ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...

By hanakim_32398

454K 59.8K 2.5K

๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... More

Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51

Part - 17 (Z+U)

7.9K 1.4K 107
By hanakim_32398

🍼 ဟီးဟီးဟီး ( Uni )


လေထုအခြေအနေဟာ ရုတ်တရက် အေးခဲသွားခဲ့တယ်။

ချိယွီရဲ့ ဦးနှောက်ဟာလည်း ဗလာဖြစ်သွားခဲ့တယ်။

ဟယ်ကျိုးရဲ့စကားတွေက ဗုံးတစ်လုံးလိုဘဲ ၊ ပေါက်ကွဲသွားတဲ့အချိန်မှာ ချိယွီက သူ့ကံသူတောင်ပြန်သံသယဝင်နေမိတယ်။ ထိတ်လန့်နေမိတဲ့အရှိန်ကြောင့်လဲ ချိယွီက ထိုလူရဲ့ရင်ဘတ်ပေါ်မှာ လဲလျောင်းနေဆဲဆိုတာကိုတောင် သတိမမူမိခဲ့ဘူး။

သူ့ကိုယ်သူ အခြားယောက်ျားလေးတစ်ယောက်ကို ကြိုက်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး။

သူက ယောက်ျား‌လေးတစ်ယောက်ကို ကြိုက်တယ်လို့ ပြောနေတာလား?

အဲ့ဒါက အရမ်း ရူးသွပ်လွန်းတယ်မဟုတ်လား?


"မင်းပဲပြောတော့ သိတယ်ဆို ?" ချိယွီက သူများနားကြားမှားသွားတာလားလို့ သံသယဝင်မိတာကြောင့် သူ့ရဲ့နှားရွက်တွေကို ပွတ်သပ်လိုက်တယ်။

ဟယ်ကျိုးက မျက်လွှာချလိုက်ပြီး သူ့ရဲ့ရင်ဘတ်ပေါ်မှီလှဲနေတဲ့ လူကို စောင်းငဲ့ကာကြည့်လိုက်တယ်။

နှုတ်ခမ်းပါးနီနီ ၊ အသားဖြူဖွေးဖွေး နှင့် ကျီးတောင်ကဲ့သို့ ဆံသားများဟာ ဟယ်ကျိုးသိခဲ့ဖူးတဲ့လူနဲ့ တစ်ပုံစံတည်းပါပင်။

(T/N :ကျီးတောင် ဆံသား = အလွန်နက်မှောင်ကာ တောက်ပသော ဆံသား)

သို့သော်လည်း ယခုအခါ ဤအရာအားလုံးက မတူညီသော အမူအရာနှင့် စိတ်နေသဘောထားကို ခံယူထားသည့် ချိယွီ၏အစိတ်အပိုင်းတို့ဖြစ်နေကြပြီဖြစ်သည်။

အထူးသဖြင့် ထိုမျက်လုံးတစ်စုံတို့သည် ကြည်လင်ပြတ်သားပြီး၊ စိတ်ရှုပ်ထွေးနေသည့်အခိုက်အတန့်တွင်ပင် ရေလှိုင်းများကဲ့သို့ ကြည်လင်ကာ အလင်းတန်းများကဲ့သို့ တောက်ပနေသည်။


"ငါပြောတာက ၊ မင်းငါ့ကိုကြိုက်နေတယ်ဆိုတာ ငါသိတယ်လို့" ဟယ်ကျိုးက သေချာနေတဲ့လေသံနဲ့ ပြန်ပြောလာတယ်။


သူက အမြဲတမ်း ဂုဏ်ယူဝံ့ကြွားခဲ့သော်လည်း ၊ ဘယ်သောအခါမှ ဘဝင်မြင့်မမောက်မာတတ်ပေ။


ဟယ်ကျိုး ဤကိစ္စကိုသေချာစဉ်းစားခဲ့ပြီးပြီဖြစ်သည်။ အဆုံးမှာတော့ ချိယွီက သူ့ကို အလွန်ကိုမှ‌ သဘောကျနေတယ်ဆိုတာကို ကောက်ချက်ချနိုင်လိုက်တယ်။


ပထမတွင် ၊ ၎င်းတို့ကြားထဲက pheromoneကိုက်ညီမှုမှာ 100%ရှိခဲ့ပြီး လည်ပင်းက တားဆေးကော်လာဝတ်ထားလျှင်တောင် နှစ်ယောက်သား အချင်းချင်း လွယ်ကူစွာ ဆွဲဆောင်နိုင်လေသည်။


'မြင်မြင်ချင်းအချစ်' ဆိုသည့်အရာတောင် ဤမျှလောက် အံ့ဩစရာကောင်းလောက်မည် မထင်။


ဒုတိယအနေနဲ့ ၊ ဟယ်ကျိုးက ချိယွီကို အမှတ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့် ဝိဉာဉ်ပြောင်းသွားတယ်ဆိုရင်တောင် ၊ ချိယွီအသစ်မှာ အမှတ်ပေးပြီးသားကိုယ်ကြောင့် သက်ရောက်မှုရှိနေနိုင်သေးသည်။ထို့ကြောင့် အမှတ်ပေးထားဖူးသော Alphaဖြစ်သည့် ဟယ်ကျိုးကို ချစ်နှစ်သက်ကာတောင့်တနေ‌လိမ့်မည်ပင်။


အရင်နှစ်ခါက ဟယ်ကျိုးတစ်‌ယောက် ချိယွီကို တမင်တကာ လှည့်စားခဲ့ချိန်က ချိယွီရဲ့ တုံ့ပြန်မှုနဲ့ စုစည်းထားတဲ့ pheromone ထုတ်လွှတ်မှုက ဒါကို သက်သေပြခဲ့တယ်။



တစ်နည်းဆိုရသော် သူဆန္ဒရှိသရွေ့ ဟယ်ကျိုးသည် ချိယွီကို အချိန်မရွေး estrus ဖြစ်စေနိုင်သည်။ ချိယွီက ဤ Alpha ကို 'ချစ်သည်' မှလွဲ၍ ရွေးချယ်စရာမရှိသလို သူ့ကိုယ်သူ လုံး၀ ရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။


တစ်ချိန်လုံးတွင် ချိယွီက ဤသို့သော ဖိအားများကို ခုခံနိုင်စွမ်းမရှိပေ ။


သို့သော်လည်း ဟယ်ကျိုးက လူတွေကို အတင်းအကြပ် ဖိအားပေးရတာမျိုး မလုပ်ချင်ဘူး ။ လက်ရှိ ချိယွီက အလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ သူခံစားရသော်လည်း၊ ဖြေရှင်းချက်အဖြစ် အတင်းအကြပ်ခိုင်းစေရန်အတွက် သူ့ရဲ့pheromone ကိုအခွင့်ကောင်းယူရန်လည်း မစဉ်းစားခဲ့ပေ။


ဤကိစ္စသည် ဖြစ်နိုင်သော်လည်း ထိုသို့လုပ်စရာမလိုအပ်ပါ။


ယခုလက်ရှိအခြေအနေမှာ ၊ ချိယွီက သူ့ကို စိတ်ဝင်စားနေကြောင်း အချက်ပြဖို့ ကြိုးစားခဲ့ခြင်းဖြစ်နိုင်တယ်။


ဟယ်ကျိုးကလည်း ထိုအချက်ကို ရှင်းလင်းပြတ်သားစွာ လက်ခံရရှိခဲ့တယ်။ ပရိယာယ်များဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ကြောင်း သူခံစားခဲ့ရသော်လည်း တိုက်ရိုက်ဖွင့်ဟပြောဆိုရုံသာဖြစ်သည်။



အဆုံးတွင်တော့ ၊ သူတို့နှစ်‌ယောက်က Alpha နှင့် Omegaများ ဖြစ်ကြကာ၊ နှစ်ဦးစလုံးက singleတွေဖြစ်ကြပြီး pheromone ကိုက်ညီမှု 100% ဖြင့်လိုက်ဖက်ညီမှုရှိတာကြောင့် သူတို့နှစ်ယောက်အတူရှိနေခြင်းမှာ ပုံမှန်သာဖြစ်သည်။


ဖြစ်နိုင်သည်က ၊ ချိယွီက ဤ ကမ္ဘာသို့ ရောက်တာမကြာသေးတာကြောင့် အနည်းငယ်တုံ့ပြန်မှုနှေးကွေးနေတာ* ဖြစ်နိုင်သည်။ဒါ့ကြောင့် ဟယ်ကျိုးက သူ့ကို အရင်ဆုံး လှုပ်ရှားခွင့်ပေးခဲ့တာဖြစ်တယ်။

(T/N : စိတ်ခံစားမှု သို့မဟုတ် ထင်မြင်ချက်များကို ထုတ်ဖော်ရန် နှေးကွေး။)



အခု သူလုပ်နေတဲ့ အတိုင်းပါပဲ။



ချိယွီတစ်ယောက် ဟယ်ကျိုးဦးနှောက်ရဲ့ ဘယ်နေရာကချွတ်ယွင်းသွားမှန်း မသိတော့ဘူး။



ချိယွီက သူ့ရဲ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ကာ ၊ သူ့ခေါင်းထဲမှာလဲ question mark အပြည့်ဖြစ်လို့နေတယ်။
"ငါကမင်းကိုကြိုက်‌တယ် ? ငါဘာလို့ ဒါကို မသိရတာပါလိမ့်?"



ဟယ်ကျိုးက မျက်ခုံးပင့်ကာ ချိယွီကို အလွန်တည်ငြိမ်စွာကြည့်လာပြီး : "မင်းက Omegaတစ်ယောက်ဆိုတာကိုရော သတိထားမိသေးရဲ့လား?"



ချိယွီက ခေါင်းငြိမ့်ပြလိုက်တယ်။
"ဒါပေါ့၊ ငါသိတယ် ။ အာ"


ဟယ်ကျိုးက ဆက်ပြောလာတယ်။" မင်းသိတာတောင် အဲ့လိုပို့စ်မျိုးကို ဖိုရမ်မှာတင်လိုက်သေးတယ်? Alphaတစ်ယောက်ကို မင်းက သူ့ရဲ့အနံ့အသက်လေးကို ကြိုက်ကြောင်းပြောတယ်? သူ့ရဲ့ အဆက်အသွယ်တွေကို တောင်းတယ်? သူ့ရဲ့အဆောင်ကိုလာတယ် ? သူ့ပေးတဲ့ပစ္စည်းတွေကိုလာယူတယ်?"



