Every Vicious woman needs a R...

By Ribbon97Red

279K 29.9K 670

Author:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Ep... More

Introduction
အခန်း ၁ ဦးနှောက်မရှိလူတွေ အုပ်လိုက်စု
အခန်း ၂ အသက် ၂၀ အရွယ်သို့ တဖန်.....
အခန်း ၃ သူမတူတဲ့ စင်ဒရဲလားလေး
အခန်း ၃ (အပိုင်း ၂)
အခန်း ၄(အပိုင်း ၁)
အခန်း ၄ ( အပိုင်း ၂)
အခန်း ၅ လေးလံသော ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ရှည်လျားသောလမ်း
အခန်း ၅ (အပိုင်း ၂)
အခန်း ၆ ဒိတ်လုပ်ကြရအောင်
အခန်း ၆ အပိုင်း ၂
အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း
အခန်း ၇ (အပိုင်း ၂)
အခန်း ၈ လမ်းမလျှောက်နိုင်
အခန်း ၈ (အပိုင်း ၂)
အခန်း ၉ သူငယ်ချင်းတွေ
အခန်း ၉ (အပိုင်း ၂)
အခန်း၁၀ ဘာလုပ်နေတာလဲ
အခန်း ၁၀ (အပိုင်း ၂)
အခန်း ၁၁.၁ မပြတ်မသားဖြစ်စရာမလို
၁၁.၂
အခန်း ၁၂.၁ ရန်မစတာ ကောင်းမယ်
12.2
13
13.2
14.1
14.2
15.1 (1)
15.1(2)
15.2
16.1
16.2
17.1
17.2
18.1
18.2
19.1
19.2
20.1
20.2
21
21.2
22.1
22.2
22.3
23.1
23.2
23.3
24.1
24.2
25.1
25.2
25.3
27
27.2
28
29.1
29.2
30.1
30.2
30.3
31.1
31.2
End

26

3.4K 435 33
By Ribbon97Red

အခန်း ၂၆ စပရိုက်စ်

ဆေးရုံကထွက်လာပြီး ဆေးစစ်ချက်စာရွက်တွေကိုကိုင်ကာ ယောင်ယောင် စိတ်လွတ်နေခဲ့သည်။

ဒီကိစ္စက လွန်ခဲ့တဲ့ ၃ ရက်က စရှင်းပြရမှာပင် ဘာလို့လဲဆိုတော့ ချင်းကျင်းက နိုင်ငံခြားကို အလုပ်ခရီးဌွက်တော့ ယောင်ယောင် အိမ်မှာပြန်နေခဲ့တာ ဘာဖြစ်လဲတော့မသိ နာနီ အန်တီတွေလုပ်တဲ့ အချိုပွဲက သူမအကြိုက်ဆုံး တွေပင် အခုကျ မျိုချဖို့ ခက်နေရော ထမင်းလည်း သိပ်စားချင်စိတ်မရှိဘဲ ရုတ်တရက် ထထအန်နေတော့တာ

အစပိုင်းက ဂရုမစိုက်မိဘူး နွေရာသီက ပူတော့ စားချင်စိတ်ပျောက်စေတယ်လေ ပြောရရင် ချင်းကျင်း ချက်ကျွေးတာကိုလည်း ကျင့်သားရနေတော့ သူမ အကြိုက်ပြောင်းသွားတယ်ထင်ပြီး စိတ်ထဲ သိပ်မထားမိလိုက်ဘူး

ဒေါ်လေး လျိုကသူမပုံစံကိုမြင်ပြီး 'ကိုယ်ဝန်ရှိနေတာတော့မဟုတ်ဘူးမလား'လို့ စလိုက်တော့မှ ယောင်ယောင် ရင်တုန်သွားတော့တာ ဘာလို့လဲ ဆိုတော့ သူမ ဓမ္မတာ မလာတာ လဝက်လောက်ရှိနေပြီမို့လို့လ လာရမယ့်အချိန်ထက် နောက်ကျနေပြီးတော့ပေါ့

ပြောမှပဲ သူမနဲ့ချင်းကျင်း ဘာအကာအကွယ်မှမသုံးခဲ့ကြဘူး ပြောရရင် နှစ်ယောက်လုံးက ကွန်ဒုံးသုံးရတဲ့ခံစားချက်ကို မကြိုက်တာရယ် တားဆေးကိုလည်း တစ်ခါမှမတွေးဖူးတာကြောင့်ရယ်ပင်

ယောင်ယောင်က လုံးဝ မတွေးမိသလိုချင်းကျင်းကလည်း ဒီကိစ္စကိုဘာမှမပြောဘူးလေ

တွေးမိတာနဲ့ ယောင်ယောင်စိတ်ထဲ အမြစ်တွယ်သါားတာ ဆေးရုံသွားစစ်ဖို့ ဆုံးဖြတ်လိုက်တော့တာပဲ တခြားသူတွေ ဒိီပြသာနာကို ဘယ်လိုရင်ဆိုင်ကြလဲတော့ သူမမသိ ဒါမဲ့ သူမကတော့ ရလဒ်ကို စောင့်ရင်း စိတ်လှုပ်ရှားသလို ကြောက်နေခဲ့တာ ရလဒ်ကို ရင်မဆိုင်ရဲလို့ လှည့်ထွက်သွားချင်တဲ့ထိလေ

ရလဒ်ထွက်လာတော့ အံဩရမယ့်အစား ကြောက်မိတာဆိုပိုမှန်လိမ့်မည်။

သူမသာ အသက် နှစ်ဆယ် အရွယ်မိန်းကလေးတစ်ယောက်သာဆို တိတ်တိတ်လေး ကလေးကိုဖျက်ချမိမှာပဲ ပြီးရင် ဒါကို သင်ခန်းစာအဖြစ် မှတ်ယူပြီး နောက်ထပ်မဖြစ်အောင်ကာကွယ်မှာပေါ့လေပြီးတော့ သူမ ကောင်လေးကလည်း ဘာလုပ်ရမှန်းမသိဖြစ်နိုင်သလို တာဝန်မယူချင်တာလည်း ဖြစ်နိုင်သည် အဆုံးကျ သူကလည်း ကလေးဖျက်ချဖို့ကိုပဲ ထောက်ခံလိမ့်မည်လေ

ဒါမဲ့ အမှန်တရားက သူမက သွင်ပြင်ကသာ အသက် ၂၀ ဖြစ်နေတာ သူမစိတ်က အသက် ၂၇ နှစ်အရွယ် မိန်းမတစ်ယောက်လေ

ချင်းကျင်းလည်း ကလေးရှိလို့ ကြောက်နေ ပျာယာခတ်နေမှာမဟုတ်လောက်ဘူး သူအသက် ၂၅ နှစ်ဖြစ်နေပြီလေ သူ့အသက်နဲ့ဆို ကလေးတစ်ယောက်ရှိဖို့တောင်တွေးနေသင့်ပြီ

အဲ့ဒါကြောင့် ယောင်ယောင် ကျဉ်းထဲကျပ်ထဲ ရောက်နေတော့သည်။ အသက် ၂၇ နှစ်အရွယ်သူမကတော့ ကလေးကိုဖျက်ချမှာမဟုတ်ဘူး ဒါမဲ့ လက်ရှိသူမက အသက် ၂၀ အရွယ် မိန်းကလေးလေ ဒီမတော်တဆက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ် ဆိုတော့ သူမ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး

ကိုယ်ဝန်ရှိရင် ကြုံတွေ့ရမယ့် မိန်းကလေးတိုင်းရဲ့ တုံ့ပြန်မှုပဲနေမှာပါ ကိုယ့်ကိုကိုယ် ကလေးလို့ပဲ တွေးထားတာကို ရုတ်တရက် ကလေးအမေ ဖြစ်သွားတော့မယ်?

