My Wife Slaps People in the F...

By Nigarpal

5.3K 403 8

***** Please note no copyright infringement is intended, and I do not own nor claim to own this novel. The or... More

Chapter 1-U/Z
Chapter 3-U/Z
Chapter 4-U/Z
Chapter 5 - U/Z
Chapter 6 - U/Z
Chapter 7 -U/Z
Chapter 8 -U/Z
Chapter 9-U/Z
Chapter 10-U/Z
Chapter 11-U/Z
Chapter 12-U/Z
Chapter 13 - U/Z
Chapter 14 - U/Z
Chapter 15 - U/Z
Chapter 16 - U/Z
Chapter 17 - U/Z
Chapter 18 - U/Z
Chapter 19 - U/Z
Chapter 20 - U/Z
Chapter 21 - U/Z
Chapter 22 - U/Z
Chapter 23 - U/Z
Chapter 24 - U/Z
Chapter 25 - U/Z

Chapter 2-U/Z

327 25 0
By Nigarpal

unicode

ရွှစ်!

မူလတန်းကျောင်းဝင်ပေါက်နဲ့ မဝေးတဲ့ ညောင်ပင်အောက် မှာ ဆိုင်ကယ်ရပ်သွားတယ်။

ကုမန်သည် သူမ၏ သွယ်လျသော ခြေထောက်များကို နှိမ့်လိုက်ပြီး ခြေဖဝါးများကို မြေကြီးထောက်လိုက်ကာ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်တော့အနက်ရောင်ဆံပင် များက သူမပုခုံးပေါ်ကျသွားသည်။

ကျောင်းအဝင်ဝမှာသူတို့ကလေးတွေကိုလာကြိုနေတဲ့ မိဘတွေကိုကြည့်ရင်း သူမမျက်လုံးတွေ ကျဉ်းမြောင်းသွား တယ်။

ငါးနာရီထိုးဖို့မိနစ်၂၀အလို.. ကုစီကျောင်းလွှတ်တော့မယ်

အလုပ်ရှုပ်တယ်..

ကုမန်၏ မျက်လုံးများက အနည်းငယ် စိတ်မရှည်တော့ ပေ။နောက်မှာလွယ်ထားတဲ့အိတ်ကိုရှေ့ကိုပြောင်းလွယ် လိုက်သည်။

သူမကအိတ်ကို ဇစ်ဖွင့်လိုက်သည်။ အနက်ရောင်ကျော ပိုးအိတ်ကြီးသည် အတွင်းဘက်တွင် ရှုပ်ပွနေသည်။ အထဲ မှာ လက်ပ်တော့တစ်လုံး၊ အရုပ်သေနတ်တစ်လက်၊ စက် လက်ပတ်နာရီတစ်လုံး၊ လက်ဖဝါးအရွယ်အစားရှိ အနက် ရောင်အထည်လိပ်တစ်လိပ်၊ သတ္တုသေတ္တာရှည်တစ်လုံး၊ မီးခြစ်တစ်လုံး၊ စီးကရက်တစ်ဗူး၊ lollipop များစွာနှင့် လက်ကိုင်ဖုန်း ၃ လုံးရှိပြီးနှစ်လုံးမှာအမြင့်စား clamshell ဒီဇိုင်းများဖြစ်ပြီး ကျန်တစ်လုံးမှာအပေ့ါစား clamshell ဖြစ် သည်။ ပစ္စည်းတစ်ခုစီသည် အလေးချိန်အများကြီးမဟုတ် သော်လည်း၊စုပေါင်းလိုက်သောအခါ..၎င်းတို့သည် လေး လံသောအထုပ်တစ်ခုဖြစ်လာသည်။

ကုမန်တင်ကအပေါ့စားclamshell ဆဲလ်ဖုန်းကို ထုတ် လိုက်တယ်။ ဝင်စာပုံးထဲတွင် မဖတ်ရသေးသော စာများ ဒါဇင်များစွာ ရှိသည်။

မက်ဆေ့ချ်များထဲမှတစ်ခုကိုဖတ်ရင်းသူမ မျက်ခုံးပင့်လိုက် သည်။သူမ၏ နှုတ်ခမ်းထောင့်တွင်အရိုင်းဆန်သောအပြုံး တစ်ခု ပေါ်လာသည်။

...

