🍼 ငါတော့မယုံဘူး | Uni
ဟယ်ကျိုးရဲ့အရှေ့က ရေချိုးခန်းတံခါးဆီမှာ သွယ်လျတဲ့ပုံရိပ်တစ်ခုရှိနေပြီး၊ ရေစက်ကျသံတွေဟာလဲ သူ့နားထဲသို့ တိုးဖောက်ဝင်ရောက်လို့လာခဲ့တယ်။
အိပ်ခန်းအတွင်းရှိ ငြိမ်သက်မှုက ချိယွီရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးထင်ရှားလို့နေစေတယ်။ ဟယ်ကျိုးရဲ့ နားရွက်တွေဟာ လှုပ်ရှားသွားပြီး၊သူ့ပုံက ချိယွီရဲ့ ကြွေဖြူအသားရည်ပေါ်ကနေ ရေစက်ရေပေါက်တွေ တစ်လက်မချင်းစီ ကျဆင်းနေပုံကို စိတ်ကူးယဉ်ကြည့်နေပုံရတယ်။
ဟယ်ကျိုး မျက်လွှာချလိုက်ပြီးနောက်၊ သူ အနည်းငယ် အာခေါင်ခြောက်နေသလို ခံစားလိုက်ရတယ်။
အဲ့အကြောင်းခဏလောက် တွေးပြီးတာနဲ့ ဟယ်ကျိုး က မတ်တပ်ထရပ်လိုက်ကာ အိပ်ခန်းထဲက ပြတင်းပေါက်တွေအားလုံးကို ဖွင့်လိုက်ပြီး *humidifier (အစိုဓာတ်ထိန်းစက်) ကိုလည်းဖွင့်လိုက်တယ်။ သူက ရေချိုးခန်းကို စိုက်ကြည့်နေတာကို ရပ်လိုက်ပြီး အိပ်ခန်းထဲမှာဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေလိုက်တယ်။
ချိယွီရဲ့အိပ်ခန်းက၊ နေရာအများကြီးရှိတဲ့ master roomဖြစ်သည့်အလျောက် အတော်အသင့်ကျယ်သည်။
သို့သော် အတွင်းပိုင်းအပြင်ဆင်က အလွန်ရိုးရှင်းကာ၊ အိပ်ရာ၊ ဗီရိုနဲ့ စားပွဲခုံကလွဲလို့ အခြားဘာမှမရှိပေ။ အလှဆင်ထားတာကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်ချက်ကြည့်ရုံနဲ့ ရှင်းလင်းလို့နေပေမယ့်...
ဟယ်ကျိုးက သူ့ရှေ့က စားပွဲဆီကို အကြည့်ပို့လိုက်တယ်။
စားပွဲခုံက အလွန်ရှုတ်ပွလို့နေပြီး စာအုပ်များနှင့် အဖြေလွှာများကိုသေချာစီရီထားခြင်းမရှိတာကြောင့်၊ စာရေးရန် နေရာလွတ်တစ်ခုသာ ကျန်တော့သည်။
စားပွဲဆီလျှောက်သွားလိုက်တော့ ကျောင်းစာအုပ်နဲ့ သင်ကြားရေးစာအုပ်တွေသာမက "Parenting Collection", "Infant Sleeping Bible"၊ "A Hundred Ways to Sleep Children" စသည်တို့ကဲ့သို့ မိဘအုပ်ထိန်းရေးနည်းစုံစာအုပ်များ ပါရှိနေသည်ကို တွေ့လိုက်ရတယ်။
စာအုပ်တစ်အုပ်ကို ကောက်လှန်ကြည့်လိုက်တော့ ဟယ်ကျိုး က စာရွက်ပေါ်မှာ ခေါက်ရိုးချိုးကာ မှတ်သားထားသည့် မှတ်စုများရှိနေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ချိယွီက ဒါကို ခုထိဖတ်နေသေးပုံဘဲ။
သို့ပေမယ့်လည်း၊ သူ ဒါတွေကို စိတ်မဝင်စားသလို မနှစ်သက်တာကြောင့် စာမျက်နှာအနည်းငယ်လောက်သာ လှန်လှောကြည့်အပြီးမှာဘဲ စာအုပ်ကို အောက်ပြန်ချထားလိုက်တယ် ။ ချထားပြီးနောက်၊ သူ့ဘေးနားက စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။ စာအုပ်ကိုမ,တင်ကာကြည့်လိုက်တော့၊ စာအုပ်အောက်က သေတ္တာတစ်လုံးရှိနေတာကို တွေ့လိုက်ရတယ်။
သူ့လက်ကိုပြန်ရုတ်တော့မယ့်အချိန်မှာဘဲ ဟယ်ကျိုးက ရပ်တန့်လိုက်ပြီး ၊ ရုတ်တရက် စာအုပ်တွေအောက်က သေတ္တာလေးကို စိတ်ဝင်စားလာခဲ့တယ်။
သူက သေတ္တာပေါ်ဖိတင်ထားတဲ့ စာအုပ်တွေအားလုံးကို ဖယ်ထုတ်လိုက်ပြီး စတုဂံပုံပလပ်စတစ်ပုံးလေးကို ယူကြည့်လိုက်တယ်။ သေတ္တာလေးထဲမှာ အခြားထူးထူးခြားခြားမဟုတ်ပေမယ့်၊ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ အဝတ်တွေကို တွေ့လိုက်ရတယ်။
လက်ဖြင့်လှန်ကြည့်စရာတောင် မလိုအောင်ပင်၊ အထဲရှိ အဝတ်အစားများအားလုံးက သူ့အဝတ်တွေဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနဲ့ ဟယ်ကျိုးသိလိုက်တယ်။
ချိယွီက ယနေ့ သူ့ရဲ့ရှပ်အင်္ကျီအဖြူရောင်ကို ဝတ်ဖို့ရွေးခြယ်ခဲ့တာဖြစ်ပြီး၊ ကျန်အ၀တ်အစားအားလုံးကိုတော့ စားပွဲထောင့်က ဤသေတ္တာလေးထဲမှာ သပ်သပ်ရပ်ရပ် ခေါက်ထည့်လို့ထားတာဖြစ်တယ်။ ဒီအနေအထားက၊ ချိယွီ အိမ်စာလုပ်နေချိန် သို့မဟုတ် စာအုပ်ဖတ်နေချိန်မှာပင် မြင်တွေ့နိုင်သည့်အနေအထားဖြစ်တယ်။
ဒီလိုအပြုအမူမျိုးက...
ဟယ်ကျိုး ရေချိုးခန်းဆီ ကြည့်လိုက်မိပြီး၊ သူ့မျက်လုံးအစုံဟာလည်း ကြည်လင်ပြတ်သားသောအရိပ်အမြွက်အချို့ကိုပြသလို့နေတယ်။
ရုတ်တရက် ဟယ်ကျိုးက တစ်ခုခုမှားနေပြီလို့ခံစားလိုက်ရချိန်မှာဘဲ၊ ရေချိုးခန်းထဲက ရေကျသံတွေဟာလည်း ရပ်တန့်သွားခဲ့ပြီး လုံးဝလှုပ်ရှားမှု မရှိပုံပေါ်လို့နေတယ်။
ချိယွီ အထဲမှာ ဘာလုပ်နေတာများလဲ?
သူ ရေချိုးလို့ပြီးပြီဆိုရင်၊ဘာလို့ထွက်မလာသေးတာလဲ?
ဟယ်ကျိုး ရေချိုးခန်းဆီလျှောက်သွားလိုက်ပြီး၊ တံခါးခေါက်ကာ မေးလိုက်တယ်။ " ချိယွီ ၊ မင်းရေချိုးတာပြီးပြီလား?"
