Every Vicious woman needs a R...

By Ribbon97Red

280K 29.9K 670

Author:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Ep... More

Introduction
အခန်း ၁ ဦးနှောက်မရှိလူတွေ အုပ်လိုက်စု
အခန်း ၂ အသက် ၂၀ အရွယ်သို့ တဖန်.....
အခန်း ၃ သူမတူတဲ့ စင်ဒရဲလားလေး
အခန်း ၃ (အပိုင်း ၂)
အခန်း ၄(အပိုင်း ၁)
အခန်း ၄ ( အပိုင်း ၂)
အခန်း ၅ လေးလံသော ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ရှည်လျားသောလမ်း
အခန်း ၅ (အပိုင်း ၂)
အခန်း ၆ ဒိတ်လုပ်ကြရအောင်
အခန်း ၆ အပိုင်း ၂
အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း
အခန်း ၇ (အပိုင်း ၂)
အခန်း ၈ လမ်းမလျှောက်နိုင်
အခန်း ၈ (အပိုင်း ၂)
အခန်း ၉ သူငယ်ချင်းတွေ
အခန်း ၉ (အပိုင်း ၂)
အခန်း၁၀ ဘာလုပ်နေတာလဲ
အခန်း ၁၀ (အပိုင်း ၂)
အခန်း ၁၁.၁ မပြတ်မသားဖြစ်စရာမလို
၁၁.၂
အခန်း ၁၂.၁ ရန်မစတာ ကောင်းမယ်
12.2
13
13.2
14.1
14.2
15.1 (1)
15.1(2)
15.2
16.1
16.2
17.1
17.2
18.1
18.2
19.1
19.2
20.1
21
21.2
22.1
22.2
22.3
23.1
23.2
23.3
24.1
24.2
25.1
25.2
25.3
26
27
27.2
28
29.1
29.2
30.1
30.2
30.3
31.1
31.2
End

20.2

3.9K 407 7
By Ribbon97Red

ယောင်ယောင်က လော့ချန်ချန်ရဲ့ မျက်နှာကိုကြည့်နေကာ ဝိုင်ကို တစ်ငုံသောက်ပြီးပြုံးကာ "လော့ချန်ချန် ရက်စက်တယ်ဆိုတာ ဘာလဲ သိလား?"

"ရက်စက်တယ်?" အတိတ်က ဝမ်းနည်းးမှုတွေထဲ နစ်မြောနေရင်း ယောင်ယောင်စကားကို ရေရွတ်လိုက်မိသည်။

"လော့ချန်ချန် တကယ်တန်းရက်စက်တာက ဘာလဲဆိုတာ ငါနင့်ကိုပြမယ်"

ထိုသို့ပြောပြီး ယောင်ယောင်က ဝိုင်ခွက်ကို လော့ချန်ချန်မျက်နှာပေါ်လောင်းချလိုက်သည်။ ထို့နောက် ဝိုင်ခွက်ကိုချကာ နောက်ထပ် ဝိုင်ခွက်ကိုထပ်ယူပြီး တစ်ခွက်ပြီးတစ်ခွက် ခြောက်ခွက်တိတ်ိ လော့ချန်ချန်မျက်နှာပေါ်လောင်းချလိုက်သည်။

သူမက ဝိုင်ခွက်အလွတ်ကိုကိုင်ပြီး မေးကိုမော့ကာ လော့ချန်ချန်ကို။ ကြည့်ပြီး ဘုရင်မလို ပြုမူနေခဲ့သည်။

လူတိုင်းက ဒီမြင်ကွင်းကြောင့် လန့်သွားကြတော့သည်။ သူတို့က လော့ယောင်ယောင်အော်ဟစ်ပေါက်ကွဲပြီး လူတွေကို ရိုက်မယ်ပေါ့ ဒီလိုနည်းကို သုံးမယ်မထင်ထား

ယောင်ယောင်က နှာခေါင်းရှုံ့ကာ ပတ်လည်ကိုကြည့်လိုက်တော့ လူတွေအားလုံးက ပေါ့ပါးစွာ ပြုံးကာသူတို့ဝိုင်ခွက်တွေကိုမြှောက်ပြီးး ဘောင်ယောင်ကို ဂုဏ်ပြုလိုက်ကြသည်။ သူမက လော့ချန်ချန်ကို ပြုံးလျက်ပြန်ကြည့်ကာ "လော့ချန်ချန် နင့်ခေါင်းကိုမော့ပြီး ဒီလူတွေရဲ့မျက်နှာထားကိုကြည့်လိုက်"

