Every Vicious woman needs a R...

By Ribbon97Red

280K 29.9K 670

Author:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Ep... More

Introduction
အခန်း ၁ ဦးနှောက်မရှိလူတွေ အုပ်လိုက်စု
အခန်း ၂ အသက် ၂၀ အရွယ်သို့ တဖန်.....
အခန်း ၃ သူမတူတဲ့ စင်ဒရဲလားလေး
အခန်း ၃ (အပိုင်း ၂)
အခန်း ၄(အပိုင်း ၁)
အခန်း ၄ ( အပိုင်း ၂)
အခန်း ၅ လေးလံသော ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ရှည်လျားသောလမ်း
အခန်း ၅ (အပိုင်း ၂)
အခန်း ၆ ဒိတ်လုပ်ကြရအောင်
အခန်း ၆ အပိုင်း ၂
အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း
အခန်း ၇ (အပိုင်း ၂)
အခန်း ၈ လမ်းမလျှောက်နိုင်
အခန်း ၈ (အပိုင်း ၂)
အခန်း ၉ သူငယ်ချင်းတွေ
အခန်း ၉ (အပိုင်း ၂)
အခန်း၁၀ ဘာလုပ်နေတာလဲ
အခန်း ၁၀ (အပိုင်း ၂)
အခန်း ၁၁.၁ မပြတ်မသားဖြစ်စရာမလို
၁၁.၂
အခန်း ၁၂.၁ ရန်မစတာ ကောင်းမယ်
12.2
13
13.2
14.1
14.2
15.1 (1)
15.1(2)
15.2
16.1
16.2
17.1
17.2
18.1
18.2
19.1
19.2
20.1
20.2
21
21.2
22.1
22.3
23.1
23.2
23.3
24.1
24.2
25.1
25.2
25.3
26
27
27.2
28
29.1
29.2
30.1
30.2
30.3
31.1
31.2
End

22.2

3.6K 375 7
By Ribbon97Red

အခန်း ၂၂.၂

ဒီဇိုင်းဌာနက ရှေ့တင်ပါ ဒီထိပဲ လိုက်ပို့ပေးလို့ရတော့မယ် Miss လော့ စီအီးအို ဖန်က ပြောခိုင်းလိုက်တယ် ဒီဇိုင်းဌာနကို ဝင်ဖို့ခွင့်ပြုပေးပေမယ့် ဒိီမှာနေနိုင်မနေနိုင်ကတော့ ရှင့်အပေါ်မှာပဲ​မူတည်ပါတယ်တဲ့

ယောင်ယောင်က ယဉ်ကျေးစွာ "ကျေးဇူးတင်ပါတယ်"လို့ပြောလိုက်သည်။

အတွင်းရေးမှူးလင်းကို နှုတ်ဆက်ပြီးတော့ ယောင်ယောင်က ဒီဇိုင်းဌာနက တံခါးကိုဖွင့်လိုက်သည်။ အပြင်လူရောက်လာတဲ့အပေါ် ဒီဇိုင်းဌာနက လူတွေက သိပ်ပြီး သိချင်စိတ်မရှိကြ သူတို့က တစ်ချက်နှစ်ချက်လောက်လှမ်းကြည့်ပြီး သူတို့ လုပ်စရာရှိတာတွေကိုပဲ​ဆက်လုပ်လို့နေသည်။ ယောင်ယောင်က ဌာန ခေါင်းဆောင်ရုံးခန်းကို တွေ့တော့ အသက်ပြင်းပြင်းရှုကာ နှစ်ခါလောက်တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အရိုးသားဆုံးပြောရရင် ယောင်ယောင် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။ အရင်ဘဝတုန်းက သူမက သူအမေကုမ္ပဏီမှာပဲ​အလုပ်သင်လုပ်ခဲ့တာပဲ ဒါမဲ့လည်း သူမက လာချင်တဲ့အချိန်မှ လာတာ သူမ ပျက်တဲ့ရက်က လာတဲ့ရက်ထက်တောင်ပိုများသေးတယ် လာတိုင်းလည်း သူမက သူဌေးရဲ့သမီးဆိုတဲ့ အရှိန်နဲ့ သူများ အမြင်တွေကိုလည်း တစ်ခါမှ​ဂရုမစိုက်ခဲ့ဘူး ဒါမဲ့အခုတော့ သူမ အသုံးးမကျတဲ့သူလည်းမဖြစ်ချင်တော့သလို သူမ အမေကိုလည်းထပ်ပြီး မျက်နှာပျက်အောင်မလုပ်ချင်တော့ဘူး

