နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

By _MyatHsu_

2M 195K 26.9K

Facing 1500 More

Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Extra
Valentine Special
Kindly Remind💟

Thingyan Special

31.8K 2.9K 272
By _MyatHsu_

"​အနီ​ရောင်​လေးထပ်ထည့်​ပေးဦး ကိုကို"

လှချင်​နေတဲ့က​လေးအ​မေ​လေးစကားကို မငြင်းပယ်နိုင်ဘဲ ကျစ်ဆံမြီးထဲအနီ​ရောင်ကြိုးတစ်​ချောင်းထပ်ထည့်လိုက်ရသည်။ အခု​တော့ က​လေးအ​မေ​လေးဖြစ်တဲ့ ကျွန်​တော့်ညီမ​လေးဆံနွယ်တို့ကြားမှာ အပြာ​ရောင်၊ ​ငွေ​ရောင်၊ အနီ​ရောင်၊ ​ရောင်စုံကျစ်ကြိုး​လေး​တွေနဲ့ ကျစ်ဆံမြီးနှစ်ဖက်က ​သေ​သေသပ်သပ်လှ​နေ၏။

"ဒီ​မောင်နှမ​တွေ​ပျောက်​နေတယ်မှတ်တာ"

"ကျွန်​တော်လာပြီ​ဒေါ်​ဒေါ်။ ဘာ​တွေသယ်ဖို့ရှိ​သေးလဲ"

"မရှိပါဘူးသားရယ်။ ​က​လေး​တွေက ​​မေ​မေဘရဏီကိုရှာ​နေကြပြီ"

"​မေ​မေဘရဏီအလှပြင်​နေလိုက်တာ ​ဒေါ်​ဒေါ်​ရေ။ အခုပဲဆင်းပါပြီ"

က​လေးသုံး​ယောက်​မွေးထားတယ်လို့မထင်ရ​​အောင်ကို ​ပေါ့ပါးသွက်လက်​နေတဲ့ ညီမ​လေးက အဝါခံမှာအဖြူပွင့်နုပ်နုပ်ပါသည့် ဝမ်းဆက်အ​ပျော့​လေးနဲ့ လှ​သွေးကြွယ်​နေဆဲ။ က​လေးသုံး​ယောက်​မွေးထားပြီးဖြစ်​ပေမယ့် ကျွန်​တော့်​ရှေ့​ရောက်ရင်​တော့ ဘာမှမသိ​တော့သည့် ညီမ​လေး​အဖြစ်နဲ့။ က​လေး​တွေရှာ​နေတယ်ဆို​တော့လည်း ကျွန်​တော့်​ရှေ့က​ပြေးဆင်းသွား၏။

​အောက်ထပ်​ကို​ခြေချလိုက်တယ်ဆိုရင်ပဲ သင်္ကြန်သီချင်းသံမြူးမြူးဖြင့် သက်ဝင်လှုပ်ရှား​နေတဲ့မြင်ကွင်းနဲ့တိုးတိုက်၏။ သင်္ကြန်အကြို​နေ့စတာနဲ့ အိမ်ရာဝင်းထိပ်မှာ အုန်းလက်မဏ္ဍပ်​ပြင်ဆင်လိုက်ပြီး စတုဒိသာ​ကျွေးဖြစ်တာ ​မာမီ့ကုသိုလ်ဖြစ်သည်။

အဓိကက မုန့်လုံး​ရေ​ပေါ်၊ ​ရွှေရင်​အေး။ တိုင်ပင်ကာစတုန်းက မိသားစုလူရှိသ​လောက်နိုင်ရုံ​လေးစီစဥ်ထား​ပေမယ့် ​မာမီ့ရုံးကဝန်ထမ်း​တွေအားဖြည့်မှု၊ ဖြိုး​လေးနဲ့စန္ဒာ​ဇော်ဝင်းတို့ရဲ့ ပါဝင်လိုမှုနဲ့ ပါဝင်ပစ္စည်း​တွေများသွားသည်။ အဲ့​​တော့ထပ်တိုးလာတာက ​နေ့လယ်ပိုင်း သီးစုံပဲဟင်းနဲ့ ငါး​ခြောက်​ထောင်း​ကြော်။

ဒီနှစ်သင်္ကြန်မှထူးထူးခြားခြားရန်ကုန်​ရောက်​နေတဲ့ ဇာမဏိ ကြီးကြီး၊ အ​ဆောင်းနဲ့မြတ်သူတို့က အညာစတိုင်ငါး​ခြောက်​ထောင်း​ကြော်ဖို့ဦး​ဆောင်ကြသည်။ ကိုပြည့်နဲ့ ရဲဘုန်းက သီးစုံပဲဟင်းချက်​နေတဲ့မာမီနဲ့​ဒေါ်​ဒေါ်​မေသက်အတွက် အိုးကိုင်များဖြစ်သည်။ ဖြိုး​​​လေးက သူ့မ​ဟေသီစန္ဒာ​ဘေးကမခွာဘဲ မုန့်လုံး​ရေ​ပေါ်ထည့်ဖို့​ရေ​နွေးတည်ထားသည့်အိုးကြီးကိုမီးထိုးလိုက်၊ ​ပေါ်လာသည့်မုန့်လာ​ရေ​ပေါ်​တွေကို ဇကာတပ်ဇွန်းဖြင့်ဆယ်လိုက် တာဝန်​ကျေ​နေ၏။ ကျွန်​တော်ဆင်းလာတာမြင်​တော့ ​ပြေးလာကြတာ ပထမဂျူနီ​ယာ​နေ​သော်နဲ့ ဒုတိယဂျူနီယာ​နေ​သော်တို့ဖြစ်သည်။

​ရွှေရင်​အေး​တွေကို တစ်ခါသုံး​ဖော့ခွက်တွေထဲထည့်ပြီး ဖြတ်သွားသမျှ ကားနဲ့ လူ​တွေဆီမျှ​ဝေ​​နေသူက ကျွန်​တော့်လို ရှပ်အဖြူ၊ ​​ယောပုဆိုး​ညိုညိုနဲ့။ ​က​လေး​တွေနဲ့လုံး​​ထွေးသွားတဲ့ ကျွန်​တော့်ကိုကြည့်ပြီး ပြုံးသူ​ကြောင့် ကျွန်​တော့်ရင်ဘတ်တစ်ခုလုံး ​ရွှေရင်​အေးအရသာထက် ချို​​အေးသွားသလိုပင်။ ကျွန်​တော့်ကိုမြင်​တော့ ​လုပ်လက်စ​တွေကိုချပြီး ပိ​တောက်တစ်ခတ်ကိုင်လို့​လျှောက်လှမ်းလာ၏။
​နေ​ရာမှာပဲရပ်​စောင့်​နေတဲ့ကျွန်​တော့်အိတ်ကပ်ထဲ​နေရာယူလာတာ အနံ့သင်းသင်းနဲ့သစ်ရွက်စိမ်းစိမ်းတို့ကြားရွှင်လန်းဝင်းဝါ​နေသည့်ပိ​တောက်တစ်ခတ်။

"သင်္ကြန်ကအခုမှ ပြည့်စုံသွားတာ"

​ဘေးနားမှာက​လေး​တွေရှိတာ​ကြောင့် ​ခြေတစ်လှမ်းအကွာမှ နှုတ်ခွန်း​ခြွေသူ။ ပိ​တောက်ခတ်​လေးကိုပင့်မယူပြီး ကျွန်​တော်ငုံ့​မွှေးပြလိုက်​တော့ အပြုံး​တွေပိုပီပြင်သွားသူက ​ကျွန်​တော့်ကို​ငေးတာ ​မေ့​မေ့မူးမူး။

"အဟမ်း အဟမ်း ဟမ်း!"

လုပ်​ချောင်းသံကြီးထွက်လာတာ မုန့်လုံး​ရေ​ပေါ်​တွေလုံးနေတဲ့ စန္ဒာ​ဇော်ဝင်းဆီက။ ကျွန်​တော်ရယ်​ပေမယ့် လူကြားထဲအ​နေအထိုင်ဆင်ခြင်လွန်းသူက လုံးပြီးသားမုန့်ဗန်းကိုသယ်မ​ပေးပြီး ဖြိုး​လေးနား​ရောက်သွား၏။ အုန်းလက်အရိပ်​အောက်​အေးချမ်း​နေတဲ့ အတာသင်္ကြန်ရက်ထဲ ရယ်သံ​တွေက ​ဝေါခနဲ။ ​ပျော်ရွှင်မှု​တွေက သီချင်းသံစဥ်​တွေထဲမြူးကြွခုန်​ပေါက်​နေကြ၏။

​ဒီဘက်အိမ်ရာဝင်းမှာ စတုဒိသာ​ကျွေးတယ်ကြား​တော့ ကပ်လျက်အိမ်ရာဝင်းနဲ့ နီးစပ်ရာရပ်ကွက်ကက​​​လေး​တွေပါ ​​ရောက်လာပြီးအဖွဲ့ကျသွားတာမို့ မနက်ခင်းမုန့်လုံး​ရေ​ပေါ်နှင့် ​ရွှေရင်​အေးကပြိုက်ခနဲပင်။

"ကိုကိုထားလိုက်​တော့ ကျွန်​တော်လုပ်လိုက်မယ်"

​နေ့လယ်စာအတွက် ဘုန်းကြီး​ကျောင်းမှာ စားပွဲခုံဝိုင်း​တွေသွားငှားလာသည့် ဂါမဏိက ​ရေစိုတစ်ဝက်​ခြောက်တစ်ဝက်။ ငါး​ခြောက်​ထောင်း​ကြော်ပြီးသွားတဲ့ ကိုပြည့်နဲ့ ရဲဘုန်းကပါ ဂါမဏိကိုဝိုင်းကူလာတာမို့ မုန့်လုံး​ရေ​ပေါ်အိုး​တွေသိမ်း​နေသည့်နား ကျွန်​တော်သွားဖို့ပြင်​နေတုန်း...