ဝိုင်တွေပါးပေါ်စီးကျရင်း လော့ချန််ချန် က ဝိုင်နဲ့ရေချိုးထားသလို ပတ်လည်ကိုကြည့်လိုက်သည်။ ထိုလူတွေက ခုဖြစ်ပျက်သွားတာတွေကို ဘယ်လိုမှ စိတ်ထဲမရှိသလိုပင် လော့ယောင်ယောင်က ခုတင် ရက်စက်တဲ့ကိစ္စကို လုပ်ထားပေမယ့် ဘယ်သူမှ သူမကို ဘာမှမပြော သလို လူတစ်ယောက်ဆို လှပတဲ့ မိန်းကလေးတစ်ယောက်ကိုကဖို့တောင်ဖိတ်ခေါ်နေသေး သူမနဲ့ပက်သက်ပြီး လုံးဝကိုမေ့နေပုံပင်

ထင်မှတ်မထားဘဲ သူမကို ကူညီဖို့ ဘယ်သူမှမလာခဲ့ကြ

ဘာလို့ ဒိီလိုဖြစ်ရတာလဲ?�
လော့ချန်ချန်က ကြောင်ကြည့်နေတာ မြင်တော့ ယောင်ယောင် သူမ နားကိုကပ်ကာ "နင်ရဲ့ ဒိီလိုလှည့်စားမှုလေးက ငါ့ကို ထိခိုက်စေမယ်လို့တကယ်ထင်နေတာာလား? သူတို့က ငါ့ကိုပဲ​လှောင်နေကြမှာလို့ ထင်နေတာလား? ငါတို့နှစ်ယောက်လုံးကိုလှောင်နေတာ ဘာလဲ နင်က နင့်ရဲ့ ယုတ်ညံ့တဲ့ အတွေးတွေကို သူတို့ မသိနိုင်သလို ငါကလည်း မမြင်နိုင်လောက်ဘူးထင်နေတာလား သူတို့ငါ့ကို ကြည့်နေတာ သိရဲ့သားရဲ့ ဘာလို့ ဒီလိုလုပ်နေတာလဲ သိလား?"

"ဘာလို့လဲဆိုတော့ သူတို့အတွေးတွေက ငါ့ကို ဘာမှထိခိုက်နာကျင်စေမှာမဟုတ်လို့လေ" ယောင်ယောင်က နောက်ပြန်ဆုတ်ကာ သူမကို ကြည့်ပြီးး "လော့ချန်ချန် နင်က ငါ့ကိုလူတွေရယ်နေတာကိုပဲ မြင်တယ် သူတို့က နင့်ကို ရယ်နေကြတာကိုတော့နင်ဘယ်တော့မှမမြင်ဘူး လှောင်ပြောင်ခံနေရတဲ့ အရသာကို ခံစားကြည့်လိုက်ပါဦး"

သူမက သူများ အမြင်တွေကို တစ်ခါဂရုစိုက်ခဲ့ဖူးပေမယ့် သေခြင်းတရားကို ကြုံတွေ့ပြီးတဲ့ချိန်မှာတော့ဘာလို့ သူများအမြင်ကို ဂရုစိုက်နေရတော့မလဲ? ဒိီကမ္ဘာမှာ ချင်းကျင်းက သူမရဲ့ အရင်ဘဝက တည်းက သူမကိုချစ်နေခဲ့တာလို့ ပြောတာ ကြားခဲ့ရတာလောက် ထပ်နာကျင်နိုင်တာ မရှိတော့ဘူး

လော့ချန်ချန်ကို အာရုံမစိုက်တော့ဘဲ သူမကို အမြဲတမ်းစောင့်နေခဲ့တဲ့ အမျိုးသားလေးဘက်ကိုလှည့်ကာ "ကကြမလား?" လို့မေးလိုက်သည်။

သူက ဘာမှမပြောဘဲ လူကြီးလူကောင်းတစ်ယောက်လို ဦးညွှတ်ကာကြင်နာစွာပြုံးပြီး သူမကို ကဖို့ ဖိတ်ခေါ်ခဲ့သည်။