ကလေးကို ဘယ်လို ဂရုစိုက်ရမလဲ ဘယ်လို ပညာသင်ပေးရမလဲ ကျန်းကျန်းမာမာကြီးပြင်းလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတောင် မတွေးရသေးဘူး

ဘာမှကို မပြင်ဆင်ရသေးတာလေ

ယောင်ယောင် ဆေးရုံအပြင်က ခုံတန်းရှည်လေးမှာ ထိုင်နေခဲ့သည်။ သူမ ချက်ချင်း ဒီသတင်းကို သူများကို ပြောပြဖို့ လိုနေသည်လေ ဒါမဲ့ ဘယ်သူ့ကိုပြောရမှန်းမသိဘူး ချင်းကျင်း? သူက ခုချိန် အလုပ်များနေမှာ မားမား? ပြောလို့ရမှာ မဟုတ်လောက်ဘူး တခြားသူတွေကျတော့လည်း သူမ ရင်းနှီးတဲ့သူမှ မရှိတာပဲ

အိမ်ကအန်တီတွေကျလည်း ဒါမျိုးကိစ္စကိုပြောပြလို့အဆင်ပြေမှာမဟုတ်ဘူး ပြောပြလိုက်ရင် လူတိုင်း သိသွားကြမှာလေ

အကုန်လုံးကိုတွေးပြီးမှ သူမရဲ့ သူငယ်ချင်းကောင်း တန်ချင်းကို သတိရတော့တာပင်

ဖုန်းထုတ်ကာ နံပါတ်ကိုနှိပ်ပြီးခေါ်နေရင်းတွေးမိတာက နောက်ကျ ဖုန်းလျှော့သုံးရတော့မယ်လို့ပင်

"ဟဲလို ယောင်ယောင်?"

"အင်း" ယောင်ယောင် အသက်ပြင်းပြင်းရှုလိက်သည်။ ယောင်ယောင် စိတ်အခြေအနေက တစ်ခုခုဖြစ်နေတယ်ထင်လို့နေမည် တန်ချင်းက အမြန် "ဘာဖြစ်လို့လဲ?" လို့မေးလာခဲ့သည်။

ယောင်ယောင် ပါးစပ်ဟဖို့ ခက်ခဲနေပေမယ့် တဖက်က တန်ချင်းက စိတ်ရှည်စွာ စောင့်ပေးနေခဲ့သည်။ တော်တော်ကြာတိတ်ဆိတ်နေပြီးမှ ယောင်ယောင်က "ငါကိုယ်ဝန်ရှိနေပြီ" လို့ပြောလိုက်သည်?

တန်ချင်းက ဒီလိုသတင်းကြားရတာတောင် တည်ငြိမ်နေဆဲ "ဆိုတော့ ဘာလုပ်ချင်လို့လဲ?" လေသံက 'အခုဘာစားချင်လဲ' လို့မေးနေတာနဲ့ တူတူပင်

ယောင်ယောင်က သူမစကားတွေကြောင့် ကြောင်သွားတော့သည်။ ဘာလုပ်ရမလဲ သိရင် သူမကို ဖုန်းဆက်နေမှာမဟုတ်ဘူးလေ ယောင်ယောင်က အမှန်တိုင်းဖြေလိုက်သည်။​ "ငါမသိဘူး"

"အာ့ဆို ဖျက်ချလိုက်" တန်ချင်းက တည်ငြိမ်နေဆဲ

တွေးတောင်မတွေး ယောင်ယောင်က "နိုး!"

"အို့ အာ့ဆို ဂုဏ်ယူပါတယ် နင် အမေ ဖြစ်တော့မယ်"

ယောင်ယောင်က နည်းနည်းစိတ်တိုသွားတော့သည်။ "ဒါမဲ့ ငါမှ အဆင်သင့်မဖြစ်သေးတာ"

တဖက်က တော်တ်ောကြာတ်ိတ်နေပြီးမှ "လော့ယောင်ယောင် နင်ဘာပြင်ဆင်သင့်တယ်လို့ထင်လဲ?"

ဘာပြင်ဆင်သင့်လဲ? ယောင်ယောင် တစ်ခါမှအမေတစ်ယောက်မဖြစ်ဖူးဘူးလေ ဘယ်လိုလုပ် ဘာလိုလဲ သိမှာလဲ ကလေးကြီးပြင်းဖို့ အကောင်းဆုံး ပတ်ဝန်းကျင်လိုတယ်ဆိုတာပဲ သိတာ အကောင်းဆုံးပညာရေးကျန်းကျန်းမာမာကြီးပြင်းဖို့ ပြီးတော့ဘာလဲပဲ သူမ မသိတော့ဘူး

"လော့ယောင်ယောင် ကလေးရှိလာလို့ ဆိုပြီး အကုန်လုံး ကြိုပြင်ဆင်ထားတဲ့ အမေဆိုတာ မရှိဘူး"

"ငါ ငါ့အမေ အကြောင်း နင့်ကိုမပြောပြဖူးဘူးထင်တယ် ငါ့အမေက အရမ်းပျော့ညံတဲ့မိန်းမ နင်သူ့ကို စကားလေးနည်းနည်း လေသံကျယ်ကျယ်ပြောလိုက်တာနဲ့ မျက်လုံးတွေ နီလာမှာ တုံးအလွန်းလို့ တစ်ခုခုဝယ်တိုင်းလည်း အလိမ်ခံရတယ် လူတွေကိုလည်း စကားကျယ်ကျယ်မပြောရဲဘူး တဖက်လူဘာပြောပြော သဘောတူပြီး ဘာမှပြန်မပြောရဲဘူး ငါငယ်ငယ်တုန်းက ငါသူ့ကို တအားမုန်းခဲ့တာ ဘာလို့ တခြားအမေကတွေက သူတို့ကလေးတွေအနိုင်ကျင့်ခံရလို့ ရဲရဲရင့်ရင့် ရန်တွေ့နေတဲ့ချိန် သူကျ ဘာလို့ ပုန်းပြီး ငိုနေရတာလဲပေါ့?"

"ငါ့အဖေက ဖောက်ပြန်ပြိး သူ့ကို ကွာရှင်းချင်တာတောင် တခြားသူတွေကို မပြောရဲခဲ့ဘူး အခု သူရထားတဲ့ ကွာရှင်းတုန်းက ရရမယ့် ဝေစုတွေတောင် ငါ ယူပေးထားတာ ဒါမဲ့ သူငါ့ကိုမချစ်ဘူးလို့နင်ထင်လား မဟုတ်ဘူး သူငါ့ကို တအားချစ်တာ လူတိုင်းထက် အရာအားလုံးထက် ပိုချစ်တာ အမြဲတမ်း အလုပ်ကြိုးစားပြီး ကိုယ့်ကိုကိုယ် သန်မာအောင်လုပ်တယ် ရလဒ်က ဘာမှကြီးကြီးမားမားမဟုတ်တောင်လေ"

"မိန်းမတိုင်းက ကောင်းမွန်တဲ့ အမေဖြစ်ဖို့ မွေးဖွားလာကြတာမဟုတ်ဘူး ကလေးမရှိရင် သူတို့က အလိုလိုက်ခံရတဲ့ သူတွေပဲ အမှောင်ကြောက်တယ် ပိုးကောင်ကြောက်တယ် တခြားသူစကားကြောင့်လည်း မျက်ရည်ကျတတ်သလို ကိစ္စသေးသေးလေးတွေကအစ နာကျင်တတ်ကြတာပဲ ကလေးမွေးပြီတော့လည်း တူတူပဲ ကလေးတွေရှေ့မှာ မငိုရဲရုံပဲ အဲ့ဒါလေးတင်"

"အမေတွေက သူတို့ကလေးတွေကိုချစ်တာ သဘာဝပဲ ပြီးတော့ ကလေးတွေကလည်း သူတို့အမေကိုချစ်တာပဲ လော့ယောင်ယောင်ကြိုးစားတာနဲ့တင်လုံလောက်ပြီး နင့်အားနည်းချက်ကြောင့် ယိမ်းယိုင်မသွားနဲ့"

