High Energy QR Code [ Myanmar...

By Inix_ss

118K 22.9K 870

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း

1.3K 310 9
By Inix_ss

    

(Unicode)

မှန်ကို ကယ်တင်ပေးချင်ပါက၊ အရင်ဦးဆုံး အဆင့်မြင့်ကစားသူဖြစ်လာမှ ရမည်ဖြစ်သည်။ ထိုမှသာ System၏ နက်ရှိုင်းသော အမှန်တရားများကို ထိတွေ့နိုင်မှာပင်။

သို့စေကာမူ အလျင်လို၍မဖြစ်ပေ။ စိတ်မရှည်ခဲ့လျှင် System ၏ ထိန်းချုပ်မှုကို ခံသွားရနိုင်လေသည်။ အစီအစဉ်တကျလုပ်ခြင်းကသာ အကောင်းဆုံးပင်ဖြစ်၏။

ကစားသူများအား လက်ဦးမှုပြု၍ အမဲလိုက်စရာလည်း မလိုပေ။ အုပ်စုနှစ်ခုက အချင်းချင်း တိုက်ခိုက်နေသည့်အချိန်၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်ကိုယ် ကာကွယ်ရမည့်အချိန်များ၌ လှုပ်ရှား၍ ရနိုင်လေသည်။ သို့သော် ပွိုင့်လေးတစ်ထောင်လောက်အတွက်နှင့် လှုပ်ရှားသည်မှာ ရှင်ယဲ့၏ ပုံစံမဟုတ်ချေ။ အခြေခံကျင့်ဝတ်အား ဖောက်ဖျက်မည် မဟုတ်ဘဲ ထိန်းသိမ်းထားမည်သာပင်။

အဓိကအလေးပေးရမည့်အရာမှာ မိမိကိုယ်တိုင်၏ အင်အားကို တိုးတက်အောင် လုပ်ဖို့ရန်သာဖြစ်သည်။

မှန်နှင့် ပင်ပန်းလောက်သည့်အထိ စကားပြောပြီးနောက်၊ ရှင်ယဲ့ အိပ်ရာပေါ်၌ တစ်ရေးလောက် မှေးလိုက်လေ၏။ တစ်နာရီခန့် ကြာပြီးနောက်တွင်မူ၊ သူ၏ မျက်လုံးများကို ဖွင့်ကာ၊ စာရွက်နှင့် ဘောပင်အား ထုတ်လိုက်ပြီးနောက်၊ စားပွဲရှေ့တွင် ထိုင်လျက် QR code များအား လေ့ကျင့်ရေးဆွဲလေတော့သည်။

လေ့ကျင့်သည်မှာ စန္ဒရား 'ဝိညာဉ်တေးသွား' နှင့်အတူ ကွမ်းလင်လက်ထဲ၌ တွေ့ခဲ့သည့် QR code သုံးခုပင်ဖြစ်သည်။ ယခုလက်ရှိမှာတော့ သူတို့ အသုံးပြုနိုင်သည့်အရာဟူ၍ ဒီ QR code များသာ ရှိသေးလေ၏။

ရှင်ယဲ့ သူ့ကိုယ်သူ QR code တစ်ခုကို ၃၀စက္ကန့်အတွင်း ဆွဲနိုင်သည်ဟု ကြွားလုံးထုတ်ခဲ့သည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ အဆက်မပြတ်လေ့ကျင့်ခြင်းဖြင့် တည်ဆောက်ထားသည့် ရလဒ်သာဖြစ်သည်။ ထို့အပြင် ထို့ကဲ့သို့သော အမြန်နှုန်းအထိ ရောက်နိုင်ရန်အတွက် QR code တိုင်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ရန် လိုအပ်လေသည်။

ဒီလိုအမြန်နှုန်းနှင့်တောင် အများဆုံး သုံးရက်အတွင်းသာ ခံလိမ့်မည်။ သုံးရက်ကျော်သွားလျှင် မေ့ရန်လွယ်ကူလာပြီး၊ ရောထွေးသွားနိုင်သည်။

အကယ်စင်စစ် ရှင်ယဲ့ ယခု မှတ်မိနိုင်သည့် တစ်ခုတည်းသော QR code မှာ 'ဝိညာဉ်တေးသွား' သာရှိသည်။ ဤသည်မှာ မနေ့ညက သူ တစ်လျှောက်လုံး လေ့ကျင့်ခဲ့တာကြောင့်ပင်။ ကျန်သည့် QR code များတော့ အနည်းငယ် ဝေဝေဝါးဝါးဖြစ်ချင်နေပြီ ဖြစ်သည်။ သို့သော်လည်း မှတ်ဉာဏ်များပျောက်ကွယ်မသွားခင် ကြိုတင်ရေးဆွဲခဲ့တာကြောင့် လေ့ကျင့်၍ ရနိုင်ပေသည်။

နှစ်နာရီခန့် ရေးဆွဲပြီးသည့်နောက်၌၊ ရှင်ယဲ့ ချောင်ချန့်ထံမှ မက်ဆေ့ချ်တစ်စောင် လက်ခံရလိုက်လေ၏။

ချောင်ချန့်:  ငါ ပိုက်ဆံပေး လူငှါးပြီး၊ ပိုင်ရွှိနဲ့ သီခွမ့်ကို စောင့်ကြည့်ခိုင်းထားတာ။ အဲ့တာ သူနဲ့ သီခွမ့်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ တွေ့ထားတယ်။ အားကစားခန်းမမှာ တွေ့ကြတယ်တဲ့။

သူမက တကယ်ပဲ ရှင်ယဲ့က သေသေချာချာ အနားယူဖို့ပြောလိုက်သည်ကို နားမထောင်ခဲ့ပါချေ။ ရှင်ယဲ့လည်း မထူးမခြားနားပင်ဖြစ်သည်။ အရူးအမူး လေ့ကျင့်နေခဲ့တာကြောင့် သူမအား ပြန်ပြောဖို့ အခွင့်မရှိချေ။

ပြဿနာက.......

ရှင်ယဲ့: မင်းက ပိုက်ဆံပေးလူငှါးတယ် ? အဲ့ဒီ ပိုက်ဆံတွေ ဘယ်ကရလာတာလဲ?

ချောင်ချန့်:  နင် ငါ့ကို ပိုက်ဆံတစ်သောင်း လွှဲပေးမှရမယ်။ သူတို့ ပိုက်ဆံရဖို့ စောင့်နေကြပြီ။ ငါတို့ သူငယ်ချင်းအသိုင်းအဝိုင်း ပုံစံကမတူဘူးဆိုတော့၊ နင့်လိုလည်း တည့်တည့်ကြီး သွားပြောလို့ မရဘူး။  ငါ ယွမ်၂၀၀ တစ်ခေါက် ပေးပြီးသွားပြီ။ group ဖွဲ့ထားတာလည်း မရှိဘူး။ ရင်းနှီးတဲ့ တချို့ ကျောင်းသူတွေကိုပဲ ရှာထားရတာ။

ရှင်ယဲ့ ချက်ချင်းပင် ငွေတစ်သိန်းကို ချောင်ချန့်အား လွှဲပေးလိုက်ပြီး၊ သူမကို ရဲရဲသာ ဆက်လုပ်ဖို့ ပြောလိုက်သည်။

ချောင်ချန့််:  သူများတွေကို သံသဃမဝင်အောင်၊ ငါက စီနီယာသီခွမ့်ကို ကြိုက်နေတယ်၊ ဒါပေမဲ့ သူကတော့  သူနဲ့နှစ်တူတဲ့ တတိယနှစ်က စီနီယာပိုင်ရွှိကို သဘောကျနေတယ်ထင်တယ်ဆိုပြီး ပြောလိုက်တယ်။ သူတို့က ခဏခဏတွေ့နေကြတော့၊  သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအခြေအနေတွေဖြစ်နေပြီလဲဆိုတာ ကျယ်မေ့တို့ ငါ့ကို ကူပြီး စုံစမ်းပေးကြပါလို့ ပြောလိုက်တာ။

ရှင်ယဲ့: ......