ဟယ်ကျိုးကသူ့ရဲ့အသံတုန်နေတာကို သတိပြုမိလိုက်တာကြောင့်၊ လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး ထိန်းချုပ်ထားရင်း အသက်ပြင်းပြင်းရှူလိုက်တယ်။
"အင်း" အထဲကနေ သေချာနားမထောင်ရင်မကြားနိုင်လောက်တဲ့ တိုးတိမ်တဲ့ တုံ့ပြန်သံတစ်ခုကို သူကြားလိုက်ရတယ်။
"မင်းဘာလို့ထွက်မလာသေးတာလဲ?" ဟယ်ကျိုးထပ်မေးလိုက်တယ်။
"ထွက်လာခဲ့မယ်" ချိယွီရဲ့အသံဟာ ကြောင်လေးတစ်ကောင်ရဲ့ အသံကဲ့သို့ တိုးတိမ်နေဆဲဖြစ်တယ်။
ဟယ်ကျိုးရဲ့ မျက်လုံးအရောင်တွေဟာလည်း ပြောင်းလဲသွားခဲ့ပြီး၊ သူ ရေချိုးခန်းတံခါးဆီ လျှောက်သွားလိုက်ကာ ရေစက်တွေကြောင့်မှုန်ဝါးလို့နေတဲ့ မှန်တံခါးပေါ် လက်ကို တင်လိုက်တယ်။ မှန်ပြင်တံခါးက အေးစက်လို့နေပေမယ့်၊ နွေးထွေးစိုစွတ်ပြီး ရေငွေ့အပြည့်ဖြင့် မှုန်ဝါးလို့နေတယ်။
ကြည့်ရတာ ချိယွီဘာတွေကစားနေတယ်ဆိုတာ၊ သူသိပုံဘဲ။
လျှောတံခါးပေါ်လက်တင်လိုက်ပြီးနောက်၊ ဟယ်ကျိုးက တည်ကြည်လေးနက်စွာနဲ့ပြောလာခဲ့တယ်။ "ငါဒီမှာ"
ဟယ်ကျိုးက အတွင်းမှတုံ့ပြန်မှုကိုစောင့်မနေတော့ဘဲ လျှောတံခါးကို တွန်းကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။
ပူနွေးကာ မှုန်မှိုင်းလို့နေတဲ့ ရေအခိုးအငွေ့တွေ ထွက်ပေါ်လာပြီး၊ နှစ်လိုဖွယ်ပုံသဏ္ဍာန်လေးဟာလည်း သူ့အရှေ့မှာ ပေါ်ပေါက်လို့လာခဲ့တယ်။
ချိယွီက bathtub ဘေးမှာ ကွေးကွေးလေးလက်ပိုက်ကာ ထိုင်လို့နေတာဖြစ်ပြီး လည်ပင်းပေါ်မှလည်ပတ်ကလွဲ၍ သူ့ကိုယ်ပေါ်မှာတော့အဝတ်တစ်စမှမရှိပေ ။ အထိမခံနိုင်လောက်အောင် နူးညံ့လှတဲ့နောက်ကျောနဲ့၊ သူ့ရဲ့ ပန်းရောင်သန်းကာ ချောမွေ့နေတဲ့ပုံသဏ္ဍာန်လေးက ဟယ်ကျိုးရဲ့ မြင်ကွင်းထဲ ဝင်ရောက်လို့လာခဲ့တယ်။
ချိယွီက သူ့မေးစေ့ကို ဒူးပေါ်တင်ကာ၊ အနားယူနေတာဖြစ်တယ်။
သူ့ရဲ့စိုစွတ်နေတဲ့ နက်မှောင်လှတဲ့ဆံနွယ်တွေက နှာဖူးတွင်ရေကြောင့်ကပ်ညိလို့နေကာ ၊ မျက်နှာလေးဟာလည်း ပန်းရောင်သန်းလို့နေပြီး သူ့မျက်လုံးအစုံကိုလည်း တင်းတင်းစေ့မှိတ်လို့ထားတယ်။ သူ့ပုံက အိပ်တစ်ဝက်နိုးတစ်ဝက်ပုံပေါက်လို့နေပြီး၊ အလွန်ချစ်စရာကောင်းကာ သွေးဆောင်လို့နေတယ်။ ရေခိုးရေငွေ့တွေက သူ့ရဲ့အလှကို ရစ်မူးဖွယ်အလှဖြစ်အောင် ပံ့ပိုးလို့နေလေတယ်။
သူလက်လှမ်းပြီး၊ ထိကြည့်လိုက်ချင်မိသည်။
ဟယ်ကျိုးတစ်ယောက် ရင်ဖိုလာခဲ့တယ်။
ရုတ်တရက်ဘဲ သူ့အဖေပြောခဲ့တဲ့စကားကို ပြန်ကြားယောင်မိလိုက်တယ်။ "မင်းမှာ အရည်အချင်းရှိသပဆိုရင်လည်း သူ့ဆီသွားလေ၊ ပြန်တော့မလာခဲ့နဲ့" ဆိုသည့်စကားက သူ့နားထဲ ပဲ့တင်ထပ်လို့လာခဲ့တယ်။ ဤအခိုက်အတန့်မှာဘဲ သူ့အောက်မှာထိုင်နေတဲ့ ချိယွီ ကို ငုံ့ကြည့်မိလိုက်ပြီး ချက်ခြင်းပင် ဤနေရာသို့ လာတာဟာ ကောင်းလိမ့်မည်ဟု ခံစားလိုက်ရတယ်။
သူအဲ့ဒါကို ချိယွီနဲ့အတူလုပ်ရလဲ ကိစ္စမရှိဘူး။
အရွယ်ရောက်ပြီး alphaတစ်ယောက် ၏ဆန္ဒက ပြင်းထန်နေပြီဖြစ်ပြီး သူ့ရှေ့မှလူက သူ့ရဲ့ကိုယ်ပိုင် omega ဖြစ်လို့နေလေသည်။ ထို့အပြင် ချိယွီက သူ့ရဲ့အားနည်းသည့်ပုံစံလေးကို တက်ကြွစွာပြသလို့နေပြီး ဘုရင်ဆီမှရွေးချယ်ခံရရန် ဖိတ်ခေါ်လို့နေဆဲဖြစ်တယ် ။ သူဘာလို့ငြင်းရမှာလဲ?
ငြင်းနေစရာမလိုပေ။
ကိုယ့် alphaကို စိတ်ကျေနပ်အောင်လုပ်ဆောင်ပေးခြင်းကလည်း၊ omegaများ၏ တာဝန်များထဲမှ တစ်ခုဘဲမဟုတ်ပါလားလေ ?။
ဟယ်ကျိုးက သူ့လက်ကိုမြှောက်လိုက်ပြီး၊ သူ့ရှပ်ရဲ့ ထိပ်ဆုံးကကြယ်သီးကို ဖြုတ်လိုက်ကာ၊ ကျန်လက်တစ်ဖက်နဲ့လည်း မှန်တံခါးကို ပိတ်လိုက်ဖို့မမေ့ပေ။
"ဝေါ--"
တံခါးပိတ်သံက ချိယွီကိုနိုးထလာစေခဲ့တယ်။ သူက ရုတ်တရက်ဘဲ ခေါင်းကိုမော့လိုက်ပြီး မျက်တောင်တဖျက်ဖျက်ခတ်လိုက်ကာ၊ ဟယ်ကျိုးကို စိတ်ရှုပ်ထွေးစွာနဲ့ မော့ကြည့်လို့နေတယ်။
"မင်းဘာလုပ်နေတာလဲ?"
သူ့မျက်လုံးတွေက ကြောင်အနေပုံရပြီး ၊ သူကြည့်ရတာ မိုက်မဲတဲ့ အကောင်ပေါက်လေးပုံပေါက်လို့နေတယ်။
ဟယ်ကျိုးရဲ့ မျက်ဝန်းအစုံဟာလည်း မဲမှောင်လို့လာခဲ့တယ်။
ဟယ်ကျိုးမျက်လွှာချလိုက်သည်နှင့်တစ်ပြိုင်နက် ကြွေဖြူရောင်အသားရည်နှင့် ခပ်ရဲရဲမျက်နှာလေးရဲ့ ပုံရိပ်တွေက သူ့အာရုံအနှံ့လွှမ်းမိုးသွားပြီး သူ့လည်ချောင်းဟာလည်း ပို၍ ခြောက်ကပ်လို့လာခဲ့တယ် - "မင်း ဘာပြောလိုက်တာလဲ"
ချိယွီက ဘာမှသတိမထားမိလိုက်ဘဲ မျက်လုံးကိုသာမှိတ်လိုက်ကာ ခေါင်းကိုကုတ်ရင်း ရေချိုးခန်းပြတင်းပေါက်ကို လက်ညိုးထိုးပြလိုက်တယ်။
"လေဝင်အောင် ပြတင်းပေါက်ကိုဖွင့်ထား၊ ငါခေါင်းနည်းနည်းမူးနေလို့"
ဟယ်ကျိုး မျက်ခုံးတစ်ဖက်ပင့်လိုက်မိတယ်။
အရမ်း အရိုင်းဆန်လိုက်တာ ? ရေချိုးခန်းထဲမှာ တန်းပြီးတော့လား?
ချိယွီ မော့ကြည့်မိတော့၊ ဒီတိုင်းကြီးရပ်နေသေးတဲ့ ဟယ်ကျိုးကိုတွေ့လိုက်ရတာကြောင့် ထပ်ပြောလိုက်တယ်။ "သွား၊ တံခါးသွားဖွင့်။ မြန်မြန် "
ဟယ်ကျိုးက ခဏလောက်စဉ်းစားလိုက်ပြီး၊ ပြတင်းပေါက်ကို ဖွင့်ပေးလိုက်တယ်။
တံခါးဖွင့်ပေးထားတယ်ဆိုရင်တောင် ချိယွီကခွန်အားနည်းတာကြောင့် လွတ်မြောက်နိုင်ဖို့နေနေသာသာ၊ တောင့်ခံနိုင်ရင်ဘဲ အတော်ကောင်းနေပါပြီ။
ပြတင်းပေါက်က ပွင့်သွားပြီး အေးမြလန်းဆန်းတဲ့လေများ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့တယ်။
ပူနွေးကာ စိုစွတ်သည့်ရေခိုးရေငွေ့များကလည်း ချက်ချင်းဆိုသလိုဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ချိယွီ ပြတင်းပေါက်ကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်မိကာ၊ သူ့ရင်ဘတ်ဘဲ သက်သောင့်သက်သာဖြစ်သွားတာမဟုတ်ဘဲ၊ သူ့စိတ်အစုံဟာလည်း ကြည်လင်သွားသလိုခံစားလိုက်ရတယ် ။
ဆေးစစ်ချက်တွေကြောင့် မနက်ခင်းမှာ ဘာအစားမှမစားခဲ့ရဘဲ၊ ဆေးစစ်ချက်တွေပြီးလို့ သူအိမ်ရောက်တဲ့အခါမှာလည်း ဘာမှမစားဖြစ်ခဲ့ပေ။ အစပိုင်းမှာတော့ သူ သိပ်နေမကောင်းချင်သလိုခံစားနေခဲ့ရပြီး ဆာလောင်နေခဲ့တာဖြစ်တယ်။ ရေလဲချိုးရော သူစပြီး မူဝေလာကာ၊ အနက်ရောင်အစက်အပြောက်တွေ သူ့ရှေ့ပေါ်ပေါက်လာခဲ့ပြီး၊ သူ့ရဲ့ခြေထောက်တွေဟာလည်း ပျော့ခွေကာလဲကျသွားတော့တယ်။
သူ ရေပန်းကိုချက်ချင်းပိတ်လိုက်ပြီး ထိုင်ချကာ အပြင်ထွက်ဖို့စဉ်းစားခဲ့ပေမယ့်၊ ဟယ်ကျိုးကိုလည်း အထဲမဝင်စေချင်ခဲ့ဘူး။
သို့ပေမယ့်လည်း၊ အချိန်ကိုက်ပါပင် ဟယ်ကျိုးရောက်လာခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကို ဖြေရှင်းပေးခဲ့တယ်။
ချိယွီ စိတ်သက်သာရာရမှုကြောင့်၊ သက်ပြင်းချလိုက်ပြီး : "ကျေးဇူးဘဲ" လို့ပြောလာခဲ့တယ်။
ပြောရင်းပင် ၊ ချိယွီက သူ့ဘေးက bathtubကိုမှီကာ ထရပ်လိုက်ပြီး "အမချမ်းကို ငါစားဖို့တစ်ခုခုပြင်ပေးထားဖို့ သွားပြောပေးလို့ရမလား? ငါ *hypoglycemiaဖြစ်တော့မလို့ဘဲ၊ ရေချိုးရင်းတောင် မူးလဲတော့မလို့"
ဟယ်ကျိုး ရပ်တန့်သွားခဲ့တယ်။
ချိယွီ သူ့ကိုကြည့်မလာခဲ့ဘူး။ နံရံကိုမှီရင်းသာ ရေပန်းအောက်ဆီလျှောက်သွားခဲ့ပြီး ခဏဆေးကြောပြီးနောက်မှာ ဘေးက သဘက်အရှည်တစ်ထည်ကိုဆွဲယူကာ ကိုယ်မှာပတ်ရင်း အခန်းတွင်းမှထွက်သွားခဲ့တယ်။
ဟယ်ကျိုးကို ဖြတ်သွားရင်း၊ ချိယွီက သူ့ရဲ့ပခုံးကိုလှမ်းကိုင်ကာ အကူအညီယူလိုက်ပြီး၊ သူ့ရဲ့အပြုအမူတွေက အလွန်ကိုပင် သဘာဝကျလို့နေတယ်။
ဟယ်ကျိုး : "..."
