အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်...

By Camichel_Miamo

233K 35.1K 1.2K

»This is not my own story »Just translate for fun »All credits go to the original author and translator »... More

Description
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter - 42
Chapter - 43
Chapter - 44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86

Chapter-1

6.9K 664 6
By Camichel_Miamo

Clickဖို့ မမေ့ကြပါနဲ့ရှင့်(≧▽≦)💙
ဇာတ်ရည်လည်သွားအောင် နှစ်ပိုင်းတန်းတင်ပေးလိုက်ပါတယ်

မှန်ထဲကမိန်း‌ကလေးတွင် နူးညံ့သည့်အသွင်အပြင်ရှိပြီး သူမကိုယ်ပေါ်ကအရာအားလုံးမှာ ပြည့်စုံရုံဆိုသည်သာ။ သူမ၏မူလက တောက်ပကာဆွဲဆောင်မှုရှိသည့် အရောင်အဆင်းမှာလည်း သာမန်မျှသာဟု ခံစားရသည်။ သူမ၏အရေပြား၌ပင်လျှင် ဝါညစ်ညစ်အရောင်အဆင်းတစ်စွန်းတစ်စကို တွေ့ရသည်။ ဖုန်များအမှုန်များဖြင့် ဖုံးအုပ်ခံထားရပြီး မူလက တောက်ပသည့်အရောင်အဆင်းအား ပျောက်ဆုံးနေသည့် ပုလဲလုံးများကဲ့သို့ပင်။ မှိုင်းတိုင်းတိုင်းနှင့် သာမန်ဖြစ်နေသည်။

သူမ မှန်ကြည့်သွားပြီးနောက် နဉ့်ကျီသည် သူမ၏ဆဲလ်ဖုန်းအား ပြန်ကြည့်လိုက်သည်။ ဖုန်းထဲတွင် မူလပိုင်ရှင်၏ ဓာတ်ပုံများရှိနေသည်။ ဓာတ်ပုံများထဲက မိန်းကလေးတွင် တောက်ပသည့်မျက်လုံးများ ၊ တောက်ပြောင်သည့်သွားများနှင့် ဖြူဖွေးနေသည့်အသားအရေရှိသည်။ အကြည့်တစ်ချက်ဖြင့်ပင် မည်သူမျှ သူမထံမျှ အကြည့်ခွာနိုင်မည်မဟုတ်ပေ။

နဉ့်ကျီ မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏ ကြန်အင်လက္ခဏာတို့မှာ လုံးဝမပြောင်းလဲသည်ကို အဘယ်ကြောင့်များ သူမသည် အရင်ကနှင့် အလွန်ကိုခြားနားနေသည့်ပုံ ဖြစ်နေရသတုန်း?

သူမ၏သံသယတို့အားဖိနှိပ်လိုက်ပြီး စံအိမ်နေရာအတွင်းသို့ မောင်းနှင်သွားသည့်ကားအား ကြည့်လိုက်သည်။

သူမ မိတ်ကပ်မှန်အား ချလိုက်ပြီး ဆဲလ်ဖုန်းကို ပိုက်ဆံအိတ်ထဲသို့ပြန်ထည့်ကာ ကားထဲမှထွက်ရန် အသင့်ပြင်လိုက်သည်။ ခဏအကြာမှာပင် တစ်စုံတစ်ယောက်သည် ကားတံခါးအား ဖွင့်ပေးပြီးဖြစ်လေသည်။

"ဒုတိယသခင်မလေး" အိမ်တော်ထိန်း ပြောလာသည်။ သူ၏အသံထဲတွင် အလျင်လိုမှုရှိနေသည် "သခင်မက မြန်မြန်လာဖို့ ပြောလိုက်ပါတယ်"

နဉ့်ကျီသည် ကားထဲတွင်ရှိနေသည့် အချိန်ကတည်းက ဖုန်းကောလ်ကို လက်ခံရရှိပြီးဖြစ်သည်။ ထို့ကြောင့် မူလပိုင်ရှင်၏ခင်ပွန်းဖြစ်သူ ဒုတိယသခင်လေးထံတွင် နောက်ထပ်ကဏ္ဍတစ်ရပ်ရှိနေပြန်သည်ကို အိမ်တော်ထိန်းထံမှ သူမ,သိပြီးဖြစ်သည်။