အရမ်းကောင်းပေသည်။ ဒီလိုဆင်ခြေမျိုးက သူ၏ လက်လွတ်စပယ် ပိုက်ဆံဖြုန်းခြင်း နည်းလမ်းထက် ပိုအကျိုးရှိလေသည်။ ချောင်ချန့်၏ စရိုက်နှင့်လည်း အလွန်ကိုက်သည်။ အခြားသူများအား သံသဃဖြစ်စေမည်လည်း မဟုတ်ပေ။

ယောကျာ်းလေးများနှင့် မိန်းကလေးများ၏ အလေးထားကြသည့် ကိစ္စများက အမြဲတမ်း ကွဲပြားနေမှာဖြစ်သည်။ သို့သော်လည်း ချောင်ချန့်၏ နည်းလမ်းက တကယ်ကို မဆိုးပေ။

သီခွမ့်နှင့် ပိုင်ရွှိတို့၏ ပုံများကို ပို့လာသည့်အခါ ကြည့်လိုက်ရာ၊ ထိုအချိန်မှာ နေ့လယ်နားချိန်ဖြစ်ပြီး၊ သီခွမ့်မှာ ဘတ်စကက်ဘော ကစားနေလေသည်။ ဆရာတင်းကတော့ ဒိုင်လုပ်ပေးနေပြီး၊ ပိုင်ရွှိက ဘေးက ရပ်ကြည့်နေ၏။ ကွမ်းလင်နှင့် ဝူယွီကတေ့ ဘောလုံးများကို လိုက်ကောက်ပေးနေကြသည်။

ပိုင်ရွှိက သီခွမ့်အား လက်ကိုင်ပဝါကမ်းပေးနေသည့် ပုံလည်း ရှိသေးသည်။ နှစ်ယောက်သား၏ ဆက်ဆံရေးက တော်တော်လေး ရင်းရင်းနှီးနှီး ရှိနေသည့် ပုံပေါ်သည်။

သူတို့က နေ့ဘက်၌ ပိုင်ရွှိအား ဆက်သွယ်ခဲ့ပြီး၊ မနေ့ညက အားကစားခန်းမတွင် တွေ့ဖို့ သွားခဲ့ကြခြင်းဖြစ်သည်။

ရှင်ယဲ့ ပုံများကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီးနောက်၊ ကျန်းကျင့်ရိုက ပိုင်ရွှိမှာ နူးညံ့၍ ကြင်နာတတ်​သောသည့် စီနီယာအစ်မတစ်ယောက်ဖြစ်ကြောင်း၊ သူ့ကိုလည်း အထူးဂရုစိုက်ပေးကြောင်း ပြောခဲ့သည်ကို ပြန်အမှတ်ရသွားခဲ့သည်။

ထိုအချိန်တွင် ချောင်ချန့်လည်း မက်ဆေ့ချ်တစ်စောင်ထပ်ပို့လာသည်။  အထက်တန်းတတိယနှစ်ကျောင်းသူများက ပိုင်ရွှိအပေါ်ထားသည့် အမြင်များအကြောင်းပင် ဖြစ်၏။

အလွန်လှပ၍၊ စာလည်းတော်သည်။ စိတ်ထားကောင်း၍၊ ကူညီရိုင်းပင်းတတ်ကာ၊ နေရာတိုင်းလိုလိုမှာ ထူးချွန်ထက်မြက်သော လူဖြစ်သည်။ တတိယနှစ်စီနီယာအစ်မများက ချောင်ချန့်အား လက်လျှော့ဖို့ ပြောခဲ့လေသည်။ အကယ်၍ ပိုင်ရွှိကသာ သီခွမ့်ကို တကယ် ကြိုက်နေခဲ့မည်ဆိုလျှင်၊ ချောင်ချန့်မှာ မျှော်လင့်ချက်မရှိဘူးဟုပင်။

ဒီဖော်ပြထားသည့် အရာများမှာ၊ မနေ့ညက မကောင်းဆိုးဝါးနှင့် လူနှစ်ယောက် ဖြစ်နေသည့် အလားပင်။ ကြားရသည်မှာ ယခင်နှစ်များက လျှိုမုချင်းနှင့် အတော်လေး ဆင်တူနေလေသည်။

ရှင်ယဲ့က စန္ဒရားနှင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ စစချင်းမှာပင် လင်ကျင့်ရွှယ်၏ ရှုထောင့်ကနေ၍ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ ဖုံးကွယ်ထားသည့် လမ်းကြောင်းအတိုင်း လျှောက်သွားကြည့်လိုက်သည့်အခါ၊ မနေ့ညက ပိုင်ရွှိ၏ ပုံသဏ္ဌာန်ကို မျက်စိတပ်အပ် မြင်ခဲ့ရခြင်းပင်ဖြစ်သည်။ သီခွမ့်နှင့် အဖွဲ့ကတော 'မွန်နာလီဇာအပြုံး' ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ စာရင်းစစ်ရုံးခန်းကနေတစ်ဆင့် ထိုပန်းချီကား၏ ပိုင်ရှင်အား ရှာတွေ့ခဲ့ကာ၊ နေ့ဘက်တွင် ပိုင်ရွှိနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရှင်ယဲ့က ဘာတစ်ခုမှ ဖုံးကွယ်မထားခဲ့ချေ။ သူ အမှန်တကယ် အရာအားလုံးကို သီခွမ့်အား ပြောပြခဲ့သော်လည်း သီခွမ့်က သူ့ကို လုံးဝ မယုံကြည်ခဲ့ပေ။ သူ့ကိုယ်ပိုင် နားလည်သဘောပေါက်မှုနှင့်သူ ရှိနေခြင်းဖြစ်နိုင်သည်။

Memory card ထဲမှ ဗီဒီယိုကို အဓိပ္ပာယ်နောက်တစ်မျိုးကောက်လိုက်တာလည်း ဖြစ်နိုင်သည်။

ရှင်ယဲ့ ချောင်ချန့်အား ချက်ချင်း မက်ဆေ့ချ် ပို့လိုက်သည်: သူတို့ အားကစားခန်းမမှာ ရှိနေသေးလား?

ချောင်ချန့်:  အတန်းကစနေပြီဆိုတော့၊ ကျောင်းသားတွေအားလုံး ထွက်သွားကြပြီ။ ဆရာတင်းတစ်ယောက်တည်း အားကစားခန်းမမှာ ကျန်ခဲ့တယ်။

ရှင်ယဲ့: ငါတို့ သွားကြည့်ရအောင်။

ချောင်ချန့်လည်း ကြာကြာ ထိုင်စောင့်မနေနိုင်တော့တာကြောင့်၊ နှစ်ယောက်သား အားကစားခန်းမ ရှေ့မှာသာ တွေ့လိုက်ကြတော့သည်။

ပထမအတန်းချိန်တွင် အာကစားခန်းမအား သုံးသည့် အတန်းမရှိပေ။ ဆရာတင်းမှာ အားကစားလုပ်သည့်နေရာ၌ ရှိမနေချေ။ သိုလှောင်ခန်းနှင့် ရုံးခန်းထဲတွင်တော့ ရှိနေနိုင်သည်။

အားကစားခန်းမရှိ တံခါးများမှာ လော့ခ်ချထားလေ၏။ သူတို့မှာလည်း သော့ရှိမနေချေ။ သို့သော်လည်း ဤသည်က ချောင်ချန့်အတွက် ပြဿနာမဟုတ်ပေ။ ခွန်အားက အလွန် အသုံးဝင်သည့် အရာပင်ဖြစ်သည်။ သူမက တံခါးအား တစ်ချက်တည်းနှင့် ကန်ဖွင့်လိုက်လေ၏။ ကံကောင်းစွာဖြင့် အားကစားခန်းမ၏ တည်ရာမှာ ဝေးလံတာကြောင့် ဒီအချိန်၌ အားကစားခန်းမထဲရှိ ဆရာတင်းမှလွဲ၍ ကြားမည့်သူ ရှိမည်မဟုတ်ပေ။

ရှင်ယဲ့ သက်ပြင်းချလိုက်၏။ ဒီတစ်ခေါက်မှာလည်း သူပဲ ခေါင်းခံရဦးမည်ဖြစ်သည်။ ကျောင်းအုပ်ကြီးကလည်း သူ့အဖေကို ဖုန်းဆက်ခေါ်ဦးမှာပင်။

သူ ကျောင်းတက်တုန်းက ဆရာတွေဆီမှ တစ်ခါမှ မိဘအခေါ်မခံခဲ့ရဖူးပေ။ မိဘများနှင့် တွေ့ဆုံသည်မှာလည်း ချီးကျူးရန်အတွက်သာဖြစ်ခဲ့သည်။ ဂိမ်းထဲသို့ ဝင်ရောက်ပြီးနောက်မှာမှ၊ ပိုက်ဆံချမ်းသာသည့် အဖေထံမှ လုပ်သမျှကို ကာပေးခံရသည့် ခံစားချက်ကို နားလည်ခဲ့ရလေသည်။

တကယ် မဆိုးလှပေ။

ရှင်ယဲ့ သူ့ကိုယ်သူ အလိုလိုက်ခံရသည့် ခံစားချက်အား ပျော်မွေ့နေခြင်းကို သတိထားမိသွားလေ၏။ သို့သော်လည်း ကလေးတစ်ယောက်ကို ဒီလိုနည်းလမ်းမျိုးနှင့် ပြုစုပျိုးထောင်ပါက ပျက်စီးဖို့ အလွန်လွယ်ကူလေသည်။

တံခါးကိုကန်ကျောက်လိုက်သံက သိုလှောင်ခန်းထဲတွင်ရှိနေသည့် ဆရာတင်းအား အချက်ပေးလိုက်လေသည်။ သူ ပြေးထွက်လာသည့်အခါ ရှင်ယဲ့နှင့် ချောင်ချန့်အား တွေ့လိုက်ရတော့သည်။ ထို့ကြောင့် စကားမဆိုဘဲ ဖုနးကိုသာ ကောက်ကိုင်လိုက်လေ၏။ ချောင်ချန့်က ဘတ်စကက်ဘောတစ်လုံးကို ကောက်ယူလိုက်ပြီး ဆရာတင်း၏ လက်မောင်းကို ပစ်လိုက်ရာ၊ ဖုန်းမှာ နှိပ်တောင်မနှိပ်လိုက်ရဘဲ၊ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ဤသည်မှာ ဂိမ်း၏ အားနည်းချက်တစ်ခုပင်ဖြစ်သည်။ QR codeအား အသုံးပြုရန်အတွက် ဖုန်း သို့မဟုတ် လက်ကောက်အား သေချာပေါက် လိုအပ်လေသည်။ မူလစွမ်းရည်မှာတော့  ဖုန်းထဲတွင် အလိုအလျောက်ပွိုင့်များနှုတ်ပေးသည့် ခွင့်ပြုချက်ကို ကြိုတင်ဖွင့်ထားပါက၊ စိတ်ထဲ၌ အသုံးပြုရန် ရွေးချယ်နိုင်လေသည်။ QR code များထက် ပိို၍ပင် မြန်ဆန်သည်။