သူက ချိယွီကို ခြေဖဝါးဗလာနဲ့ အိပ်ခန်းထဲဝင်ကာ၊ ပေါ့ပေါ့ပါးပါးလှုပ်ရှားရင်း သဘက်ဖြင့်သူ့ကိုယ်ကိုသုတ်နေပြီး၊ အဝတ်တစ်ချို့ထုတ်ကာ ယူဝတ်နေတာကို တစ်လျှောက်လုံး ကြည့်နေခဲ့ရတာဖြစ်တယ်။ အတွင်းခံဝတ်ရင်း ၊ နောက်ဆုံးမှာ ခြေကားယားလက်ကားယားဖြင့် အိပ်ရာပေါ်လဲလျောင်းကာ စိတ်ကျေနပ်နေသည့်မျက်နှာနှင့် ချိယွီကို တွေ့လိုက်ရတယ်။
ချိယွီ သက်ပြင်းခပ်ဖွဖွချလိုက်တယ်။ "ငါအသက်ပြန်ရှင်လာခဲ့ပြီဘဲ"
"နောက်တစ်ခါ ဘာအစာမှမရှိဘဲ ရေမချိုးတော့ဘူးကွာ။ မူးလဲတဲ့အထိကို ငါရေချိုးခဲ့တာဘဲ" သူ ဟယ်ကျိုးကိုမော့ကြည့်လိုက်ချိန်မှာတော့၊ ရေချိုးခန်းထဲမှာ ရပ်နေသေးတဲ့ ဟယ်ကျိုးကိုတွေ့လိုက်ရတယ်။ သူ မနေနိုင်ဘဲ သိချင်မိသွားတယ်။ "မင်းလည်းရေချိုးမလို့လား?"
ဟယ်ကျိုး ပြန်အဖြေပေးမလာခဲ့ပေ။
သူပြန်မတုံ့ပြန်တာကိုတွေ့ရတာကြောင့်၊ ချိယွီလည်း ခဏလောက်စဉ်းစားကြည့်လိုက်တယ်။ သူအနေနဲ့ တစ်ကယ်ဘဲ ဟယ်ကျိုးနဲ့ ဆက်ဆံရေးတစ်ခုရှိသည်။ သူ မကူညီချင်မှတော့၊မေ့လိုက်ပါတော့လေ။
ချိယွီ လက်ဆန့်ထုတ်လိုက်ပြီး သူ့ဖုန်းကိုယူကာ Nannyကိုခေါ်လိုက်တယ်။ "အမချမ်းရေ ၊ ခေါက်ဆွဲတစ်ခွက်လောက်ပြင်ပေးပါအုံး။ကျွန်တော် ဒီနေ့ဘာမှမစားရသေးဘူး ရေချိုးရင်းတောင်မူးလဲတော့မလို့"
"အော်၊ဒါနဲ့ ကြက်ဥနှစ်လုံးပါထပ်ထည့်ခဲ့အုံးနော် ၊အသားရောရှိလား အမချမ်း? ရှိရင် နည်းနည်းလောက်ထပ်ထည့်ခဲ့ပေး ၊ ကောင်းပါပြီ"
သူပြောနေရင်းပင်၊ ဟယ်ကျိုးကိုကြည့်လိုက်ပြီး : "မင်းကော ညစာစားပြီးပြီလား?ခေါက်ဆွဲစားချင်လား?"
ဟယ်ကျိုး အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြန်ဖြေလာခဲ့တယ်။ : "...တော်ပြီ.."
"အိုး"
ချိယွီ ဖုန်းနားကပ်ရင်း Nannyဆီမှာကြားလိုက်တယ်။ "ဒါဆို ကျွန်တော့်အတွက်ဘဲ ပြင်ဆင်ခဲ့ပေးပါ"
ဖုန်းချပြီးနောက်၊ ချိယွီ သက်သောင့်သက်သာဖြစ်သလိုခံစားလိုက်ရတယ်။
သူ ခေါက်ဆွဲအနည်းငယ်စားပြီး တစ်ရေးအိပ်ဖို့ အမချမ်းကိုစောင့်နေရုံသာရှိတော့တယ်။
ဟယ်ကျိုးက သူ့မျက်လုံးကိုမှိတ်လိုက်ပြီး၊ သူ့ကိုယ်သူ အလွန်တုံးအ,သလို ခံစားလိုက်ရတယ်။
သူ အိပ်ခန်းဆီပြန်လျှောက်လာခဲ့ပြီး၊တစ်ကိုယ်လုံးမှာ ဘောင်းဘီ သာဝတ်ထားတဲ့ ချိယွီကိုငုံ့ကြည့်လိုက်ကာ : "မင်းနေ့တိုင်း ဒီတိုင်းဘဲဝတ်နေကျလား?"
ချိယွီက စဉ်းတောင်မစဉ်းစားဘဲ ပြန်ဖြေလာခဲ့တယ်။ "အိပ်ရာထဲ ဒီလိုဝတ်တာဘာထူးဆန်းနေလို့လဲ? အပြင်ထွက်ရင်တော့၊ဒီလိုဝတ်ပါ့မလား?"
"Nannyလာတော့မှာလေ"
"သူမ တံခါးခေါက်လိမ့်မယ်"
"ငါကရော?" ဟယ်ကျိုး ထပ်မေးလာခဲ့တယ်။
"တစ်အိမ်လုံးက မင်းအပိုင်ဘဲလေ။ ဒီတော့ ငါတို့ကလည်း--"
ချိယွီအသိပြန်ဝင်လာပြီးခဏအကြာတွင် သူလက်နဲ့စောင်ကိုဆွဲယူလိုက်ကာ သူ့ကိုယ်ကိုရစ်ပတ်လိုက်ပြီး ဟယ်ကျိုးကို လှမ်းကြည့်လိုက်တယ်။ "ငါအခု အော်လိုက်သင့်လား?" "မင်း မယုတ်မာနဲ့နော်?"
ဟယ်ကျိုးက ရယ်လိုက်ပြီး သူ့ရင်ဘတ်ထဲက စိတ်ဓာတ်ကျမှုတွေဟာလည်း ချက်ချင်းဘဲ ပျောက်ကွယ်သွားခဲ့တယ်။
သူက ခွေးခြေကို ဆွဲယူလိုက်ပြီး ချိယွီဘေးမှာ ဝင်ထိုင်လိုက်ကာ သူ့ရှေ့မှာ ပိုးတုံးလုံးကဲ့သို့ စောင်ဖြင့်ထုပ်ပိုးထားတဲ့ ချိယွီကို ပြုံးပြုံးလေးကြည့်လိုက်ရင်း "ငါ မင်း ခန္ဓာကိုယ်ကို ဘယ်နှစ်ခါတောင်မြင်ဖူးခဲ့တာပါလိမ့်။ အခု ငါ့ဆီကနေ ဖုံးကွယ်ချင်နေတာလား"
"..."
ချိယွီ တိတ်တဆိတ်မေးလာခဲ့တယ်။ "အဲဒါကို ဖုံးကွယ်ဖို့ တကယ်လိုအပ်လား?"
ချိယွီ အရင်က ရေကူးlessonသင်ယူခဲ့တာကိုမှတ်မိသွားတယ်။ လူအများကြားများတောင် ယောက်ျားလေးomegaက ရေကူးဝတ်စုံဘဲ ဝတ်ခဲ့တာလေ ။
ပြီးတော့၊ အားလုံးက တူညီတဲ့ ခန္ဓာကိုယ်အပြင်ပိုင်းပုံသဏ္ဍာန်တွေရှိကြတာဘဲဟာ။ သူ့မှာရှိတဲ့ဟာက ကိုယ့်မှာရှိပြီးသားဘဲ။ ဖုံးကွယ်ဖို့ လိုလို့လား?
သူက ဟယ်ကျိုးရဲ့ ခပ်တိုးတိုးရယ်သံကိုကြားရချိန်မှာဘဲ အဲ့အကြောင်း စဉ်းစားနေတာဖြစ်တယ်။
ချိယွီက သူ့လှည့်စားခံလိုက်ရပြီဆိုတာ သိလိုက်တာကြောင့်၊ မျက်ဆံကိုလှိမ့်လိုက်ကာ သူ့ကိုယ်ပေါ်က စောင်ကိုဖယ်ရှားလိုက်တယ်။
နွေရာသီမှာတော့၊ ရေချိုးပြီးတာနဲ့ သက်တောင့်သက်သာရှိနေတုန်းပင်။
ဒါပေမယ့် သူခဏတာလောက် သက်တောင့်သက်သာ မဖြစ်ခင်မှာဘဲ သူဖယ်ထားတဲ့စောင်က သူ့ကိုယ်ပေါ် ပြန်ဖုံးသွားခဲ့တယ်။
ချိယွီက သံသယအကြည့်နဲ့ ဟယ်ကျိုးကို မော့ကြည့်လိုက်တော့ ကုတင်ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ ထောင့်အနေအထားကြောင့် ဟယ်ကျိုးရဲ့ထင်ရှားလို့နေတဲ့နေရာကို တစ်ချက်ကြည့်လိုက်တယ်။
ချိယွီ : "..."
"ငါ့ရှေ့မှာ ဖုံးထားရင် ပိုကောင်းလိမ့်မယ်" ဟယ်ကျိုးကအလေးအနက် အကြံပြုလာခဲ့တယ်။
"ကိုယ့်ကိုကိုယ် ထိန်းချုပ်မထားနိုင်ဘူးလားကွာ" ချိယွီ ထပေါက်ကွဲတော့တယ်။ ဤသည်မှာ ဟယ်ကျိုး သူ့ကြောင့်တုံ့ပြန်တာ ဒုတိယအကြိမ်ဖြစ်သည်။ ဒီလူ ဘာဖြစ်နေတာလဲ ။ Humanoid Teddy? တခြားသူတွေကို ကိုယ်လုံးတီးနဲ့ တွေ့တဲ့အခါလည်း တုံ့ပြန်မှာဘဲလား?
ဟယ်ကျိုးက ပြန်ဖြေမလားဘဲ၊မေးလာခဲ့တယ်။
"မင်း ငါ့အပေါ်ဘာခံစားချက်မှမရှိဘူးလား?"
ချိယွီ သိချင်သွားခဲ့တယ်။ "မင်းအပေါ်ဘယ်လို ခံစားရမှာလဲ?"
ဟယ်ကျိုး မျက်မှောင်ကြုံ့မိသွားခဲ့တယ်။ "မင်းငါ့ကိုမလိုချင်ဘူးလား?"