ယောင်ယောင် သူမလက်တွေကို သူ့လက်ပေါ်တင်ကာ တင်းကြပ်စွာ ကိုင်ထားခဲ့သည်။ ကြင်နာမှုကြောင့် ယော်ကျာ်းအများစုက သူမကိုသဘောကျကျလိမ့်မည်။ ဒါမဲ့ တချို့ကသာ သူတို့ချစ်တဲ့ အမျိုးသမီးက ရက်စက်ပြီး ကြမ်းကြုတ်တဲ့အမျိုးသမီးဆိုတာ သိိပြီးတာတောင် ဆက်ချစ်ဖို့ ရွေးချယ်နေတုန်းဆို အဲ့လိုလူမျိုးကို အစွမ်းကုန်ကြိုးစားပြီး တန်ဖိုးထားပေးသင့်သည်

ဘာလို့လဲ ဆိုတော့ အဲ့လိုလူမျိုးနဲ့ တစ်ခါလွဲချော်သွားတာနဲ့ ဒီဘဝမှာကော နောက်ဘဝတွေထိပါ ထပ်တွေ့ဆုံနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့လို့ပဲ သူတို့ ထွက်သွားတာနဲ့ အသံတိုးနေတဲ့ လူတွေက ရုတ်တရက် အသံမြင့်ပြီး လော့ချန်ချန်ကို ပြောဆိုလာကြတော့သည်။ သူတို့က သူမကိုပေါ်တင်ကြည့်ကာ အကြည့်တွေမှာစက်ဆုတ််မှုတွေ လှောင်ပြောင်မှုတွေအပြည့် အစက လော့ယောင်ယောင်အပေါ်ထားတဲ့သဘောထားတွေအကုန်လုံးက သူမဘက်ကိုလှည့်လာကြတာပင်

"လမ်းဖယ်စမ်း" တစ်ယောက်က သူ့ပုခုံးနဲ့ သူမကို အားနဲ့တိုက်ချသွားတော့သည်။

လော့ချန်ချန်ခြေလှမ်းယိုင်သွားကာ လဲကျတော့မလိုပင် ခုနလေးတင် သူမက လော့ယောင်ယောင်နဲ့ပက်သက်ပြီး ဆိုးဆိုးဝါးဝါးတွေ ပြောနေခဲ့တာ အခုကျ သူမကို မြေပြင်ပေါ်က ပိုးမွှားတစ်ကောင်လို ရွံရှာမှုအပြည့်နဲ့အကြည့်ခံနေရတယ်

လော့ချန်ချန် ကိုယ့်ကိုကိုယ်တင်းတင်းဖက်ကာ ရေအေးတွေက သူမ ခေါင်းပေါ်ကနေ လောင်းချခံထားရသလိုခံစားနေရသည်။ မဟုတ်ရင် သူမဘာလို့ ဒီလောက်ထိအေးနေမှာလဲ

လူတချို့က သူမ အကြောင်းပြောနေကြပုံပင် ဒါမဲ့ သူမ ဘာမှမကြားရဘူး ရယ်သံတွေလှောင်ပြောင်သံတွေက သူမနားထဲ ဝင်နေသလိုလူတိုင်းက သူမကို ကြည့်နေကြပြီး ထေ့ငေါ့နေကြသလိုမျိုး ဝိတ်တာတစ်ယောက်က စေတနာနဲ့ တဘက်တစ်ထည်ယူလာပြီးလော့ချန်ချန်ကို ခြုံပေးပေမယ့် သူမတွန်းလိုက်တာကိုသာ ခံလိုက်ရသည်။

လော့ချန်ချန် ခန်းမထဲက ထွက်လာကာ ကော်ရစ်တာကိုလျှောက်လာခဲ့သည်။ ထိန်းထားတဲ့မျက်ရည်တွေကလည်းဆက်တိုက်ကျလို့ ကိုယ်ပေါ်ကတဘက်ကိုကိုင်ကာ ကြမ်းပြင်မှာထိုင်ချပြီးခါးသီးစွာ ငိုကြွေးတော့သည်။

