ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...

By hanakim_32398

454K 59.8K 2.5K

๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... More

Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51

Part - 27 (Z+U)

7.1K 1.1K 35
By hanakim_32398


🍼 ဘယ်သူက ငါ့အဖေအတွက် ဂုဏ်ဆောင်ပေးတော့မှာလဲ? |

ချိယွီ mail boxအတွင်းရှိ အချက်အလက်များကို အနည်းငယ် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်တယ်။

သူက ကစားပွဲတွေကို နားမလည်နိုင်အောင်ကစားနေရသလို ခံစား‌နေရတယ်။ ရှီးယွီရှင်းက သူရဲ့လမ်းညွှန်သူ ဖြစ်ပြီး၊ ကျောင်းက သူ့ကမ္ဘာနဲ့ပထမဆုံးသော တူညီမှုဖြစ်ကာ၊ ဟယ်ကျိုးကတော့ သိပ်ဂရုစိုက်စရာမလိုဘဲ သူ့ကို အချက်အလက်အချို့ ပေးစွမ်းနိုင်တဲ့သူ ဖြစ်သည်။ အခုအချိန်မှာတော့ ၊ သူ မူလကိုယ်ရဲ့ မိသားစုအကြောင်းကို တွေ့ရှိခဲ့တယ်။

မူလကိုယ်ဟာ အိမ်ခြံမြေဘုရင် ချိယွမ်ရဲ့ တရားဝင်သားဖြစ်မှန်း သူမသိခဲ့ဘူး ။

ရှီးယွီရှင်းပြောပြသလိုလဲ မူလကိုယ်ရဲ့မိသားစုဟာ ဆင်းရဲမွဲတေနေတာမျိုးမဟုတ်‌ပေ ၊ မိသားစုက အလွန်ကိုချမ်းသာကာ မူလကိုယ်ဟာလည်း တရားဝင်ကလေးတစ်ယောက်ဖြစ်နေသည်။ ဒါပေမယ့် သူခုလိုမျိုးနေထိုင်နေရတဲ့ အကြောင်းရင်းကရော...

ဘယ်လောက်တောင် ချမ်းသာလိုက်သလဲလို့လေ?

အချက်အလက်တစ်ချို့ကိုကြည့်အပြီးနောက် ချိယွီဟာ၊ ချိယွမ်ရှန်းက ရက်စက်ကြမ်းကြုတ်တဲ့သူဖြစ်မယ်လို့ တွေးလိုက်မိတယ်။

သူဟာ Alphaတစ်‌‌ယောက်ဖြစ်ပြီး ငယ်စဥ်က betaတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိသွားကာ၊ တစ်ဖက်လူအားသူ့အချစ်စစ်လို့ ထင်ခဲ့တယ်။

သူဟာ ရိုးရာဓလေ့ထုံးတမ်းများကို အလွန်အမင်းစက်ဆုပ်ပြီး pheromone မပါဘဲ စစ်မှန်သောချစ်ခြင်းမေတ္တာကို လိုချင်တာကြောင့်၊သူနဲ့ မြင့်မားသည့် pheromone ကိုက်ညီမှုရှိတဲ့ သူ့မိသားစုမှစီစဉ်ပေးသော အိမ်ထောင်ဖက်များကို ငြင်းပယ်ခဲ့တယ်။ ထိုအထဲတွင် မူလကိုယ်ရဲ့မိခင်အရင်းဖြစ်သူ အမျိုးသမီး omega ကျန်းရူယန် လည်းပါဝင်ခဲ့‌သည်။

သို့သော်လည်း၊ အလွန်ကိုက်ညီမှုရှိလှသော pheromone degreeဟာ အချို့သောအခိုက်အတန့်များတွင် ယုတ္တိမရှိလှပေ ။အထူးသဖြင့် estrusကာလမှာပေါ့။

Alphaရဲ့ စွမ်းရည်က pheromoneထိုးဖောက်မှုကို ဟန့်တားကာ တောင့်ခံနိုင်တယ်ဆိုရင်တောင်၊ သူနဲ့ pheromoneကိုက်ညီမှု မြင့်မားလှသော omegaတစ်ယောက်နှင့် အခန်းထဲတွင် သော့ခတ်ခံထားရမည်ဆိုပါက သူ့ရဲ့ စိတ်ဝိညာဉ်ဟာလည်း ခဏတွင်းချင်းပင်ပျောက်ကွယ်သွားနိုင်လိမ့်မည်ဖြစ်သည်။

ထိုနည်းတူ၊ ချိယွမ်ဟာလည်း ဒီလိုအခြေအနေမျိုးမှာဘဲ မူလကိုယ်ရဲ့မိခင် ကျန်းရူယန်ကို တစ်သက်တာ အမှတ်အသားပေးခဲ့မိတယ် ။

သူအနေနဲ့ အလွန်နာကြည်းနေခဲ့သော်လည်း အဆုံးတွင်တော့ သူဟာငယ်ရွယ်နေသေးပြီး လူကြီးများရဲ့ ဖိအားအောက်တွင် ကျန်းရူယန်ကို လက်ထပ်ကာ ဇနီးမယားအဖြစ်နှင့် မူလပိုင်ရှင်ကို မွေးဖွားခဲ့တယ်။

အဲဒီနောက်မှာတော့ သူကဆယ်နှစ်ကြာအောင် ငြိမ်သက်နေခဲ့ပြီး ကျန်းရူယန်နာမကျန်းဖြစ်ပြီး သေဆုံးသွားတဲ့နောက်မှာတော့ လမ်းခွဲခဲ့တယ်။

ပတ်ဝန်းကျင်နဲ့ လူကြီးများရဲ့ဖိအားများကို လျစ်လျူရှုရုံသာမက၊ ချိယွမ်ဟာ ကျန်းရူယန်သေဆုံးပြီးတစ်ပတ်အတွင်းမှာဘဲ သူ၏ချစ်လှစွာသော beta ဝမ်ယုဝေနဲ့သားသမီးများကို အိမ်ပြန်ခေါ်ရင်း တစ်လအကြာမှာတော့ လက်ထပ်လက်မှတ်ရခဲ့ပြီး အစမှအဆုံးထိ အားလုံးရဲ့သဘောထားများကို လျစ်လျူရှုခဲ့တယ်။

ကျန်းမိသားစုရဲ့ အကြီးအကဲများဟာ အလွန်ဒေါသပုန်ထသွားခဲ့ကြပြီး ချိယွမ်ရှန်းကို အပစ်ပေးလိုကြတယ်။

သို့ပေမယ့်လည်း၊ ထိုအချိန်မှာတော့ ချိယွမ်ရှန်းဟာ အရင်က ချိယွမ်ရှန်းမဟုတ်တော့ပေ။ သူဟာ အရင်နှစ်တွေအတွင်းက သူ့မိဘများရဲ့ အာဏာတစ်ချို့ကိုရှင်းထုတ်ပစ်ပြီး ထို့နောက်တွင်တော့ ကျန်းမိသားစုရဲ့ လုပ်ငန်းခွင်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့တော့တယ်။ အကြီးအကဲများရဲ့ ဖိအားတွေနဲ့ခြိမ်းခြောက်မှုတွေဟာလည်း သူ့အပေါ်မှာ သက်ရောက်မှုမရှိတော့ဘဲ၊ထို့အစား သူတို့ကိုတိုက်ခိုက်ဖို့ အကြောင်းပြချက်များသာ ဖြစ်လာခဲ့တယ်။

သူ့ရဲ့ ဒိတ်ဒိတ်ကြဲ နည်းလမ်းတွေအောက်မှာဘဲ၊ ချိယွမ်ဟာ သူ့နာမည်နဲ့ surnameကို ညတွင်းချင်းဘဲပြောင်းလဲခဲ့ပြီး ချိမိသားစုထဲကို ဝင်ရောက်လာခဲ့တယ်။

ထို့အပြင် အာဏာကျဆင်းနေပြီဖြစ်တဲ့ ချိယွမ်ရှန်းရဲ့မိဘတွေဟာလည်း သူတို့ရဲ့အာဏာကုန်ကို ချိယွမ်ဆီလွှဲပြောင်းပေးခဲ့ကြရတော့တယ်။ ထိုအချိန်မှစပြီး၊သူတို့ဟာ (ချိယွမ်ရဲ့မိဘများ) လူအများရှေ့ ထပ်ပေါ်မလာကြတော့ပေ။ ချိယွမ်ရှန်းကတော့ သူတို့တွေဟာ နိုင်ငံခြားမှာအခြေချနေကြပြီလို့သာ ထုတ်ဖော်ပြောကြားခဲ့တယ်။

ခဏအကြာမှာတော့ ချိယွမ်ရှန်းရဲ့နာမည်ဟာ အထက်တန်းလွှာတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့တယ်။

ချိယွီ အခြားတစ်မျက်နှာကို ကြည့်လိုက်တယ်။

သူမနေနိုင်ဘဲ ဒီဇာတ်လမ်းဟာ အတော်လေးမိုက်တယ်လို့ တွေးလိုက်မိတယ်။

ဒီဇာတ်လမ်းမှာ သူအရင်ကမြင်ခဲ့ဖူးတဲ့ စိတ်ကူးယဉ် ဝတ္ထုတွေထဲက ဇာတ်ကောင်တွေနဲ့ဆင်တူတဲ့သူတွေ အများကြီးရှိလို့နေတယ်။ သူတို့က အစောပိုင်းအဆင့်မှာ အနိုင်ကျင့်ခံကြရပြီး နောက်ပိုင်းအဆင့်မှာတော့ ဖြစ်မြောက်အောင်စွမ်းဆောင်နိုင်ခဲ့ကြတယ်။ သူတို့က တစ်လမ်းလုံး တိုက်ခိုက်ခဲ့ကြရပြီး လက်စားချေသည့်အနေဖြင့် လူအများရဲ့မျက်နှာကိုဖြတ်ရိုက်ကာ ရန်သူများကို သွေးလူး‌စေခဲ့တယ်။ အဆုံးမှာတော့ သူတို့ဟာ အလှတရားတွေနဲ့ ကမ္ဘာကို အနိုင်ယူနိုင်ခဲ့တယ်။

ဒါပေမယ့် ကျိယွမ်ရှန်း ဇာတ်လမ်းမှာတော့ မူလပိုင်ရှင်နဲ့ မူလပိုင်ရှင်ရဲ့မိခင်ဟာ ပြီးပြည့်စုံတဲ့ အမြောက်စာသာသာ‌တွေသာ ဖြစ်လို့နေတယ်။

မူလကိုယ်ရဲ့မိခင်ဟာ အစမှအဆုံးအထိ ကူကယ်ရာမဲ့ခဲ့ပြီး၊သူမသေဆုံးသွားသောအခါတွင်လည်း သူ့ယောက်ျားရဲ့ မလေးမစားပြုမူခြင်းကို ခံခဲ့ရသေးသည်။

ချမ်းသာသောမိသားစုတွင် မွေးဖွားလာသော ကလေးဟာလည်း တားဆေးသောက်ရန်ပင် ငွေမရှိသော ကလေးတစ်ဦးအဖြစ်သို့ လျော့ကျဆင်းသွားခဲ့ရတော့တယ်။

"ကောင်းရော..."

