🍼 ဘယ်လိုတောင်းပန်ဖို့ စီစဉ်ထားလဲ? • 2 | (Uni)
[ ဖိန်ချိုး : ညီအစ်ကို၊ ညီအစ်ကို ၊မင်း မသွားပါနဲ့! ]
[ ဖိန်ချိုး : နောက်ဆုံးရသတင်းတွေအရ ချိယွီကဆရာများရုံးခန်းကို သွားခဲ့တယ်တဲ့။တစ်ယောက်ယောက်က သူစာမေးပွဲပြန်ဖြေနေတာကိုတွေ့ ခဲ့တယ်ပြောတယ်၊ သူဘာသာသူဖြေရှင်းနိုင်ပါစေကွာ ။ ]
ဟယ်ကျိုးက မက်ဆေ့ကိုငုံ့ကာတစ်ချက်ကြည့်လိုက်ပြီး စာပြန်လိုက်တယ်။ [ ငါသိတယ်။]
သူ စာပြန်လိုက်ပြီးနောက် ဖုန်းကို သူ့အိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။
သူက ခုချိန်မှာ ဆရာများရုံးခန်းရဲ့အပြင်ကိုရောက်နေပြီဖြစ်ပေမယ့် ခုထိ အထဲမဝင်ရသေးဘူးဖြစ်တယ်။အဲ့ဒီအစား သူက လျှောက်လမ်းမှာသာ မတ်တပ်ရပ်နေခဲ့တယ်။
ပြတင်းပေါက်ကနေတဆင့်၊ အထဲကမြင်ကွင်းကို သူရှင်းရှင်းလင်းလင်းကို မြင်ရနိုင်တယ်။ဆရာအားလုံးက သူတို့ကိစ္စနဲ့သူတို့ အလုပ်ရှုပ်နေကြပြီး ၊ တစ်ခါတစ်လေမှာ နာရီကိုတစ်ချက်ကြည့်ကာ ချိယွီကို ကြည့်တတ်ကြသေးသည်။
ချိယွီက ခေါင်းငုံ့ကာ အခန်းရဲ့အလည်မှာထိုင်နေတာဖြစ်ပြီး ၊ ဟယ်ကျိုးဖက်ကနေဆိုရင် သူ ချိယွီရဲ့ခေါင်းအနောက်နဲ့၊ သွယ်လျပြီးအထိအခိုက်လွယ်တဲ့ လည်တိုင်၊ ပျံထွက်တော့မယောင် ဘောပင်တို့ကိုသာ မြင်တွေ့နိုင်တာဖြစ်တယ်။
သူက ရုံးခန်းတစ်ခုလုံးရဲ့ အချက်အခြာဖြစ်တယ်။
ပြီးတော့ ၊ တစ်ကျောင်းလုံးရဲ့ အဓိကဇာတ်ကောင် ဖြစ်လို့နေတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လုံး၊ ဟယ်ကျိုး ဘယ်ဘဲသွားသွား ချိယွီရဲ့နာမည်ကိုဘဲ ကြားနေရတယ်။ချိယွီကို ချီးကျူးတဲ့သူတွေရှိသလို ရှုတ်ချကာကဲ့ရဲ့တဲ့သူတွေလည်း ရှိကြတယ်။ ကျောင်းဝင်း ဖိုရမ်မှာတော့ ၊ ခေါင်းစဉ်တိုင်းက ချိယွီနဲ့ပတ်သက်လို့နေတယ်။
အတိုချုပ်ပြောရရင်၊ ကျောင်းမှာ ချိယွီနာမည်ကို မကြားဖူးတဲ့သူ၊ မသိသေးတဲ့သူ တစ်ယောက်တစ်လေပင် မရှိပေ။
ဟယ်ကျိုးက စုပ်တစ်ချက်သတ်လိုက်ကာ သူ့ရဲ့အကြည့်တွေကတော့ ရုံးခန်းအလယ်မှာ စာမေးပွဲထဲနစ်မြုပ်နေတဲ့ လူဆီမှာသာ သော့ခတ်* လို့ထားတာဖြစ်တယ်။
( T/N : ချိယွီဆီက လုံးဝအကြည့်မလွဲဘဲ သူ့အကြည့်တွေကို အဲ့လူပေါ်မှာသာ အကျဉ်းချ၊လော့ချထားတာကိုပြောတာပါ။)
ဘာလို့ ဒီလူက ရုတ်တရက်ကြီး အရမ်းကို လူတိုင်းရဲ့အကြည့်တွေကိုဖမ်းစားလို့နေရတာလဲ?
သူက ဗွက်အိုင်ထဲက စိန်တုံး လေးလိုဘဲ၊ အညစ်အကြေးတွေကင်းစင်သွားတာနဲ့ သူ့ရဲ့ရောင်ခြည်တွေက တောက်ပလာပြီး လူတိုင်းရဲ့အကြည့်ကိုတစ်ခါတည်းနဲ့ဆွဲဆောင်ဖမ်းစား နိုင်တယ်။
ပြီးတော့ ဟယ်ကျိုး၊ သူကိုယ်တိုင်ကလည်းပဲ ဒီရတနာလေးကို စွဲလန်းနေတဲ့ အဖွဲ့အစည်းရဲ့ အခြားအဖွဲ့ဝင်တစ်ယောက် ဖြစ်လို့နေတယ်။
ဟယ်ကျိုးရဲ့ မျက်ခုံးတန်းတွေဟာ တဖြည်းဖြည်းတွန့်ချိုးလို့လာကာ ၊ မသက်မသာ ခံစားလာရတယ်။
ဒါပေမယ့်လဲ၊ မကြာခင်မှာဘဲ ချိယွီကို သူအမှတ်အသားပေးထားပြီးသားဆိုတာကို အမှတ်ရလိုက်တာကြောင့် သူ့မျက်ခုံးတန်းတွေဟာလဲ ပြေလျော့သွားခဲ့တယ်။
အဲ့ဒါက သူကိုယ်တိုင်ချန်ထားခဲ့တဲ့ အမှတ်အသားဘဲ။
သူ့(ချိယွီ)ကိုယ်မှာ သူ့အမှတ်ရှိနေသ၍ ချိယွီဟာ အခုနဲ့အနာဂတ်မှာ ဘယ်လောက်ဘဲတောက်ပနေပါစေ ၊ ချိယွီက သူ့ရဲ့လူသားလေးဘဲ ။ သူ့ရဲ့ Omega ဘဲ။ ပြီးတော့ ဒါကို ဘယ်သူမှ ပြောင်းလဲလို့မရနိုင်ဘူး။
နောက်တစ်ခုကတော့၊ ချိယွီက သူ့ကို ကြိုက်နေတုန်းဘဲလေ...