အကုန်လော့ယောင်ယောင်ကြောင့်ပဲ လော့ယောင်ယောင်နဲ့ဖန်ရှီလဲ့ကြောင့်သာမဟုတ်ရင် သူမက ငယ်ငယ်ကတည်းက အဖေမရှိဘဲ နေရမှာမဟုတ်ဘူး လော့ယောင်ယောင်က အိမ်ကြီးအိမ်ကောင်းမှာနေပြီးလှပတဲ့အဝတ်အစားတွေဝတ်နေရချိန် သူကတော့ ခပ်နွမ်းနွမ်းအဖြူရောင်ကျောင်းဝတ်စုံအဝတ်အစားတွေကိုသာ ဝတ်ပြီး ထောင့်လေးကနေ သူမ အဖေကို ခိုးကြည့်ခဲ့ရတာ

ရုတ်တရက် အတိတ်က နာကျင်မှုတွေအကုန်ထွက်လာတော့သည်။ လော့ချန်ချန် နာကျင်မှုကြောင် သေတော့မယ်လို့ ခံစားနေရတဲ့ချိန် သူမရှေ့က အရာအားလုံး က ဝေဝါးပြီး မှောင်မဲလာတယ်လို့ခံစားနေရသည်။ လူတစ်ယောက်က သူမရှေ့မှာ ပဆစ်ဒူးတုတ်ထိုင်ကာ သူမ မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးပြီး "ဘာလို့ ဒိီမှာ တစ်ယောက်တည်း ငိုနေရတာလဲ လမ်းပျောက်နေလို့လား အိမ်ပြန်ပို့ပေးမယ်လေ"

ထိုအခိုက်အတန့် လော့ချန်ချန် ကယ်တင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

ေယာင္ေယာင္က ေလာ့ခ်န္ခ်န္ရဲ့ မ်က္ႏွာကိုၾကည့္ေနကာ ဝိုင္ကို တစ္ငုံေသာက္ၿပီးျပဳံးကာ "ေလာ့ခ်န္ခ်န္ ရက္စက္တယ္ဆိုတာ ဘာလဲ သိလား?"

"ရက္စက္တယ္?" အတိတ္က ဝမ္းနည္းးမႈေတြထဲ နစ္ေျမာေနရင္း ေယာင္ေယာင္စကားကို ေရရြတ္လိုက္မိသည္။

"ေလာ့ခ်န္ခ်န္ တကယ္တန္းရက္စက္တာက ဘာလဲဆိုတာ ငါနင့္ကိုျပမယ္"

ထိုသို႔ေျပာၿပီး ေယာင္ေယာင္က ဝိုင္ခြက္ကို ေလာ့ခ်န္ခ်န္မ်က္ႏွာေပၚေလာင္းခ်လိုက္သည္။ ထို႔ေနာက္ ဝိုင္ခြက္ကိုခ်ကာ ေနာက္ထပ္ ဝိုင္ခြက္ကိုထပ္ယူၿပီး တစ္ခြက္ၿပီးတစ္ခြက္ ေျခာက္ခြက္တိတ္ိ ေလာ့ခ်န္ခ်န္မ်က္ႏွာေပၚေလာင္းခ်လိုက္သည္။

သူမက ဝိုင္ခြက္အလြတ္ကိုကိုင္ၿပီး ေမးကိုေမာ့ကာ ေလာ့ခ်န္ခ်န္ကို။ ၾကည့္ၿပီး ဘုရင္မလို ျပဳမူေနခဲ့သည္။

လူတိုင္းက ဒီျမင္ကြင္းေၾကာင့္ လန္႔သြားၾကေတာ့သည္။ သူတို႔က ေလာ့ေယာင္ေယာင္ေအာ္ဟစ္ေပါက္ကြဲၿပီး လူေတြကို ရိုက္မယ္ေပါ့ ဒီလိုနည္းကို သုံးမယ္မထင္ထား

ေယာင္ေယာင္က ႏွာေခါင္းရႈံ႔ကာ ပတ္လည္ကိုၾကည့္လိုက္ေတာ့ လူေတြအားလုံးက ေပါ့ပါးစြာ ျပဳံးကာသူတို႔ဝိုင္ခြက္ေတြကိုေျမႇာက္ၿပီးး ေဘာင္ေယာင္ကို ဂုဏ္ျပဳလိုက္ၾကသည္။ သူမက ေလာ့ခ်န္ခ်န္ကို ျပဳံးလ်က္ျပန္ၾကည့္ကာ "ေလာ့ခ်န္ခ်န္ နင့္ေခါင္းကိုေမာ့ၿပီး ဒီလူေတြရဲ့မ်က္ႏွာထားကိုၾကည့္လိုက္"