တန်ချင်း စကားအများကြီးပြောတာ ပထမဆုံးအကြိမ်ပင် သူမ အမေအကြောင်းကိုပြောလိုက်တိုင်း အသံက ညင်သာပြီးတော့ အလိုလိုက်ခံထားရသလိုမျိုး သူမအမေက တကယ်ပဲ သူမ ပြောသလိုဆို ဘယ်သူက အမေ ဘယ်သူက ကလေးလဲဆိုတာတောင် ပြောရခက်သွားပြီပင်

တန်ချင်း စိတ်အခြေအနေက အမြဲတည်ငြိမ်နေတာ ဒါကြောင့်ကို ဒီလိုအမေမျိုးနဲ့ စိတ်ရှည်ဖို့ သေချာ လေ့ကျင့်ခဲ့ရမှာပင်

ယောင်ယောင် တွေးမိတော့ သူမသာ အဲ့လို တူညီတဲ့အခြေအနေမျိုးမှာဆိုရင် ဒီလိုအမေမျိုးကို မုန်းမိမှာပဲ အများဆုံး သာမန်အမေတစ်ယောက်လိုချင်တယ်လို့ တောင် အော်ဟစ်နေမိမှာ အမေတိုင်းက ဖန်ရှီလဲ့လို့ သန်မာနိုင်တာမဟုတ်ဘူးလေ ယောင်ယောင် ကလေးတုန်းက အလုပ်များနေတဲ့ သူမ အမေကို မုန်းခဲ့ဖူးတယ် ဒါမဲ့လည်း သူမ မားမားကို သူမ ချစ်ဆဲပဲ

"တန်ချင်း ကျေးဇူးတင်ပါတယ်" တန်ချင်းက ဒိီလိုနှစ်သိမ့်ပေးတတ်တဲ့ ပုံစံမျိုးမဟုတ်ဘူး သူမဘက်ကသာ စမပြောရင် ဒီလိုမျိုးတောင် ပြောပြမှာမဟုတ်ဘူး

တန်ချင်းက တည်ငြိမ်စွာပင် "အင်း တခြားကိစ္စရှိသေးလား?"

ယောင်ယောင်စိတ်အခြေအနေ အများကြီး ပိုကောင်းလာပြီပင် ဆိုတော့ တန်ချင်းကို ဆက်မပြောတော့ဘဲ ဖုန်းချလိုက်တာ့သည်။

အမေ တစ်ယောက်ဖြစ်တာနဲ့ ကလေးဆက်ဆန်လို့မရတော့ဘူးလို့ ဘယ်သူပြောလဲ တွေးမိတာ တကယ်လို့ အနာဂတ်မှာ သူမကလေးကသာ သူမကို လာအထင်သေးရင် ရိုက်ပစ်မယ်လို့ပင်

ပြောမှပဲ သူမက တန်ချင်းအမေနဲ့တောင်ခပ်ဆင်ဆင် ဒါမဲ့ သူမကတော့ နည်းနည်းပိုညဏ်ကောင်းပြီး ကလေးပိုဆန်တာပေါ့လေ

ယောင်ယောင် သူမရဲ့ ပြားချပ်နေတဲ့ဗိုက်လေးကို ထိကာ အိမ်ကို ကားငှါးပြန်လိုက်သည်။ ချင်းကျင်းကို တကယ်ပြောပြချင်ပေမယ့် သူဒီချိန်မအားလောက်သေး အလုပ်ရှုပ်နေတော့ နှောင့်ယှက်လို့မကောင်းတာကြောင့် ညမှပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

အိမ်ပြန်ရောက်တော့ သူမ မတွေ့တာကြာတဲ့ လော့ချန်ချန်ကို တွေ့လိုက်ရသည်။ သူမက ခရီးဆောင်အိတ်တချို့ဆွဲကာ အိမ်ပြောင်းတော့မလို့ပင် တံခါးမှာလည်းကားတစ်စီးစောင့်နေကာ ကားထဲကလူက သူမ ထွက်လာတာမြင်တော့ ကားပေါ်က ဆင်းလာပြီးခရီးဆောင်အိတ်သယ်ကူပေးသည်။

ယောင်ယောင်က ဘေးမှာရပ်ကြည့်ရင်း ဒီလူကို ရင်းနှီးနေတယ်လို့ ခံစားနေမိသည်။ သူက အသက် ၃၀လောက်ပင် အရမ်းလည်း ကြည့်မကောင်းသလို အရမ်းလည်း ရုပ်မဆိုး ဒါမဲ့ သူ့ပုံစံက တဖက်လူကို သူက ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက်လို့ ထင်သွားစေတဲ့ ခံစားချက်မျိုးပေးစွမ်းနေသည်။ ထိုလူကယောင်ယောင် သူ့ကို ကြည့်နေတာကိ သတိထားမိကာ ပြုံးပြီးခေါင်းငြိမ့်ပြလာခဲ့သည်။

ယောင်ယောင်က အကြည့်လွှဲလိုက်ကာ သူတို့နှစ်ယောက် ပစ္စည်းတွေရွှေ့တာ စောင့်နေလိုက်သည်။ လော့ချန်ချန် ကားပေါ်တက်လိုက်တော့ ယောင်ယောင်က ရုတ်တရက် ကျယ်လောင်စွာ "လော့ချန်ချန် နင် သတိထားတာကောင်းမယ်" လို့အော်လိုက်သည်။

လော့ချန်ချန်က ကြောင်ပြီး လှည့်ကြည့်လာပေမယ့် ထိုလူက ကားစက်အမြန်နှိုးလိုက်တာကြောင့် သံသဃတွေကို အဖြေမပေးနိုင်ခဲ့လိုက်

တကယ်တန်း ယောင်ယောင်လည်းမသေချာ အဲ့လူက သူမအရင်ဘဝက သတင်းတွေထဲမှာ တွေ့ဖူးတဲ့လူနဲ့ တူတယ်လို့ခံစားမိရုံသာ ဒိီလူက ချမ်းသာတဲ့ မိသားစု တစ်ခုကနေ မွေးလာတဲ့သူ မြို့တွေကို ခရီးပတ်သွားတတ်သည်။ အဲ့ဒါကြောင့်လည်း လူတွေက ဒီလူက အိမ်ထောင်ရေးဆရာကြီး ဆိုတာမသိကြတာ ဆယ်နှစ်အတွင်းမှာ သူက ဆယ်ကြိမ်လောက်လက်ထပ်ခဲ့တာ တစ်နှစ်တစ်ခါလောက်ပေါ့ အရိုးထဲကနေ ရိုမန့်တစ်ဆန်တဲ့သူ လူတစ်ယောက်ကိုချစ်ရင် အဲ့လူကို မိုးထိရောက်သွားအောင် အလိုလိုက်ချစ်ပေးတာ ဒါမဲ့ သူ့အချစ်က ခနပဲ ခံတယ် နှစ်နည်းနည်းလောက်ကြာတော့ သူက အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမိတာနဲ့ တရားစွဲခံရတာ အဲ့တုန်းက တော်တော်တောင်နာမည်ကြီးသွားသေး

ယောင်ယောင် လော့ချန်ချန်ဒီလူနဲ့ ဘယ်လို ပက်သက်မိလဲ မသိ သူမလူမှားနေတာလည်း ဖြစ်နိုင်ပါတယ် ပြီးတော့ လော့ချန်ချန်ကို သတိပေးဖို့ကျလည်း သူမက တအားကို စေတနာသဒ္ဒါတရားထက်သန်ပြီး ရက်ရောတဲ့သူမဟုတ်ဘူးလေ အရင်ဘဝဆိုတာမရှိခဲ့သလိုပဲ ဟန်ဆောင်နိုင်တာ

'သတိထား' လို့ ပြောလိုက်တာက သူမ တတ်နိုင်တဲ့ အကောင်းဆုံး အကူညီပဲ

လော့ချန်ချန် ကိစ္စကိုဘေးဖယ်လိုက်ပြီး ယောင်ယောင် သူမဗိုက်လေးကို ပျော်ရွှင်စွာ ထိလိုက်သည်။