ချိယွီ ပိုပြီးတော့တောင်စိတ်ရှုပ်ထွေးသွားခဲ့တယ်။
"မင်းကိုလိုချင်တယ်? ဘာလို့လဲ?"
ဟယ်ကျိုး တောင့်ခဲသွားခဲ့တယ်။သူက လက်ကိုဆန့်တန်းလိုက်ပြီး ချိယွီရဲ့လည်ပင်းပေါ်က pheromone လည်ပတ်ရဲ့ ခလုတ်ကို ဖိနှိပ်ကြည့်လိုက်တော့ လည်ပတ်ပေါ်က နံပါတ်တွေက အသင့်အတင့်သာ ရှိလို့နေတာကိုတွေ့လိုက်ရတယ်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူက ချိယွီရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး၊ ငုံ့ကိုင်းလိုက်ကာ ချိယွီကိုကြည့်လိုက်တယ်။ "အခုပြောကြည့်"
ချိယွီ သူ့လက်ကိုပြန်ဆွဲယူလိုက်တယ်။"မင်းဘာလုပ်နေတာလဲ?"
"မင်းရဲ့ရင်ခုန်သံတွေမြန်လာတယ်လို့ မခံစားရဘူးလား?" ဟယ်ကျိုးမေးလာခဲ့တယ်။
ချိယွီမျက်တောင်ခတ်လိုက်မိပြီး ဟယ်ကျိုး ရဲ့ လုပ်ရပ်ကြောင့် သူ နားမလည်နိုင်လောက်အောင် ဖြစ်သွားခဲ့တယ်- "...မခံစားရပါဘူး"
ဟယ်ကျိုးကချိယွီကို မယုံဘူး ။သူက မျက်မှောင်ကြုတ်ကာချိယွီရဲ့လည်ပတ်ကို နှိပ်လိုက်တယ်။ လည်ပတ်ပေါ်ကValueက အရင်အတိုင်းပင်၊ အတက်အကျ မရှိပေ။
ချိယွီက သူ့လည်ပင်းပေါ်က ဟယ်ကျိုးရဲ့ အရှုပ်ထုပ်လက်ကို ဆွဲကိုင်လိုက်ပြီး "ဟေး ဟေး မင်းဘာလုပ်နေတာလဲ"
ဟယ်ကျိုး စိတ်ရှုပ်ထွေးသွားခဲ့တယ်။
မဖြစ်သင့်ဘူး၊ ဘယ်နေရာကမှားနေတာလဲ?
ရုတ်တရက်ဆိုသလိုဘဲ ချိယွီဟာ တစ်စုံတစ်ခုကိုတွေးမိလိုက်တာကြောင့်၊ ဟယ်ကျိုးကို အိပ်ရာတစ်ဖက်ခြမ်းဆီ တွန်းထုတ်လိုက်တယ်။
"ငါသိပြီ၊ မင်းကငါ့ကိုထပ်လှည့်စားချင်နေတာဘဲ ၊ ဟုတ်တယ်မလား?"
ချိယွီက မောက်မာဟန်အပြည့်နဲ့ သူ့မေးကိုပင့်မော့ရင်းပြောလာခဲ့တယ်။ "အားနာပေမယ့်၊ အဲ့ဒါကအခုအသုံးဝင်တော့မှာမဟုတ်ဘူး"
ချိယွီ ကုတင်ကနေထရပ်လိုက်ပြီး အံဆွဲဘေးကသပ်သပ်ရပ်ရပ် စီထားတဲ့ pheromone တားဆေးတွေကို ဟယ်ကျိုးကို ပြလိုက်ကာ ၊ သူ ဒီနေ့တစ်နေကုန်သယ်ခဲ့ရတဲ့ Nannyစီစဉ်ပေးခဲ့တဲ့အိတ်ကို ဖွင့်လိုက်တယ်။ ထပ်ပေါင်းထည့်ရရင် စကြဝဠာငယ်လေးထဲက အရာတွေအပြင်၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးအထုပ်တစ်ထုပ်လည်း ပါရှိလို့နေတယ်။
ချိယွီက ထိုအထုပ်ထဲက transparent ထိုးဆေးကိုယူပြီး ဟယ်ကျိုးဖက် လှုပ်ခါပြလိုက်တယ်။
"ဒါဘာလဲ မင်းသိလား?"
ဟယ်ကျိုး : "ဘာလဲ?"
"ဒီဆေးက pheromone ရဲ့ အာရုံခံနိုင်စွမ်းကို လျှော့ချပေးနိုင်တယ်"
ထုံဆေးများကို ပေါင်းစပ်ထားသလိုပါပင်။ နာကျင်မှုမရှိသလို၊ ဒီဆေးကိုထိုးပြီးနောက် pheromone ရဲ့ perception ဟာလည်း ထုံကျင်လာမှာဖြစ်တယ်။ ယေဘူယျအားဖြင့် ၎င်းကို inhibitor(တားဆေး) အလွန်အကျွံထိုးသွင်းခြင်းက ကာကွယ်ရန်နှင့် ဆေးကိုခံနိုင်ရည်ရှိအောင်လုပ်ဆောင်ရာတွင် အသုံးပြုလေ့ရှိသည်။
ခွဲစိတ်မှုမပြုလုပ်မီ၊ နောက်တစ်ကြိမ်ထပ်၍ အမှတ်အသားပြုခံရခြင်းမှ ကာကွယ်ရန် ဆရာဝန်က ဒီဆေးကို ချိယွီအတွက် ညွှန်းပေးခဲ့တာဖြစ်တယ်။
ဟယ်ကျိုးရဲ့ စားမလိုဝါးမလိုအကြည့်တွေကိုမြင်အပြီးမှာတော့ ချိယွီက အနည်းငယ်ခါးသက်စွာပြုံးလိုက်ကာ "အရင်ကလို pheromoneနဲ့ ငါ့ကို လှုံ့ဆော်နိုင်ဖို့မစဉ်းစားနဲ့။ အသုံးဝင်မှာမဟုတ်ဘူး၊ အခု မင်းရဲ့ pheromone နဲ့ ပတ်သက်ပြီး ငါဘာမှမခံစားရဘူး"
ဟယ်ကျိုးက မျက်ခုံးပင့်ကာ မေးလာခဲ့တယ်။ "တစ်ကယ်လား?"
ချိယွီက အခိုင်အမာပင် ပြန်ဖြေလာခဲ့တယ်။ "တစ်ကယ်ပါဆို"
ဟယ်ကျိုးက ဘာမှထပ်ပြောမလာခဲ့ပေ။ သူက ချိယွီရှေ့မှာဘဲ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ချိယွီရဲ့လည်ပင်းပေါ်က pheromoneတားဆေးလည်ပတ်ကို ပိတ်လိုက်ကာ သူ့ရဲ့လက်ထိပ်နဲ့တစ်နေရာရာကို အထိ "ကလစ်" ဆိုသည့်အသံထွက်ပေါ်လာပြီး ၊ လည်ပတ်ဟာလည်း ပြုတ်ထွက်သွားခဲ့တယ်။
ဟယ်ကျိုးက နက်ရှိုင်းလှတဲ့အကြည့်တွေနဲ့ ချိယွီကိုကြည့်လိုက်ပြီး ၊ သူ့ရဲ့နှုတ်ခမ်းထောင့်ဟာလည်း ပင့်တက်လို့နေလေတယ်။ "ငါတော့မယုံဘူး"
------------------------------------------------------------
MT/N :
*Hypoglycemia : (သွေးတွင်းသကြားဓာတ်နည်းခြင်း သို့မဟုတ် hypoglycemia ဟုခေါ်သော သွေးတွင်းဂလူးကို့စ်နည်းခြင်းသည် သင့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သွေးတွင်းဂလူးကို့စ်အဆင့်အောက် ကျဆင်းသွားသည့်အခါ ဖြစ်ပေါ်သည်။)
*humidifier (အစိုဓာတ်ထိန်းစက်)
===================================
- စာလုံးရေ : 3590
- ရက်စွဲ : 11,5,2022 ( WED )
===================================
🍼 ငါေတာ့မယုံဘူး | Zaw
ဟယ္က်ိဳးရဲ႕အေ႐ွ႕က ေရခ်ိဳးခန္းတံခါးဆီမွာ သြယ္လ်တဲ့ပုံရိပ္တစ္ခု႐ွိေနၿပီး၊ ေရစက္က်သံေတြဟာလဲ သူ႕နားထဲသို႔ တိုးေဖာက္ဝင္ေရာက္လို႔လာခဲ့တယ္။
အိပ္ခန္းအတြင္း႐ွိ ၿငိမ္သက္မႈက ခ်ိယြီရဲ႕ လႈပ္႐ွားမႈေတြကို ပိုၿပီးထင္႐ွားလို႔ေနေစတယ္။ ဟယ္က်ိဳးရဲ႕ နား႐ြက္ေတြဟာ လႈပ္႐ွားသြားၿပီး၊သူ႕ပုံက ခ်ိယြီရဲ႕ ေႂကြျဖဴအသားရည္ေပၚကေန ေရစက္ေရေပါက္ေတြ တစ္လက္မခ်င္းစီ က်ဆင္းေနပုံကို စိတ္ကူးယဥ္ၾကည့္ေနပုံရတယ္။
ဟယ္က်ိဳး မ်က္လႊာခ်လိုက္ၿပီးေနာက္၊ သူ အနည္းငယ္ အာေခါင္ေျခာက္ေနသလို ခံစားလိုက္ရတယ္။
အဲ့အေၾကာင္းခဏေလာက္ ေတြးၿပီးတာနဲ႔ ဟယ္က်ိဳး က မတ္တပ္ထရပ္လိုက္ကာ အိပ္ခန္းထဲက ျပတင္းေပါက္ေတြအားလုံးကို ဖြင့္လိုက္ၿပီး *humidifier (အစိုဓာတ္ထိန္းစက္) ကိုလည္းဖြင့္လိုက္တယ္။ သူက ေရခ်ိဳးခန္းကို စိုက္ၾကည့္ေနတာကို ရပ္လိုက္ၿပီး အိပ္ခန္းထဲမွာဘဲ ေပါ့ေပါ့ပါးပါး လမ္းေလွ်ာက္ေနလိုက္တယ္။
ခ်ိယြီရဲ႕အိပ္ခန္းက၊ ေနရာအမ်ားႀကီး႐ွိတဲ့ master roomျဖစ္သည့္အေလ်ာက္ အေတာ္အသင့္က်ယ္သည္။
သို႔ေသာ္ အတြင္းပိုင္းအျပင္ဆင္က အလြန္႐ိုး႐ွင္းကာ၊ အိပ္ရာ၊ ဗီ႐ိုနဲ႔ စားပြဲခုံကလြဲလို႔ အျခားဘာမွမ႐ွိေပ။ အလွဆင္ထားတာကလည္း ႐ိုး႐ိုး႐ွင္း႐ွင္းေလးနဲ႔ တစ္ခ်က္ၾကည့္႐ုံနဲ႔ ႐ွင္းလင္းလို႔ေနေပမယ့္...
