High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 39 _ ရှင်ယဲ့၏ အတိတ်

1.1K 331 36
By Inix_ss

               

           
(Unicode)

ရှင်ယဲ့ တက္ကသိုလ် တတိယနှစ်သာ ရှိသေးသည့်အချိန်၊ မိဘနှစ်ပါးစလုံးမှာ မတော်တဆမှုဖြင့် ဆုံးပါးသွားခဲ့ကြသည်။ ထိုအချိန်၌ ရှင်ယဲ့မှာ အသက် ၂၀သာ ရှိသေးခဲ့သည်။ ညီလေး ရှင်ရှော့မှာလည်း ၁၅နှစ်သာ ရှိသေးကာ အထက်တန်းကျောင်းတက်စသာ ရှိသေးလေ၏။ ညီအစ်ကိုနှစ်ယောက်စလုံးမှာ စာကို တစိုက်မတ်မတ်ကြိုးစားသူများ ဖြစ်ခဲ့ကြသည်။ မှီခိုအားထားရာတစ်ခု ဆုံးရှုံးလိုက်ရသည့်အခါ၊ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ပင် ဖြစ်ခဲ့ရတော့သည်။

အခြေအနေတွေသာ ပေးခဲ့မည်ဆိုလျှင်၊ ရှင်ယဲ့မှာ အရုပ်ကြိုးပျက်ဖြစ်လျက်၊ အချိန်တစ်ခုလောက်အထိ စိတ်ဓာတ်ကျနေမိမှာဖြစ်သည်။ သို့သော်လည်း ထိုသို့ လုပ်ခွင့်မရှိခဲ့ချေ။ မိဘများ ဆုံးပါးသွားလျှင်တောင်မှ၊ ဘဝက ဆက်လက်ရှင်သန် နေရဦးမှာဖြစ်သည်။ ကုမ္ပဏီိကိုလည်း စီမံခန့်ခွဲရဦးမှာဖြစ်ပြီး၊ အသက်မပြည့်သေးသည့် ညီလေးကိုလည်း တာဝန်ယူရဦးမှာ ဖြစ်သည့်အတွက်ပင်။ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များကလည်း သူ့လို လူငယ်လေးတစ််ယောက်က အမှားလုပ်မည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။ စီးပွါးပြိုင်ဘက်များကလည်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြသည်။ ဘယ်သူကမှ သူ့ကို အသက်ငယ်သည်ဟုဆိုကာ ညှာတာပေးလိမ့်မည် မဟုတ်ချေ။ သူဆီက ဂုတ်သွေးဘယ်လို စုပ်ရမလဲဆိုသော အတွေးများဖြင့် ပြည့်နေသည့် လူများသာ ပိုမိုများလာခဲ့သည်။

ထိုအချိန်ကာလအတွင်း၌၊ ရှင်ယဲ့မှာ သစ်ပင်ပြိုခိုက် မျောက်များကွဲသည်ဆိုသော အဓိပ္ပာယ်ကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ခဲ့ရလေသည်။

လူအများအရှေ့မှာတော့၊ အရာအာလုံးကို လုပ်နိုင်စွမ်းရှိဟန်ဆောင်ကာ၊ နောက်ကွယ်မှာတော့ စာအုပ်ပေါင်းများစွာအား အသည်းအသန်ဖတ်၍ ကျက်မှတ်ခဲ့ရသည်။ ရှိသမျှ အင်အားကုန် သုံးကာ၊ ကုမ္ပဏီကို ထိန်းသိမ်းခဲ့ရပြီး၊ မိဘများ ချန်ထားခဲ့သည့် စီမံကိန်းကိုလည်း မပျောက်မပျက်အောင် လုပ်ဆောင်ခဲ့ရသည်။

ထို စီမံကိန်းကျဆုံးသွားသည်နှင့်၊ ကုမ္ပဏီတစ်ခုလုံးမှာ အကျပ်အတည်းထဲ ကျရောက်သွားနိုင်သည့် အခြေအနေဖြစ်နေခဲ့သည်။

ကျောင်းသင်ခန်းစာများမှာလည်း အတော်လေး နောက်ကျကျန်နေခဲ့လေ၏။ ရှင်ယဲ့မှာ စိတ်သွားတိုင်း ကိုယ်မပါသလို ခံစားခဲ့ရသည်။ ခေတ္တ ကျောင်းနားဖို့ရာအတွက် ကျောင်းသို့ စာတင်ရန် ပြင်ဆင်နေသည့်အချိန်တွင်၊ မိန်းကလေးတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့သည်။

သူမ၏ မိဘများနှင့် ရှင်ယဲ့၏ မိဘများမှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ သူတို့က ကုမ္ပဏီကို စပ်တူ ထူထောင်ခဲ့ကြကာ၊ လုပ်ငန်းများမှာလည်း အလျင်အမြန် ကြီးပွါး တိုးတက်လာခဲ့သည်။

မိသားစုနှစ်စု၏ ဆက်ဆံရေးက အမြဲလိုလို ကောင်းမွန်ခဲ့ကြ၍၊ ရှင်ယဲ့နှင့် ရှင်ရှော့တို့ ငယ်စဉ်အချိန်တုန်း၌မှာလည်း သူမနှင့်အတူ စာကြည့်၊ ဆော့ကစားခဲ့ဖူးကြသည်။

ရှင်ယဲ့ ဘာတစ်ခုမှ ကြိုတင်တွက်ဆထားခြင်း မရှိဘဲ၊ သူမနေထိုင်ရာ တိုက်ခန်းဆီသို့ သွားခဲ့လိုက်လေ၏။

အခန်းထဲသို့ ဝင်သွားလိုက်သည့်အခါ၊ သူမက စတင်၍ ကတိုက်ကရိုက် ဖွင့်ပြောလာခဲ့လေသည်။ အဝတ်များကို ချွတ်ကာ ရှင်ယဲ့အား ဖက်တွယ်လာခဲ့သည်။ ရှင်ယဲ့မှာ ဒီလိုအချိန်၌ အချစ်အကြောင်းစဉ်းစားဖို့အင်အား ဘယ်မှာ ရှိနိုင်မည်နည်း။ နေ့တိုင်း အဆမတန်အလုပ်ရှုပ်နေကာ သူ့ရုပ်သူတောင် မမှတ်မိတော့သည့် အခြေအနေ ဖြစ်နေခဲ့သည်။

ထို့ကြောင့်  အကုန်လုံးက အတူတူကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်းများသာ ဖြစ်ကြောင်း၊ ဒါမျိုးမလုပ်သင့်ကြောင်းဆိုလျက် စကားလုံးလှလှသုံး၍သာ ငြင်းပယ်ခဲ့လေသည်။

ရှင်ယဲ့က ချစ်သူတွေမဖြစ်နိုင်ပေမဲ့ ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ပါသေးတယ်ဟူသော စကားမျိုး ပြောမည်မဟုတ်ချေ။ သို့သော်လည်း သူနှင့် သူမ၏ မိဘများနှင့်က စီးပွါးဖက်များ ဖြစ်နေသည်ကြောင့် နောက်ပိုင်းမှာလည်း တွေ့ဆုံနိုင်သည့် အခြေအနေများစွာရှိလေသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အရှက်ရစရာတွေဖြစ်အောင် မလုပ်ချင်ပေ။

သူမက ခံစားချက်တွေအကြောင်း ပြောချင်တယ် ဆိုရင်တောင်မှ အခြေအနေအချိန်အခါကို ကြည့်ရမယ်မလား? ရှင်ယဲ့၏ မိဘများ ဆုံးပါးသွားတာတောင် ကြာသေးသည် မဟုတ်ပေ။

ထို့နောက်၌ ရှင်ယဲ့မှာ ဘယ်ကနေ ဘယ်လိုဖြစ်သွားမှန်း မသိလိုက်ချေ။ သူ မှတ်မိသည်မှာ ထိုမိန်းမက အဝတ်တစ်ထည်ကို ကောက်ယူလိုက်ပြီးနောက် ရူးသွမ်းစွာဖြင့် ဆုတ်ဖြဲပစ်လိုက်ခြင်းကိုပင်။ တစ်စစီ ဆုတ်ဖြဲလိုက်ပြီးနောက်တွင် ထို အဝတ်စုတ်များနှင့်အတူ အော်ဟစ်ငိုကြွေးလျက်၊ အခန်းအပြင်သို့ ထွက်သွားလေတော့သည်။ ထို့နောက် ရှင်ယဲ့က သူ့ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားပါသည်ဟုဆိုကာ သဘောကောင်းသည့်လူများအား ရဲခေါ်ဖို့ အကူအညီတောင်းလိုက်လေ၏။