လမ်းတစ်ဘက်တွင် အနက်ရောင်ကားတစ်စီး ဖြည်းညှင်း စွာ ရပ်တန့်သွားသည်။

"လုသခင်လေး..ဒီနေရာ" ယာဉ်မောင်းကပြောလိုက် သည်။

ကား၏ညာဘက်ခြမ်းရှိ ပြတင်းပေါက်နှစ်ခုကမှန်တွေ လှိမ့် ဆင်းသွားသည်။

ကားနောက်ခန်းမှာလူတစ်ယောက်ထိုင်နေပြီး ခြေတံရှည် တွေကိုချိတ်ထားသည်။အနက်ရောင်ရှပ်အင်္ကျီကို ၀တ်ဆင် ထားပြီးသူ့လက်များကို ပြတင်းပေါက်တွင် ပေါ့ပေါ့ပါးပါး တင်ကာအနားယူနေသည်။သူ့ရဲ့အစက်အပြောက်ကင်းသန့်စင်သောလက်ချောင်းများကြားတွင် စီးကရက်တစ် လိပ်ရှိသည်။

ကျောင်းနှင့် ဆူညံနေသော မူလတန်း ကျောင်းသားများကို ကြည့်ပြီးသူမျက်မှောင်ကြုတ်လိုက်သည်။

"ငါရှာနေတဲ့လူက ဒီမှာရှိနေတယ်လို့ မပြောနဲ့"

ထိုလူကလှမ်းကြည့်တယ်။ သူ့အသားအရည်ကကောင်း မွန်ပြီးဖြောင်းစင်းသောနှာတံရှိတွေရှိတယ်။နက်ရှိုင်းသော မျက်လုံးများကမှေးကျဉ်းထားပီးတင်းတင်းစေ့ထားတဲ့နှုတ် ခမ်းတွေကအေးစက်သော ခံစားချက်ကို ပေးစွမ်းသည်။

ယာဉ်မောင်းကကြောင်တောင်တောင်နဲ့ခေါင်းကုတ်လိုက် သည်။

ရှေ့ကလူတွေထဲမှာသူတို့ရှာနေတဲ့လူနဲ့ကိုက်ညီတာတစ်ခုမှမတွေ့ဘူး။

ယာဉ်မောင်းကဝေခွဲမရစွာနဲ့..

"ဒါပေမယ့် ဒီနေရာက ညွှန်ပြထားတဲ့ နေရာအမှန်ပဲ.."

နောက်လူမျက်နှာကပိုပြီးအေးစက်တည်ငြိမ်သွားသည်။

"ဘယ်တုန်းကလဲ?"

ယာဉ်မောင်းက

"လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကပါ"

ထိုလူကစီးကရက်မှ ပြာတွေကိုချွေရင်း အေးစက်သော အကြည့်များကလမ်းတစ်ဘက်ကကသစ်ပင်အောက်ဘက်သို့ အမှတ်မထင် လှည့်သွားကာမျက်လုံးများ ကျဉ်းမြောင်း သွားသည်။

ဒီနေ့ လေတော်တော်ပြင်းတယ်။

ဆိုင်ကယ်ပေါ်တွင်အမျိုးသမီးငယ်တစ်ဦးထိုင်နေသည်။ သူမရဲ့ ရှည်လျားသော အနက်ရောင် ဆံပင်များက လေ ထဲတွင်လွင့်နေကာလွန်စွာ လှပနေသည်။

သူမ၏လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်ကြိုးငယ်သည် ကျောက်စိမ်းကဲ့သို့ဖြူသော သူမ၏အသားအရေနှင့် ဆန့် ကျင်ဘက်ဖြစ်ကာအလွန်ထင်ရှားကာဆွဲဆောင်မှုရှိလွန်းလှသည်။သူမအဝတ်အစားတွေကကြီးမားလွန်းနေကာ သူမရဲ့မူရင်းပုံသဏ္ဍာန်ကို မမြင်နိုင်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို မိခင်ဖြစ်သွားတာ နှမြောစရာ ကောင်းလှသည်။

သူကကြည့်လွှဲကာယာဉ်မောင်းကိုမေးလိုက်သည်။

"ဘယ်လောက်ကြာကြာဒီမှာရှိနေတယ်လို့ပြလဲ?"