ဟယ်ကျိုးက ချိယွီကို ငုံ့ကြည့်လိုက်ပြီး သူ့ရဲ့အသံကဖြေးညှင်းစွာသာ ထွက်လာကာ သူ့ရဲ့ စကားလုံးတွေက ယုတ္တိရှိပြီး မျှတမှုရှိလို့နေတယ်။


ဟယ်ကျိုးရဲ့ စစ်မေးမှုအောက်မှာ ချိယွီတစ်ယောက် တုန်လှုပ်သွားကာ ၊ သူက ယောက်ျားလေးတွေ၊ အထူးသဖြင့်ဟယ်ကျိုးကို စိတ်ဝင်စားတာဖြစ်ပြီး၊ သူကိုယ်သူ အရင်ကသေချာမသိခဲ့ရုံဘဲလို့တောင် ယုံကြည်မိလုနီးနီးဘဲ။



"နေအုံး ၊ ငါဒါ‌တွေ အကုန်လုံးကို ရှင်းပြနိုင်တယ်"



ချိယွီက အနည်းငယ် အံ့အားသင့်သွားကာ ဟယ်ကျိုးရဲ့ ရင်ခွင်ထဲတွင် ရှိနေစဉ် သူက ခေါင်းမော့လိုက်ပြီး "မင်း၊ ခဏစောင့်။ ငါ ဘာပြောရမလဲဆိုတာ စဉ်းစားကြည့်လိုက်အုံးမယ်"


ဟယ်ကျိုး : "ကောင်းပြီ၊ စဉ်းစားပါ။ ငါမင်းရဲ့ ရှင်းပြချက်ကို စောင့်နေမယ်"



ချိယွီက သူ့ရဲ့ ဉာဏ်ကြီးရှင်ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်ကာ အတွေးတစ်ခုကိုဆွဲထုတ်လိုက်ပြီး :

" ကောင်းပြီ ၊ ပထမဆုံးအနေနဲ့ပြောရရင် ငါအဲ့လိုမျိုးပိုစ့်ကိုတင်လိုက်တာက ဖိုရမ်ပေါ်က လူတစ်ချို့ကို စိတ်အနှောက်အယှက်ဖြစ်သွားစေချင်ရုံဘဲ။ ဖိုရမ်ပေါ်က လူတော်တော်များများက နာမည်သာထုတ်မပြောကြတာ၊ မူလချိယွီကို စော်ကားပြောဆိုနေကြတာကြာပြီ။ အခုငါဆက်ပြီး ဒီတိုင်းရပ်ကြည့်မနေနိုင်တော့လို့ ။ ဒါ့ကြောင့် အဲ့လိုပို့စ်မျိုးကိုတင်လိုက်ရတာဘဲ"





ဟယ်ကျိုးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် : " ဒါကိုတော့ ငါနားလည်ပေးနိုင်ပါတယ်။မင်းသာ လူတွေကိုအနှောက်အယှက်ဖြစ်စေချင်ရုံဘဲဆိုရင် ဘာလို့ငါ့ကိုစာပို့ပြီး ၊ ငါ့ဆီက ပစ္စည်းတွေကိုလက်ခံခဲ့သေးတာလဲ?"



ဟယ်ကျိုးက ချိယွီကို တလက်လက်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ သူ့ရဲ့ခြေထောက်အောက်ကို ညွှန်ပြလိုက်တယ်။
"မင်း အဆောင်ထိတောင် လိုက်လာခဲ့သေးတာဘဲ"



ချိယွီ ခဏလောက်အံ့အားသင့်သွားခဲ့တယ်။
"အဲ့ဒီ ပစ္စည်းတွေလာယူဖို့ဘဲ မင်းငါ့ကိုဆက်သွယ်ခဲ့တာမဟုတ်ဘူးလား?"


ဟယ်ကျိုးက ချိယွီရဲ့မေးခွန်းကို နောက်ထပ်မေးခွန်းတစ်ခုနဲ့ပြန်တုံ့ပြန်လာတယ်။
"မင်းငါ့ကိုမကြိုက်ဖူးဆိုမှတော့၊ ဘာလို့ငါ့ပစ္စည်းတွေကို လက်ခံနေသေးအုံးမှာလဲ? ငါကAlphaဖြစ်ပြီး မင်းကOmegaဆိုတာကိုလည်း မင်းသိလောက်ပါတယ်နော်"




ချိယွီ တုန်လှုပ်သွားခဲ့တယ်။"..."




ဖာ့ခ်!သူ ဘယ်လိုတောင် ပြန်ချေပနိုင်ရတာလဲ?



အမှန်မှာတော့ ၊ ချိယွီက သာမန်ပို့စ်သာတင်ချင်ခဲ့တာဖြစ်သော်လည်း ရလဒ်အနေနဲ့တော့၊ ဟယ်ကျိုးက သူ့ဘာသာသူ ထိုအရာအားလုံးကို ရှာဖွေခဲ့တာဖြစ်နေတယ်။


အလွန်ကိုမှတိုက်ဆိုင်စွာဘဲ ၊ ယွီကျိုးလေးကဖျားနေခဲ့တာကြောင့် သူလည်း ဟယ်ကျိုးရဲ့အဆက်အသွယ်ရဖို့နည်းလမ်းရှာရတော့တယ်။ ရေမွှေးကို ဆင်ခြေလုပ်ကာ ၊ ချိယွီက နှစ်ယောက်သားတွေ့ဖို့သဘောတူခဲ့တာဖြစ်ပြီး ထို့နောက်မှ ဟယ်ကျိုးဆီက အဝတ်တစ်ချို့တောင်းယူမှာဖြစ်တယ်။



ဟယ်ကျိုးရဲ့အမြင်မှာတော့ ၊ ဒီအပြုအမူတွေက အလွန်ကို ‌ကပြောင်းကပြန်ဖြစ်လို့နေလေတယ်။



ချိယွီက သူ့ရဲ့မျက်ခုံးနှစ်ဖက်ကို ဖိနှိပ်ကာ ဘယ်နေရာကစမှားသွားသလဲဆိုတာကို စတင်စဉ်းစားတော့တယ်။


သူနဲ့ဟယ်ကျိုးနဲ့ အထင်တွေမှားနေခဲ့ကြတာက အလွန်ကိုရှင်းလင်းလို့နေတယ်။ဟယ်ကျိုးက ယွီကျိုးလေးကိုကူညီချင်လောက်မည်မဟုတ်ကာ ၊ ချိယွီလာယူတဲ့ပစ္စည်းတွေကလည်း ယွီကျိုးလေးအတွက်ဆိုတာ သိလောက်မည်မဟုတ်ပေ။



အဆုံးမှာတော့ ၊ ဟယ်ကျိုးက ချိယွီဒီထိလိုက်လာတာက သူ့ကို ဝန်ခံဖို့လို့ ဆွဲတွေးလိုက်တာဖြစ်နိုင်တယ်။



...ဒါဆို၊ ချိယွီ အခု ဘာပြောလိုက်သင့်လဲ?


ချိယွီ ဤအကြောင်းကို တွေးလေ‌လေ၊ သူ့ဦးနှောက်က ပိုပြီးတင်းကြပ်လာလေလေဖြစ်တယ်။ မိနစ်ပိုင်းအတွင်း ခက်ခဲသော စာမေးပွဲမေးခွန်းများကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ သူရဲ့ ကြီးမားတဲ့ ဦးနှောက်က ဤအရာမျိုးနှင့် ရင်ဆိုင်ရသောအခါတွင်တော့ အမှန်တကယ်ပင် နှေးကွေးကာခပ်မှိုင်းမှိုင်း ဖြစ်လို့‌နေတယ် ။



"အဲ့လိုမဟုတ်ဘူးဆိုရင်၊ မင်းဘာလို့လိုက်လာခဲ့တာလဲ?"



ချိယွီက နှုတ်ခမ်းသပ်လိုက်ကာ၊ ထိုအတိုင်းသာရပ်နေပြီး ၊ ဟယ်ကျိုးကိုစိုက်ကြည့်လိုက်တယ်။



ယွီကျိုးလေးအကြောင်း ပြောလိုက်သင့်လား?




ဟယ်ကျိုးရဲ့မျက်နှာကိုဘဲ ဖြက်ရိုက်လိုက်သင့်လား?



ယွီကျိုးလေးအကြောင်းပြောပြီးကာမှ ဟယ်ကျိုးမျက်နှာကိုဖြက်ရိုက်လိုက်ရင်ကော ၊ ငါ အဝတ်တွေရနိုင်သေးလား?သူ ကူညီချင်ပါအုံးမလား?



မဟုတ်ဘူး ၊ ငါသူ့ဆီက တောင်းလို့ရမှာမဟုတ်ဘူး။



သူက သေချာပေါက် ကူညီချင်မှာမဟုတ်ဘူး။


ချိယွီက မျက်တောင်ခတ်ကာ၊ ခြောက်ကပ်စွာနဲ့ပြောလာခဲ့တယ်။"ငါ မင်းဆီက အဝတ်နဲနဲလောက် လိုချင်လို့ပါ"




ဟယ်ကျိုး တောင့်ခဲသွားခဲ့တယ်။"အဝတ်? ဘာလုပ်ဖို့လဲ?"


"အမ်..." ချိယွီက အသံကိုမနဲညှစ်ထုတ်ကာ သူ့ရဲ့ဦးနှောက်ကိုလဲ တွန်းအားပေးလိုက်တယ်။
"အဲ့ဒါကဒီအတိုင်း...ငါစစ်‌ဆေးစရာရှိလို့၊အာ။ မင်းက လူတစ်ယောက်ကို pheromoneကြောင့်ကြိုက်တာလား ၊ ဒါမှမဟုတ်၊ မင်းအတွက်မွှေးတယ်လို့ထင်ရတဲ့ pheromoneနဲ့ကိုက်ညီတဲ့ လူတစ်ယောက်ကို ကြိုက်တာလားဆိုတာ ငါသိချင်လို့ပါ"



ချိယွီက အဆုံးမရှိတရစပ်ပြောနေကာ ၊ အားလုံးကို အသက်တရူစာမျှမှာဘဲပြောချပစ်လိုက်ပြီးနောက် ၊ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားတယ်လို့တောင် ခံစားလိုက်ရတယ်။



ငါလေးက အရမ်းတော်တာဘဲ!


ငါ့ရဲ့ စူပါဉာဏ်ကြီးရှင် ဦးနှောက်ကြီးကိုလည်း ၊ ချီးကျူးပါတယ်။


ဟယ်ကျိုးက မျက်လွှာချထားရာကနေ ချိယွီကိုကြည့်လာပြီး : "ဒီ‌တော့ ၊ မင်းငါ့ကိုကြိုက်နေတယ်ဆိုတာကို ဝန်ခံလိုက်တာလား? မင်းက၊ မင်းကြိုက်နေတာဟာ ငါလား၊ငါ့ရဲ့pheromoneလားဆိုတာကို မကွဲမပြားဖြစ်နေတာပေါ့?"



