐ွီးယြီ႐ွင္းျဖစ္သည္။
ခ်ိယြီက အနည္းငယ္ေတာ့ အံ့အားသင့္လို႔သြားခဲ့တယ္။
"မင္းဘယ္လိုလုပ္ေရာက္လာတာလဲ?"
အဲ့ဒီေနာက္ သူက ႐ွီးယြီ႐ွင္းကို အေပၚေအာက္ စုန္ဆန္ၾကည့္လိုက္ၿပီး၊ တစ္ခုခုမွားေနသလို ခံစားရလို႔ေနတယ္။"မင္းေနမေကာင္းဘူးလား?မင္းရဲ႕ ပုံစံကေတာ္ေတာ္ဆိုးေနၿပီ" ေႏြရာသီႀကီးမွာ သူက ေဘာင္းဘီ႐ွည္နဲ႔ maskကို ၀တ္ထားကာ၊ နည္းနည္းထူးဆန္းလို႔ေနတယ္။
႐ွီးယြီ႐ွင္းက သူ႕လက္ကိုဆန္႔ထုတ္ကာ ခ်ိယြီရဲ႕ႏွာေခါင္းကိုလိမ္ဆြဲလိုက္ၿပီး : "air con ကေအးလြန္းတယ္ေလ။ လြန္ခဲ့တဲ့ ႏွစ္ရက္ကလည္း အေအးမိထားလို႔၊ အခုေတာ့ သက္သာသြားပါၿပီ"
"ဒါေၾကာင့္ကို၊ ငါမင္းရဲ႕အသံကိုေတာင္မမွတ္မိခ်င္ျဖစ္ေနတာ"
႐ွီးယြီ႐ွင္းက ျပဳံးလိုက္ကာ၊ ခ်ိယြီေဘးထိုင္ဖို႔ ခုံတစ္ခုံလွမ္းဆြဲလိုက္တယ္။"မင္းဘာလို႔ ငါ့ကိုဘာမွမေျပာဘဲ ႐ုတ္တရက္ႀကီး ခြဲစိတ္ခန္းဝင္လိုက္ရတာလဲ? မင္းဘဲငါနဲ႔တစ္သားတည္းဆို?"
ခ်ိယြီလည္း ထရယ္လိုက္ကာ : "ငါအဆင္ေျပပါတယ္၊ ၿပီးေတာ့ ဒီ ခြဲစိတ္မႈက တစ္ေယာက္တည္းလုပ္လည္းရပါတယ္။မေန႔က နည္းနည္းေတာ့ နာတာေပါ့ကြာ၊ ဒါေပမယ့္ ခုေတာ့ အေတာ္ေလး အဆင္ေျပေနပါၿပီ"
ဆရာဝန္က ဂလင္းေတြဟာ အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔မတူဘဲ ျပန္လည္ေကာင္းမြန္တာ လြယ္ကူလြန္းတာေၾကာင့္လို႔ သူ႕ကို ေျပာျပလာခဲ့တယ္။
ထိုေနရာဟာ Alphaရဲ႕ခြၽန္ျမတဲ့သြားေတြနဲ႔အကိုက္ခံရဖို႔ ျဖစ္တည္လာတာျဖစ္ၿပီး၊ အထူးသျဖင့္ estrusကာလမွာေပါ့။ Alphaက ထိုကာလမွာ လုံးဝစိတ္ကိုမထိန္းခ်ဳပ္ႏိုင္ေတာ့တာေၾကာင့္ ပိုၿပီးခပ္ျပင္းျပင္းကိုက္လာႏိုင္တာေၾကာင့္ ဂလင္းက အထိမခံတဲ့ေနရာဆိုေပမယ့္ ျပန္လည္သက္သာမႈအားေကာင္းလွသည္ဟုဆိုရမည္။
မေန႔က သူျပဳလုပ္ခဲ့တဲ့ခြဲစိတ္မႈဟာလည္း၊ဒီေန႔ေတာ့ အနာက်က္လုနီးပါးျဖစ္ေနၿပီျဖစ္သည္။
"ဒါနဲ႔ မင္းေရာ? ခုေနာက္ပိုင္း မင္းဆီဘာေတြျဖစ္ေနတာလဲ?"
