အခန်း ၁၇ ငါ့လောက်မင်းကို ဘယ်သူမှမချစ်နိုင်ဘူး
ယွမ်စီနန် တနေ့ခင်းလုံး ပတ်သွားပြီး လိုက်ရှုပ်နေတာကြောင့် အမြဲစိတ်ရှည်တဲ့ ချင်းကျင်းတောာင် စိတ်မကြည်တော့ ယင်ကောင်လိုပဲ တအားကို မနားမနေ အလုပ်လုပ်နေတာ
"ဘာလိုချင်လို့လဲ?" ချင်းကျင်းက ဖိုင်ကို ပိတ်ကာ ခုံကိုမှီချပြီး ဆိုလာသည်။
ယွမ်စီနန်က သေချာ ပတ်လည်ကို ကြည့်နေခဲ့သည်။ ချင်းကျင်းက ပိုစိတ်မရှည်ဖြစ်လာတာ မြင်တော့မှ "မင်းပြောကြည့် မင်းကို အရမ်းကြိုက်နေတဲ့မိန်းမတစ်ယောက်က ဘာလို့ မင်းကိုငြင်းတာလဲ?"
"တနေ့ခင်းလုံး ဒါကြောင့် ငါ့ကို လိုက်ရှုပ်နေတာလား" ချင်းကျင်းက ခေါင်းကိုက်လာကာ နားထင်ကိုဖိပြီး "မင်းပဲ မိန်းမတွေကို နားအလည်ဆုံးလို့ပြောနေတာလေ ဘာလို့ ငါ့ကိုလာမေးနေတာလဲ?"
"မင်း ငါအရမ်း စိတ်ပူနေတာကိုမမြင်ဘူးလားး မင်းက ငါ့ရဲ့ အကောင်းဆုံး ညီအကိုလေ နည်းနည်းလောက်ကိုယ်ချင်းစာလို့မရဘူးလား မင်းကိုယ်မင်း မရှက်ဘူးလား?"
ချင်းကျင်းက ရှက်မနေ သူက ယွမ်စီနန်ကိုသာ မျက်နှာသေနဲ့ကြည့်နေခဲ့သည်။
ယွမ်စီနန်က "ထားလိုက်တော့ မင်းလို ကျောက်တုံးကြီးကိုမေးမိတာ ငါ့အမှား မင်းရဲ့ ညီအကိုနဲ့ တူတူလိုက်သောက်ပေး"
ချင်းကျင်းက လက်မြှောက်ကာ သူ့ဘယ်ဘက်လက်ကောက်ဝတ်က အပြာရောင်ကျောက် ကြိုးလေးကိုကြည့်လိုက်သည်။ ရုတ်တရက် သူမှတ်မိလိုက်တာက သူ့မှာ နာရီမရှိတာပဲ လက်ပတ်လေးက ဆွဲဆောင်မှုရှိပြီးလှပေမယ့် ယောကျာ်းလေးလက်ကောက်ဝတ်မှာကျတမျိုးပင် ဒါမဲ့ ယောင်ယောင်က သူ့ကိုဝတ်ပေးထားတာမို့ လူတိုင်းက သူ့ကိုအံဩတကြီးနဲ့ လှောင်သလို ကြည့်ရင်တောင် သူက အဖတ်မလုပ်
လက်ပတ်ကို မမြင်အောင် ဖုံးဖို့ ရှပ်ကို ဆွဲဆန့်လိုက်ကာ နံရံပေါ်က နာရီကိုကြည့်ပြီး "ဒီနေ့တော့မရဘူး နောက်မှပေါ့ ခနနေ ကျ ယောင်ယောင်ကို သွားကြိုရမှာမို့"
"လော့ယောင်ယောင်ကို ကြိုဖို့..." ယွမ်စီနန် မေးကိုပွတ်ကာ ချင်းကျင်းကို ကြည့်ပြီး "ပြော မင်းခုတလော အလုပ်စောစောဆင်းနေတာ သူမကို သွားကြိုဖို့မလား?"