ချိယွီတစ်‌‌ယောက် ပြုံးနေရာက‌နေ တောင့်ခဲသွားခဲ့တယ်။"..."



မားသားဖာ့ကာ!




ချိယွီကိုယ်ထဲက အကြံသမားလေးဟာလည်း ချက်ချင်းဘဲ ဒူးထောက်ကျသွားခဲ့တယ်။




ချိယွီ ဆို့အောင့်သွားကာ ၊ မထိန်းနိုင်ဘဲ သက်ပြင်းရှည်ရှည်တစ်ခုချလိုက်မိတယ်။




အကယ်၍ ယွီကျိုးလေးက ဆေးဘက်ဆိုင်ရာသုံး pheromoneကို ဆက်သုံးရမယ်ဆိုရင်တောင် ၊ သူ ဒီလူမျက်ခွက်ကိုဖြက်ရိုက်ပစ်မှကိုရမယ်။ "ငါ ဘယ်တုန်းကများ မင်းကိုကြိုက်တယ်လို့ပြောခဲ့လို့လဲ။ မင်းကိုယ်ကိုမင်း အဲ့လိုပြောနေတာကိုရပ်ပေးလို့ရ--"




ရုတ်တရက် သူ့မျက်နှာဆီပျံလာတဲ့ အရာတစ်ခုခုရဲ့အရိပ်ကိုတွေ့လိုက်ရတယ်။




ချိယွီ စကားပြောနေတာကို ရပ်တန့်လိုက်ပြီး ၊ အလိုလို မျက်စိမှိတ်ထားလိုက်မိတယ်။ သူ့မျက်နှာကို ကာဖို့ လက်ကိုဆန့်ထုတ်ဖို့ ကြိုးစားလိုက်ပေမယ့်လည်း သူ့ရဲ့ တုံ့ပြန်မှုတွေဟာ နှေးကွေးလွန်းပြီး အဝတ်တစ်ထည်က သူ့ခေါင်းပေါ် ကျရောက်လာကာ ၊ သူ့မျက်နှာကို လုံးလုံးလျားလျား ဖုံးအုပ်သွားခဲ့တယ်။




ပြင်းထန်လှတဲ့ pheromone ရနံ့များက ၊ သူ့နှာခေါင်းထဲသို့ ထိုးထွင်း‌ဝင်ရောက်လာကာ သူ့ရဲ့ပါးပြင်တွေဟာလည်း ပူလောင်လို့လာခဲ့တယ်။


ချိယွီက သူ့မျက်နှာပေါ်က အဝတ်ကိုဆွဲချွတ်လိုက်ပြီး သူ့မျက်စိကိုဆွဲဆောင်လို့ထားတဲ့ ဘတ်စကတ်ဘော ဂျာစီ ဟုတ်မဟုတ် ကြည့်လိုက်တယ်။


ချိယွီက ခေါင်းမော့လိုက်ကာ ၊ ဟယ်ကျိုးကို ရှုပ်ထွေးစွာကြည့်လိုက်မိတယ်။


ဟယ်ကျိုးက သူ့မေးစေ့ကိုမော့လို့ 'ငါနားလည်ပါတယ်' ဆိုတဲ့အကြည့်နဲ့ ၊ ချိယွီကို ချက်ချင်းဘဲ တစ်စုံတစ်ယောက်ကို ထုချင်လာစေတဲ့ အမူအရာလုပ်ပြလို့နေတယ်။


"အဲ့မှာဘဲ၊ ယူပြီးတော့ သွားစစ်ဆေးချေ။ မင်းအဲ့ဒါကို စိုက်ကြည့်နေတာ ငါမြင်လို့"


ချိယွီ အသက်ပြင်းပြင်း ရှူထုတ်လိုက်တယ်။


အဆင်ပြေသွားပြီဘဲ ။ ကိစ္စတစ်ခုလုံးက သူ့ကိုတုန်လှုပ်စေကာ ၊ လူတွေကိုထရိုက်ချင်လာအောင်ဖြစ်စေခဲ့ပေမယ့်လည်း သူရဲ့တာဝန်ကိုတော့ ပြီးမြောက်ခဲ့သေးသားဘဲ။




အဲ့လိုဆိုမှတော့၊ သူ ဒီအဆောင်ထဲမှာ ဆက်မနေနိုင်တော့ဘူး။


ဒီအချိန်မှာ သူအဖြစ်ချင်ဆုံးကတော့ သူ့အရှေ့က အရူးနဲ့ ဝေးဝေးနေဖို့ပါပဲ။



ချိယွီက သူ့ရဲ့နှုတ်ခမ်းထောင့်လေးတွေကို ပင့်တင်လိုက်ကာ ၊ တလက်လက်ဖြစ်နေတဲ့ အကြည့်နဲ့ ဟယ်ကျိုးကိုကြည့်လိုက်ပြီး : "ကျေးဇူးတင်ပါတယ်"



ကျေးဇူးတင်စကားပြောပြီးနောက် သူဟယ်ကျိုးကိုကြည့်နေရာကအကြည့်လွှဲလိုက်ပြီး၊ ထို့အစား ဘတ်စကတ်ဘောဂျာစီကို အဝတ်တောင်းထဲ ပြန်ပစ်ထည့်လိုက်တယ်။ အဲ့ဒီနောက် ချိယွီက ဟယ်ကျိုးရဲ့ အံ့အားသင့်နေတဲ့အကြည့်အောက်မှာဘဲ အဝတ်တောင်းတစ်တောင်းလုံးကိုမလိုက်တယ်။



"ကောင်းပြီ၊ ဒါဆို ငါပြန်တော့မယ်လေ။ ကောင်းတယ် ၊ အရမ်းကောင်းတယ်။ ငါစစ်ဆေးကြည့်လိုက်ပါ့မယ်။ အင်း၊ ပြီးရင် သေချာလေ့လာကြည့်လိုက်ပါ့မယ်!"



ချိယွီက အဝတ်တောင်းကိုမကာ အဆောင်အပြင်ကို တစ်ချက်တောင်ပြန်လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့တယ်။


ဟယ်ကျိုး: "..."



-----

အဲ့ဒီနေ့ညက ၊ လုံချန်း No.1ကျောင်းရဲ့ဖိုရမ်က အလွန်ကိုအသက်ဝင်လို့နေတယ်။ ဝင်လိုက်တာနဲ့မြင်လိုက်ရတဲ့ ပို့စ်မှန်သမျှက "ဒီလူ" နဲ့ "အဲ့ဒီလူ" ဆိုတဲ့ခေါင်းစဉ်တို့နဲ့ ပြည့်နှက်လို့နေတယ်။





[ ခေါင်းစဉ် : အဲ့ဒီလူကို ဆရာက ခေါ်ထုတ်သွားပြီး ၊ သူခိုးချတာ မိသွားတယ်!။]




[ခေါင်းစဉ် : ဒီလူနဲ့အဲ့ဒီလူက အတူတူပြန်သွားကြတာတဲ့! တစ်ယောက်ယောက်မြင်လိုက်ကြသေးလား?]




[ ခေါင်းစဉ် : သူတို့နှစ်ယောက်က ပြန်ပေါင်းထုပ်သွားကြတာလား? တစ်ယောက်ယောက်သိကြလား?]



[ခေါင်းစဉ် : အရင်တစ်ခါက တောအုပ်ထဲမှာဘဲ။အခုတော့ Alphaဆောင်ထဲမှာ...ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်လဲ? မျက်နှာကိုအုပ်ထားကြ (*/ω\*) ]


ချိယွီက ဖရဲသီးဖျော်ရည်ကိုသောက်ကာ ကလေးပုခက်ကိုလွှဲရင်း ဖိုရမ်အနှံ့လျှောက်ကြည့်နေတာဖြစ်တယ်။


ချိယွီက ဟယ်ကျိုးဆီကနေ သူမလာတဲ့ အဝတ်တောင်းကို အိပ်ခန်းထောင့်မှာ သိမ်းဆည်းထားလိုက်ကာဘတ်စကတ်ဘော ဂျာစီကို ထုတ်လိုက်ပြီး သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပြီးနောက် ၎င်းကို ညှစ်ကာ ယွီကျိုးလေးရဲ့ ပုခက်ဘေးရှိ အင်္ကျီစင်ပေါ်တွင် ချိတ်ဆွဲထားခဲ့တယ်။


ချိယွီက ဂျာစီမှာ pheromoneပါဝင်နှုန်းအရမ်းမြင့်နေမှာကို စိုးရိမ်နေခဲ့တာဖြစ်ပြီး ၊ ယွီကျိုးလေးကိုအလွန်အကျွံလှုံ့ဆော်သွားတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ သို့သော်လည်း ၊ ကလေးကအဆင်ပြေနေဆဲဖြစ်ပြီး
သူက ချော့စရာ‌တောင်မလိုဘဲ ချက်ခြင်း အိပ်ပျော်သွားသည့် မတိုင်ခင် ခဏတာ စိတ်လှုပ်ရှားလို့နေခဲ့သေးသည်။ ထို့အပြင် ယွီကျိုးလေးက အိပ်မပျော်နိုင်ဘဲခဏခဏနိုးနေမည့်အစား အချိန်အကြာကြီး အေးချမ်းစွာ နှင့် အနှောက်အယှက်ကင်းစွာ အိပ်စက်ရတာကိုကြိုက်နှစ်သက်‌လို့နေလေတယ် ။





ချိယွီ ရော nannyရော စိတ်သက်သာရာရမှုကြောင့် သက်ပြင်းချလိုက်နိုင်တယ်။



အဝတ်တစ်ချို့အတွက်နဲ့ ကိစ္စတွေတော်တော်ရှုပ်သွားခဲ့ပေမယ့်လည်း နောက်ဆုံးတော့အဆင်ပြေသွားပြီဘဲ။



ချိယွီက သူ့အကြည့်ကို ဖိုရမ်ဆီ ပြန်ပို့လိုက်တယ်။


နောက်တစ်ခုကတော့ ချိယွီက အင်တာနက်မှာ အမှိုက်စကားတွေကို နာမည်မဖော်ရဲဘဲသာ ပြောရဲတဲ့ အရူးတွေ အားလုံးအတွက် မုန်တိုင်းတစ်ခု ဖန်တီးပေးချင်မိတယ်။ သူတို့အားလုံး ရှိုက်ကြီးတငင် ငိုကြွေးပြီး သူ့ရှေ့ဒူးထောက်ကာ ခွင့်လွှတ်ပေးဖို့ တောင်းပန်တာကို တွေ့ရရင်တော့ အကောင်းဆုံးပါပဲ။



ဒီတစ်ကြိမ်မှာတော့ ၊ Nannyကအပြင်ကနေ တံခါးခေါက်လာခဲ့တယ်။


"ဝင်ခဲ့ပါ"