ချောင်ချန့်လိုမျိုး ခွန်အားကြီးပြီး လျင်မြန်သည့် လူတစ်ယောက်၏ မူလစွမ်းရည်မှာ  ကြည့်လိုက်လျှင်တော့ သာမန်မျှဟုထင်ရသော်လည်း၊ တကယ်တမ်း တိုက်ခိုက်သည့်နေရာမှာ အလွန်ကို ထူးချွန်ပြောင်မြောက်လေသည်။ ပထမဆုံး ပြိုင်ဘက်၏ လက်ကို မလှုပ်နိုင်အောင် လုပ်ထားမှသာ၊ သူက မူလစွမ်းရည်ကို အသုံးပြုနိုင်မှာဖြစ်သည်။

"သူ့ကို ရိုက်လိုက်။ အနားမကပ်စေနဲ့။ ဝေးဝေးမှာပဲ ရိုက်" ရှင်ယဲ့ ညွှန်ကြားလိုက်သည်။ "အချိန်ကျလာရင်၊ ဆရာကိုရိုက်တာနဲ့၊ တံခါးကို ကန်တာတွေအကုန်လုံး ငါ့အပေါ်ပုံချလိုက်လို့ရတယ်။ ငါ့အဖေ ရှင်းပေးနိုင်တယ်!"

ထိုစကားများကို ကြားလိုက်ရသည့်အချိန် ချောင်ချန့်၏ လှုပ်ရှားမှုများမှာ သူ့အလိုလို ရပ်တန့်မိသွားသည်။ နားထောင်ရသည်မှာ တကယ် လူမုန်းစရာကောင်း၍ လုံးဝ ဆိုးသွမ်းနေသည့်  သူဌေးသားတစ်ယောက် လေသံမျိုးပင်။

အားကစားခန်းမတွင် အများပြားဆုံးအရာမှာ အားကစားပစ္စည်းများဖြစ်သည်။ ချောင်ချန့် အားမွေးလိုက်လျှင်၊ အပြေးလေ့ကျင့်စက်ကိုတောင် သံလုံးပစ်သလိုမျိုး အသုံးပြုနိုင်လေသည်။

အရပ် ၁၆၀ စင်တီမီတာသာရှိသည့် ပိန်ပိန်ပါးပါး ကောင်မ​လေးတစ်ယောက်ဟာ လက်တစ်ဖက်၌ လမ်းလျှောက်စက်၊ နောက်လက်တစ်ဖက်၌ အပြေးလေ့ကျင့်စက်ကို ကိုင်လျက် အဝေးတွင်ရှိနေသည့် ဆရာတင်းအား ပစ်ပေါက်လိုက်လေတော့သည်။

[လမ်းလျှောက်စက်က ဒါကိုပြောတာပါ eng လို elliptical machine လို့ခေါ်ပါတယ်။ မြန်မာလို  တိတိကျကျ ဘယ်လိုခေါ်မှန်းမသိလို့ လမ်းလျှောက်စက်လို့ ရေးလိုက်တာပါ]

ဒီလို ပစ်ချက်မျိုးနှင့်ဆို ဆရာတင်းမှာ မသေလျှင်တောင်မှ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားနိုင်လေသည်။ သို့သော် အပြေးလေ့ကျင့်စက် ကျသွားသောနေရာ၌ ဆရာတင်း ရှိမနေခဲ့ချေ။ သူက ရုတ်တရက် အခြားတစ်နေရာ၌ ပေါ်လာခဲ့လေသည်။

တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနိုင်သည့် တယ်လီပို့စွမ်းအား ဒါမှမဟုတ် အခြားစွမ်းရည်ဖြစ်နိုင်သည်။ တယ်လီပို့စွမ်းအားသာဖြစ်နေရင် သူရဲ့ မူလစွမ်းရည်က မိုးထိအောင် ကောင်းနေတဲ့ ပုံမျိုးဖြစ်မနေဘူးလား? အဲ့လို အင်အားသာရှိနေရင် ဆရာတင်းက တခြားလူတွေဆီမှာ နောက်လိုက်ဘာလို့ လုပ်နေတော့မှာလဲ?

ကန့်သတ်ချက်တော့ ရှိရမည်။

ချောင််ချန့်က တိုက်ခိုက်နေသည့် အချိန်အတွင်း ရှင်ယဲ့ အချိန်ဖြုန်းမနေခဲ့ချေ။ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်ကို ထုတ်ယူလိုက်ပြီး၊ လေထဲ၌ QR code အား အမြန်ရေးဆွဲလိုက်လေတော့သည်။ အခုလေးတင် အပြေးလေ့ကျင့်စက်ထံမှ ထွက်ပြေးလာရသည့် ဆရာတင်းမှာ မူလစန္ဒရား၏ အရွယ်အစားတစ်ဝက်ရှိသော စန္ဒရားတစ်လုံး မိုးပေါ်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရလေသည်။

တစ်ဝက်သေးနေတောင်မှ စန္ဒရားက စန္ဒရားပဲ!

သို့ရာတွင် စန္ဒရား ပြုတ်ကျလာသည့်အချိန်၌ ဆရာတင်းမှာ ထပ်မံပျောက်ကွယ်သွားပြီး၊ နောက်တစ်နေရာတွင် ပြန်ပေါ်လာပြန်သည်။

ရှင်ယဲ့ ဆိုလိုက်၏: "ဆက်သာချနေ။ သူ့မှာ အချိန်ကန့်သတ်ချက် မရှိဘူးဆိုတာ မယုံဘူး။ ဒါပေမဲ့ မူလစွမ်းရည် နှစ်ခုရှိတာတော့ သတိထားရမယ်။ နောက်တစ်ခုက တိုက်ခိုက်မှုစွမ်းရည် မဟုတ်ဘူးလို့ မပြောနိုင်ဘူး"

မှန်လေး၏ ပြိုင်ဘက်ကင်းအလှတရားကတောင် အလှအား ရိုးအီသွားမည့် သုံးနာရီကြာ ဆိုင်းငံ့ချိန််ရှိသေးသည်။ ဆရာတင်း၏ တယ်လီပို့စွမ်းအားက ဆိုင်းငံ့ချိန်မရှိဘူးဆိုတာ မဖြစ်နိုင်ပေ။ ရှင်ယဲ့ တစ်စုံတစ်ယောက်၏ ကံက မှန်လေးထက် ကောင်းနေတယ်ဆိုတာကို မယုံကြည်ပေ။ သို့မဟုတ်လျှင်လည်း တစ်စုံတစ်ယောက်၏ ပါရမီစွမ်းရည်က လုမင်းဇယ်၏ ရုပ်ရည်ကို ယှဉ်နိုင်တယ်ဆိုတာ မယုံကြည်ပေ။

ချောင်ချန့်က ရှင်ယဲ့ ပြောပေးနေစရာကိုမလိုပေ။ လမ်းလျှောက်စက်ကို ကောက်ယူလိုက်ပြီးနောက် ပစ်ပေါက်လိုက်လေတော့၏။

ဆရာတင်းက တတိယအကြိမ်မြောက်အဖြစ် နေရာကူးပြောင်းလိုက်ပြီးနောက် အားကစားရုံတံခါးရှေ့တွင် ပြန်ပေါ်လာလေသည်။ ရှင်ယဲ့က ဒုတိယမြောက် စန္ဒရား QR code အား ထပ်ဆွဲပြီးသည်ကို မြင်သည့်အခါ၊ လက်ကို မြှောက်လျက် ကျယ်လောင်စွာ အောက်လာလေ၏:

"ငါ ပြောမယ်။ ငါ အကုန်လုံး ပြောပြပါ့မယ်။ ငါ သိသမျှ သီခွမ့်တို့တဲ့ ပတ်သက်တဲ့ ကိစ္စတွေအကုန်လုံးကို မင်းတို့ကို ပြောပြပေးမယ်!"

သူ ထိုကဲ့သို့ ပြောလိုက်သည်နှင့်၊ ရေးဆွဲထားသည့် QR Code မှာ ပျောက်ကွယ်သွားခဲ့ကာ၊ ဘတ်စကက်ဘောက်ို ကိုင်ထားသည့် ချောင်ချန့်မှာလည်း သူမ၏ တိုက်ခိုက်လိုစိတ်များ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း သတိထားမိသွားရလေသည်။

ရှင်ယဲ့ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်ကို ပြန်မသိမ်းခဲ့သည်မှာ သေချာလေသည်။ သို့သော် ထိုစွမ်းရည်က အလိုအလျောက်ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် မူလစွမ်းရည်ကို အသုံးပြုရာ မျက်နှာပြင်ကိုလည်း စိတ်ဖြင့် ပေါ်လာအောင် လုပ်လို့မရဖြစ်နေသည်။

သူ ချောင်ချန့်ကို ကြည့်လိုက်သည့်အခါ၊ ချောင်ချန့်လည်း အတူတူပင် ဖြစ်နေ၏။ ဤသည်မှာ ဆရာတင်း၏ ဒုတိယမြောက် မူလစွမ်းရည်ဖြစ်ရမည်။ အခြားလူများကို တိုက်ခိုက်မှုစွမ်းအား ပျောက်ဆုံးစေသည့် စွမ်းရည်ပင်ဖြစ်သည်။

ဒီမူလစွမ်းရည်ကို အသက်မသွင်းခင်၊ ဆရာတင်းက ဘာလုပ်ခဲ့တာလဲ?