ရှင်ယဲ့မှာ ရဲများထံမှ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ဒီလိုအမှုမျိုးက အမြဲတမ်းလိုလို ခုခံချေပဖို့ မလွယ်ကူပေ။ ကံကောင်းစွာဖြင့် ထိခိုက်မှု မည်မည်ရရမရှိတာကြောင့် ရဲများက အမှုမဖွင့်နိုင်ခဲ့ဘဲ၊ ရှင်ယဲ့ကို အချိန်တစ်ခုလောက်သာ ယာယီထိန်းသိမ်း ချုပ်နှောင်ထားခဲ့သည်။ ထို့နောက်မှာတော့ ရှေ့နေမှနေ၍ ရှင်ယဲ့ကို အာမခံဖြင့် ထုတ်ပေးလိုက်ရလေသည်။

ရှင်ယဲ့ ရဲစခန်းမှ လွတ်လာပြီးနောက်၊ ထိုမိန်းမ၏ အဖေဖြစ်သည့်၊ သူ့မျက်လုံးထဲ၌ ဦးလေးကောင်းတစ်ယောက်၊ မိဘများ၏ သူငယ်ချင်းကောင်းတစ်ယောက်ဟု တွေးထင်ထားခဲ့သည့် သူက သူ့အား ရာထူးမှဖယ်ရှားဖို့ရာအတွက် ဒါရိုက်တာ ဘုတ်အဖွဲ့များကို ဦးဆောင်ကာ လှုံ့ဆော်ခဲ့လေသည်။

ကျောင်းကလည်း အချိန်ကိုက်ကိုပင် သူ့အား ကျောင်းထုတ်လိုက်တော့သည်။ ကျောင်းက ပြောပြခဲ့သည်မှာ ရှင်ယဲ့က ဘယ်လောက်ပဲ အမှတ်တွေ ကောင်းနေပါစေ၊ မကောင်းသည့် အကျင့်စရိုက်ရှိသည့် လူတစ်ယောက်ကို ကျောင်း၏ ဂုဏ်သိက္ခာအတွက် ဆက်မထားနိုင်ဘူး ဟူ၍ပင်။

အချိန်တဒင်္ဂလောက် ကမ္ဘာကြီးတစ်ခုလုံးက ရှင်ယဲ့ကို ဆန့်ကျင်တိုက်ခိုက်နေသလိုပင်။ ကုမ္ပဏီ၏ ရှယ်ယာများတောင်မှ များစွာ ကျဆင်းသွားခဲ့သည်။

စီမံကိန်းမှာလည်း ဆိုင်းငံံ့ထားခဲ့ရပြီး၊ ရှယ်ယာရှင်များမှာလည်း သူ့ကို ထုတ်ပယ်ရန်အတွက် ဆူညံပွတ်လောရိုက်နေခဲ့ကြသည်။ ရှင်ရှော့မှာ သူ့အစ်ကိုအား စိတ်ပူနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူ ကျောင်းမှာ အနိုင်ကျင့်ခံရသည့် အကြောင်းကိုတော့ ဘာတစ်ခုမှ မပြောပြခဲ့ချေ။

ထိုအချိန်တုန်းက ရှင်ယဲ့ မသိခဲ့သည်မှာ သူက မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါသည်ဆိုသည့် မကောင်းသတင်းကြောင့်၊ ညီလေး ရှင်‌ေရှာ့မှာ တစ်ကျောင်းလုံးထံမှ အပယ်ခံဖြစ်ခဲ့ရသည်ကိုပင်။

ရှင်ရှော့မှာ သိတတ်စွာဖြင့် ဒုက္ခများအားလုံးကို ခါးစည်းခံကာ၊ သူ့အစ်ကိုအား ဘာတစ်ခုမှ မပြောပြခဲ့ချေ။ သူ့အတွက်ကို စဉ်းစားကာ နှစ်သိမ့်ပေးခဲ့သေးလေသည်။ အရွယ်မရောက်သေးသူ တစ်ယောက်အနေနှင့် လုပ်နိုင်သည့်အရာမှာ ဒါ့အပြင် မရှိခဲ့ချေ။

ရှင်ယဲ့ ဘာမှမဖြစ်သလိုပင် ဟန်ဆောင်ကာ အံကိုခဲလျက် ကုမ္ပဏီသို့ အလုပ်တက်ခဲ့သည်။ စီမံကိန်းကိုသာ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပါက၊ အဘိုးကြီးထံမှ သိမ်းသွင်းခံထားရသည့် ရှယ်ယာရှင်များမှာလည်း ပါးစပ်ပိတ်သွားမှာဖြစ်သည်။
နောက်ဆုံး သုံးသပ်ချက်အရ၊ သူ့မှာ အင်အားအလုံအလောက်မရှိပေ။ ဘုတ် ဒါရိုက်တာများအနေနှင့်ဆိုလျှင်၊ အခြေအမြစ်မရှိိပြီး မရေရာသည့် ကိစ္စတစ်ခုက သူတို့၏ ဆုံးဖြတ်ချက်ကို ယိမ်းယိုင်အောင် လုပ်နိုင်မှာ မဟုတ်ချေ။ သူ့ကိုကို အဓိက သက်ရောက်နေသည်မှာ ရှင်ယဲ့က အသက်ငယ်လွန်းနေခြင်းဖြစ်သည်။ သူတို့က ပိုက်ဆံမရှာနိုင်မှာ ကြောက်တာကြောင့်၊ ရင်နှီးသည့် လူတစ်ယောက်ကို ရှာ၍ ကုမ္ပဏီကို ဦးစီးရန်အတွက် လိုလားနေခြင်းသာဖြစ်သည်။

ညှိနှိုင်းလို့ ရခါနီးနီးဖြစ်သော ရင်နှီးမြှုပ်နှံမှုများမှာလည်း ပျက်စီးသွားခဲ့သည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က အနှောင့်အယှက်ပေးနေခဲ့ပုံရလေသည်။

ရှင်ယဲ့ အားမလျှော့ခဲ့ပေ။ ရှိသည့်အချိန်အတွင်း၌ နေရာတိုင်းကို ပြေးလွှားခဲ့သည်။ သို့သော်လည်း ရင်နှီးမြှုပ်နှံသူကို ရှာမတွေ့ခဲ့ချေ။ တစ်ဖက်မှာလည်း စီမံကိန်းက နေတိုင်းလိုလို ငွေအမြောက်အမြား ကုန်ဆုံးအောင် ပြုလုပ်နေခဲ့သည်။ ရင်းနှီးမြှုပ်နှံမည့် အထောက်အပံ့သာ မရှိလျှင်၊ စီမံကိန်းကို ဆုံးရှုံးရမည်ဖြစ်ပြီး ကုမ္ပဏီမှာလည်း ပြိုလဲတော့မည့် အခြေအနေနှင့် ကြုံတွေ့ရတော့မှာဖြစ်သည်။

ထိုအချိန်၌ အဘိုးကြီးက ငြင်းပယ်လိုက်သည့် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ သူ့ကို လာရှာကာ နှုတ်ထွက်ဖို့ စေခိုင်းခဲ့သည်။

မှန်မှာ တိတ်ဆိတ်စွာ နားထောင်လျက်ရှိကာ စကားပြောနေစဉ်အတွင်း ဘယ်တော့မှ ဖြတ်ပြောခြင်း မရှိခဲ့ပေ။ ရှင်ယဲ့အား သူ့ကိုယ်သူစကားပြန်‌ေပြာနေရသည့် ခံစားချက်မျိုးကို ပေးနေသည်။ မသိလိုက်မသိဘာသာဘဲ ထိုအချိန်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် စိတ်ခံစားချက်များကို မှန်အား အလုံးစုံ ပြောပြခဲ့မိသည်။

သူ ရပ်လိုက်သည့်အချိန်တွင် မှန်မှာ မနေနိုင်စွာ မေးလာခဲ့သည်:

"အဲ့တော့ နောက်ပိုင်း မင်း ဘယ်လိုဖြစ်သွားလဲ? နေရာဖယ်ပေးလိုက်ပြီး မကောင်းတဲ့လူတွေကို အနိုင်ပေးလိုက်တာလား။ ဒါမှမဟုတ် မင်းနိုင်သွားတာလား?"