ဗွမ်း...

ရုတ်တရတ်ဖြစ်လွန်းတာမို့ ကျွန်​တော် လန့်သွားရသည်။ လှည့်ကြည့်​တော့ သ​ဘောတကျ​ရယ်နေတဲ့ ညီမ​လေး။

"​ရေမစို​သေးတာကိုကိုတစ်​ယောက်ပဲရှိ​တော့တယ်"

ရယ်လိုက်တာ​ပေမယ့် ကျွန်​တော့်မျက်လုံး​တွေ​ရွေ့သွားရာက မလှမ်းမကမ်းမှာ ထိုင်​နေသူဆီ။ ကျွန်​တော့်ကိုကြည့်​နေရင်း မျက်​မှောင်​တွေတွန့်ချိုးသွားပုံကို ညီမ​လေးကလည်းမြင်ပုံရသည်။

"အမယ်​လေး တို​နေပြီ။ ဒါ​တောင်ညီမအရင်း​ခေါက်​ခေါက်က​လောင်းတာ​နော်။ သူစိမ်းသာဆိုရင် သွားဖုံးနဲ့သွား လမ်းခွဲ​နေရ​လောက်မယ်ထင်တယ်"

"အခါကြီးရက်ကြီးမှာ တစ်ပါးသူကိုစိတ်မချမ်း​မြေ့​အောင်မလုပ်ရဘူး​လေ ညီမ​လေး။ အ​ပေါ်တက်ပြီးအဝတ်လဲလိုက်ဦး။ တစ်ကိုယ်လုံးလည်းရွှဲ​နေတာ အ​အေးပက်မယ်"

"ဟုတ် ကိုကို"

ဟုတ်လို့သာ​ပြောတာ ဇာမဏိဘက်လှည့်ပြီးလျှာထုတ်​ပြောင်ပြသွားတဲ့ ညီမ​လေးကို ဇာမဏိကလည်း မှုန်​တေ​တေကြည့်​နေဆဲ။ ​ဘေးမှာ ကစား​နေကြတဲ့ ဂျူနီယာ​နေ​သော်ညီအစ်ကိုက ဇာမဏိနား​ရောက်လာပြီး မုန့်လုံး​ရေ​ပေါ်​တွေ ခွံ့​ကျွေး၏။ ကျွန်​တော် ဇာမဏိနားမ​ရောက်ခင်ဘဲ နားရွက်ကားကားနှစ်ဖက်ရဲတက်လာသူက ပါးပြင်တို့ပါ ရဲ​စွေးလာသလိုပင်။ တခွိခွိထရယ်တဲ့ ညီအစ်ကိုကို ဒီတစ်ခါ စူးစိုက်ကြည့်ရသူက ကျွန်​တော်။ အစားအ​သောက်​တွေလုပ်​နေသည့်​နေရာမို့ ​ထွေးထုတ်ပစ်လို့လည်းမရဘဲ ​ဝေဒနာဖြစ်​နေသူနား ကျွန်​တော့်​ခြေလှမ်းကျဲ​​တွေနဲ့ ​လျှောက်သွားလိုက်ရ၏။

"ကိုယ့်လက်ထဲ​ထွေးလိုက် ဇာမဏိ"

​ခေါင်းခါပြသူက ​နေရာမှထပစ်၏။ ကျွန်​တော်ပါထရပ်လိုက်ရပြီး သူ့နှုတ်ခမ်းကိုအုပ်ကိုင်လျက်နဲ့ အတင်း​ထွေးခိုင်းရ​တော့သည်။

"ဘာမှမဖြစ်ဘူး ကိုယ့်လက်ထဲ​ထွေးလိုက်"

​အစပ်မစားနိုင်သူရဲ့ ကျောပြင်ကိုပွတ်သပ်​ပေးပြီး နှုတ်ခမ်း​တွေကြားထဲ ​လက်​ချောင်းတို့နဲ့ပွတ်သပ်ပစ်လိုက်မှ ကျွန်​တော့်လက်ထဲထည့်​ပေးလာသည့် သူ့​ဝေဒနာ။

"​နောက်တစ်ခါ အန်ကယ်လ်​လေးကို စ​နောက်ရင် နှစ်​ယောက်လုံးကို အန်ကယ်လ်​သော်ကိုယ်တိုင်ရိုက်မှာ​နော်"

သီချင်းသံ​တွေကို​ပါကျော်ထွက်ပြီး ကျွန်​တော့်​လေသံမာသွားမိပုံရသည်။ ​မျက်လုံးဝိုင်းတို့နဲ့​မော့ကြည့်​နေတဲ့ က​လေးနှစ်​ယောက်ကိုမျက်နှာလွှဲပြီး ဇာမဏိလက်ကိုဆွဲထုတ်လာခဲ့လိုက်သည်။ အကုန်လုံး ကျွန်​တော်တို့ကိုကြည့်​နေကြမှာသိ​ပေမယ့် ကျွန်​တော့်အာရုံထဲဖျောက်မရတာက နားရွက်ဖျား​တွေနီရဲပြီး ​နေရခက်​နေသူရဲ့မျက်နှာတစ်ခုတည်း။

"​ရေ​နွေးကြမ်း​​သောက်လိုက်ရင် အစပ်​ပြေမှာ"

​မြေညီထပ်က ဇာမဏိတို့အိမ်ထဲ​ရောက်​ရောက်ချင်း ထမင်းစားခန်းထဲ​ပြေးရသည်။

"အစ်ကို့လက်ကိုအရင်​ဆေးလိုက်လာ။ လက်​တွေပူကုန်​တော့မှာပဲ"

စိုးရိမ်​နေတဲ့ကျွန်​တော့်လက်ကိုဆွဲယူပြီး ​ဘေစင်ထဲနှစ်လို့သူကိုယ်တိုင်​ဆေး​ကြော​ပေး၏။

"ကုလား​အော်သီး​တွေ။ အစ်ကို့လက်​တွေပူကုန်​တော့မှာပဲ"

"မင်းနှုတ်ခမ်း​တွေပိုပူမှာ"

"ရတယ် ကျွန်​တော်က။ ​ရေ​နွေးကြမ်း​သောက်လိုက်ရင်ရတယ်"

ကျွန်​တော့်လက်ဖဝါးကိုအ​​သေအချာပွတ်သပ်​ဆေး​ကြော​ပေး​နေသူရဲ့ နှုတ်ခမ်းရဲရဲကို ကျွန်​တော်​မော့နမ်းမိတာ ဖျတ်ခနဲ။ မျက်​မှောင်​တွေတွန့်ချိုးသွားပြန်သူက ကျွန်​တော့်ကိုသူ့ရင်ခွင်ထဲဆွဲထည့်ပစ်၏။

"အစ်ကို့နှုတ်ခမ်း​တွေပူကုန်မယ်"

"မပူဘူး ရတယ်"

​နောက်တစ်ကြိမ်ထိ​တွေ့မှုမှာ အ​ရောင်ရင့်​နေတဲ့နှုတ်ခမ်းသားတစ်စုံလုံးကို ကျွန်​တော့်နှုတ်ခမ်း​တွေနဲ့ဖိညှပ်ထားမိ​တော့၏။ ညင်သာစွာလှုပ်ရှားမိတဲ့ ကျွန်​တော့်နှုတ်ခမ်းသားတို့က သူ့ရဲ့ရစ်ပတ်ချည်​နှောင်မှုတို့ကြားစိုစွတ်​နွေးမြ​နေသည်။

"အပူသက်သာလား"

"နည်းနည်းကျန်​သေးသလိုပဲ"

နဖူးချင်းထိစပ်ပြီးဆိုတဲ့စကားက အပြုံးနုနု​လေး​တွေနဲ့​ဘောင်ခတ်ထားတာဖြစ်သည်။ အပြုံး​လေး​တွေကိုအ​လေအလွင့်မရှိကြင်နာမိ​နေတဲ့ကျွန်​တော့်ပါးပြင်​တွေထဲ သူ့အနမ်း​တွေအဆုံးသတ်ခိုဝင်နား၏။

"အစ်ကို ဘာလို့ ရှပ်တစ်ထပ်တည်းဝတ်ထားတာလဲ"