-----
ရုံးခန်းထဲမှာတော့ ၊ ချိယွီက သူ့ရဲ့ လက်ကောက်ဝတ်ကို ခါလိုက်တယ်။
ဒီမေးခွန်းတွေရဲ့ ခက်ခဲမှုကတော့ တစ်ကယ့်ကို ပုံမှန်ဖြေနေကျ လပတ်စာမေးပွဲမေးခွန်းတွေထက် အတော်လေးကိုမြင့်တာဘဲ။စာရေးတာထက်စာရင် step တွေနဲ့ပတ်သက်လို့ စိတ်အနှောက်အယှက်ဖြစ်ရပေမဲ့ သူ့လက်တွေက တဖြည်းဖြည်းနဲ့ အရမ်းကိုနာကျင်လာခဲ့တယ်။ အနီးဆုံးဆရာကို လှမ်းခေါ်လိုက်ပြီး စာရေးခိုင်းကာ တိုက်ရိုက် အမိန့်ပေးလိုက်ဖို့ သူ့ရင်ထဲမှာ တွန်းအားတစ်ခုဖြစ်တည်လာခဲ့တယ်။
"ပြီးသွားပြီလား?"
သူ ရပ်လိုက်တာကိုမြင်တာနဲ့၊ ဆရာတွေအားလုံးက သူ့ကိုကြည့်ကာ အာရုံစိုက်လာကြတယ်။
ချိယွီက ခေါင်းခါပြလာတယ်။ "မပြီးသေးဘူး။ ခဏလောက်တော့ ကြာအုံးမယ်"
လမ်းခုလတ်ကနေပြန်လာခဲ့တဲ့ ဆရာမချူးက ၊ အံဆွဲထဲကနေ ရေဘူးတစ်ဘူး ထုတ်လိုက်ကာ ချိယွီရဲ့စားပွဲပေါ်တင်ပေးလိုက်တယ်။ "ကောင်းပြီ ၊ ကောင်းပြီ။ မင်းအချိန်ယူလို့ရပါတယ်။ ဆရာမတို့ မင်းကိုမနှောက်ယှက်ပါဘူး"
ချိယွီက ခေါင်းမော့ပြီးကြည့်လာကာ : "ကျေးဇူးပါ"
သူက ခေါင်းငုံ့ပြီး ဆက်ဖြေမလို့ပေမယ့်၊ သူ့မျက်လုံးထောင့်ကနေ ပြတင်းပေါက်နားမှာ လူတစ်ယောက်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရတယ်။
သူ ခေါင်းမော့လိုက်ပြီး ၊ ပြတင်းပေါက်နားကို သေချာစိုက်ကြည့်လိုက်ပေမယ့် ၊ ဘာမှမတွေ့ရတော့ဘူးဖြစ်တယ်။
ချိယွီက သူအမြင်မှားသွားတယ်လို့ ထင်လိုက်တာကြောင့် ၊ ထပ်တွေးမနေတော့ဘဲ ၊ စာမေးပွဲကိုသာ ပြန်အာရုံစိုက်လိုက်တယ်။
နာရီလက်တံက ပုံမှန်လည်ပတ်လို့နေကာ ၊ အချိန်တွေဟာလဲ တဖြည်းဖြည်းချင်းဘဲ ကုန်လွန်လာခဲ့တယ်။
ဆရာတစ်ချို့က အတန်းများရှိနေသေးတာကြောင့် ထွက်သွားကြပြီဖြစ်ပြီး ၊ လူအနည်းငယ်လောက်သာ ရုံးခန်းထဲ ကျန်ရှိနေတော့တာဖြစ်တယ်။
ဆရာမချူးက သူမရဲ့ သင်ခန်းစာအစီအစဉ်ကို ဆက်ပြီး အာရုံစိုက်မနေနိုင်တော့တာကြောင့် သူမရဲ့စားပွဲရှေ့မှာသာထိုင်ကာ ချိယွီပြီးတဲ့အထိ စောင့်နေလိုက်တော့တယ်။
ဆရာ ယုစုန်းကလဲ ထို့အတူပါပင်။သူ့မှာ နေ့လယ်ခင်းအတန်းရှိပေမယ့်လဲ တခြားဆရာတစ်ယောက်နဲ့ညှိလိုက်တာကြောင့် ဆက်စောင့်နေနိုင်တာဖြစ်တယ်။
အချိန်အတော်ကြာကြာစောင့်ပြီးနောက်၊ နောက်ဆုံးမှာတော့ ချိယွီက သူ့ရဲ့ဘောပင်ကို ချလိုက်တယ်။
အခန်းထဲက ဆရာတွေက မတ်တပ်ထရပ်လာကြပြီး၊ ချိယွီဆီလျှောက်လာကာ ၊ သူ့ရဲ့အဖြေလွှာကိုကြည့်လာကြတယ်။
"အားလုံးဖြေပြီးသွားပြီလား?"