"တစ်မိနစ်နီးပါးပါ"

ထိုလူကယာဉ်မောင်းခုံကိုနောက်ကကန်လိုက်ရင်း..

"တစ်မိနစ်တောင်မပြည့်တဲ့အချက်ပြမှုတစ်ခုထဲနဲ့မင်းကငါ့ကိုဒီထိခေါ်လာတာလား?အဲဒိ့လူကဖြင့်ပြေးမယ်ဆိုအဝေး ကိုရောက်နေလောက်ပီ!"

ယာဉ်မောင်းကခေါင်းငုံ့ရင်း..

"ကျွန်တော့်အမှားပါ"

ထိုလူကစီးကရက်တစ်လိပ်ကိုထပ်ယူရင်းသူ့လက်ထဲက စီးကရက်ကိုငြိှမ်းသတ်လိုက်သည်။

"ထားတော့..မြို့တော်ကိုပြန်မယ်..ကျန်တဲဲ့အဖွဲ့ကိုပဲဆက် ရှာခိုင်းထားလိုက်"

...

ငါးနာရီခွဲမှာကျောင်းဆင်းခေါင်းလောင်းသံမြည်လာသည်။

ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ကောင်လေးတစ်ယောက် ကကျောင်းထဲမှပထမဆုံး အပြေးအလွှားထွက်လာသည်။

သူကဝင်ပေါက်မှာ ရပ်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့် တယ်။ ကုမန်ကိုမြင်သောအခါ မျက်လုံးများ တောက်ပ လာပြီး သူမဆီသို့ ပြေးသွားလေသည်။

လေပြင်းကြောင့်သူ့ဆံပင်ကောက်ကောက်တွေက ရှုပ်ပွ သွားသည်။

သူကကျောင်းဝတ်စုံကို ချွတ်ကာ ကျောင်းလွယ်အိတ်ထဲ သို့ ထည့်ကာ ကျောင်းလွယ်အိတ်တစ်ခုလုံးကို အမှိုက်ပုံး ထဲသို့ ပစ်ချလိုက်သည်။

သူကတစ်စုံတစ်ခုလက်မှလွတ်မြောက်သွားသလိုပဲ။

"အစ်မ!" ကုစီကအော်ရင်းအဝေးကပြေးလာသည်။

ကုမန်ကဖုန်းကိုကြည့်နေရင်းကအသံကြောင့်သူမဆီကို အရိုင်းဆန်စွာပြေးလွွှာလာတဲ့ကုစီကိုကြည့်ရင်းအနည်း ငယ်ပြုံးလိုက်သည်။

"ဘာလို့လျှေက်ပြေးနေတာလဲ?"

"နောက်ဆုံးဒီဆိုးဝါးတဲ့နေရာကြီးကလွတ်ပြီ!"

ကုစီကသူ့နောက်မှ မူလတန်းကျောင်းကို ရွံရှာစွာကြည့် ရင်းမျက်လုံးလှိမ့်လိုက်သည်။

ကုမန်ကရယ်ပြီးဆိုင်ကယ်ဦးထုပ်အသေးကိုသူ့ကိုကမ်း ပေးလိုက်သည်။

ကုစီကအမြဲလုပ်နေကျလိုအကျွမ်းတဝင်ယူဆောင်းလိုက် ပြီးသူမကိုမေးလိုက်သည်။

"ကုရင်သွားလိုက်ပီလား?"

"အင်း" ကုမန်သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။

ကုစီကမျက်လုံးလှိမ့်လိုက်ရင်း..

"အရူး"

ကုမန်က သူ့လက်ကို ဆန့်တန်းပြီးလူငယ်လေးကိုကောက် ချီလိုက်ကာနောက်ထိုင်ခုံမှာ ပစ်ချလိုက်ပီးလေးလံသော အိတ်ကို သူ့ထံ လွှင့်ပစ်ပေးလိုက်သည်။

"ဘာလို့ဒီလိုပြောတာလဲ?"

"သူမကဦးနှောက်မရှိဘူးလေ..သူမကိုမှဒီလိုမခေါ်ရင် ဘယ်သူ့ကိုသွားခေါ်ရမလဲ?"