ပြီးတော့ သူမက အသက် ၂၇ နှစ်အရွယ်ရှိနေပြီလေ ကလေးမလိုချင်ဘဲနေမလား

ဖန်ရှီလဲ့ နဲ့ လော့ယွမ်ဇီက ဧည့်သည်တစ်ယောက်နဲ့ ညစာတူတူစားဖို့ချိန်းထားလို့ အိမ်ပြန်ညစာမစားကြ ယောင်ယောင် သက်ပြင်းချလိုက်မိသည်။ သူမ အမေကို ဘယ်လိုပြောပြရမလဲ မသိဘူးလေ မဟုတ်ရင် ချင်းကျင်းနဲ့ဆွေးနွေးပြီးမှ ပြောသင့်လား

စားချင်စိတ်မရှိပေမယ့် ယောင်ယောင် တတ်နိုင်သမျှ စားဖို့ ဆုံးဖြတ်လိုက်သည်။

စားပြီးသွားတော့ ယောင်ယောင် ရေသေချာချိုးကာ ဗိုက်ကိုတောင်မထိရဲ လမ်းကိုလည်း တတ်နိုင်သမျှဖွဖွလေးသာလျှောက်သည်။ မမှန်ဘူးဆိုတာ သိပေမယ့် ဒီလိုလုပ်မှပဲစိတ်အေးမှာလေ

စောင့်နေရင်းနဲ့ ချင်းကျင်း သာ ဒီကိစ္စကို သိသွားရင်ဆိုပြီး တွေးနေမိသည်။ သူပျော်မှာနော်?

ချင်းကျင်းဖုန်းမြည်သံကိုကြားတော့ သူမ စိတ်ပူသွားတော့သည်။ အခုကလေးမလိုချင်သေးရင် ဘယ်လိုလုပ်မလဲ? ပြီးတော့ သူက ခုထိငယ်သေးတာ သူတို့ ဒိတ်တာလည်းလအနည်းငယ်ပဲရှိသေးတာလေ တကယ်လို့ ဒိကလေးကို သာလိုချင်တယ်ဆို သူတို့လက်ထပ်ရမှာ သူအဆင်သင့်မဖြစ်သေးရင် ဘယ်လိုလုပ်မလဲ?

ဖုန်းဖြေပြီးတော့ ယောင်ယောင် လိုရင်းကို တန်းပြောလိုက်သည်။"ချင်းကျင်း ချစ်မှာ ကို့အတွက် စပရိုက်စ်တစ်ခုရှိတယ် ကို ကြိုက်ပါ့မလားတော့မသိဘူး"

"တကယ် တိုက်ဆိုင်လိုက်တာ ကို့မှာ လည်းချစ်အတွက် စပရိုက်စ်ရှိတယ်" တဖက်က ပျော်နေတဲ့ လေသံက အပြင်ကိုပါ ရိုက်ခတ်လာတဲ့ထိ

ယောင်ယောင် နှုတ်ခမ်းတင်းတင်းစေ့ကာ " ကို အရင်ပြော"

"ပြတင်းပေါက်ဖွင့်ပြီး လသာဆောင်ကိုလာခဲ့"

ယောင်ယောင် သူ့စကားအတိုင်း ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ လသာဆောင်မှာ ရပ်ကာ အောက်ကိုကြည့်လိုက်တော့ ကားတစ်စီးထိုးထားကာ ချင်းကျင်းက ကားကိုမှီထားပြီး သူမ ထွက်လာတာမြင်တော့ လက်လှမ်းပြသည်။ ယောင်ယောင် အံဩသွားတော့သည်။ ပြန်လာဖို့ ရက်တွေတော်တ်ောလိုသေးတာကု ခိုးပြန်လာတာပဲ

တကယ့်ကို စပရိုက်စ်ပဲ

"စပရိုက်စ်ပေးပြီးသွားပြီ ချစ် စပရိုက်စ် ကကော?"

ယောင်ယောင်် အသက်ပြင်းပြင်းရှုကာ "ချင်းကျင်း ချစ် ကိုယ်ဝန်ရှိနေပြီ"

ဒါက ချင်းကျင်း သူ့ရဲ့ ၂၅ နှစ်တာမှာ ကြားရတဲ့ ဒုတိယအကောင်းဆုံး သတင်းကောင်းတစ်ခုပင် တခြားသတင်းက ယောင်ယောင် သူနဲ့တူတူရှိချင်တယ်လို့ ပြောတဲ့သတင်း ဒါမဲ့ ချင်းကျင်း မပျော်နိုင်သေးဘဲ တည်ငြိမ်စွာနဲ့ "ယောင်ယောင် ကလေးမွေးချင်လား?"

သူ့အသံက သူမတောင်ကြောက်သွားမိတဲ့ထိ တည်ငြိမ်နေခဲ့သည်။ထိုချိန် သူမခေါင်းထဲ အတွေးတွေ အများကြီးဝင်လာကာ "ကလေးအဖေက ကလေးကိုမွေးချင်လားဆိုတာ ကြည့်ရမှာပေါ့"

ခုမှပဲ သူ့အပြည့်အဝပျော်နိုင်တော့သည်လေ

ချင်းကျင်းက သူမပြောတာကြားတော့ တော်တော်ကြာငိုင်နေကာ ယောင်ယောင်တောင် ငိုမိတော့မတတ် သူက ရုတ်တရက် ဖုန်းကိုလွှင့်ပစ်ကာ လမ်းမပေါ်ပြေးတက်သွားတော့သည်။

သူပြေးနေတာကို ကြည့်ကာ ယောင်ယောင်ကြောင်နေမိသည်။ သူဘာလုပ်နေတာလဲ

တော်တော်ကြာပြေးပြိီးမှချင်းကျင်း က နောက်ကို ပြန်လာကာ လသာဆောင်မှာ ရပ်နေတဲ့ ယောင်ယောင်ကို "လော့ယောင်ယောင် ကို့ကိုလက်ထပ်နိုင်မလား?" လို့အော်လိုက်တော့သည်။

ဒါက ရိုမန့်တစ် မဆန်ဆုံး လက်ထပ်ခွင့်တောင်းတာ ဖြစ်လိမ့်မည်။ ယောင်ယောင် ရင်ထဲ အပြစ်တင်နေပေမယ့် တက်ကြွစွာနဲ့ "အိုခေ" လို့ပြန််ဖြေလိုက်သည်။

သူမ ဖြေတာကိုကြားတော့ ချင်းကျင်းက ခနလောက် ငူငူငိုင်ငိုင်ကြီး ရပ်နေပြီး အရူးလို ထပ်ပတ်ပြေးပြန်သည်။

ဒီတစ်ခါတော့ ယောင်ယောင် သူ့အမူအရာတွေကနေ တဆင့် သူပျော်နေတာကို ခံစားမိကာ သူမ ဗီုက်လေးကို ထိပြီး "ကလေးလေး မင်းအဖေက အရူးပဲ"

ဒါမဲ့ သူက ဒိီကမ္ဘာမှာ ချစ်ဖို့အကောင်းဆုံး အရူးပဲ

အခန္း ၂၆ စပရိုက္စ္

ေဆး႐ုံကထြက္လာၿပီး ေဆးစစ္ခ်က္စာရြက္ေတြကိုကိုင္ကာ ေယာင္ေယာင္ စိတ္လြတ္ေနခဲ့သည္။

ဒီကိစၥက လြန္ခဲ့တဲ့ ၃ ရက္က စရွင္းျပရမွာပင္ ဘာလို႔လဲဆိုေတာ့ ခ်င္းက်င္းက နိုင္ငံျခားကို အလုပ္ခရီးဌြက္ေတာ့ ေယာင္ေယာင္ အိမ္မွာျပန္ေနခဲ့တာ ဘာျဖစ္လဲေတာ့မသိ နာနီ အန္တီေတြလုပ္တဲ့ အခ်ိဳပြဲက သူမအႀကိဳက္ဆုံး ေတြပင္ အခုက် မ်ိဳခ်ဖို႔ ခက္ေနေရာ ထမင္းလည္း သိပ္စားခ်င္စိတ္မရွိဘဲ ႐ုတ္တရက္ ထထအန္ေနေတာ့တာ