ချိယွီက ခေါင်းငြိမ့်ပြလိုက်တယ်။"ဟုတ်"
"67မိနစ်ဘဲ ကြာလိုက်တယ်။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ။အာ"
"လောင်ယု* ၊ မြန်မြန် သူ့အတွက်အဖြေလွှာစစ်ပေးလိုက်တော့။ငါမကြာခင်အတန်းသွားရတော့မှာ၊ ဒါကြောင့် အတန်းမသွားခင် သူ့ရဲ့resultကို ငါကြည့်သွားပါရစေ။အိုကေ?"
( T/ N : လောင် 'လောင်ယု' =ကိုယ့်ထက် အသက်အရွယ်ကြီးရင့်တဲ့သူတွေကို သုံနှုန်းလေ့ရှိတဲ့ နာမ်စား။ အများအားဖြင့် ရွယ်တူများကြားတွင်လည်း ရင်းနှီးမှုနှင့် ခင်မင်မှုကို ဖော်ပြခြင်းအဖြစ် သုံးသည်။ )
"ပထမအကြည့်တစ်ချက်နဲ့တင် အဆင်ပြေနေပြီးသားဘဲ။အမှတ်130ကတော့ သေချာနေပြီထင်တယ်"
ယုစုန်းက အမှားအယွင်းတွေကို ခြစ်ချဖို့ မှင်နီကို အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ပေမယ့်လည်း တစ်ကြိမ်တောင် အသုံပြုဖို့ အခွင့်အရေး မရလိုက်ပေ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ၊ ယုစုန်းက ချိယွီ ရဲ့ အဆင့်ကို ခန့်မှန်းနိုင်နေပြီဖြစ်ပြီး၊ သူက ဒီစာမေးပွဲအတိအကျကို ကော်ပီရာနဲ့ချီပြီး အဆင့်မှတ်ခဲ့ဖူးတာကြောင့် အဖြေတွေကို သူ့လောက်ဘယ်သူမှ ပိုမရင်းနှီးနိုင်တော့ပေ ။
သူက ချိယွီရဲ့ အဖြေလွှာကိုသေချာစစ်ဆေးကြည့်နေပေမယ့်လဲ အမှားလေးတစ်ခုတောင် ရှာမတွေ့ပေ။
ဒါ့အပြင် ချိယွီဖြေဆိုခဲ့တာက အရမ်းမြန်လွန်းတယ်။ ပြီးတော့ ပြဿနာတိုင်းအတွက် မေးခွန်းကိုတစ်ချက်ဖတ်လိုက်ရုံနဲ့ ချိယွီမှာမှန်ကန်တဲ့အဖြေတွေရှိလို့နေတယ်။ လျင်မြန်စွာ တွေးခေါ်နိုင်စွမ်းက Alpha ကျောင်းသားများကြားတွင်ပင် ရှားပါးသည်ဟုဆိုရမည်ဖြစ်သည်။
ယုစုန်းရဲ့ အသားအရေက ဖြူဖျော့လို့လာခဲ့တယ်။
သူမှားသွားပြီ။
သူက Omegaတွေကို အထင်သေးခဲ့ပြီး၊ ချိယွီကိုလည်း အထင်သေးခဲ့မိတယ်။
တစ်မိနစ်ကြာပြီးနောက်မှာဘဲ၊ အမှတ်ပေးတဲ့လုပ်ငန်းစဉ် ပြီးစီးသွားခဲ့ပြီဖြစ်သည်။
ယုစုန်းက လက်ထဲကမှင်နီကို အောက်ချလိုက်ကာ သူ့မျက်နှာက ဖြူဖျော့လို့နေတယ်။"အားလုံးမှန်တယ်"
ယုစုန်းကိုကြည့်လိုက်ပြီး၊ ချိယွီက ဆရာ့ရုံးခန်းကို ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြုံးပြလာခဲ့တယ်။
သူ့ရဲ့ မျက်ဝန်းတွေက ကွေးညွတ်နေပြီး၊ သူ့ရဲ့ မျက်နှာပေါ်ကအပြုံးလေးဟာလည်း အန္တရာယ်ကင်းလို့နေကာ ၊ သူ့လေသံနဲ့ စကားလုံးတွေက ရွှတ်နောက်နောက်ဖြစ်လို့နေတယ်။သို့ပေမယ့်လည်း၊ သူ့ပြောနေတဲ့အကြောင်းအရာက ယုစုန်းရဲ့နှလုံးသားတည့်တည့်ကို ရိုက်ခတ်သွားနိုင်ခဲ့တယ်။
"ဒီတော့ ၊ ဆရာ ဘယ်လိုတောင်းပန်ဖို့ စီစဉ်ထားလဲခင်ဗျ?"
-----
စီနီယာ အခန်း3,အတန်းဆင်းပြီးနောက်။
ကောင်လေးတစ်ယောက်က စုန်ချမ်းရဲ့လက်မောင်းကို ထိကိုင်လိုက်ကာ : "မင်းဘာလို့မှိုင်နေရတာလဲ? ဘာတွေစဉ်းစားနေတာများလဲ?"
စုန်ချမ်းက သူ့ပါးကို လက်တစ်ဖက်တည်းနဲ့ အုပ်ထားကာ ၊ စိတ်ဓာတ်ကျနေတဲ့မျက်နှာဖြင့် သက်ပြင်းချလိုက်တယ်။
"ငါစဉ်းစားနေတာက ၊ ဘယ်နေရာမှာ၊ ဘယ်လိုအနေအထားနဲ့ ၊ ဘယ်လောက်ထိကျယ်အောင် ချိယွီကို 'ဒယ်ဒီ' လို့ အော်ခေါ်ရမလဲ လို့ပါ"
"မင်း အရှုံးပေးလိုက်ပြီလား?"
စုန်ချမ်းက နှာမှုတ်လိုက်ကာ : "ငါသူ့ဘေးနားမှာထိုင်ခဲ့တာကွ ။ သူခိုးချ၊မချ ငါရှင်းရှင်းလင်းလင်းမသိဘူးလို့ မင်းထင်နေတာလား?"