(နောက်ထပ်ကဏ္ဍတစ်ရပ်ရှိနေပြန်သည် - have an episodeလို့ သုံးထားပါတယ်။ အဓိပ္ပါယ်ကတော့ a sudden short period in which someone suffers the effects of the physical or mental illness - ရုတ်တရတ်ကြီး အချိန်ခဏတာအတွင်းမှာ တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖျားနာမှုရဲ့ အကျိုးဆက်ကိုခံစားရခြင်းပါတဲ့။ အခုMLက အော်တစ်ဇင်ဆိုတော့ သူမခံနိုင်တဲ့အသံကိုကြားရတာကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ပါ နောက်အပိုင်းမှာ ပါ,ပါမယ်နော်)

သူမ ခေါင်းငြိမ့်ပြလိုက်သည် "ကောင်းပြီ။ သွားကြတာပေ့ါ"

ဧည့်ခန်းထဲတွင် အမေလုသည် နံရံအား ခေါင်းဖြင့်အဆက်မပြတ်တိုက်နေသည့် သူမ၏သားအားကြည့်ကာ ဖြူဖျော့နေ၏။ သူမမှာ အကြော်ဒယ်အိုးထဲက ပုရွက်ဆိတ်တစ်ကောင်လိုခံစားနေရကာ စိတ်ပူခြင်းမှတစ်ပါး သူမ,ဘာမှမတတ်နိုင်။

"နဉ့်ကျီပြန်မလာသေးဘူးလား?" သူမ၏မျက်ခုံးများမှာ အလွန်အမင်းကြုံ့နေကာ အင်မတန်ပင်စိတ်ပူနေပုံရသည်။

အစေခံသည် လျင်မြန်စွာဖြေကြားလိုက်သည် "အိမ်တော်ထိန်းက ဒုတိယသခင်မလေးကို အပြင်မှာစောင့်နေပါပြီ"

အစေခံပြောပြီးသွားသည့်အချိန်တွင် နဉ့်ကျီသည် အတွင်းသို့ လျှောက်ဝင်လာခဲ့၏။

ဝမ်းသာစွာဖြင့် အစေခံပြောလိုက်သည် "သခင်မ။ ဒုတိယသခင်မလေး ပြန်လာပါပြီ"

အမေလုသည် နဉ့်ကျီအားမြင်သောအခါ အလျင်အမြန်ပြောလာသည် "မြန်မြန်လေး ရှောင်ကုကို သွားတားစမ်းပါဦး။ သူ့ကိုယ်သူထိခိုက်အောင် မလုပ်စေနဲ့တော့"

နဉ့်ကျီမှလွဲ၍ လုကုသည် မည်သူကိုမျှ သူ့အနားကပ်ရန်ခွင့်မပြုပေ။ သူမ နဉ့်ကျီအား မည်မျှပင်သဘောမကျပါစေဦးတော့ ယခုအချိန်တွင် အမေလုသည် သူမ၏မျှော်လင့်ချက်အားလုံးအား နဉ့်ကျီအပေါ်တွင် ပုံအပ်ထားရန်မှတစ်ပါး ရွေးချယ်စရာမရှိပါချေ။

သူမ၏မှတ်ဉာဏ်အရ ဤကြော့ရှင်းကာ အထက်တန်းကျကျရှိသည့် အမျိုးသမီးမှာ လုကု၏အမေဖြစ်သူ စုန့်ယာဖြစ်သည်ကို နဉ့်ကျီသိလိုက်သည်။ သူမသည် လုကုအား အလွန်ပင်ချစ်လေပြီး သူမဂရုအစိုက်ဆုံးသူမှာလည်း သူသည်ပင်ဖြစ်သည်။ သူသည် အော်တစ်ဇင်ဖြစ်နေသောကြောင့် သူမသည် သူ့အား ဘယ်တုန်းကမျှ မကျေမနပ်မဖြစ်ဖူးသလို သိက္ခာကျသည်ဟုလည်း မခံစားမိချေ။

နဉ့်ကျီ နံရံအား ‌ဦးခေါင်းဖြင့်တိုက်နေသည့် အမျိုးသားအား ကြည့်လိုက်သည်။

သူသည် ရှည်လျားသွယ်လျပြီး အနီရောင်hoodieကို ဝတ်ဆင်ထားသည်။ သူမဘက်သို့ကျောပေးထားပြီး သူ၏ခေါင်းအား နံရံကို စည်းချက်ကျကျ တိုက်နေလေသည်။