ချိယွီကတစ်ကယ် အသိုင်းအဝိုင်းကြီးကဘဲ၊ သူဘယ်လိုဆက်လုပ်ရပါ့မလဲ?

"ဒေါက် ဒေါက်"

ချိယွီလှည့်ကာကြည့်လိုက်တော့ ဟယ်ကျိုးကိုတွေ့လိုက်ရတယ်။

သူက မသိစိတ်ကနေ ကွန်ပျူတာကို ပိတ်လိုက်ချင်ပေမယ့်လို့၊ mouseကိုသာသူ့လက်နဲ့ ဆုပ်ကိုင်လိုက်ရင်း ရုတ်တရက်တုံ့ဆိုင်းသွားပြီးမှ : " ဝင်လာခဲ့ပါ" လို့ တက်ကြွစွာနဲ့ပြန်ပြောလိုက်တယ်။

ဟယ်ကျိုးက သူ့အခြေအနေကို သိတာကြောင့် ရှောင်ရန် မလိုအပ်လောက်ပေ။

ဟယ်ကျိုးက သူ့လက်ထဲမှာ ဆေးကြောထားပြီးသား စပျစ်သီးပန်းကန်တစ်လုံးကို ကိုင်လို့ထားကာ :
" Nannyက မင်းကို ပေးခိုင်းလိုက်တာ ။ သူမက ကလေးထိန်းနေလို့ လာပေးလို့မရဘူးလေ" သူက ချိယွီဆီကို လှမ်းလာပြီး ပစ္စည်းတွေ ချလိုက်ကာ
"ဘာကြည့်နေတာလဲ?"

ချိယွီက ဟယ်ကျိုးကို ပွင့်ပွင့်လင်းလင်းဘဲပြောပြလိုက်တယ်။ "ငါ မူလချိယွီနဲ့ပတ်သက်တဲ့အချက်အလက်တွေကို တခြားတစ်ယောက်ကို စုံစမ်းခိုင်းလိုက်တာလေ"

ဟယ်ကျိုးက မျက်ခုံးပင့်ကာ၊ screenကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

သူက ချိယွီလက်ထဲကmouseကို လှမ်းယူလိုက်ကာ အပေါ်အောက် ရွှေ့ကြည့်လိုက်ပြီး၊ ခဏလောက်ဖတ်ကြည့်ပြီးတာနဲ့ ပြောလာခဲ့တယ် : "မင်းရှာနေတဲ့သူက ‌လူကောင်းတစ်‌ယောက်မဟုတ်ဘူးနော် ။ အားလုံးက ပြီးပြီးသားတွေဘဲ။ ‌ဒါပေမယ့် သိပ်တော့အသေးစိတ်မကျဘူး"

ချိယွီက မေးလိုက်တယ်။ : "ဘာလိုနေသေးလို့လဲ?"

"ကျန်းရူယန်သေဆုံးရတဲ့ အဓိကအကြောင်းအရင်း၊ ကျိယွမ်ရှန်း ကျန်းရူယန်နဲ့လက်ထက်ချိန် ဝမ်ယုဝေရဲ့ကလေးတွေကို ဘယ်မှာပျိုးထောင်ခဲ့တာလဲနဲ့၊ --"

ဟယ်ကျိုးက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး : "အဲ့အကြောင်းရှာမတွေ့တာလဲ သိပ်တော့မထူးဆန်းပါဘူး။ အဆုံးမှာတော့လဲ၊ ဒါတွေက လူချမ်းသာတွေရဲ့လျှို့ဝှက်ချက်တွေဘဲလေ ။ ပြီးတော့ သူတို့ဆီမှာလဲ အမြဲတမ်း အရှုပ်အထွေးတွေကိုဖြေရှင်းဖို့ နည်းလမ်းကိုယ်စီရှိကြတယ်။ ဒါ့ကြောင့် သာမန်လူတွေအနေနဲ့ ရှာတွေ့နိုင်ဖို့ ခက်ခဲတယ်"

ချိယွီက ဟယ်ကျိုးကိုမော့ကြည့်လိုက်ပြီး : "ဒါဆို၊မင်းကျဘယ်လိုသိတာတုန်း?"

ဟယ်ကျိုးရဲ့ နှုတ်ခမ်းထောင့်က ပင့်တက်လို့သွားပြီး : သူ့ရဲ့မျက်ဝန်းတွေဟာလည်း ဂုဏ်ယူမှုအပြည့်နဲ့ဖြစ်လို့‌နေတယ်။ "ကိုယ်က သာမန်လူမို့လို့လား?"

ချိယွီ : "..."

ဟုတ်ပါပြီ၊ မင်းက ခန္ဓာကိုယ်တစ်ခုလုံးမှာ ကောင်းမွန်တဲ့ လေထုတွေကို ဖြန့်ကျက်ပေးနေတဲ့ သူတစ်ယောက်ပါ။

(T/N : ဟယ်ကျိုးကို pheromoneတွေထုတ်လွန်းလို့ ချိယွီက ရွဲ့ပြီးတွေးလိုက်တာပါ )

ဟယ်ကျိုးရဲ့ မျက်ဝန်းတွေဟာ ပြုံးယောင်သန်းနေခဲ့ပြီး :"သိချင်လား? ကိုယ့်ကိုမေးပေါ့၊ ကိုယ်ပြောပြမယ်လေ"

ချိယွီက ဟယ်ကျိုးကို တည်ရှိမနေတဲ့လူတစ်ယောက်လို လုံးဝလျစ်လျူရှုထားလိုက်ပြီး ၊ အချက်အလက်တွေအကြောင်း စဉ်းစားနေလိုက်တယ်။ "ဒါဆို ကျန်းရူယန် ဘယ်လိုသေသွားတာလဲ? တစ်ယောက်ယောက်ကများ လုပ်ကြံလိုက်လို့လား?"

ဟယ်ကျိုးက တုံ့ဆိုင်းသွားခဲ့ပြီး : "ဒါကကောင်းမွန်တဲ့ မှတ်ချက်တော့မဟုတ်ဘူးနော်"

ချိယွီမေးခွန်းထပ်မမေးခင်မှာဘဲ ဟယ်ကျိုးကထဖြေလိုက်တယ်။ "ပထမဆုံး estrus ကာလကလွဲလို့၊ တခြား estrusကာလတွေမှာ ကျန်းရူယန်က တားဆေးတွေနဲ့ဘဲ ကျော်ဖြတ်ခဲ့ရတာ ၊ ဆယ်နှစ်ကြော်ကြာသုံးစွဲခဲ့တဲ့ တားဆေးဆိုးကျိုးတွေက နဲနဲနောနောတော့မဟုတ်ဘူးလေ။ အလွန်အကျွံသုံးစွဲမိလို့ သေဆုံးတဲ့ထိဖြစ်ရတာလို့ ပြောလို့ရတယ်"

"ဒါပေမယ့် သူမရဲ့ တားဆေးထိုးတဲ့ အကြိမ်ရေက များလွန်းတယ်၊ ပုံမှန်ဆေးထက် အဆပေါင်းများစွာ ပိုများတယ်။ ကျိယွမ်ရှန်း က သူမကို တမင်လှုံ့ဆော်ပေးပေမယ့် အမှတ်အသားမပေးတာကြောင့်ဖြစ်နိုင်သလို၊ ကျိယွမ်ရှန်း က သူမကိုတစ်နှစ်ပတ်လုံး ပစ်ထားခဲ့တာ‌ကြောင့်လည်း ဖြစ်နိုင်တယ်။ သူ့မက မကြာခဏ တားဆေးထိုးပြီး ခံနိုင်ရည် တိုးလာတာကြောင့် ဆေးရဲ့ ဂုဏ်သတ္တိတွေကလဲ အဆက်မပြတ် တိုးနေခဲ့တာ။ နောက်ဆုံးတော့ ဆေးပျက်သွားတာ‌ကြောင့် အဲ့ဒီဆေးအရှိန်ရောဂါနဲ့ သေဆုံးသွားခဲ့ရတာ"

ထို့နောက်၊ဟယ်ကျိုးက တစ်ခုခုကိုတွေးနေပုံရတဲ့ ချိယွီကိုကြည့်လိုက်ပြီး : "ကျိယွမ်ရှန်းက ကျန်းရူယန်ကိုမကြိုက်ဘူး၊ ဒါကြောင့် သူကသူမကိုထားရစ်ခဲ့တာ၊ ဒါပေမယ့် သူ့ရဲ့လျစ်လျူရှုမှုက သူမကိုသေစေခဲ့တယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ကျိယွမ်ရှန်းက ဒီအချက်ကိုကြိုသိထားပြီးသားဖြစ်တာကြောင့် တမင်တကာ သူမကိုထားရစ်ခဲ့တာများလား? ပြောဖို့တော့ခက်တယ်"

ချိယွီ သိချင်သွားခဲ့တယ်။ "မင်းဘာလို့ အဲ့လောက်တောင်အတိအကျသိနေရတာလဲ?"

"သေချာပေါက် ကိုယ်စုံစမ်းကြည့်ခဲ့လို့ပေါ့" ဟယ်ကျိုးက မျက်လွှာချလိုက်ကာ၊သူ့ရဲ့အမူအယာဟာလည်းအေးစက်လာခဲ့တယ်။

ချိယွီကအလျင်အမြန်ဘဲတုံ့ပြန်လိုက်တယ်။ "အာ" သူခေါင်းငြိမ့်လိုက်ကာ ဆက်ပြောလာခဲ့တယ်။ "ငါသိပြီ"

အဲ့ဒီနောက်တော့၊ချိယွီက ဘာစကားမှထပ်ပြောမလာတော့ဘဲ သူ့လက်ထဲက ဘောပင်ကိုသာလှည့်ကာ ခဏအကြာမှာတော့ မေးလာခဲ့တယ် : "ဒါဆို မူလကိုယ်ကလည်း ကျိယွမ်ရှန်း ကံထုတ်တာကိုခံခဲ့ရတာပေါ့? ကျိယွမ်ရှန်းက သူ့ကိုသဘောမကျဘူးမလား ? မိသားစုဝင်အသစ်တွေကလည်း သူ့ကိုဖယ်ကျဉ်ထားခဲ့ကြတာမလား?"