ချငး်ကျင်းက သူ့ကို အဖတ်တောင်မလုပ် ဆက်ပြီးသာ ဖိုင်တွေကိုဖတ်နေခဲ့သည်။
"မဟုတ်သေးပါဘူး ပိတ်ရက်မဟုတ်ဘူးလား ဘာုလို့လော့ယောင်ယောင်ကို ကြိုရမှာလဲ မဟုတ်မှလွဲရော.....မင်းတို့ တူတူနေနေကြတာလား?" ယွမ်စီနန်လန့်သွားသလို ချင်းကျင်းကို မယုံနိုင်သလို ကြည့်ကာ "ငါမသိတဲ့ကိစ္စတစ်ခုခု မင်းတို့ကြားဖြစ်သွားတာတော့ မဟုတ်ဘူးမလား?"
ချင်းကျင်းက အဖတ်မလုပ်တာမြင်တော့ ယွမ်စီနန် မေးကို ပွတ်ကာ စုံထောက်လို ဟန်ဆောင်ပြီး တွေးနေခဲ့သည်။ နောက်ဆုံးတစ်ခေါက်တွေ့တုန်းက လော့ယောင်ယောင်က မူးပြီး သူတို့ သူငယ်ချင်းတွေ ချင်းကျင်းက သားရဲတိရစ္ဆာန်ဖြစ်မဖြစ် လောင်းခဲ့ကြပေမယ့် သူတို့က ဒီတိုင်းစနောက်နေကြရုံ သူတို့စိတ်ထဲမှာ ချင်းကျင်းက အဲ့လို မျိုးတွေ မလုပ်ဘူးဆိုတာ သေချာ သိနေခဲ့ကြပြီးသား
ပြီးတော့ လော့ယောင်ယောင်ရဲ့ စရိုက်နဲ့ သူသာ တစ်ု ခုလုပ်ခဲ့ရင် သူမက ချင်းကျင်းကို
သေချာပေါက် တသကလုံး မုန်းသွားမှာ ဆိုတော့ ချင်းကျင်းက အဲ့လိုမျိုးယောင်ယောင် သူ့ကိုမုန်းမယ့်ကိစ္စမျိုးလုပ်မှာတဲဲ့လား
ဒါမဲ့ အဲ့ပွဲတုန်းက သူတို့ကြားခံစားချက်တွေပေါက်ဖွားအောင်လုပ်ပေးခဲ့တာဆို အဖြစ်နိုင်ဆုံးက ဒီတိုင်း တူတူနေတာပဲ ပြောရရင် သူတို့က ပိတ်ရက်တွေမှာလည်း တူတူနေနေကြတာပဲလေ ပိတ်ရက်မဟုတ်လည်းနေတာက ထူးတော့ထူးဆန်းမနေပါဘူး
တကယ်တန်း ဒိီနှစ်ယောက်က တကယ်ရယ်ရတာ နှစ်ပေါင်းများစွာ တူတူနေလာလည်း သူတို့ ကြားဆက်ဆံရေးက ဘာမှမပြောင်းလဲဘူးလေ ဆိုတော့ သူတို့ ကြား တစ်ခုခုရှိနေတယ်ပြောလည်း ဘယ်သူက ယုံမှာလဲ
လော့ယောင်ယောင်သာ သေချာမမြင်နိုင်တော့ ချင်းကျင်းက သနားဖို့ကောင်းနေတာ လူတိုင်း သိနေကြတာက ချင်းကျင်းကယောင်ယောင်အဆင်ပြေအောင်လို့ အဲ့မှာနေပေးနေတာ ဆိုတာကိုပေါ့ ချင်းကျင်းက အဲ့ကို အစပိုင်းပြောင်းနေတုန်းက သူတို့က အဲ့နေရာကို "ချင်းကျင်းနဲ့လော့ယောင်ယောင်ရဲ့ အသိုက်အမြုံ" လို့ခေါ်တာလေ
လော့ယောင်ယောင်က အဲ့မှာ အိပ်ခန်းတစ်ခုတည်းရှိတာလို့ စပြောခဲ့တာမလား သူငယ်ချင်းတွေ သူတို့ကိုမနှောင့်ယှက်နိုင်အောင်များလား?