သိသာလှစွာပင် သူသည် ဤအရာအား ယခင်ကလည်း အကြိမ်များစွာ လုပ်ဖူးလေသည်။ အခန်းထဲရှိနံရံများကို ဝါညိုနုနုသားရေဖြင့် ကာကွယ်ကာ ပတ်ပတ်လည်ကပ်ထားလေသည်။ သားရေအထဲတွင်ကတော့ ဝါဂွမ်း သို့မဟုတ် အခြားအကာအကွယ်များ ဖြစ်လိမ့်မည်။ အကာအကွယ်များသည် အလွန်ပင်ထူသောကြောင့် ထိုဟာများအား ဦးခေါင်းနှင့်တိုက်နေသော်လည်း လုကုထိခိုက်စရာအကြောင်းမရှိပေ။

"အဲ့ဒီမှာပဲရပ်မနေနဲ့။ သူ့ကိုမြန်မြန်တားစမ်းပါ" အမေလုတိုက်တွန်းလာသည်။

နဉ့်ကျီ ပြန်စဉ်းစားလိုက်သည်။ လုကုသည် အော်တစ်ဇင်ဖြစ်နေပြီး အလွန်ငယ်ရွယ်သေးသည့်အချိန်ကတည်းကပင် ကုသမှုများကို စတင်ပြုလုပ်ခဲ့ရသည်။ အလွန်မပြင်းထန်သင့်သော်ငြား အကြောင်းပြချက်တစ်ချို့ကြောင့် သူသည် ဘယ်တုန်းကမျှ ပြန်ကောင်းလာခြင်း မရှိခဲ့ပေ။ အမှန်တော့ သူသည် တစ်ခါတုန်းက ပြန်ပေးဆွဲခံခဲ့ရပြီးနောက် သူ၏အော်တစ်ဇင်မှာ ပို၍ဆိုးဝါးလာခဲ့ပြီး သူသည် ပို၍ပင် ဆုတ်လျော့သွားခဲ့သည်။ လူတိုင်းထံမှ ထိတွေ့ခြင်းကို ငြင်းဆန်ကာ သူ၏ကိုယ်ပိုင်အခွံထဲတွင်သာ သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့၏။

အမေလုသည်ပင် လုကုနှင့် မဆက်သွယ်နိုင်ခဲ့။ သူမသည် သူ့အားကြည့်နေရင်းဖြင့် စိတ်ပူရုံသာတတ်နိုင်ခဲ့၏။

မူလပိုင်ရှင် ထွက်ပေါ်လာသည့်အချိန်အထိပင်။ လုကု၏မျက်လုံးများသည် သူမအပေါ်တွင် တဝဲလည်လည်ရှိနေခဲ့ပြီး သူမကိုသာ သူ၏အနီးသို့လာခွင့်ပြုကာ သူ့အား ထိတွေ့ခွင့်ပြုသည်ကို အမေလုသည် သတိပြုမိခဲ့သည်။

အမေလုမှာ ထိုရှာဖွေတွေ့ရှိချက်ကြောင့် ဝမ်းသာအံ့ဩသွားခဲ့ရသည်။

ထို့နောက်တွင် မူလပိုင်ရှင်သည် လုကုအား လက်ထပ်လိုက်လေသည်။

လူတိုင်းမျှော်လင့်ထားသကဲ့သို့ပင် မူလပိုင်ရှင်သည် လုကုအား မနှစ်သက်ပေ။ နောက်ဆုံးတော့လည်း နေမကောင်းဖြစ်နေသည့် တစ်စုံတစ်ဦးကို မည်သူကများ နှစ်သက်လိမ့်မည်တဲ့နည်း?