ဟယ်ကျိုးက ခေါင်းရမ်းပြလာခဲ့တယ်။ "မဟုတ်ဘူး၊ သူ့အမေဆုံးသွားတာနဲ့ သူ့ဘာသာထွက်လာခဲ့တာ၊ သူက ယိုယွင်းပျက်စီးနေတဲ့ ကျန်းမိသားစုမှာ နှစ်အတော်အကြာနေခဲ့ရတာဘဲ"

"ကျိယွမ်ရှန်းက ဘယ်တော့မှသူ့ကို ထွက်သွားဖို့ အရင်စမပြောခဲ့ဘူး၊ ဒါပေမယ့် သူ့ကိုစောင့်ရှောက်ဖို့ အစေခံထားပေးထားပြီး သူ့ကိုလုံးဝ အလွတ်ပေးထားခဲ့တာ။ ဒါ့ကြောင့် သူချောချောမွေ့မွေ့ဘဲ ထွက်လာနိုင်ခဲ့တာ။ ဘယ်သူမှလဲ သူ့ကိုမတားခဲ့ကြဘူး၊ ကျိယွမ်ရှန်းကလည်း ဘယ်သူ့ကိုမှသူ့ကိုမတားခိုင်းခဲ့ဘူး၊ သူက အဲ့ကိစ္စကို သိပ်အရေးမစိုက်ပုံဘဲ"

ချိယွီက "အာ" လို့သာ အသံပြုလိုက်ပြီး မျက်လွှာချကာ ငြိမ်သက်သွားခဲ့တယ်။

သူက ဘောပင်ကိုလက်ထဲမှာ ခပ်မြန်မြန်လှည့်လိုက်ရင်း သူ့ရဲ့ မျက်ခုံးတန်းတွေဟာလည်း စုကြုံ့လို့လာခဲ့တယ်။ ခဏအကြာမှာတော့ သူက ခေါင်းမော့ကာ ဟယ်ကျိုးကိုကြည့်လိုက်ပြီး "ငါ ပြန်သွားနိုင်ဖို့ အကြောင်းပြချက်တစ်ခုခု ရှိလား ဥပမာ၊ မိသားစု ပိုင်ဆိုင်မှုအတွက် တိုက်ပွဲဝင်ပြီးမျက်နှာယူရတာမျိုး"

အဲဒီနောက်မှာတော့ သူက ခေါင်းခါလိုက်ပြီး "ငါ ကျိယွမ်ရှန်း မျက်နှာကိုဖြတ်မရိုက်နိုင်ပါဘူး၊ သူက အသက်လေးဆယ်ပဲ ရှိသေးတယ်ဆိုတော့ မိသားစုပိုင်ဆိုင်မှုကို ခွဲဝေဖို့ စောလွန်းသေးတယ်မလားလေ"

ချိယွီအနေနဲ့ တစ်ခါမှ အမွေနဲ့ပတ်သက်တဲ့ကိစ္စတွေထဲမှာ မပါဝင်ဖူးသလို ၊ ချမ်းသာတဲ့ အကြောင်းရေးသားထားသော ဝတ္ထုများနှင့် dramaများအကြောင်းကို ပြောနေသည့် မိန်းကလေးအတန်းဖော်တွေရဲ့ စကားဝိုင်းကိုလည်း တစ်ခါမှနားမထောင်ဖူးပေ။ ထို့အပြင် သူ့မှာ လူချမ်းသာတွေအတွက်ထားတဲ့ သဘောထားတစ်ခုသာရှိသည်။ အဲ့ဒါကတော့ "ပရမ်းပတာလူတွေ" ဘဲဖြစ်တယ်။

သူ့မှာ ရန်ငြိုးသာမရှိရင်၊ ထို လူ့ဘီလူးတွေရဲ့ နွံထဲကို အရဲစွန့်၍မသွားချင်ပေ။ အဆုံးမှာတော့၊ အခုသူနေထိုင်နေတဲ့ ဘဝဟာလည်း အဆင်ပြေပြေရှိနေပြီး၊ ပြဿနာဖြစ်စရာလဲလိုမနေဘူး။

"မင်းတစ်ခေါက်လောက်သွားကြည့်လို့ရပါတယ်" ဟယ်ကျိုးက ပြောလာခဲ့တယ်။

ချိယွီက သူ့ခေါင်းကိုခါရမ်းလိုက်ရင်း : "ငါသွားစရာအကြောင်းမရှိဘူးဆိုမှတော့ ၊ ကျိမိသားစုအိမ်ကို မသွားချင်ဘူး"

"ငါတစ်ကယ် မသွားချင်ဘူး၊ သွားလိုက်လို့ ပြဿနာဖြစ်နေမလားလဲငါကြိုမသိနိုင်ဘူးလေ။ ဝမ်ယုဝေက betaဖြစ်ပြီး ကျိယွမ်ရှန်းအတွက်လည်း betaတစ်ယောက်မွေးပေးထားတယ်လို့ငါကြားတယ်။ငါ့ရဲ့ အကောင်ပေါက်လေးက Alphaဘဲ။ ငါ အကောင်ပေါက်လေးလက်ဆွဲပြီး မိသားစုအမွေတွေသွားလုလိုက်ရမလား? ကျိယွမ်ရှန်းက alphaကိုဘဲ သရဖူဆောင်း*ပေးချင်ပုံဘဲ"

(T/N : သရဖူဆောင်းပေး = အမွေလွှဲပေး)

"မှန်တယ်"

ဟယ်ကျိုးက ခေါင်းငြိမ့်ပြလာခဲ့တယ်။ "ဒါပေမယ့်၊ သူက အကောင်ပေါက်လေးကို မင်းနဲ့အတူခေါ်ထားမှာမဟုတ်ဘူး။ သူကအစကတည်းက ရှုကျုံးဆိုတဲ့ alphaတစ်ယောက်ကို မွေးစားထားပြီးသား။ ရှုကျုံးကို ကျိမိသားစုရဲ့အနာဂတ်အဖြစ်ပျိုးထောင်ထားတာ ၊ကျိဟန်ရှုကိုလည်း သူ့ကိုဘဲအုပ်ချုပ်စေလိမ့်မယ်"

ကျိဟန်ရှုဟာ ကျိယွမ်ရှန်းနဲ့၊ Beta ဝမ်ယုဝေတို့ရဲ့ သားဖြစ်ပြီး မူလကိုယ်ထက် ၁လသာကြီးတာဖြစ်တယ်။

တစ်နည်းဆိုရသော်၊ ဝမ်ယုဝေကိုယ်ဝန်ရှိလာတာနဲ့ အကြီးအကဲတွေဟာ ကျိယွမ်ရှန်းအား ကျန်းရူဝေကို အတင်းအကြပ်ဖိအားပေးကာ အမှတ်အသားပေးစေခဲ့တာဖြစ်တယ်။

ချိယွီက သူ့နှုတ်ခမ်းကို တင်းတင်းသာကိုက်ရင်း၊ အချိန်အတော်အကြာ ပြောစရာစကားမဲ့လို့နေခဲ့တယ်။

သူ အတော်အကြာစဉ်းစားအပြီးမှာတော့၊ စကားတစ်လုံးသာ သူ့ခေါင်းထဲထင်ဟပ်နေတော့တယ်။ --
အထက်တန်းလွှာတွေက အင်မတန်ရှုပ်ထွေးလှပြီး၊ ဤဇာတ်လမ်းထဲက လူအချို့ဟာလဲ ဖြူစင်ကြကာ ၊ ကံမကောင်းကြဘဲ သူတို့အားလုံးဟာလည်း အကြီးအကဲလို့ခေါ်တဲ့လူအိုကြီးတွေ့ရဲ့ မြေစာပင်တွေဖြစ်လို့သွားခဲ့ကြရတယ်။

ရက်စက်လိုက်စမ်းပါ။ အဆင်ပြေပါတယ်။ တခြားသူတွေနဲ့ သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာစေပြီး တစ်ယောက်ပြီးတစ်ယောက် ဆိုးရွားစွာ အဆုံးသတ်လိုက်ကြစမ်းပါ။

ကျန်းရူဝေနဲ့မူလကိုယ်တို့ သားအမိတွေဟာ အလွန်ကို သနားစရာကောင်းလှတယ်။

ထို့အပြင် ကျိယွမ်ရှန်းက သူတို့အပေါ်ရက်စက်ယုတ်မာခဲ့တယ်။အဆုံးမှာတော့ သူတို့ဟာ သူ့ရဲ့ ဇနီးနဲ့သားဖြစ်ကြတာကြောင့် အနည်းဆုံးတော့ တာဝန်ယူစိတ်ရှိသင့်သည်။

ချိယွီ သက်ပြင်းချလိုက်မိတယ်။ သူ့လက်ကိုဆန့်ကာ ကွန်ပျူတာကိုလှမ်းပိတ်လိုက်ပြီး ၊ ဒေါသထွက်စွာပြောလာခဲ့တယ်။ "ငါထပ်မကြည့်ချင်တော့ဘူး၊အရမ်း ပျင်းစရာကောင်းလွန်းတယ်"

ချိယွီက မတ်တပ်ထရပ်လိုက်ပြီး၊အောက်ထပ်ဆင်းကာ အိပ်မောကျနေတဲ့အကောင်ပေါက်လေးကို သူ့လက်မောင်းတွင်းသို့ပွေ့ချီလိုက်တယ်။ ထို့နောက် ဆိုဖာပေါ်ထိုက်ချလိုက်ပြီး အိပ်မောကျလို့နေတဲ့ ပေါက်စလေးကို ငေးကြည့်နေမိတယ်။

မူလကိုယ်ဟာသူ့အမေကို ဆုံးရှုံးပြီးနောက်၊ သူ့အဖေကလည်း သူ့ကို ဂရုမစိုက်ခဲ့ပေ။

သူ့ဘဝမှာ အရေးကြီးဆုံးလူသားဖြစ်သည့် ၊မိခင်ဆုံးရှုံးသွားသော်လည်း ဖခင်ဟာလည်း သူ့ကိုစောင့်ရှောက်မနေပေ။ထိုသူက ဇနီးမယားအသစ်လေးကိုပင် စိတ်အားထက်သန်စွာနဲ့ကြိုဆိုခဲ့သေးသည် ။မူလကိုယ်မှာ မိထွေးရှိနေရုံသာမက၊ အကိုတောင်ရှိနေသေးသည်။