Nannyက နို့ဘူးကိုင်ကာ ဝင်လာခဲ့တယ်။
"သူ နို့သောက်ဖို့ အချိန်ရောက်နေပြီ"



ချိယွီက ယွီကျိုးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ပုခက်အသေးလေးကိုကြည့်လိုက်ပြီး တီးတိုးစွာပြောလာတယ်။" ကျွန်တော့်ကိုပေးပါ ၊ ပြီးရင် သူ့ကို တိုက်လိုက်ပါ့မယ်။ သူဒီနေ့ည ကျွန်တော်နဲ့အတူအိပ်လို့ရတယ်။ အန်တီ အရင် အိပ်ရာဝင်နှင့်ပါ"


"အမ်၊ ကောင်းပါပြီ"


Nannyထွက်သွားတော့မှ ချိယွီကသူ့ဖုန်းကိုဖွင့်လိုက်ကာ ယွီကျိုးလေး သန်းဝေရင်းနိုးမလာခင်အထိ စာလေ့လာနေလိုက်တယ်။


နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ထားရတာကြောင့်၊ ကလေးငယ်လေးက ချိုသာစွာပြုံးပြပြီး နိုးထလာကာ သူ့ကိုယ်သူ ချိယွီရဲ့မျက်နှာနား ချစ်ခင်စွာ ဖိကပ်လာတယ်။ ငိုတာလည်းမရှိသလို ဂျီကျတာမျိုးလည်းမရှိဘဲ သူက ချိယွီရဲ့ လက်မောင်းထဲမှာလဲလျောင်းနေရင်း နို့ကိုနာခံစွာသောက်လို့နေတယ်။


နို့ရနံ့လေး သူ့ခေါင်းဆီ ဝေ့ဝဲနေရင်းဘဲ ၊ ချိယွီက ဒီတစ်ခါမှာတော့ သူ့ရင်ထဲမှာ ဘာအတက်အကျမှမရှိတော့ဘဲ ဖိုရမ်ဆီထပ်ပြီးဦးတည်လိုက်တယ်။


သူက ခေါင်းငုံ့လိုက်ကာ ယွီကျိုးလေးရဲ့ နှာဖူးလေးကို နမ်းရှိုက်လိုက်တယ်။ "နောက်တစ်ကြိမ်မှာ ၊ ဒီက မင်းပါပါးရဲ့ စွမ်းအားတွေကို သက်သေပြနိုင်ဖို့ ပြင်ဆင်ထားပေတော့"



ကြည့်ရတာ၊ သူ့ကိုယ်သူ ယွီကျိုးလေးရဲ့အဖေလို့ ခေါ်ရတာ အသားကျသွားပုံရတယ်။


ယွီကျိုးလေးက ချိယွီဘာပြောမှန်းနားမလည်ဘဲ ၊ ချိယွီရဲ့ လက်ချောင်းတွေကိုသာ အပြုံးနဲ့ဆွဲလို့ထားတယ်။



အိပ်ခန်းထဲက သိမ်မွေ့တဲ့အလင်းရောင်ဖျော့ဖျော့က သူ့လက်မောင်းတွေကြားထဲက အကောင်ပေါက်လေးကို ပိုလို့ ချစ်ဖို့ကောင်းနေစေတယ်။ နွေးထွေးတဲ့ခံစားချက်လေး ချိယွီရဲ့နှလုံးသားထဲ ပေါက်ဖွားလာပြီး သူ့ရဲ့အမူအရာကလည်း ပိုပြီးနူးညံ့လို့လာတယ်။


ယွီကျိုးလေးကို နို့တိုက်ပြီးနောက် ၊ ချိယွီက ကလေးလေးထပ်အိပ်‌ပျော်သွားလို့ ရေမချိုးခင်အထိ ယွီကျိုးလေးနဲ့ နာရီပိုင်းလောက်ဆော့ပေးနေလိုက်တယ်။


ရေချိုးပြီးနောက် ချိယွီက သူ့ရဲ့ဆံပင်တွေကိုသဘက်နဲ့ပွတ်သုတ်ရင်း သူ့ဆီ ရောက်လာတဲ့messageကိုကြည့်လိုက်တယ်။


သူက SIM cardနှစ်ခုပါတဲ့ဖုန်းကိုဝယ်ထားတာဖြစ်ပြီး သူ့ရဲ့နံပါတ်အသစ်ကို သူ့ရဲ့အဆက်အသွယ်အတွက်သုံးတာဖြစ်တယ်။ နံပါတ်အဟောင်းက မူလချိယွီနဲ့သာ သက်ဆိုင်ကာ ဘာအချက်အလက်မှလည်းမရှိတာမို့ ဒီအတိုင်းဘဲထားထားလိုက်တာဖြစ်တယ်။


Messageက မူလချိယွီရဲ့နံပါတ်ဆီပို့ထားတာဖြစ်ပြီး သူနဲ့မရင်းနှီးတဲ့နံပါတ်ဆီက ဖြစ်တယ်။


[ငါဘာပြောခဲ့လဲဆိုတာ မင်းမေ့သွားတာလား?]


သူ့ဆံပင်ကိုအခြောက်ခံပြီးနောက် ချိယွီ စိတ်ရှုပ်ထွေးလို့သွားခဲ့တယ်။ သူ ခံစားချက် သိပ်မကောင်းတော့ဘူး။


ချိယွီ အချိန်ခဏလောက် စဉ်းစားလိုက်ပြီးနောက် စာပြန်လိုက်တယ်။



[ ဒီဖုန်းက ရက်အနဲငယ်လောက်တုန်းက ရေထဲပြုတ်ကျခဲ့လို့ reset ချပြီးဆိုင်မှာပြန်ပြင်လိုက်ရတယ်။ မင်းကဘယ်သူလဲ?]


အခြားတစ်ဖက်ကနေ အလျင်အမြန်ဘဲ စကားလုံးနှစ်လုံး ပို့လာခဲ့တယ်။



[ဟီးဟီး]



ဟီးဟီး?


အင်တာနက်ဘန်းစကား မသုံးတတ်တဲ့ လူကြီးတစ်ချို့ကလွဲရင် တခြားဘယ်သူမှ သူ့ကို 'ဟီးဟီး' လို့ ပို့မှာမဟုတ်ဘူး။



ချိယွီက သူ့သဘက်ကိုအဝေးကိုပစ်လွှတ်လိုက်ပြီး ၊ သူ့လက်ချောင်းတွေကို အလျင်အမြန်လှုပ်ရှားကာ စာပြန်ခလုတ်ကို ဖိနှိပ်လိုက်တယ်။


[ဟီး ဟီး ဟီး ဟီး ဟီး ဟီး]




===================================

🌞 :

ಠ◡ಠ ဟီးဟီး

ဒီရက်ပိုင်းတော့ အက်ပုဒိတ်မှန်နေပါမယ်နော်
အကျင့်ပျက်ပြီး မvoteဘဲ ကျော်သွားမယ်ကြံထားရင်တော့ ဟီးဟီး ಠ◡ಠ

===================================


🍼 ဟီးဟီးဟီး ( Zaw )


ေလထုအေျခအေနဟာ ႐ုတ္တရက္ ေအးခဲသြားခဲ့တယ္။

ခ်ိယြီရဲ႕ ဦးေႏွာက္ဟာလည္း ဗလာျဖစ္သြားခဲ့တယ္။

ဟယ္က်ိဳးရဲ႕စကားေတြက ဗုံးတစ္လုံးလိုဘဲ ၊ ေပါက္ကြဲသြားတဲ့အခ်ိန္မွာ ခ်ိယြီက သူ႕ကံသူေတာင္ျပန္သံသယဝင္ေနမိတယ္။ ထိတ္လန္႔ေနမိတဲ့အ႐ွိန္ေၾကာင့္လဲ ခ်ိယြီက ထိုလူရဲ႕ရင္ဘတ္ေပၚမွာ လဲေလ်ာင္းေနဆဲဆိုတာကိုေတာင္ သတိမမူမိခဲ့ဘူး။

သူ႕ကိုယ္သူ အျခားေယာက်္ားေလးတစ္ေယာက္ကို ႀကိဳက္မိလိမ့္မယ္လို႔ ဘယ္တုန္းကမွ စိတ္မကူးခဲ့ဖူးဘူး။

သူက ေယာက်္ား‌ေလးတစ္ေယာက္ကို ႀကိဳက္တယ္လို႔ ေျပာေနတာလား?

အဲ့ဒါက အရမ္း ႐ူးသြပ္လြန္းတယ္မဟုတ္လား?


"မင္းပဲေျပာေတာ့ သိတယ္ဆို ?" ခ်ိယြီက သူမ်ားနားၾကားမွားသြားတာလားလို႔ သံသယဝင္မိတာေၾကာင့္ သူ႕ရဲ႕ႏွား႐ြက္ေတြကို ပြတ္သပ္လိုက္တယ္။

ဟယ္က်ိဳးက မ်က္လႊာခ်လိုက္ၿပီး သူ႕ရဲ႕ရင္ဘတ္ေပၚမွီလွဲေနတဲ့ လူကို ေစာင္းငဲ့ကာၾကည့္လိုက္တယ္။

ႏႈတ္ခမ္းပါးနီနီ ၊ အသားျဖဴေဖြးေဖြး ႏွင့္ က်ီးေတာင္ကဲ့သို႔ ဆံသားမ်ားဟာ ဟယ္က်ိဳးသိခဲ့ဖူးတဲ့လူနဲ႔ တစ္ပုံစံတည္းပါပင္။

(T/N :က်ီးေတာင္ ဆံသား = အလြန္နက္ေမွာင္ကာ ေတာက္ပေသာ ဆံသား)

သို႔ေသာ္လည္း ယခုအခါ ဤအရာအားလုံးက မတူညီေသာ အမူအရာႏွင့္ စိတ္ေနသေဘာထားကို ခံယူထားသည့္ ခ်ိယြီ၏အစိတ္အပိုင္းတို႔ျဖစ္ေနၾကၿပီျဖစ္သည္။

အထူးသျဖင့္ ထိုမ်က္လုံးတစ္စုံတို႔သည္ ၾကည္လင္ျပတ္သားၿပီး၊ စိတ္႐ႈပ္ေထြးေနသည့္အခိုက္အတန္႔တြင္ပင္ ေရလိႈင္းမ်ားကဲ့သို႔ ၾကည္လင္ကာ အလင္းတန္းမ်ားကဲ့သို႔ ေတာက္ပေနသည္။


"ငါေျပာတာက ၊ မင္းငါ့ကိုႀကိဳက္ေနတယ္ဆိုတာ ငါသိတယ္လို႔" ဟယ္က်ိဳးက ေသခ်ာေနတဲ့ေလသံနဲ႔ ျပန္ေျပာလာတယ္။