ဒီဇီုင်းဌာနရဲ့ အကြီးအကဲက အသက် ၃၀ အရွယ်လောက်ပဲ ရှိသေးတဲ့ ခေါင်းဆောင်ဝမ်ပင် သူမကလွန်ခဲ့တဲ့ ရက်အနည်းငယ်ကဖန်ရှိီလဲ့ဆီကနေ ဒီဇိုင်းဌာနကိုလူသစ်ဝင်လိမ့်မယ်လို့ သတင်းရထားတာ တကယ်လို့ ဒီလူက အဆင်မပြေဘူးလို့ထင်ရင် ငြင်းလို့လည်းရတယ်ဆိုတဲ့အကြောင်း ဒါမဲ့လည်း ဘော့စ်က ကိုယ်တိုင်ဖုန်းဆက်ပြောတာလေ သူမက ဘယ်လိုငြင်းရမှာလဲ?

ငြင်းလို့မရပေမယ့် ဒီဇိုင်းဌာနမှာ လုပ်စရာတွေအများကြီး ဒီဇိုင်နာကို ကူညီပေးတာဖြစ်ဖြစ် သတင်းအချက်အလက်တွေစုဆောင်းတာပဲဖြစ်ဖြစ် ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ခိုင်းထားလို့လည်းရတာပဲ ဒါမဲ့လည်း သူမ ယောင်ယောင်ရဲ့ ကိုယ်ရေးအကျဉ်းကိုမြင်တော့ ဘာမှမလုပ်ဘဲ​ ဒီတိုင်းထိုင်ခိုင်းထားဖို့ပဲ စဉ်းစားထားလိုက်တာ ဒါမဲ့လည်းး သူမက တမင်အဲ့လိုမျိုးတွေလုပ်ရင် တဖက်လူက သူမကို နာကျည်းသွားနိုင်တယ်လေ

ဒါမဲ့လည်း အပြင်ကလော့ယောင်ယောင်ရဲ့ပုံစံက အရမ်းကို လေးလေးနက်နက်နဲ့စိတ်အားထက်သန်နေသလိုပင် ကိုယ်ရေးအကျဉ်းဖတ်နေတာကိုပိတ်ကာ ခေါင်းဆောင်ဝမ်က သူမကို သေချာစဉ်းစားပြီး "ကိုယ်ရေးအကျဉ်းမှာရေးထားတာက ပုံဆွဲတဲ့အတွေ့အကြုံတွေ အများကြီးရှိတယ်ဆို"

"ဟုတ်ပါတယ် ကောလိပ်မတက်ခင်က အမြဲတမ်း အနုပညာဘက်မှာကျွမ်းကျင်ခဲ့တာ ကောလိပ်ဝင်ပြီးတော့လည်း ပုံဆွဲတာကိုလက်မလျှော့ခဲ့ဘူး" ယောင်ယောင်က သူမ မျက်နှာချင်းဆိုင်မှာ ခါးမတ်မတ်ထိုင်ကာ ဆိုလာသည်။

"အဲ့လိုဆိုရင်တောင် ပုံဆွဲတတ်တဲ့သူတိုင်း ဒီဇိုင်း ဌာနကိုဝင်နိုင်တာမဟုတ်ဘူး ပြီးတော့ မင်း ဒိီနယ်ပယ်နဲ့ပက်သက်ပြီးလည်း ဘာမှမသိဘူးလေ"