သူက မိသားစုရဲ့တရားဝင်သားဖြစ်သင့်သော်လည်း၊ သူဟာ အိမ်မှာ လူပိုတစ်ဦးသာဖြစ်လို့နေခဲ့တယ်။

သူအနေနဲ့၊ အိမ်ကထွက်ပြေးခဲ့ရင်တောင် သူ့အဖေဖြစ်သူဟာ ဘာမှမေးမလာဘဲ၊ခွင့်ပြုထားခဲ့တယ်။

သူ့ရဲ့ အဖိုးနဲ့အဖွားဟာလည်း သူ့ကိုနှစ်နှစ်ကျော်ကြာအောင် အဖော်မပြုခဲ့ကြဘဲ စိတ်ဖိစီးကာ သေဆုံးခဲ့ကြရတယ်။ ထိုအချိန်တုန်းက၊ သူကအရွယ်မရောက်သေးဘဲ ဦးလေးတစ်ချို့နဲ့ သူ့အဖေကလည်းသူ့ကို မကူညီခဲ့ပေ။ ဒုတိယအကြီးအကဲကသာ အမွေရယူနိုင်ခဲ့ရင်၊ သူလဲထိုလူ့လက်ထဲမကျရောက်နိုင်တော့ပေ။

မူလကိုယ်ဆီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုသူ တွေးကြည့်ပြီးနောက်...

အိပ်ဆေးသောက်ပြီးသတ်သေတာဟာ နာကျင်ရသော်လည်း၊ မူလကိုယ်အမြင်တွင်တော့ သေရခြင်းက ရှင်သန်နေရခြင်းထက် ပိုကောင်းနေသည် ဖြစ်မည်။

ချိယွီ နှုတ်ခမ်းကိုက်ရင်း၊ အလွန်အမင်း စိတ်ဖိစီးကာ စိတ်ဓာတ်ကျလို့နေခဲ့တယ်။

သူက ခေါင်းငုံ့လိုက်ပြီး အကောင်ပေါက်လေးရဲ့ မျက်နှာပေါ်သို့ သူ့နှာခေါင်းနဲ့ဖိကပ်လိုက်တော့၊ ချိုမြတဲ့နို့သင်းနံ့လေးဟာလည်း သူ့နှာခေါင်းဆီ ခဏတာဝေ့သီလာခဲ့တယ်။

သူ့စိတ်ဟာလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လို့လာခဲ့တယ်။ ခဏအကြာ ခေါင်းမော့လိုက်မိချိန်တွင်တော့ ချိယွီ ခါးမတ်ကာ ထိတ်လန့်သွားခဲ့ရတယ်။

ချိယွီတစ်ယောက် ခဏတာတောင့်ခဲသွားပြီးနောက်၊ မတ်တပ်ရပ်ကာငြိမ်သက်လို့နေတဲ့ ဟယ်ကျိုးကိုကြည့်ဖို့ ခေါင်းမော့လိုက်တယ်။ "သူမရှိတော့ဘူး၊ ပြီးတော့ ငါဒီကိုရောက်လာခဲ့တယ် ။ ဒါက အဆိုးထဲကအကောင်းဘဲမဟုတ်လား?"

ဟယ်ကျိုးက ချိယွီကိုအတည်ပေါက်ကြည့်လာခဲ့ပြီး ၊ သူ့နှုတ်ခမ်းကလှုပ်ရှားသွားပေမယ့်လို့ ဘာစကားလုံးမှထွက်မလာခဲ့ပေ။

ချိယွီကခေါင်းငြိမ့်လာခဲ့တယ်။ "ဒါကောင်းတဲ့အချက်လို့ငါထင်တယ်"

တစ်ယောက်က နောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပြီဘဲ။

အတက်အကျတွေကို တစ်ခါမှ မ‌တွေ့ကြုံခဲ့ရဘူးတဲ့ လူတစ်ယောက် ၊ စိတ်အခြေအနေလည်းအဆင်ပြေနေတဲ့ သူက အတိတ်မှာဆက်နစ်မွန်းမနေဘဲ လက်ရှိမှာလဲ ချုပ်နှောင်နေမှာမဟုတ်ဘူး။ ဘာစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှမရှိဘဲ၊ ဟယ်ကျိုးဆီကငွေကိုသုံး၊ သူ ပေးထားတဲ့အိမ်မှာနေပြီး အကောင်ပေါက်လေးရဲ့ဆန်းကြယ်တဲ့မွေးဖွားခြင်းမှာ ညည်းညူနေမှာမဟုတ်ဘဲ ဒီကမ္ဘာကချိယွီကို သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ လမ်းမှန်ရောက်အောင်ပို့ဆောင်ပေးပြီး ဖြောင့်မတ်မှန်ကန်စွာရှင်သန်စေလိမ့်မယ်။

အရင်က ဖိုရမ်ပေါ်က ဆုတ်ယုတ်မှုတွေကိုဘဲ တွေးကြည့်လိုက်ပါ။

အခုတော့ ထိုအရာတွေပျောက်ကွယ်သွားခဲ့ပြီး၊ ဖိုရမ်ပေါ်မှာ ချီးကျူး၊အားပေးမှုတွေ ဖြစ်တည်လာခဲ့တယ်။

ထိုအကြောင်းတွေကို စဉ်းစားကြည့်မိတော့၊ ချိယွီ ပြုံးမိသွားခဲ့တယ်။

ထို့နောက်၊ သူတစ်စုံတစ်ခုကို တွေးမိသွားသလို အပြုံးဟာလည်း ရပ်တန့်သွားခဲ့တယ်။ ချိယွီက ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်မောင်းတွေကြားက တရေးနိုးလို့နေတဲ့ အကောင်ပေါက်လေးကို သေချာစိုက်ကြည့်လိုက်မိတယ်။

မျက်ဝန်းလေးတွေက သိမ်မွေ့လို့နေပေမယ့်၊ စိတ်ရှုပ်ထွေးနေတဲ့ပုံပင်။

"ငါ ချိယွီအတွက်ကောင်းကောင်းရှင်သန်ပြီး အကောင်ပေါက်လေးကို စောင့်ရှောက်ပါ့မယ်--"

ချိယွီ သူ့နှုတ်ခမ်းကိုကိုက်ကာ၊ အချိန်အတော်အကြာ တုံ့ဆိုင်းမိနေပြီးနောက် သက်ပြင်းချလိုက်မိတယ်။ "ဒါဆို၊ ဘယ်သူက ငါ့အဖေအတွက် ဂုဏ်ဆောင်ပေးတော့မှာလဲ?"

===================================

• စာလုံးရေ : 3511

• ရက်စွဲ : 30 , 5,2022 (MON)

===================================

🍼 ဘယ္သူက ငါ့အေဖအတြက္ ဂုဏ္ေဆာင္ေပးေတာ့မွာလဲ? |

ခ်ိယြီ mail boxအတြင္း႐ွိ အခ်က္အလက္မ်ားကို အနည္းငယ္ ေလးနက္ေသာ အမူအရာျဖင့္ ၾကည့္လိုက္တယ္။

သူက ကစားပြဲေတြကို နားမလည္ႏိုင္ေအာင္ကစားေနရသလို ခံစား‌ေနရတယ္။ ႐ွီးယြီ႐ွင္းက သူရဲ႕လမ္းၫႊန္သူ ျဖစ္ၿပီး၊ ေက်ာင္းက သူ႕ကမ႓ာနဲ႔ပထမဆုံးေသာ တူညီမႈျဖစ္ကာ၊ ဟယ္က်ိဳးကေတာ့ သိပ္ဂ႐ုစိုက္စရာမလိုဘဲ သူ႕ကို အခ်က္အလက္အခ်ိဳ႕ ေပးစြမ္းႏိုင္တဲ့သူ ျဖစ္သည္။ အခုအခ်ိန္မွာေတာ့ ၊ သူ မူလကိုယ္ရဲ႕ မိသားစုအေၾကာင္းကို ေတြ႕႐ွိခဲ့တယ္။

မူလကိုယ္ဟာ အိမ္ျခံေျမဘုရင္ က်ိယြမ္ရဲ႕ တရားဝင္သားျဖစ္မွန္း သူမသိခဲ့ဘူး ။

႐ွီးယြီ႐ွင္းေျပာျပသလိုလဲ မူလကိုယ္ရဲ႕မိသားစုဟာ ဆင္းရဲမြဲေတေနတာမ်ိဳးမဟုတ္‌ေပ ၊ မိသားစုက အလြန္ကိုခ်မ္းသာကာ မူလကိုယ္ဟာလည္း တရားဝင္ကေလးတစ္ေယာက္ျဖစ္ေနသည္။ ဒါေပမယ့္ သူခုလိုမ်ိဳးေနထိုင္ေနရတဲ့ အေၾကာင္းရင္းကေရာ...

ဘယ္ေလာက္ေတာင္ ခ်မ္းသာလိုက္သလဲလို႔ေလ?