ရှင်ယဲ့က ဆို၏: "ကောင်းတာတွေ မကောင်းတာတွေနဲ့ မဆိုင်ဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ပဲ ဆိုင်တယ်။ ငါက အဲ့ဒီအချိန်တုန်းက အရမ်းငယ်သေးတော့ စီးပွါးရေးလောကရဲ့ သွေးထွက်သံယိုတိုက်ပွဲတွေကို မကြုံတွေ့ခဲ့ရဖူးဘူး။ အဲ့တော့ တခြားလူတွေရဲ့ လှည့်ကွက်ထဲ ကျသွားရတာပဲ။

ပြောရရင် သူက ငါ့ကို ချောက်မချဘူး ဆိုရင်တောင်မှ၊ သူ့မှာရှိတဲ့ အဆက်အသွယ်တွေနဲ့ ငါ့ကို ဆွဲချလို့ရတယ်။ ငါ့ကို နာမည်ပျက်အောင်လုပ်တာက လူ့သဘာဝ မလိုတမာစိတ်ကြောင့်ပဲ။ ငါ့ကို ရှင်းပစ်ပြီး ငါနဲ့ ငါ့ညီလေးရဲ့ ဘဝကို နည်းလမ်းမျိုးစုံနဲ့ ဖျက်စီးပစ်ချင်နေတာ၊ ငါနောက်ထပ် ပြန်ထမလာနိုင်တော့တဲ့အထိကို။

ငါ အဲ့ဒီအချိန် လောကကြီးရဲ့ အကြောင်းကို စသိလာရတော့၊ သည်းမခံနိုင်တာတွေ ရှိလာတယ်။ အဲ့တော့ လမ်းမှားဘက်ကို တဖြည်းဖြည်းရောက်သွားတယ်။ အဲ့ဒီအချိန်တုန်းက တွေးခဲ့တာ တစ်ဖက်လူက ဒီလောက်ကောက်ကျစ်နေတာဆိုတော့ ငါလည်း စိတ်လိုက်မာန်ပါ လုပ်လိုက်ရင်တောင် သိပ်ပြဿနာ မရှိလောက်ပါဘူးပေါ့။

အဲ့အချိန်မှာ ငါ အဘိုးကြီးကို ယှဉ်နိုင်မယ့် တစ်ဦးတည်းသောရင်းနှီးမြှုပ်နှံသူ ရှာတွေ့ခဲ့တယ်။ သူက အဘိုးကြီး ပိုင်တဲ့ နယ်ပယ်က ရင်းနှီးမြှုပ်နှံသူ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူ့ကို တွေ့ခွင့်မရခဲ့ဘူး။ သူက အဲ့ဒီအချိန်တုန်းက သူ့မိန်းမနဲ့အတူ နိုင်ငံခြားကို ခရီးထွက်နေတာ။ ဘယ်တော့ ပြန်လာမယ်မှန်းလဲမသိဘူး"

ထိုအချိန်၌၊ ရှင်ယဲ့က သူ့ညီလေး ကျောင်းမှာ အနိုင်ကျင့်ခံနေရသည့် အကြောင်းကို သိရှိသွားခဲ့သည်။ ထို့ကြောင့် အလွန်ဒေါသထွက်ကာ သူ့အတွက် လက်စားချေပေးရန် ကြိုးစားခဲ့တော့သည်။

ထိုအချိန်တွင် ရှင်ယဲ့က အသက်၂၀သာရှိသေးသည့် လောကကြီးအကြောင်း သိပ်နားမလည်သေးသော လူငယ်လေးတစ်ယောက်သာဖြစ်သည်။ သူ စဉ်းစားမိသည့် တစ်ခုတည်းသော နည်းလမ်းမှာ လူမိုက်များကို ပိုက်ဆံပေးငှါး၍ သူ့ညီလေးအား ဦးဆောင် အနိုင်ကျင့်သည့်သူကို ကျောင်းပြင်တွင် ချောင်းရိုက်ခိုင်းရန်သာဖြစ်သည်။ သို့သော်
ထို့နေ့၌ သူတို့ လမ်းပိတ်တားလိုက်သည့် လူမှာ အနိုင်ကျင့်သည့်သူ ဟုတ်မနေဘဲ၊ သခင်လေးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု ဘယ်သူက သိခဲ့မည်နည်း။

ထိုသခင်လေးမှာ တိုက်တိုက်ဆိုင်ဆိုင် သူရှာနေသည့် ရင်နှီးမြှုပ်နှံသူ၏ သားဖြစ်နေလေသည်။

မတိုင်ခင်တုန်းက ရှင်ယဲ့ ရင်နှီးမြှုပ်နှံသူ၏ အကြောင်းကို သေချာလေ့လာထားတာကြောင့် သူ၏ မိသားစုအား ကောင်းကောင်းသိလေသည်။

အထက်တန်း ပထမနှစ်သာ ရှိသေးပြီး၊ နူးညံ့ကြင်နာပုံရသည့် သခင်လေးမှာ အလွန်ပင် ကြည့်ကောင်းလှလေသည်။ သူက ရှင်ရှော့ကို အနိုင်မကျင့်သည့် တစ်ဦးတည်းသောသူဖြစ်ကာ၊ ရှင်ရှော့အား စကားတောင် ပြောပေးသေးလေသည်။

ထိုအချိန်တုန်းက ရှင်ယဲ့၌ မကောင်းသည့် အကြံအစည်များ ရှိနေခဲ့လေ၏။ ငှါးထားသည့် လူဆိုးများကို သခင်လေးအား ဒီတိုင်းရိုက်ခိုင်းလိုက်ပြီး၊ သူကတော့ နောက်မှ ဖြတ်သွားရင်းနဲ့ တွေ့သည့် ပုံဟန်ဆောင်ကာ ကယ်တင်လိုက်မည်ဟု စဉ်းစားခဲ့လေသည်။ ထိုမှသာ သခင်လေးအား သူ့မိဘများဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလို့ ရမည်ဖြစ်ပြီး။ သူက ရင်းနှီးမြှုပ်နှံသူနှင့် ချိန်းဆို၍ ရနိုင်လိမ့်မည်ဖြစ်သည်။

သူက လူမိုက်အချို့အား သခင်လေးဘေးက အစောင့်အရှောက်များကို မျှားခေါ်ခိုင်းလိုက်ပြီး၊ ကျန်သည့် လူများကို ခေါ်၍ ချောင်းရိုက်ဖို့ရာအတွက် ထောင့်တစ်နေရာ ရှာတော့မည့်အချိန်တွင်၊ ဗန်ကားတစ်စီးက ရုတ်တရက် သခင်လေးရှေ့တွင်ရပ်ကာ၊ သခင်လေးအား ကားထဲသို့ ဆွဲခေါ်သွားတော့သည်။

ရှင်ယဲ့ ထိုအချိန်၌ ဘာမှတောင် စဉ်းစားမနေတော့ဘဲ၊ ဘေးတွင်ရှိသည့် လူမိုက်များအား ရဲကို အမြန်ဆုံး ဖုန်းခေါ်ခိုင်းလိုက်ကာ၊ သူကိုယ်တိုင်ကတော့ လူမိုက်၏ မော်တော်ဆိုင်ကယ်ကို ဆွဲယူ၍ ကားနောက်သို့ အပြေးလိုက်သွားတော့သည်။ သူ တက္ကသိုလ်မှာတုန်းက ကိုယ်ခံပညာကို သင်ယူခဲ့​ဖူးသည်။ လူမိုက်များ၏ ဆိုင်ကယ်မှာလည်း အထူးပြုပြင်မွမ်းမံထားတာကြောင့်၊ မကြာမီမှာပဲ ကားအား မှီသွားလေတော့၏။

"အဲ့ဒီအချိန်တုန်းက ငါ ဒီလူတွေကို နိုင်အောင်မချနိုင်ဘူးဆိုတာ ငါ့ကိုယ်ငါသိတယ်။ အဲ့ဒါကြောင့် ဆိုင်ကယ်နဲ့ ကားရှေ့ကို တည့်တည့် မောင်းချသွားပြီးတော့၊ တိုက်မိလိုက်တဲ့ ချက်ချင်းမှာပဲ ခုန်ချလိုက်တယ်။ ကံကောင်းလို့ ဒဏ်နာနည်းနည်းပဲ ရသွားတာ။ ဗန်ကားရဲ့ တာယာကတော့ ပေါက်သွားပြီး ကားဆက်မောင်းလို့ မရတော့ဘူး။

ကားပေါ်က လူတွေက သတိလစ်နေတဲ့ သခင်လေးကို သယ်နေတာတွေ့တော့၊ ငါ ထသွားပြီး သူတို့နဲ့ ဝင်လုံးလိုက်တာ၊ အရိုက်ခံရပြီး ဒဏ်ရာတွေ ဆိုးဆိုးရွားရွားရသွားတယ်။ ဒါပေမဲ့ သခင်လေးကို သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ ရဲတွေဆီကို ခေါ်သွားနိုင်ခဲ့တယ်။

အဲ့ဒီနောက်မှာ ငါ သတိလစ်သွားတယ်။ ဆေးရုံခန်းကနေ ပြန်သတိရလာတော့ ခုတင်ဘေးမှာ ညီလေးက ငါ့ကို လူနာကြည့်ပေးနေတာကို တွေ့တယ်။ လူတွေရဲ့အမြင်ကလည်း မိန်းကလေးတစ်ယောက်ကို အဓမ္မကျင့်တဲ့ လူကနေပြီးတော့ ရဲရင့်တဲ့ လူငယ်လေးတစ်ယောက်အဖြစ်ပြောင်းသွားတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူကလည်း နိုင်ငံခြားက ၏ချက်ချင်းပြန်လာပြီး၊ ငါ့ရဲ့ စီမံကိန်းကို အစီအစဉ်ကို မြင်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်"

