Every Vicious woman needs a R...

By Ribbon97Red

281K 29.9K 670

Author:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Ep... More

Introduction
အခန်း ၁ ဦးနှောက်မရှိလူတွေ အုပ်လိုက်စု
အခန်း ၂ အသက် ၂၀ အရွယ်သို့ တဖန်.....
အခန်း ၃ သူမတူတဲ့ စင်ဒရဲလားလေး
အခန်း ၃ (အပိုင်း ၂)
အခန်း ၄(အပိုင်း ၁)
အခန်း ၄ ( အပိုင်း ၂)
အခန်း ၅ လေးလံသော ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ရှည်လျားသောလမ်း
အခန်း ၅ (အပိုင်း ၂)
အခန်း ၆ ဒိတ်လုပ်ကြရအောင်
အခန်း ၆ အပိုင်း ၂
အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း
အခန်း ၇ (အပိုင်း ၂)
အခန်း ၈ လမ်းမလျှောက်နိုင်
အခန်း ၈ (အပိုင်း ၂)
အခန်း ၉ သူငယ်ချင်းတွေ
အခန်း ၉ (အပိုင်း ၂)
အခန်း၁၀ ဘာလုပ်နေတာလဲ
အခန်း ၁၀ (အပိုင်း ၂)
အခန်း ၁၁.၁ မပြတ်မသားဖြစ်စရာမလို
၁၁.၂
အခန်း ၁၂.၁ ရန်မစတာ ကောင်းမယ်
12.2
13
13.2
14.1
14.2
15.1 (1)
15.1(2)
15.2
16.1
16.2
17.1
17.2
18.1
18.2
19.1
19.2
20.1
20.2
21
21.2
22.1
22.2
22.3
23.1
23.2
23.3
24.1
24.2
25.1
25.2
25.3
26
27.2
28
29.1
29.2
30.1
30.2
30.3
31.1
31.2
End

27

3.4K 390 14
By Ribbon97Red

အခန်း ၂၇ လော့ယွမ်ဇီ

ထိုအခိုက်အတန့်မှာ ချင်းကျင်းနဲ့ ယောင်ယောင်ကိုတင် အံဩစေတာမဟုတ်ဘဲ ဖန်ရှိီလဲ့နဲ့လော့ယွမ်ဇီကို ပါ အံဩစေတာပင် ကြောက်တာဆိုပိုမှန်မှာပေါ့လေ

သူတို့ ဘာတွေကြားပြီး ဘာတွေမြင်လဲ တချက်ကြည့်ကြရအောင်

တနေကုန်အလုပ်လုပ်ပြိီး ပင်ပင်ပန်းပန်းအိမ်ပြန်လာချိန် ချင်းကျင်းက သူတို့အိမ်အောက်မှာ အရူးလို ပတ်ပြေးနေခဲ့တာလေသူတို့က အပေါ်ကို မော့ကြည့်မလိုလုပ်တုန်းမှာပဲ ငလျင်လှုပ်မတတ် အသံကို ကြားလိုက်ရတော့တာပဲ "လော့ယောင်ယောင် ကို့ကို လ်ထပ်နိုင်မလား?"

ဖန်ရှီလဲ့က ဒီကောင်လေးကသူမ သမီးလေးနဲ့ လိုက်ဖက်မဖက် စမေးခွန်းထုတ်မလို့ရှိသေး သူမရဲ့ငတုံးသမီးလေးက "အိုခေ" လို့အကျယ်ကြိီး ချင်းကျင်းအော်သလို ပြန်အော်သတဲ့

'အိုခေ'....'ဘာကို အိုခေတာလဲ' ဖန်ရှီလဲ့ အသက်ရှင်လာတဲ့တလျှောက် တစ်ခါမှ ဒီလောက်ဒေါသမထွက်ဖူးဘူး အော်ဆဲပစ်ချင်တဲ့ထိလေ

ဒီလို ခပ်ပေါ့ပေါ့ လက်ထပ်ခွင့်တောင်းတာကိုမပြောနဲ့ဦး ပြန်ဖြေတဲ့သူကလည်း ခပ်ပေါ့ပေါ့ပြန်ဖြေရလား?

ဖန်ရှီလဲ့ ဒေါသကြောင့် မျက်နှာကြီးနီရဲလာတော့သည်။ သူမ ဘယ်လိုလုပ် ဒီလို သမီးမျိုး မွေးထားမိတာလဲ နှစ်ယောက်သားက အကျယ်ကြီးပြောနေတာ ပတ်ဝန်းကျင်လည်း သေချာပေါက် ကြားမှာပဲ ဖန်ရှိီလဲ့ သူတို့ရဲ့အိမ်နီးချင်းတချို့ ကိုတောင် မြင်လိုက်ရပြီးပြီပင် ဒီလိုအိမ်နီးချင်းတွေနဲ့ မနက်ဖန်မပြောနဲ့ ဒီညတင် သတင်းပြန့်သွားတော့မှာ

အဲ့ခါကျ ဒီကလေးနှစ်ယောက်က ဒီတိုင်းလျှောက်စရုံပဲဆိုရင်တောင်ဒီကိစ္စက ရှင်းရတော့မှာ မဟုတ်ဘူး

တွေးလိုက်တာနဲ့ ဖန်ရှီလဲ့ ကားတံခါးကိုဖွင့်ကာ ကားပေါ်က ဆင်းပြီး သူ့သမိီးသိက္ခာကိုဖျက်ဆီးနေတြ့ ကောင်လေးကို စိတ်တိုစွာ ကြည့်ကာ "ချင်းကျင်း!"