သူက အၿမဲတမ္း ဂုဏ္ယူဝံ့ႂကြားခဲ့ေသာ္လည္း ၊ ဘယ္ေသာအခါမွ ဘဝင္ျမင့္မေမာက္မာတတ္ေပ။


ဟယ္က်ိဳး ဤကိစၥကိုေသခ်ာစဥ္းစားခဲ့ၿပီးၿပီျဖစ္သည္။ အဆုံးမွာေတာ့ ခ်ိယြီက သူ႕ကို အလြန္ကိုမွ‌ သေဘာက်ေနတယ္ဆိုတာကို ေကာက္ခ်က္ခ်ႏိုင္လိုက္တယ္။


ပထမတြင္ ၊ ၎တို႔ၾကားထဲက pheromoneကိုက္ညီမႈမွာ 100%႐ွိခဲ့ၿပီး လည္ပင္းက တားေဆးေကာ္လာဝတ္ထားလွ်င္ေတာင္ ႏွစ္ေယာက္သား အခ်င္းခ်င္း လြယ္ကူစြာ ဆြဲေဆာင္ႏိုင္ေလသည္။


'ျမင္ျမင္ခ်င္းအခ်စ္' ဆိုသည့္အရာေတာင္ ဤမွ်ေလာက္ အံ့ဩစရာေကာင္းေလာက္မည္ မထင္။


ဒုတိယအေနနဲ႔ ၊ ဟယ္က်ိဳးက ခ်ိယြီကို အမွတ္ေပးၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္ ဝိဉာဥ္ေျပာင္းသြားတယ္ဆိုရင္ေတာင္ ၊ ခ်ိယြီအသစ္မွာ အမွတ္ေပးၿပီးသားကိုယ္ေၾကာင့္ သက္ေရာက္မႈ႐ွိေနႏိုင္ေသးသည္။ထို႔ေၾကာင့္ အမွတ္ေပးထားဖူးေသာ Alphaျဖစ္သည့္ ဟယ္က်ိဳးကို ခ်စ္ႏွစ္သက္ကာေတာင့္တေန‌လိမ့္မည္ပင္။


အရင္ႏွစ္ခါက ဟယ္က်ိဳးတစ္‌ေယာက္ ခ်ိယြီကို တမင္တကာ လွည့္စားခဲ့ခ်ိန္က ခ်ိယြီရဲ႕ တုံ႔ျပန္မႈနဲ႔ စုစည္းထားတဲ့ pheromone ထုတ္လႊတ္မႈက ဒါကို သက္ေသျပခဲ့တယ္။



တစ္နည္းဆိုရေသာ္ သူဆႏၵ႐ွိသေ႐ြ႕ ဟယ္က်ိဳးသည္ ခ်ိယြီကို အခ်ိန္မေ႐ြး estrus ျဖစ္ေစႏိုင္သည္။ ခ်ိယြီက ဤ Alpha ကို 'ခ်စ္သည္' မွလြဲ၍ ေ႐ြးခ်ယ္စရာမ႐ွိသလို သူ႕ကိုယ္သူ လုံး၀ ႐ုန္းထြက္ႏိုင္ေတာ့မည္မဟုတ္ေပ။


တစ္ခ်ိန္လုံးတြင္ ခ်ိယြီက ဤသို႔ေသာ ဖိအားမ်ားကို ခုခံႏိုင္စြမ္းမ႐ွိေပ ။


သို႔ေသာ္လည္း ဟယ္က်ိဳးက လူေတြကို အတင္းအၾကပ္ ဖိအားေပးရတာမ်ိဳး မလုပ္ခ်င္ဘူး ။ လက္႐ွိ ခ်ိယြီက အလြန္စိတ္ဝင္စားစရာေကာင္းတယ္လို႔ သူခံစားရေသာ္လည္း၊ ေျဖ႐ွင္းခ်က္အျဖစ္ အတင္းအၾကပ္ခိုင္းေစရန္အတြက္ သူ႕ရဲ႕pheromone ကိုအခြင့္ေကာင္းယူရန္လည္း မစဥ္းစားခဲ့ေပ။


ဤကိစၥသည္ ျဖစ္ႏိုင္ေသာ္လည္း ထိုသို႔လုပ္စရာမလိုအပ္ပါ။


ယခုလက္႐ွိအေျခအေနမွာ ၊ ခ်ိယြီက သူ႕ကို စိတ္ဝင္စားေနေၾကာင္း အခ်က္ျပဖို႔ ႀကိဳးစားခဲ့ျခင္းျဖစ္ႏိုင္တယ္။


ဟယ္က်ိဳးကလည္း ထိုအခ်က္ကို ႐ွင္းလင္းျပတ္သားစြာ လက္ခံရ႐ွိခဲ့တယ္။ ပရိယာယ္မ်ားျဖင့္ ဖုံးကြယ္ထားရန္ မလိုအပ္ေတာ့ေၾကာင္း သူခံစားခဲ့ရေသာ္လည္း တိုက္႐ိုက္ဖြင့္ဟေျပာဆို႐ုံသာျဖစ္သည္။



အဆုံးတြင္ေတာ့ ၊ သူတို႔ႏွစ္‌ေယာက္က Alpha ႏွင့္ Omegaမ်ား ျဖစ္ၾကကာ၊ ႏွစ္ဦးစလုံးက singleေတြျဖစ္ၾကၿပီး pheromone ကိုက္ညီမႈ 100% ျဖင့္လိုက္ဖက္ညီမႈ႐ွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္အတူ႐ွိေနျခင္းမွာ ပုံမွန္သာျဖစ္သည္။


ျဖစ္ႏိုင္သည္က ၊ ခ်ိယြီက ဤ ကမ႓ာသို႔ ေရာက္တာမၾကာေသးတာေၾကာင့္ အနည္းငယ္တုံ႔ျပန္မႈေႏွးေကြးေနတာ* ျဖစ္ႏိုင္သည္။ဒါ့ေၾကာင့္ ဟယ္က်ိဳးက သူ႕ကို အရင္ဆုံး လႈပ္႐ွားခြင့္ေပးခဲ့တာျဖစ္တယ္။

(T/N : စိတ္ခံစားမႈ သို႔မဟုတ္ ထင္ျမင္ခ်က္မ်ားကို ထုတ္ေဖာ္ရန္ ေႏွးေကြး။)



အခု သူလုပ္ေနတဲ့ အတိုင္းပါပဲ။



ခ်ိယြီတစ္ေယာက္ ဟယ္က်ိဳးဦးေႏွာက္ရဲ႕ ဘယ္ေနရာကခြၽတ္ယြင္းသြားမွန္း မသိေတာ့ဘူး။



ခ်ိယြီက သူ႕ရဲ႕မ်က္ခုံးေတြကို တြန္႔ခ်ိဳးလိုက္ကာ ၊ သူ႕ေခါင္းထဲမွာလဲ question mark အျပည့္ျဖစ္လို႔ေနတယ္။
"ငါကမင္းကိုႀကိဳက္‌တယ္ ? ငါဘာလို႔ ဒါကို မသိရတာပါလိမ့္?"



ဟယ္က်ိဳးက မ်က္ခုံးပင့္ကာ ခ်ိယြီကို အလြန္တည္ၿငိမ္စြာၾကည့္လာၿပီး : "မင္းက Omegaတစ္ေယာက္ဆိုတာကိုေရာ သတိထားမိေသးရဲ႕လား?"



ခ်ိယြီက ေခါင္းၿငိမ့္ျပလိုက္တယ္။
"ဒါေပါ့၊ ငါသိတယ္ ။ အာ"


ဟယ္က်ိဳးက ဆက္ေျပာလာတယ္။" မင္းသိတာေတာင္ အဲ့လိုပို႔စ္မ်ိဳးကို ဖိုရမ္မွာတင္လိုက္ေသးတယ္? Alphaတစ္ေယာက္ကို မင္းက သူ႕ရဲ႕အနံ႔အသက္ေလးကို ႀကိဳက္ေၾကာင္းေျပာတယ္? သူ႕ရဲ႕ အဆက္အသြယ္ေတြကို ေတာင္းတယ္? သူ႕ရဲ႕အေဆာင္ကိုလာတယ္ ? သူ႕ေပးတဲ့ပစၥည္းေတြကိုလာယူတယ္?"



ဟယ္က်ိဳးက ခ်ိယြီကို ငုံ႔ၾကည့္လိုက္ၿပီး သူ႕ရဲ႕အသံကေျဖးညႇင္းစြာသာ ထြက္လာကာ သူ႕ရဲ႕ စကားလုံးေတြက ယုတၱိ႐ွိၿပီး မွ်တမႈ႐ွိလို႔ေနတယ္။


ဟယ္က်ိဳးရဲ႕ စစ္ေမးမႈေအာက္မွာ ခ်ိယြီတစ္ေယာက္ တုန္လႈပ္သြားကာ ၊ သူက ေယာက်္ားေလးေတြ၊ အထူးသျဖင့္ဟယ္က်ိဳးကို စိတ္ဝင္စားတာျဖစ္ၿပီး၊ သူကိုယ္သူ အရင္ကေသခ်ာမသိခဲ့႐ုံဘဲလို႔ေတာင္ ယုံၾကည္မိလုနီးနီးဘဲ။



"ေနအုံး ၊ ငါဒါ‌ေတြ အကုန္လုံးကို ႐ွင္းျပႏိုင္တယ္"



ခ်ိယြီက အနည္းငယ္ အံ့အားသင့္သြားကာ ဟယ္က်ိဳးရဲ႕ ရင္ခြင္ထဲတြင္ ႐ွိေနစဥ္ သူက ေခါင္းေမာ့လိုက္ၿပီး "မင္း၊ ခဏေစာင့္။ ငါ ဘာေျပာရမလဲဆိုတာ စဥ္းစားၾကည့္လိုက္အုံးမယ္"


ဟယ္က်ိဳး : "ေကာင္းၿပီ၊ စဥ္းစားပါ။ ငါမင္းရဲ႕ ႐ွင္းျပခ်က္ကို ေစာင့္ေနမယ္"



ခ်ိယြီက သူ႕ရဲ႕ ဉာဏ္ႀကီး႐ွင္ဦးေႏွာက္ကို အလ်င္အျမန္အလုပ္ေပးလိုက္ကာ အေတြးတစ္ခုကိုဆြဲထုတ္လိုက္ၿပီး :

" ေကာင္းၿပီ ၊ ပထမဆုံးအေနနဲ႔ေျပာရရင္ ငါအဲ့လိုမ်ိဳးပိုစ့္ကိုတင္လိုက္တာက ဖိုရမ္ေပၚက လူတစ္ခ်ိဳ႕ကို စိတ္အေႏွာက္အယွက္ျဖစ္သြားေစခ်င္႐ုံဘဲ။ ဖိုရမ္ေပၚက လူေတာ္ေတာ္မ်ားမ်ားက နာမည္သာထုတ္မေျပာၾကတာ၊ မူလခ်ိယြီကို ေစာ္ကားေျပာဆိုေနၾကတာၾကာၿပီ။ အခုငါဆက္ၿပီး ဒီတိုင္းရပ္ၾကည့္မေနႏိုင္ေတာ့လို႔ ။ ဒါ့ေၾကာင့္ အဲ့လိုပို႔စ္မ်ိဳးကိုတင္လိုက္ရတာဘဲ"





ဟယ္က်ိဳးက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ : " ဒါကိုေတာ့ ငါနားလည္ေပးႏိုင္ပါတယ္။မင္းသာ လူေတြကိုအေႏွာက္အယွက္ျဖစ္ေစခ်င္႐ုံဘဲဆိုရင္ ဘာလို႔ငါ့ကိုစာပို႔ၿပီး ၊ ငါ့ဆီက ပစၥည္းေတြကိုလက္ခံခဲ့ေသးတာလဲ?"