ရင်ဘတ်ချင်းအပ်​နေရာက​နေ သူ့လက်​တွေ ကျွန်​တော့်ရှပ်အင်္ကျီ​ပေါ်​​ထိ​တွေ့လာ၏။ ညီမ​လေး​ရေ​လောင်းတုန်းက အသားနဲ့ကပ်သွားခဲ့တဲ့ရှပ်အဖြူက ကျွန်​တော့် ခန္ဓာကိုယ်အတွင်းသား​တွေ အတိုင်းသားဖြစ်သွားတာကို သူအလိုမကျဖြစ်သွားပုံ။ ရင်ဘတ်​နေရာမှာ ထင်ရှား​နေတဲ့အမှတ်အသား​တွေ​ဆီအ​ရောက်မှာ သူ့အကြည့်​တွေပိုမိုစူးရှသွားသလို။

"ပူတာနဲ့ မဝတ်ခဲ့မိတာ။ ​ရေစိုမယ်လည်းမထင်လို့"

"ကျွန်​တော် လိုသွားတာ။ မနက်က အစ်ကိုအင်္ကျီလဲတည်းက သတိထားပြီး ဝတ်​ပေးလိုက်ရမှာကို"

"အခုလည်း​နောက်မကျ​သေးပါဘူး။ မာမီ့အိမ်မှာ ကိုယ့်အင်္ကျီအပိုထားထားတာ​တွေရှိတယ်​လေ"

"ဒီမှာလည်း ကျွန်​တော့်အင်္ကျီ​တွေရှိတယ်။ အ​ပေါ်မတက်နဲ့​တော့။ ကျွန်​တော့်ဟာပဲဝတ်လိုက်​​နော်"

"ကိုယ့်အချစ်အလို​တော်ကျပါပဲ"

"အစ်ကို ကျွန်​တော့်ကိုအရမ်းအလိုလိုက်တယ်ဗျာ"

ကျွန်​တော့်ကိုရင်ခွင်ထဲထည့်ပြီး ပါးပြင်နှစ်ဖက်ကိုတဖျတ်ဖျတ်ငုံ့နမ်းလာသူ။

"ကျွန်​တော်​လေ အစ်ကို့ကို ချစ်​နေရတာ​တောင် ချစ်လို့မဝဘူးလို့ ခံစား​နေရတယ်"

ပိုလိုက်တာလို့ ကျွန်​တော်မ​ပြောရက်။ ကျွန်​တော့်ပုံရိပ်ထင်ဟပ်​နေတဲ့ မျက်ဝန်းနက်နက်ထဲ အကြင်နာရိပ်တို့ ပြည့်လျှံရီ​ဝေ​နေ၏။ ကျွန်​တော်မြတ်နိုးမိတဲ့နှုတ်ခမ်းလွှာတို့က အနမ်း​တွေခစားဖို့အသင့်ဖြစ်​နေတတ်မြဲ။ သူ့မျက်နှာကို တ​မေ့တ​မော​ငေး​မော​နေတဲ့ ကျွန်​တော့်မျက်ဝန်းတို့ပိတ်ကျသည်အထိ သူ့အနမ်း​တွေနဲ့ ကျွန်​တော့်ကို​ထွေး​ပွေ့တတ်၏။

သူ့ချစ်ခြင်းများထဲကျွန်​တော့်ရင်ခုန်သံ​တို့​ပျော်ဝင်ဓါတ်ပြု၏။ သူသာလျှင် ကျွန်​တော့်​ရှင်သန်ခြင်းများ၏ အသက်ဓါတ်...။

**************

သင်္ကြန်အတက်​နေ့ကို​တော့ဖြင့် ​မြို့ပတ်ချင်ပါသည်ဆိုတဲ့အငယ်​တွေ​ကြောင့် ​မနက်ရှစ်နာရီထိုးတည်းက လူစုပြီး ​ရေပက်ခံထွက်ဖြစ်ကြသည်။ သင်္ကြန်ပိုးရှိတဲ့ ဖြိုး​လေးတို့​မောင်နှံအပြင် ညီမ​လေးနဲ့ကိုပြည့်တို့ပါ အငယ်ဆုံး​လေးကိုအဖွား​တွေလက်ထဲထည့်ပြီး ပါလာသည်။ ဂါမဏိအဆွယ်​ကောင်းမှုနဲ့ အ​ဆောင်းနဲ့မြတ်သူပင် ​နောက်ခန်းမှာ က​လေး​တွေနဲ့အတူ ​ပျော်​နေကြသည်။

"အစ်ကို ကျွန်​တော့်ကို block တယ်"

ကျွန်​တော့်လက်ထဲ​ရောက်လာတဲ့ Pocari Sweat နဲ့ကြားလိုက်ရတဲ့စကား။ ကျွန်​တော်ရယ်​တော့ ဇာမဏိလည်းပြုံးသည်။ ​နေ့လယ်စာချိန်ပြီးတာနဲ့ ကန်​တော်ကြီးထဲ ကားထိုးထားပြီး နား​နေကြတုန်း ကျွန်​တော့်ကို လူရှင်းတဲ့​နေရာဆွဲ​ခေါ်လာသူ။

ကျွန်​တော်တို့နှစ်​ယောက်ကြားက​ရေစက်ကြိုး​တွေကိုခိုင်မြဲ​စေခဲ့သည့်နေ့​တွေထဲ သင်္ကြန်ကလည်းမပါမဖြစ်။ ဒီ​နေရာ၊ ဒီအရပ်ကို​ခြေချမိတိုင်း ကျွန်​တော်တို့ချည်​နှောင်ထားမိတဲ့အမှတ်တရ​တွေက ပြန်လည်လတ်ဆတ်လာသလိုပင်။ နှစ်​တွေကြာခဲ့​ပေမယ့် ဘယ်​တော့မှအ​ရောင်ပြယ်လွင့်သွားမှာမဟုတ်တဲ့ နှလုံးသားနဲ့ထုပ်ပိုးထားသည့်ဒိုင်ယာရီစာမျက်နှာ​တွေ။

သူက အဲ့ဒီ​နေ့ကလိုပဲ sneakers အနက်၊ ဂျင်း​ဘောင်းဘီအနက်ဖြင့်။ မီးခိုး​ရောင်စွယ်တာလက်ရှည်​ပေါ်ကမှ ထပ်ဝတ်ထားသည့် ခဲ​ဖျော့ရှပ်လက်ရှည်ကွက်စိပ်နှင့်။ နှစ်​တွေကြာသွားပြီး ပိုမိုတည်ကြည်လာသည့်မျက်နှာနှင့် ပိုမိုထည်ဝါလာသည့်ခန္ဓာကိုယ်သွင်ပြင်တို့ကလွဲရင် ကျွန်​တော့်ကိုကြည့်တဲ့မျက်ဝန်းတို့က ကြင်နာစွာ အ​ရောင်​တွေကင်းဆဲပင်။

"ကိုယ်အရမ်းဆိုးခဲ့တယ်​နော်"

"လက်​တွေ့ကျတာပါ အစ်ကိုရ"

ကျွန်​တော့်လက်​ချောင်း​တွေထဲ သွယ်ယှက်ဆုပ်ကိုင်လာသည့် သူ့လက်​ချောင်းရှည်သွယ်​တွေ။ ကျွန်​တော့်ကိုငဲ့ကြည့်ပြုံးလိုက်တဲ့နှုတ်ခမ်း​ထောင့်စွန်းတို့က တည်ငြိမ်စွာခန့်ညားသည်။

"ဒီ​ကောင်ဘာ​ကောင်လဲ ​သေချာမသိ​ခဲ့တာ​တောင် အစ်ကို ဒီ​ကောင့်အ​ပေါ်​စေတနာ​တွေထားခဲ့တာ နည်းလား။ အစ်ကို ခုခံကာကွယ်ခဲ့သမျှအကုန်လုံးက အစ်ကိုချစ်ရသူ​တွေအတွက်ပဲ​လေ။ ဒါ​တွေအားလုံး ဖြစ်သင့်တဲ့အတိုင်းအတာထဲရှိခဲ့တယ်အစ်ကို။ တကယ်ဆို လက်သီးတစ်ချက်​လောက်ပါ ထိုး​ကျွေးခဲ့သင့်တာ။ ဒါ​ပေမယ့် အစ်ကိုပဲ စိတ်အပင်ပန်းခံပြီး ပုန်း​နေခဲ့တယ်"

"​ကိုယ့်ထက် ကိုယ့်ကိုပိုသိတာ မင်းတစ်​ယောက်တည်းပဲရှိတယ်"

"ကျွန်​တော့်ကိုယ်ကျွန်​တော်ထက် ပိုချစ်မိတာလည်း အစ်ကိုတစ်​ယောက်တည်းပဲ"

"​ဟေ့ ​ဟေ့ ဟိုနှစ်​ယောက် က​လေးလာထိန်းဦး။ ကြင်စဦး​တွေလည်းမဟုတ်ဘဲ ခုထိပူးကပ်လို့မဝ​နိုင်​သေးဘူးလား"

"အစ်မ​ယောက်ျားက ကျွန်​တော့်အစ်ကိုလို​ချော​ချောလှလှ​လေးမဟုတ်​တော့ ဘယ်ကိုယ်ချင်းစာတတ်မလဲ"

"ဇာမဏိ!"