"အန်တီဖန်....."ချင်းကျင်း နည်းနည်းရှက်သွားတော့သည်။ လက်ထပ်ခွင့်တောင်းတာကို မိန်းကလေးအမေက မြင်သွားတာလေ ဒါက။ ချင်းကျင်းဘဝမှာ ရှက်စရာအကောင်းဆုံးအခိုက်အတန့်နေမှာပဲ

ဖန်ရှီလဲ့က အေးစက်စွာ "ငါနဲ့လိုက်ခဲ့"
ထိုသို့ပြောပြီး လှည့်ကာ အိမ်ထဲ ဝင်သွားတော့သည်။

ချင်းကျင်းက ယောင်ယောင်အခန်းထဲ မော့ကြည့်လိုက်တော့ ယောင်ယောင်က သူမ အမေကို မြင်ပြီး ပုန်းလို့နေသေနည်။ သူခိုးလိုလေ သူမ အမေက အိမ်ထဲ​ဝင်သွားတာကိုမြင်တော့မှချက်ချင်းထရပ်တော့သည်။ဒါမဲ့လည်း ခုနကလို အကျယ်ကြီးမအော်တော့ဘဲ ချင်းကျ်ငးကို လက်ဟန်ခြေဟန်ပြကာ လက်နှစ်ဖက်နဲ့ 'နှလုံးသားရှိသော်လည်း စွမ်းအားမရှိ' ဆိုတဲ့ အသွင်အပြင်ကို လုပ်ပြကာရင်ဘတ်ကိုပုတ်ပြလိုက်သည်။ သူအဆင်ပြေဖို့ မျှော်လင့်ပါသည်ဆိုတဲ့သဘာ

ချင်းကျင်းက ဒီလိုချိန် လေးလေးနက်နက် နေပြရမယ်ဆိုပေမယ့် ယောင်ယောင်ကြောင့် မရယ်ဘဲ မနေနိုင်

အိမ်ထဲ ဝင်တော့ ဖန်ရှိီလဲ့ကိုမမြင် ဒါမဲ့ နာနီအန်တီနှစ်ယောက်ကတော့ ဘေးမှာရပ်ကာ လက်သီးဆုတ်ပြီး အားပေးသလို ပုံစံလုပ်ပြနေကြတာကြောင့် ချင်းကျင်းကျေးဇူးတင်စွာ ပြုံးလိုက်သည်။

လော့ယွမ်ဇီက ဂိုဒေါင်ထဲမှာကားထိုးနေတောကြောင့် နောက်မှာ သူဝင်လိုက်ချိန်မှာ လူနှစ်ယောက်နောက်ကို လိုက်သွားလိုက်ရသည်လေ

"ဦးလေးလော့"

"အင်း" လော့ယွမ်ဇီက အေးစက်တာလည်း မဟုတ်နွေးထွေးတာလည်းမဟုတ်တဲ့ တုံ့ပြန်မှုတစ်ခု ပြန်ပေးလာခဲ့သည်။ ဘေးမှာရပ်နေတဲ့ နာနီနှစ်ယောက်ကိုကြည့်ကာ "ဧည့်သည်အတွက် ကော်ဖီသွားမဖျော်ကြတော့ဘူးလား?"

"ဟုတ်ကဲ့" အန်တီနှစ်ယောက် မီးဖိုချောင်ထဲ ဝင်သွားကြတော့သည်။

လော့ယွမ်ဇီက ဆိုဖာပေါ်ထိုင်ပြီးတော့ ချင်းကျင်းကို အိမ်ကြီးရှင်လို အပြုအမူနဲ့ "ထိုင်" လို့ပြောလိုက်သည်။

ချင်းကျင်းလည်း သူ့စကားအတိုင်း ထိုင်လိုက်သည်။

လော့ယွမ်ဇီက သူ့သမီးကို ခုတင် လက်ထပ်ခွင့်တောင်းထားတဲ့ ဒီလူကို အကဲခတ်နေခဲ့သည်။ မတ်မတ်ထိုင်နေသလို မျက်နှာမှာလည်း အပြုံးတစ်ခုနဲ့ မောက်မာသလို ပုံစံမျိုးလည်းမရှိနေ လော့ယွမ်ဇီ မနေနိုင်ဘဲ လွန်ခဲ့တဲ့ ၂၂ နှစ်က သူ ဖန်ရှီလဲ့အိမ်ကို ပထမဆုံးအကြိမ်ရောက်တုန်းကပုံစံကို ပြန်သတိရလိုက်မိသည်။

ဖန်ရှီလဲ့အဖေက စည်းကမ်းတင်းကြပ်တဲ့ လူကြီးပင် စကားမပြောဘဲ လူတစ်ယောက်ကို သေချာကြည့်ပြီး အကဲခတ်လိုက်တာနဲ့ တဖက်လူက ကြောက်ပြီး ချွေးပြန်လာတော့မှာ

ပြီးတော့ အဲ့ချိန်က လော့ယွမ်ဇီက တအားကိုတုန်လှုပ်နေခဲ့တာ ဖန်ရှီလဲ့ မိဘတွေရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး တကိုယ်လုံးတောင့်နေခဲ့တာ

ဒိလို သူ့တုန်လှုပ်နေသလို တုန်လှုပ်နေတဲ့ လူငယ်လေးကို မြင်လိုက်ရတော့ ဘယ်သူကကောင်းပြီး ဘယ်သူကဆိုးလဲဆိုတာ ချက်ချင်း မြင်နိုင်တယ်ဆိုတာပင်

အန်တီလျိုက သူတို့နှစ်ယောက်အတွက် ကော်ဖီဖျော်လာပေးခဲ့သည်။ ချင်းကျင်းက ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်သည်။

လော့ယွမ်ဇီက ကော်ဖီခွက်ကိုယူကာ အဖုံးကို ဟလိုက်သည်။ ချင်းကျင်းကိုကော်ဖီမွှေရင်း ဆက်အကဲခတ်နေကာ တချိန်လုံးမှာလည်းချင်းကျင်းက တည်ငြိမ်နေဆဲ

အမျိုးသားနှစ်ယောက်တိတ်ဆိတ်စွာထိုင်နေတုန်းမှာပဲ အမေနဲ့သမီးဖြစ်တဲ့ ဖန်ရှီလဲ့နဲ့ လော့ယောင်ယောင်ကတော့ ကိုယ်ပိုင်အတွေးကိုယ်စီနဲ့အောက်ကို ဆင်းလာခဲ့ကြသည်။

"အန်တီဖန်" ချင်းကျင်းက ချက်ချင်း ထရပ်ကာ နောက်ဆုံးတော့ သူတုန်လှုပ်နေတဲ့အမူအရာကို ပြသလာတော့သည်။။

ဒါက တချိန်လုံးအကဲခတ်နေတဲ့လော့ယွမ်ဇီကို မပျော်မရွှင်ဖြစ်သွားစေလေသည်၊

"ချင်းကျင်း မင်းငါနဲ့လိုက်ခဲ့" ဖန်ရှီလဲ့က လော့ယောင်ယောင်ကို တချက်ကြည့်ကာ "ညည်းဒီမှာနေခဲ့" လို့ပြောပြီးချင်းကျင်းကို အပေါ်ထပ်စာကြည့်ခန်းကိုခေါ်သွားတော့သည်။