ခေါင်းဆောင်ဝမ်က ခပ်ပြတ်ပြတ်ဆိုသည်။ "မင်းလိုလူတွေအများကြီး ငါတွေ့ဖူးပါတယ်  နည်းနည်းလောက် အခြေခံလေးရှိရုံ ပုံလေးဆွဲတတ်ရုံနဲ့ ဒီဇိုင်း တွေလည်း ဆွဲတတ်မယ်ထင်နေတာ"

"ဒါမဲ့ အဲ့လိုလူတွေ က ထွက်သွားကြတော့ ငါတို့ ကုမ္ပဏီမှာ ဒီဇိုင်းဌာနကို ဝင်ဖို့ ဝင်ခွင့် စာမေးပွဲလုပ်လိုက်ရတော့တာပဲ ပုံမှန်အားဖြင့်တော့ ငါက စာမေးပွဲကျတဲ့သူတွေကိုလက်မခံတတ်ဘူး မင်းကတော့ မတူဘူးပေါ့ မင်းက ဒီစာမေးပွဲကို မဖြေချင်ဘူးဆိုရင်တောင် ငါမင်းကို ဒီဇိုင်းဌာနမှာနေခိုင်းရမှာပဲ"

လေသံက ဒီတိုင်းပြောနေလို့သာ မဟုတ်ရင် သူမကို လှောင်နေတယ်လို့တောင်ထင်မိမှာပင် ဒါမဲ့လည်း ယောင်ယောင်က အမှန်တိုင်းပြောနေတယ်ဆိုတာ သိပါသည်။ မလိုတာတွေ ပြောနေတဲ့သူတွေထက်ယှဉ်ရင် ယောင်ယောင်က ဒဲ့တိုးပြောတတ်တဲ့သူကို ပိုသဘောကျသည်လေ။

"စားမေးပွဲဖြေချင်ပါတယ်"

ယောင်ယောင် ရွေးချယ်မှုကို ခေါင်းဆောင်ဝမ်က မအံဩ သူမက မတ်တပ်ရပ်ကာ "ငါနဲ့လိုက်ခဲ့"လို့ပြောလိုက်သည်။

ယောင်ယောင်နဲ့အတူ ဒီဇိုင်းဌာနက ထွက်လာပြီး ပုံဆွဲတဲ့အခန်းတစ်ခန်းထဲ လာခဲ့ကြသည်။ ခေါင်းဆောင်ဝမ်က အစဉ်လိုက်စီထားတဲ့ မော်ဒယ်ရုပ်် ၅ ရုပ်ကို ညွှန်ပြကာ "တစ်ရက်အချိန်ပေးမယ် အလုပ်ပြီးရင် မော်ဒယ်တစ်ခုစီအတွက် ပုံကြမ်းလေးစောင်လွှဲပေးလိုက် စုစုပေါင်း ပုံကြမ်း နှစ်ဆယ် ငါ့ရုံးခန်းကိုလွှဲပေး"

ထို့နောက် ယောင်ယောင်ကို ပုံဆွဲတဲ့ ကိရိယာ တစ်ဆက်ကိုပေးကာ အသေးစိတ်ရှင်းပြပြီးထွက်သွားတော့သည်။

ယောင်ယောင် သူမလုပ်ရမယ့်အရာတွေကိုကြည့်ပြီးမခက်ခဲဘူးလို့ ထင်နေသလို သိပ်လည်းမရိုးရှင်းနိုင်ဟု တွေးနေမိသည်။

သူမ ပုံစဆွဲဖို့ မလော အရုပ်တွေကို သေချာအရွယ်အစားချဲ့ထွင်ခဲ့သည်။ ခနနေတော့ အဖွင့်တစ်ခုတွေ့လိုက်ရသည်။​​��ဆိုဒ်တွေ ကာလာတွေ အမြင့်တွေ တူနေပေမယ့် သေးငယ်တဲ့ ကွဲပြားမှုလေးတစ်ခုက အရုပ်တွေကို မတူညီတဲ့ ခံစားချက်တွေ သွင်ပြင်တွေပေးစွမ်းနေတာပင်