သူတို့နှစ်ယောက်က တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲပင် တစ်ယောက်က သူမကို ကြိုက်နေပေမယ့် သူမကကျ သူ့ကိုလက်မလွှတ်ပေးချင်ရုံလေး တစ်ယောက်က သေလောက််အောင်ခံစားနေရလည်း သူမကိုလက်မလွှတ်ချင်ဘူး လော့ယောင်ယောင်ရ့ စရိုက်ပြောင်းလဲတာချင်းကျင်းနဲ့လည်းအများကြီးဆိုင်တယ် သူက တအားအလိုလိုက်တာကို
"ဘုရားသခင်" ယွမ်စီနန် မျက်နှာဖြူဖျော့သွားတော့သည်။ သူများကိစ္စတွေကို သူဘာလို့ တအားအတင်းပြောနိုင်ရတာလဲ ကိုယ့်ကိစ္စကိုယ်ကျ နားမလည်ဘူးလေ
ယွမ်စီနန်က ခါးသီးနေတဲ့မျက်နှာကြီးနဲ့ ရုံးခန်းထဲက ထွက်သွားတာမြင်တော့မှ ချင်းကျင်းလည်း စိတ်အေးသွားတော့သည်။ ဘာလို့ သူ့မှာ ဒီလို သူငယ်ချင်းရှိနေရတာလဲ
ဒီမိန်းမက မင်းကိုလည်းမကြိုက်တာ အသိသာကြီး ဒါမဲ့လည်း မင်းနားမာ ဆက်တွယ်ကပ်နေတုန်း ဘာကြီးလဲ
ဖြစ်နိုင်တာက နားမလည်တာမဟုတ်ဘဲ အမှန်တရားကို လက်မခံချင်တာများလား
အကုန်ထုတ်ပိုးပြီးတော့ ချင်းကျင်း ကားသော့ကိုယူကာ ရုံးခန်းထဲကထွက်လာခဲ့သည်။ သူ့ကုမ္ပဏီက ဒီအဆောက်ဦးရဲ့ ၂၇ လွှာမှာရှိတာပင် ဓာတ်လှေကားစီးရတဲ့အချိန်က သိပ်မတို လူကြပ်တဲ့ချိန်မဟုတ်တာတော်သေးသည်။ သူက အဆင့်မြင့် ဓာတ်လှေကားကို သုံးထားကာ ဒီလိုချိန်ဆို တစ်ယောက်ယောက်နဲ့တွေ့နိုင်ချေကလည်းသိပ်မရှိ
ဒါမဲ့လည်း ၁၅ ထပ်ရောက်တော့ မထင်ထားဘဲ တစ်ယောက်က ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်သည်။ ချင်းကျင်းလည်း ၁၅ လွှာကိုရောက်တော့ ထိုလူဓာတ်လှေကားထဲ ဝင်လာဖို့စောင့်ရင်း ဝင်လာတဲ့သူကိုမြင်တော့ အံဩသွားတော့သည်။
ချန်ဟောက်လည်း အံဩသွားတဲ့မျက်နှာထားကို ချက်ချင်းပြင်ကာ နွေးထွေးတဲ့အပြုံးနဲ့ "ချင်းကျင်းကော" လို့နှုတ်ဆက်လိုက်သည်။��"အင်း" ချင်းကျင်း က ခေါင်းငြိမ့်ပြလိုက်ပေမယ့် အမူအရာကတော့ အရင်တိုင်းအေးစက်နေဆဲ
ဓာတ်လှေကားထဲက အမျိုးသားနှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက် နားလည်နေကြသလို သူတို့စိတ်ထဲမှာလည်း ဘယ်အကြောင်းအရာက အရေးကြီးဆုံးလဲဆိုတာ နားလည်နေကြသည်။
ရုတ်တရက် ဖုန်းမြည်သံတစ်ခုက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။အသံက "ဒီလူက တစ်ခါက ငါ့အပိုင်" ဆိုတာကို ပြန်ဆိုထားးတာပင် ဒီအသံကို သူရင်းနှီးနေသည်။ လော့ယောင်ယောင်အသံပင်
ချင်းကျင်းဖုန်းထုတ်ကာ ရင်းနှီးနေတဲ့နာမည်လေးကို မြင်တော့ အေးတိအေးစက်မျက်နှာထားက နေ ပျော်တဲ့ မျက်နှာထားကိုပြောင်းသွားကာ "ဟဲလို ယောင်ယောင်"
"ချင်းကျင်းကုမ္ပဏီမှာပဲလား ငါအခု အိမ်မှာ ညစာစားပြီး ငါ့ကိုလာခေါ်မယ်မလား?"