ကုစီက အနက်ရောင် အိတ်ကြီးကြီးကို ပွေ့ဖက်ပြီး အမှန်အတိုင်း ပြောသည်

"လိုင်မိသားစုကသူမပေါ်တကယ်ကောင်းတယ်လို့ သူမ ထင်နေတာလား။တကယ်တော့သူတို့ကသူမနာမည် အောက်ကပိုင်ဆိုင်မှုကိုပဲစိတ်ဝင်စားနေတာအသိသာ ကြီးကို"

ကုမန်သည် ဆိုင်ကယ်၏ထောက်ကိုဖြုတ်လိုက်ကာ အရှိန်ပြင်းပြင်းဖြင့်လမ်းမပေါ်သို့မောင်းတက်လိုက်သည်။သူမဆိုင်ကယ်ကအနက်ရောင် စီဒင်ကားနားကို ဖြတ်သွား တော့အထဲကအမျိုးသားကိုမြင်ပြီးသူမမျက်နှာကအရောင် တစ်မျိုးဖြတ်ပြေးသွားကာမျက်ခုံးပင့်လိုက်မိပြီးနှုတ်ခမ်းမှာ အရိုင်းဆန်သောအပြံုးတစ်ခုပြံုးလိုက်သည်။

"အစ်မ..ကျွန်တော်တို့ဘယ်သွားမှာလဲ?"

ကုစီကသူမခါးကိုဖက်ရင်းမေးလိုက်သည်။

"လေဆိပ်"

ကုမန်ကပျင်းရိတဲ့အသံဖြင့်..

"ငါတို့မင်မြို့က ဦးလေးလုနေရာကိုသွားမယ်"

================================

zawgyi

ရႊစ္!

မူလတန္းေက်ာင္းဝင္ေပါက္နဲ႔ မေဝးတဲ့ ေညာင္ပင္ေအာက္ မွာ ဆိုင္ကယ္ရပ္သြားတယ္။

ကုမန္သည္ သူမ၏ သြယ္လ်ေသာ ေျခေထာက္မ်ားကို ႏွိမ့္လိုက္ၿပီး ေျခဖဝါးမ်ားကို ေျမႀကီးေထာက္လိုက္ကာ ဆုိင္ကယ္ဦးထုပ္ကို ခၽြတ္လိုက္ေတာ့အနက္ေရာင္ဆံပင္ မ်ားက သူမပုခုံးေပၚက်သြားသည္။

ေက်ာင္းအ၀င္ဝမွာသူတို႕ကေလးေတြကိုလာၾကိဳေနတဲ့ မိဘေတြကိုၾကည့္ရင္း သူမမ်က္လုံးေတြ က်ဥ္းေျမာင္းသြား တယ္။

ငါးနာရီထိုးဖို႕မိနစ္၂၀အလို.. ကုစီေက်ာင္းလႊတ္ေတာ့မယ္

အလုပ္ရႈပ္တယ္..

ကုမန္၏ မ်က္လုံးမ်ားက အနည္းငယ္ စိတ္မရွည္ေတာ့ ေပ။ေနာက္မွာလြယ္ထားတဲ့အိတ္ကိုေရွ႕ကိုေျပာင္းလြယ္ လိုက္သည္။

သူမကအိတ္ကို ဇစ္ဖြင့္လိုက္သည္။ အနက္ေရာင္ေက်ာ ပိုးအိတ္ႀကီးသည္ အတြင္းဘက္တြင္ ရွုပ္ပြေနသည္။ အထဲ မွာ လက္ပ္ေတာ့တစ္လုံး၊ အ႐ုပ္ေသနတ္တစ္လက္၊ စက္ လက္ပတ္နာရီတစ္လုံး၊ လက္ဖဝါးအရြယ္အစားရွိ အနက္ ေရာင္အထည္လိပ္တစ္လိပ္၊ သတၱဳေသတၱာရွည္တစ္လုံး၊ မီးျခစ္တစ္လုံး၊ စီးကရက္တစ္ဗူး၊ lollipop မ်ားစြာႏွင့္ လက္ကိုင္ဖုန္း ၃ လုံးရွိျပီးႏွစ္လုံးမွာအျမင့္စား clamshell ဒီဇိုင္းမ်ားျဖစ္ၿပီး က်န္တစ္လံုးမွာအေပ့ါစား clamshell ျဖစ္ သည္။ ပစၥည္းတစ္ခုစီသည္ အေလးခ်ိန္အမ်ားႀကီးမဟုတ္ ေသာ္လည္း၊စုေပါင္းလိုက္ေသာအခါ..၎တို႔သည္ ေလး လံေသာအထုပ္တစ္ခုျဖစ္လာသည္။