အမှန်တိုင်းပြောမလို့ ကြံနေတဲ့လော့ယောင်ယောင်ငခမျ သူမ အမေကြောင့် လျှာလေးကိုက်ပြီးဆိုဖာပေါ် ပစ်ထိုင်ကာ လော့ယွမ်ဇီကို "ပါးပါး"လို့ခေါ်လိုက်သည်။

ထိုသို့ခေါ်ပြီး သူမက အပေါ်ထပ်ကိုကြည့်ကာ မျက်လုံးဝိုင်းကြိးတွေက ဘာတွေကြံနေမှန်းမသိရ

"ယောင်ယောင် ထိုင်ရင် သေချာထိုင်မှပေါ့ ညည်းထိုင်တဲ့ပုံစံကိုလည်း ကြည့်ဦး သေချာထိုင်" လော့ယွမ်ဇီက မကျေနပ်စွာပြောလာသည်။

သူမလည်း နာခံစွာ ဆိုဖာပေါ်မှာထိုင်ရင်း စိတ်လွတ်နေလျက် "ဟုတ်ကဲ့ ပါးပါး" လို့ပြန်ဖြေလိုက်သည်။

ဒါမဲ့လည်း သိပ်မကြာလိုက် ယေင်ယောင် ဆက်မထိုင်နိုင်တော့ သူမ တစ်ယောက်ယောက်ကို စကားပြောချင်သည်လေ လော့ယွမ်ဇီ ရှိနေတာကြောင့် ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ အန်တိီနှစ်ယောက်ကို ကြည့် ပြီးတော့ လော့ယွမ်ဇီကို ပြန်ကြည့်လိုက်သည်။ မတတ်နိုင် လက်လျှော့ရတော့မည်။ ဆက်လည်းမထိုင်နိုင်တော့ဘူးဆိုတော့ သူမ အမေစကားကို ဆန့်ကျင်ပြီး သွားခိုးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

လော့ယောင်ယောင် အပေါ်တက်ဖို့ လုပ်နေတာမြင်တော့ လော့ယွမ်ဇီက ဒေါသတကြီး ကော်ဖီခွက်ကို ကြမ်းပြင်ကို ခွဲလိုက်တော့သည်။

ဒီလူတွေက သူတို့က အိမ်ထောင်ဦးစီးလို့ကော သတ်မှတ်ကြသေးရဲ့လား သမီးက လက်ထပ်ခွင့်တောင်းခံရတယ် သူ့သမီးကောင်လေးက သူ့ကို လေးလေးနက်နက် မဆက်ဆံဘူး သမီးကလည်း ကိုယ့်အဖေကိုပြောပြရမယ့်အစား အစေခံတွေကိုပဲ ပြောချင်နေတယ် သူ့မိန်းမကလည်း ကိစ္စတွေကို လွတ်လွတ်လပ်လပ်ကိုင်တွယ်ချင်သလိုကိုင်တွယ်နေတယ် သူ့အမြင်ကိုလည်းတစ်ခါမှမမေးဘူးဒီအိမ်မှာ သူက ဘာလဲ

ဘေးဘက်က နှာနီတွေကို ကြည့်ကာ ရင်ထဲက ဒေါသမီးတွေ ပိုတောက်လောင််လာတော့သည်။ အစေခံတွေကတောင် သူ့ကို မရိုမသေလုပ်နေကြတာ

နက်တိုင်ကို ဖြေချကာ လော့ယွမ်ဇီဒီအိမ်မှာ ဆက်မနေချင်တော့ဘဲ ကားသော့တွေကို ယူကာထွက်သွားတော့သည်။

လော့ယွမ်ဇီက ဆင်းရဲတဲ့တောင်ပေါ်ဒေသတစ်ခုမှမွေးလာတာပင် သူ့မိဘတွေက ရိုးသားပြီး စာမတတ်တဲ့ တောင်သူလယ်သမားတွေ သူတိ့ုသားကိုလည်း လွယ်လွယ်ကူကူခေါ်ရလွယ်တဲ့နာမည် ယွမ်ဇီ ကြီးမားတဲ့ ရည်ရွယ်ချက် ဆိုတဲ့သဘောနဲ့ပေးခဲ့တာ

သူတို့ ကလေးကြီးလာရင် ကြီးမားတဲ့ ရည်ရွယ်ချက်ရှိစေချင်ခဲ့တာ ဒါမဲ့ သူတို့ကလေးက အောင်မြင်တဲ့လူအဖြစ် ကြီးပြင်းတာကိုတောင်မမြင်ရဘဲ ဆုံးပါသွားကြတာပင် ဒါမဲ့ သူတို့ ကောင်းမွန်တဲ့ဆုတောင်းနဲ့ပေးခဲ့တဲ့ နာမည်ကြောင့် လော့ယွမ်ဇီ မရေမတွက်နိုင်တဲ့ လှောင်ပြောင်ခြင်းတွေကိုဖိတ်ခေါ်ခဲ့မိလေသည်၊

ဆယ်ကျော်သက်အရွယ်မှာ စာကြိုးစားပြီး နှစ်တိုင်း ပထမနေရာကို ရယူနိုင်ခဲ့သည်  အတန်းဖော်တွေက သူအဆင့်တစ်ရတိုင်း "ကြီးမားတဲ့ရည်ရွယ်ချက်ကြီးရှိနေတော့လည်း ဒီလိုဖြစ်မှာပေါ့လေ" ဆိုပြီး

အစပိုင်း သူက ချိီးကျုးတယ်လို့ တွေးမိပေမယ့်နောက်ပိုင်း သူ ပိုကြားလာရလေပိုပြီး ခံစားလို့မကောင်းတော့လေ အလုပ်ကြိုးစားတယ် အောင်မြင်တယ် အဲ့ဒါ သူ့နာမည်နဲ့ဘာဆိုင်လို့လဲ သူတို့မှာ အရည်အချင်းမရှိတာနဲ့ သူ့နာမည်ကို လှောင်စရာလိုလို့လား

နောက်ပိုင်း သူ့ကို ဖီးနစ် တစ်ကောင်လို့ ခေါ်ကြတော့ သူပိုပြီး သူ့နာမည်ကို စိတ်ပျက်မိသည်။ ဒါမဲ့ သူမသ်ချင်ယောင်ပဲ ဆောင်နိုင်သည် အဲ့လို အခေါ်ခံရလို့ဆိုပြီး သူ့နာမည်ကိုပြောင်းလို့မှမရဘဲလေ