သူက သီခွမ့်နှင့်အခြားသူများကို သစ္စာဖောက်မည်ဟု ပြောခဲ့ကာ၊ တယ်လီပို့ သုံးကြိမ်လုပ်ပြီးသည့်အခါ အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် သိနိုင်သွားသည်မှာ၊ နေရာကူးပြောင်းခြင်း၏ ကန့်သတ်ချိန်မှာ သုံးကြိမ်ပင်ဖြစ်ပြီး၊ ဆရာတင်းက လူတွေကို တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားအောင် လုပ်နိုင်လေသည်။

"သူတို့အကြောင်းမပြောနဲ့။ ခင်ဗျားရဲ့ မူလစွမ်းရည်က ဘာလဲ?" ရှင်ယဲ့ မေးလိုက်သည်။

ဆရာတင်းက ထိုင်ချလိုက်ပြီးနောက်၊ သက်ပြင်းရှည်ရှည်ချကာ ဆိုလိုက်လေ၏:

"စဉ်းလဲတဲ့ ယုန်ရဲ့ လိုဏ်ခေါင်းသုံးခု*နဲ့ အကျိုးအမြတ်အတွက် သူငယ်ချင်းကို ရောင်းစားခြင်း ။ စဉ်းလဲတဲ့ ယုန်ရဲ့ လိုဏ်ခေါင်းသုံးခုက ငါ့ကို သုံးကြိမ် ထွက်ပြေးလို့ရအောင် လုပ်ပေးတယ်။ အကျိုးအမြတ်အတွက် သူငယ်ချင်းကို ရောင်းစားခြင်းကတော့ ငါက ငါ့အဖွဲ့သားတွေကို သစ္စာဖောက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ရန်သူက ငါ့ကို တိုက်ခိုက်တော့မှာမဟုတ်ဘူး။ ဒါပေမဲ့ စွမ်းရည်အသက်ဝင်ဖို့ဆို ငါသိသမျှ အကုန်လုံး မချွင်းမချန်ပြောပြရမှာ"

[ စဉ်းလဲတဲ့ ယုန်ရဲ့ လိုဏ်ခေါင်းသုံးခု ( 狡兔三窟)  က idiom ပါ။ ဉာဏ်နီဉာဏ်များတဲ့ လူတွေမှာ ဖုံးကွယ်ထားတဲ့ နည်းလမ်းတွေရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။]

ရှင်ယဲ့: "......"

ချောင်ချန့်: "......"

မူလစွမ်းရည်နှစ်ခုလုံးမှာ အသက်ကယ်ပေးနိုင်သည့် အရာများပင်ဖြစ်သည်။ ထိုထဲမှ တစ်ခုအား အသုံးပြုဖို့ရာ သူငယ်ချင်းအား သစ္စာဖောက်ရမည်ပင်။

ရှင်ယဲ့နှင့် အဖွဲ့ဖွဲ့ရန်အတွက် QR code ကို ပေးဖို့ တွေဝေခြင်းမရှိခဲ့ဘဲ၊ သူ၏ မူလစွမ်းရည်များအကြောင်း အမေးခံရသည့်အခါ၌ ချက်ချင်း မျက်နှာလွှဲပစ်လုပ်သွားသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

စာရေးသူ ပြောစရာရှိသည်:

ရှင်ယဲ့: ငါက အခြေခံကျင့်ဝတ်ကို ထိန်းသိမ်းတဲ့ လူတစ်ယောက်။ မကောင်းတဲ့အလုပ်တွေ ဘယ်တော့မှ မလုပ်ဘူး။

ကျောင်းဝန်းကမ္ဘာထဲသို့ ဝင်လာပြီးနောက်:  စန္ဒရားအား ရိုက်ခွဲပစ်၊ အတန်းပိုင်ဆရာမကို ဓားနဲ့ထောက်၊ ရုံးခန်းတံခါးကို ဖျက်စီး၊ အမြင့်ပေါ်က ပစ္စည်းပစ်ချ၊ အားကစားခန်းမကို ဖျက်စီး၊ ကာယဆရာကို ရိုက်နှက်၊ အားကစားပစ္စည်းတွေကို ဖျက်စီး.... မချိုးဖောက်တဲ့ အခြေခံကျင့်ဝတ်ကော ရှိသေးရဲ့လား?

မျက်နှာမပြသည့် ရှင်ယဲ့၏ အဖေ: ကျောင်းအုပ်ကြီး ခင်ဗျားသာ ပြောလိုက်။ ပိုက်ဆံ ဘယ်လောက်များများ၊ ကျွန်တော် ခင်ဗျားကို အခုချက်ချင်း ပို့ပေးမယ်။ နိုင်ငံခြားရောက်နေတာဆိုတော့ ပြန်လာဖို့ အချိန်မရှိဘူးလေ။ အိမ်ပြန်ရောက်တဲ့အချိန်ကျရင် ကျွန်တော် ခင်ဗျားကို တစ်ဝိုင်းကျွေးပါ့မယ်။ ကျွန်တော့်ရဲ့ အသုံးအဖြုန်းကြီးတဲ့ သားကို ခင်ဗျားကိုပဲ အပ်ပါရစေ။

ကျောင်းအုပ်ကြီး: .....

ပျင်းရိသော သတိပေးချက်: အပေါ်က အချက်တွေကို ကျောင်းသားတွေဘယ်တော့မှ အတုမယူကြနဲ့။ နောက်ကနေ ဖြေရှင်းပေးမယ့် အဖေရှိရင်တောင် ဒါမျိုး လိုက်လုပ်လို့မရဘူး။ နားလည်လား? လိမ္မာတဲ့ သားသမီးလုပ်ပြီး၊ ကျောင်းသားကောင်း ဖြစ်အောင်လုပ်!








(Zawgyi)

Chapter 41 _ သူငယ္ခ်င္းအား ေရာင္းစားျခင္း


မွန္ကို ကယ္တင္ေပးခ်င္ပါက၊ အရင္ဦးဆုံး အဆင့္ျမင့္ကစားသူျဖစ္လာမွ ရမည္ျဖစ္သည္။ ထိုမွသာ System၏ နက္ရႈိင္းေသာ အမွန္တရားမ်ားကို ထိေတြ႕ႏိုင္မွာပင္။

သို႔ေစကာမူ အလ်င္လို၍မျဖစ္ေပ။ စိတ္မရွည္ခဲ့လွ်င္ System ၏ ထိန္းခ်ဳပ္မႈကို ခံသြားရႏိုင္ေလသည္။ အစီအစဥ္တက်လုပ္ျခင္းကသာ အေကာင္းဆုံးပင္ျဖစ္၏။

ကစားသူမ်ားအား လက္ဦးမႈျပဳ၍ အမဲလိုက္စရာလည္း မလိုေပ။ အုပ္စုႏွစ္ခုက အခ်င္းခ်င္း တိုက္ခိုက္ေနသည့္အခ်ိန္၊ သို႔မဟုတ္ ကိုယ့္ကိုယ္ကိုယ္ကိုယ္ ကာကြယ္ရမည့္အခ်ိန္မ်ား၌ လႈပ္ရွား၍ ရႏိုင္ေလသည္။ သို႔ေသာ္ ပြိဳင့္ေလးတစ္ေထာင္ေလာက္အတြက္ႏွင့္ လႈပ္ရွားသည္မွာ ရွင္ယဲ့၏ ပုံစံမဟုတ္ေခ်။ အေျခခံက်င့္ဝတ္အား ေဖာက္ဖ်က္မည္ မဟုတ္ဘဲ ထိန္းသိမ္းထားမည္သာပင္။

အဓိကအေလးေပးရမည့္အရာမွာ မိမိကိုယ္တိုင္၏ အင္အားကို တိုးတက္ေအာင္ လုပ္ဖို႔ရန္သာျဖစ္သည္။

မွန္ႏွင့္ ပင္ပန္းေလာက္သည့္အထိ စကားေျပာၿပီးေနာက္၊ ရွင္ယဲ့ အိပ္ရာေပၚ၌ တစ္ေရးေလာက္ ေမွးလိုက္ေလ၏။ တစ္နာရီခန္႔ ၾကာၿပီးေနာက္တြင္မူ၊ သူ၏ မ်က္လုံးမ်ားကို ဖြင့္ကာ၊ စာ႐ြက္ႏွင့္ ေဘာပင္အား ထုတ္လိုက္ၿပီးေနာက္၊ စားပြဲေရွ႕တြင္ ထိုင္လ်က္ QR code မ်ားအား ေလ့က်င့္ေရးဆြဲေလေတာ့သည္။