ချစ်ဖို့ကောင်းတာ သန့်ရှင်းတာ စွဲမက်ဖွယ်ကောင်းတာ တင်းကျပ်တာ ပေါ့ပါးတာ ထိုငါးခု ပြီးတော့ အဝတ်အစားငါးမျိုးကလည်း မော်ဒယ်တွေရဲ့ သွင်ပြင်နဲ့ကွတ်တိဖြစ်နေရမှာ

ယောင်ယောင်လုပ်ရမှာက ဒိီမော်ဒယ်လ်ငါးခုကိုရေးဆွဲရုံပဲ သူတို့မှာရှီတဲ့ စတိုင်နဲ့ စရိုက်အတိုင်းပေါ့

ပုံဆွဲတယ်ဆိုတာ အနုပညာတစ်ခုတင်မဟုတ်ဘူး ဖော်ပြခြင်းတစ်မျိုးဆိုလည်းမမှား ပြီးပြည့်စုံတဲ့အမြင်ရှိပြီး ပုံဆွဲတာ ဘယ်လောက်ပဲတော်နေပါစေ ဆိုလိုရင်းကို ကောင်းမွန်စွာ မဖော်ပြနိုင်ရင်လည်း အသုံးမဝင် ယောင်ယောင်ကတော့ ဒါကပုံဆွဲစမ်းသပ်တာတင်မဟုတ်ဘဲ စိတ်အားထက်သန်မှုကို စမ်းသပ်တာလို့ ခံစားနေရသည်။

အကုန်နားလည်သွားမှ ယောင်ယောင် စာမေးပွဲကို အထင်မသေးရဲတော့ဘဲ စပြီး ပုံဆွဲတော့သည်။ အရင်က အခြေခံနည်းနည်းလောက်ရှိရင် ဒီအလုပ်အတွက် အဆင်ပြေမယ်ထင်ခဲ့တာ သူမ တအားတုံးခဲ့တာပဲ

အခန္း ၂၂.၂

ဒီဇိုင္းဌာနက ေရွ႕တင္ပါ ဒီထိပဲ လိုက္ပို႔ေပးလို႔ရေတာ့မယ္ Miss ေလာ့ စီအီးအို ဖန္က ေျပာခိုင္းလိုက္တယ္ ဒီဇိုင္းဌာနကို ဝင္ဖို႔ခြင့္ျပဳေပးေပမယ့္ ဒိီမွာေနနိုင္မေနနိုင္ကေတာ့ ရွင့္အေပၚမွာပဲ​မူတည္ပါတယ္တဲ့

ေယာင္ေယာင္က ယဥ္ေက်းစြာ "ေက်းဇူးတင္ပါတယ္"လို႔ေျပာလိုက္သည္။

အတြင္းေရးမႉးလင္းကို ႏႈတ္ဆက္ၿပီးေတာ့ ေယာင္ေယာင္က ဒီဇိုင္းဌာနက တံခါးကိုဖြင့္လိုက္သည္။ အျပင္လူေရာက္လာတဲ့အေပၚ ဒီဇိုင္းဌာနက လူေတြက သိပ္ၿပီး သိခ်င္စိတ္မရွိၾက သူတို႔က တစ္ခ်က္ႏွစ္ခ်က္ေလာက္လွမ္းၾကည့္ၿပီး သူတို႔ လုပ္စရာရွိတာေတြကိုပဲ​ဆက္လုပ္လို႔ေနသည္။ ေယာင္ေယာင္က ဌာန ေခါင္းေဆာင္႐ုံးခန္းကို ေတြ႕ေတာ့ အသက္ျပင္းျပင္းရႈကာ ႏွစ္ခါေလာက္တံခါးေခါက္လိုက္သည္။