လုကုသည် အမြဲတမ်းလျစ်လျူရှုထားကာ သီးခြားခွဲထွက်နေခဲ့သည်။ သူသည် စကားပြောရခြင်းကို မနှစ်သက်သလို သူ့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့် မည်သည့်တစ်စုံတစ်ခုကိုမျှလည်း စိတ်ဝင်စားခြင်းမရှိချေ။ သူ့ပတ်ဝန်းကျင်ရှိ လူများကို ဂရုမစိုက်သလို သူတို့ သူ့အပေါ် မည်သို့မည်ပုံခံစားရသည်ကိုလည်း အမှုမထားပါချေ။ သူသည် သူ၏ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ နေထိုင်ခဲ့၏။

ဘဝလက်တွဲဖော်အား အသာထားလေဦး, သူသည် သူငယ်ချင်းကောင်းတစ်ဦးအဖြစ်ပင် မနေခဲ့ပါချေ။

အမေလုသည် လုကုအပေါ် မူလပိုင်ရှင်၏ သဘောမကျမှုနှင့် ခါးခါးသီးသီးဖြစ်မှုတို့အား ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း ထိုဟာနှင့်ပတ်သက်၍ သူမလုပ်နိုင်သည့်အရာ ဘာဆိုဘာမျှ ရှိမနေခဲ့ပေ။ သူမ မည်သို့မည်ပုံခံစားရသည်မှာ ပုဂ္ဂိုလ်ရေးခံစားချက်သာဖြစ်ပြီး သူမ အင်အားကြီးမားသကဲ့သို့ မူလပိုင်ရှင်အား သူမ၏သားအပေါ်တွင် ခံစားချက်များရှိလာရန် တွန်းအားမပေးနိုင်ပါချေ။

အိုင်က အခုတလော ချစ်စရာခင်ပွန်းသည်အလှလေးtypeကို တော်"သဘောကျနေတာမို့ ဒါလေးကို pickလိုက်တာပါ🤣

--------

Clickဖို႔ မေမ့ၾကပါနဲ႔ရွင့္(≧▽≦)💙
ဇာတ္ရည္လည္သြားေအာင္ ႏွစ္ပိုင္းတန္းတင္ေပးလိုက္ပါတယ္

မွန္ထဲကမိန္း‌ကေလးတြင္ ႏူးညံ့သည့္အသြင္အျပင္ရွိၿပီး သူမကိုယ္ေပၚကအရာအားလုံးမွာ ျပည့္စုံ႐ုံဆိုသည္သာ။ သူမ၏မူလက ေတာက္ပကာဆြဲေဆာင္မႈရွိသည့္ အေရာင္အဆင္းမွာလည္း သာမန္မွ်သာဟု ခံစားရသည္။ သူမ၏အေရျပား၌ပင္လွ်င္ ဝါညစ္ညစ္အေရာင္အဆင္းတစ္စြန္းတစ္စကို ေတြ႕ရသည္။ ဖုန္မ်ားအမႈန္မ်ားျဖင့္ ဖုံးအုပ္ခံထားရၿပီး မူလက ေတာက္ပသည့္အေရာင္အဆင္းအား ေပ်ာက္ဆုံးေနသည့္ ပုလဲလုံးမ်ားကဲ့သို႔ပင္။ မႈိင္းတိုင္းတိုင္းႏွင့္ သာမန္ျဖစ္ေနသည္။

သူမ မွန္ၾကည့္သြားၿပီးေနာက္ နဥ့္က်ီသည္ သူမ၏ဆဲလ္ဖုန္းအား ျပန္ၾကည့္လိုက္သည္။ ဖုန္းထဲတြင္ မူလပိုင္ရွင္၏ ဓာတ္ပုံမ်ားရွိေနသည္။ ဓာတ္ပုံမ်ားထဲက မိန္းကေလးတြင္ ေတာက္ပသည့္မ်က္လုံးမ်ား ၊ ေတာက္ေျပာင္သည့္သြားမ်ားႏွင့္ ျဖဴေဖြးေနသည့္အသားအေရရွိသည္။ အၾကည့္တစ္ခ်က္ျဖင့္ပင္ မည္သူမွ် သူမထံမွ် အၾကည့္ခြာႏိုင္မည္မဟုတ္ေပ။

နဥ့္က်ီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

သူမ၏ ၾကန္အင္လကၡဏာတို႔မွာ လုံးဝမေျပာင္းလဲသည္ကို အဘယ္ေၾကာင့္မ်ား သူမသည္ အရင္ကႏွင့္ အလြန္ကိုျခားနားေနသည့္ပုံ ျဖစ္ေနရသတုန္း?