ေလ့က်င့္သည္မွာ စႏၵရား 'ဝိညာဥ္ေတးသြား' ႏွင့္အတူ ကြမ္းလင္လက္ထဲ၌ ေတြ႕ခဲ့သည့္ QR code သုံးခုပင္ျဖစ္သည္။ ယခုလက္ရွိမွာေတာ့ သူတို႔ အသုံးျပဳႏိုင္သည့္အရာဟူ၍ ဒီ QR code မ်ားသာ ရွိေသးေလ၏။

ရွင္ယဲ့ သူ႔ကိုယ္သူ QR code တစ္ခုကို ၃၀စကၠန္႔အတြင္း ဆြဲႏိုင္သည္ဟု ႂကြားလုံးထုတ္ခဲ့သည္မွာ ခ်ဲ႕ကားေျပာဆိုေနျခင္းမဟုတ္ေပ။ အဆက္မျပတ္ေလ့က်င့္ျခင္းျဖင့္ တည္ေဆာက္ထားသည့္ ရလဒ္သာျဖစ္သည္။ ထို႔အျပင္ ထို႔ကဲ့သို႔ေသာ အျမန္ႏႈန္းအထိ ေရာက္ႏိုင္ရန္အတြက္ QR code တိုင္းကို အႀကိမ္ေပါင္းမ်ားစြာ ေလ့က်င့္ရန္ လိုအပ္ေလသည္။

ဒီလိုအျမန္ႏႈန္းႏွင့္ေတာင္ အမ်ားဆုံး သုံးရက္အတြင္းသာ ခံလိမ့္မည္။ သုံးရက္ေက်ာ္သြားလွ်င္ ေမ့ရန္လြယ္ကူလာၿပီး၊ ေရာေထြးသြားႏိုင္သည္။

အကယ္စင္စစ္ ရွင္ယဲ့ ယခု မွတ္မိႏိုင္သည့္ တစ္ခုတည္းေသာ QR code မွာ 'ဝိညာဥ္ေတးသြား' သာရွိသည္။ ဤသည္မွာ မေန႔ညက သူ တစ္ေလွ်ာက္လုံး ေလ့က်င့္ခဲ့တာေၾကာင့္ပင္။ က်န္သည့္ QR code မ်ားေတာ့ အနည္းငယ္ ေဝေဝဝါးဝါးျဖစ္ခ်င္ေနၿပီ ျဖစ္သည္။ သို႔ေသာ္လည္း မွတ္ဉာဏ္မ်ားေပ်ာက္ကြယ္မသြားခင္ ႀကိဳတင္ေရးဆြဲခဲ့တာေၾကာင့္ ေလ့က်င့္၍ ရႏိုင္ေပသည္။

ႏွစ္နာရီခန္႔ ေရးဆြဲၿပီးသည့္ေနာက္၌၊ ရွင္ယဲ့ ေခ်ာင္ခ်န္႔ထံမွ မက္ေဆ့ခ်္တစ္ေစာင္ လက္ခံရလိုက္ေလ၏။

ေခ်ာင္ခ်န္႔:  ငါ ပိုက္ဆံေပး လူငွါးၿပီး၊ ပိုင္႐ႊိနဲ႔ သီခြမ့္ကို ေစာင့္ၾကည့္ခိုင္းထားတာ။ အဲ့တာ သူနဲ႔ သီခြမ့္နဲ႔ အဆက္အသြယ္ရွိတယ္ဆိုတာ ေတြ႕ထားတယ္။ အားကစားခန္းမမွာ ေတြ႕ၾကတယ္တဲ့။

သူမက တကယ္ပဲ ရွင္ယဲ့က ေသေသခ်ာခ်ာ အနားယူဖို႔ေျပာလိုက္သည္ကို နားမေထာင္ခဲ့ပါေခ်။ ရွင္ယဲ့လည္း မထူးမျခားနားပင္ျဖစ္သည္။ အ႐ူးအမူး ေလ့က်င့္ေနခဲ့တာေၾကာင့္ သူမအား ျပန္ေျပာဖို႔ အခြင့္မရွိေခ်။

ျပႆနာက.......

ရွင္ယဲ့: မင္းက ပိုက္ဆံေပးလူငွါးတယ္ ? အဲ့ဒီ ပိုက္ဆံေတြ ဘယ္ကရလာတာလဲ?

ေခ်ာင္ခ်န္႔:  နင္ ငါ့ကို ပိုက္ဆံတစ္ေသာင္း လႊဲေပးမွရမယ္။ သူတို႔ ပိုက္ဆံရဖို႔ ေစာင့္ေနၾကၿပီ။ ငါတို႔ သူငယ္ခ်င္းအသိုင္းအဝိုင္း ပုံစံကမတူဘူးဆိုေတာ့၊ နင့္လိုလည္း တည့္တည့္ႀကီး သြားေျပာလို႔ မရဘူး။  ငါ ယြမ္၂၀၀ တစ္ေခါက္ ေပးၿပီးသြားၿပီ။ group ဖြဲ႕ထားတာလည္း မရွိဘူး။ ရင္းႏွီးတဲ့ တခ်ိဳ႕ ေက်ာင္းသူေတြကိုပဲ ရွာထားရတာ။

ရွင္ယဲ့ ခ်က္ခ်င္းပင္ ေငြတစ္သိန္းကို ေခ်ာင္ခ်န္႔အား လႊဲေပးလိုက္ၿပီး၊ သူမကို ရဲရဲသာ ဆက္လုပ္ဖို႔ ေျပာလိုက္သည္။

ေခ်ာင္ခ်န့္္:  သူမ်ားေတြကို သံသဃမဝင္ေအာင္၊ ငါက စီနီယာသီခြမ့္ကို ႀကိဳက္ေနတယ္၊ ဒါေပမဲ့ သူကေတာ့  သူနဲ႔ႏွစ္တူတဲ့ တတိယႏွစ္က စီနီယာပိုင္႐ႊိကို သေဘာက်ေနတယ္ထင္တယ္ဆိုၿပီး ေျပာလိုက္တယ္။ သူတို႔က ခဏခဏေတြ႕ေနၾကေတာ့၊  သူတို႔ႏွစ္ေယာက္ၾကားမွာ ဘယ္လိုအေျခအေနေတြျဖစ္ေနၿပီလဲဆိုတာ က်ယ္ေမ့တို႔ ငါ့ကို ကူၿပီး စုံစမ္းေပးၾကပါလို႔ ေျပာလိုက္တာ။

ရွင္ယဲ့: ......

အရမ္းေကာင္းေပသည္။ ဒီလိုဆင္ေျခမ်ိဳးက သူ၏ လက္လြတ္စပယ္ ပိုက္ဆံျဖဳန္းျခင္း နည္းလမ္းထက္ ပိုအက်ိဳးရွိေလသည္။ ေခ်ာင္ခ်န္႔၏ စ႐ိုက္ႏွင့္လည္း အလြန္ကိုက္သည္။ အျခားသူမ်ားအား သံသဃျဖစ္ေစမည္လည္း မဟုတ္ေပ။

ေယာက်ာ္းေလးမ်ားႏွင့္ မိန္းကေလးမ်ား၏ အေလးထားၾကသည့္ ကိစၥမ်ားက အၿမဲတမ္း ကြဲျပားေနမွာျဖစ္သည္။ သို႔ေသာ္လည္း ေခ်ာင္ခ်န္႔၏ နည္းလမ္းက တကယ္ကို မဆိုးေပ။

သီခြမ့္ႏွင့္ ပိုင္႐ႊိတို႔၏ ပုံမ်ားကို ပို႔လာသည့္အခါ ၾကည့္လိုက္ရာ၊ ထိုအခ်ိန္မွာ ေန႔လယ္နားခ်ိန္ျဖစ္ၿပီး၊ သီခြမ့္မွာ ဘတ္စကက္ေဘာ ကစားေနေလသည္။ ဆရာတင္းကေတာ့ ဒိုင္လုပ္ေပးေနၿပီး၊ ပိုင္႐ႊိက ေဘးက ရပ္ၾကည့္ေန၏။ ကြမ္းလင္ႏွင့္ ဝူယြီကေတ့ ေဘာလုံးမ်ားကို လိုက္ေကာက္ေပးေနၾကသည္။

ပိုင္႐ႊိက သီခြမ့္အား လက္ကိုင္ပဝါကမ္းေပးေနသည့္ ပုံလည္း ရွိေသးသည္။ ႏွစ္ေယာက္သား၏ ဆက္ဆံေရးက ေတာ္ေတာ္ေလး ရင္းရင္းႏွီးႏွီး ရွိေနသည့္ ပုံေပၚသည္။

သူတို႔က ေန႔ဘက္၌ ပိုင္႐ႊိအား ဆက္သြယ္ခဲ့ၿပီး၊ မေန႔ညက အားကစားခန္းမတြင္ ေတြ႕ဖို႔ သြားခဲ့ၾကျခင္းျဖစ္သည္။