အစပိုင္းက ဂ႐ုမစိုက္မိဘူး ေႏြရာသီက ပူေတာ့ စားခ်င္စိတ္ေပ်ာက္ေစတယ္ေလ ေျပာရရင္ ခ်င္းက်င္း ခ်က္ေကၽြးတာကိုလည္း က်င့္သားရေနေတာ့ သူမ အႀကိဳက္ေျပာင္းသြားတယ္ထင္ၿပီး စိတ္ထဲ သိပ္မထားမိလိုက္ဘူး

ေဒၚေလး လ်ိဳကသူမပုံစံကိုျမင္ၿပီး 'ကိုယ္ဝန္ရွိေနတာေတာ့မဟုတ္ဘူးမလား'လို႔ စလိုက္ေတာ့မွ ေယာင္ေယာင္ ရင္တုန္သြားေတာ့တာ ဘာလို႔လဲ ဆိုေတာ့ သူမ ဓမၼတာ မလာတာ လဝက္ေလာက္ရွိေနၿပီမို႔လို႔လ လာရမယ့္အခ်ိန္ထက္ ေနာက္က်ေနၿပီးေတာ့ေပါ့

ေျပာမွပဲ သူမနဲ႔ခ်င္းက်င္း ဘာအကာအကြယ္မွမသုံးခဲ့ၾကဘူး ေျပာရရင္ ႏွစ္ေယာက္လုံးက ကြန္ဒုံးသုံးရတဲ့ခံစားခ်က္ကို မႀကိဳက္တာရယ္ တားေဆးကိုလည္း တစ္ခါမွမေတြးဖူးတာေၾကာင့္ရယ္ပင္

ေယာင္ေယာင္က လုံးဝ မေတြးမိသလိုခ်င္းက်င္းကလည္း ဒီကိစၥကိုဘာမွမေျပာဘူးေလ

ေတြးမိတာနဲ႔ ေယာင္ေယာင္စိတ္ထဲ အျမစ္တြယ္သါားတာ ေဆး႐ုံသြားစစ္ဖို႔ ဆုံးျဖတ္လိုက္ေတာ့တာပဲ တျခားသူေတြ ဒိီျပသာနာကို ဘယ္လိုရင္ဆိုင္ၾကလဲေတာ့ သူမမသိ ဒါမဲ့ သူမကေတာ့ ရလဒ္ကို ေစာင့္ရင္း စိတ္လႈပ္ရွားသလို ေၾကာက္ေနခဲ့တာ ရလဒ္ကို ရင္မဆိုင္ရဲလို႔ လွည့္ထြက္သြားခ်င္တဲ့ထိေလ

ရလဒ္ထြက္လာေတာ့ အံဩရမယ့္အစား ေၾကာက္မိတာဆိုပိုမွန္လိမ့္မည္။

သူမသာ အသက္ ႏွစ္ဆယ္ အရြယ္မိန္းကေလးတစ္ေယာက္သာဆို တိတ္တိတ္ေလး ကေလးကိုဖ်က္ခ်မိမွာပဲ ၿပီးရင္ ဒါကို သင္ခန္းစာအျဖစ္ မွတ္ယူၿပီး ေနာက္ထပ္မျဖစ္ေအာင္ကာကြယ္မွာေပါ့ေလၿပီးေတာ့ သူမ ေကာင္ေလးကလည္း ဘာလုပ္ရမွန္းမသိျဖစ္နိုင္သလို တာဝန္မယူခ်င္တာလည္း ျဖစ္နိုင္သည္ အဆုံးက် သူကလည္း ကေလးဖ်က္ခ်ဖို႔ကိုပဲ ေထာက္ခံလိမ့္မည္ေလ

ဒါမဲ့ အမွန္တရားက သူမက သြင္ျပင္ကသာ အသက္ ၂၀ ျဖစ္ေနတာ သူမစိတ္က အသက္ ၂၇ ႏွစ္အရြယ္ မိန္းမတစ္ေယာက္ေလ

ခ်င္းက်င္းလည္း ကေလးရွိလို႔ ေၾကာက္ေန ပ်ာယာခတ္ေနမွာမဟုတ္ေလာက္ဘူး သူအသက္ ၂၅ ႏွစ္ျဖစ္ေနၿပီေလ သူ႔အသက္နဲ႔ဆို ကေလးတစ္ေယာက္ရွိဖို႔ေတာင္ေတြးေနသင့္ၿပီ

အဲ့ဒါေၾကာင့္ ေယာင္ေယာင္ က်ဥ္းထဲက်ပ္ထဲ ေရာက္ေနေတာ့သည္။ အသက္ ၂၇ ႏွစ္အရြယ္သူမကေတာ့ ကေလးကိုဖ်က္ခ်မွာမဟုတ္ဘူး ဒါမဲ့ လက္ရွိသူမက အသက္ ၂၀ အရြယ္ မိန္းကေလးေလ ဒီမေတာ္တဆက အရမ္းကို ႐ုတ္တရက္ ဆန္လြန္းတယ္ ဆိုေတာ့ သူမ စိတ္ပိုင္းဆိုင္ရာ မျပင္ဆင္ရေသးဘူး

ကိုယ္ဝန္ရွိရင္ ၾကဳံေတြ႕ရမယ့္ မိန္းကေလးတိုင္းရဲ့ တုံ႔ျပန္မႈပဲေနမွာပါ ကိုယ့္ကိုကိုယ္ ကေလးလို႔ပဲ ေတြးထားတာကို ႐ုတ္တရက္ ကေလးအေမ ျဖစ္သြားေတာ့မယ္?

ကေလးကို ဘယ္လို ဂ႐ုစိုက္ရမလဲ ဘယ္လို ပညာသင္ေပးရမလဲ က်န္းက်န္းမာမာႀကီးျပင္းလာေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာေတာင္ မေတြးရေသးဘူး

ဘာမွကို မျပင္ဆင္ရေသးတာေလ

ေယာင္ေယာင္ ေဆး႐ုံအျပင္က ခုံတန္းရွည္ေလးမွာ ထိုင္ေနခဲ့သည္။ သူမ ခ်က္ခ်င္း ဒီသတင္းကို သူမ်ားကို ေျပာျပဖို႔ လိုေနသည္ေလ ဒါမဲ့ ဘယ္သူ႔ကိုေျပာရမွန္းမသိဘူး ခ်င္းက်င္း? သူက ခုခ်ိန္ အလုပ္မ်ားေနမွာ မားမား? ေျပာလို႔ရမွာ မဟုတ္ေလာက္ဘူး တျခားသူေတြက်ေတာ့လည္း သူမ ရင္းႏွီးတဲ့သူမွ မရွိတာပဲ

အိမ္ကအန္တီေတြက်လည္း ဒါမ်ိဳးကိစၥကိုေျပာျပလို႔အဆင္ေျပမွာမဟုတ္ဘူး ေျပာျပလိုက္ရင္ လူတိုင္း သိသြားၾကမွာေလ

အကုန္လုံးကိုေတြးၿပီးမွ သူမရဲ့ သူငယ္ခ်င္းေကာင္း တန္ခ်င္းကို သတိရေတာ့တာပင္

ဖုန္းထုတ္ကာ နံပါတ္ကိုႏွိပ္ၿပီးေခၚေနရင္းေတြးမိတာက ေနာက္က် ဖုန္းေလၽွာ့သုံးရေတာ့မယ္လို႔ပင္

"ဟဲလို ေယာင္ေယာင္?"

"အင္း" ေယာင္ေယာင္ အသက္ျပင္းျပင္းရႈလိက္သည္။ ေယာင္ေယာင္ စိတ္အေျခအေနက တစ္ခုခုျဖစ္ေနတယ္ထင္လို႔ေနမည္ တန္ခ်င္းက အျမန္ "ဘာျဖစ္လို႔လဲ?" လို႔ေမးလာခဲ့သည္။

ေယာင္ေယာင္ ပါးစပ္ဟဖို႔ ခက္ခဲေနေပမယ့္ တဖက္က တန္ခ်င္းက စိတ္ရွည္စြာ ေစာင့္ေပးေနခဲ့သည္။ ေတာ္ေတာ္ၾကာတိတ္ဆိတ္ေနၿပီးမွ ေယာင္ေယာင္က "ငါကိုယ္ဝန္ရွိေနၿပီ" လို႔ေျပာလိုက္သည္?