ချောမောလှပသည့် သခင်လေးမှာလည်း ဆေးရုံသို့သွားကာ သူ့ကို လာကြည့်ခဲ့လေသည်။ "ကိုကို အမြန်နေကောင်းလာပါစေ" ဟုတောင် ဆိုခဲ့သေးလေ၏။

ဤသည်မှာ ရှင်ယဲ့ သူ့မိဘများ ဆုံးပါးသွားပြီးနောက် ပထမဦးဆုံးအနေနှင့် ခံစားခဲ့ရသည့် နွေးထွေးကြင်နာမှုလေးပင်ဖြစ်သည်။ သူ့အား နိုးထလာစေခဲ့သည့် အချက်ပေးသံလည်း ဖြစ်ခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူ လူငှါးပြီး လူတစ်ယောက်ကို ထိခိုက်အောင် မလုပ်ခဲ့မိချေ။ သူ့ညီလေးနှင့် သက်တူရွယ်တူလည်းဖြစ်သည့် သခင်လေးကို ဘယ်လိုလုပ်ပြီး ပိုက်ဆံအတွက်နဲ့ လူရှာပြီး ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနိုင်ရတာလဲ။

"မင်း အဲ့ဒီ.....မင်း အခုလေးတင် ပြောလိုက်တဲ့ တုံးပုံရပြီး၊ အစားခံရတော့မယ့် ပေါက်စီကြီးနဲ့ တူတယ်ဆိုတဲ့ သခင်လေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ?" ရှင်ယဲ့ ပြန်လည်တွေးတောနေသည့်အချိန်တွင် မှန်မှာ ရုတ်တရက် ထမေးလိုက်လေသည်။

"လုမင်းဇယ်" ရှင်ယဲ့ ပြန်ဖြေလိုက်သည်။ "ပြန်ပေးဆွဲမှုဖြစ်တဲ့အကြောင်းကို ကြားပြီးတော့ ဒါရိုက်တာလုက သူ့သားကို ကာကွယ်ဖို့ နိုင်ငံခြားကို ပညာတော်သင်လွှတ်လိုက်တယ်။ ငါ သူ့ကို မတွေ့တာ ကိုးနှစ်လောက်ရှိပြီ"

"ဪ....." မှန်မှာ အလွန်ထူးဆန်းသည့် အသံအနေအထားဖြင့် ဆိုလိုက်လေသည်။ "ဒါဆို မင်းက အစတုန်းက လုမင်းဇယ်ကို လူခေါ်ပြီး ရိုက်ခိုင်းချင်ခဲ့တာပေါ့။ ဒါပေမဲ့ သူများတွေက သူ့ကို ပြန်ပေးဆွဲသွားတော့မှ လူမိုက်ငှါးပြီး လူကို ထိခိုက်အောင်လုပ်တဲ့ ရာဇဝတ်သားအဖြစ်ကို မရောက်သွားတာပေါ့?"

ရှင်ယဲ့ သက်ပြင်းချကာ ဆိုလိုက်သည်: "အဲ့လိုဖြစ်ရတာ ငါက လူခေါ်ပြီး သူ့ရဲဲ့ ကိုယ်ရံတော်တွေကို အဝေးပို့ခိုင်းလိုက်လို့၊ အခွင့်အရေးရဖို့ ချောင်းနေတဲ့ ပြန်ပေးသမားတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတာလည်း ပါပါတယ်"

"ဪ"

မှန်မှာ ရုတ်တရက် အနက်ရောင်ပြောင်းသွားလေတော့သည်။ ရှင်ယဲ့ ဘယ်လောက်ပဲ ထိကြည့်ထိကြည့် တုံ့ပြန်မလာခဲ့ပေ။

ဘာဖြစ်တာလဲ။ သူ မေးခွင့်မရှိတဲ့ မေးခွန်းတော့ မမေးလိုက်ပါဘူးမလား?

ရှင်ယဲ့ ဖုန်းကို ဖွင့်လိုက်ပြီး မှန်၏ အချက်အလက်များကို ကြည့်လိုက်ရာ၊ သူနှစ်ယောက်၏ ရင်းနှီးမှုအမှတ်မှာ 0 ဖြစ်သွားသည်ကို တွေ့လိုက်ရလေသည်။

ရင်းနှီးမှုအမှတ်: 0 ၊ မှန်က သင့်ကို စကားမပြောချင်ပါ။ သင့်အား ဆဲဆိုသည့်စကားများကိုတော့ Systemက ပိတ်ပင်ထားပါတယ်။

ရှင်ယဲ့: "......"

ဘာလို့ ရင်းနှီးမှုအမှတ်က ရုတ်တရက်ကြီး 0 ဖြစ်သွားရတာလဲ? သူက သူ့ရဲ့ အတိတ်အကြောင်းကိုပဲ ပြောပြနေတာလေ။ ဘယ်လိုဖြစ်သွားရတာလဲ?

သူပြောပြခဲ့သည့် အကြောင်းအရာများနှင့် မှန်က အဆုံး၌ ပြောသွားသည့် အနည်းငယ် ထူးဆန်းနေသော စကားများကို ပြန်စဉ်းစားကြည့်လိုက်သည့်အခါ၊ ရှင်ယဲ့ စိတ်ထဲ၌ ရုတ်ခနဲ အတွေးတစ်ခု ပေါက်လာခဲ့သည်။ သူ မည်းနက်နေသည့် မှန်မျက်နှာပြင်ကို ပုတ်ကာ မေးလိုက်လေ၏:

"မင်းက လုမင်းဇယ်တော့ မဟုတ်ဘူးမလား?"

အလွန်ကြည့်ကောင်းသော လက်တစ်ဖက်က မှန်ထက်တွင် ပေါ်ထွက်လာခဲ့ပြီးနောက်၊ လက်ခလယ် တစ်ချောင်းကို ရှင်ယဲ့အား ထောင်ပြလိုက်လေတော့သည်။








(Zawgyi)

          Chapter 39 _ ရွင္ယဲ့၏ အတိတ္

ရွင္ယဲ့ တကၠသိုလ္ တတိယႏွစ္သာ ရွိေသးသည့္အခ်ိန္၊ မိဘႏွစ္ပါးစလုံးမွာ မေတာ္တဆမႈျဖင့္ ဆုံးပါးသြားခဲ့ၾကသည္။ ထိုအခ်ိန္၌ ရွင္ယဲ့မွာ အသက္ ၂၀သာ ရွိေသးခဲ့သည္။ ညီေလး ရွင္ေရွာ့မွာလည္း ၁၅ႏွစ္သာ ရွိေသးကာ အထက္တန္းေက်ာင္းတက္စသာ ရွိေသးေလ၏။ ညီအစ္ကိုႏွစ္ေယာက္စလုံးမွာ စာကို တစိုက္မတ္မတ္ႀကိဳးစားသူမ်ား ျဖစ္ခဲ့ၾကသည္။ မွီခိုအားထားရာတစ္ခု ဆုံးရႈံးလိုက္ရသည့္အခါ၊ ေကာင္းကင္ႀကီး ၿပိဳက်သြားသကဲ့သို႔ပင္ ျဖစ္ခဲ့ရေတာ့သည္။

အေျခအေနေတြသာ ေပးခဲ့မည္ဆိုလွ်င္၊ ရွင္ယဲ့မွာ အ႐ုပ္ႀကိဳးပ်က္ျဖစ္လ်က္၊ အခ်ိန္တစ္ခုေလာက္အထိ စိတ္ဓာတ္က်ေနမိမွာျဖစ္သည္။ သို႔ေသာ္လည္း ထိုသို႔ လုပ္ခြင့္မရွိခဲ့ေခ်။ မိဘမ်ား ဆုံးပါးသြားလွ်င္ေတာင္မွ၊ ဘဝက ဆက္လက္ရွင္သန္ ေနရဦးမွာျဖစ္သည္။ ကုမၸဏီိကိုလည္း စီမံခန္႔ခြဲရဦးမွာျဖစ္ၿပီး၊ အသက္မျပည့္ေသးသည့္ ညီေလးကိုလည္း တာဝန္ယူရဦးမွာ ျဖစ္သည့္အတြက္ပင္။ ဒါ႐ိုက္တာ ဘုတ္အဖြဲ႕ဝင္မ်ားကလည္း သူ႔လို လူငယ္ေလးတစ္္ေယာက္က အမွားလုပ္မည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနခဲ့ၾကသည္။ စီးပြါးၿပိဳင္ဘက္မ်ားကလည္း မ်က္စိေဒါက္ေထာက္ ၾကည့္ေနခဲ့ၾကသည္။ ဘယ္သူကမွ သူ႔ကို အသက္ငယ္သည္ဟုဆိုကာ ညႇာတာေပးလိမ့္မည္ မဟုတ္ေခ်။ သူဆီက ဂုတ္ေသြးဘယ္လို စုပ္ရမလဲဆိုေသာ အေတြးမ်ားျဖင့္ ျပည့္ေနသည့္ လူမ်ားသာ ပိုမိုမ်ားလာခဲ့သည္။