ရွင္ယဲ့ ပုံမ်ားကို အျပန္ျပန္အလွန္လွန္ၾကည့္လိုက္ၿပီးေနာက္၊ က်န္းက်င့္႐ိုက ပိုင္႐ႊိမွာ ႏူးညံ့၍ ၾကင္နာတတ္​ေသာသည့္ စီနီယာအစ္မတစ္ေယာက္ျဖစ္ေၾကာင္း၊ သူ႔ကိုလည္း အထူးဂ႐ုစိုက္ေပးေၾကာင္း ေျပာခဲ့သည္ကို ျပန္အမွတ္ရသြားခဲ့သည္။

ထိုအခ်ိန္တြင္ ေခ်ာင္ခ်န္႔လည္း မက္ေဆ့ခ်္တစ္ေစာင္ထပ္ပို႔လာသည္။  အထက္တန္းတတိယႏွစ္ေက်ာင္းသူမ်ားက ပိုင္႐ႊိအေပၚထားသည့္ အျမင္မ်ားအေၾကာင္းပင္ ျဖစ္၏။

အလြန္လွပ၍၊ စာလည္းေတာ္သည္။ စိတ္ထားေကာင္း၍၊ ကူညီ႐ိုင္းပင္းတတ္ကာ၊ ေနရာတိုင္းလိုလိုမွာ ထူးခြၽန္ထက္ျမက္ေသာ လူျဖစ္သည္။ တတိယႏွစ္စီနီယာအစ္မမ်ားက ေခ်ာင္ခ်န္႔အား လက္ေလွ်ာ့ဖို႔ ေျပာခဲ့ေလသည္။ အကယ္၍ ပိုင္႐ႊိကသာ သီခြမ့္ကို တကယ္ ႀကိဳက္ေနခဲ့မည္ဆိုလွ်င္၊ ေခ်ာင္ခ်န္႔မွာ ေမွ်ာ္လင့္ခ်က္မရွိဘူးဟုပင္။

ဒီေဖာ္ျပထားသည့္ အရာမ်ားမွာ၊ မေန႔ညက မေကာင္းဆိုးဝါးႏွင့္ လူႏွစ္ေယာက္ ျဖစ္ေနသည့္ အလားပင္။ ၾကားရသည္မွာ ယခင္ႏွစ္မ်ားက လွ်ိဳမုခ်င္းႏွင့္ အေတာ္ေလး ဆင္တူေနေလသည္။

ရွင္ယဲ့က စႏၵရားႏွင့္ စတင္ခဲ့ျခင္းျဖစ္ၿပီး၊ စစခ်င္းမွာပင္ လင္က်င့္႐ႊယ္၏ ရႈေထာင့္ကေန၍ ေတြ႕ျမင္ခဲ့ရျခင္းျဖစ္သည္။ ဖုံးကြယ္ထားသည့္ လမ္းေၾကာင္းအတိုင္း ေလွ်ာက္သြားၾကည့္လိုက္သည့္အခါ၊ မေန႔ညက ပိုင္႐ႊိ၏ ပုံသဏၭာန္ကို မ်က္စိတပ္အပ္ ျမင္ခဲ့ရျခင္းပင္ျဖစ္သည္။ သီခြမ့္ႏွင့္ အဖြဲ႕ကေတာ 'မြန္နာလီဇာအၿပဳံး' ျဖင့္ စတင္ခဲ့ျခင္းျဖစ္ၿပီး၊ စာရင္းစစ္႐ုံးခန္းကေနတစ္ဆင့္ ထိုပန္းခ်ီကား၏ ပိုင္ရွင္အား ရွာေတြ႕ခဲ့ကာ၊ ေန႔ဘက္တြင္ ပိုင္႐ႊိႏွင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ရွင္ယဲ့က ဘာတစ္ခုမွ ဖုံးကြယ္မထားခဲ့ေခ်။ သူ အမွန္တကယ္ အရာအားလုံးကို သီခြမ့္အား ေျပာျပခဲ့ေသာ္လည္း သီခြမ့္က သူ႔ကို လုံးဝ မယုံၾကည္ခဲ့ေပ။ သူ႔ကိုယ္ပိုင္ နားလည္သေဘာေပါက္မႈႏွင့္သူ ရွိေနျခင္းျဖစ္ႏိုင္သည္။

Memory card ထဲမွ ဗီဒီယိုကို အဓိပၸာယ္ေနာက္တစ္မ်ိဳးေကာက္လိုက္တာလည္း ျဖစ္ႏိုင္သည္။

ရွင္ယဲ့ ေခ်ာင္ခ်န္႔အား ခ်က္ခ်င္း မက္ေဆ့ခ်္ ပို႔လိုက္သည္: သူတို႔ အားကစားခန္းမမွာ ရွိေနေသးလား?

ေခ်ာင္ခ်န္႔:  အတန္းကစေနၿပီဆိုေတာ့၊ ေက်ာင္းသားေတြအားလုံး ထြက္သြားၾကၿပီ။ ဆရာတင္းတစ္ေယာက္တည္း အားကစားခန္းမမွာ က်န္ခဲ့တယ္။

ရွင္ယဲ့: ငါတို႔ သြားၾကည့္ရေအာင္။

ေခ်ာင္ခ်န္႔လည္း ၾကာၾကာ ထိုင္ေစာင့္မေနႏိုင္ေတာ့တာေၾကာင့္၊ ႏွစ္ေယာက္သား အားကစားခန္းမ ေရွ႕မွာသာ ေတြ႕လိုက္ၾကေတာ့သည္။

ပထမအတန္းခ်ိန္တြင္ အာကစားခန္းမအား သုံးသည့္ အတန္းမရွိေပ။ ဆရာတင္းမွာ အားကစားလုပ္သည့္ေနရာ၌ ရွိမေနေခ်။ သိုေလွာင္ခန္းႏွင့္ ႐ုံးခန္းထဲတြင္ေတာ့ ရွိေနႏိုင္သည္။

အားကစားခန္းမရွိ တံခါးမ်ားမွာ ေလာ့ခ္ခ်ထားေလ၏။ သူတို႔မွာလည္း ေသာ့ရွိမေနေခ်။ သို႔ေသာ္လည္း ဤသည္က ေခ်ာင္ခ်န္႔အတြက္ ျပႆနာမဟုတ္ေပ။ ခြန္အားက အလြန္ အသုံးဝင္သည့္ အရာပင္ျဖစ္သည္။ သူမက တံခါးအား တစ္ခ်က္တည္းႏွင့္ ကန္ဖြင့္လိုက္ေလ၏။ ကံေကာင္းစြာျဖင့္ အားကစားခန္းမ၏ တည္ရာမွာ ေဝးလံတာေၾကာင့္ ဒီအခ်ိန္၌ အားကစားခန္းမထဲရွိ ဆရာတင္းမွလြဲ၍ ၾကားမည့္သူ ရွိမည္မဟုတ္ေပ။

ရွင္ယဲ့ သက္ျပင္းခ်လိုက္၏။ ဒီတစ္ေခါက္မွာလည္း သူပဲ ေခါင္းခံရဦးမည္ျဖစ္သည္။ ေက်ာင္းအုပ္ႀကီးကလည္း သူ႔အေဖကို ဖုန္းဆက္ေခၚဦးမွာပင္။

သူ ေက်ာင္းတက္တုန္းက ဆရာေတြဆီမွ တစ္ခါမွ မိဘအေခၚမခံခဲ့ရဖူးေပ။ မိဘမ်ားႏွင့္ ေတြ႕ဆုံသည္မွာလည္း ခ်ီးက်ဴးရန္အတြက္သာျဖစ္ခဲ့သည္။ ဂိမ္းထဲသို႔ ဝင္ေရာက္ၿပီးေနာက္မွာမွ၊ ပိုက္ဆံခ်မ္းသာသည့္ အေဖထံမွ လုပ္သမွ်ကို ကာေပးခံရသည့္ ခံစားခ်က္ကို နားလည္ခဲ့ရေလသည္။

တကယ္ မဆိုးလွေပ။

ရွင္ယဲ့ သူ႔ကိုယ္သူ အလိုလိုက္ခံရသည့္ ခံစားခ်က္အား ေပ်ာ္ေမြ႕ေနျခင္းကို သတိထားမိသြားေလ၏။ သို႔ေသာ္လည္း ကေလးတစ္ေယာက္ကို ဒီလိုနည္းလမ္းမ်ိဳးႏွင့္ ျပဳစုပ်ိဳးေထာင္ပါက ပ်က္စီးဖို႔ အလြန္လြယ္ကူေလသည္။

တံခါးကိုကန္ေက်ာက္လိုက္သံက သိုေလွာင္ခန္းထဲတြင္ရွိေနသည့္ ဆရာတင္းအား အခ်က္ေပးလိုက္ေလသည္။ သူ ေျပးထြက္လာသည့္အခါ ရွင္ယဲ့ႏွင့္ ေခ်ာင္ခ်န္႔အား ေတြ႕လိုက္ရေတာ့သည္။ ထို႔ေၾကာင့္ စကားမဆိုဘဲ ဖုနးကိုသာ ေကာက္ကိုင္လိုက္ေလ၏။ ေခ်ာင္ခ်န္႔က ဘတ္စကက္ေဘာတစ္လုံးကို ေကာက္ယူလိုက္ၿပီး ဆရာတင္း၏ လက္ေမာင္းကို ပစ္လိုက္ရာ၊ ဖုန္းမွာ ႏွိပ္ေတာင္မႏွိပ္လိုက္ရဘဲ၊ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားေလေတာ့သည္။