"အိုခေ"
"အာ့ဆို ဒါပဲနော် ညနေမှတွေ့မယ်"
"ညနေတွေ့မယ်"
ဖုန်းချပြီးတော ဓာတ်လှေကားထဲ တဖန်ပြန်အေးစက်သွားပြန်သည်။ အောက်တလွှာကိုရောက်တော့ ချန်ဟောက် ဓာတ်လှေကားထဲက အရင်ထွက်လိုက်သည်။ ထို့နောက်ချင်းကျင်းက မထွက်သေးတာမြင်လိုက်ရသလို ဓာတ်လှေကားတံခါးတွေကလည်း ဒင်လို့မြည်ကာ ပိတ်သွားတော့သည်။
တဖက်လူရဲ့ အေးစက်မှုက ချန်ဟောက်ကို လက်သီးကျစ်ကျစ်ဆုတ်လာမိစေသည်။ အမြဲဒီလိုပဲ ဒီကောင်က သူ့ကိုယ်သူ အမှားကင်းတဲ့သူထင်ပြီး တဖက်လူကိုကျ ပြသာနာရှာတတ်တဲ့ သူတို့ အကျိုးဖျက်ဆီးမယ့်သူ လို့ပဲ မှတ်ယူနေတာ နိုင်ငံခြားစီးပွါးရေးသမား တစ်ယောက် ချမ်းသာတဲ့သူ အဲ့ခေါင်းစဉ်နှစ်ခုက မရွေ့နိုင်တဲ့ တောင်ကြီးနှစ်ခုလိုပဲ သူ့ကို သတ်နေတဲ့ဖိအားတစ်ခုလိုပဲ အသက်ပြင်းပြင်းရှုကာ ချန်ဟောက်က ခပ်ကြောင်ကြောင် ပြုံးလိုက်သည်။ သူတို့ကဒီထက်မောက်မာရင်တောင် ဘာဖြစ်လဲ အကုန်သူ့လက်ထဲ ကျရှုံးရမှာပဲ ဆက်ဟန်ဆောင်နေလိုက် တစ်နေ့ကျ မြေကြီးမှာ ဒူးထောက်ပြီး ငါ့ကိုတောင်းပန်ရမှာ....
တကယ့်ကို အတွေးလွန်တာကလည်း ရောဂါပဲ
-
စာရေးသူ မှတ်ချက် - ချန်ဟောက်ရဲ့ရောဂါက တကယ့်ကို ကုမရတော့ဘူးလို့ထင်တယ် ဒါမဲ့ အဆင်ပြေပါတယ် သူက လင်းဖေးနဲ့တူတူနေပြီး အချင်းချင်း ကူးစက်ကြပေါ့လေ.
အခန္း ၁၇ ငါ့ေလာက္မင္းကို ဘယ္သူမွမခ်စ္နိုင္ဘူး
ယြမ္စီနန္ တေန႔ခင္းလုံး ပတ္သြားၿပီး လိုက္ရႈပ္ေနတာေၾကာင့္ အျမဲစိတ္ရွည္တဲ့ ခ်င္းက်င္းေတာာင္ စိတ္မၾကည္ေတာ့ ယင္ေကာင္လိုပဲ တအားကို မနားမေန အလုပ္လုပ္ေနတာ
"ဘာလိုခ်င္လို႔လဲ?" ခ်င္းက်င္းက ဖိုင္ကို ပိတ္ကာ ခုံကိုမွီခ်ၿပီး ဆိုလာသည္။
ယြမ္စီနန္က ေသခ်ာ ပတ္လည္ကို ၾကည့္ေနခဲ့သည္။ ခ်င္းက်င္းက ပိုစိတ္မရွည္ျဖစ္လာတာ ျမင္ေတာ့မွ "မင္းေျပာၾကည့္ မင္းကို အရမ္းႀကိဳက္ေနတဲ့မိန္းမတစ္ေယာက္က ဘာလို႔ မင္းကိုျငင္းတာလဲ?"