"ဒါဆို၊ မင်း ရလဒ်တွေတရားဝင်ထွက်လာချိန်အထိ စောင့်သင့်တာပေါ့။ ရလဒ်မထွက်သေးဘဲ လက်နက်ချဖို့က စောသေးတယ်မလား——"
"ဘန်း" ဆိုတဲ့ ကျယ်လောင်သောအသံနဲ့အတူ အခန်းတံခါးက ရုတ်တရက်ကြီးပွင့်လာခဲ့တယ်။
အားလုံးရဲ့အမြင်မှာတော့ ၊ ချိယွီက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထိုးထားကာ မြင့်မြတ်တဲ့အရောင်အဝါတွေနဲ့ အခန်းထဲ လျှောက်ဝင်လာခဲ့တယ်။
သူ့ခုံသူပြန်ရောက်သွားတာနဲ့၊ စုန်ချမ်းက အနောက်ကိုမှီချလာကာ အစမ်းသဘောနဲ့မေးကြည့်လိုက်တယ်။
"ငါ...ငါ ပြောခဲ့တာတွေကိုပြောင်းလဲပြီး မင်းကို 'ဒယ်ဒီ' လို့ခေါ်ဖို့လိုသေးလား?"
ချိယွီက နှုတ်ခမ်းသပ်လိုက်ကာ အပြုံးလေးနဲ့ပြောလာခဲ့တယ်။"သားလေး ၊ လိမ္မာစမ်းပါ"
စုန်ချမ်းက ခုံကိုရိုက်ကာ : "ငါသိသားဘဲ!"
စုန်ချမ်းနဲ့ခုနကမှ စကားပြောခဲ့တဲ့ကောင်လေးက တံတွေးမျိုချလိုက်ကာ ၊ တိတ်ဆိတ်စွာနဲ့ သူ့ရဲ့လက်မ နှစ်ချောင်းကိုဆန့်ထုတ်လိုက်ပြီး စုန်ချမ်းကိုထောင်ပြလိုက်တယ်။
"ဖာ့ခ် ဖာ့ခ်! အားလုံး ဖိုရမ်ဆီသွားကြ ! တစ်ယောက်ယောက်က rankingကို ပုံရိုက်တင်လိုက်ပြီ ! "
ဘယ်သူ ထအော်လိုက်သလဲတော့ မကွဲပြားပေမယ့်၊ ကျောင်းသားအားလုံးက စာဆက်မလုပ်ချင်တော့တာကြောင့် ဖိုရမ်ကိုဖွင့်ကြည့်ဖို့ သူတို့ရဲ့ဖုန်းတွေကိုထုတ်လိုက်ကြတယ်။
[ ခေါင်းစဉ် : ငါဘဲ မျက်လုံးကန်းနေတာလား၊ ဒါမှမဟုတ် ကျောင်းရဲ့systemကဘဲ ပျက်နေတာလား???{ပုံ} ၊ {ပုံ} ]
[1st Floor : ဖာ့ခ်မီ ၊ ငါရူးနေတာဘဲဖြစ်ရမယ်!]
[2nd Floor : ချိယွီက ပထမရတယ်? Omegaက ပထမရတယ်? 476?? ဝှက်သယ်ဟဲ ??]
[3rd Floor : ဒီပုံက photoshopထားတာလား?]
[4th Floor : မင်းခေါင်းကိုဘဲသွား photoshop နေလိုက်၊အာ ။ ငါတို့ ဆရာကိုယ်တိုင်က သူပထမရတယ်လို့ ခုလေးတင်အတည်ပြုပေးခဲ့တာကွ!]
[5th Floor : ဟားဟားဟားဟားဟား။Alphaတွေအားလုံးက အကျင့်မကောင်းကြဘူးဘဲ။ဘာကပြဿနာများလဲ?အဟားဟား၊ ဒါက မင်းကို ရူးသွပ်စေတယ်၊ မဟုတ်လား၊ မင်းခေါင်းကို ခွဲပစ်လိုက်ပေါ့ !]
-----
-----
[36th Floor [ ချိယွီ ] : @ဖူးချီလု , @ယုရှင်ချန်း , @ကျန်းချီ...]
Group Number : One, Two, Three,Four,Five,Six.
မင်းတို့အားလုံး ငါ့ရဲ့အဖွဲ့ထဲကတစ်ဖွဲ့ထဲမှာjoinကြပြီး ၊ ရက်နဲ့နေရာချိန်းကြတာပေါ့။ ငါလည်း Alphaတွေရဲ့ Handstand Shampoo Showကို ကြည့်ချင်နေတာနဲ့အတော်ဘဲ။
===================================
-Words : 2033
-15,4,2022 (Fri)
=================================
🍼 ဘယ္လိုေတာင္းပန္ဖို႔ စီစဥ္ထားလဲ? • 2 | ( Zaw)
[ ဖိန္ခ်ိဳး : ညီအစ္ကို၊ ညီအစ္ကို ၊မင္း မသြားပါနဲ႔! ]
[ ဖိန္ခ်ိဳး : ေနာက္ဆုံးရသတင္းေတြအရ ခ်ိယြီကဆရာမ်ား႐ုံးခန္းကို သြားခဲ့တယ္တဲ့။တစ္ေယာက္ေယာက္က သူစာေမးပြဲျပန္ေျဖေနတာကိုေတြ႕ ခဲ့တယ္ေျပာတယ္၊ သူဘာသာသူေျဖ႐ွင္းႏိုင္ပါေစကြာ ။ ]