ခ်ိယြီက nurseကို ကုတင္ကိုျမင့္ေပးဖို႔ေျပာလိုက္ၿပီး၊ သူက ထိုင္ေနတဲ့အေနအထားကိုေျပာင္းလိုက္ကာ သူ႕လက္ေမာင္းေတြထဲ ေ႐ွာင္က်ိဳးေလးကို ေပြ႕ဖက္လို႔ထားလိုက္တယ္။
ေ႐ွာင္က်ိဳးေလးက အလြန္နာခံမႈ႐ွိကာ၊ ေကာက္ညႇင္းထုပ္ေလးကဲ့သို႔ သူ႕ရင္ဘတ္ေပၚတြင္ တြယ္ကပ္လို႔ေနကာ ဘာသံမွထြက္မလာဘဲ ၊ႏွာေခါင္းေလးကသာ လႈပ္႐ွားလို႔ေနကာ သူ႕အနံ႔အသစ္ႏွင့္ ရင္းႏွီးေအာင္လုပ္ေနပုံရသည္။
႐ွီးယြီ႐ွင္းရဲ႕အၾကည့္က ေ႐ွာင္က်ိဳးေလးဆီေရာက္႐ွိလို႔သြားၿပီး၊ သူက လက္ဆန္႔ထုတ္လိုက္ကာ ယြီက်ိဳးေလးရဲ႕လက္ကိုလွမ္းကိုင္ရင္း ညႇစ္လိုက္တယ္။"ကိစၥႀကီးေတာ့မဟုတ္ပါဘူးကြာ။ခုတေလာေတာ့ ငါအိမ္ေျပာင္းတာနဲ႔ဘဲ အလုပ္မ်ားေနတာ"
"အိမ္ေျပာင္းတာက တစ္ပတ္ေတာင္လိုလို႔လား?"
ခ်ိယြိက တုံ႔ဆိုင္းသြားကာ၊"ေျပာဖို႔ခက္ေနမွေတာ့လည္း--"
"ေျပာဖို႔ခက္တာမ်ိဳးေတာ့မဟုတ္ပါဘူးကြာ၊ ငါ့မိဘေတြ ကြာ႐ွင္းလိုက္ၾကၿပီ"
႐ွီးယြီ႐ွင္းက ပခုံးတြန္႔ျပလာကာ ၊ "အဲ့ဒါက အေရးမႀကီးပါဘူး။ သူတို႔ထြက္သြားေလေကာင္းေလဘဲ။ ငါလည္း သူတို႔ႏွစ္ေယာက္ၾကား ဒုကၡမ်ားေနစရာမလိုေတာ့ဘူးေပါ့။ ျမင္ေနရတာ တစ္ကယ္ စိတ္ပ်က္လြန္းလို႔"
ခ်ိယြီက ေတာင့္ခဲလို႔သြားကာ၊ ခဏေလာက္ ဘာေျပာရမလဲမသိ ျဖစ္လို႔ေနတယ္။
႐ွီးယြီ႐ွင္းက ရယ္ေမာလိုက္တယ္။"တစ္ကယ္ အေရးမႀကီးပါဘူးဆို။အခုခ်ိန္မွာ ကြာ႐ွင္းတာက ႐ွားတဲ့ကိစၥမွမဟုတ္ဘဲ။ ငါက ကေလးမဟုတ္ေတာ့ဘူး၊ ဒါ့ေၾကာင့္ ငါ့ဆီအရမ္းေတာ့မသက္ေရာက္ပါဘူး"
ထိုသို႔ေျပာၿပီးေနာက္၊ သူက ကုတင္ေဘးက စားပြဲေပၚ႐ွိ လိမ္ေမာ္ေရာင္ႏွင္းဆီပန္းကိုၾကည့္ရင္း ပါးစပ္ဟကာ ေခါင္းစဥ္ေျပာင္းလိုက္ေတာ့တယ္။
"မင္းကိုလိုက္ေနတဲ့ ဘယ္တစ္ေယာက္က လာေပးသြားတာတုန္း?"