ဝိုင္ေတြပါးေပၚစီးက်ရင္း ေလာ့ခ်န္္ခ်န္ က ဝိုင္နဲ႔ေရခ်ိဳးထားသလို ပတ္လည္ကိုၾကည့္လိုက္သည္။ ထိုလူေတြက ခုျဖစ္ပ်က္သြားတာေတြကို ဘယ္လိုမွ စိတ္ထဲမရွိသလိုပင္ ေလာ့ေယာင္ေယာင္က ခုတင္ ရက္စက္တဲ့ကိစၥကို လုပ္ထားေပမယ့္ ဘယ္သူမွ သူမကို ဘာမွမေျပာ သလို လူတစ္ေယာက္ဆို လွပတဲ့ မိန္းကေလးတစ္ေယာက္ကိုကဖို႔ေတာင္ဖိတ္ေခၚေနေသး သူမနဲ႔ပက္သက္ၿပီး လုံးဝကိုေမ့ေနပုံပင္

ထင္မွတ္မထားဘဲ သူမကို ကူညီဖို႔ ဘယ္သူမွမလာခဲ့ၾက

ဘာလို႔ ဒိီလိုျဖစ္ရတာလဲ?�
ေလာ့ခ်န္ခ်န္က ေၾကာင္ၾကည့္ေနတာ ျမင္ေတာ့ ေယာင္ေယာင္ သူမ နားကိုကပ္ကာ "နင္ရဲ့ ဒိီလိုလွည့္စားမႈေလးက ငါ့ကို ထိခိုက္ေစမယ္လို႔တကယ္ထင္ေနတာာလား? သူတို႔က ငါ့ကိုပဲ​ေလွာင္ေနၾကမွာလို႔ ထင္ေနတာလား? ငါတို႔ႏွစ္ေယာက္လုံးကိုေလွာင္ေနတာ ဘာလဲ နင္က နင့္ရဲ့ ယုတ္ညံ့တဲ့ အေတြးေတြကို သူတို႔ မသိနိုင္သလို ငါကလည္း မျမင္နိုင္ေလာက္ဘူးထင္ေနတာလား သူတို႔ငါ့ကို ၾကည့္ေနတာ သိရဲ့သားရဲ့ ဘာလို႔ ဒီလိုလုပ္ေနတာလဲ သိလား?"

"ဘာလို႔လဲဆိုေတာ့ သူတို႔အေတြးေတြက ငါ့ကို ဘာမွထိခိုက္နာက်င္ေစမွာမဟုတ္လို႔ေလ" ေယာင္ေယာင္က ေနာက္ျပန္ဆုတ္ကာ သူမကို ၾကည့္ၿပီးး "ေလာ့ခ်န္ခ်န္ နင္က ငါ့ကိုလူေတြရယ္ေနတာကိုပဲ ျမင္တယ္ သူတို႔က နင့္ကို ရယ္ေနၾကတာကိုေတာ့နင္ဘယ္ေတာ့မွမျမင္ဘူး ေလွာင္ေျပာင္ခံေနရတဲ့ အရသာကို ခံစားၾကည့္လိုက္ပါဦး"

သူမက သူမ်ား အျမင္ေတြကို တစ္ခါဂ႐ုစိုက္ခဲ့ဖူးေပမယ့္ ေသျခင္းတရားကို ၾကဳံေတြ႕ၿပီးတဲ့ခ်ိန္မွာေတာ့ဘာလို႔ သူမ်ားအျမင္ကို ဂ႐ုစိုက္ေနရေတာ့မလဲ? ဒိီကမၻာမွာ ခ်င္းက်င္းက သူမရဲ့ အရင္ဘဝက တည္းက သူမကိုခ်စ္ေနခဲ့တာလို႔ ေျပာတာ ၾကားခဲ့ရတာေလာက္ ထပ္နာက်င္နိုင္တာ မရွိေတာ့ဘူး