ဟယ္က်ိဳးက မက္ေဆ့ကိုငုံ႔ကာတစ္ခ်က္ၾကည့္လိုက္ၿပီး စာျပန္လိုက္တယ္။ [ ငါသိတယ္။]
သူ စာျပန္လိုက္ၿပီးေနာက္ ဖုန္းကို သူ႕အိတ္ကပ္ထဲျပန္ထည့္လိုက္တယ္။
သူက ခုခ်ိန္မွာ ဆရာမ်ား႐ုံးခန္းရဲ႕အျပင္ကိုေရာက္ေနၿပီျဖစ္ေပမယ့္ ခုထိ အထဲမဝင္ရေသးဘူးျဖစ္တယ္။အဲ့ဒီအစား သူက ေလွ်ာက္လမ္းမွာသာ မတ္တပ္ရပ္ေနခဲ့တယ္။
ျပတင္းေပါက္ကေနတဆင့္၊ အထဲကျမင္ကြင္းကို သူ႐ွင္း႐ွင္းလင္းလင္းကို ျမင္ရႏိုင္တယ္။ဆရာအားလုံးက သူတို႔ကိစၥနဲ႔သူတို႔ အလုပ္႐ႈပ္ေနၾကၿပီး ၊ တစ္ခါတစ္ေလမွာ နာရီကိုတစ္ခ်က္ၾကည့္ကာ ခ်ိယြီကို ၾကည့္တတ္ၾကေသးသည္။
ခ်ိယြီက ေခါင္းငုံ႔ကာ အခန္းရဲ႕အလည္မွာထိုင္ေနတာျဖစ္ၿပီး ၊ ဟယ္က်ိဳးဖက္ကေနဆိုရင္ သူ ခ်ိယြီရဲ႕ေခါင္းအေနာက္နဲ႔၊ သြယ္လ်ၿပီးအထိအခိုက္လြယ္တဲ့ လည္တိုင္၊ ပ်ံထြက္ေတာ့မေယာင္ ေဘာပင္တို႔ကိုသာ ျမင္ေတြ႕ႏိုင္တာျဖစ္တယ္။
သူက ႐ုံးခန္းတစ္ခုလုံးရဲ႕ အခ်က္အျခာျဖစ္တယ္။
ၿပီးေတာ့ ၊ တစ္ေက်ာင္းလုံးရဲ႕ အဓိကဇာတ္ေကာင္ ျဖစ္လို႔ေနတယ္။
လြန္ခဲ့တဲ့ ႏွစ္ရက္လုံး၊ ဟယ္က်ိဳး ဘယ္ဘဲသြားသြား ခ်ိယြီရဲ႕နာမည္ကိုဘဲ ၾကားေနရတယ္။ခ်ိယြီကို ခ်ီးက်ဴးတဲ့သူေတြ႐ွိသလို ႐ႈတ္ခ်ကာကဲ့ရဲ႕တဲ့သူေတြလည္း ႐ွိၾကတယ္။ ေက်ာင္းဝင္း ဖိုရမ္မွာေတာ့ ၊ ေခါင္းစဥ္တိုင္းက ခ်ိယြီနဲ႔ပတ္သက္လို႔ေနတယ္။
အတိုခ်ဳပ္ေျပာရရင္၊ ေက်ာင္းမွာ ခ်ိယြီနာမည္ကို မၾကားဖူးတဲ့သူ၊ မသိေသးတဲ့သူ တစ္ေယာက္တစ္ေလပင္ မ႐ွိေပ။
ဟယ္က်ိဳးက စုပ္တစ္ခ်က္သတ္လိုက္ကာ သူ႕ရဲ႕အၾကည့္ေတြကေတာ့ ႐ုံးခန္းအလယ္မွာ စာေမးပြဲထဲနစ္ျမဳပ္ေနတဲ့ လူဆီမွာသာ ေသာ့ခတ္* လို႔ထားတာျဖစ္တယ္။
( T/N : ခ်ိယြီဆီက လုံးဝအၾကည့္မလြဲဘဲ သူ႕အၾကည့္ေတြကို အဲ့လူေပၚမွာသာ အက်ဥ္းခ်၊ေလာ့ခ်ထားတာကိုေျပာတာပါ။)
ဘာလို႔ ဒီလူက ႐ုတ္တရက္ႀကီး အရမ္းကို လူတိုင္းရဲ႕အၾကည့္ေတြကိုဖမ္းစားလို႔ေနရတာလဲ?
သူက ဗြက္အိုင္ထဲက စိန္တုံး ေလးလိုဘဲ၊ အညစ္အေၾကးေတြကင္းစင္သြားတာနဲ႔ သူ႕ရဲ႕ေရာင္ျခည္ေတြက ေတာက္ပလာၿပီး လူတိုင္းရဲ႕အၾကည့္ကိုတစ္ခါတည္းနဲ႔ဆြဲေဆာင္ဖမ္းစား ႏိုင္တယ္။
ၿပီးေတာ့ ဟယ္က်ိဳး၊ သူကိုယ္တိုင္ကလည္းပဲ ဒီရတနာေလးကို စြဲလန္းေနတဲ့ အဖြဲ႕အစည္းရဲ႕ အျခားအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လို႔ေနတယ္။
ဟယ္က်ိဳးရဲ႕ မ်က္ခုံးတန္းေတြဟာ တျဖည္းျဖည္းတြန္႔ခ်ိဳးလို႔လာကာ ၊ မသက္မသာ ခံစားလာရတယ္။
ဒါေပမယ့္လဲ၊ မၾကာခင္မွာဘဲ ခ်ိယြီကို သူအမွတ္အသားေပးထားၿပီးသားဆိုတာကို အမွတ္ရလိုက္တာေၾကာင့္ သူ႕မ်က္ခုံးတန္းေတြဟာလဲ ေျပေလ်ာ့သြားခဲ့တယ္။
အဲ့ဒါက သူကိုယ္တိုင္ခ်န္ထားခဲ့တဲ့ အမွတ္အသားဘဲ။
သူ႕(ခ်ိယြီ)ကိုယ္မွာ သူ႕အမွတ္႐ွိေနသ၍ ခ်ိယြီဟာ အခုနဲ႔အနာဂတ္မွာ ဘယ္ေလာက္ဘဲေတာက္ပေနပါေစ ၊ ခ်ိယြီက သူ႕ရဲ႕လူသားေလးဘဲ ။ သူ႕ရဲ႕ Omega ဘဲ။ ၿပီးေတာ့ ဒါကို ဘယ္သူမွ ေျပာင္းလဲလို႔မရႏိုင္ဘူး။
ေနာက္တစ္ခုကေတာ့၊ ခ်ိယြီက သူ႕ကို ႀကိဳက္ေနတုန္းဘဲေလ...