ဟယ္က်ိဳးက ခ်ိယြီကို တလက္လက္ေတာက္ပေနတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ကာ သူ႕ရဲ႕ေျခေထာက္ေအာက္ကို ၫႊန္ျပလိုက္တယ္။
"မင္း အေဆာင္ထိေတာင္ လိုက္လာခဲ့ေသးတာဘဲ"



ခ်ိယြီ ခဏေလာက္အံ့အားသင့္သြားခဲ့တယ္။
"အဲ့ဒီ ပစၥည္းေတြလာယူဖို႔ဘဲ မင္းငါ့ကိုဆက္သြယ္ခဲ့တာမဟုတ္ဘူးလား?"


ဟယ္က်ိဳးက ခ်ိယြီရဲ႕ေမးခြန္းကို ေနာက္ထပ္ေမးခြန္းတစ္ခုနဲ႔ျပန္တုံ႔ျပန္လာတယ္။
"မင္းငါ့ကိုမႀကိဳက္ဖူးဆိုမွေတာ့၊ ဘာလို႔ငါ့ပစၥည္းေတြကို လက္ခံေနေသးအုံးမွာလဲ? ငါကAlphaျဖစ္ၿပီး မင္းကOmegaဆိုတာကိုလည္း မင္းသိေလာက္ပါတယ္ေနာ္"




ခ်ိယြီ တုန္လႈပ္သြားခဲ့တယ္။"..."




ဖာ့ခ္!သူ ဘယ္လိုေတာင္ ျပန္ေခ်ပႏိုင္ရတာလဲ?



အမွန္မွာေတာ့ ၊ ခ်ိယြီက သာမန္ပို႔စ္သာတင္ခ်င္ခဲ့တာျဖစ္ေသာ္လည္း ရလဒ္အေနနဲ႔ေတာ့၊ ဟယ္က်ိဳးက သူ႕ဘာသာသူ ထိုအရာအားလုံးကို ႐ွာေဖြခဲ့တာျဖစ္ေနတယ္။


အလြန္ကိုမွတိုက္ဆိုင္စြာဘဲ ၊ ယြီက်ိဳးေလးကဖ်ားေနခဲ့တာေၾကာင့္ သူလည္း ဟယ္က်ိဳးရဲ႕အဆက္အသြယ္ရဖို႔နည္းလမ္း႐ွာရေတာ့တယ္။ ေရေမႊးကို ဆင္ေျခလုပ္ကာ ၊ ခ်ိယြီက ႏွစ္ေယာက္သားေတြ႕ဖို႔သေဘာတူခဲ့တာျဖစ္ၿပီး ထို႔ေနာက္မွ ဟယ္က်ိဳးဆီက အဝတ္တစ္ခ်ိဳ႕ေတာင္းယူမွာျဖစ္တယ္။



ဟယ္က်ိဳးရဲ႕အျမင္မွာေတာ့ ၊ ဒီအျပဳအမူေတြက အလြန္ကို ‌ကေျပာင္းကျပန္ျဖစ္လို႔ေနေလတယ္။



ခ်ိယြီက သူ႕ရဲ႕မ်က္ခုံးႏွစ္ဖက္ကို ဖိႏွိပ္ကာ ဘယ္ေနရာကစမွားသြားသလဲဆိုတာကို စတင္စဥ္းစားေတာ့တယ္။


သူနဲ႔ဟယ္က်ိဳးနဲ႔ အထင္ေတြမွားေနခဲ့ၾကတာက အလြန္ကို႐ွင္းလင္းလို႔ေနတယ္။ဟယ္က်ိဳးက ယြီက်ိဳးေလးကိုကူညီခ်င္ေလာက္မည္မဟုတ္ကာ ၊ ခ်ိယြီလာယူတဲ့ပစၥည္းေတြကလည္း ယြီက်ိဳးေလးအတြက္ဆိုတာ သိေလာက္မည္မဟုတ္ေပ။



အဆုံးမွာေတာ့ ၊ ဟယ္က်ိဳးက ခ်ိယြီဒီထိလိုက္လာတာက သူ႕ကို ဝန္ခံဖို႔လို႔ ဆြဲေတြးလိုက္တာျဖစ္ႏိုင္တယ္။



...ဒါဆို၊ ခ်ိယြီ အခု ဘာေျပာလိုက္သင့္လဲ?


ခ်ိယြီ ဤအေၾကာင္းကို ေတြးေလ‌ေလ၊ သူ႕ဦးေႏွာက္က ပိုၿပီးတင္းၾကပ္လာေလေလျဖစ္တယ္။ မိနစ္ပိုင္းအတြင္း ခက္ခဲေသာ စာေမးပြဲေမးခြန္းမ်ားကို ေျဖ႐ွင္းႏိုင္စြမ္း႐ွိတဲ့ သူရဲ႕ ႀကီးမားတဲ့ ဦးေႏွာက္က ဤအရာမ်ိဳးႏွင့္ ရင္ဆိုင္ရေသာအခါတြင္ေတာ့ အမွန္တကယ္ပင္ ေႏွးေကြးကာခပ္မိႈင္းမိႈင္း ျဖစ္လို႔‌ေနတယ္ ။



"အဲ့လိုမဟုတ္ဘူးဆိုရင္၊ မင္းဘာလို႔လိုက္လာခဲ့တာလဲ?"



ခ်ိယြီက ႏႈတ္ခမ္းသပ္လိုက္ကာ၊ ထိုအတိုင္းသာရပ္ေနၿပီး ၊ ဟယ္က်ိဳးကိုစိုက္ၾကည့္လိုက္တယ္။



ယြီက်ိဳးေလးအေၾကာင္း ေျပာလိုက္သင့္လား?




ဟယ္က်ိဳးရဲ႕မ်က္ႏွာကိုဘဲ ျဖက္႐ိုက္လိုက္သင့္လား?



ယြီက်ိဳးေလးအေၾကာင္းေျပာၿပီးကာမွ ဟယ္က်ိဳးမ်က္ႏွာကိုျဖက္႐ိုက္လိုက္ရင္ေကာ ၊ ငါ အဝတ္ေတြရႏိုင္ေသးလား?သူ ကူညီခ်င္ပါအုံးမလား?



မဟုတ္ဘူး ၊ ငါသူ႕ဆီက ေတာင္းလို႔ရမွာမဟုတ္ဘူး။



သူက ေသခ်ာေပါက္ ကူညီခ်င္မွာမဟုတ္ဘူး။


ခ်ိယြီက မ်က္ေတာင္ခတ္ကာ၊ ေျခာက္ကပ္စြာနဲ႔ေျပာလာခဲ့တယ္။"ငါ မင္းဆီက အဝတ္နဲနဲေလာက္ လိုခ်င္လို႔ပါ"




ဟယ္က်ိဳး ေတာင့္ခဲသြားခဲ့တယ္။"အဝတ္? ဘာလုပ္ဖို႔လဲ?"


"အမ္..." ခ်ိယြီက အသံကိုမနဲညႇစ္ထုတ္ကာ သူ႕ရဲ႕ဦးေႏွာက္ကိုလဲ တြန္းအားေပးလိုက္တယ္။
"အဲ့ဒါကဒီအတိုင္း...ငါစစ္‌ေဆးစရာ႐ွိလို႔၊အာ။ မင္းက လူတစ္ေယာက္ကို pheromoneေၾကာင့္ႀကိဳက္တာလား ၊ ဒါမွမဟုတ္၊ မင္းအတြက္ေမႊးတယ္လို႔ထင္ရတဲ့ pheromoneနဲ႔ကိုက္ညီတဲ့ လူတစ္ေယာက္ကို ႀကိဳက္တာလားဆိုတာ ငါသိခ်င္လို႔ပါ"



ခ်ိယြီက အဆုံးမ႐ွိတရစပ္ေျပာေနကာ ၊ အားလုံးကို အသက္တ႐ူစာမွ်မွာဘဲေျပာခ်ပစ္လိုက္ၿပီးေနာက္ ၊ သူ႕တစ္ကိုယ္လုံး ေပါ့ပါးသြားတယ္လို႔ေတာင္ ခံစားလိုက္ရတယ္။



ငါေလးက အရမ္းေတာ္တာဘဲ!


ငါ့ရဲ႕ စူပါဉာဏ္ႀကီး႐ွင္ ဦးေႏွာက္ႀကီးကိုလည္း ၊ ခ်ီးက်ဴးပါတယ္။


ဟယ္က်ိဳးက မ်က္လႊာခ်ထားရာကေန ခ်ိယြီကိုၾကည့္လာၿပီး : "ဒီ‌ေတာ့ ၊ မင္းငါ့ကိုႀကိဳက္ေနတယ္ဆိုတာကို ဝန္ခံလိုက္တာလား? မင္းက၊ မင္းႀကိဳက္ေနတာဟာ ငါလား၊ငါ့ရဲ႕pheromoneလားဆိုတာကို မကြဲမျပားျဖစ္ေနတာေပါ့?"



ခ်ိယြီတစ္‌‌ေယာက္ ျပဳံးေနရာက‌ေန ေတာင့္ခဲသြားခဲ့တယ္။"..."



မားသားဖာ့ကာ!