အခ်က္အလက္တစ္ခ်ိဳ႕ကိုၾကည့္အၿပီးေနာက္ ခ်ိယြီဟာ၊ က်ိယြမ္႐ွန္းက ရက္စက္ၾကမ္းၾကဳတ္တဲ့သူျဖစ္မယ္လို႔ ေတြးလိုက္မိတယ္။

သူဟာ Alphaတစ္‌‌ေယာက္ျဖစ္ၿပီး ငယ္စဥ္က betaတစ္ေယာက္နဲ႔ခ်စ္ကြၽမ္းဝင္မိသြားကာ၊ တစ္ဖက္လူအားသူ႕အခ်စ္စစ္လို႔ ထင္ခဲ့တယ္။

သူဟာ ႐ိုးရာဓေလ့ထုံးတမ္းမ်ားကို အလြန္အမင္းစက္ဆုပ္ၿပီး pheromone မပါဘဲ စစ္မွန္ေသာခ်စ္ျခင္းေမတၱာကို လိုခ်င္တာေၾကာင့္၊သူနဲ႔ ျမင့္မားသည့္ pheromone ကိုက္ညီမႈ႐ွိတဲ့ သူ႕မိသားစုမွစီစဥ္ေပးေသာ အိမ္ေထာင္ဖက္မ်ားကို ျငင္းပယ္ခဲ့တယ္။ ထိုအထဲတြင္ မူလကိုယ္ရဲ႕မိခင္အရင္းျဖစ္သူ အမ်ိဳးသမီး omega က်န္း႐ူယန္ လည္းပါဝင္ခဲ့‌သည္။

သို႔ေသာ္လည္း၊ အလြန္ကိုက္ညီမႈ႐ွိလွေသာ pheromone degreeဟာ အခ်ိဳ႕ေသာအခိုက္အတန္႔မ်ားတြင္ ယုတၱိမ႐ွိလွေပ ။အထူးသျဖင့္ estrusကာလမွာေပါ့။

Alphaရဲ႕ စြမ္းရည္က pheromoneထိုးေဖာက္မႈကို ဟန္႔တားကာ ေတာင့္ခံႏိုင္တယ္ဆိုရင္ေတာင္၊ သူနဲ႔ pheromoneကိုက္ညီမႈ ျမင့္မားလွေသာ omegaတစ္ေယာက္ႏွင့္ အခန္းထဲတြင္ ေသာ့ခတ္ခံထားရမည္ဆိုပါက သူ႕ရဲ႕ စိတ္ဝိညာဥ္ဟာလည္း ခဏတြင္းခ်င္းပင္ေပ်ာက္ကြယ္သြားႏိုင္လိမ့္မည္ျဖစ္သည္။

ထိုနည္းတူ၊ က်ိယြမ္ဟာလည္း ဒီလိုအေျခအေနမ်ိဳးမွာဘဲ မူလကိုယ္ရဲ႕မိခင္ က်န္း႐ူယန္ကို တစ္သက္တာ အမွတ္အသားေပးခဲ့မိတယ္ ။

သူအေနနဲ႔ အလြန္နာၾကည္းေနခဲ့ေသာ္လည္း အဆုံးတြင္ေတာ့ သူဟာငယ္႐ြယ္ေနေသးၿပီး လူႀကီးမ်ားရဲ႕ ဖိအားေအာက္တြင္ က်န္း႐ူယန္ကို လက္ထပ္ကာ ဇနီးမယားအျဖစ္ႏွင့္ မူလပိုင္႐ွင္ကို ေမြးဖြားခဲ့တယ္။

အဲဒီေနာက္မွာေတာ့ သူကဆယ္ႏွစ္ၾကာေအာင္ ၿငိမ္သက္ေနခဲ့ၿပီး က်န္း႐ူယန္နာမက်န္းျဖစ္ၿပီး ေသဆုံးသြားတဲ့ေနာက္မွာေတာ့ လမ္းခြဲခဲ့တယ္။

ပတ္ဝန္းက်င္နဲ႔ လူႀကီးမ်ားရဲ႕ဖိအားမ်ားကို လ်စ္လ်ဴ႐ႈ႐ုံသာမက၊ က်ိယြမ္ဟာ က်န္း႐ူယန္ေသဆုံးၿပီးတစ္ပတ္အတြင္းမွာဘဲ သူ၏ခ်စ္လွစြာေသာ beta ဝမ္ယုေဝနဲ႔သားသမီးမ်ားကို အိမ္ျပန္ေခၚရင္း တစ္လအၾကာမွာေတာ့ လက္ထပ္လက္မွတ္ရခဲ့ၿပီး အစမွအဆုံးထိ အားလုံးရဲ႕သေဘာထားမ်ားကို လ်စ္လ်ဴ႐ႈခဲ့တယ္။

က်န္းမိသားစုရဲ႕ အႀကီးအကဲမ်ားဟာ အလြန္ေဒါသပုန္ထသြားခဲ့ၾကၿပီး က်ိယြမ္႐ွန္းကို အပစ္ေပးလိုၾကတယ္။

သို႔ေပမယ့္လည္း၊ ထိုအခ်ိန္မွာေတာ့ က်ိယြမ္႐ွန္းဟာ အရင္က က်ိယြမ္႐ွန္းမဟုတ္ေတာ့ေပ။ သူဟာ အရင္ႏွစ္ေတြအတြင္းက သူ႕မိဘမ်ားရဲ႕ အာဏာတစ္ခ်ိဳ႕ကို႐ွင္းထုတ္ပစ္ၿပီး ထို႔ေနာက္တြင္ေတာ့ က်န္းမိသားစုရဲ႕ လုပ္ငန္းခြင္တြင္းသို႔ ထိုးေဖာက္ဝင္ေရာက္လာခဲ့ေတာ့တယ္။ အႀကီးအကဲမ်ားရဲ႕ ဖိအားေတြနဲ႔ၿခိမ္းေျခာက္မႈေတြဟာလည္း သူ႕အေပၚမွာ သက္ေရာက္မႈမ႐ွိေတာ့ဘဲ၊ထို႔အစား သူတို႔ကိုတိုက္ခိုက္ဖို႔ အေၾကာင္းျပခ်က္မ်ားသာ ျဖစ္လာခဲ့တယ္။

သူ႕ရဲ႕ ဒိတ္ဒိတ္ႀကဲ နည္းလမ္းေတြေအာက္မွာဘဲ၊ က်ိယြမ္ဟာ သူ႕နာမည္နဲ႔ surnameကို ညတြင္းခ်င္းဘဲေျပာင္းလဲခဲ့ၿပီး က်ိမိသားစုထဲကို ဝင္ေရာက္လာခဲ့တယ္။

ထို႔အျပင္ အာဏာက်ဆင္းေနၿပီျဖစ္တဲ့ က်ိယြမ္႐ွန္းရဲ႕မိဘေတြဟာလည္း သူတို႔ရဲ႕အာဏာကုန္ကို က်ိယြမ္ဆီလႊဲေျပာင္းေပးခဲ့ၾကရေတာ့တယ္။ ထိုအခ်ိန္မွစၿပီး၊သူတို႔ဟာ (က်ိယြမ္ရဲ႕မိဘမ်ား) လူအမ်ားေ႐ွ႕ ထပ္ေပၚမလာၾကေတာ့ေပ။ က်ိယြမ္႐ွန္းကေတာ့ သူတို႔ေတြဟာ ႏိုင္ငံျခားမွာအေျခခ်ေနၾကၿပီလို႔သာ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္။

ခဏအၾကာမွာေတာ့ က်ိယြမ္႐ွန္းရဲ႕နာမည္ဟာ အထက္တန္းလႊာတစ္ခုလုံးကို အံ့အားသင့္သြားေစခဲ့တယ္။

ခ်ိယြီ အျခားတစ္မ်က္ႏွာကို ၾကည့္လိုက္တယ္။

သူမေနႏိုင္ဘဲ ဒီဇာတ္လမ္းဟာ အေတာ္ေလးမိုက္တယ္လို႔ ေတြးလိုက္မိတယ္။

ဒီဇာတ္လမ္းမွာ သူအရင္ကျမင္ခဲ့ဖူးတဲ့ စိတ္ကူးယဥ္ ဝတၳဳေတြထဲက ဇာတ္ေကာင္ေတြနဲ႔ဆင္တူတဲ့သူေတြ အမ်ားႀကီး႐ွိလို႔ေနတယ္။ သူတို႔က အေစာပိုင္းအဆင့္မွာ အႏိုင္က်င့္ခံၾကရၿပီး ေနာက္ပိုင္းအဆင့္မွာေတာ့ ျဖစ္ေျမာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၾကတယ္။ သူတို႔က တစ္လမ္းလုံး တိုက္ခိုက္ခဲ့ၾကရၿပီး လက္စားေခ်သည့္အေနျဖင့္ လူအမ်ားရဲ႕မ်က္ႏွာကိုျဖတ္႐ိုက္ကာ ရန္သူမ်ားကို ေသြးလူး‌ေစခဲ့တယ္။ အဆုံးမွာေတာ့ သူတို႔ဟာ အလွတရားေတြနဲ႔ ကမ႓ာကို အႏိုင္ယူႏိုင္ခဲ့တယ္။

ဒါေပမယ့္ က်ိယြမ္႐ွန္း ဇာတ္လမ္းမွာေတာ့ မူလပိုင္႐ွင္နဲ႔ မူလပိုင္႐ွင္ရဲ႕မိခင္ဟာ ၿပီးျပည့္စုံတဲ့ အေျမာက္စာသာသာ‌ေတြသာ ျဖစ္လို႔ေနတယ္။

မူလကိုယ္ရဲ႕မိခင္ဟာ အစမွအဆုံးအထိ ကူကယ္ရာမဲ့ခဲ့ၿပီး၊သူမေသဆုံးသြားေသာအခါတြင္လည္း သူ႕ေယာက်္ားရဲ႕ မေလးမစားျပဳမူျခင္းကို ခံခဲ့ရေသးသည္။

ခ်မ္းသာေသာမိသားစုတြင္ ေမြးဖြားလာေသာ ကေလးဟာလည္း တားေဆးေသာက္ရန္ပင္ ေငြမ႐ွိေသာ ကေလးတစ္ဦးအျဖစ္သို႔ ေလ်ာ့က်ဆင္းသြားခဲ့ရေတာ့တယ္။

"ေကာင္းေရာ..."

ခ်ိယြီကတစ္ကယ္ အသိုင္းအဝိုင္းႀကီးကဘဲ၊ သူဘယ္လိုဆက္လုပ္ရပါ့မလဲ?

"ေဒါက္ ေဒါက္"

ခ်ိယြီလွည့္ကာၾကည့္လိုက္ေတာ့ ဟယ္က်ိဳးကိုေတြ႕လိုက္ရတယ္။

သူက မသိစိတ္ကေန ကြန္ပ်ဴတာကို ပိတ္လိုက္ခ်င္ေပမယ့္လို႔၊ mouseကိုသာသူ႕လက္နဲ႔ ဆုပ္ကိုင္လိုက္ရင္း ႐ုတ္တရက္တုံ႔ဆိုင္းသြားၿပီးမွ : " ဝင္လာခဲ့ပါ" လို႔ တက္ႂကြစြာနဲ႔ျပန္ေျပာလိုက္တယ္။

ဟယ္က်ိဳးက သူ႕အေျခအေနကို သိတာေၾကာင့္ ေ႐ွာင္ရန္ မလိုအပ္ေလာက္ေပ။

ဟယ္က်ိဳးက သူ႕လက္ထဲမွာ ေဆးေၾကာထားၿပီးသား စပ်စ္သီးပန္းကန္တစ္လုံးကို ကိုင္လို႔ထားကာ :
" Nannyက မင္းကို ေပးခိုင္းလိုက္တာ ။ သူမက ကေလးထိန္းေနလို႔ လာေပးလို႔မရဘူးေလ" သူက ခ်ိယြီဆီကို လွမ္းလာၿပီး ပစၥည္းေတြ ခ်လိုက္ကာ
"ဘာၾကည့္ေနတာလဲ?"