ထိုအခ်ိန္ကာလအတြင္း၌၊ ရွင္ယဲ့မွာ သစ္ပင္ၿပိဳခိုက္ ေမ်ာက္မ်ားကြဲသည္ဆိုေသာ အဓိပၸာယ္ကို ထဲထဲဝင္ဝင္ နားလည္ သေဘာေပါက္ခဲ့ရေလသည္။

လူအမ်ားအေရွ႕မွာေတာ့၊ အရာအာလုံးကို လုပ္ႏိုင္စြမ္းရွိဟန္ေဆာင္ကာ၊ ေနာက္ကြယ္မွာေတာ့ စာအုပ္ေပါင္းမ်ားစြာအား အသည္းအသန္ဖတ္၍ က်က္မွတ္ခဲ့ရသည္။ ရွိသမွ် အင္အားကုန္ သုံးကာ၊ ကုမၸဏီကို ထိန္းသိမ္းခဲ့ရၿပီး၊ မိဘမ်ား ခ်န္ထားခဲ့သည့္ စီမံကိန္းကိုလည္း မေပ်ာက္မပ်က္ေအာင္ လုပ္ေဆာင္ခဲ့ရသည္။

ထို စီမံကိန္းက်ဆုံးသြားသည္ႏွင့္၊ ကုမၸဏီတစ္ခုလုံးမွာ အက်ပ္အတည္းထဲ က်ေရာက္သြားႏိုင္သည့္ အေျခအေနျဖစ္ေနခဲ့သည္။

ေက်ာင္းသင္ခန္းစာမ်ားမွာလည္း အေတာ္ေလး ေနာက္က်က်န္ေနခဲ့ေလ၏။ ရွင္ယဲ့မွာ စိတ္သြားတိုင္း ကိုယ္မပါသလို ခံစားခဲ့ရသည္။ ေခတၱ ေက်ာင္းနားဖို႔ရာအတြက္ ေက်ာင္းသို႔ စာတင္ရန္ ျပင္ဆင္ေနသည့္အခ်ိန္တြင္၊ မိန္းကေလးတစ္ေယာက္က သူ႔ကို ဆက္သြယ္လာခဲ့သည္။

သူမ၏ မိဘမ်ားႏွင့္ ရွင္ယဲ့၏ မိဘမ်ားမွာ မိတ္ေဆြေဟာင္းမ်ား ျဖစ္ၾကသည္။ သူတို႔က ကုမၸဏီကို စပ္တူ ထူေထာင္ခဲ့ၾကကာ၊ လုပ္ငန္းမ်ားမွာလည္း အလ်င္အျမန္ ႀကီးပြါး တိုးတက္လာခဲ့သည္။

မိသားစုႏွစ္စု၏ ဆက္ဆံေရးက အၿမဲလိုလို ေကာင္းမြန္ခဲ့ၾက၍၊ ရွင္ယဲ့ႏွင့္ ရွင္ေရွာ့တို႔ ငယ္စဥ္အခ်ိန္တုန္း၌မွာလည္း သူမႏွင့္အတူ စာၾကည့္၊ ေဆာ့ကစားခဲ့ဖူးၾကသည္။

ရွင္ယဲ့ ဘာတစ္ခုမွ ႀကိဳတင္တြက္ဆထားျခင္း မရွိဘဲ၊ သူမေနထိုင္ရာ တိုက္ခန္းဆီသို႔ သြားခဲ့လိုက္ေလ၏။

အခန္းထဲသို႔ ဝင္သြားလိုက္သည့္အခါ၊ သူမက စတင္၍ ကတိုက္က႐ိုက္ ဖြင့္ေျပာလာခဲ့ေလသည္။ အဝတ္မ်ားကို ခြၽတ္ကာ ရွင္ယဲ့အား ဖက္တြယ္လာခဲ့သည္။ ရွင္ယဲ့မွာ ဒီလိုအခ်ိန္၌ အခ်စ္အေၾကာင္းစဥ္းစားဖို႔အင္အား ဘယ္မွာ ရွိႏိုင္မည္နည္း။ ေန႔တိုင္း အဆမတန္အလုပ္ရႈပ္ေနကာ သူ႔႐ုပ္သူေတာင္ မမွတ္မိေတာ့သည့္ အေျခအေန ျဖစ္ေနခဲ့သည္။

ထို႔ေၾကာင့္  အကုန္လုံးက အတူတူႀကီးျပင္းလာခဲ့ၾကတဲ့ သူငယ္ခ်င္းမ်ားသာ ျဖစ္ေၾကာင္း၊ ဒါမ်ိဳးမလုပ္သင့္ေၾကာင္းဆိုလ်က္ စကားလုံးလွလွသုံး၍သာ ျငင္းပယ္ခဲ့ေလသည္။

ရွင္ယဲ့က ခ်စ္သူေတြမျဖစ္ႏိုင္ေပမဲ့ ငါတို႔ သူငယ္ခ်င္းေတြ ျဖစ္ႏိုင္ပါေသးတယ္ဟူေသာ စကားမ်ိဳး ေျပာမည္မဟုတ္ေခ်။ သို႔ေသာ္လည္း သူႏွင့္ သူမ၏ မိဘမ်ားႏွင့္က စီးပြါးဖက္မ်ား ျဖစ္ေနသည္ေၾကာင့္ ေနာက္ပိုင္းမွာလည္း ေတြ႕ဆုံႏိုင္သည့္ အေျခအေနမ်ားစြာရွိေလသည္။ ထို႔ေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ အရွက္ရစရာေတြျဖစ္ေအာင္ မလုပ္ခ်င္ေပ။

သူမက ခံစားခ်က္ေတြအေၾကာင္း ေျပာခ်င္တယ္ ဆိုရင္ေတာင္မွ အေျခအေနအခ်ိန္အခါကို ၾကည့္ရမယ္မလား? ရွင္ယဲ့၏ မိဘမ်ား ဆုံးပါးသြားတာေတာင္ ၾကာေသးသည္ မဟုတ္ေပ။

ထို႔ေနာက္၌ ရွင္ယဲ့မွာ ဘယ္ကေန ဘယ္လိုျဖစ္သြားမွန္း မသိလိုက္ေခ်။ သူ မွတ္မိသည္မွာ ထိုမိန္းမက အဝတ္တစ္ထည္ကို ေကာက္ယူလိုက္ၿပီးေနာက္ ႐ူးသြမ္းစြာျဖင့္ ဆုတ္ၿဖဲပစ္လိုက္ျခင္းကိုပင္။ တစ္စစီ ဆုတ္ၿဖဲလိုက္ၿပီးေနာက္တြင္ ထို အဝတ္စုတ္မ်ားႏွင့္အတူ ေအာ္ဟစ္ငိုေႂကြးလ်က္၊ အခန္းအျပင္သို႔ ထြက္သြားေလေတာ့သည္။ ထို႔ေနာက္ ရွင္ယဲ့က သူ႔ကို အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားပါသည္ဟုဆိုကာ သေဘာေကာင္းသည့္လူမ်ားအား ရဲေခၚဖို႔ အကူအညီေတာင္းလိုက္ေလ၏။

ရွင္ယဲ့မွာ ရဲမ်ားထံမွ ေခၚေဆာင္သြားျခင္း ခံခဲ့ရသည္။ ဒီလိုအမႈမ်ိဳးက အၿမဲတမ္းလိုလို ခုခံေခ်ပဖို႔ မလြယ္ကူေပ။ ကံေကာင္းစြာျဖင့္ ထိခိုက္မႈ မည္မည္ရရမရွိတာေၾကာင့္ ရဲမ်ားက အမႈမဖြင့္ႏိုင္ခဲ့ဘဲ၊ ရွင္ယဲ့ကို အခ်ိန္တစ္ခုေလာက္သာ ယာယီထိန္းသိမ္း ခ်ဳပ္ေႏွာင္ထားခဲ့သည္။ ထို႔ေနာက္မွာေတာ့ ေရွ႕ေနမွေန၍ ရွင္ယဲ့ကို အာမခံျဖင့္ ထုတ္ေပးလိုက္ရေလသည္။