"တေန႔ခင္းလုံး ဒါေၾကာင့္ ငါ့ကို လိုက္ရႈပ္ေနတာလား" ခ်င္းက်င္းက ေခါင္းကိုက္လာကာ နားထင္ကိုဖိၿပီး "မင္းပဲ မိန္းမေတြကို နားအလည္ဆုံးလို႔ေျပာေနတာေလ ဘာလို႔ ငါ့ကိုလာေမးေနတာလဲ?"
"မင္း ငါအရမ္း စိတ္ပူေနတာကိုမျမင္ဘူးလားး မင္းက ငါ့ရဲ့ အေကာင္းဆုံး ညီအကိုေလ နည္းနည္းေလာက္ကိုယ္ခ်င္းစာလို႔မရဘူးလား မင္းကိုယ္မင္း မရွက္ဘူးလား?"
ခ်င္းက်င္းက ရွက္မေန သူက ယြမ္စီနန္ကိုသာ မ်က္ႏွာေသနဲ႔ၾကည့္ေနခဲ့သည္။
ယြမ္စီနန္က "ထားလိုက္ေတာ့ မင္းလို ေက်ာက္တုံးႀကီးကိုေမးမိတာ ငါ့အမွား မင္းရဲ့ ညီအကိုနဲ႔ တူတူလိုက္ေသာက္ေပး"
ခ်င္းက်င္းက လက္ေျမႇာက္ကာ သူ႔ဘယ္ဘက္လက္ေကာက္ဝတ္က အျပာေရာင္ေက်ာက္ ႀကိဳးေလးကိုၾကည့္လိုက္သည္။ ႐ုတ္တရက္ သူမွတ္မိလိုက္တာက သူ႔မွာ နာရီမရွိတာပဲ လက္ပတ္ေလးက ဆြဲေဆာင္မႈရွိၿပီးလွေပမယ့္ ေယာက်ာ္းေလးလက္ေကာက္ဝတ္မွာက်တမ်ိဳးပင္ ဒါမဲ့ ေယာင္ေယာင္က သူ႔ကိုဝတ္ေပးထားတာမို႔ လူတိုင္းက သူ႔ကိုအံဩတႀကီးနဲ႔ ေလွာင္သလို ၾကည့္ရင္ေတာင္ သူက အဖတ္မလုပ္
လက္ပတ္ကို မျမင္ေအာင္ ဖုံးဖို႔ ရွပ္ကို ဆြဲဆန္႔လိုက္ကာ နံရံေပၚက နာရီကိုၾကည့္ၿပီး "ဒီေန႔ေတာ့မရဘူး ေနာက္မွေပါ့ ခနေန က် ေယာင္ေယာင္ကို သြားႀကိဳရမွာမို႔"
"ေလာ့ေယာင္ေယာင္ကို ႀကိဳဖို႔..." ယြမ္စီနန္ ေမးကိုပြတ္ကာ ခ်င္းက်င္းကို ၾကည့္ၿပီး "ေျပာ မင္းခုတေလာ အလုပ္ေစာေစာဆင္းေနတာ သူမကို သြားႀကိဳဖို႔မလား?"
ခ်ငး္က်င္းက သူ႔ကို အဖတ္ေတာင္မလုပ္ ဆက္ၿပီးသာ ဖိုင္ေတြကိုဖတ္ေနခဲ့သည္။
"မဟုတ္ေသးပါဘူး ပိတ္ရက္မဟုတ္ဘူးလား ဘာုလို႔ေလာ့ေယာင္ေယာင္ကို ႀကိဳရမွာလဲ မဟုတ္မွလြဲေရာ.....မင္းတို႔ တူတူေနေနၾကတာလား?" ယြမ္စီနန္လန္႔သြားသလို ခ်င္းက်င္းကို မယုံနိုင္သလို ၾကည့္ကာ "ငါမသိတဲ့ကိစၥတစ္ခုခု မင္းတို႔ၾကားျဖစ္သြားတာေတာ့ မဟုတ္ဘူးမလား?"