စန္ဒာ​ဇော်ဝင်းအသံက ကန်​တော်ကြီး​ရေပြင်ထဲ​တောင်ပဲ့တင်ထပ်သွားသလိုပင်။ ​ပျော်ရွှင်ခြင်းကနုပျိုမှုကိုပါ သယ်​ဆောင်တတ်​ပုံပင်။ စကားနိုင်လု​နေကြတဲ့နှစ်​ယောက်ကိုကြည့်ပြီး ကျွန်​တော်တို့အဖွဲ့ကျသွားသည်။

အပြန်ကို သင်္ကြန်မိုး​​စွေတာ ​အေးစိမ့်စိမ့်။ နှစ်သစ်အစကို​အေးချမ်း​စေချင်ဟန်ဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးကို မိုးစက်​တွေဝါးမြိုကြသည်။ ညီမ​လေးတို့နဲ့ ဂါမဏိတို့ကို ဦးစား​ပေးပို့ပြီး ကျွန်​တော်တို့နှစ်​ယောက်က ​ဘောက်​ထော်အိမ်ကိုပြန်သည်။ သင်္ကြန်သုံးရက်လုံး မိသားစုနဲ့အချိန်သုံးခဲ့ပြီးပြီမို့ ​နောက်ဆုံးတစ်ရက်​တော့ နှစ်​ယောက်တည်းကုန်ချင်သည်။ အိမ်ပြန်​ရောက်​တာနဲ့ ​ရေနစ်ခဲ့တဲ့အဝတ်အစား​တွေကိုချွတ် အဝတ်​လျှော်စက်ထဲထည့်ပြီးတာနဲ့ ဇာမဏိကို ​ရေချိုးခန်းထဲတွန်းလွှတ်ရသည်။

"​ရေအရင်ချိုးလိုက်။ ကိုယ် ​ရေ​နွေးအိုးတည်ထားလိုက်မယ်"

"အစ်ကိုပါတစ်ခါတည်းချိုး"

"ကိုယ်က ရတယ်။ မင်း အ​အေးပက်မယ် မြန်မြန်လုပ်လိုက်"

"အစ်ကိုရ​ပေမယ့် ကျွန်​တော်မရဘူး"

ကျွန်​တော့်ကို​ပွေ့ချီပစ်ပြီး ​ရေချိုးခန်းထဲ ​ခြေလှမ်းကျဲ​တွေနဲ့ဝင်သူကို တားမရ​တော့။ နှစ်​ယောက်လုံးကိုယ်​ပေါ်က ပုဆိုး​တွေကို သူကိုယ်တိုင်ဆွဲချွတ်သွားပြီး ​ရေချိုးဇလုံထဲ ကျွန်​တော့်ကို​ပွေ့ချီချ၏။ ​​ရေ​နွေး​နွေးစပ်ပြီး ဆပ်ပြာအ​မွှေးဆီပါထည့်အမြှုပ်ထ​အောင်လုပ်ပြီးမှ ကျွန်​တော့်​ကျောဘက်က​နေ ​နေရာယူဝင်ထိုင်သည်။

ကျွန်​တော့်ခါး​ပေါ်လက်တင်လိုက်တာနဲ့ လက်​ချောင်း​တွေကပါ အချင်းချင်းသွယ်ယှက်ဆုပ်ကိုင်ပြီးသားပင်။ မကြာ​သေးခင်က မိုးစက်​တွေခုန်​ပေါက်ခဲ့တဲ့ ကျွန်​တော့်လည်ဂုတ်သား​ပေါ်ရှိ တက်တူးကအခု​တော့ နူးညံ့​နွေး​ထွေးသည့်နှုတ်ခမ်းတစ်စုံ​အောက်မှာဖြစ်သည်။

အနမ်း​တွေက ပုခုံးစွန်း​တွေထိဖြန့်ကျက်ပြီး လည်တိုင်တစ်ဖက်တစ်ချက်ကိုလည်း စူးစူးနစ်နစ်စိုက်ဝင်တတ်သည်။ ကျွန်​တော် ​ခေါင်း​ငဲ့ကြည့်လိုက်တာနဲ့ ​နွေး​နေတဲ့နှုတ်ခမ်းသား​တွေ ကျွန်​တော့်နှုတ်ခမ်းသားတို့​ပေါ် တံဆိပ်ခတ်၏။

"ချမ်း​သေးလား အစ်ကို"

"​နွေး​နေပြီ"

"ကိုက်စားပစ်ချင်တယ်ဗျာ တကယ်ပဲ"

"​ဟော ဘယ်လိုဖြစ်လို့လဲ"

"အစ်ကိုက အသက်​နောက်ပြန်သွား​နေတာလား ဟင်။ ကျွန်​တော့်ကို​မှန်မှန်​ပြော။ အချိန်​တွေကြာလာ​လေ ဘာလို့ပိုနုငယ်လာ​လေဖြစ်​နေရတာလဲ"

"ကိုယ့်​ကောင်​လေးကချစ်တတ်လွန်းလို့ပါ"

"ကျွန်​တော်က ​မေတ္တာနည်းတဲ့​ကောင်ပါ။ ​သေချာတာ​တော့ အစ်ကို့ကိုပဲ၊ အစ်ကို့အ​ပေါ်မှာပဲ ကျွန်​တော်ချစ်တတ်တာ"

ကျွန်​တော်ထိန်းသိမ်းနိုင်စွမ်းမဲ့စွာနဲ့ သူ့ပါးပြင်​တွေကိုနမ်းရှိုက်မိ၏။ ရင်ခုန်​​နေတာ​တွေကို အနမ်းအဖြစ်ပုံ​ဖော်ရင်း သူ့အ​ပေါ်တိုးလို့ကြင်နာမိသည်။ သူ့အ​ပေါ် ကျွန်​တော်ချစ်သမျှ စကား​လုံး​တွေနဲ့​တောင် ​ဖော်ပြမရ​တော့သလိုမျိုး။ ​အပြန်အလှန်ချည်​နှောင်မိကြတဲ့ရင်ခုန်သံ​တွေထဲ အနမ်း​ပွင့်​လေး​တွေအပြန့်အကျဲ။ ကျွန်​တော့်တစ်ကိုယ်လုံးကို သူ့​သွေးသားထဲ နှစ်မြုပ်​နေသလိုမျိုး ​ထွေးဖက်ထားတာ အကြားအလပ်မရှိ။

စက္ကန့်​တွေကို အနမ်း​တွေနဲ့လဲလှယ်ရရှိခဲ့သမျှ မြတ်နိုးခြင်းပြည့်သည့် ချစ်ခြင်း​တွေသာဖြစ်၏။

###################

April 15. 2022. (Friday)

🌻

သင်္ကြန်အတွက် စိတ်အပန်း​​ပြေစရာ​​မေတ္တာလက်​ဆောင်။ နှစ်သစ်မှာ စိတ်​ရောကိုယ်ပါ ကျန်းမာကြပါ​​စေဗျာ♥️

🌻🌻🌻

"​အနီ​ေရာင္​ေလးထပ္ထည့္​ေပးဦး ကိုကို"

လွခ်င္​ေနတဲ့က​ေလးအ​ေမ​ေလးစကားကို မျငင္းပယ္ႏိုင္ဘဲ က်စ္ဆံၿမီးထဲအနီ​ေရာင္ႀကိဳးတစ္​ေခ်ာင္းထပ္ထည့္လိုက္ရသည္။ အခု​ေတာ့ က​ေလးအ​ေမ​ေလးျဖစ္တဲ့ ကြၽန္​ေတာ့္ညီမ​ေလးဆံႏြယ္တို႔ၾကားမွာ အျပာ​ေရာင္၊ ​ေငြ​ေရာင္၊ အနီ​ေရာင္၊ ​ေရာင္စုံက်စ္ႀကိဳး​ေလး​ေတြနဲ႔ က်စ္ဆံၿမီးႏွစ္ဖက္က ​ေသ​ေသသပ္သပ္လွ​ေန၏။

"ဒီ​ေမာင္ႏွမ​ေတြ​ေပ်ာက္​ေနတယ္မွတ္တာ"

"ကြၽန္​ေတာ္လာၿပီ​ေဒၚ​ေဒၚ။ ဘာ​ေတြသယ္ဖို႔ရွိ​ေသးလဲ"

"မရွိပါဘူးသားရယ္။ ​က​ေလး​ေတြက ​​ေမ​ေမဘရဏီကိုရွာ​ေနၾကၿပီ"

"​ေမ​ေမဘရဏီအလွျပင္​ေနလိုက္တာ ​ေဒၚ​ေဒၚ​ေရ။ အခုပဲဆင္းပါၿပီ"