နောက်ဆုံး ဖန်ရှီလဲ့ကို လက်ထပ်တော့လည်းလှောင်ပြောင်ခံရတာပဲ "မျက်နှာချောချောလေးရှိတော့ သူ့ရဲ့ကြီးမားတဲ့ရည်ရွယ်ချက်ကြီးအောင်မြင်သွားတာပေါ့ တကယ့်ကို အမြင်ကျယ်သွားတာပဲ"

ထိုစကားတွေကို သူနားကွဲ မတတ် ကြားခဲ့ရသည်။ ဖန်ရှီလဲ့ကို ကွာရှင်းဖို့ မတွေးမိခဲ့တာတော့မဟုတ်ဘူး သူမလုပ်နိုင်ခဲ့တာ အစပိုင်း ဖန်ရှီလဲ့ကိုလက်ထပ်တာက ဒီမိန်းမရဲ့နောက်ခံကြောင့်မဟုတ်ဘူး သူ့အရည်အချင်းကြောင့်ပင် သိမ်မွေ့နူးညံ့တဲ့ မိန်းမ လော့ချန်ချန်အမေနဲ့ယှဉ်လိုက်ရင် လော့ယွမ်ဇီ လွတ်လပ်ပြီး သန်မာတဲ့ ဖန်ရှီလဲ့ကို ပိုသဘောကျသည်လေ နှစ်ယောက်သား ကြုံရာ ခေါင်းစဉ်တစ်ခုကိုလည်း ဝေမျှနိုင်ကြသည်မဟုတ်လား

ဖန်ရှီလဲ့ ကာရိုက်တာက အရမ်းကို မာနကြီးပြီး အရမ်းကို ထင်ရာစိုင်းတာ တစ်ခုလေးပဲ တော်တော်ကြာတော့ သူပင်ပန်းလာခဲ့တာ

ဖန်ရှီလဲ့ကို လက်ထပ်တာက ရွှေတောင်ကြီးကို လက်ထပ်တာနဲ့ တူတူပဲ လို့ လူတိုင်းက ထင်ကြပေမယ့် ဘယ်သူကသိမှာလဲ နှစ်ပေါင်းများစွာ ကြာလာတဲ့အိမ်ထောင်ရေးမှာ သူပိုပိုပြီး ကြိုးစားလာရတယ်ဆိုတာ

ဖန်ရှီလဲ့က ကိုယ့်ကိုကိုယ် တိုးတက်အောင်ကြိုးစားပြီး သူမ မှာရှိသမျှ အရာအားလုံးကလည်း သူမရဲ့ကိုယ်ပိုင်ကြိုးစားမှုနဲ့ရှာထားတာကြည့်ပဲ ပိုက်ဆံ? သေချာပေါက် လိုချင်တာပေါ့ ဖန်ရှီလဲ့က သူမ ခင်ပွန်းကို  ငွေ အဝတ်အစားနဲ့ လိုအပ်တာတွေ သူမနဲ့တန်းတူဆင်ပေမယ့်ငွေ တကျပ်တောင်မပေးဘူးလေ လော့ယွမ်ဇီလိုချင်ရင်တော့ ပေးမှာပေါ့ ဒါမဲ့ လော့ယွမ်ဇီက မျက်နှာပျက်မခံချင်ဘူးလေ

နှစ်ပေါင်း ၂၀ ကျော် လက်ထပ်ပြီးတဲ့နောက် လော့ယွမ်ဇီမှာ ရှိတာဆိုလို့ သူ့လစာလေးပင် အဝတ်စားကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ က တစ်နှစ်မှာ ငွေဘယ်လောက်ဝင်မှာတဲ့လဲ ၁ မီလီယမ်? ၂ မီလီယမ်? ပိုပြီးတော့လေ အများကြီးလို့ မင်းထင်လိမ့်မဘ် ဒါ၎ဲ့ တကယ်န်းက သေချာခွဲလိုက်ရင် တစ်သိန်း ကနေ နှစ်သိန်းလောက်ပဲ ရှိတာ ဒီလို အမောင့်မျိုးက သာမန်လူအတွက်တော့ လုံလောက်ပေမယ့် လော့ယွမ်ဇီကတော့ မတူဘူးလေ

သူတို့ အဆင့်အတန်းနဲ့ဧည့်သည်နဲ့တွေ့တာ ထမင်းတူတူစားတာက ယွမ် ထောာင်ချီ ကုန်ကျတာလေ သူဒီနှစ်တွေ ဘယ်လိုတောင်သည်းခံခဲ့ရလဲ သူများတွေက သူ့ကိုလင်ငယ် လို့ခေါ်တာလည်းမဆန်းဘူး

အစပိုင်း သူက လော့ယောင်ယောင်ကိုမ ချစ်တာမဟုတ်သလို မရင်းနှီးချင်တာလည်းမဟုတ်ဘူး သူမလိုချင်တာတွေ ဝယ်မပေးနိုင်တာ ပြီးတော့ ယောင်ယောင်က ဖန်ရှီလဲ့လိုပဲ မာနကြိီးလွန်းသလို လူတိုင်းရဲ့ အသဲနှလုံးလေးလေ လူတွေ အကုန်လုံးက သူမကို ဂရုစိုက်ပြီး အလိုလိုက်ကြတာ ပြီးတော့ သူမရဲ့အဖေရင်းကို လည်း ဘာမှမပူဆာသလို ကပ်တာမျိုးလည်းမရှိဘူးလေ

-

27.3 တပိုင်းကျန်ပါသေးတယ် ညမှ တင်ပေးပါ့မယ်

အခန္း ၂၇ ေလာ့ယြမ္ဇီ

ထိုအခိုက္အတန္႔မွာ ခ်င္းက်င္းနဲ႔ ေယာင္ေယာင္ကိုတင္ အံဩေစတာမဟုတ္ဘဲ ဖန္ရွိီလဲ့နဲ႔ေလာ့ယြမ္ဇီကို ပါ အံဩေစတာပင္ ေၾကာက္တာဆိုပိုမွန္မွာေပါ့ေလ

သူတို႔ ဘာေတြၾကားၿပီး ဘာေတြျမင္လဲ တခ်က္ၾကည့္ၾကရေအာင္

တေနကုန္အလုပ္လုပ္ၿပိီး ပင္ပင္ပန္းပန္းအိမ္ျပန္လာခ်ိန္ ခ်င္းက်င္းက သူတို႔အိမ္ေအာက္မွာ အ႐ူးလို ပတ္ေျပးေနခဲ့တာေလသူတို႔က အေပၚကို ေမာ့ၾကည့္မလိုလုပ္တုန္းမွာပဲ ငလ်င္လႈပ္မတတ္ အသံကို ၾကားလိုက္ရေတာ့တာပဲ "ေလာ့ေယာင္ေယာင္ ကို႔ကို လ္ထပ္နိုင္မလား?"