ခ်ိယြီလည္း အခြင့္အေရးကိုအရယူကာေျပာလိုက္တယ္။ "ဘယ္က လိုက္တဲ့သူ႐ွိမွာတုန္း? ဟယ္က်ိဳးဆီက ရတာပါကြာ။သူက ဒီတိုင္းငါ့ကို အျမန္သက္သာဖို႔ ဆုေတာင္ေပး႐ုံဘဲ"
႐ွီးယြီ႐ွင္းကေတာ့ မယုံသကၤာျဖစ္လို႔ေနၿပီး : "လိမ္ေမာ္ေရာင္ႏွင္းဆီပန္းက shy love (႐ွက္႐ြံ႕ေနသူတစ္ေယာက္ရဲ႕အခ်စ္)ကိုရည္ၫႊန္းတာကြ။ အျမန္သက္သာလာေစဖို႔ ဆုေတာင္းေပးတာေရာဟုတ္ရဲ႕လား?"
ခ်ိယြီ : "...သူ႕စိတ္တိုင္းက် ဝယ္ခဲ့တာျဖစ္မွာပါ။ ငါနဲ႔သူနဲ႔ကဘာမွမဆိုင္ဘူး။ငါတို႔ ညီအကိုေတြျဖစ္မယ္လို႔ဆုံးျဖတ္ထားၿပီးသား ဒါေပမဲ့ မင္းဘာလို႔ ပန္းအေၾကာင္း အဲ့ေလာက္ေတာင္႐ွင္း႐ွင္းလင္းလင္းႀကီး သိေနရတာလဲ? ဘာလဲ၊ မင္း အရင္ကေပးခဲ့ဖူးလို႔လား?" ခ်ိယြီက တမင္ ဟာသလုပ္ေျပာကာ ႐ွီးယြီ႐ွင္းကိုစေနာက္လိုက္တယ္။
သို႔ေသာ္လည္း၊မထင္မွတ္ထားပါဘဲ ႐ွီးယြီ႐ွင္းရဲ႕ အမူအရာမွာ ထိတ္လန္႔လို႔သြားခဲ့တယ္။သူ႕မ်က္ႏွာက ျဖဴေဖ်ာ့လို႔သြားကာ သူက ႏႈတ္ခမ္းကို မသက္မသာျဖစ္စြာကိုက္လိုက္တယ္။
ခ်ိယြီက သူတစ္ခုခုမွားေျပာလိုက္မိၿပီဆိုတာ ခံစားလိုက္ရတာေၾကာင့္၊ ခ်က္ခ်င္းဘဲ တစ္ခုခုကိုျပင္ေျပာမလို႔လုပ္လိုက္ခ်ိန္မွာဘဲ ဖုန္းျမည္သံထြက္ေပၚလို႔လာခဲ့တယ္။
ခုေနာက္ပိုင္း လူေတာ္ေတာ္မ်ားမ်ားက သူ႕ကို addလာၾကၿပီး၊ တစ္ခါတစ္ေလမွာလည္း အေရးႀကီးတဲ့callေတြ လြတ္ရေလ့႐ွိတယ္။ ဒါ့ေၾကာင့္ သူ႕အေနနဲ႔ ရင္းႏွီးတဲ့သူေတြနဲ႔ အေရးႀကီးတဲ့သူေတြရဲ႕ ဆီက messageနဲ႔ callေတြအတြက္ ringtoneနဲ႔ vibrationကို သပ္သပ္ထားထားရတယ္။
အခုလို အေနခက္ေနတဲ့အခ်ိန္မ်ိဳးမွာ ၊ အခ်ိန္ကိုက္ဘဲ စာတစ္ေစာင္ေရာက္႐ွိလို႔လာခဲ့တယ္။
ခ်ိယြီက ဖုန္းကိုေကာက္ကိုင္လိုက္ကာ၊ text messageကိုႏွိပ္လိုက္ၿပီး...သူ႕မ်က္ႏွာ အမူအယာဟာလည္း ခ်က္ခ်င္းဘဲ ေၾကာင္အလို႔သြားခဲ့တယ္
႐ွီးယြီ႐ွင္းက ခ်ိယြီရဲ႕ထူးဆန္းေနမႈကို သတိျပဳမိလိုက္ၿပီး သူကေမးလာခဲ့တယ္။"ဘာျဖစ္တာလဲ?"