ခ်ိယြီက ဟယ္က်ိဳးကို ပြင့္ပြင့္လင္းလင္းဘဲေျပာျပလိုက္တယ္။ "ငါ မူလခ်ိယြီနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို တျခားတစ္ေယာက္ကို စုံစမ္းခိုင္းလိုက္တာေလ"

ဟယ္က်ိဳးက မ်က္ခုံးပင့္ကာ၊ screenကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။

သူက ခ်ိယြီလက္ထဲကmouseကို လွမ္းယူလိုက္ကာ အေပၚေအာက္ ေ႐ႊ႕ၾကည့္လိုက္ၿပီး၊ ခဏေလာက္ဖတ္ၾကည့္ၿပီးတာနဲ႔ ေျပာလာခဲ့တယ္ : "မင္း႐ွာေနတဲ့သူက ‌လူေကာင္းတစ္‌ေယာက္မဟုတ္ဘူးေနာ္ ။ အားလုံးက ၿပီးၿပီးသားေတြဘဲ။ ‌ဒါေပမယ့္ သိပ္ေတာ့အေသးစိတ္မက်ဘူး"

ခ်ိယြီက ေမးလိုက္တယ္။ : "ဘာလိုေနေသးလို႔လဲ?"

"က်န္း႐ူယန္ေသဆုံးရတဲ့ အဓိကအေၾကာင္းအရင္း၊ က်ိယြမ္႐ွန္း က်န္း႐ူယန္နဲ႔လက္ထက္ခ်ိန္ ဝမ္ယုေဝရဲ႕ကေလးေတြကို ဘယ္မွာပ်ိဳးေထာင္ခဲ့တာလဲနဲ႔၊ --"

ဟယ္က်ိဳးက ႐ုတ္တရက္ ရပ္တန္႔သြားခဲ့ၿပီး : "အဲ့အေၾကာင္း႐ွာမေတြ႕တာလဲ သိပ္ေတာ့မထူးဆန္းပါဘူး။ အဆုံးမွာေတာ့လဲ၊ ဒါေတြက လူခ်မ္းသာေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြဘဲေလ ။ ၿပီးေတာ့ သူတို႔ဆီမွာလဲ အၿမဲတမ္း အ႐ႈပ္အေထြးေတြကိုေျဖ႐ွင္းဖို႔ နည္းလမ္းကိုယ္စီ႐ွိၾကတယ္။ ဒါ့ေၾကာင့္ သာမန္လူေတြအေနနဲ႔ ႐ွာေတြ႕ႏိုင္ဖို႔ ခက္ခဲတယ္"

ခ်ိယြီက ဟယ္က်ိဳးကိုေမာ့ၾကည့္လိုက္ၿပီး : "ဒါဆို၊မင္းက်ဘယ္လိုသိတာတုန္း?"

ဟယ္က်ိဳးရဲ႕ ႏႈတ္ခမ္းေထာင့္က ပင့္တက္လို႔သြားၿပီး : သူ႕ရဲ႕မ်က္ဝန္းေတြဟာလည္း ဂုဏ္ယူမႈအျပည့္နဲ႔ျဖစ္လို႔‌ေနတယ္။ "ကိုယ္က သာမန္လူမို႔လို႔လား?"

ခ်ိယြီ : "..."

ဟုတ္ပါၿပီ၊ မင္းက ခႏၶာကိုယ္တစ္ခုလုံးမွာ ေကာင္းမြန္တဲ့ ေလထုေတြကို ျဖန္႔က်က္ေပးေနတဲ့ သူတစ္ေယာက္ပါ။

(T/N : ဟယ္က်ိဳးကို pheromoneေတြထုတ္လြန္းလို႔ ခ်ိယြီက ႐ြဲ႕ၿပီးေတြးလိုက္တာပါ )

ဟယ္က်ိဳးရဲ႕ မ်က္ဝန္းေတြဟာ ျပဳံးေယာင္သန္းေနခဲ့ၿပီး :"သိခ်င္လား? ကိုယ့္ကိုေမးေပါ့၊ ကိုယ္ေျပာျပမယ္ေလ"

ခ်ိယြီက ဟယ္က်ိဳးကို တည္႐ွိမေနတဲ့လူတစ္ေယာက္လို လုံးဝလ်စ္လ်ဴ႐ႈထားလိုက္ၿပီး ၊ အခ်က္အလက္ေတြအေၾကာင္း စဥ္းစားေနလိုက္တယ္။ "ဒါဆို က်န္း႐ူယန္ ဘယ္လိုေသသြားတာလဲ? တစ္ေယာက္ေယာက္ကမ်ား လုပ္ၾကံလိုက္လို႔လား?"

ဟယ္က်ိဳးက တုံ႔ဆိုင္းသြားခဲ့ၿပီး : "ဒါကေကာင္းမြန္တဲ့ မွတ္ခ်က္ေတာ့မဟုတ္ဘူးေနာ္"

ခ်ိယြီေမးခြန္းထပ္မေမးခင္မွာဘဲ ဟယ္က်ိဳးကထေျဖလိုက္တယ္။ "ပထမဆုံး estrus ကာလကလြဲလို႔၊ တျခား estrusကာလေတြမွာ က်န္း႐ူယန္က တားေဆးေတြနဲ႔ဘဲ ေက်ာ္ျဖတ္ခဲ့ရတာ ၊ ဆယ္ႏွစ္ေၾကာ္ၾကာသုံးစြဲခဲ့တဲ့ တားေဆးဆိုးက်ိဳးေတြက နဲနဲေနာေနာေတာ့မဟုတ္ဘူးေလ။ အလြန္အကြၽံသုံးစြဲမိလို႔ ေသဆုံးတဲ့ထိျဖစ္ရတာလို႔ ေျပာလို႔ရတယ္"

"ဒါေပမယ့္ သူမရဲ႕ တားေဆးထိုးတဲ့ အႀကိမ္ေရက မ်ားလြန္းတယ္၊ ပုံမွန္ေဆးထက္ အဆေပါင္းမ်ားစြာ ပိုမ်ားတယ္။ က်ိယြမ္႐ွန္း က သူမကို တမင္လႈံ႕ေဆာ္ေပးေပမယ့္ အမွတ္အသားမေပးတာေၾကာင့္ျဖစ္ႏိုင္သလို၊ က်ိယြမ္႐ွန္း က သူမကိုတစ္ႏွစ္ပတ္လုံး ပစ္ထားခဲ့တာ‌ေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ သူ႕မက မၾကာခဏ တားေဆးထိုးၿပီး ခံႏိုင္ရည္ တိုးလာတာေၾကာင့္ ေဆးရဲ႕ ဂုဏ္သတၱိေတြကလဲ အဆက္မျပတ္ တိုးေနခဲ့တာ။ ေနာက္ဆုံးေတာ့ ေဆးပ်က္သြားတာ‌ေၾကာင့္ အဲ့ဒီေဆးအ႐ွိန္ေရာဂါနဲ႔ ေသဆုံးသြားခဲ့ရတာ"

ထို႔ေနာက္၊ဟယ္က်ိဳးက တစ္ခုခုကိုေတြးေနပုံရတဲ့ ခ်ိယြီကိုၾကည့္လိုက္ၿပီး : "က်ိယြမ္႐ွန္းက က်န္း႐ူယန္ကိုမႀကိဳက္ဘူး၊ ဒါေၾကာင့္ သူကသူမကိုထားရစ္ခဲ့တာ၊ ဒါေပမယ့္ သူ႕ရဲ႕လ်စ္လ်ဴ႐ႈမႈက သူမကိုေသေစခဲ့တယ္။ ဒါေၾကာင့္ ေျပာရမယ္ဆိုရင္ က်ိယြမ္႐ွန္းက ဒီအခ်က္ကိုႀကိဳသိထားၿပီးသားျဖစ္တာေၾကာင့္ တမင္တကာ သူမကိုထားရစ္ခဲ့တာမ်ားလား? ေျပာဖို႔ေတာ့ခက္တယ္"

ခ်ိယြီ သိခ်င္သြားခဲ့တယ္။ "မင္းဘာလို႔ အဲ့ေလာက္ေတာင္အတိအက်သိေနရတာလဲ?"

"ေသခ်ာေပါက္ ကိုယ္စုံစမ္းၾကည့္ခဲ့လို႔ေပါ့" ဟယ္က်ိဳးက မ်က္လႊာခ်လိုက္ကာ၊သူ႕ရဲ႕အမူအယာဟာလည္းေအးစက္လာခဲ့တယ္။

ခ်ိယြီကအလ်င္အျမန္ဘဲတုံ႔ျပန္လိုက္တယ္။ "အာ" သူေခါင္းၿငိမ့္လိုက္ကာ ဆက္ေျပာလာခဲ့တယ္။ "ငါသိၿပီ"

အဲ့ဒီေနာက္ေတာ့၊ခ်ိယြီက ဘာစကားမွထပ္ေျပာမလာေတာ့ဘဲ သူ႕လက္ထဲက ေဘာပင္ကိုသာလွည့္ကာ ခဏအၾကာမွာေတာ့ ေမးလာခဲ့တယ္ : "ဒါဆို မူလကိုယ္ကလည္း က်ိယြမ္႐ွန္း ကံထုတ္တာကိုခံခဲ့ရတာေပါ့? က်ိယြမ္႐ွန္းက သူ႕ကိုသေဘာမက်ဘူးမလား ? မိသားစုဝင္အသစ္ေတြကလည္း သူ႕ကိုဖယ္က်ဥ္ထားခဲ့ၾကတာမလား?"