ဖန္ရွီလဲ့က ဒီေကာင္ေလးကသူမ သမီးေလးနဲ႔ လိုက္ဖက္မဖက္ စေမးခြန္းထုတ္မလို႔ရွိေသး သူမရဲ့ငတုံးသမီးေလးက "အိုေခ" လို႔အက်ယ္ႀကိီး ခ်င္းက်င္းေအာ္သလို ျပန္ေအာ္သတဲ့

'အိုေခ'....'ဘာကို အိုေခတာလဲ' ဖန္ရွီလဲ့ အသက္ရွင္လာတဲ့တေလၽွာက္ တစ္ခါမွ ဒီေလာက္ေဒါသမထြက္ဖူးဘူး ေအာ္ဆဲပစ္ခ်င္တဲ့ထိေလ

ဒီလို ခပ္ေပါ့ေပါ့ လက္ထပ္ခြင့္ေတာင္းတာကိုမေျပာနဲ႔ဦး ျပန္ေျဖတဲ့သူကလည္း ခပ္ေပါ့ေပါ့ျပန္ေျဖရလား?

ဖန္ရွီလဲ့ ေဒါသေၾကာင့္ မ်က္ႏွာႀကီးနီရဲလာေတာ့သည္။ သူမ ဘယ္လိုလုပ္ ဒီလို သမီးမ်ိဳး ေမြးထားမိတာလဲ ႏွစ္ေယာက္သားက အက်ယ္ႀကီးေျပာေနတာ ပတ္ဝန္းက်င္လည္း ေသခ်ာေပါက္ ၾကားမွာပဲ ဖန္ရွိီလဲ့ သူတို႔ရဲ့အိမ္နီးခ်င္းတခ်ိဳ႕ ကိုေတာင္ ျမင္လိုက္ရၿပီးၿပီပင္ ဒီလိုအိမ္နီးခ်င္းေတြနဲ႔ မနက္ဖန္မေျပာနဲ႔ ဒီညတင္ သတင္းျပန္႔သြားေတာ့မွာ

အဲ့ခါက် ဒီကေလးႏွစ္ေယာက္က ဒီတိုင္းေလၽွာက္စ႐ုံပဲဆိုရင္ေတာင္ဒီကိစၥက ရွင္းရေတာ့မွာ မဟုတ္ဘူး

ေတြးလိုက္တာနဲ႔ ဖန္ရွီလဲ့ ကားတံခါးကိုဖြင့္ကာ ကားေပၚက ဆင္းၿပီး သူ႔သမိီးသိကၡာကိုဖ်က္ဆီးေနၾတ့ ေကာင္ေလးကို စိတ္တိုစြာ ၾကည့္ကာ "ခ်င္းက်င္း!"

"အန္တီဖန္....."ခ်င္းက်င္း နည္းနည္းရွက္သြားေတာ့သည္။ လက္ထပ္ခြင့္ေတာင္းတာကို မိန္းကေလးအေမက ျမင္သြားတာေလ ဒါက။ ခ်င္းက်င္းဘဝမွာ ရွက္စရာအေကာင္းဆုံးအခိုက္အတန္႔ေနမွာပဲ

ဖန္ရွီလဲ့က ေအးစက္စြာ "ငါနဲ႔လိုက္ခဲ့"
ထိုသို႔ေျပာၿပီး လွည့္ကာ အိမ္ထဲ ဝင္သြားေတာ့သည္။

ခ်င္းက်င္းက ေယာင္ေယာင္အခန္းထဲ ေမာ့ၾကည့္လိုက္ေတာ့ ေယာင္ေယာင္က သူမ အေမကို ျမင္ၿပီး ပုန္းလို႔ေနေသနည္။ သူခိုးလိုေလ သူမ အေမက အိမ္ထဲ​ဝင္သြားတာကိုျမင္ေတာ့မွခ်က္ခ်င္းထရပ္ေတာ့သည္။ဒါမဲ့လည္း ခုနကလို အက်ယ္ႀကီးမေအာ္ေတာ့ဘဲ ခ်င္းက်္ငးကို လက္ဟန္ေျခဟန္ျပကာ လက္ႏွစ္ဖက္နဲ႔ 'ႏွလုံးသားရွိေသာ္လည္း စြမ္းအားမရွိ' ဆိုတဲ့ အသြင္အျပင္ကို လုပ္ျပကာရင္ဘတ္ကိုပုတ္ျပလိုက္သည္။ သူအဆင္ေျပဖို႔ ေမၽွာ္လင့္ပါသည္ဆိုတဲ့သဘာ

ခ်င္းက်င္းက ဒီလိုခ်ိန္ ေလးေလးနက္နက္ ေနျပရမယ္ဆိုေပမယ့္ ေယာင္ေယာင္ေၾကာင့္ မရယ္ဘဲ မေနနိုင္

အိမ္ထဲ ဝင္ေတာ့ ဖန္ရွိီလဲ့ကိုမျမင္ ဒါမဲ့ နာနီအန္တီႏွစ္ေယာက္ကေတာ့ ေဘးမွာရပ္ကာ လက္သီးဆုတ္ၿပီး အားေပးသလို ပုံစံလုပ္ျပေနၾကတာေၾကာင့္ ခ်င္းက်င္းေက်းဇူးတင္စြာ ျပဳံးလိုက္သည္။

ေလာ့ယြမ္ဇီက ဂိုေဒါင္ထဲမွာကားထိုးေနေတာေၾကာင့္ ေနာက္မွာ သူဝင္လိုက္ခ်ိန္မွာ လူႏွစ္ေယာက္ေနာက္ကို လိုက္သြားလိုက္ရသည္ေလ

"ဦးေလးေလာ့"

"အင္း" ေလာ့ယြမ္ဇီက ေအးစက္တာလည္း မဟုတ္ေႏြးေထြးတာလည္းမဟုတ္တဲ့ တုံ႔ျပန္မႈတစ္ခု ျပန္ေပးလာခဲ့သည္။ ေဘးမွာရပ္ေနတဲ့ နာနီႏွစ္ေယာက္ကိုၾကည့္ကာ "ဧည့္သည္အတြက္ ေကာ္ဖီသြားမေဖ်ာ္ၾကေတာ့ဘူးလား?"