ခ်ိယြီက ဖုန္းscreenကိုပိတ္လိုက္ၿပီး၊ သူ႕ေဘးက Nannyနဲ႔ Nurseကိုေျပာလိုက္တယ္။"ကြၽန္ေတာ့္မွာ လုပ္စရာမ႐ွိေတာ့တာေၾကာင့္၊ အေဒၚနဲ႔အမ အျပင္ခဏသြားလည္လို႔ရပါတယ္။ကြၽန္ေတာ္ သူငယ္ခ်င္းကိုေျပာစရာေလးတစ္ခု႐ွိလို႔ပါ။ေ႐ွာင္က်ိဳးေလးကိုေတာ့ ကြၽန္ေတာ္နဲ႔ဘဲ ထားခဲ့လိုက္ပါ"
သူက ေျပာေနရင္း ၊ သူ႕ေဘးက ေဆး႐ုံကုတင္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး Nurseကို သူတို႔ထြက္သြားတာနဲ႔ အလယ္ကလိုက္ကာကိုပိတ္ဖို႔လဲ ေျပာလိုက္တယ္။
ထိုအရာကိုျမင္ေတာ့၊ ႐ွီးယြီ႐ွင္းလဲ ခုံကို ခ်ိယြီအနားထိ ဆြဲယူလိုက္ရင္း၊ အသံခပ္တိုးတိုးနဲ႔ေမးလာခဲ့တယ္။"ဘာျဖစ္လို႔လဲ၊ ဘာျဖစ္လို႔လဲလို႔?"
ခ်ိယြီက ဖုန္းကိုျပန္ဖြင့္လိုက္ၿပီး၊ စာကို ႐ွီးယြီ႐ွင္းကို ျပလိုက္တယ္။
ထိပ္ဆုံးက စာကေတာ့ —
【ဒုတိယေျမာက္သတိေပးခ်က္】
ထို႔ေနာက္ ပုံအခ်ိဳ႕ကိုေတြ႕လိုက္ရတယ္။
ပုံက အနည္းငယ္ မႈန္ဝါးေနေသာ္လည္း ေနာက္ခံက ဘားတစ္ခုျဖစ္ေၾကာင္း ျမင္ရန္ မခက္ခဲလွေပ။
အနီးနားတြင္ ထိုင္ေနတဲ့ လူမ်ားအားလုံးက ျဖတ္ေတာက္(ဝါးထား) ျခင္းခံထားရကာ သားေရဖိနပ္တစ္ရံႏွင့္ ေဒါက္ျမင့္ဖိနပ္မ်ားကိုသာ ျမင္ေတြ႕ရႏိုင္သည္။ လူတစ္ဦးတည္းသာ ပုံထဲမွာ မဝါးဘဲေဖာ္ထုတ္ထားတာကို ေတြ႕ရသည္။ အဝါေရာင္မွိန္မွိန္မွိန္ပ်ပ် မီးေရာင္မ်ား ေပၚထြက္ေနကာ လူမ်ားရဲ႕ မ်က္ႏွာႏွင့္ အမူအယာေတြကိုေတာ့ ျဖတ္ေတာက္ထားေလသည္။ ထိုသူ တစ္ေယာက္တည္း ကိုသာ focusလို႔ထားတယ္။
သို႔ေသာ္လည္း၊ ခ်ိယြီနဲ႔ ထိုပုံထဲမွ လူဟာ မ်က္ႏွာဆင္တူ႐ွိၾကသည္။
သိသာစြာဘဲ ၊ ထိုပုံထဲမွ အဝတ္ဗလာျဖင့္လူမွာ မူလခ်ိယြီသာျဖစ္တယ္။
ခ်ိယြီက ပုံအခ်ိဳ႕ကိုႏွိပ္ၾကည့္လိုက္ကာ၊ ထိုအရာေတြကို ႐ွီးယြီ႐ွင္းကို ျပလိုက္တယ္။"အဲ့ဒါ ဘားလား?"