ဟယ္က်ိဳးက ေခါင္းရမ္းျပလာခဲ့တယ္။ "မဟုတ္ဘူး၊ သူ႕အေမဆုံးသြားတာနဲ႔ သူ႕ဘာသာထြက္လာခဲ့တာ၊ သူက ယိုယြင္းပ်က္စီးေနတဲ့ က်န္းမိသားစုမွာ ႏွစ္အေတာ္အၾကာေနခဲ့ရတာဘဲ"

"က်ိယြမ္႐ွန္းက ဘယ္ေတာ့မွသူ႕ကို ထြက္သြားဖို႔ အရင္စမေျပာခဲ့ဘူး၊ ဒါေပမယ့္ သူ႕ကိုေစာင့္ေ႐ွာက္ဖို႔ အေစခံထားေပးထားၿပီး သူ႕ကိုလုံးဝ အလြတ္ေပးထားခဲ့တာ။ ဒါ့ေၾကာင့္ သူေခ်ာေခ်ာေမြ႕ေမြ႕ဘဲ ထြက္လာႏိုင္ခဲ့တာ။ ဘယ္သူမွလဲ သူ႕ကိုမတားခဲ့ၾကဘူး၊ က်ိယြမ္႐ွန္းကလည္း ဘယ္သူ႕ကိုမွသူ႕ကိုမတားခိုင္းခဲ့ဘူး၊ သူက အဲ့ကိစၥကို သိပ္အေရးမစိုက္ပုံဘဲ"

ခ်ိယြီက "အာ" လို႔သာ အသံျပဳလိုက္ၿပီး မ်က္လႊာခ်ကာ ၿငိမ္သက္သြားခဲ့တယ္။

သူက ေဘာပင္ကိုလက္ထဲမွာ ခပ္ျမန္ျမန္လွည့္လိုက္ရင္း သူ႕ရဲ႕ မ်က္ခုံးတန္းေတြဟာလည္း စုၾကဳံ႕လို႔လာခဲ့တယ္။ ခဏအၾကာမွာေတာ့ သူက ေခါင္းေမာ့ကာ ဟယ္က်ိဳးကိုၾကည့္လိုက္ၿပီး "ငါ ျပန္သြားႏိုင္ဖို႔ အေၾကာင္းျပခ်က္တစ္ခုခု ႐ွိလား ဥပမာ၊ မိသားစု ပိုင္ဆိုင္မႈအတြက္ တိုက္ပြဲဝင္ၿပီးမ်က္ႏွာယူရတာမ်ိဳး"

အဲဒီေနာက္မွာေတာ့ သူက ေခါင္းခါလိုက္ၿပီး "ငါ က်ိယြမ္႐ွန္း မ်က္ႏွာကိုျဖတ္မ႐ိုက္ႏိုင္ပါဘူး၊ သူက အသက္ေလးဆယ္ပဲ ႐ွိေသးတယ္ဆိုေတာ့ မိသားစုပိုင္ဆိုင္မႈကို ခြဲေဝဖို႔ ေစာလြန္းေသးတယ္မလားေလ"

ခ်ိယြီအေနနဲ႔ တစ္ခါမွ အေမြနဲ႔ပတ္သက္တဲ့ကိစၥေတြထဲမွာ မပါဝင္ဖူးသလို ၊ ခ်မ္းသာတဲ့ အေၾကာင္းေရးသားထားေသာ ဝတၳဳမ်ားႏွင့္ dramaမ်ားအေၾကာင္းကို ေျပာေနသည့္ မိန္းကေလးအတန္းေဖာ္ေတြရဲ႕ စကားဝိုင္းကိုလည္း တစ္ခါမွနားမေထာင္ဖူးေပ။ ထို႔အျပင္ သူ႕မွာ လူခ်မ္းသာေတြအတြက္ထားတဲ့ သေဘာထားတစ္ခုသာ႐ွိသည္။ အဲ့ဒါကေတာ့ "ပရမ္းပတာလူေတြ" ဘဲျဖစ္တယ္။

သူ႕မွာ ရန္ၿငိဳးသာမ႐ွိရင္၊ ထို လူ႕ဘီလူးေတြရဲ႕ ႏြံထဲကို အရဲစြန္႔၍မသြားခ်င္ေပ။ အဆုံးမွာေတာ့၊ အခုသူေနထိုင္ေနတဲ့ ဘဝဟာလည္း အဆင္ေျပေျပ႐ွိေနၿပီး၊ ျပႆနာျဖစ္စရာလဲလိုမေနဘူး။

"မင္းတစ္ေခါက္ေလာက္သြားၾကည့္လို႔ရပါတယ္" ဟယ္က်ိဳးက ေျပာလာခဲ့တယ္။

ခ်ိယြီက သူ႕ေခါင္းကိုခါရမ္းလိုက္ရင္း : "ငါသြားစရာအေၾကာင္းမ႐ွိဘူးဆိုမွေတာ့ ၊ က်ိမိသားစုအိမ္ကို မသြားခ်င္ဘူး"

"ငါတစ္ကယ္ မသြားခ်င္ဘူး၊ သြားလိုက္လို႔ ျပႆနာျဖစ္ေနမလားလဲငါႀကိဳမသိႏိုင္ဘူးေလ။ ဝမ္ယုေဝက betaျဖစ္ၿပီး က်ိယြမ္႐ွန္းအတြက္လည္း betaတစ္ေယာက္ေမြးေပးထားတယ္လို႔ငါၾကားတယ္။ငါ့ရဲ႕ အေကာင္ေပါက္ေလးက Alphaဘဲ။ ငါ အေကာင္ေပါက္ေလးလက္ဆြဲၿပီး မိသားစုအေမြေတြသြားလုလိုက္ရမလား? က်ိယြမ္႐ွန္းက alphaကိုဘဲ သရဖူေဆာင္း*ေပးခ်င္ပုံဘဲ"

(T/N : သရဖူေဆာင္းေပး = အေမြလႊဲေပး)

"မွန္တယ္"

ဟယ္က်ိဳးက ေခါင္းၿငိမ့္ျပလာခဲ့တယ္။ "ဒါေပမယ့္၊ သူက အေကာင္ေပါက္ေလးကို မင္းနဲ႔အတူေခၚထားမွာမဟုတ္ဘူး။ သူကအစကတည္းက ႐ႈက်ံဳးဆိုတဲ့ alphaတစ္ေယာက္ကို ေမြးစားထားၿပီးသား။ ႐ႈက်ံဳးကို က်ိမိသားစုရဲ႕အနာဂတ္အျဖစ္ပ်ိဳးေထာင္ထားတာ ၊က်ိဟန္႐ႈကိုလည္း သူ႕ကိုဘဲအုပ္ခ်ဳပ္ေစလိမ့္မယ္"

က်ိဟန္႐ႈဟာ က်ိယြမ္႐ွန္းနဲ႔၊ Beta ဝမ္ယုေဝတို႔ရဲ႕ သားျဖစ္ၿပီး မူလကိုယ္ထက္ ၁လသာႀကီးတာျဖစ္တယ္။

တစ္နည္းဆိုရေသာ္၊ ဝမ္ယုေဝကိုယ္ဝန္႐ွိလာတာနဲ႔ အႀကီးအကဲေတြဟာ က်ိယြမ္႐ွန္းအား က်န္း႐ူေဝကို အတင္းအၾကပ္ဖိအားေပးကာ အမွတ္အသားေပးေစခဲ့တာျဖစ္တယ္။

ခ်ိယြီက သူ႕ႏႈတ္ခမ္းကို တင္းတင္းသာကိုက္ရင္း၊ အခ်ိန္အေတာ္အၾကာ ေျပာစရာစကားမဲ့လို႔ေနခဲ့တယ္။

သူ အေတာ္အၾကာစဥ္းစားအၿပီးမွာေတာ့၊ စကားတစ္လုံးသာ သူ႕ေခါင္းထဲထင္ဟပ္ေနေတာ့တယ္။ --
အထက္တန္းလႊာေတြက အင္မတန္႐ႈပ္ေထြးလွၿပီး၊ ဤဇာတ္လမ္းထဲက လူအခ်ိဳ႕ဟာလဲ ျဖဴစင္ၾကကာ ၊ ကံမေကာင္းၾကဘဲ သူတို႔အားလုံးဟာလည္း အႀကီးအကဲလို႔ေခၚတဲ့လူအိုႀကီးေတြ႕ရဲ႕ ေျမစာပင္ေတြျဖစ္လို႔သြားခဲ့ၾကရတယ္။

ရက္စက္လိုက္စမ္းပါ။ အဆင္ေျပပါတယ္။ တျခားသူေတြနဲ႔ သူတို႔ကိုယ္သူတို႔ ထိခိုက္နစ္နာေစၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ ဆိုး႐ြားစြာ အဆုံးသတ္လိုက္ၾကစမ္းပါ။

က်န္း႐ူေဝနဲ႔မူလကိုယ္တို႔ သားအမိေတြဟာ အလြန္ကို သနားစရာေကာင္းလွတယ္။

ထို႔အျပင္ က်ိယြမ္႐ွန္းက သူတို႔အေပၚရက္စက္ယုတ္မာခဲ့တယ္။အဆုံးမွာေတာ့ သူတို႔ဟာ သူ႕ရဲ႕ ဇနီးနဲ႔သားျဖစ္ၾကတာေၾကာင့္ အနည္းဆုံးေတာ့ တာဝန္ယူစိတ္႐ွိသင့္သည္။

ခ်ိယြီ သက္ျပင္းခ်လိုက္မိတယ္။ သူ႕လက္ကိုဆန္႔ကာ ကြန္ပ်ဴတာကိုလွမ္းပိတ္လိုက္ၿပီး ၊ ေဒါသထြက္စြာေျပာလာခဲ့တယ္။ "ငါထပ္မၾကည့္ခ်င္ေတာ့ဘူး၊အရမ္း ပ်င္းစရာေကာင္းလြန္းတယ္"

ခ်ိယြီက မတ္တပ္ထရပ္လိုက္ၿပီး၊ေအာက္ထပ္ဆင္းကာ အိပ္ေမာက်ေနတဲ့အေကာင္ေပါက္ေလးကို သူ႕လက္ေမာင္းတြင္းသို႔ေပြ႕ခ်ီလိုက္တယ္။ ထို႔ေနာက္ ဆိုဖာေပၚထိုက္ခ်လိုက္ၿပီး အိပ္ေမာက်လို႔ေနတဲ့ ေပါက္စေလးကို ေငးၾကည့္ေနမိတယ္။

မူလကိုယ္ဟာသူ႕အေမကို ဆုံး႐ႈံးၿပီးေနာက္၊ သူ႕အေဖကလည္း သူ႕ကို ဂ႐ုမစိုက္ခဲ့ေပ။

သူ႕ဘဝမွာ အေရးႀကီးဆုံးလူသားျဖစ္သည့္ ၊မိခင္ဆုံး႐ႈံးသြားေသာ္လည္း ဖခင္ဟာလည္း သူ႕ကိုေစာင့္ေ႐ွာက္မေနေပ။ထိုသူက ဇနီးမယားအသစ္ေလးကိုပင္ စိတ္အားထက္သန္စြာနဲ႔ႀကိဳဆိုခဲ့ေသးသည္ ။မူလကိုယ္မွာ မိေထြး႐ွိေန႐ုံသာမက၊ အကိုေတာင္႐ွိေနေသးသည္။