ခ်ိယြီကိုယ္ထဲက အၾကံသမားေလးဟာလည္း ခ်က္ခ်င္းဘဲ ဒူးေထာက္က်သြားခဲ့တယ္။




ခ်ိယြီ ဆို႔ေအာင့္သြားကာ ၊ မထိန္းႏိုင္ဘဲ သက္ျပင္း႐ွည္႐ွည္တစ္ခုခ်လိုက္မိတယ္။




အကယ္၍ ယြီက်ိဳးေလးက ေဆးဘက္ဆိုင္ရာသုံး pheromoneကို ဆက္သုံးရမယ္ဆိုရင္ေတာင္ ၊ သူ ဒီလူမ်က္ခြက္ကိုျဖက္႐ိုက္ပစ္မွကိုရမယ္။ "ငါ ဘယ္တုန္းကမ်ား မင္းကိုႀကိဳက္တယ္လို႔ေျပာခဲ့လို႔လဲ။ မင္းကိုယ္ကိုမင္း အဲ့လိုေျပာေနတာကိုရပ္ေပးလို႔ရ--"




႐ုတ္တရက္ သူ႕မ်က္ႏွာဆီပ်ံလာတဲ့ အရာတစ္ခုခုရဲ႕အရိပ္ကိုေတြ႕လိုက္ရတယ္။




ခ်ိယြီ စကားေျပာေနတာကို ရပ္တန္႔လိုက္ၿပီး ၊ အလိုလို မ်က္စိမွိတ္ထားလိုက္မိတယ္။ သူ႕မ်က္ႏွာကို ကာဖို႔ လက္ကိုဆန္႔ထုတ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္လည္း သူ႕ရဲ႕ တုံ႔ျပန္မႈေတြဟာ ေႏွးေကြးလြန္းၿပီး အဝတ္တစ္ထည္က သူ႕ေခါင္းေပၚ က်ေရာက္လာကာ ၊ သူ႕မ်က္ႏွာကို လုံးလုံးလ်ားလ်ား ဖုံးအုပ္သြားခဲ့တယ္။




ျပင္းထန္လွတဲ့ pheromone ရနံ႔မ်ားက ၊ သူ႕ႏွာေခါင္းထဲသို႔ ထိုးထြင္း‌ဝင္ေရာက္လာကာ သူ႕ရဲ႕ပါးျပင္ေတြဟာလည္း ပူေလာင္လို႔လာခဲ့တယ္။


ခ်ိယြီက သူ႕မ်က္ႏွာေပၚက အဝတ္ကိုဆြဲခြၽတ္လိုက္ၿပီး သူ႕မ်က္စိကိုဆြဲေဆာင္လို႔ထားတဲ့ ဘတ္စကတ္ေဘာ ဂ်ာစီ ဟုတ္မဟုတ္ ၾကည့္လိုက္တယ္။


ခ်ိယြီက ေခါင္းေမာ့လိုက္ကာ ၊ ဟယ္က်ိဳးကို ႐ႈပ္ေထြးစြာၾကည့္လိုက္မိတယ္။


ဟယ္က်ိဳးက သူ႕ေမးေစ့ကိုေမာ့လို႔ 'ငါနားလည္ပါတယ္' ဆိုတဲ့အၾကည့္နဲ႔ ၊ ခ်ိယြီကို ခ်က္ခ်င္းဘဲ တစ္စုံတစ္ေယာက္ကို ထုခ်င္လာေစတဲ့ အမူအရာလုပ္ျပလို႔ေနတယ္။


"အဲ့မွာဘဲ၊ ယူၿပီးေတာ့ သြားစစ္ေဆးေခ်။ မင္းအဲ့ဒါကို စိုက္ၾကည့္ေနတာ ငါျမင္လို႔"


ခ်ိယြီ အသက္ျပင္းျပင္း ႐ွဴထုတ္လိုက္တယ္။


အဆင္ေျပသြားၿပီဘဲ ။ ကိစၥတစ္ခုလုံးက သူ႕ကိုတုန္လႈပ္ေစကာ ၊ လူေတြကိုထ႐ိုက္ခ်င္လာေအာင္ျဖစ္ေစခဲ့ေပမယ့္လည္း သူရဲ႕တာဝန္ကိုေတာ့ ၿပီးေျမာက္ခဲ့ေသးသားဘဲ။




အဲ့လိုဆိုမွေတာ့၊ သူ ဒီအေဆာင္ထဲမွာ ဆက္မေနႏိုင္ေတာ့ဘူး။


ဒီအခ်ိန္မွာ သူအျဖစ္ခ်င္ဆုံးကေတာ့ သူ႕အေ႐ွ႕က အ႐ူးနဲ႔ ေဝးေဝးေနဖို႔ပါပဲ။



ခ်ိယြီက သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္ေလးေတြကို ပင့္တင္လိုက္ကာ ၊ တလက္လက္ျဖစ္ေနတဲ့ အၾကည့္နဲ႔ ဟယ္က်ိဳးကိုၾကည့္လိုက္ၿပီး : "ေက်းဇူးတင္ပါတယ္"



ေက်းဇူးတင္စကားေျပာၿပီးေနာက္ သူဟယ္က်ိဳးကိုၾကည့္ေနရာကအၾကည့္လႊဲလိုက္ၿပီး၊ ထို႔အစား ဘတ္စကတ္ေဘာဂ်ာစီကို အဝတ္ေတာင္းထဲ ျပန္ပစ္ထည့္လိုက္တယ္။ အဲ့ဒီေနာက္ ခ်ိယြီက ဟယ္က်ိဳးရဲ႕ အံ့အားသင့္ေနတဲ့အၾကည့္ေအာက္မွာဘဲ အဝတ္ေတာင္းတစ္ေတာင္းလုံးကိုမလိုက္တယ္။



"ေကာင္းၿပီ၊ ဒါဆို ငါျပန္ေတာ့မယ္ေလ။ ေကာင္းတယ္ ၊ အရမ္းေကာင္းတယ္။ ငါစစ္ေဆးၾကည့္လိုက္ပါ့မယ္။ အင္း၊ ၿပီးရင္ ေသခ်ာေလ့လာၾကည့္လိုက္ပါ့မယ္!"



ခ်ိယြီက အဝတ္ေတာင္းကိုမကာ အေဆာင္အျပင္ကို တစ္ခ်က္ေတာင္ျပန္လွည့္မၾကည့္ဘဲ ေျပးထြက္သြားေတာ့တယ္။


ဟယ္က်ိဳး: "..."



-----

အဲ့ဒီေန႔ညက ၊ လုံခ်န္း No.1ေက်ာင္းရဲ႕ဖိုရမ္က အလြန္ကိုအသက္ဝင္လို႔ေနတယ္။ ဝင္လိုက္တာနဲ႔ျမင္လိုက္ရတဲ့ ပို႔စ္မွန္သမွ်က "ဒီလူ" နဲ႔ "အဲ့ဒီလူ" ဆိုတဲ့ေခါင္းစဥ္တို႔နဲ႔ ျပည့္ႏွက္လို႔ေနတယ္။





[ ေခါင္းစဥ္ : အဲ့ဒီလူကို ဆရာက ေခၚထုတ္သြားၿပီး ၊ သူခိုးခ်တာ မိသြားတယ္!။]




[ေခါင္းစဥ္ : ဒီလူနဲ႔အဲ့ဒီလူက အတူတူျပန္သြားၾကတာတဲ့! တစ္ေယာက္ေယာက္ျမင္လိုက္ၾကေသးလား?]




[ ေခါင္းစဥ္ : သူတို႔ႏွစ္ေယာက္က ျပန္ေပါင္းထုပ္သြားၾကတာလား? တစ္ေယာက္ေယာက္သိၾကလား?]



[ေခါင္းစဥ္ : အရင္တစ္ခါက ေတာအုပ္ထဲမွာဘဲ။အခုေတာ့ Alphaေဆာင္ထဲမွာ...ဘယ္ေလာက္ေတာင္ စိတ္လႈပ္႐ွားစရာေကာင္းလိုက္လဲ? မ်က္ႏွာကိုအုပ္ထားၾက (*/ω\*) ]


ခ်ိယြီက ဖရဲသီးေဖ်ာ္ရည္ကိုေသာက္ကာ ကေလးပုခက္ကိုလႊဲရင္း ဖိုရမ္အႏွံ႔ေလွ်ာက္ၾကည့္ေနတာျဖစ္တယ္။


ခ်ိယြီက ဟယ္က်ိဳးဆီကေန သူမလာတဲ့ အဝတ္ေတာင္းကို အိပ္ခန္းေထာင့္မွာ သိမ္းဆည္းထားလိုက္ကာဘတ္စကတ္ေဘာ ဂ်ာစီကို ထုတ္လိုက္ၿပီး သန္႔႐ွင္းတဲ့ေရနဲ႔ ေဆးေၾကာၿပီးေနာက္ ၎ကို ညႇစ္ကာ ယြီက်ိဳးေလးရဲ႕ ပုခက္ေဘး႐ွိ အက်ႌစင္ေပၚတြင္ ခ်ိတ္ဆြဲထားခဲ့တယ္။


ခ်ိယြီက ဂ်ာစီမွာ pheromoneပါဝင္ႏႈန္းအရမ္းျမင့္ေနမွာကို စိုးရိမ္ေနခဲ့တာျဖစ္ၿပီး ၊ ယြီက်ိဳးေလးကိုအလြန္အကြၽံလႈံ႕ေဆာ္သြားတာမ်ိဳး မျဖစ္ေစခ်င္ခဲ့ဘူး။ သို႔ေသာ္လည္း ၊ ကေလးကအဆင္ေျပေနဆဲျဖစ္ၿပီး
သူက ေခ်ာ့စရာ‌ေတာင္မလိုဘဲ ခ်က္ျခင္း အိပ္ေပ်ာ္သြားသည့္ မတိုင္ခင္ ခဏတာ စိတ္လႈပ္႐ွားလို႔ေနခဲ့ေသးသည္။ ထို႔အျပင္ ယြီက်ိဳးေလးက အိပ္မေပ်ာ္ႏိုင္ဘဲခဏခဏႏိုးေနမည့္အစား အခ်ိန္အၾကာႀကီး ေအးခ်မ္းစြာ ႏွင့္ အေႏွာက္အယွက္ကင္းစြာ အိပ္စက္ရတာကိုႀကိဳက္ႏွစ္သက္‌လို႔ေနေလတယ္ ။





ခ်ိယြီ ေရာ nannyေရာ စိတ္သက္သာရာရမႈေၾကာင့္ သက္ျပင္းခ်လိုက္ႏိုင္တယ္။



အဝတ္တစ္ခ်ိဳ႕အတြက္နဲ႔ ကိစၥေတြေတာ္ေတာ္႐ႈပ္သြားခဲ့ေပမယ့္လည္း ေနာက္ဆုံးေတာ့အဆင္ေျပသြားၿပီဘဲ။