တန္ခ်င္းက ဒီလိုသတင္းၾကားရတာေတာင္ တည္ၿငိမ္ေနဆဲ "ဆိုေတာ့ ဘာလုပ္ခ်င္လို႔လဲ?" ေလသံက 'အခုဘာစားခ်င္လဲ' လို႔ေမးေနတာနဲ႔ တူတူပင္

ေယာင္ေယာင္က သူမစကားေတြေၾကာင့္ ေၾကာင္သြားေတာ့သည္။ ဘာလုပ္ရမလဲ သိရင္ သူမကို ဖုန္းဆက္ေနမွာမဟုတ္ဘူးေလ ေယာင္ေယာင္က အမွန္တိုင္းေျဖလိုက္သည္။​ "ငါမသိဘူး"

"အာ့ဆို ဖ်က္ခ်လိုက္" တန္ခ်င္းက တည္ၿငိမ္ေနဆဲ

ေတြးေတာင္မေတြး ေယာင္ေယာင္က "နိုး!"

"အို႔ အာ့ဆို ဂုဏ္ယူပါတယ္ နင္ အေမ ျဖစ္ေတာ့မယ္"

ေယာင္ေယာင္က နည္းနည္းစိတ္တိုသြားေတာ့သည္။ "ဒါမဲ့ ငါမွ အဆင္သင့္မျဖစ္ေသးတာ"

တဖက္က ေတာ္တ္ောၾကာတ္ိတ္ေနၿပီးမွ "ေလာ့ေယာင္ေယာင္ နင္ဘာျပင္ဆင္သင့္တယ္လို႔ထင္လဲ?"

ဘာျပင္ဆင္သင့္လဲ? ေယာင္ေယာင္ တစ္ခါမွအေမတစ္ေယာက္မျဖစ္ဖူးဘူးေလ ဘယ္လိုလုပ္ ဘာလိုလဲ သိမွာလဲ ကေလးႀကီးျပင္းဖို႔ အေကာင္းဆုံး ပတ္ဝန္းက်င္လိုတယ္ဆိုတာပဲ သိတာ အေကာင္းဆုံးပညာေရးက်န္းက်န္းမာမာႀကီးျပင္းဖို႔ ၿပီးေတာ့ဘာလဲပဲ သူမ မသိေတာ့ဘူး

"ေလာ့ေယာင္ေယာင္ ကေလးရွိလာလို႔ ဆိုၿပီး အကုန္လုံး ႀကိဳျပင္ဆင္ထားတဲ့ အေမဆိုတာ မရွိဘူး"

"ငါ ငါ့အေမ အေၾကာင္း နင့္ကိုမေျပာျပဖူးဘူးထင္တယ္ ငါ့အေမက အရမ္းေပ်ာ့ညံတဲ့မိန္းမ နင္သူ႔ကို စကားေလးနည္းနည္း ေလသံက်ယ္က်ယ္ေျပာလိုက္တာနဲ႔ မ်က္လုံးေတြ နီလာမွာ တုံးအလြန္းလို႔ တစ္ခုခုဝယ္တိုင္းလည္း အလိမ္ခံရတယ္ လူေတြကိုလည္း စကားက်ယ္က်ယ္မေျပာရဲဘူး တဖက္လူဘာေျပာေျပာ သေဘာတူၿပီး ဘာမွျပန္မေျပာရဲဘူး ငါငယ္ငယ္တုန္းက ငါသူ႔ကို တအားမုန္းခဲ့တာ ဘာလို႔ တျခားအေမကေတြက သူတို႔ကေလးေတြအနိုင္က်င့္ခံရလို႔ ရဲရဲရင့္ရင့္ ရန္ေတြ႕ေနတဲ့ခ်ိန္ သူက် ဘာလို႔ ပုန္းၿပီး ငိုေနရတာလဲေပါ့?"

"ငါ့အေဖက ေဖာက္ျပန္ၿပိး သူ႔ကို ကြာရွင္းခ်င္တာေတာင္ တျခားသူေတြကို မေျပာရဲခဲ့ဘူး အခု သူရထားတဲ့ ကြာရွင္းတုန္းက ရရမယ့္ ေဝစုေတြေတာင္ ငါ ယူေပးထားတာ ဒါမဲ့ သူငါ့ကိုမခ်စ္ဘူးလို႔နင္ထင္လား မဟုတ္ဘူး သူငါ့ကို တအားခ်စ္တာ လူတိုင္းထက္ အရာအားလုံးထက္ ပိုခ်စ္တာ အျမဲတမ္း အလုပ္ႀကိဳးစားၿပီး ကိုယ့္ကိုကိုယ္ သန္မာေအာင္လုပ္တယ္ ရလဒ္က ဘာမွႀကီးႀကီးမားမားမဟုတ္ေတာင္ေလ"

"မိန္းမတိုင္းက ေကာင္းမြန္တဲ့ အေမျဖစ္ဖို႔ ေမြးဖြားလာၾကတာမဟုတ္ဘူး ကေလးမရွိရင္ သူတို႔က အလိုလိုက္ခံရတဲ့ သူေတြပဲ အေမွာင္ေၾကာက္တယ္ ပိုးေကာင္ေၾကာက္တယ္ တျခားသူစကားေၾကာင့္လည္း မ်က္ရည္က်တတ္သလို ကိစၥေသးေသးေလးေတြကအစ နာက်င္တတ္ၾကတာပဲ ကေလးေမြးၿပီေတာ့လည္း တူတူပဲ ကေလးေတြေရွ႕မွာ မငိုရဲ႐ုံပဲ အဲ့ဒါေလးတင္"

"အေမေတြက သူတို႔ကေလးေတြကိုခ်စ္တာ သဘာဝပဲ ၿပီးေတာ့ ကေလးေတြကလည္း သူတို႔အေမကိုခ်စ္တာပဲ ေလာ့ေယာင္ေယာင္ႀကိဳးစားတာနဲ႔တင္လုံေလာက္ၿပီး နင့္အားနည္းခ်က္ေၾကာင့္ ယိမ္းယိုင္မသြားနဲ႔"

တန္ခ်င္း စကားအမ်ားႀကီးေျပာတာ ပထမဆုံးအႀကိမ္ပင္ သူမ အေမအေၾကာင္းကိုေျပာလိုက္တိုင္း အသံက ညင္သာၿပီးေတာ့ အလိုလိုက္ခံထားရသလိုမ်ိဳး သူမအေမက တကယ္ပဲ သူမ ေျပာသလိုဆို ဘယ္သူက အေမ ဘယ္သူက ကေလးလဲဆိုတာေတာင္ ေျပာရခက္သြားၿပီပင္

တန္ခ်င္း စိတ္အေျခအေနက အျမဲတည္ၿငိမ္ေနတာ ဒါေၾကာင့္ကို ဒီလိုအေမမ်ိဳးနဲ႔ စိတ္ရွည္ဖို႔ ေသခ်ာ ေလ့က်င့္ခဲ့ရမွာပင္

ေယာင္ေယာင္ ေတြးမိေတာ့ သူမသာ အဲ့လို တူညီတဲ့အေျခအေနမ်ိဳးမွာဆိုရင္ ဒီလိုအေမမ်ိဳးကို မုန္းမိမွာပဲ အမ်ားဆုံး သာမန္အေမတစ္ေယာက္လိုခ်င္တယ္လို႔ ေတာင္ ေအာ္ဟစ္ေနမိမွာ အေမတိုင္းက ဖန္ရွီလဲ့လို႔ သန္မာနိုင္တာမဟုတ္ဘူးေလ ေယာင္ေယာင္ ကေလးတုန္းက အလုပ္မ်ားေနတဲ့ သူမ အေမကို မုန္းခဲ့ဖူးတယ္ ဒါမဲ့လည္း သူမ မားမားကို သူမ ခ်စ္ဆဲပဲ

"တန္ခ်င္း ေက်းဇူးတင္ပါတယ္" တန္ခ်င္းက ဒိီလိုႏွစ္သိမ့္ေပးတတ္တဲ့ ပုံစံမ်ိဳးမဟုတ္ဘူး သူမဘက္ကသာ စမေျပာရင္ ဒီလိုမ်ိဳးေတာင္ ေျပာျပမွာမဟုတ္ဘူး

တန္ခ်င္းက တည္ၿငိမ္စြာပင္ "အင္း တျခားကိစၥရွိေသးလား?"