႐ွီးယြီ႐ွင္းက ၾကက္ေသေသေနရင္းမွ ေခါင္းၿငိမ့္ျပလို႔လာကာ : "ေကာင္းၿပီ၊ ဘယ္သူက မင္းကိုဒီပုံေတြပို႔လိုက္တာလဲ?"
ခ်ိယြီ : "ငါလည္းမသိဘူး။ငါ့မွာ စုံေထာက္႐ွိတယ္။ ျဖစ္ခ်င္ေတာ့ ဒီဖုန္းနံပါတ္ရဲ႕ပိုင္႐ွင္က ဟင္း႐ြက္ျခံမွာ ငါးေရာင္းတဲ့သူျဖစ္ေနတယ္။သူက အသက္ေျခာက္ဆယ္ေက်ာ္ေလာက္႐ွိၿပီး မူလကိုယ္နဲ႔လည္း ဘာပတ္သက္မႈမွမ႐ွိဘူး"
"ဒါ တစ္ဖက္လူက တစ္ခုခုကိုျပဖို႔ ရည္႐ြယ္တဲ့နည္းလမ္းဘဲျဖစ္မယ္"
႐ွီးယြီ႐ွင္းက မ်က္ေမွာင္ၾကဳံ႕လိုက္မိကာ : "သူက မင္းကိုသတိေပးထားတယ္?ဒါေပမယ့္ သူက ဘာမလုပ္ဖို႔သတိေပးခ်င္ေနတာလဲ?"
ခ်ိယြီလည္း စိတ္႐ႈပ္ေထြးလို႔သြားခဲ့တယ္။"ငါလည္းမသိဘူးေလ"
သူ ထိုသို႔ေျပာၿပီးေနာက္ မက္ေဆ့ခ်္ကို ဆြဲခ်လိုက္ၿပီး တစ္ဖက္လူ အရင္ကပို႔ခဲ့တဲ့ စာတိုမက္ေဆ့ခ်္ေတြကို ႐ွီးယြီ႐ွင္းကို ျပလိုက္တယ္။ "ဒီမွာ၊ ၾကည့္လိုက္။တစ္ကယ့္ကို နားမလည္ႏိုင္ေလာက္ေအာင္ပဲ၊ ဘာတိက်တဲ့ အခ်က္အလက္တစ္ခုမွလည္း မေျပာခဲ့ဘူး"
"သူတို႔အခ်င္းခ်င္း အရင္ကေရာ မဆက္သြယ္ခဲ့ဖူးဘူးလား? Chat Historyေတြထဲေရာ?"
ခ်ိယြီက ႐ွီးယြီ႐ွင္းဆိုလိုတာကိုနားလည္တာေၾကာင့္၊ျပန္ေျပာလိုက္တယ္ : "ငါကူးေျပာင္းလာတုန္းက မူလကိုယ္ရဲ႕ဖုန္းထဲမွာ ဘာမွမ႐ွိဘူး အကုန္ဖ်က္ခံထားရတာ။အသစ္အတိုင္း ႐ွင္းေနခဲ့တာ"
႐ွီးယြီ႐ွင္း : "တစ္ေယာက္ေယာက္ကမ်ား ဖ်က္လိုက္တာလား?"
"မင္းၾကည့္ၾကည့္ေလ" ခ်ိယြီကခဏေလာက္စဥ္းစားလိုက္ၿပီး ၊ "မူလကိုယ္ကို ဘယ္သူမုန္းေနလဲမင္းသိလား?"