ဟယ္က်ိဳးက သူ႕ေ႐ွ႕က စားပြဲဆီကို အၾကည့္ပို႔လိုက္တယ္။
စားပြဲခုံက အလြန္႐ႈတ္ပြလို႔ေနၿပီး စာအုပ္မ်ားႏွင့္ အေျဖလႊာမ်ားကိုေသခ်ာစီရီထားျခင္းမ႐ွိတာေၾကာင့္၊ စာေရးရန္ ေနရာလြတ္တစ္ခုသာ က်န္ေတာ့သည္။
စားပြဲဆီေလွ်ာက္သြားလိုက္ေတာ့ ေက်ာင္းစာအုပ္နဲ႔ သင္ၾကားေရးစာအုပ္ေတြသာမက "Parenting Collection", "Infant Sleeping Bible"၊ "A Hundred Ways to Sleep Children" စသည္တို႔ကဲ့သို႔ မိဘအုပ္ထိန္းေရးနည္းစုံစာအုပ္မ်ား ပါ႐ွိေနသည္ကို ေတြ႕လိုက္ရတယ္။
စာအုပ္တစ္အုပ္ကို ေကာက္လွန္ၾကည့္လိုက္ေတာ့ ဟယ္က်ိဳး က စာ႐ြက္ေပၚမွာ ေခါက္႐ိုးခ်ိဳးကာ မွတ္သားထားသည့္ မွတ္စုမ်ား႐ွိေနတာကို ေတြ႕လိုက္ရတယ္။ ၾကည့္ရတာ ခ်ိယြီက ဒါကို ခုထိဖတ္ေနေသးပုံဘဲ။
သို႔ေပမယ့္လည္း၊ သူ ဒါေတြကို စိတ္မဝင္စားသလို မႏွစ္သက္တာေၾကာင့္ စာမ်က္ႏွာအနည္းငယ္ေလာက္သာ လွန္ေလွာၾကည့္အၿပီးမွာဘဲ စာအုပ္ကို ေအာက္ျပန္ခ်ထားလိုက္တယ္ ။ ခ်ထားၿပီးေနာက္၊ သူ႕ေဘးနားက စာအုပ္တစ္အုပ္ကို ေတြ႕လိုက္ရတယ္။ စာအုပ္ကိုမ,တင္ကာၾကည့္လိုက္ေတာ့၊ စာအုပ္ေအာက္က ေသတၱာတစ္လုံး႐ွိေနတာကို ေတြ႕လိုက္ရတယ္။
သူ႕လက္ကိုျပန္႐ုတ္ေတာ့မယ့္အခ်ိန္မွာဘဲ ဟယ္က်ိဳးက ရပ္တန္႔လိုက္ၿပီး ၊ ႐ုတ္တရက္ စာအုပ္ေတြေအာက္က ေသတၱာေလးကို စိတ္ဝင္စားလာခဲ့တယ္။
သူက ေသတၱာေပၚဖိတင္ထားတဲ့ စာအုပ္ေတြအားလုံးကို ဖယ္ထုတ္လိုက္ၿပီး စတုဂံပုံပလပ္စတစ္ပုံးေလးကို ယူၾကည့္လိုက္တယ္။ ေသတၱာေလးထဲမွာ အျခားထူးထူးျခားျခားမဟုတ္ေပမယ့္၊ သပ္သပ္ရပ္ရပ္ ေခါက္ထားတဲ့ အဝတ္ေတြကို ေတြ႕လိုက္ရတယ္။
လက္ျဖင့္လွန္ၾကည့္စရာေတာင္ မလိုေအာင္ပင္၊ အထဲ႐ွိ အဝတ္အစားမ်ားအားလုံးက သူ႕အဝတ္ေတြျဖစ္ေၾကာင္း တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ဟယ္က်ိဳးသိလိုက္တယ္။
ခ်ိယြီက ယေန႔ သူ႕ရဲ႕႐ွပ္အက်ႌအျဖဴေရာင္ကို ဝတ္ဖို႔ေ႐ြးျခယ္ခဲ့တာျဖစ္ၿပီး၊ က်န္အ၀တ္အစားအားလုံးကိုေတာ့ စားပြဲေထာင့္က ဤေသတၱာေလးထဲမွာ သပ္သပ္ရပ္ရပ္ ေခါက္ထည့္လို႔ထားတာျဖစ္တယ္။ ဒီအေနအထားက၊ ခ်ိယြီ အိမ္စာလုပ္ေနခ်ိန္ သို႔မဟုတ္ စာအုပ္ဖတ္ေနခ်ိန္မွာပင္ ျမင္ေတြ႕ႏိုင္သည့္အေနအထားျဖစ္တယ္။
ဒီလိုအျပဳအမူမ်ိဳးက...
ဟယ္က်ိဳး ေရခ်ိဳးခန္းဆီ ၾကည့္လိုက္မိၿပီး၊ သူ႕မ်က္လုံးအစုံဟာလည္း ၾကည္လင္ျပတ္သားေသာအရိပ္အႁမြက္အခ်ိဳ႕ကိုျပသလို႔ေနတယ္။
႐ုတ္တရက္ ဟယ္က်ိဳးက တစ္ခုခုမွားေနၿပီလို႔ခံစားလိုက္ရခ်ိန္မွာဘဲ၊ ေရခ်ိဳးခန္းထဲက ေရက်သံေတြဟာလည္း ရပ္တန္႔သြားခဲ့ၿပီး လုံးဝလႈပ္႐ွားမႈ မ႐ွိပုံေပၚလို႔ေနတယ္။
ခ်ိယြီ အထဲမွာ ဘာလုပ္ေနတာမ်ားလဲ?
သူ ေရခ်ိဳးလို႔ၿပီးၿပီဆိုရင္၊ဘာလို႔ထြက္မလာေသးတာလဲ?
ဟယ္က်ိဳး ေရခ်ိဳးခန္းဆီေလွ်ာက္သြားလိုက္ၿပီး၊ တံခါးေခါက္ကာ ေမးလိုက္တယ္။ " ခ်ိယြီ ၊ မင္းေရခ်ိဳးတာၿပီးၿပီလား?"
ဟယ္က်ိဳးကသူ႕ရဲ႕အသံတုန္ေနတာကို သတိျပဳမိလိုက္တာေၾကာင့္၊ လက္ႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ထားၿပီး ထိန္းခ်ဳပ္ထားရင္း အသက္ျပင္းျပင္း႐ွဴလိုက္တယ္။
"အင္း" အထဲကေန ေသခ်ာနားမေထာင္ရင္မၾကားႏိုင္ေလာက္တဲ့ တိုးတိမ္တဲ့ တုံ႔ျပန္သံတစ္ခုကို သူၾကားလိုက္ရတယ္။
"မင္းဘာလို႔ထြက္မလာေသးတာလဲ?" ဟယ္က်ိဳးထပ္ေမးလိုက္တယ္။
"ထြက္လာခဲ့မယ္" ခ်ိယြီရဲ႕အသံဟာ ေၾကာင္ေလးတစ္ေကာင္ရဲ႕ အသံကဲ့သို႔ တိုးတိမ္ေနဆဲျဖစ္တယ္။
ဟယ္က်ိဳးရဲ႕ မ်က္လုံးအေရာင္ေတြဟာလည္း ေျပာင္းလဲသြားခဲ့ၿပီး၊ သူ ေရခ်ိဳးခန္းတံခါးဆီ ေလွ်ာက္သြားလိုက္ကာ ေရစက္ေတြေၾကာင့္မႈန္ဝါးလို႔ေနတဲ့ မွန္တံခါးေပၚ လက္ကို တင္လိုက္တယ္။ မွန္ျပင္တံခါးက ေအးစက္လို႔ေနေပမယ့္၊ ေႏြးေထြးစိုစြတ္ၿပီး ေရေငြ႕အျပည့္ျဖင့္ မႈန္ဝါးလို႔ေနတယ္။
ၾကည့္ရတာ ခ်ိယြီဘာေတြကစားေနတယ္ဆိုတာ၊ သူသိပုံဘဲ။
ေလွ်ာတံခါးေပၚလက္တင္လိုက္ၿပီးေနာက္၊ ဟယ္က်ိဳးက တည္ၾကည္ေလးနက္စြာနဲ႔ေျပာလာခဲ့တယ္။ "ငါဒီမွာ"
ဟယ္က်ိဳးက အတြင္းမွတုံ႔ျပန္မႈကိုေစာင့္မေနေတာ့ဘဲ ေလွ်ာတံခါးကို တြန္းကာ ျဖည္းျဖည္းခ်င္း ဖြင့္လိုက္တယ္။
ပူေႏြးကာ မႈန္မိႈင္းလို႔ေနတဲ့ ေရအခိုးအေငြ႕ေတြ ထြက္ေပၚလာၿပီး၊ ႏွစ္လိုဖြယ္ပုံသ႑ာန္ေလးဟာလည္း သူ႕အေ႐ွ႕မွာ ေပၚေပါက္လို႔လာခဲ့တယ္။
ခ်ိယြီက bathtub ေဘးမွာ ေကြးေကြးေလးလက္ပိုက္ကာ ထိုင္လို႔ေနတာျဖစ္ၿပီး လည္ပင္းေပၚမွလည္ပတ္ကလြဲ၍ သူ႕ကိုယ္ေပၚမွာေတာ့အဝတ္တစ္စမွမ႐ွိေပ ။ အထိမခံႏိုင္ေလာက္ေအာင္ ႏူးညံ့လွတဲ့ေနာက္ေက်ာနဲ႔၊ သူ႕ရဲ႕ ပန္းေရာင္သန္းကာ ေခ်ာေမြ႕ေနတဲ့ပုံသ႑ာန္ေလးက ဟယ္က်ိဳးရဲ႕ ျမင္ကြင္းထဲ ဝင္ေရာက္လို႔လာခဲ့တယ္။
ခ်ိယြီက သူ႕ေမးေစ့ကို ဒူးေပၚတင္ကာ၊ အနားယူေနတာျဖစ္တယ္။
သူ႕ရဲ႕စိုစြတ္ေနတဲ့ နက္ေမွာင္လွတဲ့ဆံႏြယ္ေတြက ႏွာဖူးတြင္ေရေၾကာင့္ကပ္ညိလို႔ေနကာ ၊ မ်က္ႏွာေလးဟာလည္း ပန္းေရာင္သန္းလို႔ေနၿပီး သူ႕မ်က္လုံးအစုံကိုလည္း တင္းတင္းေစ့မွိတ္လို႔ထားတယ္။ သူ႕ပုံက အိပ္တစ္ဝက္ႏိုးတစ္ဝက္ပုံေပါက္လို႔ေနၿပီး၊ အလြန္ခ်စ္စရာေကာင္းကာ ေသြးေဆာင္လို႔ေနတယ္။ ေရခိုးေရေငြ႕ေတြက သူ႕ရဲ႕အလွကို ရစ္မူးဖြယ္အလွျဖစ္ေအာင္ ပံ့ပိုးလို႔ေနေလတယ္။
သူလက္လွမ္းၿပီး၊ ထိၾကည့္လိုက္ခ်င္မိသည္။
ဟယ္က်ိဳးတစ္ေယာက္ ရင္ဖိုလာခဲ့တယ္။
႐ုတ္တရက္ဘဲ သူ႕အေဖေျပာခဲ့တဲ့စကားကို ျပန္ၾကားေယာင္မိလိုက္တယ္။ "မင္းမွာ အရည္အခ်င္း႐ွိသပဆိုရင္လည္း သူ႕ဆီသြားေလ၊ ျပန္ေတာ့မလာခဲ့နဲ႔" ဆိုသည့္စကားက သူ႕နားထဲ ပဲ့တင္ထပ္လို႔လာခဲ့တယ္။ ဤအခိုက္အတန္႔မွာဘဲ သူ႕ေအာက္မွာထိုင္ေနတဲ့ ခ်ိယြီ ကို ငုံ႔ၾကည့္မိလိုက္ၿပီး ခ်က္ျခင္းပင္ ဤေနရာသို႔ လာတာဟာ ေကာင္းလိမ့္မည္ဟု ခံစားလိုက္ရတယ္။
သူအဲ့ဒါကို ခ်ိယြီနဲ႔အတူလုပ္ရလဲ ကိစၥမ႐ွိဘူး။
အ႐ြယ္ေရာက္ၿပီး alphaတစ္ေယာက္ ၏ဆႏၵက ျပင္းထန္ေနၿပီျဖစ္ၿပီး သူ႕ေ႐ွ႕မွလူက သူ႕ရဲ႕ကိုယ္ပိုင္ omega ျဖစ္လို႔ေနေလသည္။ ထို႔အျပင္ ခ်ိယြီက သူ႕ရဲ႕အားနည္းသည့္ပုံစံေလးကို တက္ႂကြစြာျပသလို႔ေနၿပီး ဘုရင္ဆီမွေ႐ြးခ်ယ္ခံရရန္ ဖိတ္ေခၚလို႔ေနဆဲျဖစ္တယ္ ။ သူဘာလို႔ျငင္းရမွာလဲ?