"ဝင္ခဲ့ပါ"

အရိုးသားဆုံးေျပာရရင္ ေယာင္ေယာင္ နည္းနည္းေတာ့ စိတ္လႈပ္ရွားေနမိသည္။ အရင္ဘဝတုန္းက သူမက သူအေမကုမၸဏီမွာပဲ​အလုပ္သင္လုပ္ခဲ့တာပဲ ဒါမဲ့လည္း သူမက လာခ်င္တဲ့အခ်ိန္မွ လာတာ သူမ ပ်က္တဲ့ရက္က လာတဲ့ရက္ထက္ေတာင္ပိုမ်ားေသးတယ္ လာတိုင္းလည္း သူမက သူေဌးရဲ့သမီးဆိုတဲ့ အရွိန္နဲ႔ သူမ်ား အျမင္ေတြကိုလည္း တစ္ခါမွ​ဂ႐ုမစိုက္ခဲ့ဘူး ဒါမဲ့အခုေတာ့ သူမ အသုံးးမက်တဲ့သူလည္းမျဖစ္ခ်င္ေတာ့သလို သူမ အေမကိုလည္းထပ္ၿပီး မ်က္ႏွာပ်က္ေအာင္မလုပ္ခ်င္ေတာ့ဘူး

ဒီဇီုင္းဌာနရဲ့ အႀကီးအကဲက အသက္ ၃၀ အရြယ္ေလာက္ပဲ ရွိေသးတဲ့ ေခါင္းေဆာင္ဝမ္ပင္ သူမကလြန္ခဲ့တဲ့ ရက္အနည္းငယ္ကဖန္ရွိီလဲ့ဆီကေန ဒီဇိုင္းဌာနကိုလူသစ္ဝင္လိမ့္မယ္လို႔ သတင္းရထားတာ တကယ္လို႔ ဒီလူက အဆင္မေျပဘူးလို႔ထင္ရင္ ျငင္းလို႔လည္းရတယ္ဆိုတဲ့အေၾကာင္း ဒါမဲ့လည္း ေဘာ့စ္က ကိုယ္တိုင္ဖုန္းဆက္ေျပာတာေလ သူမက ဘယ္လိုျငင္းရမွာလဲ?

ျငင္းလို႔မရေပမယ့္ ဒီဇိုင္းဌာနမွာ လုပ္စရာေတြအမ်ားႀကီး ဒီဇိုင္နာကို ကူညီေပးတာျဖစ္ျဖစ္ သတင္းအခ်က္အလက္ေတြစုေဆာင္းတာပဲျဖစ္ျဖစ္ ဘာမွမလုပ္ဘဲ ဒီတိုင္းထိုင္ခိုင္းထားလို႔လည္းရတာပဲ ဒါမဲ့လည္း သူမ ေယာင္ေယာင္ရဲ့ ကိုယ္ေရးအက်ဥ္းကိုျမင္ေတာ့ ဘာမွမလုပ္ဘဲ​ ဒီတိုင္းထိုင္ခိုင္းထားဖို႔ပဲ စဥ္းစားထားလိုက္တာ ဒါမဲ့လည္းး သူမက တမင္အဲ့လိုမ်ိဳးေတြလုပ္ရင္ တဖက္လူက သူမကို နာက်ည္းသြားနိုင္တယ္ေလ

ဒါမဲ့လည္း အျပင္ကေလာ့ေယာင္ေယာင္ရဲ့ပုံစံက အရမ္းကို ေလးေလးနက္နက္နဲ႔စိတ္အားထက္သန္ေနသလိုပင္ ကိုယ္ေရးအက်ဥ္းဖတ္ေနတာကိုပိတ္ကာ ေခါင္းေဆာင္ဝမ္က သူမကို ေသခ်ာစဥ္းစားၿပီး "ကိုယ္ေရးအက်ဥ္းမွာေရးထားတာက ပုံဆြဲတဲ့အေတြ႕အၾကဳံေတြ အမ်ားႀကီးရွိတယ္ဆို"