ကုမန္တင္ကအေပါ့စားclamshell ဆဲလ္ဖုန္းကို ထုတ္ လိုက္တယ္။ ဝင္စာပုံးထဲတြင္ မဖတ္ရေသးေသာ စာမ်ား ဒါဇင္မ်ားစြာ ရွိသည္။

မက္ေဆ့ခ်္မ်ားထဲမွတစ္ခုကိုဖတ္ရင္းသူမ မ်က္ခုံးပင့္လိုက္ သည္။သူမ၏ ႏွုတ္ခမ္းေထာင့္တြင္အရုိင္းဆန္ေသာအျပဳံး တစ္ခု ေပၚလာသည္။

...

လမ္းတစ္ဘက္တြင္ အနက္ေရာင္ကားတစ္စီး ျဖည္းညႇင္း စြာ ရပ္တန႔္သြားသည္။

"လုသခင္ေလး..ဒီေနရာ" ယာဥ္ေမာင္းကေျပာလိုက္ သည္။

ကား၏ညာဘက္ျခမ္းရွိ ျပတင္းေပါက္ႏွစ္ခုကမွန္ေတြ လွိမ့္ ဆင္းသြားသည္။

ကားေနာက္ခန္းမွာလူတစ္ေယာက္ထိုင္ေနၿပီး ေျခတံရွည္ ေတြကိုခ်ိတ္ထားသည္။အနက္ေရာင္ရွပ္အကၤ်ီကို ၀တ္ဆင္ ထားၿပီးသူ႕လက္မ်ားကို ျပတင္းေပါက္တြင္ ေပါ့ေပါ့ပါးပါး တင္ကာအနားယူေနသည္။သူ႕ရဲ႕အစက္အေျပာက္ကင္းသန္႕စင္ေသာလက္ေခ်ာင္းမ်ားၾကားတြင္ စီးကရက္တစ္ လိပ္ရွိသည္။

ေက်ာင္းႏွင့္ ဆူညံေနေသာ မူလတန္း ေက်ာင္းသားမ်ားကို ၾကည့္ျပီးသူမ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ငါရွာေနတဲ့လူက ဒီမွာရွိေနတယ္လို႔ မေျပာနဲ႔"

ထိုလူကလွမ္းၾကည့္တယ္။ သူ႔အသားအရည္ကေကာင္း မြန္ျပီးေျဖာင္းစင္းေသာႏွာတံရွိေတြရွိတယ္။နက္ရွိုင္းေသာ မ်က္လုံးမ်ားကေမွးက်ဥ္းထားပီးတင္းတင္းေစ့ထားတဲ့ႏႈတ္ ခမ္းေတြကေအးစက္ေသာ ခံစားခ်က္ကို ေပးစြမ္းသည္။

ယာဥ္ေမာင္းကေၾကာင္ေတာင္ေတာင္နဲ႕ေခါင္းကုတ္လိုက္ သည္။

ေရွ႕ကလူေတြထဲမွာသူတို႔ရွာေနတဲ့လူနဲ႔ကိုက္ညီတာတစ္ခုမွမေတြ႕ဘူး။

ယာဥ္ေမာင္းကေ၀ခြဲမရစြာနဲ႕..

"ဒါေပမယ့္ ဒီေနရာက ညႊန္ျပထားတဲ့ ေနရာအမွန္ပဲ.."

ေနာက္လူမ်က္ႏွာကပိုျပီးေအးစက္တည္ျငိမ္သြားသည္။

"ဘယ္တုန္းကလဲ?"