သူမ၏သံသယတို႔အားဖိႏွိပ္လိုက္ၿပီး စံအိမ္ေနရာအတြင္းသို႔ ေမာင္းႏွင္သြားသည့္ကားအား ၾကည့္လိုက္သည္။

သူမ မိတ္ကပ္မွန္အား ခ်လိုက္ၿပီး ဆဲလ္ဖုန္းကို ပိုက္ဆံအိတ္ထဲသို႔ျပန္ထည့္ကာ ကားထဲမွထြက္ရန္ အသင့္ျပင္လိုက္သည္။ ခဏအၾကာမွာပင္ တစ္စုံတစ္ေယာက္သည္ ကားတံခါးအား ဖြင့္ေပးၿပီးျဖစ္ေလသည္။

"ဒုတိယသခင္မေလး" အိမ္ေတာ္ထိန္း ေျပာလာသည္။ သူ၏အသံထဲတြင္ အလ်င္လိုမႈရွိေနသည္ "သခင္မက ျမန္ျမန္လာဖို႔ ေျပာလိုက္ပါတယ္"

နဥ့္က်ီသည္ ကားထဲတြင္ရွိေနသည့္ အခ်ိန္ကတည္းက ဖုန္းေကာလ္ကို လက္ခံရရွိၿပီးျဖစ္သည္။ ထို႔ေၾကာင့္ မူလပိုင္ရွင္၏ခင္ပြန္းျဖစ္သူ ဒုတိယသခင္ေလးထံတြင္ ေနာက္ထပ္က႑တစ္ရပ္ရွိေနျပန္သည္ကို အိမ္ေတာ္ထိန္းထံမွ သူမ,သိၿပီးျဖစ္သည္။

(ေနာက္ထပ္က႑တစ္ရပ္ရွိေနျပန္သည္ - have an episodeလို႔ သုံးထားပါတယ္။ အဓိပၸါယ္ကေတာ့ a sudden short period in which someone suffers the effects of the physical or mental illness - ႐ုတ္တရတ္ႀကီး အခ်ိန္ခဏတာအတြင္းမွာ တစ္စုံတစ္ေယာက္ဟာ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာဖ်ားနာမႈရဲ႕ အက်ိဳးဆက္ကိုခံစားရျခင္းပါတဲ့။ အခုMLက ေအာ္တစ္ဇင္ဆိုေတာ့ သူမခံႏိုင္တဲ့အသံကိုၾကားရတာေၾကာင့္ ျဖစ္ေပၚလာတဲ့အက်ိဳးဆက္ပါ ေနာက္အပိုင္းမွာ ပါ,ပါမယ္ေနာ္)

သူမ ေခါင္းၿငိမ့္ျပလိုက္သည္ "ေကာင္းၿပီ။ သြားၾကတာေပ့ါ"

ဧည့္ခန္းထဲတြင္ အေမလုသည္ နံရံအား ေခါင္းျဖင့္အဆက္မျပတ္တိုက္ေနသည့္ သူမ၏သားအားၾကည့္ကာ ျဖဴေဖ်ာ့ေန၏။ သူမမွာ အေၾကာ္ဒယ္အိုးထဲက ပု႐ြက္ဆိတ္တစ္ေကာင္လိုခံစားေနရကာ စိတ္ပူျခင္းမွတစ္ပါး သူမ,ဘာမွမတတ္ႏိုင္။

"နဥ့္က်ီျပန္မလာေသးဘူးလား?" သူမ၏မ်က္ခုံးမ်ားမွာ အလြန္အမင္းႀကဳံ႕ေနကာ အင္မတန္ပင္စိတ္ပူေနပုံရသည္။

အေစခံသည္ လ်င္ျမန္စြာေျဖၾကားလိုက္သည္ "အိမ္ေတာ္ထိန္းက ဒုတိယသခင္မေလးကို အျပင္မွာေစာင့္ေနပါၿပီ"

အေစခံေျပာၿပီးသြားသည့္အခ်ိန္တြင္ နဥ့္က်ီသည္ အတြင္းသို႔ ေလွ်ာက္ဝင္လာခဲ့၏။

ဝမ္းသာစြာျဖင့္ အေစခံေျပာလိုက္သည္ "သခင္မ။ ဒုတိယသခင္မေလး ျပန္လာပါၿပီ"

အေမလုသည္ နဥ့္က်ီအားျမင္ေသာအခါ အလ်င္အျမန္ေျပာလာသည္ "ျမန္ျမန္ေလး ေရွာင္ကုကို သြားတားစမ္းပါဦး။ သူ႔ကိုယ္သူထိခိုက္ေအာင္ မလုပ္ေစနဲ႔ေတာ့"