႐ွီးယြီ႐ွင္းက တုံ႔ဆိုင္းသြားပုံရကာ၊ ခဏေလာက္စဥ္းစားၾကည့္လိုက္ၿပီး : "သူ႕ကိုမုန္းေနတဲ့သူေတြမွ အမ်ားႀကီးဘဲ။အဓိကကေတာ့ အားက်ၿပီးမနာလိုၾကလို႔ေပါ့ကြာ။ဒါေပမယ့္ သူ႕ကို ဘယ္သူက ဒီေလာက္အဆင့္အထိ မုန္းေနသလဲေတာ့ ငါမသိပါဘူး၊ အဲဒါ မျဖစ္သင့္ဘူး၊ ငါမမွတ္မိဘူး"
႐ွီးယြီ႐ွင္းက ထိုသို႔ေျပာေနရင္းဘဲ၊ရပ္တန္႔သြားကာ တစ္ခုခုကိုေတြးမိလိုက္တာၾကာင့္ : "သူက ဟယ္ေက်ာင္းနဲ႔လဲ ရန္စ႐ွိခဲ့တယ္။ဒါေပမယ့္ ကိစၥႀကီးေတာ့မဟုတ္ခဲ့ပါဘူး။ဟယ္ေက်ာင္းလဲ ဒီလိုမလုပ္ေလာက္ဘူး။သူမကိုဖယ္လိုက္၊ ေတာ္ေတာ္ဆိုး႐ြားတာဘဲ၊ ပုံမွန္မဟုတ္ေတာ့ဘူးမလား?ဒီကိစၥေတြကေတာ္ေတာ္ၾကာေနၿပီဘဲကို"
ခ်ိယြီလဲ ေတြးၾကည့္ၿပီးေနာက္၊သူ႕စိတ္ကိုေျပာင္းလိုက္ကာ : "ဟယ္က်ိဳးလည္း အဲဒီအျဖစ္အပ်က္မွာ ပါဝင္ခဲ့တယ္ေနာ္ ။ သူတို႔မိသားစုအေနနဲ႔ လက္က်န္ အားလုံးကို ဖ်က္ဆီးပစ္သင့္တယ္။ ဒါေပမယ့္ ဒီဓာတ္ပုံက ေစာင့္ၾကည့္ကင္မရာေထာင့္ကေန ျဖတ္႐ိုက္ထားတာ သိသာတယ္ "
႐ွီးယြီ႐ွင္းလည္းျပန္မေျဖႏိုင္ေတာ့ဘဲ၊ အရင္ကမွတ္ဉာဏ္ေတြကိုသာ ျပန္ေတြးေတာကာ ေျဖးေျဖးခ်င္းေျပာလာခဲ့တယ္။" ဟယ္က်ိဳးက ဘတ္စကတ္ေဘာအသင္းနဲ႔ ညစာစားေနတာကို ငါမွတ္မိတယ္။ဒါေပမယ့္ အဲ့မွာ ႐ွီးခ်ီလည္း႐ွိေနခဲ့တယ္။ငါသူ႕ကိုသိတယ္၊ ဒါ့ေၾကာင့္ အဲ့မွာ ဘတ္စကတ္ေဘာအသင္းအျပင္ တျခားသူေတြလည္း ႐ွိအုံးမယ္။ ဘယ္သူေတြဆိုတာေတာ့ငါလဲ ေသခ်ာမမွတ္မိဘူး။မင္း ဟယ္က်ိဳးကိုေမးၾကည့္လို႔ရတယ္"