ယာဥ္ေမာင္းက

"လြန္ခဲ့တဲ့ဆယ္မိနစ္ေလာက္ကပါ"

ထိုလူကစီးကရက္မွ ျပာေတြကိုေခၽြရင္း ေအးစက္ေသာ အၾကည့္မ်ားကလမ္းတစ္ဘက္ကကသစ္ပင္ေအာက္ဘက္သို႔ အမွတ္မထင္ လွည့္သြားကာမ်က္လုံးမ်ား က်ဥ္းေျမာင္း သြားသည္။

ဒီေန႔ ေလေတာ္ေတာ္ျပင္းတယ္။

ဆိုင္ကယ္ေပၚတြင္အမ်ိဳးသမီးငယ္တစ္ဦးထိုင္ေနသည္။ သူမရဲ႕ ရွည္လ်ားေသာ အနက္ေရာင္ ဆံပင္မ်ားက ေလ ထဲတြင္လြင့္ေနကာလြန္စြာ လွပေနသည္။

သူမ၏လက္ေကာက္ဝတ္ေပၚရွိ အနီေရာင္ႀကိဳးငယ္သည္ ေက်ာက္စိမ္းကဲ့သို႔ျဖဴေသာ သူမ၏အသားအေရႏွင့္ ဆန႔္ က်င္ဘက္ျဖစ္ကာအလြန္ထင္ရွားကာဆြဲေဆာင္မႈရွိလြန္းလွသည္။သူမအဝတ္အစားေတြကၾကီးမားလြန္းေနကာ သူမရဲ႕မူရင္းပုံသ႑ာန္ကို မျမင္နိုင္။

ငယ္ငယ္ရြယ္ရြယ္နဲ႔ အခုလို မိခင္ျဖစ္သြားတာ ႏွေျမာစရာ ေကာင္းလွသည္။

သူကၾကည့္လႊဲကာယာဥ္ေမာင္းကိုေမးလိုက္သည္။

"ဘယ္ေလာက္ၾကာၾကာဒီမွာရွိေနတယ္လို႕ျပလဲ?"

"တစ္မိနစ္နီးပါးပါ"

ထိုလူကယာဥ္ေမာင္းခံုကိုေနာက္ကကန္လိုက္ရင္း..

"တစ္မိနစ္ေတာင္မျပည့္တဲ့အခ်က္ျပမႈတစ္ခုထဲနဲ႕မင္းကငါ့ကိုဒီထိေခၚလာတာလား?အဲဒိ့လူကျဖင့္ေျပးမယ္ဆိုအေ၀း ကိုေရာက္ေနေလာက္ပီ!"

ယာဥ္ေမာင္းကေခါင္းငံု႕ရင္း..

"ကၽြန္ေတာ့္အမွားပါ"

ထိုလူကစီးကရက္တစ္လိပ္ကိုထပ္ယူရင္းသူ႕လက္ထဲက စီးကရက္ကိုျငိွမ္းသတ္လိုက္သည္။

"ထားေတာ့..ျမိဳ႕ေတာ္ကိုျပန္မယ္..က်န္တဲဲ့အဖြဲ႕ကိုပဲဆက္ ရွာခိုင္းထားလိုက္"

...

ငါးနာရီခြဲမွာေက်ာင္းဆင္းေခါင္းေလာင္းသံျမည္လာသည္။

ခုနစ္ႏွစ္ သို႔မဟုတ္ ရွစ္ႏွစ္ခန႔္ ေကာင္ေလးတစ္ေယာက္ ကေက်ာင္းထဲမွပထမဆုံး အေျပးအလႊားထြက္လာသည္။

သူကဝင္ေပါက္မွာ ရပ္ၿပီး ပတ္ပတ္လည္ကို လွမ္းၾကည့္ တယ္။ ကုမန္ကိုျမင္ေသာအခါ မ်က္လုံးမ်ား ေတာက္ပ လာၿပီး သူမဆီသို႔ ေျပးသြားေလသည္။

ေလျပင္းေၾကာင့္သူ႔ဆံပင္ေကာက္ေကာက္ေတြက ရႈပ္ပြ သြားသည္။

သူကေက်ာင္းဝတ္စုံကို ခြၽတ္ကာ ေက်ာင္းလြယ္အိတ္ထဲ သို႔ ထည့္ကာ ေက်ာင္းလြယ္အိတ္တစ္ခုလုံးကို အမႈိက္ပုံး ထဲသို႔ ပစ္ခ်လိုက္သည္။

သူကတစ္စံုတစ္ခုလက္မွလြတ္ေျမာက္သြားသလိုပဲ။

"အစ္မ!" ကုစီကေအာ္ရင္းအေ၀းကေျပးလာသည္။

ကုမန္ကဖုန္းကိုၾကည့္ေနရင္းကအသံေၾကာင့္သူမဆီကို အရိုင္းဆန္စြာေျပးလြႊာလာတဲ့ကုစီကိုၾကည့္ရင္းအနည္း ငယ္ျပံဳးလိုက္သည္။

"ဘာလို႕ေလွ်က္ေျပးေနတာလဲ?"