ခ်င္းက်င္းက အဖတ္မလုပ္တာျမင္ေတာ့ ယြမ္စီနန္ ေမးကို ပြတ္ကာ စုံေထာက္လို ဟန္ေဆာင္ၿပီး ေတြးေနခဲ့သည္။ ေနာက္ဆုံးတစ္ေခါက္ေတြ႕တုန္းက ေလာ့ေယာင္ေယာင္က မူးၿပီး သူတို႔ သူငယ္ခ်င္းေတြ ခ်င္းက်င္းက သားရဲတိရစၧာန္ျဖစ္မျဖစ္ ေလာင္းခဲ့ၾကေပမယ့္ သူတို႔က ဒီတိုင္းစေနာက္ေနၾက႐ုံ သူတို႔စိတ္ထဲမွာ ခ်င္းက်င္းက အဲ့လို မ်ိဳးေတြ မလုပ္ဘူးဆိုတာ ေသခ်ာ သိေနခဲ့ၾကၿပီးသား
ၿပီးေတာ့ ေလာ့ေယာင္ေယာင္ရဲ့ စရိုက္နဲ႔ သူသာ တစ္ု ခုလုပ္ခဲ့ရင္ သူမက ခ်င္းက်င္းကို
ေသခ်ာေပါက္ တသကလုံး မုန္းသြားမွာ ဆိုေတာ့ ခ်င္းက်င္းက အဲ့လိုမ်ိဳးေယာင္ေယာင္ သူ႔ကိုမုန္းမယ့္ကိစၥမ်ိဳးလုပ္မွာတဲဲ့လား
ဒါမဲ့ အဲ့ပြဲတုန္းက သူတို႔ၾကားခံစားခ်က္ေတြေပါက္ဖြားေအာင္လုပ္ေပးခဲ့တာဆို အျဖစ္နိုင္ဆုံးက ဒီတိုင္း တူတူေနတာပဲ ေျပာရရင္ သူတို႔က ပိတ္ရက္ေတြမွာလည္း တူတူေနေနၾကတာပဲေလ ပိတ္ရက္မဟုတ္လည္းေနတာက ထူးေတာ့ထူးဆန္းမေနပါဘူး
တကယ္တန္း ဒိီႏွစ္ေယာက္က တကယ္ရယ္ရတာ ႏွစ္ေပါင္းမ်ားစြာ တူတူေနလာလည္း သူတို႔ ၾကားဆက္ဆံေရးက ဘာမွမေျပာင္းလဲဘူးေလ ဆိုေတာ့ သူတို႔ ၾကား တစ္ခုခုရွိေနတယ္ေျပာလည္း ဘယ္သူက ယုံမွာလဲ
ေလာ့ေယာင္ေယာင္သာ ေသခ်ာမျမင္နိုင္ေတာ့ ခ်င္းက်င္းက သနားဖို႔ေကာင္းေနတာ လူတိုင္း သိေနၾကတာက ခ်င္းက်င္းကေယာင္ေယာင္အဆင္ေျပေအာင္လို႔ အဲ့မွာေနေပးေနတာ ဆိုတာကိုေပါ့ ခ်င္းက်င္းက အဲ့ကို အစပိုင္းေျပာင္းေနတုန္းက သူတို႔က အဲ့ေနရာကို "ခ်င္းက်င္းနဲ႔ေလာ့ေယာင္ေယာင္ရဲ့ အသိုက္အျမဳံ" လို႔ေခၚတာေလ
ေလာ့ေယာင္ေယာင္က အဲ့မွာ အိပ္ခန္းတစ္ခုတည္းရွိတာလို႔ စေျပာခဲ့တာမလား သူငယ္ခ်င္းေတြ သူတို႔ကိုမေႏွာင့္ယွက္နိုင္ေအာင္မ်ားလား?