ေလာ့ခ်န္ခ်န္ကို အာ႐ုံမစိုက္ေတာ့ဘဲ သူမကို အျမဲတမ္းေစာင့္ေနခဲ့တဲ့ အမ်ိဳးသားေလးဘက္ကိုလွည့္ကာ "ကၾကမလား?" လို႔ေမးလိုက္သည္။

သူက ဘာမွမေျပာဘဲ လူႀကီးလူေကာင္းတစ္ေယာက္လို ဦးညႊတ္ကာၾကင္နာစြာျပဳံးၿပီး သူမကို ကဖို႔ ဖိတ္ေခၚခဲ့သည္။

ေယာင္ေယာင္ သူမလက္ေတြကို သူ႔လက္ေပၚတင္ကာ တင္းၾကပ္စြာ ကိုင္ထားခဲ့သည္။ ၾကင္နာမႈေၾကာင့္ ေယာ္က်ာ္းအမ်ားစုက သူမကိုသေဘာက်က်လိမ့္မည္။ ဒါမဲ့ တခ်ိဳ႕ကသာ သူတို႔ခ်စ္တဲ့ အမ်ိဳးသမီးက ရက္စက္ၿပီး ၾကမ္းၾကဳတ္တဲ့အမ်ိဳးသမီးဆိုတာ သိိၿပီးတာေတာင္ ဆက္ခ်စ္ဖို႔ ေရြးခ်ယ္ေနတုန္းဆို အဲ့လိုလူမ်ိဳးကို အစြမ္းကုန္ႀကိဳးစားၿပီး တန္ဖိုးထားေပးသင့္သည္

ဘာလို႔လဲ ဆိုေတာ့ အဲ့လိုလူမ်ိဳးနဲ႔ တစ္ခါလြဲေခ်ာ္သြားတာနဲ႔ ဒီဘဝမွာေကာ ေနာက္ဘဝေတြထိပါ ထပ္ေတြ႕ဆုံနိုင္ဖို႔ ဆိုတာ မျဖစ္နိုင္ေတာ့လို႔ပဲ သူတို႔ ထြက္သြားတာနဲ႔ အသံတိုးေနတဲ့ လူေတြက ႐ုတ္တရက္ အသံျမင့္ၿပီး ေလာ့ခ်န္ခ်န္ကို ေျပာဆိုလာၾကေတာ့သည္။ သူတို႔က သူမကိုေပၚတင္ၾကည့္ကာ အၾကည့္ေတြမွာစက္ဆုတ္္မႈေတြ ေလွာင္ေျပာင္မႈေတြအျပည့္ အစက ေလာ့ေယာင္ေယာင္အေပၚထားတဲ့သေဘာထားေတြအကုန္လုံးက သူမဘက္ကိုလွည့္လာၾကတာပင္

"လမ္းဖယ္စမ္း" တစ္ေယာက္က သူ႔ပုခုံးနဲ႔ သူမကို အားနဲ႔တိုက္ခ်သြားေတာ့သည္။

ေလာ့ခ်န္ခ်န္ေျခလွမ္းယိုင္သြားကာ လဲက်ေတာ့မလိုပင္ ခုနေလးတင္ သူမက ေလာ့ေယာင္ေယာင္နဲ႔ပက္သက္ၿပီး ဆိုးဆိုးဝါးဝါးေတြ ေျပာေနခဲ့တာ အခုက် သူမကို ေျမျပင္ေပၚက ပိုးမႊားတစ္ေကာင္လို ရြံရွာမႈအျပည့္နဲ႔အၾကည့္ခံေနရတယ္

ေလာ့ခ်န္ခ်န္ ကိုယ့္ကိုကိုယ္တင္းတင္းဖက္ကာ ေရေအးေတြက သူမ ေခါင္းေပၚကေန ေလာင္းခ်ခံထားရသလိုခံစားေနရသည္။ မဟုတ္ရင္ သူမဘာလို႔ ဒီေလာက္ထိေအးေနမွာလဲ