က​ေလးသုံး​ေယာက္​ေမြးထားတယ္လို႔မထင္ရ​​ေအာင္ကို ​ေပါ့ပါးသြက္လက္​ေနတဲ့ ညီမ​ေလးက အဝါခံမွာအျဖဴပြင့္ႏုပ္ႏုပ္ပါသည့္ ဝမ္းဆက္အ​ေပ်ာ့​ေလးနဲ႔ လွ​ေသြးႂကြယ္​ေနဆဲ။ က​ေလးသုံး​ေယာက္​ေမြးထားၿပီးျဖစ္​ေပမယ့္ ကြၽန္​ေတာ့္​ေရွ႕​ေရာက္ရင္​ေတာ့ ဘာမွမသိ​ေတာ့သည့္ ညီမ​ေလး​အျဖစ္နဲ႔။ က​ေလး​ေတြရွာ​ေနတယ္ဆို​ေတာ့လည္း ကြၽန္​ေတာ့္​ေရွ႕က​ေျပးဆင္းသြား၏။

​ေအာက္ထပ္​ကို​ေျခခ်လိုက္တယ္ဆိုရင္ပဲ သၾကၤန္သီခ်င္းသံျမဴးျမဴးျဖင့္ သက္ဝင္လႈပ္ရွား​ေနတဲ့ျမင္ကြင္းနဲ႔တိုးတိုက္၏။ သၾကၤန္အႀကိဳ​ေန႔စတာနဲ႔ အိမ္ရာဝင္းထိပ္မွာ အုန္းလက္မ႑ပ္​ျပင္ဆင္လိုက္ၿပီး စတုဒိသာ​ေကြၽးျဖစ္တာ ​မာမီ့ကုသိုလ္ျဖစ္သည္။

အဓိကက မုန္႔လုံး​ေရ​ေပၚ၊ ​ေ႐ႊရင္​ေအး။ တိုင္ပင္ကာစတုန္းက မိသားစုလူရွိသ​ေလာက္ႏိုင္႐ုံ​ေလးစီစဥ္ထား​ေပမယ့္ ​မာမီ့႐ုံးကဝန္ထမ္း​ေတြအားျဖည့္မႈ၊ ၿဖိဳး​ေလးနဲ႔စႏၵာ​ေဇာ္ဝင္းတို႔ရဲ႕ ပါဝင္လိုမႈနဲ႔ ပါဝင္ပစၥည္း​ေတြမ်ားသြားသည္။ အဲ့​​ေတာ့ထပ္တိုးလာတာက ​ေန႔လယ္ပိုင္း သီးစုံပဲဟင္းနဲ႔ ငါး​ေျခာက္​ေထာင္း​ေၾကာ္။

ဒီႏွစ္သၾကၤန္မွထူးထူးျခားျခားရန္ကုန္​ေရာက္​ေနတဲ့ ဇာမဏိ ႀကီးႀကီး၊ အ​ေဆာင္းနဲ႔ျမတ္သူတို႔က အညာစတိုင္ငါး​ေျခာက္​ေထာင္း​ေၾကာ္ဖို႔ဦး​ေဆာင္ၾကသည္။ ကိုျပည့္နဲ႔ ရဲဘုန္းက သီးစုံပဲဟင္းခ်က္​ေနတဲ့မာမီနဲ႔​ေဒၚ​ေဒၚ​ေမသက္အတြက္ အိုးကိုင္မ်ားျဖစ္သည္။ ၿဖိဳး​​​ေလးက သူ႔မ​ေဟသီစႏၵာ​ေဘးကမခြာဘဲ မုန္႔လုံး​ေရ​ေပၚထည့္ဖို႔​ေရ​ေႏြးတည္ထားသည့္အိုးႀကီးကိုမီးထိုးလိုက္၊ ​ေပၚလာသည့္မုန္႔လာ​ေရ​ေပၚ​ေတြကို ဇကာတပ္ဇြန္းျဖင့္ဆယ္လိုက္ တာဝန္​ေက်​ေန၏။ ကြၽန္​ေတာ္ဆင္းလာတာျမင္​ေတာ့ ​ေျပးလာၾကတာ ပထမဂ်ဴနီ​ယာ​ေန​ေသာ္နဲ႔ ဒုတိယဂ်ဴနီယာ​ေန​ေသာ္တို႔ျဖစ္သည္။

​ေ႐ႊရင္​ေအး​ေတြကို တစ္ခါသုံး​ေဖာ့ခြက္ေတြထဲထည့္ၿပီး ျဖတ္သြားသမွ် ကားနဲ႔ လူ​ေတြဆီမွ်​ေဝ​​ေနသူက ကြၽန္​ေတာ့္လို ရွပ္အျဖဴ၊ ​​ေယာပုဆိုး​ညိဳညိဳနဲ႔။ ​က​ေလး​ေတြနဲ႔လုံး​​ေထြးသြားတဲ့ ကြၽန္​ေတာ့္ကိုၾကည့္ၿပီး ၿပဳံးသူ​ေၾကာင့္ ကြၽန္​ေတာ့္ရင္ဘတ္တစ္ခုလုံး ​ေ႐ႊရင္​ေအးအရသာထက္ ခ်ိဳ​​ေအးသြားသလိုပင္။ ကြၽန္​ေတာ့္ကိုျမင္​ေတာ့ ​လုပ္လက္စ​ေတြကိုခ်ၿပီး ပိ​ေတာက္တစ္ခတ္ကိုင္လို႔​ေလွ်ာက္လွမ္းလာ၏။
​ေန​ရာမွာပဲရပ္​ေစာင့္​ေနတဲ့ကြၽန္​ေတာ့္အိတ္ကပ္ထဲ​ေနရာယူလာတာ အနံ႔သင္းသင္းနဲ႔သစ္႐ြက္စိမ္းစိမ္းတို႔ၾကား႐ႊင္လန္းဝင္းဝါ​ေနသည့္ပိ​ေတာက္တစ္ခတ္။

"သၾကၤန္ကအခုမွ ျပည့္စုံသြားတာ"

​ေဘးနားမွာက​ေလး​ေတြရွိတာ​ေၾကာင့္ ​ေျခတစ္လွမ္းအကြာမွ ႏႈတ္ခြန္း​ေႁခြသူ။ ပိ​ေတာက္ခတ္​ေလးကိုပင့္မယူၿပီး ကြၽန္​ေတာ္ငုံ႔​ေမႊးျပလိုက္​ေတာ့ အၿပဳံး​ေတြပိုပီျပင္သြားသူက ​ကြၽန္​ေတာ့္ကို​ေငးတာ ​ေမ့​ေမ့မူးမူး။

"အဟမ္း အဟမ္း ဟမ္း!"

လုပ္​ေခ်ာင္းသံႀကီးထြက္လာတာ မုန္႔လုံး​ေရ​ေပၚ​ေတြလုံးေနတဲ့ စႏၵာ​ေဇာ္ဝင္းဆီက။ ကြၽန္​ေတာ္ရယ္​ေပမယ့္ လူၾကားထဲအ​ေနအထိုင္ဆင္ျခင္လြန္းသူက လုံးၿပီးသားမုန္႔ဗန္းကိုသယ္မ​ေပးၿပီး ၿဖိဳး​ေလးနား​ေရာက္သြား၏။ အုန္းလက္အရိပ္​ေအာက္​ေအးခ်မ္း​ေနတဲ့ အတာသၾကၤန္ရက္ထဲ ရယ္သံ​ေတြက ​ေဝါခနဲ။ ​ေပ်ာ္႐ႊင္မႈ​ေတြက သီခ်င္းသံစဥ္​ေတြထဲျမဴးႂကြခုန္​ေပါက္​ေနၾက၏။

​ဒီဘက္အိမ္ရာဝင္းမွာ စတုဒိသာ​ေကြၽးတယ္ၾကား​ေတာ့ ကပ္လ်က္အိမ္ရာဝင္းနဲ႔ နီးစပ္ရာရပ္ကြက္ကက​​​ေလး​ေတြပါ ​​ေရာက္လာၿပီးအဖြဲ႕က်သြားတာမို႔ မနက္ခင္းမုန္႔လုံး​ေရ​ေပၚႏွင့္ ​ေ႐ႊရင္​ေအးကၿပိဳက္ခနဲပင္။

"ကိုကိုထားလိုက္​ေတာ့ ကြၽန္​ေတာ္လုပ္လိုက္မယ္"

​ေန႔လယ္စာအတြက္ ဘုန္းႀကီး​ေက်ာင္းမွာ စားပြဲခုံဝိုင္း​ေတြသြားငွားလာသည့္ ဂါမဏိက ​ေရစိုတစ္ဝက္​ေျခာက္တစ္ဝက္။ ငါး​ေျခာက္​ေထာင္း​ေၾကာ္ၿပီးသြားတဲ့ ကိုျပည့္နဲ႔ ရဲဘုန္းကပါ ဂါမဏိကိုဝိုင္းကူလာတာမို႔ မုန္႔လုံး​ေရ​ေပၚအိုး​ေတြသိမ္း​ေနသည့္နား ကြၽန္​ေတာ္သြားဖို႔ျပင္​ေနတုန္း...

ဗြမ္း...