"ေနာက္ဆံုးဒီဆိုး၀ါးတဲ့ေနရာၾကီးကလြတ္ျပီ!"

ကုစီကသူ႔ေနာက္မွ မူလတန္းေက်ာင္းကို ႐ြံရွာစြာၾကည့္ ရင္းမ်က္လံုးလွိမ့္လိုက္သည္။

ကုမန္ကရယ္ျပီးဆိုင္ကယ္ဦးထုပ္အေသးကိုသူ႕ကိုကမ္း ေပးလိုက္သည္။

ကုစီကအျမဲလုပ္ေနက်လိုအကၽြမ္းတ၀င္ယူေဆာင္းလိုက္ ျပီးသူမကိုေမးလိုက္သည္။

"ကုရင္သြားလိုက္ပီလား?"

"အင္း" ကုမန္သာမန္ကာလွ်ံကာျပန္ေျဖလုိက္သည္။

ကုစီကမ်က္လံုးလွိမ့္လိုက္ရင္း..

"အရူး"

ကုမန္က သူ႔လက္ကို ဆန႔္တန္းၿပီးလူငယ္ေလးကိုေကာက္ ခ်ီလိုက္ကာေနာက္ထိုင္ခုံမွာ ပစ္ခ်လိုက္ပီးေလးလံေသာ အိတ္ကို သူ႔ထံ လႊင့္ပစ္ေပးလိုက္သည္။

"ဘာလို႕ဒီလိုေျပာတာလဲ?"

"သူမကဦးေႏွာက္မရွိဘူးေလ..သူမကိုမွဒီလိုမေခၚရင္ ဘယ္သူ႕ကိုသြားေခၚရမလဲ?"

ကုစီက အနက္ေရာင္ အိတ္ႀကီးႀကီးကို ေပြ႕ဖက္ၿပီး အမွန္အတိုင္း ေျပာသည္

"လိုင္မိသားစုကသူမေပၚတကယ္ေကာင္းတယ္လို႔ သူမ ထင္ေနတာလား။တကယ္ေတာ့သူတို႕ကသူမနာမည္ ေအာက္ကပိုင္ဆိုင္မႈကိုပဲစိတ္ဝင္စားေနတာအသိသာ ၾကီးကို"

ကုမန္သည္ ဆိုင္ကယ္၏ေထာက္ကိုျဖဳတ္လိုက္ကာ အရွိန္ျပင္းျပင္းျဖင့္လမ္းမေပၚသို႔ေမာင္းတက္လုိက္သည္။သူမဆုိင္ကယ္ကအနက္ေရာင္ စီဒင္ကားနားကို ျဖတ္သြား ေတာ့အထဲကအမ်ိဳးသားကိုျမင္ျပီးသူမမ်က္ႏွာကအေရာင္ တစ္မ်ိဳးျဖတ္ေျပးသြားကာမ်က္ခံုးပင့္လုိက္မိျပီးႏႈတ္ခမ္းမွာ အရိုင္းဆန္ေသာအျပံဳးတစ္ခုျပံဳးလိုက္သည္။

"အစ္မ..ကၽြန္ေတာ္တို႕ဘယ္သြားမွာလဲ?"

ကုစီကသူမခါးကိုဖက္ရင္းေမးလိုက္သည္။

"ေလဆိပ္"

ကုမန္ကပ်င္းရိတဲ့အသံျဖင့္..

"ငါတုိ႕မင္ျမိဳ႕က ဦးေလးလုေနရာကိုသြားမယ္"

Continue Reading

You'll Also Like

1.1M 37.7K 61
WATTYS WINNER When her fiancé ends up in a coma and his secret mistress, Halley, shows up, Mary feels like her world is falling apart. What she does...