"ဟုတ္ကဲ့" အန္တီႏွစ္ေယာက္ မီးဖိုေခ်ာင္ထဲ ဝင္သြားၾကေတာ့သည္။

ေလာ့ယြမ္ဇီက ဆိုဖာေပၚထိုင္ၿပီးေတာ့ ခ်င္းက်င္းကို အိမ္ႀကီးရွင္လို အျပဳအမူနဲ႔ "ထိုင္" လို႔ေျပာလိုက္သည္။

ခ်င္းက်င္းလည္း သူ႔စကားအတိုင္း ထိုင္လိုက္သည္။

ေလာ့ယြမ္ဇီက သူ႔သမီးကို ခုတင္ လက္ထပ္ခြင့္ေတာင္းထားတဲ့ ဒီလူကို အကဲခတ္ေနခဲ့သည္။ မတ္မတ္ထိုင္ေနသလို မ်က္ႏွာမွာလည္း အျပဳံးတစ္ခုနဲ႔ ေမာက္မာသလို ပုံစံမ်ိဳးလည္းမရွိေန ေလာ့ယြမ္ဇီ မေနနိုင္ဘဲ လြန္ခဲ့တဲ့ ၂၂ ႏွစ္က သူ ဖန္ရွီလဲ့အိမ္ကို ပထမဆုံးအႀကိမ္ေရာက္တုန္းကပုံစံကို ျပန္သတိရလိုက္မိသည္။

ဖန္ရွီလဲ့အေဖက စည္းကမ္းတင္းၾကပ္တဲ့ လူႀကီးပင္ စကားမေျပာဘဲ လူတစ္ေယာက္ကို ေသခ်ာၾကည့္ၿပီး အကဲခတ္လိုက္တာနဲ႔ တဖက္လူက ေၾကာက္ၿပီး ေခၽြးျပန္လာေတာ့မွာ

ၿပီးေတာ့ အဲ့ခ်ိန္က ေလာ့ယြမ္ဇီက တအားကိုတုန္လႈပ္ေနခဲ့တာ ဖန္ရွီလဲ့ မိဘေတြရဲ့ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ၿပီး တကိုယ္လုံးေတာင့္ေနခဲ့တာ

ဒိလို သူ႔တုန္လႈပ္ေနသလို တုန္လႈပ္ေနတဲ့ လူငယ္ေလးကို ျမင္လိုက္ရေတာ့ ဘယ္သူကေကာင္းၿပီး ဘယ္သူကဆိုးလဲဆိုတာ ခ်က္ခ်င္း ျမင္နိုင္တယ္ဆိုတာပင္

အန္တီလ်ိဳက သူတို႔ႏွစ္ေယာက္အတြက္ ေကာ္ဖီေဖ်ာ္လာေပးခဲ့သည္။ ခ်င္းက်င္းက ယဥ္ေက်းစြာ ေက်းဇူးတင္စကားေျပာလိုက္သည္။

ေလာ့ယြမ္ဇီက ေကာ္ဖီခြက္ကိုယူကာ အဖုံးကို ဟလိုက္သည္။ ခ်င္းက်င္းကိုေကာ္ဖီေမႊရင္း ဆက္အကဲခတ္ေနကာ တခ်ိန္လုံးမွာလည္းခ်င္းက်င္းက တည္ၿငိမ္ေနဆဲ

အမ်ိဳးသားႏွစ္ေယာက္တိတ္ဆိတ္စြာထိုင္ေနတုန္းမွာပဲ အေမနဲ႔သမီးျဖစ္တဲ့ ဖန္ရွီလဲ့နဲ႔ ေလာ့ေယာင္ေယာင္ကေတာ့ ကိုယ္ပိုင္အေတြးကိုယ္စီနဲ႔ေအာက္ကို ဆင္းလာခဲ့ၾကသည္။

"အန္တီဖန္" ခ်င္းက်င္းက ခ်က္ခ်င္း ထရပ္ကာ ေနာက္ဆုံးေတာ့ သူတုန္လႈပ္ေနတဲ့အမူအရာကို ျပသလာေတာ့သည္။။

ဒါက တခ်ိန္လုံးအကဲခတ္ေနတဲ့ေလာ့ယြမ္ဇီကို မေပ်ာ္မရႊင္ျဖစ္သြားေစေလသည္၊

"ခ်င္းက်င္း မင္းငါနဲ႔လိုက္ခဲ့" ဖန္ရွီလဲ့က ေလာ့ေယာင္ေယာင္ကို တခ်က္ၾကည့္ကာ "ညည္းဒီမွာေနခဲ့" လို႔ေျပာၿပီးခ်င္းက်င္းကို အေပၚထပ္စာၾကည့္ခန္းကိုေခၚသြားေတာ့သည္။

အမွန္တိုင္းေျပာမလို႔ ႀကံေနတဲ့ေလာ့ေယာင္ေယာင္ငခမ် သူမ အေမေၾကာင့္ လၽွာေလးကိုက္ၿပီးဆိုဖာေပၚ ပစ္ထိုင္ကာ ေလာ့ယြမ္ဇီကို "ပါးပါး"လို႔ေခၚလိုက္သည္။

ထိုသို႔ေခၚၿပီး သူမက အေပၚထပ္ကိုၾကည့္ကာ မ်က္လုံးဝိုင္းႀကိးေတြက ဘာေတြႀကံေနမွန္းမသိရ

"ေယာင္ေယာင္ ထိုင္ရင္ ေသခ်ာထိုင္မွေပါ့ ညည္းထိုင္တဲ့ပုံစံကိုလည္း ၾကည့္ဦး ေသခ်ာထိုင္" ေလာ့ယြမ္ဇီက မေက်နပ္စြာေျပာလာသည္။

သူမလည္း နာခံစြာ ဆိုဖာေပၚမွာထိုင္ရင္း စိတ္လြတ္ေနလ်က္ "ဟုတ္ကဲ့ ပါးပါး" လို႔ျပန္ေျဖလိုက္သည္။