နဥ့္က်ီမွလြဲ၍ လုကုသည္ မည္သူကိုမွ် သူ႔အနားကပ္ရန္ခြင့္မျပဳေပ။ သူမ နဥ့္က်ီအား မည္မွ်ပင္သေဘာမက်ပါေစဦးေတာ့ ယခုအခ်ိန္တြင္ အေမလုသည္ သူမ၏ေမွ်ာ္လင့္ခ်က္အားလုံးအား နဥ့္က်ီအေပၚတြင္ ပုံအပ္ထားရန္မွတစ္ပါး ေ႐ြးခ်ယ္စရာမရွိပါေခ်။

သူမ၏မွတ္ဉာဏ္အရ ဤေၾကာ့ရွင္းကာ အထက္တန္းက်က်ရွိသည့္ အမ်ိဳးသမီးမွာ လုကု၏အေမျဖစ္သူ စုန႔္ယာျဖစ္သည္ကို နဥ့္က်ီသိလိုက္သည္။ သူမသည္ လုကုအား အလြန္ပင္ခ်စ္ေလၿပီး သူမဂ႐ုအစိုက္ဆုံးသူမွာလည္း သူသည္ပင္ျဖစ္သည္။ သူသည္ ေအာ္တစ္ဇင္ျဖစ္ေနေသာေၾကာင့္ သူမသည္ သူ႔အား ဘယ္တုန္းကမွ် မေက်မနပ္မျဖစ္ဖူးသလို သိကၡာက်သည္ဟုလည္း မခံစားမိေခ်။

နဥ့္က်ီ နံရံအား ‌ဦးေခါင္းျဖင့္တိုက္ေနသည့္ အမ်ိဳးသားအား ၾကည့္လိုက္သည္။

သူသည္ ရွည္လ်ားသြယ္လ်ၿပီး အနီေရာင္hoodieကို ဝတ္ဆင္ထားသည္။ သူမဘက္သို႔ေက်ာေပးထားၿပီး သူ၏ေခါင္းအား နံရံကို စည္းခ်က္က်က် တိုက္ေနေလသည္။

သိသာလွစြာပင္ သူသည္ ဤအရာအား ယခင္ကလည္း အႀကိမ္မ်ားစြာ လုပ္ဖူးေလသည္။ အခန္းထဲရွိနံရံမ်ားကို ဝါညိဳႏုႏုသားေရျဖင့္ ကာကြယ္ကာ ပတ္ပတ္လည္ကပ္ထားေလသည္။ သားေရအထဲတြင္ကေတာ့ ဝါဂြမ္း သို႔မဟုတ္ အျခားအကာအကြယ္မ်ား ျဖစ္လိမ့္မည္။ အကာအကြယ္မ်ားသည္ အလြန္ပင္ထူေသာေၾကာင့္ ထိုဟာမ်ားအား ဦးေခါင္းႏွင့္တိုက္ေနေသာ္လည္း လုကုထိခိုက္စရာအေၾကာင္းမရွိေပ။

"အဲ့ဒီမွာပဲရပ္မေနနဲ႔။ သူ႔ကိုျမန္ျမန္တားစမ္းပါ" အေမလုတိုက္တြန္းလာသည္။

နဥ့္က်ီ ျပန္စဥ္းစားလိုက္သည္။ လုကုသည္ ေအာ္တစ္ဇင္ျဖစ္ေနၿပီး အလြန္ငယ္႐ြယ္ေသးသည့္အခ်ိန္ကတည္းကပင္ ကုသမႈမ်ားကို စတင္ျပဳလုပ္ခဲ့ရသည္။ အလြန္မျပင္းထန္သင့္ေသာ္ျငား အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ သူသည္ ဘယ္တုန္းကမွ် ျပန္ေကာင္းလာျခင္း မရွိခဲ့ေပ။ အမွန္ေတာ့ သူသည္ တစ္ခါတုန္းက ျပန္ေပးဆြဲခံခဲ့ရၿပီးေနာက္ သူ၏ေအာ္တစ္ဇင္မွာ ပို၍ဆိုးဝါးလာခဲ့ၿပီး သူသည္ ပို၍ပင္ ဆုတ္ေလ်ာ့သြားခဲ့သည္။ လူတိုင္းထံမွ ထိေတြ႕ျခင္းကို ျငင္းဆန္ကာ သူ၏ကိုယ္ပိုင္အခြံထဲတြင္သာ သူ႔ကိုယ္သူ ပိတ္ေလွာင္ထားခဲ့၏။