သူတို႔ႏွစ္ေယာက္က တကယ့္ကို ၿပီးျပည့္စုံတဲ့ အတြဲပင္ တစ္ေယာက္က သူမကို ႀကိဳက္ေနေပမယ့္ သူမကက် သူ႔ကိုလက္မလႊတ္ေပးခ်င္႐ုံေလး တစ္ေယာက္က ေသေလာက္္ေအာင္ခံစားေနရလည္း သူမကိုလက္မလႊတ္ခ်င္ဘူး ေလာ့ေယာင္ေယာင္ရ့ စရိုက္ေျပာင္းလဲတာခ်င္းက်င္းနဲ႔လည္းအမ်ားႀကီးဆိုင္တယ္ သူက တအားအလိုလိုက္တာကို
"ဘုရားသခင္" ယြမ္စီနန္ မ်က္ႏွာျဖဴေဖ်ာ့သြားေတာ့သည္။ သူမ်ားကိစၥေတြကို သူဘာလို႔ တအားအတင္းေျပာနိုင္ရတာလဲ ကိုယ့္ကိစၥကိုယ္က် နားမလည္ဘူးေလ
ယြမ္စီနန္က ခါးသီးေနတဲ့မ်က္ႏွာႀကီးနဲ႔ ႐ုံးခန္းထဲက ထြက္သြားတာျမင္ေတာ့မွ ခ်င္းက်င္းလည္း စိတ္ေအးသြားေတာ့သည္။ ဘာလို႔ သူ႔မွာ ဒီလို သူငယ္ခ်င္းရွိေနရတာလဲ
ဒီမိန္းမက မင္းကိုလည္းမႀကိဳက္တာ အသိသာႀကီး ဒါမဲ့လည္း မင္းနားမာ ဆက္တြယ္ကပ္ေနတုန္း ဘာႀကီးလဲ
ျဖစ္နိုင္တာက နားမလည္တာမဟုတ္ဘဲ အမွန္တရားကို လက္မခံခ်င္တာမ်ားလား
အကုန္ထုတ္ပိုးၿပီးေတာ့ ခ်င္းက်င္း ကားေသာ့ကိုယူကာ ႐ုံးခန္းထဲကထြက္လာခဲ့သည္။ သူ႔ကုမၸဏီက ဒီအေဆာက္ဦးရဲ့ ၂၇ လႊာမွာရွိတာပင္ ဓာတ္ေလွကားစီးရတဲ့အခ်ိန္က သိပ္မတို လူၾကပ္တဲ့ခ်ိန္မဟုတ္တာေတာ္ေသးသည္။ သူက အဆင့္ျမင့္ ဓာတ္ေလွကားကို သုံးထားကာ ဒီလိုခ်ိန္ဆို တစ္ေယာက္ေယာက္နဲ႔ေတြ႕နိုင္ေခ်ကလည္းသိပ္မရွိ
ဒါမဲ့လည္း ၁၅ ထပ္ေရာက္ေတာ့ မထင္ထားဘဲ တစ္ေယာက္က ဓာတ္ေလွကားခလုတ္ကိုႏွိပ္လိုက္သည္။ ခ်င္းက်င္းလည္း ၁၅ လႊာကိုေရာက္ေတာ့ ထိုလူဓာတ္ေလွကားထဲ ဝင္လာဖို႔ေစာင့္ရင္း ဝင္လာတဲ့သူကိုျမင္ေတာ့ အံဩသြားေတာ့သည္။
ခ်န္ေဟာက္လည္း အံဩသြားတဲ့မ်က္ႏွာထားကို ခ်က္ခ်င္းျပင္ကာ ေႏြးေထြးတဲ့အျပဳံးနဲ႔ "ခ်င္းက်င္းေကာ" လို႔ႏႈတ္ဆက္လိုက္သည္။��"အင္း" ခ်င္းက်င္း က ေခါင္းၿငိမ့္ျပလိုက္ေပမယ့္ အမူအရာကေတာ့ အရင္တိုင္းေအးစက္ေနဆဲ
ဓာတ္ေလွကားထဲက အမ်ိဳးသားႏွစ္ေယာက္က တစ္ေယာက္အေၾကာင္းတစ္ေယာက္ နားလည္ေနၾကသလို သူတို႔စိတ္ထဲမွာလည္း ဘယ္အေၾကာင္းအရာက အေရးႀကီးဆုံးလဲဆိုတာ နားလည္ေနၾကသည္။
႐ုတ္တရက္ ဖုန္းျမည္သံတစ္ခုက တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္သည္။အသံက "ဒီလူက တစ္ခါက ငါ့အပိုင္" ဆိုတာကို ျပန္ဆိုထားးတာပင္ ဒီအသံကို သူရင္းႏွီးေနသည္။ ေလာ့ေယာင္ေယာင္အသံပင္
ခ်င္းက်င္းဖုန္းထုတ္ကာ ရင္းႏွီးေနတဲ့နာမည္ေလးကို ျမင္ေတာ့ ေအးတိေအးစက္မ်က္ႏွာထားက ေန ေပ်ာ္တဲ့ မ်က္ႏွာထားကိုေျပာင္းသြားကာ "ဟဲလို ေယာင္ေယာင္"
"ခ်င္းက်င္းကုမၸဏီမွာပဲလား ငါအခု အိမ္မွာ ညစာစားၿပီး ငါ့ကိုလာေခၚမယ္မလား?"