ျငင္းေနစရာမလိုေပ။
ကိုယ့္ alphaကို စိတ္ေက်နပ္ေအာင္လုပ္ေဆာင္ေပးျခင္းကလည္း၊ omegaမ်ား၏ တာဝန္မ်ားထဲမွ တစ္ခုဘဲမဟုတ္ပါလားေလ ?။
ဟယ္က်ိဳးက သူ႕လက္ကိုေျမႇာက္လိုက္ၿပီး၊ သူ႕႐ွပ္ရဲ႕ ထိပ္ဆုံးကၾကယ္သီးကို ျဖဳတ္လိုက္ကာ၊ က်န္လက္တစ္ဖက္နဲ႔လည္း မွန္တံခါးကို ပိတ္လိုက္ဖို႔မေမ့ေပ။
"ေဝါ--"
တံခါးပိတ္သံက ခ်ိယြီကိုႏိုးထလာေစခဲ့တယ္။ သူက ႐ုတ္တရက္ဘဲ ေခါင္းကိုေမာ့လိုက္ၿပီး မ်က္ေတာင္တဖ်က္ဖ်က္ခတ္လိုက္ကာ၊ ဟယ္က်ိဳးကို စိတ္႐ႈပ္ေထြးစြာနဲ႔ ေမာ့ၾကည့္လို႔ေနတယ္။
"မင္းဘာလုပ္ေနတာလဲ?"
သူ႕မ်က္လုံးေတြက ေၾကာင္အေနပုံရၿပီး ၊ သူၾကည့္ရတာ မိုက္မဲတဲ့ အေကာင္ေပါက္ေလးပုံေပါက္လို႔ေနတယ္။
ဟယ္က်ိဳးရဲ႕ မ်က္ဝန္းအစုံဟာလည္း မဲေမွာင္လို႔လာခဲ့တယ္။
ဟယ္က်ိဳးမ်က္လႊာခ်လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေႂကြျဖဴေရာင္အသားရည္ႏွင့္ ခပ္ရဲရဲမ်က္ႏွာေလးရဲ႕ ပုံရိပ္ေတြက သူ႕အာ႐ုံအႏွံ႔လႊမ္းမိုးသြားၿပီး သူ႕လည္ေခ်ာင္းဟာလည္း ပို၍ ေျခာက္ကပ္လို႔လာခဲ့တယ္ - "မင္း ဘာေျပာလိုက္တာလဲ"
ခ်ိယြီက ဘာမွသတိမထားမိလိုက္ဘဲ မ်က္လုံးကိုသာမွိတ္လိုက္ကာ ေခါင္းကိုကုတ္ရင္း ေရခ်ိဳးခန္းျပတင္းေပါက္ကို လက္ညိဳးထိုးျပလိုက္တယ္။
"ေလဝင္ေအာင္ ျပတင္းေပါက္ကိုဖြင့္ထား၊ ငါေခါင္းနည္းနည္းမူးေနလို႔"
ဟယ္က်ိဳး မ်က္ခုံးတစ္ဖက္ပင့္လိုက္မိတယ္။
အရမ္း အ႐ိုင္းဆန္လိုက္တာ ? ေရခ်ိဳးခန္းထဲမွာ တန္းၿပီးေတာ့လား?
ခ်ိယြီ ေမာ့ၾကည့္မိေတာ့၊ ဒီတိုင္းႀကီးရပ္ေနေသးတဲ့ ဟယ္က်ိဳးကိုေတြ႕လိုက္ရတာေၾကာင့္ ထပ္ေျပာလိုက္တယ္။ "သြား၊ တံခါးသြားဖြင့္။ ျမန္ျမန္ "
ဟယ္က်ိဳးက ခဏေလာက္စဥ္းစားလိုက္ၿပီး၊ ျပတင္းေပါက္ကို ဖြင့္ေပးလိုက္တယ္။
တံခါးဖြင့္ေပးထားတယ္ဆိုရင္ေတာင္ ခ်ိယြီကခြန္အားနည္းတာေၾကာင့္ လြတ္ေျမာက္ႏိုင္ဖို႔ေနေနသာသာ၊ ေတာင့္ခံႏိုင္ရင္ဘဲ အေတာ္ေကာင္းေနပါၿပီ။
ျပတင္းေပါက္က ပြင့္သြားၿပီး ေအးျမလန္းဆန္းတဲ့ေလမ်ား အခန္းတြင္းသို႔ ဝင္ေရာက္လာခဲ့တယ္။
ပူေႏြးကာ စိုစြတ္သည့္ေရခိုးေရေငြ႕မ်ားကလည္း ခ်က္ခ်င္းဆိုသလိုဘဲ ေပ်ာက္ကြယ္သြားခဲ့တယ္။ ခ်ိယြီ ျပတင္းေပါက္ကိုၾကည့္လိုက္ၿပီး အသက္ျပင္းျပင္း႐ွဴလိုက္မိကာ၊ သူ႕ရင္ဘတ္ဘဲ သက္ေသာင့္သက္သာျဖစ္သြားတာမဟုတ္ဘဲ၊ သူ႕စိတ္အစုံဟာလည္း ၾကည္လင္သြားသလိုခံစားလိုက္ရတယ္ ။
ေဆးစစ္ခ်က္ေတြေၾကာင့္ မနက္ခင္းမွာ ဘာအစားမွမစားခဲ့ရဘဲ၊ ေဆးစစ္ခ်က္ေတြၿပီးလို႔ သူအိမ္ေရာက္တဲ့အခါမွာလည္း ဘာမွမစားျဖစ္ခဲ့ေပ။ အစပိုင္းမွာေတာ့ သူ သိပ္ေနမေကာင္းခ်င္သလိုခံစားေနခဲ့ရၿပီး ဆာေလာင္ေနခဲ့တာျဖစ္တယ္။ ေရလဲခ်ိဳးေရာ သူစၿပီး မူေဝလာကာ၊ အနက္ေရာင္အစက္အေျပာက္ေတြ သူ႕ေ႐ွ႕ေပၚေပါက္လာခဲ့ၿပီး၊ သူ႕ရဲ႕ေျခေထာက္ေတြဟာလည္း ေပ်ာ့ေခြကာလဲက်သြားေတာ့တယ္။
သူ ေရပန္းကိုခ်က္ခ်င္းပိတ္လိုက္ၿပီး ထိုင္ခ်ကာ အျပင္ထြက္ဖို႔စဥ္းစားခဲ့ေပမယ့္၊ ဟယ္က်ိဳးကိုလည္း အထဲမဝင္ေစခ်င္ခဲ့ဘူး။
သို႔ေပမယ့္လည္း၊ အခ်ိန္ကိုက္ပါပင္ ဟယ္က်ိဳးေရာက္လာခဲ့ၿပီး သူ႕ရဲ႕ လုပ္ေဆာင္မႈေတြကို ေျဖ႐ွင္းေပးခဲ့တယ္။
ခ်ိယြီ စိတ္သက္သာရာရမႈေၾကာင့္၊ သက္ျပင္းခ်လိုက္ၿပီး : "ေက်းဇူးဘဲ" လို႔ေျပာလာခဲ့တယ္။
ေျပာရင္းပင္ ၊ ခ်ိယြီက သူ႕ေဘးက bathtubကိုမွီကာ ထရပ္လိုက္ၿပီး "အမခ်မ္းကို ငါစားဖို႔တစ္ခုခုျပင္ေပးထားဖို႔ သြားေျပာေပးလို႔ရမလား? ငါ *hypoglycemiaျဖစ္ေတာ့မလို႔ဘဲ၊ ေရခ်ိဳးရင္းေတာင္ မူးလဲေတာ့မလို႔"
ဟယ္က်ိဳး ရပ္တန္႔သြားခဲ့တယ္။
ခ်ိယြီ သူ႕ကိုၾကည့္မလာခဲ့ဘူး။ နံရံကိုမွီရင္းသာ ေရပန္းေအာက္ဆီေလွ်ာက္သြားခဲ့ၿပီး ခဏေဆးေၾကာၿပီးေနာက္မွာ ေဘးက သဘက္အ႐ွည္တစ္ထည္ကိုဆြဲယူကာ ကိုယ္မွာပတ္ရင္း အခန္းတြင္းမွထြက္သြားခဲ့တယ္။
ဟယ္က်ိဳးကို ျဖတ္သြားရင္း၊ ခ်ိယြီက သူ႕ရဲ႕ပခုံးကိုလွမ္းကိုင္ကာ အကူအညီယူလိုက္ၿပီး၊ သူ႕ရဲ႕အျပဳအမူေတြက အလြန္ကိုပင္ သဘာဝက်လို႔ေနတယ္။
ဟယ္က်ိဳး : "..."