"ဟုတ္ပါတယ္ ေကာလိပ္မတက္ခင္က အျမဲတမ္း အႏုပညာဘက္မွာကၽြမ္းက်င္ခဲ့တာ ေကာလိပ္ဝင္ၿပီးေတာ့လည္း ပုံဆြဲတာကိုလက္မေလၽွာ့ခဲ့ဘူး" ေယာင္ေယာင္က သူမ မ်က္ႏွာခ်င္းဆိုင္မွာ ခါးမတ္မတ္ထိုင္ကာ ဆိုလာသည္။

"အဲ့လိုဆိုရင္ေတာင္ ပုံဆြဲတတ္တဲ့သူတိုင္း ဒီဇိုင္း ဌာနကိုဝင္နိုင္တာမဟုတ္ဘူး ၿပီးေတာ့ မင္း ဒိီနယ္ပယ္နဲ႔ပက္သက္ၿပီးလည္း ဘာမွမသိဘူးေလ"

ေခါင္းေဆာင္ဝမ္က ခပ္ျပတ္ျပတ္ဆိုသည္။ "မင္းလိုလူေတြအမ်ားႀကီး ငါေတြ႕ဖူးပါတယ္  နည္းနည္းေလာက္ အေျခခံေလးရွိ႐ုံ ပုံေလးဆြဲတတ္႐ုံနဲ႔ ဒီဇိုင္း ေတြလည္း ဆြဲတတ္မယ္ထင္ေနတာ"

"ဒါမဲ့ အဲ့လိုလူေတြ က ထြက္သြားၾကေတာ့ ငါတို႔ ကုမၸဏီမွာ ဒီဇိုင္းဌာနကို ဝင္ဖို႔ ဝင္ခြင့္ စာေမးပြဲလုပ္လိုက္ရေတာ့တာပဲ ပုံမွန္အားျဖင့္ေတာ့ ငါက စာေမးပြဲက်တဲ့သူေတြကိုလက္မခံတတ္ဘူး မင္းကေတာ့ မတူဘူးေပါ့ မင္းက ဒီစာေမးပြဲကို မေျဖခ်င္ဘူးဆိုရင္ေတာင္ ငါမင္းကို ဒီဇိုင္းဌာနမွာေနခိုင္းရမွာပဲ"

ေလသံက ဒီတိုင္းေျပာေနလို႔သာ မဟုတ္ရင္ သူမကို ေလွာင္ေနတယ္လို႔ေတာင္ထင္မိမွာပင္ ဒါမဲ့လည္း ေယာင္ေယာင္က အမွန္တိုင္းေျပာေနတယ္ဆိုတာ သိပါသည္။ မလိုတာေတြ ေျပာေနတဲ့သူေတြထက္ယွဥ္ရင္ ေယာင္ေယာင္က ဒဲ့တိုးေျပာတတ္တဲ့သူကို ပိုသေဘာက်သည္ေလ။

"စားေမးပြဲေျဖခ်င္ပါတယ္"

ေယာင္ေယာင္ ေရြးခ်ယ္မႈကို ေခါင္းေဆာင္ဝမ္က မအံဩ သူမက မတ္တပ္ရပ္ကာ "ငါနဲ႔လိုက္ခဲ့"လို႔ေျပာလိုက္သည္။

ေယာင္ေယာင္နဲ႔အတူ ဒီဇိုင္းဌာနက ထြက္လာၿပီး ပုံဆြဲတဲ့အခန္းတစ္ခန္းထဲ လာခဲ့ၾကသည္။ ေခါင္းေဆာင္ဝမ္က အစဥ္လိုက္စီထားတဲ့ ေမာ္ဒယ္႐ုပ္္ ၅ ႐ုပ္ကို ညႊန္ျပကာ "တစ္ရက္အခ်ိန္ေပးမယ္ အလုပ္ၿပီးရင္ ေမာ္ဒယ္တစ္ခုစီအတြက္ ပုံၾကမ္းေလးေစာင္လႊဲေပးလိုက္ စုစုေပါင္း ပုံၾကမ္း ႏွစ္ဆယ္ ငါ့႐ုံးခန္းကိုလႊဲေပး"