ဤသည္မွာ ဂိမ္း၏ အားနည္းခ်က္တစ္ခုပင္ျဖစ္သည္။ QR codeအား အသုံးျပဳရန္အတြက္ ဖုန္း သို႔မဟုတ္ လက္ေကာက္အား ေသခ်ာေပါက္ လိုအပ္ေလသည္။ မူလစြမ္းရည္မွာေတာ့  ဖုန္းထဲတြင္ အလိုအေလ်ာက္ပြိဳင့္မ်ားႏႈတ္ေပးသည့္ ခြင့္ျပဳခ်က္ကို ႀကိဳတင္ဖြင့္ထားပါက၊ စိတ္ထဲ၌ အသုံးျပဳရန္ ေ႐ြးခ်ယ္ႏိုင္ေလသည္။ QR code မ်ားထက္ ပိို၍ပင္ ျမန္ဆန္သည္။

ေခ်ာင္ခ်န္႔လိုမ်ိဳး ခြန္အားႀကီးၿပီး လ်င္ျမန္သည့္ လူတစ္ေယာက္၏ မူလစြမ္းရည္မွာ  ၾကည့္လိုက္လွ်င္ေတာ့ သာမန္မွ်ဟုထင္ရေသာ္လည္း၊ တကယ္တမ္း တိုက္ခိုက္သည့္ေနရာမွာ အလြန္ကို ထူးခြၽန္ေျပာင္ေျမာက္ေလသည္။ ပထမဆုံး ၿပိဳင္ဘက္၏ လက္ကို မလႈပ္ႏိုင္ေအာင္ လုပ္ထားမွသာ၊ သူက မူလစြမ္းရည္ကို အသုံးျပဳႏိုင္မွာျဖစ္သည္။

"သူ႔ကို ႐ိုက္လိုက္။ အနားမကပ္ေစနဲ႔။ ေဝးေဝးမွာပဲ ႐ိုက္" ရွင္ယဲ့ ၫႊန္ၾကားလိုက္သည္။ "အခ်ိန္က်လာရင္၊ ဆရာကို႐ိုက္တာနဲ႔၊ တံခါးကို ကန္တာေတြအကုန္လုံး ငါ့အေပၚပုံခ်လိုက္လို႔ရတယ္။ ငါ့အေဖ ရွင္းေပးႏိုင္တယ္!"

ထိုစကားမ်ားကို ၾကားလိုက္ရသည့္အခ်ိန္ ေခ်ာင္ခ်န္႔၏ လႈပ္ရွားမႈမ်ားမွာ သူ႔အလိုလို ရပ္တန္႔မိသြားသည္။ နားေထာင္ရသည္မွာ တကယ္ လူမုန္းစရာေကာင္း၍ လုံးဝ ဆိုးသြမ္းေနသည့္  သူေဌးသားတစ္ေယာက္ ေလသံမ်ိဳးပင္။

အားကစားခန္းမတြင္ အမ်ားျပားဆုံးအရာမွာ အားကစားပစၥည္းမ်ားျဖစ္သည္။ ေခ်ာင္ခ်န္႔ အားေမြးလိုက္လွ်င္၊ အေျပးေလ့က်င့္စက္ကိုေတာင္ သံလုံးပစ္သလိုမ်ိဳး အသုံးျပဳႏိုင္ေလသည္။

အရပ္ ၁၆၀ စင္တီမီတာသာရွိသည့္ ပိန္ပိန္ပါးပါး ေကာင္မ​ေလးတစ္ေယာက္ဟာ လက္တစ္ဖက္၌ လမ္းေလွ်ာက္စက္၊ ေနာက္လက္တစ္ဖက္၌ အေျပးေလ့က်င့္စက္ကို ကိုင္လ်က္ အေဝးတြင္ရွိေနသည့္ ဆရာတင္းအား ပစ္ေပါက္လိုက္ေလေတာ့သည္။

[လမ္းေလွ်ာက္စက္က ဒါကိုေျပာတာပါ eng လို elliptical machine လို႔ေခၚပါတယ္။ ျမန္မာလို  တိတိက်က် ဘယ္လိုေခၚမွန္းမသိလို႔ လမ္းေလွ်ာက္စက္လို႔ ေရးလိုက္တာပါ]

ဒီလို ပစ္ခ်က္မ်ိဳးႏွင့္ဆို ဆရာတင္းမွာ မေသလွ်င္ေတာင္မွ ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားႏိုင္ေလသည္။ သို႔ေသာ္ အေျပးေလ့က်င့္စက္ က်သြားေသာေနရာ၌ ဆရာတင္း ရွိမေနခဲ့ေခ်။ သူက ႐ုတ္တရက္ အျခားတစ္ေနရာ၌ ေပၚလာခဲ့ေလသည္။

တစ္ေနရာမွ တစ္ေနရာသို႔ ကူးေျပာင္းႏိုင္သည့္ တယ္လီပို႔စြမ္းအား ဒါမွမဟုတ္ အျခားစြမ္းရည္ျဖစ္ႏိုင္သည္။ တယ္လီပို႔စြမ္းအားသာျဖစ္ေနရင္ သူရဲ႕ မူလစြမ္းရည္က မိုးထိေအာင္ ေကာင္းေနတဲ့ ပုံမ်ိဳးျဖစ္မေနဘူးလား? အဲ့လို အင္အားသာရွိေနရင္ ဆရာတင္းက တျခားလူေတြဆီမွာ ေနာက္လိုက္ဘာလို႔ လုပ္ေနေတာ့မွာလဲ?

ကန္႔သတ္ခ်က္ေတာ့ ရွိရမည္။

ေခ်ာင္္ခ်န္႔က တိုက္ခိုက္ေနသည့္ အခ်ိန္အတြင္း ရွင္ယဲ့ အခ်ိန္ျဖဳန္းမေနခဲ့ေခ်။ ျပန္လည္ေရးဆြဲႏိုင္သည့္ ေဘာပင္ကို ထုတ္ယူလိုက္ၿပီး၊ ေလထဲ၌ QR code အား အျမန္ေရးဆြဲလိုက္ေလေတာ့သည္။ အခုေလးတင္ အေျပးေလ့က်င့္စက္ထံမွ ထြက္ေျပးလာရသည့္ ဆရာတင္းမွာ မူလစႏၵရား၏ အ႐ြယ္အစားတစ္ဝက္ရွိေသာ စႏၵရားတစ္လုံး မိုးေပၚမွ ျပဳတ္က်လာသည္ကို ျမင္လိုက္ရေလသည္။

တစ္ဝက္ေသးေနေတာင္မွ စႏၵရားက စႏၵရားပဲ!

သို႔ရာတြင္ စႏၵရား ျပဳတ္က်လာသည့္အခ်ိန္၌ ဆရာတင္းမွာ ထပ္မံေပ်ာက္ကြယ္သြားၿပီး၊ ေနာက္တစ္ေနရာတြင္ ျပန္ေပၚလာျပန္သည္။

ရွင္ယဲ့ ဆိုလိုက္၏: "ဆက္သာခ်ေန။ သူ႔မွာ အခ်ိန္ကန္႔သတ္ခ်က္ မရွိဘူးဆိုတာ မယုံဘူး။ ဒါေပမဲ့ မူလစြမ္းရည္ ႏွစ္ခုရွိတာေတာ့ သတိထားရမယ္။ ေနာက္တစ္ခုက တိုက္ခိုက္မႈစြမ္းရည္ မဟုတ္ဘူးလို႔ မေျပာႏိုင္ဘူး"

မွန္ေလး၏ ၿပိဳင္ဘက္ကင္းအလွတရားကေတာင္ အလွအား ႐ိုးအီသြားမည့္ သုံးနာရီၾကာ ဆိုင္းငံ့ခ်ိန္္ရွိေသးသည္။ ဆရာတင္း၏ တယ္လီပို႔စြမ္းအားက ဆိုင္းငံ့ခ်ိန္မရွိဘူးဆိုတာ မျဖစ္ႏိုင္ေပ။ ရွင္ယဲ့ တစ္စုံတစ္ေယာက္၏ ကံက မွန္ေလးထက္ ေကာင္းေနတယ္ဆိုတာကို မယုံၾကည္ေပ။ သို႔မဟုတ္လွ်င္လည္း တစ္စုံတစ္ေယာက္၏ ပါရမီစြမ္းရည္က လုမင္းဇယ္၏ ႐ုပ္ရည္ကို ယွဥ္ႏိုင္တယ္ဆိုတာ မယုံၾကည္ေပ။

ေခ်ာင္ခ်န္႔က ရွင္ယဲ့ ေျပာေပးေနစရာကိုမလိုေပ။ လမ္းေလွ်ာက္စက္ကို ေကာက္ယူလိုက္ၿပီးေနာက္ ပစ္ေပါက္လိုက္ေလေတာ့၏။

ဆရာတင္းက တတိယအႀကိမ္ေျမာက္အျဖစ္ ေနရာကူးေျပာင္းလိုက္ၿပီးေနာက္ အားကစား႐ုံတံခါးေရွ႕တြင္ ျပန္ေပၚလာေလသည္။ ရွင္ယဲ့က ဒုတိယေျမာက္ စႏၵရား QR code အား ထပ္ဆြဲၿပီးသည္ကို ျမင္သည့္အခါ၊ လက္ကို ေျမႇာက္လ်က္ က်ယ္ေလာင္စြာ ေအာက္လာေလ၏:

"ငါ ေျပာမယ္။ ငါ အကုန္လုံး ေျပာျပပါ့မယ္။ ငါ သိသမွ် သီခြမ့္တို႔တဲ့ ပတ္သက္တဲ့ ကိစၥေတြအကုန္လုံးကို မင္းတို႔ကို ေျပာျပေပးမယ္!"