အေမလုသည္ပင္ လုကုႏွင့္ မဆက္သြယ္ႏိုင္ခဲ့။ သူမသည္ သူ႔အားၾကည့္ေနရင္းျဖင့္ စိတ္ပူ႐ုံသာတတ္ႏိုင္ခဲ့၏။

မူလပိုင္ရွင္ ထြက္ေပၚလာသည့္အခ်ိန္အထိပင္။ လုကု၏မ်က္လုံးမ်ားသည္ သူမအေပၚတြင္ တဝဲလည္လည္ရွိေနခဲ့ၿပီး သူမကိုသာ သူ၏အနီးသို႔လာခြင့္ျပဳကာ သူ႔အား ထိေတြ႕ခြင့္ျပဳသည္ကို အေမလုသည္ သတိျပဳမိခဲ့သည္။

အေမလုမွာ ထိုရွာေဖြေတြ႕ရွိခ်က္ေၾကာင့္ ဝမ္းသာအံ့ဩသြားခဲ့ရသည္။

ထို႔ေနာက္တြင္ မူလပိုင္ရွင္သည္ လုကုအား လက္ထပ္လိုက္ေလသည္။

လူတိုင္းေမွ်ာ္လင့္ထားသကဲ့သို႔ပင္ မူလပိုင္ရွင္သည္ လုကုအား မႏွစ္သက္ေပ။ ေနာက္ဆုံးေတာ့လည္း ေနမေကာင္းျဖစ္ေနသည့္ တစ္စုံတစ္ဦးကို မည္သူကမ်ား ႏွစ္သက္လိမ့္မည္တဲ့နည္း?

လုကုသည္ အၿမဲတမ္းလ်စ္လ်ဴရႈထားကာ သီးျခားခြဲထြက္ေနခဲ့သည္။ သူသည္ စကားေျပာရျခင္းကို မႏွစ္သက္သလို သူ႔ပတ္ဝန္းက်င္တြင္ျဖစ္ပ်က္ေနသည့္ မည္သည့္တစ္စုံတစ္ခုကိုမွ်လည္း စိတ္ဝင္စားျခင္းမရွိေခ်။ သူ႔ပတ္ဝန္းက်င္ရွိ လူမ်ားကို ဂ႐ုမစိုက္သလို သူတို႔ သူ႔အေပၚ မည္သို႔မည္ပုံခံစားရသည္ကိုလည္း အမႈမထားပါေခ်။ သူသည္ သူ၏ကိုယ္ပိုင္ကမာၻေလးထဲတြင္သာ ေနထိုင္ခဲ့၏။

ဘဝလက္တြဲေဖာ္အား အသာထားေလဦး, သူသည္ သူငယ္ခ်င္းေကာင္းတစ္ဦးအျဖစ္ပင္ မေနခဲ့ပါေခ်။

အေမလုသည္ လုကုအေပၚ မူလပိုင္ရွင္၏ သေဘာမက်မႈႏွင့္ ခါးခါးသီးသီးျဖစ္မႈတို႔အား ရွင္းရွင္းလင္းလင္းျမင္ေနရေသာ္လည္း ထိုဟာႏွင့္ပတ္သက္၍ သူမလုပ္ႏိုင္သည့္အရာ ဘာဆိုဘာမွ် ရွိမေနခဲ့ေပ။ သူမ မည္သို႔မည္ပုံခံစားရသည္မွာ ပုဂၢိဳလ္ေရးခံစားခ်က္သာျဖစ္ၿပီး သူမ အင္အားႀကီးမားသကဲ့သို႔ မူလပိုင္ရွင္အား သူမ၏သားအေပၚတြင္ ခံစားခ်က္မ်ားရွိလာရန္ တြန္းအားမေပးႏိုင္ပါေခ်။

အိုင္က အခုတေလာ ခ်စ္စရာခင္ပြန္းသည္အလွေလးtypeကို ေတာ္"သေဘာက်ေနတာမို႔ ဒါေလးကို pickလိုက္တာပါ🤣

Continue Reading

You'll Also Like

406K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
577K 67.1K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
233K 35.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
257K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...