ခ်ိယြီက သူ႕အၾကည့္ကို ဖိုရမ္ဆီ ျပန္ပို႔လိုက္တယ္။


ေနာက္တစ္ခုကေတာ့ ခ်ိယြီက အင္တာနက္မွာ အမိႈက္စကားေတြကို နာမည္မေဖာ္ရဲဘဲသာ ေျပာရဲတဲ့ အ႐ူးေတြ အားလုံးအတြက္ မုန္တိုင္းတစ္ခု ဖန္တီးေပးခ်င္မိတယ္။ သူတို႔အားလုံး ႐ိႈက္ႀကီးတငင္ ငိုေႂကြးၿပီး သူ႕ေ႐ွ႕ဒူးေထာက္ကာ ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္တာကို ေတြ႕ရရင္ေတာ့ အေကာင္းဆုံးပါပဲ။



ဒီတစ္ႀကိမ္မွာေတာ့ ၊ Nannyကအျပင္ကေန တံခါးေခါက္လာခဲ့တယ္။


"ဝင္ခဲ့ပါ"


Nannyက ႏို႔ဘူးကိုင္ကာ ဝင္လာခဲ့တယ္။
"သူ ႏို႔ေသာက္ဖို႔ အခ်ိန္ေရာက္ေနၿပီ"



ခ်ိယြီက ယြီက်ိဳးေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတဲ့ ပုခက္အေသးေလးကိုၾကည့္လိုက္ၿပီး တီးတိုးစြာေျပာလာတယ္။" ကြၽန္ေတာ့္ကိုေပးပါ ၊ ၿပီးရင္ သူ႕ကို တိုက္လိုက္ပါ့မယ္။ သူဒီေန႔ည ကြၽန္ေတာ္နဲ႔အတူအိပ္လို႔ရတယ္။ အန္တီ အရင္ အိပ္ရာဝင္ႏွင့္ပါ"


"အမ္၊ ေကာင္းပါၿပီ"


Nannyထြက္သြားေတာ့မွ ခ်ိယြီကသူ႕ဖုန္းကိုဖြင့္လိုက္ကာ ယြီက်ိဳးေလး သန္းေဝရင္းႏိုးမလာခင္အထိ စာေလ့လာေနလိုက္တယ္။


ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ထားရတာေၾကာင့္၊ ကေလးငယ္ေလးက ခ်ိဳသာစြာျပဳံးျပၿပီး ႏိုးထလာကာ သူ႕ကိုယ္သူ ခ်ိယြီရဲ႕မ်က္ႏွာနား ခ်စ္ခင္စြာ ဖိကပ္လာတယ္။ ငိုတာလည္းမ႐ွိသလို ဂ်ီက်တာမ်ိဳးလည္းမ႐ွိဘဲ သူက ခ်ိယြီရဲ႕ လက္ေမာင္းထဲမွာလဲေလ်ာင္းေနရင္း ႏို႔ကိုနာခံစြာေသာက္လို႔ေနတယ္။


ႏို႔ရနံ႔ေလး သူ႕ေခါင္းဆီ ေဝ့ဝဲေနရင္းဘဲ ၊ ခ်ိယြီက ဒီတစ္ခါမွာေတာ့ သူ႕ရင္ထဲမွာ ဘာအတက္အက်မွမ႐ွိေတာ့ဘဲ ဖိုရမ္ဆီထပ္ၿပီးဦးတည္လိုက္တယ္။


သူက ေခါင္းငုံ႔လိုက္ကာ ယြီက်ိဳးေလးရဲ႕ ႏွာဖူးေလးကို နမ္း႐ိႈက္လိုက္တယ္။ "ေနာက္တစ္ႀကိမ္မွာ ၊ ဒီက မင္းပါပါးရဲ႕ စြမ္းအားေတြကို သက္ေသျပႏိုင္ဖို႔ ျပင္ဆင္ထားေပေတာ့"



ၾကည့္ရတာ၊ သူ႕ကိုယ္သူ ယြီက်ိဳးေလးရဲ႕အေဖလို႔ ေခၚရတာ အသားက်သြားပုံရတယ္။


ယြီက်ိဳးေလးက ခ်ိယြီဘာေျပာမွန္းနားမလည္ဘဲ ၊ ခ်ိယြီရဲ႕ လက္ေခ်ာင္းေတြကိုသာ အျပဳံးနဲ႔ဆြဲလို႔ထားတယ္။



အိပ္ခန္းထဲက သိမ္ေမြ႕တဲ့အလင္းေရာင္ေဖ်ာ့ေဖ်ာ့က သူ႕လက္ေမာင္းေတြၾကားထဲက အေကာင္ေပါက္ေလးကို ပိုလို႔ ခ်စ္ဖို႔ေကာင္းေနေစတယ္။ ေႏြးေထြးတဲ့ခံစားခ်က္ေလး ခ်ိယြီရဲ႕ႏွလုံးသားထဲ ေပါက္ဖြားလာၿပီး သူ႕ရဲ႕အမူအရာကလည္း ပိုၿပီးႏူးညံ့လို႔လာတယ္။


ယြီက်ိဳးေလးကို ႏို႔တိုက္ၿပီးေနာက္ ၊ ခ်ိယြီက ကေလးေလးထပ္အိပ္‌ေပ်ာ္သြားလို႔ ေရမခ်ိဳးခင္အထိ ယြီက်ိဳးေလးနဲ႔ နာရီပိုင္းေလာက္ေဆာ့ေပးေနလိုက္တယ္။


ေရခ်ိဳးၿပီးေနာက္ ခ်ိယြီက သူ႕ရဲ႕ဆံပင္ေတြကိုသဘက္နဲ႔ပြတ္သုတ္ရင္း သူ႕ဆီ ေရာက္လာတဲ့messageကိုၾကည့္လိုက္တယ္။


သူက SIM cardႏွစ္ခုပါတဲ့ဖုန္းကိုဝယ္ထားတာျဖစ္ၿပီး သူ႕ရဲ႕နံပါတ္အသစ္ကို သူ႕ရဲ႕အဆက္အသြယ္အတြက္သုံးတာျဖစ္တယ္။ နံပါတ္အေဟာင္းက မူလခ်ိယြီနဲ႔သာ သက္ဆိုင္ကာ ဘာအခ်က္အလက္မွလည္းမ႐ွိတာမို႔ ဒီအတိုင္းဘဲထားထားလိုက္တာျဖစ္တယ္။


Messageက မူလခ်ိယြီရဲ႕နံပါတ္ဆီပို႔ထားတာျဖစ္ၿပီး သူနဲ႔မရင္းႏွီးတဲ့နံပါတ္ဆီက ျဖစ္တယ္။


[ငါဘာေျပာခဲ့လဲဆိုတာ မင္းေမ့သြားတာလား?]


သူ႕ဆံပင္ကိုအေျခာက္ခံၿပီးေနာက္ ခ်ိယြီ စိတ္႐ႈပ္ေထြးလို႔သြားခဲ့တယ္။ သူ ခံစားခ်က္ သိပ္မေကာင္းေတာ့ဘူး။


ခ်ိယြီ အခ်ိန္ခဏေလာက္ စဥ္းစားလိုက္ၿပီးေနာက္ စာျပန္လိုက္တယ္။



[ ဒီဖုန္းက ရက္အနဲငယ္ေလာက္တုန္းက ေရထဲျပဳတ္က်ခဲ့လို႔ reset ခ်ၿပီးဆိုင္မွာျပန္ျပင္လိုက္ရတယ္။ မင္းကဘယ္သူလဲ?]


အျခားတစ္ဖက္ကေန အလ်င္အျမန္ဘဲ စကားလုံးႏွစ္လုံး ပို႔လာခဲ့တယ္။



[ဟီးဟီး]



ဟီးဟီး?


အင္တာနက္ဘန္းစကား မသုံးတတ္တဲ့ လူႀကီးတစ္ခ်ိဳ႕ကလြဲရင္ တျခားဘယ္သူမွ သူ႕ကို 'ဟီးဟီး' လို႔ ပို႔မွာမဟုတ္ဘူး။



ခ်ိယြီက သူ႕သဘက္ကိုအေဝးကိုပစ္လႊတ္လိုက္ၿပီး ၊ သူ႕လက္ေခ်ာင္းေတြကို အလ်င္အျမန္လႈပ္႐ွားကာ စာျပန္ခလုတ္ကို ဖိႏွိပ္လိုက္တယ္။


[ဟီး ဟီး ဟီး ဟီး ဟီး ဟီး]




===================================

🌞 :

ಠ◡ಠ ဟီးဟီး

ဒီရက္ပိုင္းေတာ့ အက္ပုဒိတ္မွန္ေနပါမယ္ေနာ္
အက်င့္ပ်က္ၿပီး မvoteဘဲ ေက်ာ္သြားမယ္ၾကံထားရင္ေတာ့ ဟီးဟီး ಠ◡ಠ

===================================

Continue Reading

You'll Also Like

4.1K 347 14
Why did there have Soulscontract on a Host? Broken pieces are rebounding...
4.7M 529K 58
{Both Zg&Uni} แ€กแ€žแ€ฑแ€™แ€แ€ฝแ€ฎแ€ธแ€›แ€แ€ฑแ€ฌแ€„แ€บ แ€แ€…แ€บแ€แ€ปแ€€แ€บแ€แ€ฑแ€ฌแ€ทแ€•แ€ผแ€ฏแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ€ท แ€กแ€ฌแ€™แ€แ€ถแ€•แ€ซแ€แ€šแ€บ ..๐Ÿ’š Start - { 11,8,2020 } End - { 25,11,2020 } แ€กแ€ฑแ€žแ€™แ€แ€ผแ€ฎแ€ธแ€›แ€ฑแ€แ€ฌแ€„แ€น แ€แ€…แ€นแ€แ€บแ€€แ€นแ€ฑแ€แ€ฌแ€ทแ€ปแ€•แ€ณแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ‚”...
159K 14K 22
!!Host...แ€แ€ปแ€แ€ฌแ€ธแ€˜แ€แ€€แ€ฏแ€ญแ€žแ€ผแ€ฌแ€ธแ€–แ€ฏแ€ญแ‚”แ€กแ€†แ€„แ€นแ€žแ€„แ€นแ€ทแ€˜แ€ฒแ€œแ€ฌ!! . . . .!!!FUCK!!!แ€แ€บแ€ฎแ€ธแ€™แ€ฏแ€ญแ‚”แ€œแ€ฏแ€ญแ‚” !!!Hostแ€…แ€ญแ€แ€นแ€‘แ€ญแ€”แ€นแ€ธแ€žแ€„แ€นแ€แ€šแ€น แ€แ€ฌแ€แ€”แ€นแ€ฑแ€แ€ผแ€‘แ€™แ€นแ€ธแ€ฑแ€†แ€ฌแ€„แ€นแ€•แ€ฎแ€ธแ€™แ€ฝ hostแ€˜แ€แ€€แ€ฏแ€ญแ€ปแ€•แ€”แ€นแ€žแ€ผแ€ฌแ€ธแ€œแ€ฏแ€ญแ‚”แ€›แ€™แ€ฝแ€ฌ.... ~...