သူက ခ်ိယြီကို ေျခဖဝါးဗလာနဲ႔ အိပ္ခန္းထဲဝင္ကာ၊ ေပါ့ေပါ့ပါးပါးလႈပ္႐ွားရင္း သဘက္ျဖင့္သူ႕ကိုယ္ကိုသုတ္ေနၿပီး၊ အဝတ္တစ္ခ်ိဳ႕ထုတ္ကာ ယူဝတ္ေနတာကို တစ္ေလွ်ာက္လုံး ၾကည့္ေနခဲ့ရတာျဖစ္တယ္။ အတြင္းခံဝတ္ရင္း ၊ ေနာက္ဆုံးမွာ ေျခကားယားလက္ကားယားျဖင့္ အိပ္ရာေပၚလဲေလ်ာင္းကာ စိတ္ေက်နပ္ေနသည့္မ်က္ႏွာႏွင့္ ခ်ိယြီကို ေတြ႕လိုက္ရတယ္။
ခ်ိယြီ သက္ျပင္းခပ္ဖြဖြခ်လိုက္တယ္။ "ငါအသက္ျပန္႐ွင္လာခဲ့ၿပီဘဲ"
"ေနာက္တစ္ခါ ဘာအစာမွမ႐ွိဘဲ ေရမခ်ိဳးေတာ့ဘူးကြာ။ မူးလဲတဲ့အထိကို ငါေရခ်ိဳးခဲ့တာဘဲ" သူ ဟယ္က်ိဳးကိုေမာ့ၾကည့္လိုက္ခ်ိန္မွာေတာ့၊ ေရခ်ိဳးခန္းထဲမွာ ရပ္ေနေသးတဲ့ ဟယ္က်ိဳးကိုေတြ႕လိုက္ရတယ္။ သူ မေနႏိုင္ဘဲ သိခ်င္မိသြားတယ္။ "မင္းလည္းေရခ်ိဳးမလို႔လား?"
ဟယ္က်ိဳး ျပန္အေျဖေပးမလာခဲ့ေပ။
သူျပန္မတုံ႔ျပန္တာကိုေတြ႕ရတာေၾကာင့္၊ ခ်ိယြီလည္း ခဏေလာက္စဥ္းစားၾကည့္လိုက္တယ္။ သူအေနနဲ႔ တစ္ကယ္ဘဲ ဟယ္က်ိဳးနဲ႔ ဆက္ဆံေရးတစ္ခု႐ွိသည္။ သူ မကူညီခ်င္မွေတာ့၊ေမ့လိုက္ပါေတာ့ေလ။
ခ်ိယြီ လက္ဆန္႔ထုတ္လိုက္ၿပီး သူ႕ဖုန္းကိုယူကာ Nannyကိုေခၚလိုက္တယ္။ "အမခ်မ္းေရ ၊ ေခါက္ဆြဲတစ္ခြက္ေလာက္ျပင္ေပးပါအုံး။ကြၽန္ေတာ္ ဒီေန႔ဘာမွမစားရေသးဘူး ေရခ်ိဳးရင္းေတာင္မူးလဲေတာ့မလို႔"
"ေအာ္၊ဒါနဲ႔ ၾကက္ဥႏွစ္လုံးပါထပ္ထည့္ခဲ့အုံးေနာ္ ၊အသားေရာ႐ွိလား အမခ်မ္း? ႐ွိရင္ နည္းနည္းေလာက္ထပ္ထည့္ခဲ့ေပး ၊ ေကာင္းပါၿပီ"
သူေျပာေနရင္းပင္၊ ဟယ္က်ိဳးကိုၾကည့္လိုက္ၿပီး : "မင္းေကာ ညစာစားၿပီးၿပီလား?ေခါက္ဆြဲစားခ်င္လား?"
ဟယ္က်ိဳး အသက္ျပင္းျပင္း႐ွဴသြင္းလိုက္ၿပီး ျပန္ေျဖလာခဲ့တယ္။ : "...ေတာ္ၿပီ.."
"အိုး"
ခ်ိယြီ ဖုန္းနားကပ္ရင္း Nannyဆီမွာၾကားလိုက္တယ္။ "ဒါဆို ကြၽန္ေတာ့္အတြက္ဘဲ ျပင္ဆင္ခဲ့ေပးပါ"
ဖုန္းခ်ၿပီးေနာက္၊ ခ်ိယြီ သက္ေသာင့္သက္သာျဖစ္သလိုခံစားလိုက္ရတယ္။
သူ ေခါက္ဆြဲအနည္းငယ္စားၿပီး တစ္ေရးအိပ္ဖို႔ အမခ်မ္းကိုေစာင့္ေန႐ုံသာ႐ွိေတာ့တယ္။
ဟယ္က်ိဳးက သူ႕မ်က္လုံးကိုမွိတ္လိုက္ၿပီး၊ သူ႕ကိုယ္သူ အလြန္တုံးအ,သလို ခံစားလိုက္ရတယ္။
သူ အိပ္ခန္းဆီျပန္ေလွ်ာက္လာခဲ့ၿပီး၊တစ္ကိုယ္လုံးမွာ ေဘာင္းဘီ သာဝတ္ထားတဲ့ ခ်ိယြီကိုငုံ႔ၾကည့္လိုက္ကာ : "မင္းေန႔တိုင္း ဒီတိုင္းဘဲဝတ္ေနက်လား?"
ခ်ိယြီက စဥ္းေတာင္မစဥ္းစားဘဲ ျပန္ေျဖလာခဲ့တယ္။ "အိပ္ရာထဲ ဒီလိုဝတ္တာဘာထူးဆန္းေနလို႔လဲ? အျပင္ထြက္ရင္ေတာ့၊ဒီလိုဝတ္ပါ့မလား?"
"Nannyလာေတာ့မွာေလ"
"သူမ တံခါးေခါက္လိမ့္မယ္"
"ငါကေရာ?" ဟယ္က်ိဳး ထပ္ေမးလာခဲ့တယ္။
"တစ္အိမ္လုံးက မင္းအပိုင္ဘဲေလ။ ဒီေတာ့ ငါတို႔ကလည္း--"
ခ်ိယြီအသိျပန္ဝင္လာၿပီးခဏအၾကာတြင္ သူလက္နဲ႔ေစာင္ကိုဆြဲယူလိုက္ကာ သူ႕ကိုယ္ကိုရစ္ပတ္လိုက္ၿပီး ဟယ္က်ိဳးကို လွမ္းၾကည့္လိုက္တယ္။ "ငါအခု ေအာ္လိုက္သင့္လား?" "မင္း မယုတ္မာနဲ႔ေနာ္?"
ဟယ္က်ိဳးက ရယ္လိုက္ၿပီး သူ႕ရင္ဘတ္ထဲက စိတ္ဓာတ္က်မႈေတြဟာလည္း ခ်က္ခ်င္းဘဲ ေပ်ာက္ကြယ္သြားခဲ့တယ္။
သူက ေခြးေျခကို ဆြဲယူလိုက္ၿပီး ခ်ိယြီေဘးမွာ ဝင္ထိုင္လိုက္ကာ သူ႕ေ႐ွ႕မွာ ပိုးတုံးလုံးကဲ့သို႔ ေစာင္ျဖင့္ထုပ္ပိုးထားတဲ့ ခ်ိယြီကို ျပဳံးျပဳံးေလးၾကည့္လိုက္ရင္း "ငါ မင္း ခႏၶာကိုယ္ကို ဘယ္ႏွစ္ခါေတာင္ျမင္ဖူးခဲ့တာပါလိမ့္။ အခု ငါ့ဆီကေန ဖုံးကြယ္ခ်င္ေနတာလား"
"..."
ခ်ိယြီ တိတ္တဆိတ္ေမးလာခဲ့တယ္။ "အဲဒါကို ဖုံးကြယ္ဖို႔ တကယ္လိုအပ္လား?"
ခ်ိယြီ အရင္က ေရကူးlessonသင္ယူခဲ့တာကိုမွတ္မိသြားတယ္။ လူအမ်ားၾကားမ်ားေတာင္ ေယာက်္ားေလးomegaက ေရကူးဝတ္စုံဘဲ ဝတ္ခဲ့တာေလ ။
ၿပီးေတာ့၊ အားလုံးက တူညီတဲ့ ခႏၶာကိုယ္အျပင္ပိုင္းပုံသ႑ာန္ေတြ႐ွိၾကတာဘဲဟာ။ သူ႕မွာ႐ွိတဲ့ဟာက ကိုယ့္မွာ႐ွိၿပီးသားဘဲ။ ဖုံးကြယ္ဖို႔ လိုလို႔လား?
သူက ဟယ္က်ိဳးရဲ႕ ခပ္တိုးတိုးရယ္သံကိုၾကားရခ်ိန္မွာဘဲ အဲ့အေၾကာင္း စဥ္းစားေနတာျဖစ္တယ္။
ခ်ိယြီက သူ႕လွည့္စားခံလိုက္ရၿပီဆိုတာ သိလိုက္တာေၾကာင့္၊ မ်က္ဆံကိုလွိမ့္လိုက္ကာ သူ႕ကိုယ္ေပၚက ေစာင္ကိုဖယ္႐ွားလိုက္တယ္။
ေႏြရာသီမွာေတာ့၊ ေရခ်ိဳးၿပီးတာနဲ႔ သက္ေတာင့္သက္သာ႐ွိေနတုန္းပင္။
ဒါေပမယ့္ သူခဏတာေလာက္ သက္ေတာင့္သက္သာ မျဖစ္ခင္မွာဘဲ သူဖယ္ထားတဲ့ေစာင္က သူ႕ကိုယ္ေပၚ ျပန္ဖုံးသြားခဲ့တယ္။
ခ်ိယြီက သံသယအၾကည့္နဲ႔ ဟယ္က်ိဳးကို ေမာ့ၾကည့္လိုက္ေတာ့ ကုတင္ေဘးမွာ ရပ္ေနတာကို ေတြ႕လိုက္ရတယ္။ ေထာင့္အေနအထားေၾကာင့္ ဟယ္က်ိဳးရဲ႕ထင္႐ွားလို႔ေနတဲ့ေနရာကို တစ္ခ်က္ၾကည့္လိုက္တယ္။
ခ်ိယြီ : "..."