ရွင္ယဲ့ ရဲစခန္းမွ လြတ္လာၿပီးေနာက္၊ ထိုမိန္းမ၏ အေဖျဖစ္သည့္၊ သူ႔မ်က္လုံးထဲ၌ ဦးေလးေကာင္းတစ္ေယာက္၊ မိဘမ်ား၏ သူငယ္ခ်င္းေကာင္းတစ္ေယာက္ဟု ေတြးထင္ထားခဲ့သည့္ သူက သူ႔အား ရာထူးမွဖယ္ရွားဖို႔ရာအတြက္ ဒါ႐ိုက္တာ ဘုတ္အဖြဲ႕မ်ားကို ဦးေဆာင္ကာ လႈံ႕ေဆာ္ခဲ့ေလသည္။

ေက်ာင္းကလည္း အခ်ိန္ကိုက္ကိုပင္ သူ႔အား ေက်ာင္းထုတ္လိုက္ေတာ့သည္။ ေက်ာင္းက ေျပာျပခဲ့သည္မွာ ရွင္ယဲ့က ဘယ္ေလာက္ပဲ အမွတ္ေတြ ေကာင္းေနပါေစ၊ မေကာင္းသည့္ အက်င့္စ႐ိုက္ရွိသည့္ လူတစ္ေယာက္ကို ေက်ာင္း၏ ဂုဏ္သိကၡာအတြက္ ဆက္မထားႏိုင္ဘူး ဟူ၍ပင္။

အခ်ိန္တဒဂၤေလာက္ ကမာၻႀကီးတစ္ခုလုံးက ရွင္ယဲ့ကို ဆန္႔က်င္တိုက္ခိုက္ေနသလိုပင္။ ကုမၸဏီ၏ ရွယ္ယာမ်ားေတာင္မွ မ်ားစြာ က်ဆင္းသြားခဲ့သည္။

စီမံကိန္းမွာလည္း ဆိုင္းငံံ့ထားခဲ့ရၿပီး၊ ရွယ္ယာရွင္မ်ားမွာလည္း သူ႔ကို ထုတ္ပယ္ရန္အတြက္ ဆူညံပြတ္ေလာ႐ိုက္ေနခဲ့ၾကသည္။ ရွင္ေရွာ့မွာ သူ႔အစ္ကိုအား စိတ္ပူေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနခဲ့သည္။ သူ ေက်ာင္းမွာ အႏိုင္က်င့္ခံရသည့္ အေၾကာင္းကိုေတာ့ ဘာတစ္ခုမွ မေျပာျပခဲ့ေခ်။

ထိုအခ်ိန္တုန္းက ရွင္ယဲ့ မသိခဲ့သည္မွာ သူက မိန္းကေလးတစ္ေယာက္ကို အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားခဲ့ပါသည္ဆိုသည့္ မေကာင္းသတင္းေၾကာင့္၊ ညီေလး ရွင္‌ေရွာ့မွာ တစ္ေက်ာင္းလုံးထံမွ အပယ္ခံျဖစ္ခဲ့ရသည္ကိုပင္။

ရွင္ေရွာ့မွာ သိတတ္စြာျဖင့္ ဒုကၡမ်ားအားလုံးကို ခါးစည္းခံကာ၊ သူ႔အစ္ကိုအား ဘာတစ္ခုမွ မေျပာျပခဲ့ေခ်။ သူ႔အတြက္ကို စဥ္းစားကာ ႏွစ္သိမ့္ေပးခဲ့ေသးေလသည္။ အ႐ြယ္မေရာက္ေသးသူ တစ္ေယာက္အေနႏွင့္ လုပ္ႏိုင္သည့္အရာမွာ ဒါ့အျပင္ မရွိခဲ့ေခ်။

ရွင္ယဲ့ ဘာမွမျဖစ္သလိုပင္ ဟန္ေဆာင္ကာ အံကိုခဲလ်က္ ကုမၸဏီသို႔ အလုပ္တက္ခဲ့သည္။ စီမံကိန္းကိုသာ ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ပါက၊ အဘိုးႀကီးထံမွ သိမ္းသြင္းခံထားရသည့္ ရွယ္ယာရွင္မ်ားမွာလည္း ပါးစပ္ပိတ္သြားမွာျဖစ္သည္။
ေနာက္ဆုံး သုံးသပ္ခ်က္အရ၊ သူ႔မွာ အင္အားအလုံအေလာက္မရွိေပ။ ဘုတ္ ဒါ႐ိုက္တာမ်ားအေနႏွင့္ဆိုလွ်င္၊ အေျခအျမစ္မရွိိၿပီး မေရရာသည့္ ကိစၥတစ္ခုက သူတို႔၏ ဆုံးျဖတ္ခ်က္ကို ယိမ္းယိုင္ေအာင္ လုပ္ႏိုင္မွာ မဟုတ္ေခ်။ သူ႔ကိုကို အဓိက သက္ေရာက္ေနသည္မွာ ရွင္ယဲ့က အသက္ငယ္လြန္းေနျခင္းျဖစ္သည္။ သူတို႔က ပိုက္ဆံမရွာႏိုင္မွာ ေၾကာက္တာေၾကာင့္၊ ရင္ႏွီးသည့္ လူတစ္ေယာက္ကို ရွာ၍ ကုမၸဏီကို ဦးစီးရန္အတြက္ လိုလားေနျခင္းသာျဖစ္သည္။

ညႇိႏႈိင္းလို႔ ရခါနီးနီးျဖစ္ေသာ ရင္ႏွီးျမႇဳပ္ႏွံမႈမ်ားမွာလည္း ပ်က္စီးသြားခဲ့သည္။ ၾကည့္ရသည္မွာ တစ္ေယာက္ေယာက္က အေႏွာင့္အယွက္ေပးေနခဲ့ပုံရေလသည္။

ရွင္ယဲ့ အားမေလွ်ာ့ခဲ့ေပ။ ရွိသည့္အခ်ိန္အတြင္း၌ ေနရာတိုင္းကို ေျပးလႊားခဲ့သည္။ သို႔ေသာ္လည္း ရင္ႏွီးျမႇဳပ္ႏွံသူကို ရွာမေတြ႕ခဲ့ေခ်။ တစ္ဖက္မွာလည္း စီမံကိန္းက ေနတိုင္းလိုလို ေငြအေျမာက္အျမား ကုန္ဆုံးေအာင္ ျပဳလုပ္ေနခဲ့သည္။ ရင္းႏွီးျမႇဳပ္ႏွံမည့္ အေထာက္အပံ့သာ မရွိလွ်င္၊ စီမံကိန္းကို ဆုံးရႈံးရမည္ျဖစ္ၿပီး ကုမၸဏီမွာလည္း ၿပိဳလဲေတာ့မည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ရေတာ့မွာျဖစ္သည္။

ထိုအခ်ိန္၌ အဘိုးႀကီးက ျငင္းပယ္လိုက္သည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္အတူ သူ႔ကို လာရွာကာ ႏႈတ္ထြက္ဖို႔ ေစခိုင္းခဲ့သည္။

မွန္မွာ တိတ္ဆိတ္စြာ နားေထာင္လ်က္ရွိကာ စကားေျပာေနစဥ္အတြင္း ဘယ္ေတာ့မွ ျဖတ္ေျပာျခင္း မရွိခဲ့ေပ။ ရွင္ယဲ့အား သူ႔ကိုယ္သူစကားျပန္‌ေျပာေနရသည့္ ခံစားခ်က္မ်ိဳးကို ေပးေနသည္။ မသိလိုက္မသိဘာသာဘဲ ထိုအခ်ိန္က ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံးႏွင့္ စိတ္ခံစားခ်က္မ်ားကို မွန္အား အလုံးစုံ ေျပာျပခဲ့မိသည္။

သူ ရပ္လိုက္သည့္အခ်ိန္တြင္ မွန္မွာ မေနႏိုင္စြာ ေမးလာခဲ့သည္:

"အဲ့ေတာ့ ေနာက္ပိုင္း မင္း ဘယ္လိုျဖစ္သြားလဲ? ေနရာဖယ္ေပးလိုက္ၿပီး မေကာင္းတဲ့လူေတြကို အႏိုင္ေပးလိုက္တာလား။ ဒါမွမဟုတ္ မင္းႏိုင္သြားတာလား?"