"ေစာင့္ၾကည့္ကင္မရာက videoကေတာ့ အဖ်က္ခံရၿပီးေလာက္ၿပီ။တစ္ခုခုျဖစ္လာတဲ့အခါ၊ဟယ္က်ိဳးရဲ႕ သူငယ္ခ်င္းေတြက ျမန္ျမန္ဘဲတုံ႔ျပန္ၿပီးလူစုခြဲၾကလိမ့္မယ္။အဲဒီအခ်ိန္တုန္းက လူအားလုံးရဲ႕ ဆက္သြယ္ေရးကိရိယာေတြကို( ဖုန္း,အစ႐ွိသည္) စစ္ေဆးၿပီး ျပႆနာမ႐ွိရင္ ျပန္လႊတ္ေပးခဲ့တာဘဲ"
ခ်ိယြီ : "ဘယ္သူက ေစာင့္ၾကည့္ကင္မရာကိုထိန္းခ်ဳပ္ထားတာလဲ?ဟယ္က်ိဳးရဲ႕သူငယ္ခ်င္းေတြျဖစ္ႏိုင္မလား?အဲဒီလူက ငါ့ကို မမုန္းတာ ျဖစ္ႏိုင္တယ္၊ ဟယ္က်ိဳးက မုန္းတဲ့သူပဲ"
ဟယ္က်ိဳးက မ်က္ခုံးပင့္ကာ သူ႕ေခါင္းကိုခါယမ္းျပလာရင္း : "ငါလည္းေသခ်ာမမွတ္ဘူး။အဲ့အခ်ိန္တုန္းက တစ္ကယ့္ကိုအေျခအေနေတြက ႐ႈပ္ေထြးေနခဲ့တာ"
ခ်ိယြီက အနည္းငယ္ ကူကယ္ရာမဲ့သြားကာ၊ သူက တစ္ဖက္လူပို႔ထားတဲ့စာေတြကို ျပန္ဖတ္ၾကည့္လိုက္တယ္။"ဒါမွမဟုတ္ ငါဒါေတြကိုဟယ္က်ိဳးဆီပို႔ေပးလိုက္ၿပီး၊ သူ႕ကိုေျဖ႐ွင္းခိုင္းလိုက္ရမလား? ဒါက ငါ့တစ္ေယာက္တည္းရဲ႕ ကိစၥမွမဟုတ္တာ။သူနဲ႔လည္း သက္ဆိုင္တယ္ေလ၊တစ္ဖက္လူမွာ တျခား videoေတြ႐ွိမ႐ွိ ဘယ္သူကသိႏိုင္မွာလဲ?"
႐ွီးယြီ႐ွင္း : "အဲ့ဒါလည္း ေကာင္းတာဘဲ"
——
တစ္ဖက္မွာေတာ့၊ဟယ္က်ိဳးက ဖိန္ခ်ိဳးနဲ႔ စကားေျပာေနၾကတာျဖစ္တယ္။
စားပြဲေပၚ႐ွိဖုန္းမ်က္ႏွာျပင္မွာ တစ္ခ်က္လင္းသြားၿပီး၊ သူတို႔ႏွစ္ေယာက္စလုံးလည္း မသိစိတ္ကလည္း လွမ္းၾကည့္မိလိုက္ၾကတယ္။
【ညီအစ္ကို၊ငါ့ကိုကူညီပါအုံး။ဒီပုံကိုၾကည့္လိုက္ [ပုံ] [ပုံ] [ပုံ] [ပုံ] 】
ဖိန္ခ်ိဳးတစ္ေယာက္ Text Messageကိုျမင္ခ်ိန္မွာေတာ့၊ သူက ေခါင္းကိုလွည့္ကာ ဟယ္က်ိဳးကို ေျပာျပရန္တုံ႔ဆိုင္းေနတဲ့အၾကည့္နဲ႔ၾကည့္လို႔ေနေလတယ္။
ဟယ္က်ိဳး : "..."