ဒါမဲ့လည္း သိပ္မၾကာလိုက္ ေယင္ေယာင္ ဆက္မထိုင္နိုင္ေတာ့ သူမ တစ္ေယာက္ေယာက္ကို စကားေျပာခ်င္သည္ေလ ေလာ့ယြမ္ဇီ ရွိေနတာေၾကာင့္ ခပ္လွမ္းလွမ္းမွာ ရပ္ေနတဲ့ အန္တိီႏွစ္ေယာက္ကို ၾကည့္ ၿပီးေတာ့ ေလာ့ယြမ္ဇီကို ျပန္ၾကည့္လိုက္သည္။ မတတ္နိုင္ လက္ေလၽွာ့ရေတာ့မည္။ ဆက္လည္းမထိုင္နိုင္ေတာ့ဘူးဆိုေတာ့ သူမ အေမစကားကို ဆန္႔က်င္ၿပီး သြားခိုးၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

ေလာ့ေယာင္ေယာင္ အေပၚတက္ဖို႔ လုပ္ေနတာျမင္ေတာ့ ေလာ့ယြမ္ဇီက ေဒါသတႀကီး ေကာ္ဖီခြက္ကို ၾကမ္းျပင္ကို ခြဲလိုက္ေတာ့သည္။

ဒီလူေတြက သူတို႔က အိမ္ေထာင္ဦးစီးလို႔ေကာ သတ္မွတ္ၾကေသးရဲ့လား သမီးက လက္ထပ္ခြင့္ေတာင္းခံရတယ္ သူ႔သမီးေကာင္ေလးက သူ႔ကို ေလးေလးနက္နက္ မဆက္ဆံဘူး သမီးကလည္း ကိုယ့္အေဖကိုေျပာျပရမယ့္အစား အေစခံေတြကိုပဲ ေျပာခ်င္ေနတယ္ သူ႔မိန္းမကလည္း ကိစၥေတြကို လြတ္လြတ္လပ္လပ္ကိုင္တြယ္ခ်င္သလိုကိုင္တြယ္ေနတယ္ သူ႔အျမင္ကိုလည္းတစ္ခါမွမေမးဘူးဒီအိမ္မွာ သူက ဘာလဲ

ေဘးဘက္က ႏွာနီေတြကို ၾကည့္ကာ ရင္ထဲက ေဒါသမီးေတြ ပိုေတာက္ေလာင္္လာေတာ့သည္။ အေစခံေတြကေတာင္ သူ႔ကို မရိုမေသလုပ္ေနၾကတာ

နက္တိုင္ကို ေျဖခ်ကာ ေလာ့ယြမ္ဇီဒီအိမ္မွာ ဆက္မေနခ်င္ေတာ့ဘဲ ကားေသာ့ေတြကို ယူကာထြက္သြားေတာ့သည္။

ေလာ့ယြမ္ဇီက ဆင္းရဲတဲ့ေတာင္ေပၚေဒသတစ္ခုမွေမြးလာတာပင္ သူ႔မိဘေတြက ရိုးသားၿပီး စာမတတ္တဲ့ ေတာင္သူလယ္သမားေတြ သူတိ့ုသားကိုလည္း လြယ္လြယ္ကူကူေခၚရလြယ္တဲ့နာမည္ ယြမ္ဇီ ႀကီးမားတဲ့ ရည္ရြယ္ခ်က္ ဆိုတဲ့သေဘာနဲ႔ေပးခဲ့တာ

သူတို႔ ကေလးႀကီးလာရင္ ႀကီးမားတဲ့ ရည္ရြယ္ခ်က္ရွိေစခ်င္ခဲ့တာ ဒါမဲ့ သူတို႔ကေလးက ေအာင္ျမင္တဲ့လူအျဖစ္ ႀကီးျပင္းတာကိုေတာင္မျမင္ရဘဲ ဆုံးပါသြားၾကတာပင္ ဒါမဲ့ သူတို႔ ေကာင္းမြန္တဲ့ဆုေတာင္းနဲ႔ေပးခဲ့တဲ့ နာမည္ေၾကာင့္ ေလာ့ယြမ္ဇီ မေရမတြက္နိုင္တဲ့ ေလွာင္ေျပာင္ျခင္းေတြကိုဖိတ္ေခၚခဲ့မိေလသည္၊

ဆယ္ေက်ာ္သက္အရြယ္မွာ စာႀကိဳးစားၿပီး ႏွစ္တိုင္း ပထမေနရာကို ရယူနိုင္ခဲ့သည္  အတန္းေဖာ္ေတြက သူအဆင့္တစ္ရတိုင္း "ႀကီးမားတဲ့ရည္ရြယ္ခ်က္ႀကီးရွိေနေတာ့လည္း ဒီလိုျဖစ္မွာေပါ့ေလ" ဆိုၿပီး

အစပိုင္း သူက ခ်ိီးက်ဳးတယ္လို႔ ေတြးမိေပမယ့္ေနာက္ပိုင္း သူ ပိုၾကားလာရေလပိုၿပီး ခံစားလို႔မေကာင္းေတာ့ေလ အလုပ္ႀကိဳးစားတယ္ ေအာင္ျမင္တယ္ အဲ့ဒါ သူ႔နာမည္နဲ႔ဘာဆိုင္လို႔လဲ သူတို႔မွာ အရည္အခ်င္းမရွိတာနဲ႔ သူ႔နာမည္ကို ေလွာင္စရာလိုလို႔လား

ေနာက္ပိုင္း သူ႔ကို ဖီးနစ္ တစ္ေကာင္လို႔ ေခၚၾကေတာ့ သူပိုၿပီး သူ႔နာမည္ကို စိတ္ပ်က္မိသည္။ ဒါမဲ့ သူမသ္ခ်င္ေယာင္ပဲ ေဆာင္နိုင္သည္ အဲ့လို အေခၚခံရလို႔ဆိုၿပီး သူ႔နာမည္ကိုေျပာင္းလို႔မွမရဘဲေလ

ေနာက္ဆုံး ဖန္ရွီလဲ့ကို လက္ထပ္ေတာ့လည္းေလွာင္ေျပာင္ခံရတာပဲ "မ်က္ႏွာေခ်ာေခ်ာေလးရွိေတာ့ သူ႔ရဲ့ႀကီးမားတဲ့ရည္ရြယ္ခ်က္ႀကီးေအာင္ျမင္သြားတာေပါ့ တကယ့္ကို အျမင္က်ယ္သြားတာပဲ"