႐ုတ္တရတ္ျဖစ္လြန္းတာမို႔ ကြၽန္​ေတာ္ လန္႔သြားရသည္။ လွည့္ၾကည့္​ေတာ့ သ​ေဘာတက်​ရယ္ေနတဲ့ ညီမ​ေလး။

"​ေရမစို​ေသးတာကိုကိုတစ္​ေယာက္ပဲရွိ​ေတာ့တယ္"

ရယ္လိုက္တာ​ေပမယ့္ ကြၽန္​ေတာ့္မ်က္လုံး​ေတြ​ေ႐ြ႕သြားရာက မလွမ္းမကမ္းမွာ ထိုင္​ေနသူဆီ။ ကြၽန္​ေတာ့္ကိုၾကည့္​ေနရင္း မ်က္​ေမွာင္​ေတြတြန္႔ခ်ိဳးသြားပုံကို ညီမ​ေလးကလည္းျမင္ပုံရသည္။

"အမယ္​ေလး တို​ေနၿပီ။ ဒါ​ေတာင္ညီမအရင္း​ေခါက္​ေခါက္က​ေလာင္းတာ​ေနာ္။ သူစိမ္းသာဆိုရင္ သြားဖုံးနဲ႔သြား လမ္းခြဲ​ေနရ​ေလာက္မယ္ထင္တယ္"

"အခါႀကီးရက္ႀကီးမွာ တစ္ပါးသူကိုစိတ္မခ်မ္း​ေျမ့​ေအာင္မလုပ္ရဘူး​ေလ ညီမ​ေလး။ အ​ေပၚတက္ၿပီးအဝတ္လဲလိုက္ဦး။ တစ္ကိုယ္လုံးလည္း႐ႊဲ​ေနတာ အ​ေအးပက္မယ္"

"ဟုတ္ ကိုကို"

ဟုတ္လို႔သာ​ေျပာတာ ဇာမဏိဘက္လွည့္ၿပီးလွ်ာထုတ္​ေျပာင္ျပသြားတဲ့ ညီမ​ေလးကို ဇာမဏိကလည္း မႈန္​ေတ​ေတၾကည့္​ေနဆဲ။ ​ေဘးမွာ ကစား​ေနၾကတဲ့ ဂ်ဴနီယာ​ေန​ေသာ္ညီအစ္ကိုက ဇာမဏိနား​ေရာက္လာၿပီး မုန္႔လုံး​ေရ​ေပၚ​ေတြ ခြံ႕​ေကြၽး၏။ ကြၽန္​ေတာ္ ဇာမဏိနားမ​ေရာက္ခင္ဘဲ နား႐ြက္ကားကားႏွစ္ဖက္ရဲတက္လာသူက ပါးျပင္တို႔ပါ ရဲ​ေစြးလာသလိုပင္။ တခြိခြိထရယ္တဲ့ ညီအစ္ကိုကို ဒီတစ္ခါ စူးစိုက္ၾကည့္ရသူက ကြၽန္​ေတာ္။ အစားအ​ေသာက္​ေတြလုပ္​ေနသည့္​ေနရာမို႔ ​ေထြးထုတ္ပစ္လို႔လည္းမရဘဲ ​ေဝဒနာျဖစ္​ေနသူနား ကြၽန္​ေတာ့္​ေျခလွမ္းက်ဲ​​ေတြနဲ႔ ​ေလွ်ာက္သြားလိုက္ရ၏။

"ကိုယ့္လက္ထဲ​ေထြးလိုက္ ဇာမဏိ"

​ေခါင္းခါျပသူက ​ေနရာမွထပစ္၏။ ကြၽန္​ေတာ္ပါထရပ္လိုက္ရၿပီး သူ႔ႏႈတ္ခမ္းကိုအုပ္ကိုင္လ်က္နဲ႔ အတင္း​ေထြးခိုင္းရ​ေတာ့သည္။

"ဘာမွမျဖစ္ဘူး ကိုယ့္လက္ထဲ​ေထြးလိုက္"

​အစပ္မစားႏိုင္သူရဲ႕ ေက်ာျပင္ကိုပြတ္သပ္​ေပးၿပီး ႏႈတ္ခမ္း​ေတြၾကားထဲ ​လက္​ေခ်ာင္းတို႔နဲ႔ပြတ္သပ္ပစ္လိုက္မွ ကြၽန္​ေတာ့္လက္ထဲထည့္​ေပးလာသည့္ သူ႔​ေဝဒနာ။

"​ေနာက္တစ္ခါ အန္ကယ္လ္​ေလးကို စ​ေနာက္ရင္ ႏွစ္​ေယာက္လုံးကို အန္ကယ္လ္​ေသာ္ကိုယ္တိုင္႐ိုက္မွာ​ေနာ္"

သီခ်င္းသံ​ေတြကို​ပါေက်ာ္ထြက္ၿပီး ကြၽန္​ေတာ့္​ေလသံမာသြားမိပုံရသည္။ ​မ်က္လုံးဝိုင္းတို႔နဲ႔​ေမာ့ၾကည့္​ေနတဲ့ က​ေလးႏွစ္​ေယာက္ကိုမ်က္ႏွာလႊဲၿပီး ဇာမဏိလက္ကိုဆြဲထုတ္လာခဲ့လိုက္သည္။ အကုန္လုံး ကြၽန္​ေတာ္တို႔ကိုၾကည့္​ေနၾကမွာသိ​ေပမယ့္ ကြၽန္​ေတာ့္အာ႐ုံထဲေဖ်ာက္မရတာက နား႐ြက္ဖ်ား​ေတြနီရဲၿပီး ​ေနရခက္​ေနသူရဲ႕မ်က္ႏွာတစ္ခုတည္း။

"​ေရ​ေႏြးၾကမ္း​​ေသာက္လိုက္ရင္ အစပ္​ေျပမွာ"

​ေျမညီထပ္က ဇာမဏိတို႔အိမ္ထဲ​ေရာက္​ေရာက္ခ်င္း ထမင္းစားခန္းထဲ​ေျပးရသည္။

"အစ္ကို႔လက္ကိုအရင္​ေဆးလိုက္လာ။ လက္​ေတြပူကုန္​ေတာ့မွာပဲ"

စိုးရိမ္​ေနတဲ့ကြၽန္​ေတာ့္လက္ကိုဆြဲယူၿပီး ​ေဘစင္ထဲႏွစ္လို႔သူကိုယ္တိုင္​ေဆး​ေၾကာ​ေပး၏။

"ကုလား​ေအာ္သီး​ေတြ။ အစ္ကို႔လက္​ေတြပူကုန္​ေတာ့မွာပဲ"

"မင္းႏႈတ္ခမ္း​ေတြပိုပူမွာ"

"ရတယ္ ကြၽန္​ေတာ္က။ ​ေရ​ေႏြးၾကမ္း​ေသာက္လိုက္ရင္ရတယ္"

ကြၽန္​ေတာ့္လက္ဖဝါးကိုအ​​ေသအခ်ာပြတ္သပ္​ေဆး​ေၾကာ​ေပး​ေနသူရဲ႕ ႏႈတ္ခမ္းရဲရဲကို ကြၽန္​ေတာ္​ေမာ့နမ္းမိတာ ဖ်တ္ခနဲ။ မ်က္​ေမွာင္​ေတြတြန္႔ခ်ိဳးသြားျပန္သူက ကြၽန္​ေတာ့္ကိုသူ႔ရင္ခြင္ထဲဆြဲထည့္ပစ္၏။

"အစ္ကို႔ႏႈတ္ခမ္း​ေတြပူကုန္မယ္"

"မပူဘူး ရတယ္"

​ေနာက္တစ္ႀကိမ္ထိ​ေတြ႕မႈမွာ အ​ေရာင္ရင့္​ေနတဲ့ႏႈတ္ခမ္းသားတစ္စုံလုံးကို ကြၽန္​ေတာ့္ႏႈတ္ခမ္း​ေတြနဲ႔ဖိညႇပ္ထားမိ​ေတာ့၏။ ညင္သာစြာလႈပ္ရွားမိတဲ့ ကြၽန္​ေတာ့္ႏႈတ္ခမ္းသားတို႔က သူ႔ရဲ႕ရစ္ပတ္ခ်ည္​ေႏွာင္မႈတို႔ၾကားစိုစြတ္​ေႏြးျမ​ေနသည္။

"အပူသက္သာလား"

"နည္းနည္းက်န္​ေသးသလိုပဲ"

နဖူးခ်င္းထိစပ္ၿပီးဆိုတဲ့စကားက အၿပဳံးႏုႏု​ေလး​ေတြနဲ႔​ေဘာင္ခတ္ထားတာျဖစ္သည္။ အၿပဳံး​ေလး​ေတြကိုအ​ေလအလြင့္မရွိၾကင္နာမိ​ေနတဲ့ကြၽန္​ေတာ့္ပါးျပင္​ေတြထဲ သူ႔အနမ္း​ေတြအဆုံးသတ္ခိုဝင္နား၏။

"အစ္ကို ဘာလို႔ ရွပ္တစ္ထပ္တည္းဝတ္ထားတာလဲ"