"အိုေခ"
"အာ့ဆို ဒါပဲေနာ္ ညေနမွေတြ႕မယ္"
"ညေနေတြ႕မယ္"
ဖုန္းခ်ၿပီးေတာ ဓာတ္ေလွကားထဲ တဖန္ျပန္ေအးစက္သြားျပန္သည္။ ေအာက္တလႊာကိုေရာက္ေတာ့ ခ်န္ေဟာက္ ဓာတ္ေလွကားထဲက အရင္ထြက္လိုက္သည္။ ထို႔ေနာက္ခ်င္းက်င္းက မထြက္ေသးတာျမင္လိုက္ရသလို ဓာတ္ေလွကားတံခါးေတြကလည္း ဒင္လို႔ျမည္ကာ ပိတ္သြားေတာ့သည္။
တဖက္လူရဲ့ ေအးစက္မႈက ခ်န္ေဟာက္ကို လက္သီးက်စ္က်စ္ဆုတ္လာမိေစသည္။ အျမဲဒီလိုပဲ ဒီေကာင္က သူ႔ကိုယ္သူ အမွားကင္းတဲ့သူထင္ၿပီး တဖက္လူကိုက် ျပသာနာရွာတတ္တဲ့ သူတို႔ အက်ိဳးဖ်က္ဆီးမယ့္သူ လို႔ပဲ မွတ္ယူေနတာ နိုင္ငံျခားစီးပြါးေရးသမား တစ္ေယာက္ ခ်မ္းသာတဲ့သူ အဲ့ေခါင္းစဥ္ႏွစ္ခုက မေရြ႕နိုင္တဲ့ ေတာင္ႀကီးႏွစ္ခုလိုပဲ သူ႔ကို သတ္ေနတဲ့ဖိအားတစ္ခုလိုပဲ အသက္ျပင္းျပင္းရႈကာ ခ်န္ေဟာက္က ခပ္ေၾကာင္ေၾကာင္ ျပဳံးလိုက္သည္။ သူတို႔ကဒီထက္ေမာက္မာရင္ေတာင္ ဘာျဖစ္လဲ အကုန္သူ႔လက္ထဲ က်ရႈံးရမွာပဲ ဆက္ဟန္ေဆာင္ေနလိုက္ တစ္ေန႔က် ေျမႀကီးမွာ ဒူးေထာက္ၿပီး ငါ့ကိုေတာင္းပန္ရမွာ....
တကယ့္ကို အေတြးလြန္တာကလည္း ေရာဂါပဲ
-
စာေရးသူ မွတ္ခ်က္ - ခ်န္ေဟာက္ရဲ့ေရာဂါက တကယ့္ကို ကုမရေတာ့ဘူးလို႔ထင္တယ္ ဒါမဲ့ အဆင္ေျပပါတယ္ သူက လင္းေဖးနဲ႔တူတူေနၿပီး အခ်င္းခ်င္း ကူးစက္ၾကေပါ့ေလ.