ေယာင္ေယာင္စိတ္အေျခအေန အမ်ားႀကီး ပိုေကာင္းလာၿပီပင္ ဆိုေတာ့ တန္ခ်င္းကို ဆက္မေျပာေတာ့ဘဲ ဖုန္းခ်လိုက္တာ့သည္။

အေမ တစ္ေယာက္ျဖစ္တာနဲ႔ ကေလးဆက္ဆန္လို႔မရေတာ့ဘူးလို႔ ဘယ္သူေျပာလဲ ေတြးမိတာ တကယ္လို႔ အနာဂတ္မွာ သူမကေလးကသာ သူမကို လာအထင္ေသးရင္ ရိုက္ပစ္မယ္လို႔ပင္

ေျပာမွပဲ သူမက တန္ခ်င္းအေမနဲ႔ေတာင္ခပ္ဆင္ဆင္ ဒါမဲ့ သူမကေတာ့ နည္းနည္းပိုညဏ္ေကာင္းၿပီး ကေလးပိုဆန္တာေပါ့ေလ

ေယာင္ေယာင္ သူမရဲ့ ျပားခ်ပ္ေနတဲ့ဗိုက္ေလးကို ထိကာ အိမ္ကို ကားငွါးျပန္လိုက္သည္။ ခ်င္းက်င္းကို တကယ္ေျပာျပခ်င္ေပမယ့္ သူဒီခ်ိန္မအားေလာက္ေသး အလုပ္ရႈပ္ေနေတာ့ ေႏွာင့္ယွက္လို႔မေကာင္းတာေၾကာင့္ ညမွေျပာဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

အိမ္ျပန္ေရာက္ေတာ့ သူမ မေတြ႕တာၾကာတဲ့ ေလာ့ခ်န္ခ်န္ကို ေတြ႕လိုက္ရသည္။ သူမက ခရီးေဆာင္အိတ္တခ်ိဳ႕ဆြဲကာ အိမ္ေျပာင္းေတာ့မလို႔ပင္ တံခါးမွာလည္းကားတစ္စီးေစာင့္ေနကာ ကားထဲကလူက သူမ ထြက္လာတာျမင္ေတာ့ ကားေပၚက ဆင္းလာၿပီးခရီးေဆာင္အိတ္သယ္ကူေပးသည္။

ေယာင္ေယာင္က ေဘးမွာရပ္ၾကည့္ရင္း ဒီလူကို ရင္းႏွီးေနတယ္လို႔ ခံစားေနမိသည္။ သူက အသက္ ၃၀ေလာက္ပင္ အရမ္းလည္း ၾကည့္မေကာင္းသလို အရမ္းလည္း ႐ုပ္မဆိုး ဒါမဲ့ သူ႔ပုံစံက တဖက္လူကို သူက ယဥ္ေက်းသိမ္ေမြ႕တဲ့ လူႀကီးလူေကာင္းတစ္ေယာက္လို႔ ထင္သြားေစတဲ့ ခံစားခ်က္မ်ိဳးေပးစြမ္းေနသည္။ ထိုလူကေယာင္ေယာင္ သူ႔ကို ၾကည့္ေနတာကိ သတိထားမိကာ ျပဳံးၿပီးေခါင္းၿငိမ့္ျပလာခဲ့သည္။

ေယာင္ေယာင္က အၾကည့္လႊဲလိုက္ကာ သူတို႔ႏွစ္ေယာက္ ပစၥည္းေတြေရႊ႕တာ ေစာင့္ေနလိုက္သည္။ ေလာ့ခ်န္ခ်န္ ကားေပၚတက္လိုက္ေတာ့ ေယာင္ေယာင္က ႐ုတ္တရက္ က်ယ္ေလာင္စြာ "ေလာ့ခ်န္ခ်န္ နင္ သတိထားတာေကာင္းမယ္" လို႔ေအာ္လိုက္သည္။

ေလာ့ခ်န္ခ်န္က ေၾကာင္ၿပီး လွည့္ၾကည့္လာေပမယ့္ ထိုလူက ကားစက္အျမန္ႏွိုးလိုက္တာေၾကာင့္ သံသဃေတြကို အေျဖမေပးနိုင္ခဲ့လိုက္

တကယ္တန္း ေယာင္ေယာင္လည္းမေသခ်ာ အဲ့လူက သူမအရင္ဘဝက သတင္းေတြထဲမွာ ေတြ႕ဖူးတဲ့လူနဲ႔ တူတယ္လို႔ခံစားမိ႐ုံသာ ဒိီလူက ခ်မ္းသာတဲ့ မိသားစု တစ္ခုကေန ေမြးလာတဲ့သူ ၿမိဳ႕ေတြကို ခရီးပတ္သြားတတ္သည္။ အဲ့ဒါေၾကာင့္လည္း လူေတြက ဒီလူက အိမ္ေထာင္ေရးဆရာႀကီး ဆိုတာမသိၾကတာ ဆယ္ႏွစ္အတြင္းမွာ သူက ဆယ္ႀကိမ္ေလာက္လက္ထပ္ခဲ့တာ တစ္ႏွစ္တစ္ခါေလာက္ေပါ့ အရိုးထဲကေန ရိုမန္႔တစ္ဆန္တဲ့သူ လူတစ္ေယာက္ကိုခ်စ္ရင္ အဲ့လူကို မိုးထိေရာက္သြားေအာင္ အလိုလိုက္ခ်စ္ေပးတာ ဒါမဲ့ သူ႔အခ်စ္က ခနပဲ ခံတယ္ ႏွစ္နည္းနည္းေလာက္ၾကာေတာ့ သူက အသက္မျပည့္ေသးတဲ့ မိန္းကေလးတစ္ေယာက္ကို ျပန္ေပးဆြဲမိတာနဲ႔ တရားစြဲခံရတာ အဲ့တုန္းက ေတာ္ေတာ္ေတာင္နာမည္ႀကီးသြားေသး

ေယာင္ေယာင္ ေလာ့ခ်န္ခ်န္ဒီလူနဲ႔ ဘယ္လို ပက္သက္မိလဲ မသိ သူမလူမွားေနတာလည္း ျဖစ္နိုင္ပါတယ္ ၿပီးေတာ့ ေလာ့ခ်န္ခ်န္ကို သတိေပးဖို႔က်လည္း သူမက တအားကို ေစတနာသဒၵါတရားထက္သန္ၿပီး ရက္ေရာတဲ့သူမဟုတ္ဘူးေလ အရင္ဘဝဆိုတာမရွိခဲ့သလိုပဲ ဟန္ေဆာင္နိုင္တာ

'သတိထား' လို႔ ေျပာလိုက္တာက သူမ တတ္နိုင္တဲ့ အေကာင္းဆုံး အကူညီပဲ

ေလာ့ခ်န္ခ်န္ ကိစၥကိုေဘးဖယ္လိုက္ၿပီး ေယာင္ေယာင္ သူမဗိုက္ေလးကို ေပ်ာ္ရႊင္စြာ ထိလိုက္သည္။