-----
႐ုံးခန္းထဲမွာေတာ့ ၊ ခ်ိယြီက သူ႕ရဲ႕ လက္ေကာက္ဝတ္ကို ခါလိုက္တယ္။
ဒီေမးခြန္းေတြရဲ႕ ခက္ခဲမႈကေတာ့ တစ္ကယ့္ကို ပုံမွန္ေျဖေနက် လပတ္စာေမးပြဲေမးခြန္းေတြထက္ အေတာ္ေလးကိုျမင့္တာဘဲ။စာေရးတာထက္စာရင္ step ေတြနဲ႔ပတ္သက္လို႔ စိတ္အေႏွာက္အယွက္ျဖစ္ရေပမဲ့ သူ႕လက္ေတြက တျဖည္းျဖည္းနဲ႔ အရမ္းကိုနာက်င္လာခဲ့တယ္။ အနီးဆုံးဆရာကို လွမ္းေခၚလိုက္ၿပီး စာေရးခိုင္းကာ တိုက္႐ိုက္ အမိန္႔ေပးလိုက္ဖို႔ သူ႕ရင္ထဲမွာ တြန္းအားတစ္ခုျဖစ္တည္လာခဲ့တယ္။
"ၿပီးသြားၿပီလား?"
သူ ရပ္လိုက္တာကိုျမင္တာနဲ႔၊ ဆရာေတြအားလုံးက သူ႕ကိုၾကည့္ကာ အာ႐ုံစိုက္လာၾကတယ္။
ခ်ိယြီက ေခါင္းခါျပလာတယ္။ "မၿပီးေသးဘူး။ ခဏေလာက္ေတာ့ ၾကာအုံးမယ္"
လမ္းခုလတ္ကေနျပန္လာခဲ့တဲ့ ဆရာမခ်ဴးက ၊ အံဆြဲထဲကေန ေရဘူးတစ္ဘူး ထုတ္လိုက္ကာ ခ်ိယြီရဲ႕စားပြဲေပၚတင္ေပးလိုက္တယ္။ "ေကာင္းၿပီ ၊ ေကာင္းၿပီ။ မင္းအခ်ိန္ယူလို႔ရပါတယ္။ ဆရာမတို႔ မင္းကိုမေႏွာက္ယွက္ပါဘူး"
ခ်ိယြီက ေခါင္းေမာ့ၿပီးၾကည့္လာကာ : "ေက်းဇူးပါ"
သူက ေခါင္းငုံ႔ၿပီး ဆက္ေျဖမလို႔ေပမယ့္၊ သူ႕မ်က္လုံးေထာင့္ကေန ျပတင္းေပါက္နားမွာ လူတစ္ေယာက္ရဲ႕ပုံရိပ္ကိုေတြ႕လိုက္ရတယ္။
သူ ေခါင္းေမာ့လိုက္ၿပီး ၊ ျပတင္းေပါက္နားကို ေသခ်ာစိုက္ၾကည့္လိုက္ေပမယ့္ ၊ ဘာမွမေတြ႕ရေတာ့ဘူးျဖစ္တယ္။
ခ်ိယြီက သူအျမင္မွားသြားတယ္လို႔ ထင္လိုက္တာေၾကာင့္ ၊ ထပ္ေတြးမေနေတာ့ဘဲ ၊ စာေမးပြဲကိုသာ ျပန္အာ႐ုံစိုက္လိုက္တယ္။
နာရီလက္တံက ပုံမွန္လည္ပတ္လို႔ေနကာ ၊ အခ်ိန္ေတြဟာလဲ တျဖည္းျဖည္းခ်င္းဘဲ ကုန္လြန္လာခဲ့တယ္။
ဆရာတစ္ခ်ိဳ႕က အတန္းမ်ား႐ွိေနေသးတာေၾကာင့္ ထြက္သြားၾကၿပီျဖစ္ၿပီး ၊ လူအနည္းငယ္ေလာက္သာ ႐ုံးခန္းထဲ က်န္႐ွိေနေတာ့တာျဖစ္တယ္။
ဆရာမခ်ဴးက သူမရဲ႕ သင္ခန္းစာအစီအစဥ္ကို ဆက္ၿပီး အာ႐ုံစိုက္မေနႏိုင္ေတာ့တာေၾကာင့္ သူမရဲ႕စားပြဲေ႐ွ႕မွာသာထိုင္ကာ ခ်ိယြီၿပီးတဲ့အထိ ေစာင့္ေနလိုက္ေတာ့တယ္။
ဆရာ ယုစုန္းကလဲ ထို႔အတူပါပင္။သူ႕မွာ ေန႔လယ္ခင္းအတန္း႐ွိေပမယ့္လဲ တျခားဆရာတစ္ေယာက္နဲ႔ညႇိလိုက္တာေၾကာင့္ ဆက္ေစာင့္ေနႏိုင္တာျဖစ္တယ္။
အခ်ိန္အေတာ္ၾကာၾကာေစာင့္ၿပီးေနာက္၊ ေနာက္ဆုံးမွာေတာ့ ခ်ိယြီက သူ႕ရဲ႕ေဘာပင္ကို ခ်လိုက္တယ္။
အခန္းထဲက ဆရာေတြက မတ္တပ္ထရပ္လာၾကၿပီး၊ ခ်ိယြီဆီေလွ်ာက္လာကာ ၊ သူ႕ရဲ႕အေျဖလႊာကိုၾကည့္လာၾကတယ္။
"အားလုံးေျဖၿပီးသြားၿပီလား?"