"ညီအစ္ကို၊မင္းကူညီမွာလား?" ထိုသို႔ေျပာၿပီးေနာက္၊ဖိန္ခ်ိဳးက သူ႕ႏႈတ္ခမ္းကို ကိုက္လိုက္ကာ သူ႕အျပဳံးကိုျပန္ထိန္းလိုက္တယ္။
ဟယ္က်ိဳး မေန႔ညေနကစကားေျပာၿပီးေနာက္ သူဘယ္ေတာ့မွခ်ိယြီကို စကားမေျပာေတာ့ဘူးလို႔ေျပာခဲ့တာကို သူမွတ္မိေနေသးသည္။သူက ပတ္ပတ္လည္က ေဆး႐ုံမွခ်ိယြီဆီသြားလည္မယ့္သူေတြကိုလည္း သြားမေႏွာက္ယွက္ဖို႔ လိုက္လံတားဆီးခဲ့ေသးသည္။
ဟယ္က်ိဳးက ဒီတစ္ႀကိမ္မွာေတာ့ တစ္ခြန္းမွဟမလာခဲ့ေပ။သူက မ်က္ႏွာအမူအယာမေျပာင္းပါဘဲ ဖုန္းကို ေကာက္ကိုင္လိုက္တယ္။ စာကိုဖတ္ၿပီးေနာက္မွာေတာ့ ၊ သူ႕ရဲ႕ မ်က္ခုံးတန္းေတြ စုၾကဳံ႕လို႔သြားကာ ခ်က္ခ်င္းဘဲ ထရပ္ရင္း အျပင္ကိုေလွ်ာက္ထြက္လို႔သြားခဲ့တယ္။
ဖိန္ခ်ိဳးက သူ႕ေခါင္းကိုခါယမ္းလိုက္ရင္း : "တစ္ကယ္အမွတ္မ႐ွိတဲ့ေကာင္ဘဲ" လို႔ သူ႕ေနာက္ကေန ေျပာလာခဲ့တယ္။
ဟယ္က်ိဳးက သူ႕ေျခလွမ္းေတြကိုရပ္တန္႔လိုက္ၿပီး ေခါင္းလွည့္လိုက္ရင္း၊ မ်က္ခုံးတစ္ဖက္ကိုပင့္ကာ : "မင္းခုနက ဘာေျပာလိုက္တာလဲ?"
ဖိန္ခ်ိဳးက သက္ျပင္းခ်လိုက္ကာ၊ သူ႕လက္ကို ခပ္ျမန္ျမန္ဘဲခါယမ္းလိုက္ၿပီး : "မဟုတ္ပါဘူး၊မဟုတ္ပါဘူး။ မင္းက အရမ္းကိုသေဘာေကာင္းၿပီး ကူညီခ်င္စိတ္႐ွိတဲ့သူလို႔ ေျပာတာပါကြာ!"
ဟယ္က်ိဳးက မ်က္ႏွာကိုတည္ထားၿပီး၊ စိတ္အေျခအေနသိပ္မေကာင္းေတာ့တဲ့ ေလသံနဲ႔ျပန္ေျပာလိုက္တယ္ : "ေအး၊သိရင္ၿပီးေရာ" ၿပီးတာနဲ႔ဟယ္က်ိဳးလည္းေလွ်ာက္ထြက္လို႔လာခဲ့တယ္။
ဖုန္းထဲကေန အသံတစ္သံထြက္ေပၚလာခဲ့ၿပီး၊ ခ်ိယြီရဲ႕ ႐ွင္းလင္းလွတဲ့အသံဟာလည္း သူ႕နားထဲဝင္ေရာက္လို႔လာခဲ့တယ္။"ညီအစ္ကို! ငါပို႔လိုက္တဲ့ပုံကိုမင္းၾကည့္ၿပီးသြားၿပီလား?"
ဟယ္က်ိဳးက ရပ္တန္႔သြားကာ၊ အသက္႐ွဴၾကပ္စြာ ျပန္ေျပာလာခဲ့တယ္။"...ၾကည့္ၿပီးၿပီ"
ထိုသို႔ေျပာၿပီးေနာက္၊သူက စကၠန္႔အနည္းငယ္ေလာက္တုံ႔ဆိုင္းသြားကာ ထို႔ေနာက္ထပ္ေပါင္းထည့္ကာ ေျပာလာခဲ့တယ္။"ညီအစ္ကို"
ပိုလို႔ေတာင္၊ အသက္႐ူၾကပ္လာရသည္။
===================================
• စာလုံးေရ = 3754
• ရက္စြဲ = 14,6,2022 (TUE)
===================================