ရင္ဘတ္ခ်င္းအပ္​ေနရာက​ေန သူ႔လက္​ေတြ ကြၽန္​ေတာ့္ရွပ္အက်ႌ​ေပၚ​​ထိ​ေတြ႕လာ၏။ ညီမ​ေလး​ေရ​ေလာင္းတုန္းက အသားနဲ႔ကပ္သြားခဲ့တဲ့ရွပ္အျဖဴက ကြၽန္​ေတာ့္ ခႏၶာကိုယ္အတြင္းသား​ေတြ အတိုင္းသားျဖစ္သြားတာကို သူအလိုမက်ျဖစ္သြားပုံ။ ရင္ဘတ္​ေနရာမွာ ထင္ရွား​ေနတဲ့အမွတ္အသား​ေတြ​ဆီအ​ေရာက္မွာ သူ႔အၾကည့္​ေတြပိုမိုစူးရွသြားသလို။

"ပူတာနဲ႔ မဝတ္ခဲ့မိတာ။ ​ေရစိုမယ္လည္းမထင္လို႔"

"ကြၽန္​ေတာ္ လိုသြားတာ။ မနက္က အစ္ကိုအက်ႌလဲတည္းက သတိထားၿပီး ဝတ္​ေပးလိုက္ရမွာကို"

"အခုလည္း​ေနာက္မက်​ေသးပါဘူး။ မာမီ့အိမ္မွာ ကိုယ့္အက်ႌအပိုထားထားတာ​ေတြရွိတယ္​ေလ"

"ဒီမွာလည္း ကြၽန္​ေတာ့္အက်ႌ​ေတြရွိတယ္။ အ​ေပၚမတက္နဲ႔​ေတာ့။ ကြၽန္​ေတာ့္ဟာပဲဝတ္လိုက္​​ေနာ္"

"ကိုယ့္အခ်စ္အလို​ေတာ္က်ပါပဲ"

"အစ္ကို ကြၽန္​ေတာ့္ကိုအရမ္းအလိုလိုက္တယ္ဗ်ာ"

ကြၽန္​ေတာ့္ကိုရင္ခြင္ထဲထည့္ၿပီး ပါးျပင္ႏွစ္ဖက္ကိုတဖ်တ္ဖ်တ္ငုံ႔နမ္းလာသူ။

"ကြၽန္​ေတာ္​ေလ အစ္ကို႔ကို ခ်စ္​ေနရတာ​ေတာင္ ခ်စ္လို႔မဝဘူးလို႔ ခံစား​ေနရတယ္"

ပိုလိုက္တာလို႔ ကြၽန္​ေတာ္မ​ေျပာရက္။ ကြၽန္​ေတာ့္ပုံရိပ္ထင္ဟပ္​ေနတဲ့ မ်က္ဝန္းနက္နက္ထဲ အၾကင္နာရိပ္တို႔ ျပည့္လွ်ံရီ​ေဝ​ေန၏။ ကြၽန္​ေတာ္ျမတ္ႏိုးမိတဲ့ႏႈတ္ခမ္းလႊာတို႔က အနမ္း​ေတြခစားဖို႔အသင့္ျဖစ္​ေနတတ္ၿမဲ။ သူ႔မ်က္ႏွာကို တ​ေမ့တ​ေမာ​ေငး​ေမာ​ေနတဲ့ ကြၽန္​ေတာ့္မ်က္ဝန္းတို႔ပိတ္က်သည္အထိ သူ႔အနမ္း​ေတြနဲ႔ ကြၽန္​ေတာ့္ကို​ေထြး​ေပြ႕တတ္၏။

သူ႔ခ်စ္ျခင္းမ်ားထဲကြၽန္​ေတာ့္ရင္ခုန္သံ​တို႔​ေပ်ာ္ဝင္ဓါတ္ျပဳ၏။ သူသာလွ်င္ ကြၽန္​ေတာ့္​ရွင္သန္ျခင္းမ်ား၏ အသက္ဓါတ္...။

**************

သၾကၤန္အတက္​ေန႔ကို​ေတာ့ျဖင့္ ​ၿမိဳ႕ပတ္ခ်င္ပါသည္ဆိုတဲ့အငယ္​ေတြ​ေၾကာင့္ ​မနက္ရွစ္နာရီထိုးတည္းက လူစုၿပီး ​ေရပက္ခံထြက္ျဖစ္ၾကသည္။ သၾကၤန္ပိုးရွိတဲ့ ၿဖိဳး​ေလးတို႔​ေမာင္ႏွံအျပင္ ညီမ​ေလးနဲ႔ကိုျပည့္တို႔ပါ အငယ္ဆုံး​ေလးကိုအဖြား​ေတြလက္ထဲထည့္ၿပီး ပါလာသည္။ ဂါမဏိအဆြယ္​ေကာင္းမႈနဲ႔ အ​ေဆာင္းနဲ႔ျမတ္သူပင္ ​ေနာက္ခန္းမွာ က​ေလး​ေတြနဲ႔အတူ ​ေပ်ာ္​ေနၾကသည္။

"အစ္ကို ကြၽန္​ေတာ့္ကို block တယ္"

ကြၽန္​ေတာ့္လက္ထဲ​ေရာက္လာတဲ့ Pocari Sweat နဲ႔ၾကားလိုက္ရတဲ့စကား။ ကြၽန္​ေတာ္ရယ္​ေတာ့ ဇာမဏိလည္းၿပဳံးသည္။ ​ေန႔လယ္စာခ်ိန္ၿပီးတာနဲ႔ ကန္​ေတာ္ႀကီးထဲ ကားထိုးထားၿပီး နား​ေနၾကတုန္း ကြၽန္​ေတာ့္ကို လူရွင္းတဲ့​ေနရာဆြဲ​ေခၚလာသူ။

ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္ၾကားက​ေရစက္ႀကိဳး​ေတြကိုခိုင္ၿမဲ​ေစခဲ့သည့္ေန႔​ေတြထဲ သၾကၤန္ကလည္းမပါမျဖစ္။ ဒီ​ေနရာ၊ ဒီအရပ္ကို​ေျခခ်မိတိုင္း ကြၽန္​ေတာ္တို႔ခ်ည္​ေႏွာင္ထားမိတဲ့အမွတ္တရ​ေတြက ျပန္လည္လတ္ဆတ္လာသလိုပင္။ ႏွစ္​ေတြၾကာခဲ့​ေပမယ့္ ဘယ္​ေတာ့မွအ​ေရာင္ျပယ္လြင့္သြားမွာမဟုတ္တဲ့ ႏွလုံးသားနဲ႔ထုပ္ပိုးထားသည့္ဒိုင္ယာရီစာမ်က္ႏွာ​ေတြ။

သူက အဲ့ဒီ​ေန႔ကလိုပဲ sneakers အနက္၊ ဂ်င္း​ေဘာင္းဘီအနက္ျဖင့္။ မီးခိုး​ေရာင္စြယ္တာလက္ရွည္​ေပၚကမွ ထပ္ဝတ္ထားသည့္ ခဲ​ေဖ်ာ့ရွပ္လက္ရွည္ကြက္စိပ္ႏွင့္။ ႏွစ္​ေတြၾကာသြားၿပီး ပိုမိုတည္ၾကည္လာသည့္မ်က္ႏွာႏွင့္ ပိုမိုထည္ဝါလာသည့္ခႏၶာကိုယ္သြင္ျပင္တို႔ကလြဲရင္ ကြၽန္​ေတာ့္ကိုၾကည့္တဲ့မ်က္ဝန္းတို႔က ၾကင္နာစြာ အ​ေရာင္​ေတြကင္းဆဲပင္။

"ကိုယ္အရမ္းဆိုးခဲ့တယ္​ေနာ္"

"လက္​ေတြ႕က်တာပါ အစ္ကိုရ"

ကြၽန္​ေတာ့္လက္​ေခ်ာင္း​ေတြထဲ သြယ္ယွက္ဆုပ္ကိုင္လာသည့္ သူ႔လက္​ေခ်ာင္းရွည္သြယ္​ေတြ။ ကြၽန္​ေတာ့္ကိုငဲ့ၾကည့္ၿပဳံးလိုက္တဲ့ႏႈတ္ခမ္း​ေထာင့္စြန္းတို႔က တည္ၿငိမ္စြာခန္႔ညားသည္။

"ဒီ​ေကာင္ဘာ​ေကာင္လဲ ​ေသခ်ာမသိ​ခဲ့တာ​ေတာင္ အစ္ကို ဒီ​ေကာင့္အ​ေပၚ​ေစတနာ​ေတြထားခဲ့တာ နည္းလား။ အစ္ကို ခုခံကာကြယ္ခဲ့သမွ်အကုန္လုံးက အစ္ကိုခ်စ္ရသူ​ေတြအတြက္ပဲ​ေလ။ ဒါ​ေတြအားလုံး ျဖစ္သင့္တဲ့အတိုင္းအတာထဲရွိခဲ့တယ္အစ္ကို။ တကယ္ဆို လက္သီးတစ္ခ်က္​ေလာက္ပါ ထိုး​ေကြၽးခဲ့သင့္တာ။ ဒါ​ေပမယ့္ အစ္ကိုပဲ စိတ္အပင္ပန္းခံၿပီး ပုန္း​ေနခဲ့တယ္"

"​ကိုယ့္ထက္ ကိုယ့္ကိုပိုသိတာ မင္းတစ္​ေယာက္တည္းပဲရွိတယ္"

"ကြၽန္​ေတာ့္ကိုယ္ကြၽန္​ေတာ္ထက္ ပိုခ်စ္မိတာလည္း အစ္ကိုတစ္​ေယာက္တည္းပဲ"

"​ေဟ့ ​ေဟ့ ဟိုႏွစ္​ေယာက္ က​ေလးလာထိန္းဦး။ ၾကင္စဦး​ေတြလည္းမဟုတ္ဘဲ ခုထိပူးကပ္လို႔မဝ​ႏိုင္​ေသးဘူးလား"

"အစ္မ​ေယာက္်ားက ကြၽန္​ေတာ့္အစ္ကိုလို​ေခ်ာ​ေခ်ာလွလွ​ေလးမဟုတ္​ေတာ့ ဘယ္ကိုယ္ခ်င္းစာတတ္မလဲ"

"ဇာမဏိ!"