ခ်ိယြီက ေခါင္းၿငိမ့္ျပလိုက္တယ္။"ဟုတ္"
"67မိနစ္ဘဲ ၾကာလိုက္တယ္။ ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းလိုက္သလဲ။အာ"
"ေလာင္ယု* ၊ ျမန္ျမန္ သူ႕အတြက္အေျဖလႊာစစ္ေပးလိုက္ေတာ့။ငါမၾကာခင္အတန္းသြားရေတာ့မွာ၊ ဒါေၾကာင့္ အတန္းမသြားခင္ သူ႕ရဲ႕resultကို ငါၾကည့္သြားပါရေစ။အိုေက?"
( T/ N : ေလာင္ 'ေလာင္ယု' =ကိုယ့္ထက္ အသက္အ႐ြယ္ႀကီးရင့္တဲ့သူေတြကို သုံႏႈန္းေလ့႐ွိတဲ့ နာမ္စား။ အမ်ားအားျဖင့္ ႐ြယ္တူမ်ားၾကားတြင္လည္း ရင္းႏွီးမႈႏွင့္ ခင္မင္မႈကို ေဖာ္ျပျခင္းအျဖစ္ သုံးသည္။ )
"ပထမအၾကည့္တစ္ခ်က္နဲ႔တင္ အဆင္ေျပေနၿပီးသားဘဲ။အမွတ္130ကေတာ့ ေသခ်ာေနၿပီထင္တယ္"
ယုစုန္းက အမွားအယြင္းေတြကို ျခစ္ခ်ဖို႔ မွင္နီကို အခ်ိန္အေတာ္ၾကာ ျပင္ဆင္ထားခဲ့ေပမယ့္လည္း တစ္ႀကိမ္ေတာင္ အသုံျပဳဖို႔ အခြင့္အေရး မရလိုက္ေပ။ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ၊ ယုစုန္းက ခ်ိယြီ ရဲ႕ အဆင့္ကို ခန္႔မွန္းႏိုင္ေနၿပီျဖစ္ၿပီး၊ သူက ဒီစာေမးပြဲအတိအက်ကို ေကာ္ပီရာနဲ႔ခ်ီၿပီး အဆင့္မွတ္ခဲ့ဖူးတာေၾကာင့္ အေျဖေတြကို သူ႕ေလာက္ဘယ္သူမွ ပိုမရင္းႏွီးႏိုင္ေတာ့ေပ ။
သူက ခ်ိယြီရဲ႕ အေျဖလႊာကိုေသခ်ာစစ္ေဆးၾကည့္ေနေပမယ့္လဲ အမွားေလးတစ္ခုေတာင္ ႐ွာမေတြ႕ေပ။
ဒါ့အျပင္ ခ်ိယြီေျဖဆိုခဲ့တာက အရမ္းျမန္လြန္းတယ္။ ၿပီးေတာ့ ျပႆနာတိုင္းအတြက္ ေမးခြန္းကိုတစ္ခ်က္ဖတ္လိုက္႐ုံနဲ႔ ခ်ိယြီမွာမွန္ကန္တဲ့အေျဖေတြ႐ွိလို႔ေနတယ္။ လ်င္ျမန္စြာ ေတြးေခၚႏိုင္စြမ္းက Alpha ေက်ာင္းသားမ်ားၾကားတြင္ပင္ ႐ွားပါးသည္ဟုဆိုရမည္ျဖစ္သည္။
ယုစုန္းရဲ႕ အသားအေရက ျဖဴေဖ်ာ့လို႔လာခဲ့တယ္။
သူမွားသြားၿပီ။
သူက Omegaေတြကို အထင္ေသးခဲ့ၿပီး၊ ခ်ိယြီကိုလည္း အထင္ေသးခဲ့မိတယ္။
တစ္မိနစ္ၾကာၿပီးေနာက္မွာဘဲ၊ အမွတ္ေပးတဲ့လုပ္ငန္းစဥ္ ၿပီးစီးသြားခဲ့ၿပီျဖစ္သည္။
ယုစုန္းက လက္ထဲကမွင္နီကို ေအာက္ခ်လိုက္ကာ သူ႕မ်က္ႏွာက ျဖဴေဖ်ာ့လို႔ေနတယ္။"အားလုံးမွန္တယ္"
ယုစုန္းကိုၾကည့္လိုက္ၿပီး၊ ခ်ိယြီက ဆရာ့႐ုံးခန္းကို ေရာက္လာၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ျပဳံးျပလာခဲ့တယ္။
သူ႕ရဲ႕ မ်က္ဝန္းေတြက ေကြးၫြတ္ေနၿပီး၊ သူ႕ရဲ႕ မ်က္ႏွာေပၚကအျပဳံးေလးဟာလည္း အႏၲရာယ္ကင္းလို႔ေနကာ ၊ သူ႕ေလသံနဲ႔ စကားလုံးေတြက ႐ႊတ္ေနာက္ေနာက္ျဖစ္လို႔ေနတယ္။သို႔ေပမယ့္လည္း၊ သူ႕ေျပာေနတဲ့အေၾကာင္းအရာက ယုစုန္းရဲ႕ႏွလုံးသားတည့္တည့္ကို ႐ိုက္ခတ္သြားႏိုင္ခဲ့တယ္။
"ဒီေတာ့ ၊ ဆရာ ဘယ္လိုေတာင္းပန္ဖို႔ စီစဥ္ထားလဲခင္ဗ်?"
-----
စီနီယာ အခန္း3,အတန္းဆင္းၿပီးေနာက္။
ေကာင္ေလးတစ္ေယာက္က စုန္ခ်မ္းရဲ႕လက္ေမာင္းကို ထိကိုင္လိုက္ကာ : "မင္းဘာလို႔မိႈင္ေနရတာလဲ? ဘာေတြစဥ္းစားေနတာမ်ားလဲ?"