ရွင္ယဲ့က ဆို၏: "ေကာင္းတာေတြ မေကာင္းတာေတြနဲ႔ မဆိုင္ဘူး။ လူတစ္ေယာက္ရဲ႕ အရည္အခ်င္းနဲ႔ပဲ ဆိုင္တယ္။ ငါက အဲ့ဒီအခ်ိန္တုန္းက အရမ္းငယ္ေသးေတာ့ စီးပြါးေရးေလာကရဲ႕ ေသြးထြက္သံယိုတိုက္ပြဲေတြကို မႀကဳံေတြ႕ခဲ့ရဖူးဘူး။ အဲ့ေတာ့ တျခားလူေတြရဲ႕ လွည့္ကြက္ထဲ က်သြားရတာပဲ။

ေျပာရရင္ သူက ငါ့ကို ေခ်ာက္မခ်ဘူး ဆိုရင္ေတာင္မွ၊ သူ႔မွာရွိတဲ့ အဆက္အသြယ္ေတြနဲ႔ ငါ့ကို ဆြဲခ်လို႔ရတယ္။ ငါ့ကို နာမည္ပ်က္ေအာင္လုပ္တာက လူ႔သဘာဝ မလိုတမာစိတ္ေၾကာင့္ပဲ။ ငါ့ကို ရွင္းပစ္ၿပီး ငါနဲ႔ ငါ့ညီေလးရဲ႕ ဘဝကို နည္းလမ္းမ်ိဳးစုံနဲ႔ ဖ်က္စီးပစ္ခ်င္ေနတာ၊ ငါေနာက္ထပ္ ျပန္ထမလာႏိုင္ေတာ့တဲ့အထိကို။

ငါ အဲ့ဒီအခ်ိန္ ေလာကႀကီးရဲ႕ အေၾကာင္းကို စသိလာရေတာ့၊ သည္းမခံႏိုင္တာေတြ ရွိလာတယ္။ အဲ့ေတာ့ လမ္းမွားဘက္ကို တျဖည္းျဖည္းေရာက္သြားတယ္။ အဲ့ဒီအခ်ိန္တုန္းက ေတြးခဲ့တာ တစ္ဖက္လူက ဒီေလာက္ေကာက္က်စ္ေနတာဆိုေတာ့ ငါလည္း စိတ္လိုက္မာန္ပါ လုပ္လိုက္ရင္ေတာင္ သိပ္ျပႆနာ မရွိေလာက္ပါဘူးေပါ့။

အဲ့အခ်ိန္မွာ ငါ အဘိုးႀကီးကို ယွဥ္ႏိုင္မယ့္ တစ္ဦးတည္းေသာရင္းႏွီးျမႇဳပ္ႏွံသူ ရွာေတြ႕ခဲ့တယ္။ သူက အဘိုးႀကီး ပိုင္တဲ့ နယ္ပယ္က ရင္းႏွီးျမႇဳပ္ႏွံသူ မဟုတ္ဘူးေလ။ ဒါေပမဲ့ သူ႔ကို ေတြ႕ခြင့္မရခဲ့ဘူး။ သူက အဲ့ဒီအခ်ိန္တုန္းက သူ႔မိန္းမနဲ႔အတူ ႏိုင္ငံျခားကို ခရီးထြက္ေနတာ။ ဘယ္ေတာ့ ျပန္လာမယ္မွန္းလဲမသိဘူး"

ထိုအခ်ိန္၌၊ ရွင္ယဲ့က သူ႔ညီေလး ေက်ာင္းမွာ အႏိုင္က်င့္ခံေနရသည့္ အေၾကာင္းကို သိရွိသြားခဲ့သည္။ ထို႔ေၾကာင့္ အလြန္ေဒါသထြက္ကာ သူ႔အတြက္ လက္စားေခ်ေပးရန္ ႀကိဳးစားခဲ့ေတာ့သည္။

ထိုအခ်ိန္တြင္ ရွင္ယဲ့က အသက္၂၀သာရွိေသးသည့္ ေလာကႀကီးအေၾကာင္း သိပ္နားမလည္ေသးေသာ လူငယ္ေလးတစ္ေယာက္သာျဖစ္သည္။ သူ စဥ္းစားမိသည့္ တစ္ခုတည္းေသာ နည္းလမ္းမွာ လူမိုက္မ်ားကို ပိုက္ဆံေပးငွါး၍ သူ႔ညီေလးအား ဦးေဆာင္ အႏိုင္က်င့္သည့္သူကို ေက်ာင္းျပင္တြင္ ေခ်ာင္း႐ိုက္ခိုင္းရန္သာျဖစ္သည္။ သို႔ေသာ္
ထို႔ေန႔၌ သူတို႔ လမ္းပိတ္တားလိုက္သည့္ လူမွာ အႏိုင္က်င့္သည့္သူ ဟုတ္မေနဘဲ၊ သခင္ေလးတစ္ေယာက္ျဖစ္ေနလိမ့္မည္ဟု ဘယ္သူက သိခဲ့မည္နည္း။

ထိုသခင္ေလးမွာ တိုက္တိုက္ဆိုင္ဆိုင္ သူရွာေနသည့္ ရင္ႏွီးျမႇဳပ္ႏွံသူ၏ သားျဖစ္ေနေလသည္။

မတိုင္ခင္တုန္းက ရွင္ယဲ့ ရင္ႏွီးျမႇဳပ္ႏွံသူ၏ အေၾကာင္းကို ေသခ်ာေလ့လာထားတာေၾကာင့္ သူ၏ မိသားစုအား ေကာင္းေကာင္းသိေလသည္။

အထက္တန္း ပထမႏွစ္သာ ရွိေသးၿပီး၊ ႏူးညံ့ၾကင္နာပုံရသည့္ သခင္ေလးမွာ အလြန္ပင္ ၾကည့္ေကာင္းလွေလသည္။ သူက ရွင္ေရွာ့ကို အႏိုင္မက်င့္သည့္ တစ္ဦးတည္းေသာသူျဖစ္ကာ၊ ရွင္ေရွာ့အား စကားေတာင္ ေျပာေပးေသးေလသည္။

ထိုအခ်ိန္တုန္းက ရွင္ယဲ့၌ မေကာင္းသည့္ အႀကံအစည္မ်ား ရွိေနခဲ့ေလ၏။ ငွါးထားသည့္ လူဆိုးမ်ားကို သခင္ေလးအား ဒီတိုင္း႐ိုက္ခိုင္းလိုက္ၿပီး၊ သူကေတာ့ ေနာက္မွ ျဖတ္သြားရင္းနဲ႔ ေတြ႕သည့္ ပုံဟန္ေဆာင္ကာ ကယ္တင္လိုက္မည္ဟု စဥ္းစားခဲ့ေလသည္။ ထိုမွသာ သခင္ေလးအား သူ႔မိဘမ်ားဆီ တိုက္႐ိုက္ ဆက္သြယ္ခိုင္းလို႔ ရမည္ျဖစ္ၿပီး။ သူက ရင္းႏွီးျမႇဳပ္ႏွံသူႏွင့္ ခ်ိန္းဆို၍ ရႏိုင္လိမ့္မည္ျဖစ္သည္။

သူက လူမိုက္အခ်ိဳ႕အား သခင္ေလးေဘးက အေစာင့္အေရွာက္မ်ားကို မွ်ားေခၚခိုင္းလိုက္ၿပီး၊ က်န္သည့္ လူမ်ားကို ေခၚ၍ ေခ်ာင္း႐ိုက္ဖို႔ရာအတြက္ ေထာင့္တစ္ေနရာ ရွာေတာ့မည့္အခ်ိန္တြင္၊ ဗန္ကားတစ္စီးက ႐ုတ္တရက္ သခင္ေလးေရွ႕တြင္ရပ္ကာ၊ သခင္ေလးအား ကားထဲသို႔ ဆြဲေခၚသြားေတာ့သည္။

ရွင္ယဲ့ ထိုအခ်ိန္၌ ဘာမွေတာင္ စဥ္းစားမေနေတာ့ဘဲ၊ ေဘးတြင္ရွိသည့္ လူမိုက္မ်ားအား ရဲကို အျမန္ဆုံး ဖုန္းေခၚခိုင္းလိုက္ကာ၊ သူကိုယ္တိုင္ကေတာ့ လူမိုက္၏ ေမာ္ေတာ္ဆိုင္ကယ္ကို ဆြဲယူ၍ ကားေနာက္သို႔ အေျပးလိုက္သြားေတာ့သည္။ သူ တကၠသိုလ္မွာတုန္းက ကိုယ္ခံပညာကို သင္ယူခဲ့​ဖူးသည္။ လူမိုက္မ်ား၏ ဆိုင္ကယ္မွာလည္း အထူးျပဳျပင္မြမ္းမံထားတာေၾကာင့္၊ မၾကာမီမွာပဲ ကားအား မွီသြားေလေတာ့၏။

"အဲ့ဒီအခ်ိန္တုန္းက ငါ ဒီလူေတြကို ႏိုင္ေအာင္မခ်ႏိုင္ဘူးဆိုတာ ငါ့ကိုယ္ငါသိတယ္။ အဲ့ဒါေၾကာင့္ ဆိုင္ကယ္နဲ႔ ကားေရွ႕ကို တည့္တည့္ ေမာင္းခ်သြားၿပီးေတာ့၊ တိုက္မိလိုက္တဲ့ ခ်က္ခ်င္းမွာပဲ ခုန္ခ်လိုက္တယ္။ ကံေကာင္းလို႔ ဒဏ္နာနည္းနည္းပဲ ရသြားတာ။ ဗန္ကားရဲ႕ တာယာကေတာ့ ေပါက္သြားၿပီး ကားဆက္ေမာင္းလို႔ မရေတာ့ဘူး။