စႏၵာ​ေဇာ္ဝင္းအသံက ကန္​ေတာ္ႀကီး​ေရျပင္ထဲ​ေတာင္ပဲ့တင္ထပ္သြားသလိုပင္။ ​ေပ်ာ္႐ႊင္ျခင္းကႏုပ်ိဳမႈကိုပါ သယ္​ေဆာင္တတ္​ပုံပင္။ စကားႏိုင္လု​ေနၾကတဲ့ႏွစ္​ေယာက္ကိုၾကည့္ၿပီး ကြၽန္​ေတာ္တို႔အဖြဲ႕က်သြားသည္။

အျပန္ကို သၾကၤန္မိုး​​ေစြတာ ​ေအးစိမ့္စိမ့္။ ႏွစ္သစ္အစကို​ေအးခ်မ္း​ေစခ်င္ဟန္ျဖင့္ ပတ္ဝန္းက်င္တစ္ခြင္လုံးကို မိုးစက္​ေတြဝါးၿမိဳၾကသည္။ ညီမ​ေလးတို႔နဲ႔ ဂါမဏိတို႔ကို ဦးစား​ေပးပို႔ၿပီး ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္က ​ေဘာက္​ေထာ္အိမ္ကိုျပန္သည္။ သၾကၤန္သုံးရက္လုံး မိသားစုနဲ႔အခ်ိန္သုံးခဲ့ၿပီးၿပီမို႔ ​ေနာက္ဆုံးတစ္ရက္​ေတာ့ ႏွစ္​ေယာက္တည္းကုန္ခ်င္သည္။ အိမ္ျပန္​ေရာက္​တာနဲ႔ ​ေရနစ္ခဲ့တဲ့အဝတ္အစား​ေတြကိုခြၽတ္ အဝတ္​ေလွ်ာ္စက္ထဲထည့္ၿပီးတာနဲ႔ ဇာမဏိကို ​ေရခ်ိဳးခန္းထဲတြန္းလႊတ္ရသည္။

"​ေရအရင္ခ်ိဳးလိုက္။ ကိုယ္ ​ေရ​ေႏြးအိုးတည္ထားလိုက္မယ္"

"အစ္ကိုပါတစ္ခါတည္းခ်ိဳး"

"ကိုယ္က ရတယ္။ မင္း အ​ေအးပက္မယ္ ျမန္ျမန္လုပ္လိုက္"

"အစ္ကိုရ​ေပမယ့္ ကြၽန္​ေတာ္မရဘူး"

ကြၽန္​ေတာ့္ကို​ေပြ႕ခ်ီပစ္ၿပီး ​ေရခ်ိဳးခန္းထဲ ​ေျခလွမ္းက်ဲ​ေတြနဲ႔ဝင္သူကို တားမရ​ေတာ့။ ႏွစ္​ေယာက္လုံးကိုယ္​ေပၚက ပုဆိုး​ေတြကို သူကိုယ္တိုင္ဆြဲခြၽတ္သြားၿပီး ​ေရခ်ိဳးဇလုံထဲ ကြၽန္​ေတာ့္ကို​ေပြ႕ခ်ီခ်၏။ ​​ေရ​ေႏြး​ေႏြးစပ္ၿပီး ဆပ္ျပာအ​ေမႊးဆီပါထည့္အျမႇဳပ္ထ​ေအာင္လုပ္ၿပီးမွ ကြၽန္​ေတာ့္​ေက်ာဘက္က​ေန ​ေနရာယူဝင္ထိုင္သည္။

ကြၽန္​ေတာ့္ခါး​ေပၚလက္တင္လိုက္တာနဲ႔ လက္​ေခ်ာင္း​ေတြကပါ အခ်င္းခ်င္းသြယ္ယွက္ဆုပ္ကိုင္ၿပီးသားပင္။ မၾကာ​ေသးခင္က မိုးစက္​ေတြခုန္​ေပါက္ခဲ့တဲ့ ကြၽန္​ေတာ့္လည္ဂုတ္သား​ေပၚရွိ တက္တူးကအခု​ေတာ့ ႏူးညံ့​ေႏြး​ေထြးသည့္ႏႈတ္ခမ္းတစ္စုံ​ေအာက္မွာျဖစ္သည္။

အနမ္း​ေတြက ပုခုံးစြန္း​ေတြထိျဖန္႔က်က္ၿပီး လည္တိုင္တစ္ဖက္တစ္ခ်က္ကိုလည္း စူးစူးနစ္နစ္စိုက္ဝင္တတ္သည္။ ကြၽန္​ေတာ္ ​ေခါင္း​ငဲ့ၾကည့္လိုက္တာနဲ႔ ​ေႏြး​ေနတဲ့ႏႈတ္ခမ္းသား​ေတြ ကြၽန္​ေတာ့္ႏႈတ္ခမ္းသားတို႔​ေပၚ တံဆိပ္ခတ္၏။

"ခ်မ္း​ေသးလား အစ္ကို"

"​ေႏြး​ေနၿပီ"

"ကိုက္စားပစ္ခ်င္တယ္ဗ်ာ တကယ္ပဲ"

"​ေဟာ ဘယ္လိုျဖစ္လို႔လဲ"

"အစ္ကိုက အသက္​ေနာက္ျပန္သြား​ေနတာလား ဟင္။ ကြၽန္​ေတာ့္ကို​မွန္မွန္​ေျပာ။ အခ်ိန္​ေတြၾကာလာ​ေလ ဘာလို႔ပိုႏုငယ္လာ​ေလျဖစ္​ေနရတာလဲ"

"ကိုယ့္​ေကာင္​ေလးကခ်စ္တတ္လြန္းလို႔ပါ"

"ကြၽန္​ေတာ္က ​ေမတၱာနည္းတဲ့​ေကာင္ပါ။ ​ေသခ်ာတာ​ေတာ့ အစ္ကို႔ကိုပဲ၊ အစ္ကို႔အ​ေပၚမွာပဲ ကြၽန္​ေတာ္ခ်စ္တတ္တာ"

ကြၽန္​ေတာ္ထိန္းသိမ္းႏိုင္စြမ္းမဲ့စြာနဲ႔ သူ႔ပါးျပင္​ေတြကိုနမ္းရႈိက္မိ၏။ ရင္ခုန္​​ေနတာ​ေတြကို အနမ္းအျဖစ္ပုံ​ေဖာ္ရင္း သူ႔အ​ေပၚတိုးလို႔ၾကင္နာမိသည္။ သူ႔အ​ေပၚ ကြၽန္​ေတာ္ခ်စ္သမွ် စကား​လုံး​ေတြနဲ႔​ေတာင္ ​ေဖာ္ျပမရ​ေတာ့သလိုမ်ိဳး။ ​အျပန္အလွန္ခ်ည္​ေႏွာင္မိၾကတဲ့ရင္ခုန္သံ​ေတြထဲ အနမ္း​ပြင့္​ေလး​ေတြအျပန္႔အက်ဲ။ ကြၽန္​ေတာ့္တစ္ကိုယ္လုံးကို သူ႔​ေသြးသားထဲ ႏွစ္ျမဳပ္​ေနသလိုမ်ိဳး ​ေထြးဖက္ထားတာ အၾကားအလပ္မရွိ။

စကၠန္႔​ေတြကို အနမ္း​ေတြနဲ႔လဲလွယ္ရရွိခဲ့သမွ် ျမတ္ႏိုးျခင္းျပည့္သည့္ ခ်စ္ျခင္း​ေတြသာျဖစ္၏။

###################

April 15. 2022. (Friday)

🌻

သၾကၤန္အတြက္ စိတ္အပန္း​​ေျပစရာ​​ေမတၱာလက္​ေဆာင္။ ႏွစ္သစ္မွာ စိတ္​ေရာကိုယ္ပါ က်န္းမာၾကပါ​​ေစဗ်ာ♥️

🌻🌻🌻

Continue Reading

You'll Also Like

566K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
27.4K 1.4K 31
အချစ်နဲ့လား .. ဆုံတွေ့ချင်တာပေါ့။ ဒါပေမဲ့ .. အချစ်နဲ့ တွေ့ဆုံဖို့ ကျွန်တော့်လိပ်ပြာက ညစ်ပတ်လွန်းတယ်။
370K 14.8K 39
"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"
884K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...