ၿပီးေတာ့ သူမက အသက္ ၂၇ ႏွစ္အရြယ္ရွိေနၿပီေလ ကေလးမလိုခ်င္ဘဲေနမလား

ဖန္ရွီလဲ့ နဲ႔ ေလာ့ယြမ္ဇီက ဧည့္သည္တစ္ေယာက္နဲ႔ ညစာတူတူစားဖို႔ခ်ိန္းထားလို႔ အိမ္ျပန္ညစာမစားၾက ေယာင္ေယာင္ သက္ျပင္းခ်လိုက္မိသည္။ သူမ အေမကို ဘယ္လိုေျပာျပရမလဲ မသိဘူးေလ မဟုတ္ရင္ ခ်င္းက်င္းနဲ႔ေဆြးေႏြးၿပီးမွ ေျပာသင့္လား

စားခ်င္စိတ္မရွိေပမယ့္ ေယာင္ေယာင္ တတ္နိုင္သမၽွ စားဖို႔ ဆုံးျဖတ္လိုက္သည္။

စားၿပီးသြားေတာ့ ေယာင္ေယာင္ ေရေသခ်ာခ်ိဳးကာ ဗိုက္ကိုေတာင္မထိရဲ လမ္းကိုလည္း တတ္နိုင္သမၽွဖြဖြေလးသာေလၽွာက္သည္။ မမွန္ဘူးဆိုတာ သိေပမယ့္ ဒီလိုလုပ္မွပဲစိတ္ေအးမွာေလ

ေစာင့္ေနရင္းနဲ႔ ခ်င္းက်င္း သာ ဒီကိစၥကို သိသြားရင္ဆိုၿပီး ေတြးေနမိသည္။ သူေပ်ာ္မွာေနာ္?

ခ်င္းက်င္းဖုန္းျမည္သံကိုၾကားေတာ့ သူမ စိတ္ပူသြားေတာ့သည္။ အခုကေလးမလိုခ်င္ေသးရင္ ဘယ္လိုလုပ္မလဲ? ၿပီးေတာ့ သူက ခုထိငယ္ေသးတာ သူတို႔ ဒိတ္တာလည္းလအနည္းငယ္ပဲရွိေသးတာေလ တကယ္လို႔ ဒိကေလးကို သာလိုခ်င္တယ္ဆို သူတို႔လက္ထပ္ရမွာ သူအဆင္သင့္မျဖစ္ေသးရင္ ဘယ္လိုလုပ္မလဲ?

ဖုန္းေျဖၿပီးေတာ့ ေယာင္ေယာင္ လိုရင္းကို တန္းေျပာလိုက္သည္။"ခ်င္းက်င္း ခ်စ္မွာ ကို႔အတြက္ စပရိုက္စ္တစ္ခုရွိတယ္ ကို ႀကိဳက္ပါ့မလားေတာ့မသိဘူး"

"တကယ္ တိုက္ဆိုင္လိုက္တာ ကို႔မွာ လည္းခ်စ္အတြက္ စပရိုက္စ္ရွိတယ္" တဖက္က ေပ်ာ္ေနတဲ့ ေလသံက အျပင္ကိုပါ ရိုက္ခတ္လာတဲ့ထိ

ေယာင္ေယာင္ ႏႈတ္ခမ္းတင္းတင္းေစ့ကာ " ကို အရင္ေျပာ"

"ျပတင္းေပါက္ဖြင့္ၿပီး လသာေဆာင္ကိုလာခဲ့"

ေယာင္ေယာင္ သူ႔စကားအတိုင္း ျပတင္းေပါက္ကိုဖြင့္လိုက္သည္။ လသာေဆာင္မွာ ရပ္ကာ ေအာက္ကိုၾကည့္လိုက္ေတာ့ ကားတစ္စီးထိုးထားကာ ခ်င္းက်င္းက ကားကိုမွီထားၿပီး သူမ ထြက္လာတာျမင္ေတာ့ လက္လွမ္းျပသည္။ ေယာင္ေယာင္ အံဩသြားေတာ့သည္။ ျပန္လာဖို႔ ရက္ေတြေတာ္တ္ောလိုေသးတာကု ခိုးျပန္လာတာပဲ

တကယ့္ကို စပရိုက္စ္ပဲ

"စပရိုက္စ္ေပးၿပီးသြားၿပီ ခ်စ္ စပရိုက္စ္ ကေကာ?"

ေယာင္ေယာင္္ အသက္ျပင္းျပင္းရႈကာ "ခ်င္းက်င္း ခ်စ္ ကိုယ္ဝန္ရွိေနၿပီ"

ဒါက ခ်င္းက်င္း သူ႔ရဲ့ ၂၅ ႏွစ္တာမွာ ၾကားရတဲ့ ဒုတိယအေကာင္းဆုံး သတင္းေကာင္းတစ္ခုပင္ တျခားသတင္းက ေယာင္ေယာင္ သူနဲ႔တူတူရွိခ်င္တယ္လို႔ ေျပာတဲ့သတင္း ဒါမဲ့ ခ်င္းက်င္း မေပ်ာ္နိုင္ေသးဘဲ တည္ၿငိမ္စြာနဲ႔ "ေယာင္ေယာင္ ကေလးေမြးခ်င္လား?"

သူ႔အသံက သူမေတာင္ေၾကာက္သြားမိတဲ့ထိ တည္ၿငိမ္ေနခဲ့သည္။ထိုခ်ိန္ သူမေခါင္းထဲ အေတြးေတြ အမ်ားႀကီးဝင္လာကာ "ကေလးအေဖက ကေလးကိုေမြးခ်င္လားဆိုတာ ၾကည့္ရမွာေပါ့"

ခုမွပဲ သူ႔အျပည့္အဝေပ်ာ္နိုင္ေတာ့သည္ေလ

ခ်င္းက်င္းက သူမေျပာတာၾကားေတာ့ ေတာ္ေတာ္ၾကာငိုင္ေနကာ ေယာင္ေယာင္ေတာင္ ငိုမိေတာ့မတတ္ သူက ႐ုတ္တရက္ ဖုန္းကိုလႊင့္ပစ္ကာ လမ္းမေပၚေျပးတက္သြားေတာ့သည္။

သူေျပးေနတာကို ၾကည့္ကာ ေယာင္ေယာင္ေၾကာင္ေနမိသည္။ သူဘာလုပ္ေနတာလဲ

ေတာ္ေတာ္ၾကာေျပးၿပိီးမွခ်င္းက်င္း က ေနာက္ကို ျပန္လာကာ လသာေဆာင္မွာ ရပ္ေနတဲ့ ေယာင္ေယာင္ကို "ေလာ့ေယာင္ေယာင္ ကို႔ကိုလက္ထပ္နိုင္မလား?" လို႔ေအာ္လိုက္ေတာ့သည္။

ဒါက ရိုမန္႔တစ္ မဆန္ဆုံး လက္ထပ္ခြင့္ေတာင္းတာ ျဖစ္လိမ့္မည္။ ေယာင္ေယာင္ ရင္ထဲ အျပစ္တင္ေနေပမယ့္ တက္ႂကြစြာနဲ႔ "အိုေခ" လို႔ျပန္္ေျဖလိုက္သည္။

သူမ ေျဖတာကိုၾကားေတာ့ ခ်င္းက်င္းက ခနေလာက္ ငူငူငိုင္ငိုင္ႀကီး ရပ္ေနၿပီး အ႐ူးလို ထပ္ပတ္ေျပးျပန္သည္။

ဒီတစ္ခါေတာ့ ေယာင္ေယာင္ သူ႔အမူအရာေတြကေန တဆင့္ သူေပ်ာ္ေနတာကို ခံစားမိကာ သူမ ဗီုက္ေလးကို ထိၿပီး "ကေလးေလး မင္းအေဖက အ႐ူးပဲ"

ဒါမဲ့ သူက ဒိီကမၻာမွာ ခ်စ္ဖို႔အေကာင္းဆုံး အ႐ူးပဲ

Continue Reading

You'll Also Like

33.3K 3.5K 76
Title - Seventh Year of My Secret Love for You / 暗恋你的第七年 Chapter - 63+11 Extras ( chapters are divided ; 164 parts completed ) Author - Meng Xiao Ji...
936K 13.7K 36
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
20.1K 1.4K 35
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...
3.1M 129K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...