ကားေပၚက လူေတြက သတိလစ္ေနတဲ့ သခင္ေလးကို သယ္ေနတာေတြ႕ေတာ့၊ ငါ ထသြားၿပီး သူတို႔နဲ႔ ဝင္လုံးလိုက္တာ၊ အ႐ိုက္ခံရၿပီး ဒဏ္ရာေတြ ဆိုးဆိုး႐ြား႐ြားရသြားတယ္။ ဒါေပမဲ့ သခင္ေလးကို သူ႔ရဲ႕ ကိုယ္ရံေတာ္ေတြနဲ႔ ရဲေတြဆီကို ေခၚသြားႏိုင္ခဲ့တယ္။

အဲ့ဒီေနာက္မွာ ငါ သတိလစ္သြားတယ္။ ေဆး႐ုံခန္းကေန ျပန္သတိရလာေတာ့ ခုတင္ေဘးမွာ ညီေလးက ငါ့ကို လူနာၾကည့္ေပးေနတာကို ေတြ႕တယ္။ လူေတြရဲ႕အျမင္ကလည္း မိန္းကေလးတစ္ေယာက္ကို အဓမၼက်င့္တဲ့ လူကေနၿပီးေတာ့ ရဲရင့္တဲ့ လူငယ္ေလးတစ္ေယာက္အျဖစ္ေျပာင္းသြားတယ္။ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူကလည္း ႏိုင္ငံျခားက ၏ခ်က္ခ်င္းျပန္လာၿပီး၊ ငါ့ရဲ႕ စီမံကိန္းကို အစီအစဥ္ကို ျမင္ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဆုံးျဖတ္လိုက္တယ္"

ေခ်ာေမာလွပသည့္ သခင္ေလးမွာလည္း ေဆး႐ုံသို႔သြားကာ သူ႔ကို လာၾကည့္ခဲ့ေလသည္။ "ကိုကို အျမန္ေနေကာင္းလာပါေစ" ဟုေတာင္ ဆိုခဲ့ေသးေလ၏။

ဤသည္မွာ ရွင္ယဲ့ သူ႔မိဘမ်ား ဆုံးပါးသြားၿပီးေနာက္ ပထမဦးဆုံးအေနႏွင့္ ခံစားခဲ့ရသည့္ ေႏြးေထြးၾကင္နာမႈေလးပင္ျဖစ္သည္။ သူ႔အား ႏိုးထလာေစခဲ့သည့္ အခ်က္ေပးသံလည္း ျဖစ္ခဲ့ေလသည္။

ကံေကာင္းေထာက္မစြာျဖင့္ သူ လူငွါးၿပီး လူတစ္ေယာက္ကို ထိခိုက္ေအာင္ မလုပ္ခဲ့မိေခ်။ သူ႔ညီေလးႏွင့္ သက္တူ႐ြယ္တူလည္းျဖစ္သည့္ သခင္ေလးကို ဘယ္လိုလုပ္ၿပီး ပိုက္ဆံအတြက္နဲ႔ လူရွာၿပီး ထိခိုက္ေအာင္ လုပ္ဖို႔ ႀကိဳးစားႏိုင္ရတာလဲ။

"မင္း အဲ့ဒီ.....မင္း အခုေလးတင္ ေျပာလိုက္တဲ့ တုံးပုံရၿပီး၊ အစားခံရေတာ့မယ့္ ေပါက္စီႀကီးနဲ႔ တူတယ္ဆိုတဲ့ သခင္ေလးရဲ႕ နာမည္က ဘယ္လိုေခၚလဲ?" ရွင္ယဲ့ ျပန္လည္ေတြးေတာေနသည့္အခ်ိန္တြင္ မွန္မွာ ႐ုတ္တရက္ ထေမးလိုက္ေလသည္။

"လုမင္းဇယ္" ရွင္ယဲ့ ျပန္ေျဖလိုက္သည္။ "ျပန္ေပးဆြဲမႈျဖစ္တဲ့အေၾကာင္းကို ၾကားၿပီးေတာ့ ဒါ႐ိုက္တာလုက သူ႔သားကို ကာကြယ္ဖို႔ ႏိုင္ငံျခားကို ပညာေတာ္သင္လႊတ္လိုက္တယ္။ ငါ သူ႔ကို မေတြ႕တာ ကိုးႏွစ္ေလာက္ရွိၿပီ"

"ဪ....." မွန္မွာ အလြန္ထူးဆန္းသည့္ အသံအေနအထားျဖင့္ ဆိုလိုက္ေလသည္။ "ဒါဆို မင္းက အစတုန္းက လုမင္းဇယ္ကို လူေခၚၿပီး ႐ိုက္ခိုင္းခ်င္ခဲ့တာေပါ့။ ဒါေပမဲ့ သူမ်ားေတြက သူ႔ကို ျပန္ေပးဆြဲသြားေတာ့မွ လူမိုက္ငွါးၿပီး လူကို ထိခိုက္ေအာင္လုပ္တဲ့ ရာဇဝတ္သားအျဖစ္ကို မေရာက္သြားတာေပါ့?"

ရွင္ယဲ့ သက္ျပင္းခ်ကာ ဆိုလိုက္သည္: "အဲ့လိုျဖစ္ရတာ ငါက လူေခၚၿပီး သူ႔ရဲဲ့ ကိုယ္ရံေတာ္ေတြကို အေဝးပို႔ခိုင္းလိုက္လို႔၊ အခြင့္အေရးရဖို႔ ေခ်ာင္းေနတဲ့ ျပန္ေပးသမားေတြကို အခြင့္အေရးေပးလိုက္သလို ျဖစ္သြားတာလည္း ပါပါတယ္"

"ဪ"

မွန္မွာ ႐ုတ္တရက္ အနက္ေရာင္ေျပာင္းသြားေလေတာ့သည္။ ရွင္ယဲ့ ဘယ္ေလာက္ပဲ ထိၾကည့္ထိၾကည့္ တုံ႔ျပန္မလာခဲ့ေပ။

ဘာျဖစ္တာလဲ။ သူ ေမးခြင့္မရွိတဲ့ ေမးခြန္းေတာ့ မေမးလိုက္ပါဘူးမလား?

ရွင္ယဲ့ ဖုန္းကို ဖြင့္လိုက္ၿပီး မွန္၏ အခ်က္အလက္မ်ားကို ၾကည့္လိုက္ရာ၊ သူႏွစ္ေယာက္၏ ရင္းႏွီးမႈအမွတ္မွာ 0 ျဖစ္သြားသည္ကို ေတြ႕လိုက္ရေလသည္။

ရင္းႏွီးမႈအမွတ္: 0 ၊ မွန္က သင့္ကို စကားမေျပာခ်င္ပါ။ သင့္အား ဆဲဆိုသည့္စကားမ်ားကိုေတာ့ Systemက ပိတ္ပင္ထားပါတယ္။

ရွင္ယဲ့: "......"

ဘာလို႔ ရင္းႏွီးမႈအမွတ္က ႐ုတ္တရက္ႀကီး 0 ျဖစ္သြားရတာလဲ? သူက သူ႔ရဲ႕ အတိတ္အေၾကာင္းကိုပဲ ေျပာျပေနတာေလ။ ဘယ္လိုျဖစ္သြားရတာလဲ?

သူေျပာျပခဲ့သည့္ အေၾကာင္းအရာမ်ားႏွင့္ မွန္က အဆုံး၌ ေျပာသြားသည့္ အနည္းငယ္ ထူးဆန္းေနေသာ စကားမ်ားကို ျပန္စဥ္းစားၾကည့္လိုက္သည့္အခါ၊ ရွင္ယဲ့ စိတ္ထဲ၌ ႐ုတ္ခနဲ အေတြးတစ္ခု ေပါက္လာခဲ့သည္။ သူ မည္းနက္ေနသည့္ မွန္မ်က္ႏွာျပင္ကို ပုတ္ကာ ေမးလိုက္ေလ၏:

"မင္းက လုမင္းဇယ္ေတာ့ မဟုတ္ဘူးမလား?"

အလြန္ၾကည့္ေကာင္းေသာ လက္တစ္ဖက္က မွန္ထက္တြင္ ေပၚထြက္လာခဲ့ၿပီးေနာက္၊ လက္ခလယ္ တစ္ေခ်ာင္းကို ရွင္ယဲ့အား ေထာင္ျပလိုက္ေလေတာ့သည္။





Continue Reading

You'll Also Like

238K 27.2K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.6M 203K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။