လူတခ်ိဳ႕က သူမ အေၾကာင္းေျပာေနၾကပုံပင္ ဒါမဲ့ သူမ ဘာမွမၾကားရဘူး ရယ္သံေတြေလွာင္ေျပာင္သံေတြက သူမနားထဲ ဝင္ေနသလိုလူတိုင္းက သူမကို ၾကည့္ေနၾကၿပီး ေထ့ေငါ့ေနၾကသလိုမ်ိဳး ဝိတ္တာတစ္ေယာက္က ေစတနာနဲ႔ တဘက္တစ္ထည္ယူလာၿပီးေလာ့ခ်န္ခ်န္ကို ျခဳံေပးေပမယ့္ သူမတြန္းလိုက္တာကိုသာ ခံလိုက္ရသည္။

ေလာ့ခ်န္ခ်န္ ခန္းမထဲက ထြက္လာကာ ေကာ္ရစ္တာကိုေလၽွာက္လာခဲ့သည္။ ထိန္းထားတဲ့မ်က္ရည္ေတြကလည္းဆက္တိုက္က်လို႔ ကိုယ္ေပၚကတဘက္ကိုကိုင္ကာ ၾကမ္းျပင္မွာထိုင္ခ်ၿပီးခါးသီးစြာ ငိုေႂကြးေတာ့သည္။

အကုန္ေလာ့ေယာင္ေယာင္ေၾကာင့္ပဲ ေလာ့ေယာင္ေယာင္နဲ႔ဖန္ရွီလဲ့ေၾကာင့္သာမဟုတ္ရင္ သူမက ငယ္ငယ္ကတည္းက အေဖမရွိဘဲ ေနရမွာမဟုတ္ဘူး ေလာ့ေယာင္ေယာင္က အိမ္ႀကီးအိမ္ေကာင္းမွာေနၿပီးလွပတဲ့အဝတ္အစားေတြဝတ္ေနရခ်ိန္ သူကေတာ့ ခပ္ႏြမ္းႏြမ္းအျဖဴေရာင္ေက်ာင္းဝတ္စုံအဝတ္အစားေတြကိုသာ ဝတ္ၿပီး ေထာင့္ေလးကေန သူမ အေဖကို ခိုးၾကည့္ခဲ့ရတာ

႐ုတ္တရက္ အတိတ္က နာက်င္မႈေတြအကုန္ထြက္လာေတာ့သည္။ ေလာ့ခ်န္ခ်န္ နာက်င္မႈေၾကာင္ ေသေတာ့မယ္လို႔ ခံစားေနရတဲ့ခ်ိန္ သူမေရွ႕က အရာအားလုံး က ေဝဝါးၿပီး ေမွာင္မဲလာတယ္လို႔ခံစားေနရသည္။ လူတစ္ေယာက္က သူမေရွ႕မွာ ပဆစ္ဒူးတုတ္ထိုင္ကာ သူမ မ်က္ရည္ေတြကို ညင္သာစြာ သုတ္ေပးၿပီး "ဘာလို႔ ဒိီမွာ တစ္ေယာက္တည္း ငိုေနရတာလဲ လမ္းေပ်ာက္ေနလို႔လား အိမ္ျပန္ပို႔ေပးမယ္ေလ"

ထိုအခိုက္အတန္႔ ေလာ့ခ်န္ခ်န္ ကယ္တင္ခံလိုက္ရသည္ဟု ခံစားလိုက္ရသည္။

Continue Reading

You'll Also Like

147K 19.3K 129
လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​နေ​ပေးမယ်~~~~
711K 88.7K 67
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
45.5K 289 28
𝐓𝐡𝐢𝐬 𝐛𝐨𝐨𝐤 𝐜𝐨𝐧𝐭𝐚𝐢𝐧𝐬 𝐧𝐨𝐭𝐡𝐢𝐧𝐠 𝐬𝐞𝐱𝐮𝐚𝐥!! 𝐈𝐧 𝐭𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐉𝐚𝐝𝐞𝐧 𝐢𝐬 𝟏𝟔-𝟏𝟕 𝐚𝐧𝐝 𝐘/𝐍 𝐢𝐬 𝟏𝟓-𝟏𝟔!!
21K 2K 24
I don't own this story I just translate it ဇာတ်လမ်းအကျဥ်း ရုံချီယွဲ့ဆိုတဲ့အမျိုးသမီးက အမျိုးသားဖြစ်သူ ကျိုးကျိချန်းဆီကနေ ဖောက်ပြန်တာခံရပြီး အမြှောင်...