သူ ထိုကဲ့သို႔ ေျပာလိုက္သည္ႏွင့္၊ ေရးဆြဲထားသည့္ QR Code မွာ ေပ်ာက္ကြယ္သြားခဲ့ကာ၊ ဘတ္စကက္ေဘာက္ို ကိုင္ထားသည့္ ေခ်ာင္ခ်န္႔မွာလည္း သူမ၏ တိုက္ခိုက္လိုစိတ္မ်ား ႐ုတ္တရက္ ေပ်ာက္ဆုံးသြားေၾကာင္း သတိထားမိသြားရေလသည္။

ရွင္ယဲ့ ျပန္လည္ေရးဆြဲႏိုင္သည့္ ေဘာပင္ကို ျပန္မသိမ္းခဲ့သည္မွာ ေသခ်ာေလသည္။ သို႔ေသာ္ ထိုစြမ္းရည္က အလိုအေလ်ာက္ေပ်ာက္ကြယ္သြားခဲ့သည္။ ထို႔အျပင္ မူလစြမ္းရည္ကို အသုံးျပဳရာ မ်က္ႏွာျပင္ကိုလည္း စိတ္ျဖင့္ ေပၚလာေအာင္ လုပ္လို႔မရျဖစ္ေနသည္။

သူ ေခ်ာင္ခ်န္႔ကို ၾကည့္လိုက္သည့္အခါ၊ ေခ်ာင္ခ်န္႔လည္း အတူတူပင္ ျဖစ္ေန၏။ ဤသည္မွာ ဆရာတင္း၏ ဒုတိယေျမာက္ မူလစြမ္းရည္ျဖစ္ရမည္။ အျခားလူမ်ားကို တိုက္ခိုက္မႈစြမ္းအား ေပ်ာက္ဆုံးေစသည့္ စြမ္းရည္ပင္ျဖစ္သည္။

ဒီမူလစြမ္းရည္ကို အသက္မသြင္းခင္၊ ဆရာတင္းက ဘာလုပ္ခဲ့တာလဲ?

သူက သီခြမ့္ႏွင့္အျခားသူမ်ားကို သစၥာေဖာက္မည္ဟု ေျပာခဲ့ကာ၊ တယ္လီပို႔ သုံးႀကိမ္လုပ္ၿပီးသည့္အခါ အသုံးျပဳခဲ့ျခင္းျဖစ္သည္။

ထိုမွတစ္ဆင့္ သိႏိုင္သြားသည္မွာ၊ ေနရာကူးေျပာင္းျခင္း၏ ကန္႔သတ္ခ်ိန္မွာ သုံးႀကိမ္ပင္ျဖစ္ၿပီး၊ ဆရာတင္းက လူေတြကို တိုက္ခိုက္လိုစိတ္ ေပ်ာက္ဆုံးသြားေအာင္ လုပ္ႏိုင္ေလသည္။

"သူတို႔အေၾကာင္းမေျပာနဲ႔။ ခင္ဗ်ားရဲ႕ မူလစြမ္းရည္က ဘာလဲ?" ရွင္ယဲ့ ေမးလိုက္သည္။

ဆရာတင္းက ထိုင္ခ်လိုက္ၿပီးေနာက္၊ သက္ျပင္းရွည္ရွည္ခ်ကာ ဆိုလိုက္ေလ၏:

"စဥ္းလဲတဲ့ ယုန္ရဲ႕ လိုဏ္ေခါင္းသုံးခု*နဲ႔ အက်ိဳးအျမတ္အတြက္ သူငယ္ခ်င္းကို ေရာင္းစားျခင္း ။ စဥ္းလဲတဲ့ ယုန္ရဲ႕ လိုဏ္ေခါင္းသုံးခုက ငါ့ကို သုံးႀကိမ္ ထြက္ေျပးလို႔ရေအာင္ လုပ္ေပးတယ္။ အက်ိဳးအျမတ္အတြက္ သူငယ္ခ်င္းကို ေရာင္းစားျခင္းကေတာ့ ငါက ငါ့အဖြဲ႕သားေတြကို သစၥာေဖာက္ဖို႔ ဆုံးျဖတ္လိုက္တာနဲ႔ ရန္သူက ငါ့ကို တိုက္ခိုက္ေတာ့မွာမဟုတ္ဘူး။ ဒါေပမဲ့ စြမ္းရည္အသက္ဝင္ဖို႔ဆို ငါသိသမွ် အကုန္လုံး မခြၽင္းမခ်န္ေျပာျပရမွာ"

[ စဥ္းလဲတဲ့ ယုန္ရဲ႕ လိုဏ္ေခါင္းသုံးခု ( 狡兔三窟)  က idiom ပါ။ ဉာဏ္နီဉာဏ္မ်ားတဲ့ လူေတြမွာ ဖုံးကြယ္ထားတဲ့ နည္းလမ္းေတြရွိတယ္ဆိုတဲ့ အဓိပၸာယ္မ်ိဳးပါ။]

ရွင္ယဲ့: "......"

ေခ်ာင္ခ်န႔္: "......"

မူလစြမ္းရည္ႏွစ္ခုလုံးမွာ အသက္ကယ္ေပးႏိုင္သည့္ အရာမ်ားပင္ျဖစ္သည္။ ထိုထဲမွ တစ္ခုအား အသုံးျပဳဖို႔ရာ သူငယ္ခ်င္းအား သစၥာေဖာက္ရမည္ပင္။

ရွင္ယဲ့ႏွင့္ အဖြဲ႕ဖြဲ႕ရန္အတြက္ QR code ကို ေပးဖို႔ ေတြေဝျခင္းမရွိခဲ့ဘဲ၊ သူ၏ မူလစြမ္းရည္မ်ားအေၾကာင္း အေမးခံရသည့္အခါ၌ ခ်က္ခ်င္း မ်က္ႏွာလႊဲပစ္လုပ္သြားသည္မွာ အံ့ဩစရာမဟုတ္ေတာ့ေပ။

စာေရးသူ ေျပာစရာရွိသည္:

ရွင္ယဲ့: ငါက အေျခခံက်င့္ဝတ္ကို ထိန္းသိမ္းတဲ့ လူတစ္ေယာက္။ မေကာင္းတဲ့အလုပ္ေတြ ဘယ္ေတာ့မွ မလုပ္ဘူး။

ေက်ာင္းဝန္းကမာၻထဲသို႔ ဝင္လာၿပီးေနာက္:  စႏၵရားအား ႐ိုက္ခြဲပစ္၊ အတန္းပိုင္ဆရာမကို ဓားနဲ႔ေထာက္၊ ႐ုံးခန္းတံခါးကို ဖ်က္စီး၊ အျမင့္ေပၚက ပစၥည္းပစ္ခ်၊ အားကစားခန္းမကို ဖ်က္စီး၊ ကာယဆရာကို ႐ိုက္ႏွက္၊ အားကစားပစၥည္းေတြကို ဖ်က္စီး.... မခ်ိဳးေဖာက္တဲ့ အေျခခံက်င့္ဝတ္ေကာ ရွိေသးရဲ႕လား?

မ်က္ႏွာမျပသည့္ ရွင္ယဲ့၏ အေဖ: ေက်ာင္းအုပ္ႀကီး ခင္ဗ်ားသာ ေျပာလိုက္။ ပိုက္ဆံ ဘယ္ေလာက္မ်ားမ်ား၊ ကြၽန္ေတာ္ ခင္ဗ်ားကို အခုခ်က္ခ်င္း ပို႔ေပးမယ္။ ႏိုင္ငံျခားေရာက္ေနတာဆိုေတာ့ ျပန္လာဖို႔ အခ်ိန္မရွိဘူးေလ။ အိမ္ျပန္ေရာက္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္ ခင္ဗ်ားကို တစ္ဝိုင္းေကြၽးပါ့မယ္။ ကြၽန္ေတာ့္ရဲ႕ အသုံးအျဖဳန္းႀကီးတဲ့ သားကို ခင္ဗ်ားကိုပဲ အပ္ပါရေစ။

ေက်ာင္းအုပ္ႀကီး: .....

ပ်င္းရိေသာ သတိေပးခ်က္: အေပၚက အခ်က္ေတြကို ေက်ာင္းသားေတြဘယ္ေတာ့မွ အတုမယူၾကနဲ႔။ ေနာက္ကေန ေျဖရွင္းေပးမယ့္ အေဖရွိရင္ေတာင္ ဒါမ်ိဳး လိုက္လုပ္လို႔မရဘူး။ နားလည္လား? လိမၼာတဲ့ သားသမီးလုပ္ၿပီး၊ ေက်ာင္းသားေကာင္း ျဖစ္ေအာင္လုပ္!

Continue Reading

You'll Also Like

2.1M 201K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
691K 42.1K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
108K 15.2K 71
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...