ထိုစကားေတြကို သူနားကြဲ မတတ္ ၾကားခဲ့ရသည္။ ဖန္ရွီလဲ့ကို ကြာရွင္းဖို႔ မေတြးမိခဲ့တာေတာ့မဟုတ္ဘူး သူမလုပ္နိုင္ခဲ့တာ အစပိုင္း ဖန္ရွီလဲ့ကိုလက္ထပ္တာက ဒီမိန္းမရဲ့ေနာက္ခံေၾကာင့္မဟုတ္ဘူး သူ႔အရည္အခ်င္းေၾကာင့္ပင္ သိမ္ေမြ႕ႏူးညံ့တဲ့ မိန္းမ ေလာ့ခ်န္ခ်န္အေမနဲ႔ယွဥ္လိုက္ရင္ ေလာ့ယြမ္ဇီ လြတ္လပ္ၿပီး သန္မာတဲ့ ဖန္ရွီလဲ့ကို ပိုသေဘာက်သည္ေလ ႏွစ္ေယာက္သား ၾကဳံရာ ေခါင္းစဥ္တစ္ခုကိုလည္း ေဝမၽွနိုင္ၾကသည္မဟုတ္လား

ဖန္ရွီလဲ့ ကာရိုက္တာက အရမ္းကို မာနႀကီးၿပီး အရမ္းကို ထင္ရာစိုင္းတာ တစ္ခုေလးပဲ ေတာ္ေတာ္ၾကာေတာ့ သူပင္ပန္းလာခဲ့တာ

ဖန္ရွီလဲ့ကို လက္ထပ္တာက ေရႊေတာင္ႀကီးကို လက္ထပ္တာနဲ႔ တူတူပဲ လို႔ လူတိုင္းက ထင္ၾကေပမယ့္ ဘယ္သူကသိမွာလဲ ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲ့အိမ္ေထာင္ေရးမွာ သူပိုပိုၿပီး ႀကိဳးစားလာရတယ္ဆိုတာ

ဖန္ရွီလဲ့က ကိုယ့္ကိုကိုယ္ တိုးတက္ေအာင္ႀကိဳးစားၿပီး သူမ မွာရွိသမၽွ အရာအားလုံးကလည္း သူမရဲ့ကိုယ္ပိုင္ႀကိဳးစားမႈနဲ႔ရွာထားတာၾကည့္ပဲ ပိုက္ဆံ? ေသခ်ာေပါက္ လိုခ်င္တာေပါ့ ဖန္ရွီလဲ့က သူမ ခင္ပြန္းကို ေငြ အဝတ္အစားနဲ႔ လိုအပ္တာေတြ သူမနဲ႔တန္းတူဆင္ေပမယ့္ေငြ တက်ပ္ေတာင္မေပးဘူးေလ ေလာ့ယြမ္ဇီလိုခ်င္ရင္ေတာ့ ေပးမွာေပါ့ ဒါမဲ့ ေလာ့ယြမ္ဇီက မ်က္ႏွာပ်က္မခံခ်င္ဘူးေလ

ႏွစ္ေပါင္း ၂၀ ေက်ာ္ လက္ထပ္ၿပီးတဲ့ေနာက္ ေလာ့ယြမ္ဇီမွာ ရွိတာဆိုလို႔ သူ႔လစာေလးပင္ အဝတ္စားကုမၸဏီရဲ့ အေထြေထြ မန္ေနဂ်ာ က တစ္ႏွစ္မွာ ေငြဘယ္ေလာက္ဝင္မွာတဲ့လဲ ၁ မီလီယမ္? ၂ မီလီယမ္? ပိုၿပီးေတာ့ေလ အမ်ားႀကီးလို႔ မင္းထင္လိမ့္မဘ္ ဒါ၎ဲ့ တကယ္န္းက ေသခ်ာခြဲလိုက္ရင္ တစ္သိန္း ကေန ႏွစ္သိန္းေလာက္ပဲ ရွိတာ ဒီလို အေမာင့္မ်ိဳးက သာမန္လူအတြက္ေတာ့ လုံေလာက္ေပမယ့္ ေလာ့ယြမ္ဇီကေတာ့ မတူဘူးေလ

သူတို႔ အဆင့္အတန္းနဲ႔ဧည့္သည္နဲ႔ေတြ႕တာ ထမင္းတူတူစားတာက ယြမ္ ေထာာင္ခ်ီ ကုန္က်တာေလ သူဒီႏွစ္ေတြ ဘယ္လိုေတာင္သည္းခံခဲ့ရလဲ သူမ်ားေတြက သူ႔ကိုလင္ငယ္ လို႔ေခၚတာလည္းမဆန္းဘူး

အစပိုင္း သူက ေလာ့ေယာင္ေယာင္ကိုမ ခ်စ္တာမဟုတ္သလို မရင္းႏွီးခ်င္တာလည္းမဟုတ္ဘူး သူမလိုခ်င္တာေတြ ဝယ္မေပးနိုင္တာ ၿပီးေတာ့ ေယာင္ေယာင္က ဖန္ရွီလဲ့လိုပဲ မာနႀကိီးလြန္းသလို လူတိုင္းရဲ့ အသဲႏွလုံးေလးေလ လူေတြ အကုန္လုံးက သူမကို ဂ႐ုစိုက္ၿပီး အလိုလိုက္ၾကတာ ၿပီးေတာ့ သူမရဲ့အေဖရင္းကို လည္း ဘာမွမပူဆာသလို ကပ္တာမ်ိဳးလည္းမရွိဘူးေလ

-

27.3 တပိုင္းက်န္ပါေသးတယ္ ညမွ တင္ေပးပါ့မယ္

Continue Reading

You'll Also Like

2.6M 147K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
2.9M 239K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
9.3K 811 10
နွေဦးမိုး၊ မက်မွန်ပန်းနှင့် လှပသောမိန်းမပျို လက်ထဲတွင်အနက်ရောင်ဝါးထီးတစ်လက်ကိုကိုင်ထားကာဤပန်းပင်အောက်၌ရပ်နေရင်း သူမ၏အပြုံးသည်နွေးထွေးပျော်ရွှင်နေသ...
21.9K 1.5K 35
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...