စုန္ခ်မ္းက သူ႕ပါးကို လက္တစ္ဖက္တည္းနဲ႔ အုပ္ထားကာ ၊ စိတ္ဓာတ္က်ေနတဲ့မ်က္ႏွာျဖင့္ သက္ျပင္းခ်လိုက္တယ္။
"ငါစဥ္းစားေနတာက ၊ ဘယ္ေနရာမွာ၊ ဘယ္လိုအေနအထားနဲ႔ ၊ ဘယ္ေလာက္ထိက်ယ္ေအာင္ ခ်ိယြီကို 'ဒယ္ဒီ' လို႔ ေအာ္ေခၚရမလဲ လို႔ပါ"
"မင္း အ႐ႈံးေပးလိုက္ၿပီလား?"
စုန္ခ်မ္းက ႏွာမႈတ္လိုက္ကာ : "ငါသူ႕ေဘးနားမွာထိုင္ခဲ့တာကြ ။ သူခိုးခ်၊မခ် ငါ႐ွင္း႐ွင္းလင္းလင္းမသိဘူးလို႔ မင္းထင္ေနတာလား?"
"ဒါဆို၊ မင္း ရလဒ္ေတြတရားဝင္ထြက္လာခ်ိန္အထိ ေစာင့္သင့္တာေပါ့။ ရလဒ္မထြက္ေသးဘဲ လက္နက္ခ်ဖို႔က ေစာေသးတယ္မလား——"
"ဘန္း" ဆိုတဲ့ က်ယ္ေလာင္ေသာအသံနဲ႔အတူ အခန္းတံခါးက ႐ုတ္တရက္ႀကီးပြင့္လာခဲ့တယ္။
အားလုံးရဲ႕အျမင္မွာေတာ့ ၊ ခ်ိယြီက လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထိုးထားကာ ျမင့္ျမတ္တဲ့အေရာင္အဝါေတြနဲ႔ အခန္းထဲ ေလွ်ာက္ဝင္လာခဲ့တယ္။
သူ႕ခုံသူျပန္ေရာက္သြားတာနဲ႔၊ စုန္ခ်မ္းက အေနာက္ကိုမွီခ်လာကာ အစမ္းသေဘာနဲ႔ေမးၾကည့္လိုက္တယ္။
"ငါ...ငါ ေျပာခဲ့တာေတြကိုေျပာင္းလဲၿပီး မင္းကို 'ဒယ္ဒီ' လို႔ေခၚဖို႔လိုေသးလား?"
ခ်ိယြီက ႏႈတ္ခမ္းသပ္လိုက္ကာ အျပဳံးေလးနဲ႔ေျပာလာခဲ့တယ္။"သားေလး ၊ လိမၼာစမ္းပါ"
စုန္ခ်မ္းက ခုံကို႐ိုက္ကာ : "ငါသိသားဘဲ!"
စုန္ခ်မ္းနဲ႔ခုနကမွ စကားေျပာခဲ့တဲ့ေကာင္ေလးက တံေတြးမ်ိဳခ်လိုက္ကာ ၊ တိတ္ဆိတ္စြာနဲ႔ သူ႕ရဲ႕လက္မ ႏွစ္ေခ်ာင္းကိုဆန္႔ထုတ္လိုက္ၿပီး စုန္ခ်မ္းကိုေထာင္ျပလိုက္တယ္။
"ဖာ့ခ္ ဖာ့ခ္! အားလုံး ဖိုရမ္ဆီသြားၾက ! တစ္ေယာက္ေယာက္က rankingကို ပုံ႐ိုက္တင္လိုက္ၿပီ ! "
ဘယ္သူ ထေအာ္လိုက္သလဲေတာ့ မကြဲျပားေပမယ့္၊ ေက်ာင္းသားအားလုံးက စာဆက္မလုပ္ခ်င္ေတာ့တာေၾကာင့္ ဖိုရမ္ကိုဖြင့္ၾကည့္ဖို႔ သူတို႔ရဲ႕ဖုန္းေတြကိုထုတ္လိုက္ၾကတယ္။
[ ေခါင္းစဥ္ : ငါဘဲ မ်က္လုံးကန္းေနတာလား၊ ဒါမွမဟုတ္ ေက်ာင္းရဲ႕systemကဘဲ ပ်က္ေနတာလား???{ပုံ} ၊ {ပုံ} ]
[1st Floor : ဖာ့ခ္မီ ၊ ငါ႐ူးေနတာဘဲျဖစ္ရမယ္!]
[2nd Floor : ခ်ိယြီက ပထမရတယ္? Omegaက ပထမရတယ္? 476?? ဝွက္သယ္ဟဲ ??]
[3rd Floor : ဒီပုံက photoshopထားတာလား?]
[4th Floor : မင္းေခါင္းကိုဘဲသြား photoshop ေနလိုက္၊အာ ။ ငါတို႔ ဆရာကိုယ္တိုင္က သူပထမရတယ္လို႔ ခုေလးတင္အတည္ျပဳေပးခဲ့တာကြ!]
[5th Floor : ဟားဟားဟားဟားဟား။Alphaေတြအားလုံးက အက်င့္မေကာင္းၾကဘူးဘဲ။ဘာကျပႆနာမ်ားလဲ?အဟားဟား၊ ဒါက မင္းကို ႐ူးသြပ္ေစတယ္၊ မဟုတ္လား၊ မင္းေခါင္းကို ခြဲပစ္လိုက္ေပါ့ !]
-----
-----
[36th Floor [ ခ်ိယြီ ] : @ဖူးခ်ီလု , @ယု႐ွင္ခ်န္း , @က်န္းခ်ီ...]
Group Number : One, Two, Three,Four,Five,Six.
မင္းတို႔အားလုံး ငါ့ရဲ႕အဖြဲ႕ထဲကတစ္ဖြဲ႕ထဲမွာjoinၾကၿပီး ၊ ရက္နဲ႔ေနရာခ်ိန္းၾကတာေပါ့။ ငါလည္း Alphaေတြရဲ႕ Handstand Shampoo Showကို ၾကည့္ခ်င္ေနတာနဲ႔အေတာ္ဘဲ။
===================================
-Words : 2033
-15,4,2022 (Fri)
=================================