"ငါ့ေ႐ွ႕မွာ ဖုံးထားရင္ ပိုေကာင္းလိမ့္မယ္" ဟယ္က်ိဳးကအေလးအနက္ အၾကံျပဳလာခဲ့တယ္။
"ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္မထားႏိုင္ဘူးလားကြာ" ခ်ိယြီ ထေပါက္ကြဲေတာ့တယ္။ ဤသည္မွာ ဟယ္က်ိဳး သူ႕ေၾကာင့္တုံ႔ျပန္တာ ဒုတိယအႀကိမ္ျဖစ္သည္။ ဒီလူ ဘာျဖစ္ေနတာလဲ ။ Humanoid Teddy? တျခားသူေတြကို ကိုယ္လုံးတီးနဲ႔ ေတြ႕တဲ့အခါလည္း တုံ႔ျပန္မွာဘဲလား?
ဟယ္က်ိဳးက ျပန္ေျဖမလားဘဲ၊ေမးလာခဲ့တယ္။
"မင္း ငါ့အေပၚဘာခံစားခ်က္မွမ႐ွိဘူးလား?"
ခ်ိယြီ သိခ်င္သြားခဲ့တယ္။ "မင္းအေပၚဘယ္လို ခံစားရမွာလဲ?"
ဟယ္က်ိဳး မ်က္ေမွာင္ၾကဳံ႕မိသြားခဲ့တယ္။ "မင္းငါ့ကိုမလိုခ်င္ဘူးလား?"
ခ်ိယြီ ပိုၿပီးေတာ့ေတာင္စိတ္႐ႈပ္ေထြးသြားခဲ့တယ္။
"မင္းကိုလိုခ်င္တယ္? ဘာလို႔လဲ?"
ဟယ္က်ိဳး ေတာင့္ခဲသြားခဲ့တယ္။သူက လက္ကိုဆန္႔တန္းလိုက္ၿပီး ခ်ိယြီရဲ႕လည္ပင္းေပၚက pheromone လည္ပတ္ရဲ႕ ခလုတ္ကို ဖိႏွိပ္ၾကည့္လိုက္ေတာ့ လည္ပတ္ေပၚက နံပါတ္ေတြက အသင့္အတင့္သာ ႐ွိလို႔ေနတာကိုေတြ႕လိုက္ရတယ္။
ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?
သူက ခ်ိယြီရဲ႕လက္ကိုဆုပ္ကိုင္လိုက္ၿပီး၊ ငုံ႔ကိုင္းလိုက္ကာ ခ်ိယြီကိုၾကည့္လိုက္တယ္။ "အခုေျပာၾကည့္"
ခ်ိယြီ သူ႕လက္ကိုျပန္ဆြဲယူလိုက္တယ္။"မင္းဘာလုပ္ေနတာလဲ?"
"မင္းရဲ႕ရင္ခုန္သံေတြျမန္လာတယ္လို႔ မခံစားရဘူးလား?" ဟယ္က်ိဳးေမးလာခဲ့တယ္။
ခ်ိယြီမ်က္ေတာင္ခတ္လိုက္မိၿပီး ဟယ္က်ိဳး ရဲ႕ လုပ္ရပ္ေၾကာင့္ သူ နားမလည္ႏိုင္ေလာက္ေအာင္ ျဖစ္သြားခဲ့တယ္- "...မခံစားရပါဘူး"
ဟယ္က်ိဳးကခ်ိယြီကို မယုံဘူး ။သူက မ်က္ေမွာင္ၾကဳတ္ကာခ်ိယြီရဲ႕လည္ပတ္ကို ႏွိပ္လိုက္တယ္။ လည္ပတ္ေပၚကValueက အရင္အတိုင္းပင္၊ အတက္အက် မ႐ွိေပ။
ခ်ိယြီက သူ႕လည္ပင္းေပၚက ဟယ္က်ိဳးရဲ႕ အ႐ႈပ္ထုပ္လက္ကို ဆြဲကိုင္လိုက္ၿပီး "ေဟး ေဟး မင္းဘာလုပ္ေနတာလဲ"
ဟယ္က်ိဳး စိတ္႐ႈပ္ေထြးသြားခဲ့တယ္။
မျဖစ္သင့္ဘူး၊ ဘယ္ေနရာကမွားေနတာလဲ?
႐ုတ္တရက္ဆိုသလိုဘဲ ခ်ိယြီဟာ တစ္စုံတစ္ခုကိုေတြးမိလိုက္တာေၾကာင့္၊ ဟယ္က်ိဳးကို အိပ္ရာတစ္ဖက္ျခမ္းဆီ တြန္းထုတ္လိုက္တယ္။
"ငါသိၿပီ၊ မင္းကငါ့ကိုထပ္လွည့္စားခ်င္ေနတာဘဲ ၊ ဟုတ္တယ္မလား?"
ခ်ိယြီက ေမာက္မာဟန္အျပည့္နဲ႔ သူ႕ေမးကိုပင့္ေမာ့ရင္းေျပာလာခဲ့တယ္။ "အားနာေပမယ့္၊ အဲ့ဒါကအခုအသုံးဝင္ေတာ့မွာမဟုတ္ဘူး"
ခ်ိယြီ ကုတင္ကေနထရပ္လိုက္ၿပီး အံဆြဲေဘးကသပ္သပ္ရပ္ရပ္ စီထားတဲ့ pheromone တားေဆးေတြကို ဟယ္က်ိဳးကို ျပလိုက္ကာ ၊ သူ ဒီေန႔တစ္ေနကုန္သယ္ခဲ့ရတဲ့ Nannyစီစဥ္ေပးခဲ့တဲ့အိတ္ကို ဖြင့္လိုက္တယ္။ ထပ္ေပါင္းထည့္ရရင္ စၾကဝဠာငယ္ေလးထဲက အရာေတြအျပင္၊ ဆရာဝန္ၫႊန္ၾကားတဲ့ ေဆးအထုပ္တစ္ထုပ္လည္း ပါ႐ွိလို႔ေနတယ္။
ခ်ိယြီက ထိုအထုပ္ထဲက transparent ထိုးေဆးကိုယူၿပီး ဟယ္က်ိဳးဖက္ လႈပ္ခါျပလိုက္တယ္။
"ဒါဘာလဲ မင္းသိလား?"
ဟယ္က်ိဳး : "ဘာလဲ?"
"ဒီေဆးက pheromone ရဲ႕ အာ႐ုံခံႏိုင္စြမ္းကို ေလွ်ာ့ခ်ေပးႏိုင္တယ္"
ထုံေဆးမ်ားကို ေပါင္းစပ္ထားသလိုပါပင္။ နာက်င္မႈမ႐ွိသလို၊ ဒီေဆးကိုထိုးၿပီးေနာက္ pheromone ရဲ႕ perception ဟာလည္း ထုံက်င္လာမွာျဖစ္တယ္။ ေယဘူယ်အားျဖင့္ ၎ကို inhibitor(တားေဆး) အလြန္အကြၽံထိုးသြင္းျခင္းက ကာကြယ္ရန္ႏွင့္ ေဆးကိုခံႏိုင္ရည္႐ွိေအာင္လုပ္ေဆာင္ရာတြင္ အသုံးျပဳေလ့႐ွိသည္။
ခြဲစိတ္မႈမျပဳလုပ္မီ၊ ေနာက္တစ္ႀကိမ္ထပ္၍ အမွတ္အသားျပဳခံရျခင္းမွ ကာကြယ္ရန္ ဆရာဝန္က ဒီေဆးကို ခ်ိယြီအတြက္ ၫႊန္းေပးခဲ့တာျဖစ္တယ္။
ဟယ္က်ိဳးရဲ႕ စားမလိုဝါးမလိုအၾကည့္ေတြကိုျမင္အၿပီးမွာေတာ့ ခ်ိယြီက အနည္းငယ္ခါးသက္စြာျပဳံးလိုက္ကာ "အရင္ကလို pheromoneနဲ႔ ငါ့ကို လႈံ႕ေဆာ္ႏိုင္ဖို႔မစဥ္းစားနဲ႔။ အသုံးဝင္မွာမဟုတ္ဘူး၊ အခု မင္းရဲ႕ pheromone နဲ႔ ပတ္သက္ၿပီး ငါဘာမွမခံစားရဘူး"
ဟယ္က်ိဳးက မ်က္ခုံးပင့္ကာ ေမးလာခဲ့တယ္။ "တစ္ကယ္လား?"
ခ်ိယြီက အခိုင္အမာပင္ ျပန္ေျဖလာခဲ့တယ္။ "တစ္ကယ္ပါဆို"
ဟယ္က်ိဳးက ဘာမွထပ္ေျပာမလာခဲ့ေပ။ သူက ခ်ိယြီေ႐ွ႕မွာဘဲ သူ႕လက္ကိုဆန္႔ထုတ္လိုက္ၿပီး ခ်ိယြီရဲ႕လည္ပင္းေပၚက pheromoneတားေဆးလည္ပတ္ကို ပိတ္လိုက္ကာ သူ႕ရဲ႕လက္ထိပ္နဲ႔တစ္ေနရာရာကို အထိ "ကလစ္" ဆိုသည့္အသံထြက္ေပၚလာၿပီး ၊ လည္ပတ္ဟာလည္း ျပဳတ္ထြက္သြားခဲ့တယ္။
ဟယ္က်ိဳးက နက္႐ိႈင္းလွတဲ့အၾကည့္ေတြနဲ႔ ခ်ိယြီကိုၾကည့္လိုက္ၿပီး ၊ သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္ဟာလည္း ပင့္တက္လို႔ေနေလတယ္။ "ငါေတာ့မယုံဘူး"
------------------------------------------------------------
MT/N :
*Hypoglycemia : (ေသြးတြင္းသၾကားဓာတ္နည္းျခင္း သို႔မဟုတ္ hypoglycemia ဟုေခၚေသာ ေသြးတြင္းဂလူးကို႔စ္နည္းျခင္းသည္ သင့္အတြက္ က်န္းမာေရးႏွင့္ညီၫြတ္ေသာ ေသြးတြင္းဂလူးကို႔စ္အဆင့္ေအာက္ က်ဆင္းသြားသည့္အခါ ျဖစ္ေပၚသည္။)
*humidifier (အစိုဓာတ္ထိန္းစက္)
===================================
- စာလုံးေရ : 3590
- ရက္စြဲ : 11,5,2022 ( WED )
===================================