ထို႔ေနာက္ ေယာင္ေယာင္ကို ပုံဆြဲတဲ့ ကိရိယာ တစ္ဆက္ကိုေပးကာ အေသးစိတ္ရွင္းျပၿပီးထြက္သြားေတာ့သည္။

ေယာင္ေယာင္ သူမလုပ္ရမယ့္အရာေတြကိုၾကည့္ၿပီးမခက္ခဲဘူးလို႔ ထင္ေနသလို သိပ္လည္းမရိုးရွင္းနိုင္ဟု ေတြးေနမိသည္။

သူမ ပုံစဆြဲဖို႔ မေလာ အ႐ုပ္ေတြကို ေသခ်ာအရြယ္အစားခ်ဲ႕ထြင္ခဲ့သည္။ ခနေနေတာ့ အဖြင့္တစ္ခုေတြ႕လိုက္ရသည္။​​��ဆိုဒ္ေတြ ကာလာေတြ အျမင့္ေတြ တူေနေပမယ့္ ေသးငယ္တဲ့ ကြဲျပားမႈေလးတစ္ခုက အ႐ုပ္ေတြကို မတူညီတဲ့ ခံစားခ်က္ေတြ သြင္ျပင္ေတြေပးစြမ္းေနတာပင္

ခ်စ္ဖို႔ေကာင္းတာ သန္႔ရွင္းတာ စြဲမက္ဖြယ္ေကာင္းတာ တင္းက်ပ္တာ ေပါ့ပါးတာ ထိုငါးခု ၿပီးေတာ့ အဝတ္အစားငါးမ်ိဳးကလည္း ေမာ္ဒယ္ေတြရဲ့ သြင္ျပင္နဲ႔ကြတ္တိျဖစ္ေနရမွာ

ေယာင္ေယာင္လုပ္ရမွာက ဒိီေမာ္ဒယ္လ္ငါးခုကိုေရးဆြဲ႐ုံပဲ သူတို႔မွာရွီတဲ့ စတိုင္နဲ႔ စရိုက္အတိုင္းေပါ့

ပုံဆြဲတယ္ဆိုတာ အႏုပညာတစ္ခုတင္မဟုတ္ဘူး ေဖာ္ျပျခင္းတစ္မ်ိဳးဆိုလည္းမမွား ၿပီးျပည့္စုံတဲ့အျမင္ရွိၿပီး ပုံဆြဲတာ ဘယ္ေလာက္ပဲေတာ္ေနပါေစ ဆိုလိုရင္းကို ေကာင္းမြန္စြာ မေဖာ္ျပနိုင္ရင္လည္း အသုံးမဝင္ ေယာင္ေယာင္ကေတာ့ ဒါကပုံဆြဲစမ္းသပ္တာတင္မဟုတ္ဘဲ စိတ္အားထက္သန္မႈကို စမ္းသပ္တာလို႔ ခံစားေနရသည္။

အကုန္နားလည္သြားမွ ေယာင္ေယာင္ စာေမးပြဲကို အထင္မေသးရဲေတာ့ဘဲ စၿပီး ပုံဆြဲေတာ့သည္။ အရင္က အေျခခံနည္းနည္းေလာက္ရွိရင္ ဒီအလုပ္အတြက္ အဆင္ေျပမယ္ထင္ခဲ့တာ သူမ တအားတုံးခဲ့တာပဲ

Continue Reading

You'll Also Like

1.1M 73.1K 63
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
626K 31.6K 32
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
1.5M 104K 198
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
6.9K 623 15
ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်...