သူက မိသားစုရဲ႕တရားဝင္သားျဖစ္သင့္ေသာ္လည္း၊ သူဟာ အိမ္မွာ လူပိုတစ္ဦးသာျဖစ္လို႔ေနခဲ့တယ္။

သူအေနနဲ႔၊ အိမ္ကထြက္ေျပးခဲ့ရင္ေတာင္ သူ႕အေဖျဖစ္သူဟာ ဘာမွေမးမလာဘဲ၊ခြင့္ျပဳထားခဲ့တယ္။

သူ႕ရဲ႕ အဖိုးနဲ႔အဖြားဟာလည္း သူ႕ကိုႏွစ္ႏွစ္ေက်ာ္ၾကာေအာင္ အေဖာ္မျပဳခဲ့ၾကဘဲ စိတ္ဖိစီးကာ ေသဆုံးခဲ့ၾကရတယ္။ ထိုအခ်ိန္တုန္းက၊ သူကအ႐ြယ္မေရာက္ေသးဘဲ ဦးေလးတစ္ခ်ိဳ႕နဲ႔ သူ႕အေဖကလည္းသူ႕ကို မကူညီခဲ့ေပ။ ဒုတိယအႀကီးအကဲကသာ အေမြရယူႏိုင္ခဲ့ရင္၊ သူလဲထိုလူ႕လက္ထဲမက်ေရာက္ႏိုင္ေတာ့ေပ။

မူလကိုယ္ဆီမွာ ဘာေတြျဖစ္ပ်က္ခဲ့လဲဆိုတာကိုသူ ေတြးၾကည့္ၿပီးေနာက္...

အိပ္ေဆးေသာက္ၿပီးသတ္ေသတာဟာ နာက်င္ရေသာ္လည္း၊ မူလကိုယ္အျမင္တြင္ေတာ့ ေသရျခင္းက ႐ွင္သန္ေနရျခင္းထက္ ပိုေကာင္းေနသည္ ျဖစ္မည္။

ခ်ိယြီ ႏႈတ္ခမ္းကိုက္ရင္း၊ အလြန္အမင္း စိတ္ဖိစီးကာ စိတ္ဓာတ္က်လို႔ေနခဲ့တယ္။

သူက ေခါင္းငုံ႔လိုက္ၿပီး အေကာင္ေပါက္ေလးရဲ႕ မ်က္ႏွာေပၚသို႔ သူ႕ႏွာေခါင္းနဲ႔ဖိကပ္လိုက္ေတာ့၊ ခ်ိဳျမတဲ့ႏို႔သင္းနံ႔ေလးဟာလည္း သူ႕ႏွာေခါင္းဆီ ခဏတာေဝ့သီလာခဲ့တယ္။

သူ႕စိတ္ဟာလည္း ျဖည္းျဖည္းခ်င္း တည္ၿငိမ္လို႔လာခဲ့တယ္။ ခဏအၾကာ ေခါင္းေမာ့လိုက္မိခ်ိန္တြင္ေတာ့ ခ်ိယြီ ခါးမတ္ကာ ထိတ္လန္႔သြားခဲ့ရတယ္။

ခ်ိယြီတစ္ေယာက္ ခဏတာေတာင့္ခဲသြားၿပီးေနာက္၊ မတ္တပ္ရပ္ကာၿငိမ္သက္လို႔ေနတဲ့ ဟယ္က်ိဳးကိုၾကည့္ဖို႔ ေခါင္းေမာ့လိုက္တယ္။ "သူမ႐ွိေတာ့ဘူး၊ ၿပီးေတာ့ ငါဒီကိုေရာက္လာခဲ့တယ္ ။ ဒါက အဆိုးထဲကအေကာင္းဘဲမဟုတ္လား?"

ဟယ္က်ိဳးက ခ်ိယြီကိုအတည္ေပါက္ၾကည့္လာခဲ့ၿပီး ၊ သူ႕ႏႈတ္ခမ္းကလႈပ္႐ွားသြားေပမယ့္လို႔ ဘာစကားလုံးမွထြက္မလာခဲ့ေပ။

ခ်ိယြီကေခါင္းၿငိမ့္လာခဲ့တယ္။ "ဒါေကာင္းတဲ့အခ်က္လို႔ငါထင္တယ္"

တစ္ေယာက္က ေနာက္ဆုံးေတာ့ လြတ္လပ္သြားခဲ့ၿပီဘဲ။

အတက္အက်ေတြကို တစ္ခါမွ မ‌ေတြ႕ၾကဳံခဲ့ရဘူးတဲ့ လူတစ္ေယာက္ ၊ စိတ္အေျခအေနလည္းအဆင္ေျပေနတဲ့ သူက အတိတ္မွာဆက္နစ္မြန္းမေနဘဲ လက္႐ွိမွာလဲ ခ်ဳပ္ေႏွာင္ေနမွာမဟုတ္ဘူး။ ဘာစိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးမွမ႐ွိဘဲ၊ ဟယ္က်ိဳးဆီကေငြကိုသုံး၊ သူ ေပးထားတဲ့အိမ္မွာေနၿပီး အေကာင္ေပါက္ေလးရဲ႕ဆန္းၾကယ္တဲ့ေမြးဖြားျခင္းမွာ ညည္းညဴေနမွာမဟုတ္ဘဲ ဒီကမ႓ာကခ်ိယြီကို သူ႕ကိုယ္ပိုင္စြမ္းရည္နဲ႔ လမ္းမွန္ေရာက္ေအာင္ပို႔ေဆာင္ေပးၿပီး ေျဖာင့္မတ္မွန္ကန္စြာ႐ွင္သန္ေစလိမ့္မယ္။

အရင္က ဖိုရမ္ေပၚက ဆုတ္ယုတ္မႈေတြကိုဘဲ ေတြးၾကည့္လိုက္ပါ။

အခုေတာ့ ထိုအရာေတြေပ်ာက္ကြယ္သြားခဲ့ၿပီး၊ ဖိုရမ္ေပၚမွာ ခ်ီးက်ဴး၊အားေပးမႈေတြ ျဖစ္တည္လာခဲ့တယ္။

ထိုအေၾကာင္းေတြကို စဥ္းစားၾကည့္မိေတာ့၊ ခ်ိယြီ ျပဳံးမိသြားခဲ့တယ္။

ထို႔ေနာက္၊ သူတစ္စုံတစ္ခုကို ေတြးမိသြားသလို အျပဳံးဟာလည္း ရပ္တန္႔သြားခဲ့တယ္။ ခ်ိယြီက ေခါင္းကိုငုံ႔လိုက္ၿပီး သူ႕လက္ေမာင္းေတြၾကားက တေရးႏိုးလို႔ေနတဲ့ အေကာင္ေပါက္ေလးကို ေသခ်ာစိုက္ၾကည့္လိုက္မိတယ္။

မ်က္ဝန္းေလးေတြက သိမ္ေမြ႕လို႔ေနေပမယ့္၊ စိတ္႐ႈပ္ေထြးေနတဲ့ပုံပင္။

"ငါ ခ်ိယြီအတြက္ေကာင္းေကာင္း႐ွင္သန္ၿပီး အေကာင္ေပါက္ေလးကို ေစာင့္ေ႐ွာက္ပါ့မယ္--"

ခ်ိယြီ သူ႕ႏႈတ္ခမ္းကိုကိုက္ကာ၊ အခ်ိန္အေတာ္အၾကာ တုံ႔ဆိုင္းမိေနၿပီးေနာက္ သက္ျပင္းခ်လိုက္မိတယ္။ "ဒါဆို၊ ဘယ္သူက ငါ့အေဖအတြက္ ဂုဏ္ေဆာင္ေပးေတာ့မွာလဲ?"

===================================

• စာလုံးေရ : 3511

• ရက္စြဲ : 30,5 ,2022 (MON)

===================================

Continue Reading

You'll Also Like

27.6K 2.2K 13
brokeback moumtain แ‚แ€ฏแ€•แ€นแ€›แ€ฝแ€„แ€นแ€Ÿแ€ฌ 2005 แ€แ€ฏแ‚แ€ฝแ€…แ€น แ€†แ€ฏ แˆ แ€†แ€ฏแ€›แ€แ€ฒแ‚•แ€•แ€ซแ€แ€šแ€น.. แ€•แ€‘แ€™แ€†แ€ฏแ€ถแ€ธ แ€œแ€ฐแ‚€แ€€แ€ญแ€ณแ€€แ€นแ€กแ€™แ€บแ€ฌแ€ธแ€†แ€ฏแ€ถแ€ธ Gay แ‚แ€ฏแ€•แ€นแ€›แ€ฝแ€„แ€นแ€•แ€ซ.. แ€€แ€ญแ€ฏแ€šแ€นแ‚• แ€กแ€แ€ผแ€€แ€น LGBT แ€†แ€ญแ€ฏแ€แ€ฌ แ€•แ€‘แ€™แ€†แ€ฏแ€ถแ€ธ แ€™แ€ญแ€แ€นแ€†แ€€แ€ญแ€™แ€ญแ€แ€ฒแ‚•...
331K 8.2K 79
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท
441K 55.3K 148
แ€…แ€ญแ€แ€บแ€“แ€ฌแ€แ€บแ€•แ€ผแ€„แ€บแ€ธแ€•แ€ผแ€แ€ฒแ€ทแ€œแ€€แ€บแ€แ€พแ€ฑแ€ทแ€žแ€™แ€ฌแ€ธแ€œแ€ฑแ€ธ แ€”แ€ฒแ€ท แ€”แ€ฐแ€ธแ€Šแ€ถแ€ทแ€–แ€ผแ€ฐแ€…แ€„แ€บแ€แ€ฒแ€ท แ€˜แ€ฒแ€œแ€ฑแ€ธแ€€แ€แ€ปแ€ฑแ€žแ€Šแ€บแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€€แ€ผแ€ฌแ€ธแ€€ แ€แ€ปแ€…แ€บแ€…แ€–แ€ฝแ€šแ€บ แ€•แ€ฏแ€ถแ€•แ€ผแ€„แ€บแ€œแ€ฑแ€ธแ€แ€…แ€บแ€•แ€ฏแ€’แ€บโฃ โ€ขCover photo fully credit to Google.โ€ข Th...